အတ္တလွန် အချစ်
အပိုင်း(1)
"အား..... စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"
"ဟဲ့ ဟဲ့ ဘာဖြစ်လာတာလဲ ပုံစံကိုလည်းကြည့်ပါဦး ရစရာကိုမရှိဘူး"
ဖုန်းတစ်လုံးကိုင်၍ တစ်ယောက်တည်းပေါက်ကွဲနေသောမိန်းကလေးအား အိပ်ခန်းထဲမှထွက်လာသော အခြားမိန်းကလေးတစ်ဦးမှမေးလိုက်ခြင်းဖြစ်သည်။
"အဲ့တာတရားသလား နဒီရဲ့"
အိပ်ခန်းထဲမှထွက်လာသည့်နဒီဆိုသောမိန်းကလေးဘက်သို့လှည့်ကာ မျက်နှာငယ်လေးနှင့်ဆိုသည်။
"ဟင် ဘာကိုလဲ"
"ဒီမှာကြည့် အဲ့တာကိုသေချာကြည့်"
သူမ၏လက်ထဲမှဖုန်းကိုထောင်ပြလိုက်ရာ
နဒီလည်း သေချာယူကြည့်လိုက်ပြီး
"ဟယ်...... ငါ ပါတယ် ငါအင်တာဗျူးအောင်တယ်တော့ ဟိဟိ"
နဒီဟာ ရုတ်တရက်ထအော်ပြီးခုန်လိုက်တော့ သူမက မျက်မှောင်ကုပ်၍မော့ကြည့်သည်။
"နင်က ဘာလို့ပျော်နေတာလဲ ငါငိုလိုက်မှာနော် ငါမှမပါတာ"
"အယ်....ဟုတ်သားပဲ ဆောရီး ဆောရီး သူငယ်ချင်းလေး "
နဒီက သူမထိုင်နေသော ဧည့်ခန်းထဲမှနှစ်ယောက်ထိုင်သစ်သားခုံပေါ်သို့အတူထိုင်ကာ သူမကိုနှစ်သိမ့်ပွေ့ဖက်လိုက်သည်။
"စိတ်မညစ်ပါနဲ့ နောက်တစ်ခုထပ်ဖြေမှာပေါ့"
"ဟင့်... ဟင့်...ဟီး... ငါဖြေနေတာ အခု၂၀မကတော့ဘူး ဘာလို့ ငါ့ကိုမရွေးတာလဲ ဟင့် .. "
နှစ်သိမ့်ပေးလိုက်ရာမှပိုလို့ဝမ်းနည်းလာသောသူမသည်သူငယ်ချင်းနဒီရဲ့ပုခုံးပေါ်မှာငိုချမိလေသည်။
" အဟင့်...အမေကလည်း ကောင်းကင်ကနေဒီတိုင်းကြည့်နေတော့မှာလား အဟင့်....."
လွန်ခဲ့သော၃နှစ်မှဘဝတစ်ပါးသို့ကူးပြောင်းသွားသောအမေဖြစ်ကိုတမ်းတကာငိုကြွေးလေတော့ သူငယ်ချင်းနဒီက သူ့ပုခုံးပေါ်ကသူမကိုငုံ့ကြည့်ပြီး
"အသံပြဲကြီးနဲ့ ဘာလို့ ပိတ်အော်နေတာလဲ စောစောစီးစီး ဘေးအိမ်တွေခဲနဲထုလိမ့်မယ်"
ငယ်ငယ်ကတည်း သူငယ်ချင်းနဒီ့အိမ်မှာသာကြီးပျင်းခဲ့ရသူဖြစ်သည်။
အဖေနဲ့အမေကို တစ်နှစ်လျှင်တစ်ကြိမ်တောင်မှန်မှန်တွေ့ရသူမဟုတ်သောကြောင့်
မိမိမှာ ကိုယ့်အားကိုယ်ကိုးမည်ဟု ဆုံးဖြတ်ထား၍ အဝေးသင်နှင့်ဘွဲ့ရကာ အချိန်ပိုင်းအလုပ်လုပ်ရင်း အချိန်ပြည့်အလုပ်ရှာနေသောမိန်းကလေးတစ်ဦးပင်ဖြစ်သည်။
ကုမ္ပဏီတွေ ကျောင်းတွေ အစရှိသဖြင့် အလုပ်ခေါ်စာတွေ့တဲ့နေရာမှန်သမျှလိုက်လျှောက်ခဲ့ပါသော်ငြားလည်း အလုပ်ပေါင်း၂၀မျှပင်ရှိလေပြီ တစ်ခုမှအင်တာဗျူးမအောင်ခဲ့လေရာ နောက်ဆုံးတစ်ခုတွင်တောင် အတူတူလျှောက်လွှာတင်ခဲ့ကြသောသူငယ်ချင်းမှ ပါသွားပါလျှက် သူမဟာကျန်ခဲ့ပြန်သည်။
"မွန်း လာ ဒီမှာ ထမင်းကြော်လာစား ငါ ထည့်ပေးထားတယ်"
နဒီက မီးဖိုခန်းမှလှမ်းခေါ်ပါသော်လည်း မွန်းဆိုသည့်သူမဘက်ကတော့အကြောင်းလည်းမပြန်လူလည်းပေါ်မလာသဖြင့်
"မွန်းရေ လာပါဟာ လာစားစမ်းပါ အဲ့လိုကြီးထိုင်မနေနဲ့"
ဧည့်ခန်းထဲမှပြတင်းပေါက်အနားတွင်မှိုင်မှိုင်ကြီးထိုင်နေသော သူမကို နဒီမှထပ်မံခေါ်လိုက်သည့်အခါမှ
"ငါမကျေနပ်ဘူးဟာ တခြားအလုပ်ထပ်ရှာမယ်"
"မွန်း ဒီိကိုလာပါဆိုနေ"
နဒီအတင်းခေါ်နေတာမို့ ထမင်းစားစားပွဲဆီသို့သူမထိုင်နေသောနေရာမှထ၍လာခဲ့သည်။
"ဟင် နေပါဦးနင်က အဲ့တာ ဘယ်သွားမလို့လဲ"
သူငယ်ချင်းနဒီဟာ အဖြူရောင်ဘလောက်စ်လေးနှင့်စကပ်ဒူးဖုံးကလေးကိုဝတ်ထားပြီး ဆံပင်တိုတိုကလေးကိုသပ်ရပ်စွာဖြီးထားလေရာ
"ငါကဘယ်သွားရမှာလဲ အလုပ်ကိုပေါ့ဟ"
"ဟွန့် ငါလည်း အဲ့လိုယူနီဖောင်းလေးတွေ၀တ်ချင်တာပေါ့လို့ "
"ငါ လည်းအလုပ်ထဲမှာ ပြောကြည့်ပါ့မယ်ဟာ နင်၀င်လို့ရမယ့်အလုပ်နေရာများရှိမလားလို့
ဟင်း... နင်ကလည်း နောက်တိုးခေါ်မယ့်ဟာရှိပါသေးတယ်"
"ဟင်"
နဒီ့စကားကြောင့်သူမဟာ ထမင်းကြော်ပန်းကန်ကြီးကိုငေးငိုင်ကြည့်နေရာမှ မျက်လုံးကလေးဝိုင်းသွားကာ မျှော်လင့်ချက်ရောင်များသမ်းသွားသည်။
"အေးလေ မသိဘူးလား "
"အေး "
"ဟော်တော် ဒီမှာကြည့် နောက်တိုး၃ယောက်ခေါ်မှာတဲ့ နင်ပါရင်ပါမှာပေါ့"
နဒီဟာသူမ၏ဖုန်းကိုဖွင့်ပြပြီးစာကိုသေချာမဖတ်သည့်သူငယ်ချင်းကိုပြလေသည်။
"ဟာ ဟုတ်သားပဲ အဲ့တာဆိုရင်တော့ ငါ ဆုတောင်းရင်း စောင့်တော့မယ် "
"အေး ဆုတောင်းထားမေမီမွန်းရေ ငါသွားတော့မယ်"
"အေးအေး ကောင်းကောင်းသွားနော် "
မေမီမွန်းဆိုတဲ့မိန်းကလေးဟာမဟုတ်မခံစိတ်ကလေးရှိသလိုကြိုးစားလိုစိတ်လည်းရှိသည်။
ကျောအလယ်အထိရှိနေသောလှိုင်းပါသည့်ဆံပင်ရှည်တွေဟာ ပင်ကိုအနီရောင် ဖြစ်နေသည်က အမေပေးတဲ့အမွေတစ်ခုပေါ့။
မျက်လုံးလေးမှာခပ်စိမ်းစိမ်းဖြစ်ပြီး
နှာခေါင်းချွန်ချွန်ကလေးနဲ့ နှုတ်ခမ်းပါးလေးကိုပိုင်ဆိုင်ထားသည့်သူမဟာ ဗမာရုပ်နဲ့မတူပေ။
============================
"ပြီးပြီလား "
"ဟုတ်ကဲ့ သခင်လေး ကျွန်တော်တို့ ပို့ခဲ့ပါပြီ "
"သူတို့ဘက်က ဘာပြန်ပြောလဲ "
"အမှုန့်ထပ်လိုမယ်တဲ့ ဖြစ်နိုင်ရင် ဒီနေ့ညဖြစ်ဖြစ် သခင်လေးနဲ့တွေ့ချင်တယ်လို့မှာလိုက်ပါတယ် "
ကြီးကျယ်လွန်းလှသည်ဒီအိမ်ကြီးဟာအဖြူနဲ့အမဲသာဖြစ်ပြီး အလယ်တည့်တည့်ဧည့်ခန်းရဲ့ ဆိုဖာအနက်ရောင်ကြီးသည် ထိုင်နေသည့်လူစပျောက်လုနီးနီးကြီးမားလှပြီး ထိုကတ္တီပါဆိုဖာကြီးမှာ စမတ်ကျကျ ခြေချိတ်ထိုင်နေသည့် သူက နှုတ်ခမ်း၀က စီးကရက်ကိုလက်နှစ်ချောင်းကြားသို့ ကူးပြောင်းယူလိုက်ပြီး နှာခေါင်းမှ အဖြူရောင်အငွေ့များရှိုက်ထုတ်လိုက်ချိန်.....
"ဟက် "
ဆိုသည့်ခနဲ့တဲ့တဲ့သူ့ရီသံက မျက်နှာကျက်တွင်ကပ်နေသည့်မီးဆိုင်းတွင်တောင် တုန်ခါသွားသလိုဖြစ်သွားတာမျိုး။
မှုန်ဝါးဝါးစီးကရက်ငွေ့များကြောင့် သူ့မျက်နှာကို မမြင်ရပေမဲ့သေချာတာက အတော်မာထန်နေလောက်ပြီ ။
"အလုပ်တစ်ခုကိုမင်းတို့လွှဲရင် ငါ၀င်မပါရစေနဲ့လို့ပြောမထားဘူးလား "
သူ့လက်ထဲက မီးရဲရဲနဲ့စီးကရက်ကိုတောင် မကြည့်ရဲတော့တဲ့ တပည့်တွေဟာ ခေါင်းနဲ့ဒူးနဲ့တိုက်အောင်ငုံ့ထားလျှက်ရှိကြသည်။
"မင်းကိုလတ်မို့ သွားတွေ့မယ် ဒီနေ့အဲ့ဒီကိစ္စမှာပါတဲ့ကောင်တွေအကုန် ဒီဂိုဏ်းထဲကထွက် "
သူ့စကားတစ်ခွန်းဆို တစ်ခွန်းထပ်ပြီးအတွန့်မတက်ရဲပဲ အလုပ်လည်းမထွက်ချင်သောကြောင့် သူ့ရှေ့မှာငြိမ်နေလျှက်ရှိကြလေရာ
"သွားလေ ဘာလုပ်နေတာလဲ"
သူ၏နောက်စကားတစ်ခွန်းမှာ ထိုလူတွေအားလုံးဟာခပ်ကုပ်ကုပ်ပင်အိမ်ကြီးထဲမှထွက်သွားကြလေသည်။
လက်ထဲကစီးကရက်ကို ဖန်ပြာခွက်ထဲတွင် ထိုးမွှေမီးသတ်၍
"အလင်းကို အပေါ်လွှတ်လိုက် "
တစ်ခွန်းသာ ပြောပြီး ခပ်ဖွဖွခြေလှမ်းဖြင့် ၂ထပ်ရှိသောအိမ် အပေါ်ထပ်သို့တက်သွား၏ ။
ကျွန်းတံခါးကြီးဟာ သူ့အရပ်ခြောက်ပေထက် အလုံအလောက်ကျော်လွန်ကြီးမားလှသည် ။
ထိုတံခါးကြီးပွင့်သွားသည့်နောက်၌
လှပသေသပ်သည့်မီးဆိုင်းကြီးရဲ့အောက်တည့်တည့်က အိစက်ညက်ညောကြီးမားကျယ်ပြန့်သည့် မွေ့ယာထူထူကြီးသည်ဖြူဖွေးစွာပင်ကြိုဆိုလျှက်
"သခင်လေး ခေါ်တယ်ဆိုလို့"
တံခါးဖွင့်ထားသည်မို့ အသံပေးကာ ၀င်လာခဲ့သော အလင်းဆိုသည့် သူ၏ညာလက်ရုံးပင်ဖြစ်သည်။
"အင်း "
"ဘာ စီစဉ်ပေးရမလဲ "
အလိုက်အသိဆုံးနဲ့အားအကိုးရဆုံးတပည့်မို့ အမြဲအနီးကပ်ထားသည့်ညာလက်ရုံးဟာအလင်းတစ်ယောက်တည်းဖြစ်သည်။
"ညနေ မင်းကိုလတ် ချိန်းတဲ့ဟိုတယ်ကို သွာမယ် "
သူကခပ်အေးအေးနဲ့နောက်လှည့်မကြည့်ဘဲဆိုလိုက်သည်။
"ဟုတ်ကဲ့ "
"သူတို့ဘာမှာလိုက်တာလဲသိတယ်မဟုတ်လား "
"ဟုတ်ကဲ့ အမှုန့် နဲ့Share နဲ့လဲမယ်လို့ပြောထားပါတယ် "
"အင်း အမှုန့်ကို အနောက်လမ်းကပဲ ပို့လိုက် စာချုပ်ကိစ္စ ငါကိုယ်တိုင်ပဲသွားမယ် "
"ဟုတ်ကဲ့ ကျွန်တော် အခုစီစဉ်လိုက်ပါ့မယ်"
"အာ.... ကျန်သေးတယ် "
ထွက်သွားမည့် အလင်း ရဲ့ခြေလမ်းတွေဟာ သူ့စကားနောက်မှတန့်ခနဲရပ်ပြီးပြန်လှည့်လာသည်။
"အမှုန့်က ညနေ ဟိုတယ်ကိုလည်း ယူခဲ့
ဒီနေ့က ငါ့အနားယူရမယ့်ရက်ပဲ "
"ဟုတ်ကဲ့ "
အလင်းမှခေါင်းညိတ်ပြီး တစ်ခုခုကိုသတိရသွားသည့်ပုံစံနှင့်
"သြော် သခင်လေး "
"ဘာ ကိစ္စရှိသေးလို့လဲ"
သူရဲ့မျက်ခုံးတွေတွန့်ချိုးသွားတဲ့အခါမျိုးဆိုရင် ညာလက်ရုံးဆိုတဲ့ အရင်းအနှီးဆုံး အလင်း တောင် လန့်ရသည်။
"သခင်လေး လွန်ခဲ့တဲ့၃နှစ်ကတည်းက ရှာခိုင်းတဲ့ မိန်းကလေး"
အလင်းရဲ့ စကားအဆက်ပြတ်သွားသည့်အခါ
လှည့်မကြည့်ပေမဲ့ စိတ်အ၀င်စားဆုံးအကြောင်းအရာမို့ နားစိုက်ထောင်နေခဲ့သည်။
"ဆက်ပြောလေ "
ခက်ထန်မာကြောသည့်သူ့အသံက ဒေါသဖြစ်နေတယ်ဆိုတာ အသေအချာကြီးပင်ဖြစ်ပြီး
"အဲ့ဒီ မိန်းကလေး နဲ့ဆင်တဲ့သူတွေ့တယ်လို့ကြားတယ် သူဌေးမင်းကိုလတ် ကဖုန်းဆက်...."
"မင်းသွားတော့ "
အလင်းကိုနှင်လိုက်ပြီး သူက တံခါးပိတ်ကာ ဖုန်းဆက်လိုက်သည်မှာ မင်းကိုလတ်ဆီသို့ပင်ဖြစ်သည်။
"ဟယ်လို မင်းကို "
သူကဖုန်းဆက်ရင်း စီးကရက်တစ်လိပ်ခဲပြီး မွေ့ယာဘေးကနံရံလျောတံခါးကြီးကိုမှီထားသည်။
"အင်း ဟိုကိစ္စလား "
"အဲ့ဒီမိန်းကလေး ဘယ်မှာလဲ"
"ဆင်ပဲဆင်တာကွ ငါလည်း သေချာမသိဘူး "
"ကျစ် ကိစ္စတစ်ခုကိုသေချာစေချင်တယ်ကွာ "
"သေချာမင်းနဲ့ညနေတွေ့ရအောင် လုပ်လိုက်တာ ငါလည်းပထမတုန်းက သတိမထားမိဘူး ငါ့ကုမ္ပဏီမှာ လာလျောက်တဲ့အထဲပါလာတာ နောက်တိုးခေါ်မယ့်လူတွေကို ငါပြန်စစ်ကြည့်ရင်း သူ့ရဲ့ပရိုဖိုင်ကိုတွေ့လိုက်တာ"
"အဲ့ဒီကျ ..."
"အေး လျောက်လွှာထဲက တစ်ယောက်က မင်း အရင်ကပုံပြဖူးတဲ့ တစ်ယောက်ပဲထင်တယ်တော်တော်တူတယ် ဆံပင်ကအနီရောင်နဲ့ "
"နာမည်က?"
"မေမီမွန်း "
ထိုနာမည်ကိုကြားတာနဲ့ သူသည်စီးကရက်ခဲထားတဲ့နှုတ်ခမ်းကိုတစ်ချက်တွန့်ပြီးပြုံးလိုက်ကာ
"ဟက် သေချာတယ် သူပဲ မင်းရအောင်ဆွဲထား"
"ငါ ဆွဲထားတယ် ညနေသာ ဟိုတယ်ကိုလာခဲ့"
============================
နဒီ အိမ်တံခါးဖွင့်လိုက်လျှင် ပြတင်းပေါက်နားတွင် ထိုင်နေသည့်သူမက မလှုပ်မယှက်။
"ဟဲ့ မွန်း နင် ငါသွားကတည်းက အဲ့ဒီနားမှာထိုင်နေတာ အခုလည်း အဲ့ဒှနားမှာပဲလား "
"ဟင်း စိတ်ညစ်လို့ပါဟာ အဖေနဲ့အမေကလည်း ဆုံးသွားတာတောင် ငါ့အတွက် ဘာလေးညာလေးချန်မထားခဲ့ဘူး"
"ဟော်တော် နင်ကဘာလိုချင်သေးတာလဲ "
နဒီဟာ သူလွယ်လာတဲ့အိတ်ကလေးကိုဧည့်ခန်းထဲကုလားထိုင်ပေါ်သို့ပစ်တင်လိုက်ပြီး မွန်းရဲ့ဘေးသို့လာထိုင်သည်။
"မဟုတ်ဘူးလေဟာ ဆုံးပြီသာပြောတာ ဘယ်မှာဆုံးတာ ဘယ်လိုဆုံးတာ ငါဘာမှမသိရဘူး ဘာပဲဖြစ်ဖြစ် ကိုယ့်သမီးအတွက် စာလေးဖြစ်ဖြစ်ချန်ခဲ့သင့်တာပေါ့ "
ထိုသို့ပြောလာတော့နဒီမှာတစ်ကောင်ကြွက်သူငယ်ချင်းမလေးကိုသနားရပြန်သည်။
"ဟင်း ဘာလို့ဒါတွေကိုခဏခဏတွေးနေတာလဲ ငါ၀မ်းသာစရာပြောပြမယ် နင်သိပြီးလောက်ပြီထင်နေတာ အခုလိုမှိုင်နေရင်မသိလောက်သေးဘူးထင်တယ်"
"ဘာကိုလဲ"
"နင့်ကိုနောက်တိုးစာရင်းထဲမှာခေါ်ထားတယ်လေ ဖုန်းလေးဘာလေးလည်းဖွင့်ကြည့်ပါဦးတစ်နေကုန်ဘာထိုင်လုပ်နေတာလဲ"
"ဘာ ဘာ အ အတည်လား "
မွန်းသည် နဒီ့ဘေးကနေထပြေးပြီးအိပ်ခန်းထဲမှာအားသွင်းထားသောသူမ၏ဖုန်းကလေးကိုသွားဖြုတ်ယူဖွင့်ကြည့်လေလျှင် နောက်တိုင်းခေါ်သည့်၃ယောက်စာရင်းမှာသူမဟာထိပ်ဆုံးကနေပါလာကြောင်း Message ဝင်နေလေသည်။
"ဟယ် ငါ ငါ အလုပ်ရပြီပေါ့ ဟီဟီ အမလေးပျော်စရာကြီး "
နဒီကိုဖက်ကာ မျက်ရည်ပင် ဝေ့လာသည့်အခါ
" ဟုတ်တယ် ငါကြားခဲ့တာတော့ နင်က Cooking ပိုင်းမှာ သင်တန်း၂ခုတောင်လက်မှတ်ရထားတော့ နင့်ကိုစားဖိုဆောင်မှာထားမယ်ထင်တယ် ညနေကျရင် ဝန်ထမ်းအသစ်တွေကြိုဆိုပွဲရှိတယ် နောက်တိုးထဲမှာပါလာတဲ့လူတွေကိုတော့သူဌေးကသူကိုယ်တိုင်ထပ်ပြီးအကဲခက်ဦးမယ်တဲ့ အဲ့တာနင်လိုက်ခဲ့ရမယ် "
ထိုအခါ မွန်းက နဒီနဲ့လူချင်းခွာပြီး
" အဲ့...အဲ့တာဆို...ငါပြင်ဆင်စရာရှိတာပြင်ဆင်ရဦးမှာပေါ့ "
" အေး...လုပ်ရေသွားချိုးချေ ညကျအတူတူသွားကြမယ် "
မွန်းအတွက် ပျော်ရမည့်နေ့က ဘာလို့ကံဆိုးမည့်နေ့နဲ့ တစ်ထပ်တည်းကျနေပါသလဲ။
============================
"အိုခေ! ရော့ လက်မှတ်ထိုးလိုက်တော့ "
"အားလုံး ပြည့်စုံပြီ "
"အင်း ခဏနေရင် ငါ့၀န်ထမ်းတွေလာတော့မယ် မင်းလည်း ရှောင်တော့"
မင်းကိုလတ်သည် ထိုလူလက်မှတ်ထိုးပေးတဲ့စာချုပ်ကိုပြန်ဆွဲယူပြီးပြောလိုက်ပါသည်။
"အင်း ငါရှာနေတဲ့မိန်းကလေးကို မင်းတွေ့ပြီးရင် သေချာလား ငါ့ကိုပြော ငါဒီဟိုတယ်မှာပဲရှိနေမယ် "
သူသည် ပြောစရာရှိတာပြောပြီးမင်းကိုလတ်ရှေ့ကနေထ၍ ထွက်သွားသည်။
"အတ္တ!"
မင်းကိုလတ်သည် သူနဲ့ပေါင်းမိတာ ၆နှစ်ရှိပြီဖြစ်သည်။
စီးပွားရေးအရရော သူတို့ဂိုဏ်းအတွက် အရေးပါသည့် သူတစ်ယောက်လည်းဖြစ်သည်။
အသက်အရွယ်မတိမ်းမယိမ်း ဆိုတော့ အခြားလုပ်ငန်းရှင်များထက်ပိုပြီးပါတနာကျကာ သူငယ်ချင်းဟုပင်ဆိုနိုင်လောက်သည်အထိရင်းနှီးကြသည်။
အတ္တလွန်ဆိုတဲ့သူက ဘာမဆိုလျှို့ဝှက်တာများသည်မို့ အနီးကပ်နေသည့်အလင်းတောင် သူ့အကြောင်းအားလုံးသေချာစွာမသိနိုင်။
အတ္တ မင်းကိုလတ် ရဲ့အခေါ်ကြောင့် နောက်မကြည့်ပေမဲ့ ဟိုတယ်အခန်းရဲ့တံခါးရှေ့မှာရပ်နေသည်။
"သူ့ကို ဘာလို့အသည်းအသန်ရှာနေတာလဲ"
"အဲ့ဒီမိန်းကလေးက ငါ့အတွက်အရေးကြီးတယ် .......မဟုတ်ဘူး ငါ့ဘ၀ခါးသီးမှုအတွက်"
============================
ပန်းရောင်ဇာဂါ၀န်လေးနဲ့ နဒီသည် ဆံပင်တိုတိုနှင့်မို့ စကုပ်လေးသာ တွယ်ထား၍ အိမ်တံခါးသော့ပိတ်ရန် ခြံ၀၌စောင့်နေ၏။
"ဟဲ့ မွန်းရေကြာလိုက်တာ"
"လာပါပြီ "
အိမ်ထဲကပြေးထွက်လာသည့်သူမက
ဆင်စွယ်ရောင် ဒူးဖုံးဂါ၀န်လေးဖြင့် ဆံပင်အနီရောင်တွေကိုသိမ်းစည်းထားသည်။
မိတ်ကပ်မလိမ်းတတ်သူမို့ နဒီ့ဆီကခပ်ပါးပါးကလေးတောင်းပြီးလိမ်းထား၏။
"အမလေး လှပနေလိုက်တာ "
"နင့်လောက်တော့ ဘယ်ဟုတ်မလဲ ရှိတာ၀တ်ရတာ အဆင်ပြေရဲ့မသိပါဘူး"
"လှပါတယ်ဆိုနေ မြန်မြန်လာ Taxiနဲ့သွားရမှာ"
============================
ဟိုတယ် အခန်းထဲက မွေ့ယာဖြူဖြူကြီးရဲ့ဘေး မှန်စားပွဲခုံသေးလေးပေါ်တွင် ကိုကင်းအမှုန့် ဖြူဖြူတွေကို အလျားလိုက် ချလိုက်ပြီး ဖန်ပိုက်သေးသေးကလေးဖြင့် သူတစ်ချက်ရှိုက်ရှူလိုက်သည်။
ထို့နောက် စီးကရက်ကိုမီးညှိလိုက်ပြီး တစ်ရှိုက်ဖွာ၍ မွေ့ယာပေါ်တွင်ချွတ်ထားသော သူ၏ကုတ် အင်္ကျီအတွင်းအိတ်ထဲကနေ ဖုန်းထုတ်ဆက်လိုက်သည့်အခါ
"အာ သခင်လေး အတ္တ မဆက်သွယ်တာတောင်ကြာပြီ ဘယ်လိုလဲ ကောင်းနေပြီလား"
ဖုန်းဝင်တာနဲ့ချက်ချင်းဖြေကြားလာသည့်တစ်ဖက်ကလူရဲ့အသံသည်အတ္တဖုန်းဆက်တာနဲ့ပင်ပျော်ရွှင်မြူးတူးနေသယောင်။
"ခါတိုင်းဟိုတယ်ယူနေကျအခန်းကို တစ်ယောက်လွှတ်လိုက်"
"ဟုတ်ပြီဗျာ အသစ်လေးလွှတ်ပေးမယ် အသန့်ဆုံးလေး ဟဲဟဲဟဲ"
အတ္တက လိုရင်းသာပြော၍ ဖုန်းကို မွေ့ယာပေါ်သို့ပစ်တင်လိုက်ပြီး အခန်းတံခါးဖွင့်ကာ
အပြင်မှာစောင့်နေသည့် အလင်း မဟုတ်တဲ့ တပည့်၂ယောက်အား
"ခပ်ချောချောမိန်းကလေးတစ်ယောက်လာရင်အထဲလွှတ်လိုက်"
"ဟုတ်ကဲ့"
အတ္တက တံခါးပြန်ပိတ်ရင်း စီးကရက်ငွေ့တွေရှိုက်ထုတ်ကာ အိပ်ယာပေါ်လှဲလိုက်ရင်း မှိန်းနေလိုက်သည် ။
ဘယ်လိုအာရုံတွေမှန်းတောင်မသိတော့ကာ
လောကကြီးနဲ့အဆက်ပြတ်သွားသလိုစိတ်ကူးယဥ်သမျှပဲအားလုံးဖြစ်လာသမျိုး ပြောမပြတတ်လောက်အောင်ခံစားလို့ကောင်းနေသည်။
ဒါတွေကြောင့်လည်း စွဲနေတာပေါ့။
စီးကရက်ကို နှုတ်ခမ်း၀သို့တစ်ဖန် ရောက်စေ၏။
======================
ဟိုတယ်က စားသောက်ရန် ငှားထားသည့် ပါတီကျင်းပနေသည့်အခန်းထဲသို့ နဒီ့လက်ကို တင်းတင်းလေးဆွဲကာ ၀င်လာခဲ့သည်။
"ဟဲ့ နဒီ ငါ ကြောက်လိုက်တာ"
"နင်ကလည်း "
"နင်တို့သူဌေး ဘယ်မလဲ နင်ရောလိုက်ခဲ့နော် ငါကြောက်လို့"
"အေးပါ ခဏ ငါမေးပေးမယ် ဟိုဖြူဖြူ၀၀နဲ့က ငါတို့မန်နေဂျာလေ "
နဒီကပဲဦးဆောင်ခေါ်သွားပြီး
"အစ်မ"
"ဪ နဒီ "
နဒီကသွက်တော့ မနက်ကမှ သိပြီးချက်ချင်းရင်းနှီးနေသည်။
"ဟိုလေ သူဌေး ကဘယ်မှာလဲ"
"သူဌေးလား ဟုတ်တယ် အစ်မကိုမှာသွားတယ် ၀န်ထမ်းအသစ်ကလေးနဲ့ တွေ့ချင်လို့တဲ့ အခန်း1011 ကိုလာခဲ့ပါတဲ့"
မန်နေဂျာမဖြူကထိုသို့ပြောတော့
" ခဏခဏ မဖြူ သူဌေးအခန်းပြောင်းသွားပြီ 1012မှာ"
ဘေးကကြားလိုက်သည့် အတွင်းရေးမှူးမလေးက၀င်ပြောပြသည်။
"ဟယ် မဟုတ်ပါဘူးငါ့ကိုမှာသွားတာ အခန်း1011 ပါတဲ့"
"အစကဟုတ်တယ် အဲ့ဒီအခန်းက အမြဲလာနေကျလူရှိလို့တဲ့ သူဌေးကဖယ်ပေးလိုက်ရတယ်ဆိုပဲ 1012မှာပါ ဦးကျော်တို့တောင်ပြောသွားသေး"
သူတို့၂ယောက်ပဲငြင်းနေကြတာ ဒီက ဘာယုံရမှန်းမသိတော့ဘူး။
နဒီနဲ့မွန်းကတစ်ယောက်ကိုတစ်ယောက်ကြည့်နေကြရင်း မွန်းကပဲ...
"ဟုတ် ဟုတ်ကဲ့ နဒီ ငါ့ကိုလိုက်ပို့ဦး"
"အင်း "
"ဟယ်သူဌေးက တစ်ယောက်တည်းလာခိုင်းတာ ညီမရဲ့ ကိုကျော်တို့လည်းရှိတယ် တစ်ခါတည်း အင်တာဗျူးမလို့ထင်တယ်"
အတွင်းရေးမှူးမလေးကထပ်ပြောလာသည့်အခါ မွန်းကမျက်လုံးလေးဝိုင်းသွားသည်။
"ဟင် ဟုတ်လား"
"မနက်က အသစ်လေးမလား လာလေ ဒီမှာ စားရအောင်"
အခြား၀န်ထမ်းအသစ်တွေကလည်း နဒီ့ကို ဝိုင်းခေါ်နေကြသဖြင့် နဒီ့ကိုလည်းအားနာပြီး
မွန်းလည်း
မေမီမွန်းပါ အဲ့လောက်မကြောက်နဲ့
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်တာပေါ့
ဟုကိုယ့်ကိုယ်ကိုအားပေး၍
"နဒီ ငါ့ဘာသာသွားလိုက်တော့မယ် ရတယ် "
"ဖြစ်ရဲ့လား"
"ရပါတယ် ပြီးမှတွေ့မယ်နော် "
သူမဟာ ဓာတ်လှေကားကနေတစ်ဆင့် မန်နေဂျာအစ်မကြီးနဲ့အတွင်းရေးမှူးကောင်မလေးတို့ပြောကြသောအခန်းနံပါတ်တွေရှိသည့်အထပ်ကိုတက်လာခဲ့သည်။
အားနာလို့ တစ်ယောက်တည်းဖြစ်တယ်ဆိုပြီးလာခဲ့တာ အခန်းနံပါတ်က 1011တွေရော1012တွေရော ဘာအမှန်မှန်းမသိဘူး။
ဘာပဲဖြစ်ဖြစ် ပထမဆုံးလာတဲ့အခန်း အရင်ကြည့်ရမှာပဲ မဟုတ်တော့ နောက်တစ်ခန်းပေါ့ ခက်တာမှမဟုတ်ဘဲ။
မွန်းသည် ဟိုကြည့်ဒီကြည့်ဖြင့် အူလည်လည်ဖြစ်နေသည့်ကြားမှ အခန်းနံပါတ်1011ရှေ့တွင် လူ၂ယောက်စောင့်နေတာကိုတွေ့လိုက်ရသည်။
သူတို့တွေကရုပ်တည်လွန်းတော့ မွန်းအနေနဲ့မေးဖို့ကြောက်နေချိန်
ထို အစောင့်၂ယောက်ကလည်း ဆင်ဆွယ်ရောင်ဂါဝန်ကလေးနှင့်ဆံပင်တွေကိုနောက်မှာသိမ်းစည်းပြီးသပ်သပ်ရပ်ရပ်မိန်ကလေး မွန်းကို ၃၀ စက္ကန့်မျှကြည့်နေပြီး သူတို့အချင်းအချင်းအချက်ပြကာအခန်းတံခါးဖွင့်ပေးလိုက်ည့်အခါ
ဟူး တော်ပါသေးတယ် ငါလာမယ်သိလို့ထင်တယ် တံခါးဖွင့်ပေးလို့ မဟုတ်ရင် ငါ ဒီတိုင်းလှည့်ပြန်ရမှာ
သူမလည်း ထိုအတွေးနဲ့ အထဲ၀င်လိုက်ရော တံခါးကဂျိန်းခနဲပြန်ပိတ်သွားလို့လန့်ပြီးနောက်လှည့်ကြည့်ကာရှေ့သို့ပြန်လှည့်ကြည့်လိုက်လျှင်
နက်(ခ်)တိုင်လျော့ရဲရဲနဲ့ ရှပ်အင်္ကျီကိုလက်ခေါက်တင်ထားသော လူတစ်ယောက်က ရုတ်တရက်ကြီး ခါးမှဆွဲကာ ပြန်ပိတ်သွားတဲ့တံခါးတွင် မွန်းကို တွန်းကပ်ပြီး နှုတ်ခမ်းတွေကို အနမ်းရိုင်းများဖြင်ကြိုလိုက်သည် ။
ဘာမှာတားဆီးချိန်မရလိုက်ပြီးကြုံတွေ့လိုက်ရသည့်အခြေအနေကြောင့် တစ်ကိုယ်လုံးပူထူသွားကာ မျက်လုံးအပြူးသားနဲ့ ခန္ဓာကိုယ်တစ်ခုလုံး လန့်ဖြန့်ကာ တောင့်သွားသည် ။
သူမရဲ့အောက်နှုတ်ခမ်းတွေကို ဆွဲယူစုပ်နမ်းနေသည်မှ လည်ပင်းတွေအထိနှုတ်ခမ်းများဖြင့်ပွတ်တိုက်နမ်းရှိုက်ရင်းစုပ်သပ်ကာ သူမရဲ့ဂုတ်မှထိန်းကိုင်ထားသည့်သူ့လက်တွေကစည်းနှောင်ထားသောသူမရဲ့ဆံပင်တွေကိုကြမ်းတမ်းစွာဆွဲစောင့်လိုက်ရာ နာကျင်သွားရပြီး အသိဝင်လာ၍
"အင်း အဟွင့် "
သူမ အတင်းတွ့န်လူးရုန်းထွက်ကာ
ဖြန်း!!
ထူပူသွားသည့် ပါးတစ်ဖက် ဘယ်လောက်တောင်နာလိုက်မလဲ မွန်းလက်တောင် စပ်ဖျင်းဖျင်းနဲ့ကျန်နေရစ်သည်။
မွန်းမှာရိုက်လိုက်ပြီး ကိုယ့်နှုတ်ခမ်းကိုယ်လက်ဖမိုးဖြင့်ပွတ်တိုက်သုတ်ဖယ်ရင်း လူတစ်ကိုယ်လုံးလည်းတုန်ဆက်လျှက်ရှိလေသည်။
သူ့အသားကလည်းဖြူဖွေးနေတာကြောင့် ပါးတစ်ခြမ်းသည်ရဲတက်သွားကာ
အတ္တမှာဇက်လည်သွားအောင်ပင်အရိုက်ခံလိုက်ရပြီး ကိုယ့်ပါးကိုယ် ပြန် ပွတ်သပ်ရင်း
ခုနကကောင်းနေတဲ့ ဆေးအရှိန်တောင်ပျက်ပြယ်သွားသည်။
=================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(2)ဆက်ရန်
မူးယစ်ဆေးများကိုလက်တွေ့ဘဝမှာလုံးဝစမ်းသက်မကြည့်သင့်ပါ။
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(1)
"အား..... စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ"
"ဟဲ့ ဟဲ့ ဘာျဖစ္လာတာလဲ ပုံစံကိုလည္းၾကည့္ပါဦး ရစရာကိုမရွိဘူး"
ဖုန္းတစ္လုံးကိုင္၍ တစ္ေယာက္တည္းေပါက္ကြဲေနေသာမိန္းကေလးအား အိပ္ခန္းထဲမွထြက္လာေသာ အျခားမိန္းကေလးတစ္ဦးမွေမးလိုက္ျခင္းျဖစ္သည္။
"အဲ့တာတရားသလား နဒီရဲ႕"
အိပ္ခန္းထဲမွထြက္လာသည့္နဒီဆိုေသာမိန္းကေလးဘက္သို႔လွည့္ကာ မ်က္ႏွာငယ္ေလးႏွင့္ဆိုသည္။
"ဟင္ ဘာကိုလဲ"
"ဒီမွာၾကည့္ အဲ့တာကိုေသခ်ာၾကည့္"
သူမ၏လက္ထဲမွဖုန္းကိုေထာင္ျပလိုက္ရာ
နဒီလည္း ေသခ်ာယူၾကည့္လိုက္ၿပီး
"ဟယ္...... ငါ ပါတယ္ ငါအင္တာဗ်ဴးေအာင္တယ္ေတာ့ ဟိဟိ"
နဒီဟာ ႐ုတ္တရက္ထေအာ္ၿပီးခုန္လိုက္ေတာ့ သူမက မ်က္ေမွာင္ကုပ္၍ေမာ့ၾကည့္သည္။
"နင္က ဘာလို႔ေပ်ာ္ေနတာလဲ ငါငိုလိုက္မွာေနာ္ ငါမွမပါတာ"
"အယ္....ဟုတ္သားပဲ ေဆာရီး ေဆာရီး သူငယ္ခ်င္းေလး "
နဒီက သူမထိုင္ေနေသာ ဧည့္ခန္းထဲမွႏွစ္ေယာက္ထိုင္သစ္သားခုံေပၚသို႔အတူထိုင္ကာ သူမကိုႏွစ္သိမ့္ေပြ႕ဖက္လိုက္သည္။
"စိတ္မညစ္ပါနဲ႕ ေနာက္တစ္ခုထပ္ေျဖမွာေပါ့"
"ဟင့္... ဟင့္...ဟီး... ငါေျဖေနတာ အခု၂၀မကေတာ့ဘူး ဘာလို႔ ငါ့ကိုမေ႐ြးတာလဲ ဟင့္ .. "
ႏွစ္သိမ့္ေပးလိုက္ရာမွပိုလို႔ဝမ္းနည္းလာေသာသူမသည္သူငယ္ခ်င္းနဒီရဲ႕ပုခုံးေပၚမွာငိုခ်မိေလသည္။
" အဟင့္...အေမကလည္း ေကာင္းကင္ကေနဒီတိုင္းၾကည့္ေနေတာ့မွာလား အဟင့္....."
လြန္ခဲ့ေသာ၃ႏွစ္မွဘဝတစ္ပါးသို႔ကူးေျပာင္းသြားေသာအေမျဖစ္ကိုတမ္းတကာငိုေႂကြးေလေတာ့ သူငယ္ခ်င္းနဒီက သူ႕ပုခုံးေပၚကသူမကိုငုံ႕ၾကည့္ၿပီး
"အသံၿပဲႀကီးနဲ႕ ဘာလို႔ ပိတ္ေအာ္ေနတာလဲ ေစာေစာစီးစီး ေဘးအိမ္ေတြခဲနဲထုလိမ့္မယ္"
ငယ္ငယ္ကတည္း သူငယ္ခ်င္းနဒီ့အိမ္မွာသာႀကီးပ်င္းခဲ့ရသူျဖစ္သည္။
အေဖနဲ႕အေမကို တစ္ႏွစ္လွ်င္တစ္ႀကိမ္ေတာင္မွန္မွန္ေတြ႕ရသူမဟုတ္ေသာေၾကာင့္
မိမိမွာ ကိုယ့္အားကိုယ္ကိုးမည္ဟု ဆုံးျဖတ္ထား၍ အေဝးသင္ႏွင့္ဘြဲ႕ရကာ အခ်ိန္ပိုင္းအလုပ္လုပ္ရင္း အခ်ိန္ျပည့္အလုပ္ရွာေနေသာမိန္းကေလးတစ္ဦးပင္ျဖစ္သည္။
ကုမၸဏီေတြ ေက်ာင္းေတြ အစရွိသျဖင့္ အလုပ္ေခၚစာေတြ႕တဲ့ေနရာမွန္သမွ်လိုက္ေလွ်ာက္ခဲ့ပါေသာ္ျငားလည္း အလုပ္ေပါင္း၂၀မွ်ပင္ရွိေလၿပီ တစ္ခုမွအင္တာဗ်ဴးမေအာင္ခဲ့ေလရာ ေနာက္ဆုံးတစ္ခုတြင္ေတာင္ အတူတူေလွ်ာက္လႊာတင္ခဲ့ၾကေသာသူငယ္ခ်င္းမွ ပါသြားပါလွ်က္ သူမဟာက်န္ခဲ့ျပန္သည္။
"မြန္း လာ ဒီမွာ ထမင္းေၾကာ္လာစား ငါ ထည့္ေပးထားတယ္"
နဒီက မီးဖိုခန္းမွလွမ္းေခၚပါေသာ္လည္း မြန္းဆိုသည့္သူမဘက္ကေတာ့အေၾကာင္းလည္းမျပန္လူလည္းေပၚမလာသျဖင့္
"မြန္းေရ လာပါဟာ လာစားစမ္းပါ အဲ့လိုႀကီးထိုင္မေနနဲ႕"
ဧည့္ခန္းထဲမွျပတင္းေပါက္အနားတြင္မွိုင္မွိုင္ႀကီးထိုင္ေနေသာ သူမကို နဒီမွထပ္မံေခၚလိုက္သည့္အခါမွ
"ငါမေက်နပ္ဘူးဟာ တျခားအလုပ္ထပ္ရွာမယ္"
"မြန္း ဒီိကိုလာပါဆိုနေ"
နဒီအတင္းေခၚေနတာမို႔ ထမင္းစားစားပြဲဆီသို႔သူမထိုင္ေနေသာေနရာမွထ၍လာခဲ့သည္။
"ဟင္ ေနပါဦးနင္က အဲ့တာ ဘယ္သြားမလို႔လဲ"
သူငယ္ခ်င္းနဒီဟာ အျဖဴေရာင္ဘေလာက္စ္ေလးႏွင့္စကပ္ဒူးဖုံးကေလးကိုဝတ္ထားၿပီး ဆံပင္တိုတိုကေလးကိုသပ္ရပ္စြာၿဖီးထားေလရာ
"ငါကဘယ္သြားရမွာလဲ အလုပ္ကိုေပါ့ဟ"
"ဟြန့္ ငါလည္း အဲ့လိုယူနီေဖာင္းေလးေတြ၀တ္ခ်င္တာေပါ့လို႔ "
"ငါ လည္းအလုပ္ထဲမွာ ေျပာၾကည့္ပါ့မယ္ဟာ နင္၀င္လို႔ရမယ့္အလုပ္ေနရာမ်ားရွိမလားလို႔
ဟင္း... နင္ကလည္း ေနာက္တိုးေခၚမယ့္ဟာရွိပါေသးတယ္"
"ဟင္"
နဒီ့စကားေၾကာင့္သူမဟာ ထမင္းေၾကာ္ပန္းကန္ႀကီးကိုေငးငိုင္ၾကည့္ေနရာမွ မ်က္လုံးကေလးဝိုင္းသြားကာ ေမွ်ာ္လင့္ခ်က္ေရာင္မ်ားသမ္းသြားသည္။
"ေအးေလ မသိဘူးလား "
"ေအး "
"ေဟာ္ေတာ္ ဒီမွာၾကည့္ ေနာက္တိုး၃ေယာက္ေခၚမွာတဲ့ နင္ပါရင္ပါမွာေပါ့"
နဒီဟာသူမ၏ဖုန္းကိုဖြင့္ျပၿပီးစာကိုေသခ်ာမဖတ္သည့္သူငယ္ခ်င္းကိုျပေလသည္။
"ဟာ ဟုတ္သားပဲ အဲ့တာဆိုရင္ေတာ့ ငါ ဆုေတာင္းရင္း ေစာင့္ေတာ့မယ္ "
"ေအး ဆုေတာင္းထားေမမီမြန္းေရ ငါသြားေတာ့မယ္"
"ေအးေအး ေကာင္းေကာင္းသြားေနာ္ "
ေမမီမြန္းဆိုတဲ့မိန္းကေလးဟာမဟုတ္မခံစိတ္ကေလးရွိသလိုႀကိဳးစားလိုစိတ္လည္းရွိသည္။
ေက်ာအလယ္အထိရွိေနေသာလွိုင္းပါသည့္ဆံပင္ရွည္ေတြဟာ ပင္ကိုအနီေရာင္ ျဖစ္ေနသည္က အေမေပးတဲ့အေမြတစ္ခုေပါ့။
မ်က္လုံးေလးမွာခပ္စိမ္းစိမ္းျဖစ္ၿပီး
ႏွာေခါင္းခြၽန္ခြၽန္ကေလးနဲ႕ ႏႈတ္ခမ္းပါးေလးကိုပိုင္ဆိုင္ထားသည့္သူမဟာ ဗမာ႐ုပ္နဲ႕မတူေပ။
============================
"ၿပီးၿပီလား "
"ဟုတ္ကဲ့ သခင္ေလး ကြၽန္ေတာ္တို႔ ပို႔ခဲ့ပါၿပီ "
"သူတို႔ဘက္က ဘာျပန္ေျပာလဲ "
"အမႈန့္ထပ္လိုမယ္တဲ့ ျဖစ္နိုင္ရင္ ဒီေန႕ညျဖစ္ျဖစ္ သခင္ေလးနဲ႕ေတြ႕ခ်င္တယ္လို႔မွာလိုက္ပါတယ္ "
ႀကီးက်ယ္လြန္းလွသည္ဒီအိမ္ႀကီးဟာအျဖဴနဲ႕အမဲသာျဖစ္ၿပီး အလယ္တည့္တည့္ဧည့္ခန္းရဲ႕ ဆိုဖာအနက္ေရာင္ႀကီးသည္ ထိုင္ေနသည့္လူစေပ်ာက္လုနီးနီးႀကီးမားလွၿပီး ထိုကတၱီပါဆိုဖာႀကီးမွာ စမတ္က်က် ေျခခ်ိတ္ထိုင္ေနသည့္ သူက ႏႈတ္ခမ္း၀က စီးကရက္ကိုလက္ႏွစ္ေခ်ာင္းၾကားသို႔ ကူးေျပာင္းယူလိုက္ၿပီး ႏွာေခါင္းမွ အျဖဴေရာင္အေငြ႕မ်ားရွိုက္ထုတ္လိုက္ခ်ိန္.....
"ဟက္ "
ဆိုသည့္ခနဲ႕တဲ့တဲ့သူ႕ရီသံက မ်က္ႏွာက်က္တြင္ကပ္ေနသည့္မီးဆိုင္းတြင္ေတာင္ တုန္ခါသြားသလိုျဖစ္သြားတာမ်ိဳး။
မႈန္ဝါးဝါးစီးကရက္ေငြ႕မ်ားေၾကာင့္ သူ႕မ်က္ႏွာကို မျမင္ရေပမဲ့ေသခ်ာတာက အေတာ္မာထန္ေနေလာက္ၿပီ ။
"အလုပ္တစ္ခုကိုမင္းတို႔လႊဲရင္ ငါ၀င္မပါရေစနဲ႕လို႔ေျပာမထားဘူးလား "
သူ႕လက္ထဲက မီးရဲရဲနဲ႕စီးကရက္ကိုေတာင္ မၾကည့္ရဲေတာ့တဲ့ တပည့္ေတြဟာ ေခါင္းနဲ႕ဒူးနဲ႕တိုက္ေအာင္ငုံ႕ထားလွ်က္ရွိၾကသည္။
"မင္းကိုလတ္မို႔ သြားေတြ႕မယ္ ဒီေန႕အဲ့ဒီကိစၥမွာပါတဲ့ေကာင္ေတြအကုန္ ဒီဂိုဏ္းထဲကထြက္ "
သူ႕စကားတစ္ခြန္းဆို တစ္ခြန္းထပ္ၿပီးအတြန့္မတက္ရဲပဲ အလုပ္လည္းမထြက္ခ်င္ေသာေၾကာင့္ သူ႕ေရွ႕မွာၿငိမ္ေနလွ်က္ရွိၾကေလရာ
"သြားေလ ဘာလုပ္ေနတာလဲ"
သူ၏ေနာက္စကားတစ္ခြန္းမွာ ထိုလူေတြအားလုံးဟာခပ္ကုပ္ကုပ္ပင္အိမ္ႀကီးထဲမွထြက္သြားၾကေလသည္။
လက္ထဲကစီးကရက္ကို ဖန္ျပာခြက္ထဲတြင္ ထိုးေမႊမီးသတ္၍
"အလင္းကို အေပၚလႊတ္လိုက္ "
တစ္ခြန္းသာ ေျပာၿပီး ခပ္ဖြဖြေျခလွမ္းျဖင့္ ၂ထပ္ရွိေသာအိမ္ အေပၚထပ္သို႔တက္သြား၏ ။
ကြၽန္းတံခါးႀကီးဟာ သူ႕အရပ္ေျခာက္ေပထက္ အလုံအေလာက္ေက်ာ္လြန္ႀကီးမားလွသည္ ။
ထိုတံခါးႀကီးပြင့္သြားသည့္ေနာက္၌
လွပေသသပ္သည့္မီးဆိုင္းႀကီးရဲ႕ေအာက္တည့္တည့္က အိစက္ညက္ေညာႀကီးမားက်ယ္ျပန့္သည့္ ေမြ႕ယာထူထူႀကီးသည္ျဖဴေဖြးစြာပင္ႀကိဳဆိုလွ်က္
"သခင္ေလး ေခၚတယ္ဆိုလို႔"
တံခါးဖြင့္ထားသည္မို႔ အသံေပးကာ ၀င်လာခဲ့သော အလင္းဆိုသည့္ သူ၏ညာလက္႐ုံးပင္ျဖစ္သည္။
"အင္း "
"ဘာ စီစဥ္ေပးရမလဲ "
အလိုက္အသိဆုံးနဲ႕အားအကိုးရဆုံးတပည့္မို႔ အၿမဲအနီးကပ္ထားသည့္ညာလက္႐ုံးဟာအလင္းတစ္ေယာက္တည္းျဖစ္သည္။
"ညေန မင္းကိုလတ္ ခ်ိန္းတဲ့ဟိုတယ္ကို သြာမယ္ "
သူကခပ္ေအးေအးနဲ႕ေနာက္လွည့္မၾကည့္ဘဲဆိုလိုက္သည္။
"ဟုတ္ကဲ့ "
"သူတို႔ဘာမွာလိုက္တာလဲသိတယ္မဟုတ္လား "
"ဟုတ္ကဲ့ အမႈန့္ နဲ႕Share နဲ႕လဲမယ္လို႔ေျပာထားပါတယ္ "
"အင္း အမႈန့္ကို အေနာက္လမ္းကပဲ ပို႔လိုက္ စာခ်ဳပ္ကိစၥ ငါကိုယ္တိုင္ပဲသြားမယ္ "
"ဟုတ္ကဲ့ ကြၽန္ေတာ္ အခုစီစဥ္လိုက္ပါ့မယ္"
"အာ.... က်န္ေသးတယ္ "
ထြက္သြားမည့္ အလင္း ရဲ႕ေျခလမ္းေတြဟာ သူ႕စကားေနာက္မွတန့္ခနဲရပ္ၿပီးျပန္လွည့္လာသည္။
"အမႈန့္က ညေန ဟိုတယ္ကိုလည္း ယူခဲ့
ဒီေန႕က ငါ့အနားယူရမယ့္ရက္ပဲ "
"ဟုတ္ကဲ့ "
အလင္းမွေခါင္းညိတ္ၿပီး တစ္ခုခုကိုသတိရသြားသည့္ပုံစံႏွင့္
"ေၾသာ္ သခင္ေလး "
"ဘာ ကိစၥရွိေသးလို႔လဲ"
သူရဲ႕မ်က္ခုံးေတြတြန့္ခ်ိဳးသြားတဲ့အခါမ်ိဳးဆိုရင္ ညာလက္႐ုံးဆိုတဲ့ အရင္းအႏွီးဆုံး အလင္း ေတာင္ လန့္ရသည္။
"သခင္ေလး လြန္ခဲ့တဲ့၃ႏွစ္ကတည္းက ရွာခိုင္းတဲ့ မိန္းကေလး"
အလင္းရဲ႕ စကားအဆက္ျပတ္သြားသည့္အခါ
လွည့္မၾကည့္ေပမဲ့ စိတ္အ၀င္စားဆုံးအေၾကာင္းအရာမို႔ နားစိုက္ေထာင္ေနခဲ့သည္။
"ဆက္ေျပာေလ "
ခက္ထန္မာေၾကာသည့္သူ႕အသံက ေဒါသျဖစ္ေနတယ္ဆိုတာ အေသအခ်ာႀကီးပင္ျဖစ္ၿပီး
"အဲ့ဒီ မိန္းကေလး နဲ႕ဆင္တဲ့သူေတြ႕တယ္လို႔ၾကားတယ္ သူေဌးမင္းကိုလတ္ ကဖုန္းဆက္...."
"မင္းသြားေတာ့ "
အလင္းကိုႏွင္လိုက္ၿပီး သူက တံခါးပိတ္ကာ ဖုန္းဆက္လိုက္သည္မွာ မင္းကိုလတ္ဆီသို႔ပင္ျဖစ္သည္။
"ဟယ္လို မင္းကို "
သူကဖုန္းဆက္ရင္း စီးကရက္တစ္လိပ္ခဲၿပီး ေမြ႕ယာေဘးကနံရံေလ်ာတံခါးႀကီးကိုမွီထားသည္။
"အင္း ဟိုကိစၥလား "
"အဲ့ဒီမိန္းကေလး ဘယ္မွာလဲ"
"ဆင္ပဲဆင္တာကြ ငါလည္း ေသခ်ာမသိဘူး "
"က်စ္ ကိစၥတစ္ခုကိုေသခ်ာေစခ်င္တယ္ကြာ "
"ေသခ်ာမင္းနဲ႕ညေနေတြ႕ရေအာင္ လုပ္လိုက္တာ ငါလည္းပထမတုန္းက သတိမထားမိဘူး ငါ့ကုမၸဏီမွာ လာေလ်ာက္တဲ့အထဲပါလာတာ ေနာက္တိုးေခၚမယ့္လူေတြကို ငါျပန္စစ္ၾကည့္ရင္း သူ႕ရဲ႕ပရိုဖိုင္ကိုေတြ႕လိုက္တာ"
"အဲ့ဒီက် ..."
"ေအး ေလ်ာက္လႊာထဲက တစ္ေယာက္က မင္း အရင္ကပုံျပဖူးတဲ့ တစ္ေယာက္ပဲထင္တယ္ေတာ္ေတာ္တူတယ္ ဆံပင္ကအနီေရာင္နဲ႕ "
"နာမည္က?"
"ေမမီမြန္း "
ထိုနာမည္ကိုၾကားတာနဲ႕ သူသည္စီးကရက္ခဲထားတဲ့ႏႈတ္ခမ္းကိုတစ္ခ်က္တြန့္ၿပီးၿပဳံးလိုက္ကာ
"ဟက္ ေသခ်ာတယ္ သူပဲ မင္းရေအာင္ဆြဲထား"
"ငါ ဆြဲထားတယ္ ညေနသာ ဟိုတယ္ကိုလာခဲ့"
============================
နဒီ အိမ္တံခါးဖြင့္လိုက္လွ်င္ ျပတင္းေပါက္နားတြင္ ထိုင္ေနသည့္သူမက မလႈပ္မယွက္။
"ဟဲ့ မြန္း နင္ ငါသြားကတည္းက အဲ့ဒီနားမွာထိုင္ေနတာ အခုလည္း အဲ့ဒွနားမွာပဲလား "
"ဟင္း စိတ္ညစ္လို႔ပါဟာ အေဖနဲ႕အေမကလည္း ဆုံးသြားတာေတာင္ ငါ့အတြက္ ဘာေလးညာေလးခ်န္မထားခဲ့ဘူး"
"ေဟာ္ေတာ္ နင္ကဘာလိုခ်င္ေသးတာလဲ "
နဒီဟာ သူလြယ္လာတဲ့အိတ္ကေလးကိုဧည့္ခန္းထဲကုလားထိုင္ေပၚသို႔ပစ္တင္လိုက္ၿပီး မြန္းရဲ႕ေဘးသို႔လာထိုင္သည္။
"မဟုတ္ဘူးေလဟာ ဆုံးၿပီသာေျပာတာ ဘယ္မွာဆုံးတာ ဘယ္လိုဆုံးတာ ငါဘာမွမသိရဘူး ဘာပဲျဖစ္ျဖစ္ ကိုယ့္သမီးအတြက္ စာေလးျဖစ္ျဖစ္ခ်န္ခဲ့သင့္တာေပါ့ "
ထိုသို႔ေျပာလာေတာ့နဒီမွာတစ္ေကာင္ႂကြက္သူငယ္ခ်င္းမေလးကိုသနားရျပန္သည္။
"ဟင္း ဘာလို႔ဒါေတြကိုခဏခဏေတြးေနတာလဲ ငါ၀မ္းသာစရာေျပာျပမယ္ နင္သိၿပီးေလာက္ၿပီထင္ေနတာ အခုလိုမွိုင္ေနရင္မသိေလာက္ေသးဘူးထင္တယ္"
"ဘာကိုလဲ"
"နင့္ကိုေနာက္တိုးစာရင္းထဲမွာေခၚထားတယ္ေလ ဖုန္းေလးဘာေလးလည္းဖြင့္ၾကည့္ပါဦးတစ္ေနကုန္ဘာထိုင္လုပ္ေနတာလဲ"
"ဘာ ဘာ အ အတည္လား "
မြန္းသည္ နဒီ့ေဘးကေနထေျပးၿပီးအိပ္ခန္းထဲမွာအားသြင္းထားေသာသူမ၏ဖုန္းကေလးကိုသြားျဖဳတ္ယူဖြင့္ၾကည့္ေလလွ်င္ ေနာက္တိုင္းေခၚသည့္၃ေယာက္စာရင္းမွာသူမဟာထိပ္ဆုံးကေနပါလာေၾကာင္း Message ဝင္ေနေလသည္။
"ဟယ္ ငါ ငါ အလုပ္ရၿပီေပါ့ ဟီဟီ အမေလးေပ်ာ္စရာႀကီး "
နဒီကိုဖက္ကာ မ်က္ရည္ပင္ ေဝ့လာသည့္အခါ
" ဟုတ္တယ္ ငါၾကားခဲ့တာေတာ့ နင္က Cooking ပိုင္းမွာ သင္တန္း၂ခုေတာင္လက္မွတ္ရထားေတာ့ နင့္ကိုစားဖိုေဆာင္မွာထားမယ္ထင္တယ္ ညေနက်ရင္ ဝန္ထမ္းအသစ္ေတြႀကိဳဆိုပြဲရွိတယ္ ေနာက္တိုးထဲမွာပါလာတဲ့လူေတြကိုေတာ့သူေဌးကသူကိုယ္တိုင္ထပ္ၿပီးအကဲခက္ဦးမယ္တဲ့ အဲ့တာနင္လိုက္ခဲ့ရမယ္ "
ထိုအခါ မြန္းက နဒီနဲ႕လူခ်င္းခြာၿပီး
" အဲ့...အဲ့တာဆို...ငါျပင္ဆင္စရာရွိတာျပင္ဆင္ရဦးမွာေပါ့ "
" ေအး...လုပ္ေရသြားခ်ိဳးေခ် ညက်အတူတူသြားၾကမယ္ "
မြန္းအတြက္ ေပ်ာ္ရမည့္ေန႕က ဘာလို႔ကံဆိုးမည့္ေန႕နဲ႕ တစ္ထပ္တည္းက်ေနပါသလဲ။
============================
"အိုေခ! ေရာ့ လက္မွတ္ထိုးလိုက္ေတာ့ "
"အားလုံး ျပည့္စုံၿပီ "
"အင္း ခဏေနရင္ ငါ့၀န္ထမ္းေတြလာေတာ့မယ္ မင္းလည္း ေရွာင္ေတာ့"
မင္းကိုလတ္သည္ ထိုလူလက္မွတ္ထိုးေပးတဲ့စာခ်ဳပ္ကိုျပန္ဆြဲယူၿပီးေျပာလိုက္ပါသည္။
"အင္း ငါရွာေနတဲ့မိန္းကေလးကို မင္းေတြ႕ၿပီးရင္ ေသခ်ာလား ငါ့ကိုေျပာ ငါဒီဟိုတယ္မွာပဲရွိေနမယ္ "
သူသည္ ေျပာစရာရွိတာေျပာၿပီးမင္းကိုလတ္ေရွ႕ကေနထ၍ ထြက္သြားသည္။
"အတၱ!"
မင္းကိုလတ္သည္ သူနဲ႕ေပါင္းမိတာ ၆ႏွစ္ရွိၿပီျဖစ္သည္။
စီးပြားေရးအရေရာ သူတို႔ဂိုဏ္းအတြက္ အေရးပါသည့္ သူတစ္ေယာက္လည္းျဖစ္သည္။
အသက္အ႐ြယ္မတိမ္းမယိမ္း ဆိုေတာ့ အျခားလုပ္ငန္းရွင္မ်ားထက္ပိုၿပီးပါတနာက်ကာ သူငယ္ခ်င္းဟုပင္ဆိုနိုင္ေလာက္သည္အထိရင္းႏွီးၾကသည္။
အတၱလြန္ဆိုတဲ့သူက ဘာမဆိုလွ်ို႔ဝွက္တာမ်ားသည္မို႔ အနီးကပ္ေနသည့္အလင္းေတာင္ သူ႕အေၾကာင္းအားလုံးေသခ်ာစြာမသိနိုင္။
အတၱ မင္းကိုလတ္ ရဲ႕အေခၚေၾကာင့္ ေနာက္မၾကည့္ေပမဲ့ ဟိုတယ္အခန္းရဲ႕တံခါးေရွ႕မွာရပ္ေနသည္။
"သူ႕ကို ဘာလို႔အသည္းအသန္ရွာေနတာလဲ"
"အဲ့ဒီမိန္းကေလးက ငါ့အတြက္အေရးႀကီးတယ္ .......မဟုတ္ဘူး ငါ့ဘ၀ခါးသီးမႈအတြက္"
============================
ပန္းေရာင္ဇာဂါ၀န္ေလးနဲ႕ နဒီသည္ ဆံပင္တိုတိုႏွင့္မို႔ စကုပ္ေလးသာ တြယ္ထား၍ အိမ္တံခါးေသာ့ပိတ္ရန္ ၿခံ၀၌ေစာင့္ေန၏။
"ဟဲ့ မြန္းေရၾကာလိုက္တာ"
"လာပါၿပီ "
အိမ္ထဲကေျပးထြက္လာသည့္သူမက
ဆင္စြယ္ေရာင္ ဒူးဖုံးဂါ၀န္ေလးျဖင့္ ဆံပင္အနီေရာင္ေတြကိုသိမ္းစည္းထားသည္။
မိတ္ကပ္မလိမ္းတတ္သူမို႔ နဒီ့ဆီကခပ္ပါးပါးကေလးေတာင္းၿပီးလိမ္းထား၏။
"အမေလး လွပေနလိုက္တာ "
"နင့္ေလာက္ေတာ့ ဘယ္ဟုတ္မလဲ ရွိတာ၀တ္ရတာ အဆင္ေျပရဲ႕မသိပါဘူး"
"လွပါတယ္ဆိုေန ျမန္ျမန္လာ Taxiနဲ႕သြားရမွာ"
============================
ဟိုတယ္ အခန္းထဲက ေမြ႕ယာျဖဴျဖဴႀကီးရဲ႕ေဘး မွန္စားပြဲခုံေသးေလးေပၚတြင္ ကိုကင္းအမႈန့္ ျဖဴျဖဴေတြကို အလ်ားလိုက္ ခ်လိဳက္ၿပီး ဖန္ပိုက္ေသးေသးကေလးျဖင့္ သူတစ္ခ်က္ရွိုက္ရႉလိုက္သည္။
ထို႔ေနာက္ စီးကရက္ကိုမီးညွိလိုက္ၿပီး တစ္ရွိုက္ဖြာ၍ ေမြ႕ယာေပၚတြင္ခြၽတ္ထားေသာ သူ၏ကုတ္ အကၤ်ီအတြင္းအိတ္ထဲကေန ဖုန္းထုတ္ဆက္လိုက္သည့္အခါ
"အာ သခင္ေလး အတၱ မဆက္သြယ္တာေတာင္ၾကာၿပီ ဘယ္လိုလဲ ေကာင္းေနၿပီလား"
ဖုန္းဝင္တာနဲ႕ခ်က္ခ်င္းေျဖၾကားလာသည့္တစ္ဖက္ကလူရဲ႕အသံသည္အတၱဖုန္းဆက္တာနဲ႕ပင္ေပ်ာ္႐ႊင္ျမဴးတူးေနသေယာင္။
"ခါတိုင္းဟိုတယ္ယူေနက်အခန္းကို တစ္ေယာက္လႊတ္လိုက္"
"ဟုတ္ၿပီဗ်ာ အသစ္ေလးလႊတ္ေပးမယ္ အသန့္ဆုံးေလး ဟဲဟဲဟဲ"
အတၱက လိုရင္းသာေျပာ၍ ဖုန္းကို ေမြ႕ယာေပၚသို႔ပစ္တင္လိုက္ၿပီး အခန္းတံခါးဖြင့္ကာ
အျပင္မွာေစာင့္ေနသည့္ အလင္း မဟုတ္တဲ့ တပည့္၂ေယာက္အား
"ခပ္ေခ်ာေခ်ာမိန္းကေလးတစ္ေယာက္လာရင္အထဲလႊတ္လိုက္"
"ဟုတ္ကဲ့"
အတၱက တံခါးျပန္ပိတ္ရင္း စီးကရက္ေငြ႕ေတြရွိုက္ထုတ္ကာ အိပ္ယာေပၚလွဲလိုက္ရင္း မွိန္းေနလိုက္သည္ ။
ဘယ္လိုအာ႐ုံေတြမွန္းေတာင္မသိေတာ့ကာ
ေလာကႀကီးနဲ႕အဆက္ျပတ္သြားသလိုစိတ္ကူးယဥ္သမွ်ပဲအားလုံးျဖစ္လာသမ်ိဳး ေျပာမျပတတ္ေလာက္ေအာင္ခံစားလို႔ေကာင္းေနသည္။
ဒါေတြေၾကာင့္လည္း စြဲေနတာေပါ့။
စီးကရက္ကို ႏႈတ္ခမ္း၀သို႔တစ္ဖန္ ေရာက္ေစ၏။
======================
ဟိုတယ္က စားေသာက္ရန္ ငွားထားသည့္ ပါတီက်င္းပေနသည့္အခန္းထဲသို႔ နဒီ့လက္ကို တင္းတင္းေလးဆြဲကာ ၀င်လာခဲ့သည်။
"ဟဲ့ နဒီ ငါ ေၾကာက္လိုက္တာ"
"နင္ကလည္း "
"နင္တို႔သူေဌး ဘယ္မလဲ နင္ေရာလိုက္ခဲ့ေနာ္ ငါေၾကာက္လို႔"
"ေအးပါ ခဏ ငါေမးေပးမယ္ ဟိုျဖဴျဖဴ၀၀နဲ႕က ငါတို႔မန္ေနဂ်ာေလ "
နဒီကပဲဦးေဆာင္ေခၚသြားၿပီး
"အစ္မ"
"ဪ နဒီ "
နဒီကသြက္ေတာ့ မနက္ကမွ သိၿပီးခ်က္ခ်င္းရင္းႏွီးေနသည္။
"ဟိုေလ သူေဌး ကဘယ္မွာလဲ"
"သူေဌးလား ဟုတ္တယ္ အစ္မကိုမွာသြားတယ္ ၀န်ထမ်းအသစ်ကလေးနဲ့ ေတြ႕ခ်င္လို႔တဲ့ အခန္း1011 ကိုလာခဲ့ပါတဲ့"
မန္ေနဂ်ာမျဖဴကထိုသို႔ေျပာေတာ့
" ခဏခဏ မျဖဴ သူေဌးအခန္းေျပာင္းသြားၿပီ 1012မွာ"
ေဘးကၾကားလိုက္သည့္ အတြင္းေရးမႉးမေလးက၀င္ေျပာျပသည္။
"ဟယ္ မဟုတ္ပါဘူးငါ့ကိုမွာသြားတာ အခန္း1011 ပါတဲ့"
"အစကဟုတ္တယ္ အဲ့ဒီအခန္းက အၿမဲလာေနက်လဴရွိလို႔တဲ့ သူေဌးကဖယ္ေပးလိုက္ရတယ္ဆိုပဲ 1012မွာပါ ဦးေက်ာ္တို႔ေတာင္ေျပာသြားေသး"
သူတို႔၂ေယာက္ပဲျငင္းေနၾကတာ ဒီက ဘာယုံရမွန္းမသိေတာ့ဘူး။
နဒီနဲ႕မြန္းကတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေနၾကရင္း မြန္းကပဲ...
"ဟုတ္ ဟုတ္ကဲ့ နဒီ ငါ့ကိုလိုက္ပို႔ဦး"
"အင္း "
"ဟယ္သူေဌးက တစ္ေယာက္တည္းလာခိုင္းတာ ညီမရဲ႕ ကိုေက်ာ္တို႔လည္းရွိတယ္ တစ္ခါတည္း အင္တာဗ်ဴးမလို႔ထင္တယ္"
အတြင္းေရးမႉးမေလးကထပ္ေျပာလာသည့္အခါ မြန္းကမ်က္လုံးေလးဝိုင္းသြားသည္။
"ဟင္ ဟုတ္လား"
"မနက္က အသစ္ေလးမလား လာေလ ဒီမွာ စားရေအာင္"
အျခား၀န္ထမ္းအသစ္ေတြကလည္း နဒီ့ကို ဝိုင္းေခၚေနၾကသျဖင့္ နဒီ့ကိုလည္းအားနာၿပီး
မြန္းလည္း
ေမမီမြန္းပါ အဲ့ေလာက္မေၾကာက္နဲ႕
ဘာပဲျဖစ္ျဖစ္ ရင္ဆိုင္တာေပါ့
ဟုကိုယ့္ကိုယ္ကိုအားေပး၍
"နဒီ ငါ့ဘာသာသြားလိုက္ေတာ့မယ္ ရတယ္ "
"ျဖစ္ရဲ႕လား"
"ရပါတယ္ ၿပီးမွေတြ႕မယ္ေနာ္ "
သူမဟာ ဓာတ္ေလွကားကေနတစ္ဆင့္ မန္ေနဂ်ာအစ္မႀကီးနဲ႕အတြင္းေရးမႉးေကာင္မေလးတို႔ေျပာၾကေသာအခန္းနံပါတ္ေတြရွိသည့္အထပ္ကိုတက္လာခဲ့သည္။
အားနာလို႔ တစ္ေယာက္တည္းျဖစ္တယ္ဆိုၿပီးလာခဲ့တာ အခန္းနံပါတ္က 1011ေတြေရာ1012ေတြေရာ ဘာအမွန္မွန္းမသိဘူး။
ဘာပဲျဖစ္ျဖစ္ ပထမဆုံးလာတဲ့အခန္း အရင္ၾကည့္ရမွာပဲ မဟုတ္ေတာ့ ေနာက္တစ္ခန္းေပါ့ ခက္တာမွမဟုတ္ဘဲ။
မြန္းသည္ ဟိုၾကည့္ဒီၾကည့္ျဖင့္ အူလည္လည္ျဖစ္ေနသည့္ၾကားမွ အခန္းနံပါတ္1011ေရွ႕တြင္ လူ၂ေယာက္ေစာင့္ေနတာကိုေတြ႕လိုက္ရသည္။
သူတို႔ေတြက႐ုပ္တည္လြန္းေတာ့ မြန္းအေနနဲ႕ေမးဖို႔ေၾကာက္ေနခ်ိန္
ထို အေစာင့္၂ေယာက္ကလည္း ဆင္ဆြယ္ေရာင္ဂါဝန္ကေလးႏွင့္ဆံပင္ေတြကိုေနာက္မွာသိမ္းစည္းၿပီးသပ္သပ္ရပ္ရပ္မိန္ကေလး မြန္းကို ၃၀ စကၠန့္မွ်ၾကည့္ေနၿပီး သူတို႔အခ်င္းအခ်င္းအခ်က္ျပကာအခန္းတံခါးဖြင့္ေပးလိုက္ည့္အခါ
ဟူး ေတာ္ပါေသးတယ္ ငါလာမယ္သိလို႔ထင္တယ္ တံခါးဖြင့္ေပးလို႔ မဟုတ္ရင္ ငါ ဒီတိုင္းလွည့္ျပန္ရမွာ
သူမလည္း ထိုအေတြးနဲ႕ အထဲ၀င္လိုက္ေရာ တံခါးကဂ်ိန္းခနဲျပန္ပိတ္သြားလို႔လန့္ၿပီးေနာက္လွည့္ၾကည့္ကာေရွ႕သို႔ျပန္လွည့္ၾကည့္လိုက္လွ်င္
နက္(ခ္)တိုင္ေလ်ာ့ရဲရဲနဲ႕ ရွပ္အကၤ်ီကိုလက္ေခါက္တင္ထားေသာ လူတစ္ေယာက္က ႐ုတ္တရက္ႀကီး ခါးမွဆြဲကာ ျပန္ပိတ္သြားတဲ့တံခါးတြင္ မြန္းကို တြန္းကပ္ၿပီး ႏႈတ္ခမ္းေတြကို အနမ္းရိုင္းမ်ားျဖင္ႀကိဳလိုက္သည္ ။
ဘာမွာတားဆီးခ်ိန္မရလိုက္ၿပီးႀကဳံေတြ႕လိုက္ရသည့္အေျခအေနေၾကာင့္ တစ္ကိုယ္လုံးပူထူသြားကာ မ်က္လုံးအျပဴးသားနဲ႕ ခႏၶာကိုယ္တစ္ခုလုံး လန့္ျဖန့္ကာ ေတာင့္သြားသည္ ။
သူမရဲ႕ေအာက္ႏႈတ္ခမ္းေတြကို ဆြဲယူစုပ္နမ္းေနသည္မွ လည္ပင္းေတြအထိႏႈတ္ခမ္းမ်ားျဖင့္ပြတ္တိုက္နမ္းရွိုက္ရင္းစုပ္သပ္ကာ သူမရဲ႕ဂုတ္မွထိန္းကိုင္ထားသည့္သူ႕လက္ေတြကစည္းႏွောင္ထားေသာသူမရဲ႕ဆံပင္ေတြကိုၾကမ္းတမ္းစြာဆြဲေစာင့္လိုက္ရာ နာက်င္သြားရၿပီး အသိဝင္လာ၍
"အင္း အဟြင့္ "
သူမ အတင္းတြ႕န္လူး႐ုန္းထြက္ကာ
ျဖန္း!!
ထူပူသြားသည့္ ပါးတစ္ဖက္ ဘယ္ေလာက္ေတာင္နာလိုက္မလဲ မြန္းလက္ေတာင္ စပ္ဖ်င္းဖ်င္းနဲ႕က်န္ေနရစ္သည္။
မြန္းမွာရိုက္လိုက္ၿပီး ကိုယ့္ႏႈတ္ခမ္းကိုယ္လက္ဖမိုးျဖင့္ပြတ္တိုက္သုတ္ဖယ္ရင္း လူတစ္ကိုယ္လုံးလည္းတုန္ဆက္လွ်က္ရွိေလသည္။
သူ႕အသားကလည္းျဖဴေဖြးေနတာေၾကာင့္ ပါးတစ္ျခမ္းသည္ရဲတက္သြားကာ
အတၱမွာဇက္လည္သြားေအာင္ပင္အရိုက္ခံလိုက္ရၿပီး ကိုယ့္ပါးကိုယ္ ျပန္ ပြတ္သပ္ရင္း
ခုနကေကာင္းေနတဲ့ ေဆးအရွိန္ေတာင္ပ်က္ျပယ္သြားသည္။
=================================
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း(2)ဆက္ရန္
မူးယစ္ေဆးမ်ားကိုလက္ေတြ႕ဘဝမွာလုံးဝစမ္းသက္မၾကည့္သင့္ပါ။
Zawgyi Version