မနီးချင်...မဝေးချင်||complete...

By Shino1220

69K 7.9K 1.4K

BL x OC More

အခန်း◀၀၁▶
အခန်း◀၀၂▶
အခန်း◀၀၃▶
အခန်း◀၀၅▶
အခန်း◀၀၆▶
အခန်း◀၀၇▶
အခန်း◀၀၈▶
အခန်း◀၀၉▶
အခန်း◀၁၀▶
အခန်း◀၁၁▶
အခန်း◀၁၂▶
အခန်း◀၁၃▶
အခန်း◀၁၄▶
အခန်း◀၁၅▶
အခန်း◀၁၆▶
အခန်း◀၁၇▶
အခန်း◀၁၈▶
အခန်း◀၁၉▶
အခန်း◀၂၀▶
အခန်း◀၂၁▶
အခန်း◀၂၂▶
အခန်း◀၂၃▶
အခန်း◀၂၄▶
အခန်း◀၂၅▶
အခန်း◀၂၆▶
အခန်း◀၂၇▶
အခန်း◀၂၈▶
အခန်း◀၂၉▶
အခန်း◀၃၀▶
အခန်း◀၃၁▶
အခန်း◀၃၂▶
အခန်း◀၃၃▶
အခန်း◀၃၄▶
အခန်း◀၃၅▶
အခန်း◀၃၆▶
အခန်း◀၃၇▶
အခန်း◀၃၈▶
အခန်း◀၃၉▶
အခန်း◀၄၀▶
အခန်း◀၄၁▶
အခန်း◀၄၂▶
အခန်း◀၄၃▶
နိဂုံး
နိဂံုး

အခန်း◀၀၄▶

1.7K 220 11
By Shino1220

'' သားေလး ... သားေလး ... ကိုခ်မ္း ... ''

နိုးတဝက္ေပ်ာ္တဝက္နဲ႕ ခ်မ္း ပခုံးကို အသာအယာလႈပ္ကာ ပုတ္ကာ ေမေမကႏွိုးေနေလသည္။

'' ခ်မ္းကေလး ... ထေတာ့ေလ ... ဒီေန႕ၿခံထဲလိုက္ရမယ္လို႔ ဘြားေျပာထားတယ္ မဟုတ္လား ... ''

မနက္ေစာေစာထဖို႔ခက္တဲ့ခ်မ္းသည္ ဟိုးအရင္ကပင္လ်င္ မနက္ေစာေစာတက္ရသည့္က်ဴရွင္ခ်ိန္ေတြကိုအၿမဲေနာက္က်တတ္သျဖင့္ ဒဏ္ေပးခံေနရက်ပါေပ။အခုေတာ့ အလုပ္လုပ္ဖို႔ျဖစ္သျဖင့္ပိုၿပီးမထခ်င္.. ခ်မ္းက ေမေမ့အသံကို ၾကားေနလ်က္ကပင္ ေပကပ္ၿပီးတစ္ဖက္ကိုလွည့္လိုက္ကာ ေခါင္းအုံးေတြၾကားထဲမ်က္ႏွာဖြက္၍ဆက္အိပ္ဖို႔ႀကိဳးစားသည္။

'' သားေလး ... ထေတာ့လို႔ ''

ခါတိုင္းဆို ဒါေလာက္နဲ႕မရရင္ ေမေမက ထားခဲ့ၿပီး ခဏေနေလာက္မွ တစ္ခါျပန္ကာလာႏွိုးတတ္သည္။အခုေတာ့ ဆက္ၿပီး တိုးတိုးသာသာႏွိုးေနတာမို႔ ခ်မ္း အိပ္ခ်င္မူးတူးနဲ႕ပင္ ကုန္း႐ုန္းကာ ထထိုင္လိုက္ရ၏။မ်က္လုံးမပြင့္ပဲ ပ်င္းပ်င္းရိရိ ေခြေခြလိမ္လိမ္ထထိုင္ေနေသာသားကို ေမေမက ခ်စ္ခင္စြာၿပဳံးၾကည့္ရင္း ...

'' ပ်င္းမေနနဲ႕ သားေလးရဲ႕ ... ခဏေန ကိုကိုကလာေတာ့မွာ... ေတာ္ၾကာမနက္အဆာေျပစားဖို႔ မမွီပဲေနမယ္ ... မ်က္ႏွာသစ္ ေရမခ်ိဳးခ်င္လည္း အဝတ္လဲ ... ''

ဆက္ေျပာေနေသာ စကားေတြကို ခ်မ္းကၾကားတစ္ခ်က္မၾကားတစ္ခ်က္ပါပင္။ကိုယ္ေပၚကေစာင္ကို ဆြဲယူကာ ေခါက္သိမ္းေပးၿပီး အခန္းထဲကမထြက္ခင္ ... ေမေမက ထေတာ့ ... ထေတာ့လို႔ ထပ္ေျပာသြားေသးသည္။ႀကိဳးေတာ့ ႀကိဳးစားတာပဲ မရေတာ့လည္း မတတ္နိုင္ပါ... ေမေမလည္း အျပင္ေရာက္ေရာ ... ခ်မ္းလည္း ေခါင္းအုံးေပၚျပန္ေရာက္ေရာ။ေမွးေမွးေမွးေမွးနဲ႕ ျပန္အိပ္ေပ်ာ္လုမွာ အခန္းတံခါးဖြင့္သံကိုၾကားရျပန္သည္။

ဒီေန႕ေတာ့ ေခ်ာက္ေပါက္ပါလား။ခ်မ္းသည္ စိတ္ထဲကညည္းၫူလ်က္ မ်က္စိကိုဇြတ္တိုးမွိတ္ထားေလသည္။

'' ခ်မ္း ... ဟိတ္ ... ဟိတ္ေကာင္ေလး ... ထ ... ထ ... ငါထင္သားပဲ ... ျပန္အိပ္ေနမွာပဲလို႔ ... ''

လာျပန္ၿပီေနာက္တစ္ေယာက္ ... ဒီေန႕ ဘာလို႔မ်ား လူကိုသိပ္ႏွိုးခ်င္ေနၾကတာတုန္း။ရယ္သံနဲ႕အတူ ေခါင္းကိုတဖတ္ဖတ္အတြယ္ခံလိုက္ရတာမို႔ အတင္းမွိတ္အိပ္ေနသည့္ မ်က္လုံးပင္နည္းနည္းက်ယ္သြားရ၏။

'' အရမ္းကိုအိပ္ေပ်ာ္ေနတာပဲ ... ဒီအတိုင္းႏွိုးလို႔ေတာ့ရမွာမဟုတ္ဘူး ... ငယ္ငယ္တုန္းကလို ခ်ီသြားၿပီး ေရခ်ိဳးကန္ထဲပစ္ခ်လိဳက္မွထင္တယ္ ... ''

ေအာင္မယ္ ... နိုင္လို႔လားမသိ ... ငယ္ငယ္တုန္းကလို ခ်ီသြားရေအာင္ ခ်မ္းက ငယ္ငယ္တုန္းကလို လက္တစ္ဖက္ေပြ႕စာပဲရွိတဲ့ ေသးေသးေလးက်လိဳ႕ ...သူကေလသိပ္က်ယ္ေနတာ...

တိတ္တိတ္ေလး ႏႈတ္ခမ္းေလးမဲ့ ကဲ့ရဲ႕ေနေသာ ခ်မ္းက ... လည္ပင္းေအာက္ထဲ လက္တစ္ဖက္လ်ိဳဝင္လာလ်င္ေတာ့ ဇြတ္ေပအိပ္မေနရဲပဲ လန႔္ျဖန႔္သြားၿပီးမ်က္လုံးေတြဖြင့္ကာ အိပ္ရာေပၚကအျမန္ေလ်ာဆင္းလိုက္ရပါသည္။

'' ဟင္ ...ကိုကိုေနာ္ ... နိုးၿပီ ... နိုးၿပီ ... ''

'' နိုးတာကလည္း ျမန္လိုက္တာ ... ေရေတာင္တကယ္မႏွစ္လိုက္ရဘူး ''

တမန္က ခါးေထာက္ၿပီးဟက္ဟက္ပက္ပက္ရယ္ေနသည္..ၾကမ္းျပင္ကို ေျခတစ္ခ်က္ေဆာင့္လိုက္ရင္း...ခ်မ္း စိတ္ဓာတ္က်သြားရ၏၊သြားပါၿပီ ... မ်က္လုံးေတြလည္းက်ယ္ကုန္ၿပီ ... အိပ္ေရးေတြလည္းပ်က္ကုန္ပါၿပီ။အဲ့ဒီကိုကိုဟာ ... သူမ်ားကို ႏွိပ္စက္ဖို႔ကို သိပ္စိတ္ပါလက္ပါ တက္ႂကြအားရစြာေဆာင္႐ြက္ေနေတာ့တာပဲ ...

ဘြားဘြားလည္းအတူတူပဲ ...

ေျပာေတာ့ ခ်စ္လွခ်ည့္ ခ်စ္လွခ်ည့္နဲ႕ ... တစ္ဦးအျပင္မရွိေသာ ဒီေျမးကေလးကို ... ၿခံထဲသြားၿပီး အလုပ္ၾကမ္းႀကီးေတြ လုပ္စမ္း... ဟု ရက္စက္စြာ အျပစ္ေပးရက္ေလသည္။ဟိုတစ္ေယာက္ကလည္း ဘယ္ေလာက္မ်ားခိုင္းခ်င္ေနတယ္မသိ ... တစ္ရက္ပင္မဆိုင္း ... မနက္မိုးမလင္းခင္ပင္ သူမ်ားအိမ္ေရာက္လာကာ ... အိပ္ရာထဲကဆြဲထုတ္ၿပီးကိုေခၚယူသည္။ကိုယ့္အျပစ္နဲ႕ကိုယ္ဆိုေတာ့လည္းသည္းခံေနရ၏....တကယ္ေတာ့ ဘယ္သူကေကာ စာေမးပြဲက်ခ်င္လို႔က်ပါ့မလဲ.... မတတ္နိုင္လို႔သာ က်ရတာေပါ့။ဒီအခ်ိန္မွာ စိတ္အဆင္းရဲဆုံးကေကာ ကာယကံရွင္ထက္ ဘယ္သူကပိုနိုင္ဦးမလဲ..

ဒါကိုပဲ... က်ရေကာင္းလားလို႔... အျပစ္ျမင္ခ်င္ၾကေသးတာမ်ား... အံ့ဩစရာပါေပ။

" ဒီႏွစ္ စာေသခ်ာက်က္ပါ့မယ္လို႔ ဘြားကိုေျပာေပးလို႔မရဘူးလား.. ေမေမရယ္..... ခ်မ္းျဖင့္ အပင္ဆို ျမက္ပင္ေလာက္ပဲသိတာကို...."

ဘာမဆိုေရွ႕ကဖုံးဖိကြယ္ကာေပးေနက်ေမေမ့ကို အားကိုးတႀကီးေညာင္နာနာေလးနဲ႕...ကပ္ေျပာၾကည့္ေသးသည္။ဘြားၾကားသြားေသာအခါ။

" ၿခံထဲမလိုက္ခ်င္ရင္... သိဒၶိနဲ႕... ႐ုံးလိုက္တက္... စာရင္းအင္းလိုက္သင္ေခ်.."တဲ့

တစ္ခါထဲပါးစပ္ပိတ္သြားရ၏....သိဒၶိလက္သံကို ငယ္ငယ္ေလးထဲက ေနာေက်ေအာင္သိဖူးၿပီးသားေလ... သူနဲ႕သာ႐ုံးလိုက္ရရင္..ဘယ္နည္းနဲ႕မွ သက္သာမွာမဟုတ္...နည္းနည္းေလာက္ဂ်ီက်မိရင္...အထုခံရလို႔ အာလူးဘုသီးထၿပီး ၾကယ္ေတြလေတြ ျမင္သြားရလိမ့္မည္။ကိုကိုတမန္ကေတာ့...ခ်မ္း ဘာလုပ္လုပ္။ဒါေပမယ့္... သိပ္လိုက္ခ်င္ေနတဲ့ပုံေတာ့ ျပထားလို႔မရ.... နည္းနည္းေတာ့ ကလန္ကဆန္လုပ္ထားဦးမွ... မဟုတ္ရင္...ေက်နပ္တယ္ထင္ၿပီး သိပ္ခိုင္းေနဦးမည္။

'' ေစာေစာစီးစီး သူမ်ားကို ဒုကၡေပးဖို႔ထလာရတာ ... ကိုကို မ်က္ႏွာေကာသစ္ခဲ့ရရဲ႕လား ... သိပ္ပင္ပန္းေနဦးမယ္ ... ''

ေရခ်ိဳးခန္းထဲမဝင္ခင္ ... ခါးေထာက္ကာရပ္ၾကည့္ေနေသာ တမန႔္ကို မ်က္ေစာင္းႀကီးလွည့္ထိုးလိုက္ေတာ့ ... တမန္က ပါးခ်ိဳင့္ကေလးေပၚေအာင္ပင္ လွစ္ခနဲၿပဳံးရယ္ျပေလသည္။ကိုကို႔ပါးခ်ိဳင့္က ပါးေပၚမွာမဟုတ္ ႏႈတ္ခမ္းေဘးဘက္ တဖက္တခ်က္မွာ ေဒါင္လိုက္ရွည္ရွည္ကေလးေတြ။ၿပဳံးရယ္လိုက္တိုင္း နစ္ဝင္သြားတတ္တာ သိပ္ကိုႏွစ္လိုစရာပါေပ။

'' ရဲရင့္ခ်မ္းမြန္ကို ႏွိပ္စက္ဖို႔ တစ္သက္မွာ တစ္ခါရတဲ့အခြင့္အေရးပဲ ... မနက္ငါးနာရီထဲကအိပ္ရာထတာဗ် ... ထမင္းပါစားခဲ့ၿပီ ''

တမန္ကေျဖရင္းရယ္ခ်င္လာတာမို႔ ခ်မ္းကိုမခံခ်င္ေအာင္ေျပာရင္း ေရာကာၿပဳံးပစ္လိုက္သည္။ခ်မ္းေျပာလည္း ေျပာခ်င္စရာေကာင္းေအာင္ ... သူဒီေန႕ တကယ္ကို အေစာႀကီးနိုးေနတာပါ ... ခါတိုင္းထက္ နာရီဝက္ေလာက္ပင္ ေစာကာျပင္ဆင္ၿပီးစီးေနတဲ့ သူ႕ကို ေမေမကပင္ ငါ့သားဒီေန႕ေစာလွခ်ည္လား လို႔အံ့ၾသေနရေသး၏။

'' ဟိုေကာင္ေလးကို ဝင္ေခၚရမွာမို႔လို႔ ေမေမ ... သူ႕ကိုက အိပ္ရာထဲကႏွိုးထုတ္ရေလာက္မွာ ... ဒါေၾကာင့္ တမင္ေစာသြားမလို႔ ... ''

ေမေမကသားရွက္မွာစိုးတာမို႔ မျမင္ေအာင္ၿပဳံးေပမယ့္ ျမင္ျဖစ္ေအာင္ျမင္ကာ တမန႔္မွာ မႀကီးမငယ္နဲ႕ ရွက္ကိုးရွက္ကန္းျဖစ္ရေသးသည္။ဒီေရာက္ေတာ့လည္း ထင္တဲ့အတိုင္း။အန္တီဝင္နီကလည္း သူ႕သားကိုစိတ္ခ်စြာ... ႏွိုးၿပီးပစ္ထားခဲ့ေလသည္။ဒါမ်ိဳးေတာ့ ခ်မ္းတို႔က... ေနာက္ေန႕ကူးေတာင္ထမွာမဟုတ္.... တမန္တက္လာေတာ့.. သူကအိပ္ေနလိုက္တာ ေကြးလို႔ေနေပသည္။

" ‌သူမ်ားေရခ်ိဳးခန္းဝင္ေနတုန္း... လက္ေဆာ့ ‌ေျခေဆာ့ မလုပ္နဲ႕ေနာ္... အခန္းထဲက တစ္ခုခုေပ်ာက္ရင္ကိုကိုပဲ...."

"ေၾသာ္..ဟုတ္တယ္... သူ႕အခန္းထဲမွာ စိတ္ေဖာက္ျပန္ေျပာင္းလဲခ်င္စရာ.. ပိုင္ဆိုင္မႈေတြမ်ားတာဆိုေတာ့ ..အ႐ုပ္နဲ႕ မုန႔္အခြံပဲရွိတာမ်ား.."

ခ်မ္းက တသိမ့္သိမ့္ရယ္ကာ တံခါးကိုပိတ္သြားသည္။မ်က္ႏွာသစ္ၿပီး မနက္စာစားေတာ့လည္း ေတာ္ေတာ္နဲ႕မၿပီးေခ်။တမန္သာ သူစားတာထိုင္ေစာင့္ေနရင္း... အန္တီဝင္နီတို႔ အတင္းေကြၽးေနသျဖင့္... ဗိုက္ျပည့္ေနၿပီးသားၾကားက...ထည့္ေသာက္ေနေသာ ေကာ္ဖီ တစ္ခြက္ကုန္သြားသည္။သူက ဂ်ီးမ်ားလို႔ေကာင္းတုန္း။အန္တီဝင္နီနဲ႕ စားဖိုမႉးအန္တီခ်ိဳတို႔ အမ်ိဳးမ်ိဳးလွည့္ပတ္ေခ်ာ့ေမာ့ေကြၽးေတာ့မွ ေကာက္ညွင္းေပါင္းနဲ႕ၾကက္ဥေၾကာ္ကို ထူးဆန္းစြာတြဲဖက္သုံးေဆာင္ၿပီးစီးေလသည္။

" ျမန္ျမန္စားပါ...သားေလးရယ္... ကိုကိုက ေစာင့္ေနရတာ..."

" ေစာင့္ေပ့ေစ... ဘာလို႔အေစာႀကီးလာေသးလဲ.."

ခ်မ္းသည္ သူ႕ကိုအျပစ္ေပးတဲ့ထဲ တတပ္တအားပါဝင္ရမည္လားဟု တမန႔္ကိုပါ မေက်မနပ္မ်က္ေစာင္းထိုးေနေလသည္။ခါတိုင္းထက္ပင္ အခ်ိန္ေစာစီးစြာထြက္လာပါလ်က္ ၿခံထဲကိုလည္းေနာက္က်မွေရာက္ေတာ့မည္။ဒါေတြသိေနလို႔ ဒီေန႕ ဘယ္ေဖာက္သည္ကိုမွ ေစာေစာခ်ိန္းမထားမိတာ မွန္လိုက္ေလျခင္း။ၿခံထဲေရာက္ရင္ေတာ့..ဘယ္ေလာက္အလုပ္ေတြလုပ္ၿပီး...ဘယ္လိုအကူအညီေတြရမည္မသိ... ေလာေလာဆယ္ေတာ့... အလုပ္ေတြရႈပ္လွၿပီ။တကယ့္သူမ်ားအလုပ္သမားဝန္ထမ္းသာဆိုရင္ေတာ့... ဘယ္ႏွစ္ခါအလုပ္ျပဳတ္မွန္းေတာင္သိမွာမဟုတ္ေပ။ ကားေပၚမွာလည္း အမ်ိဳးစုံ ဂ်ီးထူကာလာသည္။

"အေလးအပင္ႀကီးေတြ ထမ္းခိုင္းပိုးခိုင္းဖို႔မႀကံနဲ႕ေနာ္.... လူကအားရွိတာ မဟုတ္ဘူး... ေနပူစပ္ခါးလည္း မလုပ္နိုင္ဘူး...ေခါင္းမူးတတ္တယ္..."

"ေၾသာ္..ဟုတ္ကဲ့... ဘာမွမခိုင္းပါဘူးခင္ဗ်.... စိတ္ခ်ပါ..."

"မခိုင္းပဲမ်ား... ဘာလုပ္ ၿခံထဲအတင္းေခၚေနေသးလဲ..ကိုယ့္ဘာသာသြားေရာေပါ့..."

'' ဟာ ... ဒါျဖင့္လည္း အပင္စိုက္ဖို႔ ေနာက္ေခ်းက်ဳံး ''

တမန္က လက္ကိုသာျမႇောက္ျပလိုက္ခ်င္ေတာ့သည္။အရမ္းကို အလိုလိုက္ထားခဲ့မိတဲ့ ႏွစ္ေတြက ၾကာၿပီေလ... အခုမွထကာ... စည္းကမ္းတင္းက်ပ္ခ်င္မွေတာ့..ဒီလို ေထာ္ေလာ္ကန႔္လန႔္ ေတြပဲျဖစ္လာမွာေပါ့။တမန္က ကားေမာင္းေနရင္း... ေဘးနားမွာထိုင္လ်က္ပါလာသည့္... ခ်မ္းကို အသည္းယားစိတ္တစ္ဝက္..အျမင္ကပ္စိတ္တစ္ဝက္နဲ႕ လွည့္ေငးၾကည့္မိရသည္။အသားျဖဴစြတ္စြတ္မွာ ေနဗီျပာေတာက္ေတာက္ စပို႔ရွပ္ပြပြႀကီးနဲ႕... ခိုျပာေရာင္ ေဘာင္းဘီတိုကေလးကို ဝတ္ထားသည့္ ခ်မ္းက ထင္းလင္းေတာက္ပေန၏။

အန္တီဝင္နီလည္းအသားျဖဴစြတ္တာပဲ... ဒါေပမယ့္ ဆံပင္က်ေတာ့ ညိုေဖ်ာ့သည္ဆို႐ုံကေလး... အန္တီဝင္နီ႕ ... အဘိုးရဲ႕ အေဖက .... လူမ်ိဳးျခားစစ္စစ္ႀကီးတဲ့... ျမန္မာစကားေတာင္ ေကာင္းေကာင္းမေျပာတတ္တဲ့.... ‌တမန႔္ေဖေဖေလသံနဲ႕ေျပာရရင္... တိုင္းတပါးသား။ေသြးက မ်ိဳးဆက္တစ္ဆက္ေက်ာ္စီ ... သိသာထင္ရွားစြာေပၚ လြင္သလားမသိ။ခ်မ္း ငယ္ငယ္တုန္းက.. ဆံပင္ေလးေတြ..နီနီရဲရဲတြန႔္တြန႔္လိမ္လိမ္.... အသားကလည္း ျဖဴလိုက္တာမွ...ပိုးေကာင္ပု႐ြက္ဆိတ္တို႔မ်ား မေတာ္တဆထိမိရင္ ေသြးျခည္ဥသလိုနီရဲမဆုံးေတာ့ေပ။တမန္ဆို ... ခ်မ္းကေလးကိုခ်ီၿပီး ရပ္ကြက္တစ္ပတ္လွည့္ကာႂကြားေနက် ... ပါးေဖာင္းေဖာင္း ႏႈတ္ခမ္းကေလးေတြရဲေနကာ... ဆံပင္နီ ေခြေခြကေလးေတြနဲ႕... အ႐ုပ္ကေလးနဲ႕တူေသာ...ခ်မ္းကေလးကို.... အကၤ်ီ..ေဘာင္းဘီဆင္တူကေလးမ်ား ဝတ္ေပးၿပီး လမ္းေလ်ာက္ထြက္ရင္... ျမင္တဲ့လူတိုင္းက သမီးမိန္းကေလးလို႔ပဲထင္ၾကတာ။ေယာက်ာ္းေလးပါဆိုတာကို ႀကဳံတိုင္းရွင္းျပရသည္။

သုံးတန္းႏွစ္မွာ... အဖ်ားႀကီးၿပီး ဆံပင္ေတြျဖတ္ကာ... ေခါင္းတုံးလိုက္ရၿပီးေတာ့...ျပန္ထြက္လာတဲ့ဆံပင္ကေလးေတြက... အရင္လို ေခြမေနေတာ့ပါ... ႏူးညံ့ေပ်ာ့ ေျပာင္းေနတုန္းေပမယ့္.....လွိုင္းေရးေရးပါ႐ုံကေလးေတြ ျဖစ္သြားၿပီး... အရင္ေလာက္လည္းမနီရဲေတာ့။မ်က္လုံးေလးေတြကေတာ့.. အေရာင္နည္းနည္းေဖ်ာ့သြားေပမယ့္...အနက္ဘက္ကိုကူးမလာ... စိမ္းညိုၿမဲပါပဲ။

"ဘြားက မုန႔္ဖိုး မေပးဘူးတဲ့... လခရတဲ့ထဲကသုံးတဲ့... ဒီအလုပ္ရွင္ကလည္း အလုပ္သမားေတြကို လစာေကာ ေလာက္ေလာက္ငွငွေပးရဲ႕လားမသိ... ကိုကို႔ဆီက လခႀကိဳထုတ္လို႔မရဘူးလား...မရရင္လည္း..ပိုက္ဆံေခ်းကြာ.... အိတ္ကပ္ထဲမွာ ပိုက္ဆံတစ္ျပားေတာင္ မရွိေတာ့ဘူးလို႔ ...သိရဲ႕လား..."

ခပ္လုံးလုံးကေလးနဲ႕ ေဘးအျပန႔္က်ယ္ေသာ ႏႈတ္ခမ္းကေလးကို ခြၽန္ကာ ခြၽန္ကာ ... ခ်မ္းက သူေျပာခ်င္တာေတြေျပာေနေလ၏။ကေလးလိုပ်င္းေနကာ လုပ္ေနမက်တာကိုလုပ္ရမွာမို႔မလုပ္ခ်င္တာကလြဲရင္ သူ႕ကိုအလုပ္လုပ္ခိုင္းရမလား လို႔ၿငိဳၿငိဳျငင္ျငင္ရွိပုံလည္းမေပၚ ပါ။ တလြဲျဖစ္ကာမွျဖစ္ေရာ ... ခိုင္းရင္လည္း ခိုင္းတဲ့အလုပ္ကိုေတာ့ လုပ္လိုက္မွာပဲ။

'' ဒါဘယ္လိုအလုပ္သမားလဲကြာ ... အလုပ္ရွင္က ကားနဲ႕လည္းတင္ေခၚလာရေသးရဲ႕ ... ျမက္တစ္ပင္ေတာင္မႏႈတ္ရေသးဘူး ... လခကလည္းႀကိဳထုတ္ခ်င္ေသးရဲ႕ ...ပင္ပင္ပန္းပန္းကလည္း မခိုင္းရဘူးတဲ့ ... ခင္ဗ်ားလိုအလုပ္မ်ားေတာ့ ကြၽန္ေတာ္လည္း အခုတစ္ရာေလာက္လုပ္လိုက္ခ်င္ေသးတယ္ သိလား ''

'' လုပ္ခ်င္လုပ္ေပါ့ ... ကိုကို႔မွာျဖင့္ ေကြၽးရ ဆင္ရမယ့္ မိန္းမေတြ ကေလးေတြ ရွိတာလည္းမဟုတ္ပဲ ... ဘယ္သူ႕ဖို႔အဲ့ေလာက္ရွာခ်င္ေနတာပါလိမ့္ ''

ခ်မ္းက ေမးေလးေထာက္ကာ ... ေခါင္းကေလးျပန္ငဲ့လ်က္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္နဲ႕ ... သူ႕ကိုၾကည့္ရင္း ၿငီးၿငီးျငဴျငဴဆိုေလသည္။တမန္မေအာင့္နိုင္ပဲၿပဳံးမိရသည္။ဒီပါခ်မ္းျမနဲ႕ စိုက္ပ်ိဳးေရးၿခံရွိရာ ႐ြာက ဘာမွမေဝး ... ခဏႏွင့္ပင္ေရာက္လာ၏။လမ္းမႀကီးကေန ၿခံရွိရာလမ္းသြယ္ဆီ ကားကိုဖဲ့ခ်ိဳးေကြ႕ခ်လိဳက္ရင္း ...

'' အခုမရွိလည္း ေနာက္ရွိလာမွာပဲ ... အဲ့ဒီက်ရင္လုပ္ေကြၽးဖို႔ ခုထဲက ႀကိဳႀကိဳတင္တင္ရွာေဖြစုေဆာင္းထားတာ... ယူမယ့္လူကိုတင္ေတာင္းရမွာေပါ့ စိန္တစ္ဆင္စာ ကားတစ္စီးတို႔ ဘာတို႔ ၾကားဖူးလား ''

'' ဟင္း ေလသံကလည္း ... တကယ္ဆို ကိုယ္ကတသက္လုံးလုပ္ေကြၽးရေတာ့မွာ ... အဲ့ဒီစိန္တစ္ဆင္စာေတြ ... ကားတစ္စီးေတြ ကိုယ့္ကိုေတာင္ တသက္လုံးစာတန္ေအာင္ ... သူကတင္ေတာင္းသင့္ေသးတယ္ ... မဟုတ္ဘူးလား ... ''

အမေလး ... ဒီစကားကို ျမန္မာမိန္းမသားထုႀကီးၾကားမွျဖင့္ ေျပးေပါက္ေတြမွားေတာ့မွာပဲ ...

မဟုတ္ဘူးလား...တဲ့

ဟုတ္ပဗ်ား ... ဟုတ္ပဗ်ား ...

တမန္က စိတ္ညစ္ညစ္နဲ႕ပင္ ၿပဳံးေနမိရသည္။




_____________________________________________________________________________________________________________________________



'' သားလေး ... သားလေး ... ကိုချမ်း ... ''

နိုးတဝက်ပျော်တဝက်နဲ့ ချမ်း ပခုံးကို အသာအယာလှုပ်ကာ ပုတ်ကာ မေမေကနှိုးနေလေသည်။

'' ချမ်းကလေး ... ထတော့လေ ... ဒီနေ့ခြံထဲလိုက်ရမယ်လို့ ဘွားပြောထားတယ် မဟုတ်လား ... ''

မနက်စောစောထဖို့ခက်တဲ့ချမ်းသည် ဟိုးအရင်ကပင်လျင် မနက်စောစောတက်ရသည့်ကျူရှင်ချိန်တွေကိုအမြဲနောက်ကျတတ်သဖြင့် ဒဏ်ပေးခံနေရကျပါပေ။အခုတော့ အလုပ်လုပ်ဖို့ဖြစ်သဖြင့်ပိုပြီးမထချင်.. ချမ်းက မေမေ့အသံကို ကြားနေလျက်ကပင် ပေကပ်ပြီးတစ်ဖက်ကိုလှည့်လိုက်ကာ ခေါင်းအုံးတွေကြားထဲမျက်နှာဖွက်၍ဆက်အိပ်ဖို့ကြိုးစားသည်။

'' သားလေး ... ထတော့လို့ ''

ခါတိုင်းဆို ဒါလောက်နဲ့မရရင် မေမေက ထားခဲ့ပြီး ခဏနေလောက်မှ တစ်ခါပြန်ကာလာနှိုးတတ်သည်။အခုတော့ ဆက်ပြီး တိုးတိုးသာသာနှိုးနေတာမို့ ချမ်း အိပ်ချင်မူးတူးနဲ့ပင် ကုန်းရုန်းကာ ထထိုင်လိုက်ရ၏။မျက်လုံးမပွင့်ပဲ ပျင်းပျင်းရိရိ ခွေခွေလိမ်လိမ်ထထိုင်နေသောသားကို မေမေက ချစ်ခင်စွာပြုံးကြည့်ရင်း ...

'' ပျင်းမနေနဲ့ သားလေးရဲ့ ... ခဏနေ ကိုကိုကလာတော့မှာ... တော်ကြာမနက်အဆာပြေစားဖို့ မမှီပဲနေမယ် ... မျက်နှာသစ် ရေမချိုးချင်လည်း အဝတ်လဲ ... ''

ဆက်ပြောနေသော စကားတွေကို ချမ်းကကြားတစ်ချက်မကြားတစ်ချက်ပါပင်။ကိုယ်ပေါ်ကစောင်ကို ဆွဲယူကာ ခေါက်သိမ်းပေးပြီး အခန်းထဲကမထွက်ခင် ... မေမေက ထတော့ ... ထတော့လို့ ထပ်ပြောသွားသေးသည်။ကြိုးတော့ ကြိုးစားတာပဲ မရတော့လည်း မတတ်နိုင်ပါ... မေမေလည်း အပြင်ရောက်ရော ... ချမ်းလည်း ခေါင်းအုံးပေါ်ပြန်ရောက်ရော။မှေးမှေးမှေးမှေးနဲ့ ပြန်အိပ်ပျော်လုမှာ အခန်းတံခါးဖွင့်သံကိုကြားရပြန်သည်။

ဒီနေ့တော့ ချောက်ပေါက်ပါလား။ချမ်းသည် စိတ်ထဲကညည်းညူလျက် မျက်စိကိုဇွတ်တိုးမှိတ်ထားလေသည်။

'' ချမ်း ... ဟိတ် ... ဟိတ်ကောင်လေး ... ထ ... ထ ... ငါထင်သားပဲ ... ပြန်အိပ်နေမှာပဲလို့ ... ''

လာပြန်ပြီနောက်တစ်ယောက် ... ဒီနေ့ ဘာလို့များ လူကိုသိပ်နှိုးချင်နေကြတာတုန်း။ရယ်သံနဲ့အတူ ခေါင်းကိုတဖတ်ဖတ်အတွယ်ခံလိုက်ရတာမို့ အတင်းမှိတ်အိပ်နေသည့် မျက်လုံးပင်နည်းနည်းကျယ်သွားရ၏။

'' အရမ်းကိုအိပ်ပျော်နေတာပဲ ... ဒီအတိုင်းနှိုးလို့တော့ရမှာမဟုတ်ဘူး ... ငယ်ငယ်တုန်းကလို ချီသွားပြီး ရေချိုးကန်ထဲပစ်ချလိုက်မှထင်တယ် ... ''

အောင်မယ် ... နိုင်လို့လားမသိ ... ငယ်ငယ်တုန်းကလို ချီသွားရအောင် ချမ်းက ငယ်ငယ်တုန်းကလို လက်တစ်ဖက်ပွေ့စာပဲရှိတဲ့ သေးသေးလေးကျလို့ ...သူကလေသိပ်ကျယ်နေတာ...

တိတ်တိတ်လေး နှုတ်ခမ်းလေးမဲ့ ကဲ့ရဲ့နေသော ချမ်းက ... လည်ပင်းအောက်ထဲ လက်တစ်ဖက်လျိုဝင်လာလျင်တော့ ဇွတ်ပေအိပ်မနေရဲပဲ လန့်ဖြန့်သွားပြီးမျက်လုံးတွေဖွင့်ကာ အိပ်ရာပေါ်ကအမြန်လျောဆင်းလိုက်ရပါသည်။

'' ဟင် ...ကိုကိုနော် ... နိုးပြီ ... နိုးပြီ ... ''

'' နိုးတာကလည်း မြန်လိုက်တာ ... ရေတောင်တကယ်မနှစ်လိုက်ရဘူး ''

တမန်က ခါးထောက်ပြီးဟက်ဟက်ပက်ပက်ရယ်နေသည်..ကြမ်းပြင်ကို ခြေတစ်ချက်ဆောင့်လိုက်ရင်း...ချမ်း စိတ်ဓာတ်ကျသွားရ၏၊သွားပါပြီ ... မျက်လုံးတွေလည်းကျယ်ကုန်ပြီ ... အိပ်ရေးတွေလည်းပျက်ကုန်ပါပြီ။အဲ့ဒီကိုကိုဟာ ... သူများကို နှိပ်စက်ဖို့ကို သိပ်စိတ်ပါလက်ပါ တက်ကြွအားရစွာဆောင်ရွက်နေတော့တာပဲ ...

ဘွားဘွားလည်းအတူတူပဲ ...

ပြောတော့ ချစ်လှချည့် ချစ်လှချည့်နဲ့ ... တစ်ဦးအပြင်မရှိသော ဒီမြေးကလေးကို ... ခြံထဲသွားပြီး အလုပ်ကြမ်းကြီးတွေ လုပ်စမ်း... ဟု ရက်စက်စွာ အပြစ်ပေးရက်လေသည်။ဟိုတစ်ယောက်ကလည်း ဘယ်လောက်များခိုင်းချင်နေတယ်မသိ ... တစ်ရက်ပင်မဆိုင်း ... မနက်မိုးမလင်းခင်ပင် သူများအိမ်ရောက်လာကာ ... အိပ်ရာထဲကဆွဲထုတ်ပြီးကိုခေါ်ယူသည်။ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့လည်းသည်းခံနေရ၏....တကယ်တော့ ဘယ်သူကကော စာမေးပွဲကျချင်လို့ကျပါ့မလဲ.... မတတ်နိုင်လို့သာ ကျရတာပေါ့။ဒီအချိန်မှာ စိတ်အဆင်းရဲဆုံးကကော ကာယကံရှင်ထက် ဘယ်သူကပိုနိုင်ဦးမလဲ..

ဒါကိုပဲ... ကျရကောင်းလားလို့... အပြစ်မြင်ချင်ကြသေးတာများ... အံ့ဩစရာပါပေ။

" ဒီနှစ် စာသေချာကျက်ပါ့မယ်လို့ ဘွားကိုပြောပေးလို့မရဘူးလား.. မေမေရယ်..... ချမ်းဖြင့် အပင်ဆို မြက်ပင်လောက်ပဲသိတာကို...."

ဘာမဆိုရှေ့ကဖုံးဖိကွယ်ကာပေးနေကျမေမေ့ကို အားကိုးတကြီးညောင်နာနာလေးနဲ့...ကပ်ပြောကြည့်သေးသည်။ဘွားကြားသွားသောအခါ။

" ခြံထဲမလိုက်ချင်ရင်... သိဒ္ဓိနဲ့... ရုံးလိုက်တက်... စာရင်းအင်းလိုက်သင်ချေ.."တဲ့

တစ်ခါထဲပါးစပ်ပိတ်သွားရ၏....သိဒ္ဓိလက်သံကို ငယ်ငယ်လေးထဲက နောကျေအောင်သိဖူးပြီးသားလေ... သူနဲ့သာရုံးလိုက်ရရင်..ဘယ်နည်းနဲ့မှ သက်သာမှာမဟုတ်...နည်းနည်းလောက်ဂျီကျမိရင်...အထုခံရလို့ အာလူးဘုသီးထပြီး ကြယ်တွေလတွေ မြင်သွားရလိမ့်မည်။ကိုကိုတမန်ကတော့...ချမ်း ဘာလုပ်လုပ်။ဒါပေမယ့်... သိပ်လိုက်ချင်နေတဲ့ပုံတော့ ပြထားလို့မရ.... နည်းနည်းတော့ ကလန်ကဆန်လုပ်ထားဦးမှ... မဟုတ်ရင်...ကျေနပ်တယ်ထင်ပြီး သိပ်ခိုင်းနေဦးမည်။

'' စောစောစီးစီး သူများကို ဒုက္ခပေးဖို့ထလာရတာ ... ကိုကို မျက်နှာကောသစ်ခဲ့ရရဲ့လား ... သိပ်ပင်ပန်းနေဦးမယ် ... ''

ရေချိုးခန်းထဲမဝင်ခင် ... ခါးထောက်ကာရပ်ကြည့်နေသော တမန့်ကို မျက်စောင်းကြီးလှည့်ထိုးလိုက်တော့ ... တမန်က ပါးချိုင့်ကလေးပေါ်အောင်ပင် လှစ်ခနဲပြုံးရယ်ပြလေသည်။ကိုကို့ပါးချိုင့်က ပါးပေါ်မှာမဟုတ် နှုတ်ခမ်းဘေးဘက် တဖက်တချက်မှာ ဒေါင်လိုက်ရှည်ရှည်ကလေးတွေ။ပြုံးရယ်လိုက်တိုင်း နစ်ဝင်သွားတတ်တာ သိပ်ကိုနှစ်လိုစရာပါပေ။

'' ရဲရင့်ချမ်းမွန်ကို နှိပ်စက်ဖို့ တစ်သက်မှာ တစ်ခါရတဲ့အခွင့်အရေးပဲ ... မနက်ငါးနာရီထဲကအိပ်ရာထတာဗျ ... ထမင်းပါစားခဲ့ပြီ ''

တမန်ကဖြေရင်းရယ်ချင်လာတာမို့ ချမ်းကိုမခံချင်အောင်ပြောရင်း ရောကာပြုံးပစ်လိုက်သည်။ချမ်းပြောလည်း ပြောချင်စရာကောင်းအောင် ... သူဒီနေ့ တကယ်ကို အစောကြီးနိုးနေတာပါ ... ခါတိုင်းထက် နာရီဝက်လောက်ပင် စောကာပြင်ဆင်ပြီးစီးနေတဲ့ သူ့ကို မေမေကပင် ငါ့သားဒီနေ့စောလှချည်လား လို့အံ့သြနေရသေး၏။

'' ဟိုကောင်လေးကို ဝင်ခေါ်ရမှာမို့လို့ မေမေ ... သူ့ကိုက အိပ်ရာထဲကနှိုးထုတ်ရလောက်မှာ ... ဒါကြောင့် တမင်စောသွားမလို့ ... ''

မေမေကသားရှက်မှာစိုးတာမို့ မမြင်အောင်ပြုံးပေမယ့် မြင်ဖြစ်အောင်မြင်ကာ တမန့်မှာ မကြီးမငယ်နဲ့ ရှက်ကိုးရှက်ကန်းဖြစ်ရသေးသည်။ဒီရောက်တော့လည်း ထင်တဲ့အတိုင်း။အန်တီဝင်နီကလည်း သူ့သားကိုစိတ်ချစွာ... နှိုးပြီးပစ်ထားခဲ့လေသည်။ဒါမျိုးတော့ ချမ်းတို့က... နောက်နေ့ကူးတောင်ထမှာမဟုတ်.... တမန်တက်လာတော့.. သူကအိပ်နေလိုက်တာ ကွေးလို့နေပေသည်။

" ‌သူများရေချိုးခန်းဝင်နေတုန်း... လက်ဆော့ ‌ခြေဆော့ မလုပ်နဲ့နော်... အခန်းထဲက တစ်ခုခုပျောက်ရင်ကိုကိုပဲ...."

"သြော်..ဟုတ်တယ်... သူ့အခန်းထဲမှာ စိတ်ဖောက်ပြန်ပြောင်းလဲချင်စရာ.. ပိုင်ဆိုင်မှုတွေများတာဆိုတော့ ..အရုပ်နဲ့ မုန့်အခွံပဲရှိတာများ.."

ချမ်းက တသိမ့်သိမ့်ရယ်ကာ တံခါးကိုပိတ်သွားသည်။မျက်နှာသစ်ပြီး မနက်စာစားတော့လည်း တော်တော်နဲ့မပြီးချေ။တမန်သာ သူစားတာထိုင်စောင့်နေရင်း... အန်တီဝင်နီတို့ အတင်းကျွေးနေသဖြင့်... ဗိုက်ပြည့်နေပြီးသားကြားက...ထည့်သောက်နေသော ကော်ဖီ တစ်ခွက်ကုန်သွားသည်။သူက ဂျီးများလို့ကောင်းတုန်း။အန်တီဝင်နီနဲ့ စားဖိုမှူးအန်တီချိုတို့ အမျိုးမျိုးလှည့်ပတ်ချော့မော့ကျွေးတော့မှ ကောက်ညှင်းပေါင်းနဲ့ကြက်ဥကြော်ကို ထူးဆန်းစွာတွဲဖက်သုံးဆောင်ပြီးစီးလေသည်။

" မြန်မြန်စားပါ...သားလေးရယ်... ကိုကိုက စောင့်နေရတာ..."

" စောင့်ပေ့စေ... ဘာလို့အစောကြီးလာသေးလဲ.."

ချမ်းသည် သူ့ကိုအပြစ်ပေးတဲ့ထဲ တတပ်တအားပါဝင်ရမည်လားဟု တမန့်ကိုပါ မကျေမနပ်မျက်စောင်းထိုးနေလေသည်။ခါတိုင်းထက်ပင် အချိန်စောစီးစွာထွက်လာပါလျက် ခြံထဲကိုလည်းနောက်ကျမှရောက်တော့မည်။ဒါတွေသိနေလို့ ဒီနေ့ ဘယ်ဖောက်သည်ကိုမှ စောစောချိန်းမထားမိတာ မှန်လိုက်လေခြင်း။ခြံထဲရောက်ရင်တော့..ဘယ်လောက်အလုပ်တွေလုပ်ပြီး...ဘယ်လိုအကူအညီတွေရမည်မသိ... လောလောဆယ်တော့... အလုပ်တွေရှုပ်လှပြီ။တကယ့်သူများအလုပ်သမားဝန်ထမ်းသာဆိုရင်တော့... ဘယ်နှစ်ခါအလုပ်ပြုတ်မှန်းတောင်သိမှာမဟုတ်ပေ။ ကားပေါ်မှာလည်း အမျိုးစုံ ဂျီးထူကာလာသည်။

"အလေးအပင်ကြီးတွေ ထမ်းခိုင်းပိုးခိုင်းဖို့မကြံနဲ့နော်.... လူကအားရှိတာ မဟုတ်ဘူး... နေပူစပ်ခါးလည်း မလုပ်နိုင်ဘူး...ခေါင်းမူးတတ်တယ်..."

"သြော်..ဟုတ်ကဲ့... ဘာမှမခိုင်းပါဘူးခင်ဗျ.... စိတ်ချပါ..."

"မခိုင်းပဲများ... ဘာလုပ် ခြံထဲအတင်းခေါ်နေသေးလဲ..ကိုယ့်ဘာသာသွားရောပေါ့..."

'' ဟာ ... ဒါဖြင့်လည်း အပင်စိုက်ဖို့ နောက်ချေးကျုံး ''

တမန်က လက်ကိုသာမြှောက်ပြလိုက်ချင်တော့သည်။အရမ်းကို အလိုလိုက်ထားခဲ့မိတဲ့ နှစ်တွေက ကြာပြီလေ... အခုမှထကာ... စည်းကမ်းတင်းကျပ်ချင်မှတော့..ဒီလို ထော်လော်ကန့်လန့် တွေပဲဖြစ်လာမှာပေါ့။တမန်က ကားမောင်းနေရင်း... ဘေးနားမှာထိုင်လျက်ပါလာသည့်... ချမ်းကို အသည်းယားစိတ်တစ်ဝက်..အမြင်ကပ်စိတ်တစ်ဝက်နဲ့ လှည့်ငေးကြည့်မိရသည်။အသားဖြူစွတ်စွတ်မှာ နေဗီပြာတောက်တောက် စပို့ရှပ်ပွပွကြီးနဲ့... ခိုပြာရောင် ဘောင်းဘီတိုကလေးကို ဝတ်ထားသည့် ချမ်းက ထင်းလင်းတောက်ပနေ၏။

အန်တီဝင်နီလည်းအသားဖြူစွတ်တာပဲ... ဒါပေမယ့် ဆံပင်ကျတော့ ညိုဖျော့သည်ဆိုရုံကလေး... အန်တီဝင်နီ့ ... အဘိုးရဲ့ အဖေက .... လူမျိုးခြားစစ်စစ်ကြီးတဲ့... မြန်မာစကားတောင် ကောင်းကောင်းမပြောတတ်တဲ့.... ‌တမန့်ဖေဖေလေသံနဲ့ပြောရရင်... တိုင်းတပါးသား။သွေးက မျိုးဆက်တစ်ဆက်ကျော်စီ ... သိသာထင်ရှားစွာပေါ် လွင်သလားမသိ။ချမ်း ငယ်ငယ်တုန်းက.. ဆံပင်လေးတွေ..နီနီရဲရဲတွန့်တွန့်လိမ်လိမ်.... အသားကလည်း ဖြူလိုက်တာမှ...ပိုးကောင်ပုရွက်ဆိတ်တို့များ မတော်တဆထိမိရင် သွေးခြည်ဥသလိုနီရဲမဆုံးတော့ပေ။တမန်ဆို ... ချမ်းကလေးကိုချီပြီး ရပ်ကွက်တစ်ပတ်လှည့်ကာကြွားနေကျ ... ပါးဖောင်းဖောင်း နှုတ်ခမ်းကလေးတွေရဲနေကာ... ဆံပင်နီ ခွေခွေကလေးတွေနဲ့... အရုပ်ကလေးနဲ့တူသော...ချမ်းကလေးကို.... အင်္ကျီ..ဘောင်းဘီဆင်တူကလေးများ ဝတ်ပေးပြီး လမ်းလျောက်ထွက်ရင်... မြင်တဲ့လူတိုင်းက သမီးမိန်းကလေးလို့ပဲထင်ကြတာ။ယောကျာ်းလေးပါဆိုတာကို ကြုံတိုင်းရှင်းပြရသည်။

သုံးတန်းနှစ်မှာ... အဖျားကြီးပြီး ဆံပင်တွေဖြတ်ကာ... ခေါင်းတုံးလိုက်ရပြီးတော့...ပြန်ထွက်လာတဲ့ဆံပင်ကလေးတွေက... အရင်လို ခွေမနေတော့ပါ... နူးညံ့ပျော့ ပြောင်းနေတုန်းပေမယ့်.....လှိုင်းရေးရေးပါရုံကလေးတွေ ဖြစ်သွားပြီး... အရင်လောက်လည်းမနီရဲတော့။မျက်လုံးလေးတွေကတော့.. အရောင်နည်းနည်းဖျော့သွားပေမယ့်...အနက်ဘက်ကိုကူးမလာ... စိမ်းညိုမြဲပါပဲ။

"ဘွားက မုန့်ဖိုး မပေးဘူးတဲ့... လခရတဲ့ထဲကသုံးတဲ့... ဒီအလုပ်ရှင်ကလည်း အလုပ်သမားတွေကို လစာကော လောက်လောက်ငှငှပေးရဲ့လားမသိ... ကိုကို့ဆီက လခကြိုထုတ်လို့မရဘူးလား...မရရင်လည်း..ပိုက်ဆံချေးကွာ.... အိတ်ကပ်ထဲမှာ ပိုက်ဆံတစ်ပြားတောင် မရှိတော့ဘူးလို့ ...သိရဲ့လား..."

ခပ်လုံးလုံးကလေးနဲ့ ဘေးအပြန့်ကျယ်သော နှုတ်ခမ်းကလေးကို ချွန်ကာ ချွန်ကာ ... ချမ်းက သူပြောချင်တာတွေပြောနေလေ၏။ကလေးလိုပျင်းနေကာ လုပ်နေမကျတာကိုလုပ်ရမှာမို့မလုပ်ချင်တာကလွဲရင် သူ့ကိုအလုပ်လုပ်ခိုင်းရမလား လို့ငြိုငြိုငြင်ငြင်ရှိပုံလည်းမပေါ် ပါ။ တလွဲဖြစ်ကာမှဖြစ်ရော ... ခိုင်းရင်လည်း ခိုင်းတဲ့အလုပ်ကိုတော့ လုပ်လိုက်မှာပဲ။

'' ဒါဘယ်လိုအလုပ်သမားလဲကွာ ... အလုပ်ရှင်က ကားနဲ့လည်းတင်ခေါ်လာရသေးရဲ့ ... မြက်တစ်ပင်တောင်မနှုတ်ရသေးဘူး ... လခကလည်းကြိုထုတ်ချင်သေးရဲ့ ...ပင်ပင်ပန်းပန်းကလည်း မခိုင်းရဘူးတဲ့ ... ခင်ဗျားလိုအလုပ်များတော့ ကျွန်တော်လည်း အခုတစ်ရာလောက်လုပ်လိုက်ချင်သေးတယ် သိလား ''

'' လုပ်ချင်လုပ်ပေါ့ ... ကိုကို့မှာဖြင့် ကျွေးရ ဆင်ရမယ့် မိန်းမတွေ ကလေးတွေ ရှိတာလည်းမဟုတ်ပဲ ... ဘယ်သူ့ဖို့အဲ့လောက်ရှာချင်နေတာပါလိမ့် ''

ချမ်းက မေးလေးထောက်ကာ ... ခေါင်းကလေးပြန်ငဲ့လျက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ... သူ့ကိုကြည့်ရင်း ငြီးငြီးငြူငြူဆိုလေသည်။တမန်မအောင့်နိုင်ပဲပြုံးမိရသည်။ဒီပါချမ်းမြနဲ့ စိုက်ပျိုးရေးခြံရှိရာ ရွာက ဘာမှမဝေး ... ခဏနှင့်ပင်ရောက်လာ၏။လမ်းမကြီးကနေ ခြံရှိရာလမ်းသွယ်ဆီ ကားကိုဖဲ့ချိုးကွေ့ချလိုက်ရင်း ...

'' အခုမရှိလည်း နောက်ရှိလာမှာပဲ ... အဲ့ဒီကျရင်လုပ်ကျွေးဖို့ ခုထဲက ကြိုကြိုတင်တင်ရှာဖွေစုဆောင်းထားတာ... ယူမယ့်လူကိုတင်တောင်းရမှာပေါ့ စိန်တစ်ဆင်စာ ကားတစ်စီးတို့ ဘာတို့ ကြားဖူးလား ''

'' ဟင်း လေသံကလည်း ... တကယ်ဆို ကိုယ်ကတသက်လုံးလုပ်ကျွေးရတော့မှာ ... အဲ့ဒီစိန်တစ်ဆင်စာတွေ ... ကားတစ်စီးတွေ ကိုယ့်ကိုတောင် တသက်လုံးစာတန်အောင် ... သူကတင်တောင်းသင့်သေးတယ် ... မဟုတ်ဘူးလား ... ''

အမလေး ... ဒီစကားကို မြန်မာမိန်းမသားထုကြီးကြားမှဖြင့် ပြေးပေါက်တွေမှားတော့မှာပဲ ...

မဟုတ်ဘူးလား...တဲ့

ဟုတ်ပဗျား ... ဟုတ်ပဗျား ...

တမန်က စိတ်ညစ်ညစ်နဲ့ပင် ပြုံးနေမိရသည်။




_____________________________________________________________________________________________________________________________

Continue Reading

You'll Also Like

8.3K 1.5K 33
ပျော်စရာကောင်းတဲ့ အဖြစ်အပျက်တွေ မပါဝင်ပါ ေပ်ာ္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြ မပါဝငပါ 8/7/2023
1.4M 3.7K 68
ထန်တဲ့အချ်ိန်ဖတ်ဖို့ စုထားတာတွေပါ ကိုယ်တိုင်ရေးသားခြင်းမဟုပါ crdပေးပါတယ်
120K 7.9K 44
နေရပ်ဌာနေ ဝေးပါစေ ရေမြေသော်ကား ခြားပါစေ နှလုံးသားချင်းနီးစပ်ကြတဲ့အခါ ထိုဌာနေကား အချစ်ရှိရာ...။ ေနရပ္ဌာေန ေဝးပါေစ ေရေျမေသာ္ကား ျခားပါေစ ႏွလုံးသားခ်င္...
261K 2.5K 13
အမေနဲ့သမီးအင်းစက်စာပေမို့လို့အသက််မပြည့်ပါကမဖတ်သင့်ကြောင်း ဖတ်ပြီးရင်လည်းအတုမယူသင့်ကြောင်းအသိပေးပန်ကြားလိုပါတယ်