လေးပင်စွာ နိုးထလာသော အသိစိတ်တို့သည် တစ်ကိုယ်လုံးနာကျင်စွာ ကိုင်ရိုက်ထားပုံကိုခံစားရစေသည်.......နိုးနေသော်လဲ မျက်လုံးတို့မပွင့်နိုင်သည်အထိ တစ်ကိုယ်လုံးနာကြင်နေသည်။အာခေါင်တွေခြောက်သွေ့ကာ ရေအလွန်ဆာနေသော်လဲ သူမလှုပ်နိုင်......
"ရေ"
ပြန်ဖြေသံမရှိသော တိတ်ဆိတ်နေသည့် ပတ်၀န်းကျင်ကြောင့် အားယူစွာ ခန္ဓာကိုယ်ကိုလှုပ်ရှားမိတော့ တင်းနေအောင်ချည်နှောင်ခံထားရသော ခန္ဓာကိုယ်။မျက်ခွံတို့ကို အတတ်နိုင်ဆုံးဖွင့်ကြည့်တော့ အလင်းရောင်တစ်စက်တောင်မရှိသော အခန်းထဲတွင်ဖြစ်မည်။
ဖြစ်ပျက်ခဲ့သောအကြောင်းအရာတို့ကို ပြန်စဥ်းစားတော့ ကိုကိုတို့ကိုသတ်ဖို့ပြောလိုက်သော ခမည်းတော်ရဲ့စကားကိုသာမှတ်မိပြီး ဘာဆက်ဖြစ်လဲသူမသိတော့။
*ကျွီ*
တံခါးပွင့်လာသည်နှင့် အလင်းရောင်ပါအခန်းထဲ ၀င်ရောက်လာတာကြောင့် မျက်စိတို့ကို ပြန်မှိတ်ထားလိုက်သည်။
"နှိုးလိုက်"
တစ်ခါမှမကြားဖူးသော သူ၏အသံနှင့်အတူ ပုခုံးကိုလာလှုပ်နှိုးသော လူတစ်ယောက်......ခမည်းတော်ရဲ့ အထိန်းတော်ဆိုတာ အနံ့ရလိုက်ရုံနဲ့သိသည်။
"မင်းသားလေး ထပါတော့"
ခန္ဓာကိုယ်ပေါ်က ကြိုးတွေကိုဖြေပေးပြီး ဆက်နှိုးနေသောအထိန်းတော်ကြောင့် အသံထွက်ကာဆိုမိသည်။
"ရေပေးပါ"
ပြာပြာသလဲ အပြင်ထွက်သွားသော အထိန်းတော်
ဘေးမှာရှိနေသေးေသာ လူစိမ်းတစ်ယောက်.......
"နာနေလား ယောင်း"
ယောင်းဆိုတာ ကိုကိုဘဲခေါ်တဲ့အမည်နာမတစ်ခု......
သူစကားပြန်မပြောနိုင်ပါ ဘာလို့ဆိုသူ့လည်ပင်းတွေခြောက်ကပ်နေလို့ အသံမထွက်နိုင်......
"ရေရပါပြီမင်းသားလေး"
နှုတ်ခမ်းနားတေ့ပေးသော ရေဖလားခွက်လေးမှ ရေအကုန်သောက်လိုက်ပြီး ဘေးကလူကိုတစ်ချက်မော့ကြည့်လိုက်သည်။မမြင်ဘူးတဲ့လူတစ်ယောက်......အကြည့်လွှဲကာ မတ်တပ်ရပ်တော့ ဘယ်နရက်များဒီထဲနေခဲ့ရတာကြောင့်လဲမသိ အားပျော့စွာပျော့ခွေကျသွားသောသူ........
ထိုလူ့ရင်ခွင်ထဲရောက်သွားပင်မဲ့ ဒေါသတို့ကထောင်းခနဲ
တွန်းဖယ်ကာ အထိန်းတော်ကြီးကိုကိုင်ကာ အားပြုပြီးမတ်တပ်ရပ်တော့ ထိုလူကရီသည်။
"ဟားး ယောင်းကမာနခဲလေးဘဲ လက်ဆက်ရမဲ့လက်တွဲဖော်ကို ဒီလောက်မစိမ်းကားနဲ့လေယောင်းရဲ့"
ပြောကာ ပွေ့ချီလိုက်သောထိုလူကြောင့် လန့်ကာပုခုံးတို့ပေါ်လက်တင်မိလိုက်သည်။
"ကဲခမည်းတော်နဲ့သွားတွေ့ရအောင်"
သူခမည်းတော်ဆီမသွားချင်ပါ.....ဒါကြောင့် ခြေထောက်တို့ကိုလွှဲကာ ထိုလူပေါ်ကဆင်းမည်ကြံတော့ ခါးကိုတင်းကြပ်စွာနှိပ်ပြီးပွေ့ထားသောသူ။ကိုကိုမဟုတ်တဲ့အခြားသူ သူရဲ့ခန္ဓာကိုယ်ကိုထိတာမကြိုက်ပါ.....ထိုလူကနူးညံ့မှုတစ်စိုးတစ်စိမျှမရှိကာ သူ့ကိုပွေ့ချီတော့ မျက်ရည်၀ဲမိသည်။ဒီလူရဲ့အနံ့သည် သူ့ကိုစိတ်သက်သာမှုမရှိဘဲ စိတ်ရှုပ်ထွေးစေတာသည်။ရုန်းလဲမလွတ်ပေးတာကြောင့် ငြိမ်ငြိမ်လေးသာ လိုက်ပါလာခဲ့သည်။
♡
♡
♡More Than Love
♡
♡
ညီလာခံအဆောင်ထဲ မှူးမတ်ဘာညာမရှိဘဲ သူတို့၃ဦးသာရှိသည်။ခမည်းတော်က ပလ္လင်ပေါ်ထိုင်နေပြီ သူနဲ့ဟိုလူကဘေးတစ်ဖက်တစ်ချက်စီတွင်။မတ်တပ်မရပ်နိုင်တာကြောင့်ထိုင်ပြီး ဟာလာဟင်းလင်းဖြစ်နေတဲ့ဗိုက်ကို အ၀ဖြည့်ရန် ရှေ့တွင်ရှိနေသော အသီးအနှံတို့ကိုစားရင်း သစ်တော်သီးကိုကိုင်ကာ ပါးစပ်နားတေ့တုံး ဦးနှောက်ထဲ၀င်လာတဲ့အဖြစ်အပျက်တစ်ခု.....အဲ့တုန်းကဆို ကိုကိုကသူမစားဘဲ ယောင်းအတွက်ဆိုပြီးသာ အကုန်စားခိုင်းခဲ့တာ.....'လွမ်းတယ်ကိုကို ခုချိန်ကိုကိုတို့ဘယ်ရောက်နေမလဲ'
"ဟက်ဟက် ငါကိုယ်တော် မြို့စားမင်းဟန်ကိုသဘောတွေ့တာမို့ မဂ်လာပွဲကိုမကြာခင်အချိန်မှာ စီစဥ်ကြတာပေါ့"
"မလုပ်ဘူး"
ချက်ချင်းပါးစပ်ကထွက်မိသော စကားတစ်ခွန်း.....သူတကယ်ဒီလက်ဆက်ပွဲကိုမလုပ်နိုင်ပါ သူသည်ကိုကို့အပိုင် သူ့အသွေးအသား သူ့ခန္ဓာကိုယ် သူ့ရဲ့အရာရာသည် ကိုကို့ရဲ့အပိုင်။ဒါကြောင့်မို့ တစ်ခြားသူကိုသူနဲ့ပတ်သက်လို့ ဆံချည်မျှင်တစ်မျှင်တောင် ပေးမထိချင်ပါ........
"သားတော် ဘာပြောလိုက်တာလဲ"
"မလုပ်ဘူး အဲ့လက်ဆက်ပွဲကို......ကိုကိုမဟုတ်တဲ့သူကိုလက်ဆက်မှာမဟုတ်ဘူး"
"ယောင်းရဲ့ ကိုကိုက-"
"မခေါ်နဲ့ ယောင်းဆိုတာ ကိုကိုဘဲခေါ်တာ ကိုကိုကလွဲပြီးတစ်ခြားသူခေါ်တာမကြိုက်တာမို့မခေါ်နဲ့"
ထယ်ယောင်းထိုလူကို အော်ပြောမိသည်။ကိုကိုမဟုတ်တဲ့အခြားသူခေါ်တာ နားထဲတွင် အလွန်ခါးသီးလွန်းသည်။
"ဟန်ထယ်ယောင်း!!!!"
"ဟန်ထယ်ယောင်းမဟုတ်ဘူး ကင်ထယ်ယောင်း!!"
"မင်း!!!!"
ထယ်ယောင်းသည် သူ့ရှေ့ကအရာမှန်သမျှကို ရန်မူနေသော ကလေးပေါက်စလေးလို......
"မင်းကြီး ကျွန်တော်မျိုး ယောင်းကိုသေချာနား၀င်အောင်ပြောပြလိုက်ပါ့မယ် ဗွေမယူပါနဲ့"
ထိုလူက အရိုအသေပေးကာ ထယ်ယောင်းနားလာပြီး စွေ့ခနဲ့ ထပ်မံပွေ့ချီခံလိုက်သော လက်ကြမ်းကြီးများ.......
"အောက်ချပေးတော့"
"ဗိုက်၀သွားတော့ ကိုယ့်ဇနီးလောင်းလေးက အသံတော်တော်ထွက်လာပြီဘဲ"
"ခုချက်ချင်းအောက်ချပေးစမ်း!!!"
အမိန့်ဆန်ဆန်အော်လိုက်တော့ ချက်ချင်းမျက်နှာပျက်သွားသော ထိုလူ။အောက်ကိုမချပေးဘဲ ခက်ထန်သောမျက်နှာဖြင့် မှောင်မဲနေသောခုဏကအခန်းဆီသို့ခေါ်လာသည်။
"ငါ့အဆောင်ငါပြန်မယ် အောက်ချပေး မယ်မယ်နဲ့တွေ့ရအုံးမယ် ဖယ်စမ်း"
ရင်ဘက်ကိုဘယ်လောက် တွန်းထုတ်ထုတ် ဘယ်လောက်ရိုက်ရိုက် မလွှတ်ပေးတဲ့လူ......အမှောင်ခန်းထဲ
ခေါ်လာကာ အိစက်စက်အိပ်ရာလို့ထင်ရသည့် အရာပေါ်ချပေးသည်။
"ဒီထဲမှာ ငြိမ်ငြိမ်နေ"
"မနေဘူး ငါ့ကိုအမိန့်ပေးသလိုလာမပြောနဲ့ ငါကဒီနိုင်ငံရဲ့ မင်းသားနော်"
"အဲ့တာဆို ယောင်းမှားသွားပြီ ယောင်းကကိုယ့်ဇနီးလေ ကိုယ့်စကားနားထောင်ရမှာပေါ့ လိမ်လိမ်မာမာနဲ့ ကိုယ်တို့လက်ဆက်မဲ့ရက်ကို ဒီထဲကစောင့်နေနော်"
"မဟုတ်ဘူး ငါလက်မထပ်နိုင်ဘူးးးး"
သူဘယ်လောက်အော်အော် ဂရုမစိုက်စွာ ထွက်သွားသောထိုလူ......အခန်းတံခါးကိုပိတ်လိုက်တော့ တစ်ခန်းလုံးအမှောင်ဖုံး၍ တိတ်ဆိတ်သွားသည်။အပြင်မှ အခန်းတံခါးကို သော့ခလောက်ကြီးဖြင့်ပိတ်နေသံကိုသာကြားနေရသည်။
ဘယ်လိုလူမျိုးကများသူ့ကိုအခန်းထဲ ပိတ်ထားရဲသလဲ။ဒီနိုင်ငံရဲ့ မင်းသားကိုဒီလိုလုပ်နေတာ ခမည်းတော်ကမသိချင်ယောင်ဆောင်လေသလား။မယ်မယ်ကကောမသိလေသလား။အကိုတော်ကကော သူလက်ဆက်မို့ထွက်ခွာတဲ့နေ့ထဲကမတွေ့ရသည်အထိ ဘယ်ရောက်နေသလဲ.....။
အမှောင်ထုသည် သူ့လိုနုနယ်သောနှလုံးသားငယ်ရှိသူအဖို့ ကြောက်လန့်မှုကို ပေါက်ဖွားပေးသည်။
"ကိုကိုယောင်းကြောက်တယ် အင့်....ယောင်းကို လာခေါ်ပေးပါ"
အံကြိတ်ကာ အမှောင်ထဲ ဒူလေးထောင်ကာမျက်စိတွေမှိတ်ပြီး ငိုနေတဲ့ကလေးငယ်ရဲ့ငိုသံရှိုက်သံလေးတွေကို သူချစ်ရတဲ့သူတွေတစ်ယောက်မှမကြားခဲ့ကြ.........။
♡
♡
♡More Than Love
♡
♡
*ချွင်း*(သံကြိုးများ အောက်ကြမ်းပြင်နဲ့ထိရိုက်သံ)
သစ်သားတိုင်တွေကြား လက်တွေကိုသံကြိုးတွေနဲ့ချည်နှောင်ခံထားရသည့် ကောင်လေးတစ်ယောက်.......
"မင်းတို့ဘာလုပ်နေကြတာလဲ ခုချက်ချင်း လာဖွင့်ပေးစမ်း"
သူအော်သမျှကို မကြားချင်ယောင်ဆောင်နေကြသော အကျဥ်းထောင်စောင့်သည့် ရဲမတ်များ။
"ရှင်ဘုရင်ထက် ဘာမဟုတ်တဲ့ကောင်ရဲ့အမိန့်ကို နာခံနေကြတာလား"
*တောက်*
ဆော့ဂျင်ဒေါသထွက်ကာ လက်ကိုချုပ်ထားသော သံကွင်းတို့ကို လှုပ်ရမ်းကာ မြေပြင်ပေါ်အားဖြင့်လွှဲချနေသည်။ထိုချိန် သစ်သားတိုင်တွေကာထားတဲ့တစ်ခြားတစ်ဖက်မှာ လာရပ်တဲ့လူတစ်ယောက်......ဒီလူက သူနန်းတော်ကိုပြန်ရောက်ပြီး မကြာရောက်လာတဲ့သူ.....
"ယောက်ဖတော်က စိတ်ကြီးလိုက်တာ"
~~~~
ဆော့ဂျင် စစ်ပွဲကပြန်လာပြီး မယ်တော်ကို နန်းတော်တစ်ခုလုံးလိုက်ရှာသော်လဲမတွေ့ ညီငယ်လေးကိုလဲရှာမတွေ့ခဲ့။ထို့အပြင် ခမည်းတော်သည်လဲ အမဲလိုက်တာ၃ ၄ရက်လောက်ကြာခဲ့သည်။ခမည်းတော်ပြန်မလာခင် နန်းတော်ကိုအရင်ရောက်လာတဲ့သူက ရှီလာမြို့စား ဟန်ယူဆော့။
အစကကိုယ့်နန်းတော်ကိုလာတဲ့သူမို့ ရင်ထဲအပူအပင်တွေရှိသော်လဲ အတတ်နိုင်ဆုံး ပျူငှာကာဆက်ဆံခဲ့သည်။စရောက်တဲ့နေ့ထဲက နန်းတွင်းကသူတွေကို အထက်စီးကဆက်ဆံပြီး ကိုယ်ထိလက်ရောက်နှိပ်စက်တွေတာပါလုပ်လာတာကြောင့် ဘုရင်မရှိသဖြင့် မင်းသားကြီးဖြစ်တဲ့သူကသာ ထိုသို့မပြုမူမို့ သတိပေးခဲ့သည်။
တစ်ရက်သူအိပ်ပျော်နေတုန်း ဆွဲချခံလိုက်ရသောခန္ဓာကိုယ်.....အောက်ကိုပြုတ်ကျတဲ့အရှိန်ကြောင့် ခါးနာသွားပင်မဲ့ အခန်းတွင်းသို့ ဘာဖြစ်သလဲအကဲခတ်မိတော့ ရှီလာမြို့စားဟန်နဲ့ အကျဥ်းထောင်ရဲ့ အရာရှိအမတ်.......
"သူ့ကိုချက်ချင်းဖမ်းလိုက်"
"ဘာ!!! ငါ့ကိုဘာအမှုကြောင့်ဖမ်းတာလဲ ပြောပါအုံး"
"ကျွန်တော်မျိုး ဘုရင်မင်းမြတ်ကိုဆက်သဖို့ ရှီလာကပါလာတဲ့ ကျောက်စိမ်းကို မင်းသားဆော့ဂျင်မနေ့က ၀တ်ရုံထဲထည့်တာပြီးခိုးယူတာကို မြင်လိုက်တဲ့သူရှိပါတယ်"
"ဟက် အဲ့တာဆို ခေါ်လိုက်လေ ဟန်းဂုရဲ့မင်းသားကဒီလို ကိုယ်ကျင့်တရားမဲ့တဲ့ လုပ်ရပ်တွေကိုမလုပ်ဘူး"
ထိုချိန်အခန်းထဲ၀င်လာသော နန်းတွင်းသူ.....
"ကျွန်....ကျွန်တော်မျိုးမ မနေ့ကရှိလာမြို့စားရဲ့ ကျောက်စိမ်းကို မင်းသားဆော့ဂျင်၀တ်ရုံထဲ ခိုးဖွက်ထည့်နေတာကို မြင်လိုက်ပါတယ်"
"မလိမ်နဲ့!!!! မင်းသားကိုလိမ်လည်စွတ်စွဲတာ ဘယ်လိုပြစ်ဒဏ်ခံရမလဲမသိဘူးလား"
"မ...မလိမ်ပါဘူး"
မြို့စားဆိုသူက အရာရှိရဲမတ်ကိုမျက်နှာရိပ်လုပ်ပြပြီး ဆော့ဂျင်ရဲ့၀တ်ရုံကို ဟိုစမ်းဒီစမ်းလုပ်လေသည်။သူ့၀တ်ရုံထဲမှ ချက်ချင်းထွက်လာတဲ့ ကျောက်စိမ်းကြောင့် မျက်စိပြူးသွားရသော ဆော့ဂျင်ပင်။သူတစ်ခါနှမမြင်ဘူးတဲ့ ကျောက်စိမ်းက သူ့၀တ်ရုံထဲဘယ်လိုများရောက်နေပါလိမ့်
"မဖြစ်နိုင်တာ ဒါသက်သက်ငါ့ကို အကွက်ဆင်တာမှတ်လား"
"ဟက် အကွက်ဆင်တယ်တဲ့လား"
ခနဲ့ပြုံးပြုံးကာ အရာရှိအမတ်လက်ထဲက ကျောက်စိမ်းကိုလွှဲပြောင်းယူပြီး ဆော့ဂျင်ရှေ့တည့်တည့်လာရပ်ကာ
"ခုချက်ချင်းဖမ်းလိုက်"
လက်နှစ်ဖက်ကိုဆွဲယူကာ တစ်ရွတ်တိုက်ခေါ်သွားသော ရဲမတ်တို့......ဒီမင်းသားကိုသူတို့က ဘာမို့ကိုယ်ထိလက်ရောက် ထိကိုင်ရသလဲ။
"ငါမယူဘူး မင်းစွတ်စွဲမနေနဲ့ မင်းလူယုတ်မာ"
~~~~~
"ယောက်ဖတော်က စိတ်ကြီးလိုက်တာ"
"ပိတ်ထားစမ်း မင်းပါးစပ်"
"ဟက် ညီအကိုနှစ်ယောက်က တူလဲတူနိုင်လွန်းတယ် အမိန့်ပေးတဲ့နေရာ ခေါင်းမာတဲ့နေရာတွေကအစ"
ချက်ချင်း သစ်သားတိုင်လုံးတွေနားကပ်ကာ မေးလာသော ဆော့ဂျင်၏မျက်၀န်းတို့တွင် စိုးရိမ်မှုအပြည့်ဖြင့်
"ငယ်လေး ဘယ်မှာလဲ ငယ်လေးကိုမင်းဘာလုပ်လိုက်တာလဲ ဟမ်"
"ဖြေးဖြေးပြောပါ ယောက်ဖတော်ကလဲ ခုဏကဘဲ ကျွန်တော်မျိုးကိုပါးစပ်ပိတ်ထားဆို"
"ငါသိချင်တာဘဲဖြေ ငယ်လေးကိုမင်းဘာလုပ်ထားလဲ"
"ကဲပါ တစ်ခါထဲပြောလိုက်တာပေါ့ မကြာခင် ကျွန်တော်မျိုးတို့လက်ဆက်ကြတော့မှာ အဲ့ခါကျရင်တော့ အကျဥ်းထောင်ထဲကခဏထွက်ပြီး ယောင်းရဲ့အကိုတော်နေရာကနေပွဲတက်ပေးပေါ့ ခုတော့ဒီထဲမှာ နေလိုက်ပါအုံး"
သူပြောချင်တာတွေသာ ပြောပြီးထွက်သွားသော လူကြောင့် ဒေါသတို့အလှိမ့်လိုက်ထွက်ပြီး မျက်စိရောင်တို့သည် အနီရောင်ဘက်ပြောင်းလာကာ မည်းနက်နေသော အမွှေးတို့ဖြင့် ထွားကြိုင်းေသာ ဝံပုလွေပုံစံပြောင်းသွားသည်။ လက်၌ချည်နှောင်ထားသော သံကွင်းတို့ကို အားနဲ့စွဲဖြုတ်ကာ သောင်းကျန်းနေေသာ ဆော့ဂျင်၏ပုံစံကြောင့် အကျဥ်းထောင်စောင့်သည့် ရဲမတ်တို့မှာ အနဲငယ်ထိတ်လန့်နေကြသည်။
"ငါဒီကထွက်တာနဲ့ မင်းကိုအရင်ကိုက်ဖြတ်ပစ်မယ်"
♡
♡
♡More Than Love
♡
♡
ဒီအမှောင်ထုထဲမှာနေနေရတာ အချိန်ဘယ်လောက်ကြာပြီလဲမသိသလို နေ့နဲ့ညလဲမသဲကွဲတော့ တွေးလိုက်ငိုလိုက် အိပ်ပျော်သွားလိုက်နဲ့သာ။မုန့်တွေလာပေးလဲမစားတော့သလို ရေတောင်မသောက်ဘဲ ကိုယ့်ဘာသာကိုယ်နှိပ်ဆက်နေတာ ကြာရောပေါ့။သူနဲ့လပ်ထပ်ပေးမယ်ဆိုတဲ့သူလဲ ရောက်မလာခဲ့တာကြာပြီ သေများသေသွားရင်ကောင်းရောလို့ တွေးမိသေးတယ်။
"ဘာတွေတွေးနေတာလဲ ယောင်း"
သူ့ရဲ့ကျောပြင်မှချမ်းစိမ့်စိမ့်ဖြစ်ကာ နားအနားလေသံတိုးတိုးနဲ့ ကပ်ပြောတဲ့ထိုလူကြောင့် လန့်သွားတာတော့အမှန်ပင်။
"ယောင်းလို့ မခေါ်မို့ ပြောထားတယ်လေ"
တစ်ဖန်တိတ်ဆိတ်သွားသော အခန်းငယ်နဲ့အတူ စောင့်ဆွဲခံလိုက်ရသောလက်......
"အ့ ဘာလုပ်တာလဲ"
အခန်းပြင်ကို ဆွဲထုတ်နေသော ထိုလူရဲ့လက်ကိုရိုက်ချလဲမလွှတ်ပေးသည့်အဆုံး လက်မောင်းကိုကိုက်လိုက်မှ လက်ကိုလွှတ်ကာသူ့လက်မောင်းကိုပွတ်နေသည်။
"အားးး မင်း"
ထယ်ယောင်း ထိုလူ့လက်ကလွတ်တာနဲ့ အပြင်ကိုပြေးထွက်မည်ပြုတော့ သူ့ရဲ့ရှည်လျားလှတဲ့ ကိုကိုတန်ဖိုးထားသော ဆံနွယ်တို့ကို စောင့်ဆွဲလိုက်သော ထိုလူကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားရသည်။
"အ့"
"မင်းကထွက်ပြေးချင်တာလား ငါလက်ကနေထွက်ပြေးလို့မရဘူး မင်းကအစထဲကငါ့အပိုင်"
"ဟင့်အင်း ခင်ဗျားမပိုင်ဘဲ ကျွန်တော့ကို ကိုကိုဘဲပိုင်တာ"
"ဘာ!အေးမင်းတမ်းတမ်းစွဲနေတဲ့ ကိုကိုထက် ငါ့ကိုပိုတွယ်တာနေရမယ် လာခဲ့"
"ဆံပင်ကိုဆွဲကာ အပြင်ထုတ်နေတဲ့ထိုလူရဲ့ ခြေဖမိုးကို နင်းချကာ သူ့ရဲ့နားရွက်တွေကို ပြတ်ထွက်မတပ် ကိုက်ဆွဲပြစ်လိုက်သည်"
ဒေါသအလျင်ကြောင့် ထွက်လာသော အမြှီးဖြူလေးနဲ့ စိတ်တို့သည် ဂယောင်ခြောက်ခြားစွာ......
"မင်းလို အားနည်းတဲ့ဝံပုလွေက ကိုယ့်ခင်ပွန်းလောင်းကို ဒီလိုပြန်ပြီးလုက်ရမယ်လို့ ဘယ်သူသင်ပေးထားတာလဲ ဟမ်"
"ခင်ဗျား အနားတိုးမလာနဲ့နော် ကျွန်တော်ခင်ဗျားကိုသွေးစုတ်ပြီးကိုက်ပစ်မှာ"
"ဟက် လာစမ်းပါ ဒါမျိုးကို လိုချင်နေတာ လာကိုက်လေ လာ"
သူ့ကိုလာဖို့ပြောနေသော်လဲ အားမရှိသောကလေးငယ်သည် အနောက်သို့သာ ခြေလှမ်းတို့စုတ်မိသည်။ဒီလူကြီးကကြောက်ဖို့ကောင်းလွန်းတယ်.....သူ့ရှေ့ကိုတစ်လှမ်းချင်းတိုးလာလေ သူကနောက်ဆုတ်လေနဲ့ နောက်ဆုံး ခုံတစ်ခုကိုတိုက်မိသွားပြီး သူပြေးပေါက်မလွတ်တော့.....။
"မိပြီ"
ရုတ်တရက် သူ့ပုခုံပေါ် စွေ့ခနဲ အတင်ခံလိုက်ရပြီး လူကဇောက်ထိုးဖြစ်နေသည်။အပြင်ကိုခေါ်ထုတ်သွားကာ နန်းဆောင်တစ်ခုဆီသို့......လမ်းတစ်လျှောက် နန်းတွင်းသူ ရဲမတ်တွေကမြင်သော်လဲ မမြင်ချင်ယောင် ဆောင်နေကြသည်။ထယ်ယောင်း ကြောက်ရွံမှုကော ဒေါသထွက်တာကို ၀မ်းနည်းမှူတွေပါပေါင်းကာ အသံတိတ်ငိုမိသည်။ကိုကိုဆိုသူ့ရဲ့ဆံချည်မျှင်တသ်ခုကအစ တန်ဖိုးထားပြီး နူးနူးညံ့ညံ့လေး ဆက်ဆံပြီး အဖိုးတန်ပစ္စည်းတစ်ခုလို တန်ဖိုးထားပြီး နွေးထွေးပေးတာ........
"ဒုန်း"
အခန်းတံခါးကိုစောင့်ဖွင့်ကာ သူ့ကိုအိပ်ရာပေါ်ပစ်ချလိုက်သော လူကြီး......ထို့နောက် သူ့အပေါ်မှ အုပ်မိုးကာ လည်ပင်းသားတို့ကို နမ်းရှိုက်သော ထိုလူ။အတင်းအကန် တွန်းထုတ်နေသော်လဲ မရ.....
"ဖယ် ဖယ်လို့ ဘေးဖယ်စမ်း"
"မင်းကငါ့ကိုအမိန့်ပေးရဲတယ်ပေါ့ လာစမ်း"
*ဖြန်း*
ဆံပင်ရှည်တို့ကို စောင့်ဆွဲကာ နူးညံ့သော ပါးပြင်ထံကျရောက်လာသော ကြမ်းတမ်းသည့် လက်တစ်စုံ.....
"နောက်ငါ့ကိုအမိန့်ပေးရင် ဒီထက်နာမယ်"
"ဟင့် ခင်ဗျားဘာဖြစ်ချင်နေတာလဲ ခမည်းတော်နဲ့ ခင်ဗျားကိုတိုင်ပြောမယ်"
ပြောပြီး ထိုလူကိုအားကုန်တွန်းဖယ်ကာ အပြင်ထွက်တော့ သူ့ရှေ့လာရပ်ကာ လည်ပင်းသားက်ုစုပ်ကိုင်လိုက်သောလူ......
"မင်းဒီကနေ တစ်လှမ်းလှမ်းတာနဲ့ မင်းအသက်ပျောက်သွားမယ်"
"ငါသေရင် ခင်ဗျားကိုဒီတိုင်းထားမယ်ထင်လား"
"ဟက် ဒီနိုင်ငံရဲ့ အဖိုးတန်လေးသေရင် ငါ့ကိုအပြစ်ကြီးကြီးပေးမှာပေါ့ ဒါပင်မဲ့ဘယ်လိုလုပ်မလဲ မင်းရဲ့ခမည်းတော်ကငါ့ကိုအပြစ်ပေးမယ်မထင်ဘူး"
"ခင်ဗျားလူယုတ်မာ ခမည်းတော်ကိုခင်ဗျားအကြောင်းတွေပြောပြရမယ်"
"ဟက် ယောင်းရဲ့ခမည်းတော်က ခုဆိုတိုက်ပွဲကိုရောက်နေရောပေါ့ သေရင်လဲသေသွားနိုင်ပြီး ကိုယ်ကမကြာခင်ဘုရင်ဖြစ်လာမယ်ထင်တယ် အဲ့တော့မင်းကကိုယ့်ကို ကောင်းကောင်းမွန်မွန်ပြုစုပေး မိဖုရားနေရာကမင်းအတွက်ဘဲ"
*ဖြန်း* (ရေဖြန်းနေကြတာ)
ဒီတစ်ခါ ရိုက်လိုက်တာကတော့ ထယ်ယောင်းပင်.....
"ခင်ဗျားက ဒီနိုင်ငံရဲ့ ဘုရင်မဖြစ်သင့်သလို ဖြစ်လဲမဖြစ်လာစေရဘူး ခင်ဗျားခမည်းတော်နဲ့ အကိုတော်တို့ မယ်မယ်တို့ကို တစ်ခုခုလုပ်တာနဲ့ ခင်ဗျားကိုအရှင်မထားဘူး"
"ဟားးးး သူတို့ကိုစိတ်ပူမဲ့အစား မင်းကိုမင်းအရင်စိတ်ပူသင့်တယ် ယောင်း"
ပြောပြီးထပ်မံ ဆံပင်တို့ကိုဆွဲစောင့်ရန်ပြင်နေသော ထိုလူရဲ့ လက်ကို သူ၏သွားစွယ်များဖြင့် ဟပ်လိုက်သည်။ထိုအခါဒေါသထွက်သွားသောထိုလူသည် လက်သည်းရှည်များထွက်လာကာ သူ၏အစွယ်တို့သည်လဲ ပို၍ ရှည်လာပြီး အတောင်ပံတို့ပေါက်လာသော သွေးစုတ်ဖုတ်ကောင်ပုံပြောင်းသွားသည်။
"မင်းကစကားနဲ့ပြောလို့မရဘူးဘဲ"
ထယ်ယောင်းသည်လဲဒေါသစိတ်နဲ့အတူ အသိစိတ်ပျောက်ကာ ခန္ဓာကိုယ်တည်ဆောက်ပုံပြောင်းလဲကာ ၀ံပုလွေဖြူတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး မျက်လုံးတို့သည် အနီရောင်တောက်နေသည်။
အလွန်ရှားပါးသော ၀ံပုလွေဖြူသည် အလွန်လှသော်လဲ ဒေါသစိတ်ကြောင့် ဘယ်လောက်အသိစိတ်တို့မရှိစွာ နန်းဆောင်ထဲ ရှေ့ကသွေးစုတ်ကောင်ကို ရန်မူကာ ပြေးပြီး ကိုက်ဖြတ်တော့သည်။အရှောင်ကောင်းသော သွေးစုတ်ကောင်မှာ သူ့ရှေ့ပြေးလာသော ဝံပုလွေဖြူကိုကို ရှောင်ကာ လက်သည်းတို့ဖြင့် လှမ်းခြစ်လိုက်တော့ ၀ံပုလွေဖြူလေး လည်ဂုတ်နား သွေးတို့ထွက်လာသည်။
အခန်းထဲဝယ် ရန်မူပြီးတိုက်ခိုက်နေသော မင်းသားငယ်နဲ့ မြို့စားတို့ကြောင့် နန်းဆောင်ပြင်တွင်လူတွေစုဝေးကာ တစ်ယောက်မှ၀င်မဆွဲရဲ။၀င်ဆွဲရင် အသက်ပျောက်မည့်ကိန်းလေ.......
ထယ်ယောင်း ထိုလူရဲ့ လက်ကိုဆွဲကိုက်ကာ နံရံဘက် လွှဲပြီးအားနဲ့စောင့်လိုက်တော့ ပါးလွှာသော နံရံသည်ပေါက်ပြဲကာ တစ်ဖက်သို့ရောက်သွားသော ထိုလူ.......
ချက်ချင်းထလာကာ ထယ်ယောင်းနားပြေးလာပြီး လည်ပင်းသားတို့ကို ကိုက်လိုက်သည်.....
"မလုပ်နဲ့!!!!"
ကိုက်တာထက် သူ့ကိုလက်တွဲဖော်အဖြစ် အမှတ်အသားလုပ်လိုက်တာပင်........
"ဟင့်အင်းငါ့ကို ခင်ဗျားရဲ့မိတ်ဖက်အဖြစ် မလုပ်ပါနဲ့ ငါ့ကို ကိုကိုကလွဲပြီး ဘယ်သူ့မှမိတ်ဖက်မလုပ်ရဘူး"
မှိတ်ကျသွားသော မျက်လုံးများနဲ့အတူ နာကြင်သွားသော နှလုံးသားတစ်စုံ......
အခန်းထဲကထွက်လာသော မြို့စား၏လက်တွင် သွေးတွေကအများအပြား......
"အထဲကမင်းတို့မင်းသားကို သမားတော်ခေါ်ပေးလိုက်"
ချက်ချင်းဆိုသလို နန်းတွင်းသူလေးတစ်ယောက်မှာ ပြေးကာသမားတော်ကိုသွားခေါ်ရသည်။
"ကျန်တဲ့သူတွေက ကိုယ့်တာ၀န်ကိုယ်မသိကြတာလား ဒီရှေ့မှာဘာလုပ်နေကြတာလဲ!!!!!"
သူ့ရဲ့ အသံကျယ်ကြီးနဲ့အော်တာကြောင့် အကုန်လုံးမှာ ငြိမ်ကုပ်ကာ အလျှိုလျှိုထွက်ခွာသွားပြီးကိုယ်လုပ်ရမည့်အရာများကို မြန်မြန်ခပ်သွက်သွက်လေးသွားရောက်လုပ်ကိုင်ကြသည်။
သမားတော်ရောက်လာတော့ ထယ်ယောင်းငယ်ရဲ့ ခန္ဓာပေါ်က သွေးတို့ကို သန့်စင်ပေးကာ လက်သွယ်သွယိလေးပေါ်က သွေးကြောတို့ကို စမ်းသက်ပြီး သက်ပြင်းချနေသည်ကို ဘေးကမြို့စားမင်းကမကျေနပ်စွာအော်တော့သည်။
"သူဘာဖြစ်လဲ ဘာလို့သတိမရသေးတာလဲ မြန်မြန်ပြောအဖိုးကြီး သက်ပြင်းဘဲချမနေနဲ့"
"မင်းသားငယ်က...."
"ပြောလေ ဘာတွေကြောင်နေတာလဲ"
"မင်းသားငယ်လေးက ရင်သွေးငယ်လေးလွယ်ထားရတာပါ"
"ဘယ်လို ဟက် ရင်သွေးတဲ့လား ဖျက်ချလိုက်"
"ဗျာ!!!!"
TBC
#More Than Love🌸🍃
#Yung(김영챌)🌸🍃
အဟမ်း မရှင်းတဲ့အကြောင်းအရာတွေကို တစ်ဖြေးဖြေးနဲ့ ထည့်ပြီးရှင်းပြပေးသွားမယ်နော် ဇာတ်ကအကြမ်းဘက်ကိုရောက်လာတော့ ယူတို့သဘောကျသေးရဲ့လား
ကဲVoteလေး30လောက်မစကြပါ🤏🏻
သီတင်းကျွတ်မုန့်ဖိုးတော့ မပေးနိုင်သေးဘူး အာဘွားဘဲပေးနိုင်တယ်😙😙
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီကို ချစ်ခင်လေးစားလျက်ကျေးဇူးတင်ပါတယ်🙆🏻♀️💜💜💜💜💜
♡Zawgyi♡
"ရေ"
*ကျွီ*
"နှိုးလိုက်"
"မင်းသားလေး ထပါတော့"
"ရေပေးပါ"
ဘေးမှာရှိနေသေးသော လူစိမ်းတစ်ယောက်.......
"နာနေလား ယောင်း"
"ရေရပါပြီမင်းသားလေး"
♡
♡
♡More Than Love
♡
♡
"မလုပ်ဘူး"
"ယောင်းရဲ့ ကိုကိုက-"
"ဟန်ထယ်ယောင်း!!!!"
"မင်း!!!!"
"အောက်ချပေးတော့"
"ဒီထဲမှာ ငြိမ်ငြိမ်နေ"
♡
♡
♡More Than Love
♡
♡
*တောက်*
~~~~
တစ်ရက်သူအိပ်ပျော်နေတုန်း ဆွဲချခံလိုက်ရသောခန္ဓာကိုယ်.....အောက်ကိုပြုတ်ကျတဲ့အရှိန်ကြောင့် ခါးနာသွားပင်မဲ့ အခန်းတွင်းသို့ ဘာဖြစ်သလဲအကဲခတ်မိတော့ ရှီလာမြို့စားဟွန်းနဲ့ အကျဉ်းထောင်ရဲ့ အရာရှိအမတ်.......
"မ...မလိမ်ပါဘူး"
~~~~~
သူပြောချင်တာတွေသာ ပြောပြီးထွက်သွားသော လူကြောင့် ဒေါသတို့အလှိမ့်လိုက်ထွက်ပြီး မျက်စိရောင်တို့သည် အနီရောင်ဘက်ပြောင်းလာကာ မည်းနက်နေသော အမွှေးတို့ဖြင့် ထွားကြိုင်းသော ဝံပုလွေပုံစံပြောင်းသွားသည်။ လက်၌ချည်နှောင်ထားသော သံကွင်းတို့ကို အားနဲ့စွဲဖြုတ်ကာ သောင်းကျန်းနေသော ဆော့ဂျင်၏ပုံစံကြောင့် အကျဉ်းထောင်စောင့်သည့် ရဲမတ်တို့မှာ အနဲငယ်ထိတ်လန့်နေကြသည်။
♡
♡
♡More Than Love
♡
♡
"အ့ ဘာလုပ်တာလဲ"
"အားးး မင်း"
"အ့"
"မိပြီ"
"ဒုန်း"
*ဖြန်း*
*ဖြန်း* (ရေဖြန်းနေကြတာ)
"မလုပ်နဲ့!!!!"
"မင်းသားငယ်က...."
"ဗျာ!!!!"
TBC
#More Than Love🌸🍃
#Yung(김영챌)🌸🍃
ကဲVoteလေ3း0လောက်မစကြပါ🤏🏻