[မှူးသာခန့်]
4ရက်ခန့်ကြာသော်...
Nyi Htet- ဟိုနေ့ကကိစ္စကို..မဖြစ်ခဲ့ဘူးလို့ပဲ မှတ်ပြီး တော့ ကျွန်တော့်ဆီပြန်လာပေးပါဗျာ..ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော့်ဆီမှာ ကိုမှူးတစ်ယောက် ပဲ ရှိတော့လို့ပါ..
******
Message boxထဲမှ မနေ့ည ၁၀နာရီကျော်က တည်းက ဝင်နေသော ထိုမတ်ဆေ့ခ်ျကို ကျွန်တော် အိပ် ရာနိုးတော့ ခပ်တွေတွေကြည့်ပြီးနောက် ဖုန်းပိတ်ချပစ် လိုက်သည်..။
တစ်ဖက်သတ်အချစ်..၊ ပေးဆပ်အချစ်..အဲဒီလို အချစ် တွေက ဝဋ်ကြွေးလို့ ဆိုရမလား..။ နာကျင်စွာချစ်ရတဲ့ အချစ်တစ်ခုမှာ ချစ်ပေးရတဲ့သူက ဝဋ်ကြွေးပေးဆပ်နေ ရတာလား..။ ပေးဆပ်တယ်ဆိုရင်ရော..၊ ဒီဝဋ်ကြွေး ဘယ်အခါမှ ကင်းလွတ်မှာလဲ..။
ကျွန်တော် လိုအပ်မည့်ပစ္စည်းအချို့ကို ဆွဲအိတ်ထဲ ထည့် ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်..။ ဒီနေ့တစ် အိမ်လုံး ဘယ်သူမှ မရှိ..။ ဘယ်ကိုသွားပါဉီးမည်ဆိုပြီး တော့လည်း မပြောသွားချေ..။
ဟိုနေ့ကတည်းက ကျွန်တော် မင်းထင်ကို စကားမပြော ချေ..။ သူ့ဘက်ကလည်း စမပြောသလို..၊ ကျွန်တော့် ဘက်ကလည်း စမပြောဖြစ်ခဲ့..။
ကျွန်တော် ကွန်ဒိုဆီသို့ ထွက်လာခဲ့ပြီး ကွန်ဒိုရောက် တော့ လူခေါ်ဘဲလ် တီးလိုက်သည်..။ သို့သော် တံခါး လာမဖွင့်ချေ..။ ထို့ကြောင့် ကျွန်တော့်ထဲက သော့နှင့် သာ ဖွင့်ဝင်လာလိုက်သည်..။
အထဲရောက်တော့ ဆက်တီပေါ်မှာ ပြန့်ကျံနေသော ဘီယာဘူးများနှင့် အမြည်းလုပ်ထားဟန်ရှိသည့် မုန့်ခွံ များနှင့်အတူ ဆိုဖာပေါ်မှာ ပိုးလိုးပက်လက် အိပ်နေသော ညီထက်ကို တွေ့လိုက်ရသည်..။
ကျွန်တော်လည်း ညီထက်ဆီသို့ လျှောက်သွားလိုက်ပြီး နှိုးမည်လုပ်တော့ မရိတ်ဖြစ်သေးသည့် မုတ်ဆိတ်မွေး..၊ နှုတ်ခမ်းမွေးတို့က ငုတ်စိငုတ်စိနှင့် ကျိုးတိုးကြဲတဲ ပေါက်နေသည်..။
"ညီထက်..ညီထက်.."
လက်မောင်းကို ပုတ်ကာ နှိုးလိုက်သော်လည်း တော်ရုံနှင့် နိုးမလာချေ..။
"တော်တော်အိပ်ပုတ်ကြီးတာပဲ..ညီထက်!!!"
အသံကိုမြှင့်ကာ အော်လိုက်တော့မှ လန့်ဖျန့်ပြီး နိုးလာ တော့သည်..။
"ဟာ...ကိုမှူး.."
ညီထက်က ကျွန်တော့်ကို အံ့သြတကြီးနှင့် ကြည့်ကာ-
"ကိုမှူး တကယ်ပြန်လာတယ်နော်.."
"အင်း..မင်းပဲ ပြန်လာပေးပါဆို.."
ကျွန်တော်လက်ဆွဲအိတ်ကို ဆိုဖာပေါ်တင်လိုက်ပြီး မီးဖိုခန်းထဲ ဝင်သွားကာ-
"အင်း...မူးရူးနေတဲ့ ငါ့ညီကို အမူးပြေစွတ်ပြုတ်လေး လုပ်ပေးရမှာပေါ့.."
အနောက်ကနေ တကောက်ကောက်ပါလာသော ညီထက် က ကျွန်တော့်စကားကြားတော့-
"အမူးပြေစွတ်ပြုတ်?? ဘာစွပ်ပြုတ်လဲ.."
"ခေါက်ဆွဲပြုတ်.."
"အဲဒါစွပ်ပြုတ်မဟုတ်ဘူးလေ.."
"ငါလည်း အပြုတ်ဆိုလို့ အဲဒါပဲ လုပ်တတ်တာ..မရှည် နဲ့ သောက်မှာလား မသောက်ဘူးလား.."
"အင်း သောက်မယ်.."
"ပြီးရော..အခုတော့ ရေသွားချိုးတော့..ချဉ်စော်နံ နေတယ်.."
ကျွန်တော်ပြောလိုက်တော့ သူ့အင်္ကျီသူ ပြန်ငုံ့နမ်းကြည့် ကာ-
"ဟီးဟီး..၃ရက်လောက်ပါပဲ.."
"အော်ကလီဆန်တယ်..သွားတော့.."
"ဟုတ်.."
ညီထက်က ကျွန်တော့်ရှေ့မှ ထွက်သွားပြီး ရေချိုးခန်းထဲ ဝင်မည်အလုပ်-
"နေဉီး..မေးစေ့က အမွေးတွေပါ အပြောင်ရှင်းနော်.."
"ဟုတ်..."
သူ့ဟုတ်ဆိုသည့်အသံက တစ်အိမ်လုံး ဟိန်းထွက်သွား သည်..။ ကျွန်တော်လည်း ခပ်ဖွဖွရယ်ကာ အမူးသမား လေး အမူးပြေဖို့အတွက် ခေါက်ဆွဲပြုတ်ကို စားဖိုမှူး လက်ရာအတိုင်း ပြုတ်တော့သည်..။ တခြားမထင်လိုက် ပါနဲ့..၊ စာဖိုမှူးပုံစံအတိုင်း ခေါက်ဆွဲခြောက်ကို ရေနွေး ထဲ ထည့်ပြီး အမှုန့်ဖြူးရုံပါပဲ..။
>>>>>>>>
"ဝါး..မွှေးနေတာပဲ.."
အခန်းထဲမှ လူမထွက်ခင် အသံက အရင်ထွက်လာပြီး ညီထက်တစ်ယောက် အူမြူးနေသည်..။
ကျွန်တော့်အရှေ့သို့ ရောက်လာတော့ သူ့ပုံစံက ခုနကပုံစံ နှင့် မတူတော့ချေ..။ သန့်ပြန့်နေပြီး မျက်နှာကလည်း ဆားဝက်ခြံတို့ပင်မရှိဘဲ ညက်နေသည်..။ ခေါင်းလျှော် ပြီးခါစ ဆံပင်တို့က သိပ်မခြောက်သေးဘဲ စုစုစည်းစည်း ဖြစ်နေသည်..။
ကျွန်တော့်အရှေ့က ခုံ၌ ဝင်ထိုင်လာသဖြင့် သူ့လက် ထဲ သို့ တူကို ထည့်ပေးလိုက်ကာ ခေါက်ဆွဲပြုတ်ပန်းကန်ကို ရှေ့တိုးပေးလိုက်သည်..။
သူကရှေ့တိုးပေးလိုက်သည့် ပန်းကန်ထဲမှ ခေါက်ဆွဲကို တူဖြင့် အချိန်အတော်ကြာစွာ လှည့်မွှေနေရင်း-
"ကိုမှူး.."
ညီထက်က ကျွန်တော့်ကို တည်တည်ငြိမ်ငြိမ်နှင့် ဆိုလေ သည်..။
"ပြောလေ.."
"ကိုမှူးသိလား..ကျွန်တော်က Unlucky boy.."
"ဘာလို့လဲ.."
"ဘာလို့လဲဆိုတော့..ကျွန်တော့်လို Unlucky boy နားမှာ ဘယ်သူမှ ကြာကြာမနေနိုင်ကြဘူး..ကျွန်တော့် မာမီက ကျွန်တော့်ကို မွေးပြီး ၃လအကြာမှာ ဆုံးတယ်.. ပြီးတော့ သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို အ ပေါင်းအသင်းမလုပ်ကြဘူး..သူတို့က ကျွန်တော့်ကို သူဌေးသား..ငါတို့လိုရင် သူ့ဆီက ကပ်ပြီးဖားရုံပဲလို့ တွေးထားတာ..ကျွန်တော်ကလည်း အဖော်မဲ့နေတော့ သူတို့တွေက ငါ့ကို တကယ်ခင်ကြမှာပါလေဆိုပြီးတော့ စိတ်ရင်းနဲ့ ပေါင်းတယ်..ဒါပေမဲ့လည်း...သူတို့မလိုရင် ပစ်ထားခဲ့တာပါပဲ..ပြီးတော့ ကျွန်တော့်ချစ်တဲ့ ဒယ်ဒီ.. ဒယ်ဒီပြီးသွားတော့ ကိုမှူး..အားလုံးက ကျွန်တော့်အနား မှာ အမြဲ မရှိနေကြဘူး..ဝင်လာပြီး သိပ်မကြာခင်မှာပဲ.. ပြန်ထွက်သွားကြတယ်.."
ရင်ထဲမှာ မွန်းကျပ်နေသည့် စကားကို အခု ဖွင့်ချလိုက် တော့ သူပေါ့သွားမှာပဲ..။
ကျွန်တော် သူ့လက်ကို ဆုပ်ကိုင်ကာ-
"ဘာမှစိတ်မပူပါနဲ့..အစ်ကို မင်းအနားမှာ နေပေးပါ့ မယ်.."
ကျွန်တော်ပြောတော့ ညီထက်က ခေါင်းကို ခပ်ယဲ့ယဲ့ခါ ပြကာ သက်ပြင်းဆွဲတစ်ခုကို ချလိုက်ပြီး-
"ကတိကို လွယ်လွယ်မပေးပါနဲ့ ကိုမှူးရာ.. အနာဂတ် ဆိုတာ..ကြိုတွေးထားလို့မှ မရတာ.."
~~Ring Ring~~
ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသော ဖုန်းက ဖုန်းဝင် လာသဖြင့် ထုတ်ယူလိုက်ပြီး ကြည့်လိုက်တော့ မင်းထင် ဆီကဖုန်း..။
"ဟယ်လို.."
"ဟယ်လို သားလား.."
ဖုန်းတစ်ဖက်တစ်ချက်မှ ထွက်ပေါ်လာသော မင်းထင် အမေ၏ အသံကြောင့် ကျွန်တော် နည်းနည်းတော့ စိတ် ပူသွားသည်..။
"ဟုတ်ပါတယ် အန်တီ..သား မှူးသာပါ.."
"သားရေ..မြန်မြန်လာပါဉီး..ဒီမှာ မင်းထင် မူးလဲသွား လို့.."
"ဗျာ..အန်တီ အခုဘယ်မှာလဲ.."
"ဘုရားကျောင်းမှာ.."
"ဟုတ်ကဲ့အန်တီ..ကျွန်တော်အခုချက်ချင်း လာခဲ့မယ်.."
ကျွန်တော် ဖုန်းကို ခပ်မြန်မြန်ချလိုက်ပြီး ဆိုဖာပေါ်တွင် တင်ထားသည့် လက်ဆွဲအိတ်ကို ဆွဲယူကာ သွားမည် လုပ်တော့-
"ကိုမှူး..ဘယ်သွားမလို့လဲ.."
"မင်းထင် မူးလဲလို့တဲ့.."
"ဗျာ.."
"အဲဒါ အခုသွားမလို့.."
"အဲဒါဆို ကျွန်တော်လိုက်ပို့ပေးမယ်လေ.."
"အင်း.."
ညီထက်လည်း စားလက်စခေါက်ဆွဲပြုတ်ကို ချထားကာ ကားသော့ကို ဆွဲယူလိုက်ပြီး ကွန်ဒိုအောက်သို့ ဆင်းလာ ကာ ဘုရားကျောင်းဆီသို့ မြန်မြန် မောင်းလာခဲ့လိုက် သည်..။
ဒီနေ့က တနင်္ဂနွေနေ့လည်း မဟုတ်ဘဲနဲ့ မင်းထင်က ဘာလို့ ဘုရားကျောင်းလာတာလဲ..။
ခေါင်းထဲ၌ ထိုအတွေးက ဖျတ်ခနဲ ဝင်လာပြီး စိတ်ပူပန်မှု ကြောင့် ဖျတ်ခနဲပင် ပြန်ပျောက်သွားသည်..။
ဘုရားကျောင်းဝင်းထဲသို့ ဝင်လာခဲ့ပြီး ကားကိုအဆင်ပြေ သလိုရပ်ကာ ကျွန်တော်နဲ့ ညီထက် ဘုရားကျောင်း ဆီသို့ ခပ်မြန်မြန် လျှောက်လာခဲ့လေသည်..။
Surprise!!!!!
ဘုရားကျောင်းတံခါးကို ဖွင့်လိုက်တော့ ဘုန်းခနဲ မြည်သံ တစ်ခုနဲ့အတူ ခေါင်းပေါ်သို့ အလက်လက်လေးများ ဝေကျလာသည်..။ ထို့နောက် အရှေ့၌ မြင်လိုက်ရသည့် မြင်ကွင်းက ကျွန်တော့်ကို အံ့သြမှုနှင့်အတူ စိတ်ပျက်မှု တို့ပါ ယူဆောင်လာလေသည်..။
ထိုင်ခုံများတွင် လူများက ထိုင်နေကြပြီး ဖာသာဘေးမှာ မင်းထင်က မတ်တပ်ရပ်နေသည်..။ အနောက်တိုင်း ဝတ်စုံကို ဝတ်ထားပြီး ကျွန်တော့်ကို ပြုံးပြနေသည်..။
ကျွန်တော်လည်း မင်းထင်ရှိရာသို့ ညီထက်လက်ကို ဆွဲ ကာ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်..။
"မင်းထင်..မင်းဒါဘာလုပ်တာလဲ.."
"မှူး..Will you marry me??"
မင်းထင်က ကျွန်တော့်ရှေ့၌ ဒူးတစ်ဖက် ထောက်ကာ ပြောလာလေသည်..။
"မြတ်မင်းထင်.."
ကျွန်တော် တခြားသူများ မကြားအောင် အံကြိတ်လျက် တိုးညှင်းစွာ ခေါ်လိုက်လေသည်..။
"မင်း ဒါဘာလုပ်တာလဲလို့ မေးနေတယ်လေ.."
"လက်ထပ်ခွင့်တောင်းတာလေ..ဪ..မှူးအလုပ်ရှင် လည်းပါတာကိုး..အတော်ပဲ..အစ်ကိုတို့ကို လက်ထပ် လက်စွပ်လေး စွပ်ပေးပါလား.."
"မြတ်မင်းထင်..မင်း လွန်နေပြီနော်.."
"ဘာဖြစ်လို့လဲ..လက်စွပ်လေးပဲ ဝတ်ခိုင်းတဲ့ဟာကို.."
မင်းထင်၏ ခပ်ရွဲ့ရွဲ့စကားကြောင့် ညီထက်ကို လှည့် ကြည့်လိုက်တော့ သူက လက်ထပ်လက်စွပ်ကို စိုက် ကြည့်နေကာ မျက်ဝန်းထဲမှာ မျက်ရည်များ ရစ်သိုင်း နေသည်..။
"ကူညီပေးမယ်မဟုတ်လား.."
"ဗျာ..အဲ..ဟုတ် ဟုတ်ကဲ့..ကူညီပေးပါ့မယ်.."
ညီထက်က ငြင်းဆန်မရသည့်အဆုံး ကျွန်တော့်ကိုလည်း အားနာကာ လက်ခံလိုက်ဟန်တူသည်..။ ညီထက်က ကျွန်တော့်ဘက်သို့ လှည့်ကြည့်လာပြီး-
"ဝမ်းသာပါတယ် ကိုမှူး..ပြီးတော့..ကိုမှူးတို့အတွက် လက်စွပ်ဝတ်ပေးရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်"
"ဒါပေါ့..မှူးအလုပ်ရှင်မို့လို့ အမှတ်တရအနေနဲ့ ဖြစ် အောင် လုပ်ပေးတာနော်..ကူညီမယ်မဟုတ်လား.."
"ဟုတ်ကဲ့ ကူညီပါ့မယ်.."
ညီထက်က ခန္ဓာကိုယ်အနောက်တွင် ထားထားသော လက်ကို ရှေ့သို့ ရွှေ့လာကာ လက်စွပ်ဆီသို့ လှမ်းလာ စဉ်..။
"မလိုဘူး.."
ကျွန်တော် ညီထက် မကိုင်မိစဉ်မှာပင် ထပြောလိုက်ကာ ဟန့်တားလိုက်သည်..။
"လက်စွပ်ဝတ်လိုက်ရင် ပြီးပြီမဟုတ်လား..ဘာလို့တ ခြားသူကို အကူအညီတောင်းနေမှာလဲ.."
ကျွန်တော် ညီထက်လက်ကို ဖယ်လိုက်ကာ မင်းထင်ကိုင် ထားသော လက်စွပ်ဘူးလေးထဲမှ လက်စွပ်တစ်ခုကို ဆွဲ ယူလိုက်ကာ လက်သန်းကြွယ်မှာ စွပ်ထည့်လိုက်သည်..။
ထို့နောက် လက်စွပ်ဝတ်ထားသောဟလက်ကို ထောင်ပြ ကာ-
"ကျေနပ်ပြီလား.."
မင်းထင်၏ ညီထက်အပေါ် အနိုင်လိုချင်စိတ်ကို ကျွန် တော်ရိုက်ချိုးလိုက်တော့ သူ မချိတင်ကဲ ဒေါသဖြစ်နေ သည်..။
"ငါ့ကိုလည်း စွပ်ပေးဉီးလေ.."
မင်းထင်က သူ့ကို လက်စွပ် စွပ်ပေးရန်ပြောလာတော့-
"အန်တီ ဖုန်းဆက်တော့ မူးလဲလို့ဆို..အခု ဘာမှ မဖြစ် တော့ပါလား..အဟက်..အလကားသက်သက် စိတ်ပူမိ နေတာပဲ..ညီထက်.. ပြန်မယ်.."
ကျွန်တော် စကားလမ်းကြောင်းလွှဲကာ ပြောလိုက်ပြီး လှည့်ပြန်မည်လုပ်တော့-
"မှူးသာခန့်..."
ရုတ်တရက် ကျွန်တော့်လက်ကို ဖမ်းဆွဲလိုက်ပြီး-
"ကျိန်ဆိုရဉီးမယ်လေ.."
"ဝါသနာမပါဘူး.."
ကျွန်တော့်လက်ကို ဆွဲကိုင်ထားသော မင်းထင်လက်ကို ဆွဲဖြုတ်ချလိုက်ကာ တံခါးဆီသို့ လျှောက်လာခဲ့လိုက် သည်..။
"မှူးသာခန့်.."
နာမည်အပြည့်အစုံခေါ်တာကို မကြားဖြစ်တာကြာတော့ နည်းနည်းတောင် ထူးဆန်းသွားသေးသည်..။ မင်းထင် ခေါ်သံကြောင့် ကျွန်တော် လှည့်ကြည့်လိုက်ပြီး-
"ဘာလဲ.."
မင်းထင်က ကျွန်တော့်ကို မဲ့ပြုံးတစ်ခုကို မပီမပြင် ပြုံး ပြကာ-
"မင်းကို ငါပိုင်ပြီနော်.."
တောက်!!!!!
ကျွန်တော် တောက်ကို အကျယ်ကြီး ခေါက်ချပစ်လိုက် ကာ ဘုရားကျောင်းတံခါးကို အားကုန် တွန်းဖွင့်လိုက်ပြီး ထွက်လာခဲ့လိုက်သည်..။
ကောင်းပြီလေ..၊ မင်းနဲ့ငါ့ရဲ့ စိန်ခေါ်ပွဲက စပြီပေါ့..။
>>>>>>>>>
[ရှင်းသန့်ဖြူ]
ကျွန်မ ဒီရက်ပိုင်း Barကို လာဖြစ်သည်..။
စိတ်ရှုပ်စရာတွေ..၊ စိတ်ညစ်စရာတွေ..၊ ပြီးတော့ အိမ် တွင်းရေးပြဿနာတွေကြောင့် ကျွန်မ အခုတစ်လော စိတ်တော်တော်နောက်နေသည်..။
အခုလည်း အချိန်က ညနေ ၅နာရီကျော်ပဲ ရှိသေးသဖြင့် Bar မှာ လူရှင်းနေသေးသည်..။ ကျွန်မ ဘီယာတစ် ဂျား မှာလိုက်ပြီး ချပေးလာသော ရေခဲခွက်ထဲမှ ရေခဲ သုံး လေးတုံးကို ခွက်ထဲထည့်ကာ ရေမရောဘဲ ဒီအ တိုင်း အပြင်းသောက်လိုက်သည်..။
ခီး....
အစာပြွန်တစ်လျှောက်လုံး ရှိန်းခနဲ ပူတက်သွားသည်..။
"ချိုလိုက်တာ.."
ကျွန်မ သောက်တာ ဝါရင့်လာလို့လားတော့မသိ..၊ တစ် ဂျားကုန်တာတောင် မဖြုန်ချေ..။ သို့သော် အခုတော့ ခေါင်းက ရီဝေဝေ ဖြစ်လာသည်..။
မြင်နေရသော မြင်ကွင်းက တစ်ချက်တစ်ချက် ဝါးဝါး သွားပြီး အရှေ့က အရက်ထည့်ပေးတဲ့သူကလည်း တစ် ချက်တစ်ချက် သုံးကိုယ်ကွဲ လေးကိုယ်ကွဲ ဖြစ်သွား သည်..။
သိပ်မကြာပါဘူး..၊ ည ၈နာရီလောက်ကျတော့ ဆိုင်မှာ လူဝင်လူထွက်များပြားလာပြီး သီချင်းသံတို့ကလည်း မြူးလာသည်..။ ဒီဆိုင်က ပုံမှန် နေ့အချိန်ဆို bar ဆိုပေမဲ့ ညဘက်ကျရင် ကလပ်လိုပင်..၊ လာကကြသည့် သူလည်း များသည်..၊ ပြီးတော့ ဒီbar ရဲ့ အနောက် ဘက်မှာဆိုရင် လောင်းကစာဝိုင်းလည်း ရှိတယ်လို့ ကြားဖူးသည်..။
ကျွန်မ နားထဲ ကြားနေရသည့် သံစဉ်နဲ့အတူ ခေါင်းလေး ကို အလိုက်သင့် ညိတ်ကာ ငြိမ့်နေစဉ်..။
"ဟေ့..ဘေဘီ..ကိုယ်တို့နဲ့ လာကပါလား.."
သူစိမ်းယောက်ျားတစ်ယောက်၏ လေသံကြောင့် ကျွန်မ ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး ထိုယောက်ျားကို ကြည့် ကာ-
"ရှင်က ဘယ်သူလဲ.."
"မင်း ကို့ကို မသိပါဘူး..ဒါပေမဲ့ ကိုက မင်းလို မိန်း မလှလေးကို သိပ်သိတာ.."
ကျစ်...
ကျွန်မ မူးနေပေမဲ့ အသိစိတ်တော့ ကပ်ပါသေးသည်..။ စိတ်ပျက်စွာဖြင့် စုတ်တစ်ချက်သပ်လိုက်ပြီး-
"ဘာလာကြောင်နေတာလဲ..သွားစမ်းပါဟာ...အာရုံလာ မနောက်နဲ့.."
ကျွန်မ ထိုလူကို လက်ခါပြရင်း မောင်းထုတ်လိုက် သည်.။ သို့သော် ထိုလူက ကျွန်မလက်ကို ဖျတ်ခနဲ ဆွဲကိုင်လိုက်ပြီး သူ့ရင်အုပ်ကို ပေးထိကာ-
"မင်း ဒီနေ့ဈေးဉီးမပေါက်သေးလို့ ညစ်နေတာ မဟုတ် လား..ကို အော်ဒါလိုက်ပေးမယ်..ပြီးတော့..စိတ်မပူပါ နဲ့..ကို လိုရမည်ရ အဖော်လည်း ဆောင်လာပါတယ်.."
"တောက်!!!ဘာတွေလာပြောနေတာလဲ..ဒီမှာ..ကျွန် မကို ဖာထင်နေတာလား..ကိုယ့်ဖာသာ ညစ်လို့ လာ သောက်တာ..အာရုံသိပ်မနောက်နဲ့နော်.."
ကျွန်မ ပြောရင်းဆိုရင်းနဲ့ ကောင့်တာ၌ စီစီရီရီထောင် ထားသောပုလင်းများထဲမှ တစ်ခုကို ဆွဲယူလိုက်ပြီး ခုံစောင်းနဲ့ ရိုက်ခွဲလိုက်ကာ ထိုလူရှေ့ ထိုးပြလိုက်သည်။
"ရှင့် ဗိုက်ထဲ ဒီပုလင်းကွဲ ပေါက်ဝင်သွားချင်လို့လား.."
"အဟာ့..ဇ နဲ့ပါလား.."
"သတ်သေပြရမလား.."
"တော်ပါပြီ..ဆက်သောက်ပါ.."
ထိုလူက ခပ်မြန်မြန်ပင် နောက်ဆုတ်သွားပြီး လူအုပ်ထဲ သို့ တိုးဝင်ကာ ပျောက်သွားသည်..။
ဟား!!!!!!
အရှေ့ခုံတွင် တင်ထားသော ဘီယာဂျားကို လက်နှင့် တိုက်ချကာ ခွဲပစ်လိုက်ပြီး အားကုန်အော်ပစ်လိုက်သည်။
အား..ဟား...
ကျွန်မ စိတ်လွတ်သွားကာ မျက်ရည်များဖြင့် ရှိုက်ကြီး တငင် အော်ငိုပစ်လိုက်မိသည်..။ ဆံပင်တို့ကို အားကုန် ဆုပ်ကျစ်လိုက်ပြီး ခုံနှင့် အားပါပါ ဆောင့်ချပစ်လိုက် သည်..။
ကျွန်မ မင်းထင်ကို တကယ်လက်လွှတ်လိုက်ရပြီနဲ့ တူတယ်..။
နေ့လည်တုန်းက ကျွန်မကို မင်းထင်ဖုန်းဆက်ပြီးတော့ ပြောတယ်..။
သူလက်ထပ်လိုက်ပြီတဲ့..။
#Min Kha