သောကမီးလျှံ

Autorstwa Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း Więcej

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၄၇)

1.3K 280 34
Autorstwa Ling____


ဝေဟင်ထက်တွင်ရှိနေသော ကူယွဲ့ရှီးသည်ကား လက်ထဲတွင် အဝေးကြည့်မှန်ပြောင်းတစ်လက်ကိုကိုင်ထားရင်း မြေပြင်ပေါ်တွင်ရှိနေသည့် သူမ၏လုပ်ဖော်ကိုင်ဖက်များကို အချိန်နှင့်တပြေးညီလမ်းပြညွှန်ကြားနေသည်။

"အနောက်တောင်ထွက်ပေါက်နားမှာရှိတဲ့ လျှို့ဝှက်အခန်းထဲမှာ လူသုံးယောက်...လေးယောက်ပုန်းနေတယ်...ဟုတ်တယ်...ထွက်ပေါက်ကနေ (၂) မီတာ (၃) မီတာလောက်ဝေးတဲ့နေရာမှာ သစ်သားပြားတစ်ချပ်ရှိတယ် ဟုတ်တယ်မလား? ကောင်းတယ်....ချုံခိုတိုက်ခိုက်မှုတွေကိုသတိထားကြ__ဒါရိုက်တာဝမ် ကျွန်မ 'စစ်မှန်ခြင်းဂိုဏ်း' ရဲ့ အသိုက်ကိုတွေ့သွားပြီ။ သူတို့တွေက နဂါးဦးခေါင်းရှိတဲ့ ထူးထူးဆန်းဆန်းသားရဲသတ္တဝါကောင်ကြီးကို ကိုးကွယ်ကြတာမလား? မြေအောက်မှောင်ခိုဈေးရဲ့အလယ်မှာရှိတဲ့လမ်းမကြီး...ရှင့်ရဲ့ညာဘက်ခြမ်းကနေ ရေလိုက်ရင် တောင်ဘက်မှာရှိတဲ့ ဒုတိယမြောက်အခန်း....အဲဒီအခန်းတံခါးပေါ်မှာ ဘာမှန်းမသိတဲ့ ကြောက်စရာကောင်းတဲ့ မန္တန်အစီအရင်တွေကပ်ထားတယ်။ အဲဒါကိုသွားမထိနဲ့၊ အထဲမှာလည်း အပြင်ကိုထွက်လာလို့မရတဲ့ လူတွေရှိနေသေးတယ်၊ သူတို့ကိုကြည့်ရတာ ကျောထောက်နောက်ခံကောင်းကောင်းရှိတဲ့ပုံပဲ၊ ကြောက်လန့်နေတာမျိုးတော့မတွေ့ရဘူး၊ ပန်းမြေခွေးကလည်း အထဲမှာရှိနေတာကို ကျွန်မမြင်ရတယ်"

ဝမ်ဇယ်နှင့်ရွှမ်းကျီးတို့နှစ်ယောက်သားမှာ လူအုပ်ကြီးအတွင်းမှတိုးကာဝှေ့ကာဖြင့် ထိုအခန်းလေး၏အရှေ့ဘက်သို့လျှောက်သွားလိုက်ကြသည်။

ကျန်းကျောင်းက အခန်းတွင်းရှိလူများထံသို့အော်ဟစ်ပြောလိုက်သည်။

"နားထောင်ကြစမ်း! အထဲက တရားခံပြေးတွေ! မင်းတို့ကို ငါတို့ဝိုင်းထားလိုက်ပြီ၊ လက်နက်ချလိုက်တော့၊ မလိုအပ်တဲ့ခုခံမှုတွေမလုပ်ကြနဲ့! တကယ်လို့ မင်းတို့ ကိုယ့်အပြစ်ကိုဝန်ခံရင် သနားသက်ညှာခွင့်ပေးမယ်။ တကယ်လို့ မင်းတို့ခုခံမယ်ဆိုရင်တော့....အိုင်း ....မရတော့ဘူး...ငါ့အသံက ကျယ်သင့်သလောက်မကျယ်ဘူး၊ အသံကထွက်သင့်သလောက်ထွက်မလာဘူး၊ ဟိုဘက်ခန်းက ရဲစခန်းဆီကနေ လော်စပီကာတစ်လုံးသွားငှားလာပေးစမ်း"

ဝမ်ဇယ်သည်ကား အဝေးကြီးကတည်းမှပင် အခန်းတံခါးပေါ်တွင်ရှိနေသည့် လူကိုသက်တောင့်သက်သာမဖြစ်စေသောအနံ့အသက်အရှိန်အဝါမျိုးကိုခံစားမိခဲ့ပြီးဖြစ်သည်။ ၎င်းမှာ ကျန်းကျောင်းတစ်ယောက် နားမလည်ပါးမလည်နှင့်လျှောက်လုပ်နေမှာကို စိုးရိမ်သွားပြီး အရှေ့သို့အလျင်အမြန်ထွက်လာကာ သူ၏လည်ကုတ်ကိုဆွဲကိုင်လိုက်ပြီးသော် ဘေးတစ်ဖက်သို့တွန်းထုတ်လိုက်လေသည်။

"ချီးကို လော်စပီကာသွားငှားနေလိုက်...ဟိုဘက်ကိုသွားစမ်း ကောင်စုတ်လေး__ခင်ဗျားလာကြည့်ကြည့်ပါဦး။ ဒီတံခါးပေါ်ကဟာတွေက ဘာတွေလဲ? ကြည့်ရတာ ရှေးဟောင်းမန္တန်အစီအရင်တစ်ခုခုနဲ့တူသလိုပဲ.....ချင်းဖျင်ခေတ်တုန်းကဟာတွေများလား"

"အဆိပ်ပုပ်"

ရွှမ်းကျီးက တည်တည်ငြိမ်ငြိမ်ပင် သူ့ဘယ်ဘက်မျက်လုံးအတွင်း၌ [မိစ္ဆာတစ်ထောင်အချပ်ပို] စာအုပ်ကိုဖွင့်ကြည့်လိုက်သည်။ အံ့ဩစရာကောင်းစွာပင် [မိစ္ဆာတစ်ထောင်အချပ်ပို] စာအုပ်ထဲတွင် ထိုအကြောင်းအရာနှင့်ပတ်သက်သမျှအားလုံးကို အသေးစိတ်ရေးသားထား၏။

"ဒီတံခါးက အတွင်းကနေပဲဖွင့်လို့ရတယ်၊ အပြင်ဘက်ကဖွင့်တဲ့သူမှန်သမျှ သေချာပေါက် မသာပေါ်သွားကြမှာပဲ၊ ဒါက 'ပုံမှန်မန္တန်' တစ်ခုပဲ၊ ဒီတံခါးပေါ်မှာကပ်နေတဲ့ပင့်ကူတွေက 'ခြင်ဆီရည်ပင့်ကူ' လို့ခေါ်တယ်၊ ပင့်ကူမျှင်တွေက အရမ်းအဆိပ်ပြင်းတယ်၊ အဲဒါကိုသွားထိမိရင် လက်ပြတ်ခြေပြတ်ဖြစ်သွားနိုင်တယ်၊ အဲဒီကောင်တွေက ဒေါသထွက်လာရင် လေထဲကို အဆိပ်တွေပက်ဖြန်းတတ်တယ်....ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး...ကြည့်ရတာ အဲဒီတံခါးစောင့်တွေက အခုတော့ အနိစ္စသဘောနဲ့ကိစ္စချောသွားကြတဲ့ပုံပဲ..."

သူ့စကားသံမဆုံးသေးခင်မှာပင် အခန်းတွင်းမှ ခိုးတိုးခစ်တစ်ရယ်သံလွင်လွင်လေးတစ်သံထွက်ပေါ်လာသည်။

"အိုင်းယိုး...အသံကြားလိုက်ကတည်းက အသံပိုင်ရှင်က လူချောလေးတစ်ယောက်ဖြစ်မယ့်ပုံပဲ....ဗဟုသုတနဲ့ပြည့်စုံတဲ့ ယောကျ်ားလေးတွေက ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေပဲလေ__ခစ် ခစ် ငါတို့ကိုဝိုင်းထားတဲ့လူတွေ ရှင်တို့အားလုံးနားထောင်ကြ... ရှင်တို့တွေက *'လိမ္မာတဲ့ယုန်ကလေး' ဆိုတဲ့သီချင်းဆိုပြရင်တောင် ကျွန်မတို့က တံခါးကိုလုံးဝဖွင့်ပေးမှာမဟုတ်ဘူး၊ ရှင်တို့အစွမ်းအစရှိရင် ဝင်လာလိုက်လေ"

(*T/N

လိမ္မာတဲ့ယုန်ကလေး---တရုတ်ရိုးရာကလေးချော့တေးတစ်ပုဒ်ပါ၊ သီချင်းစာသားအပြည့်အစုံမှာ 'လိမ္မာပါတယ် ယုန်ကလေးရယ်...ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါကွယ်' ဟူ၍ဖြစ်သည်။)

ရွှမ်းကျီးက သူ၏အထူးကျွမ်းကျင်သောအရည်အချင်းတစ်ရပ်ကို ထုတ်သုံးလိုက်ပြီး သူမအား အောက်ကျနောက်ကျခံ၍ ဖျားယောင်းပြောဆိုလိုက်သည်။

"မင်းရဲ့နာမည်ဝှက်က 'ပန်းမြေခွေး' နော် ဟုတ်တယ်မလား? ပန်းမြေခွေးမိန်းကလေး....ကျွန်တော်တို့လည်း ဝင်လို့မရဘူး၊ ခင်ဗျားတို့လည်း အပြင်ထွက်လို့မရဘူး၊ ဆိုတော့ ဒီမြေအောက်အခန်းစုတ်လေးထဲမှာထိုင်နေတာက အချုပ်ခန်းထဲမှာထိုင်နေရတာနဲ့ ဘာများကွာခြားတော့မှာလဲဗျာ၊ အဲဒါထက်စာရင် ခင်ဗျားတို့အုပ်စု ကျွန်တော်တို့ရဲ့ဌာနခွဲမှာလာထိုင်တာကပိုမကောင်းဘူးလား၊ ကျွန်တော်တို့နေရာက ဒီနေရာထက်စာရင် အများကြီးပိုကောင်းပါတယ်ဗျ၊ ခင်ဗျားတို့ကို တစ်နေ့ထမင်းသုံးနပ်လည်း အလကားကျွေးမယ်လေ"

နားကြပ်အတွင်းမှ ကူယွဲ့ရှီး၏စကားသံထွက်ပေါ်လို့လာသည်။

"ဒါရိုက်တာရွှမ်း ဒီနေရာမှာ 'နေရာပြောင်းရွှေ့အစီအရင်' ရှိတယ်"

'နေရာပြောင်းရွှေ့အစီအရင်' ဆိုသည်မှာ ထူးဆန်းအံ့ဩစရာကောင်းသောအစီအရင်တစ်ခုဖြစ်ပြီး ထူးဆန်းအံ့ဩစရာကောင်းလောက်အောင်ပင် အသုံးမဝင်သောအစီအရင်တစ်ခုလည်းဖြစ်ပြန်သည်။ ထိုအစီအရင်မှာ အတွဲလိုက်ရှိသောအစီအရင်မျိုးဖြစ်သည်။ ထိုနေရာပြောင်းရွှေ့အစီအရင်တွင် အမှတ် (၁)နှင့် အမှတ် (၂) ဟူ၍အမှတ်နှစ်ခုရှိပြီး ထိုအမှတ်နှစ်နေရာအတွင်းတွင် လူသားများနှင့်အရာဝတ္ထုများကို စိတ်ကြိုက်အသွားအပြန်လုပ်လို့ရသောအစီအရင်ဖြစ်သည်။

သို့ပေသိ အသုံးမဝင်သောအစီအရင်ဖြစ်သည်ဟုဆိုရခြင်းအကြောင်းမှာ ထိုအရာသည်ကား သိပ္ပံရုပ်ရှင်ဇာတ်လမ်းများထဲတွင်ပါလေ့ပါထရှိသော 'အမှုန်ပြောင်းရွှေ့ခြင်း' သဘောတရားမျိုးနှင့် လုံးလုံးလျားလျားကိုတူညီမှုမရှိပါချေ။ ဖြတ်သန်းသွားလာသည့်ဖြစ်စဉ်မှာ အချိန်ကြာမြင့်သလို အရှိန်နှုန်းမှာလည်း တစ်နာရီမှ ကီလိုမီတာ (၂၀) ခန့်သာရောက်နိုင်တာဖြစ်သည်။ စွမ်းအင်လည်းအကုန်အကျများသေးသည်__မြို့စွန်လိုနေရာမျိုးကို သွားလျှင်တောင်မှပင် ထိုအစီအရင်ကိုအသုံးပြုသူမှာ အတော်လေးကိုစွမ်းအားယုတ်လျော့ကုန်ခမ်းသွားနိုင်သည်။

ထို့ပြင် အနှီအစီအရင်ကိုအသုံးပြုသူထံတွင် ခရီးစဉ်တစ်ခုလုံးကိုထိန်းသိမ်းထားနိုင်သည့် လုံလောက်ကျွမ်းကျင်သောအရည်အချင်းမရှိပါက ခရီးလမ်းခုလတ်တွင်ရောက်နေသူများမှာ အစီအရင်အတွင်း၌ပင် ပိတ်မိသွားနိုင်ပေသည်။

သို့ဖြစ်ရာ ဘေးကင်းလုံခြုံမှုရှုထောင့်မှပင်ကြည့်ကြည့်၊ စီးပွားရေးအရပင်ကြည့်ကြည့် ထိုအစီအရင်ကိုအသုံးပြုခြင်းထက်စာရင် စက်ဘီးတစ်စီးကိုငှားနင်းသွားတာကမှ လက်တွေ့တွင်ပို၍အလုပ်ဖြစ်သေးသည်။ ထို့ကြောင့်ပင် အဆိုပါအစီအရင်မှာပျောက်ကွယ်လုနီးပါးဖြစ်နေတာဖြစ်ပြီး သာမန်အားဖြင့်တောင် အသုံးမပြုကြတော့တာဖြစ်သည်။ အမြဲတစေပြေးလိုက်လွှားလိုက်လုပ်နေရသော တရားခံပြေးအချို့သာလျှင် သူတို့၏ပြေးပေါက်တစ်ခုအဖြစ် ပြင်ဆင်ထားပြီးအသုံးပြုနေကြခြင်းဖြစ်သည်။

ကူယွဲ့ရှီး : "နေရာပြောင်းရွှေ့အစီအရင်' ကို အသက်သွင်းလိုက်ပြီ၊ ပြင်ဆင်ချိန်က ငါးမိနစ်လောက်ပဲလိုအပ်တယ်၊ အားလုံးပဲ....သူတို့က ရှင်တို့ကို အချိန်ဆွဲနေတာ"

ရွှမ်းကျီးက နားလည်သဘောပေါက်သည့်ဟန်ဖြင့် အသာအယာခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏နူးညံ့ပျော့ပျောင်းသောစိတ်နေသဘောထားကို ကြွားလုံးထုတ်သည့်အနေဖြင့် အချိုသာဆုံးလေသံဖြင့်ပြောလာသည်။

"ပန်းမြေခွေးမိန်းကလေး ကျွန်တော်ကတော့ ခင်ဗျားတို့ကို သေချာစဉ်းစားပြီး အထဲက ထွက်လာစေချင်တယ်၊ ဒါပေမဲ့ သိပ်တော့မကြာစေနဲ့ပေါ့ဗျာ၊ ဒီလိုစိုထိုင်းထိုင်းနေရာမျိုးမှာ နေတာကြာလာရင် နှင်းခူတွေဘာတွေပေါက်တတ်တယ်နော်၊ ဒီလိုလုပ်ပါလား ကျွန်တော် (၁၀) ကနေ (၁) အထိနောက်ပြန်ရေမယ်လေ၊ (၁၀)__"

ပန်းမြေခွေးသည်ကား ထိုအချိန်၌ တံခါးကိုမှီထားရင်း သူမ၏အပေါင်းအဖော်ဖြစ်သူများက အစီအရင်အားအသက်သွင်းနေတာကို စောင့်ကြည့်နေချိန်ဖြစ်သည်။ သူမက စိုးရိမ်ထိတ်လန့်ခြင်းအလျဉ်းမရှိဘဲ တခစ်ခစ်ရယ်သွမ်းသွေးလျက်ဆို၏။

"ရှောင်ကောကော... ရှင်က ကျွန်မတို့ကို ဘာများလုပ်နိုင်မှာမို့လို့တုန်း ရှင်ရယ်"

သူမ၏စကားသံမဆုံးသေးခင်မှာပင် ရုတ်တရက်ဆိုသလို သူ့မျက်စိရှေ့တွင် အဖြူရောင်မီးတောက်မီးလျှံများ ဟုန်းခနဲထတောက်သွား၏။ သူမမှာ ဘာတွေဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်ခင်မှာပင် အဆိပ်ပုပ်တံခါးမှာ မီးစွဲလောင်နေပြီဖြစ်သည်။

ဤတံခါးသည်ကား သေချာပေါက်ကို မီးကိုတားဆီးနိုင်သောအစီအရင်မျိုးဖြင့်ပြုလုပ်ထားခြင်းဖြစ်သော်ငြား ဆွတ်ဆွတ်ဖြူဖွေးလှသောမီးတောက်မီးလျှံများသည်ကား မည်သည့်နေရာမှရောက်လာမှန်းမသိ။ ထိုမီးတောက်များသည်ကား ဘာကိုမှဂရုမစိုက်သည့်ဟန်ဖြင့် သူသွားရာလမ်းကြောင်းတစ်လျှောက်တွင်ရှိနေသည့် အရာအားလုံးကိုလောင်ကျွမ်းတိုက်စားသွား၏။ ထို့နောက် ရုတ်ချည်းပင် တံခါးရွက်ကိုဖောက်ထွင်းကာ ပန်းမြေခွေး၏ခန္ဓာကိုယ်ပေါ်သို့ပါစွဲလောင်သွားလေတော့သည်။ ၎င်းမီးတောက်များကိုမည်သို့မျှငြှိမ်းသတ်၍မရပါချေ!

အပြင်ဘက်တွင်စောင့်ဆိုင်းနေကြသော လေနတ်ဘုရားအဖွဲ့မှကွင်းဆင်းဝန်ထမ်းများမှာလည်း မမျှော်လင့်ထားသောအခြေအနေကြောင့် အံ့ဩထိတ်လန့်သွားကြလေသည်။ ၎င်းတို့မှာ တညီတညာတည်း အနောက်ဘက်သို့ခြေတစ်လှမ်းဆုတ်သွားကြ၏။ ကျန်းကျောင်းမှာလည်း ရွှမ်းကျီးကို ကြောင်တက်တက်ဖြင့်ငေးကြည့်နေရှာတော့သည်။

"ခင်ဗျား....ခင်ဗျား ခုနကပြောတော့ (၁၀) ကနေ နောက်ပြန်ရေမယ်ဆို?"

ရွှမ်းကျီးက စီးကရက်ဖင်စီခံကို မီးထဲသို့ပစ်ထည့်ရင်းပြောလိုက်သည်။

"ဟုတ်တယ်လေ ဒါပေမဲ့ ကျွန်တော်ရေလို့ပြီးတဲ့အချိန်လောက်ဆို သူတို့တွေအကုန်ကင်ပြီးသားဖြစ်ကုန်မှာစိုးလို့လေ၊ ဒါကြောင့် သူတို့ကို ထွက်လာဖို့ ကြိုးစားပမ်းစားချော့မော့ပြောဆိုနေတာပေါ့__ဟော....ပြောရင်းဆိုရင်းထွက်လာကြပြီပဲ...လိမ္မာလိုက်တာနော်"

သူ၏ 'လိမ္မာလိုက်တာနော်' ဟူသည့်စကားလုံးကိုကြားလိုက်ရသော လေနတ်ဘုရားအဖွဲ့သားများမှာမူ တစ်ကိုယ်လုံးတုန်တက်သွားရှာ၏။

သူတို့စကားပြောနေစဉ်မှာပင် အဆိပ်ပုပ်များဖြင့်ဖုံးအုပ်ထားသော တံခါးချပ်မှာ တစ်စစီလောင်ကျွမ်းပျက်စီးသွားပြီဖြစ်သည်။ ပန်းမြေခွေးသည်ကား သူမ၏မျက်နှာကိုဖုံးကာထားရင်း မီးလုံးကြီးတစ်လုံးသဖွယ် အခန်းတွင်းမှလူးကာလိမ့်ကာဖြင့်ထွက်လာတော့သည်။ သူမမှာ မြေကြီးပေါ်တွင်လူးလှိမ့်နေရင်း နာနာကျင်ကျင်အော်ဟစ်မြည်တမ်းနေရှာသည်။ လူကိုခြိမ်းခြောက်နေသောအပူရှိန်များကြောင့် သူမနှင့်သုံးပေခန့်အကွာအဝေးတွင်ရှိနေသော ကွင်းဆင်းဝန်ထမ်းများသည်ပင် ပူလောင်ပြင်းပြသောမီးလောင်ဒဏ်ရာများကိုခံစားနေရသယောင်။ သို့သော်ငြား အဆိုပါမီးတောက်မီးလျှံများသည်ကား အခြားနေရာများသို့ပျံ့နှံ့သွားခြင်းမရှိကြောင်းကို သူတို့တွေ့မြင်လိုက်ရသည်။ မီးတောက်များသည်ကား အခန်းနှင့် အခန်းထဲတွင်ရှိနေသူများထံတွင်သာ လောင်ကျွမ်းနေခြင်းဖြစ်သည်။ တိကျပြတ်သားလှသော တိုက်ခိုက်မှုမျိုးပင်တည်း။

ပန်းမြေခွေးမှာ အသည်းခိုက်မတတ်နာကျင်စွာအော်ဟစ်မြည်တမ်းရင်း ရွှမ်းကျီးခြေထောက်အောက်နားသို့လူးလှိမ့်ရောက်ရှိလာသည်။

"ကယ်ကြပါ! ကယ်ကြပါ! တောင်းပန်ပါတယ်...."

ရွှမ်းကျီးက လက်ဖျောက်တစ်ချက်တီးလိုက်သောအခါမှာတော့ အခန်းတွင်းနှင့် သံသယတရားခံများ၏ကိုယ်ပေါ်တွင်ရှိနေကြသော မီးတောက်မီးလျှံများမှာ တမဟုတ်ချင်းပျောက်ကွယ်သွားကြလေသည်။ အကယ်၍ သူတို့၏ကိုယ်ပေါ်တွင်စွဲကျန်နေခဲ့သော မီးလောင်ဒဏ်ရာများသာရှိမနေခဲ့ပါမူ အဆိုပါမီးတောက်များမှာ မည်သည့်အခါကမှမတည်ရှိခဲ့ကြသည့်အလား။

ဝမ်ဇယ်၏အကြည့်များသည်ကား ရွှမ်းကျီး၏ကိုယ်ပေါ်သို့တိတ်တဆိတ်ကျရောက်သွားပြီးသော် နောက်ထပ်သံသယတစ်လွှာထပ်မံခြုံလွှမ်းသွားပြန်လေသည်__သစ်တောဥယျာဉ်အတွင်း၌ အားလော့ကျင်းတစ်ယောက် သူတို့နောက်သို့လိုက်နေစဉ်အခါက ဆီးထွက်ကျလုမတတ်ထွက်ပြေးနေရချိန်တွင် သူ၏မီးကိုထိန်းချုပ်နိုင်သောစွမ်းရည်သည်ကား ဤမျှလောက်မကောင်းသေးတာ သေချာလှသည်။ သစ်တောတစ်ခုလုံးမီးလောင်ကျွမ်းမသွားစေရန်အလို့ငှာ သူတို့မှာ ကားရေတိုင်ကီတစ်ခုလုံးထဲမှရေများကိုပင် အကုန်ပြောင်စင်အောင်အသုံးပြုခဲ့ရတာဖြစ်သည်။ အခုမှ ဘယ်နှရက်မှပင်မကြာသေး၊ ၎င်းသည်ကား သူ၏ထူးခြားစွမ်းရည်ကိုအဆင့်မြှင့်တင်ရန်အတွက် အမြန်ရက်တိုသင်တန်းရှစ်ခုလောက်ကို တိတ်တိတ်လေးခိုးတက်ခဲ့လျှင်တောင်မှ ဤမျှလောက်အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်တိုးတက်လာမည်မဟုတ်ပါချေ.....ဒါဖြင့် ရွှမ်းကျီးက သူ့ရဲ့အရည်အချင်းအစစ်အမှန်တွေကို လျှိုထားတာများလား?

ဒါပေမဲ့ သေရေးရှင်ရေးအခြေအနေမျိုးမှာ အစွမ်းတွေကိုလျှိုထားပြီး ဘာမဟုတ်တဲ့ကိစ္စကျတော့ ကြွားလုံးထုတ်နေတယ်?

ဒီကောင်က ဘာကြောင်နေတာလဲဟ?

လေနတ်ဘုရားအဖွဲ့သားများသည်ကား အရှေ့သို့အလျင်အမြန်တက်လာကြပြီး တစ်ယောက်ကိုတစ်ယောက်ကူညီလုပ်ကိုင်ပေးရင်း သံသယတရားခံများကိုဖမ်းဆီးလိုက်ကြသည်။ အဓိကတရားခံများ ဖမ်းမိသွားတာကိုမြင်တွေ့ပြီးနောက်တွင်မူ ဖြစ်စဉ်တစ်ခုလုံးကို ဝေဟင်ထက်မှနေ၍စောင့်ကြည့်နေသော ကူယွဲ့ရှီးတစ်ယောက် သက်ပြင်းချလိုက်မိသည်။ သူက ဘာမှများများစားစားမတွေးတော့ဘဲ သူ၏ဖောက်ထွင်းအမြင်အာရုံကိုပြန်လည်ရုတ်သိမ်းလိုက်သည်။ ထိုအခိုက် ရင်းနှီးကျွမ်းဝင်နေသော လူရိပ်သဏ္ဌာန်တစ်ခုကို သူ ရုတ်တရက်ဖျတ်ခနဲမြင်တွေ့လိုက်ရသည်။ ကူယွဲ့ရှီးမှာ ရင်ထဲတွင်ထိတ်ခနဲဖြစ်သွားပြီးနောက် ချက်ချင်းပင် အဝေးကြည့်မှန်ပြောင်းကိုပြန်ကောက်ကိုင်ကာ ထိုနေရာဆီသို့လှမ်းကြည့်လိုက်၏။ သူမ သေသေချာချာရှင်းရှင်းလင်းလင်းမမြင်လိုက်ရသေးခင်မှာပင် တိမ်လွှာများကြားမှထွန်းလင်းဖြာထွက်လာသော နေရောင်ခြည်တစ်မျှင်ကြောင့် သူမ၏မျက်လုံးများမှာဝေဝါးသွားရလေသည်။ ကူယွဲ့ရှီးက ခေါင်းကိုစောင်းငဲ့ကာရှောင်တိမ်းလိုက်ပြီးနောက် တစ်ဖန်ပြန်ကြည့်လိုက်သောအခါတွင်မူ ထိုရင်းနှီးနေသောအရိပ်သဏ္ဌာန်ကို မည်သည့်နေရာတွင်မှမတွေ့ရတော့ပါချေ။

သူ့အနားရှိလုပ်ဖော်ကိုင်ဖက်တစ်ဦးက မေးလာသည်။

"ဒုခေါင်းဆောင်.....ဘာဖြစ်လို့လဲ?"

ကူယွဲ့ရှီးက သူ့စကားကိုအမှုမထားဘဲ အဝေးကြည့်မှန်ပြောင်းကိုကိုင်ထားရင်းပင် အနီးနားတစ်ဝိုက်သို့ စေ့စေ့စပ်စပ်ကြည့်ရှုနေ၏__ကြွက်တွင်းပေါက်များကိုတောင်မချန်ပေ__ထို့နောက် သူမ၏မျက်လုံးများစူးအောင့်နာကျင်လာသည်အထိ။

"ခုနတုန်းက သတ္တုအမျိုးအစားထူးခြားစွမ်းရည်တစ်ခုကို တွေ့လိုက်ရသလိုပဲ"

လုပ်ဖော်ကိုင်ဖက်ဖြစ်သူက စိတ်လှုပ်ရှားစွာမေးမြန်းလိုက်သည်။

"ပိုက်ကွန်ထဲက လွတ်သွားတဲ့ငါးလား?"

ကူယွဲ့ရှီးက သူ့နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။ ခေတ္တခဏကြာသောအခါမှသာ အဝေးကြည့်မှန်ပြောင်းကိုပြန်ချလိုက်လေသည်။

"မဟုတ်လောက်ပါဘူး...ကျွန်မအမြင်မှားသွားတာပဲဖြစ်မှာပါ"

လုပ်ဖော်ကိုင်ဖက်များမှာလည်း သူတို့၏အဝေးကြည့်မှန်ပြောင်းများကိုကောက်ကိုင်လိုက်ကြပြီး သူမ ကြည့်ရှုခဲ့သောနေရာအတိုင်း လိုက်၍ကြည့်လိုက်သောအခါဝယ် ဝင်္ကပါသဖွယ် ရှုပ်ထွေးပွေလီစွာဖောက်လုပ်ထားသော လမ်းကြိုလမ်းကြားများနှင့် ခြေညှပ်ဖိနပ်များကိုစီးထားပြီး ပျင်းရိပျင်းတွဲလမ်းလျှောက်နေကြသော ရပ်ကွက်သူရပ်ကွက်သားများကိုသာလျှင်တွေ့မြင်လိုက်ရပေသည်။

.

လမ်းကြိုလမ်းကြားများမှာ ရေညှိများ၏အစိုဓာတ်ဖြင့်ဖုံးလွှမ်းနေလျက်ရှိသည်။ နေရာအနှံ့တွင် တစ်ဖက်ပိတ်လမ်းသွယ်များဖြင့်ပြည့်နှက်နေတာဖြစ်သည်။ ရပ်ကွက်အထာကိုမသိသောသူစိမ်းတစ်ယောက်ဆိုလျှင် အလွယ်တကူလမ်းပျောက်သွားနိုင်၏။ မစ္စတာနျန်သည်ကား သူ့ခြေလှမ်းများကိုရပ်တန့်လိုက်ကာ သူ့ရှေ့တွင်ရှိနေသော မီးခိုးရောင်အုတ်တံတိုင်းကြီးကို စူးစိုက်ကြည့်ရှုလိုက်သည်။

အိပ်ကပ်ထဲသို့လက်တစ်ဖက်ထိုးထည့်လိုက်ပြီးသော် နောက်သို့လှည့်မကြည့်ဘဲ စကားဆိုလိုက်သည်။

"မိတ်ဆွေက ကျွန်တော့်နောက်ကနေ တစ်လျှောက်လုံးလိုက်လာနေတာပါလား၊ ထွက်လာခဲ့ပါတော့... ခင်ဗျားကိုကြည့်ရအောင်"

ရှန့်လင်ယွမ်း၏အကြည့်များသည်ကား ထိုလူ၏လက်ကောက်ဝတ်ပေါ်သို့ကျရောက်သွားသည်__သူ့လက်ပတ်နာရီမှာ မည်သည့်အချိန်ကတည်းက ဇောက်ထိုးပြောင်းပြန်ဖြစ်သွားသည်မသိ၊ နာရီ၏ဒိုင်ခွက်မျက်နှာပြင်မှာ အတွင်းဘက်သို့လှည့်နေပြီး သံလိုက်အိမ်မြှောင်၏မျက်နှာပြင်မှာတော့ အပြင်ဘက်သို့လှည့်နေတာဖြစ်သည်။ ရှေးဟောင်းသံလိုက်အိမ်မြှောင်၏လက်တံမှာ သူရှိနေသောအရပ်မျက်နှာဘက်သို့တန်းတန်းမတ်မတ်ညွှန်မပြရဲရှာဘဲ မူလနေရာတွင်သာ ဝေ့လည်ကြောင်ပတ်တဝဲလည်လည်လှည့်ပတ်နေ၏။ ထိုကဲ့သို့သံသယဝင်စရာကောင်းသောပုံစံသည်ကား ရှန့်လင်ယွမ်းအား လူအများ၏ချစ်ခင်နှစ်သက်ခြင်းကိုမခံရသော ရှေးယခင်တုန်းက မိတ်ဆွေဟောင်းတစ်ဦးကို အမှတ်ရသွားစေတော့သည်။

ထိုပစ္စည်းအပေါ်တွင် ရင်းနှီးကျွမ်းဝင်နေသောအငွေ့အသက်မျိုးရှိနေတာကလည်း မထူးဆန်းလှပါချေ။ သူ ယခုအချိန်တွင်အမှတ်ရသွားပြီဖြစ်သည်__ထိုပစ္စည်းသည်ကား လက်နက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာဖန်တီးပြုလုပ်နိုင်စွမ်းရှိသော 'ကောင်းရှန်းလူသား' များဟုခေါ်သည့် မျိုးနွယ်စုတစ်စု၏ရှေးဟောင်းပစ္စည်းတစ်မျိုးပင်တည်း။

လေထုအတွင်း၌ အနက်ရောင်မြူခိုးတစ်လွှာစတင်၍ဖြစ်တည်ပျံ့လွင့်လာပြီး မစ္စတာနျန်မှာ နူးညံ့သောစကားသံတစ်သံကိုကြားလိုက်ရသည်။

"မင်းက 'ကောင်းရှန်းလူသား' တွေရဲ့ မျိုးဆက်သစ်....အနွယ်တော်တစ်ယောက်လား?"

ရှန့်လင်ယွမ်းမှာ 'ကောင်းရှန်းလူသား' ဟူသည့်စကားလုံးသုံးလုံးကိုပြောဆိုလိုက်ချိန်၌ 'ယာ' စကားကိုအသုံးပြုပြီးပြောလိုက်ခြင်းဖြစ်သည်။ မစ္စတာနျန်မှာ ထိုစကားကိုနားမလည်စေကာမူ အနက်ရောင်မြူခိုးငွေ့များကိုတွေ့မြင်သွားသည်နှင့်တပြိုင်နက် သူ၏နောက်ကျောပြင်တစ်ခုလုံးမှာအလိုအလျောက်တောင့်တင်းသွားရှာ၏။ ပြင်းထန်အားကောင်းလှသောအန္တရာယ်အငွေ့အသက်တစ်စုံတစ်ရာကို သူရုတ်တရက်ခံစားလိုက်ရသည်။

အနှီမစ္စတာနျန်ဆိုသူသည်ကား မြေအောက်ကမ္ဘာ၌ *အသားခုတ်ဓားကိုကျွမ်းကျင်စွာကိုင်တွယ်နိုင်သူဖြစ်ပြီး လူရိုသေရှင်ရိုသေရှိသူတစ်ဦးလည်းဖြစ်သည်။ မည်သို့သောအချိန်အခါမျိုးတွင် စပ်စပ်စုစုမလုပ်ရမည်ကိုလည်းကောင်းကောင်းကြီးသိသူဖြစ်သည်။ သို့ဖြစ်ရာ အနက်ရောင်မြူခိုးများအလယ်တွင်ရှိနေသူကို ရှင်းရှင်းလင်းလင်းမမြင်ရသေးခင်မှာပင် ဆုံးဖြတ်ချက်တစ်ခုကိုမြန်မြန်ဆန်ဆန်ချလိုက်ပြီးသကာလ သူ့အိတ်ကပ်အတွင်းမှ အသက်သွင်းပြီးသားဖြစ်နေသော 'နေရာပြောင်းရွှေ့' အစီအရင်ကိုအပြင်သို့ပစ်ထုတ်လိုက်ပြီး ထိုအတွင်းသို့ချက်ချင်းပင် လှမ်းဝင်သွားလေတော့သည်။

(*T/N

အသားခုတ်ဓားကိုကျွမ်းကျင်စွာကိုင်တွယ်နိုင်သူ--ထူးချွန်ထက်မြက်ပြီးအရည်အချင်းရှိတဲ့သူမျိုးကိုဆိုလိုတာပါ။)

"သွားတော့မလို့လား?"

ရှန့်လင်ယွမ်းသည်ကား သူ့ကို အဘယ်မှာလျှင်အလွယ်တကူလွှတ်ပေးလိုက်ပါမည်နည်း။ ၎င်းမှာ လူကမလှုပ်ရှားသော်ငြား သူ့ဘေးပတ်ပတ်လည်တွင်ရှိနေသောအနက်ရောင်မြူခိုးငွေ့များသည်ကား ချွန်ထက်စူးရှသောလက်သည်းစွယ်များအဖြစ်ပြောင်းလဲသွားကြပြီး ထိုအစီအရင်နောက်သို့လိုက်သွားကာ တရကြမ်းဖမ်းကုတ်ဆွဲလိုက်၏။ အင်အားကောင်းသောစွမ်းအင်ရင်းမြစ်တစ်ခုမှဖြစ်ပေါ်လာသော လေပြင်းမုန်တိုင်းတစ်ခုကြောင့် အစီအရင်၏အနားစွန်းများမှာ ချက်ချင်းပင်ဆုတ်ဖြဲထွက်သွားရှာတော့သည်။ ရပ်ကွက်အတွင်းတွင်ရှိနေသော ဖွင့်ထားသည့်ပြတင်းပေါက်များမှာလည်း ရုတ်ချည်းပင်ကွဲအက်ကြေမွသွားရှာ၏။ လမ်းသွယ်လေးအဆုံးတွင်ရပ်ထားသော သုံးဘီးဆိုင်ကယ်လေးမှာလည်း ကျွမ်းထိုးမှောက်ခုံဖြစ်သွားကာမြေပြင်ထက်သို့ပြုတ်ကျသွား၏။ သို့သော် အပျက်အစီးအပိုင်းအစများ မြေကြီးပေါ်သို့ကျရောက်မသွားခင်မှာပင် မိုးကြိုးလျှပ်စီးတစ်ခုသည်ကား ကမ္ဘာမြေပြင်ပေါ်သို့ဆင်းသက်ကျရောက်လာပြီးသော် အနက်ရောင်မြူခိုးများသွားနေသောလမ်းကြောင်းကို ကြားဝင်ဖြတ်တောက်ပစ်လိုက်လေသည်။ ရှန့်လင်ယွမ်းမှာလည်း သတိလက်လွတ်ဖြင့်အနောက်သို့ ခြေလှမ်းဝက်ခန့်ဆုတ်သွားရသည်။ 'နေရာပြောင်းရွှေ့' အစီအရင်အတွင်းမှ စူးရှသောတဝီဝီမြည်သံများထွက်ပေါ်လာကာ မစ္စတာနျန်မှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ပြင်းထန်သောမိစ္ဆာလေပြင်းမုန်တိုင်းကြောင့် လူနေရပ်ကွက်လေးအတွင်း၌ လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ တခဏမျှကြာပြီးနောက်တွင်မူ အိမ်တစ်အိမ်အတွင်းမှ တဗျစ်တောက်တောက်ဆဲရေးတိုင်းထွာနေသော ဦးခေါင်းတစ်လုံးထွက်ပြူလို့လာသည်။ အနှီဦးခေါင်းခမျာ လမ်းသွယ်လေးအဆုံးတွင်ရပ်နေသော ဆံပင်ရှည်နှင့်လူတစ်ယောက်ကိုဖျတ်ခနဲလှမ်းမြင်လိုက်ရလေသည်။ သူတို့နှစ်ဦးအကြည့်ချင်းဆုံသွားချိန်မှာတော့ ထိုဦးခေါင်းမှာရုတ်တရက်အသံတိတ်သွား၏။ ၎င်းမှာ တဒင်္ဂမျှကြောင်အမ်းအမ်းဖြစ်နေပြီးနောက်တွင်တော့ အိမ်ထဲသို့အလျင်အမြန်ပြန်ဝင်သွားကာ နောက်ထပ်အသံတစ်ချက်မှမထွက်ရဲတော့ပါချေ။

ရှန့်လင်ယွမ်းက သူ့အကြည့်များကိုပြန်ရုတ်သိမ်းလိုက်ပြီး မီးကျွမ်းသွားသောသူ့လက်ချောင်းထိပ်များကို ဖျတ်ခနဲပြန်ကြည့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိသည်ကား ချိယွမ်းကို ကိုယ်တိုင်ကိုယ်ကျချိပ်ပိတ်ခဲ့သူဖြစ်သည်လေ။ ဤသည်က ကိုယ်လုပ်ကိုယ်ခံရခြင်းသာြဖစ်သည်။ သို့သော် ယခုအချိန်မှာတော့ အရပ်လေးမျက်နှာလုံးတွင်တိမ်များထူထပ်လာပြီး တစ်စုံတစ်ယောက်သည်ကား မန္တန်အစီအရင်များကိုအသုံးပြုကာ မိစ္ဆာများကိုတိတ်တဆိတ်ဆင့်ခေါ်နေတာဖြစ်သည်။ အားလော့ကျင်းကိုမူ ထည့်မတွက်လို့ရသေးသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆရာမန္တန်အစီအရင်များနှင့်ပတ်သက်ပြီးပြောကြစတမ်းဆိုပါလျှင် မိမိသည်ကား အရည်အချင်းမပြည့်ဝသော အနှီတရားဝင်မျိုးနွယ်စုခေါင်းဆောင်ငယ်လေးထက်စာလျှင် ထိုအစီအရင်များကိုပို၍ကျွမ်းကျင်စွာတတ်မြောက်သူဖြစ်သောကြောင့်ပင်ဖြစ်သည်။ အားလော့ကျင်းကိုလည်း သူကိုယ်တိုင်ချိပ်ပိတ်ထားခဲ့တာပဲမဟုတ်ပါလော။ ထို့အပြင် သူ့ကိုဆင့်ခေါ်ရာတွင်အသုံးပြုခဲ့သည့် ယဇ်ကောင်မှာလည်း စစ်မှန်သောနတ်ဆရာသွေးများစီးဆင်းနေခြင်းမရှိသော ဘာမဟုတ်သည့်အနွယ်တော်တစ်ဦးသာဖြစ်သည်။ ထို့ကြောင့်ပင် လူသား-မိစ္ဆာ အားလော့ကျင်းသည်ကား သူ့တွင်ရှိနေသောစွမ်းရည်များ၏တစ်ဝက်ခန့်ကိုသာထုတ်သုံးနိုင်ခဲ့တာဖြစ်သည်။

သို့သော်ငြား အကယ်၍ အခြားသောလူသား-မိစ္ဆာများရှိနေသေးသည်ဆိုပါမူ ၎င်းတို့ကို အလွယ်တကူတိုက်ခိုက်နိုင်ရန်မသေချာလှပေ။

ဤသေမျိုုးလောကကြီးသည်ကား သူမမှတ်မိနိုင်လောက်သည်အထိကို အပြောင်းလဲကြီးပြောင်းလဲသွားခဲ့တာဖြစ်သည်။ ထို့ကြောင့်ပင် ရှန့်လင်ယွမ်းမှာ မကြာခဏဆိုသလို ဘာလုပ်လို့ဘာကိုင်ရမည်မှန်းမသိဘဲဖြစ်သွားရတတ်သည်။ ထို့ပြင် သူ့အားလုပ်ရကိုင်ရအဆင်မပြေဖြစ်စေတတ်သော မိုးကောင်းကင်၏အပြစ်ဒဏ်ပေးမှုများကိုပါ ထည့်တွက်ရမည်ဆိုပါက သူ အခြားနည်းလမ်းတစ်ခုခုကိုစဉ်းစားရတော့မည်ဖြစ်သည်။ ရှန့်လင်ယွမ်းမှာ တခဏမျှစဉ်းစားခန်းဝင်လိုက်ပြီးနောက် သူ့မျက်လုံးများကိုပင့်ကာ အနောက်တောင်အရပ်သို့ ရုတ်တရက်လှမ်းမျှော်ကြည့်လိုက်သည်။

ဟုတ်သားပဲ၊ ချိယွမ်းကို မီးလျှံငှက်တွေရဲ့ အရိုး (၃၆) ခုကိုသုံးပြီးချိပ်ပိတ်ထားတာပဲလေ၊ ချိယွမ်းမှာ မငြိမ်မသက်ဖြစ်လာတိုင်း မီးလျှံငှက်အရိုးတစ်ခုက ပျက်စီးသွားတတ်တယ်၊ ဒါဖြင့်ရင် အဲဒီပျက်စီးသွားတဲ့အကြွင်းအကျန်အစအနတွေကို အကာအကွယ်တစ်ခုအဖြစ်အသုံးပြုလို့ရဦးမှာပဲ

ထိုအတွေးကိုစိတ်ကူးမိသွားသည်နှင့်တပြိုင်နက် ရှန့်လင်ယွမ်းသည်ကား တဂျုန်းဂျုန်းတဂျိမ်းဂျိမ်းမြည်ဟီးနေသောမိုးကြိုးသံများအကြားသို့ လေပြည်လေညင်းလေးသဖွယ် တိုးဝင်ပျောက်ကွယ်သွားပြီဖြစ်သည်။ မိုးကြိုးသံများသည်ကား ဆဲရေးတိုင်းထွာနေသည့်နှယ် ကျယ်လောင်စွာမြည်ဟီးနေကြသည်။ သို့ပေသိ မိုးကြိုးပစ်ရမည့်လူကို ရှာမတွေ့တော့သောအခါတွင်မူ ၎င်းသည်ကား မကျေမနပ်ဖြင့်ပင် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

.

သုံးချွမ်းတွင် မိုးစက်မိုးပေါက်များစတင်၍သွန်းဖြိုးရွာကျလာလေပြီ။

စိုထိုင်းဆများမြင့်တက်လာသည်နှင့်တပြိုင်နက် မြေအောက်မှောင်ခိုဈေးအတွင်း၌ သည်းမခံနိုင်သောအနံ့အသက်ဆိုးများစတင်ထွက်ပေါ်လာတော့သည်။ ဝမ်ဇယ်သည်ကား လက်တစ်ဖက်ဖြင့် သူ့နှာခေါင်းကိုဖျစ်ညှစ်ထားရင်း ကျန်လက်တစ်ဖက်ကိုဝှေ့ယမ်းကာပြောလိုက်သည်။

"သွားကြစို့.....နောက်တစ်ခါကျရင် ငါတို့ မိုးလေဝသကြေညာချက်ကို ပြောင်းပြန်ပြန်ပြီးနားထောင်သင့်တယ်နဲ့တူတယ်...ငါ...."

သူ့စကားမဆုံးခင်၌ ရွှမ်းကျီးမှာတစ်စုံတစ်ခုကို ရုတ်တရက်အာရုံခံစားလိုက်ရသောကြောင့် ဝမ်ဇယ်ကို ဘေးသို့တွန်းထုတ်လိုက်သည်။ ဝမ်ဇယ်ခမျာ ဒယီးဒယိုင်ဖြစ်သွားရှာပြီး သူ့ခြေထောက်များကိုသေသေချာချာပြန်ထိန်းရပ်ပြီးသည့်နောက်တွင်မူ မူလက သူရပ်နေခဲ့သောနေရာတွင် လတ်လတ်ဆတ်ဆတ်သွေးစီးကြောင်းတစ်ကြောင်းကိုတွေ့မြင်လိုက်ရလေသည်။

"ဘာ......"

သွေးစီးကြောင်းနှင့်အတူ ပန်းမြေခွေး၏မျက်လုံးများပြူးကျယ်လာနေသည်ကို ဝမ်ဇယ်မြင်တွေ့လိုက်ရ၏။ သူမမှာ အရှေ့ဘက်ကို ကြောင်တောင်ဆွံ့အစွာဖြင့် တန်းတန်းမတ်မတ်စူးစိုက်ကြည့်ရှုနေတာဖြစ်သည်။ ထို့နောက်တွင်မူ သူမ၏မီးကျွမ်းထားသောနဖူးပြင်ထက်မှ သွေးများသည်ကား ရေပိုက်တစ်ခုသဖွယ် ဒရဟောပန်းထွက်လာတော့သည်။

"ဖယ်ကြ!"

ရွှမ်းကျီးက အလျင်အမြန်တုံ့ပြန်လိုက်ပြီး အကြွေစေ့လက်တစ်ဆုပ်စာကို လေထုအတွင်းသို့ပစ်လွှတ်လိုက်သည်။ ထိုအကြွေစေ့များမှာ အကြီးအသေးအရွယ်အစားမျိုးစုံရှိသော ဒိုင်းကာများသဖွယ်ပြောင်းလဲသွားကြပြီး လေနတ်ဘုရားအဖွဲ့သားအချို့၏အရှေ့မှနေ၍ ပိတ်ဆို့ကာဆီးထားလိုက်လေသည်။ ထိုအကြွေစေ့များမှာ အသွင်ပြောင်းသွားပြီးပြီးချင်းမှာပင် ပန်းမြေခွေးနှင့် အခြားသောဝတ်ရုံရှည်အပေါင်းအဖော်များမှာ လေအဖြည့်လွန်ပြီးဖောင်းကားနေသော မိုးပျံပူဖောင်းများသဖွယ် ပေါက်ကွဲထွက်သွားရှာတော့သည်။ သူတို့၏အသားစများနှင့်သွေးများမှာလည်း နေရာအနှံ့အပြားသို့လွင့်စင်သွားကြသည်။ အချို့မှာ မြေကြီးပေါ်ရှိ ကျောက်တုံးများကိုထိမိသွားသည်နှင့်တပြိုင်နက် ကျောက်တုံးများ၏အနားစွန်းတစ်ခုလုံးမှာ တိုက်စားခံလိုက်ရရှာပြီး အနက်ရောင်သို့ပြောင်းလဲသွားရှာတော့သည်။

ကွင်းဆင်းဝန်ထမ်းများသည်ကား ပြေးရင်းလွှားရင်းမှာပင် တိုးလို့တန်းလန်းရပ်တန့်သွားကြပြီး နေရာ၌ တဒင်္ဂမျှအကြောင်သားရပ်နေမိကြသည်။ မျက်စိတမှိတ်အတွင်းမှာပင် စိုထိုင်းနံစော်လှသော ဤမြေအောက်ကမ္ဘာအတွင်း၌ တစ်စစီဖြစ်သွားသောအလောင်းများနှင့် သူတို့အုပ်စုအတွင်းမှထွက်ပေါ်လာသော မြန်ဆန်သောအသက်ရှူသံများသာကျန်ရစ်ခဲ့လေတော့သည်။

ဒါက လူသတ်နှုတ်ပိတ်လိုက်တာပဲ

ရွှမ်းကျီးမှာ ချက်ချင်းပင် သူ၏အသိစိတ်အာရုံကိုဖြန့်ကျက်လိုက်ပြီး ထိုအာရုံခံစားမှုများသည်ကား အကောင်အထည်မမြင်ရသောလေပွေတစ်ခုပမာ အနီးအနားတွင်ရှိနေသော သက်ရှိတစ်ယောက်ချင်းစီတိုင်းအပေါ်သို့ခြုံလွှမ်းသွား၏။ လျှပ်တပြက်အတွင်းမှာပင် သူနှင့် မီတာ (၂၀) (၃၀) အကွာအဝေးအတွင်း၌ရှိနေသော ကြွက်တွင်းထဲမှကြွက်များ၏ တိုးဖျော့သောဇီဝတုံ့ပြန်မှုများကိုတောင် အာရုံခံစားနိုင်သည်အထိပင်။ ၎င်းမှာ အထူးတပ်ဖွဲ့ဝင်များအတွင်းမှ ဖိအားများကြောင့် ပရမ်းပတာဖြစ်နေသောနှလုံးခုန်သံများနှင့် ပုံမှန်ထက်နိမ့်ကျနေသောအပူချိန်များကိုသာ ခံစားလိုက်ရသည်။ မူမမှန်သည့်အရာမျိုးဘာတစ်ခုရှိမနေ။

သူ ခေါင်းမော့ကြည့်လိုက်သောအခါတွင်မူ ကွင်းဆင်းဝန်ထမ်းတစ်ယောက်၏လက်ထဲတွင်ကိုင်ထားသော 'စစ်မှန်ခြင်းဂိုဏ်း' ၏အသိုက်အတွင်းမှသိမ်းယူလာသည့် ထူးဆန်းသောသားရဲသတ္တဝါရုပ်ထုကိုမြင်တွေ့လိုက်ရသည်။ နဂါးမျက်နှာပုံရှိသော အဆိုပါရုပ်ထုသည်ကား မျက်နှာထက်တွင်လှောင်ပြုံးတစ်ခုကိုသယ်ဆောင်ထားရင်း အမှောင်ထဲမှနေ၍ သူ့ကိုကြည့်နေသယောင်။

သစ်တောဥယျာဉ်ထဲမှာတုန်းကလည်း ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာတယ်.....လေနတ်ဘုရားအဖွဲ့က လောင်ရှောင်းထင်နေသလိုမျိုး သန့်ရောသန့်ရှင်းကြရဲ့လား?

.

"မင်းပြောတာက ပူဆွေးယဇ်ပူဇော်ပွဲကိုဆင့်ခေါ်တဲ့ နောက်ကွယ်ကအဓိကတရားခံက 'စစ်မှန်ခြင်းဂိုဏ်း' နဲ့ပတ်သက်မှုရှိနေတယ်လို့ဆိုလိုတာလား?"

ရှောင်းကျန်းသည်ကား တစ်ဖက်တွင် မန္တန်အစီအရင်ကြောင့်ကိုမာဝင်သွားရှာသော ဝန်ထမ်းများ၏အမည်စာရင်းကိုခပ်သွက်သွက်ကြည့်ရှုနေရင်းက တစ်ဖက်တွင် ဖုန်းထဲမှနေ၍ ဝမ်ဇယ်ကိုမေးမြန်းနေခြင်းဖြစ်သည်။

"စစ်မှန်ခြင်းဂိုဏ်းနဲ့ပတ်သက်ပြီး ငါတို့ ဘာတွေသိထားသေးလဲ?"

ရွှမ်းကျီးနှင့်သူ့အပေါင်းအပါများသည်ကား သုံးချွမ်းမှောင်ခိုဈေးကွက်ကို ပိုက်စိပ်တိုက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေချိန်တွင် ရှောင်းကျန်းသည်ကား ယုံအန်းရှိ ဌာနချုပ်ဆီသို့ လေယာဉ်စီးပြီးတိတ်တဆိတ်ပြန်သွားခဲ့ပြီဖြစ်သည်။ သူလေယာဉ်ပေါ်မှဆင်းလာရုံရှိသေး၊ သူတို့၏စစ်ဆင်ရေးကျရှုံးကြောင်းသတင်းပို့လာသည့် ဖုန်းဝင်လာခြင်းဖြစ်သည်။

"ဝရမ်းထုတ်ထားတဲ့ ရာဇဝတ်သားအများစုက အဲဒီဂိုဏ်းနဲ့ဆက်စပ်မှုရှိနေကြတယ်၊ လေနတ်ဘုရားအဖွဲ့သားတွေကလည်း တစ်နိုင်ငံလုံးကိုပတ်ပြီး သူတို့နောက်ကိုတောက်လျှောက်နောက်ယောင်ခံလိုက်ပြီးစုံစမ်းစစ်ဆေးနေကြတာပဲ၊ ငါသံသယဝင်နေတဲ့အချက်က ဒီဂိုဏ်းရဲ့ ဂိုဏ်းတွင်းလေ့ကျင့်ရေးသင်တန်းတွေက အဆင့်မြင့်တဲ့ပုံပဲ__ငါတို့ရဲ့ ကွင်းဆင်းဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အနိမ့်ဆုံးအရည်အချင်းမျိုးတောင်မရှိတဲ့ ထူးခြားစွမ်းရည်ပိုင်ရှင်တွေက အံ့ဩစရာကောင်းလောက်အောင် အစွမ်းတွေထက်လာကြပြီး အတော်လေးဖမ်းရခက်တဲ့လူတွေဖြစ်သွားကြတာလေ၊ ငါတို့မှာ သူတို့ကိုခက်ခက်ခဲခဲဖမ်းမိရုံရှိသေး၊ သူတို့က အခင်းဖြစ်ရာနေရာမှာတင် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပြီးသတ်သေသွားကြတယ်"

ဝမ်ဇယ်သည်ကား ပြောရင်းဆိုရင်းမှာပင် ရွှေလာငွေလာနွယ်ပင်များကို ညှပ်ပစ်နေရရှာသော သူ့ဘေးတွင်ရှိနေသည့် လော်ချွေ့ချွေ့ကို စိတ်မကောင်းဖြစ်ဟန်ဖြင့်တစ်ချက်လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။

"လောင်ရှောင်း...ငါတို့ရဲ့ရုံးတွင်းလေ့ကျင့်ရေးသင်တန်းတွေကိုလည်း တစ်ချက်လောက်ပြန်ပြီးသုံးသပ်စစ်ဆေးသင့်တယ်လို့ မင်းမထင်ဘူးလား?"

ရှောင်းကျန်း : "အဓိကအချက်ကိုပြောစမ်း!"

"ပြီးတော့"

ဝမ်ဇယ်၏အသံမှာ လေးနက်တည်ကြည်သွား၏။

"အဲဒီစစ်မှန်ခြင်းဂိုဏ်းရဲ့အယူဝါဒက ထူးခြားစွမ်းရည်ပိုင်ရှင်တွေဟာ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့မျိုးနွယ်စုတစ်ခုဖြစ်သင့်တဲ့အပြင် သာမန်လူသားတွေထက်အဆင့်အတန်းမြင့်မားတဲ့လူတွေဖြစ်ကြတယ်ဆိုတာပဲ၊ ဒါကြောင့်...ပြောရရင် အထူးသဖြင့် မင်း ဌာနတွင်းစုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါ ဒီအချက်ကို သတိထားရမယ်"

ဘေးနားတွင်မဆိုင်သည့်လူအများအပြားရှိနေသည့်အတွက် ဝမ်ဇယ်မှာ သူပြောချင်သမျှကိုပွင့်ပွင့်လင်းလင်းမပြောဆိုနိုင်ပါချေ။ သို့သော် ရှောင်းကျန်းမှာ ချက်ချင်းပင်အထာပေါက်သွားပြီဖြစ်သည်__အနှီဂိုဏ်းထဲတွင်ပါဝင်ပတ်သက်နေသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထူးခြားစွမ်းရည်ပိုင်ရှင်အများစုသည်ကား သူတို့ကိုယ်သူတို့ သာမန်လူသားများထက်သာလွန်မြင့်မြတ်သည်ဟူသောအမြင်မျိုးရှိကြသူများဖြစ်သည်။ ဤအချက်ကို ဖုန်းလိုင်ညီလာခံအတွင်း၌ မတူသလိုမတန်သလိုနှိမ့်ချဆက်ဆံခံခဲ့ရသော အကြီးအကဲဟွမ်ကိုကြည့်ခြင်းအားဖြင့်သိနိုင်ပေသည်။

DCO အနေဖြင့်ဆိုရလျှင်မူ သူတို့၏ဝင်ပေါက်ရှေ့တွင် 'ပြည်သူ့အကျိုးကိုသယ်ပိုးထမ်းဆောင်မည်' ဟူသည့်ဆိုင်းဘုတ်ပြားကိုချိတ်ဆွဲထားသော တရားဝင်ထူးခြားစွမ်းရည်ပိုင်ရှင်အဖွဲ့အစည်းဌာနတစ်ခုဖြစ်သည့်အတွက် ထိုကဲ့သို့သောအတွေးအခေါ်အယူအဆမျိုးကို တင်းတင်းကြပ်ကြပ်တားမြစ်ပိတ်ပင်ထား၏။ DCO သည်ကား သာမန်လူသားများကိုကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ ထူးခြားစွမ်းရည်ပိုင်ရှင်များကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထိန်းချုပ်ထားတာဖြစ်သည်။ ဥပမာအားဖြင့် ရက်စက်သော '(၁၅) ယောက်မျဉ်းနီ' ဟူသည့်စည်းမျဉ်းမျိုးကိုချမှတ်ထားခြင်းနှင့် ထူးခြားစွမ်းရည်ပိုင်ရှင်များအား စောင့်ကြည့်အကဲခတ်နေခြင်းတို့ဖြစ်သည်။ ထူးခြားစွမ်းရည်ပိုင်ရှင်အများစုမှာ မြေလျှိုးမိုးပျံနိုင်သောအစွမ်းအစမျိုးရှိကြသူများမဟုတ်သည့်တိုင်အောင် ထိုကဲ့သို့ထိန်းချုပ်ခြင်းကိုခံကြရရှာသည်။ အမှန်တကယ်တွင်မူ သူတို့ထဲမှ အများစုမှာ သာမန်လူသားများထက် မဆိုစလောက်စွမ်းအားနည်းနည်းလေးသာပိုရှိနေကြတာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထူးခြားစွမ်းရည်ပိုင်ရှင်များသည်ကား လူသားများပင်ဖြစ်သည်လေ၊ ၎င်းတို့သည်ကား အမတသူတော်စင်များမဟုတ်သလို တန်ဆာပလာပစ္စည်းကိရိယာများလည်းမဟုတ်ကြပေ၊ သို့ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ မည်သူကများ နာကြည်းမုန်းတီးခြင်းမရှိဘဲ ထိုစည်းမျဉ်းများကိုလက်ခံနိုင်ပါမည်နည်း?

ဖုန်းလိုင်ညီလာခံ...မဟုတ်...DCO ဌာနချုပ်အတွင်းမှာပင်__အဆိုပါစစ်မှန်ခြင်းဂိုဏ်းသားများရောနှောပျံ့ဝင်နေပြီလားဆိုတာတောင်မသိနိုင်ပေ။

"ဪ...ဒါနဲ့..."

ဝမ်ဇယ်က ထပ်ဖြည့်ပြောလာသည်။

"အဲဒီစစ်မှန်ခြင်းဂိုဏ်းသားတွေက နဂါးဦးခေါင်းနဲ့ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ကို ကိုးကွယ်ကြတယ်၊ အဲဒီရုပ်ထုက ပါးစပ်ဟထားရင် အစွယ်တွေအဖွေးသားနဲ့....ကြည့်ရတာ တော်တော်ကြောက်စရာကောင်းတယ်...."

"အဲဒီရုပ်ထုက ကိုးပြည်ထောင်စစ်ပွဲကြီးကိုအစပြုဖန်တီးခဲ့တဲ့ မိစ္ဆာဘုရင်ရုပ်ထုပဲ၊ ရှေးဟောင်းသုတေသနဌာနမှာ အဲဒါနဲ့ပတ်သက်တဲ့မှတ်တမ်းတွေရှိတယ်"

ဘေးတွင်ရှိနေသော ယန်ချောင်ကကြားဖြတ်ဝင်ပြောလိုက်သည်။ အားလုံးက သူ့ကိုဝိုင်းကြည့်လာကြသည်ကိုမြင်လိုက်ရသောအခါတွင်မူ ၎င်းမှာ ရှက်ကိုးရှက်ကန်းဖြင့် သူ့လက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်နေတော့သည်။

"အဟွတ်....ဟို...ကျွန်တော်က သမိုင်းဘွဲ့ကြိုဝင်ခွင့်ဖြေဖို့ ပြင်ဆင်နေတာကိုသိကြတယ်မဟုတ်ဘူးလားဟင်? ဒါကြောင့် ကျွန်တော်က အချိန်ရတိုင်း ကျွန်တော်တို့ရဲ့ရုံးတွင်းမှတ်တမ်းတွေနဲ့ အပြင်ကသာမန်လူတွေရေးထားကြတဲ့သမိုင်းမှတ်တမ်းတွေကို နှိုင်းယှဉ်ပြီးဖတ်ကြည့်တတ်တယ်လေ၊ အဲဒါက အတော့်ကိုစိတ်ဝင်စားစရာကောင်းတဲ့အပြင် ကျက်ပြီးသားစာတွေကိုလည်းမမေ့အောင်အထောက်အကူပြုတာမို့လို့"

"လူဆိုးတွေသာ စာရေးတတ်ဖတ်တတ်တဲ့ကောင်တွေဆိုရင်တော့ မလွယ်ဘူးပဲ"

ဝမ်ဇယ်က သက်ပြင်းချလိုက်သည်။

"ရပြီ...ဒီတစ်ခေါက် ငါတို့ဘက်က သဲလွန်စတွေပျောက်သွားပြီ၊ ဒီနေရာကိုရှင်းလင်းပြီးတာနဲ့ ယွဲ့သယ်ဘိုးဘိုးရဲ့တပည့်သားမြေးတွေကို ဌာနချုပ်ဆီဖမ်းခေါ်သွားလိုက်ကြတော့"

လေနတ်ဘုရားအဖွဲ့သားများသည်ကား အမိန့်ကိုလက်ခံရရှိသည်နှင့်တပြိုင်နက် အုံးအုံးကျွက်ကျွက်စတင်လှုပ်ရှားကြလေသည်။ ဘာမှလုပ်စရာမရှိတော့သည့် ရွှမ်းကျီးသည်ကား သူ၏အလုပ်တာဝန်ဖြစ်သော 'အစေခံအမေအိုကြီး' တစ်ယောက်၏အလုပ်တာဝန်ကိုပြန်လည်သတိရသွားပြီးနောက်တွင်တော့ သူ့အိတ်ကပ်ထဲမှပိုက်ဆံစိုက်ထုတ်လိုက်ပြီး လုံ့လဝီရိယရှိရှိဖြင့် အချိန်ပိုဆင်းရင်းအလုပ်တာဝန်ထမ်းဆောင်ခဲ့ကြသော သူ၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူများအား ကော်ဖီများနှင့်အခြားသောက်စရာများကို ကျွေးမွေးဒကာခံခဲ့လေသည်။

လော်ချွေ့ချွေ့ခမျာ သူ့ခန္ဓာကိုယ်မှရှည်ထွက်လာသောနွယ်ပင်များကြောင့် ခြေကုန်လက်ပန်းကျကာပင်ပန်းသွားပြီဖြစ်လေရာ ၎င်းမှာအနားယူရန်အလို့ငှာ အရင်ဦးဆုံးထွက်ခွာသွား၏။ လူငယ်များဖြစ်ကြသော ယန်ချောင်နှင့်ဖျင်ချန့်ရူတို့နှစ်ဦးသည်ကား အရိပ်အကဲနားလည်သူပီပီ သူ့ကိုကူညီရန်အပြေးအလွှားရောက်လာကြ၏။ နေ့တစ်ဝက်လောက်လုပ်စရာရှိသည်များကိုလုပ်ကိုင်ပြီးသွားချိန်၌ ရွှမ်းကျီးက သူတို့နှစ်ဦးအား လက်ဖက်ရည်ဝယ်တိုက်ရန်အပြင်သို့ခေါ်သွားပြီးသော် ထိုအချိန်အတွင်းမှာပင် တောင်စဉ်ရေမရစကားဖောင်ဖွဲ့ရင်း လေနတ်ဘုရားအဖွဲ့ခေါင်းဆောင်များအကြောင်းကိုအတင်းတုပ်ကြလေသည်။

အတင်းအဖျင်းများအရ ရွှမ်းကျီးသိသွားသည့်အချက်များမှာ ဝမ်ဇယ်မှာ သာမန်မိသားစုမှမွေးဖွားလာသောလူထူးလူဆန်းတစ်ယောက်ဖြစ်ပြီး ကျန်းကျောင်း၏မိဘများမှာမူ DCO ၏ကွင်းဆင်းတပ်ဖွဲ့မှ အာဇာနည်သူရဲကောင်းများဖြစ်ကြသည်။ လူများကို ခပ်တန်းတန်းသာဆက်ဆံတတ်သော ကူယွဲ့ရှီး၏နောက်ကြောင်းရာဇဝင်မှာတော့ လျှို့ဝှက်ပြီးထူးဆန်းလှသည်။ ထိပ်သီးကွင်းဆင်းဝန်ထမ်းများကိုရွေးချယ်ရာ၌ ၎င်းတို့၏ကိုယ်ပိုင်စွမ်းရည်များနှင့် အလုပ်နှင့်ပတ်သက်သောကျင့်ဝတ်လိုက်နာမှုများကို စမ်းသပ်စစ်ဆေးရုံသာမကဘဲ သူတို့၏နောက်ကြောင်းရာဇဝင်များကိုပါ တင်းတင်းကြပ်ကြပ်စုံစမ်းစစ်ဆေးလေ့ရှိတာဖြစ်သည်။ မိမိ၏မျိုးဆက်သုံးဆက်အတွင်း လူသားများကိုဆန့်ကျင်သောလုပ်ရပ်များကိုပြုလုပ်ခဲ့သူရှိပါက ထိုတပ်ဖွဲ့အတွင်းသို့ဝင်ရောက်နိုင်မည်မဟုတ်ပါချေ။

"အာဇာနည်သူရဲကောင်းလင်မယားရဲ့ သားတစ်ယောက်နဲ့ ထူးဆန်းတဲ့နောက်ကြောင်းရာဇဝင်ရှိတဲ့သူ....."

ရွှမ်းကျီးသည်ကား လေနတ်ဘုရားအဖွဲ့သားများ၏အတင်းအဖျင်းများကို တိတ်တဆိတ်စိတ်ဝင်တစားနားထောင်လို့နေသည်။ သူက သူ့ကော်ဖီခွက်အတွင်းသို့ သကြားထည့်မွှေလိုက်ပြီး တည်ငြိမ်သောအမူအရာနှင့်ပင် စကားလမ်းကြောင်းပြောင်းလဲလိုက်သည်။ သူတို့မှာ ပြောရင်းဆိုရင်းမှာပင် ယန်ချောင်၏စာသင်နေသောအကြောင်းသို့ရောက်ရှိသွားသည်။

"ဒါရိုက်တာ....အ...အဟွတ်..."

ယန်ချောင်မှာ နှာချေလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့နှာခေါင်းကိုပွတ်သပ်လိုက်သည်။ သူက ရှက်ကိုးရှက်ကန်းပြုံးကာပြောလာသည်။

"ရေးဖြေစာမေးပွဲကတော့ ပြဿနာမရှိလောက်ဘူးထင်ပါတယ်၊ ဒီနှစ်ရက်မှာ ချီတိုင်းပြည်သမိုင်းကြောင်းကိုလေ့လာနေတဲ့ ဂိုက်ဆရာတစ်ယောက်နဲ့ဆက်သွယ်ပြီး ကြိုတင်လေ့လာနေပါတယ်၊ ချီတိုင်းပြည်သမိုင်းကြောင်းကိုလေ့လာတဲ့လူတွေက များများစားစားမရှိဘူးလေ၊ အဲဒီတော့ အဲဒီနယ်ပယ်မှာ အကြိတ်အနယ်ပြိုင်စရာမလိုတော့ဘူးပေါ့"

ချီတိုင်းပြည်ရဲ့သမိုင်းကြောင်း......

ကော်ဖီကိုမွှေနေသောရွှမ်းကျီး၏လက်များမှာ တုံ့ဆိုင်းသွားပြီး ရုတ်တရက်မေးခွန်းထုတ်လိုက်သည်။

"ဒါဖြင့် မင်းက အဲဒီချီတိုင်းပြည်ရဲ့ ဧကရာဇ်ဝူအကြောင်းကိုနားလည်တယ်ပေါ့?"

"သူ့ကိုနားလည်တယ်လို့တော့မပြောနိုင်ပါဘူး....ဒါပေမဲ့ ချီတိုင်းပြည်ရဲ့သမိုင်းကြောင်းအများစုက များသောအားဖြင့် သူနဲ့ပတ်သက်နေတာပဲလေ၊ သူ့ကိုချန်ထားခဲ့လို့မှမရတာ"

ယန်ချောင်သည်ကား သူစိတ်ဝင်စားသောအကြောင်းအရာများကိုပြောဆိုနေချိန်၌ သူ၏ထိပ်ကပ်နာရောဂါမှာပျောက်ကွယ်သွားပြီး ၎င်းမှာ ဝက်ဝံပေါက်လေးတစ်ကောင်လို သူ့လက်ဖဝါးများကိုစိတ်လှုပ်ရှားစွာပွတ်သပ်နေတော့သည်။

"ဧကရာဇ်ဝူနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေအများကြီးပဲရှိတယ်....အဲဒီဧကရာဇ်က တကယ့်ကို ရတနာထဲက ရတနာတစ်ပါးပဲ"

ရွှမ်းကျီးမှာ သူ့အတွေးထဲသို့ထိုးဖောက်ဝင်ရောက်လာသော ထိုလူ၏ပုံရိပ်ကိုခက်ခက်ခဲခဲဖိနှိပ်ထိန်းချုပ်ထားလိုက်ရသည်။

"ဘာအဓိပ္ပာယ်လဲ?"

"ဥပမာပြောရရင် အဲဒီလူနဲ့ပတ်သက်တဲ့ အကြီးမားဆုံးအငြင်းပွားစရာအကြောင်းတစ်ခုပဲဆိုပါတော့၊ သူ့ရဲ့ပထမသက်တမ်းတစ်ဝက်နဲ့ ဒုတိယသက်တမ်းတစ်ဝက်က လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေတယ်လေ၊ လူတစ်ယောက်တည်းလို့တောင်မထင်ရတဲ့အထိပဲ၊ အဲဒီသမိုင်းကြောင်းပုံပြင်ကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ တီဗီဇာတ်လမ်းတစ်ခုကို ဆရာကြည့်ဖူးတယ်မလား? အဲဒီဇာတ်လမ်းထဲမှာ ဧကရာဇ်က လူစားလဲခံလိုက်ရတယ်လို့ရိုက်ထားတာလေ၊ မှတ်မိလား?"

"ဘယ်နေရာမှာ ဆန့်ကျင်ဘက်ဖြစ်နေလို့လဲ?"

ရွှမ်းကျီးမှာ နားမလည်ပေ။

"သူက ပထမသက်တမ်းတစ်ဝက်မှာ စစ်တပ်ထဲမှာပါဝင်ခဲ့ပြီး ဒုတိယသက်တမ်းတစ်ဝက်ကျတော့ စစ်အာဏာရှင်တစ်ယောက်လုပ်ခဲ့တာမဟုတ်ဘူးလား?"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး...သူက ရိုးရာအစဉ်အလာတွေထဲကလို 'ကမ္ဘာကြီးကိုသိမ်းပိုက်အုပ်စိုး' ခဲ့တဲ့ မင်းဧကရာဇ်တစ်ပါးမဟုတ်ဘူး၊ စစ်ပွဲကာလတုန်းက လူသားဧကရာဇ်ရဲ့အခန်းကဏ္ဍက ထင်သလောက်မရိုးရှင်းဘူး၊ သူက အတော်လေးကိုမှောင်မိုက်နေတဲ့ခေတ်ကာလအတွင်းမှာမွေးဖွားလာတယ်ဆိုတာကို ဆရာလည်းသိရမယ်လေ၊ သူမွေးလာတုန်းက လူသားတရားရေးရာ.....ဒါမှမဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုလုံးက ပျက်စီးဆိတ်သုဉ်းသွားခဲ့ပြီလေ၊ တစ်နည်းအားဖြင့်ပြောရရင် လူသားမျိုးနွယ်စုကဆိတ်သုဉ်းပျောက်ကွယ်သွားပြီး စည်းစည်းလုံးလုံးမရှိကြတော့တဲ့အခြေအနေပေါ့။ ရန်သူတွေဘက်က အရမ်းအင်အားကြီးမားတော့ သူတို့ကိုနိုင်အောင်တိုက်ခိုက်ဖို့သိပ်မဖြစ်နိုင်ဘူးလေ၊ ယုတ္တိမရှိတဲ့နှိုင်းယှဉ်ချက်တစ်ခုတော့ရှိတယ်__အဲဒီအချိန်တုန်းက လူသားတွေရဲ့အဖြစ်က ဒီနေ့ခေတ်က သားရိုင်းတိရစ္ဆာန်တွေအဖြစ်နဲ့အတူတူပဲတဲ့။ သူတို့ရဲ့နေအိမ်တွေကိုလုယူဖျက်ဆီးခံရတယ်၊ ရက်ရက်စက်စက်သတ်ဖြတ်ခံရတယ်၊ ကျေးကျွန်အဖြစ်သိမ်းယူခံရတယ်၊ သူတို့ရဲ့အသားတွေကိုတောင်စားသောက်ခံရတယ်လေ၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကျွန်တော်တို့ဆီမှာ သားရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဥပဒေတွေရှိသေးတယ်၊ အဲဒီခေတ်တုန်းက 'လူသားမျိုးနွယ်စုကာကွယ်စောင့်ရှောက်ရေးဥပဒေ' မှမရှိတာ"

ယန်ချောင်က ပြောပြောဆိုဆိုပင် လက်ဖက်ရည်စားပွဲပေါ်မှ ခဲတံတစ်ချောင်းနှင့် စက္ကူလက်သုတ်ပုဝါတစ်စကိုလှမ်းယူလိုက်ပြီး ဟိုခြစ်သည်ခြစ်လုပ်ကာ မဟာချီတိုင်းပြည်ကြီး၏မြေပုံကို ပုံကြမ်းရေးဆွဲပြလိုက်သည်။ ၎င်းမှာအတော်လေးကိုအခြေခံပိုင်နိုင်သူတစ်ဦးဖြစ်၏။ ရေးဖြေစာမေးပွဲအတွက်အသင့်ဖြစ်နေပြီဟုပြောခြင်းမှာ သည်အတိုင်းအာချောင်နေခြင်းမဟုတ်မှန်းသိသာလှသည်။

ယန်ချောင်က မြေပုံကိုထောက်ပြရင်းစကားဆက်လာသည်။

"တကယ်လို့ အဲဒီနှစ်ကာလအတွင်းမှာ ကံဆိုးမိုးမှောင်ကျပြီး လူသားတစ်ယောက်အဖြစ်မွေးဖွားလာခဲ့ရတဲ့လူတွေဆိုရင် သူတို့အသက်ဆက်ရှင်ဖို့အတွက်ရွေးချယ်စရာနည်းလမ်းနှစ်ခုပဲရှိတယ်၊ မြောက်ပိုင်းကိုဆန်တက်မလား၊ တောင်ပိုင်းကိုစုန်ဆင်းမလားဆိုတာပဲ။ မြောက်ပိုင်းကိုဆန်တက်မယ်ဆိုရင် 'မြောက်ပိုင်းစိမ့်မြေတော'တွေဆီရောက်သွားနိုင်တယ်၊ အဲဒီနေရာရဲ့အနောက်ဘက်မှာ သဲကန္တာရတစ်ခုရှိတယ်၊ တောင်ဘက်မှာ ပုကျိုးတောင်နဲ့ အရှေ့ဘက်မှာ ပိုင်ကျွယ်ရေခဲမြစ်ရှိတယ်။ အဲဒီလိုသဘာဝအကာအရံတွေရှိတဲ့နေရာမျိုးက ခုခံတိုက်ခိုက်ဖို့လွယ်ကူသလို ထိုးစစ်ဆင်တိုက်ခိုက်ဖို့လည်းခက်ခဲတယ်လေ၊ 'အရိုးမာ' တစ်ခုလိုပဲပေါ့။ အဲဒီ 'အရိုးမာ' ဒေသက အသည်းခိုက်အောင်ချမ်းအေးပြီး သဘာဝသယံဇာတပစ္စည်းတွေလည်းများများစားစားမရှိဘူး။ အကျိုးရလဒ်မရှိတဲ့နေရာဆိုတော့ ရန်သူတွေကလည်း သိပ်ပြီးစိတ်မဝင်စားကြသလို အဲဒီနေရာကိုဖြတ်တောင်မသွားကြဘူးလေ။ အဲဒီလိုနဲ့ မြောက်ပိုင်းစိမ့်မြေလွင်ပြင်ဒေသက လူသားမျိုးနွယ်စုတွေစုစည်းအခြေချနေထိုင်တဲ့အကြီးဆုံးနေရာဖြစ်သွားတာပဲ။ တောင်ပိုင်းကိုသွားကြတဲ့အုပ်စုကတော့ ပင်လယ်သမုဒ္ဒရာကိုဖြတ်ကျော်ပြီး ကောင်းလင်ကျွန်းကိုရောက်သွားကြတယ်__ဪ အဲဒီနေရာတွေက ဒီနေ့ခေတ်မှာ ယွီကျိုးကျွန်းနဲ့ တောင်ပင်လယ်ကျွန်းလို့ခေါ်တဲ့နေရာတွေပဲ။ အဲဒီအုပ်စုကတော့ ဒေသခံလူသားမဟုတ်တဲ့သူတွေရဲ့ဖယ်ကြဉ်တာကိုခံရပြီး အသက်ရှင်ရပ်တည်ဖို့အတွက် ကူလီထမ်းတဲ့အလုပ်လိုမျိုး ပင်ပန်းကြမ်းတမ်းတဲ့အလုပ်မျိုးတွေလုပ်ရတယ်။ တော့်တော့်ကိုသနားစရာကောင်းတာပေါ့ဗျာ။ အဲဒီလူတွေထဲကမှ ထွက်မပြေးနိုင်ဘဲ အလယ်ပိုင်းမြေပြန့်လွင်ပြင်ဒေသမှာပဲကျန်ခဲ့တဲ့လူတွေကတော့ တစ်ချိန်လုံးပုန်းလိုက်ရှောင်လိုက်လုပ်ရင်း လမ်းဘေးခွေးတွေကြောင်တွေလိုနေထိုင်ကြရတယ်၊ လူတွေဆိုရင်လည်း ခဏခဏတဖြုတ်ဖြုတ်သေကြပြီး အလောင်းတွေကိုမြှုပ်စရာနေရာတောင်မရှိဘူး။ ဆရာစဉ်းစားကြည့်လေ အဲဒီလိုဖြစ်နေတဲ့လူသားမျိုးနွယ်စုကို အနှစ် (၂၀) ဆိုတဲ့အချိန်တိုအတွင်းမှာ တစုတစည်းတည်းပေါင်းစည်းနိုင်အောင်လုပ်နိုင်ခဲ့တဲ့ ဧကရာဇ်ဝူဆိုတဲ့လူက အတော်လေးကိုထူးချွန်ပြောင်မြောက်ပြီး သူမတူတဲ့အစွမ်းအစရှိတဲ့သူမျိုးဖြစ်မှာပဲ။ သူက လူသားတွေကိုမျှော်လင့်ချက်တစ်ခုခုပေးခဲ့တာသေချာတယ်၊ သူ့နောက်ကိုသာလိုက်ရင် သူတို့တွေဟာ ဒီကမ္ဘာလောကကြီးပေါ်မှာဂုဏ်သိက္ခာရှိရှိ နေထိုင်သွားနိုင်မယ်လို့တထစ်ချယုံကြည်သွားကြတယ်လေ"

ရွှမ်းကျီးက မျက်လွှာကိုချပြီး ဧရာမမြေပုံကြီးနှင့် ပြန့်ကျဲနေသောအစက်အပြောက်များဖြင့်ပုံဖော်ထားသောလူသားမျိုးနွယ်စုများကိုကြည့်ရှုလိုက်သည်။ သူ့နှလုံးသားထဲတွင် ဘာမှန်းမသိသောခံစားချက်တစ်ခုဖြစ်တည်လာသော်ငြား အနှီထူးဆန်းသောခံစားချက်မှာ သူသေသေချာချာမသိလိုက်ခင်မှာပင် ပျောက်ကွယ်သွားရှာသည်။

သူက အာရုံစူးစိုက်ထားရင်း ပြောဆိုလိုက်သည်။

"ဧကရာဇ်ဝူက တိုင်းပြည်ကိုပြန်လည်တည်ထောင်တုန်းက သူ့အသက်က နှစ်ဆယ်စွန်းစွန်းပဲရှိသေးတာမဟုတ်လား? နေရာတကာလေလွင့်လျှောက်သွားနေရတဲ့ ခြေသလုံးအိမ်တိုင်လူငယ်လေးတစ်ယောက်က ဘယ်လိုအစွမ်းအစမျိုးတွေရှိနေလို့လဲ? မင်းတို့နယ်ပယ်ထဲမှာ ငါကြားဖူးတဲ့လူပြောများတဲ့နာမည်ကျော်သီအိုရီတွေအရတော့ သူ့ရဲ့လူငယ်ဘဝဟာ နာမည်ကျော်ကြားဖို့အတွက် အသုံးချခံလိုက်ရတဲ့ ရုပ်သေးရုပ်တစ်ရုပ်သက်သက်ပဲလို့ပြောကြတယ်။ လူသားမျိုးနွယ်စုကိုပြန်လည်စုစည်းတည်ထောင်ခဲ့တဲ့ တကယ့်ဆရာကြီးက သူ့နောက်ကွယ်မှာတစ်ချိန်လုံးရှိနေတာတဲ့လေ"

ယန်ချောင်: "ဆရာက ဧကရာဇ်ရဲ့ဆရာဖြစ်သူ သန်းလီအကြောင်းကိုပြောနေတာလား? ဟုတ်တယ် သန်းလီက မဟာချီတိုင်းပြည်ကြီးကိုပြန်လည်တည်ထောင်ခဲ့တဲ့ နောက်ကွယ်ကလူပဲ။ ဒီသီအိုရီက လူတော်တော်များများကျယ်ကျယ်ပြန့်ပြန့်လက်ခံကြတဲ့ သီအိုရီပဲ။ ပြီးတော့ ဧကရာဇ်ဝူရဲ့ဘဝသက်တမ်းနှစ်ပိုင်းမှာ သူ့ရဲ့နိုင်ငံရေးလုပ်ထုံးလုပ်နည်းပုံစံတွေ ဘာကြောင့်ပြောင်းလဲသွားရသလဲဆိုတာကို ကွက်တိရှင်းပြပေးနိုင်တဲ့သီအိုရီတစ်ခုပေါ့၊ ရှန့်ရှောင်းရဲ့စိတ်နေသဘောထားက သန်းလီကိုကွပ်မျက်ပြီးတဲ့နောက်ပိုင်းမှာမှ လုံးဝဥဿုံပြောင်းလဲသွားတာပဲ"

ရွှမ်းကျီးမှာ သန်းလီအကြောင်းကို သူ့ပါးစပ်ဖြင့်သူထုတ်ဖော်ပြောကြားလာသော်ငြား ယန်ချောင်၏ထောက်ခံမှုကိုကြားလိုက်ရသောအခါတွင်မူ ရုတ်တရက် သူ့စိတ်ထဲတွင် ထောင်းခနဲဒေါသထွက်သွား၏။ သူ၏ကျိုးကြောင်းဆင်ခြင်တတ်သောအသိတရားကြောင့်သာမဟုတ်ပါက သူ့ပါးစပ်မှ လွှတ်ခနဲထုတ်ဆဲမိတော့မလိုပင်ဖြစ်သွားသည်။

ယန်ချောင်မှာမူ သူ့ကမ္ဘာထဲတွင် သူ့ဘာသာသူတစ်ကိုယ်တော်နစ်မြုပ်နေဆဲဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ၏ပြောင်းလဲသွားသောမျက်နှာထားကို သတိမထားမိပါချေ။ သူက ဆက်လက်၍ပွစိပွစိရေရွတ်နေသည်။

"သန်းလီကလည်း စိတ်ဝင်စားစရာကောင်းတဲ့လူပဲ၊ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ရှန့်ရှောင်းကလည်း 'အလံတံခွန်' တစ်ခုသက်သက်ပဲတော့မဟုတ်ဘူး__ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက ထီးနန်းဆက်ခံဖို့အတွက်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင်လည်း သူက လူသားမျိုးနွယ်စုရဲ့ ပထမဆုံး တရားဝင်ထီးနန်းဆက်ခံခွင့်ရှိတဲ့သူမဟုတ်ဘူးလေ"

".....ဟင်?"

"ဆရာ 'နင်မင်းသား' အကြောင်းကြားဖူးတယ်မလား? 'နင်မင်းသား ရှန့်ဝေ' လေ၊ ဧကရာဇ်ဝူနဲ့ တဖအေတမအေတည်းကမွေးတဲ့ အစ်ကိုအရင်းခေါက်ခေါက်ပဲ၊ သူက အသက်သုံးနှစ်ပိုကြီးတယ်၊ ပြောကြတာက ဧကရာဇ်ဝူက သူ့ရဲ့ဒုတိယသက်တမ်းတစ်ဝက်မှာ မိဘဆွေမျိုးသားချင်းတွေအပေါ်မှာ အရမ်းကိုစိမ်းစိမ်းကားကားဆက်ဆံခဲ့တယ်တဲ့၊ သူ့မိခင်အရင်းကိုတောင်မှပဲ နတ်ရွာစံတဲ့အချိန်ထိ နေအိမ်အကျယ်ချုပ်ချထားခဲ့တာလို့ပြောတယ်၊ ဒါပေမဲ့ သူက သူ့အစ်ကိုတော်နဲ့တော့ဆက်ဆံရေး အမြဲတမ်းကောင်းခဲ့ပါတယ်၊ နောက်ဆုံး သူ့ရဲ့ထီးနန်းအရိုက်အရာကိုတောင် နင်မင်းသား သေပြီးနောက်ပိုင်းမှာမှမွေးလာတဲ့ သူ့ရဲ့သားတော်ဆီကိုလွှဲအပ်ခဲ့တယ်လေ၊ စဉ်းစားကြည့်လိုက်ရင် ဒါရိုက်တာ ဒီကိစ္စကထူးဆန်းမနေဘူးလား? သွေးသားအရဆိုရင်လည်း သူတို့နှစ်ယောက်လုံးက အဆင့်အတန်းချင်းသာတူညီမျှဖြစ်နေတာပဲလေ၊ အဖေတစ်ယောက် အမေတစ်ယောက်လည်းရှိတယ်၊ တရားဝင်မိဖုရားခေါင်ကြီးကမွေးလာတဲ့သားတော်မို့လို့၊ နိမ့်ကျတဲ့ကိုယ်လုပ်တော်ကမွေးတဲ့သားတော်မို့လို့ ဆိုတဲ့ပြဿနာမျိုးတွေလည်းမရှိဘူးလေ၊ ဒါကြောင့်သဘောတရားအရဆိုရင် အသက်အရွယ်ပေါ်မူတည်ပြီးထီးနန်းဆက်ခံသင့်တာမဟုတ်လား၊ သန်းလီနဲ့သူ့လူတွေက ဘာဖြစ်လို့ အစ်ကိုတော်ကိုမရွေးဘဲ ညီတော်ကိုရွေးချယ်ခဲ့တာလဲ?"

"ပြောကြတာက 'နင်မင်းသား' က 'ကျန်းမာရေးချူချာသူ' တစ်ယောက်ဖြစ်တာမို့လို့ဆို..."

"အိုင်း....လူတစ်ယောက်က အရွယ်ရောက်ပြီးလူကြီးတစ်ယောက်ဖြစ်လာတဲ့အပြင် အိမ်ထောင်ပြုသားမွေးအလုပ်မျိုးကိုတောင်လုပ်နိုင်မှတော့ ဘယ်လိုလုပ်ပြီးချူချာတဲ့လူတစ်ယောက်ဖြစ်မှာလဲ? အရင်ခေတ်တုန်းက ကလေးငယ်လေးတွေဆိုတာ ရောဂါရှိမရှိကို ကွာရန်တင်းဝင်ပြီးမစစ်ဆေးရသေးတဲ့ ကြက်ပေါက်လေးတွေလိုပဲလေ၊ သူတို့က ဒီနေ့မှာဒေါင်ဒေါင်မြည်ကျန်းမာနေပေမယ့် နောက်တစ်နေ့ကျရင် လေတိုက်ခံရပြီးတောင် သေရင်သေသွားနိုင်တာပဲ။ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အသက်ရှင်သန်နိုင်စွမ်းလည်းပိုများလာတာပဲ__ရှန့်ရှောင်းဆီမှာလည်း ခေါင်းကိုက်ဝေဒနာရှိတယ်လို့ သမိုင်းစာအုပ်တွေထဲမှာ ပြောကြတာပဲလေ၊ ဒါဆိုရင် သူလည်း အဲဒီလောက်ကျန်းမာရေးကောင်းတဲ့လူမှမဟုတ်တာ၊ ဒါကြောင့် ကျွန်တော်ထင်တာက ဧကရာဇ်ဝူက ထူးခြားတဲ့စွမ်းရည်တစ်မျိုးမျိုးကိုပိုင်ဆိုင်ထားတာဖြစ်နိုင်တယ်မဟုတ်ဘူးလား?"

ရွှမ်းကျီးက အတွေးပင်လယ်ထဲတွင်နစ်မြောနေရင်း စီးကရက်တစ်လိပ်ကိုထုတ်ယူလိုက်သည်__

ခေါင်းကိုက်ရောဂါရှိတာကတော့ အမှန်ပဲ၊ အဲဒီရောဂါက သူ မသေခင်တင်မကဘူး သေပြီးနောက်ပိုင်းအထိကို လုံးဝသက်သာပျောက်ကင်းမသွားခဲ့ဘူး

"မင်းဆိုလိုတာက?"

"ထူးခြားစွမ်းရည်တစ်မျိုးမျိုးပဲ"

ယန်ချောင်ကဆိုသည်။

"ကျွန်တော်နဲ့ဆက်သွယ်ထားတဲ့ ဂိုက်ဆရာက ရှန့်ရှောင်းရဲ့အမာခံပရိသတ်လေ၊ သူတစိုက်မတ်မတ်ပြောတာက သူ့ရဲ့ပိရှက စစ်ပွဲအတွင်းမှာရခဲ့တဲ့ရှားပါးဒဏ်ရာကြောင့် နောက်ပိုင်းသက်တမ်းတစ်ဝက်မှာ ဒီလိုမျိုးစိတ်နေသဘောထားပြောင်းလဲသွားရတာလို့ ပြောတယ်"

ရွှမ်းကျီးမှာ သူ့ပါးစပ်မှလွှတ်ခနဲပြောလိုက်မိသည်။

"ပေါက်ကရတွေ"

//ဘာကိစ္စ 'သူ့ရဲ့ပိရှ' ဖြစ်ရမှာလဲ?//

"သူက သာမန်လူသားတစ်ယောက်ရဲ့အမြင်ကနေကြည့်လို့ပါဗျာ"

ယန်ချောင်က ရွှမ်းကျီး၏စကားကိုသဘောမပေါက်ဘဲ သူပြောချင်ရာကိုသာဆက်ပြော၏။

"ကျွန်တော်ကတော့ ကျွန်တော်တို့လိုထူးခြားစွမ်းရည်ပိုင်ရှင်တွေရဲ့ရှုထောင့်ကနေတွေးကြည့်မိတယ်။ ကျွန်တော်ထင်တာက သူ့ရဲ့စိတ်သဘောထားပြောင်းလဲသွားမှုက ဒဏ်ရာတစ်မျိုးမျိုးကြောင့်မဟုတ်ဘဲ ထူးခြားတဲ့ကျင့်ကြံရေးနည်းလမ်းတွေကြောင့်ပဲဖြစ်လိမ့်မယ်"

ရွှမ်းကျီးမှာ သူ၏ယုံကြည်အားကိုးလို့မရသော ဘွဲ့ကြိုကျောင်းသားလေးအား တအံ့တဩကြည့်လိုက်ရင်း စိတ်ထဲမှတွေးလိုက်သည်။

သူခန့်မှန်းတာက အတော်လေးကိုမှန်သလောက်ပဲဟ

သေပြီးနောက် မိစ္ဆာအဖြစ်ပြောင်းလဲသွားသည်၊ မိစ္ဆာစွမ်းအင်များမှာလည်းချုပ်ငြိမ်းပျက်စီးမသွား၊ ဤကဲ့သို့သော 'ထူးခြားသည့်ကျင့်ကြံရေးလမ်းစဉ်' မျိုးအား စာပေကျမ်းဂန်များထဲတွင် အမည်နာမတစ်မျိုးဖြင့်ညွှန်းဆိုရေးသားလေ့ရှိသည်။

"မိစ္ဆာလမ်းသို့လျှောက်လှမ်းခြင်း"

"သမိုင်းကြောင်းတွေနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့စာဖတ်အားက သိပ်တော့မကောင်းသေးပါဘူးဗျာ"

ယန်ချောင်သည်ကား ခေါင်းဆောင်ဖြစ်သူ၏အံ့ဩဆွံ့အသွားသောအမူအရာမှာ သူ ရမ်းသမ်းမှန်းသမ်းလျှောက်ပြောနေခြင်းကြောင့်များလားဟုထင်သွားပြီးသကာလ အလျင်အမြန်ပင် သူ့ကိုယ်သူနှိမ့်ချစွာပြောဆိုလိုက်သည်။

"ကျွန်တော်ပြောတာတွေကို ဆရာနားထောင်ရုံပဲနားထောင်ပါ၊ ဘာပဲဖြစ်ဖြစ် ဒါတွေက ကျွန်တော့်ရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေသက်သက်ပါပဲ....အဟမ်း...ပထမအချက်က အလယ်ပိုင်းမြေပြန့်လွင်ပြင်ဒေသကို အကြမ်းဖက်သိမ်းပိုက်ခဲ့တဲ့ 'လူနည်းစု မျိုးနွယ်စုခေါင်းဆောင်' ကို ဧကရာဇ်ဝူက သူ့လက်နဲ့သူကိုယ်တိုင်သတ်ဖြတ်ခဲ့တယ်လို့ပြောကြတယ်မလား? အဲဒီ 'လူနည်းစု မျိုးနွယ်စုခေါင်းဆောင်' က လူသားတစ်ယောက်မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့အားလုံးသိကြတာပဲ။ သူက အမှန်တကယ်တော့ လူမဟုတ်တဲ့ 'အခြားမျိုးနွယ်စု' တစ်စုက မျိုးနွယ်စုဝင်တစ်ယောက်ပဲ။ သာမန်ပြည်သူပြည်သားတွေကြားထဲမှာတော့ သူ့ကို 'မိစ္ဆာဘုရင်' လို့ခေါ်ကြတယ်။ သမိုင်းမှတ်တမ်းထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှာရှိတဲ့ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် အဲဒီ 'မိစ္ဆာဘုရင်' က အနည်းဆုံးအသက်ရာကျော်ရှိပြီး ကောင်းကင်မှာပျံသန်းတဲ့သားရဲကောင်တွေကိုရော မြေပြင်ပေါ်မှာပြေးလွှားနေတဲ့ မကောင်းဆိုးဝါးသားရဲကောင်တွေကိုရော တိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိတယ်တဲ့၊ ဆရာပဲစဉ်းစားကြည့်လေ...အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲရှိသေးတဲ့ လူငယ်လေးတစ်ယောက်၊ သူက ထူးခြားစွမ်းရည်ပိုင်ရှင်တစ်ယောက်ပဲဖြစ်ဖြစ်၊ မစားမသောက်ဘဲ မွေးကတည်းကတစ်ရေးမှမအိပ်ဘဲ နေ့ရောညပါမနားမနေလေ့ကျင့်ရေးဆင်းထားတဲ့သူပဲဖြစ်ဖြစ် အဲဒီ Big Boss ကြီးကို လက်ဗလာနဲ့တစ်ချက်တည်းအသေသတ်နိုင်တယ်ဆိုတာမျိုးက ဘယ်လိုမှအဓိပ္ပာယ်မရှိဘူးမဟုတ်လား? တကယ်လို့ ရှေးဟောင်းသမိုင်းမှတ်တမ်းတွေထဲက ရေးသားချက်တွေက မှန်နေခဲ့မယ်ဆိုရင် ဒါဖြင့်ရင် သူ့မှာအများနဲ့မတူ တမူထူးခြားတဲ့ တိုက်ခိုက်စွမ်းရည်တွေရှိမှာပဲ__ပြီးတော့ အဲဒီစွမ်းရည်မျိုးကလည်း သာမန်နည်းလမ်းနဲ့လေ့ကျင့်ပြီးရရှိလာတဲ့စွမ်းရည်မျိုးမဟုတ်နိုင်ဘူး"

ဒုတိယအချက်ကတော့ အားလုံးသိကြတဲ့အတိုင်းပဲ၊ ရှန့်ရှောင်းမှာ ထီးနန်းဆက်ခံမယ့်သားသမီးမရှိတာကြောင့် သူ့ရဲ့တူတော်မောင်ကိုမွေးစားပြီး ထီးနန်းအရိုက်အရာကိုလွှဲအပ်ခဲ့တယ်။ ဧကရာဇ်ဝူရဲ့တော်ဝင်ဂူသင်္ချိုင်းထဲမှာလည်း သူ့ရဲ့ အဝတ်အစားတွေကိုပဲဂူသွင်းမြှုပ်နှံထားတာ။ ဒါပေမဲ့ သူ့ရဲ့အလောင်းကိုရှာမတွေ့ဘူးပဲထားပါတော့၊ ဒါဆိုရင်လည်း သူ့ရဲ့မိဖုရားကိုရော ဘာဖြစ်လို့ အဲဒီမှာအတူတူမြှုပ်မထားတာလဲ? ဧကရာဇ်ဝူရဲ့ မိဖုရားဖြစ်သူနဲ့ပတ်သက်တဲ့အကြောင်းအရာမျိုးကိုလည်း ရှေးဟောင်းမှတ်တမ်းတွေထဲမှာမှတ်တမ်းတင်ထားတာမျိုးမတွေ့ရဘူး၊ ဒါကြောင့် အားလုံးခန့်မှန်းကြတာက သူက ဘယ်ကိုယ်လုပ်တော်ကိုမှ မိဖုရားအဖြစ်မချီးမြှောက်ခဲ့ဘူးဆိုတာပဲ။ ဒါပေမဲ့ တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ဆိုရင် ထိမ်းမြားမင်္ဂလာပြုတာ၊ ထီးနန်းဆက်ခံသူကိုမွေးဖွားတာ စတဲ့အလုပ်မျိုးတွေက နိုင်ငံရေးတာဝန်လည်းဖြစ်သလို 'အမျိုးသားရေးတာဝန်' တစ်ရပ်ပဲလေ။ အဲဒီလိုဂုဏ်သိက္ခာကြီးမားပြီး လေးလံတဲ့တာဝန်ကိုပြီးမြောက်အောင်မထမ်းဆောင်ခဲ့တဲ့အပြင် သူ့ရဲ့မှူးမတ်ဝန်ကြီးတွေကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုတိုက်တွန်းပြောဆိုတာမျိုးလည်းမလုပ်ခဲ့ကြဘူး....အနည်းဆုံးတော့ မှူးမတ်ဝန်ကြီးတွေက သူ့ကိုထိမ်းမြားမင်္ဂလာပြုဖို့တိုက်တွန်းတဲ့အကြောင်းမျိုးကို သမိုင်းမှတ်တမ်းထဲမှာရေးထားတာမတွေ့ရဘူးလေ၊ မသိရင် သူတို့တွေက အလုပ်များလွန်းလို့ အဲဒီကိစ္စကိုမေ့သွားတဲ့အတိုင်းပဲ၊ ဒါက ဘယ်လိုမှအဓိပ္ပာယ်မရှိဘူးမဟုတ်လား? ဒါကြောင့် အနှစ်ချုပ်ရရင် ကျွန်တော်ထင်တာကတော့ ရှန့်ရှောင်းရဲ့ခန္ဓာကိုယ်ဟာ ထူးခြားစွမ်းရည်တစ်မျိုးမျိုးကြောင့် မျိုးဗီဇပြောင်းလဲသွားတာဖြစ်နိုင်ပြီး အဲ့သလိုမျိုးဗီဇပြောင်းလဲသွားတာကလည်း သူငယ်ငယ်လေးကတည်းကဖြစ်ခဲ့တာပဲဖြစ်ရမယ်"

ဒဏ္ဍာရီပုံပြင်များထဲမှ လူသားဧကရာဇ်သည်ကား မိစ္ဆာတစ်ကောင်ပင်တည်း။

ရွှမ်းကျီးမှာ စိတ်ပျံ့လွင့်သွားပြီး သူ့လက်ကြားထဲတွင်ညှပ်ထားသော စီးကရက်ကိုပင် မီးညှိရန်မေ့လျော့သွားလေသည်__၎င်းသည်ကား ငယ်စဉ်ကတည်းကပင် ထိုကဲ့သို့ဖြစ်နေတာမျိုးအတော်လေးဖြစ်နိုင်ချေရှိသည်။ လူသားမျိုးနွယ်စုက သူ့အားရွေးချယ်ခဲ့သောအချိန်တွင်လည်း အရာအားလုံးမှာကံကြမ္မာ၏အလိုတော်အတိုင်းသာဖြစ်ပေလိမ့်မည်။

(T/N

ဒီနေရာလေးကို နားလည်ရဲ့လားမသိဘူး။ ဆိုလိုတာက ပိရှဟာ သေပြီးနောက်ပိုင်းမှမိစ္ဆာဘဝရောက်သွားတာမဟုတ်ဘဲ ငယ်ငယ်လေးကတည်းက မိစ္ဆာဖြစ်နေပြီးသားလို့ သူတို့နှစ်ယောက်က ကောက်ချက်ချလိုက်တာပါ။ သူတို့ထင်တာ မှန်မမှန်ဆိုတာကတော့ နောက်ပိုင်းမှာအဖြေပေါ်လာပါလိမ့်မယ်)

ရွှမ်းကျီးမှာ သူ့နေရာသို့အစားဝင်ခံစားကြည့်ရန်ကြိုးစားလိုက်လျှင်တောင်မှ ၎င်းမှာ ထိုအကြောင်းကိုတွေးလိုက်ရုံနှင့်ပင် ကြောက်လွန်းသဖြင့် တဆတ်ဆတ်တုန်ယင်သွားရလေတော့သည်။

ဒါက ဘယ်လိုလူ့ဘဝမျိုးကြီးလဲ? ဒါတွေက သူ့ရဲ့နောက်ပိုင်းသက်တမ်းတစ်ဝက်မှာ ရူးသွပ်ပြီးရက်စက်ကြမ်းတမ်းသူတစ်ယောက်ဖြစ်သွားရတဲ့ အကြောင်းရင်းတွေလား?

25.10.21

************

T/N

ဒီအပိုင်းက စာလုံးရေအများကြီးပဲ 😭

***********

Zawgyi

ေဝဟင္ထက္တြင္ရွိေနေသာ  ကူယြဲ႕ရွီးသည္ကား  လက္ထဲတြင္ အေဝးၾကည့္မွန္ေျပာင္းတစ္လက္ကိုကိုင္ထားရင္း ေျမျပင္ေပၚတြင္ရွိေနသည့္ သူမ၏လုပ္ေဖာ္ကိုင္ဖက္မ်ားကို အခ်ိန္ႏွင့္တေျပးညီလမ္းျပၫႊန္ၾကားေနသည္။

“အေနာက္ေတာင္ထြက္ေပါက္နားမွာရွိတဲ့ လွ်ို႔ဝွက္အခန္းထဲမွာ လူသုံးေယာက္…ေလးေယာက္ပုန္းေနတယ္…ဟုတ္တယ္…ထြက္ေပါက္ကေန (၂) မီတာ (၃) မီတာေလာက္ေဝးတဲ့ေနရာမွာ သစ္သားျပားတစ္ခ်ပ္ရွိတယ္ ဟုတ္တယ္မလား? ေကာင္းတယ္….ခ်ဳံခိုတိုက္ခိုက္မႈေတြကိုသတိထားၾက__ဒါရိုက္တာဝမ္ ကြၽန္မ ‘စစ္မွန္ျခင္းဂိုဏ္း’ ရဲ႕ အသိုက္ကိုေတြ႕သြားၿပီ။ သူတို႔ေတြက နဂါးဦးေခါင္းရွိတဲ့ ထူးထူးဆန္းဆန္းသားရဲသတၱဝါေကာင္ႀကီးကို ကိုးကြယ္ၾကတာမလား? ေျမေအာက္ေမွာင္ခိုေဈးရဲ႕အလယ္မွာရွိတဲ့လမ္းမႀကီး…ရွင့္ရဲ႕ညာဘက္ျခမ္းကေန ေရလိုက္ရင္ ေတာင္ဘက္မွာရွိတဲ့ ဒုတိယေျမာက္အခန္း….အဲဒီအခန္းတံခါးေပၚမွာ ဘာမွန္းမသိတဲ့ ေၾကာက္စရာေကာင္းတဲ့ မႏၲန္အစီအရင္ေတြကပ္ထားတယ္။ အဲဒါကိုသြားမထိနဲ႕၊ အထဲမွာလည္း အျပင္ကိုထြက္လာလို႔မရတဲ့ လူေတြရွိေနေသးတယ္၊ သူတို႔ကိုၾကည့္ရတာ ေက်ာေထာက္ေနာက္ခံေကာင္းေကာင္းရွိတဲ့ပုံပဲ၊ ေၾကာက္လန႔္ေနတာမ်ိဳးေတာ့မေတြ႕ရဘူး၊ ပန္းေျမေခြးကလည္း အထဲမွာရွိေနတာကို ကြၽန္မျမင္ရတယ္”

ဝမ္ဇယ္ႏွင့္႐ႊမ္းက်ီးတို႔ႏွစ္ေယာက္သားမွာ လူအုပ္ႀကီးအတြင္းမွတိုးကာေဝွ႕ကာျဖင့္ ထိုအခန္းေလး၏အေရွ႕ဘက္သို႔ေလွ်ာက္သြားလိုက္ၾကသည္။

က်န္းေက်ာင္းက အခန္းတြင္းရွိလူမ်ားထံသို႔ေအာ္ဟစ္ေျပာလိုက္သည္။

“နားေထာင္ၾကစမ္း! အထဲက တရားခံေျပးေတြ! မင္းတို႔ကို ငါတို႔ဝိုင္းထားလိုက္ၿပီ၊ လက္နက္ခ်လိဳက္ေတာ့၊ မလိုအပ္တဲ့ခုခံမႈေတြမလုပ္ၾကနဲ႕! တကယ္လို႔ မင္းတို႔ ကိုယ့္အျပစ္ကိုဝန္ခံရင္ သနားသက္ညွာခြင့္ေပးမယ္။ တကယ္လို႔ မင္းတို႔ခုခံမယ္ဆိုရင္ေတာ့….အိုင္း ….မရေတာ့ဘူး…ငါ့အသံက က်ယ္သင့္သေလာက္မက်ယ္ဘူး၊ အသံကထြက္သင့္သေလာက္ထြက္မလာဘူး၊ ဟိုဘက္ခန္းက ရဲစခန္းဆီကေန ေလာ္စပီကာတစ္လုံးသြားငွားလာေပးစမ္း”

ဝမ္ဇယ္သည္ကား အေဝးႀကီးကတည္းမွပင္ အခန္းတံခါးေပၚတြင္ရွိေနသည့္ လူကိုသက္ေတာင့္သက္သာမျဖစ္ေစေသာအနံ႕အသက္အရွိန္အဝါမ်ိဳးကိုခံစားမိခဲ့ၿပီးျဖစ္သည္။ ၎မွာ က်န္းေက်ာင္းတစ္ေယာက္ နားမလည္ပါးမလည္ႏွင့္ေလွ်ာက္လုပ္ေနမွာကို စိုးရိမ္သြားၿပီး အေရွ႕သို႔အလ်င္အျမန္ထြက္လာကာ သူ၏လည္ကုတ္ကိုဆြဲကိုင္လိုက္ၿပီးေသာ္ ေဘးတစ္ဖက္သို႔တြန္းထုတ္လိုက္ေလသည္။

“ခ်ီးကို ေလာ္စပီကာသြားငွားေနလိုက္…ဟိုဘက္ကိုသြားစမ္း ေကာင္စုတ္ေလး__ခင္ဗ်ားလာၾကည့္ၾကည့္ပါဦး။ ဒီတံခါးေပၚကဟာေတြက ဘာေတြလဲ? ၾကည့္ရတာ ေရွးေဟာင္းမႏၲန္အစီအရင္တစ္ခုခုနဲ႕တူသလိုပဲ…..ခ်င္းဖ်င္ေခတ္တုန္းကဟာေတြမ်ားလား”

“အဆိပ္ပုပ္”

႐ႊမ္းက်ီးက တည္တည္ၿငိမ္ၿငိမ္ပင္ သူ႕ဘယ္ဘက္မ်က္လုံးအတြင္း၌ [မိစာၦတစ္ေထာင္အခ်ပ္ပို] စာအုပ္ကိုဖြင့္ၾကည့္လိုက္သည္။ အံ့ဩစရာေကာင္းစြာပင္ [မိစာၦတစ္ေထာင္အခ်ပ္ပို] စာအုပ္ထဲတြင္ ထိုအေၾကာင္းအရာႏွင့္ပတ္သက္သမွ်အားလုံးကို အေသးစိတ္ေရးသားထား၏။

“ဒီတံခါးက အတြင္းကေနပဲဖြင့္လို႔ရတယ္၊ အျပင္ဘက္ကဖြင့္တဲ့သူမွန္သမွ် ေသခ်ာေပါက္ မသာေပၚသြားၾကမွာပဲ၊ ဒါက ‘ပုံမွန္မႏၲန္’ တစ္ခုပဲ၊ ဒီတံခါးေပၚမွာကပ္ေနတဲ့ပင့္ကူေတြက ‘ျခင္ဆီရည္ပင့္ကူ’ လို႔ေခၚတယ္၊ ပင့္ကူမွ်င္ေတြက အရမ္းအဆိပ္ျပင္းတယ္၊ အဲဒါကိုသြားထိမိရင္ လက္ျပတ္ေျချပတ္ျဖစ္သြားနိုင္တယ္၊ အဲဒီေကာင္ေတြက ေဒါသထြက္လာရင္ ေလထဲကို အဆိပ္ေတြပက္ျဖန္းတတ္တယ္….ဒါေပမဲ့ ကိစၥေတာ့မရွိပါဘူး…ၾကည့္ရတာ အဲဒီတံခါးေစာင့္ေတြက အခုေတာ့ အနိစၥသေဘာနဲ႕ကိစၥေခ်ာသြားၾကတဲ့ပုံပဲ…”

သူ႕စကားသံမဆုံးေသးခင္မွာပင္ အခန္းတြင္းမွ ခိုးတိုးခစ္တစ္ရယ္သံလြင္လြင္ေလးတစ္သံထြက္ေပၚလာသည္။

“အိုင္းယိုး…အသံၾကားလိုက္ကတည္းက အသံပိုင္ရွင္က လူေခ်ာေလးတစ္ေယာက္ျဖစ္မယ့္ပုံပဲ….ဗဟုသုတနဲ႕ျပည့္စုံတဲ့ ေယာက်္ားေလးေတြက ဆြဲေဆာင္မႈအရွိဆုံးအမ်ိဳးသားေတြပဲေလ__ခစ္ ခစ္ ငါတို႔ကိုဝိုင္းထားတဲ့လူေတြ ရွင္တို႔အားလုံးနားေထာင္ၾက… ရွင္တို႔ေတြက *‘လိမၼာတဲ့ယုန္ကေလး’ ဆိုတဲ့သီခ်င္းဆိုျပရင္ေတာင္ ကြၽန္မတို႔က တံခါးကိုလုံးဝဖြင့္ေပးမွာမဟုတ္ဘူး၊ ရွင္တို႔အစြမ္းအစရွိရင္ ဝင္လာလိုက္ေလ”

(*T/N

လိမၼာတဲ့ယုန္ကေလး---တ႐ုတ္ရိုးရာကေလးေခ်ာ့ေတးတစ္ပုဒ္ပါ၊ သီခ်င္းစာသားအျပည့္အစုံမွာ ‘လိမၼာပါတယ္ ယုန္ကေလးရယ္…ေက်းဇူးျပဳၿပီး တံခါးဖြင့္ေပးပါကြယ္’ ဟူ၍ျဖစ္သည္။)

႐ႊမ္းက်ီးက သူ၏အထူးကြၽမ္းက်င္ေသာအရည္အခ်င္းတစ္ရပ္ကို ထုတ္သုံးလိုက္ၿပီး သူမအား ေအာက္က်ေနာက္က်ခံ၍ ဖ်ားေယာင္းေျပာဆိုလိုက္သည္။

“မင္းရဲ႕နာမည္ဝွက္က ‘ပန္းေျမေခြး’ ေနာ္ ဟုတ္တယ္မလား? ပန္းေျမေခြးမိန္းကေလး….ကြၽန္ေတာ္တို႔လည္း ဝင္လို႔မရဘူး၊ ခင္ဗ်ားတို႔လည္း အျပင္ထြက္လို႔မရဘူး၊ ဆိုေတာ့ ဒီေျမေအာက္အခန္းစုတ္ေလးထဲမွာထိုင္ေနတာက အခ်ဳပ္ခန္းထဲမွာထိုင္ေနရတာနဲ႕ ဘာမ်ားကြာျခားေတာ့မွာလဲဗ်ာ၊ အဲဒါထက္စာရင္ ခင္ဗ်ားတို႔အုပ္စု ကြၽန္ေတာ္တို႔ရဲ႕ဌာနခြဲမွာလာထိုင္တာကပိုမေကာင္းဘူးလား၊ ကြၽန္ေတာ္တို႔ေနရာက ဒီေနရာထက္စာရင္ အမ်ားႀကီးပိုေကာင္းပါတယ္ဗ်၊ ခင္ဗ်ားတို႔ကို တစ္ေန႕ထမင္းသုံးနပ္လည္း အလကားေကြၽးမယ္ေလ”

နားၾကပ္အတြင္းမွ ကူယြဲ႕ရွီး၏စကားသံထြက္ေပၚလို႔လာသည္။

“ဒါရိုက္တာ႐ႊမ္း ဒီေနရာမွာ ‘ေနရာေျပာင္းေ႐ႊ႕အစီအရင္’ ရွိတယ္”

‘ေနရာေျပာင္းေ႐ႊ႕အစီအရင္’ ဆိုသည္မွာ ထူးဆန္းအံ့ဩစရာေကာင္းေသာအစီအရင္တစ္ခုျဖစ္ၿပီး ထူးဆန္းအံ့ဩစရာေကာင္းေလာက္ေအာင္ပင္ အသုံးမဝင္ေသာအစီအရင္တစ္ခုလည္းျဖစ္ျပန္သည္။ ထိုအစီအရင္မွာ အတြဲလိုက္ရွိေသာအစီအရင္မ်ိဳးျဖစ္သည္။ ထိုေနရာေျပာင္းေ႐ႊ႕အစီအရင္တြင္ အမွတ္ (၁)ႏွင့္ အမွတ္ (၂) ဟူ၍အမွတ္ႏွစ္ခုရွိၿပီး ထိုအမွတ္ႏွစ္ေနရာအတြင္းတြင္ လူသားမ်ားႏွင့္အရာဝတၳဳမ်ားကို စိတ္ႀကိဳက္အသြားအျပန္လုပ္လို႔ရေသာအစီအရင္ျဖစ္သည္။

သို႔ေပသိ အသုံးမဝင္ေသာအစီအရင္ျဖစ္သည္ဟုဆိုရျခင္းအေၾကာင္းမွာ ထိုအရာသည္ကား သိပၸံ႐ုပ္ရွင္ဇာတ္လမ္းမ်ားထဲတြင္ပါေလ့ပါထရွိေသာ ‘အမႈန္ေျပာင္းေ႐ႊ႕ျခင္း’ သေဘာတရားမ်ိဳးႏွင့္ လုံးလုံးလ်ားလ်ားကိုတူညီမႈမရွိပါေခ်။ ျဖတ္သန္းသြားလာသည့္ျဖစ္စဥ္မွာ အခ်ိန္ၾကာျမင့္သလို အရွိန္ႏႈန္းမွာလည္း တစ္နာရီမွ ကီလိုမီတာ (၂၀) ခန႔္သာေရာက္နိုင္တာျဖစ္သည္။ စြမ္းအင္လည္းအကုန္အက်မ်ားေသးသည္__ၿမိဳ႕စြန္လိုေနရာမ်ိဳးကို သြားလွ်င္ေတာင္မွပင္ ထိုအစီအရင္ကိုအသုံးျပဳသူမွာ အေတာ္ေလးကိုစြမ္းအားယုတ္ေလ်ာ့ကုန္ခမ္းသြားနိုင္သည္။

ထို႔ျပင္ အႏွီအစီအရင္ကိုအသုံးျပဳသူထံတြင္ ခရီးစဥ္တစ္ခုလုံးကိုထိန္းသိမ္းထားနိုင္သည့္ လုံေလာက္ကြၽမ္းက်င္ေသာအရည္အခ်င္းမရွိပါက ခရီးလမ္းခုလတ္တြင္ေရာက္ေနသူမ်ားမွာ အစီအရင္အတြင္း၌ပင္ ပိတ္မိသြားနိုင္ေပသည္။

သို႔ျဖစ္ရာ ေဘးကင္းလုံၿခဳံမႈရႈေထာင့္မွပင္ၾကည့္ၾကည့္၊ စီးပြားေရးအရပင္ၾကည့္ၾကည့္ ထိုအစီအရင္ကိုအသုံးျပဳျခင္းထက္စာရင္ စက္ဘီးတစ္စီးကိုငွားနင္းသြားတာကမွ လက္ေတြ႕တြင္ပို၍အလုပ္ျဖစ္ေသးသည္။ ထို႔ေၾကာင့္ပင္ အဆိုပါအစီအရင္မွာေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတာျဖစ္ၿပီး သာမန္အားျဖင့္ေတာင္ အသုံးမျပဳၾကေတာ့တာျဖစ္သည္။ အၿမဲတေစေျပးလိုက္လႊားလိုက္လုပ္ေနရေသာ တရားခံေျပးအခ်ိဳ႕သာလွ်င္ သူတို႔၏ေျပးေပါက္တစ္ခုအျဖစ္ ျပင္ဆင္ထားၿပီးအသုံးျပဳေနၾကျခင္းျဖစ္သည္။

ကူယြဲ႕ရွီး : “ေနရာေျပာင္းေ႐ႊ႕အစီအရင္’ ကို အသက္သြင္းလိုက္ၿပီ၊ ျပင္ဆင္ခ်ိန္က ငါးမိနစ္ေလာက္ပဲလိုအပ္တယ္၊ အားလုံးပဲ….သူတို႔က ရွင္တို႔ကို အခ်ိန္ဆြဲေနတာ”

႐ႊမ္းက်ီးက နားလည္သေဘာေပါက္သည့္ဟန္ျဖင့္ အသာအယာေခါင္းညိတ္ျပလိုက္သည္။ ထို႔ေနာက္ သူ၏ႏူးညံ့ေပ်ာ့ေပ်ာင္းေသာစိတ္ေနသေဘာထားကို ႂကြားလုံးထုတ္သည့္အေနျဖင့္ အခ်ိဳသာဆုံးေလသံျဖင့္ေျပာလာသည္။

“ပန္းေျမေခြးမိန္းကေလး ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားတို႔ကို ေသခ်ာစဥ္းစားၿပီး အထဲက ထြက္လာေစခ်င္တယ္၊ ဒါေပမဲ့ သိပ္ေတာ့မၾကာေစနဲ႕ေပါ့ဗ်ာ၊ ဒီလိုစိုထိုင္းထိုင္းေနရာမ်ိဳးမွာ ေနတာၾကာလာရင္ ႏွင္းခူေတြဘာေတြေပါက္တတ္တယ္ေနာ္၊ ဒီလိုလုပ္ပါလား ကြၽန္ေတာ္ (၁၀) ကေန (၁) အထိေနာက္ျပန္ေရမယ္ေလ၊ (၁၀)__”

ပန္းေျမေခြးသည္ကား ထိုအခ်ိန္၌ တံခါးကိုမွီထားရင္း သူမ၏အေပါင္းအေဖာ္ျဖစ္သူမ်ားက အစီအရင္အားအသက္သြင္းေနတာကို ေစာင့္ၾကည့္ေနခ်ိန္ျဖစ္သည္။ သူမက စိုးရိမ္ထိတ္လန႔္ျခင္းအလ်ဥ္းမရွိဘဲ တခစ္ခစ္ရယ္သြမ္းေသြးလ်က္ဆို၏။

“ေရွာင္ေကာေကာ… ရွင္က ကြၽန္မတို႔ကို ဘာမ်ားလုပ္နိုင္မွာမို႔လို႔တုန္း ရွင္ရယ္”

သူမ၏စကားသံမဆုံးေသးခင္မွာပင္ ႐ုတ္တရက္ဆိုသလို သူ႕မ်က္စိေရွ႕တြင္ အျဖဴေရာင္မီးေတာက္မီးလွ်ံမ်ား ဟုန္းခနဲထေတာက္သြား၏။ သူမမွာ ဘာေတြျဖစ္လို႔ျဖစ္သြားမွန္းမသိလိုက္ခင္မွာပင္ အဆိပ္ပုပ္တံခါးမွာ မီးစြဲေလာင္ေနၿပီျဖစ္သည္။

ဤတံခါးသည္ကား ေသခ်ာေပါက္ကို မီးကိုတားဆီးနိုင္ေသာအစီအရင္မ်ိဳးျဖင့္ျပဳလုပ္ထားျခင္းျဖစ္ေသာ္ျငား ဆြတ္ဆြတ္ျဖဴေဖြးလွေသာမီးေတာက္မီးလွ်ံမ်ားသည္ကား မည္သည့္ေနရာမွေရာက္လာမွန္းမသိ။ ထိုမီးေတာက္မ်ားသည္ကား ဘာကိုမွဂ႐ုမစိုက္သည့္ဟန္ျဖင့္ သူသြားရာလမ္းေၾကာင္းတစ္ေလွ်ာက္တြင္ရွိေနသည့္ အရာအားလုံးကိုေလာင္ကြၽမ္းတိုက္စားသြား၏။ ထို႔ေနာက္ ႐ုတ္ခ်ည္းပင္ တံခါး႐ြက္ကိုေဖာက္ထြင္းကာ ပန္းေျမေခြး၏ခႏၶာကိုယ္ေပၚသို႔ပါစြဲေလာင္သြားေလေတာ့သည္။ ၎မီးေတာက္မ်ားကိုမည္သို႔မွ်ျငႇိမ္းသတ္၍မရပါေခ်!

အျပင္ဘက္တြင္ေစာင့္ဆိုင္းေနၾကေသာ ေလနတ္ဘုရားအဖြဲ႕မွကြင္းဆင္းဝန္ထမ္းမ်ားမွာလည္း မေမွ်ာ္လင့္ထားေသာအေျခအေနေၾကာင့္ အံ့ဩထိတ္လန႔္သြားၾကေလသည္။ ၎တို႔မွာ တညီတညာတည္း အေနာက္ဘက္သို႔ေျခတစ္လွမ္းဆုတ္သြားၾက၏။ က်န္းေက်ာင္းမွာလည္း ႐ႊမ္းက်ီးကို ေၾကာင္တက္တက္ျဖင့္ေငးၾကည့္ေနရွာေတာ့သည္။

“ခင္ဗ်ား….ခင္ဗ်ား ခုနကေျပာေတာ့ (၁၀) ကေန ေနာက္ျပန္ေရမယ္ဆို?”

႐ႊမ္းက်ီးက စီးကရက္ဖင္စီခံကို မီးထဲသို႔ပစ္ထည့္ရင္းေျပာလိုက္သည္။

“ဟုတ္တယ္ေလ ဒါေပမဲ့ ကြၽန္ေတာ္ေရလို႔ၿပီးတဲ့အခ်ိန္ေလာက္ဆို သူတို႔ေတြအကုန္ကင္ၿပီးသားျဖစ္ကုန္မွာစိုးလို႔ေလ၊ ဒါေၾကာင့္ သူတို႔ကို ထြက္လာဖို႔ ႀကိဳးစားပမ္းစားေခ်ာ့ေမာ့ေျပာဆိုေနတာေပါ့__ေဟာ….ေျပာရင္းဆိုရင္းထြက္လာၾကၿပီပဲ…လိမၼာလိုက္တာေနာ္”

သူ၏ ‘လိမၼာလိုက္တာေနာ္’ ဟူသည့္စကားလုံးကိုၾကားလိုက္ရေသာ ေလနတ္ဘုရားအဖြဲ႕သားမ်ားမွာမူ တစ္ကိုယ္လုံးတုန္တက္သြားရွာ၏။

သူတို႔စကားေျပာေနစဥ္မွာပင္ အဆိပ္ပုပ္မ်ားျဖင့္ဖုံးအုပ္ထားေသာ တံခါးခ်ပ္မွာ တစ္စစီေလာင္ကြၽမ္းပ်က္စီးသြားၿပီျဖစ္သည္။ ပန္းေျမေခြးသည္ကား သူမ၏မ်က္ႏွာကိုဖုံးကာထားရင္း မီးလုံးႀကီးတစ္လုံးသဖြယ္ အခန္းတြင္းမွလူးကာလိမ့္ကာျဖင့္ထြက္လာေတာ့သည္။ သူမမွာ ေျမႀကီးေပၚတြင္လူးလွိမ့္ေနရင္း နာနာက်င္က်င္ေအာ္ဟစ္ျမည္တမ္းေနရွာသည္။ လူကိုၿခိမ္းေျခာက္ေနေသာအပူရွိန္မ်ားေၾကာင့္ သူမႏွင့္သုံးေပခန႔္အကြာအေဝးတြင္ရွိေနေသာ ကြင္းဆင္းဝန္ထမ္းမ်ားသည္ပင္ ပူေလာင္ျပင္းျပေသာမီးေလာင္ဒဏ္ရာမ်ားကိုခံစားေနရသေယာင္။ သို႔ေသာ္ျငား အဆိုပါမီးေတာက္မီးလွ်ံမ်ားသည္ကား အျခားေနရာမ်ားသို႔ပ်ံ့ႏွံ႕သြားျခင္းမရွိေၾကာင္းကို သူတို႔ေတြ႕ျမင္လိုက္ရသည္။ မီးေတာက္မ်ားသည္ကား အခန္းႏွင့္ အခန္းထဲတြင္ရွိေနသူမ်ားထံတြင္သာ ေလာင္ကြၽမ္းေနျခင္းျဖစ္သည္။ တိက်ျပတ္သားလွေသာ တိုက္ခိုက္မႈမ်ိဳးပင္တည္း။

ပန္းေျမေခြးမွာ အသည္းခိုက္မတတ္နာက်င္စြာေအာ္ဟစ္ျမည္တမ္းရင္း ႐ႊမ္းက်ီးေျခေထာက္ေအာက္နားသို႔လူးလွိမ့္ေရာက္ရွိလာသည္။

“ကယ္ၾကပါ! ကယ္ၾကပါ! ေတာင္းပန္ပါတယ္….”

႐ႊမ္းက်ီးက လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ေသာအခါမွာေတာ့ အခန္းတြင္းႏွင့္ သံသယတရားခံမ်ား၏ကိုယ္ေပၚတြင္ရွိေနၾကေသာ မီးေတာက္မီးလွ်ံမ်ားမွာ တမဟုတ္ခ်င္းေပ်ာက္ကြယ္သြားၾကေလသည္။ အကယ္၍ သူတို႔၏ကိုယ္ေပၚတြင္စြဲက်န္ေနခဲ့ေသာ မီးေလာင္ဒဏ္ရာမ်ားသာရွိမေနခဲ့ပါမူ အဆိုပါမီးေတာက္မ်ားမွာ မည္သည့္အခါကမွမတည္ရွိခဲ့ၾကသည့္အလား။

ဝမ္ဇယ္၏အၾကည့္မ်ားသည္ကား ႐ႊမ္းက်ီး၏ကိုယ္ေပၚသို႔တိတ္တဆိတ္က်ေရာက္သြားၿပီးေသာ္ ေနာက္ထပ္သံသယတစ္လႊာထပ္မံၿခဳံလႊမ္းသြားျပန္ေလသည္__သစ္ေတာဥယ်ာဥ္အတြင္း၌ အားေလာ့က်င္းတစ္ေယာက္ သူတို႔ေနာက္သို႔လိုက္ေနစဥ္အခါက ဆီးထြက္က်လဳမတတ္ထြက္ေျပးေနရခ်ိန္တြင္ သူ၏မီးကိုထိန္းခ်ဳပ္နိုင္ေသာစြမ္းရည္သည္ကား ဤမွ်ေလာက္မေကာင္းေသးတာ ေသခ်ာလွသည္။ သစ္ေတာတစ္ခုလုံးမီးေလာင္ကြၽမ္းမသြားေစရန္အလို႔ငွာ သူတို႔မွာ ကားေရတိုင္ကီတစ္ခုလုံးထဲမွေရမ်ားကိုပင္ အကုန္ေျပာင္စင္ေအာင္အသုံးျပဳခဲ့ရတာျဖစ္သည္။ အခုမွ ဘယ္ႏွရက္မွပင္မၾကာေသး၊ ၎သည္ကား သူ၏ထူးျခားစြမ္းရည္ကိုအဆင့္ျမႇင့္တင္ရန္အတြက္ အျမန္ရက္တိုသင္တန္းရွစ္ခုေလာက္ကို တိတ္တိတ္ေလးခိုးတက္ခဲ့လွ်င္ေတာင္မွ ဤမွ်ေလာက္အခ်ိန္တိုအတြင္း ျမန္ျမန္ဆန္ဆန္တိုးတက္လာမည္မဟုတ္ပါေခ်…..ဒါျဖင့္ ႐ႊမ္းက်ီးက သူ႕ရဲ႕အရည္အခ်င္းအစစ္အမွန္ေတြကို လွ်ိုထားတာမ်ားလား?

ဒါေပမဲ့ ေသေရးရွင္ေရးအေျခအေနမ်ိဳးမွာ အစြမ္းေတြကိုလွ်ိုထားၿပီး ဘာမဟုတ္တဲ့ကိစၥက်ေတာ့ ႂကြားလုံးထုတ္ေနတယ္?

ဒီေကာင္က ဘာေၾကာင္ေနတာလဲဟ?

ေလနတ္ဘုရားအဖြဲ႕သားမ်ားသည္ကား အေရွ႕သို႔အလ်င္အျမန္တက္လာၾကၿပီး တစ္ေယာက္ကိုတစ္ေယာက္ကူညီလုပ္ကိုင္ေပးရင္း သံသယတရားခံမ်ားကိုဖမ္းဆီးလိုက္ၾကသည္။ အဓိကတရားခံမ်ား ဖမ္းမိသြားတာကိုျမင္ေတြ႕ၿပီးေနာက္တြင္မူ ျဖစ္စဥ္တစ္ခုလုံးကို ေဝဟင္ထက္မွေန၍ေစာင့္ၾကည့္ေနေသာ ကူယြဲ႕ရွီးတစ္ေယာက္ သက္ျပင္းခ်လိဳက္မိသည္။ သူက ဘာမွမ်ားမ်ားစားစားမေတြးေတာ့ဘဲ သူ၏ေဖာက္ထြင္းအျမင္အာ႐ုံကိုျပန္လည္႐ုတ္သိမ္းလိုက္သည္။ ထိုအခိုက္ ရင္းႏွီးကြၽမ္းဝင္ေနေသာ လူရိပ္သဏၭာန္တစ္ခုကို သူ ႐ုတ္တရက္ဖ်တ္ခနဲျမင္ေတြ႕လိုက္ရသည္။ ကူယြဲ႕ရွီးမွာ ရင္ထဲတြင္ထိတ္ခနဲျဖစ္သြားၿပီးေနာက္ ခ်က္ခ်င္းပင္ အေဝးၾကည့္မွန္ေျပာင္းကိုျပန္ေကာက္ကိုင္ကာ ထိုေနရာဆီသို႔လွမ္းၾကည့္လိုက္၏။ သူမ ေသေသခ်ာခ်ာရွင္းရွင္းလင္းလင္းမျမင္လိုက္ရေသးခင္မွာပင္ တိမ္လႊာမ်ားၾကားမွထြန္းလင္းျဖာထြက္လာေသာ ေနေရာင္ျခည္တစ္မွ်င္ေၾကာင့္ သူမ၏မ်က္လုံးမ်ားမွာေဝဝါးသြားရေလသည္။ ကူယြဲ႕ရွီးက ေခါင္းကိုေစာင္းငဲ့ကာေရွာင္တိမ္းလိုက္ၿပီးေနာက္ တစ္ဖန္ျပန္ၾကည့္လိုက္ေသာအခါတြင္မူ ထိုရင္းႏွီးေနေသာအရိပ္သဏၭာန္ကို မည္သည့္ေနရာတြင္မွမေတြ႕ရေတာ့ပါေခ်။

သူ႕အနားရွိလုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ေမးလာသည္။

“ဒုေခါင္းေဆာင္…..ဘာျဖစ္လို႔လဲ?”

ကူယြဲ႕ရွီးက သူ႕စကားကိုအမႈမထားဘဲ အေဝးၾကည့္မွန္ေျပာင္းကိုကိုင္ထားရင္းပင္ အနီးနားတစ္ဝိုက္သို႔ ေစ့ေစ့စပ္စပ္ၾကည့္ရႈေန၏__ႂကြက္တြင္းေပါက္မ်ားကိုေတာင္မခ်န္ေပ__ထို႔ေနာက္ သူမ၏မ်က္လုံးမ်ားစူးေအာင့္နာက်င္လာသည္အထိ။

“ခုနတုန္းက သတၱဳအမ်ိဳးအစားထူးျခားစြမ္းရည္တစ္ခုကို ေတြ႕လိုက္ရသလိုပဲ”

လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူက စိတ္လႈပ္ရွားစြာေမးျမန္းလိုက္သည္။

“ပိုက္ကြန္ထဲက လြတ္သြားတဲ့ငါးလား?”

ကူယြဲ႕ရွီးက သူ႕ႏႈတ္ခမ္းကိုဖိကိုက္လိုက္သည္။ ေခတၱခဏၾကာေသာအခါမွသာ အေဝးၾကည့္မွန္ေျပာင္းကိုျပန္ခ်လိဳက္ေလသည္။

“မဟုတ္ေလာက္ပါဘူး…ကြၽန္မအျမင္မွားသြားတာပဲျဖစ္မွာပါ”

လုပ္ေဖာ္ကိုင္ဖက္မ်ားမွာလည္း သူတို႔၏အေဝးၾကည့္မွန္ေျပာင္းမ်ားကိုေကာက္ကိုင္လိုက္ၾကၿပီး သူမ ၾကည့္ရႈခဲ့ေသာေနရာအတိုင္း လိုက္၍ၾကည့္လိုက္ေသာအခါဝယ္ ဝကၤပါသဖြယ္ ရႈပ္ေထြးေပြလီစြာေဖာက္လုပ္ထားေသာ လမ္းႀကိဳလမ္းၾကားမ်ားႏွင့္ ေျခညွပ္ဖိနပ္မ်ားကိုစီးထားၿပီး ပ်င္းရိပ်င္းတြဲလမ္းေလွ်ာက္ေနၾကေသာ ရပ္ကြက္သူရပ္ကြက္သားမ်ားကိုသာလွ်င္ေတြ႕ျမင္လိုက္ရေပသည္။

.

လမ္းႀကိဳလမ္းၾကားမ်ားမွာ ေရညွိမ်ား၏အစိုဓာတ္ျဖင့္ဖုံးလႊမ္းေနလ်က္ရွိသည္။ ေနရာအႏွံ႕တြင္ တစ္ဖက္ပိတ္လမ္းသြယ္မ်ားျဖင့္ျပည့္ႏွက္ေနတာျဖစ္သည္။ ရပ္ကြက္အထာကိုမသိေသာသူစိမ္းတစ္ေယာက္ဆိုလွ်င္ အလြယ္တကူလမ္းေပ်ာက္သြားနိုင္၏။ မစၥတာန်န္သည္ကား သူ႕ေျခလွမ္းမ်ားကိုရပ္တန႔္လိုက္ကာ သူ႕ေရွ႕တြင္ရွိေနေသာ မီးခိုးေရာင္အုတ္တံတိုင္းႀကီးကို စူးစိုက္ၾကည့္ရႈလိုက္သည္။

အိပ္ကပ္ထဲသို႔လက္တစ္ဖက္ထိုးထည့္လိုက္ၿပီးေသာ္ ေနာက္သို႔လွည့္မၾကည့္ဘဲ စကားဆိုလိုက္သည္။

“မိတ္ေဆြက ကြၽန္ေတာ့္ေနာက္ကေန တစ္ေလွ်ာက္လုံးလိုက္လာေနတာပါလား၊ ထြက္လာခဲ့ပါေတာ့… ခင္ဗ်ားကိုၾကည့္ရေအာင္”

ရွန႔္လင္ယြမ္း၏အၾကည့္မ်ားသည္ကား ထိုလူ၏လက္ေကာက္ဝတ္ေပၚသို႔က်ေရာက္သြားသည္__သူ႕လက္ပတ္နာရီမွာ မည္သည့္အခ်ိန္ကတည္းက ေဇာက္ထိုးေျပာင္းျပန္ျဖစ္သြားသည္မသိ၊ နာရီ၏ဒိုင္ခြက္မ်က္ႏွာျပင္မွာ အတြင္းဘက္သို႔လွည့္ေနၿပီး သံလိုက္အိမ္ျမႇောင္၏မ်က္ႏွာျပင္မွာေတာ့ အျပင္ဘက္သို႔လွည့္ေနတာျဖစ္သည္။ ေရွးေဟာင္းသံလိုက္အိမ္ျမႇောင္၏လက္တံမွာ သူရွိေနေသာအရပ္မ်က္ႏွာဘက္သို႔တန္းတန္းမတ္မတ္ၫႊန္မျပရဲရွာဘဲ မူလေနရာတြင္သာ ေဝ့လည္ေၾကာင္ပတ္တဝဲလည္လည္လွည့္ပတ္ေန၏။ ထိုကဲ့သို႔သံသယဝင္စရာေကာင္းေသာပုံစံသည္ကား ရွန႔္လင္ယြမ္းအား လူအမ်ား၏ခ်စ္ခင္ႏွစ္သက္ျခင္းကိုမခံရေသာ ေရွးယခင္တုန္းက မိတ္ေဆြေဟာင္းတစ္ဦးကို အမွတ္ရသြားေစေတာ့သည္။

ထိုပစၥည္းအေပၚတြင္ ရင္းႏွီးကြၽမ္းဝင္ေနေသာအေငြ႕အသက္မ်ိဳးရွိေနတာကလည္း မထူးဆန္းလွပါေခ်။ သူ ယခုအခ်ိန္တြင္အမွတ္ရသြားၿပီျဖစ္သည္__ထိုပစၥည္းသည္ကား လက္နက္ပစၥည္းကိရိယာမ်ားကို ကြၽမ္းက်င္စြာဖန္တီးျပဳလုပ္နိုင္စြမ္းရွိေသာ ‘ေကာင္းရွန္းလူသား’ မ်ားဟုေခၚသည့္ မ်ိဳးႏြယ္စုတစ္စု၏ေရွးေဟာင္းပစၥည္းတစ္မ်ိဳးပင္တည္း။

ေလထုအတြင္း၌ အနက္ေရာင္ျမဴခိုးတစ္လႊာစတင္၍ျဖစ္တည္ပ်ံ့လြင့္လာၿပီး မစၥတာန်န္မွာ ႏူးညံ့ေသာစကားသံတစ္သံကိုၾကားလိုက္ရသည္။

“မင္းက ‘ေကာင္းရွန္းလူသား’ ေတြရဲ႕ မ်ိဳးဆက္သစ္….အႏြယ္ေတာ္တစ္ေယာက္လား?”

ရွန႔္လင္ယြမ္းမွာ ‘ေကာင္းရွန္းလူသား’ ဟူသည့္စကားလုံးသုံးလုံးကိုေျပာဆိုလိုက္ခ်ိန္၌ ‘ယာ’ စကားကိုအသုံးျပဳၿပီးေျပာလိုက္ျခင္းျဖစ္သည္။ မစၥတာန်န္မွာ ထိုစကားကိုနားမလည္ေစကာမူ အနက္ေရာင္ျမဴခိုးေငြ႕မ်ားကိုေတြ႕ျမင္သြားသည္ႏွင့္တၿပိဳင္နက္ သူ၏ေနာက္ေက်ာျပင္တစ္ခုလုံးမွာအလိုအေလ်ာက္ေတာင့္တင္းသြားရွာ၏။ ျပင္းထန္အားေကာင္းလွေသာအႏၲရာယ္အေငြ႕အသက္တစ္စုံတစ္ရာကို သူ႐ုတ္တရက္ခံစားလိုက္ရသည္။

အႏွီမစၥတာန်န္ဆိုသူသည္ကား ေျမေအာက္ကမာၻ၌ *အသားခုတ္ဓားကိုကြၽမ္းက်င္စြာကိုင္တြယ္နိုင္သူျဖစ္ၿပီး လူရိုေသရွင္ရိုေသရွိသူတစ္ဦးလည္းျဖစ္သည္။ မည္သို႔ေသာအခ်ိန္အခါမ်ိဳးတြင္ စပ္စပ္စုစုမလုပ္ရမည္ကိုလည္းေကာင္းေကာင္းႀကီးသိသူျဖစ္သည္။ သို႔ျဖစ္ရာ အနက္ေရာင္ျမဴခိုးမ်ားအလယ္တြင္ရွိေနသူကို ရွင္းရွင္းလင္းလင္းမျမင္ရေသးခင္မွာပင္ ဆုံးျဖတ္ခ်က္တစ္ခုကိုျမန္ျမန္ဆန္ဆန္ခ်လိဳက္ၿပီးသကာလ သူ႕အိတ္ကပ္အတြင္းမွ အသက္သြင္းၿပီးသားျဖစ္ေနေသာ ‘ေနရာေျပာင္းေ႐ႊ႕’ အစီအရင္ကိုအျပင္သို႔ပစ္ထုတ္လိုက္ၿပီး ထိုအတြင္းသို႔ခ်က္ခ်င္းပင္ လွမ္းဝင္သြားေလေတာ့သည္။

(*T/N

အသားခုတ္ဓားကိုကြၽမ္းက်င္စြာကိုင္တြယ္နိုင္သူ--ထူးခြၽန္ထက္ျမက္ၿပီးအရည္အခ်င္းရွိတဲ့သူမ်ိဳးကိုဆိုလိုတာပါ။)

“သြားေတာ့မလို႔လား?”

ရွန႔္လင္ယြမ္းသည္ကား သူ႕ကို အဘယ္မွာလွ်င္အလြယ္တကူလႊတ္ေပးလိုက္ပါမည္နည္း။ ၎မွာ လူကမလႈပ္ရွားေသာ္ျငား သူ႕ေဘးပတ္ပတ္လည္တြင္ရွိေနေသာအနက္ေရာင္ျမဴခိုးေငြ႕မ်ားသည္ကား ခြၽန္ထက္စူးရွေသာလက္သည္းစြယ္မ်ားအျဖစ္ေျပာင္းလဲသြားၾကၿပီး ထိုအစီအရင္ေနာက္သို႔လိုက္သြားကာ တရၾကမ္းဖမ္းကုတ္ဆြဲလိုက္၏။ အင္အားေကာင္းေသာစြမ္းအင္ရင္းျမစ္တစ္ခုမွျဖစ္ေပၚလာေသာ ေလျပင္းမုန္တိုင္းတစ္ခုေၾကာင့္ အစီအရင္၏အနားစြန္းမ်ားမွာ ခ်က္ခ်င္းပင္ဆုတ္ၿဖဲထြက္သြားရွာေတာ့သည္။ ရပ္ကြက္အတြင္းတြင္ရွိေနေသာ ဖြင့္ထားသည့္ျပတင္းေပါက္မ်ားမွာလည္း ႐ုတ္ခ်ည္းပင္ကြဲအက္ေၾကမြသြားရွာ၏။ လမ္းသြယ္ေလးအဆုံးတြင္ရပ္ထားေသာ သုံးဘီးဆိုင္ကယ္ေလးမွာလည္း ကြၽမ္းထိုးေမွာက္ခုံျဖစ္သြားကာေျမျပင္ထက္သို႔ျပဳတ္က်သြား၏။ သို႔ေသာ္ အပ်က္အစီးအပိုင္းအစမ်ား ေျမႀကီးေပၚသို႔က်ေရာက္မသြားခင္မွာပင္ မိုးႀကိဳးလွ်ပ္စီးတစ္ခုသည္ကား ကမာၻေျမျပင္ေပၚသို႔ဆင္းသက္က်ေရာက္လာၿပီးေသာ္ အနက္ေရာင္ျမဴခိုးမ်ားသြားေနေသာလမ္းေၾကာင္းကို ၾကားဝင္ျဖတ္ေတာက္ပစ္လိုက္ေလသည္။ ရွန႔္လင္ယြမ္းမွာလည္း သတိလက္လြတ္ျဖင့္အေနာက္သို႔ ေျခလွမ္းဝက္ခန႔္ဆုတ္သြားရသည္။ ‘ေနရာေျပာင္းေ႐ႊ႕’ အစီအရင္အတြင္းမွ စူးရွေသာတဝီဝီျမည္သံမ်ားထြက္ေပၚလာကာ မစၥတာန်န္မွာလည္း ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

ျပင္းထန္ေသာမိစာၦေလျပင္းမုန္တိုင္းေၾကာင့္ လူေနရပ္ကြက္ေလးအတြင္း၌ လႈပ္လႈပ္ရွားရွားျဖစ္သြား၏။ တခဏမွ်ၾကာၿပီးေနာက္တြင္မူ အိမ္တစ္အိမ္အတြင္းမွ တဗ်စ္ေတာက္ေတာက္ဆဲေရးတိုင္းထြာေနေသာ ဦးေခါင္းတစ္လုံးထြက္ျပဴလို႔လာသည္။ အႏွီဦးေခါင္းခမ်ာ လမ္းသြယ္ေလးအဆုံးတြင္ရပ္ေနေသာ ဆံပင္ရွည္ႏွင့္လူတစ္ေယာက္ကိုဖ်တ္ခနဲလွမ္းျမင္လိုက္ရေလသည္။ သူတို႔ႏွစ္ဦးအၾကည့္ခ်င္းဆုံသြားခ်ိန္မွာေတာ့ ထိုဦးေခါင္းမွာ႐ုတ္တရက္အသံတိတ္သြား၏။ ၎မွာ တဒဂၤမွ်ေၾကာင္အမ္းအမ္းျဖစ္ေနၿပီးေနာက္တြင္ေတာ့ အိမ္ထဲသို႔အလ်င္အျမန္ျပန္ဝင္သြားကာ ေနာက္ထပ္အသံတစ္ခ်က္မွမထြက္ရဲေတာ့ပါေခ်။

ရွန႔္လင္ယြမ္းက သူ႕အၾကည့္မ်ားကိုျပန္႐ုတ္သိမ္းလိုက္ၿပီး မီးကြၽမ္းသြားေသာသူ႕လက္ေခ်ာင္းထိပ္မ်ားကို ဖ်တ္ခနဲျပန္ၾကည့္လိုက္သည္။

မည္သို႔ပင္ဆိုေစကာမူ မိမိသည္ကား  ခ်ိယြမ္းကို ကိုယ္တိုင္ကိုယ္က်ခ်ိပ္ပိတ္ခဲ့သူျဖစ္သည္ေလ။ ဤသည္က ကိုယ္လုပ္ကိုယ္ခံရျခင္းသာျဖစ္သည္။ သို႔ေသာ္ ယခုအခ်ိန္မွာေတာ့ အရပ္ေလးမ်က္ႏွာလုံးတြင္တိမ္မ်ားထူထပ္လာၿပီး တစ္စုံတစ္ေယာက္သည္ကား မႏၲန္အစီအရင္မ်ားကိုအသုံးျပဳကာ မိစာၦမ်ားကိုတိတ္တဆိတ္ဆင့္ေခၚေနတာျဖစ္သည္။ အားေလာ့က်င္းကိုမူ ထည့္မတြက္လို႔ရေသးသည္။ အဘယ္ေၾကာင့္ဆိုေသာ္ နတ္ဆရာမႏၲန္အစီအရင္မ်ားႏွင့္ပတ္သက္ၿပီးေျပာၾကစတမ္းဆိုပါလွ်င္ မိမိသည္ကား အရည္အခ်င္းမျပည့္ဝေသာ အႏွီတရားဝင္မ်ိဳးႏြယ္စုေခါင္းေဆာင္ငယ္ေလးထက္စာလွ်င္ ထိုအစီအရင္မ်ားကိုပို၍ကြၽမ္းက်င္စြာတတ္ေျမာက္သူျဖစ္ေသာေၾကာင့္ပင္ျဖစ္သည္။ အားေလာ့က်င္းကိုလည္း သူကိုယ္တိုင္ခ်ိပ္ပိတ္ထားခဲ့တာပဲမဟုတ္ပါေလာ။ ထို႔အျပင္ သူ႕ကိုဆင့္ေခၚရာတြင္အသုံးျပဳခဲ့သည့္ ယဇ္ေကာင္မွာလည္း စစ္မွန္ေသာနတ္ဆရာေသြးမ်ားစီးဆင္းေနျခင္းမရွိေသာ ဘာမဟုတ္သည့္အႏြယ္ေတာ္တစ္ဦးသာျဖစ္သည္။ ထို႔ေၾကာင့္ပင္ လူသား-မိစာၦ အားေလာ့က်င္းသည္ကား သူ႕တြင္ရွိေနေသာစြမ္းရည္မ်ား၏တစ္ဝက္ခန႔္ကိုသာထုတ္သုံးနိုင္ခဲ့တာျဖစ္သည္။

သို႔ေသာ္ျငား အကယ္၍ အျခားေသာလူသား-မိစာၦမ်ားရွိေနေသးသည္ဆိုပါမူ ၎တို႔ကို အလြယ္တကူတိုက္ခိုက္နိုင္ရန္မေသခ်ာလွေပ။

ဤေသမ်ိဳုးေလာကႀကီးသည္ကား သူမမွတ္မိနိုင္ေလာက္သည္အထိကို အေျပာင္းလဲႀကီးေျပာင္းလဲသြားခဲ့တာျဖစ္သည္။ ထို႔ေၾကာင့္ပင္ ရွန႔္လင္ယြမ္းမွာ မၾကာခဏဆိုသလို ဘာလုပ္လို႔ဘာကိုင္ရမည္မွန္းမသိဘဲျဖစ္သြားရတတ္သည္။ ထို႔ျပင္ သူ႕အားလုပ္ရကိုင္ရအဆင္မေျပျဖစ္ေစတတ္ေသာ မိုးေကာင္းကင္၏အျပစ္ဒဏ္ေပးမႈမ်ားကိုပါ ထည့္တြက္ရမည္ဆိုပါက သူ အျခားနည္းလမ္းတစ္ခုခုကိုစဥ္းစားရေတာ့မည္ျဖစ္သည္။ ရွန႔္လင္ယြမ္းမွာ တခဏမွ်စဥ္းစားခန္းဝင္လိုက္ၿပီးေနာက္ သူ႕မ်က္လုံးမ်ားကိုပင့္ကာ အေနာက္ေတာင္အရပ္သို႔ ႐ုတ္တရက္လွမ္းေမွ်ာ္ၾကည့္လိုက္သည္။

ဟုတ္သားပဲ၊ ခ်ိယြမ္းကို မီးလွ်ံငွက္ေတြရဲ႕ အရိုး (၃၆) ခုကိုသုံးၿပီးခ်ိပ္ပိတ္ထားတာပဲေလ၊ ခ်ိယြမ္းမွာ မၿငိမ္မသက္ျဖစ္လာတိုင္း မီးလွ်ံငွက္အရိုးတစ္ခုက ပ်က္စီးသြားတတ္တယ္၊ ဒါျဖင့္ရင္ အဲဒီပ်က္စီးသြားတဲ့အႂကြင္းအက်န္အစအနေတြကို အကာအကြယ္တစ္ခုအျဖစ္အသုံးျပဳလို႔ရဦးမွာပဲ

ထိုအေတြးကိုစိတ္ကူးမိသြားသည္ႏွင့္တၿပိဳင္နက္ ရွန႔္လင္ယြမ္းသည္ကား တဂ်ဳန္းဂ်ဳန္းတဂ်ိမ္းဂ်ိမ္းျမည္ဟီးေနေသာမိုးႀကိဳးသံမ်ားအၾကားသို႔ ေလျပည္ေလညင္းေလးသဖြယ္ တိုးဝင္ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ မိုးႀကိဳးသံမ်ားသည္ကား ဆဲေရးတိုင္းထြာေနသည့္ႏွယ္ က်ယ္ေလာင္စြာျမည္ဟီးေနၾကသည္။ သို႔ေပသိ မိုးႀကိဳးပစ္ရမည့္လူကို ရွာမေတြ႕ေတာ့ေသာအခါတြင္မူ ၎သည္ကား မေက်မနပ္ျဖင့္ပင္ ျပန္လည္တိတ္ဆိတ္ၿငိမ္သက္သြားေလသည္။

.

သုံးခြၽမ္းတြင္ မိုးစက္မိုးေပါက္မ်ားစတင္၍သြန္းၿဖိဳး႐ြာက်လာေလၿပီ။

စိုထိုင္းဆမ်ားျမင့္တက္လာသည္ႏွင့္တၿပိဳင္နက္ ေျမေအာက္ေမွာင္ခိုေဈးအတြင္း၌ သည္းမခံနိုင္ေသာအနံ႕အသက္ဆိုးမ်ားစတင္ထြက္ေပၚလာေတာ့သည္။ ဝမ္ဇယ္သည္ကား လက္တစ္ဖက္ျဖင့္ သူ႕ႏွာေခါင္းကိုဖ်စ္ညွစ္ထားရင္း က်န္လက္တစ္ဖက္ကိုေဝွ႕ယမ္းကာေျပာလိုက္သည္။

“သြားၾကစို႔…..ေနာက္တစ္ခါက်ရင္ ငါတို႔ မိုးေလဝသေၾကညာခ်က္ကို ေျပာင္းျပန္ျပန္ၿပီးနားေထာင္သင့္တယ္နဲ႕တူတယ္…ငါ….”

သူ႕စကားမဆုံးခင္၌ ႐ႊမ္းက်ီးမွာတစ္စုံတစ္ခုကို ႐ုတ္တရက္အာ႐ုံခံစားလိုက္ရေသာေၾကာင့္ ဝမ္ဇယ္ကို ေဘးသို႔တြန္းထုတ္လိုက္သည္။ ဝမ္ဇယ္ခမ်ာ ဒယီးဒယိုင္ျဖစ္သြားရွာၿပီး သူ႕ေျခေထာက္မ်ားကိုေသေသခ်ာခ်ာျပန္ထိန္းရပ္ၿပီးသည့္ေနာက္တြင္မူ မူလက သူရပ္ေနခဲ့ေသာေနရာတြင္ လတ္လတ္ဆတ္ဆတ္ေသြးစီးေၾကာင္းတစ္ေၾကာင္းကိုေတြ႕ျမင္လိုက္ရေလသည္။

“ဘာ……”

ေသြးစီးေၾကာင္းႏွင့္အတူ ပန္းေျမေခြး၏မ်က္လုံးမ်ားျပဴးက်ယ္လာေနသည္ကို ဝမ္ဇယ္ျမင္ေတြ႕လိုက္ရ၏။ သူမမွာ အေရွ႕ဘက္ကို ေၾကာင္ေတာင္ဆြံ႕အစြာျဖင့္ တန္းတန္းမတ္မတ္စူးစိုက္ၾကည့္ရႈေနတာျဖစ္သည္။ ထို႔ေနာက္တြင္မူ သူမ၏မီးကြၽမ္းထားေသာနဖူးျပင္ထက္မွ ေသြးမ်ားသည္ကား ေရပိုက္တစ္ခုသဖြယ္ ဒရေဟာပန္းထြက္လာေတာ့သည္။

“ဖယ္ၾက!”

႐ႊမ္းက်ီးက အလ်င္အျမန္တုံ႕ျပန္လိုက္ၿပီး အေႂကြေစ့လက္တစ္ဆုပ္စာကို ေလထုအတြင္းသို႔ပစ္လႊတ္လိုက္သည္။ ထိုအေႂကြေစ့မ်ားမွာ အႀကီးအေသးအ႐ြယ္အစားမ်ိဳးစုံရွိေသာ ဒိုင္းကာမ်ားသဖြယ္ေျပာင္းလဲသြားၾကၿပီး ေလနတ္ဘုရားအဖြဲ႕သားအခ်ိဳ႕၏အေရွ႕မွေန၍ ပိတ္ဆို႔ကာဆီးထားလိုက္ေလသည္။ ထိုအေႂကြေစ့မ်ားမွာ အသြင္ေျပာင္းသြားၿပီးၿပီးခ်င္းမွာပင္ ပန္းေျမေခြးႏွင့္ အျခားေသာဝတ္႐ုံရွည္အေပါင္းအေဖာ္မ်ားမွာ ေလအျဖည့္လြန္ၿပီးေဖာင္းကားေနေသာ မိုးပ်ံပူေဖာင္းမ်ားသဖြယ္ ေပါက္ကြဲထြက္သြားရွာေတာ့သည္။ သူတို႔၏အသားစမ်ားႏွင့္ေသြးမ်ားမွာလည္း ေနရာအႏွံ႕အျပားသို႔လြင့္စင္သြားၾကသည္။ အခ်ိဳ႕မွာ ေျမႀကီးေပၚရွိ ေက်ာက္တုံးမ်ားကိုထိမိသြားသည္ႏွင့္တၿပိဳင္နက္ ေက်ာက္တုံးမ်ား၏အနားစြန္းတစ္ခုလုံးမွာ တိုက္စားခံလိုက္ရရွာၿပီး အနက္ေရာင္သို႔ေျပာင္းလဲသြားရွာေတာ့သည္။

ကြင္းဆင္းဝန္ထမ္းမ်ားသည္ကား ေျပးရင္းလႊားရင္းမွာပင္ တိုးလို႔တန္းလန္းရပ္တန႔္သြားၾကၿပီး ေနရာ၌ တဒဂၤမွ်အေၾကာင္သားရပ္ေနမိၾကသည္။ မ်က္စိတမွိတ္အတြင္းမွာပင္ စိုထိုင္းနံေစာ္လွေသာ ဤေျမေအာက္ကမာၻအတြင္း၌ တစ္စစီျဖစ္သြားေသာအေလာင္းမ်ားႏွင့္ သူတို႔အုပ္စုအတြင္းမွထြက္ေပၚလာေသာ ျမန္ဆန္ေသာအသက္ရႉသံမ်ားသာက်န္ရစ္ခဲ့ေလေတာ့သည္။

ဒါက လူသတ္ႏႈတ္ပိတ္လိုက္တာပဲ

႐ႊမ္းက်ီးမွာ ခ်က္ခ်င္းပင္ သူ၏အသိစိတ္အာ႐ုံကိုျဖန႔္က်က္လိုက္ၿပီး ထိုအာ႐ုံခံစားမႈမ်ားသည္ကား အေကာင္အထည္မျမင္ရေသာေလေပြတစ္ခုပမာ အနီးအနားတြင္ရွိေနေသာ သက္ရွိတစ္ေယာက္ခ်င္းစီတိုင္းအေပၚသို႔ၿခဳံလႊမ္းသြား၏။ လွ်ပ္တျပက္အတြင္းမွာပင္ သူႏွင့္ မီတာ (၂၀) (၃၀) အကြာအေဝးအတြင္း၌ရွိေနေသာ ႂကြက္တြင္းထဲမွႂကြက္မ်ား၏ တိုးေဖ်ာ့ေသာဇီဝတုံ႕ျပန္မႈမ်ားကိုေတာင္ အာ႐ုံခံစားနိုင္သည္အထိပင္။ ၎မွာ အထူးတပ္ဖြဲ႕ဝင္မ်ားအတြင္းမွ ဖိအားမ်ားေၾကာင့္ ပရမ္းပတာျဖစ္ေနေသာႏွလုံးခုန္သံမ်ားႏွင့္ ပုံမွန္ထက္နိမ့္က်ေနေသာအပူခ်ိန္မ်ားကိုသာ ခံစားလိုက္ရသည္။ မူမမွန္သည့္အရာမ်ိဳးဘာတစ္ခုရွိမေန။

သူ ေခါင္းေမာ့ၾကည့္လိုက္ေသာအခါတြင္မူ ကြင္းဆင္းဝန္ထမ္းတစ္ေယာက္၏လက္ထဲတြင္ကိုင္ထားေသာ ‘စစ္မွန္ျခင္းဂိုဏ္း’ ၏အသိုက္အတြင္းမွသိမ္းယူလာသည့္ ထူးဆန္းေသာသားရဲသတၱဝါ႐ုပ္ထုကိုျမင္ေတြ႕လိုက္ရသည္။ နဂါးမ်က္ႏွာပုံရွိေသာ အဆိုပါ႐ုပ္ထုသည္ကား မ်က္ႏွာထက္တြင္ေလွာင္ၿပဳံးတစ္ခုကိုသယ္ေဆာင္ထားရင္း အေမွာင္ထဲမွေန၍ သူ႕ကိုၾကည့္ေနသေယာင္။

သစ္ေတာဥယ်ာဥ္ထဲမွာတုန္းကလည္း ထူးဆန္းတဲ့ဖုန္းတစ္ခုဝင္လာတယ္…..ေလနတ္ဘုရားအဖြဲ႕က ေလာင္ေရွာင္းထင္ေနသလိုမ်ိဳး သန႔္ေရာသန႔္ရွင္းၾကရဲ႕လား?

.

“မင္းေျပာတာက ပူေဆြးယဇ္ပူေဇာ္ပြဲကိုဆင့္ေခၚတဲ့ ေနာက္ကြယ္ကအဓိကတရားခံက ‘စစ္မွန္ျခင္းဂိုဏ္း’ နဲ႕ပတ္သက္မႈရွိေနတယ္လို႔ဆိုလိုတာလား?”

ေရွာင္းက်န္းသည္ကား တစ္ဖက္တြင္ မႏၲန္အစီအရင္ေၾကာင့္ကိုမာဝင္သြားရွာေသာ ဝန္ထမ္းမ်ား၏အမည္စာရင္းကိုခပ္သြက္သြက္ၾကည့္ရႈေနရင္းက တစ္ဖက္တြင္ ဖုန္းထဲမွေန၍ ဝမ္ဇယ္ကိုေမးျမန္းေနျခင္းျဖစ္သည္။

“စစ္မွန္ျခင္းဂိုဏ္းနဲ႕ပတ္သက္ၿပီး ငါတို႔ ဘာေတြသိထားေသးလဲ?”

႐ႊမ္းက်ီးႏွင့္သူ႕အေပါင္းအပါမ်ားသည္ကား သုံးခြၽမ္းေမွာင္ခိုေဈးကြက္ကို ပိုက္စိပ္တိုက္စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနခ်ိန္တြင္ ေရွာင္းက်န္းသည္ကား ယုံအန္းရွိ ဌာနခ်ဳပ္ဆီသို႔ ေလယာဥ္စီးၿပီးတိတ္တဆိတ္ျပန္သြားခဲ့ၿပီျဖစ္သည္။ သူေလယာဥ္ေပၚမွဆင္းလာ႐ုံရွိေသး၊ သူတို႔၏စစ္ဆင္ေရးက်ရႈံးေၾကာင္းသတင္းပို႔လာသည့္ ဖုန္းဝင္လာျခင္းျဖစ္သည္။

“ဝရမ္းထုတ္ထားတဲ့ ရာဇဝတ္သားအမ်ားစုက အဲဒီဂိုဏ္းနဲ႕ဆက္စပ္မႈရွိေနၾကတယ္၊ ေလနတ္ဘုရားအဖြဲ႕သားေတြကလည္း တစ္နိုင္ငံလုံးကိုပတ္ၿပီး သူတို႔ေနာက္ကိုေတာက္ေလွ်ာက္ေနာက္ေယာင္ခံလိုက္ၿပီးစုံစမ္းစစ္ေဆးေနၾကတာပဲ၊ ငါသံသယဝင္ေနတဲ့အခ်က္က ဒီဂိုဏ္းရဲ႕ ဂိုဏ္းတြင္းေလ့က်င့္ေရးသင္တန္းေတြက အဆင့္ျမင့္တဲ့ပုံပဲ__ငါတို႔ရဲ႕ ကြင္းဆင္းဝန္ထမ္းတစ္ေယာက္ျဖစ္ဖို႔ လိုအပ္တဲ့အနိမ့္ဆုံးအရည္အခ်င္းမ်ိဳးေတာင္မရွိတဲ့ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြက အံ့ဩစရာေကာင္းေလာက္ေအာင္ အစြမ္းေတြထက္လာၾကၿပီး အေတာ္ေလးဖမ္းရခက္တဲ့လူေတြျဖစ္သြားၾကတာေလ၊ ငါတို႔မွာ သူတို႔ကိုခက္ခက္ခဲခဲဖမ္းမိ႐ုံရွိေသး၊ သူတို႔က အခင္းျဖစ္ရာေနရာမွာတင္ ကိုယ့္ကိုယ္ကိုယ္ေဖာက္ခြဲၿပီးသတ္ေသသြားၾကတယ္”

ဝမ္ဇယ္သည္ကား ေျပာရင္းဆိုရင္းမွာပင္ ေ႐ႊလာေငြလာႏြယ္ပင္မ်ားကို ညွပ္ပစ္ေနရရွာေသာ သူ႕ေဘးတြင္ရွိေနသည့္ ေလာ္ေခြၽ႕ေခြၽ႕ကို စိတ္မေကာင္းျဖစ္ဟန္ျဖင့္တစ္ခ်က္လွမ္းၾကည့္ကာ သက္ျပင္းခ်လိဳက္သည္။

“ေလာင္ေရွာင္း…ငါတို႔ရဲ႕႐ုံးတြင္းေလ့က်င့္ေရးသင္တန္းေတြကိုလည္း တစ္ခ်က္ေလာက္ျပန္ၿပီးသုံးသပ္စစ္ေဆးသင့္တယ္လို႔ မင္းမထင္ဘူးလား?”

ေရွာင္းက်န္း : “အဓိကအခ်က္ကိုေျပာစမ္း!”

“ၿပီးေတာ့”

ဝမ္ဇယ္၏အသံမွာ ေလးနက္တည္ၾကည္သြား၏။

“အဲဒီစစ္မွန္ျခင္းဂိုဏ္းရဲ႕အယူဝါဒက ထူးျခားစြမ္းရည္ပိုင္ရွင္ေတြဟာ လြတ္လပ္ၿပီးအမွီအခိုကင္းတဲ့မ်ိဳးႏြယ္စုတစ္ခုျဖစ္သင့္တဲ့အျပင္ သာမန္လူသားေတြထက္အဆင့္အတန္းျမင့္မားတဲ့လူေတြျဖစ္ၾကတယ္ဆိုတာပဲ၊ ဒါေၾကာင့္…ေျပာရရင္ အထူးသျဖင့္ မင္း ဌာနတြင္းစုံစမ္းစစ္ေဆးမႈေတြလုပ္တဲ့အခါ ဒီအခ်က္ကို သတိထားရမယ္”

ေဘးနားတြင္မဆိုင္သည့္လူအမ်ားအျပားရွိေနသည့္အတြက္ ဝမ္ဇယ္မွာ သူေျပာခ်င္သမွ်ကိုပြင့္ပြင့္လင္းလင္းမေျပာဆိုနိုင္ပါေခ်။ သို႔ေသာ္ ေရွာင္းက်န္းမွာ ခ်က္ခ်င္းပင္အထာေပါက္သြားၿပီျဖစ္သည္__အႏွီဂိုဏ္းထဲတြင္ပါဝင္ပတ္သက္ေနသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ ထူးျခားစြမ္းရည္ပိုင္ရွင္အမ်ားစုသည္ကား သူတို႔ကိုယ္သူတို႔ သာမန္လူသားမ်ားထက္သာလြန္ျမင့္ျမတ္သည္ဟူေသာအျမင္မ်ိဳးရွိၾကသူမ်ားျဖစ္သည္။ ဤအခ်က္ကို ဖုန္းလိုင္ညီလာခံအတြင္း၌ မတူသလိုမတန္သလိုႏွိမ့္ခ်ဆက္ဆံခံခဲ့ရေသာ အႀကီးအကဲဟြမ္ကိုၾကည့္ျခင္းအားျဖင့္သိနိုင္ေပသည္။

DCO အေနျဖင့္ဆိုရလွ်င္မူ သူတို႔၏ဝင္ေပါက္ေရွ႕တြင္ ‘ျပည္သူ႕အက်ိဳးကိုသယ္ပိုးထမ္းေဆာင္မည္’ ဟူသည့္ဆိုင္းဘုတ္ျပားကိုခ်ိတ္ဆြဲထားေသာ တရားဝင္ထူးျခားစြမ္းရည္ပိုင္ရွင္အဖြဲ႕အစည္းဌာနတစ္ခုျဖစ္သည့္အတြက္ ထိုကဲ့သို႔ေသာအေတြးအေခၚအယူအဆမ်ိဳးကို တင္းတင္းၾကပ္ၾကပ္တားျမစ္ပိတ္ပင္ထား၏။ DCO သည္ကား သာမန္လူသားမ်ားကိုကာကြယ္ေစာင့္ေရွာက္နိုင္ရန္အလို႔ငွာ ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားကို အတိုင္းအတာတစ္ခုအထိ ဖိႏွိပ္ထိန္းခ်ဳပ္ထားတာျဖစ္သည္။ ဥပမာအားျဖင့္ ရက္စက္ေသာ ‘(၁၅) ေယာက္မ်ဥ္းနီ’ ဟူသည့္စည္းမ်ဥ္းမ်ိဳးကိုခ်မွတ္ထားျခင္းႏွင့္ ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားအား ေစာင့္ၾကည့္အကဲခတ္ေနျခင္းတို႔ျဖစ္သည္။ ထူးျခားစြမ္းရည္ပိုင္ရွင္အမ်ားစုမွာ ေျမလွ်ိုးမိုးပ်ံနိုင္ေသာအစြမ္းအစမ်ိဳးရွိၾကသူမ်ားမဟုတ္သည့္တိုင္ေအာင္ ထိုကဲ့သို႔ထိန္းခ်ဳပ္ျခင္းကိုခံၾကရရွာသည္။ အမွန္တကယ္တြင္မူ သူတို႔ထဲမွ အမ်ားစုမွာ သာမန္လူသားမ်ားထက္ မဆိုစေလာက္စြမ္းအားနည္းနည္းေလးသာပိုရွိေနၾကတာျဖစ္သည္။

မည္သို႔ပင္ဆိုေစကာမူ ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားသည္ကား လူသားမ်ားပင္ျဖစ္သည္ေလ၊ ၎တို႔သည္ကား အမတသူေတာ္စင္မ်ားမဟုတ္သလို တန္ဆာပလာပစၥည္းကိရိယာမ်ားလည္းမဟုတ္ၾကေပ၊ သို႔ျဖစ္ရာ အခ်ိန္ၾကာလာသည္ႏွင့္အမွ် မည္သူကမ်ား နာၾကည္းမုန္းတီးျခင္းမရွိဘဲ ထိုစည္းမ်ဥ္းမ်ားကိုလက္ခံနိုင္ပါမည္နည္း?

ဖုန္းလိုင္ညီလာခံ…မဟုတ္…DCO ဌာနခ်ဳပ္အတြင္းမွာပင္__အဆိုပါစစ္မွန္ျခင္းဂိုဏ္းသားမ်ားေရာေႏွာပ်ံ့ဝင္ေနၿပီလားဆိုတာေတာင္မသိနိုင္ေပ။

“ဪ…ဒါနဲ႕…”

ဝမ္ဇယ္က ထပ္ျဖည့္ေျပာလာသည္။

“အဲဒီစစ္မွန္ျခင္းဂိုဏ္းသားေတြက နဂါးဦးေခါင္းနဲ႕ထူးဆန္းတဲ့သတၱဝါတစ္ေကာင္ကို ကိုးကြယ္ၾကတယ္၊ အဲဒီ႐ုပ္ထုက ပါးစပ္ဟထားရင္ အစြယ္ေတြအေဖြးသားနဲ႕….ၾကည့္ရတာ ေတာ္ေတာ္ေၾကာက္စရာေကာင္းတယ္….”

“အဲဒီ႐ုပ္ထုက ကိုးျပည္ေထာင္စစ္ပြဲႀကီးကိုအစျပဳဖန္တီးခဲ့တဲ့ မိစာၦဘုရင္႐ုပ္ထုပဲ၊ ေရွးေဟာင္းသုေတသနဌာနမွာ အဲဒါနဲ႕ပတ္သက္တဲ့မွတ္တမ္းေတြရွိတယ္”

ေဘးတြင္ရွိေနေသာ ယန္ေခ်ာင္ကၾကားျဖတ္ဝင္ေျပာလိုက္သည္။ အားလုံးက သူ႕ကိုဝိုင္းၾကည့္လာၾကသည္ကိုျမင္လိုက္ရေသာအခါတြင္မူ ၎မွာ ရွက္ကိုးရွက္ကန္းျဖင့္ သူ႕လက္ဖဝါးႏွစ္ဖက္ကိုပြတ္သပ္ေနေတာ့သည္။

“အဟြတ္….ဟို…ကြၽန္ေတာ္က သမိုင္းဘြဲ႕ႀကိဳဝင္ခြင့္ေျဖဖို႔ ျပင္ဆင္ေနတာကိုသိၾကတယ္မဟုတ္ဘူးလားဟင္? ဒါေၾကာင့္ ကြၽန္ေတာ္က အခ်ိန္ရတိုင္း ကြၽန္ေတာ္တို႔ရဲ႕႐ုံးတြင္းမွတ္တမ္းေတြနဲ႕ အျပင္ကသာမန္လူေတြေရးထားၾကတဲ့သမိုင္းမွတ္တမ္းေတြကို ႏွိုင္းယွဥ္ၿပီးဖတ္ၾကည့္တတ္တယ္ေလ၊ အဲဒါက အေတာ့္ကိုစိတ္ဝင္စားစရာေကာင္းတဲ့အျပင္ က်က္ၿပီးသားစာေတြကိုလည္းမေမ့ေအာင္အေထာက္အကူျပဳတာမို႔လို႔”

“လူဆိုးေတြသာ စာေရးတတ္ဖတ္တတ္တဲ့ေကာင္ေတြဆိုရင္ေတာ့ မလြယ္ဘူးပဲ”

ဝမ္ဇယ္က သက္ျပင္းခ်လိဳက္သည္။

“ရၿပီ…ဒီတစ္ေခါက္ ငါတို႔ဘက္က သဲလြန္စေတြေပ်ာက္သြားၿပီ၊ ဒီေနရာကိုရွင္းလင္းၿပီးတာနဲ႕ ယြဲ႕သယ္ဘိုးဘိုးရဲ႕တပည့္သားေျမးေတြကို ဌာနခ်ဳပ္ဆီဖမ္းေခၚသြားလိုက္ၾကေတာ့”

ေလနတ္ဘုရားအဖြဲ႕သားမ်ားသည္ကား အမိန႔္ကိုလက္ခံရရွိသည္ႏွင့္တၿပိဳင္နက္ အုံးအုံးကြၽက္ကြၽက္စတင္လႈပ္ရွားၾကေလသည္။ ဘာမွလုပ္စရာမရွိေတာ့သည့္ ႐ႊမ္းက်ီးသည္ကား သူ၏အလုပ္တာဝန္ျဖစ္ေသာ ‘အေစခံအေမအိုႀကီး’ တစ္ေယာက္၏အလုပ္တာဝန္ကိုျပန္လည္သတိရသြားၿပီးေနာက္တြင္ေတာ့ သူ႕အိတ္ကပ္ထဲမွပိုက္ဆံစိုက္ထုတ္လိုက္ၿပီး လုံ႕လဝီရိယရွိရွိျဖင့္ အခ်ိန္ပိုဆင္းရင္းအလုပ္တာဝန္ထမ္းေဆာင္ခဲ့ၾကေသာ သူ၏လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူမ်ားအား ေကာ္ဖီမ်ားႏွင့္အျခားေသာက္စရာမ်ားကို ေကြၽးေမြးဒကာခံခဲ့ေလသည္။

ေလာ္ေခြၽ႕ေခြၽ႕ခမ်ာ သူ႕ခႏၶာကိုယ္မွရွည္ထြက္လာေသာႏြယ္ပင္မ်ားေၾကာင့္ ေျခကုန္လက္ပန္းက်ကာပင္ပန္းသြားၿပီျဖစ္ေလရာ ၎မွာအနားယူရန္အလို႔ငွာ အရင္ဦးဆုံးထြက္ခြာသြား၏။ လူငယ္မ်ားျဖစ္ၾကေသာ ယန္ေခ်ာင္ႏွင့္ဖ်င္ခ်န႔္႐ူတို႔ႏွစ္ဦးသည္ကား အရိပ္အကဲနားလည္သူပီပီ သူ႕ကိုကူညီရန္အေျပးအလႊားေရာက္လာၾက၏။ ေန႕တစ္ဝက္ေလာက္လုပ္စရာရွိသည္မ်ားကိုလုပ္ကိုင္ၿပီးသြားခ်ိန္၌ ႐ႊမ္းက်ီးက သူတို႔ႏွစ္ဦးအား လက္ဖက္ရည္ဝယ္တိုက္ရန္အျပင္သို႔ေခၚသြားၿပီးေသာ္ ထိုအခ်ိန္အတြင္းမွာပင္ ေတာင္စဥ္ေရမရစကားေဖာင္ဖြဲ႕ရင္း ေလနတ္ဘုရားအဖြဲ႕ေခါင္းေဆာင္မ်ားအေၾကာင္းကိုအတင္းတုပ္ၾကေလသည္။

အတင္းအဖ်င္းမ်ားအရ ႐ႊမ္းက်ီးသိသြားသည့္အခ်က္မ်ားမွာ ဝမ္ဇယ္မွာ သာမန္မိသားစုမွေမြးဖြားလာေသာလူထူးလူဆန္းတစ္ေယာက္ျဖစ္ၿပီး က်န္းေက်ာင္း၏မိဘမ်ားမွာမူ DCO ၏ကြင္းဆင္းတပ္ဖြဲ႕မွ အာဇာနည္သူရဲေကာင္းမ်ားျဖစ္ၾကသည္။ လူမ်ားကို ခပ္တန္းတန္းသာဆက္ဆံတတ္ေသာ ကူယြဲ႕ရွီး၏ေနာက္ေၾကာင္းရာဇဝင္မွာေတာ့ လွ်ို႔ဝွက္ၿပီးထူးဆန္းလွသည္။ ထိပ္သီးကြင္းဆင္းဝန္ထမ္းမ်ားကိုေ႐ြးခ်ယ္ရာ၌ ၎တို႔၏ကိုယ္ပိုင္စြမ္းရည္မ်ားႏွင့္ အလုပ္ႏွင့္ပတ္သက္ေသာက်င့္ဝတ္လိုက္နာမႈမ်ားကို စမ္းသပ္စစ္ေဆး႐ုံသာမကဘဲ သူတို႔၏ေနာက္ေၾကာင္းရာဇဝင္မ်ားကိုပါ တင္းတင္းၾကပ္ၾကပ္စုံစမ္းစစ္ေဆးေလ့ရွိတာျဖစ္သည္။ မိမိ၏မ်ိဳးဆက္သုံးဆက္အတြင္း လူသားမ်ားကိုဆန႔္က်င္ေသာလုပ္ရပ္မ်ားကိုျပဳလုပ္ခဲ့သူရွိပါက ထိုတပ္ဖြဲ႕အတြင္းသို႔ဝင္ေရာက္နိုင္မည္မဟုတ္ပါေခ်။

“အာဇာနည္သူရဲေကာင္းလင္မယားရဲ႕ သားတစ္ေယာက္နဲ႕ ထူးဆန္းတဲ့ေနာက္ေၾကာင္းရာဇဝင္ရွိတဲ့သူ…..”

႐ႊမ္းက်ီးသည္ကား ေလနတ္ဘုရားအဖြဲ႕သားမ်ား၏အတင္းအဖ်င္းမ်ားကို တိတ္တဆိတ္စိတ္ဝင္တစားနားေထာင္လို႔ေနသည္။ သူက သူ႕ေကာ္ဖီခြက္အတြင္းသို႔ သၾကားထည့္ေမႊလိုက္ၿပီး တည္ၿငိမ္ေသာအမူအရာႏွင့္ပင္ စကားလမ္းေၾကာင္းေျပာင္းလဲလိုက္သည္။ သူတို႔မွာ ေျပာရင္းဆိုရင္းမွာပင္ ယန္ေခ်ာင္၏စာသင္ေနေသာအေၾကာင္းသို႔ေရာက္ရွိသြားသည္။

“ဒါရိုက္တာ….အ…အဟြတ္…”

ယန္ေခ်ာင္မွာ ႏွာေခ်လိဳက္ၿပီး စိတ္လႈပ္ရွားစြာျဖင့္ သူ႕ႏွာေခါင္းကိုပြတ္သပ္လိုက္သည္။ သူက ရွက္ကိုးရွက္ကန္းၿပဳံးကာေျပာလာသည္။

“ေရးေျဖစာေမးပြဲကေတာ့ ျပႆနာမရွိေလာက္ဘူးထင္ပါတယ္၊ ဒီႏွစ္ရက္မွာ ခ်ီတိုင္းျပည္သမိုင္းေၾကာင္းကိုေလ့လာေနတဲ့ ဂိုက္ဆရာတစ္ေယာက္နဲ႕ဆက္သြယ္ၿပီး ႀကိဳတင္ေလ့လာေနပါတယ္၊ ခ်ီတိုင္းျပည္သမိုင္းေၾကာင္းကိုေလ့လာတဲ့လူေတြက မ်ားမ်ားစားစားမရွိဘူးေလ၊ အဲဒီေတာ့ အဲဒီနယ္ပယ္မွာ အႀကိတ္အနယ္ၿပိဳင္စရာမလိုေတာ့ဘူးေပါ့”

ခ်ီတိုင္းျပည္ရဲ႕သမိုင္းေၾကာင္း……

ေကာ္ဖီကိုေမႊေနေသာ႐ႊမ္းက်ီး၏လက္မ်ားမွာ တုံ႕ဆိုင္းသြားၿပီး ႐ုတ္တရက္ေမးခြန္းထုတ္လိုက္သည္။

“ဒါျဖင့္ မင္းက အဲဒီခ်ီတိုင္းျပည္ရဲ႕ ဧကရာဇ္ဝူအေၾကာင္းကိုနားလည္တယ္ေပါ့?”

“သူ႕ကိုနားလည္တယ္လို႔ေတာ့မေျပာနိုင္ပါဘူး….ဒါေပမဲ့ ခ်ီတိုင္းျပည္ရဲ႕သမိုင္းေၾကာင္းအမ်ားစုက မ်ားေသာအားျဖင့္ သူနဲ႕ပတ္သက္ေနတာပဲေလ၊ သူ႕ကိုခ်န္ထားခဲ့လို႔မွမရတာ”

ယန္ေခ်ာင္သည္ကား သူစိတ္ဝင္စားေသာအေၾကာင္းအရာမ်ားကိုေျပာဆိုေနခ်ိန္၌ သူ၏ထိပ္ကပ္နာေရာဂါမွာေပ်ာက္ကြယ္သြားၿပီး ၎မွာ ဝက္ဝံေပါက္ေလးတစ္ေကာင္လို သူ႕လက္ဖဝါးမ်ားကိုစိတ္လႈပ္ရွားစြာပြတ္သပ္ေနေတာ့သည္။

“ဧကရာဇ္ဝူနဲ႕ပတ္သက္တဲ့ လွ်ို႔ဝွက္ခ်က္ေတြအမ်ားႀကီးပဲရွိတယ္….အဲဒီဧကရာဇ္က တကယ့္ကို ရတနာထဲက ရတနာတစ္ပါးပဲ”

႐ႊမ္းက်ီးမွာ သူ႕အေတြးထဲသို႔ထိုးေဖာက္ဝင္ေရာက္လာေသာ ထိုလူ၏ပုံရိပ္ကိုခက္ခက္ခဲခဲဖိႏွိပ္ထိန္းခ်ဳပ္ထားလိုက္ရသည္။

“ဘာအဓိပၸာယ္လဲ?”

“ဥပမာေျပာရရင္ အဲဒီလူနဲ႕ပတ္သက္တဲ့ အႀကီးမားဆုံးအျငင္းပြားစရာအေၾကာင္းတစ္ခုပဲဆိုပါေတာ့၊ သူ႕ရဲ႕ပထမသက္တမ္းတစ္ဝက္နဲ႕ ဒုတိယသက္တမ္းတစ္ဝက္က လုံးဝကိုဆန႔္က်င္ဘက္ျဖစ္ေနတယ္ေလ၊ လူတစ္ေယာက္တည္းလို႔ေတာင္မထင္ရတဲ့အထိပဲ၊ အဲဒီသမိုင္းေၾကာင္းပုံျပင္ကို႐ုပ္ရွင္ျပန္ရိုက္ထားတဲ့ တီဗီဇာတ္လမ္းတစ္ခုကို ဆရာၾကည့္ဖူးတယ္မလား? အဲဒီဇာတ္လမ္းထဲမွာ ဧကရာဇ္က လူစားလဲခံလိုက္ရတယ္လို႔ရိုက္ထားတာေလ၊ မွတ္မိလား?”

“ဘယ္ေနရာမွာ ဆန႔္က်င္ဘက္ျဖစ္ေနလို႔လဲ?”

႐ႊမ္းက်ီးမွာ နားမလည္ေပ။

“သူက ပထမသက္တမ္းတစ္ဝက္မွာ စစ္တပ္ထဲမွာပါဝင္ခဲ့ၿပီး ဒုတိယသက္တမ္းတစ္ဝက္က်ေတာ့ စစ္အာဏာရွင္တစ္ေယာက္လုပ္ခဲ့တာမဟုတ္ဘူးလား?”

“မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး…သူက ရိုးရာအစဥ္အလာေတြထဲကလို ‘ကမာၻႀကီးကိုသိမ္းပိုက္အုပ္စိုး’ ခဲ့တဲ့ မင္းဧကရာဇ္တစ္ပါးမဟုတ္ဘူး၊ စစ္ပြဲကာလတုန္းက လူသားဧကရာဇ္ရဲ႕အခန္းက႑က ထင္သေလာက္မရိုးရွင္းဘူး၊ သူက အေတာ္ေလးကိုေမွာင္မိုက္ေနတဲ့ေခတ္ကာလအတြင္းမွာေမြးဖြားလာတယ္ဆိုတာကို ဆရာလည္းသိရမယ္ေလ၊ သူေမြးလာတုန္းက လူသားတရားေရးရာ…..ဒါမွမဟုတ္ အစိုးရအဖြဲ႕အစည္းတစ္ခုလုံးက ပ်က္စီးဆိတ္သုဥ္းသြားခဲ့ၿပီေလ၊ တစ္နည္းအားျဖင့္ေျပာရရင္ လူသားမ်ိဳးႏြယ္စုကဆိတ္သုဥ္းေပ်ာက္ကြယ္သြားၿပီး စည္းစည္းလုံးလုံးမရွိၾကေတာ့တဲ့အေျခအေနေပါ့။ ရန္သူေတြဘက္က အရမ္းအင္အားႀကီးမားေတာ့ သူတို႔ကိုနိုင္ေအာင္တိုက္ခိုက္ဖို႔သိပ္မျဖစ္နိုင္ဘူးေလ၊ ယုတၱိမရွိတဲ့ႏွိုင္းယွဥ္ခ်က္တစ္ခုေတာ့ရွိတယ္__အဲဒီအခ်ိန္တုန္းက လူသားေတြရဲ႕အျဖစ္က ဒီေန႕ေခတ္က သားရိုင္းတိရစာၦန္ေတြအျဖစ္နဲ႕အတူတူပဲတဲ့။ သူတို႔ရဲ႕ေနအိမ္ေတြကိုလုယူဖ်က္ဆီးခံရတယ္၊ ရက္ရက္စက္စက္သတ္ျဖတ္ခံရတယ္၊ ေက်းကြၽန္အျဖစ္သိမ္းယူခံရတယ္၊ သူတို႔ရဲ႕အသားေတြကိုေတာင္စားေသာက္ခံရတယ္ေလ၊ ဘာပဲျဖစ္ျဖစ္ အနည္းဆုံးေတာ့ ကြၽန္ေတာ္တို႔ဆီမွာ သားရိုင္းတိရစာၦန္ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒေတြရွိေသးတယ္၊ အဲဒီေခတ္တုန္းက ‘လူသားမ်ိဳးႏြယ္စုကာကြယ္ေစာင့္ေရွာက္ေရးဥပေဒ’ မွမရွိတာ”

ယန္ေခ်ာင္က ေျပာေျပာဆိုဆိုပင္ လက္ဖက္ရည္စားပြဲေပၚမွ ခဲတံတစ္ေခ်ာင္းႏွင့္ စကၠဴလက္သုတ္ပုဝါတစ္စကိုလွမ္းယူလိုက္ၿပီး ဟိုျခစ္သည္ျခစ္လုပ္ကာ မဟာခ်ီတိုင္းျပည္ႀကီး၏ေျမပုံကို ပုံၾကမ္းေရးဆြဲျပလိုက္သည္။ ၎မွာအေတာ္ေလးကိုအေျခခံပိုင္နိုင္သူတစ္ဦးျဖစ္၏။ ေရးေျဖစာေမးပြဲအတြက္အသင့္ျဖစ္ေနၿပီဟုေျပာျခင္းမွာ သည္အတိုင္းအာေခ်ာင္ေနျခင္းမဟုတ္မွန္းသိသာလွသည္။

ယန္ေခ်ာင္က ေျမပုံကိုေထာက္ျပရင္းစကားဆက္လာသည္။

“တကယ္လို႔ အဲဒီႏွစ္ကာလအတြင္းမွာ ကံဆိုးမိုးေမွာင္က်ၿပီး လူသားတစ္ေယာက္အျဖစ္ေမြးဖြားလာခဲ့ရတဲ့လူေတြဆိုရင္ သူတို႔အသက္ဆက္ရွင္ဖို႔အတြက္ေ႐ြးခ်ယ္စရာနည္းလမ္းႏွစ္ခုပဲရွိတယ္၊ ေျမာက္ပိုင္းကိုဆန္တက္မလား၊ ေတာင္ပိုင္းကိုစုန္ဆင္းမလားဆိုတာပဲ။ ေျမာက္ပိုင္းကိုဆန္တက္မယ္ဆိုရင္ ‘ေျမာက္ပိုင္းစိမ့္ေျမေတာ’ေတြဆီေရာက္သြားနိုင္တယ္၊ အဲဒီေနရာရဲ႕အေနာက္ဘက္မွာ သဲကႏၲာရတစ္ခုရွိတယ္၊ ေတာင္ဘက္မွာ ပုက်ိဳးေတာင္နဲ႕ အေရွ႕ဘက္မွာ ပိုင္ကြၽယ္ေရခဲျမစ္ရွိတယ္။ အဲဒီလိုသဘာဝအကာအရံေတြရွိတဲ့ေနရာမ်ိဳးက ခုခံတိုက္ခိုက္ဖို႔လြယ္ကူသလို ထိုးစစ္ဆင္တိုက္ခိုက္ဖို႔လည္းခက္ခဲတယ္ေလ၊ ‘အရိုးမာ’ တစ္ခုလိုပဲေပါ့။ အဲဒီ ‘အရိုးမာ’ ေဒသက အသည္းခိုက္ေအာင္ခ်မ္းေအးၿပီး သဘာဝသယံဇာတပစၥည္းေတြလည္းမ်ားမ်ားစားစားမရွိဘူး။ အက်ိဳးရလဒ္မရွိတဲ့ေနရာဆိုေတာ့ ရန္သူေတြကလည္း သိပ္ၿပီးစိတ္မဝင္စားၾကသလို အဲဒီေနရာကိုျဖတ္ေတာင္မသြားၾကဘူးေလ။ အဲဒီလိုနဲ႕ ေျမာက္ပိုင္းစိမ့္ေျမလြင္ျပင္ေဒသက လူသားမ်ိဳးႏြယ္စုေတြစုစည္းအေျခခ်ေနထိုင္တဲ့အႀကီးဆုံးေနရာျဖစ္သြားတာပဲ။ ေတာင္ပိုင္းကိုသြားၾကတဲ့အုပ္စုကေတာ့ ပင္လယ္သမုဒၵရာကိုျဖတ္ေက်ာ္ၿပီး ေကာင္းလင္ကြၽန္းကိုေရာက္သြားၾကတယ္__ဪ အဲဒီေနရာေတြက ဒီေန႕ေခတ္မွာ ယြီက်ိဳးကြၽန္းနဲ႕ ေတာင္ပင္လယ္ကြၽန္းလို႔ေခၚတဲ့ေနရာေတြပဲ။ အဲဒီအုပ္စုကေတာ့ ေဒသခံလူသားမဟုတ္တဲ့သူေတြရဲ႕ဖယ္ၾကဥ္တာကိုခံရၿပီး အသက္ရွင္ရပ္တည္ဖို႔အတြက္ ကူလီထမ္းတဲ့အလုပ္လိုမ်ိဳး ပင္ပန္းၾကမ္းတမ္းတဲ့အလုပ္မ်ိဳးေတြလုပ္ရတယ္။ ေတာ့္ေတာ့္ကိုသနားစရာေကာင္းတာေပါ့ဗ်ာ။ အဲဒီလူေတြထဲကမွ ထြက္မေျပးနိုင္ဘဲ အလယ္ပိုင္းေျမျပန႔္လြင္ျပင္ေဒသမွာပဲက်န္ခဲ့တဲ့လူေတြကေတာ့ တစ္ခ်ိန္လုံးပုန္းလိုက္ေရွာင္လိုက္လုပ္ရင္း လမ္းေဘးေခြးေတြေၾကာင္ေတြလိုေနထိုင္ၾကရတယ္၊ လူေတြဆိုရင္လည္း ခဏခဏတျဖဳတ္ျဖဳတ္ေသၾကၿပီး အေလာင္းေတြကိုျမႇုပ္စရာေနရာေတာင္မရွိဘူး။ ဆရာစဥ္းစားၾကည့္ေလ အဲဒီလိုျဖစ္ေနတဲ့လူသားမ်ိဳးႏြယ္စုကို အႏွစ္ (၂၀) ဆိုတဲ့အခ်ိန္တိုအတြင္းမွာ တစုတစည္းတည္းေပါင္းစည္းနိုင္ေအာင္လုပ္နိုင္ခဲ့တဲ့ ဧကရာဇ္ဝူဆိုတဲ့လူက အေတာ္ေလးကိုထူးခြၽန္ေျပာင္ေျမာက္ၿပီး  သူမတူတဲ့အစြမ္းအစရွိတဲ့သူမ်ိဳးျဖစ္မွာပဲ။ သူက လူသားေတြကိုေမွ်ာ္လင့္ခ်က္တစ္ခုခုေပးခဲ့တာေသခ်ာတယ္၊ သူ႕ေနာက္ကိုသာလိုက္ရင္ သူတို႔ေတြဟာ ဒီကမာၻေလာကႀကီးေပၚမွာဂုဏ္သိကၡာရွိရွိ ေနထိုင္သြားနိုင္မယ္လို႔တထစ္ခ်ယဳံၾကည္သြားၾကတယ္ေလ”

႐ႊမ္းက်ီးက မ်က္လႊာကိုခ်ၿပီး ဧရာမေျမပုံႀကီးႏွင့္ ျပန႔္က်ဲေနေသာအစက္အေျပာက္မ်ားျဖင့္ပုံေဖာ္ထားေသာလူသားမ်ိဳးႏြယ္စုမ်ားကိုၾကည့္ရႈလိုက္သည္။ သူ႕ႏွလုံးသားထဲတြင္ ဘာမွန္းမသိေသာခံစားခ်က္တစ္ခုျဖစ္တည္လာေသာ္ျငား အႏွီထူးဆန္းေသာခံစားခ်က္မွာ သူေသေသခ်ာခ်ာမသိလိုက္ခင္မွာပင္ ေပ်ာက္ကြယ္သြားရွာသည္။

သူက အာ႐ုံစူးစိုက္ထားရင္း ေျပာဆိုလိုက္သည္။

“ဧကရာဇ္ဝူက တိုင္းျပည္ကိုျပန္လည္တည္ေထာင္တုန္းက သူ႕အသက္က ႏွစ္ဆယ္စြန္းစြန္းပဲရွိေသးတာမဟုတ္လား? ေနရာတကာေလလြင့္ေလွ်ာက္သြားေနရတဲ့ ေျခသလုံးအိမ္တိုင္လူငယ္ေလးတစ္ေယာက္က ဘယ္လိုအစြမ္းအစမ်ိဳးေတြရွိေနလို႔လဲ? မင္းတို႔နယ္ပယ္ထဲမွာ ငါၾကားဖူးတဲ့လူေျပာမ်ားတဲ့နာမည္ေက်ာ္သီအိုရီေတြအရေတာ့ သူ႕ရဲ႕လူငယ္ဘဝဟာ နာမည္ေက်ာ္ၾကားဖို႔အတြက္ အသုံးခ်ခံလိုက္ရတဲ့ ႐ုပ္ေသး႐ုပ္တစ္႐ုပ္သက္သက္ပဲလို႔ေျပာၾကတယ္။ လူသားမ်ိဳးႏြယ္စုကိုျပန္လည္စုစည္းတည္ေထာင္ခဲ့တဲ့ တကယ့္ဆရာႀကီးက သူ႕ေနာက္ကြယ္မွာတစ္ခ်ိန္လုံးရွိေနတာတဲ့ေလ”

ယန္ေခ်ာင္: “ဆရာက ဧကရာဇ္ရဲ႕ဆရာျဖစ္သူ သန္းလီအေၾကာင္းကိုေျပာေနတာလား? ဟုတ္တယ္ သန္းလီက မဟာခ်ီတိုင္းျပည္ႀကီးကိုျပန္လည္တည္ေထာင္ခဲ့တဲ့ ေနာက္ကြယ္ကလူပဲ။ ဒီသီအိုရီက လူေတာ္ေတာ္မ်ားမ်ားက်ယ္က်ယ္ျပန႔္ျပန႔္လက္ခံၾကတဲ့ သီအိုရီပဲ။ ၿပီးေတာ့ ဧကရာဇ္ဝူရဲ႕ဘဝသက္တမ္းႏွစ္ပိုင္းမွာ သူ႕ရဲ႕နိုင္ငံေရးလုပ္ထုံးလုပ္နည္းပုံစံေတြ ဘာေၾကာင့္ေျပာင္းလဲသြားရသလဲဆိုတာကို ကြက္တိရွင္းျပေပးနိုင္တဲ့သီအိုရီတစ္ခုေပါ့၊ ရွန႔္ေရွာင္းရဲ႕စိတ္ေနသေဘာထားက သန္းလီကိုကြပ္မ်က္ၿပီးတဲ့ေနာက္ပိုင္းမွာမွ လုံးဝဥႆုံေျပာင္းလဲသြားတာပဲ”

႐ႊမ္းက်ီးမွာ သန္းလီအေၾကာင္းကို သူ႕ပါးစပ္ျဖင့္သူထုတ္ေဖာ္ေျပာၾကားလာေသာ္ျငား ယန္ေခ်ာင္၏ေထာက္ခံမႈကိုၾကားလိုက္ရေသာအခါတြင္မူ ႐ုတ္တရက္ သူ႕စိတ္ထဲတြင္ ေထာင္းခနဲေဒါသထြက္သြား၏။ သူ၏က်ိဳးေၾကာင္းဆင္ျခင္တတ္ေသာအသိတရားေၾကာင့္သာမဟုတ္ပါက သူ႕ပါးစပ္မွ လႊတ္ခနဲထုတ္ဆဲမိေတာ့မလိုပင္ျဖစ္သြားသည္။

ယန္ေခ်ာင္မွာမူ သူ႕ကမာၻထဲတြင္ သူ႕ဘာသာသူတစ္ကိုယ္ေတာ္နစ္ျမဳပ္ေနဆဲျဖစ္ၿပီး ေခါင္းေဆာင္ျဖစ္သူ၏ေျပာင္းလဲသြားေသာမ်က္ႏွာထားကို သတိမထားမိပါေခ်။ သူက ဆက္လက္၍ပြစိပြစိေရ႐ြတ္ေနသည္။

“သန္းလီကလည္း စိတ္ဝင္စားစရာေကာင္းတဲ့လူပဲ၊ ဒါေပမဲ့ ကြၽန္ေတာ့္အျမင္အရေတာ့ ရွန႔္ေရွာင္းကလည္း ‘အလံတံခြန္’ တစ္ခုသက္သက္ပဲေတာ့မဟုတ္ဘူး__ဘာပဲျဖစ္ျဖစ္ အဲဒီအခ်ိန္တုန္းက ထီးနန္းဆက္ခံဖို႔အတြက္သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအရဆိုရင္လည္း သူက လူသားမ်ိဳးႏြယ္စုရဲ႕ ပထမဆုံး တရားဝင္ထီးနန္းဆက္ခံခြင့္ရွိတဲ့သူမဟုတ္ဘူးေလ”

“…..ဟင္?”

“ဆရာ ‘နင္မင္းသား’ အေၾကာင္းၾကားဖူးတယ္မလား? ‘နင္မင္းသား ရွန႔္ေဝ’ ေလ၊ ဧကရာဇ္ဝူနဲ႕ တဖေအတမေအတည္းကေမြးတဲ့ အစ္ကိုအရင္းေခါက္ေခါက္ပဲ၊ သူက အသက္သုံးႏွစ္ပိုႀကီးတယ္၊ ေျပာၾကတာက ဧကရာဇ္ဝူက သူ႕ရဲ႕ဒုတိယသက္တမ္းတစ္ဝက္မွာ မိဘေဆြမ်ိဳးသားခ်င္းေတြအေပၚမွာ အရမ္းကိုစိမ္းစိမ္းကားကားဆက္ဆံခဲ့တယ္တဲ့၊ သူ႕မိခင္အရင္းကိုေတာင္မွပဲ နတ္႐ြာစံတဲ့အခ်ိန္ထိ ေနအိမ္အက်ယ္ခ်ဳပ္ခ်ထားခဲ့တာလို႔ေျပာတယ္၊ ဒါေပမဲ့ သူက သူ႕အစ္ကိုေတာ္နဲ႕ေတာ့ဆက္ဆံေရး အၿမဲတမ္းေကာင္းခဲ့ပါတယ္၊ ေနာက္ဆုံး သူ႕ရဲ႕ထီးနန္းအရိုက္အရာကိုေတာင္ နင္မင္းသား ေသၿပီးေနာက္ပိုင္းမွာမွေမြးလာတဲ့ သူ႕ရဲ႕သားေတာ္ဆီကိုလႊဲအပ္ခဲ့တယ္ေလ၊ စဥ္းစားၾကည့္လိုက္ရင္ ဒါရိုက္တာ ဒီကိစၥကထူးဆန္းမေနဘူးလား? ေသြးသားအရဆိုရင္လည္း သူတို႔ႏွစ္ေယာက္လုံးက အဆင့္အတန္းခ်င္းသာတူညီမွ်ျဖစ္ေနတာပဲေလ၊ အေဖတစ္ေယာက္ အေမတစ္ေယာက္လည္းရွိတယ္၊ တရားဝင္မိဖုရားေခါင္ႀကီးကေမြးလာတဲ့သားေတာ္မို႔လို႔၊ နိမ့္က်တဲ့ကိုယ္လုပ္ေတာ္ကေမြးတဲ့သားေတာ္မို႔လို႔ ဆိုတဲ့ျပႆနာမ်ိဳးေတြလည္းမရွိဘူးေလ၊ ဒါေၾကာင့္သေဘာတရားအရဆိုရင္ အသက္အ႐ြယ္ေပၚမူတည္ၿပီးထီးနန္းဆက္ခံသင့္တာမဟုတ္လား၊ သန္းလီနဲ႕သူ႕လူေတြက ဘာျဖစ္လို႔ အစ္ကိုေတာ္ကိုမေ႐ြးဘဲ ညီေတာ္ကိုေ႐ြးခ်ယ္ခဲ့တာလဲ?”

“ေျပာၾကတာက ‘နင္မင္းသား’ က ‘က်န္းမာေရးခ်ဴခ်ာသူ’ တစ္ေယာက္ျဖစ္တာမို႔လို႔ဆို…”

“အိုင္း....လူတစ္ေယာက္က အ႐ြယ္ေရာက္ၿပီးလူႀကီးတစ္ေယာက္ျဖစ္လာတဲ့အျပင္ အိမ္ေထာင္ျပဳသားေမြးအလုပ္မ်ိဳးကိုေတာင္လုပ္နိုင္မွေတာ့ ဘယ္လိုလုပ္ၿပီးခ်ဴခ်ာတဲ့လူတစ္ေယာက္ျဖစ္မွာလဲ? အရင္ေခတ္တုန္းက ကေလးငယ္ေလးေတြဆိုတာ ေရာဂါရွိမရွိကို ကြာရန္တင္းဝင္ၿပီးမစစ္ေဆးရေသးတဲ့ ၾကက္ေပါက္ေလးေတြလိုပဲေလ၊ သူတို႔က ဒီေန႕မွာေဒါင္ေဒါင္ျမည္က်န္းမာေနေပမယ့္ ေနာက္တစ္ေန႕က်ရင္ ေလတိုက္ခံရၿပီးေတာင္ ေသရင္ေသသြားနိုင္တာပဲ။ အသက္တစ္ႏွစ္ႀကီးလာတာနဲ႕အမွ် အသက္ရွင္သန္နိုင္စြမ္းလည္းပိုမ်ားလာတာပဲ__ရွန႔္ေရွာင္းဆီမွာလည္း ေခါင္းကိုက္ေဝဒနာရွိတယ္လို႔ သမိုင္းစာအုပ္ေတြထဲမွာ ေျပာၾကတာပဲေလ၊ ဒါဆိုရင္ သူလည္း အဲဒီေလာက္က်န္းမာေရးေကာင္းတဲ့လူမွမဟုတ္တာ၊ ဒါေၾကာင့္ ကြၽန္ေတာ္ထင္တာက ဧကရာဇ္ဝူက ထူးျခားတဲ့စြမ္းရည္တစ္မ်ိဳးမ်ိဳးကိုပိုင္ဆိုင္ထားတာျဖစ္နိုင္တယ္မဟုတ္ဘူးလား?”

႐ႊမ္းက်ီးက အေတြးပင္လယ္ထဲတြင္နစ္ေျမာေနရင္း စီးကရက္တစ္လိပ္ကိုထုတ္ယူလိုက္သည္__

ေခါင္းကိုက္ေရာဂါရွိတာကေတာ့ အမွန္ပဲ၊ အဲဒီေရာဂါက သူ မေသခင္တင္မကဘူး ေသၿပီးေနာက္ပိုင္းအထိကို လုံးဝသက္သာေပ်ာက္ကင္းမသြားခဲ့ဘူး

“မင္းဆိုလိုတာက?”

“ထူးျခားစြမ္းရည္တစ္မ်ိဳးမ်ိဳးပဲ”

ယန္ေခ်ာင္ကဆိုသည္။

“ကြၽန္ေတာ္နဲ႕ဆက္သြယ္ထားတဲ့ ဂိုက္ဆရာက ရွန႔္ေရွာင္းရဲ႕အမာခံပရိသတ္ေလ၊ သူတစိုက္မတ္မတ္ေျပာတာက သူ႕ရဲ႕ပိရွက စစ္ပြဲအတြင္းမွာရခဲ့တဲ့ရွားပါးဒဏ္ရာေၾကာင့္ ေနာက္ပိုင္းသက္တမ္းတစ္ဝက္မွာ ဒီလိုမ်ိဳးစိတ္ေနသေဘာထားေျပာင္းလဲသြားရတာလို႔ ေျပာတယ္”

႐ႊမ္းက်ီးမွာ သူ႕ပါးစပ္မွလႊတ္ခနဲေျပာလိုက္မိသည္။

“ေပါက္ကရေတြ”

//ဘာကိစၥ ‘သူ႕ရဲ႕ပိရွ’ ျဖစ္ရမွာလဲ?//

“သူက သာမန္လူသားတစ္ေယာက္ရဲ႕အျမင္ကေနၾကည့္လို႔ပါဗ်ာ”

ယန္ေခ်ာင္က ႐ႊမ္းက်ီး၏စကားကိုသေဘာမေပါက္ဘဲ သူေျပာခ်င္ရာကိုသာဆက္ေျပာ၏။

“ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္တို႔လိုထူးျခားစြမ္းရည္ပိုင္ရွင္ေတြရဲ႕ရႈေထာင့္ကေနေတြးၾကည့္မိတယ္။ ကြၽန္ေတာ္ထင္တာက သူ႕ရဲ႕စိတ္သေဘာထားေျပာင္းလဲသြားမႈက ဒဏ္ရာတစ္မ်ိဳးမ်ိဳးေၾကာင့္မဟုတ္ဘဲ ထူးျခားတဲ့က်င့္ႀကံေရးနည္းလမ္းေတြေၾကာင့္ပဲျဖစ္လိမ့္မယ္”

႐ႊမ္းက်ီးမွာ သူ၏ယုံၾကည္အားကိုးလို႔မရေသာ ဘြဲ႕ႀကိဳေက်ာင္းသားေလးအား တအံ့တဩၾကည့္လိုက္ရင္း စိတ္ထဲမွေတြးလိုက္သည္။

သူခန႔္မွန္းတာက အေတာ္ေလးကိုမွန္သေလာက္ပဲဟ

ေသၿပီးေနာက္ မိစာၦအျဖစ္ေျပာင္းလဲသြားသည္၊ မိစာၦစြမ္းအင္မ်ားမွာလည္းခ်ဳပ္ၿငိမ္းပ်က္စီးမသြား၊ ဤကဲ့သို႔ေသာ ‘ထူးျခားသည့္က်င့္ႀကံေရးလမ္းစဥ္’ မ်ိဳးအား စာေပက်မ္းဂန္မ်ားထဲတြင္ အမည္နာမတစ္မ်ိဳးျဖင့္ၫႊန္းဆိုေရးသားေလ့ရွိသည္။

“မိစာၦလမ္းသို႔ေလွ်ာက္လွမ္းျခင္း”

“သမိုင္းေၾကာင္းေတြနဲ႕ပတ္သက္လို႔ ကြၽန္ေတာ့္ရဲ႕စာဖတ္အားက သိပ္ေတာ့မေကာင္းေသးပါဘူးဗ်ာ”

ယန္ေခ်ာင္သည္ကား ေခါင္းေဆာင္ျဖစ္သူ၏အံ့ဩဆြံ႕အသြားေသာအမူအရာမွာ သူ ရမ္းသမ္းမွန္းသမ္းေလွ်ာက္ေျပာေနျခင္းေၾကာင့္မ်ားလားဟုထင္သြားၿပီးသကာလ အလ်င္အျမန္ပင္ သူ႕ကိုယ္သူႏွိမ့္ခ်စြာေျပာဆိုလိုက္သည္။

“ကြၽန္ေတာ္ေျပာတာေတြကို ဆရာနားေထာင္႐ုံပဲနားေထာင္ပါ၊ ဘာပဲျဖစ္ျဖစ္ ဒါေတြက ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ထင္ျမင္ယူဆခ်က္ေတြသက္သက္ပါပဲ….အဟမ္း…ပထမအခ်က္က အလယ္ပိုင္းေျမျပန႔္လြင္ျပင္ေဒသကို အၾကမ္းဖက္သိမ္းပိုက္ခဲ့တဲ့ ‘လူနည္းစု မ်ိဳးႏြယ္စုေခါင္းေဆာင္’ ကို ဧကရာဇ္ဝူက သူ႕လက္နဲ႕သူကိုယ္တိုင္သတ္ျဖတ္ခဲ့တယ္လို႔ေျပာၾကတယ္မလား? အဲဒီ ‘လူနည္းစု မ်ိဳးႏြယ္စုေခါင္းေဆာင္’ က လူသားတစ္ေယာက္မဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္တို႔အားလုံးသိၾကတာပဲ။ သူက အမွန္တကယ္ေတာ့ လူမဟုတ္တဲ့ ‘အျခားမ်ိဳးႏြယ္စု’ တစ္စုက မ်ိဳးႏြယ္စုဝင္တစ္ေယာက္ပဲ။ သာမန္ျပည္သူျပည္သားေတြၾကားထဲမွာေတာ့ သူ႕ကို ‘မိစာၦဘုရင္’ လို႔ေခၚၾကတယ္။ သမိုင္းမွတ္တမ္းထိန္းသိမ္းေစာင့္ေရွာက္ေရးဌာနမွာရွိတဲ့ ေရွးေဟာင္းမွတ္တမ္းေတြအရဆိုရင္ အဲဒီ ‘မိစာၦဘုရင္’ က အနည္းဆုံးအသက္ရာေက်ာ္ရွိၿပီး ေကာင္းကင္မွာပ်ံသန္းတဲ့သားရဲေကာင္ေတြကိုေရာ ေျမျပင္ေပၚမွာေျပးလႊားေနတဲ့ မေကာင္းဆိုးဝါးသားရဲေကာင္ေတြကိုေရာ တိုက္ခိုက္အနိုင္ယူနိုင္စြမ္းရွိတယ္တဲ့၊ ဆရာပဲစဥ္းစားၾကည့္ေလ…အသက္ႏွစ္ဆယ္ဝန္းက်င္ေလာက္ပဲရွိေသးတဲ့ လူငယ္ေလးတစ္ေယာက္၊ သူက ထူးျခားစြမ္းရည္ပိုင္ရွင္တစ္ေယာက္ပဲျဖစ္ျဖစ္၊ မစားမေသာက္ဘဲ ေမြးကတည္းကတစ္ေရးမွမအိပ္ဘဲ ေန႕ေရာညပါမနားမေနေလ့က်င့္ေရးဆင္းထားတဲ့သူပဲျဖစ္ျဖစ္ အဲဒီ Big Boss ႀကီးကို လက္ဗလာနဲ႕တစ္ခ်က္တည္းအေသသတ္နိုင္တယ္ဆိုတာမ်ိဳးက ဘယ္လိုမွအဓိပၸာယ္မရွိဘူးမဟုတ္လား? တကယ္လို႔ ေရွးေဟာင္းသမိုင္းမွတ္တမ္းေတြထဲက ေရးသားခ်က္ေတြက မွန္ေနခဲ့မယ္ဆိုရင္ ဒါျဖင့္ရင္ သူ႕မွာအမ်ားနဲ႕မတူ တမူထူးျခားတဲ့ တိုက္ခိုက္စြမ္းရည္ေတြရွိမွာပဲ__ၿပီးေတာ့ အဲဒီစြမ္းရည္မ်ိဳးကလည္း သာမန္နည္းလမ္းနဲ႕ေလ့က်င့္ၿပီးရရွိလာတဲ့စြမ္းရည္မ်ိဳးမဟုတ္နိုင္ဘူး”

ဒုတိယအခ်က္ကေတာ့ အားလုံးသိၾကတဲ့အတိုင္းပဲ၊ ရွန႔္ေရွာင္းမွာ ထီးနန္းဆက္ခံမယ့္သားသမီးမရွိတာေၾကာင့္ သူ႕ရဲ႕တူေတာ္ေမာင္ကိုေမြးစားၿပီး ထီးနန္းအရိုက္အရာကိုလႊဲအပ္ခဲ့တယ္။ ဧကရာဇ္ဝူရဲ႕ေတာ္ဝင္ဂူသခၤ်ိဳင္းထဲမွာလည္း သူ႕ရဲ႕ အဝတ္အစားေတြကိုပဲဂူသြင္းျမႇုပ္ႏွံထားတာ။ ဒါေပမဲ့ သူ႕ရဲ႕အေလာင္းကိုရွာမေတြ႕ဘူးပဲထားပါေတာ့၊ ဒါဆိုရင္လည္း သူ႕ရဲ႕မိဖုရားကိုေရာ ဘာျဖစ္လို႔ အဲဒီမွာအတူတူျမႇုပ္မထားတာလဲ? ဧကရာဇ္ဝူရဲ႕ မိဖုရားျဖစ္သူနဲ႕ပတ္သက္တဲ့အေၾကာင္းအရာမ်ိဳးကိုလည္း ေရွးေဟာင္းမွတ္တမ္းေတြထဲမွာမွတ္တမ္းတင္ထားတာမ်ိဳးမေတြ႕ရဘူး၊ ဒါေၾကာင့္ အားလုံးခန႔္မွန္းၾကတာက သူက ဘယ္ကိုယ္လုပ္ေတာ္ကိုမွ မိဖုရားအျဖစ္မခ်ီးျမႇောက္ခဲ့ဘူးဆိုတာပဲ။ ဒါေပမဲ့ ေတာ္ဝင္မိသားစုဝင္တစ္ေယာက္အေနနဲ႕ဆိုရင္ ထိမ္းျမားမဂၤလာျပဳတာ၊ ထီးနန္းဆက္ခံသူကိုေမြးဖြားတာ စတဲ့အလုပ္မ်ိဳးေတြက နိုင္ငံေရးတာဝန္လည္းျဖစ္သလို ‘အမ်ိဳးသားေရးတာဝန္’ တစ္ရပ္ပဲေလ။ အဲဒီလိုဂုဏ္သိကၡာႀကီးမားၿပီး ေလးလံတဲ့တာဝန္ကိုၿပီးေျမာက္ေအာင္မထမ္းေဆာင္ခဲ့တဲ့အျပင္ သူ႕ရဲ႕မႉးမတ္ဝန္ႀကီးေတြကလည္း အဲဒီကိစၥနဲ႕ပတ္သက္ၿပီး သူ႕ကိုတိုက္တြန္းေျပာဆိုတာမ်ိဳးလည္းမလုပ္ခဲ့ၾကဘူး….အနည္းဆုံးေတာ့ မႉးမတ္ဝန္ႀကီးေတြက သူ႕ကိုထိမ္းျမားမဂၤလာျပဳဖို႔တိုက္တြန္းတဲ့အေၾကာင္းမ်ိဳးကို သမိုင္းမွတ္တမ္းထဲမွာေရးထားတာမေတြ႕ရဘူးေလ၊ မသိရင္ သူတို႔ေတြက အလုပ္မ်ားလြန္းလို႔ အဲဒီကိစၥကိုေမ့သြားတဲ့အတိုင္းပဲ၊ ဒါက ဘယ္လိုမွအဓိပၸာယ္မရွိဘူးမဟုတ္လား? ဒါေၾကာင့္ အႏွစ္ခ်ဳပ္ရရင္ ကြၽန္ေတာ္ထင္တာကေတာ့ ရွန႔္ေရွာင္းရဲ႕ခႏၶာကိုယ္ဟာ ထူးျခားစြမ္းရည္တစ္မ်ိဳးမ်ိဳးေၾကာင့္ မ်ိဳးဗီဇေျပာင္းလဲသြားတာျဖစ္နိုင္ၿပီး အဲ့သလိုမ်ိဳးဗီဇေျပာင္းလဲသြားတာကလည္း သူငယ္ငယ္ေလးကတည္းကျဖစ္ခဲ့တာပဲျဖစ္ရမယ္”

ဒ႑ာရီပုံျပင္မ်ားထဲမွ လူသားဧကရာဇ္သည္ကား မိစာၦတစ္ေကာင္ပင္တည္း။

႐ႊမ္းက်ီးမွာ စိတ္ပ်ံ့လြင့္သြားၿပီး သူ႕လက္ၾကားထဲတြင္ညွပ္ထားေသာ စီးကရက္ကိုပင္ မီးညွိရန္ေမ့ေလ်ာ့သြားေလသည္__၎သည္ကား ငယ္စဥ္ကတည္းကပင္ ထိုကဲ့သို႔ျဖစ္ေနတာမ်ိဳးအေတာ္ေလးျဖစ္နိုင္ေခ်ရွိသည္။ လူသားမ်ိဳးႏြယ္စုက သူ႕အားေ႐ြးခ်ယ္ခဲ့ေသာအခ်ိန္တြင္လည္း အရာအားလုံးမွာကံၾကမၼာ၏အလိုေတာ္အတိုင္းသာျဖစ္ေပလိမ့္မည္။

(T/N

ဒီေနရာေလးကို နားလည္ရဲ႕လားမသိဘူး။ ဆိုလိုတာက ပိရွဟာ ေသၿပီးေနာက္ပိုင္းမွမိစာၦဘဝေရာက္သြားတာမဟုတ္ဘဲ ငယ္ငယ္ေလးကတည္းက မိစာၦျဖစ္ေနၿပီးသားလို႔ သူတို႔ႏွစ္ေယာက္က ေကာက္ခ်က္ခ်လိဳက္တာပါ။ သူတို႔ထင္တာ မွန္မမွန္ဆိုတာကေတာ့ ေနာက္ပိုင္းမွာအေျဖေပၚလာပါလိမ့္မယ္)

႐ႊမ္းက်ီးမွာ သူ႕ေနရာသို႔အစားဝင္ခံစားၾကည့္ရန္ႀကိဳးစားလိုက္လွ်င္ေတာင္မွ ၎မွာ ထိုအေၾကာင္းကိုေတြးလိုက္႐ုံႏွင့္ပင္ ေၾကာက္လြန္းသျဖင့္ တဆတ္ဆတ္တုန္ယင္သြားရေလေတာ့သည္။

ဒါက ဘယ္လိုလူ႕ဘဝမ်ိဳးႀကီးလဲ? ဒါေတြက သူ႕ရဲ႕ေနာက္ပိုင္းသက္တမ္းတစ္ဝက္မွာ ႐ူးသြပ္ၿပီးရက္စက္ၾကမ္းတမ္းသူတစ္ေယာက္ျဖစ္သြားရတဲ့ အေၾကာင္းရင္းေတြလား?

25.10.21

************

T/N

ဒီအပိုင္းက စာလုံးေရအမ်ားႀကီးပဲ 😭

Czytaj Dalej

To Też Polubisz

590K 67.9K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
84.6K 10.9K 64
ကျန်းမြောင်မြောင် x လုချီမင် မူရင်းစာရေးသူ - နိုင်ရှန်းဝေ့သာ
58.3K 8.5K 41
လင္းယုတုန္သည္ရွစ္နွစ္ၾကာတြဲခဲ႔ေသာခ်စ္သူကကိုးထပ္မွတြန္းခ်ခံရၿပီးေနာက္လြန္ခဲ႔ေသာရွစ္နွစ္တြင္ျပန္လည္ေမြးဖြားလာသည့္အခါသူရဲ႕အမွားတြကိုဘယ္လိုျပင္ဆင္ခြင့္ရၿ...
2.5K 512 25
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. සියවසකට පෙර හිස එසවූ අඳුරු මායාවක්...