?Daffodils[Complete]

Od ScarletV496

340K 21.1K 547

တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... Více

အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodils အပိုင္း(၄)ဒီခံစားခ်က္ကဘာလဲဆိုတာမေသခ်ာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင္း(၇)အသဲကြဲတယ္ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင္း(၈)ခ်ယ္ရီရင္ခုန္သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင္း(၁၇)ဖံုးကြယ္ထားတဲ့ အလႊာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင္း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင္း(၂၇)ရႉး !!တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင္း(၂၈)ဗရုတ္သုကၡေန့ရက္မ်ား
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုငျး(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင္း(၃၅)နာက်င္မႈထက္ပိုတဲ့နာက်င္မႈ• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုငျး(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book

🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!

3.6K 281 7
Od ScarletV496

"တော်တော်တောင် အေးလာပြီ နွေဦးရေ...ငါဒီညဂျုတီပါဆိုမှ ပိုအေးနေတယ်"

သီရေတာတံခါးဖွင့်ဖွင့်ချင်း ဒီဇင်ဘာလေက သုတ်ခနဲမို့ ကိုထွဋ်က မေးရိုက်သံနဲ့ပြောလာတယ်။သီရေတာထဲမှာ ခွဲစိတ်နေကြတုန်းက အေးမှန်းမသိ ပူမှန်းမသိနဲ့ ခွဲနေကြတာ..ခုမှ ရှုလိုက်တဲ့လေက သူတို့အဆုတ်ထဲထိပါအေးနေတယ်။အဲ့လိုဆိုမှသတိရတယ်...ခရစ်စမတ်တောင်နီးနေပြီပဲ။သူနဲ့မိုးပင်လယ် ခရစ်စမတ်တောင်အတူတူမဖြတ်သန်းဖူးလိုက်ဘူး။

တစ်ခုခုဆို မိုးပင်လယ်ကိုချက်ချင်းသတိရသွားတတ်တာ သူ့အကျင့်လိုတောင်ဖြစ်နေပြီ။နွေဦး ချက်ချင်း စိတ်ကိုစုစည်းပြီး ဝင်လာတဲ့အတွေးတွေကိုခေါင်းခါ ထုတ်လိုက်ရတယ်။

"ကျွန်တော်ဝင်ပေးရမလား"

"နိုး..ရတယ် ကိုယ့်ဂျုတီကိုယ်ပဲဝင်မယ်..ဒါစည်းမျဥ်းပဲ"

"ဟုတ်ပါပြီ..ဒါဆို ကျွန်တော် historyလေးပဲရေးပြီးသွားမယ်"

"အေး..ငါ ကတော့ ကိုထက်တို့ဝါ့ဒ်ကိုCoffeeသွားသောက်လိုက်ဦးမယ်...လိုက်ဦးမလား..အတူတူသွားမလား"

"ဟင့်အင်း..မလိုက်တော့ဘူး"

ကိုထွဋ်ကတော့အနွေးအင်္ကျီကိုတင်းတင်းဆွဲစေ့ရင်း သူ့ကိုနှုတ်ဆတ်ကာ ခပ်သုတ်သုတ်ထွက်သွားတယ်။နွေဦးလဲ အနွေးအင်္ကျီကို ထပ်ဝတ်ရင်း history ရေးဖို့ စားပွဲပေါ်မှာ မထိုင်ခင်မှာ ရေနွေးတစ်ခွက်အရင်ငှဲ့လိုက်တယ်။အရင်ကတော့ သူသီရေတာထဲကထွက်လာတာနဲ့ ပူနွေးနေတဲ့ ရေနွေးခွက်က သူ့လက်ထဲကို ရောက်နှင့်ပြီးသားပဲ...

မိုးပင်လယ်ကို သူ အရမ်းသတိရတယ်။တိုက်ဆိုင်တာတွေရှိတိုင်းလွမ်းရမယ်ဆို သူတစ်နေကုန်ထိုင်လွမ်းနေရတော့မှာ...

နွေဦး ပြတင်းပေါက်ကနေ ကြည်လင်နေတဲ့ ကောင်းကင်ကိုလှမ်းကြည့်လိုက်တော့ အလင်းတန်းလေးတစ်တန်း သူ့မျက်စိရှေ့ကနေဖြတ်ပြေးသွားတယ်။မိုးပင်လယ်သာသူနဲ့အတူတူ ရှိနေတုန်း ကြယ်ကြွေတာမြင်ရင် သူ့ကိုဆုမတောင်းဘူးလားလို့မေးဦးမယ်ထင်တယ်။

စင်္ကြာဝဠာထဲကကျောက်ခဲ​ကြွေကျတာကို သူ အယုံအကြည်မရှိပေမယ့် ခုနောက်ပိုင်းကြယ်ကြွေတိုင်းနွေဦး သူ့လက်နှစ်ဖက်ကို ယှက်ပြီး အချင်းချင်းဆုပ်ကိုင်ကာ ဆုတောင်းမိလာတယ်။သူနဲ့မိုးပင်လယ်ရဲ့ ကံကြမ္မာပြောင်းလဲလာနိုင်မလားလို့။

သူတို့နောက်ဆုံးတစ်ခေါက် စကား​ပြောခဲ့ပြီးကတည်းက မိုးပင်လယ်သူ့မျက်စိရှေ့ကိုတစ်ခါမှပြန်ပေါ်မလာတော့ဘူး။အရင်ကဆေးရုံကိုအ​ကြောင်းပြချက်မျိုးစုံပေးပြီး လာနေတတ်တဲ့လူက ​အဲ့နေ့ထဲကပျောက်ချင်းမလှပျောက်သွားတော့တာပဲ။

အချင်းချင်းတွေ့နေတဲ့အချိန်တွေတုန်းက သူနာကျင်ခံပြင်းရပေမယ့် ခုမတွေ့ရလို့လွမ်းရတာလောက်မဆိုးသလိုပဲလို့ သူစပြီးထင်လာပြီ။ပြီးတော့ သူကပဲ မိုးပင်လယ်ကို အတိအလင်း လမ်းခွဲကြမယ်လို့သွားပြောလိုက်သေးတယ်။

အကုန်သောက်တလွဲတွေချည်းပါပဲ...
ဒါပေမယ့် သူမပြောခဲ့ရင်ရော?ဘာတွေဆက်ဖြစ်မှာလဲ...သေချာတာ​တော့ သူဘယ်လောက်ထိပဲအချိန်ဆွဲဆွဲ ဖြစ်လာမဲ့ အရာတွေကတော့ တကယ်ဖြစ်လာမှာပဲ...သူလက်ခံရုံအပြင်ဘာမှမရှိဘူး။

ရောဂါအသစ်အဆန်း ပေါ်လာလို့ ကုသဖို့ဆေးမပေါ်သေးဘူးဆို အဲ့ရောဂါနဲ့ လူနဲ့က အတူယှဥ်တွဲပြီး အသက်ရှင်နိုင်ဖို့ ခံနိုင်ရည်ရှိဖို့ ကြိုးစားရတာပဲ...မိုးပင်လယ်ကိုလွမ်းတာနဲ့ သူနဲ့လဲအဲ့လိုပဲ...အချိန်ပြည့်နီးပါးလွမ်းတယ်...အဲ့လူကို လွမ်းတောင်မလွမ်းရရင် မလွမ်းဖို့ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားရင် သူသေတောင်သေသွားနိုင်တာမို့ နေ့တိုင်း ထမင်းစားရေသောက်သလို မိုးပင်လယ်ကို နေ့တိုင်းလွမ်းတယ်။

လူနာရဲ့historyကို ရေးပြီး အိမ်ပြန်ဖို့ သူ ထိုင်ခုံက အထမှာပဲ ကိုထွဋ်က မျက်စိမျက်နှာပျက်ပြီး နားနေခန်းထဲ အပြေးတစ်ပိုင်းဝင်လာတယ်။တအားပြေးလာတယ်ထင်တယ်...ဒီလောက်အေးတဲ့ရာသီဥတုမှာတောင်ချွေးသီးတွေတောင်စို့နေတယ်။

"အစ်ကို ဘာဖြစ်လို့လဲ...အရေးပေါ်လူနာရောက်လာလို့လား"

ကိုထွဋ်က တံခါးဘောင်ကို လက်နဲ့ထိန်းကိုင်ပြီး ခေါင်းခါတယ်။

"မဟုတ်ဘူး.."

"အဲ့ဒါဆို ဘာဖြစ်လို့လဲ"

"Sea အခုဆေးရုံရောက်နေတယ်"

နွေဦး ရင်ထဲမှာ ဒုတ်ခနဲမြည်သံကြားလိုက်သေမယ့် တည်ငြိမ်ချင်ယောင်ဆောင်ပြီး...
"ဟုတ်လား...ဘာလာလုပ်တာလဲ...အစ်ကိုသူနဲ့ စကားပြောချင်ရင် ကျွန်တော် ဂျုတီဝင်ပေးမယ်လေ"

"မဟုတ်ဘူး...အရေးပေါ်ဌာနမှာ ရောက်နေတာ...သတိလစ်ပြီးတော့"

ကိုထွဋ်စကားက သူ့ကို တောင့်တင်းသွားစေတယ်။သူ့ရင်ထဲမှာ စိုးရိမ်မှုတွေဗလောင်ဆူလာပေမယ့် သူ့ခြေလှမ်းတွေကိုလှုပ်မရဘူး။နေရာမှာပဲ အတောင့်လိုက်ကြီးရပ်နေမိပြီး ချက်ချင်းလဲဘာစကားမှကိုပြန်မပြောနိုင်ဘူး။အာစေးမိသလို ဟလို့ကိုမရတော့တာ။

"နွေဦး! ငါပြောတာကြားလား..Sea အရေးပေါ်ကိုရောက်နေတယ်လို့"

ကိုထွဋ်ကသူ့ပုခုံးကိုလှုပ်ကိုင်ပြီး ထပ်ပြောလာမှ သူသတိဝင်လာတယ်။သူ့ရဲ့ခွဲစိတ်ဌာနကနေ အရေးပေါ်ဌာနကိုရောက်ဖို့ကို သူအပြေးသမားလို ပြေးနေတာတောင်မှ မရောက်နိုင်ဘူးလို့ထင်နေရတယ်။နောက်ဆုံးတော့တောအထပ်ထပ် တောင်အထပ်ထပ်ကို သွားနေရသလို စိတ်ပင်ပန်းမှုမျိုးနဲ့ သူအရေးပေါ်ဌာနကိုရောက်သွားတယ်။

သူ့ကိုမြင်တော့ ကိုထက်က ဆေးချိတ်ပေးထားပြီးပြီမို့ စိုးရိမ်စရာမရှိတော့ကြောင်းပြောလာတယ်။နွေဦး လေးကန်တဲ့ခြေလှမ်းတွေနဲ့ မိုးပင်လယ်လဲလျောင်းနေတဲ့ ကုတင်နားကိုတိုးကပ်သွားလိုက်တယ်။ကုတင်ဘေးမှာတော့ မိုးပင်လယ်ရဲ့ အတွင်းရေးမှုးနဲ့ ကောင်လေးတစ်ယောက်က စိုးရိမ်တဲ့မျက်နှာထားတွေနဲ့ ထိုင်နေကြတယ်။

သူ့ရဲ့ဆရာဝန်သက်တမ်းတစ်လျှောက်မှာ  လူနာတွေအများကြီးတွေ့ခဲ့ရတယ်။ဒီလို မေ့မျောနေတဲ့လူနာတွေတင်မကဘူး expire ဖြစ်သွားတဲ့ လူနာတွေရော...ခွဲစိတ်နေတုန်း On the table ဖြစ်သွားတဲ့လူတွေရောအများကြီးကြုံတွေ့ခဲ့ဖူးတယ်။အဲ့အချိန်တွေတုန်းကလဲ သူစိတ်မကောင်းဖြစ်ရတယ်ဆိုပေမယ့် ခုလိုမျိုး ရင်ထဲအသဲထဲကနေ ပူလောင် ဗလောင်ဆူနေတာမျိုးတော့မဖြစ်ခဲ့ဖူးဘူး။

မိုးပင်လယ် အရမ်းပိန်သွားတယ်...နှုတ်ခမ်းပါးတွေက ဖြူလျော်နေပြီး အားမရှိတဲ့ပုံတအားပေါက်နေတယ်။သတိလစ်မေ့မျောသွားရလောက်တဲ့အထိ ခင်ဗျားမှာ ဘာပြဿနာတွေရှိနေတာလဲ...သူချစ်ရတဲ့လူရဲ့ပုံစံက သူရင်ကိုဆို့နင့်လာစေတယ်။သူနဲ့သာ မဆုံဖြစ်ခဲ့ရင် မိုးပင်လယ် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။

မိုးပင်လယ်ရဲ့ ရှည်သွယ်တဲ့လက်ချောင်းလေးတွေကို အသာအယာလေး မယူပြီး နွေဦး သူ့လက်ထဲမှာဆုပ်ကိုင်လိုက်တယ်။သူ့ဘေးမှာ အခြားလူတွေအပြည့်ရှိနေတာကို သူသိပါတယ်...ဒါပေမယ့် သူ အဲ့ဒါကိုလုပ်ချင်တယ်။သူ စိတ်ညစ်တိုင်း..အဆင်မပြောတာတွေဖြစ်တိုင်း မိုးပင်လယ်က သူ့လက်တွေကို ဆုပ်ကိုင်ပြီး နှစ်သိမ့်အားပေးတတ်တယ်။

ကံကြမ္မာကြောင့်သာ သူတို့တွေ တလွဲတွေဖြစ်ကုန်ပေမယ့် တစ်ယောက်ကိုတစ်ယောက်အမှန်တကယ်ချစ်ကြတာမို့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ချစ်ခြင်းမေတ္တာတွေကို သူ့ရဲ့လက်ကနေတစ်ဆင့် မိုးပင်လယ် ခံစားရမယ်လို့ယုံကြည်တယ်။

"ကိုနွေဦး..ကျွန်တော်တို့ခဏလောက် စကားပြောလို့ရမလား"

နွေဦးရှေ့မှာထိုင်နေတဲ့ ကောင်လေးက ပြောလာတယ်။ဘယ်သူလဲတော့ မသိပေမယ့် သူ့စိတ်ထဲမှာ ဒီကောင်လေးက သူသိချင်တဲ့ အချို့အကြောင်းအရာတွေကို ပြောပြပေးနိုင်မယ်လို့ထင်နေတာမို့ နွေဦးခေါင်းညိတ်ပြလိုက်တယ်။

လူရှင်းတဲ့ကော်ရစ်ဒါကိုရောက်တော့ စကားပြောဖို့ခေါ်လာတဲ့ကောင်လေးက ရပ်လိုက်ပြီး စကားမပြောသေးဘဲ စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာ အရင်တင်လိုက်တယ်။မီးညှိမယ်လုပ်ပြီးမှဘေးကိုတစ်ချက်ဝေ့ကြည့်ပြီးဆေးရုံရောက်နေတာကိုသတိရသွားပုံနဲ့ နှုတ်ခမ်းကနေ ပြန်ယူကာလက်ကြားထဲ ညှပ်ထားပြီး သူ့ကိုယ်သူ မိတ်ဆက်လာတယ်။

"ကျွန်တော် ကAddam လင်းညိုပါ...မိုးပင်လယ်ပြာရဲ့ ညီတစ်ဝမ်းကွဲ"

နွေဦးခေါင်းညိတ်ပြလိုက်တယ်။သူ့ကိုယ်သူတော့မိတ်ဆက်မနေတော့ဘူး...နွေဦး စိတ်ကသိပ်မရှည်တာမို့ သ်ိချင်တာကိုပဲ မေးလိုက်တော့တယ်။

"ကျွန်တော့ကိုပြောချင်တာကဘာလဲ"

"ကိုကြီးမှာ PTSD အပျော့စားရှိတယ်"

နွေဦး အံ့ြသသွားရတယ်။အဲ့ဒါကြောင့်တစ်ခါတစ်လေ မိုးပင်လယ်ရဲ့ အမူအရာတွေက ထိန်းချုပ်မှုကင်းမဲ့သလိုဖြစ်နေရတာလား...

"ဘယ်တုန်းက စဖြစ်တာလဲ"

"လွန်ခဲ့တဲ့နှစ်က...သူ့အဖေဆီသွားဖို့လုပ်ရင်း ကားတိုက်တာ"

နွေဦး စိတ်ထိခိုက်သွားရတယ်။လွန်ခဲ့နှစ်က သူတင်မဟုတ်ဘဲ မိုးပင်လယ်အတွက်လဲ ပင်ပန်းတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ရတာပဲ။
မျက်နှာညိုးကျသွားတဲ့ သူ့ကိုကြည့်ပြီးအဒ်ဒမ်ကသက်ပြင်းချကာဆက်ပြောတယ်။

"အဓိက ကျွန်တော်ပြောချင်တာအဲ့ဒါတွေမဟုတ်ဘူး...ကိုကြီးက ကျွန်တော်နဲ့မတူပဲ အရမ်းစိတ်သဘောထားပြည့်ဝတဲ့လူ...သူ့အမေကိုလဲအရမ်းချစ်တာ...သူ့အမေက ဟင့်အင်းဆို သူလဲကြက်ခြေခတ်ပစ်လိုက်တာမျိုး။ဒါပေမယ့် သူပထမဆုံးအကြိမ် သူ့အမေကို ဆန့်ကျင်တာ ခင်ဗျားကြောင့်ပဲ။

ခုလဲခင်ဗျားတို့နှစ်ယောက်ကြားကပြဿနာတွေကလဲ အကုန် အန်တီ့ကြောင့်ဖြစ်လာတာ...ကိုကြီးက သူ့အမေစကားဆို ပစ်ယုံလိုက်တာမို့ ခင်ဗျားတို့ဒီလိုအခြေအနေတွေရောက်ကုန်တာပဲ။ အခုကိုကြီးက အန်ကယ်လ့်ကို ခင်ဗျား အမေကလုယူသွားတာမဟုတ်မှန်းကို သိသွားတယ်...ခင်ဗျားအပေါ် အားနာစိတ်ရော သူ့ကိုညာတဲ့ အန်တီ့အပေါ် နာကျည်းစိတ်တွေရောပေါင်းပြီး  ခုလိုဖြစ်သွားတာ...

အကြောင်းစုံကိုသိချင်ရင်တော့ ကိုကြီးသတိရလာရင် ကိုယ်တိုင်မေးကြည့်လိုက်ပါ...ပြောရမှာတော့ မတရားမှန်းသိပေမယ့် ကိုကြီးကခင်ဗျားကို အားနာစိတ်ကြောင့်ရှောင်နေတာမျိုးရှိရင်လဲ ခင်ဗျားက ပဲ အရင်စပြီး စကားပြောပေးလိုက်ပါဗျာ...ဒီကိစ္စမှာ ကျွန်တော့်အစ်ကိုကလဲ နစ်နာသူပဲမို့လို့ပါ။ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို တကယ်ပျော်ရွှင်စေချင်ပါတယ်။"

ပြောပြီးတော့ အဒ်ဒမ်လင်းညို ကထွက်သွားတယ်။သူ့အမေက လုယူခဲ့တဲ့လူမဟုတ်ဘူးတဲ့...သူထင်ပြီးသားမို့ ထူးပြီး မအံ့ြသနေတော့ဘူး။လူတစ်ယောက်ကိုအခြားလူတစ်ယောက်ဆီကနေ လုယူရတာလွယ်တာမှတ်လို့...အဲ့လိုခက်ခဲတာကို ရိုးရှင်းတဲ့ သူ့အမေကမလုပ်နိုင်မှန်း သူသိတယ်။

ဒါဆို မိုးပင်လယ်ရဲ့အမေက ဘာလို့ လိမ်ပြောရတာလဲ...မိုးပင်လယ်ကရောဘယ်လိုသိသွားတာလဲ...မိုးပင်လယ်ရင်ထဲမှာဘယ်လောက် ခံစားသွားရမလဲ...နွေဦးတွေးရင်းတွေးရင်းသူ့စိတ်တွေ မွန်းကျပ်လာရတယ်။ဘာပဲဖြစ်ဖြစ် သူ့အမေက လုယူသွားတဲ့လူ မဟုတ်ဘူးဆိုတော့ သူတို့နှစ်ယောက်ပြန်အဆင်ပြေနိုင်လောက်မလား...
______________
"ကိုထက်...ကိုမိုးပင်လယ်ဘာလို့ သတိမရသေးတာလဲ"

"သူကိုယ်တိုင်သတိမရချင်သေးလို့ဖြစ်မယ်ထင်တယ် ကိုနွေဦး...ကိုမိုးပင်လယ်မှာ PTSDရှိတယ်ဆိုတော့ သူအဲ့ဒီအရှိန်တွေနဲ့ဘယ်လောက်ထိစိတ်ဖိစီးခဲ့ရလဲကျွန်တော်တို့မသိရဘူးလေ...Locked In Sydromeလဲဖြစ်သွားနိုင်တာပဲ...ခုအခြေအနေက သွေးပေါင်ချိန်ရော နှလုံးခုန်နှုန်းရော အကုန်အဆင်ပြေတယ် သူကိုယ်တိုင် ထမလာချင်သေးလို့နေမှာ..ကျွန်တော်တို့ ဆက်စောင့်ကြည့်ကြတာပေါ့"
နွေဦးခေါင်းညိတ်ပြလိုက်ပြီး ...

"ကိုမာတော့ ဝင်မသွားလောက်ဘူးမလား"

"မဝင်လောက်ပါဘူး...ခုက တအားစိတ်ဖိစီးလို့  သူ့ဦးနှောက်ကသူ့ဘာသာသူ အားရှိလာအောင်နားနေတာ...ကိုနွေဦး မစိုးရိမ်ပါနဲ့ ကိုမိုးပင်လယ် ပြန်ပြီး သတိရလာမှာပါ"

"အင်း..."

နွေဦးမရေမရာ မသဲမကွဲပြန်ဖြေလိုက်မိတယ်။
သတိရမှဖြစ်မယ်...မိုးပင်လယ်ကို သူဒီတိုင်းလက်မလွှတ်လိုက်နိုင်ဘူး။မိုးပင်လယ်မေ့နေတာ ဆေးရုံကိုရောက်လာတဲ့ညကိုပါထည့်တွက်ရင် ၃ရက်နီးပါးရှိနေပြီ။သီးသန့်ခန်းထဲမှာ တစ်ယောက်ထဲမလှုပ်မယှက်နဲ့လဲလျောင်းနေတဲ့ မိုးပင်လယ်က ဆေးအရှိန်​​ကြောင့် နှုတ်ခမ်းအရောင်လေးနည်းနည်း တက်လာပြီး အသက်ရှုနေတာကြောင့် ရင်ဘက်အစုံက နိမ့်လိုက်မြင့်လိုက်ဖြစ်နေတာကလွဲရင် လူသေတစ်ယောက်လိုပဲ...

နွေဦးရဲ့ဂျုတီက ခွဲစိတ်ဌာနပြီးရင် မိုးပင်လယ်ရှိတဲ့ထွေကုဘက်ကိုဂျုတီပြောင်းကျသလိုတောင်ဖြစ်နေပြီ။သူတင်မဟုတ်ဘူး ကိုထွဋ်ကလဲ သူ့ညီ ကိုမာဝင်မှာစိုးလို့ ဘေးကနေ ဟုတ်တာတွေရော မဟုတ်တာတွေရော ထိုင်ထိုင်ပြောတာ မိုးပင်လယ်သာနွေဦးဆိုရင် မေ့ရဲတော့မှာတောင်မဟုတ်ဘူး။

ခုလဲ သီရေတာထဲက ထွက်ထွက်ချင်း မိုးပင်လယ်ရှိရာကို သူသွားနေတာ...ကိုယ့်ဌာနမှာတောင်ကိုယ် ဖင်ပူအောင်မထိုင်နိုင်ဘူး...မိုးပင်လယ် သတိရလာတာကို သူမသိလိုက်မှာစိုးလို့။
ကိုထွဋ်ကရောက်တောင်ရောက်နှင့်နေပြီ။ဒီနေ့ဆို မိုးပင်လယ် မေ့နေတာ ၅ရက်ကျော်ပြီ။သူတို့ရဲ့စိုးရိမ်မှုရေချိန်ကလဲမြင့်တက်လာနေကြပြီ။

"နွေဦး!Seaကဘာလို့ သတိမရသေးလဲ"

"• • •"

နွေဦးပြန်မဖြေလိုက်ဘူး...ဒီမေးခွန်းက သူလဲသိချင်နေတဲ့မေးခွန်းပဲလေ...

ကိုထွဋ်ကတော့ မိုးပင်လယ်ကိုစိုက်ကြည့်ပြီး ဆက်ပြောနေတယ်။သူ့ဘာသာသူ ဘာမေးလို့မေးလိုက်မှန်းတောင်သိရဲ့လားမသိဘူး။

"Head CT Scanရိုက်ကြည့်သင့်တယ်မဟုတ်ဘူးလား...Seaရဲ့ခေါင်းထဲမှာအကြိတ်များရှိနေလား..ဒါမှမဟုတ် MRI ရိုက်သင့်လား"

"ရှိလဲရှိတဲ့အကြိတ်က သူ့အမေပဲနေမှာ.."

နွေဦးရဲ့မကျေမချမ်းရေရွတ်သံ​​ကြောင့် ကိုထွဋ်ကမျက်ခုံးပင့်သွားတယ်။သူမသိချင်ယောင်ပဲဆောင်လိုက်ပြီး...

"ကိုထက်ဘယ်သွားလဲ..."

"ဆေးရုံကြီးက အာရုံကြောဌာနနဲ့ဖုန်းသွားပြောတယ်"

ခဏနေတော့ ကိုထက်ကပြန်ဝင်လာတယ်။
ကိုထက်မျက်နှာကိုမြင်တာနဲ့ သူယူလာတဲ့သတင်းကသိပ်မကောင်းမှန်းသိသာတယ်။

"တစ်ပါတ်လောက်မှ ဒီလိုဆက်ဖြစ်နေသေးရင် Short Coma လို့သတ်မှတ်လို့ရသွားပြီး Brain Hypoxic ​(ဦးနှောက်အောက်စီဂျင်)ကျလာနိုင်တာမို့ ဆေးရုံကြီးကိုရွှေ့စေချင်တယ်တဲ့...ခုချိန်ထိတော့ Vitalကငြိမ်နေသေးတယ်ဆိုပေမယ့် နောက်ဆို Short Coma မဟုတ်ဘဲ Long Comaဝင်နိုင်ခြေပိုများလာနိုင်တယ်တဲ့...ဆေးရုံကရွှေ့လိုက်တာတော့ အကောင်းဆုံးပေါ့ ဒီမှာကတစ်ခုခုဆိုရင်တောင် ပစ္စည်းကမစုံတော့"

ကိုထက်က စကားကိုဆက်မပြောပဲရပ်ထားလိုက်ပြီး သက်ပြင်းချတယ်။ကိုထွဋ်က သူ့မျက်နှာ သူဖိပွတ်ပြီး သူလုပ်စရာရှိသေးတယ်ဆိုပြီးထွက်သွားတယ်။ကိုထက်ကလဲ နောက်ကနေလိုက်သွားတော့သိပ်မကျယ်ဝန်းတဲ့ အခန်းလေးထဲမှာ မိုးပင်လယ်နဲ့ သူ့ရဲ့ အသက်ရှုသံမျှင်းမျှင်းကလွဲပြီးဘာမှမရှိတော့ဘူး။

မိုးပင်လယ်ကတော့ သူလှုထားတဲ့Vital Machine နဲ့သူအတိုင်းခံနေရမှန်းသိရင်ဘယ်လိုနေမလဲမသိဘူး။အောက်စီဂျင် ပိုက်တန်းလန်းနဲ့ မိုးပင်လယ်ကိုကြည့်ရတာသူကတော့တကယ်ကို အသားမကျဘူး။

သူ ကုတင်ဘေးက ထိုင်ခုံပေါ်မှာမထိုင်ခင် မိုးပင်လယ်ရဲ့ မျက်နှာလေးကိုဖွဖွလေး ထိတို့လိုက်တယ်။လှပတဲ့မေးရိုးလိုင်းတစ်လျှောက် လက်ညိုးလေးနဲ့ ပွတ်ဆွဲရင်းပြန်လည် နီမြန်းလာပြီဖြစ်တဲ့နှုတ်ခမ်းပါးလေးကို လက်မလေးနဲ့ ရွရွလေး ပွတ်ဆွဲလိုက်မိသေးတယ်။

သူအမြဲ ရင်ခုန်ရတဲ့ မျက်ဝန်းညိုလေးတွေ ပွင့်လာမယ့် နေ့ကဘယ်တော့ရောက်လာမှာလဲ...သူအဲ့ဒီ့မျက်ဝန်းညိုညိုတွေကို တအားလွမ်းနေပြီ။ပြန်နိုးလာရင်ရောမိုးပင်လယ် သူ့ကိုလက်ခံလောက်မလား...

သွားစမ်းပါ!ခုချိန်ကအဲ့တာကအရေးကြီးလို့လား...မိုးပင်လယ်ပြန်နိုးလာရင်ကို ဆုလာဘ်တစ်ပါးလိုဖြစ်နေပြီ။

နွေဦး အားပျော့ဟန်ပေါ်နေတဲ့ မိုးပင်လယ်ရဲ့လက်ချောင်းလေးတွေကို သူ့လက်နဲ့ဆုပ်ကိုင်ပြီး နှုတ်ခမ်းနဲ့ဖိကပ်နမ်းလိုက်ပြီးတော့ နှစ်ကိုယ်ကြားလောက်ရုံအသံလေးနဲ့ တိုးတိုးလေးပြောလိုက်တယ်။

"ပြန်နိုးလာတော့!ခင်ဗျားနဲ့ကျွန်တော် ပြောစရာတွေအများကြီးရှိသေးတယ်လေ...ဦးမိုးကို ကျွန်တော်မေမေ့ကလုယူသွားတာမဟုတ်ဘူးတဲ့...အဲ့လိုဆို ကျွန်တော်တို့ပြန်အဆင်ပြေနိုင်လောက်မလား..အဲ့မေးခွန်းကိုကျွန်တော်အရမ်းမေးချင်နေတယ်။မေးရမှာနည်းနည်းတော့ အောက်ပေမယ့် ကျွန်တော့်မာနထက်ကို ခင်ဗျားကိုပိုချစ်လို့ဆိုတာ သိတယ်မလား..

အဟွန်း!တကယ်တော့မေးလဲမမေးရဲဘူး...ဒီတစ်ခါလဲမျှော်လင့်သလိုများဖြစ်မလာရင် ကျွန်တော် တကယ်ကိုပြိုလဲကျသွားမှာ...ခုတောင် မနည်းရပ်တည်နေရတာ ခင်ဗျားသိရဲ့လား...ဘာလို့အကြာကြီးအိပ်နေတာလဲ...ကျွန်တော်ကစိတ်မရှည်တတ်ဘူးဆိုတာ ခင်ဗျားမသိဘူးလား...စိတ်တိုဖို့ကောင်းတယ်တကယ်ပဲ"

နွေဦးအသံကအဖျားခတ်လေးတုန်ယင်သွားပြီး သူ့ရင်ထဲမှာလဲ မိုးပင်လယ်သာပြန်မနိုးလာခဲ့ရင်ဆိုတဲ့ကြောက်စိတ်ကြောင့်တုန်ယင်နေမိတယ်။
ပါးပေါ်စီးကျလာတဲ့ မျက်ရည်တွေကို  လက်ခုံနဲ့ သုတ်ရင်း မိုးပင်လယ်ရဲ့လက်ကို အသာအယာလေး နေရာတကျပြန်ထားလိုက်ပြီး...

"ဒီနေ့တော့ကျွန်တော်ပြန်တော့မယ်...မနက်ဖြန်မှနိုးမလာသေးဘူးဆို ကျွန်တော် နောက်နေ့ဘယ်တော့မှ ခင်ဗျားဆီထပ်မလာတော့ဘူး"

"ခုရော နင့်ကိုဘယ်သူကလာခိုင်းနေလို့လဲ နွေဦးဧရာ!"

နွေဦး နောက်ကျောကနေထွက်လာတဲ့ခေမီ့အသံကြောင့် သူ့သွေးတွေပြောင်းပြန်စီးသွားသလိုမျိုးရှက်စိတ်ကြောင့် ပူရှိန်းတက်လာတယ်။ဘယ်လိုပဲပြောပြော ခုချိန်ခေမီပြောသမျှသူခံရမှာပဲ...တရားဝင်စေ့စပ်ထားက ခေမီဖြစ်နေတာကိုး။

သူ့စိတ်သူပြင်ဆင်ပြီး ခေမီနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။စိတ်ထဲမှာတော့ မဆိုစလောက်လေးသိမ်ငယ်နေပေမယ့် မျက်နှာထားကိုတော့ သူ ခေမီ့ထက်မလျော့တဲ့တင်းမာမှုမျိုးတပ်ဆင်ထားလိုက်တယ်။ခေမီက မျက်နှာကိုမော်ချီထားပြီး တစ်လှမ်းချင်းသူ့ဆီလှမ်းလာနေတယ်။

"နင့်ရဲ့အရှက်မရှိချက်က ဘယ်သူမှလိုက်မမီတော့ပါလား...ဟန့် အမေတူသားပဲ..သူများပိုင်တာကိုမှ တပ်မက်စိတ်ရှိနေတာ"

"ဘာ!"

ခေမီက သူနဲ့ခြေတစ်လှမ်းအကွာမှာ ရပ်လိုက်ပြီး သူ့ရင်ဘက်ကိုလက်ညိုးနဲ့ထိုးပြီး...

"နင်က အမေတူသား အရှက်မရှိသူများပိုင်တာကိုမှတပ်မက်စိတ်ရှိတဲ့လူလို့ပြောနေတာလေ...နင်နားမကောင်းတော့ဘူးလား"

နွေဦး စိတ်ထဲမှာဒေါသထွက်သွားပေမယ့် မျက်နှာကိုပြုံးထားလိုက်တယ်။ပြီးတော့ တုန်ရီနေတဲ့ လက်တွေကို ဂျုတီကုတ်ရဲ့အိတ်ထဲထည့်လိုက်ပြီး..

"ဟုတ်တယ်...နင်ပြောတာမှန်တယ်...ငါ မိုးပင်လယ်ကို ချစ်တယ်ယ်...အဲ့အတွက်လဲအရှက်မရှိသလိုဖြစ်နေတယ်ဆိုလဲငါလက်ခံတယ်။"

လက်မခံလို့လဲမရဘူးလေ မိုးပင်လယ်နားမှာသူ ဒီလိုမျိုးစကားတွေပြောနေတာကို ဘယ်သူမှမသိစေချင်ပေမယ့် သိမယ့်သိသွားတော့လဲ ခေမီဖြစ်နေတယ်။သူဒီလိုစကားတွေကိုလဲမပြောချင်ပေမယ့် သူြငိမ်ခံနေလိုက်ပြန်ရင်လဲ ခေမီက သူ့ခေါင်းကိုဖနောင့်နဲ့တက်ပေါက်တော့မယ်။

ခေမီ့က ဟန့် ခနဲရယ်ကာလက်ကိုဟန်ပါပါပိုက်လိုက်ပြီး...

"နင်အရှက်မရှိမှန်းတော့နင်သိသေးတာပဲ...ကြည့်ရတာ နင့်ရဲ့အကျင့်စရိုက်က မှိုတက်ပြီး ပိုးဟပ်စားသွားပေမယ့် ဦးနှောက်ကတော့အလုပ်လုပ်သေးတယ်ထင်တယ်"

"အင်း!ငါ့ဦးနှောက်က အရမ်းကိုကောင်းလွန်းပြီးအလုပ်လုပ်နေတုန်းပဲ..နင့်လို မဖြစ်စလောက်ဥာဏ်လေးပဲရှိတာမှမဟုတ်တာ...ငါကငါလုပ်နေတဲ့အလုပ်ရ​ဲ့ အကျိုးအကြောင်း အဆိုးအကောင်းမှန်သမျှကိုငါသိတယ်"

"နင်! နင်!..."

"နင်ဘာတွေဒီလောက်ကြီးဖြစ်နေတာလဲခေမီ...ဘာလဲ!နင် သူနဲ့စေ့စပ်ပြီးတာတောင် သူ့စိတ်ကိုမရသေးဘူးလား...အဲ့ဒါကြောင့် ငါ့ဆီပြန်ပါသွားမှာကြောက်နေတာ ဟုတ်တယ်မလား!"

"နွေဦးဧရာ!!နင်..."

"ဒေါသမထွက်ပါနဲ့...ရုပ်ကျတာမြန်စေတယ်...ပြီးတော့..." နွေဦး ခါးကို ကိုင်းပြီး ခေမီ့ရဲ့ နားနားကိုကပ်ပြီး..

."ပြီးတော့...ဦးမိုးကို ငါ့အမေလုယူတာမဟုတ်ဘူးဆိုတာ သူသိသွားပြီ...အဲ့ဒီ့တော့ ခုလို နင်စိုးရိမ်နေတာ တကယ်ဖြစ်သင့်ပါတယ်"

ခေမီ့မျက်လုံးတွေက လေဆာတန်းတွေလို သူ့ကိုလာရိုက်ခတ်တယ်။နွေဦး ခပ်ထေ့ထေ့ပြုံး ပုခုံးတွန့်ပြပြီး ထွက်လာခဲ့တယ်။အခန်းအပေါက်ဝရောက်တော့ တစ်ချိန်လုံးအောင့်ထားရတဲ့ သက်မကို ဟူးခနဲချလိုက်တော့ ဟိန်းထက်ကသူ့ကို အံ့ြသသလိုပြူးကြည့်နေပြီး အဒ်ဒမ်ကကျ ပြုံးစိစိဖြစ်နေတာမို့ နွေဦး အီလည်လည်ရုပ်နဲ့ပြုံးပြကာခပ်မြန်မြန်နှုတ်ဆက်ပြီးထွက်လာခဲ့လိုက်တယ်။

မိုးပင်လယ်!မကောင်းတဲ့လူ!
အိပ်ယာပေါ်မှာမေ့မျောနေတဲ့ လူကိုမကျိန်ဆဲသင့်ပေမယ့်လို့ သူခုလိုပြောလိုက်မှစိတ်ထဲမှာအဆင်ပြေတော့မှာ။
မကောင်းတဲ့လူကိုမှ ချစ်မိနေတဲ့သူလဲမိန်းကလေးနဲ့ အပြိုင်နှုတ်လှန်ထိုးတတ်တဲ့ မကောင်းတဲ့ကောင်ဖြစ်နေပြီထင်တယ်။

ကျစ်!ပေါက်တက်ကရတွေ...တကယ်ကိုအဆင်မပြေဘူးပဲ...

_______
A/N

On the table- ခွဲစိတ်နေစဥ်သေဆုံးခြင်း

Head CT Sacn-သူကX-ray လိုမျိုးပါပဲ..ဦးနှောက်ကို Scanဖတ်ပြီး အကြိတ်ရှိမရှိဘာညာပေါ့..

MRI-Magnetic Resonance Imaging

Vital-ကိုယ်ပူချိန်၊သွေးပေါင်ချိန်၊အသက်ရှုနှုန်း၊နှလုံးခုန်နှုန်း၊အရပ်၊ကိုယ်အလေးချိန်၊ဆီးအထွက်နှုန်း၊အောက်စီဂျင်လယ်ဗယ်၊အသိရှိမှုနှုန်းတွေအကုန်လုံးကို Vitalလို့ခေါ်ပါတယ်။

Brain Hypoxia-ဦးနှောက်အောက်စီဂျင်
ဦးနှောက်ကို အောက်စီဂျင်လုံလုံလောက်လောက်မရရင် အချို့မှတ်ဉာဏ်တွေပျက်သလို ဖြစ်သွားတတ်ပါတယ်။

Coma-ကိုမာက တစ်ပါတ်ကနေရက်အနည်းငယ်လောက်ကြာတာကို အချိန်တိုကိုမာလို့သတ်မှတ်ပြီး အချို့ကိုမာတွေက နှစ်နဲ့ချီကြာတတ်ပါတယ်။အကြာဆုံး ကိုမာမှတ်တမ်းက ၄၂ နှစ်ပါ။
Coma လက္ခဏာတွေထဲမှာ Locked in Sydrome ဆိုတာရှိပါတယ်။
Coma Typeက ၆မျိုးလောက်ရှိတယ်။
Sea ရဲ့ Coma type က Locked in Sydromeပါ။
Locked in Sydrome ကတော့ ရောဂါလက္ခဏာထဲမှာ ပိတ်မိနေခြင်းပေါ့နော်...ခု Seaဆိုရင် သူက PTSD ရှိနေပြီး ရုတ်တရက်Shock ရသွားတယ်။အဲ့ဒီ့မှာPTSDကြောင့် ဖိအားတွေနဲ့ ဝေးတဲ့သူ့ကိုယ်သူစိတ်သက်သာရာ ရတဲ့နေရာမှာခဏပိတ်မိနေတာမျိုးပါ။
အိပ်မက်ကမ္ဘာမှာ ပိတ်မိသွားသလိုမျိုးပေါ့...
သဘောပေါက်သလောက်ပေါ့နော်..

အရင်ကအမွန်ပြောခဲ့သလိုပဲ Medical fieldကမဟုတ်တော့ တစ်ခုခုဆို အမှားအယွင်းနည်းအောင် တော်တော်လေးလိုက်ရှာရတယ်။ဆေးပညာ ပတ်ဝန်းကျင်ကိုအခြေခံထားပြီး ဆေးပညာအသုံးအနှုန်းကလဲတအားကိုထည့်ချင်တာမို့လေ..
မှားတာပါလဲ သွေ့ပုချိ နာ...

ပြောချင်တာက အဲ့အကြောင်းတွေကြောင့်တစ်ရက်နောက်ကျသွားတယ်...ဆောတီး...ခွင့်လွှတ်တယ်မလား 😁

Pokračovat ve čtení

Mohlo by se ti líbit

352K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
26.4K 1K 72
{စောအက္ခရာ...မင်းကလူသားတစ်ယောက်မဟုတ်ဘူး။ မင်းက..တိတ်ဆိတ်နေတဲ့ငါ့ဘဝထဲရုတ်တရပ်တိုးဝင်လာတဲ့သံစဥ်လှလှလေးတစ်ခုပဲ..} Start Date:5.7.2022
321K 15.6K 85
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
613K 37.9K 111
(Zawgyi) မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံနိုင်ဘူးလို့ သူများတွေပြောကြတယ် အမုန်းမျဉ်းပြိုင်နှစ်ကြောင်းကရော ဆုံနိုင်ဖို့ ဖြစ်နိုင်ပါ့မလား...