Through The Strait Gates//过门...

By Mine-Edge

229K 32.9K 3.8K

လမ်းနှင့် တံခါးက သူတို့အတွက် ကျဉ်းမြောင်းလှသည်။ သူတို့၏ အတိတ်နှင့်အနာဂတ်က ပင့်ကူမျှင်ပမာ ရစ်ပတ်ရှုပ်ထွေးနေလေ... More

Synopsis
အခန်း ၁ ။ မတော်တဆပြန်လည်ဆုံစည်းမှု
အခန်း ၂ ။ အတိတ်နမိတ်မကောင်းသောစတင်မှု
အခန်း ၃ ။ သော်ရွှင်း
အခန်း ၄ ။ ရှုပ်ထွေးမှု
အခန်း ၅ ။ မိဘများကိုခေါ်ခြင်း
အခန်း ၆ ။ လွှမ်းမိုးမှု
အခန်း ၇ ။ ရန်ပွဲ
အခန်း ၈ ။ ကံဆိုးသောဆက်ဆံရေး
အခန်း ၉ ။ မိဘများကိုနောက်တစ်ကြိမ်ခေါ်ခြင်း
အခန်း ၁၀ ။ ရေခဲတုံးကိုချိုးဖျက်ခြင်း
အခန်း ၁၁ ။ ​အခြားကလေး
အခန်း ၁၂ ။ ပရမ်းပတာ
အခန်း ၁၃ ။ ဆုံးဖြတ်ချက်များ
အခန်း ၁၄ ။ စာမေးပွဲများကို ငြင်းဆိုခြင်း
အခန်း ၁၅ ။ အရွယ်ရောက်ပါတီ
အခန်း ၁၆ ။ Red Tea အေး
အခန်း ၁၇ ။ အဖူးအညွှန့်
အခန်း ၁၈ ။ ခွဲခြားခြင်း
အခန်း ၁၉ ။ ကြီးပြင်းမှု
အခန်း ၂၀ ။ တတိယနှစ်
အခန်း ၂၁ ။ အထီးကျန်မှု
အခန်း ၂၂ ။ ကွဲကွာခြင်း
အခန်း ၂၃ ။ ပေါက်ကွဲမှု
အခန်း ၂၄ ။ ကြီးပြင်းလာမှု
အခန်း ၂၅ ။ ပြန်လည်တည်ဆောက်ခြင်း
အခန်း ၂၆ ။ ထိတ်လန့်အံ့သြသင့်စွာ နိုးထလာသည်
အခန်း ၂၇ ။ Our Lady of the Flowers
အခန်း ၂၈ ။ ပေါက်ကွဲခြင်း
အခန်း ၂၉ ။ ခွဲခွာခြင်း
အခန်း ၃၀ ။ စိတ်ကူးယဥ်ဘုံ
အခန်း ၃၂ ။ အလိုလောဘ
အခန်း ၃၃ ။ ရွေးချယ်မှု
အခန်း ၃၄ ။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ
အခန်း ၃၅ ။ စိတ်ကို အလျှော့ပေး
အခန်း ၃၆ ။ မိသားစုကိစ္စများ
အခန်း ၃၇ ။ အိမ်အပြန်ခရီး
အခန်း ၃၈ ။ စာထူးချွန်သော နိုင်လိုမင်းထက် ပြုမူသူ၏ တက်ကြွမှု
အခန်း ၃၉ ။ လမ်းဆုံလမ်းခွ
အခန်း ၄၀ ။ စိတ်မချမှုများ
အခန်း ၄၁ ။ ပျော်စရာမကောင်းသော စုဝေးမှု
အခန်း ၄၂ ။ ဒုတိယအကြိမ် ပဋိပက္ခ
အခန်း ၄၃ ။ တွန်းအားပေးခံရ
အခန်း ၄၄ ။ တစ်ဘဝလုံးစာအတွက်
အခန်း ၄၅ ။ ဖုံးကွယ်ထားသော စိုးရိမ်မှုများ
အခန်း ၄၆ ။ အဆုံးစွန် ပျော်ရွှင်မှု၊ အဆုံးစွန် ဝမ်းနည်းမှု
အခန်း ၄၇ ။ ပျက်စီးရန်အလားအလာရှိသော
အခန်း ၄၈ ။ ရွေးချယ်မှု
အခန်း ၄၉ ။ သေရေးရှင်ရေးဖြစ်သော ဂိတ်တံခါး
အခန်း ၅၀ ။ ပဋိပက္ခ
အခန်း ၅၁ ။ လမ်းခွဲခြင်း
အခန်း ၅၂ ။ ဖြတ်တောက်ခြင်း
အခန်း ၅၃ ။ တဒင်္ဂ
အခန်း ၅၄ ။ အတိတ်တစ္ဆေ
အခန်း ၅၅ ။ နောက်မှတွေ့ကြတာပေါ့
အခန်း ၅၆ ။ စိုးရိမ်ပူပန်ခြင်း
အခန်း ၅၇ ။ နှစ်သစ်ကူး
အခန်း ၅၈ ။ ချစ်မိနေသည်
အခန်း ၅၉ ။ ဟောင်းနွမ်းသော လျှို့ဝှက်အန္တရာယ်
အခန်း ၆၀ ။ ပထမဆုံးခြေလှမ်း
အခန်း ၆၁ ။ စားပွဲပေါ်က ကဒ်များ
အခန်း ၆၂ ။ ပြန်လည်စတင်ခြင်း
အခန်း ၆၃ ။ ဖွင့်ဟဝန်ခံခြင်း
အခန်း ၆၄ ။ တစ်ဖန်ပြန်လည်ပြီး အိပ်မက်ဟောင်းတစ်ခု အမှန်တကယ်ဖြစ်လာ
အခန်း ၆၅ ။ ဘေးအန္တရာယ်ကင်းခရီးစဉ်
အခန်း ၆၆ ။ ရှင်ခြင်းနှင့်သေဆုံးခြင်း
အခန်း ၆၇ ။ ကြေညာခြင်း
အခန်း ၆၈ ။ မိဘများ
အခန်း ၆၉ ။ နောက်ဆုံးသောအခန်း
အချပ်ပို ၁ ။ လက်စွပ်
အချပ်ပို ၂ ။
အချပ်ပို ၃ ။
AD Songs Translation

အခန်း ၃၁ ။ အရက်မူးခြင်း

2.3K 430 47
By Mine-Edge

"Burmese Translation of "GUOMEN" By Priest"

အခန်း ၃၁ ။ အရက်မူးခြင်း

သူတို့ဒီကို နောက်ဆုံးအကြိမ် ရောက်ခဲ့တုန်းက တစ်ခန်းလုံးနှင့် ပါတီအတွက်ဖြစ်သည်။ ဒီတစ်ကြိမ်တွင်တော့ ဝူထောင်က ဧည့်ခံ၍ပင်။ ဝူထောင်က သူအရင်က ရင်းနှီးခဲ့ဖူးသူ မှန်သမျှကို ဖိတ်ကြားထားသည်။  စိတ်ခံစားချက်ကလည်း ပိုပြီးသက်တောင့်သက်သာရှိလာကာ အရင်လိုပွဲဆူရန် အဓိပ္ပါယ်မရှိသည့် ဂိမ်းမျိုးမလိုအပ်တော့ပေ။ တတိယနှစ်တွင် တစ်ချို့သူများက ဝေးကွာသွားတာတောင် သူတို့မှာ ပြောစရာစကားများရှိနေကြသေးသည်။

ယွီယိရန်မှာ စာမေးပွဲဖိအားကြောင့် ရူးသွပ်လုနီးပါးဖြစ်နေသည်။ အခန်းထဲဝင်သည်နှင့် သူမက မိုက်ကိုကောက်ယူကာ လွှတ်ပေးရန် ငြင်းဆန်သည်။ သူမက အော်ဟစ်ဆူညံပြီး အီနေကာ ကီးတစ်ခုမှမမှန်သဖြင့် စုပေါင်းပြီး စင်ပေါ်မှ မောင်းထုတ်ခြင်းခံလိုက်ရတော့သည်။ အကြောင်းရင်းရေရေရာရာ မရှိဘဲ ရွှီရှီးလင်၏ ဦးနှောက်ထဲတွင် ရုတ်တရက် ဥာဏ်ကွန့်မြူးသွားကာ ထူးဆန်းသော အကြံတစ်ခုရသွားခဲ့သည်။ သူက "နားကြပ်စွဲလမ်းသူ" သော်ရွှင်း ထပ်တလဲလဲ ဖွင့်တတ်သည့် သီချင်းအချို့ကို ရွေးကာ မိုက်ကို သော်ရွှမ်းလက်ထဲ တွန်းပို့လိုက်သည်။
"သီချင်းလာဆို"

ထိုခဏတွင် တစ်ခန်းလုံး တိတ်သွားလေသည်။

သူတို့ နောက်ဆုံးတစ်ခေါက် သော်ရွှင်းကို စနောက်ပြီး သီချင်းဆိုခိုင်းတိုင်းက သွေးပျက်လုနီးပါးဖြစ်အောင် လုပ်မိသွားသည်။ လောင်ချန့်က ရွှီရှီးလင်ကို အထိတ်တလန့်ကြည့်နေသည်။ သူ့အကြည့်က ကျားအိုကြီးတစ်ကောင်၏ နှုတ်ခမ်းမွှေးမှ ခုလေးတင်ဆွဲထုတ်ခံလိုက်ရသော ယုန်တစ်ကောင်ကိုမြင်လိုက်ရသလိုမျိုး ပင်။

ဝူထောင်က သူတို့ကို ဧည့်လိုက်ခံခြင်းရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးယူရန်ဆိုတာ သတိရသွား၍ ချောင်းဟန့်လိုက်သည်။
"ဟေး အဲဒါက..."

သူပါးစပ်ဟရုံရှိသေး သော်ရွှင်းက မိုက်ကိုလှမ်းယူလိုက်သည်။

ဝူထောင် : "..."

သော်ရွှင်းသည် တစ်ကြိမ်တစ်ခါမှ ပရိသတ်ရှေ့ မဆိုဖူးပေ။ တင်္နလာနေ့ အလံတင်အခမ်းအနားတွင်တောင် သူက စကားလုံးများကို ဝါးပြီးလိုက်ရွတ်ရုံသာဖြစ်၏။ သူက မိုက်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်ကာ သေချာမလေ့လာရသေးခင်မှာတင် သီချင်းက စလေပြီ။ ပျာယာခတ်သွားပြီး  သူမိုက်ကို မြှင့်လိုက်သော်လည်း ဘယ်လောက်ကျယ်ကျယ်ဆိုသင့်လဲ မသိ၍ စမ်းတဝါးဝါးလုပ်နေပြီး သီချင်းစာသားတစ်ချို့ကို ခပ်တိုးတိုး လိုက်ရေရွတ်နေသည်။ သူလှည့်ကြည့်တော့ ရွှီရှီးလင် သူ့ကိုလှမ်းကြည့်နေတာမြင်ပြီး စိတ်လှုပ်ရှားမှုကြောင့် နောက်ကျောတွင် ချွေးစေးများပြန်လာသည်။ သူ အကြည့်လွှဲကာ မျက်နှာသေဖြင့် စခရင်ကိုစိုက်ကြည့်နေသည်မှာ 'သီချင်းစာသားဖတ်ရှုရေရွတ်' နေသလိုပင်။

ပထမတစ်ဝက်အတွက် သော်ရွှင်း ကာရန်မလိုက်နိုင်သည့်တိုင် chorus ရောက်သည်နှင့် သူက ကောင်းကောင်းဆိုနိုင်လာသည်။

ရွှီရှီးလင်မှာ သူအခြားသူများနှင့် စကားစမြည်မပြောနိုင်ဘဲ အနေရခက်မည်ကိုစိုးရိမ်နေခဲ့၍ သီချင်းများရွေးပေးခဲ့ခြင်းပင်။ ခဏကြာတော့ သော်ရွှင်း ကာရာအိုကေ သီချင်းဆိုခြင်း အနုပညာကို အလျင်အမြန် တတ်ကျွမ်းသွားကာ ပျော်ရွှင်မှုပါရလာသည်။ သူက ကိုယ်တိုင် သီချင်းများ ရွေးစပြုလာသည်။

သူသည် အကြောင်းမရှိဘဲတော့ နားကြပ်စွဲလမ်းသူ မဟုတ်ပေ။ သူ အများစုကို ဟိုစပ်စပ်ဒီစပ်စပ်ဆိုနိုင်သည်။ သူ အရမ်းကြီးမတော်လျှင်တောင် ကီးမကြောင်သရွေ့ ကာရာအိုကေ စံနှုန်းအရ  သင့်တင့်လျောက်ပတ်သည်ဟုပင် မှတ်ယူနိုင်သည်။

ဝူထောင် စိတ်သက်သာရာရသွားသည်။ သူက  စိုးရိမ်သောကကင်းသွားပြီး ဆိုဖာကိုမှီလိုက်ကာ ရွှီရှီးလင်ကိုစကားလှည့်ပြောသည်။
"သူက အခု စကားပြောဖို့ ပိုလွယ်လာတဲ့ပုံပဲ"

ရွှီရှီးလင်မှာ သူ ကမ်းလာသည့် စီးကရက်ကိုငြင်းကာ ပြုံးသည်။

မီးရောင်ခပ်ဖျော့ဖျော့အခန်းထဲတွင် ဝူထောင်သည် သူ့ကိုလေ့လာနေကာ ရွှီရှီးလင်မှာလည်း အတော်လေး ပြောင်းလဲသွားကြောင်း နားလည်လာသည်။ အချိန်အတော်ကြာ သူက ဆံပင်မညှပ်ထားသည့်ပုံပင်။ ယခု စာမေးပွဲလည်းနီးလာပြီဖြစ်၍ မည်သူကမှ ဒီလိုကိစ္စသေးသေးဖွဲဖွဲလေးအတွက် အချိန်မရှိပေ။ သူက ပိန်သွားသလို စကားပြောလည်း နည်းလာခဲ့သည်။ မီးရောင်အထပ်ထပ်နှင့် အခန်းအရိပ်များ ဖုံးနေသည့် သူ၏မျက်ဝန်းများတွင် စိုးရိမ်မှုများကို ဖုံးကွယ်ထားသည့်ပုံပင်။

ရွှီရှီးလင် စကားစသည် ။
"ဂုဏ်ယူတယ်ကွာ၊ ငါတို့ ပြန်လည်လေ့ကျင့်ခန်းတွေနဲ့ ရုန်းကန်နေရတုန်း မင်းကတော့ ပန်းတိုင်စည်း အရမ်းနီးနေပြီ"

"ဘာအောင်ပွဲခံစရာလိုလို့လဲ"
ဝူထောင်ပြောနေတုန်း သော်ရွှင်းက လူသိပ်မသိသည့် အင်္ဂလိပ်သီချင်းတစ်ပုဒ်ဆိုနေသည်။
"ငါ့အဆင့်နဲ့က ပရော်ဖက်ရှင်နယ် အားကစားသမားဖြစ်ဖို့က လက်တွေ့မကျဘူးလေ၊ ငါ့မိသားစုက ငါ့ကို ပညာရေးသင်တန်းတစ်ခုခုကို ဝင်စေချင်တယ်၊ အနာဂတ်မှာ သူတို့က ငါ ကာယ ဆရာတစ်ယောက်အဖြစ်ပြန်လာနိုင်အောင် ဟိုဟိုဒီဒီ အကူအညီတောင်းမှာပဲ၊ လောင်ကျူးလိုဖြစ်လာမှာပဲ၊  အဲအတွေးကတင် ငါ့ကို အိပ်စေချင်တာ"

လောင်ကျူးသည် သူတို့ အားကစားလှုပ်ရှားမှု ဆရာဖြစ်သည်။ သူက အသက်ငါးဆယ်အရွယ် အမျိုးသားဖြစ်၏။ သူ့မိန်းမက သူ့ကို အသုံးမဝင်ဘူးဟု တွေးကာ ပစ်သွားခဲ့သည်။ သူသည် တစ်နှစ်ပတ်လုံး အားကစားဝတ်စုံဝတ်သည်။ ဘယ်သူမှလည်းသူ့ကို မစောင့်ရှောက်ပေ။ သူ့ဘောင်းဘီများမှာ သန့်ရှင်း၍မရတော့သည့်ပမာပင်။

သူက  အိန္ဒြေ မရှိလွန်း၍  ကာယဆရာဖြစ်မလာပေ။ ကျောင်းက သူ့ကို ကာယအချိန်တွင် ထွက်ကစားသည့် ကလေးတစ်သိုက်ကို ထိန်းပေးခိုင်းသည်။ ယောက်ျားလေးများက အားကစားကွင်းထဲ ချက်ချင်းပြေးကာ မိန်းကလေးများတော့ လိမ်လိမ်မာမာဖြင့် ဥပစ်တမ်းကစားကြသည်။ သူတို့ဘောလုံးအဖြစ်သုံးသည့် သဲများဖြည့်ထားသောအိတ်က ပေါက်သွားလျှင် လောင်ကျူးကိုရှာကြသည်။ ထို့နောက် ဘေးတွင်ရပ်နေကာ တစ်ယောက်ယောက်ကို ကြိုးခုန်သည့်ကြိုးအားကိုင်စေကာ ချုပ်ပေးရှာသည်။

ဝူထောင်က ခါးသက်သက်ရယ်သည်။
"ငါက သဲအိတ်ဘယ်လိုချုပ်ရမလဲတောင် မသိဘူး"

"မင်းကဘာလို့ အားကစားဆရာဖြစ်မှလဲ" ရွှီရှီးလင်က သော်ရွှင်းနောက်ကျောကို အကြည့်လွှဲကာ ဝူထောင်ကိုလှည့်ကြည့်သည်။
"အားကစားပစ္စည်းနယ်ပယ်ကို သွားပြီးစီးပွားရေး ဘာလို့မလုပ်တာလဲ၊ ဒါမှမဟုတ် မင်း gym ဒါမှမဟုတ် ကြံ့ခိုင်ရေးစင်တာရှာပြီး သင်တန်းဆရာလုပ်လို့ရတယ်လေ၊ ပိုက်ဆံလည်းပိုရမယ်၊ အလုပ်ကလည်းပိုလွယ်တယ်၊ လူတွေကိုလည်း ပိုသိရမယ်"

"အဲဒါက မည်မည်ရရအလုပ်တွေ မဟုတ်ဘူးလေ၊ ကာယဆရာကျ ပြည်နယ်ခွဲတမ်း(၁) အလုပ်ပဲ" ဝူထောင်ကရယ်သည်။
"မင်း နားလည်မှာမဟုတ်ပါဘူး၊  ဘယ်လိုပဲဖြစ်ဖြစ် ငါက ပုဂ္ဂလိက gymလေးတွေမှာ အားကစားဘယ်လိုလုပ်ရမလဲ၊ လူတွေကို သင်ပေးတာကနေ ဘယ်လောက်ရနိုင်မှာမို့လဲ၊ အဲဒါက အလှပြင်ဆရာ ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်တာနဲ့ အတူတူပဲမဟုတ်ဘူးလား"

ရွှီရှီးလင်က သူတို့ရပ်ကွက်မှ သင်တန်းဆရာမှာ တစ်နာရီကို ၂ရာကျော် ကျသင့်ကြောင်းပြောချင်သည်။ ဒါပေမဲ့ သေချာတွေးပြီးနောက်တော့ ပြောလည်းအကျိုးမရှိဟု ဆုံးဖြတ်လိုက်သည်။ သူ ဘယ်လောက်သိကြောင်း ကြွားရုံသာရှိမည်ဖြစ်ကာ တစ်နာရီကို ၂ထောင်ကျော်ကောက်ရင်တောင် ပြည်နည်ခွဲတမ်း အလုပ်မဟုတ်သေးပေ။

ဒါကြောင့် သူ ယဉ်ကျေးစွာပင် ခေါင်းစဉ်ကို လွှဲပြောင်းရန်လုပ်လိုက်သည်။
"မင်းပြောတာမှန်ပါတယ်၊ ဆရာဖြစ်တာက ပိုပြီးစိတ်ချရတယ်"

သူတို့အထက်တန်းရောက်ချိန် အကုန်လုံးက အခန်းတစ်ခန်းထဲတွင် တူတူထိုင်ကာ စာသင်ခဲ့ရသည်။ တစ်ချို့က စာတော်သည်။ တစ်ချို့က အဆင့်နိမ့်သည်။ ဒါပေမဲ့ သူတို့ရလဒ်မည်သို့ဖြစ်ဖြစ် ကျောင်းဆင်းလျှင် သူတို့ကြားဘာကွာခြားချက်မှမရှိသည့်ပမာ တူတူကစားနိုင်သည်။ ဒီအချိန်တွင် ဖော်ပြမရသည့် တွန်းအားတစ်ခုကြောင့် သူတို့လောကအမြင်ကြားရှိ ကွာခြားမှုသည် ကျယ်ပြန့်သထက် ကျယ်ပြန့်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အနာဂတ်တွင် သူတို့ ဆန့်ကျင်ဘက်ဦးတည်ချက်ကိုယ်စီ ပြေးသွားကာ အချင်းချင်း ဝေးသထက်ဝေးလာမည်မှာ အကုန်လုံး မတူညီသည့်ဘဝတွင် နေထိုင်ကျမည့်အချိန်ထိပင်။ 

ဝူထောင်က မတ်တပ်ထရပ်သည်။ တစ်အောင့်နေတော့ သူ အရက်ပုလင်းအချို့မှာကာ ပြန်လာသည်။

ရွှီရှီးလင် ,"..."

ကမ္ဘာကြီးသာပြောင်းလဲသွားမည်။ လူတစ်ယောက်၏ ပင်ကိုစရိုက်ကတော့ တစ်ပုံစံတည်းပင်။ ဝူထောင်သည် အရင်ကအတိုင်း မတော်လျော်တုန်းပင်။

လောင်ချန့်က ဆူဆူညံညံဖြင့် လှမ်းလိုက်သော်လည်း ရွှီရှီးလင်သည် လက်ကိုရိုက်ချလိုက်သည်။
"မင်းသေချင်နေတာလား၊ ငါတို့ ဒီည ကိုယ်တိုင်စာလေ့လာချိန်တွေရှိသေးတယ်၊ ချီလီရှန်းသာ မင်းကိုယ်ပေါ် အနံ့ရရင် အရှင်လတ်လတ် အရေခွံဆုတ်လိမ့်မယ်"

ဝူထောင်က လောင်ချန့်ကို ရေဘူးတစ်ဘူးပစ်ပေးလေသည်။
"မင်းတို့ မသောက်ကြနဲ့၊ ငါက နောက်အပတ်ကစပြီး ကိုယ်တိုင်စာလေ့လာချိန်တွေ သွားစရာမလိုတော့ဘူး၊ ညဘက်လည်း သွားဖို့မလိုဘူး၊ ဒါက သော်ရွှင်းအတွက်"

ရွှီရှီးလင် ဝင်ဟန့်လိုက်သည်။
"မဖြစ်-"

ဝူထောင်က သူ့ကိုလှည့်မေးသည်။
"ကျွန်တော်မျိုး သော်တာ့ရှန်းကို အရက်တစ်ခွက်ဆက်သချင်လို့ အဖွဲ့ခေါင်းဆောင်ကို တောင်းဆိုလို့ရပါမလားခင်ဗျာ"

ရွှီရှီးလင် ဘာမှမပြောနိုင်တော့ပေ။ သူခုနလေးကတင် ဝူထောင်ကို နည်းနည်းရင့်ကျက်လာသည်ဟု ထင်ခဲ့သော်ငြား ယခုတော့ သူသည်အရင်တိုင်း စိတ်ရှုပ်ဖို့ကောင်းသေးသည်။

သူတို့ မသောက်ဘူးပြောကြသော်ငြား အဆုံးတွင်တော့ လူတိုင်း ရှောင်လွှဲလို့မရစွာ နည်းနည်းစီသောက်ဖြစ်သွားကြသည်။

သော်ရွှင်း စိတ်ပျော်နေလား မပျော်နေတာလားတော့ မသိပေ။ ဒီညတွင်တော့ သူကစကားပြောရလွယ်လှ၏။ ဝူထောင် အရက်ကိုကမ်းလာချိန် သူက အမှန်တကယ်ကို လက်ခံခဲ့သည်။ ၎င်းတင်မက ဒီလူက စကားပြောမကောင်းသလို ဆင်ခြေပေးလျှင် ပိုတောင်ဆိုးသေးသည်။ ဝူထောင်က အရှိန်ကို လုံးဝထိန်းချုပ်လိုက်သည်။ စကားနည်းနည်းပြောပြီးတိုင်း ဝူထောင်က ဖန်ခွက်ချင်းတိုက်ပြီး တချွင်ချွင်တိုက်ပြီးတိုင်း ထိုငတုံးကောင် သော်ရွှင်းက တစ်ခွက်မော့သောက်လေသည်။ မည်သူကမှ သူ့ကို အတင်းသောက်ခိုင်းရန်တောင် မလိုပေ။

ရွှီရှီးလင်မှာ မျက်နှာကို ကာထားရင်း ခဏနေရင် သော်ရွှင်းကို အိမ်ပြန်သယ်သွားရတော့မည်ဖြစ်ကြောင်း တွေးနေသည်။

အဆုံးတွင်တော့ သော်ရွှင်းမှာ အမှန်တကယ်ကို အမူးလွန်သွားလေပြီ။

ညနေစောင်းတွင် ဝူထောင် အသောက်လွန်သွား၍ စကားများထစ်ကာ တရစပ် တခစ်ခစ်ရယ်နေချိန် သော်ရွှင်းကတော့ မမြင်ရသည့် ထောင့်တစ်နေရာတွင် ငိုင်ငိုင်ကြီးရပ်ကာ စိုက်ကြည့်နေသည်။ ရွှီရှီးလင်လုပ်နိုင်တာ ဘာမှမရှိတော့ပေ။
"ဒီနေ့တော့ ဒီလောက်ပဲ၊ မင်းတို့တွေ ကျောင်းအရင်ပြန်ပြီး လမ်းမှာ ထောင်ကောကို အဆောင်မှာ ချပေးလိုက်၊ ငါ အဲတစ်ယောက်ကို အိမ်အရင်ခေါ်သွားဦးမယ်... ရတယ်၊ ချီလီရှန်းက ငါ ညဘက်ကိုယ်တိုင်စာလေ့လာချိန် မလာရင်တောင် ဘာမှမပြောဘူး"

သော်ရွှင်းမှာ အမူးလွန်ပြီးနောက် အင်မတန်လိမ်မာနေသည်။ သူသည် ဆူညံပူညံလည်း မလုပ်ဘဲ အနည်းငယ်သာ အတွေးလွင့်နေသည်- အရင်ပုံမှန်အခြေအနေလိုမျိုး သတိကပ်မနေပေ။ ရွှီရှီးလင်မှာ လူတိုင်းကိုနှုတ်ဆက်ပြီးနောက် သော်ရွှင်းအန်နိုင်ရန် အိမ်သာထဲခေါ်လာခဲ့သည်။ ပြီးတော့ ပါးစပ်ဆေးရန် ရေဘူးပေးလိုက်၏။ သူ သော်ရွှင်းကို ဆူပစ်ချင်ပေမဲ့ သော်ရွှင်းက ဖင်လားခေါင်းလားတောင် မခွဲနိုင်တော့ကြောင်း မြင်လိုက်ရ၍ ပြောလည်းအကျိုးမရှိဟု ခံစားလိုက်ရသည်။ ဒါကြောင့် ပါးစပ်ပေါက် ပိတ်ထားကာ ထိုနေရာတွင် သူနှင့်အတူ တိတ်တဆိတ်ထိုင်နေသည်။

သော်ရွှင်းသည် သောက်ပြီးလျှင် နီလာတတ်သည့်သူ ဖြစ်သည်။ သူ့နှာခေါင်းထိပ်ဖျားနှင့် မျက်ဝန်းများကပင် ရဲနေသည်။ သူက ငိုထားသည့်ပမာ သနားဖို့ကောင်းနေသည်။ သူက ရွှီရှီးလင်နောက်လိုက်လာရင်း ရုတ်တရက် ရွှီရှီးလင်လက်ကိုဆွဲလာသည်။

ရွှီရှီးလင်၏ လက်ချောင်းများ အလိုလို ကျုံ့ဝင်သွားသည်။

"ငါနေလို့မကောင်းဘူး"

"အန်ချင်နေသေးတာလား"

သော်ရွှင်းက ခေါင်းခါသည်။ ထို့နောက် သူက ရွှီရှီးလင်ကို ဆုပ်ကိုင်ထားရင်း နေရာတွင်ထိုင်ချလိုက်ကာ လှုပ်ဖို့ကို ငြင်းနေလေသည်။

ရွှီရှီးလင် ကိုယ်ကိုကိုင်းကာ မျက်နှာကို သေချာလေ့လာနေသည်။
"ဘယ်နေရာနေလို့ မကောင်းတာလဲ၊ အစာအိမ်လား"

သော်ရွှင်းကခေါင်းခါသည်။

"မင်း ခေါင်းမူးနေတာလား"

သော်ရွှင်းက ခေါင်းခါနေတုန်းပင်။ သူ့ပုံစံသည် ဘာမေးမေး ခေါင်းသာခါနေသည့် စိတ်ဆိုးနေသော ကလေးအတိုင်းပင်။

လခြမ်းကို ဝင်လာသူများ တဖြည်းဖြည်းများလာသည်။ ဝင်ထွက်သွားသူတိုင်းက သူတို့ကို စိုက်ကြည့်သွားကျသည်။

ရွှီရှီးလင်မှာ ခေါင်းနည်းနည်းမကောင်းသည့် ကလေးတစ်ယောက်ကို ခေါ်လာရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူ သော်ရွှင်းကိုပြောလိုက်သည်။
"အရင်ထဦး၊ ငါတို့တခြားလူတွေကို ပိတ်ထားသလိုဖြစ်နေပြီ"

သော်ရွှင်းက ခေါင်းယမ်းနေတုန်းပင်။ ရွှီရှီးလင်မှာ ရွေးချယ်စရာမရှိတော့ဘဲ မတ်တပ်ထရပ်ကာ ဘေးဘက်ဆီ လျှောက်သွားလိုက်ရသည်။ သော်ရွှင်းက မတ်တပ်မရပ်ဘဲ သူ့လက်ကို ဆွဲထားကာ ဆောင့်ကြောင့်ထိုင်နေသဖြင့် တရွတ်တိုက်ဆွဲလာရသည်။ ကံကောင်း၍ လခြမ်းမှ ကြမ်းပြင်မှာ ချောမွတ်သည်။

ရွှီရှီးလင် သူ့ကိုဆွဲလာရင်း သူတို့နှစ်ယောက်မှာ နှင်းတောထဲဖြတ်လာသည့် ခွေးတစ်ကောင်က စွတ်ဖားလှည်းကို ဆွဲနေသည့်ပုံ ပေါက်နေသည်။ လက်လျှော့ကာ သူရပ်လိုက်၏။
"မင်း ဘာလိုချင်နေတာလဲလို့"

သော်ရွှင်းက ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်နေရင်း သူ့ကိုမော့ကြည့်လာသည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲနေသည့်ပုံပင်။ သူ ချောင်းကြည့်နေတာ လူမိသွားသည့်အတိုင်း မလုံမလဲခေါင်းငုံ့သွားပြီး တီးတိုးဆိုလေသည်။
"ငါ့ နှလုံးသား... နေလို့မကောင်းဘူး"

ရွှီရှီးလင် : "...."

ရွှီရှီးလင်မှာ ခဏတာ နံရံကိုစောင့်ကြည့်နေရင်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ထို့နောက် သူ သော်ရွှင်းကို ပြန်ကြည့်လိုက်သည်။ သူမြင်ရသမျှသည် သော်ရွှင်းဆံပင်၏ ဆံခွေများနှင့် မျက်လွှာချထားကာ မသက်မသာတုန်ရီနေသည့် မျက်တောင်ရှည်များ ဖြစ်သည်။ သူ့ပုံစံမှာ လုံးဝကို သနားစရာကောင်းနေသည်။

ရွှီရှီးလင် တစ်ချက်ကြည့်ပြီး မထိန်းနိုင်တော့ပေ။ ထိုနေ့တုန်းက သူအတင်းအကြပ်မျိုသိပ်ထားခဲ့သည့် အတွေးသည် ရုတ်တရက် ပေါ်လာခဲ့ကာ သူ့နှလုံးသား၏ အတွင်းဘက်အကျဆုံး နေရာကို ဖြတ်တိုက်သွားသည်။

သူ သိပ်မသောက်ထားသော်ငြား ခြေထောက်များသည် အနည်းငယ်မြောက်ကြွနေသည့်ပမာပင်။ သူ့စိတ်၏ အရံအတားများကို ချိုးဖောက်ခံရသလို အတွေးတစ်ခုပေါ်လာသည်။

ငါသော်ရွှင်းကို သဘောကျနေတာလား။

သူ့အတွက် သော်ရွှင်းသည် အခြားသူများနှင့်မတူပေ။

သူ အောင်မြင်မှုတောင်ပံများဖြင့် မြင့်မားစွာပျံသန်းနေချိန် လူတိုင်းသည် သူ့အတွက် သူငယ်ချင်းဖြစ်ကြသည်။ လောင်ချန့်က ငတုံးဖြစ်သည်။ ချိုက်ကျင်းမိသားစု အခြေအနေက ဆိုးရွားသည်။ ဝူထောင်က အမြဲ အပေါင်းအသင်းဆိုးများနှင့် ရောနေတတ်သည်။ သော်ရွှင်းက စကားနည်းနည်းပြောပြီးသည်နှင့် အလွယ်တကူ ရန်ဖြစ်တတ်သည်။ ယွီယိရန်လို ငယ်ငယ်ကတည်းက မိန်းကလေးများကြား အခြားသူများ၏ခေါင်းကို အုတ်ခဲဖြင့် ရိုက်ခွဲလာသည့် သူရဲကောင်းဖြစ်လျှင်တောင်
ရွှီရှီးလင်မှာ သူတို့ အပြင်ထွက်ကစားတိုင်း အိမ်ကို လုံလုံခြုံခြုံပြန်ရောက်တာသေချာစေရန် သူ့ထံ စာပို့ခိုင်းသည်။ သူ အမြဲ သူငယ်ချင်းတိုင်းကို ညီတူညီမျှ ဂရုစိုက်ခဲ့သည်။

သို့ပါသော်လည်း သူ အသက်၁၈နှစ်အရွယ်တွင် ကြီးမားလှသော နာကျင်မှုကြီးနှင့် ကြုံရချိန် သူတို့အားလုံးကို သူ့ခံစားချက်များထံမှ အဝေးဆီတွန်းပို့ခဲ့သည်။ သူသည် အခြားသူများအား တစ်ခွန်းမှ နှုတ်မမြွက်ခဲ့သလို ကျောင်းတွင်တောင် မည်သည့်ခံစားချက်များကိုမှ မပြသခဲ့ပေ... အကြောင်းရင်းကတော့ သူတို့သည် အပြင်လူများသာ ဖြစ်ခဲ့သည်။

သော်ရွှင်းသာလျှင် သူ့ဘေးတွင်နေကာ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုများကို ဝေမျှခံစားပေးသော တစ်ဦးတည်းသောသူ... သူ့မိသားစုဖြစ်ခဲ့သည်။

ရွှီရှီးလင် သက်ပြင်းချကာ အန္တရာယ်ရှိလှသော မြေပြင်ပေါ် ခြေတစ်ဖက်ရပ်နေသည့်ပမာ ခံစားနေရသည်။ သူ ကိုယ်ကိုင်းပြီး သော်ရွှင်းလက်မောင်းကြားတွင် လက်ကိုချိတ်ကာ ကြမ်းပြင်ပေါ်ကနေ အတင်းဆွဲမလိုက်သည်။ သော်ရွှင်းကို ကော်လာကနေဆွဲကာ ဒီစိတ်ဆိုးနေသည့် အမူးသမားကိုအိမ်ဆီဆွဲခေါ်လာရင်းနှင့် ချော်လဲရသေးသည်။

သော်ရွှင်း ခုနလေးတင် အန်ခဲ့သည့် သန့်စင်ခန်းထဲတွင် လီပေါ်ကျီသည် အိမ်သာခန်းတံခါးတစ်ခုကို ခပ်ဖြည်းဖြည်းတွန်းဖွင့်လိုက်သည်။

သူလည်း အရက်သောက်နေတာဖြစ်သည်။ အခုလေးတင် လီပေါ်ကျီမှာ ဝူထောင့်အား သူ့'ပညာရေးပိုင်းအရအောင်မြင်သည့် သူငယ်ချင်းများ'က ခေါ်ထုတ်သွားတာကို ဘေးခန်းကနေကြည့်နေတာဖြစ်သည်။

လီပေါ်ကျီ၏ မိသားစုအခြေအနေမှာ ချိုက်ကျင်းနှင့်ဆင်သည်။ သူ့အဖေသည် အနည်းဆုံးတော့ သူ့ဖခင်အရင်းဖြစ်ကာ မိခင်က အခြားတစ်ယောက်နှင့် ထွက်ပြေးသွားခဲ့သည်။ အစတွင် သူနံပါတ် ၆ ကျောင်းတွင် ဝင်ခွင့်ရတုန်းက ရက်အနည်းငယ်ခန့်  သူ့အဖေသည် သူ့အကြောင်း အခြားသူများကို ကြွားကာ ကျောင်းကိုလိုက်ပို့ရာတွင် ခရီးဆောင်အိတ်ပါသယ်ပေးခဲ့သေးသည်။ ထိုချိန် လီပေါ်ကျီမှာ စာကိုစိတ်ဝင်တစားကျက်ပြီး နာမည်ရအောင် လုပ်ချင်ခဲ့သည်။

ကံမကောင်းစွာပင် အိပ်မက်များက လှပသည့်တိုင် အမှန်တရားသည် ရက်စက်၏။ သူ သင်ကြားရေးအပိုင်းတွင် ကိုယ်တိုင်နာမည်ရအောင် လုပ်ရန်နေနေသာသာ ကျောင်းအသင်းမှာတောင် နာမည်ရရန် အင်မတန် ခဲယဉ်းသည်ကို အလျင်အမြန်နားလည်သွားခဲ့သည်။ အသစ်အဆန်းသည် ရိုးအီသွားသည်နှင့် သူ့အဖေက သူထူးချွန်မှူသိပ်မရှိတာမြင်တော့ သူ့ကို ဂရုမစိုက်တော့ပေ။

အချိန်အတော်ကြာ စိတ်ဓာတ်ကျပြီးနောက် လီပေါ်ကျီက 'ဆိုးသွမ်း'ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ တစ်ရက်တာ'ဆိုးသွမ်း' နေရခြင်းမှာ တစ်ရက်တာသူ့ခွန်အားကို ပြသသည့် သဘောပင်။ ကြွားဝါခြင်းမှရသည့် အားရကျေနပ်မှုက သူ့ကြောက်ရွံမှူနှင့် အထီးကျန်မှုများကို ခဏတာမေ့ပျောက်စေကာ ပစ္စုပန်ကိုသာ အာရုံစိုက်မိစေသည်။ သူက ဆိုးလာရုံတင်မက သူ့သူငယ်ချင်းများကိုလည်း သူနှင့်အတူ ဆိုးလာအောင် ဥိးဆောင်ခဲ့လေသည်။

ပြီးတော့အခု သူ့အကောင်းဆုံးသူငယ်ချင်းက သူ့ကိုသစ္စာဖောက်သွားသလို ခံစားရသည်။

ငါတို့တွေ အတူတူ ဆိုးသွားမယ်ဆိုပြီး စိတ်ထဲကနေ သဘောတူထားတာ မဟုတ်ဘူးလား။ ငါတို့ ဒီစည်းမျဉ်းတွေ အမိန့်တွေအားလုံးကို ရှုံ့ချပြီး အတူတူ ရှိနေရမှာ မဟုတ်ဘူးလား။ ညီအကိုဆိုတာက ဒီနေ့တူတူရန်ဖြစ်ပြီး နောက်နေ့ဆို အချုပ်ခန်း ဘေးချင်းကပ် ထိုင်နေမှာလေ —  မင်းသဘောနဲ့မင်း ပြောင်းလဲပစ်နိုင်ရတာလဲ။

အတိတ်တွင် လီပေါ်ကျီသည် ဝူထောင်နှင့် သု့သူငယ်ချင်းဆက်ဆံရေးကြောင့် ရံဖန်ရံခါ အခန်း၁ရှိသူများနှင့် အချိန်ဖြုန်းဖူးသည်။ ထိုတုန်းက အတန်း၁မှလူများမှာ ဘတ်စကတ်ဘောကစားရင် ပျော့လွန်းသည်ဟု ထင်မိတာကလွဲ တခြား သီးသန့်ထင်မြင်ချက်မျိုးမရှိခဲ့ပေ။ အခု အထက်တန်းပြီးလုနီးပါးဖြစ်နေကာ သူ၏တိုးပွားလာသည့် စိတ်ရှုပ်မှုနှင်ါအတူ လီပေါ်ကျီမှာ ဝူထောင် အတန်း၁မှ လူများနှင့် အတူရှိနေသည်ကို သည်းမခံနိုင်တော့ပေ။ သူ့စိတ်ရှုပ်မှုအပေါ် မနာလိုမှု ထပ်ပေါင်းထည့်ကာ  အကြောင်းပြချက်ရေရေရာရာမရှိဘဲ ဝူထောင်နှင့်တခြားသူများနောက်လိုက်လာပြီး လခြမ်းဆီ သူ့အုပ်စုကိုခေါ်လာခဲ့သည်။တစ်နေ့ခင်းလုံး သူ့စိုးရိမ်မှုများကို အရက်ထဲတွင် မြှုပ်နှံမိနေသည်။

"ဘာကိစ္စလဲ၊ လီကော သူနဲ့ ရန်ဖြစ်ခဲ့ဖူးတာလား"
ဆံပင်ကိုငွေရောင်ဆိုးထားသည့် လူငယ်လေးတစ်ယောက်က ရောက်လာကာမေးသည်။ သူက လီပေါ်ကျီ နံရံပေါ်မှကျော်တက်ပြီး အတန်းလစ်စဉ် တွေ့ခဲ့ဖူးသည့် လူဆိုးများထဲမှ တစ်ယောက်ဖြစ်သည်။

လီပေါ်ကျီအကြည့်များသည် သူ့မျက်နှာပေါ်ရောက်လာသည်။ တစ်ခဏတာ မိုက်ရူးရဲဆန်မှုဖြင့် ပြောလိုက်သည်။
"ငါ့ကိုပြဿနာတစ်ခုရှင်းပေးကွာ၊ မင်းတို့အကုန်လုံးကို နောက်တစ်ကြိမ်ကျ လိုက်တိုက်မယ်"

ရွှီရှီးလင်မှာ သော်ရွှင်းကို လခြမ်းဆီမှ ခေါ်လာခဲ့သည်။ ဒီအချိန်သည် လမ်းပေါ်တွင် အင်မတန်သက်ဝင်လှုပ်ရှားနေချိန်ဖြစ်သည်။ လူအမျိုးမျိုး အပျော်ရှာနေကြကာ သူတစ်ပတ်ရှာပြီးတာတောင် အငှားကားမရနိုင်သေးပေ။  ရွှီရှီးလင်မှာ ခဏတာတွန့်ဆုတ်နေပြီးနောက် နောက်ဘက်တံခါးတွင် သူ့ကံစမ်းရန် ဆုံးဖြတ်လိုက်သည်။ သူ လူအုပ်ကြီးကိုတိုးကာ လမ်းသွယ်လေးများထဲ  လှစ်ခနဲ ဝင်လာရင်း သော်ရွှင်းကို လှမ်းပြောလိုက်သည်။
"အန်ချင်ရင် ငါ့ကိုပြော"

သော်ရွှင်းက ဘာမှမပြောပေ။ သူ မရပ်မနား ရွှီရှီးလင်၏ လက်ဖဝါးကိုဖြန့်ပွင့်အောင် ကလော်နေသည်။ သူက သူတို့လက်ချောင်းများယှက်သွယ်နေစေရန် ဆုံးဖြတ်ထားလေသည်။

သူ့ကုတ်ခြစ်မှုက ရွှီရှီးလင်၏ လက်ချောင်းများကိုယားစေ၍ လက်ကို ပြန်ဆွဲချင်သွားသည်။ နှစ်ယောက်သား လမ်းကျဉ်းလေးထဲတွင် လုံးထွေးသတ်ပုတ်စပြုလေသည်။

ရွှီရှီးလင်၏ စိတ်ရှည်မှု အထွတ်အထိရောက်လုစတွင် သူမမြင်ဖူးသည့် ကလေကချေအချို့က လမ်းဆုံးတွင် ပေါ်လာသည်။ ရွှီရှီးလင် သော်ရွှင်းကို ဘေးဘက်ဆီဆွဲပြီး လမ်းဖယ်ပေးချင်သည့်တိုင် ဒီကောင်တွေက သူတို့ဆီတမင်ဦးတည်လာတာဖြစ်နေခဲ့သည်။

ရွှီရှီးလင်မှာ နောက်တစ်လှမ်းပြန်ဆုတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူဆိုးကောင်တွေက သူ့ကိုတမင်စိန်ခေါ်သည့်အကြည့်ကြည့်တာ မြင်လိုက်ပြီး တမင် ပြဿနာလာရှာတာမှန်းမြင်လိုက်ရသည်။ သူက ထောင့်တစ်နေရာတွင်ရပ်ကာ သော်ရွှင်းကို နောက်ပြန်ဆွဲလိုက်သည်။ သူ့မျက်ဝန်းထောင့်ကနေ သူတို့လာခဲ့သည့်လမ်းကိုပြန်ကြည့်တော့ ထင်ထားသည့်အတိုင်းပင် လူတစ်ချို့က သူတို့နောက်ကနေလိုက်နေခဲ့တာဖြစ်သည်။ သူ အစတုန်းက သတိမထားမိခဲ့ပေ။ အကြောင်းရင်းမှာ ပထမအချက်က သူကိုယ်တိုင်လည်း နည်းနည်းသောက်ထားပြီး သော်ရွှင်းကို ဆွဲခေါ်ရုန်းကန်ရင်း အလုပ်ရှုပ်နေတာဖြစ်သည်။ ဒုတိယအချက်က သူဘယ်သူ့ကိုမှ အပြစ်မလုပ်ထားပေ။

"ပြဿနာရှိလို့လား"

ကလေကချေများက သူ့ကို အကဲခတ်နေသည်။ ထို့နောက်သူ့အကြည့်သည် ရွှီရှီးလင်၏ အားကစားဖိနပ်ဆီ ရောက်လာသည်။ သူက လျှာသပ်ပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ ခြိမ်းခြောက်သည့်ဟန်ဖြင့် လှုပ်နေသည်။

"ဘာမှမဟုတ်ပါဘူး၊ ငွေကနည်းနည်းကျပ်နေတော့ မင်းတိုနဲ့ ရေစက်ရှိတယ်လို့ ခံစားရလို့ ...၊ ငါက မင်းတို့နဲ့သိချင်ပြီး ပိုက်ဆံချေးချင်ရုံလေးတင်"

လွန်ခဲ့သည့်တစ်နှစ်ကသာဆိုလျှင် ထိုလူစကားပြောတာမပြီးခင် သခင်လေးရွှီမှာ ပထမဆုံးလက်ဦးမှုရယူပြီးလောက်ပြီ။ဒါပေမဲ့ အခုက မတူတော့ပေ။ ရွှီရှီးလင်၏ ပထမဆုံးအတွေးမှာ မလိုအပ်သည့်ပြဿနာကို ရှောင်ရှားရန်သာဖြစ်သည်။ သူ အဖွားကို စိုးရိမ်အောင်လုပ်လို့ မဖြစ်ပေ။ ပြီးတော့ သူ ဂရုစိုက်ဖို့လိုသေးသည့် ငမူးကောင်လည်း ရှိသေးသည်။

"လွယ်ပါတယ်" ရွှီရှီးလင် သူ့အိတ်ကို ဟိုစမ်းဒီစမ်းလုပ်ပြီး ပိုက်ဆံအိတ်ကိုထုတ်လိုက်ကာ လက်ယမ်းပြလိုက်သည်။
"မင်းတို့ ဘယ်လောက်လိုချင်တာလဲ"

ကလေကချေက သူ့ကိုအပြုံးတုဖြင့် ကြည့်သည်။
"သိပ်မများပါဘူး၊ တစ်သောင်း နှစ်သောင်းလောက်ဆို ရပါပြီ"

ဆိုလိုတာကတော့ သူတို့ ရန်ဖြစ်ဖို့ ရွေးထားသည်ဟုပင်။

ရွှီရှီးလင်က ရယ်ကာ သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"မင်းတို့က အနောက်ဘက်ခြမ်းက ဒီဟူတုံလမ်းသွယ်လေးမှာ ငါတို့ကို ချောင်ပိတ်ဖမ်းတာပဲ၊ ငါတို့တံခါးကနေထွက်လာတည်းက မင်းတို့လိုက်လာတာပဲဖြစ်ရမယ်၊ ပြောစမ်းပါ ငါဘယ်သူ့ကို စော်ကားထားမိလို့လဲ"

ကလေကချေက သူ့ကိုသွားဖြဲပြသည်။
"ဘယ်သူမှမဟုတ်ဘူး၊ ငါကမင်းတို့အကြည့်ကို သဘောကျလို့ စကားပြောချင်ရုံလေးတင်လေ"

သူကပြောရင်း အိတ်ကပ်ထဲက လက်ကိုထုတ်လိုက်သည်။ လက်ဖဝါးအရှည်ရှိသော  ခေါက်ဓားတစ်ချောင်းကို လက်ထဲတွင်
ကိုင်ထားသည်။  ပိတ်လိုက်ဖွင့်လိုက်ဖြင့် ထပ်တလဲလဲ ကစားပြနေသေး၏။ သူ မေးစေ့ကိုမော့လာသည်။
"ဒီမှာစကားပြောဖို့က အဆင်မပြေဘူး၊ အထဲဝင်ပြီး သွားသောက်ရအောင်"

သူ့စကားပြောတာမပြီးခင် တက်တူးများနှင့်လက်တစ်ဖက်သည် ရွှီရှီးလင် ပခုံးပေါ် အနောက်ကနေလှမ်းချုပ်ထားသည်။ ရွှီရှီးလင်မှာ စိတ်ထဲကနေ လေမှုတ်ထုတ်နေရကာ အနောက်ကို လှည့်ကန်ချင်သည့် စိတ်ကိုချုပ်တည်းထားရသည်။ ဒါပေမဲ့ သူ ဘာမှမပြောနိုင်ခင် သူ့နောက်ကနေ တစ်ချိန်လုံး နာခံပြီး လိုက်လာသည့် သော်ရွှင်းမှာ ရုတ်တရက် စဖောက်တော့သည်။ သူ ရှေ့ကိုတိုးလာကာ ရွှီရှီးလင်ပခုံးပေါ်မှ လက်ကို ဖယ်ထုတ်ပြီး အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်သည်မှာ ထိုတက်တူးနှင့်လူ၏ မျက်နှာကို ရိုက်မိသွားသည်။

အမူးသမားတစ်ယောက်၏ အားက ပြင်းလှသည်။ တက်တူးနှင့်လူမှာ အငိုက်မိသွားပြီး ကိုယ့်မျက်နှာကိုကိုယ် ရိုက်မိခြင်းနှင့် အဆုံးသတ်သွားသည်။ သူက ချက်ချင်း ပေါက်ကွဲသွားလေသည်။
"ငါတို့ ကောင်းကောင်းမွန်မွန်ကစားတာ တော်ပြီ!"

ရွှီရှီးလင် : "...."

သူက ကိစ္စတွေကို ဘယ်လိုဆိုးအောင် လုပ်ရလဲတော့ တကယ်သိတာပဲ။

ကိစ္စများ ချောချောမွေ့မွေ့ဖြစ်ရန် နည်းလမ်းမရှိတော့ပေ။ တစ်ခုတည်းသောရွေးချယ်မှုက ထိုးကြိတ်ရန်သာဖြစ်လေသည်။ ရွှီရှီးလင် လက်ထဲ အိတ်ကိုကိုင်ပြီး တက်တူးနှင့်လူကို ထပ်ကန်လိုက်သည်။ သူ့ကန်ချက်မှာ ထိုလူ့ဆီက ကာကွယ်ရန် နံရိုးမရှိသည့် ပျော့ကွက်နေရာကိုပင်ဖြစ်သည်။ ထိုလူက သူတို့ကို အော်တောင်မအော်နိုင်ဘဲ နာကျင်မှုကြောင့် မြေကြီးပေါ်လဲကျသွားသည်။ ရွှီရှီးလင်လှည့်ကာ သော်ရွှင်းကို တွန်းထုတ်လိုက်သည်။
"သွား!"

ဒါပေမဲ့ ထိုသော်ရှန်းအာ့က နည်းနည်းလေးတောင် ပူးပေါင်းချင်စိတ်မရှိပေ။ သူက မသွားသည့်အပြင် ရှေ့ဆီ ပစ်ဝင်လာကာ ရွှီရှီးလင်ကို ရေဘဝဲတစ်ကောင်လို ခြေလက်များဖြင့် ရစ်ပတ်ထားလေသည်။

ရုတ်တရက် သတိလွတ်သွားသဖြင့် ရွှီရှီးလင်မှာ ခြေလှမ်းများ နောက်ဆုတ်ကာယိုင်သွားပြီး လမ်းကြားနံရံကို ရိုက်မိသွားလေသည်။ သူ စိတ်ရူးပေါက်လုနီးပါးဖြစ်သွားသည်။ သော်ရွှင်းကို သူအထက်အောက်လှန်ပစ်ကာ ခေါင်းထဲကနေ အရက်အားလုံးကို ခါထုတ်ပစ်ချင်သည်ကလွဲ ဘာမှမလိုချင်တော့ပေ။ ပြီးလျှင် ဒီကောင်ကို ဘယ်သူ့ဘက်ကလူလဲဆိုတာလည်း မေးရမည်။

သော်ရွှင်းသည် သူ့ကိုနံရံဆီတွန်းလိုက်သည်။ ဘာမှမပြောဘဲ သူက တစ်ဖက်လှည့်လိုက်တော့ သူ့နောက်ကျောက ရွှီရှီးလင်နှင့် မျက်နှာချင်းဆိုင်ဖြစ်သွားပြီး လက်မောင်းနှစ်ဖက်လုံးကို ဆန့်ထုတ်ရင်း အနောက်မှ ရွှီရှီးလင်ကို ကာပေးနေသည်။ သူက ရွှေစွန်ညှိုကစားနေသည့်ပုံပေါ်ကာ ကြက်လေးတစ်ကောင်ကိုဖမ်းဖို့လုပ်နေသည့် စွန်ညိုအိုကြီးတစ်ကောင်ဖြစ်သည်။

ရွှီရှီးလင် : "..."

သော်ရွှင်းက တစ်ခုခုပြောချင်နေသည့်ပုံပင်။ သူက ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမလဲမေ့သွားသည့်ပုံပင်။ ဒါကြောင့် ငမူးကောင်မှာ ခေါင်းမာမာဖြင့် ထိုနေရာတွင်ရပ်ပြီး ရူးမိုက်မိုက် ကာကွယ်ပေးနေသော ကိုယ်ဟန်အနေအထားဖြင့် လူမိုက်တစ်စုကို ရင်ဆိုင်နေလေသည်။

"ဒီငတုံးက ဘယ်ကရောက်လာတာလဲ၊ သူ့ကိုပါ ထိုးကွာ!"
ရွှီရှီးလင် ရင်ထဲထိသွားပြီး စိတ်ရှုပ်ထွေးမှုကြောင့်လည်း ခုန်ဆွဆွဖြစ်နေသည်။ ထိုအခိုက်မှာပင် လမ်းကြားအဆုံးတွင် ကျယ်လောင်လှသည့် အသံကြီးတစ်ခုပေါ်လာသည်။ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ယောက်ျားတစ်ယောက်က လမ်းထဲဝင်လာသည်။ သူ့လက်ထဲတွင် လမ်းကြားအဆုံးက အမှိုက်ပုံးကို ခေါက်ထားသည့် သစ်သားတုတ်တစ်ချောင်းကိုင်ထားသည်။

လမ်းကြားထဲမှလူတိုင်းမှာ ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။တစ်စုံတစ်ယောက်ကတီးတိုးပြောသည်။
"စုန့်လျန်ယွမ်"

လူမိုက်လေးများသည် လူမိုက်ကြီးကို ပက်ပင်းကြုံလေပြီ။ ဓားကိုကိုင်ထားသည့် တစ်ယောက်မှာ စိတ်လှုပ်ရှားလာသည်။

စုန့်လျန်ယွမ်က စီးကရက်တစ်လိပ်ညှိကာ ခပ်ဖြည်းဖြည်းပြောလေသည်။
"ငါတို့အားလုံးက သူငယ်ချင်းတွေပဲ၊ တစ်ခွက်နှစ်ခွက်သောက်တာ ပြဿနာမဟုတ်ဘူး၊ ဒါပေမဲ့ငါ့ရဲ့ ဒီညီငယ်လေးက ဒီနှစ်ဆို တတိယနှစ်လေ၊ သူသာအိမ်ပြန်နောက်ကျရင် မိသားစုကစိုးရိမ်နေလိမ့်မယ်၊ အားလုံးနားလည်မယ် ထင်ပါတယ်"

လူမိုက်ငယ်လေးအစုမှာ နားမလည်ရဲပဲ မနေနိုင်ပေ။

စုန့်လျန်ယွမ်က ပြုံးပြီး ရွှီရှီးလင်ကို လက်ယပ်ခေါ်လိုက်သည်။
"ရှောင်လင်  ဒီကိုလာ၊ ငါမင်းကိုအိမ်ပြန်ပို့ပေးဖို့ အငှားကားခေါ်ပေးမယ်"

လမ်းကိုပိတ်ထားသည့် လူမိုက်လေးများမှာ တွန့်ဆုတ်ဆုတ်ဖြင့် သူ့ကို သွားခွင့်ပေးလေသည်။ ထိုအခါမှသာ ရွှီရှီးလင် စိတ်သက်သာရာရသွားသည်။

ခုနကသူ ပိုက်ဆံအိတ်ကိုရှာနေတုန်း စုန့်လျန်ယွမ်၏ နံပါတ်ကို ခေါ်ခဲ့ခြင်းဖြစ်သည်။စုန့်လျန်ယွမ်မှာ လခြမ်းတွင် အလုပ်လုပ်ခြင်းဖြစ်ပြီး သူ့ကိုဖုန်းဆက်ခေါ်သည်က ရဲကိုခေါ်တာထက် ပိုပြီးထိရောက်သည်။

စုန့်လျန်ယွမ်သည် သူတို့ကို အငှားကားစီလိုက်ပို့ပြီးနောက် ရွှီရှီးလင်ခေါင်းကို ပုတ်လိုက်သည်။
"အန်တီရွှီက ဒီမှာမရှိတော့ မင်းကို ထိန်းသိမ်းပေးမဲ့ ဘယ်သူမှမရှိတော့ဘူးလား၊ ခုဘယ်ချိန်ရှိပြီလဲ ဒီလိုနေရာမျိုးမှာ အချိန်ဖြုန်းနေတုန်းလား"

ရွှီရှီးလင်က သူ့ကိုငယ်ငယ်တည်းက အစ်ကိုကြီးတစ်ယောက်လို သတ်မှတ်ထား၍ ပြန်မပြောရဲပေ။

သော်ရွှင်းက ထပ်ဖောက်ပြန်သည်။ သူက သွားဖြဲကာ ရွှီရှီးလင်ကို ပခုံးကနေဆွဲလိုက်သည်။ ထို့နောက် ရွှီရှီးလင် နဖူးကိုလက်ဖြင့်လှမ်းကာပေးသည်။စုန့်လျန်ယွမ်ကိုပင် မိုက်ကြည့်ကြည့်လိုက်သေး၏။

စုန့်လျန်ယွမ်မှာ သူ့ကိုးရိုးကားရားအပြုအမူကြောင့် ရယ်ချင်သွားသည်။
"ဒီကောင်လေးက လူမှန်းသူမှန်းမသိ သောက်ထားတာတောင် မင်းကိုတော့ တော်တော်လေး ကာကွယ်ပေးသေးတာပဲ"

ရွှီရှီးလင်၏ မျက်နှာမှာရှက်သွားပြီး ပူလာသည်။ သူ အမြန်နှုတ်ဆက်ကာ သော်ရွှင်းကို အငှားကားထဲထိုးထည့်ထားလိုက်သည်။

အံ့သြထိတ်လန့်စရာ အားထုတ်မှုပြီးနောက်မှာ သူနောက်ဆုံးတော့ သော်ရွှင်းကို အိမ်ထဲ ဆွဲခေါ်လာနိုင်ခဲ့သည်။ သူ တံခါးဖွင့်ဖွင့်ချင်း ပထမထပ်မှ ဧည့်ခန်းတွင်ရှိနေသည့် ကြက်တူရွေးနှင့် အကြည့်ချင်းဆုံသွားလေသည်။

ကြက်တူရွေးသည် ခုမှနိုးကာစဖြစ်သည်။ သူမျက်လုံးနှစ်လုံးစစဖွင့်ချင်း ပထမဆုံးမြင်လိုက်ရတာက အရက်နံ့တထောင်းထောင်းနှင့် 'နံစော်နေသော ယောက်ျား' နှစ်ယောက် မြင်ကွင်းပင်။ သူက မယုံကြည်နိုင်စွာ ဒေါသထွက်ကာ တောင်ပံတဖျတ်ဖျတ်ခတ်ရင်း 'လူဆိုးတွေကိုမိပြီ'ဆိုသည့်စကားနှင့် အံဝင်ခွင်ကျဖြစ်သော အသံနှုန်းနှင့် အာခေါင်ခြစ်အော်လေတော့သည်။

မျက်စိလည်လမ်းပျောက်နေတုန်း သော်ရွှင်းမှာ ဒီသဲကြီးမဲကြီးတိုက်ခိုက်မှုကြောင့် ကြောင်အသွားသည်။ ရန်သူကို ရှင်းရှင်းလင်းလင်း မမြင်သေးခင်မှာပင် သူက အထိတ်တလန့်ပျာယာခတ်စွာဖြင့် ရွှီရှီးလင်ကို သူ့ဘက်ဆွဲခေါ်လိုက်ပြီးဖြစ်သည်။ သူက ငှက်ကိုတိုက်ခိုက်ရန်ပြင်နေကာ  တစ်ချိန်တည်းမှာပင်  ရွှီရှီးလင်၏လည်ပင်းပေါ် အကြမ်းပတမ်းဖိချ၍ ဘောလုံးတစ်လုံးအဖြစ် ထုတ်ပိုးရန် ကြိုးစားကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။

T/N:
(၁) ပြည်နည်ခွဲတမ်းအလုပ်ကို မူရင်းမှာ 编制 လို့ရေးထားပါတယ် တရုတ်က systemတစ်မျိုးဖြစ်တဲ့ တစ်ချို့အလုပ်တွေကို မုချလိုအပ်တယ်ဆုံးဖြတ်ထားပြီး ပြည်နယ်ကနေ အလုပ်ရာထူးတွေကို သတ်မှတ်ပေးတဲ့ စနစ်ပါ

[Zawgyi]

"Burmese Translation of "GUOMEN" By Priest"

အခန္း ၃၁ ။ အရက္မူးျခင္း

သူတို႔ဒီကို ေနာက္ဆုံးအႀကိမ္ ေရာက္ခဲ့တုန္းက တစ္ခန္းလုံးႏွင့္ ပါတီအတြက္ျဖစ္သည္။ ဒီတစ္ႀကိမ္တြင္ေတာ့ ဝူေထာင္က ဧည့္ခံ၍ပင္။ ဝူေထာင္က သူအရင္က ရင္းႏွီးခဲ့ဖူးသူ မွန္သမွ်ကို ဖိတ္ၾကားထားသည္။  စိတ္ခံစားခ်က္ကလည္း ပိုၿပီးသက္ေတာင့္သက္သာရွိလာကာ အရင္လိုပြဲဆူရန္ အဓိပၸါယ္မရွိသည့္ ဂိမ္းမ်ိဳးမလိုအပ္ေတာ့ေပ။ တတိယႏွစ္တြင္ တစ္ခ်ိဳ႕သူမ်ားက ေဝးကြာသြားတာေတာင္ သူတို႔မွာ ေျပာစရာစကားမ်ားရွိေနၾကေသးသည္။

ယြီယိရန္မွာ စာေမးပြဲဖိအားေၾကာင့္ ႐ူးသြပ္လုနီးပါးျဖစ္ေနသည္။ အခန္းထဲဝင္သည္ႏွင့္ သူမက မိုက္ကိုေကာက္ယူကာ လႊတ္ေပးရန္ ျငင္းဆန္သည္။ သူမက ေအာ္ဟစ္ဆူညံၿပီး အီေနကာ ကီးတစ္ခုမွမမွန္သျဖင့္ စုေပါင္းၿပီး စင္ေပၚမွ ေမာင္းထုတ္ျခင္းခံလိုက္ရေတာ့သည္။ အေၾကာင္းရင္းေရေရရာရာ မရွိဘဲ ႐ႊီရွီးလင္၏ ဦးေႏွာက္ထဲတြင္ ႐ုတ္တရက္ ဥာဏ္ကြန့္ျမဴးသြားကာ ထူးဆန္းေသာ အႀကံတစ္ခုရသြားခဲ့သည္။ သူက "နားၾကပ္စြဲလမ္းသူ" ေသာ္႐ႊင္း ထပ္တလဲလဲ ဖြင့္တတ္သည့္ သီခ်င္းအခ်ိဳ႕ကို ေ႐ြးကာ မိုက္ကို ေသာ္႐ႊမ္းလက္ထဲ တြန္းပို႔လိုက္သည္။
"သီခ်င္းလာဆို"

ထိုခဏတြင္ တစ္ခန္းလုံး တိတ္သြားေလသည္။

သူတို႔ ေနာက္ဆုံးတစ္ေခါက္ ေသာ္႐ႊင္းကို စေနာက္ၿပီး သီခ်င္းဆိုခိုင္းတိုင္းက ေသြးပ်က္လုနီးပါးျဖစ္ေအာင္ လုပ္မိသြားသည္။ ေလာင္ခ်န့္က ႐ႊီရွီးလင္ကို အထိတ္တလန့္ၾကည့္ေနသည္။ သူ႕အၾကည့္က က်ားအိုႀကီးတစ္ေကာင္၏ ႏႈတ္ခမ္းေမႊးမွ ခုေလးတင္ဆြဲထုတ္ခံလိုက္ရေသာ ယုန္တစ္ေကာင္ကိုျမင္လိုက္ရသလိုမ်ိဳး ပင္။

ဝူေထာင္က သူတို႔ကို ဧည့္လိုက္ခံျခင္းရည္႐ြယ္ခ်က္မွာ ၿငိမ္းခ်မ္းေရးယူရန္ဆိုတာ သတိရသြား၍ ေခ်ာင္းဟန့္လိုက္သည္။
"ေဟး အဲဒါက..."

သူပါးစပ္ဟ႐ုံရွိေသး ေသာ္႐ႊင္းက မိုက္ကိုလွမ္းယူလိုက္သည္။

ဝူေထာင္ : "..."

ေသာ္႐ႊင္းသည္ တစ္ႀကိမ္တစ္ခါမွ ပရိသတ္ေရွ႕ မဆိုဖူးေပ။ တနၤလာေန႕ အလံတင္အခမ္းအနားတြင္ေတာင္ သူက စကားလုံးမ်ားကို ဝါးၿပီးလိုက္႐ြတ္႐ုံသာျဖစ္၏။ သူက မိုက္ကို ဖြင့္လိုက္ပိတ္လိုက္လုပ္ကာ ေသခ်ာမေလ့လာရေသးခင္မွာတင္ သီခ်င္းက စေလၿပီ။ ပ်ာယာခတ္သြားၿပီး  သူမိုက္ကို ျမႇင့္လိုက္ေသာ္လည္း ဘယ္ေလာက္က်ယ္က်ယ္ဆိုသင့္လဲ မသိ၍ စမ္းတဝါးဝါးလုပ္ေနၿပီး သီခ်င္းစာသားတစ္ခ်ိဳ႕ကို ခပ္တိုးတိုး လိုက္ေရ႐ြတ္ေနသည္။ သူလွည့္ၾကည့္ေတာ့ ႐ႊီရွီးလင္ သူ႕ကိုလွမ္းၾကည့္ေနတာျမင္ၿပီး စိတ္လႈပ္ရွားမႈေၾကာင့္ ေနာက္ေက်ာတြင္ ေခြၽးေစးမ်ားျပန္လာသည္။ သူ အၾကည့္လႊဲကာ မ်က္ႏွာေသျဖင့္ စခရင္ကိုစိုက္ၾကည့္ေနသည္မွာ 'သီခ်င္းစာသားဖတ္ရႈေရ႐ြတ္' ေနသလိုပင္။

ပထမတစ္ဝက္အတြက္ ေသာ္႐ႊင္း ကာရန္မလိုက္နိုင္သည့္တိုင္ chorus ေရာက္သည္ႏွင့္ သူက ေကာင္းေကာင္းဆိုနိုင္လာသည္။

႐ႊီရွီးလင္မွာ သူအျခားသူမ်ားႏွင့္ စကားစျမည္မေျပာနိုင္ဘဲ အေနရခက္မည္ကိုစိုးရိမ္ေနခဲ့၍ သီခ်င္းမ်ားေ႐ြးေပးခဲ့ျခင္းပင္။ ခဏၾကာေတာ့ ေသာ္႐ႊင္း ကာရာအိုေက သီခ်င္းဆိုျခင္း အႏုပညာကို အလ်င္အျမန္ တတ္ကြၽမ္းသြားကာ ေပ်ာ္႐ႊင္မႈပါရလာသည္။ သူက ကိုယ္တိုင္ သီခ်င္းမ်ား ေ႐ြးစျပဳလာသည္။

သူသည္ အေၾကာင္းမရွိဘဲေတာ့ နားၾကပ္စြဲလမ္းသူ မဟုတ္ေပ။ သူ အမ်ားစုကို ဟိုစပ္စပ္ဒီစပ္စပ္ဆိုနိုင္သည္။ သူ အရမ္းႀကီးမေတာ္လွ်င္ေတာင္ ကီးမေၾကာင္သေ႐ြ႕ ကာရာအိုေက စံႏႈန္းအရ  သင့္တင့္ေလ်ာက္ပတ္သည္ဟုပင္ မွတ္ယူနိုင္သည္။

ဝူေထာင္ စိတ္သက္သာရာရသြားသည္။ သူက  စိုးရိမ္ေသာကကင္းသြားၿပီး ဆိုဖာကိုမွီလိုက္ကာ ႐ႊီရွီးလင္ကိုစကားလွည့္ေျပာသည္။
"သူက အခု စကားေျပာဖို႔ ပိုလြယ္လာတဲ့ပုံပဲ"

႐ႊီရွီးလင္မွာ သူ ကမ္းလာသည့္ စီးကရက္ကိုျငင္းကာ ၿပဳံးသည္။

မီးေရာင္ခပ္ေဖ်ာ့ေဖ်ာ့အခန္းထဲတြင္ ဝူေထာင္သည္ သူ႕ကိုေလ့လာေနကာ ႐ႊီရွီးလင္မွာလည္း အေတာ္ေလး ေျပာင္းလဲသြားေၾကာင္း နားလည္လာသည္။ အခ်ိန္အေတာ္ၾကာ သူက ဆံပင္မညွပ္ထားသည့္ပုံပင္။ ယခု စာေမးပြဲလည္းနီးလာၿပီျဖစ္၍ မည္သူကမွ ဒီလိုကိစၥေသးေသးဖြဲဖြဲေလးအတြက္ အခ်ိန္မရွိေပ။ သူက ပိန္သြားသလို စကားေျပာလည္း နည္းလာခဲ့သည္။ မီးေရာင္အထပ္ထပ္ႏွင့္ အခန္းအရိပ္မ်ား ဖုံးေနသည့္ သူ၏မ်က္ဝန္းမ်ားတြင္ စိုးရိမ္မႈမ်ားကို ဖုံးကြယ္ထားသည့္ပုံပင္။

႐ႊီရွီးလင္ စကားစသည္ ။
"ဂုဏ္ယူတယ္ကြာ၊ ငါတို႔ ျပန္လည္ေလ့က်င့္ခန္းေတြနဲ႕ ႐ုန္းကန္ေနရတုန္း မင္းကေတာ့ ပန္းတိုင္စည္း အရမ္းနီးေနၿပီ"

"ဘာေအာင္ပြဲခံစရာလိုလို႔လဲ"
ဝူေထာင္ေျပာေနတုန္း ေသာ္႐ႊင္းက လူသိပ္မသိသည့္ အဂၤလိပ္သီခ်င္းတစ္ပုဒ္ဆိုေနသည္။
"ငါ့အဆင့္နဲ႕က ပေရာ္ဖက္ရွင္နယ္ အားကစားသမားျဖစ္ဖို႔က လက္ေတြ႕မက်ဘဴးေလ၊ ငါ့မိသားစုက ငါ့ကို ပညာေရးသင္တန္းတစ္ခုခုကို ဝင္ေစခ်င္တယ္၊ အနာဂတ္မွာ သူတို႔က ငါ ကာယ ဆရာတစ္ေယာက္အျဖစ္ျပန္လာနိုင္ေအာင္ ဟိုဟိုဒီဒီ အကူအညီေတာင္းမွာပဲ၊ ေလာင္က်ဴးလိုျဖစ္လာမွာပဲ၊  အဲအေတြးကတင္ ငါ့ကို အိပ္ေစခ်င္တာ"

ေလာင္က်ဴးသည္ သူတို႔ အားကစားလႈပ္ရွားမႈ ဆရာျဖစ္သည္။ သူက အသက္ငါးဆယ္အ႐ြယ္ အမ်ိဳးသားျဖစ္၏။ သူ႕မိန္းမက သူ႕ကို အသုံးမဝင္ဘူးဟု ေတြးကာ ပစ္သြားခဲ့သည္။ သူသည္ တစ္ႏွစ္ပတ္လုံး အားကစားဝတ္စုံဝတ္သည္။ ဘယ္သူမွလည္းသူ႕ကို မေစာင့္ေရွာက္ေပ။ သူ႕ေဘာင္းဘီမ်ားမွာ သန့္ရွင္း၍မရေတာ့သည့္ပမာပင္။

သူက  အိေႏၵျ မရွိလြန္း၍  ကာယဆရာျဖစ္မလာေပ။ ေက်ာင္းက သူ႕ကို ကာယအခ်ိန္တြင္ ထြက္ကစားသည့္ ကေလးတစ္သိုက္ကို ထိန္းေပးခိုင္းသည္။ ေယာက္်ားေလးမ်ားက အားကစားကြင္းထဲ ခ်က္ခ်င္းေျပးကာ မိန္းကေလးမ်ားေတာ့ လိမ္လိမ္မာမာျဖင့္ ဥပစ္တမ္းကစားၾကသည္။ သူတို႔ေဘာလုံးအျဖစ္သုံးသည့္ သဲမ်ားျဖည့္ထားေသာအိတ္က ေပါက္သြားလွ်င္ ေလာင္က်ဴးကိုရွာၾကသည္။ ထို႔ေနာက္ ေဘးတြင္ရပ္ေနကာ တစ္ေယာက္ေယာက္ကို ႀကိဳးခုန္သည့္ႀကိဳးအားကိုင္ေစကာ ခ်ဳပ္ေပးရွာသည္။

ဝူေထာင္က ခါးသက္သက္ရယ္သည္။
"ငါက သဲအိတ္ဘယ္လိုခ်ဳပ္ရမလဲေတာင္ မသိဘူး"

"မင္းကဘာလို႔ အားကစားဆရာျဖစ္မွလဲ" ႐ႊီရွီးလင္က ေသာ္႐ႊင္းေနာက္ေက်ာကို အၾကည့္လႊဲကာ ဝူေထာင္ကိုလွည့္ၾကည့္သည္။
"အားကစားပစၥည္းနယ္ပယ္ကို သြားၿပီးစီးပြားေရး ဘာလို႔မလုပ္တာလဲ၊ ဒါမွမဟုတ္ မင္း gym ဒါမွမဟုတ္ ႀကံ့ခိုင္ေရးစင္တာရွာၿပီး သင္တန္းဆရာလုပ္လို႔ရတယ္ေလ၊ ပိုက္ဆံလည္းပိုရမယ္၊ အလုပ္ကလည္းပိုလြယ္တယ္၊ လူေတြကိုလည္း ပိုသိရမယ္"

"အဲဒါက မည္မည္ရရအလုပ္ေတြ မဟုတ္ဘူးေလ၊ ကာယဆရာက် ျပည္နယ္ခြဲတမ္း(၁) အလုပ္ပဲ" ဝူေထာင္ကရယ္သည္။
"မင္း နားလည္မွာမဟုတ္ပါဘူး၊  ဘယ္လိုပဲျဖစ္ျဖစ္ ငါက ပုဂၢလိက gymေလးေတြမွာ အားကစားဘယ္လိုလုပ္ရမလဲ၊ လူေတြကို သင္ေပးတာကေန ဘယ္ေလာက္ရနိုင္မွာမို႔လဲ၊ အဲဒါက အလွျပင္ဆရာ ဆံပင္ညွပ္ဆရာတစ္ေယာက္ျဖစ္တာနဲ႕ အတူတူပဲမဟုတ္ဘူးလား"

႐ႊီရွီးလင္က သူတို႔ရပ္ကြက္မွ သင္တန္းဆရာမွာ တစ္နာရီကို ၂ရာေက်ာ္ က်သင့္ေၾကာင္းေျပာခ်င္သည္။ ဒါေပမဲ့ ေသခ်ာေတြးၿပီးေနာက္ေတာ့ ေျပာလည္းအက်ိဳးမရွိဟု ဆုံးျဖတ္လိုက္သည္။ သူ ဘယ္ေလာက္သိေၾကာင္း ႂကြား႐ုံသာရွိမည္ျဖစ္ကာ တစ္နာရီကို ၂ေထာင္ေက်ာ္ေကာက္ရင္ေတာင္ ျပည္နည္ခြဲတမ္း အလုပ္မဟုတ္ေသးေပ။

ဒါေၾကာင့္ သူ ယဥ္ေက်းစြာပင္ ေခါင္းစဥ္ကို လႊဲေျပာင္းရန္လုပ္လိုက္သည္။
"မင္းေျပာတာမွန္ပါတယ္၊ ဆရာျဖစ္တာက ပိုၿပီးစိတ္ခ်ရတယ္"

သူတို႔အထက္တန္းေရာက္ခ်ိန္ အကုန္လုံးက အခန္းတစ္ခန္းထဲတြင္ တူတူထိုင္ကာ စာသင္ခဲ့ရသည္။ တစ္ခ်ိဳ႕က စာေတာ္သည္။ တစ္ခ်ိဳ႕က အဆင့္နိမ့္သည္။ ဒါေပမဲ့ သူတို႔ရလဒ္မည္သို႔ျဖစ္ျဖစ္ ေက်ာင္းဆင္းလွ်င္ သူတို႔ၾကားဘာကြာျခားခ်က္မွမရွိသည့္ပမာ တူတူကစားနိုင္သည္။ ဒီအခ်ိန္တြင္ ေဖာ္ျပမရသည့္ တြန္းအားတစ္ခုေၾကာင့္ သူတို႔ေလာကအျမင္ၾကားရွိ ကြာျခားမႈသည္ က်ယ္ျပန့္သထက္ က်ယ္ျပန့္လာသည္ဟု ႐ုတ္တရက္ ခံစားလိုက္ရသည္။ အနာဂတ္တြင္ သူတို႔ ဆန့္က်င္ဘက္ဦးတည္ခ်က္ကိုယ္စီ ေျပးသြားကာ အခ်င္းခ်င္း ေဝးသထက္ေဝးလာမည္မွာ အကုန္လုံး မတူညီသည့္ဘဝတြင္ ေနထိုင္က်မည့္အခ်ိန္ထိပင္။ 

ဝူေထာင္က မတ္တပ္ထရပ္သည္။ တစ္ေအာင့္ေနေတာ့ သူ အရက္ပုလင္းအခ်ိဳ႕မွာကာ ျပန္လာသည္။

႐ႊီရွီးလင္ ,"..."

ကမာၻႀကီးသာေျပာင္းလဲသြားမည္။ လူတစ္ေယာက္၏ ပင္ကိုစရိုက္ကေတာ့ တစ္ပုံစံတည္းပင္။ ဝူေထာင္သည္ အရင္ကအတိုင္း မေတာ္ေလ်ာ္တုန္းပင္။

ေလာင္ခ်န့္က ဆူဆူညံညံျဖင့္ လွမ္းလိုက္ေသာ္လည္း ႐ႊီရွီးလင္သည္ လက္ကိုရိုက္ခ်လိဳက္သည္။
"မင္းေသခ်င္ေနတာလား၊ ငါတို႔ ဒီည ကိုယ္တိုင္စာေလ့လာခ်ိန္ေတြရွိေသးတယ္၊ ခ်ီလီရွန္းသာ မင္းကိုယ္ေပၚ အနံ႕ရရင္ အရွင္လတ္လတ္ အေရခြံဆုတ္လိမ့္မယ္"

ဝူေထာင္က ေလာင္ခ်န့္ကို ေရဘူးတစ္ဘူးပစ္ေပးေလသည္။
"မင္းတို႔ မေသာက္ၾကနဲ႕၊ ငါက ေနာက္အပတ္ကစၿပီး ကိုယ္တိုင္စာေလ့လာခ်ိန္ေတြ သြားစရာမလိုေတာ့ဘူး၊ ညဘက္လည္း သြားဖို႔မလိုဘူး၊ ဒါက ေသာ္႐ႊင္းအတြက္"

႐ႊီရွီးလင္ ဝင္ဟန့္လိုက္သည္။
"မျဖစ္-"

ဝူေထာင္က သူ႕ကိုလွည့္ေမးသည္။
"ကြၽန္ေတာ္မ်ိဳး ေသာ္တာ့ရွန္းကို အရက္တစ္ခြက္ဆက္သခ်င္လို႔ အဖြဲ႕ေခါင္းေဆာင္ကို ေတာင္းဆိုလို႔ရပါမလားခင္ဗ်ာ"

႐ႊီရွီးလင္ ဘာမွမေျပာနိုင္ေတာ့ေပ။ သူခုနေလးကတင္ ဝူေထာင္ကို နည္းနည္းရင့္က်က္လာသည္ဟု ထင္ခဲ့ေသာ္ျငား ယခုေတာ့ သူသည္အရင္တိုင္း စိတ္ရႈပ္ဖို႔ေကာင္းေသးသည္။

သူတို႔ မေသာက္ဘူးေျပာၾကေသာ္ျငား အဆုံးတြင္ေတာ့ လူတိုင္း ေရွာင္လႊဲလို႔မရစြာ နည္းနည္းစီေသာက္ျဖစ္သြားၾကသည္။

ေသာ္႐ႊင္း စိတ္ေပ်ာ္ေနလား မေပ်ာ္ေနတာလားေတာ့ မသိေပ။ ဒီညတြင္ေတာ့ သူကစကားေျပာရလြယ္လွ၏။ ဝူေထာင္ အရက္ကိုကမ္းလာခ်ိန္ သူက အမွန္တကယ္ကို လက္ခံခဲ့သည္။ ၎တင္မက ဒီလူက စကားေျပာမေကာင္းသလို ဆင္ေျခေပးလွ်င္ ပိုေတာင္ဆိုးေသးသည္။ ဝူေထာင္က အရွိန္ကို လုံးဝထိန္းခ်ဳပ္လိုက္သည္။ စကားနည္းနည္းေျပာၿပီးတိုင္း ဝူေထာင္က ဖန္ခြက္ခ်င္းတိုက္ၿပီး တခြၽင္ခြၽင္တိုက္ၿပီးတိုင္း ထိုငတုံးေကာင္ ေသာ္႐ႊင္းက တစ္ခြက္ေမာ့ေသာက္ေလသည္။ မည္သူကမွ သူ႕ကို အတင္းေသာက္ခိုင္းရန္ေတာင္ မလိုေပ။

႐ႊီရွီးလင္မွာ မ်က္ႏွာကို ကာထားရင္း ခဏေနရင္ ေသာ္႐ႊင္းကို အိမ္ျပန္သယ္သြားရေတာ့မည္ျဖစ္ေၾကာင္း ေတြးေနသည္။

အဆုံးတြင္ေတာ့ ေသာ္႐ႊင္းမွာ အမွန္တကယ္ကို အမူးလြန္သြားေလၿပီ။

ညေနေစာင္းတြင္ ဝူေထာင္ အေသာက္လြန္သြား၍ စကားမ်ားထစ္ကာ တရစပ္ တခစ္ခစ္ရယ္ေနခ်ိန္ ေသာ္႐ႊင္းကေတာ့ မျမင္ရသည့္ ေထာင့္တစ္ေနရာတြင္ ငိုင္ငိုင္ႀကီးရပ္ကာ စိုက္ၾကည့္ေနသည္။ ႐ႊီရွီးလင္လုပ္နိုင္တာ ဘာမွမရွိေတာ့ေပ။
"ဒီေန႕ေတာ့ ဒီေလာက္ပဲ၊ မင္းတို႔ေတြ ေက်ာင္းအရင္ျပန္ၿပီး လမ္းမွာ ေထာင္ေကာကို အေဆာင္မွာ ခ်ေပးလိုက္၊ ငါ အဲတစ္ေယာက္ကို အိမ္အရင္ေခၚသြားဦးမယ္... ရတယ္၊ ခ်ီလီရွန္းက ငါ ညဘက္ကိုယ္တိုင္စာေလ့လာခ်ိန္ မလာရင္ေတာင္ ဘာမွမေျပာဘူး"

ေသာ္႐ႊင္းမွာ အမူးလြန္ၿပီးေနာက္ အင္မတန္လိမ္မာေနသည္။ သူသည္ ဆူညံပူညံလည္း မလုပ္ဘဲ အနည္းငယ္သာ အေတြးလြင့္ေနသည္- အရင္ပုံမွန္အေျခအေနလိုမ်ိဳး သတိကပ္မေနေပ။ ႐ႊီရွီးလင္မွာ လူတိုင္းကိုႏႈတ္ဆက္ၿပီးေနာက္ ေသာ္႐ႊင္းအန္နိုင္ရန္ အိမ္သာထဲေခၚလာခဲ့သည္။ ၿပီးေတာ့ ပါးစပ္ေဆးရန္ ေရဘူးေပးလိုက္၏။ သူ ေသာ္႐ႊင္းကို ဆူပစ္ခ်င္ေပမဲ့ ေသာ္႐ႊင္းက ဖင္လားေခါင္းလားေတာင္ မခြဲနိုင္ေတာ့ေၾကာင္း ျမင္လိုက္ရ၍ ေျပာလည္းအက်ိဳးမရွိဟု ခံစားလိုက္ရသည္။ ဒါေၾကာင့္ ပါးစပ္ေပါက္ ပိတ္ထားကာ ထိုေနရာတြင္ သူႏွင့္အတူ တိတ္တဆိတ္ထိုင္ေနသည္။

ေသာ္႐ႊင္းသည္ ေသာက္ၿပီးလွ်င္ နီလာတတ္သည့္သူ ျဖစ္သည္။ သူ႕ႏွာေခါင္းထိပ္ဖ်ားႏွင့္ မ်က္ဝန္းမ်ားကပင္ ရဲေနသည္။ သူက ငိုထားသည့္ပမာ သနားဖို႔ေကာင္းေနသည္။ သူက ႐ႊီရွီးလင္ေနာက္လိုက္လာရင္း ႐ုတ္တရက္ ႐ႊီရွီးလင္လက္ကိုဆြဲလာသည္။

႐ႊီရွီးလင္၏ လက္ေခ်ာင္းမ်ား အလိုလို က်ဳံ႕ဝင္သြားသည္။

"ငါေနလို႔မေကာင္းဘူး"

"အန္ခ်င္ေနေသးတာလား"

ေသာ္႐ႊင္းက ေခါင္းခါသည္။ ထို႔ေနာက္ သူက ႐ႊီရွီးလင္ကို ဆုပ္ကိုင္ထားရင္း ေနရာတြင္ထိုင္ခ်လိဳက္ကာ လႈပ္ဖို႔ကို ျငင္းေနေလသည္။

႐ႊီရွီးလင္ ကိုယ္ကိုကိုင္းကာ မ်က္ႏွာကို ေသခ်ာေလ့လာေနသည္။
"ဘယ္ေနရာေနလို႔ မေကာင္းတာလဲ၊ အစာအိမ္လား"

ေသာ္႐ႊင္းကေခါင္းခါသည္။

"မင္း ေခါင္းမူးေနတာလား"

ေသာ္႐ႊင္းက ေခါင္းခါေနတုန္းပင္။ သူ႕ပုံစံသည္ ဘာေမးေမး ေခါင္းသာခါေနသည့္ စိတ္ဆိုးေနေသာ ကေလးအတိုင္းပင္။

လျခမ္းကို ဝင္လာသူမ်ား တျဖည္းျဖည္းမ်ားလာသည္။ ဝင္ထြက္သြားသူတိုင္းက သူတို႔ကို စိုက္ၾကည့္သြားက်သည္။

႐ႊီရွီးလင္မွာ ေခါင္းနည္းနည္းမေကာင္းသည့္ ကေလးတစ္ေယာက္ကို ေခၚလာရသကဲ့သို႔ ႐ုတ္တရက္ ခံစားလိုက္ရသည္။ သူ ေသာ္႐ႊင္းကိုေျပာလိုက္သည္။
"အရင္ထဦး၊ ငါတို႔တျခားလူေတြကို ပိတ္ထားသလိုျဖစ္ေနၿပီ"

ေသာ္႐ႊင္းက ေခါင္းယမ္းေနတုန္းပင္။ ႐ႊီရွီးလင္မွာ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ မတ္တပ္ထရပ္ကာ ေဘးဘက္ဆီ ေလွ်ာက္သြားလိုက္ရသည္။ ေသာ္႐ႊင္းက မတ္တပ္မရပ္ဘဲ သူ႕လက္ကို ဆြဲထားကာ ေဆာင့္ေၾကာင့္ထိုင္ေနသျဖင့္ တ႐ြတ္တိုက္ဆြဲလာရသည္။ ကံေကာင္း၍ လျခမ္းမွ ၾကမ္းျပင္မွာ ေခ်ာမြတ္သည္။

႐ႊီရွီးလင္ သူ႕ကိုဆြဲလာရင္း သူတို႔ႏွစ္ေယာက္မွာ ႏွင္းေတာထဲျဖတ္လာသည့္ ေခြးတစ္ေကာင္က စြတ္ဖားလွည္းကို ဆြဲေနသည့္ပုံ ေပါက္ေနသည္။ လက္ေလွ်ာ့ကာ သူရပ္လိုက္၏။
"မင္း ဘာလိုခ်င္ေနတာလဲလို႔"

ေသာ္႐ႊင္းက ၾကမ္းျပင္ေပၚ ေဆာင့္ေၾကာင့္ထိုင္ေနရင္း သူ႕ကိုေမာ့ၾကည့္လာသည္။ သူ႕မ်က္ဝန္းထဲတြင္ မ်က္ရည္မ်ား ဝဲေနသည့္ပုံပင္။ သူ ေခ်ာင္းၾကည့္ေနတာ လူမိသြားသည့္အတိုင္း မလုံမလဲေခါင္းငုံ႕သြားၿပီး တီးတိုးဆိုေလသည္။
"ငါ့ ႏွလုံးသား... ေနလို႔မေကာင္းဘူး"

႐ႊီရွီးလင္ : "...."

႐ႊီရွီးလင္မွာ ခဏတာ နံရံကိုေစာင့္ၾကည့္ေနရင္း ဘာလုပ္ရမွန္းမသိျဖစ္ေနသည္။ထို႔ေနာက္ သူ ေသာ္႐ႊင္းကို ျပန္ၾကည့္လိုက္သည္။ သူျမင္ရသမွ်သည္ ေသာ္႐ႊင္းဆံပင္၏ ဆံေခြမ်ားႏွင့္ မ်က္လႊာခ်ထားကာ မသက္မသာတုန္ရီေနသည့္ မ်က္ေတာင္ရွည္မ်ား ျဖစ္သည္။ သူ႕ပုံစံမွာ လုံးဝကို သနားစရာေကာင္းေနသည္။

႐ႊီရွီးလင္ တစ္ခ်က္ၾကည့္ၿပီး မထိန္းနိုင္ေတာ့ေပ။ ထိုေန႕တုန္းက သူအတင္းအၾကပ္မ်ိဳသိပ္ထားခဲ့သည့္ အေတြးသည္ ႐ုတ္တရက္ ေပၚလာခဲ့ကာ သူ႕ႏွလုံးသား၏ အတြင္းဘက္အက်ဆဳံး ေနရာကို ျဖတ္တိုက္သြားသည္။

သူ သိပ္မေသာက္ထားေသာ္ျငား ေျခေထာက္မ်ားသည္ အနည္းငယ္ေျမာက္ႂကြေနသည့္ပမာပင္။ သူ႕စိတ္၏ အရံအတားမ်ားကို ခ်ိဳးေဖာက္ခံရသလို အေတြးတစ္ခုေပၚလာသည္။

ငါေသာ္႐ႊင္းကို သေဘာက်ေနတာလား။

သူ႕အတြက္ ေသာ္႐ႊင္းသည္ အျခားသူမ်ားႏွင့္မတူေပ။

သူ ေအာင္ျမင္မႈေတာင္ပံမ်ားျဖင့္ ျမင့္မားစြာပ်ံသန္းေနခ်ိန္ လူတိုင္းသည္ သူ႕အတြက္ သူငယ္ခ်င္းျဖစ္ၾကသည္။ ေလာင္ခ်န့္က ငတုံးျဖစ္သည္။ ခ်ိဳက္က်င္းမိသားစု အေျခအေနက ဆိုး႐ြားသည္။ ဝူေထာင္က အၿမဲ အေပါင္းအသင္းဆိုးမ်ားႏွင့္ ေရာေနတတ္သည္။ ေသာ္႐ႊင္းက စကားနည္းနည္းေျပာၿပီးသည္ႏွင့္ အလြယ္တကူ ရန္ျဖစ္တတ္သည္။ ယြီယိရန္လို ငယ္ငယ္ကတည္းက မိန္းကေလးမ်ားၾကား အျခားသူမ်ား၏ေခါင္းကို အုတ္ခဲျဖင့္ ရိုက္ခြဲလာသည့္ သူရဲေကာင္းျဖစ္လွ်င္ေတာင္
႐ႊီရွီးလင္မွာ သူတို႔ အျပင္ထြက္ကစားတိုင္း အိမ္ကို လုံလုံၿခဳံၿခဳံျပန္ေရာက္တာေသခ်ာေစရန္ သူ႕ထံ စာပို႔ခိုင္းသည္။ သူ အၿမဲ သူငယ္ခ်င္းတိုင္းကို ညီတူညီမွ် ဂ႐ုစိုက္ခဲ့သည္။

သို႔ပါေသာ္လည္း သူ အသက္၁၈ႏွစ္အ႐ြယ္တြင္ ႀကီးမားလွေသာ နာက်င္မႈႀကီးႏွင့္ ႀကဳံရခ်ိန္ သူတို႔အားလုံးကို သူ႕ခံစားခ်က္မ်ားထံမွ အေဝးဆီတြန္းပို႔ခဲ့သည္။ သူသည္ အျခားသူမ်ားအား တစ္ခြန္းမွ ႏႈတ္မႁမြက္ခဲ့သလို ေက်ာင္းတြင္ေတာင္ မည္သည့္ခံစားခ်က္မ်ားကိုမွ မျပသခဲ့ေပ... အေၾကာင္းရင္းကေတာ့ သူတို႔သည္ အျပင္လူမ်ားသာ ျဖစ္ခဲ့သည္။

ေသာ္႐ႊင္းသာလွ်င္ သူ႕ေဘးတြင္ေနကာ ဝမ္းနည္းမႈ၊ ေပ်ာ္႐ႊင္မႈမ်ားကို ေဝမွ်ခံစားေပးေသာ တစ္ဦးတည္းေသာသူ... သူ႕မိသားစုျဖစ္ခဲ့သည္။

႐ႊီရွီးလင္ သက္ျပင္းခ်ကာ အႏၲရာယ္ရွိလွေသာ ေျမျပင္ေပၚ ေျခတစ္ဖက္ရပ္ေနသည့္ပမာ ခံစားေနရသည္။ သူ ကိုယ္ကိုင္းၿပီး ေသာ္႐ႊင္းလက္ေမာင္းၾကားတြင္ လက္ကိုခ်ိတ္ကာ ၾကမ္းျပင္ေပၚကေန အတင္းဆြဲမလိုက္သည္။ ေသာ္႐ႊင္းကို ေကာ္လာကေနဆြဲကာ ဒီစိတ္ဆိုးေနသည့္ အမူးသမားကိုအိမ္ဆီဆြဲေခၚလာရင္းႏွင့္ ေခ်ာ္လဲရေသးသည္။

ေသာ္႐ႊင္း ခုနေလးတင္ အန္ခဲ့သည့္ သန့္စင္ခန္းထဲတြင္ လီေပၚက်ီသည္ အိမ္သာခန္းတံခါးတစ္ခုကို ခပ္ျဖည္းျဖည္းတြန္းဖြင့္လိုက္သည္။

သူလည္း အရက္ေသာက္ေနတာျဖစ္သည္။ အခုေလးတင္ လီေပၚက်ီမွာ ဝူေထာင့္အား သူ႕'ပညာေရးပိုင္းအရေအာင္ျမင္သည့္ သူငယ္ခ်င္းမ်ား'က ေခၚထုတ္သြားတာကို ေဘးခန္းကေနၾကည့္ေနတာျဖစ္သည္။

လီေပၚက်ီ၏ မိသားစုအေျခအေနမွာ ခ်ိဳက္က်င္းႏွင့္ဆင္သည္။ သူ႕အေဖသည္ အနည္းဆုံးေတာ့ သူ႕ဖခင္အရင္းျဖစ္ကာ မိခင္က အျခားတစ္ေယာက္ႏွင့္ ထြက္ေျပးသြားခဲ့သည္။ အစတြင္ သူနံပါတ္ ၆ ေက်ာင္းတြင္ ဝင္ခြင့္ရတုန္းက ရက္အနည္းငယ္ခန႔္  သူ႕အေဖသည္ သူ႕အေၾကာင္း အျခားသူမ်ားကို ႂကြားကာ ေက်ာင္းကိုလိုက္ပို႔ရာတြင္ ခရီးေဆာင္အိတ္ပါသယ္ေပးခဲ့ေသးသည္။ ထိုခ်ိန္ လီေပၚက်ီမွာ စာကိုစိတ္ဝင္တစားက်က္ၿပီး နာမည္ရေအာင္ လုပ္ခ်င္ခဲ့သည္။

ကံမေကာင္းစြာပင္ အိပ္မက္မ်ားက လွပသည့္တိုင္ အမွန္တရားသည္ ရက္စက္၏။ သူ သင္ၾကားေရးအပိုင္းတြင္ ကိုယ္တိုင္နာမည္ရေအာင္ လုပ္ရန္ေနေနသာသာ ေက်ာင္းအသင္းမွာေတာင္ နာမည္ရရန္ အင္မတန္ ခဲယဥ္းသည္ကို အလ်င္အျမန္နားလည္သြားခဲ့သည္။ အသစ္အဆန္းသည္ ရိုးအီသြားသည္ႏွင့္ သူ႕အေဖက သူထူးခြၽန္မႉသိပ္မရွိတာျမင္ေတာ့ သူ႕ကို ဂ႐ုမစိုက္ေတာ့ေပ။

အခ်ိန္အေတာ္ၾကာ စိတ္ဓာတ္က်ၿပီးေနာက္ လီေပၚက်ီက 'ဆိုးသြမ္း'ရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။ တစ္ရက္တာ'ဆိုးသြမ္း' ေနရျခင္းမွာ တစ္ရက္တာသူ႕ခြန္အားကို ျပသသည့္ သေဘာပင္။ ႂကြားဝါျခင္းမွရသည့္ အားရေက်နပ္မႈက သူ႕ေၾကာက္႐ြံမႉႏွင့္ အထီးက်န္မႈမ်ားကို ခဏတာေမ့ေပ်ာက္ေစကာ ပစၥဳပန္ကိုသာ အာ႐ုံစိုက္မိေစသည္။ သူက ဆိုးလာ႐ုံတင္မက သူ႕သူငယ္ခ်င္းမ်ားကိုလည္း သူႏွင့္အတူ ဆိုးလာေအာင္ ဥိးေဆာင္ခဲ့ေလသည္။

ၿပီးေတာ့အခု သူ႕အေကာင္းဆုံးသူငယ္ခ်င္းက သူ႕ကိုသစၥာေဖာက္သြားသလို ခံစားရသည္။

ငါတို႔ေတြ အတူတူ ဆိုးသြားမယ္ဆိုၿပီး စိတ္ထဲကေန သေဘာတူထားတာ မဟုတ္ဘူးလား။ ငါတို႔ ဒီစည္းမ်ဥ္းေတြ အမိန့္ေတြအားလုံးကို ရႈံ႕ခ်ၿပီး အတူတူ ရွိေနရမွာ မဟုတ္ဘူးလား။ ညီအကိုဆိုတာက ဒီေန႕တူတူရန္ျဖစ္ၿပီး ေနာက္ေန႕ဆို အခ်ဳပ္ခန္း ေဘးခ်င္းကပ္ ထိုင္ေနမွာေလ —  မင္းသေဘာနဲ႕မင္း ေျပာင္းလဲပစ္နိုင္ရတာလဲ။

အတိတ္တြင္ လီေပၚက်ီသည္ ဝူေထာင္ႏွင့္ သု႔သူငယ္ခ်င္းဆက္ဆံေရးေၾကာင့္ ရံဖန္ရံခါ အခန္း၁ရွိသူမ်ားႏွင့္ အခ်ိန္ျဖဳန္းဖူးသည္။ ထိုတုန္းက အတန္း၁မွလူမ်ားမွာ ဘတ္စကတ္ေဘာကစားရင္ ေပ်ာ့လြန္းသည္ဟု ထင္မိတာကလြဲ တျခား သီးသန့္ထင္ျမင္ခ်က္မ်ိဳးမရွိခဲ့ေပ။ အခု အထက္တန္းၿပီးလုနီးပါးျဖစ္ေနကာ သူ၏တိုးပြားလာသည့္ စိတ္ရႈပ္မႈႏွင္ါအတူ လီေပၚက်ီမွာ ဝူေထာင္ အတန္း၁မွ လူမ်ားႏွင့္ အတူရွိေနသည္ကို သည္းမခံနိုင္ေတာ့ေပ။ သူ႕စိတ္ရႈပ္မႈအေပၚ မနာလိုမႈ ထပ္ေပါင္းထည့္ကာ  အေၾကာင္းျပခ်က္ေရေရရာရာမရွိဘဲ ဝူေထာင္ႏွင့္တျခားသူမ်ားေနာက္လိုက္လာၿပီး လျခမ္းဆီ သူ႕အုပ္စုကိုေခၚလာခဲ့သည္။တစ္ေန႕ခင္းလုံး သူ႕စိုးရိမ္မႈမ်ားကို အရက္ထဲတြင္ ျမႇုပ္ႏွံမိေနသည္။

"ဘာကိစၥလဲ၊ လီေကာ သူနဲ႕ ရန္ျဖစ္ခဲ့ဖူးတာလား"
ဆံပင္ကိုေငြေရာင္ဆိုးထားသည့္ လူငယ္ေလးတစ္ေယာက္က ေရာက္လာကာေမးသည္။ သူက လီေပၚက်ီ နံရံေပၚမွေက်ာ္တက္ၿပီး အတန္းလစ္စဥ္ ေတြ႕ခဲ့ဖူးသည့္ လူဆိုးမ်ားထဲမွ တစ္ေယာက္ျဖစ္သည္။

လီေပၚက်ီအၾကည့္မ်ားသည္ သူ႕မ်က္ႏွာေပၚေရာက္လာသည္။ တစ္ခဏတာ မိုက္႐ူးရဲဆန္မႈျဖင့္ ေျပာလိုက္သည္။
"ငါ့ကိုျပႆနာတစ္ခုရွင္းေပးကြာ၊ မင္းတို႔အကုန္လုံးကို ေနာက္တစ္ႀကိမ္က် လိုက္တိုက္မယ္"

႐ႊီရွီးလင္မွာ ေသာ္႐ႊင္းကို လျခမ္းဆီမွ ေခၚလာခဲ့သည္။ ဒီအခ်ိန္သည္ လမ္းေပၚတြင္ အင္မတန္သက္ဝင္လႈပ္ရွားေနခ်ိန္ျဖစ္သည္။ လူအမ်ိဳးမ်ိဳး အေပ်ာ္ရွာေနၾကကာ သူတစ္ပတ္ရွာၿပီးတာေတာင္ အငွားကားမရနိုင္ေသးေပ။  ႐ႊီရွီးလင္မွာ ခဏတာတြန့္ဆုတ္ေနၿပီးေနာက္ ေနာက္ဘက္တံခါးတြင္ သူ႕ကံစမ္းရန္ ဆုံးျဖတ္လိုက္သည္။ သူ လူအုပ္ႀကီးကိုတိုးကာ လမ္းသြယ္ေလးမ်ားထဲ  လွစ္ခနဲ ဝင္လာရင္း ေသာ္႐ႊင္းကို လွမ္းေျပာလိုက္သည္။
"အန္ခ်င္ရင္ ငါ့ကိုေျပာ"

ေသာ္႐ႊင္းက ဘာမွမေျပာေပ။ သူ မရပ္မနား ႐ႊီရွီးလင္၏ လက္ဖဝါးကိုျဖန့္ပြင့္ေအာင္ ကေလာ္ေနသည္။ သူက သူတို႔လက္ေခ်ာင္းမ်ားယွက္သြယ္ေနေစရန္ ဆုံးျဖတ္ထားေလသည္။

သူ႕ကုတ္ျခစ္မႈက ႐ႊီရွီးလင္၏ လက္ေခ်ာင္းမ်ားကိုယားေစ၍ လက္ကို ျပန္ဆြဲခ်င္သြားသည္။ ႏွစ္ေယာက္သား လမ္းက်ဥ္းေလးထဲတြင္ လုံးေထြးသတ္ပုတ္စျပဳေလသည္။

႐ႊီရွီးလင္၏ စိတ္ရွည္မႈ အထြတ္အထိေရာက္လုစတြင္ သူမျမင္ဖူးသည့္ ကေလကေခ်အခ်ိဳ႕က လမ္းဆုံးတြင္ ေပၚလာသည္။ ႐ႊီရွီးလင္ ေသာ္႐ႊင္းကို ေဘးဘက္ဆီဆြဲၿပီး လမ္းဖယ္ေပးခ်င္သည့္တိုင္ ဒီေကာင္ေတြက သူတို႔ဆီတမင္ဦးတည္လာတာျဖစ္ေနခဲ့သည္။

႐ႊီရွီးလင္မွာ ေနာက္တစ္လွမ္းျပန္ဆုတ္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီလူဆိုးေကာင္ေတြက သူ႕ကိုတမင္စိန္ေခၚသည့္အၾကည့္ၾကည့္တာ ျမင္လိုက္ၿပီး တမင္ ျပႆနာလာရွာတာမွန္းျမင္လိုက္ရသည္။ သူက ေထာင့္တစ္ေနရာတြင္ရပ္ကာ ေသာ္႐ႊင္းကို ေနာက္ျပန္ဆြဲလိုက္သည္။ သူ႕မ်က္ဝန္းေထာင့္ကေန သူတို႔လာခဲ့သည့္လမ္းကိုျပန္ၾကည့္ေတာ့ ထင္ထားသည့္အတိုင္းပင္ လူတစ္ခ်ိဳ႕က သူတို႔ေနာက္ကေနလိုက္ေနခဲ့တာျဖစ္သည္။ သူ အစတုန္းက သတိမထားမိခဲ့ေပ။ အေၾကာင္းရင္းမွာ ပထမအခ်က္က သူကိုယ္တိုင္လည္း နည္းနည္းေသာက္ထားၿပီး ေသာ္႐ႊင္းကို ဆြဲေခၚ႐ုန္းကန္ရင္း အလုပ္ရႈပ္ေနတာျဖစ္သည္။ ဒုတိယအခ်က္က သူဘယ္သူ႕ကိုမွ အျပစ္မလုပ္ထားေပ။

"ျပႆနာရွိလို႔လား"

ကေလကေခ်မ်ားက သူ႕ကို အကဲခတ္ေနသည္။ ထို႔ေနာက္သူ႕အၾကည့္သည္ ႐ႊီရွီးလင္၏ အားကစားဖိနပ္ဆီ ေရာက္လာသည္။ သူက လွ်ာသပ္ၿပီး ေဘာင္းဘီအိတ္ကပ္ထဲ လက္ထည့္ကာ ၿခိမ္းေျခာက္သည့္ဟန္ျဖင့္ လႈပ္ေနသည္။

"ဘာမွမဟုတ္ပါဘူး၊ ေငြကနည္းနည္းက်ပ္ေနေတာ့ မင္းတိုနဲ႕ ေရစက္ရွိတယ္လို႔ ခံစားရလို႔ ...၊ ငါက မင္းတို႔နဲ႕သိခ်င္ၿပီး ပိုက္ဆံေခ်းခ်င္႐ုံေလးတင္"

လြန္ခဲ့သည့္တစ္ႏွစ္ကသာဆိုလွ်င္ ထိုလူစကားေျပာတာမၿပီးခင္ သခင္ေလး႐ႊီမွာ ပထမဆုံးလက္ဦးမႈရယူၿပီးေလာက္ၿပီ။ဒါေပမဲ့ အခုက မတူေတာ့ေပ။ ႐ႊီရွီးလင္၏ ပထမဆုံးအေတြးမွာ မလိုအပ္သည့္ျပႆနာကို ေရွာင္ရွားရန္သာျဖစ္သည္။ သူ အဖြားကို စိုးရိမ္ေအာင္လုပ္လို႔ မျဖစ္ေပ။ ၿပီးေတာ့ သူ ဂ႐ုစိုက္ဖို႔လိုေသးသည့္ ငမူးေကာင္လည္း ရွိေသးသည္။

"လြယ္ပါတယ္" ႐ႊီရွီးလင္ သူ႕အိတ္ကို ဟိုစမ္းဒီစမ္းလုပ္ၿပီး ပိုက္ဆံအိတ္ကိုထုတ္လိုက္ကာ လက္ယမ္းျပလိုက္သည္။
"မင္းတို႔ ဘယ္ေလာက္လိုခ်င္တာလဲ"

ကေလကေခ်က သူ႕ကိုအၿပဳံးတုျဖင့္ ၾကည့္သည္။
"သိပ္မမ်ားပါဘူး၊ တစ္ေသာင္း ႏွစ္ေသာင္းေလာက္ဆို ရပါၿပီ"

ဆိုလိုတာကေတာ့ သူတို႔ ရန္ျဖစ္ဖို႔ ေ႐ြးထားသည္ဟုပင္။

႐ႊီရွီးလင္က ရယ္ကာ သူ႕ပတ္ပတ္လည္ကို ၾကည့္လိုက္သည္။
"မင္းတို႔က အေနာက္ဘက္ျခမ္းက ဒီဟူတုံလမ္းသြယ္ေလးမွာ ငါတို႔ကို ေခ်ာင္ပိတ္ဖမ္းတာပဲ၊ ငါတို႔တံခါးကေနထြက္လာတည္းက မင္းတို႔လိုက္လာတာပဲျဖစ္ရမယ္၊ ေျပာစမ္းပါ ငါဘယ္သူ႕ကို ေစာ္ကားထားမိလို႔လဲ"

ကေလကေခ်က သူ႕ကိုသြားၿဖဲျပသည္။
"ဘယ္သူမွမဟုတ္ဘူး၊ ငါကမင္းတို႔အၾကည့္ကို သေဘာက်လိဳ႕ စကားေျပာခ်င္႐ုံေလးတင္ေလ"

သူကေျပာရင္း အိတ္ကပ္ထဲက လက္ကိုထုတ္လိုက္သည္။ လက္ဖဝါးအရွည္ရွိေသာ  ေခါက္ဓားတစ္ေခ်ာင္းကို လက္ထဲတြင္
ကိုင္ထားသည္။  ပိတ္လိုက္ဖြင့္လိုက္ျဖင့္ ထပ္တလဲလဲ ကစားျပေနေသး၏။ သူ ေမးေစ့ကိုေမာ့လာသည္။
"ဒီမွာစကားေျပာဖို႔က အဆင္မေျပဘူး၊ အထဲဝင္ၿပီး သြားေသာက္ရေအာင္"

သူ႕စကားေျပာတာမၿပီးခင္ တက္တူးမ်ားႏွင့္လက္တစ္ဖက္သည္ ႐ႊီရွီးလင္ ပခုံးေပၚ အေနာက္ကေနလွမ္းခ်ဳပ္ထားသည္။ ႐ႊီရွီးလင္မွာ စိတ္ထဲကေန ေလမႈတ္ထုတ္ေနရကာ အေနာက္ကို လွည့္ကန္ခ်င္သည့္ စိတ္ကိုခ်ဳပ္တည္းထားရသည္။ ဒါေပမဲ့ သူ ဘာမွမေျပာနိုင္ခင္ သူ႕ေနာက္ကေန တစ္ခ်ိန္လုံး နာခံၿပီး လိုက္လာသည့္ ေသာ္႐ႊင္းမွာ ႐ုတ္တရက္ စေဖာက္ေတာ့သည္။ သူ ေရွ႕ကိုတိုးလာကာ ႐ႊီရွီးလင္ပခုံးေပၚမွ လက္ကို ဖယ္ထုတ္ၿပီး အားျပင္းျပင္းျဖင့္ တြန္းထုတ္လိုက္သည္မွာ ထိုတက္တူးႏွင့္လူ၏ မ်က္ႏွာကို ရိုက္မိသြားသည္။

အမူးသမားတစ္ေယာက္၏ အားက ျပင္းလွသည္။ တက္တူးႏွင့္လူမွာ အငိုက္မိသြားၿပီး ကိုယ့္မ်က္ႏွာကိုကိုယ္ ရိုက္မိျခင္းႏွင့္ အဆုံးသတ္သြားသည္။ သူက ခ်က္ခ်င္း ေပါက္ကြဲသြားေလသည္။
"ငါတို႔ ေကာင္းေကာင္းမြန္မြန္ကစားတာ ေတာ္ၿပီ!"

႐ႊီရွီးလင္ : "...."

သူက ကိစၥေတြကို ဘယ္လိုဆိုးေအာင္ လုပ္ရလဲေတာ့ တကယ္သိတာပဲ။

ကိစၥမ်ား ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ရန္ နည္းလမ္းမရွိေတာ့ေပ။ တစ္ခုတည္းေသာေ႐ြးခ်ယ္မႈက ထိုးႀကိတ္ရန္သာျဖစ္ေလသည္။ ႐ႊီရွီးလင္ လက္ထဲ အိတ္ကိုကိုင္ၿပီး တက္တူးႏွင့္လူကို ထပ္ကန္လိုက္သည္။ သူ႕ကန္ခ်က္မွာ ထိုလူ႕ဆီက ကာကြယ္ရန္ နံရိုးမရွိသည့္ ေပ်ာ့ကြက္ေနရာကိုပင္ျဖစ္သည္။ ထိုလူက သူတို႔ကို ေအာ္ေတာင္မေအာ္နိုင္ဘဲ နာက်င္မႈေၾကာင့္ ေျမႀကီးေပၚလဲက်သြားသည္။ ႐ႊီရွီးလင္လွည့္ကာ ေသာ္႐ႊင္းကို တြန္းထုတ္လိုက္သည္။
"သြား!"

ဒါေပမဲ့ ထိုေသာ္ရွန္းအာ့က နည္းနည္းေလးေတာင္ ပူးေပါင္းခ်င္စိတ္မရွိေပ။ သူက မသြားသည့္အျပင္ ေရွ႕ဆီ ပစ္ဝင္လာကာ ႐ႊီရွီးလင္ကို ေရဘဝဲတစ္ေကာင္လို ေျခလက္မ်ားျဖင့္ ရစ္ပတ္ထားေလသည္။

႐ုတ္တရက္ သတိလြတ္သြားသျဖင့္ ႐ႊီရွီးလင္မွာ ေျခလွမ္းမ်ား ေနာက္ဆုတ္ကာယိုင္သြားၿပီး လမ္းၾကားနံရံကို ရိုက္မိသြားေလသည္။ သူ စိတ္႐ူးေပါက္လုနီးပါးျဖစ္သြားသည္။ ေသာ္႐ႊင္းကို သူအထက္ေအာက္လွန္ပစ္ကာ ေခါင္းထဲကေန အရက္အားလုံးကို ခါထုတ္ပစ္ခ်င္သည္ကလြဲ ဘာမွမလိုခ်င္ေတာ့ေပ။ ၿပီးလွ်င္ ဒီေကာင္ကို ဘယ္သူ႕ဘက္ကလူလဲဆိုတာလည္း ေမးရမည္။

ေသာ္႐ႊင္းသည္ သူ႕ကိုနံရံဆီတြန္းလိုက္သည္။ ဘာမွမေျပာဘဲ သူက တစ္ဖက္လွည့္လိုက္ေတာ့ သူ႕ေနာက္ေက်ာက ႐ႊီရွီးလင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားၿပီး လက္ေမာင္းႏွစ္ဖက္လုံးကို ဆန့္ထုတ္ရင္း အေနာက္မွ ႐ႊီရွီးလင္ကို ကာေပးေနသည္။ သူက ေ႐ႊစြန္ညွိုကစားေနသည့္ပုံေပၚကာ ၾကက္ေလးတစ္ေကာင္ကိုဖမ္းဖို႔လုပ္ေနသည့္ စြန္ညိုအိုႀကီးတစ္ေကာင္ျဖစ္သည္။

႐ႊီရွီးလင္ : "..."

ေသာ္႐ႊင္းက တစ္ခုခုေျပာခ်င္ေနသည့္ပုံပင္။ သူက ပါးစပ္ဟလိုက္ေသာ္လည္း ဘာေျပာရမလဲေမ့သြားသည့္ပုံပင္။ ဒါေၾကာင့္ ငမူးေကာင္မွာ ေခါင္းမာမာျဖင့္ ထိုေနရာတြင္ရပ္ၿပီး ႐ူးမိုက္မိုက္ ကာကြယ္ေပးေနေသာ ကိုယ္ဟန္အေနအထားျဖင့္ လူမိုက္တစ္စုကို ရင္ဆိုင္ေနေလသည္။

"ဒီငတုံးက ဘယ္ကေရာက္လာတာလဲ၊ သူ႕ကိုပါ ထိုးကြာ!"
႐ႊီရွီးလင္ ရင္ထဲထိသြားၿပီး စိတ္ရႈပ္ေထြးမႈေၾကာင့္လည္း ခုန္ဆြဆြျဖစ္ေနသည္။ ထိုအခိုက္မွာပင္ လမ္းၾကားအဆုံးတြင္ က်ယ္ေလာင္လွသည့္ အသံႀကီးတစ္ခုေပၚလာသည္။ အရပ္ရွည္ရွည္ ေထာင္ေထာင္ေမာင္းေမာင္း ေယာက္်ားတစ္ေယာက္က လမ္းထဲဝင္လာသည္။ သူ႕လက္ထဲတြင္ လမ္းၾကားအဆုံးက အမွိုက္ပုံးကို ေခါက္ထားသည့္ သစ္သားတုတ္တစ္ေခ်ာင္းကိုင္ထားသည္။

လမ္းၾကားထဲမွလူတိုင္းမွာ ၿပိဳင္တူလွမ္းၾကည့္လိုက္ၾကသည္။တစ္စုံတစ္ေယာက္ကတီးတိုးေျပာသည္။
"စုန့္လ်န္ယြမ္"

လူမိုက္ေလးမ်ားသည္ လူမိုက္ႀကီးကို ပက္ပင္းႀကဳံေလၿပီ။ ဓားကိုကိုင္ထားသည့္ တစ္ေယာက္မွာ စိတ္လႈပ္ရွားလာသည္။

စုန့္လ်န္ယြမ္က စီးကရက္တစ္လိပ္ညွိကာ ခပ္ျဖည္းျဖည္းေျပာေလသည္။
"ငါတို႔အားလုံးက သူငယ္ခ်င္းေတြပဲ၊ တစ္ခြက္ႏွစ္ခြက္ေသာက္တာ ျပႆနာမဟုတ္ဘူး၊ ဒါေပမဲ့ငါ့ရဲ႕ ဒီညီငယ္ေလးက ဒီႏွစ္ဆို တတိယႏွစ္ေလ၊ သူသာအိမ္ျပန္ေနာက္က်ရင္ မိသားစုကစိုးရိမ္ေနလိမ့္မယ္၊ အားလုံးနားလည္မယ္ ထင္ပါတယ္"

လူမိုက္ငယ္ေလးအစုမွာ နားမလည္ရဲပဲ မေနနိုင္ေပ။

စုန့္လ်န္ယြမ္က ၿပဳံးၿပီး ႐ႊီရွီးလင္ကို လက္ယပ္ေခၚလိုက္သည္။
"ေရွာင္လင္  ဒီကိုလာ၊ ငါမင္းကိုအိမ္ျပန္ပို႔ေပးဖို႔ အငွားကားေခၚေပးမယ္"

လမ္းကိုပိတ္ထားသည့္ လူမိုက္ေလးမ်ားမွာ တြန့္ဆုတ္ဆုတ္ျဖင့္ သူ႕ကို သြားခြင့္ေပးေလသည္။ ထိုအခါမွသာ ႐ႊီရွီးလင္ စိတ္သက္သာရာရသြားသည္။

ခုနကသူ ပိုက္ဆံအိတ္ကိုရွာေနတုန္း စုန့္လ်န္ယြမ္၏ နံပါတ္ကို ေခၚခဲ့ျခင္းျဖစ္သည္။စုန့္လ်န္ယြမ္မွာ လျခမ္းတြင္ အလုပ္လုပ္ျခင္းျဖစ္ၿပီး သူ႕ကိုဖုန္းဆက္ေခၚသည္က ရဲကိုေခၚတာထက္ ပိုၿပီးထိေရာက္သည္။

စုန့္လ်န္ယြမ္သည္ သူတို႔ကို အငွားကားစီလိုက္ပို႔ၿပီးေနာက္ ႐ႊီရွီးလင္ေခါင္းကို ပုတ္လိုက္သည္။
"အန္တီ႐ႊီက ဒီမွာမရွိေတာ့ မင္းကို ထိန္းသိမ္းေပးမဲ့ ဘယ္သူမွမရွိေတာ့ဘူးလား၊ ခုဘယ္ခ်ိန္ရွိၿပီလဲ ဒီလိုေနရာမ်ိဳးမွာ အခ်ိန္ျဖဳန္းေနတုန္းလား"

႐ႊီရွီးလင္က သူ႕ကိုငယ္ငယ္တည္းက အစ္ကိုႀကီးတစ္ေယာက္လို သတ္မွတ္ထား၍ ျပန္မေျပာရဲေပ။

ေသာ္႐ႊင္းက ထပ္ေဖာက္ျပန္သည္။ သူက သြားၿဖဲကာ ႐ႊီရွီးလင္ကို ပခုံးကေနဆြဲလိုက္သည္။ ထို႔ေနာက္ ႐ႊီရွီးလင္ နဖူးကိုလက္ျဖင့္လွမ္းကာေပးသည္။စုန့္လ်န္ယြမ္ကိုပင္ မိုက္ၾကည့္ၾကည့္လိုက္ေသး၏။

စုန့္လ်န္ယြမ္မွာ သူ႕ကိုးရိုးကားရားအျပဳအမူေၾကာင့္ ရယ္ခ်င္သြားသည္။
"ဒီေကာင္ေလးက လူမွန္းသူမွန္းမသိ ေသာက္ထားတာေတာင္ မင္းကိုေတာ့ ေတာ္ေတာ္ေလး ကာကြယ္ေပးေသးတာပဲ"

႐ႊီရွီးလင္၏ မ်က္ႏွာမွာရွက္သြားၿပီး ပူလာသည္။ သူ အျမန္ႏႈတ္ဆက္ကာ ေသာ္႐ႊင္းကို အငွားကားထဲထိုးထည့္ထားလိုက္သည္။

အံ့ၾသထိတ္လန့္စရာ အားထုတ္မႈၿပီးေနာက္မွာ သူေနာက္ဆုံးေတာ့ ေသာ္႐ႊင္းကို အိမ္ထဲ ဆြဲေခၚလာနိုင္ခဲ့သည္။ သူ တံခါးဖြင့္ဖြင့္ခ်င္း ပထမထပ္မွ ဧည့္ခန္းတြင္ရွိေနသည့္ ၾကက္တူေ႐ြးႏွင့္ အၾကည့္ခ်င္းဆုံသြားေလသည္။

ၾကက္တူေ႐ြးသည္ ခုမွနိုးကာစျဖစ္သည္။ သူမ်က္လုံးႏွစ္လုံးစစဖြင့္ခ်င္း ပထမဆုံးျမင္လိုက္ရတာက အရက္နံ႕တေထာင္းေထာင္းႏွင့္ 'နံေစာ္ေနေသာ ေယာက္်ား' ႏွစ္ေယာက္ ျမင္ကြင္းပင္။ သူက မယုံၾကည္နိုင္စြာ ေဒါသထြက္ကာ ေတာင္ပံတဖ်တ္ဖ်တ္ခတ္ရင္း 'လူဆိုးေတြကိုမိၿပီ'ဆိုသည့္စကားႏွင့္ အံဝင္ခြင္က်ျဖစ္ေသာ အသံႏႈန္းႏွင့္ အာေခါင္ျခစ္ေအာ္ေလေတာ့သည္။

မ်က္စိလည္လမ္းေပ်ာက္ေနတုန္း ေသာ္႐ႊင္းမွာ ဒီသဲႀကီးမဲႀကီးတိုက္ခိုက္မႈေၾကာင့္ ေၾကာင္အသြားသည္။ ရန္သူကို ရွင္းရွင္းလင္းလင္း မျမင္ေသးခင္မွာပင္ သူက အထိတ္တလန့္ပ်ာယာခတ္စြာျဖင့္ ႐ႊီရွီးလင္ကို သူ႕ဘက္ဆြဲေခၚလိုက္ၿပီးျဖစ္သည္။ သူက ငွက္ကိုတိုက္ခိုက္ရန္ျပင္ေနကာ  တစ္ခ်ိန္တည္းမွာပင္  ႐ႊီရွီးလင္၏လည္ပင္းေပၚ အၾကမ္းပတမ္းဖိခ်၍ ေဘာလုံးတစ္လုံးအျဖစ္ ထုတ္ပိုးရန္ ႀကိဳးစားကာ ရင္ခြင္ထဲ ဆြဲသြင္းလိုက္ေလသည္။

T/N:
(၁) ျပည္နည္ခြဲတမ္းအလုပ္ကို မူရင္းမွာ 编制 လို႔ေရးထားပါတယ္ တ႐ုတ္က systemတစ္မ်ိဳးျဖစ္တဲ့ တစ္ခ်ိဳ႕အလုပ္ေတြကို မုခ်လိဳအပ္တယ္ဆုံးျဖတ္ထားၿပီး ျပည္နယ္ကေန အလုပ္ရာထူးေတြကို သတ္မွတ္ေပးတဲ့ စနစ္ပါ

Continue Reading

You'll Also Like

331K 54K 139
Title-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from...
40.3K 6.1K 11
Title-《老妖精》 Old Fairy Original Author-Mào Hoù Total Chapters- 10 Type-Web novel Gener-Drama ,Mature, Romance ,Yaoi
366K 66.2K 82
Lord Seventh by Priest