ချစ်ခြင်းရဲ့နောက်ကွယ် ( Compl...

By blfmxyz

42.5K 2.1K 188

အိပ်မက်ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား အိပ္မက္ထဲထိ တမ္းတမ္းတတ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16 🔞🔞
Part 17
Part 18
Part 19
Part 20
Part 21
Part 22
part 23
Part 24 ( ဇာတ်သိမ်းပိုင်း )
ကျေးဇူးတင်လွှာ🥰

Part 9

1.1K 74 7
By blfmxyz

ကျိုးသခင်ကြီးမှာ စိတ်ပူတာကော ဒေါသထွက်တာကောပေါင်းကာ မျက်နှာတစ်ခုလုံးနီရဲနေလေပြီ။ကျိုးသခင်မကြီးနှင့် သခင်မလေးကတော့ အပေါ်ကိုတက်သွားချေပြီ။အခန်းထဲရောက်တော့ ရေချိုးခန်းမှာသတိလစ်နေတဲ့ ကျိုးချင်း။

အမြန်ပင် မိသားစုဆရာဝန်အားခေါ်ကာ ဆေးသွင်းရသည်။အဆင်ပြေသွားလျု့တော်ပါသေးရဲ့။

နောက်တစ်နေ့မှာတော့ဝမ်အိမ်တော်က လူတွေပါရောက်လာကာ

" ကျိုးသခင်ကြီး ဘယ်လိုဖြစ်ရတာလဲ အားချင်းကသူကျွန်တော့မယူချင်လို့တော့ မဟုတ်ပါဘူးနော် "

" မဟုတ်ပါဘူး ဝမ်သခင်လေးရယ် "

" ကျွန်တော် သိပြီးသားပါ အားချင်းကိစ္စကို ဒါပေမယ့် ကျိုးသခင်ကြီးက စေ့စပ်ကြောင်းလှမ်းတာကိုသဘောတူတယ်ဆိုလို့ ကျွန်တော်က အားချင်းလည်းလက်ခံခဲ့တယ်လို့ထင်တာ သူလက်မခံနိုင်တဲ့ကိစ္စကိုအတင်းမတိုက်တွန်းပါနဲ့ အားချင်းဘဲ ဒုက္ခပိုရောက်ရမှာ "

ဝမ်ချန်လင်တစ်ယောက် ကျိုးသခင်ကြီးကို ပြောကာ အပေါ်သို့တက်ခဲ့လိုက်သည်။ကျိုးချင်းအခန်းကို ဝင်ကာ ဆေးပိုက်တွေသွငိးထားရသော ချစ်ရသူလက်ကျု ငြင်ငြင်သာသာကိုင်ကာ

" အားချင်း ကိုယ့်ကိုဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးနော် အားချင်းမှာ ချစ်ရသူရှိနေလို့မလား ကိုယ်သူ့ကိုမနာလိုတယ်သိလား သူကဘယ်လောက်တောင် ကံကောင်းလိုက်သလဲ အားချင်းရဲ့အချစ်ကိုရထားတာ ကိုယ်ကတော့ အဲ့လိုကံကောင်းမှုမျိုးကို ဘယ်တော့မှ ရမှာမဟုတ်လောက်ဘူးနော် ကိုယ်သူ့ကိုတွေ့ဖူးချင်ပါရဲ့ "

" အားချင်းစိတ်ချပါ ကိုယ်အတင်းအကြပ်မလုပ်ပါဘူး အားချင်းသာပျော်မယ်ဆို ကိုယ်အသည်းကွဲခံလိုက်မယ် အားချင်းချစ်ရတဲ့သူနဲ့ အတူရှိနိုင်ဖို့ ကိုယ်နောက်ဆုတ်ပေးမယ် အားချင်းကို သိခဲ့ရတာကိုယ်ကပထမလူဆိုပေမယ့် နှလုံးရေးရာမှာတော့ ကိုယ်ကဒုတိယလူပေါ့ "

ရုတ်တရက်သူကိုင်ထားတဲ့ ကျိုးချင်းရဲ့လက်ချောင်းတွေလှုပ်လာတော့ဝမ်ချန်လင်ကျ‌ေနတဲ့မျက်ရည်တွေကို အမြန်သုတ်ကာ

" အားချင်းသတိရလာပြီလား "

" ချန်လင် နင်ဘယ်လိုရောက်လာတာလဲ "

" ငါနင့်ကိုလာကြည့်တာ နင်ငါနဲ့လက်မထပ်ချင်ဘူးမလား "

" အင်း ငါ့မှာချစ်သူရှိတယ် "

" အေးပါငါလည်းနင့်ကိုမချစ်ပါဘူး ဒီစေ့စပ်ပွဲကလည်း နင်နဲ့ငါနှစ်ယောက်စလုံးရဲ့ဆန္ဒမှမပါတာ ငါတို့တွေပြောလိုက်ကြတာပေါ့ "

" နင်အဆင်ပြေရဲ့လား "

" ငါက ဘာအဆင်မပြေစရာရှိလို့လဲ "

ဝမ်ချန်လင်နာကျင်နေတဲ့ တစ်နေရာကို လစ်လျူရှုကာ ပြုံးပြီးပြောလိုက်သည်။ဒါပေမယ့်ဘာကြောင့် အားချင်းရဲ့ မျက်လုံးတွေက ဝမ်းနည်းတဲ့ပုံပေါက်နေရတာလဲ။သူမသိခဲ့တာက ခဏက သူပြောခဲ့တဲ့စကားတွေအားလုံးကို အိပ်ချင်ယောင်ဆောင်နေတဲ့ ကျိုးချင်းကအကုန်ကြားသွားခဲ့တယ်ဆိုတာပါဘဲ။

ဒီလိုနဲ့နှစ်ယောက်စလုံးရဲ့ ဆန္ဒမပါဘူးဆိုတဲ့ခေါင်းစဉ်နဲ့ ကျိုးချင်းနဲ့ ဝမ်ချန်လင်တို့ဇာတ်လမ်းကတော့မစခင်ကတည်းက ပြီးဆုံးသွားခဲ့ပြီ။နောက်တော့ ကျိုးချင်းမှာ ရှောင်ဖုန်းရီကလွှဲဘယ်သူနဲ့မှမယူနိုင်ဘူးဆို၍ ကျိုးသခင်ကြီးမှာ

" ကျိုးချင်းနင်အဲ့လောက်တောင်သူ့ကို တမ်းတမ်းစွဲနေရင် ငါလက်ခံပေးလိုက်မယ် ဒါပေမယ့်နင်ကသခင်မလေးတော့ဟုတ်တော့မှာမဟုတ်ဘူး နင်တို့ဝမ်းစာအတွက်နင်တို့ဟာနင်တို့ရှာစား ပြီးတော့ ကျိုးအိမ်တော်အတွက် အရှက်ရစရာလုပ်ခဲ့ပြီးပြီမို့ နင်ထွက်သွားပြီးရင် ကျိုးအိမ်တော်ရဲ့ အရိပ်ကိုတောင်လာမနင်းနဲ့တော့ "

" ကျေးဇူးပါ ပါး "

ထိုနေ့ကတော့ ကျိုးချင်းနဲ့ ကျိုးအိမ်တော် လုံးဝမသက်ဆိုင်တော့တဲ့နေ့ပေါ့ ။ကျိုးချင်းအိမ်ကနေထွက်ပြီး ချစ်သူဆီမှာဘဲလိုက်နေကာ ကိုယ့်ဘဝလှပဖို့ ကိုယ့်ဟာကိုယ်ဖန်တီးယူရတော့သည်။

ကျိုးချင်းနဲ့ ရှောင်ဖုန်းရီတို့အိမ်ထောင်လေးဟာ အစမှာတော့ သာသာယာယာပင်။ကျိုးချင်း ကိုယ်ဝန်ရလာတော့ သူတို့နှစ်ယောက်အတွက်သာမဟုတ်ဘဲ အနာဂတ်မှာရောက်လာတော့မယ့ကလေးအတွက်ပါ ကြိုးစားရတော့သည်။ ကျိုးချင်းကတော့ အိမ်ကထွက်လာတာကိုလုံးဝနောင်တမရ။သူ့ချစ်သူက သူ့ကိုစိတ်ပျော်ရွှင်မှုပေးနိုင်တယ်လေ ။ဒီလိုနဲ့ ကျိုးချင်းတို့ရဲ့ဘဝထဲကို ရှောင်ကျန့်ဆိုတဲ့ သားလေးတစ်ယောက်ရောက်လာပြီပေါ့ ။

ကျိုးချင်းထင်ခဲ့တာက သူတို့မိသားစုလေးက တစ်ကယ် ပြီးပြည့်စုံတဲ့ ပျော်ရွှင်စရာမိသားစုလေးပေါ့။အစပိုင်းမှာသိပ်မသိသာပေမယ့်အိမ်‌ေထာင်သက်တမ်း လေးနှစ်လောက်ကြာလာတော့ရှောင်ဖုန်းရီတစ်ယောက်အိမ်ပြန်နောက်ကျတတ်လာသည်။တစ်ခါတစ်လေ အရက်ပါသောက်တတ်လာသည်။အခုတော့ သာယာတဲ့ မိသားစုဘဝလေးကပြဿနာ‌တွေနဲ့ ပြည့်နက်လာခဲ့သည်။

ရှောင်ဖုန်းရီက သူများတွေဘာအလုပ်ခေါ်ခေါ်အကုန်လိုက်လုပ်သည်။အခုတော့ စက္ကူထုတ်တဲ့စက်ရုံမှာ လုံခြုံရေးအနေနှင့်ဝင်လုပ်နေသည်။ ညတော့မလုပ်ဖြစ်ပါ ။သို့ပေမယ့် ဘာကြောင့်အိမ်ပြန်အဲ့လောက်နောက်ကျတတ်လဲဆိုတာကျိုးချင်းနားမလည်။တစ်ညမှာတော့ ရှောင်ဖုန်းရီပြန်လာချိန်အရက်သောက်လာတော့ ပုံမှန်အတိုင်းဘဲ အခန်းထဲကို လိုက်ပို့တော့ စူးစူးရဲရဲ ရနေတဲ့ရေမွေးနံ့နဲ့ အင်္ကျီပေါ်က နှုတ်ခမ်းနီရာက ကျိုးချင်းကို တုန်လှုပ်သွားစေပ်သည်။

" ဒါတွေအားလုံးက မင်းကြောင့်ဘဲ ကျိုးချင်း ငါသာမင်းကို မချစ်မိခဲ့ရင် ငါ့ဘဝကဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး အရာအားလုံးက မင်းကြောင့် "

ယောင်ယမ်းကာ တွဲထားသည့်လက်ကို ဖြုတ်ချမိလိုက်သည်။အခု သူကသူမကို ချစ်မိခဲ့တာ ‌အမှားတစ်ခုလိုဘဲ ခံစားရတယ်ပေါ့ ။သူမမှာတော့ အဆောင်အယောင်တွေအားလုံးကိုတောင် ပစ်ချခဲ့ပြီး လိုက်လာခဲ့တာ ။နောင်တတရားလေူတစ်ခုတောင်မရှိဘဲနဲ့လေ။အခုတော့ ပထမဆူံအကြိမ်အဖြစ်နောင်တလေးဝင်မိသည်။ထိုတစ်ညလုံးဘယ်လိုဖြတိကျော်ခဲ့လဲဆိုတာမသိတော့။

နောက်တစ်နေ့လည်း သူမဘာမှမပြောပါ။အိမ်အလုပ်တွေကိုသာပြီးအောင်လုပ်ပြီး ကလေးကို ခေါ်ကာ အလုပ်ကိုလိုက်လာခဲ့လေသည်။မယုံချင်ပါ။သူမမျက်လုံးနဲ့ မမြင်မချင်း မယုံကြည်ပါ။ထို့ကြောင့်လိုက်လာခဲ့တော့

" ရှောင်ဖုန်းရီ ရှင့်အားက ဒီလောက်ဘဲလား ရှင့်ကိုကျွန်မက အရမ်းအားသန်မယ်ထင်ထားတာ အိမ်ကရှင့်မိန်းမတော့ စိတ်ကျေနပ်မှုတောင်ရရဲ့လားမသိ "

" အာ အခုချိန်မှာ အဲ့ကောင်မအကြောင်းမပြောစမ်းပါနဲ့ feel ပျက်တယ် ကဲကွာ "

" အို့ ဖြေးဖြေးလုပ်ပါ ဆရာရယ် ကြမ်းရင်လည်း အားကြီးနဲ့ ဟိဟိ "

ကျိုးချင်း ရဲ့ ကမ္ဘာကြီး ပျက်စီးသွားသလိုခံစားလိုက်ရသည်။သူအရမ်းကိုယုံကြည်ရတဲ့ သူ့ယောက်ျားက အခုလို ဖောက်လွဲဖောက်ပြန်လုပ်တတ်တယ်တဲ့လား။ရပ်နေတဲ့ ဒူးတွေတောင်မခိုင်ချင်တော့ ။ဒါပေမယ့် သူလဲပြိုလို့မဖြစ်ဘူးလေ ။သူမမှာသားရှသေးတယ်မလား။သူမက ဘယ်သူမို့လို့လဲ ။ကျိုးသခင်မလေးဘဲလေ ။သူမက ကြံ့ခိုင်တဲ့မိခင်တစ်ယောက်။

ကျိုးချင်း ပိတ်နေတဲ့တံခါးကို ကန်ဖွင့်လိုက်တော့သည်။သူဝင်လာတာမြင်တော့ လန့်သွားပုံရသည်။နှစ်ယောက်လုံး စောင်ကြီးပတ်ကာ ။

" မိန်းမ ကိုယ်ရှင်းပြမယ် "

" ဟက် ဒီလောက်လက်ပူးလက်ကြပ်မိထားတာတောင် ရှင်က ဘာရှင်းပြချင်သေးတာလဲ ကျွန်မကို မချစ်တော့ရင်တောင်မှ ရှင့်သားအတွက်စဉ်းစားသင့်တယ် ရှင်ကတစ်ကယ် ယုတ်ညံ့တဲ့သူဘဲ "

" မား ဘာလို့ငိုနေတာလဲဟင် ပါးဘေးက အဒေါ်ကြီးကရောဘယ်သူလဲဟင် "

မျက်လုံးတောက်တောက်လေးတွေနဲ့ မော့ကာ အဖေကိုတစ်လှည်း အမေကိုတစ်လှည့်ကြည့်ကာ မေးနေတဲ့ သားကို ဖက်ထားကာ

" ဘာမှမဟုတ်ဘူးနော် ကျန့်ကျန့် လာမားတို့ ပြန်ကြမယ် ရှောင်ဖုန်းရီ ရှင်ပြန်လာရင် ကျွန်မနဲ့ကွာရှင်းဖို့ပြင်ပါ "

ထိုနေ့ကွာရှင်းပြီးသည်နှင့်ကလေးနဲ့အတူ ထိုနေရာကနေထွက်လာခဲ့တော့သည်။လောလောဆယ်တော့ သူငယ်ချင်းတစ်ယောက်အိမ်မှာ အကူအညီတောင်းကြည့်ရမှာဘဲ ။ကျိုးချင်းရဲ့ဘဝမှာ အခုလို သူများအကူအညီယူရလိမ့်မည်ဟုတစ်ခါမှပင် မတွေးခဲ့ဖူးပါ ။အခုတော့ တစ်ကယ်ကိုဖြသ်လာခဲ့ပြီလေ။

" ဟင်းး"
ကျိုးချင်းသက်ပြင်းရှည်တစ်ခုကိုသာချလိုက်တော့သည်။

" အားရီ ...အားရီ..."

" အော် ဟမ် ဘာလဲ အားချန်လေး "

အားချန်လေးအသံကိုကြားလိုက်မှပင် စိတ်တို့မှာ ပစ္စုပ္ပန်သို့ပြန်ရောက်ခဲ့လေသည်။

" ကျွန်တော်တို့စောင့်နေတုန်း အားရီအိမ်ပြန်ပြီး ခဏလောက် အနားယူပါလား "

" ရပါတယ်ကွယ် "

" ကျွန်တော့တို့ တွေစောင့်ပေးလိုက်မယ် အားရီကိုကြည့်ရတာ အရမ်းပင်ပန်းနေသလိုဘဲ "

" အဲ့ဆို အားရီခဏပြန်လိုက်မယ်နော် "

" ဟုတ် "

ရှောင်မားပြန်သွားတော့ ကျိုးချန်တို့လည်း ရှောင်ကျနိ့နားမှာထိုင်ကာ စိတ်နည်းနည်း ရွှင်အောင် စကားတွေပြောပေးနေသည်။ထိုအချိန်မှာပင် ဝမ်ဟိုက်ခွမ်းတစ်ယောက် ဖုန်းဝင်လာတော့ ကိုင်လိုက်ကာ

" ဝေး ဘယ်သူပါလဲ "

" ခွမ်းကောကျွန်တော်ဝမ်လေးပါ "

ဝမ်လေးဆိုတာကြားသည်နှင့်ရှောင်ကျန့်တစ်ယောက်တော့ အတော်ပင် စိတ်လှုပ်ရှားစွာစောင့်နေမိသည်။

" ဟာ ဝမ်လေး ဘယ်လိုဖြစ်တာလဲကွာ မပြောမဆိုနဲ့ US ကိုထွက်သွားတယ်ဆို "

" ဟုတ်တယ် ခွမ်းကော ကျွန်တော် ကျောင်းသွားတက်တာပါ အခြေအနေအရ နည်းနည်းလောသွားတယ် "

အေးကွာ ဘာမှ မဖြစ်ရင် ပြီးတာဘဲ ဒီမှာ ရှောင်ကျန့်...."

" ခွမ်းကော ရှောင်ကျန့်အကြောင်းဆိုရင် မပြောပါနဲ့တော့ ကျွန်တော် မကြားချင်ဘူး "

( Yue Yue )

ဖတ်ပေးကြတဲ့ reader တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် ။ အရေးအသား မကောင်းလို့ ဖတ်ရတာ အဆင်မပြေဖြစ်ခဲ့ရင် comment မှာ ဝေဖန်အကြံပေးနိုင်ပါတယ်။fic အကြောင်းကို ပြောရမယ်ဆိုရင်တော့ ဆက်ခါးဖို့ အစီအစဉ်ရှိပါတယ် ။ vote လေးတွေလည်းပေးကြပါလို့ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။

19 Oct 2021

Zawgyi

က်ိဳးသခင္ႀကီးမွာ စိတ္ပူတာေကာ ေဒါသထြက္တာေကာေပါင္းကာ မ်က္ႏွာတစ္ခုလုံးနီရဲေနေလၿပီ။က်ိဳးသခင္မႀကီးႏွင့္ သခင္မေလးကေတာ့ အေပၚကိုတက္သြားေခ်ၿပီ။အခန္းထဲေရာက္ေတာ့ ေရခ်ိဳးခန္းမွာသတိလစ္ေနတဲ့ က်ိဳးခ်င္း။

အျမန္ပင္ မိသားစုဆရာဝန္အားေခၚကာ ေဆးသြင္းရသည္။အဆင္ေျပသြားလ်ဳ႕ေတာ္ပါေသးရဲ႕။

ေနာက္တစ္ေန႕မွာေတာ့ဝမ္အိမ္ေတာ္က လူေတြပါေရာက္လာကာ

" က်ိဳးသခင္ႀကီး ဘယ္လိုျဖစ္ရတာလဲ အားခ်င္းကသူကြၽန္ေတာ့မယူခ်င္လို႔ေတာ့ မဟုတ္ပါဘူးေနာ္ "

" မဟုတ္ပါဘူး ဝမ္သခင္ေလးရယ္ "

" ကြၽန္ေတာ္ သိၿပီးသားပါ အားခ်င္းကိစၥကို ဒါေပမယ့္ က်ိဳးသခင္ႀကီးက ေစ့စပ္ေၾကာင္းလွမ္းတာကိုသေဘာတူတယ္ဆိုလို႔ ကြၽန္ေတာ္က အားခ်င္းလည္းလက္ခံခဲ့တယ္လို႔ထင္တာ သူလက္မခံနိုင္တဲ့ကိစၥကိုအတင္းမတိုက္တြန္းပါနဲ႕ အားခ်င္းဘဲ ဒုကၡပိုေရာက္ရမွာ "

ဝမ္ခ်န္လင္တစ္ေယာက္ က်ိဳးသခင္ႀကီးကို ေျပာကာ အေပၚသို႔တက္ခဲ့လိုက္သည္။က်ိဳးခ်င္းအခန္းကို ဝင္ကာ ေဆးပိုက္ေတြသြငိးထားရေသာ ခ်စ္ရသူလက္က်ဳ ျငင္ျငင္သာသာကိုင္ကာ

" အားခ်င္း ကိုယ့္ကိုဘယ္တုန္းကမွ အသိအမွတ္မျပဳခဲ့ဘူးေနာ္ အားခ်င္းမွာ ခ်စ္ရသူရွိေနလို႔မလား ကိုယ္သူ႕ကိုမနာလိုတယ္သိလား သူကဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္သလဲ အားခ်င္းရဲ႕အခ်စ္ကိုရထားတာ ကိုယ္ကေတာ့ အဲ့လိုကံေကာင္းမႈမ်ိဳးကို ဘယ္ေတာ့မွ ရမွာမဟုတ္ေလာက္ဘူးေနာ္ ကိုယ္သူ႕ကိုေတြ႕ဖူးခ်င္ပါရဲ႕ "

" အားခ်င္းစိတ္ခ်ပါ ကိုယ္အတင္းအၾကပ္မလုပ္ပါဘူး အားခ်င္းသာေပ်ာ္မယ္ဆို ကိုယ္အသည္းကြဲခံလိုက္မယ္ အားခ်င္းခ်စ္ရတဲ့သူနဲ႕ အတူရွိနိုင္ဖို႔ ကိုယ္ေနာက္ဆုတ္ေပးမယ္ အားခ်င္းကို သိခဲ့ရတာကိုယ္ကပထမလူဆိုေပမယ့္ ႏွလုံးေရးရာမွာေတာ့ ကိုယ္ကဒုတိယလူေပါ့ "

႐ုတ္တရက္သူကိုင္ထားတဲ့ က်ိဳးခ်င္းရဲ႕လက္ေခ်ာင္းေတြလႈပ္လာေတာ့ဝမ္ခ်န္လင္က်ေနတဲ့မျက်ရည်တွေကို အျမန္သုတ္ကာ

" အားခ်င္းသတိရလာၿပီလား "

" ခ်န္လင္ နင္ဘယ္လိုေရာက္လာတာလဲ "

" ငါနင့္ကိုလာၾကည့္တာ နင္ငါနဲ႕လက္မထပ္ခ်င္ဘူးမလား "

" အင္း ငါ့မွာခ်စ္သူရွိတယ္ "

" ေအးပါငါလည္းနင့္ကိုမခ်စ္ပါဘူး ဒီေစ့စပ္ပြဲကလည္း နင္နဲ႕ငါႏွစ္ေယာက္စလုံးရဲ႕ဆႏၵမွမပါတာ ငါတို႔ေတြေျပာလိုက္ၾကတာေပါ့ "

" နင္အဆင္ေျပရဲ႕လား "

" ငါက ဘာအဆင္မေျပစရာရွိလို႔လဲ "

ဝမ္ခ်န္လင္နာက်င္ေနတဲ့ တစ္ေနရာကို လစ္လ်ဴရႈကာ ၿပဳံးၿပီးေျပာလိုက္သည္။ဒါေပမယ့္ဘာေၾကာင့္ အားခ်င္းရဲ႕ မ်က္လုံးေတြက ဝမ္းနည္းတဲ့ပုံေပါက္ေနရတာလဲ။သူမသိခဲ့တာက ခဏက သူေျပာခဲ့တဲ့စကားေတြအားလုံးကို အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ က်ိဳးခ်င္းကအကုန္ၾကားသြားခဲ့တယ္ဆိုတာပါဘဲ။

ဒီလိုနဲ႕ႏွစ္ေယာက္စလုံးရဲ႕ ဆႏၵမပါဘူးဆိုတဲ့ေခါင္းစဥ္နဲ႕ က်ိဳးခ်င္းနဲ႕ ဝမ္ခ်န္လင္တို႔ဇာတ္လမ္းကေတာ့မစခင္ကတည္းက ၿပီးဆုံးသြားခဲ့ၿပီ။ေနာက္ေတာ့ က်ိဳးခ်င္းမွာ ေရွာင္ဖုန္းရီကလႊဲဘယ္သူနဲ႕မွမယူနိုင္ဘူးဆို၍ က်ိဳးသခင္ႀကီးမွာ

" က်ိဳးခ်င္းနင္အဲ့ေလာက္ေတာင္သူ႕ကို တမ္းတမ္းစြဲေနရင္ ငါလက္ခံေပးလိုက္မယ္ ဒါေပမယ့္နင္ကသခင္မေလးေတာ့ဟုတ္ေတာ့မွာမဟုတ္ဘူး နင္တို႔ဝမ္းစာအတြက္နင္တို႔ဟာနင္တို႔ရွာစား ၿပီးေတာ့ က်ိဳးအိမ္ေတာ္အတြက္ အရွက္ရစရာလုပ္ခဲ့ၿပီးၿပီမို႔ နင္ထြက္သြားၿပီးရင္ က်ိဳးအိမ္ေတာ္ရဲ႕ အရိပ္ကိုေတာင္လာမနင္းနဲ႕ေတာ့ "

" ေက်းဇူးပါ ပါး "

ထိုေန႕ကေတာ့ က်ိဳးခ်င္းနဲ႕ က်ိဳးအိမ္ေတာ္ လုံးဝမသက္ဆိုင္ေတာ့တဲ့ေန႕ေပါ့ ။က်ိဳးခ်င္းအိမ္ကေနထြက္ၿပီး ခ်စ္သူဆီမွာဘဲလိုက္ေနကာ ကိုယ့္ဘဝလွပဖို႔ ကိုယ့္ဟာကိုယ္ဖန္တီးယူရေတာ့သည္။

က်ိဳးခ်င္းနဲ႕ ေရွာင္ဖုန္းရီတို႔အိမ္ေထာင္ေလးဟာ အစမွာေတာ့ သာသာယာယာပင္။က်ိဳးခ်င္း ကိုယ္ဝန္ရလာေတာ့ သူတို႔ႏွစ္ေယာက္အတြက္သာမဟုတ္ဘဲ အနာဂတ္မွာေရာက္လာေတာ့မယ့ကေလးအတြက္ပါ ႀကိဳးစားရေတာ့သည္။ က်ိဳးခ်င္းကေတာ့ အိမ္ကထြက္လာတာကိုလုံးဝေနာင္တမရ။သူ႕ခ်စ္သူက သူ႕ကိုစိတ္ေပ်ာ္႐ႊင္မႈေပးနိုင္တယ္ေလ ။ဒီလိုနဲ႕ က်ိဳးခ်င္းတို႔ရဲ႕ဘဝထဲကို ေရွာင္က်န႔္ဆိုတဲ့ သားေလးတစ္ေယာက္ေရာက္လာၿပီေပါ့ ။

က်ိဳးခ်င္းထင္ခဲ့တာက သူတို႔မိသားစုေလးက တစ္ကယ္ ၿပီးျပည့္စုံတဲ့ ေပ်ာ္႐ႊင္စရာမိသားစုေလးေပါ့။အစပိုင္းမွာသိပ္မသိသာေပမယ့္အိမ္ေထာင်သက်တမ်း ေလးႏွစ္ေလာက္ၾကာလာေတာ့ေရွာင္ဖုန္းရီတစ္ေယာက္အိမ္ျပန္ေနာက္က်တတ္လာသည္။တစ္ခါတစ္ေလ အရက္ပါေသာက္တတ္လာသည္။အခုေတာ့ သာယာတဲ့ မိသားစုဘဝေလးကျပႆနာေတြနဲ႕ ျပည့္နက္လာခဲ့သည္။

ေရွာင္ဖုန္းရီက သူမ်ားေတြဘာအလုပ္ေခၚေခၚအကုန္လိုက္လုပ္သည္။အခုေတာ့ စကၠဴထုတ္တဲ့စက္႐ုံမွာ လုံၿခဳံေရးအေနႏွင့္ဝင္လုပ္ေနသည္။ ညေတာ့မလုပ္ျဖစ္ပါ ။သို႔ေပမယ့္ ဘာေၾကာင့္အိမ္ျပန္အဲ့ေလာက္ေနာက္က်တတ္လဲဆိုတာက်ိဳးခ်င္းနားမလည္။တစ္ညမွာေတာ့ ေရွာင္ဖုန္းရီျပန္လာခ်ိန္အရက္ေသာက္လာေတာ့ ပုံမွန္အတိုင္းဘဲ အခန္းထဲကို လိုက္ပို႔ေတာ့ စူးစူးရဲရဲ ရေနတဲ့ေရေမြးနံ႕နဲ႕ အကၤ်ီေပၚက ႏႈတ္ခမ္းနီရာက က်ိဳးခ်င္းကို တုန္လႈပ္သြားေစပ္သည္။

" ဒါေတြအားလုံးက မင္းေၾကာင့္ဘဲ က်ိဳးခ်င္း ငါသာမင္းကို မခ်စ္မိခဲ့ရင္ ငါ့ဘဝကဒီလိုျဖစ္လာစရာအေၾကာင္းမရွိဘူး အရာအားလုံးက မင္းေၾကာင့္ "

ေယာင္ယမ္းကာ တြဲထားသည့္လက္ကို ျဖဳတ္ခ်မိလိုက္သည္။အခု သူကသူမကို ခ်စ္မိခဲ့တာ အမွားတစ္ခုလိုဘဲ ခံစားရတယ္ေပါ့ ။သူမမွာေတာ့ အေဆာင္အေယာင္ေတြအားလုံးကိုေတာင္ ပစ္ခ်ခဲ့ၿပီး လိုက္လာခဲ့တာ ။ေနာင္တတရားေလူတစ္ခုေတာင္မရွိဘဲနဲ႕ေလ။အခုေတာ့ ပထမဆူံအႀကိမ္အျဖစ္ေနာင္တေလးဝင္မိသည္။ထိုတစ္ညလုံးဘယ္လိုျဖတိေက်ာ္ခဲ့လဲဆိုတာမသိေတာ့။

ေနာက္တစ္ေန႕လည္း သူမဘာမွမေျပာပါ။အိမ္အလုပ္ေတြကိုသာၿပီးေအာင္လုပ္ၿပီး ကေလးကို ေခၚကာ အလုပ္ကိုလိုက္လာခဲ့ေလသည္။မယုံခ်င္ပါ။သူမမ်က္လုံးနဲ႕ မျမင္မခ်င္း မယုံၾကည္ပါ။ထို႔ေၾကာင့္လိုက္လာခဲ့ေတာ့

" ေရွာင္ဖုန္းရီ ရွင့္အားက ဒီေလာက္ဘဲလား ရွင့္ကိုကြၽန္မက အရမ္းအားသန္မယ္ထင္ထားတာ အိမ္ကရွင့္မိန္းမေတာ့ စိတ္ေက်နပ္မႈေတာင္ရရဲ႕လားမသိ "

" အာ အခုခ်ိန္မွာ အဲ့ေကာင္မအေၾကာင္းမေျပာစမ္းပါနဲ႕ feel ပ်က္တယ္ ကဲကြာ "

" အို႔ ေျဖးေျဖးလုပ္ပါ ဆရာရယ္ ၾကမ္းရင္လည္း အားႀကီးနဲ႕ ဟိဟိ "

က်ိဳးခ်င္း ရဲ႕ ကမၻာႀကီး ပ်က္စီးသြားသလိုခံစားလိုက္ရသည္။သူအရမ္းကိုယုံၾကည္ရတဲ့ သူ႕ေယာက္်ားက အခုလို ေဖာက္လြဲေဖာက္ျပန္လုပ္တတ္တယ္တဲ့လား။ရပ္ေနတဲ့ ဒူးေတြေတာင္မခိုင္ခ်င္ေတာ့ ။ဒါေပမယ့္ သူလဲၿပိဳလို႔မျဖစ္ဘူးေလ ။သူမမွာသားရွေသးတယ္မလား။သူမက ဘယ္သူမို႔လို႔လဲ ။က်ိဳးသခင္မေလးဘဲေလ ။သူမက ႀကံ့ခိုင္တဲ့မိခင္တစ္ေယာက္။

က်ိဳးခ်င္း ပိတ္ေနတဲ့တံခါးကို ကန္ဖြင့္လိုက္ေတာ့သည္။သူဝင္လာတာျမင္ေတာ့ လန႔္သြားပုံရသည္။ႏွစ္ေယာက္လုံး ေစာင္ႀကီးပတ္ကာ ။

" မိန္းမ ကိုယ္ရွင္းျပမယ္ "

" ဟက္ ဒီေလာက္လက္ပူးလက္ၾကပ္မိထားတာေတာင္ ရွင္က ဘာရွင္းျပခ်င္ေသးတာလဲ ကြၽန္မကို မခ်စ္ေတာ့ရင္ေတာင္မွ ရွင့္သားအတြက္စဥ္းစားသင့္တယ္ ရွင္ကတစ္ကယ္ ယုတ္ညံ့တဲ့သူဘဲ "

" မား ဘာလို႔ငိုေနတာလဲဟင္ ပါးေဘးက အေဒၚႀကီးကေရာဘယ္သူလဲဟင္ "

မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕ ေမာ့ကာ အေဖကိုတစ္လွည္း အေမကိုတစ္လွည့္ၾကည့္ကာ ေမးေနတဲ့ သားကို ဖက္ထားကာ

" ဘာမွမဟုတ္ဘူးေနာ္ က်န႔္က်န႔္ လာမားတို႔ ျပန္ၾကမယ္ ေရွာင္ဖုန္းရီ ရွင္ျပန္လာရင္ ကြၽန္မနဲ႕ကြာရွင္းဖို႔ျပင္ပါ "

ထိုေန႕ကြာရွင္းၿပီးသည္ႏွင့္ကေလးနဲ႕အတူ ထိုေနရာကေနထြက္လာခဲ့ေတာ့သည္။ေလာေလာဆယ္ေတာ့ သူငယ္ခ်င္းတစ္ေယာက္အိမ္မွာ အကူအညီေတာင္းၾကည့္ရမွာဘဲ ။က်ိဳးခ်င္းရဲ႕ဘဝမွာ အခုလို သူမ်ားအကူအညီယူရလိမ့္မည္ဟုတစ္ခါမွပင္ မေတြးခဲ့ဖူးပါ ။အခုေတာ့ တစ္ကယ္ကိုျဖသ္လာခဲ့ၿပီေလ။

" ဟင္းး"
ကျိုးချင်းသက်ပြင်ူရှည်တစ်ခုကိုသာချလိုက်တော့သည်။

" အားရီ ...အားရီ..."

" ေအာ္ ဟမ္ ဘာလဲ အားခ်န္ေလး "

အားခ်န္ေလးအသံကိုၾကားလိုက္မွပင္ စိတ္တို႔မွာ ပစၥဳပၸန္သို႔ျပန္ေရာက္ခဲ့ေလသည္။

" ကြၽန္ေတာ္တို႔ေစာင့္ေနတုန္း အားရီအိမ္ျပန္ၿပီး ခဏေလာက္ အနားယူပါလား "

" ရပါတယ္ကြယ္ "

" ကြၽန္ေတာ့တို႔ ေတြေစာင့္ေပးလိုက္မယ္ အားရီကိုၾကည့္ရတာ အရမ္းပင္ပန္းေနသလိုဘဲ "

" အဲ့ဆို အားရီခဏျပန္လိုက္မယ္ေနာ္ "

" ဟုတ္ "

ေရွာင္မားျပန္သြားေတာ့ က်ိဳးခ်န္တို႔လည္း ေရွာင္က်နိ႕နားမွာထိုင္ကာ စိတ္နည္းနည္း ႐ႊင္ေအာင္ စကားေတြေျပာေပးေနသည္။ထိုအခ်ိန္မွာပင္ ဝမ္ဟိုက္ခြမ္းတစ္ေယာက္ ဖုန္းဝင္လာေတာ့ ကိုင္လိုက္ကာ

" ေဝး ဘယ္သူပါလဲ "

" ခြမ္းေကာကြၽန္ေတာ္ဝမ္ေလးပါ "

ဝမ္ေလူဆိုတာၾကားသည္ႏွင့္ေရွာင္က်န႔္တစ္ေယာက္ေတာ့ အေတာ္ပင္ စိတ္လႈပ္ရွားစြာေစာင့္ေနမိသည္။

" ဟာ ဝမ္ေလး ဘယ္လိုျဖစ္တာလဲကြာ မေျပာမဆိုနဲ႕ US ကိုထြက္သြားတယ္ဆို "

" ဟုတ္တယ္ ခြမ္းေကာ ကြၽန္ေတာ္ ေက်ာင္းသြားတက္တာပါ အေျခအေနအရ နည္းနည္းေလာသြားတယ္ "

ေအးကြာ ဘာမွ မျဖစ္ရင္ ၿပီးတာဘဲ ဒီမွာ ေရွာင္က်န႔္...."

" ခြမ္းေကာ ေရွာင္က်န႔္အေၾကာင္းဆိုရင္ မေျပာပါနဲ႕ေတာ့ ကြၽန္ေတာ္ မၾကားခ်င္ဘူး "

( Yue Yue )

ဖတ္ေပးၾကတဲ့ reader တစ္ေယာက္ခ်င္းစီကိုေက်းဇူးတင္ပါတယ္ ။ အေရးအသား မေကာင္းလို႔ ဖတ္ရတာ အဆင္မေျပျဖစ္ခဲ့ရင္ comment မွာ ေဝဖန္အႀကံေပးနိုင္ပါတယ္။fic အေၾကာင္းကို ေျပာရမယ္ဆိုရင္ေတာ့ ဆက္ခါးဖို႔ အစီအစဥ္ရွိပါတယ္ ။ vote ေလးေတြလည္းေပးၾကပါလို႔ေျပာရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။

19 Oct 2021


Continue Reading

You'll Also Like

612K 30.8K 23
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
2.1M 108K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
690K 23.4K 70
A story where a girl would do anything to get rid of her studies including getting married with a Mafia king but fate played opposite of it even afte...
876K 40.5K 173
𝒊𝒏 𝒘𝒉𝒊𝒄𝒉 the boy who lived falls for the girl who had no one