သင်္ချိုင်းဟောင်းမြေမှ မြွေဒဏ...

By Kaki_Will_Be_There

10.3K 1.5K 127

▪️နွေးထွေးတဲ့မေတ္တာ‌တွေ အပြည့်သိပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ် ▪️ I don't own any part of this story. All credit... More

Description[Unicode+Zawgyi]
အပိုင်း [၁]
အပိုင်း [၂]
အပိုင်း [၃]
အပိုင်း [‌၄]
အပိုင်း [၅]
အပိုင်း [၆]
အပိုင်း [၈]
အပိုင်း [၉]
အပိုင်း [၁၀]

အပိုင်း [၇]

655 139 12
By Kaki_Will_Be_There

- UNICODE -

[အပိုင်း ၇]

နောက်တစ်နေ့မနက်မိုးသောက်ချိန်ထိ ဟွားရှောင်ဝူမလှုပ်ချင်သေးပေ၊ သို့သော်ငြား သဘာဝအလျောက် ထိုမလှုပ်ချင်မယှက်ချင်ဖြစ်နေသည်ကိုပြုပြင်ပေးနိုင်မည့် မြွေသည်လည်းမရှိချေ။ ဟွားရှောင်ဝူ နစ်နာသည်ဟုခံစားရကာ ‌ရင်ရှောင်ရှောင်ကိုငေးစိုက်ကြည့်သော် ရင်ရှောင်ရှောင်တောင့်တင်းသွားကာ ချက်ချင်းပင် ပုန်းဖို့ရန်ပြေးသွားလေသည်။ ကံကောင်းထောက်မစွာပင် သူ၏ယခုခန္ဓာကိုယ်သည် သေးလည်းသေး ကွေးလွယ်‌ပျောင်းလွယ်လည်းဖြစ်နေ၍ ပုန်းရလျှိုရခြင်းမှာ မခဲယဉ်းချေ။ ရင်ရှောင်ရှောင် သက်မချမိ‌သည်။

“တာ့ပိုင်! မြန်မြန်ထပြီး ငှက်ဥတွေသွားရှာချည်‌တော့”

ရင်တာ့ပိုင်ခမျာ ‌အပြင်သို့သွားရန် ဟွားရှောင်ဟွား၏လောဆော်ခြင်းကိုခံရပြီး မည်သည့်ကျစ်တွန့်တက်ခြင်းမျှမရှိစွာ ငှက်ဥများရှာရန်ထွက်သွားပေသည်။

အချိန်အနည်းငယ်လွန်သွားသည်။ နေမြင့်လာသည်နှင့်အမျှ နေပူရှိန်လည်းပြင်းလာလေပြီ။ ရင်ရှောင်ရီး၊ ဟွားရှောင်အာ့၊ ဟွားရှောင်စန်းနှင့် ရင်ရှောင်စီတို့ကား နေရောင်အောက်တွင် နေပူဆာလှုံရန် လေကောင်းလေသန့်ရရှိရေးအတွက် ဂူထဲမှထွက်သွားကြသည်။ ဟွားရှောင်ဟွားကမူ ဟွားရှောင်ဝူကို ဂူအပြင်သို့ ပါးစပ်ဖြင့်သယ်ကာ ပစ်ထုတ်ပြီးနောက် ရင်ရှောင်ရှောင်ကို သယ်ထုတ်ရန် နောက်ပြန်လှည့်လာသည်။

“ရင်ရှောင်ရှောင် အပြင်ထွက်ပြီး နေပူဆာသွားလှုံစမ်း”

ရင်ရှောင်ရှောင် ဂူပေါက်ဝဆီသို့ သူ့ခေါင်းလေးကိုဆန့်‌ထုတ်သော် မြင်လိုက်ရသည် - မြတ်စွာဘုရား! - တွေ့မြင်လိုက်ရသည်မှာ အပြင်ဘက်ရှိနေလုံးကြီး ပူတောက်နေသည်ကိုပင်။ သူဟာ အဲဒီအောက်မှာနေပူဆာလှုံရမယ်တဲ့လား။ ရင်ရှောင်ရှောင် ပြတ်ပြတ်သားသား နောက်ပြန်ဆုတ်၏။

“ကျွန်တော်မသွားဘူး”

ဟွားရှောင်ဟွားသည် ချက်ချင်းလက်ငင်းပင် ပြောင်ပြောင်ဘွင်းဘွင်းဖြင့် ရင်ရှောင်ရှောင်ကို ပါးစပ်နှင့်လှမ်းဖမ်းယူကာ ရင်ရှောင်ရှောင်၏ရုန်းကန်တွန်းထိုးနေမှုများကို လျစ်လျူပြုပြီး လိုဏ်ဂူထဲမှသယ်ထုတ်၍ ဟွားရှောင်ဝူ၏နံဘေးသို့ကျရန် ပစ်ချပေးလိုက်သည်။

“ရှောင်ရှောင် ရှောင်ရှောင် ငါနဲ့အဖော်လာပြုပေးပါ”

နံဘေးတွင် ရင်ရှောင်ရှောင် လဲလျောင်းလာ၍ ဟွားရှောင်ဟွား အလွန်ရွှင်ပျော်သွားလေသည်။

ပစ်ချခံရ၍မူးဝေနောက်နေသော ရင်ရှောင်ရှောင်သည်ကား ဟွားရှောင်ဝူ ပြောသည်ကို ရှင်းရှင်းလင်းလင်းမကြားလိုက်ချေ။ အသိသတိပြန်ကပ်သော် ပူအိုက်ခြင်းကိုခံစားရပြီး သူ၏‌ငွေမင်ရောင်ခန္ဓာကိုယ်သည် ပန်းနုရောင်လေးပြောင်းသွားပြီပင်။ ရင်ရှောင်ရှောင်ခမျာ လူးလှိမ့်ပတ်လှည့်နေမိပြီး ဤကဲ့သို့သောအပူချိန်မျိုးကို လျားလျားမတောင့်ခံနိုင်ဖြစ်နေလေသည်။

အဆုံး၌ ရင်ရှောင်ရှောင်ကား ဂူထဲသို့ပြန်လျှောတိုက်ဝင်သွားပြီး ရှက်ရကာ စိတ်ဆင်းရဲနေရသည်။

ဤတစ်ကြိမ်တွင် ဟွားရှောင်ဟွား သူ့ကိုမတားတော့ပေ။ သို့တိုင် အတော်ကလေး ထူးဆန်းသည်ဟု ဟွားရှောင်ဟွားတွေးနေမိ‌သည်။ မြွေတို့သည် နေပူဆာလှုံရခြင်းကိုကြိုက်နှစ်သက်သောသတ္တဝါများဖြစ်ကြ၏။ ရှောင်ရှောင်ဟာ အဘယ်ကြောင့်များ နေပူဆာလှုံရခြင်းကို မကြိုက်မနှစ်သက်ရပါသလော။

ဂူထဲသို့တွားသွားကာပြန်လာ‌၍ရသော် ရင်ရှောင်ရှောင်စိတ်သက်သာရာရမိသည်။ ဘုရားရေ! အကယ်၍ သူသာ နေပူထဲတွင် နောက်ထပ်တစ်မိနစ်မျှ ဆက်နေဦးမည်ဆိုလျှင် နေချက်ခံရပြီး အဆုံးသတ်နေလောက်ပြီပင်။

ရင်ရှောင်ရှောင်အပြင်ဘက်ကိုလှမ်းကြည့်ပြီး  လိုဏ်ဂူ၏အတွင်းနက်နက်သို့ မသိဘာသာဖြင့်ဆုတ်မိလေသည်။ အပြင်တွင် အပူချိန် အနည်းဆုံး ၄၀ ဒီဂရီစင်တီဂရိတ်မျှရှိမည်။ အပူချိန်သည် ဘယ်လိုတောင်မြင့်မားလွန်းနေနိုင်ရပါသနည်း။

သူခဏမျှတွေးတောကြည့်သော်ငြား မရှင်းလင်းသေး၍ ရင်ရှောင်ရှောင်လက်လျှော့လိုက်၏။ မြွေအဖြစ်ပြောင်းလဲသွားခြင်း‌ကြောင့်လော မသိသော်ငြား အလျင်ကနှင့်ယှဉ်လျှင် သူ၏ဉာဏ်ရည်ဉာဏ်စွမ်းဟာ လျော့ကျသွားပြီဟု ရင်ရှောင်ရှောင်ခံစားရကာ ထိုသည် ရင်ရှောင်ရှောင်ကို မရွှင်ပျော်စေပြီ။

အပူချိန်ကျဆင်းသွားချိန်မှသာ ရင်တာ့ပိုင်သည် အသိုက်တစ်ခုကိုတရွတ်ဆွဲကာ ပြန်ရောက်လာ‌သည်။

ငှက်အသိုက်များရှိသောနေရာသည် ရင်ရှောင်ရှောင်တို့၏အိမ်နှင့်အတော်ကလေး‌လှမ်းဝေးသော်ငြား မြွေတို့သွားနိုင်စွမ်းသောအမြန်နှုန်းနှင့်ဆိုလျှင်တောင်မှ ရင်တာ့ပိုင်ပြန်ရောက်လာသောအချိန်သည် အလွန်နောက်ကျနေပြီဖြစ်သည်။ ဤအတွက်အကြောင်းပြချက်သည် ရိုးရှင်းပါ၏။ ရင်တာ့ပိုင်သည် ရာသီဥတုအလွန်သာယာသည်ကိုတွေ့ရှိပြီး နေ့လယ်ပိုင်းတွင် နေပူဆာလှုံခြင်းမှ သူ့ကိုယ်သူ မထိန်းချုပ်နိုင်လိုက်ချေ။ ထို့နောက် သူသည် အိပ်ပျော်သွားခဲ့၏။

ဤတစ်ကြိမ်ရင်တာ့ပိုင်ပြန်သယ်လာသောဥအရေအတွက်သည် ယမန်နေ့ကဟွားရှောင်ဟွားယူလာသောအရေအတွက်ထက် ပိုများပေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် တစ်ဒါဇင်ထက်ပိုမည်ဟု ရင်ရှောင်ရှောင်တွေးမိပြီး များစွာသောငှက်တို့၏အသိုက်များကို ရင်တာ့ပိုင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်နေမှာကို စိုးပါသည်။

မိသားစုတစ်စုလုံး သူ့အနားပတ်လည်ဝိုင်းနေသည်ကိုမြင်သော် ရင်ရှောင်ရှောင်၏မျက်ဝန်းလေးများချဉ်စူးလာရသည်။

ဟွားရှောင်ဟွားသည် ဤမိသားစု၏‘‌မိခင်’နေရာတွင်ရှိပြီး ဝါကြွားကာပွင့်လင်းသည်၊ ပြီးလျှင် ရင်တာ့ပိုင်ကို တကျည်ကျည်နားပူနားဆာပြုရခြင်းကို နှစ်သက်သည်။ သူ၏အကျင့်စရိုက်သည် မကောင်းမွန်၊ သူသည် ကလေးဆန်ကာ ရိုးအပြီး မြွေငယ်ကလေးခြောက်ကောင်‌အပေါ်လည်း မယဉ်ကျေးချေ။ သို့ပေသိ သံသယဖြစ်ဖွယ်မရှိအောင်ပင် သူသည်‘မိခင်ကောင်း’တစ်ဦးဖြစ်လေသည်။ သူ့နှလုံးစိုင်ထဲတွင် ‌မြွေငယ်ကလေးခြောက်ကောင်ကို အမှန်တကယ်ချစ်၏။

ရင်တာ့ပိုင်ကမူ ဤမိသားစု၏‘ဖခင်’နေရာတွင်ရှိသည်။ သူသည် စကားနည်းနှုတ်ဆိတ်သော်ငြား ဟွားရှောင်ဟွားကိုသိပ်မြတ်နိုးကာ စိတ်ရှည်သည်းခံပြီး အရာအားလုံးတွင် လိုက်လျောတတ်သည်။ သူသည် မြွေငယ်ကလေးခြောက်ကောင်နှင့်ဆက်ဆံ‌ဆိုပြောခြင်းအနည်းအကျဉ်းသာရှိ‌လင့်ကစား မြွေငယ်ကလေးခြောက်ကောင်အပေါ်ရင်တာ့ပိုင်ထားရှိသောမေတ္တာတရားကို မည်သူတစ်ဦးတစ်ယောက်ကမျှ မယုံသင်္ကာမဖြစ်ချေ။

စကားအဆိုအပြောနည်းသောရင်ရှောင်ရီးသည် ရင်တာ့ပိုင်နှင့်အကျင့်သွားတူသည်။ သူသည် အစ်ကိုကြီးနေရာနှင့်အကိုက်ညီဆုံးသော မြွေတစ်ကောင်ဖြစ်ပြီး သူ့နည်းသူ့ဟန်ဖြင့်ကာကွယ်ပေးရပါသော ညီငယ်ကလေးငါးကောင်စလုံးကို အလွန်ဂရုစိုက်လျက်ရှိသည်။

ဟွားရှောင်အာ့၊ ဟွားရှောင်စန်းနှင့် ဟွားရှောင်ဝူတို့ကျ ဟွားရှောင်ဟွားနှင့်သွားတူ‌လေသည်။ သူတို့သည် ကလေးဆန်ကာ ရိုးအကြသည်၊ ပြီးလျှင် မကြာမကြာတတွတ်တွတ်စကားဆိုနေတတ်ကာ အလွယ်တကူကျေနပ်တတ်ပြီး အလွယ်တကူရွှင်မြူးတတ်‌ကြ၏။ မြွေတစ်ကောင်တွင်ထိုသို့သောအကျင့်စရိုက်ရှိခြင်းသည် အပြင်ဘက်ရှိမြွေတစ်ကောင်အတွက် ကောင်းကျိုးဖြစ်ထွန်းစေမည်မဟုတ်မှာ မလွဲမုချပင်။ သို့ပေသိ ဤလောကရှိမြွေပွေးများအတွက်သည်တော့ အနှီအကျင့်ဗီဇသည် စင်စစ်ကို အလွန်တရာမှနှစ်လိုဖွယ်‌ဖြစ်နေလေသည်။

ရင်ရှောင်စီသည်ကား ဤမိသားစု၏တစ်ကောင်တည်းသောသန္ဓေပြောင်းသတ္တဝါဖြစ်၏။ သူသည် ဤမိသားစုတွင်တစ်နည်းတစ်ဖုံပျောက်ဆုံးနေသည့် အရေးပါသောပင်ကိုထက်မြက်အသိဉာဏ်ကို ဖုံးကွယ်ထားသည်။ သူဟာ ထက်မြက်သည့်အသိဉာဏ်ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေ၍ ဤဝန်ထုပ်ဝန်ပိုးဟုဆိုသောအရာကို ဖုံးဝှယ်ထားခြင်းဖြစ်သည်။ သို့တိုင် သူသည် သူ၏မိသားစုကိုချစ်သည်။ ထိုသည် သူ မနှစ်မြို့ခြင်း (သို့မဟုတ်) စိတ်ဆိုးဒေါသထွက်ခြင်းမဖြစ်မိသည့် သူ့မိသားစု၏ကလေးဆန်သောရူးရူးမိုက်မိုက်အပြုအမူများကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ပြီးနောက် ရင်ရှောင်ရှောင်၊ သူ၏ယခင်မှတ်ဉာဏ်များအလုံးစုံနှင့် မြွေတစ်ကောင်အဖြစ်‌ပြန်လည်မွေးဖွားလာသည့် လူသားတစ်ဦးဖြစ်ခဲ့ဖူးသောထိုသူတွင် သူ၏ကိုယ်ပိုင်မိသားစုလေးရှိသွားလေပြီ။ မြွေရေခွံခြုံထားသည့် မိသားစုတစ်စုတည်း။ သို့လင့်ကစား သူသည် သူ၏အလျင်ဝင်စားဘဝတွင် မိသားစုအချစ်မေတ္တာမျိုးကို တစ်ကြိမ်တစ်ခါမျှမခံစားမတွေ့ကြုံခဲ့ဖူးချေ။ သူ အကြောက်ရဆုံးသော မြွေတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားရသော်ငြား သူ့မိသားစုဖြစ်လာပြီး နာကျင်ရသည်အထိ သူ့ကို အလွန်အမင်း ချစ်ပေး၊ အလိုလိုက်ပေးသောမြွေများဖြစ်နေချိန်တွင် သူဟာ မြွေတို့ကိုကြောက်ရွံ့နေဖို့ရာ အကြောင်းပြချက်တစ်စုံတစ်ရာကိုမျှ မတွေးတောနိုင်တော့ပေ။

ဆိုလိုရင်းမှာ အတိုချုံ့ရလျှင် ရင်ရှောင်ရှောင်လေး မြွေမကြောက်တော့ပြီ။ အမှန်စင်စစ်မူ ရင်ရှောင်ရှောင်၏အာရုံကြောများသည် သိပ်မကောင်းချေ။ သူ‌သည် ဤလက်တွေ့ဘဝကို အေးအေးလူလူဖြင့် လက်ခံလိုက်‌တော့သည်။ သူဟာမြွေတစ်ကောင်ဖြစ်ပြီး တခြားအမျိုးအစားခွဲထားသော ခွေးသွေးများအလုံးစုံကို ရှာဖွေသိရှိခဲ့သည့်အချိန်တွင် အေးအေးလူလူရှိမနေခဲ့သော်ငြားလေ။

ဤသို့နှယ် တိုးပွားလာသောအကြောင်းတရားများကြောင့် ‌ရင်ရှောင်ရှောင်၏မျက်လုံးလေးများသည် မျက်ရည်များ ပွထခြင်းကိုမထိန်းနိုင်တော့စွာ ရွှေပဲစေ့လေးများကဲ့သို့ လိမ့်ဆင်းကျလာကြသည်။ ထို့နောက် သူ၏ပြတ်ရှနေသော အသည်းနှင့်အူများကိုပြသရန် ငို‌ပေတော့သည်။

ရင်တာ့ပိုင် ရင်ရှောင်ရှောင်ကိုရစ်ခွေထားပြီးဖြစ်သည်။ သို့ပေသိ ရင်ရှောင်ရှောင်၏မျက်ရည်လေးများကိုမြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ဟွားရှောင်ဟွားနှင့် ကျန်မြွေငယ်ကလေးငါးကောင်သည် မထိန်းနိုင်စွာခြေလှမ်းအနည်းနောက်ဆုတ်မိကြပြီး သူတို့၏မျက်နှာများပေါ်ဝယ် စိုးထိတ်မှုနှင့်ရှုပ်ထွေးမှုများ တည်နေ၏။

ထို့နောက်၌ ရင်ရှောင်ရှောင်ဟာ မတရားသဖြင့်ဆက်ဆံခံရသည်ဟုခံစားရပြီး ငိုတော့သည်။ သူငိုကြွေးလေ သူပိုနာကျင်ရလေဖြစ်သည်။ သူတို့သည် သူငိုနေသည်ကိုမြင်ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့်များ သူတို့၏မျက်နှာများပေါ်တွင် ထိုအမူအရာများရှိနေကြပါသနည်း။ ရင်ရှောင်ရှောင်မှာ သူတို့သူ့ကိုမချစ်ကြဟု ခံစားရလျက် နင့်နင့်နဲနဲထိမှန်သွားရသည်။

နောက်ဆုံးမူ ရင်ရှောင်စီကို သူတို့၏ကိုယ်စားလှယ်အဖြစ် အရှေ့သို့တွန်းပို့လိုက်ကြသည်။ ရင်ရှောင်စီ ငြိမ်ကျသွားသည်၊ ထို့နောက် ရင်ရှောင်ရှောင်ဆီသို့ တွားကာသွားသည်။ သူသည် စကားမဆိုမီ တုံ့ဆိုင်းနေ၏။

“ရှောင်ရှောင် မင်းလုပ်နေတာ... မင်းဘာလုပ်နေတာလဲ”

ရင်ရှောင်ရှောင် သူ့ကိုလျစ်လျူရှုထားသည်။

ရင်‌တာ့ပိုင်၏အလှည့်ဖြစ်သည်။

“ရှောင်ရှောင် ဘာဖြစ်တာလဲ”

ရင်ရှောင်ရှောင် သူ့ကိုလည်း လျစ်လျူရှု၏။

သို့ဖြစ်၍ ဟွားရှောင်ဟွား ဗြုန်းခနဲအော်ချလာလေတော့သည်။

“ရင်ရှောင်ရှောင်!”

ကျွတ်ကျွတ်၊ တကယ်ကိုပင် သူ၏အသံသည် ရနယ်တစ်ခွင်ပဲ့တင်ထပ်ပေသည်။ ရင်ရှောင်ရှောင်လန့်ဖျပ်ပြီး အငိုတိတ်သွား၏။ သူလေးသည် မျက်ရည်များဖြင့်ပြည့်လျှံနေသော သူ၏မျက်ဝန်းလေးနှစ်ဖက်ကိုလှစ်ဟကြည့်သော် ဟွားရှောင်ဟွားကိုမဆိုင်းမတွတွေ့လိုက်ရသည်။ ရင်ရှောင်ရှောင်၏မျက်ဝန်းများ ဘာဖြစ်နေသည်ကို ဟွားရှောင်ဟွားမသိသော်ငြား ရင်ရှောင်ရှောင်လေးကို ဤကဲ့သို့တွေ့မြင်ရသော် သူ၏နှလုံးစိုင်သည် ချက်ချင်းလက်ငင်းညံ့သက်သွားရလေသည်။ မသိလိုက်မသိဘာသာဖြင့် သူ့အသံသည် နူးညံ့နေ၏။

“ရှောင်ရှောင် ခုနက သားဘာလုပ်နေတာလဲ”

“... ကျွန်တော် ငိုနေတာ”

ရင်ရှောင်ရှောင်သည် ရှိုက်နေသည့်ကြားမှ ဆို၏။

“ငိုဝာာဟုတ်လား။ အဲတာဘာလဲ”

အလုံးစုံသောမြွေတို့တွေးနေမိသည့်မေးခွန်းကို ရင်တာ့ပိုင် မေးလာ၏။

ရင်ရှောင်ရှောင်ဟာ ကြောင်တောင်တောင်လေး ငေးကြည့်မိတော့သည်။ တစ်ချက်တစ်ချက်ရှိုက်လျက် ပတ်ပတ်လည်ရှိမြွေများကိုကြည့်သော် သူတို့အားလုံးသည် တွေးရခက်နေသည့်ဟန်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။ ရင်ရှောင်ရှောင်ခမျာ ယခုမူ ဘာကိုဆိုရမည်မသိဖြစ်နေပေသည်။

မဟုတ်မှလွဲ ... ထိုမြွေများဟာ ငိုခြင်းဟူသည်ကိုမသိကြခြင်းများလား။

ရင်ရှောင်ရှောင် ရုတ်ခြည်းပင် တစ်ခါက ‘တိရစ္ဆာန်ကမ္ဘာ’ဟူသောရုပ်သံအစီအစဉ်၏အပိုင်းကဏ္ဍတစ်ပိုင်းကို ကြည့်ဖူးကြောင်း သွားအမှတ်ရမိ၏။ ယင်းအစီအစဉ်က ဘာပြောခဲ့ပါလိမ့်။ အ! ကုန်းနေမြွေများဟာ မျက်ရည်မထုတ်နိုင်ကြောင်း သို့သော်ငြား ရေနေမြွေများဟာ ဆားရေချိန်ကိုထိန်းထားရန် မျက်ရည်ထုတ်နိုင်ကြောင်း ထိုကဲ့သို့သောအကြောင်းအရာမျိုးဖြစ်သည်။

အနှောင့်အယှက်ဖြစ်ရမှုအတွက် ရင်ရှောင်ရှောင် စိတ်မကောင်းဖြစ်မိသွားသည်။ လက်စသတ်တော့ သူနားလည်မှုလွဲခြင်းဖြစ်၏။ ၎င်းသည် သူဟာ အမှန်တကယ်ကို မျက်ရည်ကျနိုင်စွမ်းသည့် တစ်မူထူးသောမြွေတစ်ကောင်ဖြစ်ဟန်တူသည့်သဘောသို့နှယ် ဖြစ်သွားလေသည်။ ရင်ရှောင်ရှောင်ကား ပန်းရောင်ရှက်သွေးလေးဖြန်းကာ အနောက်မှအမြီးကိုလွှဲယမ်းနေမိတော့သည်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

- ZAWGYI -

[အပိုင္း ၇]

ေနာက္တစ္ေန႕မနက္မိုးေသာက္ခ်ိန္ထိ ဟြားေရွာင္ဝူမလႈပ္ခ်င္ေသးေပ၊ သို႔ေသာ္ျငား သဘာဝအေလ်ာက္ ထိုမလႈပ္ခ်င္မယွက္ခ်င္ျဖစ္ေနသည္ကိုျပဳျပင္ေပးနိုင္မည့္ ေႁမြသည္လည္းမရွိေခ်။ ဟြားေရွာင္ဝူ နစ္နာသည္ဟုခံစားရကာ ‌ရင္ေရွာင္ေရွာင္ကိုေငးစိုက္ၾကည့္ေသာ္ ရင္ေရွာင္ေရွာင္ေတာင့္တင္းသြားကာ ခ်က္ခ်င္းပင္ ပုန္းဖို႔ရန္ေျပးသြားေလသည္။ ကံေကာင္းေထာက္မစြာပင္ သူ၏ယခုခႏၶာကိုယ္သည္ ေသးလည္းေသး ေကြးလြယ္‌ေပ်ာင္းလြယ္လည္းျဖစ္ေန၍ ပုန္းရလွ်ိုရျခင္းမွာ မခဲယဥ္းေခ်။ ရင္ေရွာင္ေရွာင္ သက္မခ်မိ‌သည္။

“တာ့ပိုင္! ျမန္ျမန္ထၿပီး ငွက္ဥေတြသြားရွာခ်ည္‌ေတာ့”

ရင္တာ့ပိုင္ခမ်ာ ‌အျပင္သို႔သြားရန္ ဟြားေရွာင္ဟြား၏ေလာေဆာ္ျခင္းကိုခံရၿပီး မည္သည့္က်စ္တြန႔္တက္ျခင္းမွ်မရွိစြာ ငွက္ဥမ်ားရွာရန္ထြက္သြားေပသည္။

အခ်ိန္အနည္းငယ္လြန္သြားသည္။ ေနျမင့္လာသည္ႏွင့္အမွ် ေနပူရွိန္လည္းျပင္းလာေလၿပီ။ ရင္ေရွာင္ရီး၊ ဟြားေရွာင္အာ့၊ ဟြားေရွာင္စန္းႏွင့္ ရင္ေရွာင္စီတို႔ကား ေနေရာင္ေအာက္တြင္ ေနပူဆာလႈံရန္ ေလေကာင္းေလသန႔္ရရွိေရးအတြက္ ဂူထဲမွထြက္သြားၾကသည္။ ဟြားေရွာင္ဟြားကမူ ဟြားေရွာင္ဝူကို ဂူအျပင္သို႔ ပါးစပ္ျဖင့္သယ္ကာ ပစ္ထုတ္ၿပီးေနာက္ ရင္ေရွာင္ေရွာင္ကို သယ္ထုတ္ရန္ ေနာက္ျပန္လွည့္လာသည္။

“ရင္ေရွာင္ေရွာင္ အျပင္ထြက္ၿပီး ေနပူဆာသြားလႈံစမ္း”

ရင္ေရွာင္ေရွာင္ ဂူေပါက္ဝဆီသို႔ သူ႕ေခါင္းေလးကိုဆန႔္‌ထုတ္ေသာ္ ျမင္လိုက္ရသည္ - ျမတ္စြာဘုရား! - ေတြ႕ျမင္လိုက္ရသည္မွာ အျပင္ဘက္ရွိေနလုံးႀကီး ပူေတာက္ေနသည္ကိုပင္။ သူဟာ အဲဒီေအာက္မွာေနပူဆာလႈံရမယ္တဲ့လား။ ရင္ေရွာင္ေရွာင္ ျပတ္ျပတ္သားသား ေနာက္ျပန္ဆုတ္၏။

“ကြၽန္ေတာ္မသြားဘူး”

ဟြားေရွာင္ဟြားသည္ ခ်က္ခ်င္းလက္ငင္းပင္ ေျပာင္ေျပာင္ဘြင္းဘြင္းျဖင့္ ရင္ေရွာင္ေရွာင္ကို ပါးစပ္ႏွင့္လွမ္းဖမ္းယူကာ ရင္ေရွာင္ေရွာင္၏႐ုန္းကန္တြန္းထိုးေနမႈမ်ားကို လ်စ္လ်ဴျပဳၿပီး လိုဏ္ဂူထဲမွသယ္ထုတ္၍ ဟြားေရွာင္ဝူ၏နံေဘးသို႔က်ရန္ ပစ္ခ်ေပးလိုက္သည္။

“ေရွာင္ေရွာင္ ေရွာင္ေရွာင္ ငါနဲ႕အေဖာ္လာျပဳေပးပါ”

နံေဘးတြင္ ရင္ေရွာင္ေရွာင္ လဲေလ်ာင္းလာ၍ ဟြားေရွာင္ဟြား အလြန္႐ႊင္ေပ်ာ္သြားေလသည္။

ပစ္ခ်ခံရ၍မူးေဝေနာက္ေနေသာ ရင္ေရွာင္ေရွာင္သည္ကား ဟြားေရွာင္ဝူ ေျပာသည္ကို ရွင္းရွင္းလင္းလင္းမၾကားလိုက္ေခ်။ အသိသတိျပန္ကပ္ေသာ္ ပူအိုက္ျခင္းကိုခံစားရၿပီး သူ၏‌ေငြမင္ေရာင္ခႏၶာကိုယ္သည္ ပန္းႏုေရာင္ေလးေျပာင္းသြားၿပီပင္။ ရင္ေရွာင္ေရွာင္ခမ်ာ လူးလွိမ့္ပတ္လွည့္ေနမိၿပီး ဤကဲ့သို႔ေသာအပူခ်ိန္မ်ိဳးကို လ်ားလ်ားမေတာင့္ခံနိုင္ျဖစ္ေနေလသည္။

အဆုံး၌ ရင္ေရွာင္ေရွာင္ကား ဂူထဲသို႔ျပန္ေလွ်ာတိုက္ဝင္သြားၿပီး ရွက္ရကာ စိတ္ဆင္းရဲေနရသည္။

ဤတစ္ႀကိမ္တြင္ ဟြားေရွာင္ဟြား သူ႕ကိုမတားေတာ့ေပ။ သို႔တိုင္ အေတာ္ကေလး ထူးဆန္းသည္ဟု ဟြားေရွာင္ဟြားေတြးေနမိ‌သည္။ ေႁမြတို႔သည္ ေနပူဆာလႈံရျခင္းကိုႀကိဳက္ႏွစ္သက္ေသာသတၱဝါမ်ားျဖစ္ၾက၏။ ေရွာင္ေရွာင္ဟာ အဘယ္ေၾကာင့္မ်ား ေနပူဆာလႈံရျခင္းကို မႀကိဳက္မႏွစ္သက္ရပါသေလာ။

ဂူထဲသို႔တြားသြားကာျပန္လာ‌၍ရေသာ္ ရင္ေရွာင္ေရွာင္စိတ္သက္သာရာရမိသည္။ ဘုရားေရ! အကယ္၍ သူသာ ေနပူထဲတြင္ ေနာက္ထပ္တစ္မိနစ္မွ် ဆက္ေနဦးမည္ဆိုလွ်င္ ေနခ်က္ခံရၿပီး အဆုံးသတ္ေနေလာက္ၿပီပင္။

ရင္ေရွာင္ေရွာင္အျပင္ဘက္ကိုလွမ္းၾကည့္ၿပီး  လိုဏ္ဂူ၏အတြင္းနက္နက္သို႔ မသိဘာသာျဖင့္ဆုတ္မိေလသည္။ အျပင္တြင္ အပူခ်ိန္ အနည္းဆုံး ၄၀ ဒီဂရီစင္တီဂရိတ္မွ်ရွိမည္။ အပူခ်ိန္သည္ ဘယ္လိုေတာင္ျမင့္မားလြန္းေနနိုင္ရပါသနည္း။

သူခဏမွ်ေတြးေတာၾကည့္ေသာ္ျငား မရွင္းလင္းေသး၍ ရင္ေရွာင္ေရွာင္လက္ေလွ်ာ့လိုက္၏။ ေႁမြအျဖစ္ေျပာင္းလဲသြားျခင္း‌ေၾကာင့္ေလာ မသိေသာ္ျငား အလ်င္ကႏွင့္ယွဥ္လွ်င္ သူ၏ဉာဏ္ရည္ဉာဏ္စြမ္းဟာ ေလ်ာ့က်သြားၿပီဟု ရင္ေရွာင္ေရွာင္ခံစားရကာ ထိုသည္ ရင္ေရွာင္ေရွာင္ကို မ႐ႊင္ေပ်ာ္ေစၿပီ။

အပူခ်ိန္က်ဆင္းသြားခ်ိန္မွသာ ရင္တာ့ပိုင္သည္ အသိုက္တစ္ခုကိုတ႐ြတ္ဆြဲကာ ျပန္ေရာက္လာ‌သည္။

ငွက္အသိုက္မ်ားရွိေသာေနရာသည္ ရင္ေရွာင္ေရွာင္တို႔၏အိမ္ႏွင့္အေတာ္ကေလး‌လွမ္းေဝးေသာ္ျငား ေႁမြတို႔သြားနိုင္စြမ္းေသာအျမန္ႏႈန္းႏွင့္ဆိုလွ်င္ေတာင္မွ ရင္တာ့ပိုင္ျပန္ေရာက္လာေသာအခ်ိန္သည္ အလြန္ေနာက္က်ေနၿပီျဖစ္သည္။ ဤအတြက္အေၾကာင္းျပခ်က္သည္ ရိုးရွင္းပါ၏။ ရင္တာ့ပိုင္သည္ ရာသီဥတုအလြန္သာယာသည္ကိုေတြ႕ရွိၿပီး ေန႕လယ္ပိုင္းတြင္ ေနပူဆာလႈံျခင္းမွ သူ႕ကိုယ္သူ မထိန္းခ်ဳပ္နိုင္လိုက္ေခ်။ ထို႔ေနာက္ သူသည္ အိပ္ေပ်ာ္သြားခဲ့၏။

ဤတစ္ႀကိမ္ရင္တာ့ပိုင္ျပန္သယ္လာေသာဥအေရအတြက္သည္ ယမန္ေန႕ကဟြားေရွာင္ဟြားယူလာေသာအေရအတြက္ထက္ ပိုမ်ားေပသည္။ တစ္ခ်က္ၾကည့္႐ုံမွ်ျဖင့္ တစ္ဒါဇင္ထက္ပိုမည္ဟု ရင္ေရွာင္ေရွာင္ေတြးမိၿပီး မ်ားစြာေသာငွက္တို႔၏အသိုက္မ်ားကို ရင္တာ့ပိုင္ စီးနင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေနမွာကို စိုးပါသည္။

မိသားစုတစ္စုလုံး သူ႕အနားပတ္လည္ဝိုင္းေနသည္ကိုျမင္ေသာ္ ရင္ေရွာင္ေရွာင္၏မ်က္ဝန္းေလးမ်ားခ်ဥ္စူးလာရသည္။

ဟြားေရွာင္ဟြားသည္ ဤမိသားစု၏‘‌မိခင္’ေနရာတြင္ရွိၿပီး ဝါႂကြားကာပြင့္လင္းသည္၊ ၿပီးလွ်င္ ရင္တာ့ပိုင္ကို တက်ည္က်ည္နားပူနားဆာျပဳရျခင္းကို ႏွစ္သက္သည္။ သူ၏အက်င့္စရိုက္သည္ မေကာင္းမြန္၊ သူသည္ ကေလးဆန္ကာ ရိုးအၿပီး ေႁမြငယ္ကေလးေျခာက္ေကာင္‌အေပၚလည္း မယဥ္ေက်းေခ်။ သို႔ေပသိ သံသယျဖစ္ဖြယ္မရွိေအာင္ပင္ သူသည္‘မိခင္ေကာင္း’တစ္ဦးျဖစ္ေလသည္။ သူ႕ႏွလုံးစိုင္ထဲတြင္ ‌ေႁမြငယ္ကေလးေျခာက္ေကာင္ကို အမွန္တကယ္ခ်စ္၏။

ရင္တာ့ပိုင္ကမူ ဤမိသားစု၏‘ဖခင္’ေနရာတြင္ရွိသည္။ သူသည္ စကားနည္းႏႈတ္ဆိတ္ေသာ္ျငား ဟြားေရွာင္ဟြားကိုသိပ္ျမတ္နိုးကာ စိတ္ရွည္သည္းခံၿပီး အရာအားလုံးတြင္ လိုက္ေလ်ာတတ္သည္။ သူသည္ ေႁမြငယ္ကေလးေျခာက္ေကာင္ႏွင့္ဆက္ဆံ‌ဆိုေျပာျခင္းအနည္းအက်ဥ္းသာရွိ‌လင့္ကစား ေႁမြငယ္ကေလးေျခာက္ေကာင္အေပၚရင္တာ့ပိုင္ထားရွိေသာေမတၱာတရားကို မည္သူတစ္ဦးတစ္ေယာက္ကမွ် မယုံသကၤာမျဖစ္ေခ်။

စကားအဆိုအေျပာနည္းေသာရင္ေရွာင္ရီးသည္ ရင္တာ့ပိုင္ႏွင့္အက်င့္သြားတူသည္။ သူသည္ အစ္ကိုႀကီးေနရာႏွင့္အကိုက္ညီဆုံးေသာ ေႁမြတစ္ေကာင္ျဖစ္ၿပီး သူ႕နည္းသူ႕ဟန္ျဖင့္ကာကြယ္ေပးရပါေသာ ညီငယ္ကေလးငါးေကာင္စလုံးကို အလြန္ဂ႐ုစိုက္လ်က္ရွိသည္။

ဟြားေရွာင္အာ့၊ ဟြားေရွာင္စန္းႏွင့္ ဟြားေရွာင္ဝူတို႔က် ဟြားေရွာင္ဟြားႏွင့္သြားတူ‌ေလသည္။ သူတို႔သည္ ကေလးဆန္ကာ ရိုးအၾကသည္၊ ၿပီးလွ်င္ မၾကာမၾကာတတြတ္တြတ္စကားဆိုေနတတ္ကာ အလြယ္တကူေက်နပ္တတ္ၿပီး အလြယ္တကူ႐ႊင္ျမဴးတတ္‌ၾက၏။ ေႁမြတစ္ေကာင္တြင္ထိုသို႔ေသာအက်င့္စရိုက္ရွိျခင္းသည္ အျပင္ဘက္ရွိေႁမြတစ္ေကာင္အတြက္ ေကာင္းက်ိဳးျဖစ္ထြန္းေစမည္မဟုတ္မွာ မလြဲမုခ်ပင္။ သို႔ေပသိ ဤေလာကရွိေႁမြေပြးမ်ားအတြက္သည္ေတာ့ အႏွီအက်င့္ဗီဇသည္ စင္စစ္ကို အလြန္တရာမွႏွစ္လိုဖြယ္‌ျဖစ္ေနေလသည္။

ရင္ေရွာင္စီသည္ကား ဤမိသားစု၏တစ္ေကာင္တည္းေသာသေႏၶေျပာင္းသတၱဝါျဖစ္၏။ သူသည္ ဤမိသားစုတြင္တစ္နည္းတစ္ဖုံေပ်ာက္ဆုံးေနသည့္ အေရးပါေသာပင္ကိုထက္ျမက္အသိဉာဏ္ကို ဖုံးကြယ္ထားသည္။ သူဟာ ထက္ျမက္သည့္အသိဉာဏ္ေၾကာင့္ ဝန္ထုပ္ဝန္ပိုးျဖစ္ေန၍ ဤဝန္ထုပ္ဝန္ပိုးဟုဆိုေသာအရာကို ဖုံးဝွယ္ထားျခင္းျဖစ္သည္။ သို႔တိုင္ သူသည္ သူ၏မိသားစုကိုခ်စ္သည္။ ထိုသည္ သူ မႏွစ္ၿမိဳ႕ျခင္း (သို႔မဟုတ္) စိတ္ဆိုးေဒါသထြက္ျခင္းမျဖစ္မိသည့္ သူ႕မိသားစု၏ကေလးဆန္ေသာ႐ူး႐ူးမိုက္မိုက္အျပဳအမူမ်ားေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္နိုင္သည္။

ၿပီးေနာက္ ရင္ေရွာင္ေရွာင္၊ သူ၏ယခင္မွတ္ဉာဏ္မ်ားအလုံးစုံႏွင့္ ေႁမြတစ္ေကာင္အျဖစ္‌ျပန္လည္ေမြးဖြားလာသည့္ လူသားတစ္ဦးျဖစ္ခဲ့ဖူးေသာထိုသူတြင္ သူ၏ကိုယ္ပိုင္မိသားစုေလးရွိသြားေလၿပီ။ ေႁမြေရခြံၿခဳံထားသည့္ မိသားစုတစ္စုတည္း။ သို႔လင့္ကစား သူသည္ သူ၏အလ်င္ဝင္စားဘဝတြင္ မိသားစုအခ်စ္ေမတၱာမ်ိဳးကို တစ္ႀကိမ္တစ္ခါမွ်မခံစားမေတြ႕ႀကဳံခဲ့ဖူးေခ်။ သူ အေၾကာက္ရဆုံးေသာ ေႁမြတစ္ေကာင္အျဖစ္သို႔ေျပာင္းလဲသြားရေသာ္ျငား သူ႕မိသားစုျဖစ္လာၿပီး နာက်င္ရသည္အထိ သူ႕ကို အလြန္အမင္း ခ်စ္ေပး၊ အလိုလိုက္ေပးေသာေႁမြမ်ားျဖစ္ေနခ်ိန္တြင္ သူဟာ ေႁမြတို႔ကိုေၾကာက္႐ြံ႕ေနဖို႔ရာ အေၾကာင္းျပခ်က္တစ္စုံတစ္ရာကိုမွ် မေတြးေတာနိုင္ေတာ့ေပ။

ဆိုလိုရင္းမွာ အတိုခ်ဳံ႕ရလွ်င္ ရင္ေရွာင္ေရွာင္ေလး ေႁမြမေၾကာက္ေတာ့ၿပီ။ အမွန္စင္စစ္မူ ရင္ေရွာင္ေရွာင္၏အာ႐ုံေၾကာမ်ားသည္ သိပ္မေကာင္းေခ်။ သူ‌သည္ ဤလက္ေတြ႕ဘဝကို ေအးေအးလူလူျဖင့္ လက္ခံလိုက္‌ေတာ့သည္။ သူဟာေႁမြတစ္ေကာင္ျဖစ္ၿပီး တျခားအမ်ိဳးအစားခြဲထားေသာ ေခြးေသြးမ်ားအလုံးစုံကို ရွာေဖြသိရွိခဲ့သည့္အခ်ိန္တြင္ ေအးေအးလူလူရွိမေနခဲ့ေသာ္ျငားေလ။

ဤသို႔ႏွယ္ တိုးပြားလာေသာအေၾကာင္းတရားမ်ားေၾကာင့္ ‌ရင္ေရွာင္ေရွာင္၏မ်က္လုံးေလးမ်ားသည္ မ်က္ရည္မ်ား ပြထျခင္းကိုမထိန္းနိုင္ေတာ့စြာ ေ႐ႊပဲေစ့ေလးမ်ားကဲ့သို႔ လိမ့္ဆင္းက်လာၾကသည္။ ထို႔ေနာက္ သူ၏ျပတ္ရွေနေသာ အသည္းႏွင့္အူမ်ားကိုျပသရန္ ငို‌ေပေတာ့သည္။

ရင္တာ့ပိုင္ ရင္ေရွာင္ေရွာင္ကိုရစ္ေခြထားၿပီးျဖစ္သည္။ သို႔ေပသိ ရင္ေရွာင္ေရွာင္၏မ်က္ရည္ေလးမ်ားကိုျမင္ေတြ႕လိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ ဟြားေရွာင္ဟြားႏွင့္ က်န္ေႁမြငယ္ကေလးငါးေကာင္သည္ မထိန္းနိုင္စြာေျခလွမ္းအနည္းေနာက္ဆုတ္မိၾကၿပီး သူတို႔၏မ်က္ႏွာမ်ားေပၚဝယ္ စိုးထိတ္မႈႏွင့္ရႈပ္ေထြးမႈမ်ား တည္ေန၏။

ထို႔ေနာက္၌ ရင္ေရွာင္ေရွာင္ဟာ မတရားသျဖင့္ဆက္ဆံခံရသည္ဟုခံစားရၿပီး ငိုေတာ့သည္။ သူငိုေႂကြးေလ သူပိုနာက်င္ရေလျဖစ္သည္။ သူတို႔သည္ သူငိုေနသည္ကိုျမင္ၾကသည္၊ သို႔ဆိုလွ်င္ အဘယ္ေၾကာင့္မ်ား သူတို႔၏မ်က္ႏွာမ်ားေပၚတြင္ ထိုအမူအရာမ်ားရွိေနၾကပါသနည္း။ ရင္ေရွာင္ေရွာင္မွာ သူတို႔သူ႕ကိုမခ်စ္ၾကဟု ခံစားရလ်က္ နင့္နင့္နဲနဲထိမွန္သြားရသည္။

ေနာက္ဆုံးမူ ရင္ေရွာင္စီကို သူတို႔၏ကိုယ္စားလွယ္အျဖစ္ အေရွ႕သို႔တြန္းပို႔လိုက္ၾကသည္။ ရင္ေရွာင္စီ ၿငိမ္က်သြားသည္၊ ထို႔ေနာက္ ရင္ေရွာင္ေရွာင္ဆီသို႔ တြားကာသြားသည္။ သူသည္ စကားမဆိုမီ တုံ႕ဆိုင္းေန၏။

“ေရွာင္ေရွာင္ မင္းလုပ္ေနတာ... မင္းဘာလုပ္ေနတာလဲ”

ရင္ေရွာင္ေရွာင္ သူ႕ကိုလ်စ္လ်ဴရႈထားသည္။

ရင္‌တာ့ပိုင္၏အလွည့္ျဖစ္သည္။

“ေရွာင္ေရွာင္ ဘာျဖစ္တာလဲ”

ရင္ေရွာင္ေရွာင္ သူ႕ကိုလည္း လ်စ္လ်ဴရႈ၏။

သို႔ျဖစ္၍ ဟြားေရွာင္ဟြား ျဗဳန္းခနဲေအာ္ခ်လာေလေတာ့သည္။

“ရင္ေရွာင္ေရွာင္!”

ကြၽတ္ကြၽတ္၊ တကယ္ကိုပင္ သူ၏အသံသည္ ရနယ္တစ္ခြင္ပဲ့တင္ထပ္ေပသည္။ ရင္ေရွာင္ေရွာင္လန႔္ဖ်ပ္ၿပီး အငိုတိတ္သြား၏။ သူေလးသည္ မ်က္ရည္မ်ားျဖင့္ျပည့္လွ်ံေနေသာ သူ၏မ်က္ဝန္းေလးႏွစ္ဖက္ကိုလွစ္ဟၾကည့္ေသာ္ ဟြားေရွာင္ဟြားကိုမဆိုင္းမတြေတြ႕လိုက္ရသည္။ ရင္ေရွာင္ေရွာင္၏မ်က္ဝန္းမ်ား ဘာျဖစ္ေနသည္ကို ဟြားေရွာင္ဟြားမသိေသာ္ျငား ရင္ေရွာင္ေရွာင္ေလးကို ဤကဲ့သို႔ေတြ႕ျမင္ရေသာ္ သူ၏ႏွလုံးစိုင္သည္ ခ်က္ခ်င္းလက္ငင္းညံ့သက္သြားရေလသည္။ မသိလိုက္မသိဘာသာျဖင့္ သူ႕အသံသည္ ႏူးညံ့ေန၏။

“ေရွာင္ေရွာင္ ခုနက သားဘာလုပ္ေနတာလဲ”

“... ကြၽန္ေတာ္ ငိုေနတာ”

ရင္ေရွာင္ေရွာင္သည္ ရွိုက္ေနသည့္ၾကားမွ ဆို၏။

“ငိုဝာာဟုတ္လား။ အဲတာဘာလဲ”

အလုံးစုံေသာေႁမြတို႔ေတြးေနမိသည့္ေမးခြန္းကို ရင္တာ့ပိုင္ ေမးလာ၏။

ရင္ေရွာင္ေရွာင္ဟာ ေၾကာင္ေတာင္ေတာင္ေလး ေငးၾကည့္မိေတာ့သည္။ တစ္ခ်က္တစ္ခ်က္ရွိုက္လ်က္ ပတ္ပတ္လည္ရွိေႁမြမ်ားကိုၾကည့္ေသာ္ သူတို႔အားလုံးသည္ ေတြးရခက္ေနသည့္ဟန္ျဖစ္ေနၾကသည္ကို ေတြ႕လိုက္ရသည္။ ရင္ေရွာင္ေရွာင္ခမ်ာ ယခုမူ ဘာကိုဆိုရမည္မသိျဖစ္ေနေပသည္။

မဟုတ္မွလြဲ ... ထိုေႁမြမ်ားဟာ ငိုျခင္းဟူသည္ကိုမသိၾကျခင္းမ်ားလား။

ရင္ေရွာင္ေရွာင္ ႐ုတ္ျခည္းပင္ တစ္ခါက ‘တိရစာၦန္ကမာၻ’ဟူေသာ႐ုပ္သံအစီအစဥ္၏အပိုင္းက႑တစ္ပိုင္းကို ၾကည့္ဖူးေၾကာင္း သြားအမွတ္ရမိ၏။ ယင္းအစီအစဥ္က ဘာေျပာခဲ့ပါလိမ့္။ အ! ကုန္းေနေႁမြမ်ားဟာ မ်က္ရည္မထုတ္နိုင္ေၾကာင္း သို႔ေသာ္ျငား ေရေနေႁမြမ်ားဟာ ဆားေရခ်ိန္ကိုထိန္းထားရန္ မ်က္ရည္ထုတ္နိုင္ေၾကာင္း ထိုကဲ့သို႔ေသာအေၾကာင္းအရာမ်ိဳးျဖစ္သည္။

အေႏွာင့္အယွက္ျဖစ္ရမႈအတြက္ ရင္ေရွာင္ေရွာင္ စိတ္မေကာင္းျဖစ္မိသြားသည္။ လက္စသတ္ေတာ့ သူနားလည္မႈလြဲျခင္းျဖစ္၏။ ၎သည္ သူဟာ အမွန္တကယ္ကို မ်က္ရည္က်နိဳင္စြမ္းသည့္ တစ္မူထူးေသာေႁမြတစ္ေကာင္ျဖစ္ဟန္တူသည့္သေဘာသို႔ႏွယ္ ျဖစ္သြားေလသည္။ ရင္ေရွာင္ေရွာင္ကား ပန္းေရာင္ရွက္ေသြးေလးျဖန္းကာ အေနာက္မွအၿမီးကိုလႊဲယမ္းေနမိေတာ့သည္။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Continue Reading

You'll Also Like

2.1M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.