ဆုံစည်းခွင့်လေး (Completed)
By Meaningless101
42.5K 1.5K 38
*Fall in love with me* More
Ep-01
Ep-02
Ep-03
Ep-04
Ep-05
Ep-06
Ep-07
Ep-08
Ep-09
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep - 28
Ep-29
Ep-30
✨Notice✨
Ep-31
Ep-32
Ep-33
➡Advertisement〽⬅
Ep-34
Ep-35
Ep-37
ကြော်ငြာတစ်ဖြတ် 😉
မိတ်ဆက်ခြင်း
Ep-38
Ep-39
Ep-40
Ep-41 🌑🌑
Ep-42
Ep-43
Ep-44
Ep-45
Final
new fic
Hey...
Ep-36
493 20 0
By Meaningless101
အဆောင်တော်ပြန်သွားတာ တစ်ပတ်ပင်မပြည့်သေး လဒမှိုင်ကြီးမှိုင်ကာ အချစ်နာကျပြီး ရူးခါနေတဲ့ သူငယ်ချင်းဖြစ်သူကို ဟက်ဟက်ပက်ပက်ရယ်ပြီး လှောင်လိုက်ချင်ပါသည်။ သို့ပေမယ့် ဒီလိုအဖြစ်မျိုးကို ကျွန်တော်လဲ ခံစားခဲ့ဖူးတာကြောင့် သုတကို နားလည်ပါသည်။
နားမလည်နိုင်တာက ဘယ်လိုအခြေနေမျိုးမှာဖြစ်ဖြစ် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ တစ်သီးတစ်သန့်ခွဲခြားတတ်တဲ့သူက ဂျူတီချိန်မှာ စိတ်လွတ်နေခြင်းပင်...။ သူစိတ်အဆင်မပြေလို့ သူ့အစားဂျူတီဝင်ပေးရမယ်။ အိုခေ... အဲ့ထိရတယ်။ နားလည်း နားလည်ပေးနိုင်တယ်။ ခုဟာက ဂျူတီလဲ ပုံမှန်ဝင်ပြီး သူများကိုသက်သက် ဒုက္ခပေးနေတာ။
အသိစိတ်လွတ်ပြီး အိပ်ရင်းလမ်းထလျှောက်တဲ့လူလို ဆေးရုံအနှံ့ပြဲပြဲစင်အောင်ပတ်သွားနေတာတွေ... ထား... ။ ဘာမှမပြောလိုဘူး။ လူနာတွေအတွက်ဆို အတိမ်းစောင်းမခံတဲ့သူက ဆီးချိုသမားကို ချိုချဥ်တွေ ကျွေးလိုကျွေး နှလုံးသမားကို ကျောက်ကပ်ဆေးတွေ လွဲပေးလိုပေး၊ ရိုးရိုဖျားပြီး မောနေတဲ့လူနာကိုလဲ နှလုံးအထူးကုဆီ လွှတ်လိုလွှတ်နဲ့ ဘေးက nurse သာ မသိရင် ဒီကောင်ထောင်ထဲရောက်တော့မှာ။ စိတ်လွတ်နေတာ ဘယ်သူမှမကယ်နိုင်...။
အဲ့လောက်ဖြစ်ပျက်နေရအောင် အဆောင်နဲ့များ ပြဿနာများဖြစ်သွားလို့လားဆိုတော့ မဟုတ်။ အဆင်ပြေလို့တောင် ချစ်သူရည်းစားအထိဖြစ်သွားသေးတာ...။ ဒါကို ဒင်းက သက်သက်လွမ်းနာကျနေတာ။ တစ်လောကလုံး သူတစ်ယောက်ပဲရည်းစားထားဖူးတဲ့အတိုင်း...။
"မင်းဟာလေးကို အ့လောက်လွမ်းနေလဲ လိုက်သွားပါလား ဆေးရုံလာပြီးတော့ သက်သက်ဒုက္ခမပေးချင်စမ်းပါနဲ့ကွာ..."
ဝီစကီတစ်ခွက်ကို ဟန်ပါပါသောက်ရင်း ပြောချလာတဲ့ မင်းရဲရင့်ကို မျက်စောင်းထိုးလိုက်ပြီး ငြိမ်နေရှာသည်။
ရဲရင့်ပြောရင်လဲ ပြောလောက်စရာ...။ ရှေ့ဆက်ဒီပုံအတိုင်းဆို ဆေးရုံမှာရှိသမျှ လူနာတွေအကုန် လျှောကုန်ပေလိမ့်မည်။
"​လွမ်းဖျား လွမ်းနာဆိုတာ လူတိုင်းမှာရှိတယ် မင်းကတော့ ပိုကိုပိုလွန်းတယ်"
"ဟုတ်ပါ့ကွာ... ရှိနေတုန်းကကျ သူပဲ ကန့်လန့်တွေတိုက် အတင်းတွေနှင်ထုတ် မသိရင် ကောင်လေးကပဲ အတင်းတွေလိုက်ကပ်ပြီး ကိုကို ကိုကိုဖြစ်နေတာ သူမကြိုက်ပါဘူးဆိုတဲ့အထာနဲ့ အကြောကလဲတင်းချက်"
အင်ပါယာအပြောကို အောင်မြတ်ကထောက်ခံကာ အကွန့်တက်သည်။ ဂျူတီပြီးကတည်းက သေမိန့်ကျ အကျဥ်းသားလို ငူငူငိုင်ငိုင်ဖြစ်နေတဲ့ သုတကြောင့် Density Club မှာ လေးယောက်သား လာသောက်နေခြင်းပင်။ DJ တီးလုံးသံတွေကြောင့် အနီးကပ်ထိုင်နေပါသော်လဲ စကားပြောရင် အသံနည်းနည်းမြှင့်ပြောရသည်။
"အဲ့တုန်းကတော့ ငါ့ခံစားချက်တွေကိုနားမလည်သေးဘူးလေကွာ ဒီကောင်လေးဇွတ်လိုက်ကပ်နေတော့ အာရုံနောက်တာပဲရှိတာ... နောက်တော့..."
စကားမဆက်ပဲ ဖန်ခွက်ထဲက လက်ကျန်ကို အရင်မော့ချလိုက်သည်။ ပြီးမှ စုတ်သတ်ကာ...
"ငါလဲ ဘယ်ကဘယ်လို ချစ်မိသွားမှန်းမသိဘူးကွာ... ချစ်မိတယ်ဆိုတောင် ငါတို့ကယောက်ျားနှစ်ယောက် ပြီးတော့ သူ့မိဘက ကိုယ့်ကိုယုံလို့ အပ်ထားတာ မဖြစ်သင့်ဘူးမလား အဲ့တော့ စကားကြမ်းတွေသုံးပြီး ခွာရတာပေါ့ အဆောင်ကိုက အရေထူတာ"
နှုတ်ဖျားက အဆောင်ဆိုတဲ့ နာမ်စားသုံးလိုက်တာနဲ့ ပြုံးယောင်သမ်းသွားတာ အသိသာ... ။ ဒီကောင် သူ့ကိုယ်သူပြုံးမိနေတာ သတိထားမိရဲ့လားတောင်မသိ...။ မျက်လုံးနက်နက်တွေကတော့ ခပ်ဆွေးဆွေးရယ်ပါ...။ မျက်နှာအမူအယာက မသိရင် ခုပဲ ပြိုကျတော့မည့်မိုးနှယ်...။ ရေချိန်ကိုက်နေတာကြောင့်လဲ ပါပေမည်။
"လွမ်းတယ်... အဆောင်ကို"​
အတည်ပေါက်ကြီးကိုပြောချလာပြီး ဆက်သောက်နေပြန်သည်။ အချိန်တွေမည်မျှကြာသွားသည်မသိ လက်ကနာရီကြည့်မိတော့ ဆယ့်နှစ်ထိုးဖို့ ငါးမိနစ်သာလိုတော့သည်။ ထိုမှ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ နှိုင်းကို သတိရကာ အင်ပါယာ ထပြေးရသည်။ နောက်မှာ အားလုံးတစ်ပြိုင်ထဲ ထွက်ပေါ်လာသည့် အသံကကျန်ခဲ့ရှာသည်။
"ဟာ... ဒီမယားကြောက်က တစ်မျိုး"​ ဟူ၍။ "ကြောက်တာမဟုတ်ဘူး ချစ်တာကွ"​ လို့လှည့်ပြီး ပြန်အော်ခဲ့ရသေး။
..............................................................
"သတိုး... အဆင်သင့်ဖြစ်ပြီလား"​
"ဗျာ... ဟုတ်... ဖြစ်... ဖြစ်တော့မယ်"​
"ဘာလေးလဲကွာ... အရမ်းစိတ်လှုပ်ရှားနေလား"
" ဟင်... ဟုတ်... မဟုတ်"
ဧကရာဇ်​ ဒီနေ့ သတိုးကိုခေါ်ပြီး မေမေနဲ့ ပေးတွေ့ဖို့ဖြစ်သည်။ ဒါကို စိတ်လှုပ်ရှားပြီး အဝတ်တောင်မလဲနိုင်ပဲ ခုတင်စွန်းမှာ ထိုင်ရင်း လက်တုန်ခြေတုန်ဖြစ်နေတဲ့ သတိုး။
မေမေရှော့စ်ရမှာ သိပေမယ့် အသိမပေးလို့ကလဲမဖြစ်နိုင်။ 'မပြော မပြီး မတီး မမြည်' ဆိုတဲ့ စကားပုံလဲရှိတယ်မလား။ ဘယ်လိုပဲဖြစ်ဖြစ် ဘေးလူပြောတာထက် ကိုယ်တိုင်ပြောတာက အပြစ်ပိုလျော့မယ်ထင်ရတာပါပဲ။ မေမေရယ် သားကိုခွင့်လွှတ်ပါ။
"ကို... ကျွန်တော် အဆင်သင့်ဖြစ်ပြီ"​
"အိုခေ... သွားကြစို့"​
သတိုးလက်လေးကိုဆွဲပြီး အိမ်ရှေ့က ကားလေးဆီဦးတည်ခဲ့သည်။ မေမေကတော့ ဒီချစ်စရာကောင်လေးကို လက်ခံပေးမှာပါနော်။ သတိုးက မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်း ပြည့်ခဲ့ပုံပေါ်သည်။ မြင်မြင်သမျှ သတိုးကိုဆို ချစ်ကြတဲ့သူချည်းသာ။ ဆိုင်ကိုလာတဲ့ customer အများစုက သတိုးကိုပဲ လိုက်ငမ်းနေကြလို့ အခန်းထဲ ထည့်ဖွက်ထားရတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့။
လက်ထဲက လက်ဖဝါးနုနုလေးကို ဘယ်အချိန်ကိုင်ကိုင် ဧကရာဇ်ရင်ထဲ ကြည်နူးမှုလှိုင်းတို့က တိုးဝင်စမြဲ။ အချစ်ဦးမဟုတ်ပေမယ့် အချစ်ဆုံးဖြစ်ခဲ့ပါတယ်... ကလေးငယ်။
မေမေ့အိမ်ရှေ့မှာ ဧကရာဇ်​ကားလေး ရပ်ထားတာ နာရီဝက်နီးပါးပင်ရှိချေပြီ။ နာရီဝက်အတောအတွင်း သက်ပြင်းချမိတာလဲ အကြိမ်ကြိမ် အခါခါ။ သတိုးကို ငဲ့ကြည့်တော့လဲ လက်သည်းကိုက်ကာ စိတ်လှုပ်ရှားနေဟန် အပြည့်။
တစ်နေ့ ဒီလိုနေ့မျိုးကြုံရမှာမှန်း သိပေမယ့် မေမေ့ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိ။ အိမ်ရှေ့မှာတင် နောက်လှည့်ပြေးချင်စိတ်တွေလဲဝင်မိသည်။ နောက်နေ့... နောက်နေ့မှပေါ့ဆိုတဲ့အတွေးဝင်တာကလဲ ခဏခဏ။ ရောက်မှတော့ မထူးတော့ပါဘူးလေ ဆိုပြီး မျက်စိစုံမှိတ်ကာ အိမ်ထဲဝင်ခဲ့သည်။
"ဒေါ်ဝေ မေမေရှိလား"
သတိုးလက်ကိုဖွဖွဆွဲကိုင်လာပြီး ဧည့်ခန်းထဲမှာ ကြက်မွှေးတစ်ချောင်းနဲ့ အလုပ်ရှုပ်နေတဲ့ ဒေါ်ဝေကိုမေးတော့ ဒေါ်ဝေက ဝမ်းသာအားရလှည့်ကြည့်လာပြီး
"သား... ဧကရာဇ်​ ပြန်လာပြီလား သားမေမေရှိတယ် ခဏလေး ဒေါ်ဝေသွားခေါ်ပေးမယ်"​
ဒေါ်ဝေ အပေါ်ထပ်ကို အပြေးတက်သွားတော့မှ သတိုးကို ဆိုဖာပေါ်ထိုင်စေကာ သူပါ သတိုးဘေးဝင်ထိုင်လိုက်သည်။ မကြာပါ အပေါ်ထပ်က မေမေ အလောတကြီးဆင်းလာသည်။
"သားရယ်...မေမေက လွမ်းနေတာ သားအလုပ်တွေရှုပ်နေတယ်လို့ နှိုင်းပြောတာနဲ့ မေမေလာမတွေ့တော့တာ"
မေမေက အပြေးလာပြီး ဧကရာဇ်ကိုဖက်ရှာသည်။ သားကိုပဲဇောကပ်နေတော့ ဘေးက သတိုးကိုမြင်ဟန်မတူ။
"မေမေ သားပြောစရာရှိတယ်"​
မေမေ့ကိုယ်လေးကို အနည်းငယ်ခွာကာ ပခုံးလေးကိုဖက်ထားပြီး မေမေ့ကိုငုံ့ကြည့်ကာ ဆိုတော့ မေမေက ဧကရာဇ်ဘေးကပ်ကာ ဝင်ထိုင်သည်။
"​ကဲ ပြော မအားတဲ့ကြားက ခုလိုတကူးတကကြီး လာတွေ့တာဆိုတော့ မေမေ့ဆီက သားဘာလိုချင်လဲ"​
မေမေမေးလာတော့လဲ ဘာပြန်ပြောရမှန်းမသိ။ စကားလုံးတွေက လည်ချောင်းထဲ တွင်သာတစ်နေရှာသည်။
"​ဟို ဟိုလေ"
"ဘာလဲ သားငယ်ရဲ့ အထစ်ထစ် အငေါ့ငေါ့နဲ့ ဒါနဲ့ သားသိလား"​
"ဗျာ... ဘာကိုလဲ"​
"သားအကိုလေ ကလေးရတော့မယ်"
မေမေ့စကားကြောင့် ဧကရာဇ်​မျက်လုံးက နှစ်ဆပြူးသွားသည်။ နှိုင်းက ကလေးယူဖို့မဖြစ်နိုင်ဘူးလေ။ ဒါဆို ဘရားသားက ဖောက်ပြန်တာလား။ မဖြစ်နိုင်တာ။ အိမ်ကဘရားသား နှိုင်းကို ဘယ်လောက် sensitive ဖြစ်လဲဆိုတာလဲ ဧကရာဇ်အသိ။ မဟုတ်မှ မေမေက ကလေးလိုချင်လို့ နောက်မိန်းမထပ်ယူလိုက်တာလား။ နှိုင်းကလဲ သူ့အတွက်နဲ့ လက်ခံခဲ့တာလား။ ခုတလော နှိုင်းနဲ့ အဆက်သွယ်မရတာလဲ ကြာပြီဖြစ်သည်။ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ။
"ဘရားသားက နောက်မိန်းမယူလိုက်တာလား"​
ဖြန်း...။ ဧကရာဇ်​အမေးကြောင့် မေမေ့လက်က ဇက်ပိုးပေါ်ကျရောက်လာသည်။
"ပေါက်ပေါက်ရှာရှာ သားကြီးက ဘာကိစ္စနောက်မိန်းမယူရမှာလဲ"​
"မသိဘူးလေ နှိုင်းမှကလေးယူဖို့ မဖြစ်နိုင်တာ သားတွေးမိတာ မှားလို့လား"​
"သားငယ် မင်းက ဘယ်ခေတ်မှာကျန်နေခဲ့တာလဲ အခု သားကြီးနဲ့နှိုင်းက စင်္ကာပူမယ် ဖန်ပြွန်သန္ဓေနဲ့ ကလေးယူဖို့ စီစဥ်နေကြပြီ။ မကြာခင် မင်းလဲ ဦးလေးဖြစ်တော့မယ်"
"​တ... တကယ်လား"
ဧကရာဇ်ရင်ထဲ​အတိုင်းအဆမရှိ ပျော်သွားရသည်။ သူကလေးမွေးပေးစရာ မလိုတော့ဘူးမဟုတ်လား။ ဟုတ်သားပဲ အစက အ့လိုနည်းလမ်းမစဥ်းစားမိလိုက်ဘူး။ အတွေးလွန်သွားတဲ့ ကိုယ့်အဖြစ်ကို တွေးရင်း ဂုတ်ပိုးကို လက်နဲ့ ပွတ်သပ်ကာ ပြုံးမိသည်။
"​ဟင် ဒီကလေးက"
မေမေက အခုမှ သတိုးကို သတိထားမိပုံပေါ်သည်။ မေမေပြောမှ လာရင်းအကြောင်းကို သတိရကာ ရယ်နေတဲ့အရှိန်ကို သပ်ပြီး မေမေ့လက်လေးတွေကို ဆုပ်ကိုင်ကာ
"မေမေ... သားရွေးချယ်မှုကို ဘယ်သူမှ လက်မခံတောင် မေမေကတော့ လက်ခံရမယ်နော်"​
"ဘာစကားလဲ သားငယ်ရဲ့"
မေမေက ဧကရာဇ်ကို အံ့သြသလို မော့ကြည့်လာသည်။
"သားမှာ ချစ်သူရှိနေပြီ"​
"ဟယ် ဟုတ်လား ဘယ်သူလေးလဲကွယ် မေမေနဲ့ ဘယ်ချိန် မိတ်ဆက်ပေးမှာလဲ"​
"အခုပဲလေ မေမေနဲ့မိတ်ဆက်ပေးဖို့ သားကောင်လေးကို ခေါ်လာတာ"
ဧကရာဇ် စကားဆုံးတော့ လက်ထဲက မေမေ့လက်တွေ တွန့်သွားတာ သတိထားမိသည်။ မေမေကပါးနပ်သူမို့ သတိုးကို သူ့ချစ်သူမှန်း ရိပ်မိမှာ အသေချာ။ မေမေ့မျက်နှာ ကွက်ခနဲပျက်သွားပြီးမှ ပြန်လည်ပြုံးပြကာ သတိုးကို အကဲခတ်နေသည်။
"​သား အလုပ်ရှိတယ်မလား ပြန်တော့လေ မေမေခဏနားချင်လို့"
မေမေက အရင်မတ်တပ်ထရပ်က ဆိုလာတော့ ဧကရာဇ်​ဘာပြန်ပြောရမှန်းမသိ။ အသိအမှတ်ပြုတယ်လဲ မဆိုသလို မပြုဘူးလို့လဲ မဆိုလိုတာကြောင့် ခေါင်းကိုက်ရသည်။
"မေမေ"​
အပေါ်ထပ်ကို တက်ဖို့ခြေလှမ်းပြင်နေတဲ့ မေမေ့ကို ခေါ်တော့ မေမေက ခေါင်းလေးအသာငဲ့ကြည့်ကာ
"​သားငယ် မေမေ့ကိုအချိန်ပေးပါဦး မေမေလက်ခံနိုင်ဖို့ ကြန့်ကြာကောင်း ကြန့်ကြာလိမ့်မယ် လောလောဆယ် မေမေ့ကို ဘာအကြောင်းမှမပြောရင်ကောင်းမယ်"​
မေမေကထိုမျှသာပြောပြီး အပေါ်ထပ်တက်သွားသည်။ ဆိုလိုချင်တာက မကန့်ကွက်ပဲ လက်ခံနိုင်ဖိုကြိုးစားမယ်တဲ့။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ခါးခါးသီးသီးမဆက်ဆံလို့ မေမေ့ကို ကျေးဇူးတင်ပါတယ်ဗျာ။
သူမျက်ရည်လည်လေးနဲ့ သတိုးကိုကြည့်မိတော့ သတိုးက ခေါင်းသာညိတ်ပြသည်။ သူအဆင်ပြေပါတယ်ဆိုတဲ့သဘော။
နှစ်ယောက်သား အိမ်ပြန်တဲ့လမ်းမှာလဲ တိတ်တဆိတ်။ ဒီနေ့ဆိုင်ပိတ်ခဲ့တာကြောင့် ခြံထဲကအလုပ်သမားတွေကလွဲ မည်သူမှ ရှိမနေ။
သတိုးက အခန်းထဲ ဝင်ကာ ရေအရင်ချိုးနေသည်။ ဒီအချိန် သတိုးဘာတွေတွေးနေမလဲ သူသိပ်သိချင်မိသည်။ မေမေက ခါးခါးသီးသီးငြင်းလိုက်တာမဟုတ်ပေမယ့် သတိုးကို အသိအမှတ်ပြုတဲ့အရိပ်အယောင် စိုးစဥ်းမျှမရှိ။ မေမေဂရုစိုက်တာ ဧကရာဇ်တစ်ယောက်တည်း။ သူမချစ်တဲ့သားမလို့ လက်ခံနိုင်အောင်ကြိုးစားရမှာ။ ဒါတောင် အချိန်ဘယ်လောက်ကြာမလဲ မသိ။
ဟား... အချစ်က ဘာလို့များ ဒီလောက်ခက်တဲ့ ပုစ္ဆာဖြစ်နေရတာလဲကွာ။
"ကို ရေချိုးတော့လေ"​
သတိုးက ရေချိုးပြီးစပုံစံဖြင့် အိမ်နေရင်း ဖလန်ထည်အစိမ်းကွက်ပွပွကြီးဝတ်ကာ ဘောင်းဘီတိုလေးနဲ့ ဧကရာဇ်ဘေး ဝင်ထိုင်မှ အတွေးတို့က လက်တွေ့ကမ္ဘာထဲ ပြန်ရောက်လာသည်။
"တော်ပါသေးရဲ့ ငါ့မှာ မင်းရှိနေတယ်ဆိုတဲ့ အသိနဲ့တင် အရာရာအေးချမ်းသွားလို့"​
"သွား... ရေချိုးလို့"
သတိုးပခုံးကနေ သိုင်းဖက်ကာ ဆိုတော့ သတိုက အတင်းတွန်းထုတ်ကာ ရေချိုးခန်းထဲ အရောက်ပို့နေသည်။
"ဒါနဲ့ မင်းအဆင်ပြေတာသေချာရဲ့လား"​
ဧကရာဇ်​ဘာကို ဆိုလိုလဲ သဘောပေါက်သည့်ဟန်ဖြင့် ခေါင်းကိုသာ တွင်တွင်ညိတ်ကာ
"​ကျွန်တော် အဆင်ပြေပါတယ်ဆိုဗျာ ရေအမြန်ချိုးတော့ ဗိုက်ဆာနေပြီဗျ"​
သတိုးပြောမှ ရေချိုးခန်းထဲ အမြန်ဝင်ကာ ရေချိုးခြင်း လုပ်ငန်း စတင်တော့သည်။ ဟုတ်သားပဲ သူတို့အတွေးလွန်ပြီး ငိုင်ထိုင်နေတာနဲ့ နေ့လည်တစ်နာရီတောင်ထိုးတော့မှာ။ ကို့ကလေးက အစားပုပ်သူမို့ အတော်ဆာနေရှာမှာ။
သတိုးကို စဥ်းစားမိတာနဲ့တင် ရေချိုးခြင်းကို အမြန်လက်စသတ်ကာ အပြင်ပြန်ထွက်လာပြီး ခုတင်ပေါ်မှာအသင့်ထုတ်ပေးထားတဲ့ Over size T-shirt အနက်တစ်ထည်နဲ့ ဘောင်းအတိုအပွ အဖြူကို ဝတ်လိုက်သည်။
သတိုးကို လိုက်ရှာတော့ သတိုးက အိမ်နောက်ကပန်းခင်းကြီးဆီမှာ။
"ကလေးရာ ဗိုက်ဆာနေပြီဆို လာလေကွာ အပြင်သွားစားကြမယ်"
ဒီကောင်လေး ဘာမှန်းမသိ နှိုင်းအတွက်ရည်ရွယ်ပြီး ဆောက်ပေးထားတဲ့ မှန်အိမ်ကိုပဲ စိတ်ဝင်စားနေတာ။ နှိုင်းက ဒီအိမ်လေးကို တအားနဲ့ကိုသဘောကျနေတာကြောင့် ဒီတိုင်း အမြဲသန့်ရှင်းရေးလုပ်ပြီး ရှားပါးပန်းပင်တွေ ထည့်ပေးထားတာ။ နှိုင်းကလဲ ဒီအိမ်လေးတစ်ခုခုဖြစ်သွားရင် နင့်ကိုသတ်မှာဆိုတဲ့ ခြိမ်းခြောက်စကားကြောင့် ဘာမှမလုပ်ရဲ။ မဟုတ်မှ ဒီကလေးငယ်လေးက သူ ခုထိ နှိုင်းကိုသဘောကျနေတုန်းလို့ ထင်နေတာတော့ မဟုတ်ဘူးမလား။
"ကို..."
"ဗျာ"​
ဆိုင်မှာ ထမင်းထိုင်စားရင်း သတိုးက စကားစပြောလာတာကြောင့် ထူးမိသည်။ ဒီကလေး အစောကတည်းက ငြိမ်နေတာ။ တစ်ခုခုပြောချင်မှန်း သိသာသည်။
"ပြောလေ ကို့ကလေးငယ်ရဲ့"​
ဧကရာဇ်​ အပြုံးဖြင့်ဆိုတော့
"ကျွန်တော်လိုချင်လို့"​
သတိုးရဲ့ အစမရှိအဆုံးမရှိအပြောကြောင့် ဧကရာဇ်​မျက်ခုံးပင့်မိသွားသည်။
"ဘာလိုချင်တာလဲ ကလေးရဲ့ ကို့ကိုနားလည်အောင်ပြောကွာ"​
ထမင်းစားမပျက် ပြောလိုက်တဲ့ ဧကရာဇ်ကို သတိုးက တွေတွေလေးကြည့်ကာ
"​ဟို... မှန်အိမ်ထဲက မမေ့နိုင်းဘူး ပန်းကို ကျွန်တော်လိုချင်လို့"
"​အဟက်... ကို့ကလေးငယ်လေးက သဝန်တိုနေတာလား လျှောက်မတွေးနဲ့နော် အဲ့ပန်းက ဒီတိုင်း နှိုင်းက ကြိုက်လို့ ဝယ်ထည့်ခိုင်းထားတာ ကိုကဘာမှမရည်ရွယ်ဘူး ကိုကကို့ကလေးငယ်ကိုပဲ တစ်ဘဝလုံးချစ်သွားမှာဗျာ"​
ဧကရာဇ်​အပြောကြောင့် သတိုးမျက်နှာလေး စတော်ဘယ်ရီသီးလေးလို ရဲသွားသည်။ အာ... အာခံတွင်းထဲထည့်ပြီး ငုံထားချင်လိုက်တာဗျာ။
"​အဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူးဆိုဗျာ ကျွန်တော်က အဲ့ပန်းကိုသဘောကျလို့"
"​အပြန်ရောက်ရင် ယူလိုက်လေကွာ နှိုင်းမေးရင် ကို့ကလေးငယ်ကသဘောကျလို့ကိုပေးလိုက်တယ်လို့ပြောလိုက်မယ် ဟုတ်ပြီလား ခုထိ ထမင်းက အရာတောင်မယွင်းသေးဘူး စားလေကို့ကလေးငယ်ရဲ့"​
ဧကရာဇ်​ပြောမှ ပန်းကန်ထဲက ထမင်းတွေကုန်အောင် အားရပါးရလွေးတောသည်။ စားပြီးသောက်ပြီးဖြစ်နေတဲ့ ဧကရာဇ်​က အားရပါးရစားနေတဲ့ ကလေးငယ်လေးကို ခေါင်းရမ်း၍သာ ပြုံးကြည့်နေမိသည်။ အကြည့်တွေထဲမှာတော့ ချစ်ခြင်းကအပြည့်ရယ်ပါ။
နောက်ကျမှ ချစ်ခွင့်ရပေမယ့် တုနှိုင်းမရတဲ့ချစ်ခြင်းတွေနဲ့ မင်းကိုချစ်ပါတယ် ကလေးငယ်။
..............................................
"လွမ်းတယ်... အဆောင်ကို"
..............................................................
" ဟင်... ဟုတ်... မဟုတ်"
"အိုခေ... သွားကြစို့"
"ဒေါ်ဝေ မေမေရှိလား"
"​ဟို ဟိုလေ"
"ဗျာ... ဘာကိုလဲ"
"​တ... တကယ်လား"
"​ဟင် ဒီကလေးက"
"ဘာစကားလဲ သားငယ်ရဲ့"
"မေမေ"
ဟား... အချစ်က ဘာလို့များ ဒီလောက်ခက်တဲ့ ပုစ်ဆာဖြစ်နေရတာလဲကွာ။
"ကို ရေချိုးတော့လေ"
"သွား... ရေချိုးလို့"
"ကို..."
"ဗျာ"
..............................................
Ep-37 coming soon....​✨
Continue Reading
You'll Also Like
593K 1.5K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ
32.3K 630 6
အပျက်ဆန်သောအပေါက်များအား ထိုးသွင်းခြင်း စုဆောင်းမှု Collection of Slutty Hole Insertions By 沒劉海的花和卷 EXTREME SMUT
252K 2.5K 13
အမေနဲ့သမီးအင်းစက်စာပေမို့လို့အသက််မပြည့်ပါကမဖတ်သင့်ကြောင်း ဖတ်ပြီးရင်လည်းအတုမယူသင့်ကြောင်းအသိပေးပန်ကြားလိုပါတယ်
223K 439 20
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်