တည်

By Nee-Ra-429

5.3M 351K 83.3K

Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပ... More

Notice!
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂ (Final Episode)
Our memorable days

အခန်း - ၆

82.2K 6.7K 1.6K
By Nee-Ra-429

Unicode//

အတိတ်သို့တူးဆွခြင်း ၃

"အ!!"

"အ!"

ပြိုင်တူထွက်လာသော အာမေဋိတ်သံနှစ်ခု။

"ဟို....မင်းရရဲ့လား"

သူ့ရှေ့ကိုရောက်လာသော လက်ဖြူဖြူလေးတစ်ဖက်။ ဘေဘေး လဲကျနေရာမှတစ်ဖက်သို့လှည့်ကာပြုံးလိုက်သည်။

Bingo!

ထို့နောက် ထိုလက်ဖြူဖြူလေးကိုဆွဲကာ ထရပ်လိုက်ပြီး...

"ရပါတယ်...ငါ့အမှားလည်းပါတာပဲ"

ပြောလိုက်ပြီးနောက် သူ့အားစိုးရိမ်သလိုမျက်လုံးအဝိုင်းသားကြည့်နေသော ဖြူဖြူလုံးလုံးကောင်လေးအား ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ သူပြုံးပြတော့မှ ထိုကောင်လေးက ပြန်ပြုံးပြလာ၏။

"အန်တီ...MILOတစ်ဘူး"

"MILOတစ်ဘူး"

သံပြိုင်ပြောလိုက်ကြပြီးမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောလိုက်မိကြသည်။ ထို့နောက် MILOတစ်ယောက်တစ်ဘူးစီကိုင်ကာ အတူပြန်ထွက်လာခဲ့ကြ၏။

"မင်းလည်း MILOကြိုက်တာလား"

"အင်း ငါငယ်ငယ်ကတည်းကကြိုက်တာ...ငါ့အဖေတွေဆို ဘယ်သွားသွား ငါ့အတွက်MILOတော့အမြဲပါလာတယ်"

"အဖေတွေ?"

အံ့ဩသလိုရေရွတ်သံလေးကြောင့်သူရယ်လိုက်မိသည်။ ၅ပေ ၁၀လက်မရှိပြီဖြစ်သော သူ့ဘေးတွင် ထိုဖြူလုံးလေးက သူ့မေးစေ့အောက်လောက်သာရှိ၏။

"အင်း ငါ့မှာ မိဘအရင်းတွေလည်းရှိတယ်... ခေါင်းကိုင်အဖေတွေလည်းအများကြီးပဲ...နောက်တော့ သတင်းတွေကြားရမှာပါ..."

"ဪ"

ထူးဆန်းသလိုရေရွတ်ပြီး သူ့ဘာသာ Miloကိုပြန်စုပ်နေသည်။ ဘေဘေးလည်း ဘာမှဆက်မပြောဖြစ်။ ဒီနေ့ကဒီလောက်နှင့်လုံလောက်ပြီဖြစ်၏။ မုန့်ဆိုင်မှာတိုက်မိခြင်းကလည်း သူ့အကြံအစည်ပင်။

"ဟို ငါတို့သူငယ်ချင်းလုပ်ကြမလား"

Yes!!!!!!!!

ဘေဘေးတစ်ယောက် စိတ်ထဲမှကြိတ်ပြီး လက်သီးလက်မောင်းတန်းမိသွားသည်။ အခြေအနေက သူမျှော်လင့်ထားသည်ထက်ပိုကောင်းလွန်းနေသည်။ မျက်နှာတွင် အလှဆုံးအပြုံးတစ်ပွင့်ဆင်မြန်းလိုက်ပြီးမှ…

"Ok...ငါ့နာမည်က ဘေးနိုရာ...နိုရာလို့ခေါ်လို့ရတယ်"

ပြောကာ Shakeလုပ်နှုတ်ဆက်ရန် လက်ကမ်းပေးလိုက်တော့...

"ငါက စိုင်းခေးဆက်ကြာ...ခေးဆက်လို့ခေါ်လို့ရတယ်..."

သွက်သွက်လက်လက်ပြန်နှုတ်ဆက်ကာ သူကမ်းပေးထားသောလက်ကို ဆွဲပြီး Shakeလုပ်သည်။ ထို့နောက် ၂ဦးသားရယ်လိုက်မိကြပြီး....

"ဟားဟား တကယ်ပဲ ပေါတောတောနဲ့"

"ခွီး...တကယ်ကြီးပေါတာပါကွာ...ဒီလိုနှုတ်ဆက်ရတာကြီးက တော်တော်ရယ်ရတာပဲ ဟားဟား..."

နှစ်ယောက်သား ဟိုဟိုဒီဒီပြောလိုက်၊MILOသောက်လိုက်နှင့် အတန်းနားသို့ရောက်ခါနီး...

"ခေးဆက် ငါမေးမလို့"

"အင်း မေး"

"မင်းဘေးနားကတစ်ယောက်နဲ့မင်းက ခင်တာလား မခင်တာလား"

"ငါ့ဘေးနားက? ဪ...မင်းနွယ်လား?"

"အင်း"

ခေးဆက်က မင်းနွယ်လားလို့မေးလာတော့ ရုတ်တရက်ကြောင်သွားသည်။ ထိုသို့ခေါ်ဝေါ်သည်ကိုမကြားဖူးခဲ့သည်မို့ ကြောင်သွားပေမဲ့ ရုပ်မပျက်အောင် ချက်ချင်း 'အင်း'လိုက်ခြင်းဖြစ်၏။

"မင်းနွယ်နဲ့က တောင်ကြီးမှာကတည်းက အတူတူတက်ခဲ့တာ...သူကစကားသိပ်ပြောတာမဟုတ်တော့ ခင်တယ်၊မခင်ဘူးဆိုတာမျိုးတော့မရှိဘူး...ကျောင်းတက်၊ကျောင်းဆင်းဆို အတူတူပြန်တော့ သူစောင့်ပေးတယ်...စကားက လိုမှပြောတာ....ငါသူ့ဆီက ကြားဖူးတဲ့စကားက အခွန်း၅၀တောင်မပြည့်လောက်ဘူး"

"ဟမ်? တောင်ကြီးမှာကတည်းကအတူတူဆို ငယ်ငယ်ကတည်းက အတူတူတက်ခဲ့တာမဟုတ်ဘူးလား"

"အင်း မင်းနွယ်က ဒုတိယတန်းမှကျောင်းစတက်တာ....အတူတူတက်ခဲ့ပေမဲ့ ဘယ်သူနဲ့မှစကားပြောတာမဟုတ်ဘူး..."

"လိုရင်တော့ပြောတယ်ဆို?"

"သူ့ဘက်ကတော့တစ်ခါမှလိုတယ်မရှိဘူး...ငါ့ဘက်ကပဲလိုဖူးတာ...သူပြန်ပြောတာက 'အင်း'နဲ့ 'ဟင့်အင်း'ပဲ... ဟိုနေ့က မိတ်ဆက်တဲ့တစ်ချိန်ကပဲ စကားအများဆုံးပြောတာ"

"ဪ"

ဘေဘေး 'ဪ'တစ်လုံးသာတတ်နိုင်တော့သည်။

အေးပေါ့ အသဲလေးက စကားသိပ်မပြောလို့ ကိုယ်က နှစ်ဆပြောပေးနေတာလို့ပဲ သဘောထားလိုက်ပါမယ်.... ပါရမီဖြည့်ဖက်တွေဆိုတော့အဲ့လိုပဲ....

"ဒါနဲ့ ဆရာမတွေနဲ့ရော စကားမပြောဘူးလား...."

"မေးရင်ပြောတယ်လေ...'အင်း' 'ဟင့်အင်း'ပဲပြောတာ"

"စာမေးတာတို့ဘာတို့မရှိဘူးလား...အဲ့အချိန်ဆိုရင်ရော?"

"အဲ့လိုမရှိဘူး...သူကစာအရမ်းတော်တယ်...သူ့အိမ်က သူ့အကြောင်းနဲ့ပတ်သက်ပြီး ဆရာတွေကိုပြောပြပြီးသား... ဒီကဆရာတွေကိုလည်းပြောပြထားလောက်တယ်...ဆရာတွေကလည်း သူ့အကြောင်းသိတော့ မမေးကြဘူး"

"ဪ"

"အင်း ဘာလို့လဲ...ဪ ငါတစ်ခုသတိရပြီ...မင်း မင်းနွယ်ကိုတစ်ခုခုမကျေနပ်လို့လား"

"အာ ပေါက်ကရ...သူကဘာလုပ်လို့ငါကမကျေနပ်ရမှာလဲ"

"မသိဘူးလေ...ငါတို့စစရောက်တဲ့နေ့က မင်း မင်းနွယ်ကိုကြည့်နေတာကြီးက..."

"တော်တော့ တော်တော့...အဲ့နေ့ကအကြောင်းထပ်မပြောနဲ့...ငါကြက်သီးထလွန်းလို့"

"မင်းကပဲတစ်ပြန်ကြီး...မင်းအဲ့နေ့ကကြည့်တာ မင်းနွယ်တော့မသိဘူး...ငါတောင်လန့်...အွတ်"

"တော်ပါတော့ဟ"

ဘေဘေး မကြားနိုင်တော့၍ ခေးဆက်ပါးစပ်ကိုလက်နှင့်လှမ်းပိတ်လိုက်မိသည်အထိ။ သူထိုနေ့ကအကြောင်း ထပ်ပင်မတွေးရဲပါ။ အရပ်ကွာဟမှုကြောင့်စိတ်ဓာတ်တွေကျပြီး ငြိမ်နေခဲ့သည်မှာ ဒီနေ့အထိပင်။ နေ့တိုင်း ဘားဆွဲ၊ရေကူး၊အရပ်တိုင်းနှင့် သိသိသာသာ ရှည်မလာသေးသည်မို့ Depressionပင်ဝင်လုနီးပါး။ အရပ်နှင့်ပတ်သတ်လျှင် အမြဲလက်မထောင်နိုင်ခဲ့သမျှ အခုတော့ အရပ်ထပ်ရှည်ဖို့အရေး တို့အရေးဖြစ်နေတော့သည်။

"Wowww!!!!!!!"

အော်သံအကျယ်ကြီးထွက်လာခြင်းကြောင့် လက်ရှိအနေအထားကိုသတိပြုမိကာ ခေးဆက်ကို အမြန်လွှတ်ပေးလိုက်ရ၏။ ခေးဆက်ပါးစပ်ကိုလှမ်းပိတ်လိုက်စဉ် ခေးဆက်က ယိုင်ကျသွား၍ ခါးမှဖမ်းထိန်းလိုက်ရသည်မို့ ထိုအော်သံက အချိန်ကိုက်ထွက်လာခြင်းပင်။

အတန်းရှေ့တွင်ဖြစ်သွားခြင်းကြောင့် ပိုဆိုးသွား၏။ ခေးဆက်၏မျက်နှာကလည်းနီရဲနေကာ သူသည်လည်း ထိုအတိုင်းပင်ဖြစ်နေလောက်သည်။ သို့သော် ဤသည်အားဂရုမစိုက်နိုင်။ တစ်ယောက်သောသူအား စိုးရိမ်တကြီးလှမ်းကြည့်လိုက်မိသည်။ သူတို့ဘက်ကိုကြည့်မနေသည်မို့ သက်ပြင်းချလိုက်မိ၏။

တော်သေးတာပေါ့...

"ဟင်း....."

"ဟင်း......"

သက်ပြင်းချသံနှစ်ခုပြိုင်တူထွက်လာသည်။ အချင်းချင်းသတိထားလိုက်မိကြပေမဲ့ ထုတ်မမေးဖြစ်ကြ။ သူတို့မသိလိုက်ကြသည်ကတော့ သူတို့၏ အတွေးနှစ်ခု ထပ်တူကျသွားခြင်းပင်။ နောက်တစ်ချက် မသိလိုက်သည်က ထိုထပ်တူကျသောအတွေးတို့သည် မမှန်။

နှစ်ယောက်သား အတန်းထဲသို့ ဝင်လာခဲ့ကြပြီး ကိုယ့်နေရာကိုယ်ဝင်ထိုင်ခဲ့ကြသည်။ ဘေးချင်းကပ်သူငယ်ချင်းများမေးလာသည်ကို ဖြေရှင်းလိုက်ကြပြီးနောက် ဆရာမဝင်လာတော့၏။

ညနေရောက်တော့ အတန်းဆင်းသည်နှင့် အမြန်ထရပ်လိုက်သည်။ ကံ့ကော်သင်းနံ့လေးကိုအနီးကပ်ရချင်သည်မို့ ချက်ချင်းတိုးထွက်လိုက်မိတော့...

"အ! လဒရေ...မင်းအမေလင်နောက်လိုက်လို့လား..."

ရှေ့မှထူးမြတ်၏ ခြေထောက်ကိုတက်နင်းမိသည်မို့ ထူးမြတ်ကထဆဲတော့သည်။

"Sorry sorry...ငါတကယ်အရေးကြီးနေလို့"

"ဆပ်ပြာသည် လင်ပျောက်နေသလိုပဲ...ကြွ ကြွ"

ထူးမြတ်က ပွစိပွစိပြောရင်း သူ့ကိုဆောင့်တွန်းလွှတ်လိုက်ခြင်း။

ဝုန်း!!!!!

"အား!!!!"

ဘေဘေးတစ်ယောက် ခြေချင်းလိမ်ပြီးလဲကျတော့သည်။ ခုံတစ်ခုံပေါ်ကျပြီအထင်နှင့် ဦးစွာအော်လိုက်မိသော်ငြား…

"ဖယ်စမ်း!"

အနီးကပ် ကြားလိုက်ရသောအသံတစ်ခု။ ဤတစ်ကြိမ်က တတိယအကြိမ်မြောက်ကြားဖူးခြင်းပင်။ ထိုအခါမှသတိထားလိုက်မိတော့ ညာဘက်လက်နှင့်ဆုပ်ကိုင်ထားမိသည်က ရှပ်အင်္ကျီအဖြူစ။
သူခန္ဓာကိုယ်တစ်ပိုင်းသည် ထိုင်နေသောလူ၏ ပေါင်ပေါ်တွင်မှောက်လျက်သား။ ကံ့ကော်သင်းနံ့ကလည်း နီးကပ်လွန်းစွာ။

ဆုတောင်းကတော့အမြဲပြည့်ပါ၏။ သောက်တလွဲပဲဆန်တာ။

တစ်ယောက်ထိုင်ခုံတွေများစွာထဲကမှ တစ်ယောက်သောသူအပေါ်တည့်တည်ကျသည့် သူ့ကံကြမ္မာကလည်း သောက်ကျိုးနည်းအောင်ကို ကောင်းနေတာပဲ။

ကျားရှေ့မှောက်လျက်လဲတာမဟုတ်ဘဲ Crushပေါင်ပေါ် မှောက်လျက်လဲနေရသည့်အဖြစ်။

"မင်း! ဖယ်စမ်း!!!"

အံကြိတ်ပြောသံနှင့်အတူ ပုခုံးမှတင်းကြပ်စွာဆုပ်ကိုင်ခံလိုက်ရပြီး တွန်းဖယ်ခံလိုက်ရ၏။ ကံကောင်းချင်တော့ ထူးမြတ်ကအပြေးအလွှားရောက်လာပြီး နောက်မှနေ၍ သူ့ကိုထိန်းကာထူပေးလာသည်။ အတန်းထဲကသူတွေအားလုံးကတော့အကြောင်သား။

"ရလား နိုရာ...ငါတမင်လုပ်လိုက်တာမဟုတ်ပါဘူး.... ဟို စဝ်မင်းနွယ်ဧကရာဇ်ကိုလည်း ငါတောင်းပန်ပါတယ်...နိုရာ့ကိုငါစပြီးတွန်းလိုက်တာ..."

ထူးမြတ်က နှစ်ယောက်စလုံးကို အားနာကာတောင်းပန်နေသည်မို့....

"မလိုဘူး ဟေ့ရောင်...ငါဘာမှမဖြစ်ဘူး...ငါ့ဘာသာ ခြေချင်းလိမ်လဲတာ...ဒါနဲ့ ဒီက စဝ်မင်း...အာ နာမည်ကအရှည်ကြီးပဲ...မင်းနွယ်ဧကရာဇ်ဆိုတော့ အဓိပ္ပါယ်က ဘုရင်သဘောပဲမလား...Kingလို့ပဲခေါ်မယ်....ဒီမှာ King...ငါလည်း မင်းအပေါ်လဲမကျချင်ဘူး...တမင်လည်းလုပ်တာမဟုတ်ဘူး...မင်းကိုထိခိုက်စေမိလို့တော့ တောင်းပန်တယ်...မကျေနပ်လည်းမတတ်နိုင်ဘူး"

"ဟေ့ရောင်!"

ဘေးက ထူးမြတ်ကလက်လာကုတ်သည်။ ခေးဆက်ကလည်း မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်ကြည့်ကာ ဆက်မပြောဖို့ခေါင်းခါပြနေသည်။ သူလည်း ပုခုံးမှနာကျင်မှုကြောင့် စိတ်တိုတိုနှင့်ပြောမိခြင်းသာ။

ပုခုံးမှဆုပ်ကိုင်ကာ တွန်းဖယ်ခံလိုက်ရသည့်အားက မနည်း။ လေ့ကျင့်ခန်းတွေလုပ်ထားသောကြောင့် တစ်ကိုယ်လုံးနာနေသည့်အချိန်မို့ ပို၍နာသည်။ အသားနာလျှင်တော့ Crushတွေဘာတွေလည်း မမြင်နိုင်ပါ။

ချစ်တာကချစ်တာပဲ...မသိဘူး...

သူ့ကိုစိုက်ကြည့်နေသောမျက်ဝန်းများကို တန်ပြန်စိုက်ကြည့်လိုက်သည်။ မကျေနပ်လို့ထိုးလျှင်လည်းခံလိုက်ရုံသာ။

"ဖယ်!"

"ဟမ်? ဪ အင်း..."

ရုတ်တရက်ကြီးမို့ ကြောင်သွားပေမဲ့ ချက်ချင်းဆုတ်ပေးလိုက်ရသည်။ မဆုတ်လို့လည်းမရ။ ဟိုကချက်ချင်းထရပ်တော့ အရပ်က သူတို့အားလုံးကိုလွှမ်းသွား၏။ ထို့နောက် ထွက်သွားသောသူနောက် ခေးဆက်လည်းအပြေးအလွှားပါသွားတော့သည်။

________________________________________________________________________

"အ! ကျွတ်ကျွတ်...နာလိုက်တာ"

နာကျင်နေသော ပုခုံးကို မှန်ထဲမှာကြည့်လိုက်တော့ ပုခုံးထက် နီပုပ်ပုပ်ဖြစ်နေသည်ကအထင်းသား။

"Fuck! အားကကြီးလိုက်တာ...ဒါတောင်သူ့ကိုဘာမှမလုပ်ရသေးဘူး...လုပ်များလုပ်မိရင်ပိုဆိုးမယ်..."

ဒဏ်ကြေဆေးကို ပုခုံးထက်လိမ်းလိုက်ရင်း မကျေနပ်စွာရေရွတ်မိ၏။ အနီးကပ်ရလာသော ကံ့ကော်သင်းနံ့ကြောင့် မျက်နှာထက်အပြုံးတစ်ခုဖြစ်တည်သွားသည်။

နက်ဖြန်ကစပြီး နီးစပ်ဖို့ကြိုးစားရမယ်....

ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီးသည့်နောက် ဗီရိုထဲတွင်ဝှက်ထားသော စီးကရက်ဘူးကို ထုတ်ယူလိုက်သည်။ ထို့နောက် ဆေးလိပ်တစ်လိပ်ကိုထုတ်လိုက်ပြီး မီးညှိကာ တစ်ချက်ဖွာလိုက်၏။

အငွေ့တွေကြား ဖြစ်ပျက်ခဲ့သမျှပုံရိပ်များကိုပုံဖော်နေမိသည်။

King....ကိုယ့်ရဲ့King....ကိုယ့်နှလုံးသားရဲ့အရှင်သခင်လေး....ကိုယ့်ရဲ့ရင်ခွင်ထဲကိုလာပါတော့....

________________________________________________________________________

အတန်းထဲတွင် အခန်းစောင့်တစ်ဦးထပ်တိုးလာသည်။ ယခင်က အတန်းထဲ၌ပင်တိုင်ရှိတတ်သူမှာ တစ်မူထူးမြတ်တစ်ဦးတည်းသာဖြစ်ပြီး ယခုကတော့ စဝ်မင်းနွယ်ဧကရာဇ်တစ်ယောက်ထပ်တိုးလာသည်။ သူက ထူးမြတ်ထက်ပင်ဆိုးသေး၏။

ထူးမြတ်ကမှ သန့်စင်ခန်းဘာညာ ထသွားတတ်သော်လည်း သူကတော့ နေရာမှတစ်ချက်မထတတ်။ ထမင်းစားချိန်တွင်တော့ ကျောင်းသားတိုင်း ကျောင်းကန်တင်းသို့သွားရသည်မို့ ထိုအချိန်တစ်ခုသာ နေရာမှထသည်။ ဘယ်သူနှင့်မှလည်းစကားမပြော။

ကျောင်းသားတိုင်းလိုလို လူငယ်ဆန်ဆန်ဝတ်စားကြပေမဲ့ သူကတော့ ရှပ်အဖြူလည်ကတုံး၊ယောပုဆိုးနှင့်ကတ္တီပါဖိနပ်ကိုသာ အမြဲဝတ်ဆင်သည်။

တစ်ခြားလူသာဆိုလျှင်စနောက်ခံရမည်ဖြစ်သော်လည်း ဤသူကတော့ စဝ်မင်းနွယ်ဧကရာဇ်ပေမို့...။

သူ့ကိုမြင်ကြသူတိုင်း မြင့်မြတ်သည့်အရှိန်အဝါကိုခံစားကြရသည်။ အရယ်အပြုံးမရှိ တည်ငြိမ်သောမျက်နှာထား၊ ချောမောပြေပြစ်သည့်ရုပ်ရည်ကြောင့် တစ်ခြားကျောင်းမှလူများပင်သိကြသည်အထိ။

ယောက်ျားလေးသီးသန့်ကျောင်းဖြစ်သော်လည်း Top 2အမြဲချိတ်သောကျောင်းဖြစ်သည်မို့ လူစိတ်ဝင်စားမှုခံရသော ကျောင်းတစ်ကျောင်းပင်ဖြစ်သည်။ သည်ကျောင်းမှ ကျောင်းသားများသည် High bossများဖြစ်ကြသည့်အပြင် သူ့ပုံစံနှင့်သူ ဆိုးကြရုံသာမက ထူးလည်းထူးချွန်ကြသည်မို့ စိတ်ဝင်စားစရာအကောင်းဆုံးကျောင်းဟု သတ်မှတ်ထားကြ၏။ ဝင်ခွင့်ဖြေရသည်မှာလည်း ဘက်စုံဖြေရခြင်းဖြစ်သည်။

ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိ၊မရှိပါ စစ်ဆေးခံရသည်။ အရာအားလုံးကိုလွှတ်ထားပေးသည့် လွတ်လပ်ခွင့်နှင့်ထိုက်တန်သူများသာဝင်ခွင့်အောင်ကြခြင်းဖြစ်၏။

လာတက်ကြသောကျောင်းသားများသည် ၉တန်းနှစ်ကတည်းက ၁၀တန်းနှင့်ပတ်သတ်ပြီး လေ့လာထားကြသူများပင်။ သူတို့ကိုမည်သည့်အရာမှသီးသန့်သင်စရာမလို။ မေးခွန်းများထုတ်ပြီး အပတ်စဉ်စစ်ဆေးရုံနှင့်ပင် လုံလောက်ပြီဖြစ်၏။

ဤကျောင်း၏ အားသာချက်သည် Professionတွေကို လေ့လာခွင့်ပေးထားပြီး ကိုယ်သွားချင်သည့်လမ်းကြောင်းနှင့်ဆိုင်သည့်အရာများအကြောင်းကိုရှင်းပြပေးသည့် ဆရာများရှိသည်။ ကိုယ့်ကျွမ်းကျင်ရာကို မသိလျှင်လည်း စစ်ဆေးပေးသည်။ စစ်ဆေးပြီးသည့်နောက် ဝါသနာနှင့်ထူးချွန်သည့်အရာ တစ်ထပ်တည်းမကျလျှင် မည်သို့လုပ်နိုင်ကြောင်းလမ်းပြပေး၏။

လူတစ်ယောက်တွင် ဝါသနာတစ်ခုတော့အနည်းဆုံးရှိသည်။ မွေးရာပါထူးချွန်သည့်အရာများလည်း ရှိ၏။ ဝါသနာနှင့် မွေးရာပါထူးချွန်မှု ထပ်တူကျလျှင်တော့ ထိုလူသည်ကံအကောင်းဆုံးလူသားဖြစ်သည်။ ဥပမာ - အဆိုပညာကိုဝါသနာပါသည်ဆိုပါစို့။ သို့ပေမဲ့ ကိုယ့်အသံက တေးသံရှင်အဆင့်လောက်သာရှိသည်ဆိုလျှင် ထူးချွန်ရာနောက်ကိုအရင်လိုက်သင့်သည်။ ကြိုးစားလျှင်ဖြစ်နိုင်သော်လည်း လူ့သက်တမ်းသည် တိုတိုလေးဖြစ်၏။

ထူးချွန်ရာကိုအရင်လုပ်လျှင်တော့ လူ့သက်တမ်းသည်ရှည်ကောင်းရှည်နိုင်သည်။ ထူးချွန်ပြီးသားအရာကို ပိုထူးချွန်အောင်လုပ်ရသည်မှာ ပို၍မြန်၏။ ထိုနယ်ပယ်တွင် အောင်မြင်အောင်လုပ်ပြီးမှ ဝါသနာကို စိတ်ကြိုက်လုပ်နိုင်သူများသည် ဘဝ၏ စိန်ခေါ်မှုများကို အောင်နိုင်ကြသူများဖြစ်ကြသည်။ ဤကျောင်းသည် ထိုကဲ့သို့သော Mindsetများကိုထည့်ပေးပြီး ကလေးတွေကိုလမ်းညွှန်နိုင်သောကျောင်းဖြစ်၏။

စဝ်မင်းနွယ်ဧကရာဇ် ကန်တင်းသို့ရောက်လာတိုင်း ငေးမောသူအများအပြားရှိသည်။ သူ့အရှိန်အဝါနှင့်သူရှိကြပြီးဖြစ်သော သူဌေးသားများကြားတွင် ဂုဏ်ထူးဆောင်ကျောင်းသားတစ်ယောက်ကဲ့သို့ အမြဲလင်းလက်နေသူ။ ဘယ်သူ့ကိုမှမကြည့်သလို ဂရုမစိုက်ဘဲ သူထိုင်နေကျနေရာတွင်ထိုင်ကာ ငြိမ်ငြိမ်သက်သက်ထမင်းစားတတ်သည်။

ဒီရက်ပိုင်းအတွင်း စကားတစ်ခွန်းနာမည်ကြီးနေ၏။

'ယောက်ျားလေးများအားလုံးသည် စဝ်မင်းနွယ်ဧကရာဇ်အတွက် ကွေးလိုစိတ်အပြည့်ရှိကြသည်'တဲ့။

မည်သူက စပြောလိုက်မှန်းမသိသော်ငြား ထိုစကားသည် နာမည်အတော်ကြီးသွားခဲ့သည်။ အတန်းငယ်မှကျောင်းသားများပင် လာကြည့်ကြသည်အထိ။ ကာယကံရှင်ကတော့ မည်သည့်အရာကိုမှဂရုမစိုက်။

အရာအားလုံးကို ဂရုစိုက်နေသူကတော့ ခေါင်မိုးထပ်တွင် စိတ်ပျက်လက်ပျက်နှင့် ဆေးလိပ်ထိုင်သောက်နေသည်။

"တောက်!"

ဆေးလိပ်ကိုဖိချေပစ်လိုက်ပြီးသည့်နောက် ကျယ်လောင်သောတောက်ခေါက်သံ။ ကြားလိုက်ရသော သတင်းများက နားနှင့်မဆံ့။

ဘာတဲ့...မျက်တောင်ရှည်လေးတွေကိုဖိကပ်နမ်းပစ်ချင်တာဆိုပဲ....သောက်ရပ်ကဖြင့် ငါ့လောက်မရှည်ဘဲနဲ့ ငါ့ကောင်လေးကိုလာလုချင်သေးတယ်....

စိတ်ကအတော်ပင်အချဉ်ပေါက်နေပြီ ဖြစ်၏။ ဖြစ်နိုင်ရင် သူ့ဘုရင်လေးကို သူ့နှလုံးသားထဲ၌ ခွဲကာထည့်ထားချင်သည်အထိပင်။ သူစွဲလမ်းခဲ့ရသော ကိုယ်သင်းနံ့လေး၊ သူချစ်ရသောမျက်တောင်လေး၊ နှုတ်ခမ်းလေး၊ပါးလေးတွေအားလုံးကို တစ်ခြားကောင်တွေက ပြစ်မှားနေကြသည်မို့ သူမခံရပ်နိုင်ပါ။ သူတောင် စိတ်နှင့်မပြစ်မှားရက်ခဲ့။ ဖိချေထားသောစီးကရက်ကို အမှိုက်ပုံးထဲပစ်ထည့်ခဲ့ပြီး အောက်သို့ပြန်ဆင်းလာလိုက်သည်။

မုန့်ဆိုင်မှ MILOနှစ်ဘူးဝယ်လိုက်ကာ တစ်ဘူးကိုဖောက်သောက်လိုက်ပြီးနောက် ခြေလှမ်းတို့ကိုအတန်းဆီ ဦးတည်လိုက်၏။ သူလစ်သည့်အချိန်က မုန့်စားချိန်ရှေ့မှတစ်ချိန်ဖြစ်သည်မို့ ခုဆိုအတန်းပြီးလောက်ပြီဖြစ်သည်။

အတန်းကိုရောက်သွားတော့ ထူးဆန်းစွာပင် ထက်မြက်မရှိ။ ပင်တိုင်တစ်ယောက်ကတော့သူ့ထိုင်ခုံတွင် စာထိုင်ရေးနေသည်။ ဘေးခုံမှ ခေးဆက်ကတော့ သူ့လွယ်အိတ်ကိုဖွင့်ကာ တစ်ခုခုရှာနေပုံပင်။ ကြည့်ရတာ မုန့်သွားဝယ်ဖို့ပိုက်ဆံထုတ်နေပုံရ၏။

ဘေဘေး ထိုနေရာသို့အမြန်လျှောက်သွားလိုက်ပြီး...

ဒုတ်!

MILOဘူးကို ခေးဆက်စားပွဲပေါ်သို့တင်လိုက်ခြင်း။ သူတင်လိုက်တာ ဖွဖွလေးပေမယ့်အသံကျယ်သွားတာတော့မတတ်နိုင်။

"မင်းအတွက်ဝယ်လာတာ"

မျက်လုံးပြူးပြီးကြောင်ကြည့်နေသောခေးဆက်ကို အသိပေးသလိုပြောလိုက်တော့မှ....

"ဪ အေးပါ ကျေးဇူး...မင်းကလည်း အမြဲအလန့်တကြား"

"ငါဖွဖွလေးချလိုက်တာပါ...သူ့ဘာသာအသံကျယ်တာ..."

ပြောလိုက်ပြီးနောက် သူတို့ရှေ့က ထိုင်ခုံတစ်လုံးကို နောက်ပြန်လှည့်ကာဆွဲယူလိုက်ပြီး ခေးဆက်နှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

"ငါပိုက်ဆံပြန်ပေးမယ်"

"နေနေ မလိုဘူး...ငါဝယ်ချင်လို့ဝယ်လာတာ"

"ပြီးတာပဲ...ကျေးဇူး...ငါနောက်မှပြန်ဝယ်ကျွေးမယ်"

ခေးဆက်နှင့်ပြောနေပေမဲ့ ဘေဘေးမျက်လုံးတို့က ဖယောင်းသွယ်လက်ချောင်းတို့ထံရောက်နေသည်။ သွယ်သွယ်ရှည်ရှည်လက်ချောင်းများက သူ့ထက်ပင်ပိုရှည်လောက်၏။ အကြောစိမ်းများယှက်သွယ်နေကြပြီး လက်ချောင်းထိပ်ဖျားများက သွေးခြေဥမတတ်နီမြန်းနေကာ လက်သည်းကြည်ကြည်တို့က ပန်းရောင်ပြေးနေသည်။ မွှေးညှင်းစိမ်းတို့အနည်းငယ်ရှိနေသည်ကပင် ပြည့်စုံနေပါ၏။

စာရေးနေသည်ဟုထင်ခဲ့သော်ငြား မဟုတ်။ ပုံကြမ်းတစ်ခုကိုရေးခြစ်နေခြင်းသာ။ ခဲသားချွန်ချွန်က ရွေ့လျားနေသော်ငြား ပုံကရုပ်လုံးမပေါ်သေး။ ခဲတံလေးကိုဖိကိုင်ထားသော လက်ချောင်းထိပ်ဖျားလေးများက ရဲသွေးထနေသည်။

"ဒါနဲ့ မင်းက ခုဏအချိန်ပြေးတာလား... ဘယ်သွားပြီးဘာလုပ်နေတာလဲ"

"ခေါင်းမိုးထပ်မှာဆေးလိပ်သွားသောက်တာ"

"ဘာ!"

ခေးဆက်၏အော်သံကြောင့် တစ်နေရာတည်းကိုငေးစိုက်ကြည့်နေရာမှာတုန်တက်သွားရ၏။ ကြည့်နေသောလက်ကလေးသည်လည်း အနည်းငယ်တုံ့သွားသည်။ ကြည့်ရတာ သူလည်း ခေးဆက်အော်သံကို လန့်သွားပုံပင်။

"ဘာလို့ထအော်တာတုန်းဟ"

"မင်းက ဒီအရွယ်နဲ့ဆေးလိပ်သောက်တယ်ပေါ့"

"အေးလေ ဘာလို့လဲ...ခေါင်မိုးထပ်မှာ ငါ့လိုအဖွဲ့တွေအများကြီးပဲ...ပြီးတော့ငါက ၉တန်းကတည်းကသောက်လာတာ"

ခေးဆက်က ဘေဘေးကိုမျက်လုံးပြူးကြည့်နေသည်။ ဘေဘေးကတော့ သူပြောချင်တာပြောနေသည်မှာ ဘာအမှားမှမရှိသူလိုပင်။

ထိုစဉ်…

"ဟင်! မင်းနွယ်...ဘာလို့လဲ...ငါတို့စကားများနေလို့လား"

ပုံဆွဲနေရာမှ ခဲတံကိုစားပွဲပေါ်ချလိုက်ပြီး စာအုပ်ပိတ်လိုက်သည်မို့ ခေးဆက်အံ့ဩစွာမေးလိုက်မိသည်။ မင်းနွယ်က ဒီလိုလုပ်ရိုးမှမရှိပဲ။ သူအားသည့်အချိန်တိုင်း ပန်းချီဆွဲနေတတ်သူ။

ခေးဆက်ပြောလိုက်တော့မှ ဘေဘေးပြန်ကြည့်လိုက်မိသည်။ မျက်နှာက ပုံမှန်ထက်ပို၍တည်တင်းနေသယောင်။ နှုတ်ခမ်းနီစွေးစွေးတို့အား တင်းတင်းစေ့ထားသည်။ မျက်ခုံးတန်းသွယ်သွယ်က အနည်းငယ်ကြုတ်နေပုံပင်။ မျက်တောင်ရှည်များဝန်းရံထားသည့် မျက်ဝန်းတို့က သူသိမ်းဆည်းနေသည့် အလုပ်ထံ၌သာ စူးစိုက်နေ၏။မျက်တောင်ရှည်တို့ကိုမြင်တော့ လူကဒေါသပြန်ထွက်လာသည်။

'ပိတ်ကျသွားအောင် နမ်းကြည့်ချင်တာ'ဆိုသည့်စကားက နားထဲတဝဲလည်လည်။

"Tsk!!"

စုတ်သပ်ကာ အကြည့်တို့ကိုအမြန်လွှဲလိုက်သည်။

ဘာလို့အဲ့လောက်ထိလှနေတာလဲ... အမြင်ကတ်တယ်...

စိတ်မကြည်၍ စောင်ကြည့်လိုက်တော့ မော့ကြည့်လာသည့်မျက်ဝန်းတို့နှင့်ဆုံသည်။ တစ်ဖက်မှ မျက်ဝန်းများ မသိမ်းခင်...

"King..."

ခေါ်လိုက်ပေမယ့်မထူး။

အေးလေ...စဝ်မင်းနွယ်ဧကရာဇ်ပဲဟာ...ပြန်ထူးနေမှ ထူးဆန်းနေဦးမယ်...

ပြန်မထူးသော်ငြား မျက်ဝန်းတို့ကသိမ်းမသွားသည်မို့…

"ငါနဲ့ခင်မလား"

မေးလိုက်တော့မျက်မှောင်ကြုတ်သွားသည်။ ဘာမှတော့ပြန်မပြော။

"အဟမ်း...ငါတို့သူငယ်ချင်းလုပ်ကြမယ်လေ"

ပြောပြောဆိုဆိုနှင့်လက်ကိုဆန့်တန်းကာ ကမ်းလိုက်ပြီးမှ ကိုယ့်အရှက်ကိုယ်ခွဲနေမိမှန်းသတိရတော့သည်။ ခေးဆက်ကိုကူကယ်ရာမဲ့စွာကြည့်လိုက်တော့ ပြုံးစိစိနှင့်သူ့ကိုကြည့်နေ၏။

အရှက်တော့အကွဲမခံနိုင်။ ဘယ်ဘက်လက်ကိုကမ်းပေးထားသည်မို့ တစ်ဖက်မှ ဘယ်ဘက်လက်ကို ဆွဲကိုင်ကာ ကိုယ့်ဘာသာ Shakeလုပ်လိုက်သည်။

"အဟဲ ငါတို့သူငယ်ချင်းဖြစ်ပြီနော်"

မျက်နှာချိုသွေးကာပြောလိုက်ပေမဲ့ တစ်ဖက်လူက ဝစီပိတ်ကျင့်နေပုံရသည်။ အကောင်ပိစိလေးသာဆို ဆွဲဆတ်ပြီးနမ်းပစ်မိလောက်သော်လည်း ဟိုကတွန်းဖယ်တာတောင် သူ့မှာ ဒဏ်ကြေဆေးလိမ်းရသည့်အခြေအနေပေမို့...။

လက်ကို သူ့ဘက်ကလွှတ်မပေးပေမယ့် တစ်ဖက်မှလည်းရုန်းဖယ်မသွား။ သူ့ကိုလည်းအဖတ်လုပ်စကားမပြော။ မျက်လွှာကိုချသွားကာ စာအုပ်တစ်အုပ်ကိုလှန်ကာဖတ်နေသည်။

ဘာလဲဟ...ငါ့ကိုရှိတယ်လို့တောင်မသတ်မှတ်တာလား...

တစ်ခါမှ ဒီလိုလှစ်လျူရှုတာမျိုး မခံရဖူးတာမို့ စိတ်ကပေါက်သွားသည်။ မိမိလက်ထဲတွင်ဆုပ်ကိုင်ထားသော လက်တစ်ဖက်အားကြည့်ကာ လူယုတ်မာအပြုံးတစ်ခုပြုံးလိုက်၏။ ခေးဆက်ကတော့ မျက်လုံးအပြူးသားနှင့်ကြည့်နေဆဲ။

ဘယ်ဘက်လက်မအားသည်မို့ ညာဘက်လက်ဖြင့် ကုလားထိုင်ကိုဆွဲကာ ရှေ့တည့်တည့်သို့သွားထိုင်လိုက်သည်။ စာကြည့်နေသော မျက်ဝန်းတို့က သူ့အားအနည်းငယ်မျှဂရုမစိုက်။

ရတယ်လေ...ဟင်းဟင်း....

လက်ထဲတွင်ရှိနေသော လက်တစ်ဖက်ကို မိမိလက်တစ်ဖက်ပေါ်တွင်တင်ကာ နောက်လက်တစ်ဖက်ဖြင့် လက်ချောင်းတစ်ခုစီကိုထိတို့ပြီး စိမ်ပြေနပြေဆော့နေလိုက်သည်။ သူ့လက်ဖဝါးကိုဖြန့် ကိုယ့်လက်ဖဝါးထည့်ကာ တိုင်းကြည့်တော့ သူ့လက်ဖဝါးကအနည်းငယ်ပိုပြန့်ကာ လက်ချောင်းတို့ကပိုရှည်နေ၏။ ဘေဘေး နှာခေါင်းရှုံ့လိုက်မိသည်။

အေး... အကုန်ငါ့ထက်ရှည်နေလိုက်...

ပန်းရောင်ပြေးသောလက်သည်းများကို သေချာတစ်ချောင်းချင်းကြည့်သည်။ မွှေးညှင်းစိမ်းတို့အား လက်ညှိုးလက်မဖြင့်ညှပ်ကာအနည်းငယ်ဆွဲဆော့သည်။ အကြိုက်ဆုံးကတော့ လက်ချောင်းထိပ်တို့ကိုဖိလိုက်သည်နှင့် ရဲရဲထသွားခြင်း။ လက်ညှိုးတွင်ဝတ်ဆင်ထားသော လက်စွပ်ကိုလည်း သေချာကြည့်လိုက်မိ၏။

"ဒါက ဘာကောင်လဲ King..."

ဘာဖြေသံမှ ထွက်မလာ။ ရင်တထိတ်ထိတ်နှင့်ကြည့်နေရသောခေးဆက်က မနေနိုင်တော့ဘဲ...

"တိုးနယားလို့ခေါ်တယ်...ငါတို့မျိုးနွယ်တွေ တန်ဖိုးထားတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးပဲ"

"ဪ နဂါးနဲ့တောင်တူသေး...ငါဝတ်ကြည့်ချင်တယ်...ချွတ်မယ်နော်"

လက်နာမည်စိုး၍ ဖြည်းဖြည်းချင်းဆွဲချွတ်သော်လည်း မည်သည့်အဆစ်မျှမရှိသောလက်မှလက်စွပ်သည် တုပ်တုပ်မလှုပ်ပေ။ ခေးဆက်လည်း ကာယကံရှင်ကဘာမှမပြောသဖြင့် ဝင်မပြောဖြစ်။ ဒီတိုင်းသာစိုးရိမ်တကြီးကြည့်နေမိသည်။ ဘေဘေးကလည်း လုံးဝလက်မလျှော့။
အားကြိုးမာန်တက်ချွတ်ကြည့်နေစဉ်…

"လက်စွပ်ကချွတ်လို့မရဘူး...ဖယ်တော့!"

အသံက ကြည်ကြည်ပြတ်ပြတ်ထွက်ပေါ်လာသည်။ ဘေဘေး၏ လှုပ်ဆောင်မှုများအားလုံးရပ်တန့်သွား၏။

"ဟမ် အဲ...ဘာလို့ချွတ်မရတာလဲ...ခုတောင်ချွတ်မရရင် နောက်ဆိုဘယ်လိုလုပ်မလဲ...ခုချွတ်ကြည့်သင့်တာပေါ့"

အားကြိုးမာန်တက်ပြောလိုက်သောသူ့ကို ဘာမှဆက်ပြောချင်စိတ်မရှိတော့သည့်အလား မျက်လွှာပြန်ချသွားသည်။

"ဝါတော် ၈၀ရဘုန်းတော်ကြီးလိုပဲ"

မကျေမနပ်တိုးဖွဖွရေရွတ်လိုက်ပြီးမှ ကြားသွားမလားဆိုပြီးပြန်ကြည့်တော့ မကြားပုံပင်။

"နိုရာ...အဲ့ဒါက သိဒ္ဓိတင်ထားတဲ့လက်စွပ်...ချွတ်ချင်တိုင်း ချွတ်လို့မရဘူး"

ခေးဆက်ကမနေနိုင်စွာဖြင့် ထပ်မံ၍ ဝင်ပြောလာခြင်း။

"သိဒ္ဓိတင်ထားတာ? ဪ...ငါစာအုပ်တွေထဲမှာတော့ဖတ်ဖူးတယ်...အပြင်မှာလည်းတကယ်ရှိတာကိုး..."

ထို့နောက် လက်စွပ်ကိုလှစ်လျူရှုလိုက်ပြီး လက်ချောင်းတို့ကိုယှက်သွယ်ကာဆုပ်ကိုင်ထားလိုက်သည်။ ပိုင်ရှင်ကတောင်လက်ခံတာ၊ သူကဘာလို့အသားမယူရဲရမှာလဲ။

"King...ဘာဖတ်နေတာလဲ..."

လက်ကိုဆုပ်ကိုင်ထားရင်းမှ ခါးကိုကိုင်းကာ စာအုပ်ကိုကုန်းကြည့်သည်။ ပန်းချီနှင့်ဆိုင်သည့်အရာများမို့ သူသိပ်နားမလည်။

"ဘာကြီးတွေလဲ"

မျက်နှာချင်းဆိုင်မှ ထိုင်လျက်သားကနေ  ခါးကိုင်းကာ စာအုပ်ကိုကုန်းကြည့်နေသည်မို့ ခေါင်းက King၏ရင်ခွင်နှင့် နီးနေသည်။ ဘေဘေးကလုပ်ချင်တာလုပ်နေပေမဲ့ သူ့ကိုရှောင်နေရသည့်သူကိုကြည့်ပြီး ခေးဆက်တစ်ယောက် အသက်ပင်အောင့်ထားမိ၏။

ရန်ဖြစ်လျှင်လည်း ထဆွဲနိုင်လောက်သည့်ဗလ သူ့မှာမရှိ....

"နားမလည်ရင်ဖယ်တော့"

ခေးဆက် တော်တော်ပင်အံ့ဩနေပြီဖြစ်သည်။

မင်းနွယ်က နှစ်ကြိမ်တောင်စကားပြောတယ်? ပြောသမျှကလည်း အင်းနဲ့ဟင့်အင်းမဟုတ်ဘူး...

ခေးဆက် ဘေဘေးကိုတစ်လှည့်၊ မင်းနွယ်ကို တစ်လှည့်ကြည့်နေမိ၏။ ပထမတစ်ခွန်းတုန်းကတောင် ဒီလောက်မအံ့ဩပေမဲ့ ဒုတိယတစ်ခွန်းထပ်ထွက်လာတော့ မအံ့ဩဘဲမနေနိုင်တော့။ MILOစုပ်နေသည့်ပိုက်ကလေးပင် နှုတ်ခမ်းမှလွတ်ထွက်သွားရသည်အထိ။

ဘေဘေးကတော့ ခြေလေးတစ်ဖက်ဝင်ပါရစေ၊ လက်လေးတစ်ဖက်ဝင်ပါရစေနှင့် တစ်ကိုယ်လုံးဝင်ဖို့ကြိုးစားနေသည့်အလား။

ဆုပ်ထားသည့်လက်ကိုလည်းလွှတ်မပေး။ မျက်နှာချင်းဆိုင်အနေအထားမို့ King၏ ဘယ်ဘက်လက်ချောင်းများနှင့် ဘေဘေး၏ ညာဘက်လက်ချောင်းများက အချင်းချင်းယှက်သွယ်ကာ ချိတ်ဆက်နေကြသည်။

"အိုက်ယား...မွှေးလိုက်တာ...အဲ့ဒါဘာရေမွှေးလဲဟင်...ငါ့ကိုပြောပြ"

ဘေဘေး၏ ခန္ဓာကိုယ်တစ်ပိုင်းလောက်က King၏ စားပွဲပေါ်ရောက်နေသည်။ မျက်နှာက King၏ ရင်ခွင်နှင့်နီးကပ်စွာ။ နှာခေါင်းကလည်း တရှုံ့ရှုံ့လုပ်နေသေးသည်။

"ဟင်? ဘာရေမွှေးလဲလို့"

ထိုအနေအထားအတိုင်း မော့မေးတော့ King၏ မေးဖျားနှင့် ဘေဘေး၏ နှာသီးဖျားလေးက နီးကပ်စွာ။ ဘေဘေးအနေနှင့် အဖေတွေကိုအမြဲကပ်ချွဲနေသူမို့ ဤအနေအထားကိုရှက်မနေ။ ရှက်နေသူ၏ မျက်နှာခပ်ရဲရဲအား အောက်ကနေစီးပြီးမြင်နေရသည်မို့ ခပ်ညစ်ညစ်အတွေးတို့ကဝင်လာကာ....

"Fuuuu...."

မေးဖျားကိုလေနှင့်မှုတ်လိုက်တော့ ဆုပ်ကိုင်ထားသည့်လက်တို့က တင်းခနဲ။

"ကိုကိုKingတို့က သိပ်မာနကြီးတာပဲ ဟွန်း...."

စချင်လွန်းလို့ပြောလိုက်ပေမဲ့ အူယားရသည်က ကိုယ်ကိုယ်တိုင်။

"အဟွတ်...အဟွတ်....အဟွတ်...."

ဘေးမှခေးဆက်တစ်ယောက် MILOသီးကာမျက်နှာကိုလက်နှင့်အုပ်ပြီး ခေါင်းငုံ့ချောင်းဆိုးတော့သည်အထိ ဖြစ်သွား၏။ ထိုစဉ်အခိုက် ဘေဘေး၏ခေါင်းလေးသည် အင်္ကျီပုခုံးစွန်းဖြူဖြူလေးထက်ဆီသို့ စက္ကန့်ဝက်လောက်လှစ်ခနဲ...။

"ဘေး နို ရာ!!!"

အံကြိတ်ပြီးခေါ်လိုက်သံသည် ပြတ်ပြတ်သားသား။ ခေးဆက်မော့ကြည့်လိုက်ချိန်တွင် ဘေဘေးက သူ့ဘေးနားရောက်နေပြီဖြစ်ကာ ကျောကိုဖွဖွလာပုတ်ပေးပြီး....

"ဘယ်သူကလုသောက်လို့ တစ်ယောက်တည်းသီးနေတာတုန်း"

အသံ၌ရယ်မြူးရိပ်အနည်းငယ်စွက်နေ၏။ မျက်လုံးတို့ကလည်း လခြမ်းကွေးကဲ့သို့။

မင်းနွယ်ကိုကြည့်လိုက်တော့ နားရွက်ဖျားတွေရဲတွတ်နေကာ ပန်းသွေးရောင်ပြေးသောမျက်နှာသည် အနည်းငယ်ရင့်နေသယောင်။

ထိုစဉ် ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် အတန်းထဲဝင်လာကြသည်မို့…

"ငါသွားတော့မယ်"

ဘေဘေးက သူလှည့်ထားသော ထိုင်ခုံကို နေရာတကျပြန်ထားလိုက်ပြီး သူ့နေရာသူပြန်သွားတော့သည်။

ဘေဘေးတို့နောက်တန်းဘက်မှ ရယ်သံများကဆူညံစွာ။ ဆရာမဝင်လာသောအချိန်မှ အားလုံးငြိမ်သွားကြတော့၏။

________________________________________________________________________

Zawgyi//

အတိတ္သို႔တူးဆြျခင္း ၃

"အ!!"

"အ!"

ၿပိဳင္တူထြက္လာေသာ အာေမဋိတ္သံႏွစ္ခု။

"ဟို....မင္းရရဲ႕လား"

သူ႔ေရွ႕ကိုေရာက္လာေသာ လက္ျဖဴျဖဴေလးတစ္ဖက္။ ေဘေဘး လဲက်ေနရာမွတစ္ဖက္သို႔လွည့္ကာၿပဳံးလိုက္သည္။

Bingo!

ထို႔ေနာက္ ထိုလက္ျဖဴျဖဴေလးကိုဆြဲကာ ထရပ္လိုက္ၿပီး...

"ရပါတယ္...ငါ့အမွားလည္းပါတာပဲ"

ေျပာလိုက္ၿပီးေနာက္ သူ႔အားစိုးရိမ္သလိုမ်က္လုံးအဝိုင္းသားၾကည့္ေနေသာ ျဖဴျဖဴလုံးလုံးေကာင္ေလးအား ေပါ့ေပါ့ပါးပါး ၿပဳံးျပလိုက္သည္။ သူၿပဳံးျပေတာ့မွ ထိုေကာင္ေလးက ျပန္ၿပဳံးျပလာ၏။

"အန္တီ...MILOတစ္ဘူး"

"MILOတစ္ဘူး"

သံၿပိဳင္ေျပာလိုက္ၾကၿပီးမွ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ရယ္ေမာလိုက္မိၾကသည္။ ထို႔ေနာက္ MILOတစ္ေယာက္တစ္ဘူးစီကိုင္ကာ အတူျပန္ထြက္လာခဲ့ၾက၏။

"မင္းလည္း MILOႀကိဳက္တာလား"

"အင္း ငါငယ္ငယ္ကတည္းကႀကိဳက္တာ...ငါ့အေဖေတြဆို ဘယ္သြားသြား ငါ့အတြက္MILOေတာ့အၿမဲပါလာတယ္"

"အေဖေတြ?"

အံ့ဩသလိုေရ႐ြတ္သံေလးေၾကာင့္သူရယ္လိုက္မိသည္။ ၅ေပ ၁၀လက္မရွိၿပီျဖစ္ေသာ သူ႔ေဘးတြင္ ထိုျဖဴလုံးေလးက သူ႔ေမးေစ့ေအာက္ေလာက္သာရွိ၏။

"အင္း ငါ့မွာ မိဘအရင္းေတြလည္းရွိတယ္... ေခါင္းကိုင္အေဖေတြလည္းအမ်ားႀကီးပဲ...ေနာက္ေတာ့ သတင္းေတြၾကားရမွာပါ..."

"ဪ"

ထူးဆန္းသလိုေရ႐ြတ္ၿပီး သူ႔ဘာသာ Miloကိုျပန္စုပ္ေနသည္။ ေဘေဘးလည္း ဘာမွဆက္မေျပာျဖစ္။ ဒီေန႔ကဒီေလာက္ႏွင့္လုံေလာက္ၿပီျဖစ္၏။ မုန္႔ဆိုင္မွာတိုက္မိျခင္းကလည္း သူ႔အႀကံအစည္ပင္။

"ဟို ငါတို႔သူငယ္ခ်င္းလုပ္ၾကမလား"

Yes!!!!!!!!

ေဘေဘးတစ္ေယာက္ စိတ္ထဲမွႀကိတ္ၿပီး လက္သီးလက္ေမာင္းတန္းမိသြားသည္။ အေျခအေနက သူေမွ်ာ္လင့္ထားသည္ထက္ပိုေကာင္းလြန္းေနသည္။ မ်က္ႏွာတြင္ အလွဆုံးအၿပဳံးတစ္ပြင့္ဆင္ျမန္းလိုက္ၿပီးမွ…

"Ok...ငါ့နာမည္က ေဘးႏိုရာ...ႏိုရာလို႔ေခၚလို႔ရတယ္"

ေျပာကာ Shakeလုပ္ႏႈတ္ဆက္ရန္ လက္ကမ္းေပးလိုက္ေတာ့...

"ငါက စိုင္းေခးဆက္ၾကာ...ေခးဆက္လို႔ေခၚလို႔ရတယ္..."

သြက္သြက္လက္လက္ျပန္ႏႈတ္ဆက္ကာ သူကမ္းေပးထားေသာလက္ကို ဆြဲၿပီး Shakeလုပ္သည္။ ထို႔ေနာက္ ၂ဦးသားရယ္လိုက္မိၾကၿပီး....

"ဟားဟား တကယ္ပဲ ေပါေတာေတာနဲ႔"

"ခြီး...တကယ္ႀကီးေပါတာပါကြာ...ဒီလိုႏႈတ္ဆက္ရတာႀကီးက ေတာ္ေတာ္ရယ္ရတာပဲ ဟားဟား..."

ႏွစ္ေယာက္သား ဟိုဟိုဒီဒီေျပာလိုက္၊MILOေသာက္လိုက္ႏွင့္ အတန္းနားသို႔ေရာက္ခါနီး...

"ေခးဆက္ ငါေမးမလို႔"

"အင္း ေမး"

"မင္းေဘးနားကတစ္ေယာက္နဲ႔မင္းက ခင္တာလား မခင္တာလား"

"ငါ့ေဘးနားက? ဪ...မင္းႏြယ္လား?"

"အင္း"

ေခးဆက္က မင္းႏြယ္လားလို႔ေမးလာေတာ့ ႐ုတ္တရက္ေၾကာင္သြားသည္။ ထိုသို႔ေခၚေဝၚသည္ကိုမၾကားဖူးခဲ့သည္မို႔ ေၾကာင္သြားေပမဲ့ ႐ုပ္မပ်က္ေအာင္ ခ်က္ခ်င္း 'အင္း'လိုက္ျခင္းျဖစ္၏။

"မင္းႏြယ္နဲ႔က ေတာင္ႀကီးမွာကတည္းက အတူတူတက္ခဲ့တာ...သူကစကားသိပ္ေျပာတာမဟုတ္ေတာ့ ခင္တယ္၊မခင္ဘူးဆိုတာမ်ိဳးေတာ့မရွိဘူး...ေက်ာင္းတက္၊ေက်ာင္းဆင္းဆို အတူတူျပန္ေတာ့ သူေစာင့္ေပးတယ္...စကားက လိုမွေျပာတာ....ငါသူ႔ဆီက ၾကားဖူးတဲ့စကားက အခြန္း၅၀ေတာင္မျပည့္ေလာက္ဘူး"

"ဟမ္? ေတာင္ႀကီးမွာကတည္းကအတူတူဆို ငယ္ငယ္ကတည္းက အတူတူတက္ခဲ့တာမဟုတ္ဘူးလား"

"အင္း မင္းႏြယ္က ဒုတိယတန္းမွေက်ာင္းစတက္တာ....အတူတူတက္ခဲ့ေပမဲ့ ဘယ္သူနဲ႔မွစကားေျပာတာမဟုတ္ဘူး..."

"လိုရင္ေတာ့ေျပာတယ္ဆို?"

"သူ႔ဘက္ကေတာ့တစ္ခါမွလိုတယ္မရွိဘူး...ငါ့ဘက္ကပဲလိုဖူးတာ...သူျပန္ေျပာတာက 'အင္း'နဲ႔ 'ဟင့္အင္း'ပဲ... ဟိုေန႔က မိတ္ဆက္တဲ့တစ္ခ်ိန္ကပဲ စကားအမ်ားဆုံးေျပာတာ"

"ဪ"

ေဘေဘး 'ဪ'တစ္လုံးသာတတ္ႏိုင္ေတာ့သည္။

ေအးေပါ့ အသဲေလးက စကားသိပ္မေျပာလို႔ ကိုယ္က ႏွစ္ဆေျပာေပးေနတာလို႔ပဲ သေဘာထားလိုက္ပါမယ္.... ပါရမီျဖည့္ဖက္ေတြဆိုေတာ့အဲ့လိုပဲ....

"ဒါနဲ႔ ဆရာမေတြနဲ႔ေရာ စကားမေျပာဘူးလား...."

"ေမးရင္ေျပာတယ္ေလ...'အင္း' 'ဟင့္အင္း'ပဲေျပာတာ"

"စာေမးတာတို႔ဘာတို႔မရွိဘူးလား...အဲ့အခ်ိန္ဆိုရင္ေရာ?"

"အဲ့လိုမရွိဘူး...သူကစာအရမ္းေတာ္တယ္...သူ႔အိမ္က သူ႔အေၾကာင္းနဲ႔ပတ္သက္ၿပီး ဆရာေတြကိုေျပာျပၿပီးသား... ဒီကဆရာေတြကိုလည္းေျပာျပထားေလာက္တယ္...ဆရာေတြကလည္း သူ႔အေၾကာင္းသိေတာ့ မေမးၾကဘူး"

"ဪ"

"အင္း ဘာလို႔လဲ...ဪ ငါတစ္ခုသတိရၿပီ...မင္း မင္းႏြယ္ကိုတစ္ခုခုမေက်နပ္လို႔လား"

"အာ ေပါက္ကရ...သူကဘာလုပ္လို႔ငါကမေက်နပ္ရမွာလဲ"

"မသိဘူးေလ...ငါတို႔စစေရာက္တဲ့ေန႔က မင္း မင္းႏြယ္ကိုၾကည့္ေနတာႀကီးက..."

"ေတာ္ေတာ့ ေတာ္ေတာ့...အဲ့ေန႔ကအေၾကာင္းထပ္မေျပာနဲ႔...ငါၾကက္သီးထလြန္းလို႔"

"မင္းကပဲတစ္ျပန္ႀကီး...မင္းအဲ့ေန႔ကၾကည့္တာ မင္းႏြယ္ေတာ့မသိဘူး...ငါေတာင္လန္႔...အြတ္"

"ေတာ္ပါေတာ့ဟ"

ေဘေဘး မၾကားႏိုင္ေတာ့၍ ေခးဆက္ပါးစပ္ကိုလက္ႏွင့္လွမ္းပိတ္လိုက္မိသည္အထိ။ သူထိုေန႔ကအေၾကာင္း ထပ္ပင္မေတြးရဲပါ။ အရပ္ကြာဟမႈေၾကာင့္စိတ္ဓာတ္ေတြက်ၿပီး ၿငိမ္ေနခဲ့သည္မွာ ဒီေန႔အထိပင္။ ေန႔တိုင္း ဘားဆြဲ၊ေရကူး၊အရပ္တိုင္းႏွင့္ သိသိသာသာ ရွည္မလာေသးသည္မို႔ Depressionပင္ဝင္လုနီးပါး။ အရပ္ႏွင့္ပတ္သတ္လွ်င္ အၿမဲလက္မေထာင္ႏိုင္ခဲ့သမွ် အခုေတာ့ အရပ္ထပ္ရွည္ဖို႔အေရး တို႔အေရးျဖစ္ေနေတာ့သည္။

"Wowww!!!!!!!"

ေအာ္သံအက်ယ္ႀကီးထြက္လာျခင္းေၾကာင့္ လက္ရွိအေနအထားကိုသတိျပဳမိကာ ေခးဆက္ကို အျမန္လႊတ္ေပးလိုက္ရ၏။ ေခးဆက္ပါးစပ္ကိုလွမ္းပိတ္လိုက္စဥ္ ေခးဆက္က ယိုင္က်သြား၍ ခါးမွဖမ္းထိန္းလိုက္ရသည္မို႔ ထိုေအာ္သံက အခ်ိန္ကိုက္ထြက္လာျခင္းပင္။

အတန္းေရွ႕တြင္ျဖစ္သြားျခင္းေၾကာင့္ ပိုဆိုးသြား၏။ ေခးဆက္၏မ်က္ႏွာကလည္းနီရဲေနကာ သူသည္လည္း ထိုအတိုင္းပင္ျဖစ္ေနေလာက္သည္။ သို႔ေသာ္ ဤသည္အားဂ႐ုမစိုက္ႏိုင္။ တစ္ေယာက္ေသာသူအား စိုးရိမ္တႀကီးလွမ္းၾကည့္လိုက္မိသည္။ သူတို႔ဘက္ကိုၾကည့္မေနသည္မို႔ သက္ျပင္းခ်လိုက္မိ၏။

ေတာ္ေသးတာေပါ့...

"ဟင္း....."

"ဟင္း......"

သက္ျပင္းခ်သံႏွစ္ခုၿပိဳင္တူထြက္လာသည္။ အခ်င္းခ်င္းသတိထားလိုက္မိၾကေပမဲ့ ထုတ္မေမးျဖစ္ၾက။ သူတို႔မသိလိုက္ၾကသည္ကေတာ့ သူတို႔၏ အေတြးႏွစ္ခု ထပ္တူက်သြားျခင္းပင္။ ေနာက္တစ္ခ်က္ မသိလိုက္သည္က ထိုထပ္တူက်ေသာအေတြးတို႔သည္ မမွန္။

ႏွစ္ေယာက္သား အတန္းထဲသို႔ ဝင္လာခဲ့ၾကၿပီး ကိုယ့္ေနရာကိုယ္ဝင္ထိုင္ခဲ့ၾကသည္။ ေဘးခ်င္းကပ္သူငယ္ခ်င္းမ်ားေမးလာသည္ကို ေျဖရွင္းလိုက္ၾကၿပီးေနာက္ ဆရာမဝင္လာေတာ့၏။

ညေနေရာက္ေတာ့ အတန္းဆင္းသည္ႏွင့္ အျမန္ထရပ္လိုက္သည္။ ကံ့ေကာ္သင္းနံ႔ေလးကိုအနီးကပ္ရခ်င္သည္မို႔ ခ်က္ခ်င္းတိုးထြက္လိုက္မိေတာ့...

"အ! လဒေရ...မင္းအေမလင္ေနာက္လိုက္လို႔လား..."

ေရွ႕မွထူးျမတ္၏ ေျခေထာက္ကိုတက္နင္းမိသည္မို႔ ထူးျမတ္ကထဆဲေတာ့သည္။

"Sorry sorry...ငါတကယ္အေရးႀကီးေနလို႔"

"ဆပ္ျပာသည္ လင္ေပ်ာက္ေနသလိုပဲ...ႂကြ ႂကြ"

ထူးျမတ္က ပြစိပြစိေျပာရင္း သူ႔ကိုေဆာင့္တြန္းလႊတ္လိုက္ျခင္း။

ဝုန္း!!!!!

"အား!!!!"

ေဘေဘးတစ္ေယာက္ ေျခခ်င္းလိမ္ၿပီးလဲက်ေတာ့သည္။ ခုံတစ္ခုံေပၚက်ၿပီအထင္ႏွင့္ ဦးစြာေအာ္လိုက္မိေသာ္ျငား…

"ဖယ္စမ္း!"

အနီးကပ္ ၾကားလိုက္ရေသာအသံတစ္ခု။ ဤတစ္ႀကိမ္က တတိယအႀကိမ္ေျမာက္ၾကားဖူးျခင္းပင္။ ထိုအခါမွသတိထားလိုက္မိေတာ့ ညာဘက္လက္ႏွင့္ဆုပ္ကိုင္ထားမိသည္က ရွပ္အက်ႌအျဖဴစ။
သူခႏၶာကိုယ္တစ္ပိုင္းသည္ ထိုင္ေနေသာလူ၏ ေပါင္ေပၚတြင္ေမွာက္လ်က္သား။ ကံ့ေကာ္သင္းနံ႔ကလည္း နီးကပ္လြန္းစြာ။

ဆုေတာင္းကေတာ့အၿမဲျပည့္ပါ၏။ ေသာက္တလြဲပဲဆန္တာ။

တစ္ေယာက္ထိုင္ခုံေတြမ်ားစြာထဲကမွ တစ္ေယာက္ေသာသူအေပၚတည့္တည္က်သည့္ သူ႔ကံၾကမၼာကလည္း ေသာက္က်ိဳးနည္းေအာင္ကို ေကာင္းေနတာပဲ။

က်ားေရွ႕ေမွာက္လ်က္လဲတာမဟုတ္ဘဲ Crushေပါင္ေပၚ ေမွာက္လ်က္လဲေနရသည့္အျဖစ္။

"မင္း! ဖယ္စမ္း!!!"

အံႀကိတ္ေျပာသံႏွင့္အတူ ပုခုံးမွတင္းၾကပ္စြာဆုပ္ကိုင္ခံလိုက္ရၿပီး တြန္းဖယ္ခံလိုက္ရ၏။ ကံေကာင္းခ်င္ေတာ့ ထူးျမတ္ကအေျပးအလႊားေရာက္လာၿပီး ေနာက္မွေန၍ သူ႔ကိုထိန္းကာထူေပးလာသည္။ အတန္းထဲကသူေတြအားလုံးကေတာ့အေၾကာင္သား။

"ရလား ႏိုရာ...ငါတမင္လုပ္လိုက္တာမဟုတ္ပါဘူး.... ဟို စဝ္မင္းႏြယ္ဧကရာဇ္ကိုလည္း ငါေတာင္းပန္ပါတယ္...ႏိုရာ့ကိုငါစၿပီးတြန္းလိုက္တာ..."

ထူးျမတ္က ႏွစ္ေယာက္စလုံးကို အားနာကာေတာင္းပန္ေနသည္မို႔....

"မလိုဘူး ေဟ့ေရာင္...ငါဘာမွမျဖစ္ဘူး...ငါ့ဘာသာ ေျခခ်င္းလိမ္လဲတာ...ဒါနဲ႔ ဒီက စဝ္မင္း...အာ နာမည္ကအရွည္ႀကီးပဲ...မင္းႏြယ္ဧကရာဇ္ဆိုေတာ့ အဓိပၸါယ္က ဘုရင္သေဘာပဲမလား...Kingလို႔ပဲေခၚမယ္....ဒီမွာ King...ငါလည္း မင္းအေပၚလဲမက်ခ်င္ဘူး...တမင္လည္းလုပ္တာမဟုတ္ဘူး...မင္းကိုထိခိုက္ေစမိလို႔ေတာ့ ေတာင္းပန္တယ္...မေက်နပ္လည္းမတတ္ႏိုင္ဘူး"

"ေဟ့ေရာင္!"

ေဘးက ထူးျမတ္ကလက္လာကုတ္သည္။ ေခးဆက္ကလည္း မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖင့္ၾကည့္ကာ ဆက္မေျပာဖို႔ေခါင္းခါျပေနသည္။ သူလည္း ပုခုံးမွနာက်င္မႈေၾကာင့္ စိတ္တိုတိုႏွင့္ေျပာမိျခင္းသာ။

ပုခုံးမွဆုပ္ကိုင္ကာ တြန္းဖယ္ခံလိုက္ရသည့္အားက မနည္း။ ေလ့က်င့္ခန္းေတြလုပ္ထားေသာေၾကာင့္ တစ္ကိုယ္လုံးနာေနသည့္အခ်ိန္မို႔ ပို၍နာသည္။ အသားနာလွ်င္ေတာ့ Crushေတြဘာေတြလည္း မျမင္ႏိုင္ပါ။

ခ်စ္တာကခ်စ္တာပဲ...မသိဘူး...

သူ႔ကိုစိုက္ၾကည့္ေနေသာမ်က္ဝန္းမ်ားကို တန္ျပန္စိုက္ၾကည့္လိုက္သည္။ မေက်နပ္လို႔ထိုးလွ်င္လည္းခံလိုက္႐ုံသာ။

"ဖယ္!"

"ဟမ္? ဪ အင္း..."

႐ုတ္တရက္ႀကီးမို႔ ေၾကာင္သြားေပမဲ့ ခ်က္ခ်င္းဆုတ္ေပးလိုက္ရသည္။ မဆုတ္လို႔လည္းမရ။ ဟိုကခ်က္ခ်င္းထရပ္ေတာ့ အရပ္က သူတို႔အားလုံးကိုလႊမ္းသြား၏။ ထို႔ေနာက္ ထြက္သြားေသာသူေနာက္ ေခးဆက္လည္းအေျပးအလႊားပါသြားေတာ့သည္။

________________________________________________________________________

"အ! ကြၽတ္ကြၽတ္...နာလိုက္တာ"

နာက်င္ေနေသာ ပုခုံးကို မွန္ထဲမွာၾကည့္လိုက္ေတာ့ ပုခုံးထက္ နီပုပ္ပုပ္ျဖစ္ေနသည္ကအထင္းသား။

"Fuck! အားကႀကီးလိုက္တာ...ဒါေတာင္သူ႔ကိုဘာမွမလုပ္ရေသးဘူး...လုပ္မ်ားလုပ္မိရင္ပိုဆိုးမယ္..."

ဒဏ္ေၾကေဆးကို ပုခုံးထက္လိမ္းလိုက္ရင္း မေက်နပ္စြာေရ႐ြတ္မိ၏။ အနီးကပ္ရလာေသာ ကံ့ေကာ္သင္းနံ႔ေၾကာင့္ မ်က္ႏွာထက္အၿပဳံးတစ္ခုျဖစ္တည္သြားသည္။

နက္ျဖန္ကစၿပီး နီးစပ္ဖို႔ႀကိဳးစားရမယ္....

ဆုံးျဖတ္ခ်က္တစ္ခုကိုပိုင္ပိုင္ႏိုင္ႏိုင္ခ်လိုက္ၿပီးသည့္ေနာက္ ဗီ႐ိုထဲတြင္ဝွက္ထားေသာ စီးကရက္ဘူးကို ထုတ္ယူလိုက္သည္။ ထို႔ေနာက္ ေဆးလိပ္တစ္လိပ္ကိုထုတ္လိုက္ၿပီး မီးညႇိကာ တစ္ခ်က္ဖြာလိုက္၏။

အေငြ႕ေတြၾကား ျဖစ္ပ်က္ခဲ့သမွ်ပုံရိပ္မ်ားကိုပုံေဖာ္ေနမိသည္။

King....ကိုယ့္ရဲ႕King....ကိုယ့္ႏွလုံးသားရဲ႕အရွင္သခင္ေလး....ကိုယ့္ရဲ႕ရင္ခြင္ထဲကိုလာပါေတာ့....

________________________________________________________________________

အတန္းထဲတြင္ အခန္းေစာင့္တစ္ဦးထပ္တိုးလာသည္။ ယခင္က အတန္းထဲ၌ပင္တိုင္ရွိတတ္သူမွာ တစ္မူထူးျမတ္တစ္ဦးတည္းသာျဖစ္ၿပီး ယခုကေတာ့ စဝ္မင္းႏြယ္ဧကရာဇ္တစ္ေယာက္ထပ္တိုးလာသည္။ သူက ထူးျမတ္ထက္ပင္ဆိုးေသး၏။

ထူးျမတ္ကမွ သန္႔စင္ခန္းဘာညာ ထသြားတတ္ေသာ္လည္း သူကေတာ့ ေနရာမွတစ္ခ်က္မထတတ္။ ထမင္းစားခ်ိန္တြင္ေတာ့ ေက်ာင္းသားတိုင္း ေက်ာင္းကန္တင္းသို႔သြားရသည္မို႔ ထိုအခ်ိန္တစ္ခုသာ ေနရာမွထသည္။ ဘယ္သူႏွင့္မွလည္းစကားမေျပာ။

ေက်ာင္းသားတိုင္းလိုလို လူငယ္ဆန္ဆန္ဝတ္စားၾကေပမဲ့ သူကေတာ့ ရွပ္အျဖဴလည္ကတုံး၊ေယာပုဆိုးႏွင့္ကတၱီပါဖိနပ္ကိုသာ အၿမဲဝတ္ဆင္သည္။

တစ္ျခားလူသာဆိုလွ်င္စေနာက္ခံရမည္ျဖစ္ေသာ္လည္း ဤသူကေတာ့ စဝ္မင္းႏြယ္ဧကရာဇ္ေပမို႔...။

သူ႔ကိုျမင္ၾကသူတိုင္း ျမင့္ျမတ္သည့္အရွိန္အဝါကိုခံစားၾကရသည္။ အရယ္အၿပဳံးမရွိ တည္ၿငိမ္ေသာမ်က္ႏွာထား၊ ေခ်ာေမာေျပျပစ္သည့္႐ုပ္ရည္ေၾကာင့္ တစ္ျခားေက်ာင္းမွလူမ်ားပင္သိၾကသည္အထိ။

ေယာက္်ားေလးသီးသန္႔ေက်ာင္းျဖစ္ေသာ္လည္း Top 2အၿမဲခ်ိတ္ေသာေက်ာင္းျဖစ္သည္မို႔ လူစိတ္ဝင္စားမႈခံရေသာ ေက်ာင္းတစ္ေက်ာင္းပင္ျဖစ္သည္။ သည္ေက်ာင္းမွ ေက်ာင္းသားမ်ားသည္ High bossမ်ားျဖစ္ၾကသည့္အျပင္ သူ႔ပုံစံႏွင့္သူ ဆိုးၾက႐ုံသာမက ထူးလည္းထူးခြၽန္ၾကသည္မို႔ စိတ္ဝင္စားစရာအေကာင္းဆုံးေက်ာင္းဟု သတ္မွတ္ထားၾက၏။ ဝင္ခြင့္ေျဖရသည္မွာလည္း ဘက္စုံေျဖရျခင္းျဖစ္သည္။

ကိုယ့္ကိုယ္ကိုထိန္းခ်ဳပ္ႏိုင္စြမ္းရွိ၊မရွိပါ စစ္ေဆးခံရသည္။ အရာအားလုံးကိုလႊတ္ထားေပးသည့္ လြတ္လပ္ခြင့္ႏွင့္ထိုက္တန္သူမ်ားသာဝင္ခြင့္ေအာင္ၾကျခင္းျဖစ္၏။

လာတက္ၾကေသာေက်ာင္းသားမ်ားသည္ ၉တန္းႏွစ္ကတည္းက ၁၀တန္းႏွင့္ပတ္သတ္ၿပီး ေလ့လာထားၾကသူမ်ားပင္။ သူတို႔ကိုမည္သည့္အရာမွသီးသန္႔သင္စရာမလို။ ေမးခြန္းမ်ားထုတ္ၿပီး အပတ္စဥ္စစ္ေဆး႐ုံႏွင့္ပင္ လုံေလာက္ၿပီျဖစ္၏။

ဤေက်ာင္း၏ အားသာခ်က္သည္ Professionေတြကို ေလ့လာခြင့္ေပးထားၿပီး ကိုယ္သြားခ်င္သည့္လမ္းေၾကာင္းႏွင့္ဆိုင္သည့္အရာမ်ားအေၾကာင္းကိုရွင္းျပေပးသည့္ ဆရာမ်ားရွိသည္။ ကိုယ့္ကြၽမ္းက်င္ရာကို မသိလွ်င္လည္း စစ္ေဆးေပးသည္။ စစ္ေဆးၿပီးသည့္ေနာက္ ဝါသနာႏွင့္ထူးခြၽန္သည့္အရာ တစ္ထပ္တည္းမက်လွ်င္ မည္သို႔လုပ္ႏိုင္ေၾကာင္းလမ္းျပေပး၏။

လူတစ္ေယာက္တြင္ ဝါသနာတစ္ခုေတာ့အနည္းဆုံးရွိသည္။ ေမြးရာပါထူးခြၽန္သည့္အရာမ်ားလည္း ရွိ၏။ ဝါသနာႏွင့္ ေမြးရာပါထူးခြၽန္မႈ ထပ္တူက်လွ်င္ေတာ့ ထိုလူသည္ကံအေကာင္းဆုံးလူသားျဖစ္သည္။ ဥပမာ - အဆိုပညာကိုဝါသနာပါသည္ဆိုပါစို႔။ သို႔ေပမဲ့ ကိုယ့္အသံက ေတးသံရွင္အဆင့္ေလာက္သာရွိသည္ဆိုလွ်င္ ထူးခြၽန္ရာေနာက္ကိုအရင္လိုက္သင့္သည္။ ႀကိဳးစားလွ်င္ျဖစ္ႏိုင္ေသာ္လည္း လူ႔သက္တမ္းသည္ တိုတိုေလးျဖစ္၏။

ထူးခြၽန္ရာကိုအရင္လုပ္လွ်င္ေတာ့ လူ႔သက္တမ္းသည္ရွည္ေကာင္းရွည္ႏိုင္သည္။ ထူးခြၽန္ၿပီးသားအရာကို ပိုထူးခြၽန္ေအာင္လုပ္ရသည္မွာ ပို၍ျမန္၏။ ထိုနယ္ပယ္တြင္ ေအာင္ျမင္ေအာင္လုပ္ၿပီးမွ ဝါသနာကို စိတ္ႀကိဳက္လုပ္ႏိုင္သူမ်ားသည္ ဘဝ၏ စိန္ေခၚမႈမ်ားကို ေအာင္ႏိုင္ၾကသူမ်ားျဖစ္ၾကသည္။ ဤေက်ာင္းသည္ ထိုကဲ့သို႔ေသာ Mindsetမ်ားကိုထည့္ေပးၿပီး ကေလးေတြကိုလမ္းၫႊန္ႏိုင္ေသာေက်ာင္းျဖစ္၏။

စဝ္မင္းႏြယ္ဧကရာဇ္ ကန္တင္းသို႔ေရာက္လာတိုင္း ေငးေမာသူအမ်ားအျပားရွိသည္။ သူ႔အရွိန္အဝါႏွင့္သူရွိၾကၿပီးျဖစ္ေသာ သူေဌးသားမ်ားၾကားတြင္ ဂုဏ္ထူးေဆာင္ေက်ာင္းသားတစ္ေယာက္ကဲ့သို႔ အၿမဲလင္းလက္ေနသူ။ ဘယ္သူ႔ကိုမွမၾကည့္သလို ဂ႐ုမစိုက္ဘဲ သူထိုင္ေနက်ေနရာတြင္ထိုင္ကာ ၿငိမ္ၿငိမ္သက္သက္ထမင္းစားတတ္သည္။

ဒီရက္ပိုင္းအတြင္း စကားတစ္ခြန္းနာမည္ႀကီးေန၏။

'ေယာက္်ားေလးမ်ားအားလုံးသည္ စဝ္မင္းႏြယ္ဧကရာဇ္အတြက္ ေကြးလိုစိတ္အျပည့္ရွိၾကသည္'တဲ့။

မည္သူက စေျပာလိုက္မွန္းမသိေသာ္ျငား ထိုစကားသည္ နာမည္အေတာ္ႀကီးသြားခဲ့သည္။ အတန္းငယ္မွေက်ာင္းသားမ်ားပင္ လာၾကည့္ၾကသည္အထိ။ ကာယကံရွင္ကေတာ့ မည္သည့္အရာကိုမွဂ႐ုမစိုက္။

အရာအားလုံးကို ဂ႐ုစိုက္ေနသူကေတာ့ ေခါင္မိုးထပ္တြင္ စိတ္ပ်က္လက္ပ်က္ႏွင့္ ေဆးလိပ္ထိုင္ေသာက္ေနသည္။

"ေတာက္!"

ေဆးလိပ္ကိုဖိေခ်ပစ္လိုက္ၿပီးသည့္ေနာက္ က်ယ္ေလာင္ေသာေတာက္ေခါက္သံ။ ၾကားလိုက္ရေသာ သတင္းမ်ားက နားႏွင့္မဆံ့။

ဘာတဲ့...မ်က္ေတာင္ရွည္ေလးေတြကိုဖိကပ္နမ္းပစ္ခ်င္တာဆိုပဲ....ေသာက္ရပ္ကျဖင့္ ငါ့ေလာက္မရွည္ဘဲနဲ႔ ငါ့ေကာင္ေလးကိုလာလုခ်င္ေသးတယ္....

စိတ္ကအေတာ္ပင္အခ်ဥ္ေပါက္ေနၿပီ ျဖစ္၏။ ျဖစ္ႏိုင္ရင္ သူ႔ဘုရင္ေလးကို သူ႔ႏွလုံးသားထဲ၌ ခြဲကာထည့္ထားခ်င္သည္အထိပင္။ သူစြဲလမ္းခဲ့ရေသာ ကိုယ္သင္းနံ႔ေလး၊ သူခ်စ္ရေသာမ်က္ေတာင္ေလး၊ ႏႈတ္ခမ္းေလး၊ပါးေလးေတြအားလုံးကို တစ္ျခားေကာင္ေတြက ျပစ္မွားေနၾကသည္မို႔ သူမခံရပ္ႏိုင္ပါ။ သူေတာင္ စိတ္ႏွင့္မျပစ္မွားရက္ခဲ့။ ဖိေခ်ထားေသာစီးကရက္ကို အမႈိက္ပုံးထဲပစ္ထည့္ခဲ့ၿပီး ေအာက္သို႔ျပန္ဆင္းလာလိုက္သည္။

မုန္႔ဆိုင္မွ MILOႏွစ္ဘူးဝယ္လိုက္ကာ တစ္ဘူးကိုေဖာက္ေသာက္လိုက္ၿပီးေနာက္ ေျခလွမ္းတို႔ကိုအတန္းဆီ ဦးတည္လိုက္၏။ သူလစ္သည့္အခ်ိန္က မုန္႔စားခ်ိန္ေရွ႕မွတစ္ခ်ိန္ျဖစ္သည္မို႔ ခုဆိုအတန္းၿပီးေလာက္ၿပီျဖစ္သည္။

အတန္းကိုေရာက္သြားေတာ့ ထူးဆန္းစြာပင္ ထက္ျမက္မရွိ။ ပင္တိုင္တစ္ေယာက္ကေတာ့သူ႔ထိုင္ခုံတြင္ စာထိုင္ေရးေနသည္။ ေဘးခုံမွ ေခးဆက္ကေတာ့ သူ႔လြယ္အိတ္ကိုဖြင့္ကာ တစ္ခုခုရွာေနပုံပင္။ ၾကည့္ရတာ မုန္႔သြားဝယ္ဖို႔ပိုက္ဆံထုတ္ေနပုံရ၏။

ေဘေဘး ထိုေနရာသို႔အျမန္ေလွ်ာက္သြားလိုက္ၿပီး...

ဒုတ္!

MILOဘူးကို ေခးဆက္စားပြဲေပၚသို႔တင္လိုက္ျခင္း။ သူတင္လိုက္တာ ဖြဖြေလးေပမယ့္အသံက်ယ္သြားတာေတာ့မတတ္ႏိုင္။

"မင္းအတြက္ဝယ္လာတာ"

မ်က္လုံးျပဴးၿပီးေၾကာင္ၾကည့္ေနေသာေခးဆက္ကို အသိေပးသလိုေျပာလိုက္ေတာ့မွ....

"ဪ ေအးပါ ေက်းဇူး...မင္းကလည္း အၿမဲအလန္႔တၾကား"

"ငါဖြဖြေလးခ်လိုက္တာပါ...သူ႔ဘာသာအသံက်ယ္တာ..."

ေျပာလိုက္ၿပီးေနာက္ သူတို႔ေရွ႕က ထိုင္ခုံတစ္လုံးကို ေနာက္ျပန္လွည့္ကာဆြဲယူလိုက္ၿပီး ေခးဆက္ႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္လိုက္သည္။

"ငါပိုက္ဆံျပန္ေပးမယ္"

"ေနေန မလိုဘူး...ငါဝယ္ခ်င္လို႔ဝယ္လာတာ"

"ၿပီးတာပဲ...ေက်းဇူး...ငါေနာက္မွျပန္ဝယ္ေကြၽးမယ္"

ေခးဆက္ႏွင့္ေျပာေနေပမဲ့ ေဘေဘးမ်က္လုံးတို႔က ဖေယာင္းသြယ္လက္ေခ်ာင္းတို႔ထံေရာက္ေနသည္။ သြယ္သြယ္ရွည္ရွည္လက္ေခ်ာင္းမ်ားက သူ႔ထက္ပင္ပိုရွည္ေလာက္၏။ အေၾကာစိမ္းမ်ားယွက္သြယ္ေနၾကၿပီး လက္ေခ်ာင္းထိပ္ဖ်ားမ်ားက ေသြးေျခဥမတတ္နီျမန္းေနကာ လက္သည္းၾကည္ၾကည္တို႔က ပန္းေရာင္ေျပးေနသည္။ ေမႊးညႇင္းစိမ္းတို႔အနည္းငယ္ရွိေနသည္ကပင္ ျပည့္စုံေနပါ၏။

စာေရးေနသည္ဟုထင္ခဲ့ေသာ္ျငား မဟုတ္။ ပုံၾကမ္းတစ္ခုကိုေရးျခစ္ေနျခင္းသာ။ ခဲသားခြၽန္ခြၽန္က ေ႐ြ႕လ်ားေနေသာ္ျငား ပုံက႐ုပ္လုံးမေပၚေသး။ ခဲတံေလးကိုဖိကိုင္ထားေသာ လက္ေခ်ာင္းထိပ္ဖ်ားေလးမ်ားက ရဲေသြးထေနသည္။

"ဒါနဲ႔ မင္းက ခုဏအခ်ိန္ေျပးတာလား... ဘယ္သြားၿပီးဘာလုပ္ေနတာလဲ"

"ေခါင္းမိုးထပ္မွာေဆးလိပ္သြားေသာက္တာ"

"ဘာ!"

ေခးဆက္၏ေအာ္သံေၾကာင့္ တစ္ေနရာတည္းကိုေငးစိုက္ၾကည့္ေနရာမွာတုန္တက္သြားရ၏။ ၾကည့္ေနေသာလက္ကေလးသည္လည္း အနည္းငယ္တုံ႔သြားသည္။ ၾကည့္ရတာ သူလည္း ေခးဆက္ေအာ္သံကို လန္႔သြားပုံပင္။

"ဘာလို႔ထေအာ္တာတုန္းဟ"

"မင္းက ဒီအ႐ြယ္နဲ႔ေဆးလိပ္ေသာက္တယ္ေပါ့"

"ေအးေလ ဘာလို႔လဲ...ေခါင္မိုးထပ္မွာ ငါ့လိုအဖြဲ႕ေတြအမ်ားႀကီးပဲ...ၿပီးေတာ့ငါက ၉တန္းကတည္းကေသာက္လာတာ"

ေခးဆက္က ေဘေဘးကိုမ်က္လုံးျပဴးၾကည့္ေနသည္။ ေဘေဘးကေတာ့ သူေျပာခ်င္တာေျပာေနသည္မွာ ဘာအမွားမွမရွိသူလိုပင္။

ထိုစဥ္…

"ဟင္! မင္းႏြယ္...ဘာလို႔လဲ...ငါတို႔စကားမ်ားေနလို႔လား"

ပုံဆြဲေနရာမွ ခဲတံကိုစားပြဲေပၚခ်လိုက္ၿပီး စာအုပ္ပိတ္လိုက္သည္မို႔ ေခးဆက္အံ့ဩစြာေမးလိုက္မိသည္။ မင္းႏြယ္က ဒီလိုလုပ္႐ိုးမွမရွိပဲ။ သူအားသည့္အခ်ိန္တိုင္း ပန္းခ်ီဆြဲေနတတ္သူ။

ေခးဆက္ေျပာလိုက္ေတာ့မွ ေဘေဘးျပန္ၾကည့္လိုက္မိသည္။ မ်က္ႏွာက ပုံမွန္ထက္ပို၍တည္တင္းေနသေယာင္။ ႏႈတ္ခမ္းနီေစြးေစြးတို႔အား တင္းတင္းေစ့ထားသည္။ မ်က္ခုံးတန္းသြယ္သြယ္က အနည္းငယ္ၾကဳတ္ေနပုံပင္။ မ်က္ေတာင္ရွည္မ်ားဝန္းရံထားသည့္ မ်က္ဝန္းတို႔က သူသိမ္းဆည္းေနသည့္ အလုပ္ထံ၌သာ စူးစိုက္ေန၏။မ်က္ေတာင္ရွည္တို႔ကိုျမင္ေတာ့ လူကေဒါသျပန္ထြက္လာသည္။

'ပိတ္က်သြားေအာင္ နမ္းၾကည့္ခ်င္တာ'ဆိုသည့္စကားက နားထဲတဝဲလည္လည္။

"Tsk!!"

စုတ္သပ္ကာ အၾကည့္တို႔ကိုအျမန္လႊဲလိုက္သည္။

ဘာလို႔အဲ့ေလာက္ထိလွေနတာလဲ... အျမင္ကတ္တယ္...

စိတ္မၾကည္၍ ေစာင္ၾကည့္လိုက္ေတာ့ ေမာ့ၾကည့္လာသည့္မ်က္ဝန္းတို႔ႏွင့္ဆုံသည္။ တစ္ဖက္မွ မ်က္ဝန္းမ်ား မသိမ္းခင္...

"King..."

ေခၚလိုက္ေပမယ့္မထူး။

ေအးေလ...စဝ္မင္းႏြယ္ဧကရာဇ္ပဲဟာ...ျပန္ထူးေနမွ ထူးဆန္းေနဦးမယ္...

ျပန္မထူးေသာ္ျငား မ်က္ဝန္းတို႔ကသိမ္းမသြားသည္မို႔…

"ငါနဲ႔ခင္မလား"

ေမးလိုက္ေတာ့မ်က္ေမွာင္ၾကဳတ္သြားသည္။ ဘာမွေတာ့ျပန္မေျပာ။

"အဟမ္း...ငါတို႔သူငယ္ခ်င္းလုပ္ၾကမယ္ေလ"

ေျပာေျပာဆိုဆိုႏွင့္လက္ကိုဆန္႔တန္းကာ ကမ္းလိုက္ၿပီးမွ ကိုယ့္အရွက္ကိုယ္ခြဲေနမိမွန္းသတိရေတာ့သည္။ ေခးဆက္ကိုကူကယ္ရာမဲ့စြာၾကည့္လိုက္ေတာ့ ၿပဳံးစိစိႏွင့္သူ႔ကိုၾကည့္ေန၏။

အရွက္ေတာ့အကြဲမခံႏိုင္။ ဘယ္ဘက္လက္ကိုကမ္းေပးထားသည္မို႔ တစ္ဖက္မွ ဘယ္ဘက္လက္ကို ဆြဲကိုင္ကာ ကိုယ့္ဘာသာ Shakeလုပ္လိုက္သည္။

"အဟဲ ငါတို႔သူငယ္ခ်င္းျဖစ္ၿပီေနာ္"

မ်က္ႏွာခ်ိဳေသြးကာေျပာလိုက္ေပမဲ့ တစ္ဖက္လူက ဝစီပိတ္က်င့္ေနပုံရသည္။ အေကာင္ပိစိေလးသာဆို ဆြဲဆတ္ၿပီးနမ္းပစ္မိေလာက္ေသာ္လည္း ဟိုကတြန္းဖယ္တာေတာင္ သူ႔မွာ ဒဏ္ေၾကေဆးလိမ္းရသည့္အေျခအေနေပမို႔...။

လက္ကို သူ႔ဘက္ကလႊတ္မေပးေပမယ့္ တစ္ဖက္မွလည္း႐ုန္းဖယ္မသြား။ သူ႔ကိုလည္းအဖတ္လုပ္စကားမေျပာ။ မ်က္လႊာကိုခ်သြားကာ စာအုပ္တစ္အုပ္ကိုလွန္ကာဖတ္ေနသည္။

ဘာလဲဟ...ငါ့ကိုရွိတယ္လို႔ေတာင္မသတ္မွတ္တာလား...

တစ္ခါမွ ဒီလိုလွစ္လ်ဴရႈတာမ်ိဳး မခံရဖူးတာမို႔ စိတ္ကေပါက္သြားသည္။ မိမိလက္ထဲတြင္ဆုပ္ကိုင္ထားေသာ လက္တစ္ဖက္အားၾကည့္ကာ လူယုတ္မာအၿပဳံးတစ္ခုၿပဳံးလိုက္၏။ ေခးဆက္ကေတာ့ မ်က္လုံးအျပဴးသားႏွင့္ၾကည့္ေနဆဲ။

ဘယ္ဘက္လက္မအားသည္မို႔ ညာဘက္လက္ျဖင့္ ကုလားထိုင္ကိုဆြဲကာ ေရွ႕တည့္တည့္သို႔သြားထိုင္လိုက္သည္။ စာၾကည့္ေနေသာ မ်က္ဝန္းတို႔က သူ႔အားအနည္းငယ္မွ်ဂ႐ုမစိုက္။

ရတယ္ေလ...ဟင္းဟင္း....

လက္ထဲတြင္ရွိေနေသာ လက္တစ္ဖက္ကို မိမိလက္တစ္ဖက္ေပၚတြင္တင္ကာ ေနာက္လက္တစ္ဖက္ျဖင့္ လက္ေခ်ာင္းတစ္ခုစီကိုထိတို႔ၿပီး စိမ္ေျပနေျပေဆာ့ေနလိုက္သည္။ သူ႔လက္ဖဝါးကိုျဖန္႔ ကိုယ့္လက္ဖဝါးထည့္ကာ တိုင္းၾကည့္ေတာ့ သူ႔လက္ဖဝါးကအနည္းငယ္ပိုျပန္႔ကာ လက္ေခ်ာင္းတို႔ကပိုရွည္ေန၏။ ေဘေဘး ႏွာေခါင္းရႈံ႕လိုက္မိသည္။

ေအး... အကုန္ငါ့ထက္ရွည္ေနလိုက္...

ပန္းေရာင္ေျပးေသာလက္သည္းမ်ားကို ေသခ်ာတစ္ေခ်ာင္းခ်င္းၾကည့္သည္။ ေမႊးညႇင္းစိမ္းတို႔အား လက္ညႇိဳးလက္မျဖင့္ညႇပ္ကာအနည္းငယ္ဆြဲေဆာ့သည္။ အႀကိဳက္ဆုံးကေတာ့ လက္ေခ်ာင္းထိပ္တို႔ကိုဖိလိုက္သည္ႏွင့္ ရဲရဲထသြားျခင္း။ လက္ညႇိဳးတြင္ဝတ္ဆင္ထားေသာ လက္စြပ္ကိုလည္း ေသခ်ာၾကည့္လိုက္မိ၏။

"ဒါက ဘာေကာင္လဲ King..."

ဘာေျဖသံမွ ထြက္မလာ။ ရင္တထိတ္ထိတ္ႏွင့္ၾကည့္ေနရေသာေခးဆက္က မေနႏိုင္ေတာ့ဘဲ...

"တိုးနယားလို႔ေခၚတယ္...ငါတို႔မ်ိဳးႏြယ္ေတြ တန္ဖိုးထားတဲ့ ဒ႑ာရီလာသတၱဝါတစ္မ်ိဳးပဲ"

"ဪ နဂါးနဲ႔ေတာင္တူေသး...ငါဝတ္ၾကည့္ခ်င္တယ္...ခြၽတ္မယ္ေနာ္"

လက္နာမည္စိုး၍ ျဖည္းျဖည္းခ်င္းဆြဲခြၽတ္ေသာ္လည္း မည္သည့္အဆစ္မွ်မရွိေသာလက္မွလက္စြပ္သည္ တုပ္တုပ္မလႈပ္ေပ။ ေခးဆက္လည္း ကာယကံရွင္ကဘာမွမေျပာသျဖင့္ ဝင္မေျပာျဖစ္။ ဒီတိုင္းသာစိုးရိမ္တႀကီးၾကည့္ေနမိသည္။ ေဘေဘးကလည္း လုံးဝလက္မေလွ်ာ့။
အားႀကိဳးမာန္တက္ခြၽတ္ၾကည့္ေနစဥ္…

"လက္စြပ္ကခြၽတ္လို႔မရဘူး...ဖယ္ေတာ့!"

အသံက ၾကည္ၾကည္ျပတ္ျပတ္ထြက္ေပၚလာသည္။ ေဘေဘး၏ လႈပ္ေဆာင္မႈမ်ားအားလုံးရပ္တန႔္သြား၏။

"ဟမ္ အဲ...ဘာလို႔ခြၽတ္မရတာလဲ...ခုေတာင္ခြၽတ္မရရင္ ေနာက္ဆိုဘယ္လိုလုပ္မလဲ...ခုခြၽတ္ၾကည့္သင့္တာေပါ့"

အားႀကိဳးမာန္တက္ေျပာလိုက္ေသာသူ႔ကို ဘာမွဆက္ေျပာခ်င္စိတ္မရွိေတာ့သည့္အလား မ်က္လႊာျပန္ခ်သြားသည္။

"ဝါေတာ္ ၈၀ရဘုန္းေတာ္ႀကီးလိုပဲ"

မေက်မနပ္တိုးဖြဖြေရ႐ြတ္လိုက္ၿပီးမွ ၾကားသြားမလားဆိုၿပီးျပန္ၾကည့္ေတာ့ မၾကားပုံပင္။

"ႏိုရာ...အဲ့ဒါက သိဒၶိတင္ထားတဲ့လက္စြပ္...ခြၽတ္ခ်င္တိုင္း ခြၽတ္လို႔မရဘူး"

ေခးဆက္ကမေနႏိုင္စြာျဖင့္ ထပ္မံ၍ ဝင္ေျပာလာျခင္း။

"သိဒၶိတင္ထားတာ? ဪ...ငါစာအုပ္ေတြထဲမွာေတာ့ဖတ္ဖူးတယ္...အျပင္မွာလည္းတကယ္ရွိတာကိုး..."

ထို႔ေနာက္ လက္စြပ္ကိုလွစ္လ်ဴရႈလိုက္ၿပီး လက္ေခ်ာင္းတို႔ကိုယွက္သြယ္ကာဆုပ္ကိုင္ထားလိုက္သည္။ ပိုင္ရွင္ကေတာင္လက္ခံတာ၊ သူကဘာလို႔အသားမယူရဲရမွာလဲ။

"King...ဘာဖတ္ေနတာလဲ..."

လက္ကိုဆုပ္ကိုင္ထားရင္းမွ ခါးကိုကိုင္းကာ စာအုပ္ကိုကုန္းၾကည့္သည္။ ပန္းခ်ီႏွင့္ဆိုင္သည့္အရာမ်ားမို႔ သူသိပ္နားမလည္။

"ဘာႀကီးေတြလဲ"

မ်က္ႏွာခ်င္းဆိုင္မွ ထိုင္လ်က္သားကေန  ခါးကိုင္းကာ စာအုပ္ကိုကုန္းၾကည့္ေနသည္မို႔ ေခါင္းက King၏ရင္ခြင္ႏွင့္ နီးေနသည္။ ေဘေဘးကလုပ္ခ်င္တာလုပ္ေနေပမဲ့ သူ႔ကိုေရွာင္ေနရသည့္သူကိုၾကည့္ၿပီး ေခးဆက္တစ္ေယာက္ အသက္ပင္ေအာင့္ထားမိ၏။

ရန္ျဖစ္လွ်င္လည္း ထဆြဲႏိုင္ေလာက္သည့္ဗလ သူ႔မွာမရွိ....

"နားမလည္ရင္ဖယ္ေတာ့"

ေခးဆက္ ေတာ္ေတာ္ပင္အံ့ဩေနၿပီျဖစ္သည္။

မင္းႏြယ္က ႏွစ္ႀကိမ္ေတာင္စကားေျပာတယ္? ေျပာသမွ်ကလည္း အင္းနဲ႔ဟင့္အင္းမဟုတ္ဘူး...

ေခးဆက္ ေဘေဘးကိုတစ္လွည့္၊ မင္းႏြယ္ကို တစ္လွည့္ၾကည့္ေနမိ၏။ ပထမတစ္ခြန္းတုန္းကေတာင္ ဒီေလာက္မအံ့ဩေပမဲ့ ဒုတိယတစ္ခြန္းထပ္ထြက္လာေတာ့ မအံ့ဩဘဲမေနႏိုင္ေတာ့။ MILOစုပ္ေနသည့္ပိုက္ကေလးပင္ ႏႈတ္ခမ္းမွလြတ္ထြက္သြားရသည္အထိ။

ေဘေဘးကေတာ့ ေျခေလးတစ္ဖက္ဝင္ပါရေစ၊ လက္ေလးတစ္ဖက္ဝင္ပါရေစႏွင့္ တစ္ကိုယ္လုံးဝင္ဖို႔ႀကိဳးစားေနသည့္အလား။

ဆုပ္ထားသည့္လက္ကိုလည္းလႊတ္မေပး။ မ်က္ႏွာခ်င္းဆိုင္အေနအထားမို႔ King၏ ဘယ္ဘက္လက္ေခ်ာင္းမ်ားႏွင့္ ေဘေဘး၏ ညာဘက္လက္ေခ်ာင္းမ်ားက အခ်င္းခ်င္းယွက္သြယ္ကာ ခ်ိတ္ဆက္ေနၾကသည္။

"အိုက္ယား...ေမႊးလိုက္တာ...အဲ့ဒါဘာေရေမႊးလဲဟင္...ငါ့ကိုေျပာျပ"

ေဘေဘး၏ ခႏၶာကိုယ္တစ္ပိုင္းေလာက္က King၏ စားပြဲေပၚေရာက္ေနသည္။ မ်က္ႏွာက King၏ ရင္ခြင္ႏွင့္နီးကပ္စြာ။ ႏွာေခါင္းကလည္း တရႈံ႕ရႈံ႕လုပ္ေနေသးသည္။

"ဟင္? ဘာေရေမႊးလဲလို႔"

ထိုအေနအထားအတိုင္း ေမာ့ေမးေတာ့ King၏ ေမးဖ်ားႏွင့္ ေဘေဘး၏ ႏွာသီးဖ်ားေလးက နီးကပ္စြာ။ ေဘေဘးအေနႏွင့္ အေဖေတြကိုအၿမဲကပ္ခြၽဲေနသူမို႔ ဤအေနအထားကိုရွက္မေန။ ရွက္ေနသူ၏ မ်က္ႏွာခပ္ရဲရဲအား ေအာက္ကေနစီးၿပီးျမင္ေနရသည္မို႔ ခပ္ညစ္ညစ္အေတြးတို႔ကဝင္လာကာ....

"Fuuuu...."

ေမးဖ်ားကိုေလႏွင့္မႈတ္လိုက္ေတာ့ ဆုပ္ကိုင္ထားသည့္လက္တို႔က တင္းခနဲ။

"ကိုကိုKingတို႔က သိပ္မာနႀကီးတာပဲ ဟြန္း...."

စခ်င္လြန္းလို႔ေျပာလိုက္ေပမဲ့ အူယားရသည္က ကိုယ္ကိုယ္တိုင္။

"အဟြတ္...အဟြတ္....အဟြတ္...."

ေဘးမွေခးဆက္တစ္ေယာက္ MILOသီးကာမ်က္ႏွာကိုလက္ႏွင့္အုပ္ၿပီး ေခါင္းငုံ႔ေခ်ာင္းဆိုးေတာ့သည္အထိ ျဖစ္သြား၏။ ထိုစဥ္အခိုက္ ေဘေဘး၏ေခါင္းေလးသည္ အက်ႌပုခုံးစြန္းျဖဴျဖဴေလးထက္ဆီသို႔ စကၠန္႔ဝက္ေလာက္လွစ္ခနဲ...။

"ေဘး ႏို ရာ!!!"

အံႀကိတ္ၿပီးေခၚလိုက္သံသည္ ျပတ္ျပတ္သားသား။ ေခးဆက္ေမာ့ၾကည့္လိုက္ခ်ိန္တြင္ ေဘေဘးက သူ႔ေဘးနားေရာက္ေနၿပီျဖစ္ကာ ေက်ာကိုဖြဖြလာပုတ္ေပးၿပီး....

"ဘယ္သူကလုေသာက္လို႔ တစ္ေယာက္တည္းသီးေနတာတုန္း"

အသံ၌ရယ္ျမဴးရိပ္အနည္းငယ္စြက္ေန၏။ မ်က္လုံးတို႔ကလည္း လျခမ္းေကြးကဲ့သို႔။

မင္းႏြယ္ကိုၾကည့္လိုက္ေတာ့ နား႐ြက္ဖ်ားေတြရဲတြတ္ေနကာ ပန္းေသြးေရာင္ေျပးေသာမ်က္ႏွာသည္ အနည္းငယ္ရင့္ေနသေယာင္။

ထိုစဥ္ ေက်ာင္းသားမ်ား တစ္ေယာက္ၿပီး တစ္ေယာက္ အတန္းထဲဝင္လာၾကသည္မို႔…

"ငါသြားေတာ့မယ္"

ေဘေဘးက သူလွည့္ထားေသာ ထိုင္ခုံကို ေနရာတက်ျပန္ထားလိုက္ၿပီး သူ႔ေနရာသူျပန္သြားေတာ့သည္။

ေဘေဘးတို႔ေနာက္တန္းဘက္မွ ရယ္သံမ်ားကဆူညံစြာ။ ဆရာမဝင္လာေသာအခ်ိန္မွ အားလုံးၿငိမ္သြားၾကေတာ့၏။

________________________________________________________________________

Continue Reading

You'll Also Like

4.7K 297 10
ေလာကႀကီးကို ႏႈတ္ဆက္ေတာ့မယ္ လူသားေလးကို ခ်စ္မိခဲ့တဲ့ လူသားတစ္ဦး 🍁 သင့္ စိတ္ေတြ ေပါက္ကြဲဖို႔ ထြက္ေပါက္ရွာေနပါသလား 🤡 ဒီ fic ေလးကို ဖတ္ၾကည့္လိုက္ၿပီ...
60.7K 4.7K 16
နေ့ ည မပြတ် သတ်နေရလည်း မင်းကိုဘဲချစ်တယ်(မင်းခြွေရံ) ခဗျားကြီးကို ချစ်မိသွားလိမ့်မယ်လို့ လုံးဝမထင်ခဲ့မိဘူး(မိုးစက်ညီ) အရာအားလုံးကို ငွေနဲ့ဝယ်လို့ရသလို...
9.2K 356 15
Love Story of ခွန်းဉာဏ်ရှိန်+အက္ခရာ Love Story of ျခန္းဉာဏ္ရိြန္+အကၡရာ ဇာတ်လမ်းပါ အကြောင်းအရာနှင့်ဇာတ်ကောင်များသည် စာရေးသူ၏ စိတ်ကူးယဥ် အတွေးမျှသာဖြစ်...
1.2M 91.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.