Unicode
မြက်ခင်းတွေပေါ် လက်နောက်ပစ်ထောက်ကာ မျက်နှာမော့၍မျက်စိစုံမှိတ်ကာ လေပြေတို့ကိုခံစားနေသောလူသားတစ်ယောက်ကိုသူတွေ့လိုက်ရသည်။
ဘယ်သူလဲဆိုရင်တော့ ခင်ဗျားတို့ထင်နေတဲ့ အညိုရောင်လေးပါပဲ။ ခဏခဏတိုက်ဆိုင်တယ်ပြောရတာရိုးသွားမလားမသိပေမယ့် ဇာတ်လမ်းအရမြစ်မှာထပ်ဆုံကြရဖို့ကိစ္စပေါ်လာတယ်။
စက်ဘီးကိုရပ်လိုက်ကာ ခင်းနေကြစောင်လေးယူ ဘူးလေးသယ်ကာ အညိုရောင်လေးရဲ့မလှမ်းမကမ်းမှာခင်းကျင်းလိုက်သည်။ လေပြေတို့ကိုမျက်စိမှိတ်ခံစားနေသူကတော့ ဘေးပတ်ဝန်းကျင်အကြောင်းသိသေးမယ့်ပုံလည်းမပေါ်။
ငါစိတ်ကူးတွေယဥ်ခဲ့ရတာ။ အညိုရောင်လေးနဲ့ ဟန်မြစ်မှာ ကောင်းကင်ပေါ်ကတိမ်စိုင်တွေကိုအတူတူကြည့်ဖို့ ပထမဆုံးအတူတူလာပြီးထဲကစိတ်ကူးယဥ်ခဲ့ရတာ။ မင်းမရှိပဲငါဒီကိုတစ်ယောက်ထဲလာခဲ့ရတော့ စိတ်ကူးတွေအကောင်အထည်မဖော်နိုင်ခဲ့လို့ စိတ်တွေညစ်ခဲ့ရတာ။
မင်းကတော့မသိပေမယ့် မင်းရဲ့ချစ်သူမဖြစ်ခဲ့ပဲနဲ့တောင် ငါကမင်းနဲ့ဝေးကွာခြင်းမှာ ဒဏ်ရာတွေအများကြီးနဲ့နစ်နာသူဖြစ်ခဲ့ရတာ။ အပြစ်မတင်ရက်ပါဘူး ဘဝဆိုတာသူ့ကံနဲ့သူပါပဲလေ....
ရုတ်တရက် ဆက်ခနဲလှည့်ကြည့်လာသောအညိုရောင်လေး။ ကိုယ်သည်လည်းပြန်တော့ကြည့်လိုက်ပေမယ့် စက္ကန့်လေးမပြောင်းခင်မှာတင် သူ့ဆီကကိုယ့်အကြည့်ကိုခွာလိုက်သည်။ ငါကမင်းအပေါ်ဟန်ဆောင်ချင်နေသေးတာ.... မင်းအပေါ်ခံစားချက်ရှိမနေတဲ့လူလိုမျိုး...
ငါကမင်းထင်တာထပ်ပိုတယ်...အချစ်ကိုအဆွေးဓာတ်လိုခံစားရတာမျိုးလည်းကြိုက်တယ်။ အချစ်ဟာ ကိုယ့်ဆီဆွဲဆွဲငင်ငင်လာတဲ့အချိန်ကျ ငါကဝေးဝေးကိုတွန်းထုတ်ပြီး ဆွေးဆွေးလေးခံစားချင်မိပြန်တယ်။ လူမသိတဲ့အခြမ်းဘက်မှာငါကအဲ့လိုလူပဲ အညိုရောင်လေးရေ....
ဗြုန်းခနဲထလာကာ သူခင်းထားတဲ့စောင်ပေါ်လာထိုင်တဲ့ အညိုရောင်လေး။ လန့်သလိုတွန့်သွားတဲ့ သူကချော်ပြီးခြေခေါက်ကျအလှဲ
သူကတွန်းချလိုက်သလိုဖြစ်သွားတာမို့ ကိုယ်ကပက်လက်လေး။ သူကကိုယ့်အပေါ်အုပ်မိုးလို့ မသိလိုက်ခင်မှာပဲဒီအခြေအနေမှာကျွန်တော်ဟာ ငြိမ်လျက်ကိုယ့်ပေါ်ကသူ့ဆီက အကြည့်တွေကိုကြည်နူးနေမိတုန်း။
ဘေးကဖြတ်သွားတဲ့လူတွေ...တခစ်ခစ်ရယ်သံနဲ့ကျောင်းသူလေးတွေ အခြေအနေကိုပြန်သုံးသပ်မိတော့ အညိုရောင်လေးအားတွန်းချလိုက်တော့သည်။
"ဘာလို့ဖိထားတာလဲအကြာကြီး"
သူတွန်းလိုက်လို့ဟိုဘက်လှန်ကျသွားတဲ့အညိုရောင်ဟာ ပြန်ကြုံးထလာရင်း
"ရုတ်တရက်မို့ပါ"
"ဝေးဝေးနေငါနဲ့"
"ဝေးဝေးနေဖို့ဒီကိုရောက်လာတာမှမဟုတ်တာ"
ရုတ်တရက်သူ့ဘေးမှာလာထိုင်တော့သည်။ ပြောမရဆိုမရနဲ့ တကယ်ပါပဲ!
"ဟိုဘူးလေးကဘာလဲ"
"မင်းနဲ့မဆိုင်ပါဘူး"
"ပြီးရော"
ကိုယ်ကမြစ်ကိုငေးနေသည်မို့ သူကစကားတွေဆက်မပြောပဲမြစ်ကိုငေးသည်။ အဲ့ဘူး အဲ့ဘူးဆိုတာထပ်ပိုတဲ့ ဘူးလေး။ ငါ့ဘဝငါ့နားမှာ မင်းရှိစဥ်ကရောမင်းထွက်သွားတုန်းကရော ခုထိရော အတူတူရှိနေတဲ့ဘူးလေး....
ချစ်ကြောင်းကစလို့ ကဗျာတွေစာတွေ လွမ်းချင်းကဗျာတွေထည့်ရေးထားခဲ့တယ် သိမ်းထားခဲ့တယ် အမေတွေ့သွားတဲ့နေ့မှာပဲအမေဟာသူ့သားဘာကြောင့်နာကျင်နေလဲဆိုတာအကြောင်းစုံသိသွားတော့ အဖေ့ကိုပြောပြီး နောက်ဆုံးကျကာယံကံရှင်မမုန်းပေမယ့် အဖေနဲ့အမေဟာအညိုရောင်လေးကိုမုန်းတီးခဲ့ကြပါသေးတယ်။ အမေနဲ့အဖေ့ကိုလည်းအပြစ်တင်မရ သားသမီးကိုထိခိုက်စေတဲ့သူလို့ထင်ရင် သူတို့မုန်းမှာပဲလေ...
ညိုတက်လာသောတိမ်ညိုတို့ဟာ မိုးစက်များရွာသွန်းချလိုဖို့ အချက်ပေးအသံအနေနဲ့ မိုးချိမ်းသံတို့အဆက်မပြတ်ထွက်ပေါ်လာတော့သည်။ စိတ်ညစ်လိုက်တာ ရောက်တာမကြာသေးသလို စာလေးတွေတောင်အေးဆေးဖောက်ဖတ်မကြည့်ရသေး။ မိုးရွာလို့ပြေးရတော့မည်။
ရုတ်တရက်ထပြေးဖို့လုပ်တော့ အညိုရောင်လေးက လက်ကိုလှမ်းဆွဲသည်။
"မိုးရေချိုးရအောင်အတူတူ"
"ကလေးကလားနဲ့ ငါ့ဘူးရေစိုမယ် ဖယ်!"
"အဲ့ဘူးကဘာတွေများအဖိုးတန်နေလို့ဒီလောက်ဖြစ်နေရတာလဲ!"
ငါ့ချစ်ခြင်းမေတ္တာတွေကို မင်းမသိပဲစော်ကားလိုက်ပြန်ပြီကင်မ်ထယ်ယောင်းရေ.....
"အေး အဖိုးတန်တယ် မင်းအကြောင်းချစ်ကြောင်းတွေဖွဲ့သီထားခဲ့တာ! သတိရတိုင်းထုတ်ဖတ်နေခဲ့တာ! မင်းကတော့ဒီခံစားချက်တွေမှမခံစားဘူးတာဘယ်သိပါ့မလဲ ခုထိအညိုရောင်အကြောင်းခေါင်းထဲထည့်ပြီးစဥ်းသားနေတဲ့ငါကတော့ရူးတယ် စာတွေနဲ့ပက်သက်ရင်ပိုရူးတယ်! မင်းနဲ့ငါမဖြစ်နိုင်တာဒါတွေပဲ မင်းမသိရင်မင်းကပြောချင်ရာပြောပြစ်တာတွေ သေအောင်မုန်းချင်တယ်!!"
မိုးတဖွဲဖွဲစရွာနေချိန် ဘူးကိုကျစ်ကျစ်ပါအောင်ပိုက်ကာ လက်ညိုးတထိုးထိုးနဲ့အော်ပြောနေခဲ့သည်။ အပင်ရိပ်မှာမိုးစိုသက်သာလိုသက်သာငြားမိုးခိုနေသူတွေရယ် ပြေးလွှားနေတဲ့လူတစ်ချို့ရယ်။ အရှေ့ကစိတ်တိုကာအော်ဟစ်နေခဲ့သောကောင်လေးကိုလည်းငေးပဲကြည့်နေနိုင်ခဲ့။
ကျွန်တော်မှားပြန်ပြီ။ မသိလိုက်ခင်မှာပဲ ချစ်ရသူရဲ့အချစ်တွေကိုစော်ကားမိပြန်ပြီ။ ဒီဘဝတော့ချစ်ရသူရဲ့အမုန်းကိုသာသူပိုင်ဆိုင်ရတော့မည်လား?
🤎
မိုးရေထဲ မျက်လုံးဟာမြင်ကွင်းတို့ကိုဝေဝေဝါးဝါး။စက်ဘီးကိုနင်းကာသူငိုနေတုန်း။ ဘာတွေလဲ.... ငါ့ခံစားချက်တွေမှန်းမသိဘူးလားအညိုရောင်ရယ်...
ငိုတာကိုတိတ်ခဲ့သည်။ ထိုအကြောင်းအရာကိုထပ်မတွေးမိတော့။ မင်းက ငါ့ရင်ထဲအချစ်ဦးအနေနဲ့ပဲသိမ်းထားခဲ့သင့်တဲ့သူ ငါကပဲချစ်ခဲ့သင့်တာ ငါ့ကိုနားမလည်ပေးနိုင်တဲ့မင်းကပြန်ချစ်တဲ့အချစ်ကိုခံယူနေဖို့ထိ ငါမစဥ်းစားနိုင်ဘူး။
မင်းဘဝနဲ့မင်းဆက်လျှောက်နိုင်ရမယ်။ ငါလည်းငါ့ဘဝနဲ့ငါဆက်လျှောက်မယ် မင်းကိုမြင်လည်းမမြင်ချင်ယောင်ဆောင်နိုင်အောင် ငါ့ခံစားချက်ကိုမေ့ဖျောက်ပြီး မဆီမဆိုင်နာကျည်းချက်သွင်းပါရစေ။
အိမ်သို့မိုးတွေရွှဲကာပြန်ရောက်လာသည်။ ပြီးတော့ထမင်းစားခန်းကသူ့အမေကိုစကားတစ်ခွန်းပြောခဲ့သည်က
"အမေစီစဥ်ချင်တဲ့သူနဲ့စီစဥ်ပါ သားအဆင်သင့်ဖြစ်ပြီ"
Brown_Tae
ဖတ်ရတာလည်နေလား လည်ရင်တော့တကယ် unpublished ပြီးသေချာပြန်ပြင်ရတော့မယ်။ ဖိတစ်ပုဒ်ပြီးတော့တစ်ပုဒ်ဆက်ရေး plot သေချာမချရတဲ့ fic ဖြစ်နေလို့လိုအပ်ချက်ကကြည့်လေမြင်လေ အားမရလေပဲ🙏🏻
Thanks for reading
Amethyst_Jei
Zawgyi
ျမက္ခင္းေတြေပၚ လက္ေနာက္ပစ္ေထာက္ကာ မ်က္ႏွာေမာ့၍မ်က္စိစုံမွိတ္ကာ ေလေျပတို႔ကိုခံစားေနေသာလူသားတစ္ေယာက္ကိုသူေတြ႕လိုက္ရသည္။
ဘယ္သူလဲဆိုရင္ေတာ့ ခင္ဗ်ားတို႔ထင္ေနတဲ့ အညိုေရာင္ေလးပါပဲ။ ခဏခဏတိုက္ဆိုင္တယ္ေျပာရတာရိုးသြားမလားမသိေပမယ့္ ဇာတ္လမ္းအရျမစ္မွာထပ္ဆုံၾကရဖို႔ကိစၥေပၚလာတယ္။
စက္ဘီးကိုရပ္လိုက္ကာ ခင္းေနၾကေစာင္ေလးယူ ဘူးေလးသယ္ကာ အညိုေရာင္ေလးရဲ႕မလွမ္းမကမ္းမွာခင္းက်င္းလိုက္သည္။ ေလေျပတို႔ကိုမ်က္စိမွိတ္ခံစားေနသူကေတာ့ ေဘးပတ္ဝန္းက်င္အေၾကာင္းသိေသးမယ့္ပုံလည္းမေပၚ။
ငါစိတ္ကူးေတြယဥ္ခဲ့ရတာ။ အညိုေရာင္ေလးနဲ႕ ဟန္ျမစ္မွာ ေကာင္းကင္ေပၚကတိမ္စိုင္ေတြကိုအတူတူၾကည့္ဖို႔ ပထမဆုံးအတူတူလာၿပီးထဲကစိတ္ကူးယဥ္ခဲ့ရတာ။ မင္းမရွိပဲငါဒီကိုတစ္ေယာက္ထဲလာခဲ့ရေတာ့ စိတ္ကူးေတြအေကာင္အထည္မေဖာ္နိုင္ခဲ့လို႔ စိတ္ေတြညစ္ခဲ့ရတာ။
မင္းကေတာ့မသိေပမယ့္ မင္းရဲ႕ခ်စ္သူမျဖစ္ခဲ့ပဲနဲ႕ေတာင္ ငါကမင္းနဲ႕ေဝးကြာျခင္းမွာ ဒဏ္ရာေတြအမ်ားႀကီးနဲ႕နစ္နာသူျဖစ္ခဲ့ရတာ။ အျပစ္မတင္ရက္ပါဘူး ဘဝဆိုတာသူ႕ကံနဲ႕သူပါပဲေလ....
႐ုတ္တရက္ ဆက္ခနဲလွည့္ၾကည့္လာေသာအညိုေရာင္ေလး။ ကိုယ္သည္လည္းျပန္ေတာ့ၾကည့္လိုက္ေပမယ့္ စကၠန့္ေလးမေျပာင္းခင္မွာတင္ သူ႕ဆီကကိုယ့္အၾကည့္ကိုခြာလိုက္သည္။ ငါကမင္းအေပၚဟန္ေဆာင္ခ်င္ေနေသးတာ.... မင္းအေပၚခံစားခ်က္ရွိမေနတဲ့လူလိုမ်ိဳး...
ငါကမင္းထင္တာထပ္ပိုတယ္...အခ်စ္ကိုအေဆြးဓာတ္လိုခံစားရတာမ်ိဳးလည္းႀကိဳက္တယ္။ အခ်စ္ဟာ ကိုယ့္ဆီဆြဲဆြဲငင္ငင္လာတဲ့အခ်ိန္က် ငါကေဝးေဝးကိုတြန္းထုတ္ၿပီး ေဆြးေဆြးေလးခံစားခ်င္မိျပန္တယ္။ လူမသိတဲ့အျခမ္းဘက္မွာငါကအဲ့လိုလူပဲ အညိုေရာင္ေလးေရ....
ျဗဳန္းခနဲထလာကာ သူခင္းထားတဲ့ေစာင္ေပၚလာထိုင္တဲ့ အညိုေရာင္ေလး။ လန့္သလိုတြန့္သြားတဲ့ သူကေခ်ာ္ၿပီးေျခေခါက္က်အလွဲ
သူကတြန္းခ်လိဳက္သလိုျဖစ္သြားတာမို႔ ကိုယ္ကပက္လက္ေလး။ သူကကိုယ့္အေပၚအုပ္မိုးလို႔ မသိလိုက္ခင္မွာပဲဒီအေျခအေနမွာကြၽန္ေတာ္ဟာ ၿငိမ္လ်က္ကိုယ့္ေပၚကသူ႕ဆီက အၾကည့္ေတြကိုၾကည္ႏူးေနမိတုန္း။
ေဘးကျဖတ္သြားတဲ့လူေတြ...တခစ္ခစ္ရယ္သံနဲ႕ေက်ာင္းသူေလးေတြ အေျခအေနကိုျပန္သုံးသပ္မိေတာ့ အညိုေရာင္ေလးအားတြန္းခ်လိဳက္ေတာ့သည္။
"ဘာလို႔ဖိထားတာလဲအၾကာႀကီး"
သူတြန္းလိုက္လို႔ဟိုဘက္လွန္က်သြားတဲ့အညိုေရာင္ဟာ ျပန္ႀကဳံးထလာရင္း
"႐ုတ္တရက္မို႔ပါ"
"ေဝးေဝးေနငါနဲ႕"
"ေဝးေဝးေနဖို႔ဒီကိုေရာက္လာတာမွမဟုတ္တာ"
႐ုတ္တရက္သူ႕ေဘးမွာလာထိုင္ေတာ့သည္။ ေျပာမရဆိုမရနဲ႕ တကယ္ပါပဲ!
"ဟိုဘူးေလးကဘာလဲ"
"မင္းနဲ႕မဆိုင္ပါဘူး"
"ၿပီးေရာ"
ကိုယ္ကျမစ္ကိုေငးေနသည္မို႔ သူကစကားေတြဆက္မေျပာပဲျမစ္ကိုေငးသည္။ အဲ့ဘူး အဲ့ဘူးဆိုတာထပ္ပိုတဲ့ ဘူးေလး။ ငါ့ဘဝငါ့နားမွာ မင္းရွိစဥ္ကေရာမင္းထြက္သြားတုန္းကေရာ ခုထိေရာ အတူတူရွိေနတဲ့ဘူးေလး....
ခ်စ္ေၾကာင္းကစလို႔ ကဗ်ာေတြစာေတြ လြမ္းခ်င္းကဗ်ာေတြထည့္ေရးထားခဲ့တယ္ သိမ္းထားခဲ့တယ္ အေမေတြ႕သြားတဲ့ေန႕မွာပဲအေမဟာသူ႕သားဘာေၾကာင့္နာက်င္ေနလဲဆိုတာအေၾကာင္းစုံသိသြားေတာ့ အေဖ့ကိုေျပာၿပီး ေနာက္ဆုံးက်ကာယံကံရွင္မမုန္းေပမယ့္ အေဖနဲ႕အေမဟာအညိုေရာင္ေလးကိုမုန္းတီးခဲ့ၾကပါေသးတယ္။ အေမနဲ႕အေဖ့ကိုလည္းအျပစ္တင္မရ သားသမီးကိုထိခိုက္ေစတဲ့သူလို႔ထင္ရင္ သူတို႔မုန္းမွာပဲေလ...
ညိုတက္လာေသာတိမ္ညိုတို႔ဟာ မိုးစက္မ်ား႐ြာသြန္းခ်လိဳဖို႔ အခ်က္ေပးအသံအေနနဲ႕ မိုးခ်ိမ္းသံတို႔အဆက္မျပတ္ထြက္ေပၚလာေတာ့သည္။ စိတ္ညစ္လိုက္တာ ေရာက္တာမၾကာေသးသလို စာေလးေတြေတာင္ေအးေဆးေဖာက္ဖတ္မၾကည့္ရေသး။ မိုး႐ြာလို႔ေျပးရေတာ့မည္။
႐ုတ္တရက္ထေျပးဖို႔လုပ္ေတာ့ အညိုေရာင္ေလးက လက္ကိုလွမ္းဆြဲသည္။
"မိုးေရခ်ိဳးရေအာင္အတူတူ"
"ကေလးကလားနဲ႕ ငါ့ဘူးေရစိုမယ္ ဖယ္!"
"အဲ့ဘူးကဘာေတြမ်ားအဖိုးတန္ေနလို႔ဒီေလာက္ျဖစ္ေနရတာလဲ!"
ငါ့ခ်စ္ျခင္းေမတၱာေတြကို မင္းမသိပဲေစာ္ကားလိုက္ျပန္ၿပီကင္မ္ထယ္ေယာင္းေရ.....
"ေအး အဖိုးတန္တယ္ မင္းအေၾကာင္းခ်စ္ေၾကာင္းေတြဖြဲ႕သီထားခဲ့တာ! သတိရတိုင္းထုတ္ဖတ္ေနခဲ့တာ! မင္းကေတာ့ဒီခံစားခ်က္ေတြမွမခံစားဘူးတာဘယ္သိပါ့မလဲ ခုထိအညိုေရာင္အေၾကာင္းေခါင္းထဲထည့္ၿပီးစဥ္းသားေနတဲ့ငါကေတာ့႐ူးတယ္ စာေတြနဲ႕ပက္သက္ရင္ပို႐ူးတယ္! မင္းနဲ႕ငါမျဖစ္နိုင္တာဒါေတြပဲ မင္းမသိရင္မင္းကေျပာခ်င္ရာေျပာျပစ္တာေတြ ေသေအာင္မုန္းခ်င္တယ္!!"
မိုးတဖြဲဖြဲစ႐ြာေနခ်ိန္ ဘူးကိုက်စ္က်စ္ပါေအာင္ပိုက္ကာ လက္ညိုးတထိုးထိုးနဲ႕ေအာ္ေျပာေနခဲ့သည္။ အပင္ရိပ္မွာမိုးစိုသက္သာလိုသက္သာျငားမိုးခိုေနသူေတြရယ္ ေျပးလႊားေနတဲ့လူတစ္ခ်ိဳ႕ရယ္။ အေရွ႕ကစိတ္တိုကာေအာ္ဟစ္ေနခဲ့ေသာေကာင္ေလးကိုလည္းေငးပဲၾကည့္ေနနိုင္ခဲ့။
ကြၽန္ေတာ္မွားျပန္ၿပီ။ မသိလိုက္ခင္မွာပဲ ခ်စ္ရသူရဲ႕အခ်စ္ေတြကိုေစာ္ကားမိျပန္ၿပီ။ ဒီဘဝေတာ့ခ်စ္ရသူရဲ႕အမုန္းကိုသာသူပိုင္ဆိုင္ရေတာ့မည္လား?
မိုးေရထဲ မ်က္လုံးဟာျမင္ကြင္းတို႔ကိုေဝေဝဝါးဝါး။စက္ဘီးကိုနင္းကာသူငိုေနတုန္း။ ဘာေတြလဲ.... ငါ့ခံစားခ်က္ေတြမွန္းမသိဘူးလားအညိုေရာင္ရယ္...
ငိုတာကိုတိတ္ခဲ့သည္။ ထိုအေၾကာင္းအရာကိုထပ္မေတြးမိေတာ့။ မင္းက ငါ့ရင္ထဲအခ်စ္ဦးအေနနဲ႕ပဲသိမ္းထားခဲ့သင့္တဲ့သူ ငါကပဲခ်စ္ခဲ့သင့္တာ ငါ့ကိုနားမလည္ေပးနိုင္တဲ့မင္းကျပန္ခ်စ္တဲ့အခ်စ္ကိုခံယူေနဖို႔ထိ ငါမစဥ္းစားနိုင္ဘူး။
မင္းဘဝနဲ႕မင္းဆက္ေလွ်ာက္နိုင္ရမယ္။ ငါလည္းငါ့ဘဝနဲ႕ငါဆက္ေလွ်ာက္မယ္ မင္းကိုျမင္လည္းမျမင္ခ်င္ေယာင္ေဆာင္နိုင္ေအာင္ ငါ့ခံစားခ်က္ကိုေမ့ေဖ်ာက္ၿပီး မဆီမဆိုင္နာက်ည္းခ်က္သြင္းပါရေစ။
အိမ္သို႔မိုးေတြ႐ႊဲကာျပန္ေရာက္လာသည္။ ၿပီးေတာ့ထမင္းစားခန္းကသူ႕အေမကိုစကားတစ္ခြန္းေျပာခဲ့သည္က
"အေမစီစဥ္ခ်င္တဲ့သူနဲ႕စီစဥ္ပါ သားအဆင္သင့္ျဖစ္ၿပီ"
Brown_Tae
ဖတ္ရတာလည္ေနလား လည္ရင္ေတာ့တကယ္ unpublished ၿပီးေသခ်ာျပန္ျပင္ရေတာ့မယ္။ ဖိတစ္ပုဒ္ၿပီးေတာ့တစ္ပုဒ္ဆက္ေရး plot ေသခ်ာမခ်ရတဲ့ fic ျဖစ္ေနလို႔လိုအပ္ခ်က္ကၾကည့္ေလျမင္ေလ အားမရေလပဲ🙏
Thanks for reading
Amethyst_Jei