For Unicode
ဒီနေ့ ထူးတို့အိမ်မှာ လူစည်ကားနေသည် ။
အရီး ၊ မမ ၊ နိုင်ဘုန်း ၊ မိုးယံ နဲ့ ထူးတို့နှစ်ယောက်အပြင် ကိုနောင် နဲ့ နိုင်နိုင် တို့ပါ ရောက်ရှိနေတာကြောင့် ဒီသီတင်းကျွတ်အခါသမယလေးမှာ မိသားစုစုံလင်နေကြသည် ။
ရှားရှားပါးပါး အလုပ်နားရက် ကိုယ်စီရကာ မိသားစုစုံတုန်းလေး မျက်နှာစုံညီ ထမင်းဝိုင်းလေးဖန်တီးချင်တာကြောင့် မမခမျာ မနက်စောစောကတည်းက ဟင်းချက်စရာများကို တစ်ပုံတပင်ဝယ်လာပြီး ညစာအတွက် မမောနိုင်မပန်းနိုင် ချက်ပြုတ်နေတော့တာပင် ။
မမကိုယ်တိုင် ချက်ပြုတ်ထားတဲ့ မိသားစုအတွက် ထမင်းဝိုင်းကို မမတို့ အရီးတို့နဲ့အတူ ကူညီပြင်ဆင်ပရင်း ထူးမှာတော့ အိမ်ရှေ့ဆီသို့ လည်တဆန့်ဆန့် ။
" ဟိုကောင်လေး ပြန်မလာသေးဘူးလား "
လက်ထဲက ရေခဲမုန့်ဘူးတွေကို စားပွဲပေါ်တင်ရင်း မေးလာတဲ့ လူလူကြောင့် ထူး ခေါင်းကိုသာ အသာ ယမ်းပြလိုက်သည် ။
" ထမင်းစားချိန်တောင် ရောက်တော့မှာကို ဒီကောင်လေးက မဟုတ်တော့ဘူး ၊ နေ့လည်ကတည်းက ထွက်သွားတာမဟုတ်လား ထူး "
" အင်း ဟုတ်တယ် "
" မင်းကို ဘယ်သွားမယ်ပြောသွားလဲ "
" ကိစ္စရှိလို့ သူငယ်ချင်းတွေဆီ သွားဦးမယ်ဆိုပြီး ပြောသွားတာ "
လူလူက တဖြည်းဖြည်း မျက်မှောင်ကြုံ့လာကာ
" ဒီလောက်ကြာနေပြီကို မင်းက ဖုန်းမဆက်ဘူးလား "
" မဆက်တော့ပါဘူး ၊ တော်ကြာ ငါ ဖုန်းဆက်ရင် အနှောက်အယှက် ဖြစ်နေမှာစိုးလို့ "
" အေး....မင်းလည်း ဒီဟာလေးကို ကြပ်ကြပ်အလိုလိုက် ၊ မင်း ဒီလောက်ထိ အလိုလိုက်နေလို့ ချမ်းက ဆိုးနေတာ ၊ ဒီကြားထဲ အချိုးပြေနေလို့ ငါ့တူလေး ရင့်ကျက်လာပြီမှတ်တာ...ခွေးမြီးကောက် ကျည်ထောက်စွပ် ပုံစံတွေက လုပ်လာပြီ ၊ မိုးယံ.... "
ပွစိပွစိပြောနေရင်း မိုးယံကို ကောက်ခါငင်ခါကြီး ထခေါ်လာတာကြောင့် မိုးယံမှာလည်း သူ့ ကိုဘုန်းရဲ့ ခေါ်သံအောက်မှာ ပျာခနဲ ။
" ဗျာ...ကိုဘုန်း "
" ချမ်းဆီ ဖုန်းဆက်စမ်း "
" ဟုတ်ကဲ့ ကိုဘုန်း "
" နာရီဝက်အတွင်း အိမ်ပြန်မရောက်ရင် ဒီည အိမ်ပြန်မလာခဲ့နဲ့တော့လို့ပါ တစ်ခါတည်း ပြောလိုက် "
" ဟာ...ဟေ့ကောင် လူလူ "
ထူး အလန့်တကြား လှမ်းဟန့်လိုက်ပေမယ့် မှုန်ကုပ်ပြီးကြည့်လာတဲ့ လူလူကြောင့် ဘာမှ မပြောသာတော့ဘဲ ဆံပင်တွေထဲ လက်ထိုးဖွကာ သက်ပြင်းတစ်ချက်နဲ့ ငြိမ်နေလိုက်ရတော့သည် ။
မိုးယံကတော့ လူလူ့စကားအတိုင်း တသွေမတိမ်း လုပ်ဆောင်ဖို့ရာ ဖုန်းစခရင်ကို တတောက်တောက်နှိပ်နေလေပြီ ။
အင်း...ဒီတူဝရီးနှစ်ယောက်ကြားမှာ တစ်ခါတစ်ခါတော့ ထူးလည်း ရူးချင်သား ။
" ကိုဘုန်း...ချမ်းလေးက ပြန်လာနေပြီ တဲ့ ၊ နောက် မိနစ် ၂၀ လောက်နေရင် ရောက်မယ်ပြောတယ် "
ဒါနဲ့တောင် ကြည်လင်ပုံမရတဲ့ လူလူက ခြေလှမ်းကြဲတွေနဲ့ အပေါ်တက်သွားတော့မှ ထူး နဲ့ မိုးယံတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြိုင်တူ ပခုံးတွန့်လိုက်မိကြလေ၏ ။
မကြာပါ...။ အမောင်ချမ်းတစ်ယောက် အထုတ်တွေ တဆွဲတလွဲနဲ့ ပြန်ရောက်လာပါတော့သည် ။
" ဦးသာ...ချမ်း နောက်ကျသွားတယ် ၊ စိတ်ပူနေလားဟင် "
အနားကပ်ကာ မော့မော့လေးကြည့်ရင်း မျက်နှာငယ်နဲ့မေးလာတဲ့ ကောင်ငယ်လေးဟာ တကယ်ကိုပဲ မဆူရက် မပူရက်စရာ ။
တစ်ညနေလုံး စိတ်ပူနေခဲ့တဲ့အကြောင်းကို ရင်ထဲမှာပဲ မြိုချသိမ်းဆည်းလိုက်ရပါတော့သည် ။
" ပူတာ မပူတာတွေ အသာထားပြီး သံပုရာရည်လေးတစ်ခွက် အရင်သောက် ၊ ပြီးရင် ရေသွားချိုးနော် ၊ အားလုံး ညစာတူတူစားကြမှာမို့ ချမ်းငယ်ကို စောင့်နေရရင် အားနာစရာကြီး "
အနည်းငယ်ပွယောင်းယောင်းဖြစ်နေတဲ့ ချမ်းရဲ့ဦးခေါင်းထက်မှ ဆံနွယ်ညိုပျော့ပျော့များကို အသာအယာဖိသပ်ချပေးရင်း ခပ်တိုးတိုးပြောမိသည် ။
ထူးက ဒီလို ကြည်ကြည်လင်လင်ပုံစံနဲ့ တုန့်ပြန်လိုက်မှသာ ကောင်ငယ်လေးမျက်နှာဟာလည်း ပြုံးပြုံးလေးဖြစ်သွားပါလေ၏ ။ ထို့နောက်မှာ ထူးရဲ့ ညာဘက် ပါးဆီသို့ ရွှတ်ခနဲ မော့နမ်းလာပြီး
" ဦးသာကို အရမ်းချစ်တာပဲ "
အခုနောက်ပိုင်းမှာ မကြာခဏကြားရတဲ့ စကားစုလေးပေမယ့် ထူးအတွက်တော့ ရိုးမသွားနိုင်စွာ ရင်ထဲ လှိုက်ဖိုမိမြဲ ။
တစ်စုံတရာ ပြန်မတုန့်ပြန်မိပေမယ့်လည်း ထူး ရင်ထဲက မြတ်နိုးမှုတွေကို ဒီကလေး အလိုလိုခံစားမိမှာပါလေ ။
**********
လူစုံတက်စုံနဲ့ ညစာထမင်းဝိုင်းလေးကို ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ပြီးတဲ့နောက် လူငယ်တွေက လူကြီးတွေကို ကန်တော့ကြသည် ။ အရီး ၊ မမ ၊ နိုင်နိုင် နဲ့ ကိုနောင် တို့က ကန်တော့ခံပုဂ္ဂိုလ်တွေပေါ့ ။
ပြုမိခဲ့တဲ့အပြစ်တွေရှိခဲ့ပါလျှင် ကြေပါစေကြောင်း ဝန်ချကန်တော့သံတွေရယ်...ကျန်းမာ ချမ်းသာပါစေကြောင်း ပြန်လည်ဆုပေးသံတွေရယ် နဲ့...ဒီသီတင်းကျွတ်ညလေးဟာ ကြည်နူးစရာအတိဖြစ်နေပါတော့သည် ။
ထို့နောက် ချမ်းက ကတ်ထူဘူးလေးတွေထည့်ထားသော လင်ဗန်းတစ်ချပ်ကို ကိုင်ဆောင်လာကာ ထူး နဲ့ လူလူ့အနား ဒူးထောက်ထိုင်ချလိုက်ပြီး
" ချမ်း...ဦးသာ နဲ့ လေးငယ် ကို ကန်တော့ချင်လို့ပါ "
လူလူက သူ့တူကို မကြည့်တကြည်နှင့် အဟမ်း ဟု လုပ်ချောင်းသံပြုကာ တုန့်ပြန်နေတာကြောင့် ထူးကပဲ တံတောင်နဲ့တွက်ပြီး ဟန့်လိုက်ရသည် ။
ကလေးက လိမ္မာရေးခြားရှိစွာနဲ့ ကန်တော့လာတာကို ဦးလေးလုပ်သူက စိတ်လုပ်နေလို့ မဖြစ်ဘူးမဟုတ်လား ။
" လေးငယ်က ဦးလေးဆိုတော့ လေးငယ်ကို အရင်ကန်တော့မယ်နော် "
ချမ်းက သူသယ်ဆောင်လာတဲ့ လင်ဗန်းလေးကို ခုံပေါ်တင်လိုက်ပြီးမှ လူလူ့ရှေ့ လက်အုပ်လေးချီကာ
" လေးငယ်အပေါ် ကာယကံ ဝစီကံ မနောကံတွေနဲ့ ပြစ်မှားမိခဲ့တာတွေရှိရင် ခွင့်လွှတ်ပါ လေးငယ် ၊ ချမ်း လေးငယ်အပေါ်မှာ အများကြီးဆိုးခဲ့ပါတယ် ၊ ရှေ့လျှောက်တော့ ကြိုးစားပြီး လိမ်လိမ်မာမာနေသွားပါ့မယ်နော် "
ဝန်ချတောင်းပန်စကားတွေနဲ့အတူ ဦးသုံးကြိမ်ချလိုက်တဲ့ ချမ်းကိုကြည့်ပြီး လူလူ့ခမျာလည်း မျက်ရည်ဝဲရှာသည် ။ ဘယ်လိုပဲ မျက်နှာကြောမတည့်မတည့် ဒီ တူဖြစ်သူလေးကို လူလူလည်း အင်မတန်မှ ချစ်ရသည်မဟုတ်လား ။
လူလူပြီးတော့ ထူး အလှည့် ။
" ဦးသာအပေါ်မှာ ကာယကံ ဝစီကံ မနောကံတွေနဲ့ ပြစ်မှားမိခဲ့တာတွေရှိရင် ခွင့်လွှတ်ပေးပါ ဦးသာ ၊ ဦးသာနဲ့ပတ်သက်ပြီး ချမ်း မှားခဲ့တာတွေ အများကြီးရှိပါတယ် ၊ အဲ့ဒါတွေအတွက်လည်း ချမ်း တောင်းပန်ပါတယ်နော် ၊ ဒီနောက်ပိုင်း ဦးသာရဲ့ ဆုံးမပဲ့ပြင်မှုတွေအောက်မှာ ကောင်းကောင်းမွန်မွန် နဲ့ လိမ်လိမ်မာမာ နေသွားပါ့မယ် "
ထူးရှေ့မှာ ဦးသုံးကြိမ်ချပြီး ကန်တော့နေတဲ့ ချမ်းကလေးကို ကြည့်ရင်း ထူးလည်း ကြည်နူးဝမ်းသာဖြစ်နေရသည် ။ ကျန်သူတွေ အားလုံးလည်း ဒီမြင်ကွင်းလေးကို ကြည့်တာ တပြုံးပြုံး ။
ကန်တော့ပြီး ဆုပေးပြီးမှ ချမ်းက သူ လင်ဗန်းလေးနှင့် ထည့်ယူလာသော ကတ်ထူဘူးလေးတွေကို တစ်ဘူးစီ လိုက်ဖွင့်ပြီး
" ဒါ...မိတ်ဆွေတစ်ယောက်ရဲ့ Bakery လေးမှာ အကူအညီတောင်းပြီး ချမ်းကိုယ်တိုင် ဖုတ်လာခဲ့တဲ့ ကိတ်မုန့်လေးတွေပါ ၊ ဒါက မေ နဲ့ လေးငယ်ကြိုက်တတ်တဲ့ butter cake ၊ ဒါကတော့ ဦးသာအကြိုက် cheese cake ၊ ချမ်းက သိပ်မကျွမ်းကျင်သေးတော့ မုန့်လုပ်ရင်းနဲ့ အချိန်တွေကြာပြီး တစ်နေကုန်သွားတာ....
ငွေနဲ့ဝယ်ပြီး ကန်တော့လို့ရတဲ့ ပစ္စည်းမျိုးတွေထက် ချမ်း ချစ်တဲ့သူတွေကို ချမ်းကိုယ်တိုင် ကြိုးစားအားထုတ်ထားတဲ့ အရာတစ်ခုခုနဲ့ ကန်တော့ချင်လို့ပါ "
သိပ်ပြီး ဆန်းဆန်းပြားပြားပုံ မဟုတ်တဲ့ ခပ်ရိုးရိုးအသွင်သဏ္ဍာန်နဲ့ ကိတ်မုန့်လေးတွေကိုကြည့်ရင်း ထူးရင်ထဲမှာ လှိုက်ခနဲ ။
ထူးလိုပဲ ကျန်တဲ့မိသားစုဝင်များလည်း ခံစားကြရမည်ထင်ပါသည် ။
" ဟား ငါနဲ့ အမြဲတမ်း စကားနိုင်လုနေခဲ့တဲ့ ချမ်းလေးတောင် လူကြီးဖြစ်လာပြီပဲ "
ကိုနောင့်စကားမှာ အားလုံး ဝိုင်းဝန်းရယ်မောဖြစ်ကြသည် ။
မမသည်လည်း သူ့သားလေးကို ပီတိမျက်ဝန်းတွေနဲ့ ငေးစိုက်ကြည့်ကာ ကြည်ကြည်နူးနူးလေး ပြုံးနေပါတော့သည် ။
**********
လပြည့်ညရဲ့ အလင်းရောင်က ထူးတို့ရဲ့ အိပ်ခန်းလေးထဲအထိ ဖြာကျနေခဲ့သည် ။
ထူးက ဘေးနားမှာရှိတဲ့ စားပွဲပုလေးပေါ်မှ ချမ်းလက်ရာ ကိတ်မုန့်လေးကို တစ်ဇွန်းပြီးတစ်ဇွန်း ခပ်စားနေတော့
" ကောင်းလားဟင်...ဦးသာ "
ထူးခြေရင်းမှာ ထိုင်ကာ ထူးမျက်နှာကို မော့မော့လေးကြည့်ပြီး မေးလာတဲ့ ချမ်းကလေးရဲ့ မျက်နှာဟာ ထူးရဲ့ အဖြေတစ်ခုအပေါ် မျှော်တလင့်လင့် ။
" အင်း...ကောင်းတယ် ၊ အရမ်းကောင်းတယ် ၊ ဒီကိတ်မုန့်လေးက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးကိတ်မုန့်လေးပဲ "
ထူးဖြေကြားသံကို အကြားမှာ ချမ်းက ထူးခြေထောက်တွေကို သူ့လက်နှစ်ဖက်ဖြင့် သိမ်းဖက်လာပြီး ထူးရဲ့ ဒူးပေါ် သူ့မေးစေ့လေးတင်ကာ
" ဦးသာက ချမ်းကိုဆို စိတ်ချမ်းသာအောင် အရမ်းပြောပေးတတ်တာပဲ "
" ဟောဗျာ တကယ်ပြောတာကို "
" ဒါနဲ့လေ...ဦးသာ ဒီနေ့ ချမ်းနောက်ကျနေတာကို ဘာလို့ ဖုန်းဆက်မမေးတာလဲဟင် "
အင်း...ဒီကလေးရဲ့မေးခွန်းကို ထူး ဘယ်လိုဖြေရပါ့ ။ ဒီတိုင်း မဆက်ဖြစ်တာပါဆိုရင်လည်း စိတ်မပူလို့လား ဟု ထင်သွားမှာ စိုးသည် ။ စိတ်ပူနေရက်နဲ့ အနှောက်အယှက်ဖြစ်မှာစိုးလို့ မဆက်တာပါဆိုရင်လည်း ဒီကလေးလေး အားနာသွားမှာ စိုးသည် ။
ခက်ချေပြီ ။
ထူး သင့်တော်မယ့်အဖြေကို တွက်ချက်စဉ်းစားနေစဉ်မှာပဲ အနှီကောင်ငယ်လေးက ထူးရဲ့ လက်ချောင်းတွေကို အသာဆုပ်ကိုင်လာရင်းနဲ့
" နောက်ကို ချမ်းအတွက်ဆိုပြီး အရမ်း ထည့်မတွေးပါနဲ့လား ဦးသာ ၊ ဖုန်းဆက်ချင်တဲ့အချိန် ဘာကိုမှ မတွေးဘဲ ဆက်ပါ ၊ ချမ်းနဲ့ပတ်သက်ရင် အများကြီး စဉ်းစားမနေဘဲ ဦးသာဆန္ဒရှိတဲ့အတိုင်း လုပ်လို့ရပါတယ် "
ချမ်းကလေး ပြောလာတဲ့စကားတွေအပေါ် ထူးမှာ တအံ့တဩ ။ ဒီကလေးလေးက ထူးရဲ့ စိတ်ကို ဖတ်နိုင်နေပြီပဲ ။
" ချမ်းလေ...ဦးသာရဲ့ ချမ်းငယ်လေးအဖြစ် ကလေးလေးလုပ်ပြီး နေရတာကို သဘောကျသလို ဦးသာရဲ့ လက်တွဲဖော်ပီပီသသအဖြစ်လည်း နေကြည့်ချင်လို့ပါ ၊ ဦးသာနဲ့ယှဉ်ရင် ချမ်းက အရမ်းငယ်သလိုဖြစ်နေပေမယ့် ဦးသာရဲ့ ချမ်းငယ်လေးက လူကြီးဖြစ်နေပါပြီ "
" ချမ်းငယ်ရယ်..... "
ထူးမှာ မြတ်နိုးရလွန်းသဖြင့် မျက်စိရှေ့မှ ခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲသို့ ဆွဲယူပွေ့ပိုက်ထားမိပါတော့သည် ။
ထူးရဲ့ ဒီကလေးလေးက တကယ်ပဲ ရင့်ကျက်လာခဲ့ပြီထင်ပါသည် ။
____________________________________
A/N
အားလုံးပဲ သီတင်းကျွတ် အခါသမယလေးမှာ စိတ်အေးချမ်းနိုင်ကြပါစေ ။
#PhyuLayy. 🤍
_____________________________________
For Zawgyi
ဒီေန႕ ထူးတို႔အိမ္မွာ လူစည္ကားေနသည္ ။
အရီး ၊ မမ ၊ နိုင္ဘုန္း ၊ မိုးယံ နဲ႕ ထူးတို႔ႏွစ္ေယာက္အျပင္ ကိုေနာင္ နဲ႕ နိုင္နိုင္ တို႔ပါ ေရာက္ရွိေနတာေၾကာင့္ ဒီသီတင္းကြၽတ္အခါသမယေလးမွာ မိသားစုစုံလင္ေနၾကသည္ ။
ရွားရွားပါးပါး အလုပ္နားရက္ ကိုယ္စီရကာ မိသားစုစုံတုန္းေလး မ်က္ႏွာစုံညီ ထမင္းဝိုင္းေလးဖန္တီးခ်င္တာေၾကာင့္ မမခမ်ာ မနက္ေစာေစာကတည္းက ဟင္းခ်က္စရာမ်ားကို တစ္ပုံတပင္ဝယ္လာၿပီး ညစာအတြက္ မေမာနိုင္မပန္းနိုင္ ခ်က္ျပဳတ္ေနေတာ့တာပင္ ။
မမကိုယ္တိုင္ ခ်က္ျပဳတ္ထားတဲ့ မိသားစုအတြက္ ထမင္းဝိုင္းကို မမတို႔ အရီးတို႔နဲ႕အတူ ကူညီျပင္ဆင္ပရင္း ထူးမွာေတာ့ အိမ္ေရွ႕ဆီသို႔ လည္တဆန႔္ဆန႔္ ။
" ဟိုေကာင္ေလး ျပန္မလာေသးဘူးလား "
လက္ထဲက ေရခဲမုန႔္ဘူးေတြကို စားပြဲေပၚတင္ရင္း ေမးလာတဲ့ လူလူေၾကာင့္ ထူး ေခါင္းကိုသာ အသာ ယမ္းျပလိုက္သည္ ။
" ထမင္းစားခ်ိန္ေတာင္ ေရာက္ေတာ့မွာကို ဒီေကာင္ေလးက မဟုတ္ေတာ့ဘူး ၊ ေန႕လည္ကတည္းက ထြက္သြားတာမဟုတ္လား ထူး "
" အင္း ဟုတ္တယ္ "
" မင္းကို ဘယ္သြားမယ္ေျပာသြားလဲ "
" ကိစၥရွိလို႔ သူငယ္ခ်င္းေတြဆီ သြားဦးမယ္ဆိုၿပီး ေျပာသြားတာ "
လူလူက တျဖည္းျဖည္း မ်က္ေမွာင္ႀကဳံ႕လာကာ
" ဒီေလာက္ၾကာေနၿပီကို မင္းက ဖုန္းမဆက္ဘူးလား "
" မဆက္ေတာ့ပါဘူး ၊ ေတာ္ၾကာ ငါ ဖုန္းဆက္ရင္ အေႏွာက္အယွက္ ျဖစ္ေနမွာစိုးလို႔ "
" ေအး....မင္းလည္း ဒီဟာေလးကို ၾကပ္ၾကပ္အလိုလိုက္ ၊ မင္း ဒီေလာက္ထိ အလိုလိုက္ေနလို႔ ခ်မ္းက ဆိုးေနတာ ၊ ဒီၾကားထဲ အခ်ိဳးေျပေနလို႔ ငါ့တူေလး ရင့္က်က္လာၿပီမွတ္တာ...ေခြးၿမီးေကာက္ က်ည္ေထာက္စြပ္ ပုံစံေတြက လုပ္လာၿပီ ၊ မိုးယံ.... "
ပြစိပြစိေျပာေနရင္း မိုးယံကို ေကာက္ခါငင္ခါႀကီး ထေခၚလာတာေၾကာင့္ မိုးယံမွာလည္း သူ႕ ကိုဘုန္းရဲ႕ ေခၚသံေအာက္မွာ ပ်ာခနဲ ။
" ဗ်ာ...ကိုဘုန္း "
" ခ်မ္းဆီ ဖုန္းဆက္စမ္း "
" ဟုတ္ကဲ့ ကိုဘုန္း "
" နာရီဝက္အတြင္း အိမ္ျပန္မေရာက္ရင္ ဒီည အိမ္ျပန္မလာခဲ့နဲ႕ေတာ့လို႔ပါ တစ္ခါတည္း ေျပာလိုက္ "
" ဟာ...ေဟ့ေကာင္ လူလူ "
ထူး အလန႔္တၾကား လွမ္းဟန႔္လိုက္ေပမယ့္ မႈန္ကုပ္ၿပီးၾကည့္လာတဲ့ လူလူေၾကာင့္ ဘာမွ မေျပာသာေတာ့ဘဲ ဆံပင္ေတြထဲ လက္ထိုးဖြကာ သက္ျပင္းတစ္ခ်က္နဲ႕ ၿငိမ္ေနလိုက္ရေတာ့သည္ ။
မိုးယံကေတာ့ လူလူ႕စကားအတိုင္း တေသြမတိမ္း လုပ္ေဆာင္ဖို႔ရာ ဖုန္းစခရင္ကို တေတာက္ေတာက္ႏွိပ္ေနေလၿပီ ။
အင္း...ဒီတူဝရီးႏွစ္ေယာက္ၾကားမွာ တစ္ခါတစ္ခါေတာ့ ထူးလည္း ႐ူးခ်င္သား ။
" ကိုဘုန္း...ခ်မ္းေလးက ျပန္လာေနၿပီ တဲ့ ၊ ေနာက္ မိနစ္ ၂၀ ေလာက္ေနရင္ ေရာက္မယ္ေျပာတယ္ "
ဒါနဲ႕ေတာင္ ၾကည္လင္ပုံမရတဲ့ လူလူက ေျခလွမ္းႀကဲေတြနဲ႕ အေပၚတက္သြားေတာ့မွ ထူး နဲ႕ မိုးယံတို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ၿပိဳင္တူ ပခုံးတြန႔္လိုက္မိၾကေလ၏ ။
မၾကာပါ...။ အေမာင္ခ်မ္းတစ္ေယာက္ အထုတ္ေတြ တဆြဲတလြဲနဲ႕ ျပန္ေရာက္လာပါေတာ့သည္ ။
" ဦးသာ...ခ်မ္း ေနာက္က်သြားတယ္ ၊ စိတ္ပူေနလားဟင္ "
အနားကပ္ကာ ေမာ့ေမာ့ေလးၾကည့္ရင္း မ်က္ႏွာငယ္နဲ႕ေမးလာတဲ့ ေကာင္ငယ္ေလးဟာ တကယ္ကိုပဲ မဆူရက္ မပူရက္စရာ ။
တစ္ညေနလုံး စိတ္ပူေနခဲ့တဲ့အေၾကာင္းကို ရင္ထဲမွာပဲ ၿမိဳခ်သိမ္းဆည္းလိုက္ရပါေတာ့သည္ ။
" ပူတာ မပူတာေတြ အသာထားၿပီး သံပုရာရည္ေလးတစ္ခြက္ အရင္ေသာက္ ၊ ၿပီးရင္ ေရသြားခ်ိဳးေနာ္ ၊ အားလုံး ညစာတူတူစားၾကမွာမို႔ ခ်မ္းငယ္ကို ေစာင့္ေနရရင္ အားနာစရာႀကီး "
အနည္းငယ္ပြေယာင္းေယာင္းျဖစ္ေနတဲ့ ခ်မ္းရဲ႕ဦးေခါင္းထက္မွ ဆံႏြယ္ညိုေပ်ာ့ေပ်ာ့မ်ားကို အသာအယာဖိသပ္ခ်ေပးရင္း ခပ္တိုးတိုးေျပာမိသည္ ။
ထူးက ဒီလို ၾကည္ၾကည္လင္လင္ပုံစံနဲ႕ တုန႔္ျပန္လိုက္မွသာ ေကာင္ငယ္ေလးမ်က္ႏွာဟာလည္း ၿပဳံးၿပဳံးေလးျဖစ္သြားပါေလ၏ ။ ထို႔ေနာက္မွာ ထူးရဲ႕ ညာဘက္ ပါးဆီသို႔ ႐ႊတ္ခနဲ ေမာ့နမ္းလာၿပီး
" ဦးသာကို အရမ္းခ်စ္တာပဲ "
အခုေနာက္ပိုင္းမွာ မၾကာခဏၾကားရတဲ့ စကားစုေလးေပမယ့္ ထူးအတြက္ေတာ့ ရိုးမသြားနိုင္စြာ ရင္ထဲ လွိုက္ဖိုမိၿမဲ ။
တစ္စုံတရာ ျပန္မတုန႔္ျပန္မိေပမယ့္လည္း ထူး ရင္ထဲက ျမတ္နိုးမႈေတြကို ဒီကေလး အလိုလိုခံစားမိမွာပါေလ ။
**********
လူစုံတက္စုံနဲ႕ ညစာထမင္းဝိုင္းေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အဆုံးသတ္ၿပီးတဲ့ေနာက္ လူငယ္ေတြက လူႀကီးေတြကို ကန္ေတာ့ၾကသည္ ။ အရီး ၊ မမ ၊ နိုင္နိုင္ နဲ႕ ကိုေနာင္ တို႔က ကန္ေတာ့ခံပုဂၢိဳလ္ေတြေပါ့ ။
ျပဳမိခဲ့တဲ့အျပစ္ေတြရွိခဲ့ပါလွ်င္ ေၾကပါေစေၾကာင္း ဝန္ခ်ကန္ေတာ့သံေတြရယ္...က်န္းမာ ခ်မ္းသာပါေစေၾကာင္း ျပန္လည္ဆုေပးသံေတြရယ္ နဲ႕...ဒီသီတင္းကြၽတ္ညေလးဟာ ၾကည္ႏူးစရာအတိျဖစ္ေနပါေတာ့သည္ ။
ထို႔ေနာက္ ခ်မ္းက ကတ္ထူဘူးေလးေတြထည့္ထားေသာ လင္ဗန္းတစ္ခ်ပ္ကို ကိုင္ေဆာင္လာကာ ထူး နဲ႕ လူလူ႕အနား ဒူးေထာက္ထိုင္ခ်လိဳက္ၿပီး
" ခ်မ္း...ဦးသာ နဲ႕ ေလးငယ္ ကို ကန္ေတာ့ခ်င္လို႔ပါ "
လူလူက သူ႕တူကို မၾကည့္တၾကည္ႏွင့္ အဟမ္း ဟု လုပ္ေခ်ာင္းသံျပဳကာ တုန႔္ျပန္ေနတာေၾကာင့္ ထူးကပဲ တံေတာင္နဲ႕တြက္ၿပီး ဟန့္လိုက္ရသည္ ။
ကေလးက လိမၼာေရးျခားရွိစြာနဲ႕ ကန္ေတာ့လာတာကို ဦးေလးလုပ္သူက စိတ္လုပ္ေနလို႔ မျဖစ္ဘူးမဟုတ္လား ။
" ေလးငယ္က ဦးေလးဆိုေတာ့ ေလးငယ္ကို အရင္ကန္ေတာ့မယ္ေနာ္ "
ခ်မ္းက သူသယ္ေဆာင္လာတဲ့ လင္ဗန္းေလးကို ခုံေပၚတင္လိုက္ၿပီးမွ လူလူ႕ေရွ႕ လက္အုပ္ေလးခ်ီကာ
" ေလးငယ္အေပၚ ကာယကံ ဝစီကံ မေနာကံေတြနဲ႕ ျပစ္မွားမိခဲ့တာေတြရွိရင္ ခြင့္လႊတ္ပါ ေလးငယ္ ၊ ခ်မ္း ေလးငယ္အေပၚမွာ အမ်ားႀကီးဆိုးခဲ့ပါတယ္ ၊ ေရွ႕ေလွ်ာက္ေတာ့ ႀကိဳးစားၿပီး လိမ္လိမ္မာမာေနသြားပါ့မယ္ေနာ္ "
ဝန္ခ်ေတာင္းပန္စကားေတြနဲ႕အတူ ဦးသုံးႀကိမ္ခ်လိဳက္တဲ့ ခ်မ္းကိုၾကည့္ၿပီး လူလူ႕ခမ်ာလည္း မ်က္ရည္ဝဲရွာသည္ ။ ဘယ္လိုပဲ မ်က္ႏွာေၾကာမတည့္မတည့္ ဒီ တူျဖစ္သူေလးကို လူလူလည္း အင္မတန္မွ ခ်စ္ရသည္မဟုတ္လား ။
လူလူၿပီးေတာ့ ထူး အလွည့္ ။
" ဦးသာအေပၚမွာ ကာယကံ ဝစီကံ မေနာကံေတြနဲ႕ ျပစ္မွားမိခဲ့တာေတြရွိရင္ ခြင့္လႊတ္ေပးပါ ဦးသာ ၊ ဦးသာနဲ႕ပတ္သက္ၿပီး ခ်မ္း မွားခဲ့တာေတြ အမ်ားႀကီးရွိပါတယ္ ၊ အဲ့ဒါေတြအတြက္လည္း ခ်မ္း ေတာင္းပန္ပါတယ္ေနာ္ ၊ ဒီေနာက္ပိုင္း ဦးသာရဲ႕ ဆုံးမပဲ့ျပင္မႈေတြေအာက္မွာ ေကာင္းေကာင္းမြန္မြန္ နဲ႕ လိမ္လိမ္မာမာ ေနသြားပါ့မယ္ "
ထူးေရွ႕မွာ ဦးသုံးႀကိမ္ခ်ၿပီး ကန္ေတာ့ေနတဲ့ ခ်မ္းကေလးကို ၾကည့္ရင္း ထူးလည္း ၾကည္ႏူးဝမ္းသာျဖစ္ေနရသည္ ။ က်န္သူေတြ အားလုံးလည္း ဒီျမင္ကြင္းေလးကို ၾကည့္တာ တၿပဳံးၿပဳံး ။
ကန္ေတာ့ၿပီး ဆုေပးၿပီးမွ ခ်မ္းက သူ လင္ဗန္းေလးႏွင့္ ထည့္ယူလာေသာ ကတ္ထူဘူးေလးေတြကို တစ္ဘူးစီ လိုက္ဖြင့္ၿပီး
" ဒါ...မိတ္ေဆြတစ္ေယာက္ရဲ႕ Bakery ေလးမွာ အကူအညီေတာင္းၿပီး ခ်မ္းကိုယ္တိုင္ ဖုတ္လာခဲ့တဲ့ ကိတ္မုန႔္ေလးေတြပါ ၊ ဒါက ေမ နဲ႕ ေလးငယ္ႀကိဳက္တတ္တဲ့ butter cake ၊ ဒါကေတာ့ ဦးသာအႀကိဳက္ cheese cake ၊ ခ်မ္းက သိပ္မကြၽမ္းက်င္ေသးေတာ့ မုန႔္လုပ္ရင္းနဲ႕ အခ်ိန္ေတြၾကာၿပီး တစ္ေနကုန္သြားတာ....
ေငြနဲ႕ဝယ္ၿပီး ကန္ေတာ့လို႔ရတဲ့ ပစၥည္းမ်ိဳးေတြထက္ ခ်မ္း ခ်စ္တဲ့သူေတြကို ခ်မ္းကိုယ္တိုင္ ႀကိဳးစားအားထုတ္ထားတဲ့ အရာတစ္ခုခုနဲ႕ ကန္ေတာ့ခ်င္လို႔ပါ "
သိပ္ၿပီး ဆန္းဆန္းျပားျပားပုံ မဟုတ္တဲ့ ခပ္ရိုးရိုးအသြင္သ႑ာန္နဲ႕ ကိတ္မုန႔္ေလးေတြကိုၾကည့္ရင္း ထူးရင္ထဲမွာ လွိုက္ခနဲ ။
ထူးလိုပဲ က်န္တဲ့မိသားစုဝင္မ်ားလည္း ခံစားၾကရမည္ထင္ပါသည္ ။
" ဟား ငါနဲ႕ အၿမဲတမ္း စကားနိုင္လုေနခဲ့တဲ့ ခ်မ္းေလးေတာင္ လူႀကီးျဖစ္လာၿပီပဲ "
ကိုေနာင့္စကားမွာ အားလုံး ဝိုင္းဝန္းရယ္ေမာျဖစ္ၾကသည္ ။
မမသည္လည္း သူ႕သားေလးကို ပီတိမ်က္ဝန္းေတြနဲ႕ ေငးစိုက္ၾကည့္ကာ ၾကည္ၾကည္ႏူးႏူးေလး ၿပဳံးေနပါေတာ့သည္ ။
**********
လျပည့္ညရဲ႕ အလင္းေရာင္က ထူးတို႔ရဲ႕ အိပ္ခန္းေလးထဲအထိ ျဖာက်ေနခဲ့သည္ ။
ထူးက ေဘးနားမွာရွိတဲ့ စားပြဲပုေလးေပၚမွ ခ်မ္းလက္ရာ ကိတ္မုန႔္ေလးကို တစ္ဇြန္းၿပီးတစ္ဇြန္း ခပ္စားေနေတာ့
" ေကာင္းလားဟင္...ဦးသာ "
ထူးေျခရင္းမွာ ထိုင္ကာ ထူးမ်က္ႏွာကို ေမာ့ေမာ့ေလးၾကည့္ၿပီး ေမးလာတဲ့ ခ်မ္းကေလးရဲ႕ မ်က္ႏွာဟာ ထူးရဲ႕ အေျဖတစ္ခုအေပၚ ေမွ်ာ္တလင့္လင့္ ။
" အင္း...ေကာင္းတယ္ ၊ အရမ္းေကာင္းတယ္ ၊ ဒီကိတ္မုန႔္ေလးက ကိုယ့္အတြက္ေတာ့ ကမာၻေပၚမွာ အေကာင္းဆုံးကိတ္မုန႔္ေလးပဲ "
ထူးေျဖၾကားသံကို အၾကားမွာ ခ်မ္းက ထူးေျခေထာက္ေတြကို သူ႕လက္ႏွစ္ဖက္ျဖင့္ သိမ္းဖက္လာၿပီး ထူးရဲ႕ ဒူးေပၚ သူ႕ေမးေစ့ေလးတင္ကာ
" ဦးသာက ခ်မ္းကိုဆို စိတ္ခ်မ္းသာေအာင္ အရမ္းေျပာေပးတတ္တာပဲ "
" ေဟာဗ်ာ တကယ္ေျပာတာကို "
" ဒါနဲ႕ေလ...ဦးသာ ဒီေန႕ ခ်မ္းေနာက္က်ေနတာကို ဘာလို႔ ဖုန္းဆက္မေမးတာလဲဟင္ "
အင္း...ဒီကေလးရဲ႕ေမးခြန္းကို ထူး ဘယ္လိုေျဖရပါ့ ။ ဒီတိုင္း မဆက္ျဖစ္တာပါဆိုရင္လည္း စိတ္မပူလို႔လား ဟု ထင္သြားမွာ စိုးသည္ ။ စိတ္ပူေနရက္နဲ႕ အေႏွာက္အယွက္ျဖစ္မွာစိုးလို႔ မဆက္တာပါဆိုရင္လည္း ဒီကေလးေလး အားနာသြားမွာ စိုးသည္ ။
ခက္ေခ်ၿပီ ။
ထူး သင့္ေတာ္မယ့္အေျဖကို တြက္ခ်က္စဥ္းစားေနစဥ္မွာပဲ အႏွီေကာင္ငယ္ေလးက ထူးရဲ႕ လက္ေခ်ာင္းေတြကို အသာဆုပ္ကိုင္လာရင္းနဲ႕
" ေနာက္ကို ခ်မ္းအတြက္ဆိုၿပီး အရမ္း ထည့္မေတြးပါနဲ႕လား ဦးသာ ၊ ဖုန္းဆက္ခ်င္တဲ့အခ်ိန္ ဘာကိုမွ မေတြးဘဲ ဆက္ပါ ၊ ခ်မ္းနဲ႕ပတ္သက္ရင္ အမ်ားႀကီး စဥ္းစားမေနဘဲ ဦးသာဆႏၵရွိတဲ့အတိုင္း လုပ္လို႔ရပါတယ္ "
ခ်မ္းကေလး ေျပာလာတဲ့စကားေတြအေပၚ ထူးမွာ တအံ့တဩ ။ ဒီကေလးေလးက ထူးရဲ႕ စိတ္ကို ဖတ္နိုင္ေနၿပီပဲ ။
" ခ်မ္းေလ...ဦးသာရဲ႕ ခ်မ္းငယ္ေလးအျဖစ္ ကေလးေလးလုပ္ၿပီး ေနရတာကို သေဘာက်သလို ဦးသာရဲ႕ လက္တြဲေဖာ္ပီပီသသအျဖစ္လည္း ေနၾကည့္ခ်င္လို႔ပါ ၊ ဦးသာနဲ႕ယွဥ္ရင္ ခ်မ္းက အရမ္းငယ္သလိုျဖစ္ေနေပမယ့္ ဦးသာရဲ႕ ခ်မ္းငယ္ေလးက လူႀကီးျဖစ္ေနပါၿပီ "
" ခ်မ္းငယ္ရယ္..... "
ထူးမွာ ျမတ္နိုးရလြန္းသျဖင့္ မ်က္စိေရွ႕မွ ေခါင္းလုံးလုံးေလးကို ရင္ခြင္ထဲသို႔ ဆြဲယူေပြ႕ပိုက္ထားမိပါေတာ့သည္ ။
ထူးရဲ႕ ဒီကေလးေလးက တကယ္ပဲ ရင့္က်က္လာခဲ့ၿပီထင္ပါသည္ ။
____________________________________
A/N
အားလုံးပဲ သီတင္းကြၽတ္ အခါသမယေလးမွာ စိတ္ေအးခ်မ္းနိုင္ၾကပါေစ ။
#PhyuLayy. 🤍
_____________________________________