(Completed) Reborn as a good...

By Xiao_Yiii

1.9M 298K 9K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《55 and 56》

17K 2.6K 83
By Xiao_Yiii

Unicode

အခန်း(၅၅)
သေလောက်အောင် ကြောက်သွားတယ်

ကျင်းယွမ်ကတော့ ရိဟန်နောက်ဆုံး ပင်ပန်းသွားပြီလို့ တွေးလိုက်သည်။ အပေါ်မှာ တက်ဖိထားတာအား တစ်ဖက်လူ မသက်မသာ ဖြစ်မှာကို စိုးရိမ်မိတာကြောင့် သူ့အလေးချိန်ကို ရွှေ့လိုက်သောအခါ သူက ရိဟန်ပေါ်မှာ အုပ်မိုးထားသလို ဖြစ်သွားလေသည်။ ထို့နောက်သူက သူ့နှဖူးအား ရိဟန်ရဲ့ ပုခုံးပေါ် တင်လိုက်၏။ သူ့အနေနဲ့ ထိုမှုန်မှိုင်းနေသော မျက်လုံးများကို မကြည့်ရဲပေ။

"ကိုယ်သိတယ်, အဲ့ဒါကိုယ့်အမှားပါ, မင်းက မူးနေခဲ့တာ, အသိစိတ် အပြည့်အဝ မရှိခဲ့ဘူး, ကိုယ်ကသာ မင်းကို အခွင့်အရေး ယူခဲ့တဲ့ အရှက်မရှိတဲ့ကောင်ပါကွာ, ကိုယ်မင်းကို အရမ်းလိုချင်မိသွားတာ, မင်းကိုယ့်နာမည်ကို ခေါ်လိုက်တဲ့အချိန်မှာ ကိုယ်ရူးလောက်အောင် ပျော်သွားမိတာမို့လို့ ထိန်းချုပ်မှု ပျောက်သွားမိတယ်, ကိုယ်မထိန်းနိုင်ခဲ့ဘူး, ကိုယ်...ကိုယ်.... အကုန်ကိုယ့်အမှားပါ, ဒါပေမဲ့ မင်းကတော့ မဖြစ်ဘူးလေ....., မင်းကိုယ်မင်း ဒီလိုနာကျင်အောင် လုပ်လို့မဖြစ်ဘူး... ဟန်ဟန်, ကိုယ့်ကိုအပြစ်ပေးဖို့အတွက်နဲ့ ဒီလိုလုပ်လို့မဖြစ်ဘူး......" ကျင်းယွမ်က အက်ရှကြမ်းတမ်းနေတဲ့ အသံဖြင့် ဆက်တိုက်ပြောနေသည်။

ရိဟန်က ကျင်းယွမ်ပြောသမျှ စကားလုံးတိုင်းကို နားလည်ပေမယ့် အကုန်လုံး ပေါင်းစည်းလိုက်တဲ့အခါမှာတော့ ရိဟန်မှာ လွတ်ထွက်သွားသလို ဖြစ်နေသည်။

ကျင်းယွမ်က သူ့ကိုချစ်တယ်လို့  ပြောနေတယ်, သူတို့ခံစားချက်တွေက အပြန်အလှန်ပဲလို့လည်းပြောတယ်, ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ကျင်းယွမ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် သူ့အမနဲ့ စေ့စပ်မယ့်အကြောင်း ကြေညာခဲ့သေးတာလေ, အခုတော့ သူ့ကိုချစ်တယ်လို့ ပြောနေတာလား? ဒါဆို သူ့အမကရော ဘယ်လိုလုပ်မလဲ?

အကယ်၍ ကျင်းယွမ်က တကယ်ပဲ သူ့ကိုချစ်တယ်ဆိုရင် ဘာလို့ သူ့အမနဲ့ လက်ထပ်ရမှာလဲ? အရင်ဘဝတုန်းက ဘာလို့ ကျင်းယွမ်က သူ့ရဲ့ ဝန်ခံမှုကို ငြင်းဆန်ခဲ့တာလဲ? ဘာလို့ကျင်းယွမ်က သူတို့အိမ်ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့တာလဲ? သူအခု ထင်ယောင်ထင်မှား ဖြစ်နေတာလား? 

ရိဟန်က သူ့ရဲ့ နာကျင်နေသော လက်ဖဝါးအား ဆုပ်လိုက်ပြီး သူ့လက်ဖဝါးမှ ဒဏ်ရာထဲသို့ လက်သည်းများ စိုက်ဝင်စေလိုက်သည်။ 

အား, နာတယ်, ဒါပေမဲ့ သူ့ရှေ့က မြင်ကွင်းက ထင်ယောင်ထင်မှား ကမ္ဘာလိုမျိုး မပျောက်ကွယ်သွားပါလား

ကျင်းယွမ်က ရိဟန်ဆီက ဘာသံမှ မကြားရတာကြောင့် စိတ်ပူပန်စွာဖြင့် မော့ကြည့်လိုက်သောအခါ ရိဟန်က သူ့ကိုဗလာဖြစ်စွာဖြင့် ပြန်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ သူတွေးထင်ထားသလို ရွံ့ရှာမှုတွေ မုန်းတီးမှုတွေ ရှိမနေပေ။ သူ့နှလုံးသားက အကြိမ်အနည်းငယ် ခုန်သွားရသည်။ သူက ရိဟန်ပြောခဲ့တာအား ပြန်စဉ်းစားကြည့်မိ၏။ 

ရိဟန်က တောင်းပန်ပါတယ်လို့ ပြောခဲ့တာ, ဒါကို အိမ်မက် ထင်သွားမိတာတဲ့....သူ့ကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး လို့လည်း ပြောခဲ့တယ်

ကျင်းယွမ်ရဲ့ ဆိုးဝါးနေတဲ့ နှလုံးသားက နောက်တစ်ဖန် နှစ်ချက်လောက် ခုန်သွားရပြန်သည်။ ဖြည်းညှင်းစွာဖြင့် မျှော်လင့်ချက်လေးက တစ်စတစ်စ မြင့်တက်လာရသည်။ သူက ကြိုးကြိုးစားစား ဖိနှိပ်ပါသော်လည်း သူ့ရင်ထဲကဆန္ဒတွေကိုမနှိမ်နင်းနိုင်ပေ။

"ဟန်ဟန်, ကိုယ့်ကိုမုန်းနေလား?" သူက သူ့မှာရှိတဲ့ နောက်ဆုံးသော မျှော်လင့်ချက် အပိုင်းအစလေးအား ကာကွယ်ရင်း ဂရုတစိုက်မေးလိုက်သည်။

ရိဟန်က မူးနောက်နောက်နဲ့ ခေါင်းခါပြသည်။

သူဘယ်လိုလုပ် ကျင်းယွမ်ကို မုန်းနိုင်မှာလဲ? အမုန်းခံသင့်တဲ့သူက အမြဲတမ်း သူပဲဖြစ်ခဲ့တာကို

ကျင်းယွမ်ရဲ့ မျက်လုံးထဲမှာ မျှော်လင့်ချက် အလင်းလေး လင်းလာသည်။ သူက သူတို့ရဲ့ နှာခေါင်းထိပ်လေးများ ထိတွေ့သည့်အထိ အနားကို နူးညံ့စွာ တိုးလိုက်သည်။

သေချာပေါက် ရိဟန်ကလည်း မငြင်းဆန်ပေ။ ကျင်းယွမ်ဘာလုပ်နေလဲ ဆိုတာကိုသာ သူမသိတာဖြစ်သည်။ သူက ကျင်းယွမ်အား ဆက်စိုက်ကြည့်နေမိပြီး စိတ်ရှုပ်ထွေးနေသလို စိတ်လွတ်နေမိသည်။

ကျင်းယွမ်က အသက်ရှု အောင့်ထားတာကို ဖြည်းညှင်းစွာ ရှု့ထုတ်လိုက်ပြီး ညင်သာစွာ ထပ်မေးလိုက်သည်။

"ဟန်ဟန်, ကိုယ့်ကို စိတ်ဆိုးနေလား?"

ရိဟန်က နောက်တစ်ကြိမ် ခေါင်းခါပြပြန်သည်

သူကသာ ကျင်းယွမ်ကို မြှူစွယ်ခဲ့တာလေ, ဘာလို့ သူက စိတ်ဆိုးရမှာလဲ?

ကျင်းယွမ်က နောက်တစ်ဖန် စိတ်သက်သာရာရစွာ သက်ပြင်းချပြန်သည်။သူ့လက်များက ရိဟန်ရဲ့ လက်မောင်းတစ်လျှောက် ဆင်းသွားပြိး ရိဟန်ရဲ့ နာကျင်နေတဲ့ လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည်။ နှာခေါင်းခြင်း ထိကပ်နေရင်းဖြင့် ညင်သာစွာ မေးပြန်၏။

"ဒါဆို ဘာလို့ ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ချင်ရတာလဲ ဆိုတာ ကိုယ့်ကိုပြောပြလို့ရမလား? အဲ့ဒါက ဘယ်လောက် အန္တာရယ်များလဲ သိရဲ့လား? မင်းက ကိုယ့်ကို သေလောက်အောင် ကြောက်လန့်သွားစေတာပဲ"

ရိဟန်ရဲ့ မျက်လုံးများက အဝေးလွင့်နေဆဲပင်။ သူရဲ့ဖြူဖျော့နေတဲ့ နှုတ်ခမ်းလေးက ဖွင့်လိုက်ပိတ်လိုက် လုပ်နေမိပြီး နောက်ဆုံးတော့ ပြန်ဖြေလာသည်။

"မင်းက မကြာခင် အမနဲ့ လက်ထပ်တော့မှာလေ, ငါမင်းကို မဖျတ်ဆီးချင်ဘူး..... မင်းငါ့ကိုမုန်းလိမ့်မယ်... ငါက မရှိသင့်တဲ့သူ"

ကျင်းယွမ်မှာ ရင်နာသွားရသည်။

"မင်းက မရှိသင့်တဲ့သူလို့ ဘယ်သူပြောလဲ? ကိုယ့်မှာ မင်းကိုအပြည့်အဝတောင် မချစ်ရသေးတာကို ဘယ်လိုများ မုန်းတီးနိုင်မှာလဲ? တကယ်ပဲ ဘာအကြောင်းတွေ ပြောနေတာလဲကွာ? ကိုယ်နဲ့ ရွှယ်ချင်းကြားထဲက လက်ထပ်ပွဲက ဒီအတိုင်း သဘောတူညီချက် တစ်ခုပါပဲ, အဲ့ဒါက... ကိုယ်အခုချိန်မှာ သေချာ မရှင်းပြနိုင်သေးဘူး ဒါပေမဲ့ မင်းသိဖို့လိုအပ်တဲ့ တစ်ခုတည်းသောအရာက မင်းအမလည်း ကိုယ်တို့အကြောင်းကို သိနေတယ် ဆိုတာကိုပဲ, ခုနကဆို ရွှယ်ချင်းက ကိုယ်တို့ကို ကူညီမယ်လို့တောင် ပြောခဲ့တာ"

ကျင်းယွမ်က တင်းကြပ်နေတဲ့ အသံနဲ့ ပြောလေသည်။

============

အခန်း(၅၆) - သူမက မင်းကိုအရမ်းချစ်တာ

ရိဟန်က ကျင်းယွမ်အား မယုံကြည့်နိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့မျက်နှာက နောက်တစ်ဖန် ဖြူဖျော့လာပြန်သည်။

"ငါ့အမက မင်းကိုအရမ်းသဘောကျတာ, မနေ့က ဘာဖြစ်ခဲ့လဲ ဆိုတာသိတာနဲ့ သူမအရမ်း ဝမ်းနည်းသွားလိမ့်မယ်, ငါ့ကိုထပ်ပြီး စကားပြောမှာမဟုတ်တော့ဘူး, မျှော်လင့်ထားသလိုပဲ...ငါက....." 

သူက သူ့ကိုယ်သူ မရှိသင့်တဲ့သူလို့ ပြောဖို့ ပြင်လိုက်သော်လည်း သူခုန ပြောတုန်းက ကျင်းယွမ်ရဲ့ မျက်နှာ ဘယ်လောက်တောင် ရှုံ့မဲ့သွားလဲ ဆိုတာကို ပြန်သတိရသွားပြီး တစ်ဖက်လူက သူဒီစကားပြောတာကို မကြားချင်တာ ရှင်းလင်းနေတာကြောင့် ထိန်းချုပ်ထားလိုက်ရသည်။

ကျင်းယွမ်က ဂရုတစိုက်ဖြင့် ချော့ပြောသည်။

"စိတ်မပူနဲ့, ဟန်ဟန်, ဘာလို့ ရွှယ်ချင်းက မင်းကို စကားမပြောပဲ နေရမှာလဲ? သူမက မင်းကိုတောင် အရမ်းစိတ်ပူနေတာ, ကိုယ်မင်းကို အနိုင်ကျင့်မှာ ကြောက်နေတယ်, မင်းစိတ်မကောင်းဖြစ်မှာ ကြောက်နေတယ်, ရွှယ်ချင်းက မင်းကိုအရမ်းချစ်တာ ပြီးတော့ တကယ်က ရွှယ်ချင်း သဘောကျတာ ကိုယ်မဟုတ်ဘူး, သူမက.....သူမက ချန်ထျန်းယောင်ကို သဘောကျနေတာ"

ပထမတော့ ကျင်းယွမ်က ရွှယ်ချင်းသူ့အပေါ်ထားတဲ့ ခံစားချက်က အချစ်မဟုတ်ကြောင်း ရိဟန်ကို ရှင်းပြချင်သော်လည်း ရိဟန်ကို ကြည့်လိုက်သောအခါ တစ်ဖက်လူက ဒီကိစ္စအပေါ် အာရုံစိုက်နေကြောင်း သိသာနေသည်။ ခဏလောက် တွေးကြည့်မိပြီးနောက်မှာတော့ ပိုပြီး သင့်တင့်လျောက်ပတ်တဲ့ ဆင်ခြေနဲ့ သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့ပြရမယ့် အထောက်အထားတွေကိုတော့ ပြီးမှ ရွှယ်ချင်းနဲ့ စကားပြောလိုက်ဖို့ပဲ လိုတယ်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ရိဟန်က ထိတ်လန့်စွာဖြင့် အသက်ကိုပြင်းပြင်းရှုမိသည်။ သူ့အရင်ဘဝတုန်းက သူ့အမက ကျင်းယွမ်ကို တစ်လျှောက်လုံး သဘောကျနေတာအား ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်လေ။

ကျင်းယွမ်ကတော့ လိမ်ညာမှုကို စတင်နေလေပြီ။ အကယ်၍ သူဒူးထောက်ရမယ်ဆိုရင်တောင် ဒီလိမ်ညာမှုကို အပြီးသတ်မှ ဖြစ်လိမ့်မည်။

"အဲ့ဒါက လုံးဝကို အမှန်ပဲ, ရွှယ်ချင်းကိုယ်တိုင် ကိုယ့်ကိုပြောတာ, အကယ်၍ မင်းမယုံဘူးဆိုရင် ခဏနေရင် ကိုယ်သူ့ကိုခေါ်လိုက်မယ်, မင်းဘာသာမင်း မေးကြည့်လေ" သူက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

ကျင်းယွမ်ရဲ့ စိတ်ချလက်ချ လေသံကြောင့် ရိဟန်မှာ စိတ်ရှုပ်ထွေးသွားမိသည်။ သူတကယ်ပဲ မှားထင်နေမိတာလား?

ချန်ထျန်းယောင်....ချန်ထျန်းယောင်...

သူဒီလူကို မှတ်မိတာပေါ့

ရိဟန်ရဲ့ မျက်လုံးများပြူးကျယ်သွားရသည်။

သူ့အရင်ဘဝတုန်းက ချန်ထျန်းယောင်က အခုကနေ နောက်တစ်နှစ်အတွင်းမှာ သူ့အမကို ကာကွယ်လိုက်တာကြောင့် ကားတိုက်ပြီး သေဆုံးသွားသည်လေ! အဲ့ဒါကြောင့် ချန်မိသားစုက ပိုင်မိသားစုကို မုန်းတီးခဲ့တယ်....ပိုင်မိသားစု စီးပွားရေးမှာ ချန်မိသားစုက အများဆုံး ပါဝင်ခဲ့တာ..ဆိုလိုတာက နောက်ပိုင်း စုပေါင်းတိုက်ခိုက်မှုက အဓိကအားဖြင့်တော့ ချန်မိသားစုနဲ့ ချီမိသားစုတွေကြောင့် ဖြစ်ပေါ်ခဲ့ရတာတွေကြီးပဲ

သူ့အမက တစ်သက်လုံး တစ်ယောက်တည်းပဲ နေခဲ့တာ ချန်ထျန်းယောင်ရဲ့ သေဆုံးမှုကြောင့်များလား?

ထိုအတွေးကသူ့စိတ်ထဲက မြူခိုးလုံးကြီး (အမှားအယွင်းကြီး)ကို ရုတ်တရက် ဖြိုခွင်းလိုက်သည်။ ကျင်းယွမ်ထွက်သွားတုန်းက သူမက ဆိုးဆိုးဝါးဝါး မတုန့်ပြန်ခဲ့ဘူး(ဘာဖြစ်လို့လဲဆိုတော့ ကျင်းယွမ်အပေါ်မှာ သူမတွေးထားသလောက် မဟုတ်ခဲ့လို့)...

ချန်ထျန်းယောင် သေဆုံးပြီးနောက်မှာ သူမက ပိုသုန်မှုန်လာပြီး ဒေါသကြီးလာတယ် (ဘာဖြစ်လို့လဲဆိုတော့ ထျန်းယောင်ရဲ့ သေဆုံးခြင်းကြောင့် အပြစ်ရှိသလို ခံစားရလို့....ချန်မိသားစုက ပိုင်မိသားစုကို စတင်မုန်းတီးလာပြီး သူတို့ကို တောက်လျှောက်ပြဿနာရှာခဲ့တယ်...သူမက တစ်ချိန်လုံး ပြဿနာတွေကို ဖြေရှင်းခဲ့ရတယ်....နောက်ပိုင်းမှာ ပိုင်မိသားစုက အချိန်ကိုက် ဒုက္ခနွံထဲ ကျဆင်းခဲ့ရတော့ ယုံကြည်ချက်ပြည့်ဝပြီး စွမ်းအား မြင့်မားလှတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ သူမမိသားစုရဲ့ စီးပွားရေးကို မကာကွယ်နိုင်ခဲ့ခြင်းအပေါ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတယ်...ဒါကြောင့် သူမကိုယ်သူမ စတင်ပြီး သံသယဝင်လာမိတာ)

သူမက သူမကို လိုက်နေတဲ့သူ အားလုံးကိုလည်း ခြွင်းချက်မရှိ ငြင်းဆန်ခဲ့တယ်(သူမကို အရူးအမူး လိုက်နေတဲ့ သူတစ်ယောက်ဆိုရင် သူမကို သတ်လုနီးပါးပဲ)

လတ်စသတ်တော့ သူမချစ်ရတဲ့သူက တစ်ခြားနေရာကို ရောက်သွားလို့ကိုး

ဘယ်လိုများသူမ ပျော်ရွှင်နိုင်တော့မှာလဲ? သူမက တစ်ဖြည်းဖြည်းနဲ့ စကားပြောတာ ရပ်တန့်သွားတာ မထူးဆန်းတော့ဘူး , အကြောင်းက သူမနှလုံးသားထဲက ခါးသီးလှတဲ့ နာကျင်မှုကြောင့်ပဲ

 ပြီးတော့ သူ, သူမရဲ့ မောင်ဖြစ်တဲ့ သူကတော့ သူမကိုဘာက စိတ်အနှောင့်အယှက် ဖြစ်စေတာလဲဆိုတာကို မသိခဲ့မိဘူး.... သူဘယ်တုန်းကမှ သူ့အမကို မနှစ်သိမ့်ခဲ့တဲ့အပြင် စိတ်ရှုပ်ထွေးအောင်တောင် ဆက်တိုက် အနှောင့်အယှက်ပေးခဲ့မိတယ်!ဒါပေမဲ့......

"ဒါဆိုဘာလို့ မင်းတို့နှစ်ယောက်က လက်ထပ်မှာလဲ?" ရိဟန်က မေးလိုက်သည်။

"......အဲ့ဒီအကြောင်းက, နည်းနည်းရှုပ်ထွေးတယ်, ကိုယ်မင်းကို ရှင်းပြဖို့ နောက်ပြီးရင် မင်းအမကို သွားခေါ်ပေးမယ်, ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့က စီးပွားရေး မိတ်ဖက်သက်သက်ပဲ, ပြီးတော့ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် တကယ်လက်ထပ်ဖို့ ဘယ်တုန်းကမှ မစီစဉ်ထားခဲ့ဘူး, အဲဒါကဒီအတိုင်း show တစ်ခုသက်သက်ပဲ"

သူတို့က ဘယ်တုန်းကမှ လက်ထပ်ဖို့ မစီစဉ်ထားဘူး! ဒါဆိုဘာဖြစ်သွားတာလဲ, အဲ့ဒါဆို သူတို့စေ့စပ်ပွဲ ပျက်ခဲ့ရတဲ့ အကြောင်းပြချက်က သူ့ကြောင့် မဟုတ်ဘူးပေါ့! အခုမှပဲ အပြစ်ရှိစိတ် လျော့နည်းသွားသလို ခံစားရတော့တယ်!

ရိဟန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ ပြန်လည်မွေးဖွားလာပြီးကတည်းက သူ့ရင်ဘက်ထဲက စိတ်ပျက်စရာ ချည်နှောင်မှုများက အနည်းငယ် လျော့နည်းသွားရ၏။

ကျင်းယွမ်က ရိဟန်ရဲ့ မျက်နှာ အမူအယာ ပြောင်းလဲမှုအား ဂရုတစိုက် လေ့လာနေခဲ့သည်။ တစ်ဖက်လူရဲ့ မျက်နှာက တည်ငြိမ်သွားတာကိုမြင်တော့ သူက အနည်းငယ်ပိုပြီး စိတ်သက်သာရာရသွားရသည်။

"ဟန်ဟန်, မနေ့ညက ကိစ္စကလေ, မင်း.....မင်းမုန်းလားဟင်?" ကျင်းယွမ်က ဂရုတစိုက်မေးလိုက်သည်။

ရိဟန်ရဲ့ မျက်နှာက ချက်ချင်းပင် နီရဲသွား၏။ သူ့နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာသည်။ သူက နှုတ်ခမ်းအား ကိုက်လိုက်ပြီး သူ့ခေါင်းကို လွှဲလိုက်သည်။ ခဏလောက် ကြာမှသာ ဖွဖွလေး ခေါင်းခါပြလာသည်။

ထိုမိနစ်ပိုင်းလောက် လုပ်ရပ်လေးကြောင့် ကျင်းယွမ်ရဲ့ ရင်ထဲမှာ သက်တံများနဲ့ မီးရှုးမီးပန်းများ ပေါက်ကွဲကုန်သည်။ သူအခု နှလုံးရောဂါ ၇တော့မလိုမျိုး ခံစားရသည်လေ။ 

ဖြည်းညှင်းစွာဖြင့် အသက်ရှုသွင်း ရှုထုတ်လုပ်လိုက်ပြီး ရှေ့ကို သာသာလေး မှီလိုက်ကာ ရိဟန်ရဲ့ နှုတ်ခမ်းထောင့်စွန်းကို နမ်းလိုက်သည်။ ရိဟန်က မလှုပ်ရှားပေ။ သူ့မျက်နှာကတော့ ပိုပိုပြီး နီရဲလာသည်။ ၎င်းသည် မကြာခင်မှာပဲ သွေးတွေ စိမ့်ထွက်လာတော့တော့မလိုပင်။

ကျင်းယွမ်က ရိဟန်ကို ဖိချထားတဲ့ သူ့လက်တွေခြေထောက်တွေကို ဖြည်းညှင်းစွာ ဖြေလျော့ပေးလိုက်သည်။ သူကခေါင်းကိုစောင်း၍ ရိဟန်ရဲ့ ညာဘက်နှုတ်ခမ်းအား ဖြတ်ခနဲနမ်းလိုက်ပြန်၏။

ရိဟန်က မလုှပ်ရှားသေးသော်လည်း သူ့တစ်ကိုယ်လုံးကတော့ မီးခိုးများ ထွက်တော့မယ့်ပုံပေါ်နေသည်။

ကျင်းယွမ်ရဲ့ နှလုံးသားကတော့ အရည်ပျော်သွားသလို ခံစားလိုက်ရသည်

အိုး...သူ့အသေးလေး...ဘယ်လိုဖြစ်လို့ ဒီလောက် ချစ်ဖို့ကောင်းနေရတာလဲ!

21.10.2021

===============

T/N 

ခရီးက ပြန်လာလာခြင်းပဲ မြန်မြန်လေး တင်ပေးလိုက်ပါတယ်

ပျော်ရွှင်စရာ သီတင်းကျွတ်လေး ဖြစ်ပါစေရှင်။ ချစ်ခင်ရတဲ့ မိဘများနဲ့ ပျော်ရွှင်ဖွယ် အချိန်လေး ကုန်ဆုံးနိုင်ပါစေ။ မိဝေးဖဝေး ဖြစ်နေတဲ့သူများလည်း ချစ်ခင်ရတဲ့ မိတ်ဆွေ မောင်နှမများနဲ့ အတူတူ ပျော်ရွှင်ဖွယ် အချိန်လေးတွေ ပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

===============
Zawgyi

အခန္း(၅၅)
ေသေလာက္ေအာင္ ေၾကာက္သြားတယ္

က်င္းယြမ္ကေတာ့ ရိဟန္ေနာက္ဆံုး ပင္ပန္းသြားၿပီလို႔ ေတြးလိုက္သည္။ အေပၚမွာ တက္ဖိထားတာအား တစ္ဖက္လူ မသက္မသာ ျဖစ္မွာကို စိုးရိမ္မိတာေၾကာင့္ သူ႔အေလးခ်ိန္ကို ေရႊ႕လိုက္ေသာအခါ သူက ရိဟန္ေပၚမွာ အုပ္မိုးထားသလို ျဖစ္သြားေလသည္။ ထို႔ေနာက္သူက သူ႔ႏွဖူးအား ရိဟန္ရဲ႔ ပုခံုးေပၚ တင္လိုက္၏။ သူ႔အေနနဲ႔ ထိုမႈန္မႈိင္းေနေသာ မ်က္လံုးမ်ားကို မၾကည့္ရဲေပ။

"ကိုယ္သိတယ္, အဲ့ဒါကိုယ့္အမွားပါ, မင္းက မူးေနခဲ့တာ, အသိစိတ္ အျပည့္အဝ မရွိခဲ့ဘူး, ကိုယ္ကသာ မင္းကို အခြင့္အေရး ယူခဲ့တဲ့ အရွက္မရွိတဲ့ေကာင္ပါကြာ, ကိုယ္မင္းကို အရမ္းလိုခ်င္မိသြားတာ, မင္းကိုယ့္နာမည္ကို ေခၚလိုက္တဲ့အခ်ိန္မွာ ကိုယ္႐ူးေလာက္ေအာင္ ေပ်ာ္သြားမိတာမို႔လို႔ ထိန္းခ်ဳပ္မႈ ေပ်ာက္သြားမိတယ္, ကိုယ္မထိန္းႏိုင္ခဲ့ဘူး, ကိုယ္...ကိ္ုယ္.... အကုန္ကိုယ့္အမွားပါ, ဒါေပမဲ့ မင္းကေတာ့ မျဖစ္ဘူးေလ....., မင္းကိုယ္မင္း ဒီလိုနာက်င္ေအာင္ လုပ္လို႔မျဖစ္ဘူး... ဟန္ဟန္, ကိုယ့္ကိုအျပစ္ေပးဖို႔အတြက္နဲ႔ ဒီလိုလုပ္လို႔မျဖစ္ဘူး......" က်င္းယြမ္က အက္ရွၾကမ္းတမ္းေနတဲ့ အသံျဖင့္ ဆက္တိုက္ေျပာေနသည္။

ရိဟန္က က်င္းယြမ္ေျပာသမွ် စကားလံုးတိ္ုင္းကို နားလည္ေပမယ့္ အကုန္လံုး ေပါင္းစည္းလိုက္တဲ့အခါမွာေတာ့ ရိဟန္မွာ လြတ္ထြက္သြားသလို ျဖစ္ေနသည္။

က်င္းယြမ္က သူ႔ကိုခ်စ္တယ္လို႔  ေျပာေနတယ္, သူတို႔ခံစားခ်က္ေတြက အျပန္အလွန္ပဲလို႔လည္းေျပာတယ္, ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ? က်င္းယြမ္က လြန္ခဲ့တဲ့ ရက္အနည္းငယ္ကတင္ သူ႔အမနဲ႔ ေစ့စပ္မယ့္အေၾကာင္း ေၾကညာခဲ့ေသးတာေလ, အခုေတာ့ သူ႔ကိုခ်စ္တယ္လို႔ ေျပာေနတာလား? ဒါဆို သူ႔အမကေရာ ဘယ္လိုလုပ္မလဲ?

အကယ္၍ က်င္းယြမ္က တကယ္ပဲ သူ႔ကိုခ်စ္တယ္ဆိုရင္ ဘာလို႔ သူ႔အမနဲ႔ လက္ထပ္ရမွာလဲ? အရင္ဘဝတုန္းက ဘာလို႔ က်င္းယြမ္က သူ႔ရဲ႔ ဝန္ခံမႈကို ျငင္းဆန္ခဲ့တာလဲ? ဘာလို႔က်င္းယြမ္က သူတို႔အိမ္ကေန ထြက္သြားၿပီး ဘယ္ေတာ့မွ ျပန္မလာေတာ့တာလဲ? သူအခု ထင္ေယာင္ထင္မွား ျဖစ္ေနတာလား? 

ရိဟန္က သူ႔ရဲ႔ နာက်င္ေနေသာ လက္ဖဝါးအား ဆုပ္လိုက္ၿပီး သူ႔လက္ဖဝါးမွ ဒဏ္ရာထဲသို႔ လက္သည္းမ်ား စိုက္ဝင္ေစလိုက္သည္။ 

အား, နာတယ္, ဒါေပမဲ့ သူ႔ေရွ႕က ျမင္ကြင္းက ထင္ေယာင္ထင္မွား ကမာၻလိုမ်ိဳး မေပ်ာက္ကြယ္သြားပါလား

က်င္းယြမ္က ရိဟန္ဆီက ဘာသံမွ မၾကားရတာေၾကာင့္ စိတ္ပူပန္စြာျဖင့္ ေမာ့ၾကည့္လိုက္ေသာအခါ ရိဟန္က သူ႔ကိုဗလာျဖစ္စြာျဖင့္ ျပန္စိုက္ၾကည့္ေနသည္ကို ျမင္လိုက္ရသည္။ တစ္ဖက္လူရဲ႔ မ်က္လံုးထဲမွာ သူေတြးထင္ထားသလို ရြံ႔ရွာမႈေတြ မုန္းတီးမႈေတြ ရွိမေနေပ။ သူ႔ႏွလံုးသားက အႀကိမ္အနည္းငယ္ ခုန္သြားရသည္။ သူက ရိဟန္ေျပာခဲ့တာအား ျပန္စဥ္းစားၾကည့္မိ၏။ 

ရိဟန္က ေတာင္းပန္ပါတယ္လို႔ ေျပာခဲ့တာ, ဒါကို အိမ္မက္ ထင္သြားမိတာတဲ့....သူ႔ကို ဆက္ၿပီး မေႏွာင့္ယွက္ေတာ့ဘူး လို႔လည္း ေျပာခဲ့တယ္

က်င္းယြမ္ရဲ႔ ဆိုးဝါးေနတဲ့ ႏွလံုးသားက ေနာက္တစ္ဖန္ ႏွစ္ခ်က္ေလာက္ ခုန္သြားရျပန္သည္။ ျဖည္းၫွင္းစြာျဖင့္ ေမွ်ာ္လင့္ခ်က္ေလးက တစ္စတစ္စ ျမင့္တက္လာရသည္။ သူက ႀကိဳးႀကိဳးစားစား ဖိႏွိပ္ပါေသာ္လည္း သူ႔ရင္ထဲကဆႏၵေတြကိုမႏွိမ္နင္းႏိုင္ေပ။

"ဟန္ဟန္, ကိုယ့္ကိုမုန္းေနလား?" သူက သူ႔မွာရွိတဲ့ ေနာက္ဆံုးေသာ ေမွ်ာ္လင့္ခ်က္ အပိုင္းအစေလးအား ကာကြယ္ရင္း ဂ႐ုတစိုက္ေမးလိုက္သည္။

ရိဟန္က မူးေနာက္ေနာက္နဲ႔ ေခါင္းခါျပသည္။

သူဘယ္လိုလုပ္ က်င္းယြမ္ကို မုန္းႏိုင္မွာလဲ? အမုန္းခံသင့္တဲ့သူက အၿမဲတမ္း သူပဲျဖစ္ခဲ့တာကို

က်င္းယြမ္ရဲ႔ မ်က္လံုးထဲမွာ ေမွ်ာ္လင့္ခ်က္ အလင္းေလး လင္းလာသည္။ သူက သူတို႔ရဲ႔ ႏွာေခါင္းထိပ္ေလးမ်ား ထိေတြ႕သည့္အထိ အနားကို ႏူးညံ့စြာ တိုးလိုက္သည္။

ေသခ်ာေပါက္ ရိဟန္ကလည္း မျငင္းဆန္ေပ။ က်င္းယြမ္ဘာလုပ္ေနလဲ ဆိုတာကိုသာ သူမသိတာျဖစ္သည္။ သူက က်င္းယြမ္အား ဆက္စိုက္ၾကည့္ေနမိၿပီး စိတ္ရႈပ္ေထြးေနသလို စိတ္လြတ္ေနမိသည္။

က်င္းယြမ္က အသက္ရႈ ေအာင့္ထားတာကို ျဖည္းၫွင္းစြာ ရွဳ႔ထုတ္လိုက္ၿပီး ညင္သာစြာ ထပ္ေမးလိုက္သည္။

"ဟန္ဟန္, ကိုယ့္ကို စိတ္ဆိုးေနလား?"

ရိဟန္က ေနာက္တစ္ႀကိမ္ ေခါင္းခါျပျပန္သည္

သူကသာ က်င္းယြမ္ကို ႁမွဴစြယ္ခဲ့တာေလ, ဘာလို႔ သူက စိတ္ဆိုးရမွာလဲ?

က်င္းယြမ္က ေနာက္တစ္ဖန္ စိတ္သက္သာရာရစြာ သက္ျပင္းခ်ျပန္သည္။သူ႔လက္မ်ားက ရိဟန္ရဲ႔ လက္ေမာင္းတစ္ေလွ်ာက္ ဆင္းသြားၿပိး ရိဟန္ရဲ႔ နာက်င္ေနတဲ့ လက္ေကာက္ဝတ္အား ဆုပ္ကိုင္လိုက္သည္။ ႏွာေခါင္းျခင္း ထိကပ္ေနရင္းျဖင့္ ညင္သာစြာ ေမးျပန္၏။

"ဒါဆို ဘာလို႔ ကိုယ့္ကိုကိုယ္ နာက်င္ေအာင္ လုပ္ခ်င္ရတာလဲ ဆိုတာ ကိုယ့္ကိုေျပာျပလို႔ရမလား? အဲ့ဒါက ဘယ္ေလာက္ အႏာၱရယ္မ်ားလဲ သိရဲ႔လား? မင္းက ကိုယ့္ကို ေသေလာက္ေအာင္ ေၾကာက္လန္႔သြားေစတာပဲ"

ရိဟန္ရဲ႔ မ်က္လံုးမ်ားက အေဝးလြင့္ေနဆဲပင္။ သူရဲ႔ျဖဴေဖ်ာ့ေနတဲ့ ႏႈတ္ခမ္းေလးက ဖြင့္လိုက္ပိတ္လိုက္ လုပ္ေနမိၿပီး ေနာက္ဆံုးေတာ့ ျပန္ေျဖလာသည္။

"မင္းက မၾကာခင္ အမနဲ႔ လက္ထပ္ေတာ့မွာေလ, ငါမင္းကို မဖ်တ္ဆီးခ်င္ဘူး..... မင္းငါ့ကိုမုန္းလိမ့္မယ္... ငါက မရွိသင့္တဲ့သူ"

က်င္းယြမ္မွာ ရင္နာသြားရသည္။

"မင္းက မရွိသင့္တဲ့သူလို႔ ဘယ္သူေျပာလဲ? ကိုယ့္မွာ မင္းကိုအျပည့္အဝေတာင္ မခ်စ္ရေသးတာကို ဘယ္လိုမ်ား မုန္းတီးႏိုင္မွာလဲ? တကယ္ပဲ ဘာအေၾကာင္းေတြ ေျပာေနတာလဲကြာ? ကိုယ္နဲ႔ ရႊယ္ခ်င္းၾကားထဲက လက္ထပ္ပြဲက ဒီအတိုင္း သေဘာတူညီခ်က္ တစ္ခုပါပဲ, အဲ့ဒါက... ကိုယ္အခုခ်ိန္မွာ ေသခ်ာ မရွင္းျပႏိုင္ေသးဘူး ဒါေပမဲ့ မင္းသိဖို႔လိုအပ္တဲ့ တစ္ခုတည္းေသာအရာက မင္းအမလည္း ကိ္ုယ္တို႔အေၾကာင္းကို သိေနတယ္ ဆိုတာကိုပဲ, ခုနကဆို ရႊယ္ခ်င္းက ကိုယ္တို႔ကို ကူညီမယ္လို႔ေတာင္ ေျပာခဲ့တာ"

က်င္းယြမ္က တင္းၾကပ္ေနတဲ့ အသံနဲ႔ ေျပာေလသည္။

============

အခန္း(၅၆) - သူမက မင္းကိုအရမ္းခ်စ္တာ

ရိဟန္က က်င္းယြမ္အား မယံုၾကည့္ႏိုင္စြာျဖင့္ စိုက္ၾကည့္ေနမိသည္။ ထိတ္လန္႔တုန္လႈပ္စြာျဖင့္ သူ႔မ်က္ႏွာက ေနာက္တစ္ဖန္ ျဖဴေဖ်ာ့လာျပန္သည္။

"ငါ့အမက မင္းကိုအရမ္းသေဘာက်တာ, မေန႔က ဘာျဖစ္ခဲ့လဲ ဆိုတာသိတာနဲ႔ သူမအရမ္း ဝမ္းနည္းသြားလိမ့္မယ္, ငါ့ကိုထပ္ၿပီး စကားေျပာမွာမဟုတ္ေတာ့ဘူး, ေမွ်ာ္လင့္ထားသလိုပဲ...ငါက....." 

သူက သူ႔ကိုယ္သူ မရွိသင့္တဲ့သူလို႔ ေျပာဖို႔ ျပင္လိုက္ေသာ္လည္း သူခုန ေျပာတုန္းက က်င္းယြမ္ရဲ႔ မ်က္ႏွာ ဘယ္ေလာက္ေတာင္ ရွံဳ႔မဲ့သြားလဲ ဆိုတာကို ျပန္သတိရသြားၿပီး တစ္ဖက္လူက သူဒီစကားေျပာတာကို မၾကားခ်င္တာ ရွင္းလင္းေနတာေၾကာင့္ ထိန္းခ်ဳပ္ထားလိုက္ရသည္။

က်င္းယြမ္က ဂ႐ုတစိုက္ျဖင့္ ေခ်ာ့ေျပာသည္။

"စိတ္မပူနဲ႔, ဟန္ဟန္, ဘာလို႔ ရႊယ္ခ်င္းက မင္းကို စကားမေျပာပဲ ေနရမွာလဲ? သူမက မင္းကိုေတာင္ အရမ္းစိတ္ပူေနတာ, ကိုယ္မင္းကို အႏိုင္က်င့္မွာ ေၾကာက္ေနတယ္, မင္းစိတ္မေကာင္းျဖစ္မွာ ေၾကာက္ေနတယ္, ရႊယ္ခ်င္းက မင္းကိုအရမ္းခ်စ္တာ ၿပီးေတာ့ တကယ္က ရႊယ္ခ်င္း သေဘာက်တာ ကိုယ္မဟုတ္ဘူး, သူမက.....သူမက ခ်န္ထ်န္းေယာင္ကို သေဘာက်ေနတာ"

ပထမေတာ့ က်င္းယြမ္က ရႊယ္ခ်င္းသူ႔အေပၚထားတဲ့ ခံစားခ်က္က အခ်စ္မဟုတ္ေၾကာင္း ရိဟန္ကို ရွင္းျပခ်င္ေသာ္လည္း ရိဟန္ကို ၾကည့္လိုက္ေသာအခါ တစ္ဖက္လူက ဒီကိစၥအေပၚ အာရံုစိုက္ေနေၾကာင္း သိသာေနသည္။ ခဏေလာက္ ေတြးၾကည့္မိၿပီးေနာက္မွာေတာ့ ပိုၿပီး သင့္တင့္ေလ်ာက္ပတ္တဲ့ ဆင္ေျခနဲ႔ သြားဖို႔ ဆံုးျဖတ္လိုက္သည္။ သူတို႔ျပရမယ့္ အေထာက္အထားေတြကိုေတာ့ ၿပီးမွ ရႊယ္ခ်င္းနဲ႔ စကားေျပာလိုက္ဖို႔ပဲ လိုတယ္။

"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ?" ရိဟန္က ထိတ္လန္႔စြာျဖင့္ အသက္ကိုျပင္းျပင္းရွဳမိသည္။ သူ႔အရင္ဘဝတုန္းက သူ႔အမက က်င္းယြမ္ကို တစ္ေလွ်ာက္လံုး သေဘာက်ေနတာအား ရွင္းရွင္းလင္းလင္း မွတ္မိေနေသးသည္ေလ။

က်င္းယြမ္ကေတာ့ လိမ္ညာမႈကို စတင္ေနေလၿပီ။ အကယ္၍ သူဒူးေထာက္ရမယ္ဆိုရင္ေတာင္ ဒီလိမ္ညာမႈကို အၿပီးသတ္မွ ျဖစ္လိမ့္မည္။

"အဲ့ဒါက လံုးဝကို အမွန္ပဲ, ရႊယ္ခ်င္းကိုယ္တိုင္ ကိုယ့္ကိုေျပာတာ, အကယ္၍ မင္းမယံုဘူးဆိုရင္ ခဏေနရင္ ကိုယ္သူ႔ကိုေခၚလိုက္မယ္, မင္းဘာသာမင္း ေမးၾကည့္ေလ" သူက ယံုၾကည္ခ်က္အျပည့္ျဖင့္ေျပာသည္။

က်င္းယြမ္ရဲ႔ စိတ္ခ်လက္ခ် ေလသံေၾကာင့္ ရိဟန္မွာ စိတ္ရႈပ္ေထြးသြားမိသည္။ သူတကယ္ပဲ မွားထင္ေနမိတာလား?

ခ်န္ထ်န္းေယာင္....ခ်န္ထ်န္းေယာင္...

သူဒီလူကို မွတ္မိတာေပါ့

ရိဟန္ရဲ႔ မ်က္လံုးမ်ားျပဴးက်ယ္သြားရသည္။

သူ႔အရင္ဘဝတုန္းက ခ်န္ထ်န္းေယာင္က အခုကေန ေနာက္တစ္ႏွစ္အတြင္းမွာ သူ႔အမကို ကာကြယ္လိုက္တာေၾကာင့္ ကားတိုက္ၿပီး ေသဆံုးသြားသည္ေလ! အဲ့ဒါေၾကာင့္ ခ်န္မိသားစုက ပိုင္မိသားစုကို မုန္းတီးခဲ့တယ္....ပိုင္မိသားစု စီးပြားေရးမွာ ခ်န္မိသားစုက အမ်ားဆံုး ပါဝင္ခဲ့တာ..ဆိုလိုတာက ေနာက္ပိုင္း စုေပါင္းတိုက္ခိုက္မႈက အဓိကအားျဖင့္ေတာ့ ခ်န္မိသားစုနဲ႔ ခ်ီမိသားစုေတြေၾကာင့္ ျဖစ္ေပၚခဲ့ရတာေတြႀကီးပဲ

သူ႔အမက တစ္သက္လံုး တစ္ေယာက္တည္းပဲ ေနခဲ့တာ ခ်န္ထ်န္းေယာင္ရဲ႔ ေသဆံုးမႈေၾကာင့္မ်ားလား?

ထိုအေတြးကသူ႔စိတ္ထဲက ျမဴခိုးလံုးႀကီး (အမွားအယြင္းႀကီး)ကို ႐ုတ္တရက္ ၿဖိဳခြင္းလိုက္သည္။ က်င္းယြမ္ထြက္သြားတုန္းက သူမက ဆိုးဆိုးဝါးဝါး မတုန္႔ျပန္ခဲ့ဘူး(ဘာျဖစ္လို႔လဲဆိုေတာ့ က်င္းယြမ္အေပၚမွာ သူမေတြးထားသေလာက္ မဟုတ္ခဲ့လို႔)...

ခ်န္ထ်န္းေယာင္ ေသဆံုးၿပီးေနာက္မွာ သူမက ပိုသုန္မႈန္လာၿပီး ေဒါသႀကီးလာတယ္ (ဘာျဖစ္လို႔လဲဆိုေတာ့ ထ်န္းေယာင္ရဲ႔ ေသဆံုးျခင္းေၾကာင့္ အျပစ္ရွိသလို ခံစားရလို႔....ခ်န္မိသားစုက ပိုင္မိသားစုကို စတင္မုန္းတီးလာၿပီး သူတို႔ကို ေတာက္ေလွ်ာက္ျပႆနာရွာခဲ့တယ္...သူမက တစ္ခ်ိန္လံုး ျပႆနာေတြကို ေျဖရွင္းခဲ့ရတယ္....ေနာက္ပိုင္းမွာ ပိုင္မိသားစုက အခ်ိန္ကိုက္ ဒုကၡႏြံထဲ က်ဆင္းခဲ့ရေတာ့ ယံုၾကည္ခ်က္ျပည့္ဝၿပီး စြမ္းအား ျမင့္မားလွတဲ့ အမ်ိဳးသမီး တစ္ေယာက္အေနနဲ႔ သူမမိသားစုရဲ႔ စီးပြားေရးကို မကာကြယ္ႏိုင္ခဲ့ျခင္းအေပၚ စိတ္ပ်က္လက္ပ်က္ ျဖစ္ခဲ့ရတယ္...ဒါေၾကာင့္ သူမကိုယ္သူမ စတင္ၿပီး သံသယဝင္လာမိတာ)

သူမက သူမကို လိုက္ေနတဲ့သူ အားလံုးကိုလည္း ႁခြင္းခ်က္မရွိ ျငင္းဆန္ခဲ့တယ္(သူမကို အ႐ူးအမူး လိုက္ေနတဲ့ သူတစ္ေယာက္ဆိုရင္ သူမကို သတ္လုနီးပါးပဲ)

လတ္စသတ္ေတာ့ သူမခ်စ္ရတဲ့သူက တစ္ျခားေနရာကို ေရာက္သြားလို႔ကိုး

ဘယ္လိုမ်ားသူမ ေပ်ာ္ရႊင္ႏိုင္ေတာ့မွာလဲ? သူမက တစ္ျဖည္းျဖည္းနဲ႔ စကားေျပာတာ ရပ္တန္႔သြားတာ မထူးဆန္းေတာ့ဘူး , အေၾကာင္းက သူမႏွလံုးသားထဲက ခါးသီးလွတဲ့ နာက်င္မႈေၾကာင့္ပဲ

 ၿပီးေတာ့ သူ, သူမရဲ႔ ေမာင္ျဖစ္တဲ့ သူကေတာ့ သူမကိုဘာက စိတ္အေႏွာင့္အယွက္ ျဖစ္ေစတာလဲဆိုတာကို မသိခဲ့မိဘူး.... သူဘယ္တုန္းကမွ သူ႔အမကို မႏွစ္သိမ့္ခဲ့တဲ့အျပင္ စိတ္ရႈပ္ေထြးေအာင္ေတာင္ ဆက္တိုက္ အေႏွာင့္အယွက္ေပးခဲ့မိတယ္!ဒါေပမဲ့......

"ဒါဆိုဘာလို႔ မင္းတို႔ႏွစ္ေယာက္က လက္ထပ္မွာလဲ?" ရိဟန္က ေမးလိုက္သည္။

"......အဲ့ဒီအေၾကာင္းက, နည္းနည္းရႈပ္ေထြးတယ္, ကိုယ္မင္းကို ရွင္းျပဖို႔ ေနာက္ၿပီးရင္ မင္းအမကို သြားေခၚေပးမယ္, ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္တို႔က စီးပြားေရး မိတ္ဖက္သက္သက္ပဲ, ၿပီးေတာ့ ကိုယ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္လက္ထပ္ဖို႔ ဘယ္တုန္းကမွ မစီစဥ္ထားခဲ့ဘူး, အဲဒါကဒီအတိုင္း show တစ္ခုသက္သက္ပဲ"

သူတို႔က ဘယ္တုန္းကမွ လက္ထပ္ဖို႔ မစီစဥ္ထားဘူး! ဒါဆိုဘာျဖစ္သြားတာလဲ, အဲ့ဒါဆို သူတို႔ေစ့စပ္ပြဲ ပ်က္ခဲ့ရတဲ့ အေၾကာင္းျပခ်က္က သူ႔ေၾကာင့္ မဟုတ္ဘူးေပါ့! အခုမွပဲ အျပစ္ရွိစိတ္ ေလ်ာ့နည္းသြားသလို ခံစားရေတာ့တယ္!

ရိဟန္က သက္ျပင္းရွည္ႀကီး ခ်လိုက္သည္။ ျပန္လည္ေမြးဖြားလာၿပီးကတည္းက သူ႔ရင္ဘက္ထဲက စိတ္ပ်က္စရာ ခ်ည္ေႏွာင္မႈမ်ားက အနည္းငယ္ ေလ်ာ့နည္းသြားရ၏။

က်င္းယြမ္က ရိဟန္ရဲ႔ မ်က္ႏွာ အမူအယာ ေျပာင္းလဲမွဳအား ဂ႐ုတစိုက္ ေလ့လာေနခဲ့သည္။ တစ္ဖက္လူရဲ႔ မ်က္ႏွာက တည္ၿငိမ္သြားတာကိုျမင္ေတာ့ သူက အနည္းငယ္ပိုၿပီး စိတ္သက္သာရာရသြားရသည္။

"ဟန္ဟန္, မေန႔ညက ကိစၥကေလ, မင္း.....မင္းမုန္းလားဟင္?" က်င္းယြမ္က ဂ႐ုတစိုက္ေမးလိုက္သည္။

ရိဟန္ရဲ႔ မ်က္ႏွာက ခ်က္ခ်င္းပင္ နီရဲသြား၏။ သူ႔ႏွလံုးသားက ျပင္းထန္စြာ ခုန္ေပါက္လာသည္။ သူက ႏႈတ္ခမ္းအား ကိုက္လိုက္ၿပီး သူ႔ေခါင္းကို လႊဲလိုက္သည္။ ခဏေလာက္ ၾကာမွသာ ဖြဖြေလး ေခါင္းခါျပလာသည္။

ထိုမိနစ္ပိုင္းေလာက္ လုပ္ရပ္ေလးေၾကာင့္ က်င္းယြမ္ရဲ႔ ရင္ထဲမွာ သက္တံမ်ားနဲ႔ မီးရွဳးမီးပန္းမ်ား ေပါက္ကြဲကုန္သည္။ သူအခု ႏွလံုးေရာဂါ ၇ေတာ့မလိုမ်ိဳး ခံစားရသည္ေလ။ 

ျဖည္းၫွင္းစြာျဖင့္ အသက္ရွဳသြင္း ရွဳထုတ္လုပ္လိုက္ၿပီး ေရွ႕ကို သာသာေလး မွီလိုက္ကာ ရိဟန္ရဲ႔ ႏႈတ္ခမ္းေထာင့္စြန္းကို နမ္းလိုက္သည္။ ရိဟန္က မလႈပ္ရွားေပ။ သူ႔မ်က္ႏွာကေတာ့ ပိုပိုၿပီး နီရဲလာသည္။ ၎သည္ မၾကာခင္မွာပဲ ေသြးေတြ စိမ့္ထြက္လာေတာ့ေတာ့မလိုပင္။

က်င္းယြမ္က ရိဟန္ကို ဖိခ်ထားတဲ့ သူ႔လက္ေတြေျခေထာက္ေတြကို ျဖည္းၫွင္းစြာ ေျဖေလ်ာ့ေပးလိုက္သည္။ သူကေခါင္းကိုေစာင္း၍ ရိဟန္ရဲ႔ ညာဘက္ႏႈတ္ခမ္းအား ျဖတ္ခနဲနမ္းလိုက္ျပန္၏။

ရိဟန္က မလဳွပ္ရွားေသးေသာ္လည္း သူ႔တစ္ကိုယ္လံုးကေတာ့ မီးခိုးမ်ား ထြက္ေတာ့မယ့္ပံုေပၚေနသည္။

က်င္းယြမ္ရဲ႔ ႏွလံုးသားကေတာ့ အရည္ေပ်ာ္သြားသလို ခံစားလိုက္ရသည္

အိုး...သူ႔အေသးေလး...ဘယ္လိုျဖစ္လို႔ ဒီေလာက္ ခ်စ္ဖို႔ေကာင္းေနရတာလဲ!

21.10.2021

===============

T/N 

ခရီးက ျပန္လာလာျခင္းပဲ ျမန္ျမန္ေလး တင္ေပးလိုက္ပါတယ္

ေပ်ာ္ရႊင္စရာ သီတင္းကၽြတ္ေလး ျဖစ္ပါေစရွင္။ ခ်စ္ခင္ရတဲ့ မိဘမ်ားနဲ႔ ေပ်ာ္ရႊင္ဖြယ္ အခ်ိ္န္ေလး ကုန္ဆံုးႏိုင္ပါေစ။ မိေဝးဖေဝး ျဖစ္ေနတဲ့သူမ်ားလည္း ခ်စ္ခင္ရတဲ့ မိတ္ေဆြ ေမာင္ႏွမမ်ားနဲ႔ အတူတူ ေပ်ာ္ရႊင္ဖြယ္ အခ်ိန္ေလးေတြ ပိုင္ဆိုင္ပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

===============

Continue Reading

You'll Also Like

2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
211K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
564K 56.5K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
89.2K 14.9K 17
小花神和帝君 >> 大青Q3 Status - 15 chapters + 1 side story This is just a pure fan-translation.