Unicode
အမေရဲ့လက်တွဲဖော်ရှာပေးမယ့်အစီအစဥ်ကိုလက်ခံခဲ့သည်။ သူကိုယ်တိုင်ရှာတွေ့ခဲ့တဲ့အချစ်ရေးတွေက ကံမကောင်းခဲ့တာမို့။ အိမ်ထောင်တစ်ခု မိသားစုတစ်စုကိုတည်ထောင်ပြီး မပိုင်ဆိုင်သင့်တဲ့သူကိုမေ့သင့်ပြီထင်တယ်။
ရက်အနည်းကြာမှာပဲ သူတို့ဆုံတွေ့ခဲ့ကြကာ တစ်လအလွန်မှာတော့စေ့စပ်ဖို့ဖြစ်လာခဲ့သည်။ ဖိတ်စာကတ်တွေလုပ်ကာ ရှယ်ယာဝင်တွေအကုန်လုံးကိုလည်းဖိတ်ကြားခဲ့သည်။...အင်း သူ့ကိုရောပဲ သူလည်းရှယ်ယာရှင်ပဲမို့ဖိတ်ကြားခဲ့ရသည်။
ငါတို့တွေထပ်မဆုံကြတော့ဘူး။ အဆိပ်သင့်နေတဲ့အချစ်တွေကြား အလွဲအမှားတွေနဲ့ငါတို့ကြား သိခဲ့တယ်ဆိုတဲ့အမှတ်တရတွေကလွဲလို့မရှိတော့ဘူး။ ငါတကယ်မေ့ဖို့ကြိုးစားလိုက်ပြီ။
shopping ထွက်လာခဲ့သည်။ ဘယ်သူမှမပါ တစ်ယောက်ထဲ။ နောက်ရက်မှာစေ့စပ်ရတော့မည်။ဘဝတွေဟာမြန်မြန်ဆန်ဆန်ပြောင်းလဲသွားပါလားဆို emotional ဖြစ်တတ်လွန်းတဲ့ကျွန်တော်က ကျွန့်တော့်အချစ်ကိုအစော်အကားမခံနိုင်ပါဘူး။ ခံစားချက်နဲ့ရေးထားတဲ့စာလေးတစ်ကြောင်းကအစ ကဗျာလေးတစ်ပုဒ်အဆုံး ဘာများအရေးပါလဲလို့မေးတိုင်းအသည်းတုန်ခါအောင်နာရပါတယ်။ စိတ်ခံစားချက်တွေဘယ်လိုထည့်ခဲ့ရလဲ...မသိဘဲနဲ့ဝေဖန်တာမျိုးကနာပစ်ဖို့ကောင်းနိုင်တာပဲလေ။
မချစ်ဖူးတဲ့သူတွေကမသိမှမသိကြပဲ....
ကားပါကင်ရောက်တော့ ကားမှန်တွေတင်ခံနီး သူ့ကားနားလူတစ်ယောက်ကလာရပ်သည်။ သေချာမကြည့်ရခင်မှာပဲ ကားထဲလက်ဝင်လာကာ ပုဝါနဲ့နှာခေါင်းကိုအုပ်ချတော့သည်။ ပြင်းရှရှအနံ့ရပြီးနောက် လူလည်းဘယ်လိုဖြစ်သွားမှန်းကိုမသိတော့။
🤎
မဖြစ်ပါဘူး ပိုင်ဆိုင်ရမှဖြစ်မှာ။ ငါကနေပါစေလို့လွှတ်ထားပေးတာတောင် စေ့စပ်ပွဲဖိတ်စာပေးပြီးသွေးတိုးစမ်းတယ်။ တွေ့ပြီပေါ့ဗျာ...
မေတ္တာငတ်ခဲ့ရတဲ့ကောင်မို့လို့လားမသိဘူး။ အစ်ကို့ဆီကချစ်ခြင်းမေတ္တာတွေကိုလိုချင်မိတယ်။ စိတ်နဲ့ဦးနှောက်ကိုအမြန်အလုပ်ပေးလိုက်ရင်း မီးသီးလေးလင်းလာသလိုလက်ခနဲအတွေး
ဒီလိုလုပ်လည်းရတာပဲ....
ဘယ်တွေမှာဘာတွေလုပ်နေမလဲလို့စုံစမ်းတီးခေါက်အပြီးမှာတော့ ရက်ကောင်းရက်မြတ်တစ်နေ့ကိုရရှိခဲ့သည်။ အစ်ကိုဟိုဆော့အပြင်ထွက်တဲ့နေ့။
ဒီအလုပ်သာတစ်ခြားလူကိုခိုင်းလိုက်လို့မဖြစ် ကိုယ်တိုင်စနစ်တကျလုပ်ရမည့်အလုပ်။ ဘယ်သွားမလဲသိနေတာမို့ ဘတ်စ်ကားစီးရင်း Shopping mall ရဲ့ကားပါကင်နားမှာသူစောင့်နေလိုက်သည်။ CEO Kim လို့တော့ထင်ချင်စရာမရှိအောင် All black နဲ့မျက်ချေဖျတ်ထားခဲ့သည်ပေါ့။
အချစ်ဆိုတာတရားသောမတရားသောထပ် ရယူနိုင်သွားရင်လည်းဖြစ်တာပဲ။
ကားကိုတွေ့သည်။ ထွက်ပြေးပြီးအဝေးနေရာမှာပျော်အောင်ထားမှာ။ နိုင်ငံခြားမှာ ပိုက်ဆံတွေအများကြီးရှာပြီးပြီ။ အမေတို့ကိုထောက်ပံ့တာအပြင် သူအများကြီးစုနိုင်ခဲ့တာ။
ကားနားကိုတဖြေးဖြေးကပ်သွားကာ မှန်တင်ရန်လုပ်နေသောအစ်ကိုဟိုဆော့နားကပ်ရင်း မေ့ဆေးစွတ်ထားတဲ့ပုဝါနဲ့အုပ်ချလိုက်တော့သည်။ ဇာတ်လမ်းတွေမှာဗီလိန်တွေကမေ့ဆေးသုံးတာ ဒီဇာတ်လမ်းမှာတော့ကျွန်တော်ကိုယ်တိုင်ဇာတ်ဆောင်ကိုမေ့ဆေးသုံးရတော့တာပဲ။
စီစီတီဗီတွေရှိတာသိပေမယ့် အနက်ရောင်အပြည့်နဲ့ကိုယ့်အားဘယ်သူမှသိမည်မဟုတ်။ ကားပေါ်ကနေနောက်ခန်းရွှေ့ကာသူကိုယ်တိုင်ကားကိုမောင်းရင်း တစ်ခုသောနေရာရှိရာလမ်းသို့ဦးတည်လိုက်တော့သည်။
ဒါက အစ်ကိုဟိုဆော့ကိုခုလိုခိုးပြေးပြီးရင် တင့်တယ်အောင်ထားနိုင်ဖို့ပဲလေ။
🤎
တောစပ်နားက အိမ်အိုပုလေး။ ခြံဝန်းလေးနဲ့ အေးအေးချမ်းချမ်းရှိနေတဲ့နေရာလေး။ ဒါကလေကျွန်တော် အစ်ကိုဟိုဆော့ဆန္ဒကိုဖြည့်ပေးခဲ့တာ။ သူ့ဒဏ္ဍာရိီစာအုပ်ထဲ တောစပ်နားမှာအိမ်လေးဆောက်ပြီးအတူတူနေသွားချင်ပါသေးတယ် ဆိုတာလေး။
သဘောကျမယ်လို့မျှော်လင့်ပါတယ်။
တံခါးတွေအကုန်ဖွင့်ကာ ကားပေါ်ကအစ်ကိုဟိုဆော့အားသွားပြန်ချီရသည်။ဒီအိမ်လေးမှာ နှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမယ်ဆိုတာက အတွေးနဲ့တင်ဘယ်လောက်ပျော်ဖို့ကောင်းလိုက်လဲ။ အဲ့လိုလေးပိုင်ဆိုင်ရဖို့ကျောခိုင်းပြီးကြိုးစားခဲ့ရတာ ပြန်လာတော့ချစ်ကြမယ်ဆိုမှငြင်းဖို့လုပ်နေတယ်။ ငြိမ်ငြိမ်လေးလက်ခံလိုက်ရင် ခုလိုခိုးလာရမယ့်အစား လက်ထပ်ပြီးလို့မင်္ဂလာလက်ဆောင်အဖြစ်ရမှာကို...။ အစ်ကိုကအဆိုးအဆာလေးရော်။
မွေ့ယာလေးပေါ်ချပေးရင်း အခန်းထဲကပြန်ထွက်လာခဲ့သည်။နှိုးလာရင်ဗိုက်ဆာနေမှာ။ အတော်အတတ်ကြီးမဟုတ်ပေမယ့် သာမာန်ကာ လျှံကာ ချက်ပြုတ်တတ်သူမို့ အဆာပြေဖို့တစ်ခုခုတော့ချက်ပေးထားရမည်။
အစ်ကိုနဲ့ဆို ပျော်ရွှင်ကြည်နူးစရာဘဝတွေအတွက် ပင်ပန်းရလည်းပင်ပန်းရကျိုးနပ်ကြောင်းတွေးတောစဥ်းစားနေမိတာအမြဲ။
အချစ်ပုံပြင်ကိုစခဲ့သူကတစ်ယောက်ဆိုပေမယ့် အဆုံးသတ်ထိကိုဆက်ပြောသွားပေးမယ့်သူက ကျွန်တော်ပဲဖြစ်လိမ့်မယ်။ ချစ်တတ်သွားတဲ့အခါ အချစ်စိတ်တွေပြည့်နှက်နေပြီးကြည်နူးရမယ့်အနာဂတ်ကိုတွေးပြီးစိတ်ကူးယဥ်လေ့ရှိနေသူမို့ နောက်ဆုံးကတော့ ကြင်နာသူကပြန်ကြင်နာလာဖို့သာလိုတော့သည်။
Brown_Tae
ပေ့ချ်တွေ runဖို့လုပ်နေရင်းဆိုင်ကလည်းထိုင်နေရသေးတော့လုံးဝမအားတာ အပ်ဖို့idea ရပေမယ့်မရေးနိုင်သူလေးပေါ့") ။ ဒုက္ခ😆
ဒါလေးပြီးရင်အသစ်ရေးဖို့ကို အေးဆေးပြီးချစ်စရာကောင်းတာစဥ်းစားကြည့်သေးတယ် လူကြမ်းမ က စဥ်းစားရုံပဲတတ်နိုင်ပြီးရေးဖို့ကိုမဖြစ်နိုင်သေးဘူး")
ပြီးတော့လေ ဒါလေးကအေးစက်စက်ရော်။ အပိုင်း၂၀လောက်ထိတော့သွားချင်ပါသေးတယ်။ Ending ကစဥ်းစားပြီးပြီဟိုရက်ကမှ >_<
Thanks for reading
Amethyst_Jei
Zawgyi
အေမရဲ႕လက္တြဲေဖာ္ရွာေပးမယ့္အစီအစဥ္ကိုလက္ခံခဲ့သည္။ သူကိုယ္တိုင္ရွာေတြ႕ခဲ့တဲ့အခ်စ္ေရးေတြက ကံမေကာင္းခဲ့တာမို႔။ အိမ္ေထာင္တစ္ခု မိသားစုတစ္စုကိုတည္ေထာင္ၿပီး မပိုင္ဆိုင္သင့္တဲ့သူကိုေမ့သင့္ၿပီထင္တယ္။
ရက္အနည္းၾကာမွာပဲ သူတို႔ဆုံေတြ႕ခဲ့ၾကကာ တစ္လအလြန္မွာေတာ့ေစ့စပ္ဖို႔ျဖစ္လာခဲ့သည္။ ဖိတ္စာကတ္ေတြလုပ္ကာ ရွယ္ယာဝင္ေတြအကုန္လုံးကိုလည္းဖိတ္ၾကားခဲ့သည္။...အင္း သူ႕ကိုေရာပဲ သူလည္းရွယ္ယာရွင္ပဲမို႔ဖိတ္ၾကားခဲ့ရသည္။
ငါတို႔ေတြထပ္မဆုံၾကေတာ့ဘူး။ အဆိပ္သင့္ေနတဲ့အခ်စ္ေတြၾကား အလြဲအမွားေတြနဲ႕ငါတို႔ၾကား သိခဲ့တယ္ဆိုတဲ့အမွတ္တရေတြကလြဲလို႔မရွိေတာ့ဘူး။ ငါတကယ္ေမ့ဖို႔ႀကိဳးစားလိုက္ၿပီ။
shopping ထြက္လာခဲ့သည္။ ဘယ္သူမွမပါ တစ္ေယာက္ထဲ။ ေနာက္ရက္မွာေစ့စပ္ရေတာ့မည္။ဘဝေတြဟာျမန္ျမန္ဆန္ဆန္ေျပာင္းလဲသြားပါလားဆို emotional ျဖစ္တတ္လြန္းတဲ့ကြၽန္ေတာ္က ကြၽန့္ေတာ့္အခ်စ္ကိုအေစာ္အကားမခံနိုင္ပါဘူး။ ခံစားခ်က္နဲ႕ေရးထားတဲ့စာေလးတစ္ေၾကာင္းကအစ ကဗ်ာေလးတစ္ပုဒ္အဆုံး ဘာမ်ားအေရးပါလဲလို႔ေမးတိုင္းအသည္းတုန္ခါေအာင္နာရပါတယ္။ စိတ္ခံစားခ်က္ေတြဘယ္လိုထည့္ခဲ့ရလဲ...မသိဘဲနဲ႕ေဝဖန္တာမ်ိဳးကနာပစ္ဖို႔ေကာင္းနိုင္တာပဲေလ။
မခ်စ္ဖူးတဲ့သူေတြကမသိမွမသိၾကပဲ....
ကားပါကင္ေရာက္ေတာ့ ကားမွန္ေတြတင္ခံနီး သူ႕ကားနားလူတစ္ေယာက္ကလာရပ္သည္။ ေသခ်ာမၾကည့္ရခင္မွာပဲ ကားထဲလက္ဝင္လာကာ ပုဝါနဲ႕ႏွာေခါင္းကိုအုပ္ခ်ေတာ့သည္။ ျပင္းရွရွအနံ႕ရၿပီးေနာက္ လူလည္းဘယ္လိုျဖစ္သြားမွန္းကိုမသိေတာ့။
မျဖစ္ပါဘူး ပိုင္ဆိုင္ရမွျဖစ္မွာ။ ငါကေနပါေစလို႔လႊတ္ထားေပးတာေတာင္ ေစ့စပ္ပြဲဖိတ္စာေပးၿပီးေသြးတိုးစမ္းတယ္။ ေတြ႕ၿပီေပါ့ဗ်ာ...
ေမတၱာငတ္ခဲ့ရတဲ့ေကာင္မို႔လို႔လားမသိဘူး။ အစ္ကို႔ဆီကခ်စ္ျခင္းေမတၱာေတြကိုလိုခ်င္မိတယ္။ စိတ္နဲ႕ဦးႏွောက္ကိုအျမန္အလုပ္ေပးလိုက္ရင္း မီးသီးေလးလင္းလာသလိုလက္ခနဲအေတြး
ဒီလိုလုပ္လည္းရတာပဲ....
ဘယ္ေတြမွာဘာေတြလုပ္ေနမလဲလို႔စုံစမ္းတီးေခါက္အၿပီးမွာေတာ့ ရက္ေကာင္းရက္ျမတ္တစ္ေန႕ကိုရရွိခဲ့သည္။ အစ္ကိုဟိုေဆာ့အျပင္ထြက္တဲ့ေန႕။
ဒီအလုပ္သာတစ္ျခားလူကိုခိုင္းလိုက္လို႔မျဖစ္ ကိုယ္တိုင္စနစ္တက်လဳပ္ရမည့္အလုပ္။ ဘယ္သြားမလဲသိေနတာမို႔ ဘတ္စ္ကားစီးရင္း Shopping mall ရဲ႕ကားပါကင္နားမွာသူေစာင့္ေနလိုက္သည္။ CEO Kim လို႔ေတာ့ထင္ခ်င္စရာမရွိေအာင္ All black နဲ႕မ်က္ေခ်ဖ်တ္ထားခဲ့သည္ေပါ့။
အခ်စ္ဆိုတာတရားေသာမတရားေသာထပ္ ရယူနိုင္သြားရင္လည္းျဖစ္တာပဲ။
ကားကိုေတြ႕သည္။ ထြက္ေျပးၿပီးအေဝးေနရာမွာေပ်ာ္ေအာင္ထားမွာ။ နိုင္ငံျခားမွာ ပိုက္ဆံေတြအမ်ားႀကီးရွာၿပီးၿပီ။ အေမတို႔ကိုေထာက္ပံ့တာအျပင္ သူအမ်ားႀကီးစုနိုင္ခဲ့တာ။
ကားနားကိုတေျဖးေျဖးကပ္သြားကာ မွန္တင္ရန္လုပ္ေနေသာအစ္ကိုဟိုေဆာ့နားကပ္ရင္း ေမ့ေဆးစြတ္ထားတဲ့ပုဝါနဲ႕အုပ္ခ်လိဳက္ေတာ့သည္။ ဇာတ္လမ္းေတြမွာဗီလိန္ေတြကေမ့ေဆးသုံးတာ ဒီဇာတ္လမ္းမွာေတာ့ကြၽန္ေတာ္ကိုယ္တိုင္ဇာတ္ေဆာင္ကိုေမ့ေဆးသုံးရေတာ့တာပဲ။
စီစီတီဗီေတြရွိတာသိေပမယ့္ အနက္ေရာင္အျပည့္နဲ႕ကိုယ့္အားဘယ္သူမွသိမည္မဟုတ္။ ကားေပၚကေနေနာက္ခန္းေ႐ႊ႕ကာသူကိုယ္တိုင္ကားကိုေမာင္းရင္း တစ္ခုေသာေနရာရွိရာလမ္းသို႔ဦးတည္လိုက္ေတာ့သည္။
ဒါက အစ္ကိုဟိုေဆာ့ကိုခုလိုခိုးေျပးၿပီးရင္ တင့္တယ္ေအာင္ထားနိုင္ဖို႔ပဲေလ။
ေတာစပ္နားက အိမ္အိုပုေလး။ ၿခံဝန္းေလးနဲ႕ ေအးေအးခ်မ္းခ်မ္းရွိေနတဲ့ေနရာေလး။ ဒါကေလကြၽန္ေတာ္ အစ္ကိုဟိုေဆာ့ဆႏၵကိုျဖည့္ေပးခဲ့တာ။ သူ့ဒဏ္ဍာရိီစာအုပ်ထဲ ေတာစပ္နားမွာအိမ္ေလးေဆာက္ၿပီးအတူတူေနသြားခ်င္ပါေသးတယ္ ဆိုတာေလး။
သေဘာက်မယ္လို႔ေမွ်ာ္လင့္ပါတယ္။
တံခါးေတြအကုန္ဖြင့္ကာ ကားေပၚကအစ္ကိုဟိုေဆာ့အားသြားျပန္ခ်ီရသည္။ဒီအိမ္ေလးမွာ ႏွစ္ေယာက္ထဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းရမယ္ဆိုတာက အေတြးနဲ႕တင္ဘယ္ေလာက္ေပ်ာ္ဖို႔ေကာင္းလိုက္လဲ။ အဲ့လိုေလးပိုင္ဆိုင္ရဖို႔ေက်ာခိုင္းၿပီးႀကိဳးစားခဲ့ရတာ ျပန္လာေတာ့ခ်စ္ၾကမယ္ဆိုမွျငင္းဖို႔လုပ္ေနတယ္။ ၿငိမ္ၿငိမ္ေလးလက္ခံလိုက္ရင္ ခုလိုခိုးလာရမယ့္အစား လက္ထပ္ၿပီးလို႔မဂၤလာလက္ေဆာင္အျဖစ္ရမွာကို...။ အစ္ကိုကအဆိုးအဆာေလးေရာ္။
ေမြ႕ယာေလးေပၚခ်ေပးရင္း အခန္းထဲကျပန္ထြက္လာခဲ့သည္။ႏွိုးလာရင္ဗိုက္ဆာေနမွာ။ အေတာ္အတတ္ႀကီးမဟုတ္ေပမယ့္ သာမာန္ကာ လွ်ံကာ ခ်က္ျပဳတ္တတ္သူမို႔ အဆာေျပဖို႔တစ္ခုခုေတာ့ခ်က္ေပးထားရမည္။
အစ္ကိုနဲ႕ဆို ေပ်ာ္႐ႊင္ၾကည္ႏူးစရာဘဝေတြအတြက္ ပင္ပန္းရလည္းပင္ပန္းရက်ိဳးနပ္ေၾကာင္းေတြးေတာစဥ္းစားေနမိတာအၿမဲ။
အခ်စ္ပုံျပင္ကိုစခဲ့သူကတစ္ေယာက္ဆိုေပမယ့္ အဆုံးသတ္ထိကိုဆက္ေျပာသြားေပးမယ့္သူက ကြၽန္ေတာ္ပဲျဖစ္လိမ့္မယ္။ ခ်စ္တတ္သြားတဲ့အခါ အခ်စ္စိတ္ေတြျပည့္ႏွက္ေနၿပီးၾကည္ႏူးရမယ့္အနာဂတ္ကိုေတြးၿပီးစိတ္ကူးယဥ္ေလ့ရွိေနသူမို႔ ေနာက္ဆုံးကေတာ့ ၾကင္နာသူကျပန္ၾကင္နာလာဖို႔သာလိုေတာ့သည္။
Brown_Tae
ေပ့ခ်္ေတြ runဖို႔လုပ္ေနရင္းဆိုင္ကလည္းထိုင္ေနရေသးေတာ့လုံးဝမအားတာ အပ္ဖို႔idea ရေပမယ့္မေရးနိုင္သူေလးေပါ့") ။ ဒုကၡ😆
ဒါေလးၿပီးရင္အသစ္ေရးဖို႔ကို ေအးေဆးၿပီးခ်စ္စရာေကာင္းတာစဥ္းစားၾကည့္ေသးတယ္ လူၾကမ္းမကစဥ္းစား႐ုံပဲတတ္နိုင္ၿပီးေရးဖို႔ကိုမျဖစ္နိုင္ေသးဘူး")
ၿပီးေတာ့ေလဒါေလးကေအးစက္စက္ေရာ္။ အပိုင္း၂၀ေလာက္ထိေတာ့သြားခ်င္ပါေသးတယ္။ Ending ကစဥ္းစားၿပီးၿပီဟိုရက္ကမွ >_<
Thanks for reading
Amethyst_Jei