မနီးချင်...မဝေးချင်||complete...

By Shino1220

68.7K 7.9K 1.4K

BL x OC More

အခန်း◀၀၁▶
အခန်း◀၀၂▶
အခန်း◀၀၃▶
အခန်း◀၀၄▶
အခန်း◀၀၆▶
အခန်း◀၀၇▶
အခန်း◀၀၈▶
အခန်း◀၀၉▶
အခန်း◀၁၀▶
အခန်း◀၁၁▶
အခန်း◀၁၂▶
အခန်း◀၁၃▶
အခန်း◀၁၄▶
အခန်း◀၁၅▶
အခန်း◀၁၆▶
အခန်း◀၁၇▶
အခန်း◀၁၈▶
အခန်း◀၁၉▶
အခန်း◀၂၀▶
အခန်း◀၂၁▶
အခန်း◀၂၂▶
အခန်း◀၂၃▶
အခန်း◀၂၄▶
အခန်း◀၂၅▶
အခန်း◀၂၆▶
အခန်း◀၂၇▶
အခန်း◀၂၈▶
အခန်း◀၂၉▶
အခန်း◀၃၀▶
အခန်း◀၃၁▶
အခန်း◀၃၂▶
အခန်း◀၃၃▶
အခန်း◀၃၄▶
အခန်း◀၃၅▶
အခန်း◀၃၆▶
အခန်း◀၃၇▶
အခန်း◀၃၈▶
အခန်း◀၃၉▶
အခန်း◀၄၀▶
အခန်း◀၄၁▶
အခန်း◀၄၂▶
အခန်း◀၄၃▶
နိဂုံး
နိဂံုး

အခန်း◀၀၅▶

1.6K 211 27
By Shino1220

ကားကေလးက ... ၿခံအဝင္လမ္းအတိုင္းခ်ိဳးေကြ႕လာကာ... တစ္ထပ္ခြဲတိုက္ျပားျပားကေလးေရွ႕မွာ ရပ္တန႔္သြားသည္။တိုက္ကေလးရဲ႕ တစ္ဖက္ေျမလြတ္မွာ..အ႐ြက္စိမ္းဖားဖားနဲ႕... ပိန္းပန္းပင္ေတြ....တျပန႔္ႀကီးပင္ရွိေန၏။အနီရဲရဲေတြပြင့္ေနတာက တစ္စု... ပန္းေရာင္ေဖ်ာ့ နဲ႕... အျဖဴစြတ္စြတ္ေတြက တစ္အုပ္စု။လွပသန္စြမ္းစြာပြင့္ေနၾကတာကို....ျမင္လိုက္ရတာနဲ႕ပင္ အပင္ေတြကိုအထူးတလည္ခ်စ္ျမတ္နိုးတာမ်ိဳးမရွိတတ္ေသာ ခ်မ္းေတာင္ မ်က္စိထဲေကာ ရင္ထဲေကာေအးသြားရသည္။

"ကဲ..ဆင္း.."

"ဒါက ဘာလဲ...ကိုကို"

"အလုပ္လုပ္တဲ့ ေနရာေပါ့ဗ်.... ဧည့္သည္ေတြ ဘာေတြလာရင္လည္းဧည့္ခံရတာေပါ့.."

" ႐ုံးခန္းေပါ့....ဟင္.. ကိုကိုက ႐ုံးခန္းေတြဘာေတြနဲ႕..."

" ေၾသာ္ဗ်ာ....ဒါျဖင့္ကြၽန္ေတာ္က အလုပ္လုပ္ရင္... သစ္ပင္ရိပ္ေအာက္မွာ..ကြပ္ပ်စ္ကေလးနဲ႕ထိုင္လုပ္ရမလား.."

ခ်မ္းကၿပဳံးစိစိနဲ႕ ကားေပၚက ရွို႔တို႔ရွန္းတန္းဆင္းလာပါသည္။အားလုံးက ကားဆီပဲဝိုင္းၾကည့္ေနၾကသျဖင့္ မေနတတ္မထိုင္တတ္ျဖစ္ေနသည္။

ဟင္..လူေတြကမ်ားလိုက္တာ...ဘာလုပ္ေနၾကတာလဲ...

ကားေဘးနားမွာ... မသိမသာ ဝိုင္းလာၾကေသာ လူေတြကို တအံ့တၾသၾကည့္ရင္း...ေဘာင္းဘီအိတ္ထဲက ထုတ္ကိုင္လာသည့္ ေခ်ာကလက္ျပားကေလးကို ဖဲ့ကာပါးစပ္ထဲထည့္သည္။လက္ညွိုးနဲ႕လက္မကိုပါ... အိမ္မွာလိုပဲ.... အက်င့္ပါပါ ႁပြတ္ခနဲစုတ္လိုက္မိတာမို႔ ... တမန္က ေနာက္ေစ့ကို လက္ဝါးနဲ႕အုပ္ကာ... တြန္းပစ္လိုက္ပါသည္။အေရွ႕ကို ႏွစ္လွမ္း‌ေလာက္ ငိုက္စိုက္စိုက္ျဖစ္သြားေသာ ခ်မ္းက.... ရွက္ကိုးရွက္ကန္းနဲ႕... တဟက္ဟက္ရယ္ေနပါ‌၏။ၿခံထဲကဝန္ထမ္းမ်ားသည္လည္း သူတို႔ရဲ႕ ၿခံပိုင္ရွင္ ‌‌ေဒၚ ျမသက္ထားရဲ႕ေျမးကို... သူငယ္ခ်င္းေတြနဲ႕ လာလည္တာျမင္ဖူးေပမယ့္... ဒီလိုနီးနီးကပ္ကပ္ ဆုံဖူးတာကေတာ့ ပထမဆုံးပဲမို႔.... အထူးတဆန္း...ဝိုင္းေငးေမာ ၾကည့္ေနမိၾကပါသည္။

အားလုံးက ... ၿပဳံးျပရေတာ့မလိုလို ႏႈတ္ဆက္ရေတာ့မလို ... မ်က္ႏွာခ်ိဳေသြး‌ေသြး႐ုပ္မ်ားနဲ႕... ခ်မ္းကေလးကို လာေငးေနၾကတာမို႔...

"ကဲ.... ဒီမွာ... လုပ္အားေပးတစ္ေယာက္..ေရာက္လာၿပီ... ခိုင္းမယ့္ဟာေတြသာ စုထားၾကေပေတာ့.... အရမ္းကိုအလုပ္လုပ္ခ်င္ေနတာတဲ့ ... အားမနာတမ္းသာခိုင္းၾက...."

ခ်မ္းက တမန႔္ကို မ်က္ေစာင္းထိုးကာ.... က်န္တဲ့လူေတြက တဟိဟိ ၿပဳံးစိသေဘာက်ေနၾကပါသည္။

"ဘြားသက္ထားေျမးက.. အသားျဖဴလိုက္တာ... ဥေနေရာ... ဒီမွာ ေနရင္... ေနပူမိၿပီး အသားေတြညိုကုန္မွ ႏွေမ်ာစရာရယ္...."

"ဟုတ္ပ...လက္ဖေနာင့္ေလးေတြမ်ားရဲေနေရာ... ဒီလက္ေတြနဲ႕.. ဘာအလုပ္မ်ားလုပ္နိုင္မွာတုန္း...."

တမန္က ေခါင္းကုတ္ကာ ရယ္ခ်င္လာရသည္။ဒီလူေတြနဲ႕ေတာ့ ခက္တာပဲ.... ခိုင္းပါဆိုမွ...ခိုင္းဖို႔ေဝးေရာ... ခ်မ္း‌က‌ေလး ဘာလိုသလဲ...အရိပ္ၾကည့္ကာ..လိုခ်င္တာကို အေျပးျဖည့္ဆည္းဖို႔ အသင့္ေစာင့္ေနၾကတဲ့ ႐ုပ္ေပါက္ေနသည္။အင္းေလ တကယ္ေတာ့လည္း ၿခံႀကီးရွင္ရဲ႕ အဖိုးတန္ေျမးေထြးကေလးကို ဘယ္သူကမ်ား အတင့္ရဲစြာ လက္တိုလက္ေတာင္းခိုင္းဝံ့မွာမို႔လဲ။

" သစ္ပင္တက္တာေတာ္တယ္ဗ်.... ခင္ဗ်ားတို႔ အုန္းပင္ခ်ဖိဳ႕ လူလိုတယ္မလား... အဲ့ဒီက်ရင္သူ႕လာေခၚ.... ရွိသမွ်အပင္အကုန္သူတက္ေပးမွာ.... ကဲ...အခု ဒီနားဝိုင္းေနၾကတာ...အလုပ္မရွိၾကဘူးလား...ေျပာ... မရွိရင္ လုပ္စရာအလုပ္ေတြ‌ေပးမယ္.... "

တိုက္ခန္းေလးဝင္ဝင္ခ်င္း အခန္းအလယ္မွာခ်ထားသည့္ မေဟာ္ဂနီ ေရာင္ေျပာင္ေျပာင္ စားပြဲေလးကို လက္ညွိုးေလးနဲ႕ပြတ္ဆြဲကာ.. ခ်မ္းကတစ္ပတ္လွည့္ၾကည့္ေနေလသည္။ဆုံလည္ ကုလားထိုင္ေလးနဲ႕ ေက်ာ့ေက်ာ့ ေမာ့ေမာ့ စတိုင္က်က်။ဆက္တီဆိုဖာ ႏွစ္ခုံသုံးခုံကိုလည္း နံရံတစ္ဖက္မွာ ကပ္လ်က္ခ်ထားသည္။စားပြဲရဲ႕ညာဘက္ နံရံအျမင့္မွာ... စင္ကေလးနဲ႕... ပန္း ေရခ်မ္းကပ္ထားသည့္ ဘုရားစင္။တစ္ဖက္နံရံမွာေတာ့.. ျပကၠဒိန္တစ္ခု..... ဒါပဲ... က်န္တာမရွိေတာ့ ... ျမင္ကြင္းကရွင္းလင္းေန၏။

မဆိုးပါဘူး...သပ္သပ္ရပ္ရပ္ရွိသားပဲ.... ႐ုံးခန္းအျဖစ္ အသုံးျပဳဖို႔ စိတ္ေက်နပ္ဖြယ္ရွိသည္။

"ဒါက ဘာစာအုပ္ေတြလဲ..ကိုကို..."

စားပြဲအံဆြဲကို ဖြင့္ၾကည့္လိုက္ေတာ့ လယ္ဂ်ာစာအုပ္ဟုေခၚ သည့္ ကတ္ထူဖုံးမာမာ‌နဲ႕ စာအုပ္ရွည္အထပ္ေတြကိုေတြ႕တာမို႔..ခ်မ္းက ထုတ္ယူကာ လွန္ေလွာဖြင့္ၾကည့္သည္။

ဦးဆန္နီ.... ဦးတင္ေမာင္ထြန္း.... သဘာဝေအးရိပ္သာ.....

ရွားေစာင္းပု... ၾကယ္သီးတန္း...

"အေရာင္းအဝယ္စာရင္းေတြ...အပင္အဝင္အထြက္စာရင္းေတြေလ... စာ႐ြက္ေတြေဆာ့မပစ္နဲ႕...အဲ့ဒါေတြအေရးႀကီးတယ္.."

" ကိုကိုကလည္း...ခ်မ္းက ကေလးလား... စာ႐ြက္ေဆာ့ရေအာင္...."

စားပြဲမွာလက္ႏွစ္ဖက္ေထာက္ကာ... လာငုံ႕မိုးၾကည့္ေနသည့္ ကိုကို႔ကို...ခ်မ္းက ေမာ့ၾကည့္ၿပီးႏွာေခါင္းေလးရႈံ႕ျပလိုက္ရင္း။

"စာရင္းသြင္းတာကလည္း.....စာအုပ္ႀကီးနဲ႕.... ေအာက္လိုက္တာ... ေခတ္က ေဒတာေခတ္ကိုကိုရဲ႕... သိရဲ႕လား..."

" ကြန္ပ်ဴတာထဲလည္းစာရင္းရွိပါတယ္ကြာ... ႏွစ္မ်ိဳးလုံးသြင္းထားပါတယ္....ေဘာင္ခ်ာေတြဘာေတြျဖတ္ေတာ့... ပရင့္ပဲထုတ္ေပးတာကို..."

"ၿပီးေရာ... မသိရင္ သင္ေပးမလို႔....ဒါျဖင့္ သိပ္မေအာက္ေသးဘူး.... ၿခံကေကာ.... ဘယ္ေလာက္က်ယ္လဲ... ကိုကို.."

" စစခ်င္းတုန္းကေတာ့ ႏွစ္ဧကပဲရွိတယ္.... အခုေတာ့ ေဘးဘက္ကို ခ်ဲ့...ခ်ဲ့ၿပီးဝယ္ထားတာ... ငါးဧကျဖစ္သြားၿပီ..."

အရင္တုန္းက ၿခံေဈးေတြဘယ္ေလာက္မွမရွိေသး... ဒီၿခံေနရာေတြကလည္း သိပ္ကိုေခ်ာင္က်ကာ... ၿခဳံႏြယ္ပိတ္ေပါင္းအထပ္ထပ္နဲ႕ ဘယ္သူမွလွည့္မၾကည့္ စိတ္မဝင္စားတဲ့ေနရာေတြ။ၿခံစစိုက္ေတာ့... အသုံးမဝင္ပဲ.. ေပါက္ခ်င္တိုင္းေပါက္ေနသည့္ သစ္ပင္ေတြ ေပါင္းပင္ေတြကို...လူအင္အားသုံးကာ... ရက္ေပါင္းမ်ားစြာ...ရွင္းလင္းခဲ့ရသည္။ကပ္လ်က္ၿခံက..သားအမိႏွစ္ေယာက္ထဲေနၾကသည္။သူတို႔ၿခံႀကီးက ပိုေတာင္က်ယ္ျပန႔္ပါေသး၏။ဒီပါခ်မ္းျမၿခံကို စတင္တည္ေထာင္ၿပီးႏွစ္ႏွစ္ေလာက္ေနေတာ့ တစ္ဖက္ၿခံက အဘြားႀကီးဆုံးပါးသြားခဲ့ကာ သမီးတစ္ေယာက္ထဲက်န္ခဲ့တာမို႔... ေမာင္ျဖစ္သူနဲ႕သြားေပါင္းေနမည့္ သမီးျဖစ္သူက...သူတို႔ၿခံကိုဝယ္ေပးဖို႔.. ဘြားကိုဇြတ္ပင္ေတာင္းဆိုခဲ့ၾကေလသည္။ဘြားက သနားလို႔ဝယ္ထားလိုက္ပါသည္။ေနာက္ပိုင္း ၿခံသစ္ထဲပါ အပင္ေတြစိုက္ျဖစ္ေတာ့...ႏွစ္ၿခံေပါင္းၿပီး ၿခံစည္းရိုးကိုပါ ေ႐ြ႕ကာလိုက္ရကာ... ေနရာကမ်ားစြာက်ယ္ျပန႔္သြားေတာ့သည္။အစပ်ိဳးကာစလည္းျဖစ္...လူလည္းမနိုင္ေသးတာမို႔....ၿခံကိုတိုးခ်ဲ့ဖို႔စိတ္ကူးမရွိလွေသးပဲ... သူမ်ားကိုကူညီခ်င္႐ုံသက္သက္နဲ႕ဝယ္ထားခဲ့ေသာ ေျမေနရာေတြက အခုခ်ိန္မွာေတာ့... အရမ္းပင္အဖိုးတန္ေနရၿပီ။

ခ်မ္းကေမးကေလးေထာက္ကာ ၿပဳံးခ်ိဳခ်ိဳ မ်က္ေတာင္ပုတ္ခတ္ရင္း ...

"ငါးဧကဆိုေတာ့..ေတာ္ ေတာ္ က်ယ္သလားဟင္....."

"အမေလး... ေဒၚ ျမသက္ထားေျမးရယ္.... အဘြားက ၿခံစိုက္တယ္... ေျမးက... ငါးဧက ဘယ္ေလာက္က်ယ္မွန္းမသိဘူး...ဟုတ္လား.."

မသိလို႔ေပါ့.... ခ်မ္းမွ...ၿခံစိုက္တဲ့ကိစၥကိုစိတ္မဝင္စားတာ.... စကားမ‌ေျပာတတ္... မၿပဳံးမရယ္တတ္နဲ႕..အေဖာ္လည္းမရတဲ့..ဒီသစ္ပင္ေတြကိုမ်ား... ကိုကိုသာ စိတ္ဝင္စား... ေန႕ေန႕ ညည ဒီအပင္ေတြၾကားထဲပဲေပ်ာ္ေမြ႕...ဒါေၾကာင့္ ဒီအ႐ြယ္ထိမိန္းမ မရတာ။

" မသိဘူးဆို... ေဈးကိုင္မေနပါနဲ႕... ေျပာျပစမ္းပါ.... "

" မက်ယ္ပါဘူးကြာ...ငါးဧက...ဘာရွိမွာလဲ... ေပါင္တကားစာေပါ့..."

" ဟင္..မဟုတ္ပဲနဲ႕..."

" ေၾသာ္...အဟုတ္ပါဆို... မယုံရင္... ‌ခ်မ္းေလ်ာက္ၾကည့္ေလ.... တစ္ပတ္ျပည့္ရင္ျပန္လာခဲ့ေပါ့..."

မယုံတာေတာ့ မယုံပါဘူး...ကိုကိုကယုံရတာက်လိဳ႕... ႐ုပ္တည္ႀကီးနဲ႕... လူကိုသိပ္ေခ်ာက္ခ်ရင္ခ်မွာ...အခုေတာင္ၿပဳံးစိစိနဲ႕ကို...

" ဘယ္ေတာ့ျပန္ရမွာလဲ..."

" ေရာက္မွ မ‌ေရာက္ေသးဘူး... ျပန္ဖို႔ကအရင္ပဲ... ဒီမွာညအိပ္ရမွာ.... "

"ဟြန႔္...."

" ညေစာင့္ပါလုပ္ေပးရင္... လစာႏွစ္ဆေပးမယ္ကြာ..လုပ္မလား..."

"မလုပ္ပါဘူး... လစာႏွစ္ဆလည္းမလိုခ်င္ဘူး... ထမင္းစားဖို႔ရရင္ၿပီးတာပဲ... ကိုကိုပဲေလာဘႀကီး...."

သူလည္း ဘာမွနားလည္တာမဟုတ္ပဲ... ခုံမွာ ဟန္က်ပန္က်ထိဳင္ကာ..စာရင္းစာအုပ္ေတြကိုတဖ်တ္ဖ်တ္ လွန္ေလွာ‌ေနသည့္ ေကာင္ကေလးကို..နီးနီးကပ္ကပ္ငုံ႕ၾကည့္ရင္း... ရင္ေတြသိပ္ခုန္ေနပါလား..ဆိုတာ..တမန္ကိုယ့္ကိုယ္ကိုယ္သတိထားမိေလသည္။အံ့ၾသစရာေပပဲ.... ခ်မ္းကေလးနဲ႕အတူတူ သူအလုပ္ဆင္းေနရတယ္တဲ့....မနက္ခင္းတိုင္း ၿခံကိုအတူလာကာ...ညေနတိုင္းအတူတူျပန္ရမယ့္အျပင္... တစ္ေန႕လုံးလည္း..အခ်ိန္မ်ားစြာနီးနီးကပ္ရွိေနရေတာ့မွာ....ဒီလိုအေျခအေနမ်ိဳးရလာလိမ့္မယ္လို႔ ..အိပ္မက္ေတာင္မမက္ဖူးေပ။

ခ်မ္းနဲ႕သူနဲ႕က အ႐ြယ္ခ်င္းကလည္း ကြာလြန္းသျဖင့္... သူကေက်ာင္းတက္တုန္း .. ေျပးလႊားေဆာ့‌ေကာင္းတုန္းအခ်ိန္မွာ... တမန္ကအလုပ္ထဲေရာက္ေနရၿပီ။ပုခက္ထဲမွာ ပက္လက္ကေလးသာေနတတ္ေသာ.....ကေလးေလး ဘဝကေန... အခုလို အ႐ြယ္ေရာက္လာတဲ့အထိ... ေန႕ရက္မ်ားစြာ... ႏွစ္ေပါင္းမ်ားစြာ.....တမန္သူ႕ကို ေစာင့္ၾကည့္ခဲ့ရသည္။ငယ္ငယ္ေလးထဲက သူ႕ကိုခ်ီပိုးထိန္းေက်ာင္းခဲ့ကာ..... သူလမ္းေလ်ာက္တတ္လာတာ... စကားေျပာတတ္လာတာ... အားလုံးကို တမန္ျမင္ခဲ့ရ၏.... သူေက်ာင္းစတက္ေတာ့လည္း တမန္ပါတာပဲ။ဆံပင္နီနီ..မ်က္လုံးညိုႀကီးေတြအဝိုင္းသားနဲ႕... တျခားေက်ာင္းသား ႐ြယ္တူေတြၾကားမွာ အထိတ္တလန႔္ ျဖစ္ေနေသာ ပုံကေလးကို အသည္းယားလွစြာ ခ်စ္စနိုးဓာတ္ပုံရိုက္ယူထားတာပင္..အိမ္မွာအခုထိရွိေနေသး။

အဲ့ဒီလို ငယ္ငယ္ကေလးထဲက အရိပ္ၾကည့္ခ်စ္ခင္လာရေသာ ကေလးေလးကို... အရင္လို မရိုးသားမျဖဴစင္နိုင္ေတာ့ပဲ ဆန္းက်ယ္ေထြျပားေသာအခ်စ္မ်ိဳးနဲ႕ ... အရမ္းခ်စ္မိေနပါလား..လို႔ တစ္ေန႕မွာ..ဖ်တ္ခနဲ သေဘာေပါက္ခဲ့ရေလသည္။ခ်စ္ေနတာကေတာ့ ၾကာၿပီျဖစ္မွာပါ ... အဲ့ဒီအခ်စ္ေတြ ပြင့္အန္ထြက္က်လာကာ ကိုယ့္ဘာသာျပန္ျမင္နားလည္နိုင္ဖို႔ အခ်ိန္ယူခဲ့ရတာပဲျဖစ္မွာ။ကိုယ့္ရင္ထဲမွာ ဘာရွိေနသလဲဆိုတာကို သိျမင္သြားေသာ အခိုက္အတန႔္ကေလးက.... လ်ပ္ျပက္လိုက္သလို... ထင္းခနဲ... ခဏေလးပါပဲ.... ဒါေပမယ့္ ခိုင္မာသည္...ေသခ်ာသည္။

ဒါေပမယ့္...ဘယ္ေတာ့မွ မေျပာင္းလဲေတာ့မည့္ အမွန္တရားျဖစ္ေၾကာင္းကိုလည္း... အဲ့ဒီခဏ‌ေလးမွာပဲ တထိုင္ထဲ... သိမွတ္လက္ခံလိုက္ရေလ၏။ကိုယ့္ထက္မ်ားစြာငယ္႐ြယ္သည့္... အ႐ြယ္မေရာက္တေရာက္ေကာင္ကေလးတစ္ေယာက္ကို ခ်စ္ခင္စြဲလမ္းရသည့္ ျမတ္နိုးမႈက ဘယ္ေလာက္မ်ားအင္အားႀကီးမားလိုက္သလဲဆိုရင္။လူငယ္သဘာဝ တြဲသြားတြဲလာ..ခဏတျဖဳတ္ထားဖူးေသာ ေကာင္မေလးေတြလည္း...အဲ့ဒီအခ်ိန္ကစလို႔...စိတ္ဝင္စားရင္ခုန္လို႔ကိုမရေတာ့ကာ ေအးစက္လာသည့္တမန႔္ေၾကာင့္ တဖက္ကလည္းလႈပ္ခပ္ပတ္သတ္မႈတို႔နည္းပါးလာကာ အလိုလိုပင္ ျဖည္းျဖည္းခ်င္းစိမ္းသက္ျပတ္ေတာက္ေဝးကြာကုန္သည္။ေနာက္ထပ္လည္း..ဘယ္သူ႕ကိုမွ... ထပ္မပတ္သတ္ခ်င္ေတာ့။အရႈပ္အရွင္းကင္းလြန္းကာ သူမ်ားတကာေတြထက္တည္ၿငိမ္ေသာလူငယ္ဘဝကို ျဖတ္သန္းခဲ့မိတာသည္ ခ်မ္းဆိုေသာေကာင္ကေလးေၾကာင့္ပါပဲ။

ဒါေပမယ့္ ပိုင္ဆိုင္ဖို႔လည္း ေမွ်ာ္လင့္ခ်က္မထားပါ....ဖြင့္ေျပာဖို႔လည္း မျဖစ္နိုင္... ခ်စ္ခြင့္ျပန္ရမရပင္မေသခ်ာ... ခ်စ္ခ်င္လို႔သက္သက္ကိုခ်စ္တာသာျဖစ္လ်က္ မေရမရာ တဖက္သတ္ ခ်စ္ျမတ္နိုးမႈျဖင့္သာ.... သူကေလးကို......တမန္အခ်ိန္အၾကာႀကီးခ်စ္ခဲ့ရပါသည္။

__________________________________________________________________________________________________________________________________________________________________________________________________________________________________________________________

ကားကလေးက ... ခြံအဝင်လမ်းအတိုင်းချိုးကွေ့လာကာ... တစ်ထပ်ခွဲတိုက်ပြားပြားကလေးရှေ့မှာ ရပ်တန့်သွားသည်။တိုက်ကလေးရဲ့ တစ်ဖက်မြေလွတ်မှာ..အရွက်စိမ်းဖားဖားနဲ့... ပိန်းပန်းပင်တွေ....တပြန့်ကြီးပင်ရှိနေ၏။အနီရဲရဲတွေပွင့်နေတာက တစ်စု... ပန်းရောင်ဖျော့ နဲ့... အဖြူစွတ်စွတ်တွေက တစ်အုပ်စု။လှပသန်စွမ်းစွာပွင့်နေကြတာကို....မြင်လိုက်ရတာနဲ့ပင် အပင်တွေကိုအထူးတလည်ချစ်မြတ်နိုးတာမျိုးမရှိတတ်သော ချမ်းတောင် မျက်စိထဲကော ရင်ထဲကောအေးသွားရသည်။

"ကဲ..ဆင်း.."

"ဒါက ဘာလဲ...ကိုကို"

"အလုပ်လုပ်တဲ့ နေရာပေါ့ဗျ.... ဧည့်သည်တွေ ဘာတွေလာရင်လည်းဧည့်ခံရတာပေါ့.."

" ရုံးခန်းပေါ့....ဟင်.. ကိုကိုက ရုံးခန်းတွေဘာတွေနဲ့..."

" သြော်ဗျာ....ဒါဖြင့်ကျွန်တော်က အလုပ်လုပ်ရင်... သစ်ပင်ရိပ်အောက်မှာ..ကွပ်ပျစ်ကလေးနဲ့ထိုင်လုပ်ရမလား.."

ချမ်းကပြုံးစိစိနဲ့ ကားပေါ်က ရှို့တို့ရှန်းတန်းဆင်းလာပါသည်။အားလုံးက ကားဆီပဲဝိုင်းကြည့်နေကြသဖြင့် မနေတတ်မထိုင်တတ်ဖြစ်နေသည်။

ဟင်..လူတွေကများလိုက်တာ...ဘာလုပ်နေကြတာလဲ...

ကားဘေးနားမှာ... မသိမသာ ဝိုင်းလာကြသော လူတွေကို တအံ့တသြကြည့်ရင်း...ဘောင်းဘီအိတ်ထဲက ထုတ်ကိုင်လာသည့် ချောကလက်ပြားကလေးကို ဖဲ့ကာပါးစပ်ထဲထည့်သည်။လက်ညှိုးနဲ့လက်မကိုပါ... အိမ်မှာလိုပဲ.... အကျင့်ပါပါ ပြွတ်ခနဲစုတ်လိုက်မိတာမို့ ... တမန်က နောက်စေ့ကို လက်ဝါးနဲ့အုပ်ကာ... တွန်းပစ်လိုက်ပါသည်။အရှေ့ကို နှစ်လှမ်း‌လောက် ငိုက်စိုက်စိုက်ဖြစ်သွားသော ချမ်းက.... ရှက်ကိုးရှက်ကန်းနဲ့... တဟက်ဟက်ရယ်နေပါ‌၏။ခြံထဲကဝန်ထမ်းများသည်လည်း သူတို့ရဲ့ ခြံပိုင်ရှင် ‌‌ဒေါ် မြသက်ထားရဲ့မြေးကို... သူငယ်ချင်းတွေနဲ့ လာလည်တာမြင်ဖူးပေမယ့်... ဒီလိုနီးနီးကပ်ကပ် ဆုံဖူးတာကတော့ ပထမဆုံးပဲမို့.... အထူးတဆန်း...ဝိုင်းငေးမော ကြည့်နေမိကြပါသည်။

အားလုံးက ... ပြုံးပြရတော့မလိုလို နှုတ်ဆက်ရတော့မလို ... မျက်နှာချိုသွေး‌သွေးရုပ်များနဲ့... ချမ်းကလေးကို လာငေးနေကြတာမို့...

"ကဲ.... ဒီမှာ... လုပ်အားပေးတစ်ယောက်..ရောက်လာပြီ... ခိုင်းမယ့်ဟာတွေသာ စုထားကြပေတော့.... အရမ်းကိုအလုပ်လုပ်ချင်နေတာတဲ့ ... အားမနာတမ်းသာခိုင်းကြ...."

ချမ်းက တမန့်ကို မျက်စောင်းထိုးကာ.... ကျန်တဲ့လူတွေက တဟိဟိ ပြုံးစိသဘောကျနေကြပါသည်။

"ဘွားသက်ထားမြေးက.. အသားဖြူလိုက်တာ... ဥနေရော... ဒီမှာ နေရင်... နေပူမိပြီး အသားတွေညိုကုန်မှ နှမျောစရာရယ်...."

"ဟုတ်ပ...လက်ဖနောင့်လေးတွေများရဲနေရော... ဒီလက်တွေနဲ့.. ဘာအလုပ်များလုပ်နိုင်မှာတုန်း...."

တမန်က ခေါင်းကုတ်ကာ ရယ်ချင်လာရသည်။ဒီလူတွေနဲ့တော့ ခက်တာပဲ.... ခိုင်းပါဆိုမှ...ခိုင်းဖို့ဝေးရော... ချမ်း‌က‌လေး ဘာလိုသလဲ...အရိပ်ကြည့်ကာ..လိုချင်တာကို အပြေးဖြည့်ဆည်းဖို့ အသင့်စောင့်နေကြတဲ့ ရုပ်ပေါက်နေသည်။အင်းလေ တကယ်တော့လည်း ခြံကြီးရှင်ရဲ့ အဖိုးတန်မြေးထွေးကလေးကို ဘယ်သူကများ အတင့်ရဲစွာ လက်တိုလက်တောင်းခိုင်းဝံ့မှာမို့လဲ။

" သစ်ပင်တက်တာတော်တယ်ဗျ.... ခင်ဗျားတို့ အုန်းပင်ချဖို့ လူလိုတယ်မလား... အဲ့ဒီကျရင်သူ့လာခေါ်.... ရှိသမျှအပင်အကုန်သူတက်ပေးမှာ.... ကဲ...အခု ဒီနားဝိုင်းနေကြတာ...အလုပ်မရှိကြဘူးလား...ပြော... မရှိရင် လုပ်စရာအလုပ်တွေ‌ပေးမယ်.... "

တိုက်ခန်းလေးဝင်ဝင်ချင်း အခန်းအလယ်မှာချထားသည့် မဟော်ဂနီ ရောင်ပြောင်ပြောင် စားပွဲလေးကို လက်ညှိုးလေးနဲ့ပွတ်ဆွဲကာ.. ချမ်းကတစ်ပတ်လှည့်ကြည့်နေလေသည်။ဆုံလည် ကုလားထိုင်လေးနဲ့ ကျော့ကျော့ မော့မော့ စတိုင်ကျကျ။ဆက်တီဆိုဖာ နှစ်ခုံသုံးခုံကိုလည်း နံရံတစ်ဖက်မှာ ကပ်လျက်ချထားသည်။စားပွဲရဲ့ညာဘက် နံရံအမြင့်မှာ... စင်ကလေးနဲ့... ပန်း ရေချမ်းကပ်ထားသည့် ဘုရားစင်။တစ်ဖက်နံရံမှာတော့.. ပြက္ကဒိန်တစ်ခု..... ဒါပဲ... ကျန်တာမရှိတော့ ... မြင်ကွင်းကရှင်းလင်းနေ၏။

မဆိုးပါဘူး...သပ်သပ်ရပ်ရပ်ရှိသားပဲ.... ရုံးခန်းအဖြစ် အသုံးပြုဖို့ စိတ်ကျေနပ်ဖွယ်ရှိသည်။

"ဒါက ဘာစာအုပ်တွေလဲ..ကိုကို..."

စားပွဲအံဆွဲကို ဖွင့်ကြည့်လိုက်တော့ လယ်ဂျာစာအုပ်ဟုခေါ် သည့် ကတ်ထူဖုံးမာမာ‌နဲ့ စာအုပ်ရှည်အထပ်တွေကိုတွေ့တာမို့..ချမ်းက ထုတ်ယူကာ လှန်လှောဖွင့်ကြည့်သည်။

ဦးဆန်နီ.... ဦးတင်မောင်ထွန်း.... သဘာဝအေးရိပ်သာ.....

ရှားစောင်းပု... ကြယ်သီးတန်း...

"အရောင်းအဝယ်စာရင်းတွေ...အပင်အဝင်အထွက်စာရင်းတွေလေ... စာရွက်တွေဆော့မပစ်နဲ့...အဲ့ဒါတွေအရေးကြီးတယ်.."

" ကိုကိုကလည်း...ချမ်းက ကလေးလား... စာရွက်ဆော့ရအောင်...."

စားပွဲမှာလက်နှစ်ဖက်ထောက်ကာ... လာငုံ့မိုးကြည့်နေသည့် ကိုကို့ကို...ချမ်းက မော့ကြည့်ပြီးနှာခေါင်းလေးရှုံ့ပြလိုက်ရင်း။

"စာရင်းသွင်းတာကလည်း.....စာအုပ်ကြီးနဲ့.... အောက်လိုက်တာ... ခေတ်က ဒေတာခေတ်ကိုကိုရဲ့... သိရဲ့လား..."

" ကွန်ပျူတာထဲလည်းစာရင်းရှိပါတယ်ကွာ... နှစ်မျိုးလုံးသွင်းထားပါတယ်....ဘောင်ချာတွေဘာတွေဖြတ်တော့... ပရင့်ပဲထုတ်ပေးတာကို..."

"ပြီးရော... မသိရင် သင်ပေးမလို့....ဒါဖြင့် သိပ်မအောက်သေးဘူး.... ခြံကကော.... ဘယ်လောက်ကျယ်လဲ... ကိုကို.."

" စစချင်းတုန်းကတော့ နှစ်ဧကပဲရှိတယ်.... အခုတော့ ဘေးဘက်ကို ချဲ့...ချဲ့ပြီးဝယ်ထားတာ... ငါးဧကဖြစ်သွားပြီ..."

အရင်တုန်းက ခြံဈေးတွေဘယ်လောက်မှမရှိသေး... ဒီခြံနေရာတွေကလည်း သိပ်ကိုချောင်ကျကာ... ခြုံနွယ်ပိတ်ပေါင်းအထပ်ထပ်နဲ့ ဘယ်သူမှလှည့်မကြည့် စိတ်မဝင်စားတဲ့နေရာတွေ။ခြံစစိုက်တော့... အသုံးမဝင်ပဲ.. ပေါက်ချင်တိုင်းပေါက်နေသည့် သစ်ပင်တွေ ပေါင်းပင်တွေကို...လူအင်အားသုံးကာ... ရက်ပေါင်းများစွာ...ရှင်းလင်းခဲ့ရသည်။ကပ်လျက်ခြံက..သားအမိနှစ်ယောက်ထဲနေကြသည်။သူတို့ခြံကြီးက ပိုတောင်ကျယ်ပြန့်ပါသေး၏။ဒီပါချမ်းမြခြံကို စတင်တည်ထောင်ပြီးနှစ်နှစ်လောက်နေတော့ တစ်ဖက်ခြံက အဘွားကြီးဆုံးပါးသွားခဲ့ကာ သမီးတစ်ယောက်ထဲကျန်ခဲ့တာမို့... မောင်ဖြစ်သူနဲ့သွားပေါင်းနေမည့် သမီးဖြစ်သူက...သူတို့ခြံကိုဝယ်ပေးဖို့.. ဘွားကိုဇွတ်ပင်တောင်းဆိုခဲ့ကြလေသည်။ဘွားက သနားလို့ဝယ်ထားလိုက်ပါသည်။နောက်ပိုင်း ခြံသစ်ထဲပါ အပင်တွေစိုက်ဖြစ်တော့...နှစ်ခြံပေါင်းပြီး ခြံစည်းရိုးကိုပါ ရွေ့ကာလိုက်ရကာ... နေရာကများစွာကျယ်ပြန့်သွားတော့သည်။အစပျိုးကာစလည်းဖြစ်...လူလည်းမနိုင်သေးတာမို့....ခြံကိုတိုးချဲ့ဖို့စိတ်ကူးမရှိလှသေးပဲ... သူများကိုကူညီချင်ရုံသက်သက်နဲ့ဝယ်ထားခဲ့သော မြေနေရာတွေက အခုချိန်မှာတော့... အရမ်းပင်အဖိုးတန်နေရပြီ။

ချမ်းကမေးကလေးထောက်ကာ ပြုံးချိုချို မျက်တောင်ပုတ်ခတ်ရင်း ...

"ငါးဧကဆိုတော့..တော် တော် ကျယ်သလားဟင်....."

"အမလေး... ဒေါ် မြသက်ထားမြေးရယ်.... အဘွားက ခြံစိုက်တယ်... မြေးက... ငါးဧက ဘယ်လောက်ကျယ်မှန်းမသိဘူး...ဟုတ်လား.."

မသိလို့ပေါ့.... ချမ်းမှ...ခြံစိုက်တဲ့ကိစ္စကိုစိတ်မဝင်စားတာ.... စကားမ‌ပြောတတ်... မပြုံးမရယ်တတ်နဲ့..အဖော်လည်းမရတဲ့..ဒီသစ်ပင်တွေကိုများ... ကိုကိုသာ စိတ်ဝင်စား... နေ့နေ့ ညည ဒီအပင်တွေကြားထဲပဲပျော်မွေ့...ဒါကြောင့် ဒီအရွယ်ထိမိန်းမ မရတာ။

" မသိဘူးဆို... ဈေးကိုင်မနေပါနဲ့... ပြောပြစမ်းပါ.... "

" မကျယ်ပါဘူးကွာ...ငါးဧက...ဘာရှိမှာလဲ... ပေါင်တကားစာပေါ့..."

" ဟင်..မဟုတ်ပဲနဲ့..."

" သြော်...အဟုတ်ပါဆို... မယုံရင်... ‌ချမ်းလျောက်ကြည့်လေ.... တစ်ပတ်ပြည့်ရင်ပြန်လာခဲ့ပေါ့..."

မယုံတာတော့ မယုံပါဘူး...ကိုကိုကယုံရတာကျလို့... ရုပ်တည်ကြီးနဲ့... လူကိုသိပ်ချောက်ချရင်ချမှာ...အခုတောင်ပြုံးစိစိနဲ့ကို...

" ဘယ်တော့ပြန်ရမှာလဲ..."

" ရောက်မှ မ‌ရောက်သေးဘူး... ပြန်ဖို့ကအရင်ပဲ... ဒီမှာညအိပ်ရမှာ.... "

"ဟွန့်...."

" ညစောင့်ပါလုပ်ပေးရင်... လစာနှစ်ဆပေးမယ်ကွာ..လုပ်မလား..."

"မလုပ်ပါဘူး... လစာနှစ်ဆလည်းမလိုချင်ဘူး... ထမင်းစားဖို့ရရင်ပြီးတာပဲ... ကိုကိုပဲလောဘကြီး...."

သူလည်း ဘာမှနားလည်တာမဟုတ်ပဲ... ခုံမှာ ဟန်ကျပန်ကျထိုင်ကာ..စာရင်းစာအုပ်တွေကိုတဖျတ်ဖျတ် လှန်လှော‌နေသည့် ကောင်ကလေးကို..နီးနီးကပ်ကပ်ငုံ့ကြည့်ရင်း... ရင်တွေသိပ်ခုန်နေပါလား..ဆိုတာ..တမန်ကိုယ့်ကိုယ်ကိုယ်သတိထားမိလေသည်။အံ့သြစရာပေပဲ.... ချမ်းကလေးနဲ့အတူတူ သူအလုပ်ဆင်းနေရတယ်တဲ့....မနက်ခင်းတိုင်း ခြံကိုအတူလာကာ...ညနေတိုင်းအတူတူပြန်ရမယ့်အပြင်... တစ်နေ့လုံးလည်း..အချိန်များစွာနီးနီးကပ်ရှိနေရတော့မှာ....ဒီလိုအခြေအနေမျိုးရလာလိမ့်မယ်လို့ ..အိပ်မက်တောင်မမက်ဖူးပေ။

ချမ်းနဲ့သူနဲ့က အရွယ်ချင်းကလည်း ကွာလွန်းသဖြင့်... သူကကျောင်းတက်တုန်း .. ပြေးလွှားဆော့‌ကောင်းတုန်းအချိန်မှာ... တမန်ကအလုပ်ထဲရောက်နေရပြီ။ပုခက်ထဲမှာ ပက်လက်ကလေးသာနေတတ်သော.....ကလေးလေး ဘဝကနေ... အခုလို အရွယ်ရောက်လာတဲ့အထိ... နေ့ရက်များစွာ... နှစ်ပေါင်းများစွာ.....တမန်သူ့ကို စောင့်ကြည့်ခဲ့ရသည်။ငယ်ငယ်လေးထဲက သူ့ကိုချီပိုးထိန်းကျောင်းခဲ့ကာ..... သူလမ်းလျောက်တတ်လာတာ... စကားပြောတတ်လာတာ... အားလုံးကို တမန်မြင်ခဲ့ရ၏.... သူကျောင်းစတက်တော့လည်း တမန်ပါတာပဲ။ဆံပင်နီနီ..မျက်လုံးညိုကြီးတွေအဝိုင်းသားနဲ့... တခြားကျောင်းသား ရွယ်တူတွေကြားမှာ အထိတ်တလန့် ဖြစ်နေသော ပုံကလေးကို အသည်းယားလှစွာ ချစ်စနိုးဓာတ်ပုံရိုက်ယူထားတာပင်..အိမ်မှာအခုထိရှိနေသေး။

အဲ့ဒီလို ငယ်ငယ်ကလေးထဲက အရိပ်ကြည့်ချစ်ခင်လာရသော ကလေးလေးကို... အရင်လို မရိုးသားမဖြူစင်နိုင်တော့ပဲ ဆန်းကျယ်ထွေပြားသောအချစ်မျိုးနဲ့ ... အရမ်းချစ်မိနေပါလား..လို့ တစ်နေ့မှာ..ဖျတ်ခနဲ သဘောပေါက်ခဲ့ရလေသည်။ချစ်နေတာကတော့ ကြာပြီဖြစ်မှာပါ ... အဲ့ဒီအချစ်တွေ ပွင့်အန်ထွက်ကျလာကာ ကိုယ့်ဘာသာပြန်မြင်နားလည်နိုင်ဖို့ အချိန်ယူခဲ့ရတာပဲဖြစ်မှာ။ကိုယ့်ရင်ထဲမှာ ဘာရှိနေသလဲဆိုတာကို သိမြင်သွားသော အခိုက်အတန့်ကလေးက.... လျပ်ပြက်လိုက်သလို... ထင်းခနဲ... ခဏလေးပါပဲ.... ဒါပေမယ့် ခိုင်မာသည်...သေချာသည်။

ဒါပေမယ့်...ဘယ်တော့မှ မပြောင်းလဲတော့မည့် အမှန်တရားဖြစ်ကြောင်းကိုလည်း... အဲ့ဒီခဏ‌လေးမှာပဲ တထိုင်ထဲ... သိမှတ်လက်ခံလိုက်ရလေ၏။ကိုယ့်ထက်များစွာငယ်ရွယ်သည့်... အရွယ်မရောက်တရောက်ကောင်ကလေးတစ်ယောက်ကို ချစ်ခင်စွဲလမ်းရသည့် မြတ်နိုးမှုက ဘယ်လောက်များအင်အားကြီးမားလိုက်သလဲဆိုရင်။လူငယ်သဘာဝ တွဲသွားတွဲလာ..ခဏတဖြုတ်ထားဖူးသော ကောင်မလေးတွေလည်း...အဲ့ဒီအချိန်ကစလို့...စိတ်ဝင်စားရင်ခုန်လို့ကိုမရတော့ကာ အေးစက်လာသည့်တမန့်ကြောင့် တဖက်ကလည်းလှုပ်ခပ်ပတ်သတ်မှုတို့နည်းပါးလာကာ အလိုလိုပင် ဖြည်းဖြည်းချင်းစိမ်းသက်ပြတ်တောက်ဝေးကွာကုန်သည်။နောက်ထပ်လည်း..ဘယ်သူ့ကိုမှ... ထပ်မပတ်သတ်ချင်တော့။အရှုပ်အရှင်းကင်းလွန်းကာ သူများတကာတွေထက်တည်ငြိမ်သောလူငယ်ဘဝကို ဖြတ်သန်းခဲ့မိတာသည် ချမ်းဆိုသောကောင်ကလေးကြောင့်ပါပဲ။

ဒါပေမယ့် ပိုင်ဆိုင်ဖို့လည်း မျှော်လင့်ချက်မထားပါ....ဖွင့်ပြောဖို့လည်း မဖြစ်နိုင်... ချစ်ခွင့်ပြန်ရမရပင်မသေချာ... ချစ်ချင်လို့သက်သက်ကိုချစ်တာသာဖြစ်လျက် မရေမရာ တဖက်သတ် ချစ်မြတ်နိုးမှုဖြင့်သာ.... သူကလေးကို......တမန်အချိန်အကြာကြီးချစ်ခဲ့ရပါသည်။

__________________________________________________________________________________________________________________________________________________________________________________________________________________________________________________________

Continue Reading

You'll Also Like

1.3M 3.7K 68
ထန်တဲ့အချ်ိန်ဖတ်ဖို့ စုထားတာတွေပါ ကိုယ်တိုင်ရေးသားခြင်းမဟုပါ crdပေးပါတယ်
1M 47.3K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
593K 1.5K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ
3.4K 306 34
"Life is like a nightmare, But you can wake up at any time" Own Creation by Han_Me Cover photo from pinterest Credit to original owner