Unicode
"ဆောနူ"
"အခုတလော ဘာတွေတွေးဖြစ်နေလဲ"
ဒီလိုမျိုးပြောတော့...ရင်ဖွင့်ချင်သားပဲ။
"တစ်သက်လုံး ကိုယ်သဘောကျလာတာ…
ကိုယ့်ဟာကိုလဲ တော်တယ် ထင်ခဲ့တယ် ဒါပေမယ့် သိလိုက်ရတာက ဒီတိုင်းသာမန်ပဲ တော်နေတာ မဟုတ်တဲ့အပြင် ကောင်းကောင်း လုပ်နေတာ မဟုတ်ဘူးဆိုတာပဲ.."
စကားအဆုံး အနည်းငယ် ပြုံးလိုက်ရင်း သူ့ကို အားနာနေသော ပုံစံဖြင့် ကြည့်နေသည့် နီခီ့ကို ခေါင်းခေါက်လိုက်သည်။
"ငါ့ကို မသနားနဲ့...အဲ့လို လာမကြည့်နဲ့ အသနားမခံချင်ဘူး"
"ဒီတိုင်း ဝမ်းနည်းစရာပဲလို့ တွေးမိလို့"
"သီချင်းဆိုတာကိုလား…"
ဘယ်လိုသိလဲဆိုတာတော့ မမေးဖြစ်ခဲ့။
"အင်း.."
"ဆောနူ သီချင်းဆိုတာ ကျွန်တော်တော့ သဘောကျတယ် ကောင်းကောင်းလုပ်နေတယ်လို့ တွေးတယ်"
နီခီသည် ရယ်ရင်း ပြောသော်လည်း မရယ်နိုင်သော သူမှာ ဆောနူ ဖြစ်သည်။ နီခီတကယ်ပြောနေတာဆိုရင် ကောင်းမှာပဲ ၊ အားနာလို့ လိမ်တာသာဆိုရင် မုန်းမိလိမ့်မယ်လို့...စိတ်ထဲ တွေးနေမိသည်။
ဘယ်လိုထင်လဲ...၊ သူတကယ်တမ်း ဒါမျိုး ချီးကျူးစကားတွေ မယုံပေ။
"လိမ်တဲ့နေရာမှာ တော်သားပဲ"
"ဒါပေမယ့် အခုနောက်ပိုင်း သီချင်း မဆိုချင်တော့ဘူး…မကောင်းတာသိရက်နဲ့ ကြိုးစားနေတာကို ငါ.. သနားလာတယ်"
"ဆောနူ ပျော်တယ်မလား သီချင်းဆိုရင် …
အဲ့လိုမျိုး ခံစားချက်နဲ့ လုပ်ရင် ဒီလိုအတွေးတွေ မဝင်တော့ဘူး ...သေချာတွေးကြည့် ဆောနူ သဘောကျလို့ပဲ သီချင်းဆိုတာ ကြိုးစားတာလေ"
"ဘယ်သူ့ကို ပြသဖို့ ဘယ်သူ့စီက အသိအမှတ် ပြုခံချင်လို့ အဲ့လိုတွေမှ မဟုတ်ပဲ"
"ဘာပဲပြောပြော ဆောနူကအတော်ဆုံးမလို့ သဘောကျတာကို ရဲရဲဝံ့ဝံ့လုပ်"
ဒါမျိုးတွေ….အမေအရင်းစီကတောင် မကြားဖူးတာတွေပဲ...။
လူတစ်ယောက်ကို သဘောကျတာ မကျတာထက် ထိုလူသည် ကိုယ့်ကို ပျော်ရွှင်အောင်
လုပ်ပေးရင် သံယောဇဉ်တွယ်တတ်တာ သဘာဝမဟုတ်လား။
သူ နီခီ့ကို သဘောကျတာထက် သံယောဇဉ်တွယ်တာ ဆိုရင် ပိုမှန်လိမ့်မည်။
ဒါပေမယ့်...သူနီခီ့အပေါ် ဆိုးချင်သည်။ ကလေးဆန်ချင်သည်။ နီခီပြောသည့် စကားချိုချိုလေးကို ကြားချင်သည်။
"ငါ မင်းအကြောင်းပိုပိုသိချင်တယ်"
"ဆောနူ ပြန်ဖို့ကောင်းနေပြီ မနက်တစ်နာရီကျော်နေပြီ"
ထို့နောက် သူနီခီ့ကိုနှုတ်ဆက်ခဲ့သည်။ Octoberလရဲ့ ညအလှဟာ အခြားလတွေထက် ပိုလှနေသလိုပင်။သူ..နီခီနှင့် ညလုံးပေါက် စကားပြောခဲ့သည်။ ထို့နောက် အိမ်ပြန်ခဲ့သည်။
စကားသာပြောခဲ့တာ နီခီ့အကြောင်းတွေကို သူ ပို
မသိခဲ့ရပေ။
•••
"နေဖင်ထိုးအောင် အိပ်နေတာပဲ"
"ကင်မ်ဆောနူက ငါ့ကို ဒုက္ခမပေးတဲ့နေ့ကို မရှိဘူး"
မနက် ၈နာရီ ၊ စောသေးသည်ဟု သတ်မှတ်လို့ရသော်လည်း သူ့အမေအတွက်တော့ သူဟာ ဂြိုဟ်ဆိုးတစ်ကောင်ဖြစ်နေသည်။တကယ်တမ်း သူမ စိတ်မကြည်တာကြောင့် ပြဿနာရှာနေတာ ဖြစ်သည်။
ရုတ်တရက် ၊
"နင် ညက ဘယ်စော်နဲ့ အတူတူနေခဲ့လဲ"
သူ သက်ပြင်းချကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။အထင်လွဲကြောင်းကို ရှင်းပြချင်တာကြောင့်ဖြစ်သည်။
"ဘာကိုလဲ ဘယ်သူနဲ့မှ တွဲနေတာမဟုတ်ဘူး"
"အိပ်ခဲ့ရင် တစ်ဖက်လူ ကိုယ်ဝန်ရလာရင် နင်
တာဝန်ယူ !!!!!!"
"နင်လုပ်တာမလား" ၊ "နင်လား" အမြဲလိုလို သံသယဝင်တတ်သည့် အမေသည် သူ့ကိုတကယ် တစ်ခါမှ မယုံပါလား ဟု အမြဲတွေးမိသည်။ တကယ်တမ်း မဟုတ်တာလုပ်နေတာ မရှိခဲ့သလို အမေထင်တဲ့ ကိစ္စတွေကလဲ သူမဟုတ်ခဲ့ပေ။
နှစ်တွေအကြာကြီး မြိုသပ်ထားရတာ
ဖြစ်တာကြောင့် စိတ်ခံစားချက်တွေ ပေါက်ထွက်မယ့်နေ့ ရောက်လာတော့မှာဖြစ်သည်။ သူဟာ ချိန်ကိုက်ဗုံးတစ်ခုလို။
အဲ့ဗုံးက အခု ပေါက်ပြီ ထင်ပါရဲ့။
"မဟုတ်ဘူးလို့ !!!!!!!!! မဟုတ်ဘူး"
"ဘယ်စော်နဲ့မှ မအိပ်ခဲ့ဘူး ဘာမှမလုပ်ခဲ့ဘူး အိမ်ပြန်မလာချင်လို့ ရှင်းပြီလား"
အမေဖြစ်သူကို အသံကုန် အော်ဟစ်လိုက်ရင်း စောင်တွေကို လွှတ်ပစ်လိုက်သည်။ အမေကတော့ သူ့ပုံစံဲကြောင့် လန့်သွားသည့်ပုံပင်။
အသံကုန် အော်တာကို မလန့်နဲ့အမေ ၊ ဒါ အစပဲရှိသေးတယ်။
"နင့် အဖေသာသိရင်"
"အဖေကသေပြီ သေပြီးသားလူကို ခုတုံးမလုပ်နဲ့
သေပြီးသားလူကို ပြောစရာမလိုဘူး"
"ငါနင့်ကို မမွေးခဲ့သင့်တာ"
"အဲ့ဒါဆို ဘာလို့မွေးခဲ့သေးလဲ !!!! ဖျက်ချခဲ့ရမှာပေါ့ အသုံးမကျတဲ့ သား မွေးလာလို့ အရှက်ရရင် တောင်းပန်တယ်.. ဒါပေမယ့် ဘာလို့ မွေးခဲ့သေးလဲ ဘာလို့မွေးခဲ့သေးလဲ !!!!!!! ဘာလို့ အဖေနဲ့ လက်ထပ်ခဲ့သေးလဲ…!!!!"
"ပျော်တယ်ထင်နေလား အမြဲတမ်း တွေးမိတယ် ဒီလိုအမေစီ မမွေးခဲ့သင့်တာလို့…အဲ့အစား မိဘမဲ့ပဲဖြစ်ချင်တယ်လို့ !!!!"
အော်ဟစ်၍ အမေ့ပုခုံးနှစ်ဖက်ကို ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်ရင်း အပြည့်အဝပေါက်ကွဲခဲ့သည်။
ထို့နောက် သူနောက်ဆုံး သိလိုက်ရတာက နာကျင်သွားသည့် ဘယ်ဖက်ပါးပြင်ရယ် ၊ ဝေဝါးလာသည့် မျက်လုံးတွေရယ် ၊ အမေ အခန်းထဲမှ ထွက်သွားသည့် အသံရယ်သာဖြစ်သည်။
ဒီဟာကိုလေ ဘယ်လိုတွေးကြလဲမသိပေမယ့်လေ 100%, Personal Feelingတွေကို ထည့်ရေးထားပြီး sunoo / ni-ki တို့ရဲ့ မတူညီတဲ့ Side ကို ပြချင်လို့ပါ။
~~~
Zawgyi
"ေဆာႏူ"
"အခုတေလာ ဘာေတြေတြးျဖစ္ေနလဲ"
ဒီလိုမ်ိဳးေျပာေတာ့...ရင္ဖြင့္ခ်င္သားပဲ။
"တစ္သက္လံုး ကုိယ္သေဘာက်လာတာ…
ကုိယ့္ဟာကုိလဲ ေတာ္တယ္ ထင္ခဲ့တယ္ ဒါေပမယ့္ သိလိုက္ရတာက ဒီတိုင္းသာမန္ပဲ ေတာ္ေနတာ
မဟုတ္တဲ့အျပင္ ေကာင္းေကာင္း လုပ္ေနတာ မဟုတ္ဘူးဆိုတာပဲ.."
စကားအဆံုး အနည္းငယ္ ျပံဳးလိုက္ရင္း သူ႔ကို အားနာေနေသာ ပံုစံျဖင့္ ၾကည့္ေနသည့္ နီခီ့ကို ေခါင္းေခါက္လိုက္သည္။
"ငါ့ကို မသနားနဲ႔...အဲ့လို လာမၾကည့္နဲ႔ အသနားမခံခ်င္ဘူး"
"ဒီတိုင္း ဝမ္းနည္းစရာပဲလို႔ ေတြးမိလို႔"
"သီခ်င္းဆိုတာကိုလား…"
ဘယ္လိုသိလဲဆိုတာေတာ့ မေမးျဖစ္ခဲ့။
"အင္း.."
"ေဆာႏူ သီခ်င္းဆိုတာ ကၽြန္ေတာ္ေတာ့ သေဘာက်တယ္ ေကာင္းေကာင္းလုပ္ေနတယ္လို႔ ေတြးတယ္"
နီခီသည္ ရယ္ရင္း ေျပာေသာ္လည္း မရယ္ႏိုင္ေသာ သူမွာ ေဆာႏူ ျဖစ္သည္။ နီခီတကယ္ေျပာေနတာဆိုရင္ ေကာင္းမွာပဲ ၊ အားနာလို႔ လိမ္တာသာဆိုရင္ မုန္းမိလိမ့္မယ္လို႔...စိတ္ထဲ ေတြးေနမိသည္။
ဘယ္လိုထင္လဲ...၊ သူတကယ္တမ္း ဒါမ်ိဳး ခ်ီးက်ဴးစကားေတြ မယံုေပ။
"လိမ္တဲ့ေနရာမွာ ေတာ္သားပဲ"
"ဒါေပမယ့္ အခုေနာက္ပိုင္း သီခ်င္း မဆိုခ်င္ေတာ့ဘူး…
မေကာင္းတာသိရက္နဲ႔ ႀကိဳးစားေနတာကို ငါ.. သနားလာတယ္"
"ေဆာႏူ ေပ်ာ္တယ္မလား သီခ်င္းဆိုရင္ …
အဲ့လိုမ်ိဳး ခံစားခ်က္နဲ႔ လုပ္ရင္ ဒီလိုအေတြးေတြ မဝင္ေတာ့ဘူး ...ေသခ်ာေတြးၾကည့္ ေဆာႏူ သေဘာက်လို႔ပဲ သီခ်င္းဆိုတာ ႀကိဳးစားတာေလ"
"ဘယ္သူ႔ကို ျပသဖို႔ ဘယ္သူ႔စီက အသိအမွတ္ ျပဳခံခ်င္လို႔ အဲ့လိုေတြမွ မဟုတ္ပဲ"
"ဘာပဲေျပာေျပာ ေဆာႏူကအေတာ္ဆံုးမလို႔ သေဘာက်တာကို ရဲရဲဝံ့ဝ့ံလုပ္"
ဒါမ်ိဳးေတြ….အေမအရင္းစီကေတာင္ မၾကားဖူးတာေတြပဲ...။
လူတစ္ေယာက္ကို သေဘာက်တာ မက်တာထက္ ထိုလူသည္ ကုိယ့္ကို ေပ်ာ္ရႊင္ေအာင္လုပ္ေပးရင္ သံေယာဇဥ္တြယ္တတ္တာ သဘာဝမဟုတ္လား။
သူ နီခီ့ကို သေဘာက်တာထက္ သံေယာဇဥ္တြယ္တာ ဆိုရင္ ပိုမွန္လိမ့္မည္။
ဒါေပမယ့္...သူနီခီ့အေပၚ ဆိုးခ်င္သည္။ ကေလးဆန္ခ်င္သည္။ နီခီေျပာသည့္ စကားခ်ိဳခ်ိဳေလးကို ၾကားခ်င္သည္။
"ငါ မင္းအေၾကာင္းပိုပိုသိခ်င္တယ္"
"ေဆာႏူ ျပန္ဖို႔ေကာင္းေနၿပီ မနက္တစ္နာရီေက်ာ္ေနၿပီ"
ထို႔ေနာက္ သူနီခီ့ကိုႏႈတ္ဆက္ခဲ့သည္။ Octoberလရဲ႕ ညအလွဟာ အျခားလေတြထက္ ပိုလွေနသလိုပင္။
သူ..နီခီႏွင့္ ညလံုးေပါက္ စကားေျပာခဲ့သည္။ ထို႔ေနာက္ အိမ္ျပန္ခဲ့သည္။
စကားသာေျပာခဲ့တာ နီခီ့အေၾကာင္းေတြကို သူ ပို
မသိခဲ့ရေပ။
•••
"ေနဖင္ထိုးေအာင္ အိပ္ေနတာပဲ"
"ကင္မ္ေဆာႏူက ငါ့ကို ဒုကၡမေပးတဲ့ေန႔ကို မရွိဘူး"
မနက္ ၈နာရီ ၊ ေစာေသးသည္ဟု သတ္မွတ္လို႔ရေသာ္လည္း သူ႔အေမအတြက္ေတာ့ သူဟာ ၿဂိဳဟ္ဆိုးတစ္ေကာင္ျဖစ္ေနသည္။တကယ္တမ္း သူမ စိတ္မၾကည္တာေၾကာင့္ ျပႆနာရွာေနတာ ျဖစ္သည္။
ရုတ္တရက္ ၊
"နင္ ညက ဘယ္ေစာ္နဲ႔ အတူတူေနခဲ့လဲ"
သူ သက္ျပင္းခ်ကာ ကုတင္ေပၚမွ ဆင္းလိုက္သည္။
အထင္လြဲေၾကာင္းကို ရွင္းျပခ်င္တာေၾကာင့္ျဖစ္သည္။
"ဘာကိုလဲ ဘယ္သူနဲ႔မွ တြဲေနတာမဟုတ္ဘူး"
"အိပ္ခဲ့ရင္ တစ္ဖက္လူ ကုိယ္ဝန္ရလာရင္ နင္
တာဝန္ယူ !!!!!!"
"နင္လုပ္တာမလား" ၊ "နင္လား" အျမဲလိုလိုု သံသယဝင္တတ္သည့္ အေမသည္ သူ႔ကိုတကယ္ တစ္ခါမွ မယံုပါလား ဟု အျမဲေတြးမိသည္။ တကယ္တမ္း မဟုတ္တာလုပ္ေနတာ မရွိခဲ့သလို အေမထင္တဲ့ ကိစၥေတြကလဲ သူမဟုတ္ခဲ့ေပ။
ႏွစ္ေတြအၾကာႀကီး ၿမိဳသပ္ထားရတာျဖစ္တာေၾကာင့္ စိတ္ခံစားခ်က္ေတြ ေပါက္ထြက္မယ့္ေန႔ ေရာက္လာေတာ့မွာျဖစ္သည္။ သူဟာ ခ်ိန္ကိုက္ဗံုးတစ္ခုလို။
အဲ့ဗံုးက အခု ေပါက္ၿပီ ထင္ပါရဲ႕။
"မဟုတ္ဘူးလို႔ !!!!!!!!! မဟုတ္ဘူး"
"ဘယ္ေစာ္နဲ႔မွ မအိပ္ခဲ့ဘူး ဘာမွမလုပ္ခဲ့ဘူး အိမ္ျပန္မလာခ်င္လို႔ ရွင္းၿပီလား"
အေမျဖစ္သူကို အသံကုန္ ေအာ္ဟစ္လိုက္ရင္း ေစာင္ေတြကို လႊတ္ပစ္လိုက္သည္။ အေမကေတာ့ သူ႔ပံုစံဲေၾကာင့္ လန္႔သြားသည့္ပံုပင္။
အသံကုန္ ေအာ္တာကို မလန္႔နဲ႔အေမ ၊ ဒါ အစပဲရွိေသးတယ္။
"နင့္ အေဖသာသိရင္"
"အေဖကေသၿပီ ေသၿပီးသားလူကို ခုတံုးမလုပ္နဲ႔
ေသၿပီးသားလူကို ေျပာစရာမလိုဘူး"
"ငါနင့္ကို မေမြးခဲ့သင့္တာ"
"အဲ့ဒါဆို ဘာလို႔ေမြးခဲ့ေသးလဲ !!!! ဖ်က္ခ်ခဲ့ရမွာေပါ့
အသံုးမက်တဲ့ သား ေမြးလာလို႔ အရွက္ရရင္ ေတာင္းပန္တယ္.. ဒါေပမယ့္ ဘာလို႔ ေမြးခဲ့ေသးလဲ
ဘာလို႔ေမြးခဲ့ေသးလဲ !!!!!!! ဘာလို႔ အေဖနဲ႔ လက္ထပ္ခဲ့ေသးလဲ…!!!!"
"ေပ်ာ္တယ္ထင္ေနလား အျမဲတမ္း ေတြးမိတယ္ ဒီလိုအေမစီ မေမြးခဲ့သင့္တာလို႔…အဲ့အစား မိဘမဲ့ပဲျဖစ္ခ်င္တယ္လို႔ !!!!"
ေအာ္ဟစ္၍ အေမ့ပုခံုးႏွစ္ဖက္ကို ၾကမ္းၾကမ္းတမ္းတမ္း ဆုပ္ကိုင္ရင္း အျပည့္အဝေပါက္ကြဲခဲ့သည္။
ထို႔ေနာက္ သူေနာက္ဆံုး သိလိုက္ရတာက နာက်င္သြားသည့္ ဘယ္ဖက္ပါးျပင္ရယ္ ၊ ေဝဝါးလာသည့္ မ်က္လံုးေတြရယ္ ၊ အေမ အခန္းထဲမွ ထြက္သြားသည့္ အသံရယ္သာျဖစ္သည္။
ဒီဟာကိုေလ ဘယ္လိုေတြးၾကလဲမသိေပမယ့္ေလ 100%, Personal Feelingေတြကို ထည့္ေရးထားၿပီး sunoo / ni-ki တို႔ရဲ႕ မတူညီတဲ့ Side ကို ျပခ်င္လို႔ပါ။