အထာကျကျ သတ်ပါ (အထာက်က် သတ္ပါ)

Da Meacenas_Loey

56 5 0

Main Lead - Cyrus Delton Elliot Huxley Altro

Chapter - 1 Prologue [Zawgyi]
Chapter -2 Heartless sadistic murderer [Unicode]
Chapter -2 Heartless sadistic murderer [Zawgyi]
Chapter - 3 Convince me [Unicode]
Chapter - 3 Convince me [Zawgyi]
Chapter - 4 The Four [Unicode]
Chapter - 4 The Four [Zawgyi]

Chapter - 1 Prologue [Unicode]

26 4 0
Da Meacenas_Loey

Chapter -1 Prologue


ကိုယ်ပိုင်ဂျက်လေယာဉ်၏ တံခါးပွင့်လာကာ လေယာဉ်လှေခါးအောက်တွင် ရပ်ကာတန်းစီနေကြသူတိုင်းသည် ၎င်းတို့ရှေ့တွင် ပေါ်လာသူမည့်သူကို နှုတ်ဆက်ရန် စောင့်ဆိုင်းနေကြသည်။

ထိုလူသည် သေမင်းတမန်ကဲ့သိုသော အကြည့်စူးစူးများနှင့်အတူ တစ်ကိုယ်လုံး သြဇာအာဏာစက်ပြည့်ဝနေပုံသည် အရွယ်ရောက်ပြီးသား လူကြီးများကိုပင် ကြက်သီးထစေနိုင်အောင် ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်။

တကယ်တော့ တစ်ခြားသူတွေ ပုံဖော်ထားသလိုမျိုး သူပုံစံက ကြောက်စရာကောင်းနေခြင်းမျိုးမဟုတ်ပါ။ တုန်လှုပ်ကြောက်ရွံ့ခြင်းသည် ထိုသူ့အတွက် သင့်လျော်သော စကားလုံး မဟုတ်သော်လည်း သူနှင့်လိုက်ဖက်ညီသော စကားလုံးကို စိတ်မှတွေးလိုက်မိသည်။ သူ့ပုံရိပ်ကို ထင်ဟပ်ကာ အံဝင်ဂွင်ကျဖြစ်စေခဲ့တာက သူ့ရဲ့ရွေ့လျားပုံကြောင့်ဖြစ်မည်ထင်သည်။ ထိုသူ၏ခြေလှမ်းတိုင်းက စည်းချက်ညီစွာ လှုပ်ရှားနေသောကြောင့် ကျက်သရေရှိပုံရသည်။ လှုပ်ရှားမှုတိုင်းသည် အစီအစဉ်တကျ တွက်ချက်၍လှမ်းဘိသကဲ့သို့ ညီညာကာ လှပလွန်းသဖြင့် အပြစ်ပြောဖွယ်ရာ တစ်ကွက်မျှမမြင်နိုင်ပေ။

"ပြန်လာတာ ကြိုဆိုပါတယ် သခင်လေး ဆိုင်ရက်စ်" လေယာဉ်လှေခါးအဆုံးတွင်ရပ်နေသော အသက်ခပ်ကြီးကြီးလူကြီးတစ်ဦးက ပြုံးရွှင်စွာနှုတ်ဆက်လိုက်သည်။ ထိုလူကြီးသည် လည်စီးတွင် D လိုဂိုတံဆိပ်ပါသော ဝတ်စုံကိုဝတ်ဆက်ထားပြီး သူ၏ဆံပင်များက ငွေရောင်ပေါက်နေသဖြင့် သူ့ကို ကြည့်ရုံမျှဖြင့် သူ၏အသက်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

ဆိုင်ရက်စ်အမည်ရှိသောသူသည် သူ့အားစောင့်ကြိုနေသူအားလုံးကိုသာမက ထိုနှုတ်ဆက်စကားပြောလိုက်သော အဖိုးအိုကိုပါ လျစ်လျူရှုကာ ဖြတ်ကျော်လျှောက်လှမ်းသွားသည်။ အံ့သြစရာကောင်းသည်မှာ ထိုအေးစက်သော ဆက်ဆံရေးကို အဖိုးအိုက အသားကျနေသကဲ့သို့ မျက်နှာတစ်ချက်ပျက်မသွားခြင်းဖြစ်သည်။

"ပြင်သစ်ကို ခရီးတစ်ပတ်ကြာထွက်တာ အဆင်ပြေခဲ့ရဲ့လား သခင်လေး" ဆိုင်ရက်စ်ထံမှ အဖြေစကားပြန်ကြားရလိမ့်မည်မဟုတ်မှန်း သူသိပြီးသားဖြစ်သော်လည်း ဒီအတိုင်း မေးကြည့်လိုက်ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ရက်စ်သည် သူ့အတွက် အသုံးမဝင်သောမေးခွန်းများအား မည်သည့်အခါမှ လေကုန်ခံဖြေကြားလေ့မရှိသောကြောင့်ပင်ဖြစ်သည်။

"အဆင်ပြေပါတယ်" ဆိုင်ရက်စ်က မမျှော်လင့်ဘဲ ပြန်ဖြေလာသည်။

မှန်ပါသည် တကယ်ကို မထင်မှတ်ထားစွာပင်။

ကိုယ်ပိုင်ဂျက်လေယာဉ်နှင့် မီတာအနည်းငယ်သာဝေးသော နေရာတွင် ရပ်ထားသော ကားတစ်စီးရှေ့သို့အရောက်တွင် အဖိုးအို၏အပြုံးသည် ပိုပီပြင်လာသည်။ သူက သခင်လေးအတွက် ကားတံခါးကိုဖွင့်ပေးရင်း ပြန်ပြောလိုက်သည်။ "အဆင်ပြေတယ်ကြားရတာ ဝမ်းသာပါတယ် သခင်လေး ဟိုမှာနေထိုင်ရတာ အဆင်ပြေလို့ ပြန်တောင်မလာချင်တော့ဘူးလားလို့ ဦးလေးကတွေးနေတာ"

"သိပ်ဟုတ်တာပေါ့" ဆိုင်ရက်စ်က ကားအတွင်းသို့ မဝင်ခင် ခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်သည်။

ဆိုင်ရက်စ်ဒယ်တန် - သူသည် အသက် ၃၅ နှစ်အရွယ် ဒယ်တန်လုပ်ငန်းစု၏ ဥက္ကဌဖြစ်ပြီး ကွယ်လွန်သူ အာဒမ်ဒယ်တန်၏ လေးနက်တည်ကြည်ပြီး အေးစက်စက်အသွင်အပြင်ရှိသော သားအကြီးဆုံးဖြစ်သည်။အဦးဆုံးသားတစ်ယောက်အနေဖြင့် မိသားစုစီးပွားရေးလုပ်ငန်းကို ထိန်းကျောင်းကာကွယ်ရန် တာဝန်များအားလုံးက သူ့၏ပုခုံးပေါ် အလိုအလျောက်ကျရောက်လာကာ တာဝန်ယူထားရသော််လည်း ထိုကိစ္စအပေါ်တွင် သူသည် ဘယ်သောအခါမှ မကျေမနပ်မဖြစ်ခဲ့ပေ။

ငယ်စဉ်ကလေးဘဝထဲမှ ထိုCEO နေရာအား သူအလိုရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ၏အဖေသည် အငယ်ဆုံးသား အသက် ၂၅ နှစ်မပြည့်မချင်း ထိုအလုပ်အမှုဆောင် အရာရှိချုပ်ထိုင်ခုံအား အလွတ်ထားစေရန် စီမံထားခဲ့လေသည်။ အငယ်ဆုံးသားက အခုဆို အသက်၂၄ နှစ်ကျော်ဖြစ်သည်။ နောက်ထပ်သုံးလလောက်ကြာလျှင် CEO အသစ်က ဘယ်သူလဲဆိုသည်ကို သိလာကြတော့မည်ဖြစ်သည်။

"ငါ့မောင်နှမတွေက ဘယ်မှာလဲ" ဆိုင်ရက်စ်က ကားမောင်းနေသော လူကိုမေးလိုက်သည်။

ဒရိုင်ဘာသည် နောက်ကြည့်မှန်မှတစ်ဆင့် ဆိုင်ရက်စ်ကို လှမ်းကြည့်ကာ ပြန်ဖြေလိုက်သည်။ "သခင်လေးနှစ်ယောက်က စံအိမ်ကိုပြန်ရောက်နေပါပြီ မဒမ်ကတ်တလီနားကတော့ ကုမ္ပဏီမှာပဲ ရှိပါသေးတယ် သူမ ရှိတဲ့နေရာကို သွားချင်သေးလား ဒါမှမဟုတ် စံအိမ်ဆီပဲ တိုက်ရိုက်လိုက်ပို့ပေးရမလား"

ဆိုင်ရက်စ်က ကားပြတင်းပေါက်အပြင်ကိုလှမ်းကြည့်လိုက်ရင်း သက်ပြင်းချလိုက်တယ် "စံအိမ်ပဲပို့ပေး" သူခပ်တိုတိုပဲပြန်ဖြေလိုက်တော့ နာမည်မသိရသေးသော ဒရိုင်ဘာမှ ခေါင်းညိတ်ပြကာ သူ့၏သခင်တောင်းဆိုသည့်အတိုင်း လိုက်နာလိုက်သည်။

သူတို့ရည်ညွှန်းပြောနေသောစံအိမ်ဆိုသည်မှာ ရဲတိုက်တစ်ခုကဲ့သို့ ခမ်းနားစွာဆောက်လုပ်ထားသော အရင်စံအိမ်အဟောင်းဖြစ်သည်။ ထိုအိမ်သည် ဘိုးဘေးဘီဘင်အဆင့်ဆင့်ဆက်ခံလာပြီး ဆိုင်ရက်စ်ဖခင်ပိုင်ဆိုင်သော စံအိမ်ဖြစ်သည်။ ကုမ္ပဏီဆက်ခံမည့် CEO ဖြစ်မည့်သူသည် မိသားစုအသက်သွေးကြောသဖွယ်လုပ်ငန်းအား ဆက်ခံရမည့်အပြင် ထိုစံအိမ်တော်ကိုပါ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။ သို့သော်လည်း ဆက်ခံသူနေရာအတွက် ကြေညာချက်ကို ဆိုင်းငံ့ထားသောကြောင့် လူတိုင်းက ခုချိန်ထိ အတူနေထိုင်နေဆဲဖြစ်သည်။

"ရောက်ပါပီ သခင်လေးဆိုင်ရက်စ်" အဖိုးအိုကသတိပေးလိုက်သည်။ဆိုင်ရက်စ်သည် ဘာမှပြန်မပြောပေမယ့် သက်ပြင်းအားလေးပင်စွာချလိုက်သည်။ သူအပြင်ထွက်လာသည်နှင့် အိမ်အကူများနှင့် စားဖိုဆောင်မှသူအားလုံးသည် သူတို့၏သခင်လေးအား နွေးထွေးစွာ ကြိုဆိုရန်အလို့ငှာ သူ့နံဘေးသို့ အပြေးအလွှားရောက်ရှိလာကြသည်။"သခင်လေး ဆိုင်ရက်စ်ပြန်လာတာ ကြိုဆိုပါတယ်" အားလုံးက တစ်ညီတစ်ညွတ်တည်း နှုတ်ဆက်ကြသည်။ သို့သော် အဖိုးအိုအား ဆက်ဆံပုံကဲ့သို့ပင် ဆိုင်ရက်စ်သည် သူတို့ကို လျစ်လျူရှုကာ မည်သူ့ကိုမျှ စကားတစ်ခွန်းမှပြန်မပြောဘဲ အိမ်ထဲသို့ဝင်သွားသည်။ သူ၏ခြေသံတို့က စကျင်ကျောက်များခင်းထားသော ကြမ်းခင်းကြောင့် ပဲ့တင်ထပ်သွားသည်။ ဒုတိယအထပ်မှ ခပ်ကျယ်ကျယ်တွန်းတိုက်သံတို့ ကြားရသည်အထိ စံအိမ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဆိုင်ရက်စ်သည် သူ၏လည်စီးကိုဖြည်လိုက်ရင်း တည်ကြည်လေးနက်သော အမူအရာဖြင့် လှေကားပေါ်သို့လှမ်းလာသည်။

"ဒီလောက် အစောကြီးမှာတောင်လား" လမ်းလျှောက်ရင်း သူဘာသာတွေးမိလိုက်သည်။အပေါ်ထပ် စင်္ကြံသို့ရောက်သောအခါ တံခါးပေါက်တစ်ခုရှေ့တွင် အစောင့်နှစ်ယောက်ရပ်နေသည်ကို တွေ့လိုက်သည်။ထိုအခန်းက သူ့ညီအခန်းပင်။ အထူးသဖြင့် တတိယမြောက်သား၏အိပ်ခန်းပင်ဖြစ်သည်။

အစောင့်များသည် ဆိုင်ရက်စ်အား ချက်ချင်းသတိပြုမိပြီး ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ ထို့နောက် ဘာဆက်လုပ်ရမှန်းမသိဘဲ အိမ်ကြီးသခင်အား ဘေးကိုရို့ကာ လမ်းဖယ်ပေးလိုက်ကြသည်။ ဆိုင်ရက်စ်သည် အသက်ပြင်းပြင်းရှုကာ တံခါးလက်ကိုင်ဆီသို့ လက်ဟန်အမူအရာပြလိုက်ရာ ဘယ်ဖက်ထောင့်တွင်ရပ်နေသော အစောင့်က လျင်မြန်စွာ တံခါးဖွင့်ပေးလိုက်သည်။ ဖွင့်ပေးသော တံခါးမှဖြတ်ပြီး ဆိုင်ရက်စ်အထဲသို့ဝင်လာသောအခါ သူ့ညီသည် သူမမြင်ဖူးသော ကောင်လေးတစ်ယောက်ဖြင့် အိပ်ယာပေါ်တွင် ချစ်တင်းနှောနေသည်ကို တွေ့လိုက်ရသည်။

တံခါးပေါက်ရှိရာဖက်သို့ မျက်နှာမူထားသော ဆိုင်ရက်စ်၏ညီသည် သူ့အခန်းတွင်းသို့ တံခါးမခေါက်ပဲ ဝင်လာသော ဆိုင်ရက်စ်ကိုမြင်သော် အံ့သြသွားဟန်ရှိသည်။ သူသည် စက္ကန့်ပိုင်းမျှသာ ထိတ်လန့်သွားဟန်ရှိပြီး သူ့အကိုရောက်လာသည်ကို ဂရုမပြုဟန်ဖြင့် ထိုကောင်လေးနှင့် ကိုယ်လက်နှီးနှောခြင်းအမှုကို လုပ်မြဲအတိုင်းသာ ဆက်လုပ်နေလေသည်။သူ့လက်နှင့် ဒူးခေါင်းပေါ်တင်ထားသော ထိုမည်သူမှန်းမသိသောကောင်လေးသည် မျက်နှာကိုစီးနှောင်ထားသဖြင့် ဆိုင်ရက်စ်အခန်းတွင်း ဝင်လာသည်ကို မမြင်ရသလို မကြားလိုက်မိချေ။ ထို့ကြောင့် သူ၏ညီဖြစ်သူသည် မဲ့ပြုံးပြုံးကာ ထိုကောင်လေးခန္ဓာကိုယ်အား ကျူးကျော်ဝင်ရောက်နေခြင်းကို အရှိန်မြှင့်လိုက်သောကြောင့် ထိုကောင်လေးထံမှ အိပ်ယာခင်းအားဆုပ်ကိုင်ထားရင်း အရှက်မဲ့စွာညည်းညူသံတွေ ထွက်ပေါ်လာလေသည်။

ဆိုင်ရက်စ်သည် စက္ကန့်အနည်းငယ်ကြာ စောင့်ဆိုင်းနေသော်လည်း နောက်ဆုံး ဒီအခိုက်အတန့်ကို ဖျက်စီးဖို့ စကားစလိုက်သည်။"မင်းလဲ ဒီလိုလှတဲ့ကောင်လေးတွေကို သဘောကျမှန်း ငါမသိခဲ့ပါလား ချန့်"

မျက်နှာကို အုပ်ကာထားသော ကောင်လေးသည် တတိယမြောက်လူထံမှ အသံကိုကြားလိုက်သည်နှင့် မျက်လုံးအကာကို ချက်ချင်းဖယ်ရှားလိုက်သည်။ ဆိုင်ရက်စ်သူတို့အနီးတွင် ရပ်နေသည်ကိုတွေ့လိုက်လျှင် သူက အံ့သြသွားလေသည်။ 

သူက ဆိုင်ရက်စ်ညီဖြစ်တဲ့ ချန့်ကို တွန်းထုတ်ဖယ်ခွာရန် ကြိုးစားလိုက်သော်လည်း ချန့်က ကောင်လေး၏ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောကြောင့် ရုန်းလို့မရပေ။ချန့်သည် ရပ်တန့်နေမည့်အစား ထိုကောင်လေး၏ အတွင်းပိုင်းဆီသို့ ဆက်လက်ထိုးသွင်းနေသည်။

ထို့နောက် သူ့အကိုအား ပြန်ကြည့်ကာ ခပ်ပေါ့ပေါ့မေးလိုက်သည်။ "ခင်ဗျား မတွေ့..တွေ့ဖူးလား ကျွန်တော်..အလုပ်..များနေတယ်လေ"

"တွေ့တယ်လေ" ဆိုင်ရက်စ်က ဘာမှမဖြစ်သလို ပြန်ဖြေသည်။ ပြတ်သားလှသော သူ့အဖြေကြောင့် ချန့်သည် နောက်ဆုံးလုပ်လက်စကို ရပ်ပစ်လိုက်ရသည်။

"ဖားခရု" သူက ဆွဲထုတ်လိုက်ရင်း ဆိုင်ရက်စ်ကိုလည်း မမေ့မလျော့လှမ်းဆဲလိုက်သေးသည်။

ကောင်လေးသည် အိပ်ယာပေါ်သို့ ပုံကျသွားပြီး သူ့ကိုယ်အား အဝတ်များဖြင့် ဖုံးကာလိုက်သည်။ သို့သော် အရာအားလုံးကို အသေအချာမြင်ပြီးသော ဆိုင်ရက်စ်အဖို့တော့ အသုံးမဝင်တဲ့လုပ်ရပ်လို့ပဲ မြင်မိသည်။

"ထင်ထားတာထက် စောရောက်လာသားပဲ ခင်ဗျားရဲ့ပြင်သစ်ခရီးစဉ်က ဘယ်နှယ့်လဲ ဆိုင်ရက်စ်" ချန့်က သူ့ဆံပင်ကို လက်ညိုးဖြင့် သပ်မတင်ခင် သူ၏ပါတနာကောင်လေးတင်ပါးကို မဲ့ပြုံးကာ လှမ်းရိုက်လိုက်သေးသည်။

ချန့်ဒယ်တန်သည် အာဒမ်ဒယ်တန်၏ တတိယမြောက်သားဖြစ်ပြီး အသက် ၂၈ ရှိပြီဖြစ်သည် ။ ထို့အပြင် သူက လိင်ဆက်ဆံခြင်းကို စွဲလမ်းနေသူလည်းဖြစ်သည်။ ဆိုင်ရက်စ်နှင့် မတူသည်က ချန့်သည် သူ၏မွေးချင်းမောင်နှမများကဲ့သို့ ဒယ်တန်လုပ်ငန်းစုအပေါ် အစွဲအလမ်းမရှိပေ။ သူ့ဘဝမှာ လိုချင်သောအရာဆိုလို့ သူ့ပစ္စည်းကို ထည့်ထားလို့ရမည့် အပေါက်တစ်ပေါက်ရှိလျှင် သူ့ဘဝက ပြည့်စုံလုံလောက်နေပေသည်။

"ခင်ဗျားကြောင့် ကျွန်တော် မပြီးမြောက်လိုက်ရဘူး ဒါကြောင့် နောက်တစ်ခါ ကျွန်တော်ကိုကူညီပေးရလိမ့်မယ်နော်" ချန့်ကသူ့အား ပြုံးတုံ့တုံ့ဖြင့် ပြောလေသည်။

ဆိုင်ရက်စ်က ခပ်နီးနီးသို့ လျှောက်လာပြီး ညီဖြစ်သူကို ငုံ့ကြည့်ကာ " ငါက တိုဘီမဟုတ်ဘူး မင်းအတွက် အရာအားလုံးလိုက်လုပ်ပေးချင်စိတ် မရှိဘူး"

"အိုး ငါ့တို့ညီအငယ်ဆုံးလေးအကြောင်း စကားစမပေးပါနဲ့လား ခင်ဗျားထွက်သွားကတည်းက အဲ့ကောင်လေး ငြိမ်ချက်သားကောင်းနေတာ ခင်ဗျားကို အတော်လွမ်းနေပုံရတယ်" ချန့်က ဆိုင်ရက်စ်ကို စိုက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

ဆိုင်ရက်စ်သည် အဝတ်ဗလာဖြစ်နေသော ညီဖြစ်သူအား ဆက်မကြည့်လိုတော့ဘဲ လည်စည်းကို ပြန်ချိန်ညှိကာ လှည့်ထွက်လာသည်။

"မင်း အဝတ်အစား ပြန်ဝတ်ထားစမ်း" ဆိုင်ရက်စ်က တံခါးပေါက်မှ မထွက်ခွာခင် အမိန့်ပေးလိုက်သည်။

အေးစက်ပြတ်သားသောအသံကြောင့် ချန့်သည် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပီ ဒေါသထွက်စရာမလိုပါဘူး"

သူသည် ကုတင်ပေါ်မှထလာကာ ကြမ်းပြင်ပေါ်ရှိ သူ့အဝတ်အစားများကို ကောက်ယူရန် ပြင်လိုက်တယ် သို့ရာတွင် ဆိုင်ရက်စ်က လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး "မင်းကိုပြောတာမဟုတ်ဘူး"

ပုခုံးတစ်ဖက်စောင်းကာကြည့်ပြီး "သူ"

ရုတ်တရက်တောင်းဆိုမှုကြောင့် ချန့်အံ့အားသင့်သွားသည်။ သူက ဆန့်ကျင့်ဖို့ဟန်ပြင်နေသော်လည်း ကောင်လေးကတော့ ချန့်၏အကိုကြီးအား အတော်ကြောက်ရွံ့နေဟန်ပေါ်သည်။ ချက်ချင်းပင် အိပ်ယာမှထကာ အဝတ်များကောက်ဝတ်နေပြီဖြစ်သည်။

ကောင်လေးမှာ အခန်းထဲမှ ထွက်၍ ဆိုင်ရက်စ်နောက်လိုက်မည့်ဟန်ပြင်နေစဉ် ချန့်က ကောင်လေးရဲ့လက်ကောက်ဝတ်ကို လှမ်းဆွဲကာတားလိုက်သည်။

"အကိုကြီး ခုလေးတင်မှ ရောက်တာလေ မနက်အစောကြီး ဒီလိုကိစ္စတွေနဲ့ ညစ်ညမ်းအောင်လုပ်ဖို့ မလိုပါဘူး" ချန့်သည် သူ့ကို ဖြောင်းဖျရန် ကြိုးစားလိုက်သော်လည်း စည်းမျဉ်းစည်းကမ်းတွေကို သူနားလည်ပါသည်။ သူ့အနေဖြင့် ဆိုင်ရက်စ်ကို ရပ်တန့်ဖို့ကြိုးစားခြင်းက အသုံးမဝင်ဘူးဆိုသည်ကို သူသိသည်။

အခန်းထဲမှမထွက်ခင် ဆိုင်ရက်စ်က "ငါ့နောက်လိုက်ခဲ့" ဟုဆိုသည်။ ကောင်လေးလည်း သူ့နောက်က လိုက်လာခဲ့သည်။

အခန်းအပြင်တွင် စောင့်နေကြသော အစောင့်တို့သည် သူတို့ကိုမြင်သော်လည်း မလိုက်သွားခြင်းကသာ ပိုကောင်းမည်ကို သိထားကြသည်။

ဆိုင်ရက်စ်နှင့် ချန့်ရဲ့ပါတနာတို့သည် ဘာစကားမှမပြောဘဲ လမ်းလျှောက်လာကြသည်။ ဆိုင်ရက်စ်က သူ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားသည်။ သူ့နောက်က ကောင်လေးမှာတော့ စောနကလုပ်ငန်းစဉ်ကြောင့် တင်ပါးနာနေသဖြင့် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်လာလေသည်။ ချန့်ရေ မင်းကျေးဇူးတော်ကြောင့်လေ...

"မင်းနာမည် ဘယ်လိုခေါ်လဲ" နောက်ဆုံးတွင် ဆိုင်ရက်စ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ဂျေမီပါ" ကောင်လေးကပြန်ဖြေလေသည်။ သူ၏အသံမှာ နူးညံ့ညင်သာလွန်းသဖြင့် စင်္ကြံလျှောက်လမ်းသာ တိတ်ဆိတ်မနေလျှင် ဆိုင်ရက်စ်ကြားရမည်မဟုတ်။

"အသက် ?" သူကဆက်မေးသည်။

"၂၀ "

"ငယ်သေးတာပဲ" ဆိုင်ရက်စ်က သူ့ဘာသာပြောသလိုရေရွတ်လိုက်သည်။ ထိုနောက် ဘာမှထပ်မမေးတော့ဘဲ ဆက်လျှောက်သွားသည်။

နောက်ထပ်အနည်းငယ်လောက် လှမ်းပြီးနောက် နှစ်ယောက်သား အခန်းတစ်ခုရှေ့သို့ ရောက်လာကြသည်။ ဆိုင်ရက်စ်သည် ဂျေမီအတွက် တံခါးဖွင့်ပေးလိုက်သောအခါ ဂျေမီအနည်းငယ် အံ့သြသွားပေသည်။ သူက ဆိုင်ရက်စ်ကို လူကြီးလူကောင်းတစ်ယောက်လို ပြုမူမည်ဟု မျှော်လင့်မထားသောကြောင့်ဖြစ်သည်။ ဂျေမီသည် ကျေးဇူးတင်ကြောင်းပြောပြီး အခန်းထဲကို အတူဝင်လာခဲ့သည်။ ထိုအခန်းပိုင်ရှင် ဘယ်သူဆိုသည်ကို ဆိုင်ရက်စ်မပြောပြတောင်မှ တစ်ချက်ကြည့်ရုံမျှဖြင့် ဆိုင်ရက်စ်အခန်းဆိုတာ အတပ်ပြောနိုင်ပေသည်။

ဂျေမီသည် ဆိုင်ရက်စ်က စားပွဲခုံငယ်လေးဆီသို့ လျှောက်သွားသည်ကိုကြည့်ရင်း အနောက်ကတံခါးကို ပိတ်လိုက်သည်။ စားပွဲပေါ်တွင် ဝိုင်တစ်ပုလင်းနှင့် ခွက်တစ်လုံးရှိနေသည်။ သူက ဖန်ခွက်ထဲသို့ ဝိုင်ကိုလောင်းထည့်ပြီး ဂျေမီအားပြလိုက်သည်။

ဆိုင်ရက်စ်က "အချိန်ကစောနေသေးပေမယ့် တစ်ငုံလောက်သောက်လိုက်ပါ"

ဂျေမီသည် ချီတုံချတုံဖြစ်နေသော်လည်း ဆိုင်ရက်စ်လက်ထဲမှ ဖန်ခွက်ကို လှမ်းယူလိုက်ပြီး ဝိုင်တစ်ငုံသောက်လိုက်သည်။

"အဲဒီဝိုင်က ချန့် မင်းကိုပေးထားတဲ့ အဖိုးအခထက် ပိုစျေးကြီးတယ်" ဆိုင်ရက်စ်က ရုတ်တရက်ရှင်းပြလာတော့ ဂျေမီဟာ သောက်လက်စကို ရပ်လိုက်မိသည်။ သူ့ကို ချန့်ပေးထားသော ငွေပမာဏမှာ နည်းနည်းနောနောမဟုတ်ပေ။ ဆိုတော့ ဒီဝိုင်က ဒေါ်လာထောင်ချီတန်နေသည်ပေါ့။

ဂျေမီ သောက်နေတာရပ်တန့်သွားသည်ကို သတိပြုမိလိုက်တော့ ဆိုင်ရက်စ်က လက်ပြကာ ဟန့်တားလိုက်သည်။ "ဒါပေမယ့် စျေးနှုန်းကိစ္စပြောရတာ နည်းနည်းရိုင်းရာကျတယ်မလား ဆိုတော့ ချန့်က မင်းကို ဒေါ်လာငါးဆယ်ပေးတယ်ပဲ ဆိုကြပါစို့ ဒီတော့ ဒေါ်လာခြောက်ဆယ်ရှိတဲ့ ဝိုင်ရဲ့အရသာကို မင်းခံစားလိုက်ပါဦး"

ဂျေမီသည် ဝိုင်ကို နောက်ဆုံးတစ်စက်ထိ သောက်လိုက်ရကြောင်း သေချာစေရန် လက်နှစ်ဖက်လုံးဖြင့်ကိုင်၍ မော့ချလိုက်သည်။

ဆိုင်ရက်စ်သည် ဂျေမီကို ရွှင်မြူးစွာကြည့်ကာ " မင်း ဒီမှာရောက်နေတာ ဘယ်လောက်ကြာပီလဲ" ဟုမေးလိုက်သည်။ဂျေမီသည် ထိုမေးခွန်းကို ဖြေသင့်သလားဆိုသည်ကို မသေချာသော်လည်း သူ့ရှေကလူ၏ ထက်မြက်မှုနှင့်ဆိုလျှင် သူညာပြော၍လည်း ဘာအကြောင်းမှမထူးနိုင်သည်ကို သိသောကြောင့် " နှစ်ရက်ရှိပါပီ ဆရာ"

"နှစ်ရက်လား" ဆိုင်ရက်စ်သည် ဗီရိုတစ်ခုဆီသို့ လျှောက်သွားရင်း ထပ်မေးလိုက်သည်။ "ဒီအိမ်မှာနေရတာ သဘောကျလား"

"ဒါက ရဲတိုက်တစ်ခုလိုပါပဲ" ဂျေမီက ရိုးရိုးသားသားပြန်ဖြေသည်။

"ကောင်းပြီ မင်းပျော်တယ်ဆို ငါဝမ်းသာပါတယ် ချန့်က မင်းကို ကောင်းကောင်းဧည့်မခံထားမှာ ငါကစိုးရိမ်နေတာ"

ဂျေမီက တစ်ခုခုပြန်ပြောရန်ပြင်နေစဉ် ဆိုင်ရက်စ်က အခန်းအလယ်မှာရှိသော ပြတင်းပေါက်ကြီးရှိရာသို့ ညွှန်ပြလိုက်ရင်း တစ်ခြားအကြောင်းအရာဆီ ပြောင်းပြောလိုက်တယ် 

"အဲဒီပြတင်းပေါက်ကနေကြည့်ရင် ပင်မတံခါးရဲ့ ပြီးပြည့်စုံတဲ့မြင်ကွင်းကို မင်းတွေ့ရလိမ့်မယ်"

ဂျေမီသည် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ ဆိုင်ရက်စ်ပြောနေသော တံခါးမကြီးကို တွေ့လိုက်ရသည်။

"ငါက အဲဒီပြတင်းပေါက်ရှေ့မှာရပ်ပြီး ငါ့အဖေအလုပ်က ပြန်လာတာကို နာရီနဲ့ချီပြီး စောင့်ခဲ့ရတယ် တစ်ခြားမောင်နှမတွေက ပန်းခြံထဲမှာ ဆော့ကစားနေကြပေမယ့် ငါကတော့ ဒီမှာပဲနေခဲ့တယ် ဒီနေရာက ငါ့အတွက် နေရတာ ပိုလုံခြုံတယ်လေ" ဆိုင်ရက်စ်က ပြောပြနေပေမယ့် ဂျေမီကတော့ ဆိုင်ရက်စ်သဘောကျသလို မေးခွန်းတွေပြန်မမေးခဲ့ပါ။ သူက တိတ်ဆိတ်နေခြင်းကို ပိုသဘောကျလေသည်။

ဂျေမီသည် တံခါးနှင့် ပန်းခြံ၏မြင်ကွင်းကို အားကျစွာငေးကြည့်နေစဉ် ဆိုင်ရက်စ်သည် အံဆွဲတစ်ခုကို ဆွဲဖွင့်ကာ ဆင်စွယ်ရောင်သေနတ်တစ်လက်ကို ထုတ်ယူလိုက်သည်။

"မင်း အကြာကြီးနေချင်သေးလား" သူက သေနတ်ကိုအဝတ်ဖြူသန့်သန့်ဖြင့်သုတ်ရင်း ဂျေမီကို မေးလိုက်သည်။

ပန်းခြံထဲတွင် အိမ်အကူတွေက ပန်းတွေကောက်နေတာကိုကြည့်ရင်း ဂျေမီပြုံးလိုက်မိသည်။ သူက ဝိုင်ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ တန်ဖိုးကြီးသော အရက်၏အရသာသည် သူ့လျှာပေါ်တွင် စွဲကျန်နေသည်။ သူ ဒီလူတွေကို အားကျမနာလိုဖြစ်မိပါသည်။ သူတို့ ဒီလိုဘဝမျိုး နေ့တိုင်း ဘယ်လိုများရှင်သန်နေကြသလဲ။

"ကျွန်တော် တစ်သက်လုံးနေချင်ပါတယ် ဖြစ်နိုင်ရင်ပေါ့" ဂျေမီက သူကြုံတွေ့ခံစားနေရသည်များကို စွဲလမ်းစွာဖြင့် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ" ဆိုင်ရက်စ်က ပြန်ပြောလိုက်သည်။ သူသည် ကောင်လေးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ဂျေမီ၏နောက်စေ့ကို သေနတ်ဖြင့် ချိန်လိုက်သည်။

"ဒါဆိုရင် ဒီအိမ်ရဲ့ အကြီးဆုံးသားတစ်ယောက်အနေနဲ့ ငါတို့ရဲ့ နှိမ့်ကျတဲ့ဒီနေရာကနေ မင်းကိုကြိုဆိုပါတယ်"ပြောပြီးသည်နှင့် ဆိုင်ရက်စ်သည် သူအိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးအဖွင့်အနေဖြင့် နတ်ဆိုးကဲ့သို့ပြုံးကာ ခလုတ်ကိုဆွဲညှစ်လိုက်တယ်။


အခန်း (၁) ပြီးပါပြီ

Continua a leggere

Ti piacerà anche

408K 41.4K 46
အ​မှောင်​ထုသာ စိုးမိုးထားတဲ့ အခြားတစ်​ဖက်​မှာ .. ​ကျွန်​​တော်​က အလင်း​ရောင်​​ဖြာလင်း​ပေးရမယ့်​ လမင်း.. ကျိန်​စာလား လက်​​ဆောင်​လား ?? ကျွန်​​တော်​...
සක් Da Ranuk Bandara

Mistero / Thriller

17K 3.1K 11
මංමුලාවේ තිමිරයෙන් වැසී යටපත් වූ සත්‍ය සොයා සටන් කරනා තාරුණ්‍යයේ කතාව... අහිමිවීම් හිමිවීම් සමසේ දරා බැඳීම් මතින් ජීවිතයේ අරුත් සොයන ඔවුන්....යුක්තිය...
716K 122K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
131K 10.5K 33
ကျိန်စာဆိုးများနှင့်ပြည့်နှက်နေသော ကြောက်မက်ဖွယ်ဝိညာဉ်ဆိုးများဖြင့် ဆာလောင်မွတ်သိပ်နေသော "မြနန်းစံတော်" အတိတ်ဘဝရန်ငြိုးတွေနှင့်.. အမုန်းတရားတွေပြည့်...