ကျွန်တော့်ချစ်သူ ဆိုးပေလေး
Door khingwinhtet
18K 1.4K 96
စိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉) Meer
Part 1
Part 2
Part 3
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 4
673 62 6
Door khingwinhtet
Unicode
သူ့လက်ထဲမှာ ယက်ကန်ယက်ကန်လုပ်နေတဲ့သူကို ကျန်တဲ့လက်နဲ့ပါးစပ်ကိုအုပ်ပီး အံကြိတ်ပြောလိုက်တယ်။
" ရုံးခန်းမရောက်ချင်ရင်ပါးစပ်ပိတ်! စည်းကမ်းထိန်းသိမ်းရေးကမင်းအဖေမဟုတ်ဘူး! "
ဒါတောင် သူ့လက်ထဲကပေတိုးကဝူးဝူးဝါးဝါးတွေလုပ်နေသေးတုန်းပဲ။
စာကြည့်တိုက်အပြင်ကိုထွက်ပီး အနောက်ဘက်လူရှင်းတဲ့နေရာကိုခေါ်လာခဲ့တယ်။
ပီးတော့ပိတ်ထားတဲ့ပါးစပ်ကိုဖွင့်ပေးလိုက်တယ်။
ပါးစပ်ပိတ်ခံရတာကနေလွတ်တာနဲ့ xzတို့ပထမဆုံးလုပ်တာကဆဲတာပဲ။
" ဖီ! ဘောကိုပဲ! ငါ့နှုတ်ခမ်းလေးကိုလက်ကြမ်းကြီးနဲ့နင်းကန်ပိတ်ရလား! အားးးငါ့နားရွက်ကိုလာမဆွဲနဲ့နော်ဟျောင့်! "
လိမ်ဆွဲခံလိုက်ရတဲ့နားရွက်ကိုအုပ် နှုတ်ခမ်းကိုရှေ့တစ်တောင်လောက်ထော်ပီး သူကြည့်လိုက်တယ်။
ရိပေါ် လက်ပိုက်ပီး နံရံကိုခြေတစ်ဖက်ထောက်ကာမှီရပ်လိုက်တယ်။
" ပြောလို့ရပီ ပြော! "
" ဟမ်? ဘာပြောရမှာလဲ ''
" မင်းစောက်ပိန်းလား! ငါ့နောက်ကိုဘာကိစ္စstalkerလိုလိုက်နေတာလဲမေးနေတာဟ!''
" အော်...အစထဲကအဲ့လိုပြောပါလားလို့ ငါ့အမေကပြောတယ် ငါမွေးတုန်းကငါ့ဦးနှောက်ကသေးသေးလေးတဲ့ ပီးတော့ကြီးလာတော့လဲဦးနှောက်ကနဲနဲလေးပဲထပ်ကြီးလာတာတဲ့ အ့ကြောင့်ငါကသူများထက်နဲနဲတော့ပိန်းတယ်တဲ့ ဒါမဲ့ငါ့ကိုယ်ငါတော့ဉာဏ်အရမ်းကောင်းတယ်လို့ထင်....''
ရိပေါ်ကတော့ စကားတွေရေပက်မဝင်ပြောနေတဲ့ကောင်ကိုကြည့်ပီးကိုင်ပေါက်ချင်စိတ်တွေဖြစ်လာရတယ်။
" Ok ငါလူလိုမေးနေတာနော်! မင်းကျပ်မပြည့်တဲ့အကြောင်းငါမသိချင်ဘူး ငါဒီလောက်စကားအရှည်ကြီးပြောဖူးတာလဲပထမဆုံးပဲ နောက်တခါထပ်မေးရရင်တော့ မင်းကိုဒီနေရာမှာပဲသတ်ပီး အလောင်းဖျောက်ပေးလိုက်မယ် နားလည်လား! "
" အိုက်ယိုးးး ပြောမှာပေါ့ ဘာဖြစ်နေတာလဲ ငါကရောမင်းနောက်ကိုအားအားယားယားလိုက်ချင်တယ်များထင်နေလို့လား! ငါ့ညီမကလိုက်ခိုင်းလို့လိုက်တဲ့ဟာကို ! ပီးတော့လဲငါမှမဟုတ်ဘူး တခြားကောင်မလေးတွေလဲမင်းနောက်ကိုလိုက်နေကြတာပဲကို အခုမှဘာလာဖြစ်နေတာလဲ! "
" သြော အဲ့တော့ငါ့အမှားပေါ့?! "
xzကပြန်မဖြေပဲ မျက်လုံးကစားပီးဟိုကြည့်သည်ကြည့်လုပ်နေလိုက်တယ်။
သဘောကတော့ မင်းပြောတာဟုတ်တယ်ပေါ့လေ။
" ထားတော့! ပီးတော့ငါသူတို့ကိုကြိုက်မှာမဟုတ်ဘူး ! "
" ဘာလို့? "
" မင်းအပူပါလား! ပြန်လို့ရပီ သွားတော့ ''
yb လက်အမူရာနဲ့ပါနှင်ထုတ်ပီးနောက် မျက်လုံးမှိတ်နေလိုက်တယ်။
သူဘာမှဆက်မပြောချင်တော့ဘူး ။ တစ်ယောက်တည်း အေးဆေးပဲနေချင်တာ။
" ငါ့ဟာငါပြန်တာနော် မင်းခိုင်းလို့ပြန်တာမဟုတ်ဘူး! ဘဝင်ရူးကောင်! "
အနောက်ကစကားကိုတော့သူကျယ်ကျယ်မပြောရဲဘူး ။တော်ကြာသူ့ကိုတကယ်သတ်ပစ်ရင်ဘယ်လိုလုပ်မလဲလို့ မိန်းမယူချင်သေးတယ်!
~~~~~~~~~~~
အဲ့နောက်ပိုင်းမှာ xz လဲ သူ့နောက်မလိုက်ဖြစ်တော့ဘူး။ ဒါပေမဲ့သူ ကိုယ်တွေအတန်းကိုလာတိုင်းတော့လိုက်ကြည့်ဖြစ်တယ်။ သူစာသင်နေရင်လဲအမှတ်တမဲ့ကြည့်တယ်။ ကြာလာတော့သူမလာရင်တောင် မသိမသာအခန်းဝဘက်လှမ်းကြည့်မိတတ်တယ်။
နေမြင့်လေအရူးရင့်လေဆိုသလိုပေါ့ နောက်ဆုံးမှာသူ့အတန်းဘက်ကို မယောင်မလည်သွားချောင်းကြည့်တဲ့အဆင့်ကိုပါရောက်ခဲ့တာ။
သူကကိုယ့်ကိုတွေ့သွားရင်လဲ အသည်းအသန်ပြေးရတာအမောပဲ။
" ဟျောင့် ဟိုမှာရောက်နေပြန်ပီ ''
ရိပေါ်ကို ကျင်းလင်ကတံတောင်နဲ့တွတ်ပီး အခန်းထောင့်နားကိုမေးငေါ့ပြလိုက်တယ်။
ရိပေါ် ကြည့်လိုက်တော့ ပေတိုးကထွက်ပြေးသွားပီ။
သူဘာဖြစ်ချင်နေတာလဲ?
အမြဲတမ်းတွေ့လိုက်ရင်လဲနမော်နမဲ့နဲ့ ရှပ်တီးရှပ်ပြာလဲအမြဲလုပ်တယ်။ သူတို့အခန်းရှေ့ကိုလဲလာနေတာကို သူမတွေ့ချင်လဲတွေ့နေရတယ်။
" စောက်ရူး! "
ကျင်းလင်နဲ့ စစ်ကျွေးက အချင်းချင်းမျက်စပစ်လိုက်တယ်။
စစ်ကျွေးက
" မင်းကိုကြိုက်နေတာထင်တယ်? "
yb မျက်ခုံးတစ်ချက်ပင့်လိုက်တယ်။ သူအဲ့စကားကိုဂရုမစိုက်သလိုပဲနေပီး ညနေမှာသွားမေးဖို့စဥ်းစားလိုက်တယ်။
ညနေအပြန် ခြေထောက်တွေကဘတ်စ်ကားဂိတ်ဆီဦးတည်တော့ ဟိုနှစ်ကောင်ကသူ့ကိုမေးတယ်။
" ဘယ်သွားမလို့လဲ မင်းကားကိုငါတို့ကတွန်းသွားရမှာလား "
" ထားခဲ့လိုက် ငါသွားစရာရှိတယ် ''
" Okay ''
ဒီနေ့ကသောကြာနေ့။ ကြည့်ရတာတော့ ပေတိုးကအိမ်ပြန်မယ်ထင်တယ် ။ကျောင်းသားတိုင်းကပိတ်ရက်ကိုအဆောင်မှာမနေပဲ အိမ်မှာပဲအချိန်ဖြုန်းတတ်ကြတယ်လေ။
သူထင်တဲ့အတိုင်းပဲ စီးရမဲ့ကားကထွက်တော့မဲ့အချိန်မှာ ကျောင်းဝန်းထဲကနေအသည်းအသန်ပြေးလာပီး ကားပေါ်ကိုတက်သွားတယ်လေ။
သူလဲနောက်ကလိုက်တက်လိုက်တယ်။ နောက်ဆုံးတန်းမှာသူကကျကျနနနေရာယူပီးနေပီ။ သူ(yb)ကိုမြင်တော့ ပြေးချင်သလိုနဲ့ဖင်တကြွကြွဖြစ်နေတယ်။
သူအနားကိုလျှောက်သွားတော့ သူ့ထိုင်ခုံကနေထပီးအရှေ့ကိုသွားဖို့လုပ်နေတယ်။
ybလဲ သူ့ပခုံးကိုပြန်ထိုင်ဖို့ဖိလိုက်တယ်။
" ထိုင်နေ! "
" မထိုင်ချင်ဘူး အရှေ့သွားမလို့ ''
" အထွန့်မတက်နဲ့ ထိုင်ဆိုထိုင်နေလိုက်! "
" ချီးကိုပဲထိုင်! "
အဲ့လိုဆဲပီးပြန်တော့ထိုင်နေသေးတယ်။
ပီးတော့နားကြပ်တပ်ပီးသူ့ဘက်လှည့်မလာဘူး။
ရတယ်လေ အဖက်မလုပ်ချင်ဘူးပေါ့!
ybသူ့နားကြပ်ကိုဆွဲဖြုတ်တော့ သူ့ကိုပေစောင်းစောင်းကြည့်လာတယ်။
" ရုပ်ကိုဆိုးနေတာပဲ! "
" အဲ့တာဆိုလဲမကြည့်နဲ့လေ ''
" မင်းငါ့ကိုကြိုက်နေလား? "
"........................''
ပြန်မဖြေလာဘူး။
" ဟုတ်နေတာပဲ ''
xzတွေးမိသွားတယ်။ ငါအဲ့လောက်သိသာသွားတာလား။ ကိုယ့်ဘာကိုယ်တောင်သူ့ကိုကြိုက်နေမှန်းသိတာမကြာသေးဘူးလေ။ ပီးတော့လဲဘယ်ကဘယ်လိုစကွေးမှန်းတောင်မသိတော့ဘူး။
" ဘာလာကြည့်နေတာလဲ! ကြိုက်တော့ရောဘာဖြစ်လဲ မင်းအသားပဲ့ပါသွားတာကျနေတာပဲ!''
"ငါကဘာပြောနေလို့လဲ မေးကြည့်တာလေ! "
" မမေးနဲ့ ငါရှက်နေတယ်! "
"...ငါ့ကိုကြိုက်တာရှက်ဖို့ကောင်းတယ်ပေါ့? "
" မင်းကိုငါကကြိုက်နေတာ​ကို မင်းမိသွားတာလေ ငါကမရှက်သင့်ဘူးလား? "
" တော်သေးတာပေါ့ ရှက်တတ်သေးလို့! "
ပါးစပ်ကတော့ရှက်လို့တဲ့! ငါ့ကိုအခုစားမတတ်ဝါးမတတ်ကြည့်နေတာကသူမဟုတ်တဲ့အတိုင်းပဲ!
ခနနေ ဆင်းရမဲ့မှတ်တိုင်ရောက်တော့ သူဆင်းသွားတယ် ။ရိပေါ်လဲ ဆန့်ကျင်ဘက်ဂိတ်ကနေကျောင်းဆီကိုပြန်စီးလာလိုက်တယ်။
ဒါလေးမေးဖို့နဲ့ ဘတ်စ်ကားလိုက်စီးတယ်ဆိုတာ ဟိုနှစ်ကောင်သိရင်လှောင်လို့ဆုံးမှာမဟုတ်တော့ဘူး။
#Oct27 10:52PM
Zawgyi
" ပြောလို့ရပီ ပြော! "
" ဟမ်? ဘာပြောရမှာလဲ ''
" ဘာလို့? "
~~~~~~~~~~~
သူဘာဖြစ်ချင်နေတာလဲ?
" စောက်ရူး! "
စစ်ကျွေးက
" Okay ''
" ထိုင်နေ! "
" ချီးကိုပဲထိုင်! "
" ရုပ်ကိုဆိုးနေတာပဲ! "
"........................''
ပြန်မဖြေလာဘူး။
" ဟုတ်နေတာပဲ ''
" မမေးနဲ့ ငါရှက်နေတယ်! "
#Oct27 10:52PM
Ga verder met lezen
Dit interesseert je vast
37.2K 4.5K 42
I don't wanna be right .
17.6K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
33.2K 3.1K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
8.8K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot