ထီးကလေး ☔ (Complete)

AungJelliyarMin

60.3K 5.4K 393

ယုံကြည်မှုဆိုတာ ဖောက်ပြန်ဖို့ မဟုတ်ဘူး Jeon တန်ဖိုးထားတတ်ဖို့........... ယုံၾကည္မႈဆိုတာ ေဖာက္ျပန္ဖို႔ မဟုတ္ဘူ... Еще

ep-1☔
ep-2☔
ep-4☔
ep-5☔
ep-6☔
ep-7☔
ep-8☔
ep-9☔
ep-10☔
ep-11☔
ep-12☔
The end ☔

ep-3☔

3.6K 420 18
AungJelliyarMin

အဲ့နေ့ညက ကျွန်တော် jeonကိုရေခဲမုန့်ဆိုင်လေးမှာ သုံးနာရီလောက်ထိုင်စောင့်ခဲ့သည် jeonများပြန်လာခေါ်မလားဆိုပြီးတော့ပေါ့။ရောက်မလာပါဘူး ဖုန်းဆက်တော့လည်း မကိုင်ဘူး။‌သုံးနာရီလုံးလုံးထိုင်စောင့် ပြီးကာမှ ရေခဲမုန့်ဆိုင်က jeonမှာထားခဲ့တဲ့ ရေခဲမုန့်နှစ်ခွက်ကို ကိုင်ကာပြန်လာခဲ့သည်။

လမ်းတစ်လျှောက်လုံး ပျော်မြူးနေသည့်လူတွေဟာ ကျွန်တော်ကိုလှောင်နေသလိုလို။လက်ထဲကရေခဲမုန့် နှစ်ခွက်ဟာလည်း အရည်ပြော်ကာ လက်ပေါ်သို့တစ်ဆက်ဆက်ကျနေသည်။

လွှတ်မပြစ်ရက်ပါ သူတို့လည်းကျွန်တော်လို အထီးကျန်နေခဲ့မှာ။‌ထုိ‌ေနာက် လက်ထဲကိုပြန်ကြည့်လိုက်တော့ ရေခဲမုန့်ကနှစ်ခွက်တောင် ဟုတ်သားပဲ မင်းတို့ကအဖော်နဲ့လေ ငါလိုအထီမကျန်နေခဲ့ပါဘူးဟုပြောကာ လမ်းဘေးအမှိုက်ပုံထဲသို့ ထိုရေခဲမုန့်နှစ်ခွက်ကို ပြစ်ထားခဲ့လိုက်သည်။

တစ်လမ်းလုံးငိုခဲ့သည် ကျွန်တော်လျှောက်နေသည့် ခြေလှမ်းတွေနဲ့အပြိုင်ကိုငိုခဲ့တာ။မချစ်ရင် မချစ်ဖူးပြောလိုက်ပါ မုန်းရင်မုန်းတယ်ပေါ့ ဘာလို့ ဂရုစိုက်ပြလိုက် ထားခဲ့လိုက်လုပ်နေရတာလည်း ။ငါကဂရုစိုက်မှု မခံခဲ့ရတဲ့ လူတစ်ယောက်မို့ နည်းနည်းလေးဂရုစိုက်ပြရင် အရူးတစ်ယောက်လို အဲ့လူကိုစွဲလမ်းသွားတာ။

မုန်းပြစ်ချင်သည် jeonလုပ်နေသည့်လုပ်ရက်တိုင်းကိုမုန်း ပြစ်ချင်သည်။အခွင့်ရေးသာရှိခဲ့ရင် ကျွနမတော်ဟာ jeonကိုမုန်းတဲ့လူသား တစ်ယောက်အဖြစ်ရှင်သန်ကြည့်ချင်တယ်။

မလုံလောက်ဘူးထင်တယ် jeonရဲ့ဉပက္ခာပြုမှုတွေက ဒီကငတုံးကိုမုန်းဖို့အတွက် မလုံလောက်သေးဘူးထင်ပါတယ်။ရင်ကွဲနာကျတဲ့ တစ်နေ့ကြမှ ကျွန်တော်jeon ကိုမုန်းလို့ရမှာလား။

3ရက်ရှိပြီး အဲ့နေညထဲက ‌jeonပေါ်မလာခဲ့တာ 3ရက်ရှိသွားပြီး ဖုန်းလည်းဆက်မရသလို ဘာသတင်းအစနမှလည်းမကြားခဲ့ပါ။ သူပေးထားသည့် အိမ်လိပ်စာလေးကိုကြည့်မိပြန်တော့လည်း သူဌေးတွေပဲနေသည့်နေရာ ဖြစ်သည်။ လိုက်သွားကာ *အဲ့ညက ဘာလို့တစ်ယောက်ထဲထားခဲ့တာလည်း*လို့ အော်ငိုကာမေးကြည့်ချင်ပါသည် ဒါပင်မဲ့ ကျွန်တော်လိုက်သွားလိုက်လို့များ jeonအတွက်မျက်နှာ ပျက်စရာများဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးနဲ့ လိုက်မသွားဖြစ်ပါဘူး။

တကယ်တော့ Jeonရဲ့ရှင်းပြချက်ကိုလိုချင်သေးသည်။Jeon ဘယ်လိုပဲမှားနေမှားနေ ဘာတွေပဲလုပ်နေလုပ်နေ မသိချင်ယောင်ဆောင်ပေးကာ ဆက်ချစ်သွားမဲ့အထိကို ဒီလူကရူးနေပြီးသားပါ အဲ့တာကြောင့် ငါ့ကို *မခွဲနိုင်ဘူး* ဆိုတဲ့စကားတစ်ခွန်းထဲသာ လာပြောပါ ငါစောင့်နေပါ့မယ်။

စောင့်နေတယ်ဆိုတဲ့ စကားဟာရှက်စရာပါ Jeonမပေါ်လာပါဘူး နှစ်ပတ်လုံးလုံးကိုပေါ်မလာတာပါ။ကျွန်တော်ရှက်မိသလို၊ခံပြင်းမိပါသည်။

ကိုယ်ဝါသနာပါသည့် ကျောင်းဆရာအလုပ်ကိုလုပ်နေရင်း မပျော်တော့တဲ့အထိကို နာကျင်နေပါသည်။ဟုိးအရင်က အပူပင်မရှိခဲ့ပါ တစ်ကောင်ကြွက်ဖြစ်တာကြောင့် ဘူဆန်ကနေဆိုလ်းကို တတ်လာကာ ကျောင်းဆရာအဖြစ် အေးချမ်းစွာရှင်သန်ခဲ့သည်။ ဒါတွေဟာလည်း jeon မရောက်လာခင်အချိန်ထိပါပဲ။၊jeonနဲ့ပတ်သတ်ပြီးမှ ကျွန်တော်ဘဝကြီး ဇောက်ထိုးဖြစ်ခဲ့ရတာ။အချစ်‌ေတွ၊အလွမ်း‌ေတွ၊နာကျင်မှု‌ေတွ၊ကျေကွဲမှုတွေဒါတွေအားလုံး jeonနဲ့တွေ့မှခံစားတတ်တာ။
အခုတော့လွမ်းနေပြန်ပြီး jeon။

လူတွေအရှေ့မှာ ဟန်ဆောင်ကာ အော်ရယ်နေပင်မဲ့ လူတွေကွယ်ရာဖြစ်တဲ့ ကျွန်တော်အခန်းရဲ့ ဂျောင်ကျကျနေရာမှာ နေ့တိုင်းညလုံး‌ေပါက်ထိုင်ငိုခဲ့ဖူးတယ်။ကျွန်တော်ထက် သာလို့jeonရွေးချယ်ခဲ့သည့် သူမ၏မျက်နှာကို ပြန်မြင်တိုင်း ကျွန်တော့်ရဲ့လက်ကောက်ဝတ်ကို ဓားဖြင့်အထက်ထက်လှီးနေခဲ့သည်။ နာလားလို့မေးရင် မနာခဲ့ပါ ကျွန်တော်ဟာ ဒဏ်ရာတွေများလို့ ထုံနေတဲ့လူတစ်ယောက်ပါ။အကြောင်းမဲ့ ရေချိုးခန်းထဲဝင်ရင်း ရေပန်ဖွင့်ကာ ရေပန်အောက်မှာ အော်ငိုနေတတ်သည်။

ကျွန်တော်အဖျားတွေကြီးလို့ ကျောင်းတစ်ပတ်ခွင့်ယူခဲ့ပါသည်။ ဖျားလို့များ‌‌ေယာင်ရမ်း၍ jeonများရောက်လာမလားဆိုကာ အရူးတစ်ယောက်လို ညလုံးပေါက် အဖျားတွေကြီးပြီး အောငြီးနေခဲ့သည်။ အပေါင်းသင်းရယ်လို့ မယ်မယ်ရရမရှိတာကြောင့် ဖျားတဲ့အခါလည်း တစ်‌်ယောက်ထဲကြိတ်ခံစားတတ်သည်။‌ဆေးခန်းကိုသွားမပြနိုင်တဲ့အခါ အခန်းထောင့်ထဲ ခွေခွေလေးလှဲအိပ့်ရင်း သက်သာမဲ့ရက်ကို ထိုင်စောင့်နေတတ်သည်။

ဒါတွေကိုjeonသိတယ် ကျွန်တော်မှာအားကိုးစရာ သူတစ်ယောက်ပဲရှိခဲ့တာ jeonကောင်းကောင်းကြီးသိပါတယ်။ ဒါကို လုပ်ရက်တယ်။အပြစ်မတင်ချင်ပင်မဲ့လည်း jeonရယ် မင်းငါ့ပေါ်ကို ရက်စက် ရက်တယ်။

ဖျားနေတဲ့အခါ jeonပြုတ်ပေးတဲ့ ရေကြဲကြဲနဲ့ ခေါက်ဆွဲပြုတ်လေးတော့ စားချင်မိသေးသည်။jeonမရှိတော့လည်း ကျွန်တော်ဟာ ထုံးစံအတိုင်း အိပ့်ယာပေါ်မှာ‌ေခွ‌ေခွလေးလှဲအိပ့်နေလိုက်သည်။ညရောက်လို့ jeonများရောက်လာမလာလို့ လန့်လန့်နိုးလာခဲ့ပင်မဲ့ jeonကိုမတွေ့တော့ သူမဆီမှာများလားလို့ တွေးကာ ငိုရင်းပြန်အိပ့်ပျော်သွားတတ်သည်။

ဒီနေ့တော့ ကျွန်တော်ကျောင်းသွားခဲ့ပါသည်။ နေကောင်းသွားပင်မဲ့ လက်ကဒဏ်ရာတွေကတော့ တစ်ဆစ်ဆစ်နဲ့။လက်ကဒဏ်ရာတွေ အရမ်းများတာကြောင့် နေမကောင်းခြင်းကို အကြောင်းပြကာ အကျလက်ရှည်ကြီး ဝတ်လာခဲ့သည်။ အဆင်ပြေပါတယ် ‌စာသင်နေတဲ့ တစ်လျှောက်လုံး အရာအားလုံးအဆင်ပြေခဲ့ပါတယ် jeon ကိုလွမ်းလို့ အခန်းအပြင်ကို မျက်စိရောက်သွားတာကလွဲလို့။အရင်က ကျောင်းရှေ့ ရစ်သီရစ်သီလာလာလုပ်နေတတ်သည့် အလုပ်မရှိအကိုင်မရှိ သဌေးသားလေးကို လွမ်းတာကလွဲလို့။သူမနဲ့များ Dateနေမလားဆိုကာ မျက်လုံးထဲ အရည်ကြည်တွေလဲ့ လာတာက လွဲလို့အကုန် အဆင်ပြေပါသည်။

ကျောင်းဆင်တော့ ကျွန်တော် မျှော်နေခဲ့ပါသေးသည်။ "ကျွန်တော်ကိုနောက်နေ့ဆို စောင့်နေနော် လာကြိုမယ်"ဆိုတဲ့ စကားလေးကြောင့် မျှော်နေရင်းက‌ေန ဟိုနေ့ညက စောင့်နေခဲ့ပင်မဲ့ မရောက်လာခဲ့တဲ့သူကြောင့် ကျွန်တော်တစ်ယောက်ထဲ မလုံမလည်းရှက်ကာ အိမ်ကိုပြန်လာခဲ့သည်။

တစ်ယောက်ထဲ စိတ်ထဲလျစ်ဟာနေတာကြောင့် လမ်းတစ်လျှောက် အတွေးထဲဘာမှ ရှိမနေခဲ့ပါ။

"Min........."

အနောက်က ခေါ်သံကြားမှ အသိဝင်လာခဲ့သည်။ ဒီသံ ပေါ်လာခဲ့ပြီးပေါ့ လွမ်းလိုက်ရတာ ဒီအသံလေး။ဒါပင်မဲ့ ကျွန်တော်လှည့်မကြည့်ပါ လမ်းတာဆက်လျှောက်နေလိုက်သည်။ဟုတ်တယ်လေ ကျွန်တော်ခနတော့ လျှစ်လျုရှုပြစေ။ မျက်ဝန်ထဲက မျက်ရည်တို့ပင်ကျလာခဲ့သည်။ ဘယ်လောက်တောင် သူ့ကိုလွမ်းနေခဲ့တာလည်းကွာ။

"Park jimin ကိုယ်ခေါ်နေတယ်လေ......"

"အားးးးးးး"

‌ဒေါသအသံနဲ့အတူ ကျွန်တော့် ဝဲဘက်လက်ကလေးကိုလာ‌ဆွဲတော့။ဓားဒဏ်ရာကို jeonလက်ဖြင့်ဖိမိသလိုဖြစ်ကာ သေမတတ်နာကျင်သွားတာကြောင့် ဟန်မဆောင်နိုင်စွာအော်မိသည်။

"Min‌လက်က ....."

Jeonရဲ့ဆိုရိမ်းတကြီး အသံကြားလို့ ကိုယ့်လက်ကိုယ် ငုံ့ကြည့်လိုက်တော့ ပန်နုရောင် လက်ရှည်လေးပေါ်မှာ ရဲတောက်နေသည့် သွေးတွေ

အဲ့ေန႕ညက ကြၽန္ေတာ္ jeonကိုေရခဲမုန႔္ဆိုင္ေလးမွာ သုံးနာရီေလာက္ထိုင္ေစာင့္ခဲ့သည္ jeonမ်ားျပန္လာေခၚမလားဆိုၿပီးေတာ့ေပါ့။ေရာက္မလာပါဘူး ဖုန္းဆက္ေတာ့လည္း မကိုင္ဘူး။‌သုံးနာရီလုံးလုံးထိုင္ေစာင့္ ၿပီးကာမွ ေရခဲမုန႔္ဆိုင္က jeonမွာထားခဲ့တဲ့ ေရခဲမုန့္ႏွစ္ခြက္ကို ကိုင္ကာျပန္လာခဲ့သည္။

လမ္းတစ္ေလွ်ာက္လုံး ေပ်ာ္ျမဴးေနသည့္လူေတြဟာ ကြၽန္ေတာ္ကိုေလွာင္ေနသလိုလို။လက္ထဲကေရခဲမုန႔္ ႏွစ္ခြက္ဟာလည္း အရည္ေျပာ္ကာ လက္ေပၚသို႔တစ္ဆက္ဆက္က်ေနသည္။

လႊတ္မျပစ္ရက္ပါ သူတို႔လည္းကြၽန္ေတာ္လို အထီးက်န္ေနခဲ့မွာ။‌ထုိ‌ေနာက္ လက္ထဲကိုျပန္ၾကည့္လိုက္ေတာ့ ေရခဲမုန့္ကႏွစ္ခြက္ေတာင္ ဟုတ္သားပဲ မင္းတို႔ကအေဖာ္နဲ႕ေလ ငါလိုအထီမက်န္ေနခဲ့ပါဘူးဟုေျပာကာ လမ္းေဘးအမွိုက္ပုံထဲသို႔ ထိုေရခဲမုန႔္ႏွစ္ခြက္ကို ျပစ္ထားခဲ့လိုက္သည္။

တစ္လမ္းလုံးငိုခဲ့သည္ ကြၽန္ေတာ္ေလွ်ာက္ေနသည့္ ေျခလွမ္းေတြနဲ႕အၿပိဳင္ကိုငိုခဲ့တာ။မခ်စ္ရင္ မခ်စ္ဖူးေျပာလိုက္ပါ မုန္းရင္မုန္းတယ္ေပါ့ ဘာလို႔ ဂ႐ုစိုက္ျပလိုက္ ထားခဲ့လိုက္လုပ္ေနရတာလည္း ။ငါကဂ႐ုစိုက္မႈ မခံခဲ့ရတဲ့ လူတစ္ေယာက္မို႔ နည္းနည္းေလးဂ႐ုစိုက္ျပရင္ အ႐ူးတစ္ေယာက္လို အဲ့လူကိုစြဲလမ္းသြားတာ။

မုန္းျပစ္ခ်င္သည္ jeonလုပ္ေနသည့္လုပ္ရက္တိုင္းကိုမုန္း ျပစ္ခ်င္သည္။အခြင့္ေရးသာရွိခဲ့ရင္ ကြၽနမေတာ္ဟာ jeonကိုမုန္းတဲ့လူသား တစ္ေယာက္အျဖစ္ရွင္သန္ၾကည့္ခ်င္တယ္။

မလုံေလာက္ဘူးထင္တယ္ jeonရဲ႕ဉပကၡာျပဳမႈေတြက ဒီကငတုံးကိုမုန္းဖို႔အတြက္ မလုံေလာက္ေသးဘူးထင္ပါတယ္။ရင္ကြဲနာက်တဲ့ တစ္ေန႕ၾကမွ ကြၽန္ေတာ္jeon ကိုမုန္းလို႔ရမွာလား။

3ရက္ရွိၿပီး အဲ့ေနညထဲက ‌jeonေပၚမလာခဲ့တာ 3ရက္ရွိသြားၿပီး ဖုန္းလည္းဆက္မရသလို ဘာသတင္းအစနမွလည္းမၾကားခဲ့ပါ။ သူေပးထားသည့္ အိမ္လိပ္စာေလးကိုၾကည့္မိျပန္ေတာ့လည္း သူေဌးေတြပဲေနသည့္ေနရာ ျဖစ္သည္။ လိုက္သြားကာ *အဲ့ညက ဘာလို႔တစ္ေယာက္ထဲထားခဲ့တာလည္း*လို႔ ေအာ္ငိုကာေမးၾကည့္ခ်င္ပါသည္ ဒါပင္မဲ့ ကြၽန္ေတာ္လိုက္သြားလိုက္လို႔မ်ား jeonအတြက္မ်က္ႏွာ ပ်က္စရာမ်ားျဖစ္ေနခဲ့ရင္ဆိုတဲ့အေတြးနဲ႕ လိုက္မသြားျဖစ္ပါဘူး။

တကယ္ေတာ့ Jeonရဲ႕ရွင္းျပခ်က္ကိုလိုခ်င္ေသးသည္။Jeon ဘယ္လိုပဲမွားေနမွားေန ဘာေတြပဲလုပ္ေနလုပ္ေန မသိခ်င္ေယာင္ေဆာင္ေပးကာ ဆက္ခ်စ္သြားမဲ့အထိကို ဒီလူက႐ူးေနၿပီးသားပါ အဲ့တာေၾကာင့္ ငါ့ကို *မခြဲနိုင္ဘူး* ဆိုတဲ့စကားတစ္ခြန္းထဲသာ လာေျပာပါ ငါေစာင့္ေနပါ့မယ္။

ေစာင့္ေနတယ္ဆိုတဲ့ စကားဟာရွက္စရာပါ Jeonမေပၚလာပါဘူး ႏွစ္ပတ္လုံးလုံးကိုေပၚမလာတာပါ။ကြၽန္ေတာ္ရွက္မိသလို၊ခံျပင္းမိပါသည္။

ကိုယ္ဝါသနာပါသည့္ ေက်ာင္းဆရာအလုပ္ကိုလုပ္ေနရင္း မေပ်ာ္ေတာ့တဲ့အထိကို နာက်င္ေနပါသည္။ဟုိးအရင္က အပူပင္မရွိခဲ့ပါ တစ္ေကာင္ႂကြက္ျဖစ္တာေၾကာင့္ ဘူဆန္ကေနဆိုလ္းကို တတ္လာကာ ေက်ာင္းဆရာအျဖစ္ ေအးခ်မ္းစြာရွင္သန္ခဲ့သည္။ ဒါေတြဟာလည္း jeon မေရာက္လာခင္အခ်ိန္ထိပါပဲ။၊jeonနဲ႕ပတ္သတ္ၿပီးမွ ကြၽန္ေတာ္ဘဝႀကီး ေဇာက္ထိုးျဖစ္ခဲ့ရတာ။အခ်စ္‌ေတြ၊အလြမ္း‌ေတြ၊နာက်င္မႈ‌ေတြ၊ေက်ကြဲမႈေတြဒါေတြအားလုံး jeonနဲ႕ေတြ႕မွခံစားတတ္တာ။
အခုေတာ့လြမ္းေနျပန္ၿပီး jeon။

လူေတြအေရွ႕မွာ ဟန္ေဆာင္ကာ ေအာ္ရယ္ေနပင္မဲ့ လူေတြကြယ္ရာျဖစ္တဲ့ ကြၽန္ေတာ္အခန္းရဲ႕ ေဂ်ာင္က်က်ေနရာမွာ ေန႕တိုင္းညလုံး‌ေပါက္ထိုင္ငိုခဲ့ဖူးတယ္။ကြၽန္ေတာ္ထက္ သာလို႔jeonေ႐ြးခ်ယ္ခဲ့သည့္ သူမ၏မ်က္ႏွာကို ျပန္ျမင္တိုင္း ကြၽန္ေတာ့္ရဲ႕လက္ေကာက္ဝတ္ကို ဓားျဖင့္အထက္ထက္လွီးေနခဲ့သည္။ နာလားလို႔ေမးရင္ မနာခဲ့ပါ ကြၽန္ေတာ္ဟာ ဒဏ္ရာေတြမ်ားလို႔ ထုံေနတဲ့လူတစ္ေယာက္ပါ။အေၾကာင္းမဲ့ ေရခ်ိဳးခန္းထဲဝင္ရင္း ေရပန္ဖြင့္ကာ ေရပန္ေအာက္မွာ ေအာ္ငိုေနတတ္သည္။

ကြၽန္ေတာ္အဖ်ားေတြႀကီးလို႔ ေက်ာင္းတစ္ပတ္ခြင့္ယူခဲ့ပါသည္။ ဖ်ားလို႔မ်ား‌‌ေယာင္ရမ္း၍ jeonမ်ားေရာက္လာမလားဆိုကာ အ႐ူးတစ္ေယာက္လို ညလုံးေပါက္ အဖ်ားေတြႀကီးၿပီး ေအာၿငီးေနခဲ့သည္။ အေပါင္းသင္းရယ္လို႔ မယ္မယ္ရရမရွိတာေၾကာင့္ ဖ်ားတဲ့အခါလည္း တစ္‌္ေယာက္ထဲႀကိတ္ခံစားတတ္သည္။‌ေဆးခန္းကိုသြားမျပနိုင္တဲ့အခါ အခန္းေထာင့္ထဲ ေခြေခြေလးလွဲအိပ့္ရင္း သက္သာမဲ့ရက္ကို ထိုင္ေစာင့္ေနတတ္သည္။

ဒါေတြကိုjeonသိတယ္ ကြၽန္ေတာ္မွာအားကိုးစရာ သူတစ္ေယာက္ပဲရွိခဲ့တာ jeonေကာင္းေကာင္းႀကီးသိပါတယ္။ ဒါကို လုပ္ရက္တယ္။အျပစ္မတင္ခ်င္ပင္မဲ့လည္း jeonရယ္ မင္းငါ့ေပၚကို ရက္စက္ ရက္တယ္။

ဖ်ားေနတဲ့အခါ jeonျပဳတ္ေပးတဲ့ ေရႀကဲႀကဲနဲ႕ ေခါက္ဆြဲျပဳတ္ေလးေတာ့ စားခ်င္မိေသးသည္။jeonမရွိေတာ့လည္း ကြၽန္ေတာ္ဟာ ထုံးစံအတိုင္း အိပ့္ယာေပၚမွာ‌ေခြ‌ေခြေလးလွဲအိပ့္ေနလိုက္သည္။ညေရာက္လို႔ jeonမ်ားေရာက္လာမလာလို႔ လန႔္လန႔္နိုးလာခဲ့ပင္မဲ့ jeonကိုမေတြ႕ေတာ့ သူမဆီမွာမ်ားလားလို႔ ေတြးကာ ငိုရင္းျပန္အိပ့္ေပ်ာ္သြားတတ္သည္။

ဒီေန႕ေတာ့ ကြၽန္ေတာ္ေက်ာင္းသြားခဲ့ပါသည္။ ေနေကာင္းသြားပင္မဲ့ လက္ကဒဏ္ရာေတြကေတာ့ တစ္ဆစ္ဆစ္နဲ႕။လက္ကဒဏ္ရာေတြ အရမ္းမ်ားတာေၾကာင့္ ေနမေကာင္းျခင္းကို အေၾကာင္းျပကာ အက်လက္ရွည္ႀကီး ဝတ္လာခဲ့သည္။ အဆင္ေျပပါတယ္ ‌စာသင္ေနတဲ့ တစ္ေလွ်ာက္လုံး အရာအားလုံးအဆင္ေျပခဲ့ပါတယ္ jeon ကိုလြမ္းလို႔ အခန္းအျပင္ကို မ်က္စိေရာက္သြားတာကလြဲလို႔။အရင္က ေက်ာင္းေရွ႕ ရစ္သီရစ္သီလာလာလုပ္ေနတတ္သည့္ အလုပ္မရွိအကိုင္မရွိ သေဌးသားေလးကို လြမ္းတာကလြဲလို႔။သူမနဲ႕မ်ား Dateေနမလားဆိုကာ မ်က္လုံးထဲ အရည္ၾကည္ေတြလဲ့ လာတာက လြဲလို႔အကုန္ အဆင္ေျပပါသည္။

ေက်ာင္းဆင္ေတာ့ ကြၽန္ေတာ္ ေမွ်ာ္ေနခဲ့ပါေသးသည္။ "ကြၽန္ေတာ္ကိုေနာက္ေန႕ဆို ေစာင့္ေနေနာ္ လာႀကိဳမယ္"ဆိုတဲ့ စကားေလးေၾကာင့္ ေမွ်ာ္ေနရင္းက‌ေန ဟိုေန႕ညက ေစာင့္ေနခဲ့ပင္မဲ့ မေရာက္လာခဲ့တဲ့သူေၾကာင့္ ကြၽန္ေတာ္တစ္ေယာက္ထဲ မလုံမလည္းရွက္ကာ အိမ္ကိုျပန္လာခဲ့သည္။

တစ္ေယာက္ထဲ စိတ္ထဲလ်စ္ဟာေနတာေၾကာင့္ လမ္းတစ္ေလွ်ာက္ အေတြးထဲဘာမွ ရွိမေနခဲ့ပါ။

"Min........."

အေနာက္က ေခၚသံၾကားမွ အသိဝင္လာခဲ့သည္။ ဒီသံ ေပၚလာခဲ့ၿပီးေပါ့ လြမ္းလိုက္ရတာ ဒီအသံေလး။ဒါပင္မဲ့ ကြၽန္ေတာ္လွည့္မၾကည့္ပါ လမ္းတာဆက္ေလွ်ာက္ေနလိုက္သည္။ဟုတ္တယ္ေလ ကြၽန္ေတာ္ခနေတာ့ လွ်စ္လ်ဳရႈျပေစ။ မ်က္ဝန္ထဲက မ်က္ရည္တို႔ပင္က်လာခဲ့သည္။ ဘယ္ေလာက္ေတာင္ သူ႕ကိုလြမ္းေနခဲ့တာလည္းကြာ။

"Park jimin ကိုယ္ေခၚေနတယ္ေလ......"

"အားးးးးးး"

‌ေဒါသအသံနဲ႕အတူ ကြၽန္ေတာ့္ ဝဲဘက္လက္ကေလးကိုလာ‌ဆြဲေတာ့။ဓားဒဏ္ရာကို jeonလက္ျဖင့္ဖိမိသလိုျဖစ္ကာ ေသမတတ္နာက်င္သြားတာေၾကာင့္ ဟန္မေဆာင္နိုင္စြာေအာ္မိသည္။

"Min‌လက္က ....."

Jeonရဲ႕ဆိုရိမ္းတႀကီး အသံၾကားလို႔ ကိုယ့္လက္ကိုယ္ ငုံ႕ၾကည့္လိုက္ေတာ့ ပန္ႏုေရာင္ လက္ရွည္ေလးေပၚမွာ ရဲေတာက္ေနသည့္ ေသြးေတြ

Продолжить чтение

Вам также понравится

1.3M 56.6K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
5.8K 523 7
အဆုံးသတ်ဖို့ခက်​နေကြတဲ့ဒီဇာတ်လမ်းမှာ....
Doors open. ash

Фанфик

539K 8.4K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
Mirror Love (Completed) Navy Pyar

Любовные романы

302K 25.8K 29
မ်က္လံုးေမွးေမွးေလးရယ္ နွုတ္ခမ္းဖူးဖူးေလးနဲ့ေကာင္ေလးကို က်ေနာ္ျမင္ျမင္ခ်င္းခ်စ္မိသြားတယ္ ~~~Jeon Jungkook က်ေနာ္Play boyတေယာက္ရဲ့အခ်စ္ကိုမယံုရဲဘူး ~~...