A Boy Named JeonJungKook [Co...

Yon_Di tarafından

309K 30.9K 3.5K

ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜 Daha Fazla

!! Part 1 !!
!! Part 2 !!
!! Part 3 !!
!! Part 4 !!
!! Part 5 !!
!! Part 6 !!
!! Part 7 !!
!! Part 8 !!
!! Part 9 !!
!! Part 10 !!
!! Part 10 !!
!! Part 11 !!
!! Part 12 !!
!! Part 13 !!
!! Part 14 !!
!! Part 15 !!
!! Part 16 !!
!! Part 18 !!
!! Part 19 !!
!! Part 20 !!
!! Part 21 !! (Final)
ABNJJK Limited Gift
Comic
Book Cover
Order Announcement
Book [Second Edition]

!! Part 17 !!

8.2K 1K 68
Yon_Di tarafından

Unicode

ကျောင်းပိတ်ရက်မလို့ TaeHyung ကတော့အိမ်မှာပဲ လုပ်စရာရှိတာတွေလုပ်ပြီး ပျင်းရိရိရှိနေသည်။ တစ်ခုခုလိုနေသလိုခံစားချက်ကြီးက ဘာလိုလို့ လိုနေမှန်းကိုမသိ။ ဆားမပါတဲ့ဟင်းတစ်ခွက်လို ဒီနေ့တစ်နေကုန်ပေါ့ဟာဟာကြီးပင်။

ဘာရယ်မဟုတ် အိပ်ယာပေါ်လှဲရင်း ဟိုဝဲစားလေးအကြောင်းကအတွေးတွေထဲ ရုတ်တရက်ပိုင်စိုးပိုင်နင်းရောက်ချလာတော့သည်။ သူ့လောက် ဒီဟာလေးကို ပစ်ပစ်ခါခါပြောတာသူပဲရှိမည်ထင်သည်။ အခုချိန်အထိသူ့အနားမှာဆဲသမျှကိုမနာနိုင်ပဲ တွယ်ကပ်နေတာကို သနားစိတ်လေးတောင်ဝင်လာသလိုပင်။ ပြန်တွေးကြည့်တော့ ဒီကောင်လေးတစ်ကယ်ပဲသူ့ကိုချစ်နေသလား။ လွယ်လွယ်ကူကူယုံတတ်တဲ့အကျင့်မရှိတဲ့သူ့အတွက်တော့ ဒီကောင်လေးကိုယုံချင်နေမိတာ ထူးတော့ထူးဆန်းသား။ သနားစိတ်ကဝင်လာလို့ပဲလား စကားအပြောကောင်းလို့ပဲ ရင်မှာနေရာပေးချင်နေမိပြီလားမပြောတတ်။
သေချာသလိုရှိနေတာကတော့ ဒီကောင်လေးသူ့ရင်ထဲတစ်စိတ်တစ်ပိုင်းမှာ ပျိုးပင်လေးတစ်ခုပျိုးထားပေးပြီပဲဖြစ်သည်။

အတွေးတွေကို ဟိုဝဲစားလေးနယ်ချဲ့နေတုန်း အိမ်ရှေ့ကတံခါးဘဲလ်သံကြောင့် အိပ်ယာပေါ်ကနေထလာလိုက်သည်။ လာစရာဧည့်သည်မရှိတာမလို့ TaeHyung ဘယ်သူလဲစဉ်းစားလို့မရ။ တံခါးဖွင့်ဖွင့်ချင်း မေမေ့ကိုတွေ့လိုက်ရတာမလို့ TaeHyung အံ့ဩသွားသလို ပျော်လည်းပျော်သွားရသည်။

"မေမေ....ဘယ်လိုရောက်လာတာလဲ...သားကိုပေး အထုတ်တွေ"

အိမ်တံခါးဝမှာအထုတ်အပိုးအပြည့်နှင့်မေမေ့ဆီက အထုတ်အပိုးတွေကိုကူသယ်ပေးလိုက်ပြီး အိမ်ထဲခေါ်လာလိုက်သည်။

"အကြောင်းမကြားဘာမကြားနဲ့မေမေရယ်...သားအိမ်မှာမရှိရင်ဘယ်လိုလုပ်မလဲ"

"ကျောင်းပိတ်ရက်ဖြစ်လို့ မေမေလည်းအစီအစဉ်မရှိရောက်လာတာပါ သားလေးရယ်....မေမေ့သားလေး အရံဟင်းတွေကုန်လောက်ပြီထင်လို့ ထည့်ပြီးလာပို့ပေးတာ"

တစ်ကယ်လည်း TaeHyung ရဲ့ ရေခဲသေတ္တာလေးထဲ အရံဟင်းတွေကုန်နေပြီ။ ချက်မစားချင်တာနဲ့ ပစ်စလက်ခတ်ခေါက်ဆွဲပဲပြုတ်ပြုတ်စားနေတာ။ ခေါက်ဆွဲပြုတ်ဆိုလို့ ဟိုတစ်ရက်ကဝဲစားလေးပြောတာကိုသတိရပြီး နားရွက်ဖျားလေးတွေတောင်ရဲတက်လာရတော့သည်။

ရေခဲသေတ္တာထဲဖွင့်ကြည့်ပြီး ဘာမှသိပ်မရှိတဲ့သူ့ကိုမေမေကပွစိပွစိပြောနေသေးသည်။ TaeHyung ကိုယ့်အတွေးနဲ့ကိုယ်တစ်ယောက်တည်းရှက်နေတာမလို့ ကြားတစ်ချက်မကြားတစ်ချက်။

"ထမင်းစားပြီးပြီလား"

TaeHyung ခေါင်းလေးယမ်းပြတော့မေမေက မျက်စောင်းလေးနှင့်ကြည့်လာတာမလို့ သွားလေးတွေအကုန်ပေါ်အောင်သာစိပြီးရယ်ပြမိတော့သည်။

"ဒါဆို ခဏစောင့်ဦး မေမေချက်ပေးမယ်"

"ဟုတ်"

မေမေလက်ရာကိုဝေးနေတာကြာပြီမလို့ TaeHyung ချက်ချင်းပင်ခေါင်းညိတ်မိတော့သည်။ ထိုစဉ် နောက်ထပ်ကြားလိုက်ရတဲ့ တံခါးဘဲလ်သံကြောင့် TaeHyung မှာတံခါးကိုသွားပြီး ပြေးဖွင့်ရပြန်သည်။

ဒီတစ်ခါတံခါးအဝမှာတွေ့လိုက်ရတာတော့ ဟိုဝဲစားလေး။ သူလည်းအထုတ်အပိုးတွေအပြည့်နဲ့ပဲ။

"ဘာလာလုပ်တာလဲ"

"အောဟော ကိုယ့်ရဲ့ပိုင်ရှင်ကအိမ်လာတာကိုအခုလိုပြောစရာလား"

"မင်းမေကြီးတော်ကို ပိုင်ရှင်လား...လစ်တော့"

"ရမယ်ထင်လား"

အထုတ်အပိုးတွေတစ်ပွေ့တစ်ပိုက်နှင့် အိမ်ထဲမရမကဝင်လာတဲ့ဟာလေးကြောင့် TaeHyung စိတ်ညစ်ပြီ။ မေမေရောက်နေတာလေ။ မတော်တရော် ပေါက်ကရတွေထပြောရင် သူပဲပြေးပေါက်မှားမှာ။

"Baby Hyung ကျွန်တော် ဒီအပေါ်တင်ထား လိုက်...."

စကားမဆုံးခင် မီးဖိုထဲက အန်တီကြီးတစ်ယောက်ကြောင့် JungKook စကားလေးတွေလေထဲရပ်တန့်ကုန်သည်။ ထိုအန်တီကြီးကလည်း သူ့အသံကြီးကြောင့် နားမလည်သလိုကြောင်အစွာပြန်ကြည့်နေသည်။

"ဘယ် သူလဲဟင်"

"အာ ကျွန်တော်က Jeon Jung Kook ပါ....Baby Hyung လေးရဲ့ မူပိုင်.....ရှင် အင် အင်"

"Jeon Jung Kook"

ဒီတစ်ခါလည်းကြောက်မက်ဖွယ်အသံနက်ကြီးနဲ့ Baby Hyung ရဲ့အော်သံကြောင့် သူ့ရဲ့စကားတွေလေထဲရပ်တန့်ရပြန်သည်။

"မင်းလာဦး....မေမေ ခဏလေးနော် သူနဲ့ပြောစရှိလို့"

"အေးအေး သားလေး"

TaeHyung မှာ JungKook ကိုခပ်ကြိတ်ကြိတ်ခေါ်ကာအနားရောက်တော့ ဗိုက်ခေါက်လိမ်ဆွဲတော့ တအားအားနှင့်အော်ပြီးပါလာလေသည်။ မေမေကဘာဖြစ်လို့လဲဟူသောအကြည့်နှင့်လှည့်ကြည့်တော့ TaeHyung ဘာမှမဟုတ်သလိုပြုံးပြရင်းသာထွက်လာလိုက်သည်။

အိပ်ခန်းထဲထိဗိုက်ခေါက်လိမ်ဆွဲပြီးခေါ်လာတာမလို့ JungKook တို့လိမ်ပြီးတော့ကိုပါလာတာဖြစ်သည်။

"Baby Baby Hyung နာတယ်လို့ အ့ မလိမ်ထားနဲ့လို့"

"ပြင်စမ်း အဲ့ Baby Hyung လို့ခေါ်တာကို....ငါ့အမေရောက်နေတာနားမလည်ဘူးလား"

"ထင်တော့ထင်ပါတယ် ရုပ်ကလေးတူတော့"

"ငါပြောပြီးသားနော် အမေ့ရှေ့အဲ့လိုထပ်ခေါ်ရင် ရှိသမျှအကုန်အလိမ်ခံရမယ်မှတ်"

"ဟီး ဟီး ပျော်ပျော်ကြီးအလိမ်ခံမှာပေါ့"

"အခုဘာလာလုပ်လဲ အိမ်ကို...လိပ်စာသိပြီဆိုတာနဲ့လာလိုက်တာဆိုတာ ငါ့အိမ်ရှေ့မင်းခြေရာတွေချည်းပဲ"

"အဲ့ခြေရာတွေကြည့်ပြီးသတိရနေတာမလား ဘယ်တော့လာမလဲမျှော်နေတာမလား မလိမ်ပါနဲ့ ဒီက Daddy ကအဲ့လိုတွေသိနေလို့ Baby ဆီကတောင်းဆိုစရာမလိုအောင်အရောက်လာပေးတာ"

"မအေပေးလေး...ငါဆဲရင်ငါရိုင်းတယ်ဖြစ်မယ်"

"အချစ်တွေပဲပေးမယ်လေ heartu heartu"

"ဘောကွာ"

"ဘောလည်းယူ အချစ်လည်းယူ အကုန်လုံးယူ ပျော်ပျော်ကြီးပေးတယ်"

လောလောဆယ်တော့ TaeHyung ခေါင်းထဲဒါလေးကိုဘာနဲ့ရိုက်ထုတ်ရင်ကောင်းမလဲပဲစဉ်းစားနေမိတာဖြစ်သည်။

"ကဲ စိတ်မကောက်ပါနဲ့ ဟိုတနေ့က ရေခဲသေတ္တာထဲဘာမှမရှိတာတွေ့လို့ မုန့်တွေဝယ်လာပေးတာကို"

"မင်းကိုဝယ်လာခိုင်းလို့လား"

"No no ဒါမျိုးတွေက Baby ဘက်ကတောင်းဆိုစရာမလိုအောင် Daddy ဘက်ကအလိုက်သိနေရမှာ"

"အား ငါဒေါသထွက်လာပြီနော် Jeon Jung Kook"

"အာအီဂူး အန်းဂရီးဘေဘီဘီးယား(Angry baby bear)လေးကိုကြည့်ပါဦး အူးဟူးဟူး"

ပါးနှစ်ဖက်ကိုဆွဲညှစ်ကာ အသည်းတယားယားဆိုလာတဲ့ JungKook ကသူ့ကိုအရုပ်တစ်ရုပ်ထင်နေတာများလား။

"ပြန်တော့ အမေရောက်နေတာ"

"ပြန်စရာလားဗျာ....အမေ့ကိုတစ်ခါတည်းမိတ်ဆက်ရမှာပေါ့"

TaeHyung ခေါင်းဘာနဲ့အထုခံလိုက်လို့ခံလိုက်ရမှန်းတောင်မသိ။ ဒါမှမဟုတ် ငယ်ထိပ်ပဲမိုးကြိုးပစ်ချလိုက်တာလား။ သူကပိုင်စိုးပိုင်နင်းအမေလို့တောင်ခေါ်နေသေးသည်။

"ကဲ သွားပြီးမိတ်ဆက်လိုက်ဦးမယ်"

"မဟုတ်ဘူး အိမ်ပြန်"

TaeHyung ကိုအဖတ်တောင်မလုပ်တော့ပဲ မီးဖိုခန်းထဲကော့တော့ကော့တော့ဝင်သွားချေပြီ။ TaeHyung တော့ ဒုက္ခနဲ့လှလှ တွေ့တာမဟုတ်ပဲ ဒုက္ခနဲ့ကုကု တွေ့ပြီ။

"မေမေကဟင်းတွေချက်နေတာပဲ...ကျွန်တော်လည်းကူလုပ်ပေးမယ်လေဗျ"

ယဉ်ကျေးချိုသာသောအသံတစ်ခုက သူမအနားမှာထွက်ပေါ်လာတာမလို့ လှည့်ကြည့်မိတော့ ခုနကကောင်လေးဖြစ်နေသည်။

"သားလေးရဲ့သူငယ်ချင်းထင်တယ်"

"ကောင်လေးပါဗျ"

"ဟေ"

"တစ်ကယ်ဗျ...ကောင်လေးဖြစ်ဖို့ booking လုပ်ထားတာ တရားဝင်လက်မှတ်ပြန်မကျလာသေးလို့လေ စောင့်ဆိုင်းစာရင်းလေးထဲကပေါ့ဗျာ"

"အဲ့ကောင်စကားတွေယုံမနေနဲ့မေမေ လျှောက်ပြောနေတာ"

TaeHyung ကပါမီးဖိုခန်းထဲဝင်လာရင်း အော်ပြောသည်။

"အော် အေးပါကွယ်"

"ဘယ်ကသာ မေမေရဲ့....မကြာခင်မှာ မေမေသားတစ်ယောက်ထပ်တိုးလာတော့မှာ"

သားငယ်မကြိုက်မှန်းသိလို့ စ,နေတဲ့ကောင်လေးက ဘယ်သူမှန်းမသိပေမဲ့ ချစ်စရာတော့အကောင်းသား။ သားငယ်မှာ အခုလိုသူငယ်ချင်းတွေရှိတာမြင်ရတော့ ဘာပဲဖြစ်ဖြစ် သူမစိတ်ပူတာတွေလျော့ပါသည်လေ။

ကင်မ်ချီဟင်းရည်ချက်ရန်လှီးဖြတ်ထားတဲ့ ပန်းကန်ထဲကကင်မ်ချီဖတ်တစ်ဖတ်ကို စွက်ခနဲ နှိုက်စားရင်း ဘယ်လိုအရသာကောင်းကြောင်းပြောပြီးတစ်ယောက်တည်းယောက်ယက်တွေခတ်နေသည်။ မေမေကလည်းသူမလက်ရာကိုချီးကျူးတော့ ပြုံးလို့ရွှင်လို့။ မေမေ့အနားမှာ ယောက်ယက်ခတ်ဖြစ်ပျက်နေတဲ့ထိုဝဲစားလေးကို TaeHyung မနိုင်တော့ထိုင်ပြီးပဲကြည့်နေလိုက်တော့သည်။

"မေမေ့ကို ကူချက်ပေးချင်တာ...ကျွန်တော်က ဟင်းချက်တာဘာဘာညာညာအကုန်လုပ်တတ်တယ်...ဒါပေမယ့် မေမေ့လက်ရာလေးစားချင်လို့ ဘေးကနေတောက်တိုမယ်ရလေးတွေပဲကူမယ်နော် ဟီး"

"ဟုတ်ပါပြီရှင်....အပြောကတော့ကောင်းသလားမပြောနဲ့"

"အဲ့တာတွေကြောင့်ပဲ အမေ့သား Baby Hyung လေးက ကျွန်တော့်ကိုပစ်ကြွေနေတာဗျ"

စကားပြောလည်းသွက်သွက်လက်လက်နှင့်ချစ်စရာကောင်းတဲ့ဒီကလေးက သားထက်တော့ငယ်ပုံရလောက်သည်။ ရယ်စရာတွေပြောရင်းနဲ့ ဟင်းချက်နေတဲ့အချိန်ခဏလေးအတွင်းပဲ ဒီကလေးနှင့်သူမရင်းနှီးလာတော့သည်။

"ကဲ ဟင်းပွဲတွေရပါပြီ"

ကျောက်အိုးပူပူထဲက တပွက်ပွက်အမြှုပ်ထနေဆဲ ကင်မ်ချီဟင်းရည်က နီနီရဲရဲနှင့် ပူပူလေး။ ကြက်သွန်မြိတ် အစိမ်းလေးက ဟင်းပွဲနီနီပေါ်မှာအထင်းသား။ မေမေခူးပေးထားတဲ့ ထမင်းပန်းကန်လုံးလေးထဲက ထမင်းကိုအရင်စားလိုက်ပြီး ကင်မ်ချီဟင်းရည်လေးပါတွဲသောက်လိုက်တော့ အရသာကကောင်းလွန်းလို့ငိုတောင်ငိုချင်သွားရသည်။ TaeHyung မေမေ့လက်ရာကိုစားချင်နေခဲ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။

"အာ"

ရုတ်တရက်ကြီးထွက်လာတဲ့အသံမလို့ TaeHyung နင်သွားပြီးချောင်းပါဆိုးကုန်တဲ့အထိ။ ပဲကြာဇံသုပ်ကို တူနဲ့ညှပ်ထားပြီး သူ့မျက်နှာအရှေ့ထိုးပေးကာ ခွံကျွေးနေပြီး မေမေကလည်းကြည့်နေသည်မလို့ သီးကုန်ရတာဖြစ်သည်။

"ဟော ရင်တွေခုန်သွားတာလား Baby Hyung ရ...ဘာမှမဟုတ်တာလေးနဲ့"

ရေခွက်လည်းကမ်းပေးရင်း စကားနဲ့အသားလည်းယူရင်းပေါ့လေ။ TaeHyung  မှာလည်း ရေသောက်ချလိုက်မှ အနည်းငယ်နေသာထိုင်သာရှိသွားရသည်။

"အဆင်ပြေရဲ့လားသားငယ်"

"ဟုတ် ပြေတယ်မေမေ"

"ဖြည်းဖြည်းစားပါသားငယ်ရဲ့....မေမေဟင်းတွေထားထားပေးခဲ့တာပဲကို"

မေမေကနောက်သလိုပြောတော့ TaeHyung ရှက်ရှက်နှင့်ခေါင်းသာတစ်ဆတ်ဆတ်ညိတ်ပြမိသည်။ သူအခုလိုဖြစ်တာဟိုဝဲစားလေးကြောင့်လေ။ ဒင်းလေးကသူ့ကိုကြည့်ပြီးပြုံးစိစိနဲ့။ မေမေ့ပန်းကန်ထဲဟင်းတွေထည့်ပေးရင်း အဖားကလည်းမပျက်ပေ။

"ကလေး မင်းကရောဘာတက်နေတာလဲ"

"အနုပညာမေဂျာပဲ မေမေ....ဒီကကျွန်တော့်မူပိုင်ရှင်လေးနဲ့မေဂျာတူတူပါပဲ"

"သားငယ်နဲ့တူတူပဲပေါ့"

"ဟုတ်"

"ကျောင်းမှာလည်းအန်တီ့သားငယ်လေးကိုစောင့်ရှောက်ပေးပါဦးကွယ်...နည်းနည်းကလေးဆန်တော့ အန်တီကစိတ်ပူတယ်...ဆိုးလ်ကိုလည်း ကျောင်းတက်ချင်လို့သာလွှတ်လိုက်ရတာ အန်တီကစိတ်ချချင်တာမဟုတ်ဘူး"

"ဟုတ်ကဲ့မေမေ...ကိုယ်ဖိရင်ဖိကိုတစ်ဘဝလုံးအပ်ပြီးတော့ကိုစောင့်ရှောက်ပေးမှာပါ"

"ဟုတ်ပါပြီရှင်....သားငယ်ကလည်း ကလေးကိုအနိုင်မကျင့်ရဘူးနော်...အမေ့သားလေးကသူငယ်ချင်းတွေအပေါ်ဆို ဆိုးချင်တာ"

"ကျွန်တော်ကလည်းအဲ့လိုဆိုးတာလေးကိုပဲလိုချင်တာဗျာ"

သွားအဖြဲသားနှင့်ပြောနေတဲ့ရုပ်က ထမင်းပန်းကန်လုံးနဲ့ထထုချင်မိတဲ့အထိ။ မေမေကလည်းသူ့ကိုဆိုကလေးလေးလိုပဲမြင်ပြီး တွေ့သမျှလူကိုစိတ်မချကြောင်းပြောပြီးလိုက်လိုက်အပ်နေတာ။ အခုတော့ ဒီဝဲစားလေးအတွက်အဆင်ကိုပြေလို့။

Baby Hyung ရဲ့မေမေပြောပုံအရဆို သူ့အကိုသေးသေးလေးက တစ်ယောက်တည်းနေရတော့ ရင့်ကျက်တဲ့ပုံစံလေးနဲ့သူ့ရဲ့ ကလေးစိတ်ကလေးကိုဖုံးကွယ်ထားချင်ပုံရသည်။ ဘာပဲဖြစ်ဖြစ် သူအတွက်တော့ ဒီလူသားလေးရဲ့ဖြစ်တည်မှုကိုပဲမြတ်နိုးမှုတွေနဲ့သဘောကျနေတဲ့သူမလို့ ကိစ္စမရှိ။

JungKook ရဲ့အရွှန်းဖောက်စကားတတ်မှုတွေ ရယ်မောသံတွေနဲ့ ထမင်းစားဝိုင်းလေးက နွေးထွေးစွာပြီးဆုံးသွားခဲ့ရသည်။

"မေမေ ကျွန်တော်ဆေးပေးမယ်"

TaeHyung အခုချိန်သိချင်တာ သူကမေမေ့ရဲ့သားလား JungKook ကမေမေ့ရဲ့သားလားဆိုတာကိုပင်။ ထမင်းစားပြီးတော့ စားပွဲကိုရှင်းလင်းနေတုန်း မေမေ့ဘေးနားမှာ ပန်းကန်ဆေးပေးပြီး အမှတ်ယူနေသည့်ပုံက အနောက်ကနေဖင်ကိုပိတ်တီးပစ်ချင်စရာပင်။

အကုန်လုံးဆေးကြောသိမ်းဆည်းပြီးတော့ မေမေကဒယ်ဂူကိုအပြန်နောက်ကျမှာစိုးကာ ပြန်ဖို့ပြင်သည်။ ကားဂိတ်အထိ မေမေ့ကိုအတူလိုက်ပို့ပေးပြီး ပြန်လာတော့ဟိုဝဲစားလေးက အနောက်ကနေကပ်ပါလာပြန်သည်။

"ပြန်တော့ ငါခဏနေသွားစရာရှိတယ် အိမ်ပြန်နောက်ကျမှာ"

"ဘယ်သွားမလို့လဲ"

"ဘယ်သွားသွားပေါ့ မင်းအပူပါလား"

"အပူရော အအေးရောပါတယ် ပြောဗျာ...ဘယ်သွားမှာလဲ"

"ဆရာဂျောင်ယောင်းဂျူ ရဲ့စာအုပ်ရောင်းပွဲ"

TaeHyung ကစူစူပုတ်ပုတ်နဲ့ပြန်ဖြေတော့ JungKook ကမှုန်ကုပ်ကုပ်ပြန်ကြည့်သည်။

"ဘယ်ကောင်လဲ အဲ့လူက"

"စကားပြောတာဆင်ခြင်...ငါအကြိုက်ဆုံးစာရေးဆရာကွ...သူ့စာတွေမဖတ်ဖူးသေးပဲ ရမ်းသန်းမပြောနဲ့"

TaeHyung ငေါက်လိုက်တဲ့စကားကြောင့် မဲ့ရွဲ့သွားတဲ့ JungKook မျက်နှာမှာအလိုမကျမှုတွေအထင်းသား။ အဲ့ကောင်ကဘာကောင်မလို့ သူ့Baby Hyung ကသည်းသည်းလှုပ်ဖြစ်နေရတာလဲ။

"ကျွန်တော်ပါလိုက်မယ်"

"ငါကခေါ်မယ်ပြောနေလို့လား"

"မခေါ်လည်းလိုက်တယ်ဗျာ"

"မရဘူး မလိုက်နဲ့ ငါ့ဘာသာသွားမှာ"

"မရဘူးဗျာ လိုက်မှာဆို လိုက်မှာပဲ"

အုန်းသီးအခွံလိုမာတဲ့ခေါင်းကဘာမှပြောလို့ရမှာမဟုတ်။ သူကလည်း ဆရာနဲ့တွေ့ရမှာကိုစိတ်လှုပ်ရှားနေတာ။ ပြောချင်တဲ့စကားတွေလည်းအများကြီးရှိသည်။ ဒီကောင်လေးရှိနေရင်စကားတွေကပြောထွက်လာမှာမဟုတ်ဘူး။

"လိုက်လာလည်းအေးဆေးလိုက်လာနော်...ပွစိပွစိလာလုပ်ရင်ငါဆွဲထိုးမှာ"

"ပြီးရော ပြီးရော"

စူအောင့်အောင့်မျက်နှာဘေးက လငပုတ်ဖမ်းထားသလို။ အချိန်ကလည်းနီးပြီမလို့ TaeHyung အိမ်ကိုအမြန်ပြန်လာပြီး အဝတ်အစားတို့လဲတော့သည်။

သိုးမွှေးထိုးထားသည့်ဆွယ်တာအညိုနုလေးနှင့်ကော်ဖီရင့်ရောင်စတိုက်ဘောင်းဘီအရှည်လေးကိုလဲကာ အခန်းထဲက ထွက်လာတဲ့ Baby Hyung ကိုသူခြေဆုံးခေါင်းဆုံးကြည့်မိသည်။ သာမန်စာအုပ်ရောင်းပွဲတစ်ခုကိုသွားဖို့အတွက်ပြင်ဆင်ထားတာက အရမ်းလှလွန်းနေတယ်မဟုတ်ဘူးလား။
သူ့ရဲ့အလှတရားအညိုရောင်လေးက သိပ်ကိုပြင်ဆင်ထားလွန်းသလို။ ပုံမှန်ဆို အရမ်းတွေသဘောကျအူခွေ့နေမှာမှန်ပေမယ့် အခုလိုပြင်ဆင်ထားတာက ကိုယ့်အတွက်မဟုတ်တော့ ရင်ထဲတော့အောင့်သက်သက်ပင်။

"သွားမယ်လေ ဘာကြည့်နေတာလဲ"

"အရမ်းပြင်ထားလို့"

"ငါပိတ်လုပ်လိုက်ရ မလိုက်ချင်ကျန်ခဲ့"

TaeHyung ကပြောပြောဆိုဆိုနဲ့ထွက်သွားတာမလို့ JungKook မှာလည်းအနောက်ကအသည်းအသန်လိုက်ရတော့သည်။ သူမလိုက်ရင် ဟိုကောင်ကသူ့ Baby Hyung လေးကို မဟားတရားတွေငမ်းနေတော့မှာကိုသူသိနေသည်။

လမ်းတစ်လျှောက်လုံး အဲ့စာရေးဆရာဆိုတဲ့လူရဲ့အကြောင်းတွေ အရေးအသားအဖွဲ့အနွဲ့တွေ ဘယ်လိုကောင်းကြောင်း ဘယ်လိုတော်ကြောင်းကိုပြောပြီးပါလာတဲ့ Baby Hyung ကတွေ့ရဖို့တော်တော်လေးစိတ်လှုပ်ရှားနေပုံရသည်။ Baby Hyung သူ့အကြောင်းမသိသေးလို့ပါ။ သူသာ Baby Hyung ကိုချစ်ကြောင်းတွေ လွမ်းကြောင်းတွေသာ စာတစ်တန်ပေတစ်တန် နဲ့ဖွဲ့သီပြလိုက်ရင် သူ့ကိုအခုထပ်ပိုကြွေကျသွားမှာ။ JeonJungKook တို့က သိပ်ပြီးအစွမ်းတွေမပြချင်လို့သာ။

ပွဲကျင်းပမယ့်နေရာကိုရောက်လာတော့ Baby Hyung ကစာအုပ်ကိုအပြေးဝယ်ပြီး လက်မှတ်ယူဖို့ရန်တန်းစီစောင့်သည်။ သူ့ကိုတောင်ရှိတယ်လို့မထင်တော့ပဲ အဖြစ်သည်းနေတဲ့ပုံကို သူမကြိုက်။ စာအုပ်တစ်အုပ် ကိုမဝယ်ချင်ဝယ်ချင်နဲ့ဝယ်ပြီး အနောက်ကလိုက်လာတော့ Baby Hyung ဆီရောက်ဖို့ ကြားထဲလူဆယ်ယောက်လောက်ခံသွားပြီဖြစ်သည်။ အနီးကပ်မရှိနေလို့မရ။ ဟိုလူနားရောက်လို့ Baby Hyung ဘာတွေပြောလဲမကြားရရင် သူတစ်ညလုံးအိပ်လို့ပျော်မှာမဟုတ်။ နိုင်ငံကြီးသားပီသတာတွေမပီသတာတွေ သူဂရုမစိုက်အားတော့ပေ။ ရှိသမျှလူကိုကျော်ခွလာပြီး Baby Hyung နားနဲ့ကောင်မလေးနောက်တစ်ယောက်ရဲ့ကြားကိုဖောက်ဝင်လိုက်သည်။

"ဒီမှာရှင့် လူမကျော်နဲ့လေ"

"လူကျော်တာမဟုတ်ဘူး သူနဲ့အတူလိုက်လာတာ"

"ဒါပေမယ့် ရှင်ကနောက်မှရောက်လာတာလေ"

အနောက်ကအသံတွေကြောင့် TaeHyung လှည့်ကြည့်တော့ ဝဲစားလေးကလူကျော်လာလို့ ကောင်မလေးတစ်ယောက်နဲ့စကားများနေပုံရသည်။

"Sorry ပါနော်...ကျွန်တော်နဲ့အတူပါလာတဲ့ကလေးပါ...လူကွဲသွားလို့"

TaeHyung ကကြားကနေဝင်ရှင်းတော့ ထိုကောင်မလေးကမကျေနပ်ပေမယ့် ဘာမှမပြောတော့။ JungKook ကတော့သူ့ကိုကလေးလို့ပြောလို့ မျက်နှာက စူပုတ်ပုတ်။

တစ်ယောက်ချင်းစီလက်မှတ်ထိုးပေးတာကို အကြောတောင့်အောင်စောင့်အပြီးမှာတော့ Baby Hyung အလှည့်ရောက်လာပြီဖြစ်သည်။

ပြုံးရွှင်နေတဲ့မျက်နှာက သူနဲ့တွေ့နေတဲ့အချိန်တွေနဲ့လားလားမှမဆိုင်။ Baby Hyung မျက်နှာကပျားရည်အိုးမှောက်နေသလိုမျိုး။ JungKook ဘေးကနေသာ မကျေမလည်ရပ်ကြည့်နေရသည်။

"မင်္ဂလာပါဗျ...စာအုပ်လေးပေးနော် လက်မှတ်ထိုးပေးမယ်...နာမည်ကရော ဘယ်လိုခေါ်လဲဗျ"

"TaeHyungပါ...Kim Tae Hyung"

တစ်လုံးချင်းစီပြောနေတဲ့အသံက သူ့ကိုပြောနေကျလေသံတွေနဲ့ တစ်စက်လေးတောင်မတူ။ သူမြင်ရခဲတဲ့အပြုံးတွေကိုလည်း ဟိုလူကို ဖောဖောသီသီပြုံးပြနေသည်။

"နာမည်လေးကလှတယ်နော်"

"ကျေးဇူးပါ....ဆရာကိုတွေ့ချင်နေခဲ့တာ...ဟီး စိတ်တွေလှုပ်ရှားနေတာ ဘာပြောရမလဲတောင်မသိတော့ဘူး...အဓိကပြောချင်တာကတော့ ဆရာ့အများကြီးသဘောကျတာပါပဲ"

"Baby Hyung"

ဒါတော့များသွားပြီ။ သူ့ကိုတောင်မပြောဖူးတဲ့စကားကို Baby Hyung ကပြောနေတာလေ။ အများကြီးသဘောကျတာပါတဲ့။ အား အူတိုလွန်းလို့ရူးမလိုပဲ။ အသည်းအသန်ချစ်နေရတဲ့သူဆိုတော့လည်း ဒါမျိုးတွေသူစိမ်းတစ်ယောက်ကိုပြောနေတာကိုကြားနေရတာ အဆင်မပြေလှ။

သူ့အသံကြီးကြောင့်လည်း ဟိုစာရေးဆရာဆိုတဲ့သူကပါမော့ကြည့်လာသည်။ Baby Hyung ကလည်း မျက်ထောင့်နီကြီးနှင့်ကြည့်လာပြီး အံတစ်ကြိတ်ကြိတ်နဲ့ဘာတွေတိုးတိုး တိုးတိုးပြောနေသည်မသိ။ မတတ်နိုင်ဘူး။ ပိုင်ကြောင်း ဆိုင်ကြောင်းတော့ပြရမှာ။

"သူငယ်ချင်းထင်တယ်"

"အာ ဟုတ်တယ်...အသိကလေးလေ...လိုက်ချင်တယ်ဆိုလို့ခေါ်လာတာ"

"ဘာကလေးလဲ ကောင်လေးဗျ ကောင်လေး"

JungKook ကထပ်ပြီးဝင်ပြောတော့ ဟိုစာရေးဆရာကထပ်ပြီးမော့ကြည့်လာပြန်သည်။

"အားနာပါတယ်ဆရာရယ်...လက်မှတ်ထိုးပေးလို့လည်းကျေးဇူးတင်ပါတယ်...နောက်လူတွေလည်းစောင့်နေပြီဆိုတော့ ခွင့်ပြုပါဦးနော်"

"ဟုတ်ကဲ့ပါဗျ နောက်လည်းအခွင့်ရရင်တွေ့ချင်ပါတယ်"

"ဟုတ်ကဲ့ပါ"

TaeHyung အားနာနာနဲ့ စာအုပ်လေးယူပြီးထွက်လာတော့ လက်မှတ်ထိုးပေးရမည့်သူက JungKook ဖြစ်နေသည်။ ထို့ကြောင့် စာရေးဆရာကလက်မှတ်ထိုးပေးရန် စာအုပ်ပေးဖို့လက်ကိုကမ်းပေးသည်။

"မလိုဘူး ထိုးမနေနဲ့"

ကြောင်အအပြန်ကြည့်နေတဲ့ထိုလူကို ထိုမျှသာပြောပြီး Baby Hyung အနောက်ကိုပြေးလိုက်လာခဲ့လိုက်သည်။ Baby Hyung သူ့ကိုစိတ်ဆိုးသွားသည်။ အိမ်ပြန်လာတော့ မိုးတော်တော်ချုပ်နေပြီဖြစ်သည်။

"Baby Hyung"

သူ့ကိုအဖတ်မလုပ်။ စာအုပ်ကလေးကိုသာပိုက်ရင်း အိမ်ကိုဝင်တဲ့လမ်းသွယ်လေးထဲမှာအေးဆေးလမ်းလျှောက်နေသည်။ ဝါကျင်ကျင်မီးရောင်လေးတွေအောက်မှာ အရိပ်သေးသေးလေးကတစ်ရွေ့ရွေ့။

"ကျွန်တော်ခေါ်နေတယ်လေ Baby Hyung လို့"

"ဘာလဲ ငါမင်းကိုစိတ်ဆိုးနေတယ်"

ကလေးဆန်ဆန်ပြောလာတဲ့သူ့အသေးလေးကို အသည်းမယားပဲမနေနိုင်တော့ပေ။ ဒါကြောင့် Baby Hyung အမေကစိတ်မချနိုင်ဖြစ်နေတာဖြစ်မည်။

"စိတ်ဆိုးရမှာကျွန်တော်လေ...Baby Hyung ကတောင်ကျွန်တော့်ကိုပြန်ချော့ရဦးမှာ"

"ဆုတောင်း အေဘေးလေး"

"အဲ့လူကိုတော်တော်သဘောကျနေတာလား"

"သဘောကျတယ်ဘာဖြစ်လဲ"

"မဖြစ်တော့ဘူးပဲ....စာအုပ် ခဏပေး"

"ဘာလို့လဲ"

"အဲ့လူ လက်မှတ်ကြည့်ချင်လို့"

TaeHyung လည်းဘာမှထွေထွေထူးထူးမတွေးမိပဲဒီအတိုင်းပဲ စာအုပ်ကိုလက်ထဲထည့်ပေးလိုက်သည်။

စာအုပ်ကိုဖွင့်ဖွင့်ချင်း ခန့်ခန့်ထည်ထည်ကြီးမြင်လိုက်ရတဲ့ လက်မှတ်ကြောင့် စိတ်ထဲဘဝင်မကျတော့။ ဒီစာအုပ်ဖတ်တိုင်း Baby Hyung က ဒီလူကိုသတိရနေတော့မှာ။ မဖြစ်ဘူး ဒီလူတစ်ယောက်တည်းကိုပဲသတိရနေလို့မဖြစ်ဘူး သူ့ကိုပါပူးတွဲသတိရနေရမှာ။ ဟုတ်တယ် သူ့ကိုပါသတိရနေစေရမှာ။

"Baby Hyung ဟိုကိုကြည့်"

လက်မှတ်ကိုသေချာကြည့်နေရင်းမှ ဘာထဖြစ်တယ်မသိ ရုတ်တရက်ကြီး Baby Hyung ဟိုကိုကြည့်တဲ့။ Tae Hyung လည်းကြောင်အအနဲ့ လှည့်ကြည့်လိုက်မိသည်။

Baby Hyung လှည့်သွားတာနဲ့ လက်ညှိုးကိုတွံတွေးဆွတ်ကာ လက်မှတ်ကိုဖျက်သည်။ Baby Hyungဒီလူကိုပဲသတိရနေလို့မဖြစ်။ ဒီလက်မှတ်ကိုမြင်တိုင်းသူ့ကိုပါသတိရနေရမှာ။ သူ့ Baby Hyung ရဲ့အရာရာတိုင်းမှာသာပါနေစေရမှာ။ မှင်စိုနဲ့ထိုးပေးထားတာမလို့ လက်မှတ်က မှင်တွေပျယ်ကုန်ကာ တစ်ဝက်မှာ မှင်အမည်းဝိုင်းကြီးဖြစ်သွားပြီဖြစ်သည်။

"ဟာ ဘာလုပ်တာလဲ"

TaeHyung ပြန်လှည့်တော့ လက်မှတ်ကို တွန်းဖျက်နေတဲ့ဝဲစားလေး။ လက်မှတ်တစ်ဝက်ကအမည်းဝိုင်းကြီးတောင်ဖြစ်နေပြီဖြစ်သည်။ စာအုပ်ကိုပြန်ဆွဲလုမှ လက်ထဲပါလာတော့သည်။

"ကုန်ပါပြီ...ငါဒါကိုဘယ်လောက်တောင်တန်းစီစောင့်ရလဲမင်းသိသားနဲ့...ဘာလို့ဒီလိုလုပ်လိုက်တာလဲ"

"ကျွန်တော်ဒီလိုမှမလုပ်ရင် Baby Hyung ကစာအုပ်ဖတ်တိုင်းဒီကောင့်ကိုသတိရနေတော့မှာလေ...အခုဆို ကျွန်တော့်ကိုပါသတိရနေတော့မှာ"

"ဟာ မင်းရူးနေလား မင်းအရူးပဲ JeonJungKook "

Baby Hyung ကစိတ်ဆိုးစွာအော်ပြောသည်။ သူ့လောက် Baby Hyung ကိုချစ်တဲ့သူ သူပဲရှိမည်။ ဒါကိုတောင် ဘာမဟုတ်တဲ့လက်မှတ်လေးအတွက်နဲ့ Baby ကသူ့ကိုအော်ရက်သည်။ ဝမ်းနည်းမှုတွေ ပေါက်ကွဲမှုတွေကရင်ထဲအပြည့်။

"ဟုတ်တယ် အရူး Baby Hyung ကိုချစ်နေတဲ့အရူး....အချစ်ရူး...အသည်းအသန်အရူးအမူးချစ်နေတဲ့အချစ်ရူးဗျ"

"အာ ဘာကြီးလဲ ဘာအချစ်ရူးလဲ ရွံစရာကြီး"

TaeHyung မှာကြက်သီးတွေထပြီးအကြောက်ကြောက်အလန့်လန့်နှင့်အိမ်ထဲဝင်ပြေးသည်။

စာအုပ်ကိုယူပြီးအိမ်ထဲပြေးဝင်သွားတဲ့ Baby Hyung ကိုတော့ JungKook ငေးရင်းသာကျန်ခဲ့ရတော့သည်။

~ A Boy Named Jeon Jung Kook~

မနေ့ကတည်းကရေးနေတာ နောက်ဆုံးတော့ပြီးပြီ 😭
ဇာတ်သိမ်းတော့မှာသိလား😁

Zawgyi

ေက်ာင္းပိတ္ရက္မလို႔ TaeHyung ကေတာ့အိမ္မွာပဲ လုပ္စရာရွိတာေတြလုပ္ၿပီး ပ်င္းရိရိရွိေနသည္။ တစ္ခုခုလိုေနသလိုခံစားခ်က္ႀကီးက ဘာလိုလို႔ လိုေနမွန္းကိုမသိ။ ဆားမပါတဲ့ဟင္းတစ္ခြက္လို ဒီေန႔တစ္ေနကုန္ေပါ့ဟာဟာႀကီးပင္။

ဘာရယ္မဟုတ္ အိပ္ယာေပၚလွဲရင္း ဟိုဝဲစားေလးအေၾကာင္းကအေတြးေတြထဲ ႐ုတ္တရက္ပိုင္စိုးပိုင္နင္းေရာက္ခ်လာေတာ့သည္။ သူ႔ေလာက္ ဒီဟာေလးကို ပစ္ပစ္ခါခါေျပာတာသူပဲရွိမည္ထင္သည္။ အခုခ်ိန္အထိသူ႔အနားမွာဆဲသမွ်ကိုမနာႏိုင္ပဲ တြယ္ကပ္ေနတာကို သနားစိတ္ေလးေတာင္ဝင္လာသလိုပင္။ ျပန္ေတြးၾကည့္ေတာ့ ဒီေကာင္ေလးတစ္ကယ္ပဲသူ႔ကိုခ်စ္ေနသလား။ လြယ္လြယ္ကူကူယုံတတ္တဲ့အက်င့္မရွိတဲ့သူ႔အတြက္ေတာ့ ဒီေကာင္ေလးကိုယုံခ်င္ေနမိတာ ထူးေတာ့ထူးဆန္းသား။ သနားစိတ္ကဝင္လာလို႔ပဲလား စကားအေျပာေကာင္းလို႔ပဲ ရင္မွာေနရာေပးခ်င္ေနမိၿပီလားမေျပာတတ္။
ေသခ်ာသလိုရွိေနတာကေတာ့ ဒီေကာင္ေလးသူ႔ရင္ထဲတစ္စိတ္တစ္ပိုင္းမွာ ပ်ိဳးပင္ေလးတစ္ခုပ်ိဳးထားေပးၿပီပဲျဖစ္သည္။

အေတြးေတြကို ဟိုဝဲစားေလးနယ္ခ်ဲ႕ေနတုန္း အိမ္ေရွ႕ကတံခါးဘဲလ္သံေၾကာင့္ အိပ္ယာေပၚကေနထလာလိုက္သည္။ လာစရာဧည့္သည္မရွိတာမလို႔ TaeHyung ဘယ္သူလဲစဥ္းစားလို႔မရ။ တံခါးဖြင့္ဖြင့္ခ်င္း ေမေမ့ကိုေတြ႕လိုက္ရတာမလို႔ TaeHyung အံ့ဩသြားသလို ေပ်ာ္လည္းေပ်ာ္သြားရသည္။

"ေမေမ....ဘယ္လိုေရာက္လာတာလဲ...သားကိုေပး အထုတ္ေတြ"

အိမ္တံခါးဝမွာအထုတ္အပိုးအျပည့္ႏွင့္ေမေမ့ဆီက အထုတ္အပိုးေတြကိုကူသယ္ေပးလိုက္ၿပီး အိမ္ထဲေခၚလာလိုက္သည္။

"အေၾကာင္းမၾကားဘာမၾကားနဲ႔ေမေမရယ္...သားအိမ္မွာမရွိရင္ဘယ္လိုလုပ္မလဲ"

"ေက်ာင္းပိတ္ရက္ျဖစ္လို႔ ေမေမလည္းအစီအစဥ္မရွိေရာက္လာတာပါ သားေလးရယ္....ေမေမ့သားေလး အရံဟင္းေတြကုန္ေလာက္ၿပီထင္လို႔ ထည့္ၿပီးလာပို႔ေပးတာ"

တစ္ကယ္လည္း TaeHyung ရဲ႕ ေရခဲေသတၱာေလးထဲ အရံဟင္းေတြကုန္ေနၿပီ။ ခ်က္မစားခ်င္တာနဲ႔ ပစ္စလက္ခတ္ေခါက္ဆြဲပဲျပဳတ္ျပဳတ္စားေနတာ။ ေခါက္ဆြဲျပဳတ္ဆိုလို႔ ဟိုတစ္ရက္ကဝဲစားေလးေျပာတာကိုသတိရၿပီး နား႐ြက္ဖ်ားေလးေတြေတာင္ရဲတက္လာရေတာ့သည္။

ေရခဲေသတၱာထဲဖြင့္ၾကည့္ၿပီး ဘာမွသိပ္မရွိတဲ့သူ႔ကိုေမေမကပြစိပြစိေျပာေနေသးသည္။ TaeHyung ကိုယ့္အေတြးနဲ႔ကိုယ္တစ္ေယာက္တည္းရွက္ေနတာမလို႔ ၾကားတစ္ခ်က္မၾကားတစ္ခ်က္။

"ထမင္းစားၿပီးၿပီလား"

TaeHyung ေခါင္းေလးယမ္းျပေတာ့ေမေမက မ်က္ေစာင္းေလးႏွင့္ၾကည့္လာတာမလို႔ သြားေလးေတြအကုန္ေပၚေအာင္သာစိၿပီးရယ္ျပမိေတာ့သည္။

"ဒါဆို ခဏေစာင့္ဦး ေမေမခ်က္ေပးမယ္"

"ဟုတ္"

ေမေမလက္ရာကိုေဝးေနတာၾကာၿပီမလို႔ TaeHyung ခ်က္ခ်င္းပင္ေခါင္းညိတ္မိေတာ့သည္။ ထိုစဥ္ ေနာက္ထပ္ၾကားလိုက္ရတဲ့ တံခါးဘဲလ္သံေၾကာင့္ TaeHyung မွာတံခါးကိုသြားၿပီး ေျပးဖြင့္ရျပန္သည္။

ဒီတစ္ခါတံခါးအဝမွာေတြ႕လိုက္ရတာေတာ့ ဟိုဝဲစားေလး။ သူလည္းအထုတ္အပိုးေတြအျပည့္နဲ႔ပဲ။

"ဘာလာလုပ္တာလဲ"

"ေအာေဟာ ကိုယ့္ရဲ႕ပိုင္ရွင္ကအိမ္လာတာကိုအခုလိုေျပာစရာလား"

"မင္းေမႀကီးေတာ္ကို ပိုင္ရွင္လား...လစ္ေတာ့"

"ရမယ္ထင္လား"

အထုတ္အပိုးေတြတစ္ေပြ႕တစ္ပိုက္ႏွင့္ အိမ္ထဲမရမကဝင္လာတဲ့ဟာေလးေၾကာင့္ TaeHyung စိတ္ညစ္ၿပီ။ ေမေမေရာက္ေနတာေလ။ မေတာ္တေရာ္ ေပါက္ကရေတြထေျပာရင္ သူပဲေျပးေပါက္မွားမွာ။

"Baby Hyung ကြၽန္ေတာ္ ဒီအေပၚတင္ထား လိုက္...."

စကားမဆုံးခင္ မီးဖိုထဲက အန္တီႀကီးတစ္ေယာက္ေၾကာင့္ JungKook စကားေလးေတြေလထဲရပ္တန႔္ကုန္သည္။ ထိုအန္တီႀကီးကလည္း သူ႔အသံႀကီးေၾကာင့္ နားမလည္သလိုေၾကာင္အစြာျပန္ၾကည့္ေနသည္။

"ဘယ္ သူလဲဟင္"

"အာ ကြၽန္ေတာ္က Jeon Jung Kook ပါ....Baby Hyung ေလးရဲ႕ မူပိုင္.....ရွင္ အင္ အင္"

"Jeon Jung Kook"

ဒီတစ္ခါလည္းေၾကာက္မက္ဖြယ္အသံနက္ႀကီးနဲ႔ Baby Hyung ရဲ႕ေအာ္သံေၾကာင့္ သူ႔ရဲ႕စကားေတြေလထဲရပ္တန႔္ရျပန္သည္။

"မင္းလာဦး....ေမေမ ခဏေလးေနာ္ သူနဲ႔ေျပာစရွိလို႔"

"ေအးေအး သားေလး"

TaeHyung မွာ JungKook ကိုခပ္ႀကိတ္ႀကိတ္ေခၚကာအနားေရာက္ေတာ့ ဗိုက္ေခါက္လိမ္ဆြဲေတာ့ တအားအားႏွင့္ေအာ္ၿပီးပါလာေလသည္။ ေမေမကဘာျဖစ္လို႔လဲဟူေသာအၾကည့္ႏွင့္လွည့္ၾကည့္ေတာ့ TaeHyung ဘာမွမဟုတ္သလိုၿပဳံးျပရင္းသာထြက္လာလိုက္သည္။

အိပ္ခန္းထဲထိဗိုက္ေခါက္လိမ္ဆြဲၿပီးေခၚလာတာမလို႔ JungKook တို႔လိမ္ၿပီးေတာ့ကိုပါလာတာျဖစ္သည္။

"Baby Baby Hyung နာတယ္လို႔ အ့ မလိမ္ထားနဲ႔လို႔"

"ျပင္စမ္း အဲ့ Baby Hyung လို႔ေခၚတာကို....ငါ့အေမေရာက္ေနတာနားမလည္ဘူးလား"

"ထင္ေတာ့ထင္ပါတယ္ ႐ုပ္ကေလးတူေတာ့"

"ငါေျပာၿပီးသားေနာ္ အေမ့ေရွ႕အဲ့လိုထပ္ေခၚရင္ ရွိသမွ်အကုန္အလိမ္ခံရမယ္မွတ္"

"ဟီး ဟီး ေပ်ာ္ေပ်ာ္ႀကီးအလိမ္ခံမွာေပါ့"

"အခုဘာလာလုပ္လဲ အိမ္ကို...လိပ္စာသိၿပီဆိုတာနဲ႔လာလိုက္တာဆိုတာ ငါ့အိမ္ေရွ႕မင္းေျခရာေတြခ်ည္းပဲ"

"အဲ့ေျခရာေတြၾကည့္ၿပီးသတိရေနတာမလား ဘယ္ေတာ့လာမလဲေမွ်ာ္ေနတာမလား မလိမ္ပါနဲ႔ ဒီက Daddy ကအဲ့လိုေတြသိေနလို႔ Baby ဆီကေတာင္းဆိုစရာမလိုေအာင္အေရာက္လာေပးတာ"

"မေအေပးေလး...ငါဆဲရင္ငါ႐ိုင္းတယ္ျဖစ္မယ္"

"အခ်စ္ေတြပဲေပးမယ္ေလ heartu heartu"

"ေဘာကြာ"

"ေဘာလည္းယူ အခ်စ္လည္းယူ အကုန္လုံးယူ ေပ်ာ္ေပ်ာ္ႀကီးေပးတယ္"

ေလာေလာဆယ္ေတာ့ TaeHyung ေခါင္းထဲဒါေလးကိုဘာနဲ႔႐ိုက္ထုတ္ရင္ေကာင္းမလဲပဲစဥ္းစားေနမိတာျဖစ္သည္။

"ကဲ စိတ္မေကာက္ပါနဲ႔ ဟိုတေန႔က ေရခဲေသတၱာထဲဘာမွမရွိတာေတြ႕လို႔ မုန႔္ေတြဝယ္လာေပးတာကို"

"မင္းကိုဝယ္လာခိုင္းလို႔လား"

"No no ဒါမ်ိဳးေတြက Baby ဘက္ကေတာင္းဆိုစရာမလိုေအာင္ Daddy ဘက္ကအလိုက္သိေနရမွာ"

"အား ငါေဒါသထြက္လာၿပီေနာ္ Jeon Jung Kook"

"အာအီဂူး အန္းဂရီးေဘဘီဘီးယား(Angry baby bear)ေလးကိုၾကည့္ပါဦး အူးဟူးဟူး"

ပါးႏွစ္ဖက္ကိုဆြဲညႇစ္ကာ အသည္းတယားယားဆိုလာတဲ့ JungKook ကသူ႔ကိုအ႐ုပ္တစ္႐ုပ္ထင္ေနတာမ်ားလား။

"ျပန္ေတာ့ အေမေရာက္ေနတာ"

"ျပန္စရာလားဗ်ာ....အေမ့ကိုတစ္ခါတည္းမိတ္ဆက္ရမွာေပါ့"

TaeHyung ေခါင္းဘာနဲ႔အထုခံလိုက္လို႔ခံလိုက္ရမွန္းေတာင္မသိ။ ဒါမွမဟုတ္ ငယ္ထိပ္ပဲမိုးႀကိဳးပစ္ခ်လိုက္တာလား။ သူကပိုင္စိုးပိုင္နင္းအေမလို႔ေတာင္ေခၚေနေသးသည္။

"ကဲ သြားၿပီးမိတ္ဆက္လိုက္ဦးမယ္"

"မဟုတ္ဘူး အိမ္ျပန္"

TaeHyung ကိုအဖတ္ေတာင္မလုပ္ေတာ့ပဲ မီးဖိုခန္းထဲေကာ့ေတာ့ေကာ့ေတာ့ဝင္သြားေခ်ၿပီ။ TaeHyung ေတာ့ ဒုကၡနဲ႔လွလွ ေတြ႕တာမဟုတ္ပဲ ဒုကၡနဲ႔ကုကု ေတြ႕ၿပီ။

"ေမေမကဟင္းေတြခ်က္ေနတာပဲ...ကြၽန္ေတာ္လည္းကူလုပ္ေပးမယ္ေလဗ်"

ယဥ္ေက်းခ်ိဳသာေသာအသံတစ္ခုက သူမအနားမွာထြက္ေပၚလာတာမလို႔ လွည့္ၾကည့္မိေတာ့ ခုနကေကာင္ေလးျဖစ္ေနသည္။

"သားေလးရဲ႕သူငယ္ခ်င္းထင္တယ္"

"ေကာင္ေလးပါဗ်"

"ေဟ"

"တစ္ကယ္ဗ်...ေကာင္ေလးျဖစ္ဖို႔ booking လုပ္ထားတာ တရားဝင္လက္မွတ္ျပန္မက်လာေသးလို႔ေလ ေစာင့္ဆိုင္းစာရင္းေလးထဲကေပါ့ဗ်ာ"

"အဲ့ေကာင္စကားေတြယုံမေနနဲ႔ေမေမ ေလွ်ာက္ေျပာေနတာ"

TaeHyung ကပါမီးဖိုခန္းထဲဝင္လာရင္း ေအာ္ေျပာသည္။

"ေအာ္ ေအးပါကြယ္"

"ဘယ္ကသာ ေမေမရဲ႕....မၾကာခင္မွာ ေမေမသားတစ္ေယာက္ထပ္တိုးလာေတာ့မွာ"

သားငယ္မႀကိဳက္မွန္းသိလို႔ စ,ေနတဲ့ေကာင္ေလးက ဘယ္သူမွန္းမသိေပမဲ့ ခ်စ္စရာေတာ့အေကာင္းသား။ သားငယ္မွာ အခုလိုသူငယ္ခ်င္းေတြရွိတာျမင္ရေတာ့ ဘာပဲျဖစ္ျဖစ္ သူမစိတ္ပူတာေတြေလ်ာ့ပါသည္ေလ။

ကင္မ္ခ်ီဟင္းရည္ခ်က္ရန္လွီးျဖတ္ထားတဲ့ ပန္းကန္ထဲကကင္မ္ခ်ီဖတ္တစ္ဖတ္ကို စြက္ခနဲ ႏႈိက္စားရင္း ဘယ္လိုအရသာေကာင္းေၾကာင္းေျပာၿပီးတစ္ေယာက္တည္းေယာက္ယက္ေတြခတ္ေနသည္။ ေမေမကလည္းသူမလက္ရာကိုခ်ီးက်ဴးေတာ့ ၿပဳံးလို႔႐ႊင္လို႔။ ေမေမ့အနားမွာ ေယာက္ယက္ခတ္ျဖစ္ပ်က္ေနတဲ့ထိုဝဲစားေလးကို TaeHyung မႏိုင္ေတာ့ထိုင္ၿပီးပဲၾကည့္ေနလိုက္ေတာ့သည္။

"ေမေမ့ကို ကူခ်က္ေပးခ်င္တာ...ကြၽန္ေတာ္က ဟင္းခ်က္တာဘာဘာညာညာအကုန္လုပ္တတ္တယ္...ဒါေပမယ့္ ေမေမ့လက္ရာေလးစားခ်င္လို႔ ေဘးကေနေတာက္တိုမယ္ရေလးေတြပဲကူမယ္ေနာ္ ဟီး"

"ဟုတ္ပါၿပီရွင္....အေျပာကေတာ့ေကာင္းသလားမေျပာနဲ႔"

"အဲ့တာေတြေၾကာင့္ပဲ အေမ့သား Baby Hyung ေလးက ကြၽန္ေတာ့္ကိုပစ္ေႂကြေနတာဗ်"

စကားေျပာလည္းသြက္သြက္လက္လက္ႏွင့္ခ်စ္စရာေကာင္းတဲ့ဒီကေလးက သားထက္ေတာ့ငယ္ပုံရေလာက္သည္။ ရယ္စရာေတြေျပာရင္းနဲ႔ ဟင္းခ်က္ေနတဲ့အခ်ိန္ခဏေလးအတြင္းပဲ ဒီကေလးႏွင့္သူမရင္းႏွီးလာေတာ့သည္။

"ကဲ ဟင္းပြဲေတြရပါၿပီ"

ေက်ာက္အိုးပူပူထဲက တပြက္ပြက္အျမႇဳပ္ထေနဆဲ ကင္မ္ခ်ီဟင္းရည္က နီနီရဲရဲႏွင့္ ပူပူေလး။ ၾကက္သြန္ၿမိတ္ အစိမ္းေလးက ဟင္းပြဲနီနီေပၚမွာအထင္းသား။ ေမေမခူးေပးထားတဲ့ ထမင္းပန္းကန္လုံးေလးထဲက ထမင္းကိုအရင္စားလိုက္ၿပီး ကင္မ္ခ်ီဟင္းရည္ေလးပါတြဲေသာက္လိုက္ေတာ့ အရသာကေကာင္းလြန္းလို႔ငိုေတာင္ငိုခ်င္သြားရသည္။ TaeHyung ေမေမ့လက္ရာကိုစားခ်င္ေနခဲ့တာဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ။

"အာ"

႐ုတ္တရက္ႀကီးထြက္လာတဲ့အသံမလို႔ TaeHyung နင္သြားၿပီးေခ်ာင္းပါဆိုးကုန္တဲ့အထိ။ ပဲၾကာဇံသုပ္ကို တူနဲ႔ညႇပ္ထားၿပီး သူ႔မ်က္ႏွာအေရွ႕ထိုးေပးကာ ခြံေကြၽးေနၿပီး ေမေမကလည္းၾကည့္ေနသည္မလို႔ သီးကုန္ရတာျဖစ္သည္။

"ေဟာ ရင္ေတြခုန္သြားတာလား Baby Hyung ရ...ဘာမွမဟုတ္တာေလးနဲ႔"

ေရခြက္လည္းကမ္းေပးရင္း စကားနဲ႔အသားလည္းယူရင္းေပါ့ေလ။ TaeHyung  မွာလည္း ေရေသာက္ခ်လိုက္မွ အနည္းငယ္ေနသာထိုင္သာရွိသြားရသည္။

"အဆင္ေျပရဲ႕လားသားငယ္"

"ဟုတ္ ေျပတယ္ေမေမ"

"ျဖည္းျဖည္းစားပါသားငယ္ရဲ႕....ေမေမဟင္းေတြထားထားေပးခဲ့တာပဲကို"

ေမေမကေနာက္သလိုေျပာေတာ့ TaeHyung ရွက္ရွက္ႏွင့္ေခါင္းသာတစ္ဆတ္ဆတ္ညိတ္ျပမိသည္။ သူအခုလိုျဖစ္တာဟိုဝဲစားေလးေၾကာင့္ေလ။ ဒင္းေလးကသူ႔ကိုၾကည့္ၿပီးၿပဳံးစိစိနဲ႔။ ေမေမ့ပန္းကန္ထဲဟင္းေတြထည့္ေပးရင္း အဖားကလည္းမပ်က္ေပ။

"ကေလး မင္းကေရာဘာတက္ေနတာလဲ"

"အႏုပညာေမဂ်ာပဲ ေမေမ....ဒီကကြၽန္ေတာ့္မူပိုင္ရွင္ေလးနဲ႔ေမဂ်ာတူတူပါပဲ"

"သားငယ္နဲ႔တူတူပဲေပါ့"

"ဟုတ္"

"ေက်ာင္းမွာလည္းအန္တီ့သားငယ္ေလးကိုေစာင့္ေရွာက္ေပးပါဦးကြယ္...နည္းနည္းကေလးဆန္ေတာ့ အန္တီကစိတ္ပူတယ္...ဆိုးလ္ကိုလည္း ေက်ာင္းတက္ခ်င္လို႔သာလႊတ္လိုက္ရတာ အန္တီကစိတ္ခ်ခ်င္တာမဟုတ္ဘူး"

"ဟုတ္ကဲ့ေမေမ...ကိုယ္ဖိရင္ဖိကိုတစ္ဘဝလုံးအပ္ၿပီးေတာ့ကိုေစာင့္ေရွာက္ေပးမွာပါ"

"ဟုတ္ပါၿပီရွင္....သားငယ္ကလည္း ကေလးကိုအႏိုင္မက်င့္ရဘူးေနာ္...အေမ့သားေလးကသူငယ္ခ်င္းေတြအေပၚဆို ဆိုးခ်င္တာ"

"ကြၽန္ေတာ္ကလည္းအဲ့လိုဆိုးတာေလးကိုပဲလိုခ်င္တာဗ်ာ"

သြားအၿဖဲသားႏွင့္ေျပာေနတဲ့႐ုပ္က ထမင္းပန္းကန္လုံးနဲ႔ထထုခ်င္မိတဲ့အထိ။ ေမေမကလည္းသူ႔ကိုဆိုကေလးေလးလိုပဲျမင္ၿပီး ေတြ႕သမွ်လူကိုစိတ္မခ်ေၾကာင္းေျပာၿပီးလိုက္လိုက္အပ္ေနတာ။ အခုေတာ့ ဒီဝဲစားေလးအတြက္အဆင္ကိုေျပလို႔။

Baby Hyung ရဲ႕ေမေမေျပာပုံအရဆို သူ႔အကိုေသးေသးေလးက တစ္ေယာက္တည္းေနရေတာ့ ရင့္က်က္တဲ့ပုံစံေလးနဲ႔သူ႔ရဲ႕ ကေလးစိတ္ကေလးကိုဖုံးကြယ္ထားခ်င္ပုံရသည္။ ဘာပဲျဖစ္ျဖစ္ သူအတြက္ေတာ့ ဒီလူသားေလးရဲ႕ျဖစ္တည္မႈကိုပဲျမတ္ႏိုးမႈေတြနဲ႔သေဘာက်ေနတဲ့သူမလို႔ ကိစၥမရွိ။

JungKook ရဲ႕အ႐ႊန္းေဖာက္စကားတတ္မႈေတြ ရယ္ေမာသံေတြနဲ႔ ထမင္းစားဝိုင္းေလးက ေႏြးေထြးစြာၿပီးဆုံးသြားခဲ့ရသည္။

"ေမေမ ကြၽန္ေတာ္ေဆးေပးမယ္"

TaeHyung အခုခ်ိန္သိခ်င္တာ သူကေမေမ့ရဲ႕သားလား JungKook ကေမေမ့ရဲ႕သားလားဆိုတာကိုပင္။ ထမင္းစားၿပီးေတာ့ စားပြဲကိုရွင္းလင္းေနတုန္း ေမေမ့ေဘးနားမွာ ပန္းကန္ေဆးေပးၿပီး အမွတ္ယူေနသည့္ပုံက အေနာက္ကေနဖင္ကိုပိတ္တီးပစ္ခ်င္စရာပင္။

အကုန္လုံးေဆးေၾကာသိမ္းဆည္းၿပီးေတာ့ ေမေမကဒယ္ဂူကိုအျပန္ေနာက္က်မွာစိုးကာ ျပန္ဖို႔ျပင္သည္။ ကားဂိတ္အထိ ေမေမ့ကိုအတူလိုက္ပို႔ေပးၿပီး ျပန္လာေတာ့ဟိုဝဲစားေလးက အေနာက္ကေနကပ္ပါလာျပန္သည္။

"ျပန္ေတာ့ ငါခဏေနသြားစရာရွိတယ္ အိမ္ျပန္ေနာက္က်မွာ"

"ဘယ္သြားမလို႔လဲ"

"ဘယ္သြားသြားေပါ့ မင္းအပူပါလား"

"အပူေရာ အေအးေရာပါတယ္ ေျပာဗ်ာ...ဘယ္သြားမွာလဲ"

"ဆရာေဂ်ာင္ေယာင္းဂ်ဴ ရဲ႕စာအုပ္ေရာင္းပြဲ"

TaeHyung ကစူစူပုတ္ပုတ္နဲ႔ျပန္ေျဖေတာ့ JungKook ကမႈန္ကုပ္ကုပ္ျပန္ၾကည့္သည္။

"ဘယ္ေကာင္လဲ အဲ့လူက"

"စကားေျပာတာဆင္ျခင္...ငါအႀကိဳက္ဆုံးစာေရးဆရာကြ...သူ႔စာေတြမဖတ္ဖူးေသးပဲ ရမ္းသန္းမေျပာနဲ႔"

TaeHyung ေငါက္လိုက္တဲ့စကားေၾကာင့္ မဲ့႐ြဲ႕သြားတဲ့ JungKook မ်က္ႏွာမွာအလိုမက်မႈေတြအထင္းသား။ အဲ့ေကာင္ကဘာေကာင္မလို႔ သူ႔Baby Hyung ကသည္းသည္းလႈပ္ျဖစ္ေနရတာလဲ။

"ကြၽန္ေတာ္ပါလိုက္မယ္"

"ငါကေခၚမယ္ေျပာေနလို႔လား"

"မေခၚလည္းလိုက္တယ္ဗ်ာ"

"မရဘူး မလိုက္နဲ႔ ငါ့ဘာသာသြားမွာ"

"မရဘူးဗ်ာ လိုက္မွာဆို လိုက္မွာပဲ"

အုန္းသီးအခြံလိုမာတဲ့ေခါင္းကဘာမွေျပာလို႔ရမွာမဟုတ္။ သူကလည္း ဆရာနဲ႔ေတြ႕ရမွာကိုစိတ္လႈပ္ရွားေနတာ။ ေျပာခ်င္တဲ့စကားေတြလည္းအမ်ားႀကီးရွိသည္။ ဒီေကာင္ေလးရွိေနရင္စကားေတြကေျပာထြက္လာမွာမဟုတ္ဘူး။

"လိုက္လာလည္းေအးေဆးလိုက္လာေနာ္...ပြစိပြစိလာလုပ္ရင္ငါဆြဲထိုးမွာ"

"ၿပီးေရာ ၿပီးေရာ"

စူေအာင့္ေအာင့္မ်က္ႏွာေဘးက လငပုတ္ဖမ္းထားသလို။ အခ်ိန္ကလည္းနီးၿပီမလို႔ TaeHyung အိမ္ကိုအျမန္ျပန္လာၿပီး အဝတ္အစားတို႔လဲေတာ့သည္။

သိုးေမႊးထိုးထားသည့္ဆြယ္တာအညိဳႏုေလးႏွင့္ေကာ္ဖီရင့္ေရာင္စတိုက္ေဘာင္းဘီအရွည္ေလးကိုလဲကာ အခန္းထဲက ထြက္လာတဲ့ Baby Hyung ကိုသူေျခဆုံးေခါင္းဆုံးၾကည့္မိသည္။ သာမန္စာအုပ္ေရာင္းပြဲတစ္ခုကိုသြားဖို႔အတြက္ျပင္ဆင္ထားတာက အရမ္းလွလြန္းေနတယ္မဟုတ္ဘူးလား။
သူ႔ရဲ႕အလွတရားအညိဳေရာင္ေလးက သိပ္ကိုျပင္ဆင္ထားလြန္းသလို။ ပုံမွန္ဆို အရမ္းေတြသေဘာက်အူေခြ႕ေနမွာမွန္ေပမယ့္ အခုလိုျပင္ဆင္ထားတာက ကိုယ့္အတြက္မဟုတ္ေတာ့ ရင္ထဲေတာ့ေအာင့္သက္သက္ပင္။

"သြားမယ္ေလ ဘာၾကည့္ေနတာလဲ"

"အရမ္းျပင္ထားလို႔"

"ငါပိတ္လုပ္လိုက္ရ မလိုက္ခ်င္က်န္ခဲ့"

TaeHyung ကေျပာေျပာဆိုဆိုနဲ႔ထြက္သြားတာမလို႔ JungKook မွာလည္းအေနာက္ကအသည္းအသန္လိုက္ရေတာ့သည္။ သူမလိုက္ရင္ ဟိုေကာင္ကသူ႔ Baby Hyung ေလးကို မဟားတရားေတြငမ္းေနေတာ့မွာကိုသူသိေနသည္။

လမ္းတစ္ေလွ်ာက္လုံး အဲ့စာေရးဆရာဆိုတဲ့လူရဲ႕အေၾကာင္းေတြ အေရးအသားအဖြဲ႕အႏြဲ႕ေတြ ဘယ္လိုေကာင္းေၾကာင္း ဘယ္လိုေတာ္ေၾကာင္းကိုေျပာၿပီးပါလာတဲ့ Baby Hyung ကေတြ႕ရဖို႔ေတာ္ေတာ္ေလးစိတ္လႈပ္ရွားေနပုံရသည္။ Baby Hyung သူ႔အေၾကာင္းမသိေသးလို႔ပါ။ သူသာ Baby Hyung ကိုခ်စ္ေၾကာင္းေတြ လြမ္းေၾကာင္းေတြသာ စာတစ္တန္ေပတစ္တန္ နဲ႔ဖြဲ႕သီျပလိုက္ရင္ သူ႔ကိုအခုထပ္ပိုေႂကြက်သြားမွာ။ JeonJungKook တို႔က သိပ္ၿပီးအစြမ္းေတြမျပခ်င္လို႔သာ။

ပြဲက်င္းပမယ့္ေနရာကိုေရာက္လာေတာ့ Baby Hyung ကစာအုပ္ကိုအေျပးဝယ္ၿပီး လက္မွတ္ယူဖို႔ရန္တန္းစီေစာင့္သည္။ သူ႔ကိုေတာင္ရွိတယ္လို႔မထင္ေတာ့ပဲ အျဖစ္သည္းေနတဲ့ပုံကို သူမႀကိဳက္။ စာအုပ္တစ္အုပ္ ကိုမဝယ္ခ်င္ဝယ္ခ်င္နဲ႔ဝယ္ၿပီး အေနာက္ကလိုက္လာေတာ့ Baby Hyung ဆီေရာက္ဖို႔ ၾကားထဲလူဆယ္ေယာက္ေလာက္ခံသြားၿပီျဖစ္သည္။ အနီးကပ္မရွိေနလို႔မရ။ ဟိုလူနားေရာက္လို႔ Baby Hyung ဘာေတြေျပာလဲမၾကားရရင္ သူတစ္ညလုံးအိပ္လို႔ေပ်ာ္မွာမဟုတ္။ ႏိုင္ငံႀကီးသားပီသတာေတြမပီသတာေတြ သူဂ႐ုမစိုက္အားေတာ့ေပ။ ရွိသမွ်လူကိုေက်ာ္ခြလာၿပီး Baby Hyung နားနဲ႔ေကာင္မေလးေနာက္တစ္ေယာက္ရဲ႕ၾကားကိုေဖာက္ဝင္လိုက္သည္။

"ဒီမွာရွင့္ လူမေက်ာ္နဲ႔ေလ"

"လူေက်ာ္တာမဟုတ္ဘူး သူနဲ႔အတူလိုက္လာတာ"

"ဒါေပမယ့္ ရွင္ကေနာက္မွေရာက္လာတာေလ"

အေနာက္ကအသံေတြေၾကာင့္ TaeHyung လွည့္ၾကည့္ေတာ့ ဝဲစားေလးကလူေက်ာ္လာလို႔ ေကာင္မေလးတစ္ေယာက္နဲ႔စကားမ်ားေနပုံရသည္။

"Sorry ပါေနာ္...ကြၽန္ေတာ္နဲ႔အတူပါလာတဲ့ကေလးပါ...လူကြဲသြားလို႔"

TaeHyung ကၾကားကေနဝင္ရွင္းေတာ့ ထိုေကာင္မေလးကမေက်နပ္ေပမယ့္ ဘာမွမေျပာေတာ့။ JungKook ကေတာ့သူ႔ကိုကေလးလို႔ေျပာလို႔ မ်က္ႏွာက စူပုတ္ပုတ္။

တစ္ေယာက္ခ်င္းစီလက္မွတ္ထိုးေပးတာကို အေၾကာေတာင့္ေအာင္ေစာင့္အၿပီးမွာေတာ့ Baby Hyung အလွည့္ေရာက္လာၿပီျဖစ္သည္။

ၿပဳံး႐ႊင္ေနတဲ့မ်က္ႏွာက သူနဲ႔ေတြ႕ေနတဲ့အခ်ိန္ေတြနဲ႔လားလားမွမဆိုင္။ Baby Hyung မ်က္ႏွာကပ်ားရည္အိုးေမွာက္ေနသလိုမ်ိဳး။ JungKook ေဘးကေနသာ မေက်မလည္ရပ္ၾကည့္ေနရသည္။

"မဂၤလာပါဗ်...စာအုပ္ေလးေပးေနာ္ လက္မွတ္ထိုးေပးမယ္...နာမည္ကေရာ ဘယ္လိုေခၚလဲဗ်"

"TaeHyungပါ...Kim Tae Hyung"

တစ္လုံးခ်င္းစီေျပာေနတဲ့အသံက သူ႔ကိုေျပာေနက်ေလသံေတြနဲ႔ တစ္စက္ေလးေတာင္မတူ။ သူျမင္ရခဲတဲ့အၿပဳံးေတြကိုလည္း ဟိုလူကို ေဖာေဖာသီသီၿပဳံးျပေနသည္။

"နာမည္ေလးကလွတယ္ေနာ္"

"ေက်းဇူးပါ....ဆရာကိုေတြ႕ခ်င္ေနခဲ့တာ...ဟီး စိတ္ေတြလႈပ္ရွားေနတာ ဘာေျပာရမလဲေတာင္မသိေတာ့ဘူး...အဓိကေျပာခ်င္တာကေတာ့ ဆရာ့အမ်ားႀကီးသေဘာက်တာပါပဲ"

"Baby Hyung"

ဒါေတာ့မ်ားသြားၿပီ။ သူ႔ကိုေတာင္မေျပာဖူးတဲ့စကားကို Baby Hyung ကေျပာေနတာေလ။ အမ်ားႀကီးသေဘာက်တာပါတဲ့။ အား အူတိုလြန္းလို႔႐ူးမလိုပဲ။ အသည္းအသန္ခ်စ္ေနရတဲ့သူဆိုေတာ့လည္း ဒါမ်ိဳးေတြသူစိမ္းတစ္ေယာက္ကိုေျပာေနတာကိုၾကားေနရတာ အဆင္မေျပလွ။

သူ႔အသံႀကီးေၾကာင့္လည္း ဟိုစာေရးဆရာဆိုတဲ့သူကပါေမာ့ၾကည့္လာသည္။ Baby Hyung ကလည္း မ်က္ေထာင့္နီႀကီးႏွင့္ၾကည့္လာၿပီး အံတစ္ႀကိတ္ႀကိတ္နဲ႔ဘာေတြတိုးတိုး တိုးတိုးေျပာေနသည္မသိ။ မတတ္ႏိုင္ဘူး။ ပိုင္ေၾကာင္း ဆိုင္ေၾကာင္းေတာ့ျပရမွာ။

"သူငယ္ခ်င္းထင္တယ္"

"အာ ဟုတ္တယ္...အသိကေလးေလ...လိုက္ခ်င္တယ္ဆိုလို႔ေခၚလာတာ"

"ဘာကေလးလဲ ေကာင္ေလးဗ် ေကာင္ေလး"

JungKook ကထပ္ၿပီးဝင္ေျပာေတာ့ ဟိုစာေရးဆရာကထပ္ၿပီးေမာ့ၾကည့္လာျပန္သည္။

"အားနာပါတယ္ဆရာရယ္...လက္မွတ္ထိုးေပးလို႔လည္းေက်းဇူးတင္ပါတယ္...ေနာက္လူေတြလည္းေစာင့္ေနၿပီဆိုေတာ့ ခြင့္ျပဳပါဦးေနာ္"

"ဟုတ္ကဲ့ပါဗ် ေနာက္လည္းအခြင့္ရရင္ေတြ႕ခ်င္ပါတယ္"

"ဟုတ္ကဲ့ပါ"

TaeHyung အားနာနာနဲ႔ စာအုပ္ေလးယူၿပီးထြက္လာေတာ့ လက္မွတ္ထိုးေပးရမည့္သူက JungKook ျဖစ္ေနသည္။ ထို႔ေၾကာင့္ စာေရးဆရာကလက္မွတ္ထိုးေပးရန္ စာအုပ္ေပးဖို႔လက္ကိုကမ္းေပးသည္။

"မလိုဘူး ထိုးမေနနဲ႔"

ေၾကာင္အအျပန္ၾကည့္ေနတဲ့ထိုလူကို ထိုမွ်သာေျပာၿပီး Baby Hyung အေနာက္ကိုေျပးလိုက္လာခဲ့လိုက္သည္။ Baby Hyung သူ႔ကိုစိတ္ဆိုးသြားသည္။ အိမ္ျပန္လာေတာ့ မိုးေတာ္ေတာ္ခ်ဳပ္ေနၿပီျဖစ္သည္။

"Baby Hyung"

သူ႔ကိုအဖတ္မလုပ္။ စာအုပ္ကေလးကိုသာပိုက္ရင္း အိမ္ကိုဝင္တဲ့လမ္းသြယ္ေလးထဲမွာေအးေဆးလမ္းေလွ်ာက္ေနသည္။ ဝါက်င္က်င္မီးေရာင္ေလးေတြေအာက္မွာ အရိပ္ေသးေသးေလးကတစ္ေ႐ြ႕ေ႐ြ႕။

"ကြၽန္ေတာ္ေခၚေနတယ္ေလ Baby Hyung လို႔"

"ဘာလဲ ငါမင္းကိုစိတ္ဆိုးေနတယ္"

ကေလးဆန္ဆန္ေျပာလာတဲ့သူ႔အေသးေလးကို အသည္းမယားပဲမေနႏိုင္ေတာ့ေပ။ ဒါေၾကာင့္ Baby Hyung အေမကစိတ္မခ်ႏိုင္ျဖစ္ေနတာျဖစ္မည္။

"စိတ္ဆိုးရမွာကြၽန္ေတာ္ေလ...Baby Hyung ကေတာင္ကြၽန္ေတာ့္ကိုျပန္ေခ်ာ့ရဦးမွာ"

"ဆုေတာင္း ေအေဘးေလး"

"အဲ့လူကိုေတာ္ေတာ္သေဘာက်ေနတာလား"

"သေဘာက်တယ္ဘာျဖစ္လဲ"

"မျဖစ္ေတာ့ဘူးပဲ....စာအုပ္ ခဏေပး"

"ဘာလို႔လဲ"

"အဲ့လူ လက္မွတ္ၾကည့္ခ်င္လို႔"

TaeHyung လည္းဘာမွေထြေထြထူးထူးမေတြးမိပဲဒီအတိုင္းပဲ စာအုပ္ကိုလက္ထဲထည့္ေပးလိုက္သည္။

စာအုပ္ကိုဖြင့္ဖြင့္ခ်င္း ခန႔္ခန႔္ထည္ထည္ႀကီးျမင္လိုက္ရတဲ့ လက္မွတ္ေၾကာင့္ စိတ္ထဲဘဝင္မက်ေတာ့။ ဒီစာအုပ္ဖတ္တိုင္း Baby Hyung က ဒီလူကိုသတိရေနေတာ့မွာ။ မျဖစ္ဘူး ဒီလူတစ္ေယာက္တည္းကိုပဲသတိရေနလို႔မျဖစ္ဘူး သူ႔ကိုပါပူးတြဲသတိရေနရမွာ။ ဟုတ္တယ္ သူ႔ကိုပါသတိရေနေစရမွာ။

"Baby Hyung ဟိုကိုၾကည့္"

လက္မွတ္ကိုေသခ်ာၾကည့္ေနရင္းမွ ဘာထျဖစ္တယ္မသိ ႐ုတ္တရက္ႀကီး Baby Hyung ဟိုကိုၾကည့္တဲ့။ Tae Hyung လည္းေၾကာင္အအနဲ႔ လွည့္ၾကည့္လိုက္မိသည္။

Baby Hyung လွည့္သြားတာနဲ႔ လက္ညႇိဳးကိုတြံေတြးဆြတ္ကာ လက္မွတ္ကိုဖ်က္သည္။ Baby Hyungဒီလူကိုပဲသတိရေနလို႔မျဖစ္။ ဒီလက္မွတ္ကိုျမင္တိုင္းသူ႔ကိုပါသတိရေနရမွာ။ သူ႔ Baby Hyung ရဲ႕အရာရာတိုင္းမွာသာပါေနေစရမွာ။ မွင္စိုနဲ႔ထိုးေပးထားတာမလို႔ လက္မွတ္က မွင္ေတြပ်ယ္ကုန္ကာ တစ္ဝက္မွာ မွင္အမည္းဝိုင္းႀကီးျဖစ္သြားၿပီျဖစ္သည္။

"ဟာ ဘာလုပ္တာလဲ"

TaeHyung ျပန္လွည့္ေတာ့ လက္မွတ္ကို တြန္းဖ်က္ေနတဲ့ဝဲစားေလး။ လက္မွတ္တစ္ဝက္ကအမည္းဝိုင္းႀကီးေတာင္ျဖစ္ေနၿပီျဖစ္သည္။ စာအုပ္ကိုျပန္ဆြဲလုမွ လက္ထဲပါလာေတာ့သည္။

"ကုန္ပါၿပီ...ငါဒါကိုဘယ္ေလာက္ေတာင္တန္းစီေစာင့္ရလဲမင္းသိသားနဲ႔...ဘာလို႔ဒီလိုလုပ္လိုက္တာလဲ"

"ကြၽန္ေတာ္ဒီလိုမွမလုပ္ရင္ Baby Hyung ကစာအုပ္ဖတ္တိုင္းဒီေကာင့္ကိုသတိရေနေတာ့မွာေလ...အခုဆို ကြၽန္ေတာ့္ကိုပါသတိရေနေတာ့မွာ"

"ဟာ မင္း႐ူးေနလား မင္းအ႐ူးပဲ JeonJungKook "

Baby Hyung ကစိတ္ဆိုးစြာေအာ္ေျပာသည္။ သူ႔ေလာက္ Baby Hyung ကိုခ်စ္တဲ့သူ သူပဲရွိမည္။ ဒါကိုေတာင္ ဘာမဟုတ္တဲ့လက္မွတ္ေလးအတြက္နဲ႔ Baby ကသူ႔ကိုေအာ္ရက္သည္။ ဝမ္းနည္းမႈေတြ ေပါက္ကြဲမႈေတြကရင္ထဲအျပည့္။

"ဟုတ္တယ္ အ႐ူး Baby Hyung ကိုခ်စ္ေနတဲ့အ႐ူး....အခ်စ္႐ူး...အသည္းအသန္အ႐ူးအမူးခ်စ္ေနတဲ့အခ်စ္႐ူးဗ်"

"အာ ဘာႀကီးလဲ ဘာအခ်စ္႐ူးလဲ ႐ြံစရာႀကီး"

TaeHyung မွာၾကက္သီးေတြထၿပီးအေၾကာက္ေၾကာက္အလန႔္လန႔္ႏွင့္အိမ္ထဲဝင္ေျပးသည္။

စာအုပ္ကိုယူၿပီးအိမ္ထဲေျပးဝင္သြားတဲ့ Baby Hyung ကိုေတာ့ JungKook ေငးရင္းသာက်န္ခဲ့ရေတာ့သည္။

~ A Boy Named Jeon Jung Kook~

မေန႔ကတည္းကေရးေနတာ ေနာက္ဆုံးေတာ့ၿပီးၿပီ 😭
ဇာတ္သိမ္းေတာ့မွာသိလား😁

Okumaya devam et

Bunları da Beğeneceksin

46.1K 3.3K 47
" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "
565K 49.3K 29
Taekook Fanfiction Jeon Kim Own creation
44.2K 4.4K 21
မြို့စွန်က စံအိမ်နီကြီးရယ်၊အသက်ဝင်နေတဲ့ကျိန်စာတွေရယ်...အနီရောင်မျက်ဆန်တွေနှင့်လူတစ်ယောက်...
145K 14.5K 16
I've got a blank space baby ''