မှိုင်း(Complete)

By Wine2541

375K 20.2K 1.3K

Unicode ‌ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆို... More

part 1(Unicode)
Part-2
Part-3
part-4
part-5(Uni)
part-6(Uni)
Part-7(Uni)
Part-8(Uni)
part-9(Uni)
part 10(Uni)
part 11(Uni)
part 12(Uni)
part 13(Uni)
part 14(Uni)
part 15(Uni)
part 16(Uni)
part 17(Uni)
part 18(Uni)
part 19(small warning 15+)(Uni)
part 20(Uni)
part 21(Uni)
part 22(Uni)
part 23
part 24(Uni)
part 25(Uni)
part 26 (Uni)
part 27(Uni)
part 28(Uni)
part 29(Uni)
part 31(Uni)
part 32
part 33(Unicode)
Part 34(Unicode)
Part 35 (Unicode )
Part 36(Uni)
part 37(Uni)
Part 38(Unicode)
Part 39(Uni)
Part 40(Uni)
Part 41(Uni)
Part-41 Warning 🚨🚨🚨
part 42(Uni)
Warning 🔞
part 43(Uni)
part 44(Uni)
part 45
part 46(Uni) final
part 46(Final)
Extra (Thingyan festival)
Season 2
Part 1(Zawgyi)
Part 2(Zawgyi)
Part 3(Zawgyi)
Part 4(Zawgyi)
Part 5(Zawgyi)
Part 6(Zawgyi)
Part 7(Zawgyi)
Part 8(Zawgyi)
Part 9(Zawgyi)
Part 10(Zawgyi)
Part 11(Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
sorry pr baby lay🥺
Part 15(Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
For physical book
Part 21 (Zawgyi)
part 22
part 23
Part 24
Part 25
Book Cover

part 30(Uni)

5.7K 354 18
By Wine2541

Ring Ring

ရုတ်တရက် အချိန်ကိုက် ထမြည်လာသော ဖုန်းသံကြောင့် မှိုင်း ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်လိုက်တော့ မင်းခက မှိုင်းလက်ကို ဖျတ်ခနဲ ဆွဲလာ၏။

မှိုင်းလက်ထဲက ဖုန်းကို မင်းခ ဆွဲယူလိုက်ပြီး စက်ပိတ်ကာ မှိုင်းလက်ကို ဆွဲခေါ် သွား၍

"ဘာလုပ်တာလဲ ဖယ်…"

မင်းခ မှိုင်းလက်ကို ကျိုးကျမတတ် ဆုပ်ကိုင်ရင်း

"မှိုင်း ကိုယ်ဘာမှ မသိဘူးလို့ ထင်နေတာလား။မေဟက်ဆန်က ဘယ်သူလဲ"

မှိုင်းက ဟက်ခနဲ ရယ်ကာ စိန်တစ်ဖျတ်ဖျတ် လက်နေသော ဘယ်ဘက်လက်ကို ထောင်ပြရင်း

"ကျွန်တော့် သတို့သမီးလောင်းလေ"

"မှိုင်းရီဝေ! မင်း…နေနှင့်ဦး။တောင်ကြီး ပြန်ရောက်မှ ဆက်ရှင်းကြတာပေါ့"

မင်းခ စကားကြောင့် မှိုင်း ဒေါသတကြီး နားရွက်ကြားမှ cosmos ပန်းကို ဆွဲယူလိုက်ကာ မြေကြီးပေါ် ပစ်ချကာ နင်းချေလိုက်ပြီး ဟွန်းခနဲ မဲ့ကာ ထွက်သွားတော့သည်။

မှိုင်း ဝါးတဲလေးထဲ ဝင်လိုက်စ‌ဉ် မင်းမြတ် ဘေးတွင် ထိုင်နေသော Dလေးကို မြင်တော့ မှိုင်း အံ့ဩတကြီးဖြင့်

"Dလေး ဘယ်လိုလုပ်ပြီး…"

Dလေးက တဟားဟားရယ်ရင်း

"ဒီမှာ Hotel နဲ့ Bar တစ်ခု ဖွင့်ထားတာနဲ့ တောင်ကြီးကို သိပ်မပြန်ဖြစ်တော့ဘူး။မင်းကလည်း နေနိုင်လိုက်တာ…"

မှိုင်းက Dလေး ပုခုံးကို ခပ်ဖွဖွ ထိုးကာ

"ငါ အခုပြန်ရောက်နေပြီကို ပွစိပွစိ လုပ်မနေနဲ့ကွာ။ဒါနဲ့…"

မှိုင်း မင်းမြတ် ဘက်ကို ကြည့်ကာ မသိမသာ မေးထိုး ပြလိုက်တော့ Dလေးက ခေါင်းခါပြကာ ငြိမ်ကျသွား၍ မှိုင်း အပိုစကား ပြောမနေတော့ပဲ မျက်နှာချင်းဆိုင် ခုံတွင် ဝင်ထိုင်လိုက်သည်။

မင်းခကလည်း ခပ်တည်တည်ဖြင့် မှိုင်းဘေးတွင် ဝင်ထိုင်သောကြောင့် မှိုင်း မသိသလို ဖြင့် အသာ ငြိမ်နေလိုက်၏။

မှာထားသည်များ လာချပေးသည်နှင့် စားကြ သောက်ကြရင်း မှိုင်းနဲ့ Dလေးက အကြောင်းအရာ မျိုးစုံအောင် ပြောကြသလို မင်းခနဲ့ မင်းမြတ်ကလည်း လတ်တလော အလုပ် ကိစ္စများ ပြောရင်းဖြင့်သာ အချိန်ကုန် သွားတော့သည်။

မင်းခနဲ့ မင်းမြတ်တို့ နှစ်ယောက်က အလုပ်ကိစ္စများ ဆွေးနွေးရင်း အာရုံရနေစဉ် မှိုင်းနဲ့ Dလေးက cosmos ပန်းများ ပွင့်နေသော လမ်းသွယ်လေး တစ်ခုကြားသို့ လမ်းလျှောက် ထွက်လာကြ၏။

"မင်း အခုကော အဆင်ပြေနေရဲ့လား မှိုင်း"

Dလေးရဲ့ အမေးကို မှိုင်း ခေါင်းအသာ ညိမ့်ပြရင်း

"ပြေပါတယ်။ငါဟိုမှာ နေတဲ့ အတောအတွင်း ကိစ္စတွေ အများကြီး ကြုံခဲ့ရတယ်။မင်း တောင်ကြီး တက်လာတဲ့ရက်မှ သေချာ ပြောပြတော့မယ်။ဒါနဲ့ မင်းနဲ့ အန်ကယ်လေးက…"

မှိုင်း စကားကြောင့် Dလေး ခပ်ယဲ့ယဲ့ ပြုံးကာ

"ဒီလိုပါပဲကွာ ဦးငါ့ကို ချစ်တယ် မချစ်ဘူးက ငါ့အတွက် အရေးမပါဘူး။ငါ့ဘက်က ချစ်ခွင့်ရနေရင်ကို ကျေနပ်နေပါပြီ"

"မင်းတော်တော် ပြောင်းလဲသွားတာပဲ Dလေး"

မှိုင်းစကားကြားတော့ Dလေးက ဟက်ခနဲ ရယ်ကာ

"မှိုင်း မင်းကော ဦးမင်းခ ရှင်းပြတာ နားထောင်သင့်တယ်လို့ မထင်ဘူးလား"

မှိုင်း လမ်းဘေးရှိ cosmos ပန်းတစ်ပွင့်ကို ခူးပြီး ပွင့်ဖတ်များကို တစ်စစီ ခြွေနေရာမှ မော့ကြည့် လာပြီး

"ဟင့်အင်း ငါမကြားချင်ဘူး။ငါ့ဆီ လှမ်းလာပြီး လက်တစ်ဖက် ကမ်းပေးဖို့တောင် သတ္တိမရှိမှတော့ အချစ်ဆိုတာကြီးက ဘာသုံးစားရမှာလဲ"

"မှိုင်း…"

Dလေး ခေါ်သံကြောင့် မှိုင်း နောက်တွင် ကျန်ခဲ့သော Dလေးကို လှည့်ကြည့်လိုက်တော့ Dလေးက လှောင်ပြုံးလေး ပြုံးပြရင်း

"မင်း တခြား မိန်းမ တစ်ယောက်ကို လက်ထပ်ပြီး ဦးမင်းခ ဘေးမှာ နေဖို့က ဦးမင်းခ အတွက် ကိစ္စ မရှိပေမယ့် မင်းကတော့ နေနိုင်ပါ့မလား"

Dလေး စကားကြောင့် မှိုင်း တွေခနဲ ဖြစ်သွားပြီး

"ငါ ဘာကိစ္စ မနေနိုင် ရမှာလဲ။ငါက သူ့ထက် ပိုပြတ်သားနိုင်တယ်"

Dလေးက တဟားဟား ရယ်ရင်း

"မင်းက တအားတွေ ပြတ်သားနေတာပေါ့ မှိုင်း။မင်းဘက်က ပြတ်သားနိုင်တယ်ဆို ဘာလို့ မင်းပယောကကြောင့်နဲ့ မြဇာခြည် သေခဲ့ရတာလဲ။ဦးမင်းခသာ သိရင် အရမ်း လန့်သွားမှာ"

Dလေးစကားကြောင့် မှိုင်း ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ရပ်ကာ Dလေးကို စူးရဲစွာ စိုက်ကြည့်ရင်း

"Dလေး မင်း!…"

Dလေးက မှိုင်းနားသွားကာ မှိုင်း ပုခုံးကို ဖွဖွ ပုတ်ပေးရင်း

"ငါက မင်းသူငယ်ချင်းပါ။မင်း လူသတ်ရင်တောင် အလောင်းကူ ဖျောက်ပေးမဲ့ သူငယ်ချင်းမျိုးပေါ့။မင်း တခြားလူကို မသိစေချင်တဲ့ ကိစ္စမျိုးကို တစ်ယောက်ယောက်က ငါ့နားထင်မှာ သေနတ်တေ့ပြီး မေးလာခဲ့ ရင်တောင် ငါမဖြေဘူး။ဒါပေမယ့် မှိုင်း မင်းတို့ တူဝရီး နှစ်ယောက်စလုံးက အတ္တကို ဘုရားလို ကိုးကွယ်နေကြတယ်။တလွဲ မာနတွေနဲ့ပေါ့"

Dလေး အပြောကြောင့် မှိုင်း စိတ်ထဲ ဖျင်းခနဲ ခံစားသွားကာ ဘာကို အလိုမကျ ဖြစ်နေမှန်းလည်းမသိ

"မင်းသေချာ အချိန်ယူ စဉ်းစားသင့်တယ် မှိုင်း။ဘယ်သူမှ မင်းဘက်မှာ ရှိမနေရင်တောင် ငါ မင်းဘက်က အမြဲ ရှိနေမှာပါ။ဒီကိစ္စတွေကို ဦးမင်းမြတ် သိသွားရင် ငါ့ကို မုန်းသွားနိုင်တယ် ဆိုပေမယ့်လည်း ပေါ့"

တရွေ့ရွေ့ ထွက်သွားသော Dလေး ကျောပြင်ကို ကြည့်နေရင်း မှိုင်း တွေဝေစွာ ရပ်နေမိသည်။အစကတည်းက လွဲမှားနေခဲ့တဲ့ အချစ်တစ်ခုရဲ့ အဓိပ္ပါယ်ကို မှိုင်း ဆက်ပြီး ဖွင့်ဆို မနေချင်တော့။

"မှိုင်း မင်းသိလား။သျှန်မင်းခက ဖယောင်းတိုင်လေး တစ်တိုင်လိုပဲ။မှိုင်းဆိုတဲ့ မီးတောက်လေး အတွက်နဲ့ အစွမ်းကုန် အလင်းပေး လောင်ကျွမ်း အရည်ပျော်ကျ ပေးသွားမဲ့ ဖယောင်းတိုင်ပေါ့"

မဇာခြည်နဲ့ နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်က မဇာခြည် ပြောခဲ့သော စကားတစ်ခွန်းက မှိုင်းကို နှစ်နှစ်လုံလုံး နှိပ်စက်နေခဲ့သည်။

"သူ့အချစ်ကိုတော့ အကုန်လုံးက မြင်နေခဲ့ကြပြီး ကျွန်တော့် အချစ်ကိုတော့ ဘယ်သူကမှ မြင်မနေခဲ့ဘူးလေ မမမြဇာခြည် တရားရဲ့လား"

မှိုင်း စကားကို ကြားနိုင်တော့မည် မဟုတ်သော တစ်စုံတစ်ယောက်ကို တိုင်တည်ရင်း မှိုင်း စိတ်ပျက်စွာ ရေရွတ်မိသည်။မှိုင်း တောလမ်းလေးအတိုင်း ဝါးတဲဖက် ပြန်လျှောက် လာတော့ မင်းခတို့က ဝါးတဲဘက်မှ ပြန်ထွက်လာကြ၏။

မင်းမြတ်က မှိုင်းအနား ရောက်လာကာ

"မှိုင်း တောင်ကြီး အဝင်နောက်ကျနေမှာ စိုးလို့ စောစော ပြန်လိုက်တော့။အန်ကယ်လေး အားတဲ့ရက်မှ တောင်ကြီးတက်လာမယ်။မင်းခ အပေါ် အရမ်း မဆိုးနဲ့နော်"

မှိုင်း ပုခုံးကို ဆုပ်ကိုင်ကာ ပြောလာသော မင်းမြတ်ကြောင့် မှိုင်း ဆူပုတ်ပုတ်ဖြင့်

"ကျွန်တော် သူ့ကို ဘာပြသနာမှ မပေးပါဘူး။ကျွန်တော်က အရွယ်ရောက်နေပြီ။ကိုယ့်ကိစ္စ ကိုယ့်ဘာသာ ရှင်းနိုင်တယ်"

မှိုင်း စကားကြောင့် မင်းမြတ် ခပ်စစပြုံးကာ မှိုင်းပုခုံးကို ခပ်ဖွဖွ ထိုးသည်။

မင်းမြတ်နဲ့ Dလေးက မှိုင်းတို့ကို ကားနားအထိ လိုက်ပို့ပေးရင်း မှာစရာ ရှိတာ မှာရင်း ထွက်သွားသော ကားလေးကို မင်းမြတ် ငေးကြည့်နေမိ၏။

"ဦး ကျွန်တော် ဆိုင်ကယ် သွားထုတ်လိုက်ဦးမယ်"

Dလေး စကားကြောင့် မင်းမြတ် ခေါင်းအသာ ငြိမ့်ပြရင်း ရပ်စောင့်နေလိုက်သည်။မင်းမြတ်ဘေး ဆိုင်ကယ်ထိုးရပ်ကာ ဆိုင်ကယ်သော့ကို မင်းမြတ်ဆီ ထိုးပေးရင်း ခုန်ဆင်းလာသော Dလေးကြောင့် မင်းမြတ် ဖမ်းယူလိုက်၏။

ထို့နောက် ဆိုင်ကယ်ပေါ်တက်ကာ စက်နှိုးတော့ မင်းမြတ်နောက်တွင် Dလေးက ခွတက်လိုက်ပြီး မင်းမြတ်ခါးကို သူရဲ့ ရှည်သွယ်သွယ် လက်ချောင်းတို့ဖြင့် ဖက်ထားသည်။

အမြဲလိုလို အသားယူနေသော Dလေးကို မင်းမြတ် လေအကုန်ခံပြီး ပြောမနေတော့ပဲ ဆိုင်ကယ်ကို မောင်းထွက်လာလိုက်၏။

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

"ကျွန်တော် မောင်းပေးမယ်။ခင်ဗျားလက်က တော်တော်လေး စုတ်ပြတ်သတ် နေတာ"

မင်းခက မှိုင်းဘက်ကို လှည့်မလာဘဲ steering wheelကို ပေါက်ထွက်မတတ် ဖိကိုင်ရင်း

"ရတယ် မသေနိုင်ဘူး"

ပြောမကောင်း ဆိုမကောင်း လူကြီးကို မှိုင်း စွေစောင်းကြည့်ကာ မျက်လုံးလှန် လိုက်ပြီးနောက် တစ်လမ်းလုံး အိပ်လာခဲ့လိုက်သည်။

ဂျိန်းခနဲ ကားတံခါး ဆောင့်ပိတ်သံကြောင့် မှိုင်း အိပ်နေရာမှ နှိုးလာတော့ မင်းခက မှိုင်းဘက်က ကား တံခါးကို ဝုန်းခနဲ ဆွဲဖွင့်လာပြီး

"ငါ မင်းနဲ့ ရှင်းစရာရှိတယ် အခုထွက်လာခဲ့ မှိုင်းရီဝေ!"

မှိုင်းကားပေါ်မှ ဆင်းလိုက်တော့ မင်းခ မှိုင်းကို ပွေ့ချီကာ ပုခုံးပေါ် ထမ်းတင်ရင်း မင်းခ အခန်းဘက်သို့ ခေါ်လာခဲ့လိုက်၏။

မင်းခ မှိုင်းကို ကုတင်ပေါ် ပစ်ချလိုက်တော့ မှိုင်းက ဝုန်းခနဲ ပြန်ထကာ အခန်းအပြင် ထွက်ဖို့ပြင်သည်။

မှိုင်း ထွက်သွားဖို့ ပြင်လိုက်စဉ် မင်းခက အခန်းတံခါး လောခ့်ချကာ မှိုင်း ပုခုံးကို ဆွဲကိုင်လိုက်ပြီး

"သူနဲ့ လွန်ကျူးခဲ့ သေးလား"

မှိုင်းက မထိတထိ ပြုံးလိုက်ပြီး

"အဟွန်း…"

"ငါမေးနေတယ် မင်း သူနဲ့ အိပ်ခဲ့လားလို့…"

မင်းခ မှိုင်းကို နံရံဘက် ဝုန်းခနဲ ဆွဲကပ်ကာ မှိုင်း အင်္ကျီစကို ဆွဲကိုင် လိုက်တော့ မှိုင်းက အရူးတစ်ယောက်လို ဟက်ခနဲ ရယ်၏။

"မှိုင်းရီဝေ…!"

"ခင်ဗျားကြီးတောင် တခြားမိန်းမတစ်ယောက်နဲ့ နေခဲ့သေးတာပဲ။ကျွန်တော်က ဘာလို့ မလုပ်ရမှာလဲ။ကျွန်တော်က အရွယ် ရောက်ပြီးသား ယောကျာ်းတစ်ယောက်ဆိုတာ မေ့နေတာလား"

"မင်း…"

မှိုင်း မျက်‌နှာပေါ် ကျလာတော့မည့် လက်သီး တစ်ချက်ကြောင့် မှိုင်း မျက်စိ စုံမှိတ်ထားသော်လည်း

"ဝုန်း…"

မှိုင်းဘေးနား ဝှီးခနဲ ဖြတ်သွားသော လေနဲ့ အတူ ဝုန်းခနဲ မြည်သံက မှိုင်း နားစည်ထဲ ထိုးဝင်လာသည်။

မှိုင်း မျက်လုံး ဖွင့်လိုက်ချိန်တွင် မင်းခ က အရူး တစ်ယောက်လို မှိုင်းကို အုပ်မိုးကာ မှိုင်း ကို ဆွဲကပ်ထားသော နံရံပေါ် လက်သီးများကို ပစ်သွင်းနေ၍ နံရံတစ်ခုလုံးကလည်း နီရဲနေ၏။

"ကိုယ် အဲ့ဒီ မိန်းမကို မသတ်ရဲဘူး ထင်နေတာလား"

"ခင်ဗျား မသတ်နိုင်ဘူး"

နီရဲနေသော မျက်ဝန်းတစ်စုံက မှိုင်းကို လောင်ကျွမ်း ပြာကျမတတ် စိုက်ကြည့်နေရင်း

"သူ့ကို မသတ်နိုင်ရင်တောင် မင်း ဘဝကိုတော့ သတ်နိုင်တယ်"

မင်းခ အပြောနဲ့ အလုပ်ညီစွာ မှိုင်းကို ကုတင်ပေါ် ပစ်ချလိုက်တော့ မှိုင်းက အသဲအသန် ရုန်းထသည်။

မင်းခ ဝုန်းခနဲ တွန်းလဲလိုက်ကာ မှိုင်းကိုယ်ပေါ်ခွတက်ရင်း မှိုင်း လက်နှစ်ဖက်ကို ဆွဲချုပ်တော့ မှိုင်းက ခြေဖြင့်ကန်၏။

"စောက်ရူး မထနဲ့ ဦးမင်းခ…"

"မင်း အမုန်းခံပြီး အပိုင်သိမ်းလိုက်တာ ပိုမကောင်းဘူးလား"

"ကျွန်တော့် ဒေါသကို လာမဆွနဲ့ ခင်ဗျား စောက်ကျိုးနဲ ကုန်မယ်"

ကတ်ကတ်လန်အောင် ပြန်အော်နေသော မှိုင်းကို မင်းခ ဒေါသတကြီးဖြင့် နမ်းတော့ မှိုင်းက ရုန်းသည်။မင်းခ မှိုင်းရဲ့ ခြေထောက် တစ်ဖက် တစ်ချက်စီတွင် ဒူးထောက်ကာ ခွလိုက်ပြီး မှိုင်းလက်နှစ်ဖက်ကို ခေါင်းပေါ် မြောက်ကာ ဆွဲချုပ်ရင်း နမ်းလိုက်တော့ မှိုင်းဘယ်လိုမှ ရုန်းမရတော့

"တော်တော့…အွန့်…"

မင်းခ မှိုင်းရဲ့ အပေါ်နှုတ်ခမ်းလေးကို ဆွဲငုံတော့ ဆစ်ခနဲ နာကျင်မှုနဲ့အတူ ညှီစို့စို့ သွေးအနံ့ကို ရလိုက်၍ မှိုင်း မင်းခ နှုတ်ခမ်းကို ဆွဲကိုက်လိုက်မှန်း မင်းခ သိလိုက်၏။

"ကြိုက်သလောက်ရုန်း ကြိုက်သလောက်အော်လေ မင်းအသံကို ဘယ်သူမှမကြားနိုင်ဘူး"

မင်းခ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်ကာ ရှူးရှူးရှဲရှဲ ဖြစ်နေသည်အထိ ဒေါသ တကြီး ပြောရင်း မှိုင်း အင်္ကျီကို ဆွဲချွတ်လိုက်တော့ ကြယ်သီးများက ဖြောင်းခနဲ ပြုတ်ထွက်သွားပြီး မှိုင်း အပေါ်ပိုင်း တစ်ခုလုံး ဗလာကျင်းသွားသည်။

ဖြူဥဥ လည်တိုင်ကျော့ကျော့ကို ဖိနမ်းရင်း ခရမ်းရောင် သန်းနေသော အမှတ်များ ပေါ်သည်အထိ မင်းခ ကြမ်းရမ်းပစ်တော့ မှိုင်းက မင်းခ ဆွဲချုပ်ထားသည့် လက်ကိုမရမကရုန်းပြီး မင်းခ ကျောပြင်ကို ကုတ်ဆွဲ၏။

"ခင်ဗျား ကျွန်တော့် သီးခံနိုင်စွမ်းကို စမ်းသပ်နေတာပဲ ဦးသျှန်မင်းခ…"

မှိုင်း ဘောင်းဘီ အိတ်ကပ်လေးထဲ အမြဲဆောင်ထား တတ်သော ခလုတ်ဓား အသေးစားလေးကို ဆွဲထုတ်ကာ မင်းခ ရင်ဝ တည့်တည့်ကို ထိုးချပစ်သည်။

"အာ့…မင်း…"

မင်းခ ရင်ဘတ်တွင် စိုက်နေသော ဓားကို ဆွဲနှုတ်ကာ ပစ်ပေါက်လိုက်တော့ အခန်းဒေါင့် သို့ ကျသွား၏။မင်းခ သွေးစက်လက်ဖြင့် မှိုင်းပေါ် အုပ်မိုးကာ မှိုင်းမေးစေ့ကို သူ့လက်ကြီးဖြင့် ဆွဲညစ်လိုက်ပြီး

"အဲ့ဒီမိန်းမနဲ့ လက်ထပ်တဲ့နေ့ ငါကိုယ်တိုင် ဓားဆွဲပြီး ပွဲဖျက်ပြမယ်။မယုံမရှိနဲ့ မှိုင်းရီဝေ…မင်းတို့ နှစ်ယောက်စလုံးကို သတ်ပစ်ပြီး ငါပါ သေပစ်မှာ"

မင်းခ မှိုင်းပေါ် အုပ်မိုးထားရာမှ ထထွက်သွားပြီး သွေးစက်လက် ဖြစ်နေသော ရှပ်အင်္ကျီ အဖြူကို ချွတ်ကာ Bathrobeတစ်ထည်ကို ဆွဲဝတ်ပြီး ကုလားထိုင်တစ်လုံးပေါ် မှိုင်းကို ကျောပေးထားပြီး မှီထိုင်ကာ Cigarettes တစ်လိပ်ကို ထိုင်ဖွာ နေလိုက်သည်။

"ခင်ဗျားကို သတိမပေးခဲ့ဘူးလား။စောက်ကျိုးနဲ ကုန်မယ်လို့"

မှိုင်းက တွေ့ရာ တီရှပ် တစ်ထည်ကိုကောက်စွပ် လိုက်ပြီး ‌အေးစက်စွာ ပြောရင်း ကုတင်ခြေရင်းတွင် ပုံကျနေသော ကုတ်အင်္ကျီကို ဆွဲယူကာ စိုင်းယံကို ဖုန်းဆက်လိုက်၏။

တီခနဲ ဝင်သွားသော ဖုန်းသံနဲ့အတူ စိုင်းယံက ချက်ချင်းကိုင်လာ၍

"ဆရာဝန် တစ်ယောက်လောက် အိမ်ကို လွှတ်လိုက်ဦး"

မှိုင်း စကားကြောင့် စိုင်းယံ ဝုန်းခနဲ ထရပ်ကာ

"မှိုင်း ခြေလွန် လက်လွန်တွေ ဖြစ်သွားပြန်ပြီလား"

မှိုင်းက ကျစ်ခနဲ စုတ်သတ်ရင်း

"ပို့မှာသာ ပို့လိုက်စမ်းပါ စကားကိုများတယ်"

မှိုင်း ပြောချင်ရာပြောပြီး ဖုန်းချကာ အောက်ထပ်ကို ဆင်းသွားလိုက်သည်။မှိုင်း ထမင်းစားခန်းထဲ ဝင်လိုက်တော့ ဒေါ်နန်းယုနဲ့ ကောင်မလေးနှစ်ယောက်က TV ကြည့်နေရာမှ ထမင်းစားခန်းထဲ လိုက်ဝင်လာပြီး

"သား ထမင်းစားတော့မလို့လား"

"ဟုတ်ကြီးကြီး ခဏနေ ဟိုလူနဲ့ အတူဆင်းစားလိုက်မယ်။အလျင်စလို လုပ်စရာမလိုဘူး"

မှိုင်း ဒေါ်နန်းယုကို ပြောပြီး အပြင် ပြန်ထွက်လာတော့ ကားသံကြား၍ ခြံထဲ တစ်ခါထဲ ဆင်းလိုက်၏။

ကားပေါ်မှ စိုင်းယံနဲ့ ဆရာဝန်တစ်ယောက်က ဆင်းလာကာ

"မင်းလက်ဆနဲ့ သေများသွားပြီလား"

စိုင်းယံရဲ့ မေတ္တာတရား ခြုံလွှမ်းနေသော အမေးကို မှိုင်းမသိကျေးကျွန်ပြုရင်း

"မင်း ဧည့်ခန်းမှာ စောင့်နေ"

မှိုင်း ဒေါက်တာကို မင်းခ အခန်းထဲ ခေါ်လာလိုက်တော့ မင်းခက နောက်မှီ ထိုင်ခုံပေါ်တွင် မှီထိုင်ကာ မှေးနေသည်။

"ဦးသျှန်မင်းခ ထတော့…"

မှိုင်းအသံကြောင့် မင်းခ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး မေးငေါ့ပြ၍

"သွေးထွက်လွန်ပြီး မသေခင် အိပ်ယာပေါ်ကိုကြွ"

မှိုင်းကို ပြန်လည် ချေပခြင်း မပြုပဲ ထိုင်ခုံပေါ်မှ ထကာ ကုတင်ပေါ် တက်ထိုင်၍ Bathrobeကို ဆွဲ ဖြည်ပေးပြီး မျက်လုံးမှိတ်ကာ ငြိမ်နေလိုက်သည်။

မှိုင်း လက်ဆမှာ သိပ်မပြင်းသော်လည်း ပေတေပြီး ဆေးမထည့် ဘာမထည့်နေသောကြောင့် Bathrobe တစ်ထည်လုံး သွေးများဖြင့် ရွှဲကာ ဒဏ်ရာမှလည်း သွေးများက တစိမ့်စိမ့် စီးကျနေဆဲ

ဒေါက်တာက နှစ်ယောက်စလုံးကို မြည်တွန်တောက်တီးရင်း သန့်ရှင်းရေးလုပ်ကာ ဆေးထည့် ပတ်တီးစည်းပေးပြီးနောက်

"ပေါက်ရုံပေါက်သွားတာမလို့ ချုပ်စရာတော့ မလိုဘူး။ဆေးပုံမှန်ထည့်ပြီး သောက်ဆေးလည်း ပုံမှန်သောက်ပါ။ညဘက် အနာရှိန်နဲ့ အဖျားတက်လာနိုင်တယ်။အခုခေတ် လူငယ်တွေများ တယ်ခက်သကို စိတ်လက်မာန်ပါ အရမ်းလုပ်ကြတာပဲ"

မှိုင်းက ဒေါက်တာကို အောက်ထပ် လိုက်ပို့ပေးဖို့ ပြင်တော့

"ရတယ် ကိုယ့်ဘာသာပဲသွားမယ် လူနာအနားပဲ နေပေးလိုက်ပါ"

ပါးစပ်ကလည်း ပြောရင်း အထုပ်ဆွဲကာ ထွက်သွားတော့သည်။

မင်းခ ကုတင်ပေါ်မှ ဆင်းကာ တွေ့ရာအင်္ကျီ ကောက်စွပ်ပြီး ကုတင်ပေါ်ပြန်တက်ဖို့ ပြင်နေ၍

"နေဦး ထမင်းစားပြီး ဆေးသောက်ရဦးမယ်။အောက်လိုက်ခဲ့"

မှိုင်း အခန်းတံခါးကို ဖွင့်ရင်း ဆိုလာ၍ မင်းခ အသာထပြီး အခန်းပြင်ထွက်ရန် မှိုင်းဘေးမှ ကျော်ထွက်ပြီးမှ နောက်ပြန်ဆုတ်ကာ မှိုင်းပါးကို ရွှတ်ခနဲ နမ်းလိုက်ပြီး

"ကိုယ်ပြောထားတာ မမေ့နဲ့…"

မှိုင်း အလကား အသားယူနေသော မင်းခကို ပေစောင်းစောင်းကြည့်ရင်း ဆွဲထိုးချင်စိတ် တစ်ဖွားဖွား ဖြစ်နေသော်လည်း ကိုယ်က လက်လွန်ထားသည် ဖြစ်၍ အံတကြိတ်ကြိတ်ဖြင့် မင်းခနောက် လိုက်ရုံသာ တတ်နိုင်တော့သည်။

မှိုင်းနဲ့ Dလေး လမ်းလျှောက်တဲ့နေရာလေး






Continue Reading

You'll Also Like

2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
414K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."