Empress Xiao

By Amarayoyo94

87.7K 6.9K 308

Start date...7.6.2021 More

Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Request
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao
Empress Xiao

Empress Xiao

3.3K 328 17
By Amarayoyo94

မကြာမီမှာကျင်းပမယ့် သားတော်လေးရဲ့တစ်လပြည့်မွေးနေ့အတွက် နန်းတော်ထဲမှာအလုပ်ရှုပ်နေကြလေသည်။ ဆယ်ပြည်ထောင်ဆီကို ဖိတ်ကြားလွှာတွေပေးပို့ပြီးနောက် ထုံဘုရင်က သူ့ရဲ့သားတော်ကမွေးတဲ့မြေးတော်အတွက် လက်ဆောင်ပြင်ရန်အကြံအိုက်နေရသည်။ အနာဂတ်ရှန်ပြည်ရဲ့ပြည့်ရှင်ဖြစ်လာမယ့်သူက သူနဲ့သွေးသားတော်စပ်နေတော့ အတော်လေးကိုသွေးကြွနေလေသည်။

နောက်ဆုံးမှာတော့ မိဖုရားနဲ့တိုင်ပင်ပြီး ထုံပြည်ရဲ့ရတနာကိုလက်ဆောင်အဖြစ်ပေးရန်ရွေးချယ်လိုက်လေသည်။

"မြေးတော်ရဲ့ မွေးနေ့ပွဲကို ငါကိုယ်တော်နဲ့ မိဖုရားကြီးကိုယ်တိုင်သွားရောက်ချီးမြှင့်မယ်"

ထုံဘုရင်နဲ့ မိဘုရားကြီးရဲ့စိတ်ထဲတွင် ဒီအခွင့်ရေးကိုအသုံးချကာ အင်အားကြီးဆယ်ပြည်ထောင်ကကိုယ်စားလှယ်တွေနဲ့ရင်းနှီးအောင်လုပ်ပြီး ထုံပြည်အတွက်အကူညီတွေရယူမည်ဖြစ်သည်။ ဒါမှ နောင် သူတို့ရဲ့ကျေးဇူးမသိတတ်တဲ့ ရှက်စဖွယ်သားရဲ့အကူညီကိုယူစရာမလိုတော့ပေ။ တခြားအနေနဲ့လည်း သူတို့ ရှန်ပြည်ကိုကြောက်နေစရာမလိုပေ။ အကန်အနေနဲ့ ရှန်ပြည်ကိုပင် အာခံရဲတော့မည်ဖြစ်သည်။

စိတ်ကူးကိုလက်တွေ့အကောင်ထည်ဖော်ရန်မစောင့်နိုင်တော့သော ထုံဘုရင်လင်မယားသည် မွေးနေ့ပွဲမတိုင်ခင် ရှန်ပြည်ကိုရောက်ချလာလေသည်။

သို့သော်သူတို့လာတာ အနည်းငယ်နောက်ကျသွားလေသည်။ နန်းတော်ကိုလှုပ်ခတ်စေနိုင်တဲ့ ကိစ္စရပ်တွေက သိပ်မကြာမီရက်ပိုင်းအတွင်းမှာပဲဖြစ်သွားခဲ့လေသည်။

ကြင်ယာတော်ရှန်းဟာ မင်းသားလေးဝူရှောင်းကို အိမ်ရှေ့စံအဖြစ်ခန့်အပ်မယ့် သတင်းကို အတိုင်ပင်ခံအမတ်ကြီးဆီမှကြားခဲ့လေသည်။

သူမကထိုကိစ္စကိုလက်မခံနိုင်ဘဲ ဆေးအချို့ကိုသုံး၍ သူမရဲ့ကိုယ်ဝန်ကိုလမစေ့ခင်မွေးဖွားခဲ့လေသည်။

သူမရဲ့အတွေးထဲမှာတော့ အရှင်က ဒုတိယရင်သွေးကိုရတဲ့အတွက် ပထမမင်းသားရဲ့မွေးနေ့ပွဲကိုလအနည်းငယ်ဆိုင်းငံ့လိမ့်အုံးမည်ဟုထင်ခဲ့မိသည်။

အဲ့အချိန်မှာပဲ သူမရဲ့အကြီးဆုံးအမှားကို လုပ်ခဲ့မိလေသည်။ သူမကသူမရဲ့မွေးဖွားမှုကို နန်းတော်တစ်ခုလုံး သိစေရန်သူမအစေခံမှတဆင့် မောင်းခတ်ကြေငြာခဲ့သည်။

ဒါကြောင့် နန်းတော်တစ်ခုလုံးရဲ့အာရုံဟာ သူမဆီမှာရောက်နေခဲ့လေသည်။ မင်းသားလေးရဲ့မွေးနေ့ပွဲကိုပြင်ဆင်နေသူတွေပင် ထိုအကြောင်းအရာကိုအနည်းငယ်နားစွင့်ထားကြလေသည်။ သူမလိုချင်တာ ထိုကဲ့သို့ပင်။

မင်းသားငယ်လေးရဲ့မွေးနေ့မတိုင်ခင်တစ်ပါတ်အလိုမှာ ကြင်ယာတော်ရှန်းဟာကလေးမီးဖွားခဲ့သည်။ သူမရဲ့ကလေးကိုအနာဂတ်ပြည့်ရှင်ဖြစ်စေချင်လွန်းတဲ့ ဆန္ဒဟာ သူမရဲ့လောဘကြောင့်ပျက်စီးခဲ့သည်။ သူမမွေးလာတဲ့ကလေးဟာအမွှာဖြစ်ပြီး ယောကျာ်းလေးကသေဆုံးလျှက်သားပင်။ မိန်းကလေးသာအသက်ရှင်ပြီး အလွန်သေးငယ်ကာ ကလေးငယ်မှာသနားစရာပင်ဖြစ်နေသည်။

ကြင်ယာတော်ရှန်းမီးဖွားသည့်အသံကြားတော့ အရှင်ကကိုယ်တိုင်လာကြည့်လေသည်။ ကလေးတွေကိုတွေ့ပြီးနောက်မှာတော့ အရှင့်ရဲ့မျက်နှာဟာ မည်းမှောင်ကာ စိတ်ဆိုးမာန်ဆိုးထွက်သွားလေသည်။ ကြင်ယာတော်ရှန်းကတော့ ကလေးမီးဖွားပြီးချင်း သွေးလွန်ကာ သတိမေ့လျှက်ရှ်နေသည်။

အရှင်က အဆောင်ပြင်ကိုရောက်ရောက်ချင်း အမိန့်ပေးလေသည်။

"အတိုင်ပင်ခံအမတ် ကိုဖမ်းခေါ်လာခဲ့ကြ ရှင်ဘုရင်ကို လိမ်လည်မှုနဲ့သစ္စာဖောက်မှုအတွက် ပြီးတော့ အဆောင်ထဲကမိန်းမယုတ် သူ့ကိုပါခေါ်လာခဲ့"

ဒေါသထွက်နေတဲ့အရှင့်ကြောင့် အစေခံတွေအားလုံးကကြောက်ဒူးတုန်နေကြလေသည်။ ရဲမက်တွေတော့ အမိန့်ရပြီးချင်း အတိုင်ပင်ခံအမတ် ကိုသွားရောက်ဖမ်းဆီးလေသည်။

ညီလာခံခန်းမဆောင်၌

အမတ်တွေဟာ အရှင့်ရဲ့အမိန့်ကြောင့် အချိန်အခါမရှိစုဝေးနေကြရတယ်။ ပုလ္လင်ပေါ်ကအရှင့်ရဲ့မျက်နှာဟာ တည်တင်းနေပြီး သူ့ရှေ့မှာဒူးထောက်နေတဲ့အတိုင်ပင်ခဲအမတ်နဲ့ ကြင်ယာတော်ရှန်းကို တစ်စစီလုပ်ပစ်ချင်နေပုံပေါ်သည်။

"ကိုယ့်အပြစ်ကိုယ်သိလား အတိုင်ပင်ခံတော်အမတ်ကြီး"

အရှင်ရဲ့အသံဟာ အေးစက်နေပြီး ဒေါသတွေပါဝင်နေသည်။

အမတ်ကြီးဟာ ကြောက်လွန်းလို့ ခေါင်းကိုသာငုံ့ထားပြီး ဘာစကားမှမဆိုပေ။

သို့ပေမယ့် ကြင်ယာတော်ရှန်းကတော့ သတိရရခြင်းသူ့ကိုဆွဲခေါ်လာတဲ့ ရဲမက်တွေကြောင့် ဘာမသိညာမသိ ညီလာခံကိုရောက်လာရတယ်။

အခု ဘာလို့ သူနဲ့အမတ်ကြီးကိုဖမ်းထားရတာလဲ။ မဟုတ်မှ အရှင်သိသွားတာလား။ မဖြစ်နိုင်တာ သူခုနလေးကမှ ကလေးမွေးပြီးတာ အရှင်ကဘယ်လိုလုပ်ချက်ချင်းသိရမှာလဲ။ ကြင်ယာတော်ရှန်းက မျက်မှောင်ကျုံ့ကာ သူ့ဘေးကအစေခံဆီမှ ကလေးကိုလှမ်းတောင်းလိုက်လေသည်။

အစေခံကတုပ်တုပ်မျှမလှုပ်သောအခါ သူမကဒေါသထွက်ပြီး ယိုင်တိယိုင်တိုင်လျှောက်ကာ အစေခံဆီမှ ကလေးကိုလုလေသည်။ သူမက အသက်ရှင်လျှက်ရှိသေးတဲ့ သမီးကိုပစ်ထားပြီး သေဆုံးနေတဲ့သားဖြစ်သူရဲ့အလောင်းကိုသာ ယူလာခဲ့သည်။

"အရှင် ဒီမှာကြည့်ပါအုံး အရှင်ရဲ့သားတော်လေးလေ အိပ်နေလိုက်တာ အိပ်နေတာကအစ အရှင်နဲ့တစ်ပုံစံတည်း"

သူမကအသံကိုချွဲနွဲ့ကာ အသက်မရှိတဲ့ကလေးကို အရှင်မြင်စေရန် အရှေ့သို့တိုးလာလေသည်။

ပုလ္လင်အောက်ခြေမှာရှိတဲ့ အရှင်ရဲ့အထိန်းတော်က ကြင်ယာတော်ရှန်းရဲ့ပါးကို ဖြောင်းခနဲမြည်အောင်ချ၍

"တယ် မိန်းမယုတ် ညစ်ပတ်တဲ့သူနဲ့ရတဲ့ ကလေးအလောင်းကို မြင့်မြတ်တဲ့အရှင့်ရဲ့ရှေ့ကိုယူလာရဲတယ်ပေါ့"

အောက်ကိုထိုင်လျှက်သားပြုတ်ကျသွားတဲ့ ကြင်ယာတော်ရှန်းက ဒေါသတကြီးဖြင့်

"အဖိုးကြီး ရှင်ဘာတွေပြောနေတာလဲ ဒီကလေးကအရှင့်ကလေး အနာဂတ်ရဲ့အိမ်ရှေ့စံ ကျွန်မသားကဘာလို့သေရမှာလဲ သူကအိပ်ပျော်နေတာပဲရှိတယ်"

အရှင်က ထိုအရူးလိုဖြစ်နေတဲ့ မိန်းမကိုလျစ်လျူရှုကာ

"အမတ်ကြီးတို့ပြောကြည့်စမ်း အတိုင်ပင်ခံအမတ်ကြီးရဲ့ ငယ်နာမည်​ပြောင်က ဘာလဲဆိုတာ"

ထိုအခါ အမတ်အိုကြီးတွေက စဥ်းစားပြီးနောက်

"စကြာ သူရဲကောင်းလေးပါ အရှင်"

အမတ်ချုပ်ကလျှောက်ထားလေမှ ကျန်အမတ်တွေလည်းထောက်ခံကြလေ၏။

"ဒီအမည်ဘာကြောင့်တွင်သလဲရောသိလား"

"အတိုင်ပင်ခံအမတ်ရဲ့ ရင်ဘက်နဲ့ကျောပြင်မှာ စကြာပုံစံ အမှတ်တွေရှိနေလို့ပါအရှင်"

"ဟုတ်ပြီ ဒါဆို ဒါလေးကိုကြည့်လိုက်အုံး"

အရှင်ကခွင့်ပြုလိုက်တာနဲ့ ရဲမက်တွေက ကြင်ယာတော်ရှန်းရဲ့ ကလေးနှစ်ယောက်ကို အနှီးထုတ်မှဖြေကာ အမတ်တွေကိုသေချာမြင်အောင်ပြလိုက်သည်။

ကလေးတွေရဲ့ ရင်ဘက်နဲ့ကျောမှာ စကြာပုံစံအမှတ်သေးလေးတွေကို ထင်ရှားစွာမြင်နေရသည်။

"ဒါ ဒါက အရှင် မဟုတ်မှ"

"ယုတ်ညံ့တဲ့မိန်းမ ရှန်းယွီက သစ္စဖောက်အမတ်နဲ့ ကျူးလွန်ပြီး ငါကိုယ်တော်ကို လိမ်လည်ခဲ့တယ်..ယုတ်ညံ့တဲ့​သွေးကို မြင့်မြတ်တဲ့တော်ဝင်သွေးဆိုပြီးလှည့်ဖျားခဲ့တယ် သစ္စာဖောက်ရုံတင်မကဘဲ အပြစ်ကိုဝန်မခံတဲ့အပြင် အဆုံးစွန်ထိ လိမ်ညာခဲ့တဲ့ ကြင်ယာတော်ရှန်းကို အစေခံအဖြစ်ရာထူးချစေပြီး ကိုယ်လုပ်တော်တွေရဲ့ အပါးမှာ ခစားစေ ရှင်သခင်ကိုသစ္စာမဲ့တဲ့အတိုင်ပင်ခံအမတ်ကို ကျင့်ကြံဆင့်တွေအကုန်ပယ်ဖျက်ပြီး သူ့ရဲ့ကလေးငယ်ကိုခေါ်ဆောင်ကာ နယ်စပ်ဒေသသို့ နယ်နှင်ဒဏ်ပေးပို့စေ"

အရှင်ရဲ့အမိန့်အဆုံးမှာ ကြင်ယာတော်ရှန်းဟာ ရူးမတတ်ဖြစ်သွားရပြီး အတိုင်ပင်ခံအမတ်ကတော့ သက်ပြင်းချလိုက်သည်။

သူ့ရဲ့ကလေးကို သူနဲ့အတူလိုက်ပါစေတာဟာ အရှင်ကသူ့ကိုသက်ညှာလိုက်ခြင်းပင်။ သူ့ဘေးက အာဏာကိုရူးမူးနေတဲ့ မိန်းမနဲ့သာ ထိုကလေးကျန်ခဲ့ရင် ထိုကလေးဘဝကအဆုံးသတ်ပြီပင်။
နောက်ဆုံးတော့ အတိုင်ပင်ခံအမတ်က စိတ်သက်သာရာရသလို ပြုံးလိုက်မိသည်။ အခုကစပြီး သူတို့သားအဖနှစ်ယောက်ရဲ့ဘဝကို အေးချမ်းစွာစတက်ရန်စိတ်ကူးထားလိုက်သည်။

ကြင်ယာတော်ရှန်းကတော့ သောင်းကျန်းကာ အရူးအမူးဖြစ်နေလေသည်။

"အရှင် အထင်လွဲနေတာပါ ဒါကအရှင့်ကလေးပါ အတိုင်ပင်ခံအမတ် သူကဘယ်သူလဲ သူနဲ့လုံးဝမဆိုက်ပါဘူး ဒါကအရှင့်ရဲ့ သွေးသားရင်း အနာဂတ်ရဲ့ အိမ်ရှေ့စံ.."

"တိတ်စမ်း"

သွေးရူးသွေးတန်းပြောနေတဲ့စကားတွေက အရှင့်ရဲ့အမိန့်အောက်မှာ တိတ်သွားရသည်။

အရှင်က သူ့ထက်တစ်ဆင့်သာနိမ့်တဲ့ ပုလ္လင်ပေါ်မှာ ကလေးချီလျှက်ထိုင်နေသည့်ရှောင်းကျန့်ဆီလက်လှမ်းပြလိုက်သည်။

ရှောင်းကျန့်က အလိုက်သိစွာပင် ကလေးကိုအရှင့်ဆီ ပေးလိုက်လေ၏။

အရှင်က အိပ်ပျော်နေတဲ့ ဝူဝူလေးကိုအသာလေးပွေ့ချီကာ ကလေးငယ်ကိုငုံ့နမ်းလိုက်လေသည်။ ထို့နောက် ရှောင်းကျန့်ရဲ့လက်ကိုကိုင်ကာ သူ့ရဲ့ဘေးမှာဝင်ထိုင်စေလေသည်။

"ငါကိုယ်တော့်ဆီမှာ သွေးသားရင်းဆိုလို့ ကြင်ယာတော်ရှောင်းက မွေးတဲ့ ပထမမင်းသားလေး ဝမ်ဝူရှောင်းပဲရှိတယ် ဒီကလေးကသာ ငါကိုယ်တော်ရဲ့ကလေး ငါကိုယ်တော်ချစ်မြတ်နိုးတဲ့ကြင်ယာတော်ကမွေးဖွားပေးတဲ့ကလေး ဒီကလေးကသာ အနာဂတ်ရဲ့အိမ်ရှေ့စံ အနာဂတ်ရဲ့ဘုရင်လောင်းပဲ ဟောဒီ လက်ဖျံကသွေးကြောက ငါကိုယ်တော်တို့သားအဖရဲ့အသက်ဆက်ကြိုးပဲ အခုချိန်ကစပြီး ငါကိုယ်တော်ရဲ့သားတော်ကိုပဲဖြစ်ဖြစ် ကြင်ယာတော်ရှောင်းကိုပဲဖြစ်ဖြစ် အန္တရာယ်ဖြစ်စေမယ်ဆိုရင် အဲ့ဒီလူတွေအတွက် သေခြင်းကလွဲပြီး ရှိမလာစေရဘူး"

အရှင်ရဲ့ရာဇသံက အမတ်တွေအားလုံးကိုသာမက မိဖုရားတွေအထိပါအကြုံးဝင်လေသည်။ အရှင့်ရဲ့ဘေးမှာထိုင်နေတဲ့ ရှောင်းကျန့်ကို မုန်းတီးစွာကြည့်နေတဲ့ မိဖုရားတွေဟာ အရှင့်ရဲ့စကားကိုကြားတော့ ခေါင်းငုံ့သွားကြပြီး လက်သီးကိုသာ ကျစ်ကျစ်ပါအောင်စုပ်ထားကြလေသည်။

================================

Suprise!!!

ငပျင်းမလေး Yoyo##




မၾကာမီမွာက်င္းပမယ့္ သားေတာ္ေလးရဲ႕တစ္လျပည့္ေမြးေန႕အတြက္ နန္းေတာ္ထဲမွာအလုပ္ရႈပ္ေနၾကေလသည္။ ဆယ္ျပည္ေထာင္ဆီကို ဖိတ္ၾကားလႊာေတြေပးပို႔ၿပီးေနာက္ ထုံဘုရင္က သူ႕ရဲ႕သားေတာ္ကေမြးတဲ့ေျမးေတာ္အတြက္ လက္ေဆာင္ျပင္ရန္အႀကံအိုက္ေနရသည္။ အနာဂတ္ရွန္ျပည္ရဲ႕ျပည့္ရွင္ျဖစ္လာမယ့္သူက သူနဲ႕ေသြးသားေတာ္စပ္ေနေတာ့ အေတာ္ေလးကိုေသြးႂကြေနေလသည္။

ေနာက္ဆုံးမွာေတာ့ မိဖုရားနဲ႕တိုင္ပင္ၿပီး ထုံျပည္ရဲ႕ရတနာကိုလက္ေဆာင္အျဖစ္ေပးရန္ေ႐ြးခ်ယ္လိုက္ေလသည္။

"ေျမးေတာ္ရဲ႕ ေမြးေန႕ပြဲကို ငါကိုယ္ေတာ္နဲ႕ မိဖုရားႀကီးကိုယ္တိုင္သြားေရာက္ခ်ီးျမႇင့္မယ္"

ထုံဘုရင္နဲ႕ မိဘုရားႀကီးရဲ႕စိတ္ထဲတြင္ ဒီအခြင့္ေရးကိုအသုံးခ်ကာ အင္အားႀကီးဆယ္ျပည္ေထာင္ကကိုယ္စားလွယ္ေတြနဲ႕ရင္းႏွီးေအာင္လုပ္ၿပီး ထုံျပည္အတြက္အကူညီေတြရယူမည္ျဖစ္သည္။ ဒါမွ ေနာင္ သူတို႔ရဲ႕ေက်းဇူးမသိတတ္တဲ့ ရွက္စဖြယ္သားရဲ႕အကူညီကိုယူစရာမလိုေတာ့ေပ။ တျခားအေနနဲ႕လည္း သူတို႔ ရွန္ျပည္ကိုေၾကာက္ေနစရာမလိုေပ။ အကန္အေနနဲ႕ ရွန္ျပည္ကိုပင္ အာခံရဲေတာ့မည္ျဖစ္သည္။

စိတ္ကူးကိုလက္ေတြ႕အေကာင္ထည္ေဖာ္ရန္မေစာင့္နိုင္ေတာ့ေသာ ထုံဘုရင္လင္မယားသည္ ေမြးေန႕ပြဲမတိုင္ခင္ ရွန္ျပည္ကိုေရာက္ခ်လာေလသည္။

သို႔ေသာ္သူတို႔လာတာ အနည္းငယ္ေနာက္က်သြားေလသည္။ နန္းေတာ္ကိုလႈပ္ခတ္ေစနိုင္တဲ့ ကိစၥရပ္ေတြက သိပ္မၾကာမီရက္ပိုင္းအတြင္းမွာပဲျဖစ္သြားခဲ့ေလသည္။

ၾကင္ယာေတာ္ရွန္းဟာ မင္းသားေလးဝူေရွာင္းကို အိမ္ေရွ႕စံအျဖစ္ခန့္အပ္မယ့္ သတင္းကို အတိုင္ပင္ခံအမတ္ႀကီးဆီမွၾကားခဲ့ေလသည္။

သူမကထိုကိစၥကိုလက္မခံနိုင္ဘဲ ေဆးအခ်ိဳ႕ကိုသုံး၍ သူမရဲ႕ကိုယ္ဝန္ကိုလမေစ့ခင္ေမြးဖြားခဲ့ေလသည္။

သူမရဲ႕အေတြးထဲမွာေတာ့ အရွင္က ဒုတိယရင္ေသြးကိုရတဲ့အတြက္ ပထမမင္းသားရဲ႕ေမြးေန႕ပြဲကိုလအနည္းငယ္ဆိုင္းငံ့လိမ့္အုံးမည္ဟုထင္ခဲ့မိသည္။

အဲ့အခ်ိန္မွာပဲ သူမရဲ႕အႀကီးဆုံးအမွားကို လုပ္ခဲ့မိေလသည္။ သူမကသူမရဲ႕ေမြးဖြားမႈကို နန္းေတာ္တစ္ခုလုံး သိေစရန္သူမအေစခံမွတဆင့္ ေမာင္းခတ္ေၾကျငာခဲ့သည္။

ဒါေၾကာင့္ နန္းေတာ္တစ္ခုလုံးရဲ႕အာ႐ုံဟာ သူမဆီမွာေရာက္ေနခဲ့ေလသည္။ မင္းသားေလးရဲ႕ေမြးေန႕ပြဲကိုျပင္ဆင္ေနသူေတြပင္ ထိုအေၾကာင္းအရာကိုအနည္းငယ္နားစြင့္ထားၾကေလသည္။ သူမလိုခ်င္တာ ထိုကဲ့သို႔ပင္။

မင္းသားငယ္ေလးရဲ႕ေမြးေန႕မတိုင္ခင္တစ္ပါတ္အလိုမွာ ၾကင္ယာေတာ္ရွန္းဟာကေလးမီးဖြားခဲ့သည္။ သူမရဲ႕ကေလးကိုအနာဂတ္ျပည့္ရွင္ျဖစ္ေစခ်င္လြန္းတဲ့ ဆႏၵဟာ သူမရဲ႕ေလာဘေၾကာင့္ပ်က္စီးခဲ့သည္။ သူမေမြးလာတဲ့ကေလးဟာအမႊာျဖစ္ၿပီး ေယာက်ာ္းေလးကေသဆုံးလွ်က္သားပင္။ မိန္းကေလးသာအသက္ရွင္ၿပီး အလြန္ေသးငယ္ကာ ကေလးငယ္မွာသနားစရာပင္ျဖစ္ေနသည္။

ၾကင္ယာေတာ္ရွန္းမီးဖြားသည့္အသံၾကားေတာ့ အရွင္ကကိုယ္တိုင္လာၾကည့္ေလသည္။ ကေလးေတြကိုေတြ႕ၿပီးေနာက္မွာေတာ့ အရွင့္ရဲ႕မ်က္ႏွာဟာ မည္းေမွာင္ကာ စိတ္ဆိုးမာန္ဆိုးထြက္သြားေလသည္။ ၾကင္ယာေတာ္ရွန္းကေတာ့ ကေလးမီးဖြားၿပီးခ်င္း ေသြးလြန္ကာ သတိေမ့လွ်က္ရွ္ေနသည္။

အရွင္က အေဆာင္ျပင္ကိုေရာက္ေရာက္ခ်င္း အမိန့္ေပးေလသည္။

"အတိုင္ပင္ခံအမတ္ ကိုဖမ္းေခၚလာခဲ့ၾက ရွင္ဘုရင္ကို လိမ္လည္မႈနဲ႕သစၥာေဖာက္မႈအတြက္ ၿပီးေတာ့ အေဆာင္ထဲကမိန္းမယုတ္ သူ႕ကိုပါေခၚလာခဲ့"

ေဒါသထြက္ေနတဲ့အရွင့္ေၾကာင့္ အေစခံေတြအားလုံးကေၾကာက္ဒူးတုန္ေနၾကေလသည္။ ရဲမက္ေတြေတာ့ အမိန့္ရၿပီးခ်င္း အတိုင္ပင္ခံအမတ္ ကိုသြားေရာက္ဖမ္းဆီးေလသည္။

ညီလာခံခန္းမေဆာင္၌

အမတ္ေတြဟာ အရွင့္ရဲ႕အမိန့္ေၾကာင့္ အခ်ိန္အခါမရွိစုေဝးေနၾကရတယ္။ ပုလႅင္ေပၚကအရွင့္ရဲ႕မ်က္ႏွာဟာ တည္တင္းေနၿပီး သူ႕ေရွ႕မွာဒူးေထာက္ေနတဲ့အတိုင္ပင္ခဲအမတ္နဲ႕ ၾကင္ယာေတာ္ရွန္းကို တစ္စစီလုပ္ပစ္ခ်င္ေနပုံေပၚသည္။

"ကိုယ့္အျပစ္ကိုယ္သိလား အတိုင္ပင္ခံေတာ္အမတ္ႀကီး"

အရွင္ရဲ႕အသံဟာ ေအးစက္ေနၿပီး ေဒါသေတြပါဝင္ေနသည္။

အမတ္ႀကီးဟာ ေၾကာက္လြန္းလို႔ ေခါင္းကိုသာငုံ႕ထားၿပီး ဘာစကားမွမဆိုေပ။

သို႔ေပမယ့္ ၾကင္ယာေတာ္ရွန္းကေတာ့ သတိရရျခင္းသူ႕ကိုဆြဲေခၚလာတဲ့ ရဲမက္ေတြေၾကာင့္ ဘာမသိညာမသိ ညီလာခံကိုေရာက္လာရတယ္။

အခု ဘာလို႔ သူနဲ႕အမတ္ႀကီးကိုဖမ္းထားရတာလဲ။ မဟုတ္မွ အရွင္သိသြားတာလား။ မျဖစ္နိုင္တာ သူခုနေလးကမွ ကေလးေမြးၿပီးတာ အရွင္ကဘယ္လိုလုပ္ခ်က္ခ်င္းသိရမွာလဲ။ ၾကင္ယာေတာ္ရွန္းက မ်က္ေမွာင္က်ဳံ႕ကာ သူ႕ေဘးကအေစခံဆီမွ ကေလးကိုလွမ္းေတာင္းလိုက္ေလသည္။

အေစခံကတုပ္တုပ္မွ်မလႈပ္ေသာအခါ သူမကေဒါသထြက္ၿပီး ယိုင္တိယိုင္တိုင္ေလွ်ာက္ကာ အေစခံဆီမွ ကေလးကိုလုေလသည္။ သူမက အသက္ရွင္လွ်က္ရွိေသးတဲ့ သမီးကိုပစ္ထားၿပီး ေသဆုံးေနတဲ့သားျဖစ္သူရဲ႕အေလာင္းကိုသာ ယူလာခဲ့သည္။

"အရွင္ ဒီမွာၾကည့္ပါအုံး အရွင္ရဲ႕သားေတာ္ေလးေလ အိပ္ေနလိုက္တာ အိပ္ေနတာကအစ အရွင္နဲ႕တစ္ပုံစံတည္း"

သူမကအသံကိုခြၽဲႏြဲ႕ကာ အသက္မရွိတဲ့ကေလးကို အရွင္ျမင္ေစရန္ အေရွ႕သို႔တိုးလာေလသည္။

ပုလႅင္ေအာက္ေျခမွာရွိတဲ့ အရွင္ရဲ႕အထိန္းေတာ္က ၾကင္ယာေတာ္ရွန္းရဲ႕ပါးကို ေျဖာင္းခနဲျမည္ေအာင္ခ်၍

"တယ္ မိန္းမယုတ္ ညစ္ပတ္တဲ့သူနဲ႕ရတဲ့ ကေလးအေလာင္းကို ျမင့္ျမတ္တဲ့အရွင့္ရဲ႕ေရွ႕ကိုယူလာရဲတယ္ေပါ့"

ေအာက္ကိုထိုင္လွ်က္သားျပဳတ္က်သြားတဲ့ ၾကင္ယာေတာ္ရွန္းက ေဒါသတႀကီးျဖင့္

"အဖိုးႀကီး ရွင္ဘာေတြေျပာေနတာလဲ ဒီကေလးကအရွင့္ကေလး အနာဂတ္ရဲ႕အိမ္ေရွ႕စံ ကြၽန္မသားကဘာလို႔ေသရမွာလဲ သူကအိပ္ေပ်ာ္ေနတာပဲရွိတယ္"

အရွင္က ထိုအ႐ူးလိုျဖစ္ေနတဲ့ မိန္းမကိုလ်စ္လ်ဴရႈကာ

"အမတ္ႀကီးတို႔ေျပာၾကည့္စမ္း အတိုင္ပင္ခံအမတ္ႀကီးရဲ႕ ငယ္နာမည္​ေျပာင္က ဘာလဲဆိုတာ"

ထိုအခါ အမတ္အိုႀကီးေတြက စဥ္းစားၿပီးေနာက္

"စၾကာ သူရဲေကာင္းေလးပါ အရွင္"

အမတ္ခ်ဳပ္ကေလွ်ာက္ထားေလမွ က်န္အမတ္ေတြလည္းေထာက္ခံၾကေလ၏။

"ဒီအမည္ဘာေၾကာင့္တြင္သလဲေရာသိလား"

"အတိုင္ပင္ခံအမတ္ရဲ႕ ရင္ဘက္နဲ႕ေက်ာျပင္မွာ စၾကာပုံစံ အမွတ္ေတြရွိေနလို႔ပါအရွင္"

"ဟုတ္ၿပီ ဒါဆို ဒါေလးကိုၾကည့္လိုက္အုံး"

အရွင္ကခြင့္ျပဳလိုက္တာနဲ႕ ရဲမက္ေတြက ၾကင္ယာေတာ္ရွန္းရဲ႕ ကေလးႏွစ္ေယာက္ကို အႏွီးထုတ္မွေျဖကာ အမတ္ေတြကိုေသခ်ာျမင္ေအာင္ျပလိုက္သည္။

ကေလးေတြရဲ႕ ရင္ဘက္နဲ႕ေက်ာမွာ စၾကာပုံစံအမွတ္ေသးေလးေတြကို ထင္ရွားစြာျမင္ေနရသည္။

"ဒါ ဒါက အရွင္ မဟုတ္မွ"

"ယုတ္ညံ့တဲ့မိန္းမ ရွန္းယြီက သစၥေဖာက္အမတ္နဲ႕ က်ဴးလြန္ၿပီး ငါကိုယ္ေတာ္ကို လိမ္လည္ခဲ့တယ္..ယုတ္ညံ့တဲ့​ေသြးကို ျမင့္ျမတ္တဲ့ေတာ္ဝင္ေသြးဆိုၿပီးလွည့္ဖ်ားခဲ့တယ္ သစၥာေဖာက္႐ုံတင္မကဘဲ အျပစ္ကိုဝန္မခံတဲ့အျပင္ အဆုံးစြန္ထိ လိမ္ညာခဲ့တဲ့ ၾကင္ယာေတာ္ရွန္းကို အေစခံအျဖစ္ရာထူးခ်ေစၿပီး ကိုယ္လုပ္ေတာ္ေတြရဲ႕ အပါးမွာ ခစားေစ ရွင္သခင္ကိုသစၥာမဲ့တဲ့အတိုင္ပင္ခံအမတ္ကို က်င့္ႀကံဆင့္ေတြအကုန္ပယ္ဖ်က္ၿပီး သူ႕ရဲ႕ကေလးငယ္ကိုေခၚေဆာင္ကာ နယ္စပ္ေဒသသို႔ နယ္ႏွင္ဒဏ္ေပးပို႔ေစ"

အရွင္ရဲ႕အမိန့္အဆုံးမွာ ၾကင္ယာေတာ္ရွန္းဟာ ႐ူးမတတ္ျဖစ္သြားရၿပီး အတိုင္ပင္ခံအမတ္ကေတာ့ သက္ျပင္းခ်လိဳက္သည္။

သူ႕ရဲ႕ကေလးကို သူနဲ႕အတူလိုက္ပါေစတာဟာ အရွင္ကသူ႕ကိုသက္ညွာလိုက္ျခင္းပင္။ သူ႕ေဘးက အာဏာကို႐ူးမူးေနတဲ့ မိန္းမနဲ႕သာ ထိုကေလးက်န္ခဲ့ရင္ ထိုကေလးဘဝကအဆုံးသတ္ၿပီပင္။
ေနာက္ဆုံးေတာ့ အတိုင္ပင္ခံအမတ္က စိတ္သက္သာရာရသလို ၿပဳံးလိုက္မိသည္။ အခုကစၿပီး သူတို႔သားအဖႏွစ္ေယာက္ရဲ႕ဘဝကို ေအးခ်မ္းစြာစတက္ရန္စိတ္ကူးထားလိုက္သည္။

ၾကင္ယာေတာ္ရွန္းကေတာ့ ေသာင္းက်န္းကာ အ႐ူးအမူးျဖစ္ေနေလသည္။

"အရွင္ အထင္လြဲေနတာပါ ဒါကအရွင့္ကေလးပါ အတိုင္ပင္ခံအမတ္ သူကဘယ္သူလဲ သူနဲ႕လုံးဝမဆိုက္ပါဘူး ဒါကအရွင့္ရဲ႕ ေသြးသားရင္း အနာဂတ္ရဲ႕ အိမ္ေရွ႕စံ.."

"တိတ္စမ္း"

ေသြး႐ူးေသြးတန္းေျပာေနတဲ့စကားေတြက အရွင့္ရဲ႕အမိန့္ေအာက္မွာ တိတ္သြားရသည္။

အရွင္က သူ႕ထက္တစ္ဆင့္သာနိမ့္တဲ့ ပုလႅင္ေပၚမွာ ကေလးခ်ီလွ်က္ထိုင္ေနသည့္ေရွာင္းက်န့္ဆီလက္လွမ္းျပလိုက္သည္။

ေရွာင္းက်န့္က အလိုက္သိစြာပင္ ကေလးကိုအရွင့္ဆီ ေပးလိုက္ေလ၏။

အရွင္က အိပ္ေပ်ာ္ေနတဲ့ ဝူဝူေလးကိုအသာေလးေပြ႕ခ်ီကာ ကေလးငယ္ကိုငုံ႕နမ္းလိုက္ေလသည္။ ထို႔ေနာက္ ေရွာင္းက်န့္ရဲ႕လက္ကိုကိုင္ကာ သူ႕ရဲ႕ေဘးမွာဝင္ထိုင္ေစေလသည္။

"ငါကိုယ္ေတာ့္ဆီမွာ ေသြးသားရင္းဆိုလို႔ ၾကင္ယာေတာ္ေရွာင္းက ေမြးတဲ့ ပထမမင္းသားေလး ဝမ္ဝူေရွာင္းပဲရွိတယ္ ဒီကေလးကသာ ငါကိုယ္ေတာ္ရဲ႕ကေလး ငါကိုယ္ေတာ္ခ်စ္ျမတ္နိုးတဲ့ၾကင္ယာေတာ္ကေမြးဖြားေပးတဲ့ကေလး ဒီကေလးကသာ အနာဂတ္ရဲ႕အိမ္ေရွ႕စံ အနာဂတ္ရဲ႕ဘုရင္ေလာင္းပဲ ေဟာဒီ လက္ဖ်ံကေသြးေၾကာက ငါကိုယ္ေတာ္တို႔သားအဖရဲ႕အသက္ဆက္ႀကိဳးပဲ အခုခ်ိန္ကစၿပီး ငါကိုယ္ေတာ္ရဲ႕သားေတာ္ကိုပဲျဖစ္ျဖစ္ ၾကင္ယာေတာ္ေရွာင္းကိုပဲျဖစ္ျဖစ္ အႏၱရာယ္ျဖစ္ေစမယ္ဆိုရင္ အဲ့ဒီလူေတြအတြက္ ေသျခင္းကလြဲၿပီး ရွိမလာေစရဘူး"

အရွင္ရဲ႕ရာဇသံက အမတ္ေတြအားလုံးကိုသာမက မိဖုရားေတြအထိပါအႀကဳံးဝင္ေလသည္။ အရွင့္ရဲ႕ေဘးမွာထိုင္ေနတဲ့ ေရွာင္းက်န့္ကို မုန္းတီးစြာၾကည့္ေနတဲ့ မိဖုရားေတြဟာ အရွင့္ရဲ႕စကားကိုၾကားေတာ့ ေခါင္းငုံ႕သြားၾကၿပီး လက္သီးကိုသာ က်စ္က်စ္ပါေအာင္စုပ္ထားၾကေလသည္။

================================

Suprise!!!

ငပ်င္းမေလး Yoyo##

Continue Reading

You'll Also Like

4.5M 507K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
1.9M 282K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
202K 16.6K 95
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
327K 33.3K 131
ဘာသာပြန်သူ - စွဲညို့အသင်း