သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၄၅)

1.4K 291 42
By Ling____

ရွှမ်းကျီးသည်ကား နောက်ဆုံးမှာတော့ ဒေါသအမျက်ချောင်းချောင်းထွက်နေသည့်ဒါရိုက်တာရှောင်းထံမှ ဖြစ်ကြောင်းကုန်စင်ကို ခက်ခက်ခဲခဲနားထောင်လိုက်ရသည်__၎င်းမှာ မတွေးဘဲမနေနိုင်ဖြစ်လျက် သက်ပြင်းတစ်ချက်ချလိုက်လေသည်။

ဒီလောင်ရှောင်းက တကယ့်ကို ထိပ်တန်းပညာရေးကနေထွက်လာတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ၊ သူ့ရဲ့စိတ်နေသဘောထားက ခွေးတွေဝက်တွေထက်ပိုပြီး ဆိုးဝါးတယ်ဆိုပေမယ့်လို့ အရေးပေါ်အခြေအနေမျိုးတွေမှာတော့ အရာအားလုံးကိုကောင်းကောင်းမွန်မွန်ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိနေတုန်းပဲ

နတ်ဆရာမန္တန်များအကြောင်းကို သူအကုန်အစင်လုံးစေ့ပတ်စေ့နားမလည်သည့်တိုင် ဘာရယ်ကြောင့်မှန်းမသိဘဲ ၎င်းမှာ ဝမ်းတွင်းအသိစိတ်သက်သက်ဖြင့် ရှန့်လင်ယွမ်း၏ရည်ရွယ်ချက်ကိုနားလည်သဘောပေါက်သွားသလိုပင်။

“လောင်ရှောင်း…ငါပြောတာကို အရင်နားထောင်ဦး၊ အခုချိန်မှာ ဘာကိုမှ တုံ့ပြန်ဖြေရှင်းတာမျိုးမလုပ်နဲ့ဦး”

ရှောင်းကျန်း : “အပိုတွေ…ငါ့ဘာသာငါတောင် ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ဟာ.…ငါက ဘာကိုသွားဖြေရှင်းရမှာလဲ?”

“တံလျှပ်လိပ်ပြာတွေနဲ့ပတ်သက်တဲ့ကိစ္စကိုပြောရရင် ရန်သူက အမှောင်ထဲမှာ ငါတို့ကအလင်းထဲမှာ၊ ဒီသမိုင်းကြောင်းတစ်ခုလုံးကို အဆုံးထိသိတဲ့လူ ဘယ်သူမှမရှိဘူး၊ အဖွဲ့အစည်းထဲမှာလည်း ဘယ်အတိုင်းအတာထိအမြစ်တွယ်နေပြီလဲဆိုတာကိုရော၊ ဘယ်သူတွေပါဝင်ပတ်သက်နေလဲဆိုတာကိုရော မသိကြဘူး ဟုတ်တယ်ဟုတ်?”

ရွှမ်းကျီးမှာ သူရှင်းပြနေပါသော်လည်း အသုံးမဝင်မှာကိုသိနေသည့်အတွက် ရှန့်လင်ယွမ်းလုပ်ခဲ့သမျှအပြစ်များကို တိတ်တဆိတ်သာခေါင်းခံလိုက်ပြီး ကိစ္စများကို ရှုပ်ထွေးဆန်းကြယ်ချင်ယောင်ဆောင်ကာ ရေလိုက်ငါးလိုက်ပြန်ပြောလိုက်သည်။

“ကိစ္စတွေက ဒီလိုဖြစ်လာတာနဲ့ မင်း ငါ့ကိုဆဲတော့မယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ နတ်ဆရာမန္တန်တွေကို အစိုးရက ဘာဖြစ်လို့တရားဝင်အသိအမှတ်မပြုထားတာလဲဆိုတဲ့အကြောင်းကို မင်း စဉ်းစားခဲ့ဖူးလား? လူတိုင်းကရော အဲဒါတွေကိုအသိအမှတ်ပြုလက်ခံတာတောင်ရှိလို့လား? သူတို့က အဲဒီဟာကို ကြားတောင်မကြားဖူးကြတဲ့ဥစ္စာ၊ ဒါဖြင့် ငါတို့ ဘယ်လိုလုပ်ပြီး အဲဒါကို သက်သေအထောက်အထားအဖြစ်အသုံးပြုလို့ရမှာလဲ?”

၎င်းသည်ကား စကားများကို ဝေ့လည်ကြောင်ပတ်ပြောဆိုနေခြင်းသာဖြစ်ကြောင်း ရှောင်းကျန်းတစ်ယောက်သဘောပေါက်သွားသည့်သကာလမှာတော့ သူ့လျှာဖျားထိပ်လေးထံမှ အမွှေးရနံ့များ ဝေ့ဝဲပျံ့လွင့်လာတော့သည်။

“ဒီဖေ___”

“အပြုအမူကိုဆင်ခြင်ပါဦး ခေါင်းဆောင်ရယ်”

ရွှမ်းကျီးက ကမန်းကတန်းပင် သူ့အား လေချိုသွေးလိုက်သည်။

“မင်းက အခုကတည်းက ထိပ်ပြောင်နေပြီနော်၊ နောက်ထပ် ဒေါသူပုန်ထပြီး ခုန်ဆွခုန်ဆွလုပ်နေရင် တခြားလူတွေက မင်းကို သွေးဆုံးကိုင်နေတယ်လို့ထင်သွားကြဦးမယ်”

ရှောင်းကျန်းကတော့ မိမိမှာ သွေးဆုံးကိုင်နေစရာမလို၊ မကြာမီအချိန်အတွင်းမှာပင် ဒေါသထွက်ရလွန်းသဖြင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် အနိစ္စသဘောနှင့်ကိစ္စချောတော့မလိုခံစားလိုက်ရလေသည်။

“မင်းစဉ်းစားကြည့်လေ၊ တကယ်လို့ အဲဒီမန္တန်အစီအရင်က လူတွေပေါ်မှာအမှတ်အသားတွေကိုပဲချန်ထားနိုင်တာဆိုရင် မင်း နောက်တစ်ဆင့်ဘာဆက်လုပ်မှာလဲ? နဖူးပေါ်မှာအမှတ်အသားရှိတဲ့လူတိုင်းကိုသွားဖမ်းမလို့လား? တကယ်လို့ သူတို့က ဝန်မခံရင်ရော ဘာဆက်လုပ်မှာလဲ? ဒါက ချုံပုတ်ကိုရိုက်ပြီး မြွေကိုခြောက်လိုက်သလိုပဲဖြစ်သွားနိုင်တယ်၊ တစ်ဖက်လူတွေက သူတို့ရဲ့သက်သေအထောက်အထားတွေကိုဖျက်ဆီးပစ်အောင်လုပ်မိလိုက်သလိုပဲဖြစ်သွားမှာ၊ အဲဒါတင်မကဘူး ချောင်ပိတ်ရိုက်ခံရတဲ့ခွေးက ပြန်ကိုက်တတ်တယ်နော်၊ မတော်လို့ သူတို့တွေက ငါတို့ထင်ထားတာထက် လူအရေအတွက်ပိုများနေပြီး ငါတို့ကိုပြန်ပြီးဆန့်ကျင်တိုက်ခိုက်လာရင်ရော? အဲဒီအခါကျရင် မင်းဘယ်လိုလုပ်မှာလဲ?”

ရှောင်းကျန်းတစ်ယောက် အသံတိတ်သွား၏။ ခေတ္တခဏကြာသောအခါ ၎င်းမှာ အနည်းငယ်စိတ်တည်ငြိမ်သွားလေသည်။

“ဒါဆို မင်းဆိုလိုတဲ့သဘောက?”

“ခဏကြာရင် နောက်ထပ်အီးမေးလ်တစ်စောင်ထပ်ပို့လိုက်”

ရွှမ်းကျီးက မျက်လုံးများကိုအပေါ်သို့လှန်လိုက်ပြီး သူ့အား နောက်ထပ် မဟုတ်တရုတ်အကြံကောင်းတစ်ခုကိုပေးလိုက်ပြန်သည်။

“မင်းရဲ့လူနာခန်းကို ဘာမှန်းမသိတဲ့လူတစ်ယောက်ဝင်လာပြီး မင်းရဲ့ဖုန်းကိုခိုးသွားတယ်လို့ပြောလိုက်၊ မင်းပို့လိုက်တဲ့အီးမေးလ်ထဲမှာ မိစ္ဆာအစီအရင်တွေပါနေတဲ့အတွက် အဖွဲ့အစည်းက အဲဒီကိစ္စကိုအရေးပေါ်စုံစမ်းစစ်ဆေးမှာမို့လို့ အားလုံးသတိဝီရိယနဲ့နေကြဖို့ပြောလိုက်၊ ပြီးတော့ ‘ကူးစက်မှုထိန်းချုပ်ရေး’ ဆိုတဲ့ခေါင်းစဉ်အောက်ကနေ မန္တန်အစီအရင်တွေနဲ့ထိတွေ့မိပြီး သတိလစ်သွားကြတဲ့လူတွေကို ငါတို့သီးခြားစီခွဲပြီးစောင့်ကြည့်ရမယ်၊ တစ်နည်းပြောရရင် သူတို့ကို တစ်ယောက်ချင်းစီ အကျဉ်းချထားတဲ့သဘောမျိုးပဲ၊ မင်း ငါပြောချင်တာကိုနားလည်တယ်မလား? သူက မင်းရဲ့အခန်းထဲကိုတိတ်တဆိတ်ဖောက်ထွင်းဝင်လာတာဆိုပေမယ့် လုံခြုံရေးကင်မရာတွေက သူ့ကိုမရိုက်ထားနိုင်ဘူးဆိုရင်တောင်မှ ခြေရာလက်ရာတချို့တော့ကျန်ခဲ့မှာပဲလေ”

ရှောင်းကျန်းမှာ အူတီးအူကြောင်ဖြစ်သွားရင်း စွမ်းအင်တိုင်းကိရိယာများနှင့် သူ၏မီးကျွမ်းသွားရှာသောလပ်တော့ပ်ကို ပြန်လှည့်ကြည့်လိုက်မိလေသည်။

“မင်းပြောတဲ့သဘောက ငါတို့က အပြင်ပန်းမှာတော့ ‘မိစ္ဆာအစီအရင်’ လို့ခေါ်တဲ့ဟာတွေကို စုံစမ်းစစ်ဆေးဟန်ဆောင်ရင်း အတွင်းမှာတော့ သူတို့တစ်ဦးတစ်ယောက်ချင်းစီကို စစ်ဆေးမေးမြန်းကြမယ်ပေါ့?”

ရွှမ်းကျီး : “ပါရမီရှင်ကလေးလေးပဲ၊ ငါ မင်းကို (၁၀၁) မှတ်ပေးလိုက်မယ်၊ *ကျန်တဲ့အပိုတစ်မှတ်က မင်းမာန်တက်နေမှာကို မကြောက်ဘဲပေးလိုက်တာနော်”

(T/N

*တရုတ်အင်တာနက်အသုံးအနှုန်းတစ်ခုဖြစ်သည်။ “ငါ မင်းကို (၉၉) မှတ်ပေးလိုက်မယ်၊ ကျန်တဲ့တစ်မှတ်ကိုတော့ မင်းမာန်တက်နေမှာစိုးလို့ချန်ထားလိုက်မယ်” ဆိုပြီးပြောကြတဲ့စကားပါ။)

ရှောင်းကျန်း : “သောက်ပိုတွေ!”

ဝမ်ဇယ်က ကိတ်မုန့်တစ်တုံးကိုယူလိုက်ပြီး ကိတ်မုန့်အပေါ်မှခရင်မ်များကို ခက်ရင်းတစ်ချောင်းဖြင့်ခြစ်ချလိုက်သည်။ သူက ထိုစကားကိုကြားသောအခါ တုံ့ဆိုင်းသွားလျက် ရွှမ်းကျီးကို တခဏမျှအကဲခတ်လိုက်လေသည်။ ထို့နောက်မှာတော့ သူ့မေးရိုးများကိုကျယ်နိုင်သလောက်ကျယ်အောင်ဟ,လိုက်ပြီး အတွေးရေယာဉ်ကြောတွင်နစ်မြောနေသော ပူဖောင်းငါးတစ်ကောင်ကဲ့သို့ ကိတ်မုန့်တုံးကြီးတစ်ခုလုံးကို သူ့ပါးစပ်ထဲသို့မရမကသွတ်သွင်းလိုက်လေတော့သည်။

“မင်းက ဒီကိစ္စကိုရေဆုံးမြေဆုံးထိဖော်မယ်လို့ဆုံးဖြတ်ထားရင်တော့လည်း ဖော်ကြတာပေါ့ကွာ”

ရွှမ်းကျီးက ဖြည်းညင်းလေးကန်စွာပြောလာသည်။

“ငါ အကြံပေးမယ်၊ ငါတို့ လမ်းနှစ်လမ်းခွဲလိုက်ရအောင်၊ မင်းက ဌာနချုပ်ကိုတိတ်တိတ်လေးပြန်သွား၊ ငါတို့က ဒီဘက်သုံးချွမ်းမှာဆက်နေခဲ့ပြီး ကျန်တဲ့ကိစ္စတွေကိုစုံစမ်းစစ်ဆေးလိုက်ဦးမယ်၊ ပြောရရင် အခုချိန်ထိ ဒုတိယမြောက်ပူဆွေးယဇ်ပူဇော်ပွဲနဲ့ပတ်သက်ပြီး သံသယဖြစ်စရာအချက်တွေအများကြီးရှိနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ပိချွင်းရှန်းတုန်းကဆိုရင် ပထမလူသား-မိစ္ဆာကိုဆင့်ခေါ်ဖို့အတွက် အသက်တစ်ထောင်ကိုယဇ်ပူဇော်ခဲ့ရတာမဟုတ်လား၊ အဲဒါနဲ့ယှဉ်ရင် ဒုတိယပူဆွေးယဇ်ပူဇော်ပွဲက အတော့်ကိုအကုန်အကျသက်သာနေတယ်လို့ပြောလို့ရတယ်လေ”

ရှောင်းကျန်းမှာ တဒင်္ဂမျှတုံ့ဆိုင်းသွားပြီးနောက် ပြီးစလွယ်ပြန်ပြောလိုက်သည်။

“ငါတို့ လေနတ်ဘုရားတပ်ဖွဲ့ကိုယုံကြည်လို့ရတယ်လေ”

ရှောင်းကျန်းသည်ကား ဝမ်ဇယ်အား ဖုန်းလွှဲပေးခိုင်းလိုက်စဉ်အခါကပင် ၎င်းမှာ လေနတ်ဘုရားအဖွဲ့ကိုယုံကြည်ပြီး သူတို့အဖွဲ့နှင့်ရှောင်ဖယ်ရှောင်ဖယ်မလုပ်လိုသည့်သဘောထားကို ပြသခဲ့ပြီးဖြစ်သည်။ ရွှမ်းကျီးက မျက်လုံးပင့်လိုက်ပြီး ဝမ်ဇယ်ကိုတစ်ချက်ပြုံးပြလိုက်ရင်း သစ်တောဥယျာဉ်အတွင်း၌ ဝင်လာသောထူးဆန်းသည့်ဖုန်းတစ်ကောလ်ကိုအမှတ်ရသွားပြီး စိတ်ထဲတွင်တွေးလိုက်သည်။

လေနတ်ဘုရားအဖွဲ့ကလည်း အဲဒီလောက်မယုံရပါဘူး

သို့သော် သူက အတိုက်အခံလုပ်မနေတော့ဘဲ ရိုးရိုးရှင်းရှင်းပင်သဘောတူလိုက်သည်။

“အင်း….နားလည်ပြီ”

ရှောင်းကျန်းက သူ့အား လုပ်စရာရှိသည်များကိုအနည်းငယ်ဆက်လက်မှာကြားပြီးနောက် နောက်ဆုံးစကားတစ်ခွန်းကိုပြောအပြီးတွင် ဖုန်းချလိုက်သည်။

“ဓားဝိညာဉ်နဲ့ပတ်သက်တဲ့ကိစ္စကတော့ ငါနောက်မှပဲ မင်းနဲ့စာရင်းရှင်းရဦးမယ်”

ထို့နောက်တွင်တော့ ကမန်းကတန်းဖုန်းချသွား၏။

ရွှမ်းကျီးမှာ ဖုန်းလိုင်းတစ်ဖက်မှ တတူတူမြည်သံများကိုသာကြားလိုက်ရရှာပြီး ရယ်ရခက်ငိုရခက်စွာဖြင့် စိတ်ထဲ၌တွေးလိုက်လေသည်။

ငါကိုယ်တိုင်တောင် အဲဒီဓားဝိညာဉ်ကိစ္စကိုဘယ်လိုလုပ်ရမလဲ မသိသေးတဲ့ဥစ္စာ

သူ၏အတွေးစိတ်ကူးများသည်ကား ခရီးတစ်ပတ်လှည့်လည်ပျံသန်းသွားနေရင်း ရှန့်လင်ယွမ်း၏ကိုယ်ပေါ်သို့ရောက်ရှိသွား၏။

သူက ညကြီးသန်းခေါင် လောင်ရှောင်းရဲ့လူနာခန်းထဲကို ဘာသွားလုပ်တာလဲ? သူ့ကို မိုးကြိုးအပစ်ခံရအောင်လုပ်လိုက်မိလို့ သူ့အမှားကိုပြန်လည်ဖာထေးတဲ့အနေနဲ့ သူ့ဆီကိုတကူးတကအလည်အပတ်သွားပြီး ဒဏ်ရာတွေသွားကုသပေးတာလား?

မဖြစ်နိုင်ဘူး၊ ဒီမိစ္ဆာအိုကြီးမှာ ဒီလိုမျိုးသနားကြင်နာတတ်တဲ့စိတ်ထားမျိုးရှိလို့ကတော့ အစောကြီးကတည်းက သူ့အလုပ်အကိုင်ကိုပြောင်းလိုက်ပြီး သတ္တဝါအားလုံးကိုဆင်းရဲဒုက္ခတွင်းက ကယ်တင်ပေးတဲ့ မြတ်စွာဘုရားသခင်ပဲလုပ်နေတော့မှာပေါ့

ရွှမ်းကျီးမှာ နောက်ပိုင်းတွင်မှ ထိုအကြောင်းကိုသေသေချာချာပြန်လည်စဉ်းစားကြည့်လိုက်သောအခါတွင်မူ ရုတ်တရက် ရင်ထိတ်သွားရှာ၏။ သူ ရှောင်းကျန်းကိုပေးခဲ့သော နတ်ဆရာမန္တန်သည်ကား ‘မန္တန်အကျော်အမော်ဆရာကြီး’ တစ်ပါးဖြစ်သော ရှန့်လင်ယွမ်းကိုယ်တိုင်ရေးသားထားခဲ့သောမန္တန်ဖြစ်သည်။ ထိုစဉ်က မည်သည့်အန္တရာယ်အငွေ့အသက်မျိုးကိုမှ မရခဲ့သည့်အတွက် ရှောင်းကျန်းကို သူ ချက်ချင်းပေးပစ်ခဲ့ခြင်းဖြစ်သည်။ ယခုမူပြန်စဉ်းစားကြည့်မည်ဆိုပါက သူ ဤကိစ္စကို အတော်လေးအလျင်စလိုပြုလုပ်မိခဲ့တာဖြစ်သည်။ ပိရှသည်ကား သူ့မန္တန်နောက်သို့လိုက်ကာ ညဘက်ကြီး ရှောင်းကျန်းထံသို့သွားရောက်တွေ့ဆုံလိမ့်မည်ဟု သူထင်မထားမိခဲ့ပါချေ။

အကယ်၍ ယမန့်နေ့ည၌ ရှောင်းကျန်းသည်ကား ဖြောင့်မတ်မှန်ကန်မှုမရှိဘဲ နတ်ဆရာမန္တန်ကို တိတ်တဆိတ်ဖျက်ဆီးပစ်လိုက်မည်ဆိုပါက မည်ကဲ့သို့ဖြစ်သွားပါမည်နည်း?

သူလက်ခံရရှိခဲ့သော ‘ဝိညာဉ်ကြောများကိုသန့်စင်ပေးသည့်’ အဆိုပါ ‘လက်ဆောင်’ မှာ နူးညံ့နွေးထွေးပြီး ခင်မင်ရင်းနှီးစွာဖြင့် ပေးကမ်းသောလက်ဆောင်တစ်ခုဖြစ်လာပါဦးမည်လား?

“လေနတ်ဘုရားအဖွဲ့(၁) နဲ့အဖွဲ့(၂) အဖွဲ့သားတွေအားလုံး အခုချိန်မှာ အဆင်သင့်နေရာယူပြီးပါပြီ၊ သူတို့ အခုလေးတင် သုံးချွမ်းဌာနခွဲကို လွှဲပြောင်းထိန်းချုပ်လိုက်ကြပြီ၊ ဒါရိုက်တာရှောင်းက ခင်ဗျားရဲ့အမိန့်ကိုနားထောင်ခိုင်းလိုက်တယ်၊ ခင်ဗျား ဘယ်လိုစုံစမ်းစစ်ဆေးချင်လဲ? ခင်ဗျားစုံစမ်းချင်တဲ့အတိုင်း ကျွန်တော်တို့…..”

ဝမ်ဇယ်က သူ့အသံကိုနှိမ့်လိုက်၏။ ထိုနေရာအရောက်၌ ရွှမ်းကျီး၏မျက်နှာအမူအရာမှာ ရုတ်တရက်လေးနက်တည်ကြည်သွားသည်ကိုတွေ့လိုက်ရသောအခါဝယ် ၎င်းမှာ မနေနိုင်မထိုင်နိုင်ဖြစ်စွာဖြင့် မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

“ဒါရိုက်တာရွှမ်း ….ဘာဖြစ်လို့လဲ?”

ရွှမ်းကျီးက စကားလုံးများကိုဂရုတစိုက်ရွေးချယ်ကာ ပြောလာသည်။

“အန္တရာယ်များတဲ့လူတစ်ယောက်ရှိတယ်…အရမ်းကိုအန္တရာယ်များတဲ့လူတစ်ယောက်ပေါ့…သတိမထားမိလိုက်တာနဲ့ ကိုယ့်အသက်ကိုနုတ်ယူသွားနိုင်လောက်တဲ့အထိကို အန္တရာယ်များတာ”

ဝမ်ဇယ် : “ဟင်…ဘယ်သူလဲ?”

“ဘယ်သူလဲဆိုတာက အရေးမကြီးဘူး”

ရွှမ်းကျီးက သူ့လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။

“အခုပြဿနာက အဲဒီလိုလူတစ်ယောက်ရှိတယ်ပဲထားပါတော့၊ ခင်ဗျားက အမြဲတမ်း မသိလိုက်မသိဘာသာနဲ့ အရောင်စစ်မှန်တစ်ဖက်ခြမ်းကနေပြီး သူ့ကိုကြည့်နေမိလိမ့်မယ်၊ သူ့ရဲ့အန္တရာယ်အဆင့်အတန်းကို တစ်ချိန်လုံးလျစ်လျူရှုထားမိတဲ့အပြင် သူ့ကိုသတိထားပြီးနေရမယ်ဆိုတာကိုတောင် မေ့သွားတဲ့အထိဖြစ်သွားလိမ့်မယ်__ခေါင်းဆောင်ဝမ်…ဒီလိုစိတ်စွမ်းအင်တိုက်ခိုက်မှုမျိုးကို ခင်ဗျားကြားဖူးလား?”

ဝမ်ဇယ်က တုံ့ခနဲဖြစ်သွားသည်။

“အင်း…ကျွန်တော် ကြားဖူးတယ်”

ရွှမ်းကျီးက ပြီးစလွယ်ပြောလိုက်တာဖြစ်ပြီး အဖြေကိုကြားရလိမ့်မည်ဟု မမျှော်လင့်ထားပါချေ။ လေနတ်ဘုရားအဖွဲ့၏ခေါင်းဆောင်သည်ကား ဤမျှလောက် အတွေ့အကြုံဗဟုသုတများသူတစ်ဦးဖြစ်နေလိမ့်မည်မှန်း သူထင်မထားမိခဲ့ပေ။ ထိုခဏ၌ ၎င်းမှာ ချက်ချင်းဆိုသလိုပင် မတ်မတ်ထိုင်လိုက်ပြီး အာရုံစူးစိုက်မှုအပြည့်ဖြင့် ဝမ်ဇယ်ထံမှထွက်လာမည့် စကားလုံးများကို တလေးတစားနားထောင်နေလိုက်လေသည်။

ဝမ်ဇယ်က သူ့ပေါင်ကိုတစ်ချက်ရိုက်ကာ ပြောလိုက်သည်။

“အချစ်လေကွာ”

ရွှမ်းကျီး : “……သွားရအောင်၊ အလုပ်လုပ်ဖို့အချိန်တန်ပြီ”

အချိန်တစ်နာရီခန့်ကြာပြီးနောက် သူ၏ခန္ဓာကိုယ်နှင့်စိတ်အာရုံကိုပြုပြင် ပြင်ဆင်လို့အပြီးမှာတော့ ရွှမ်းကျီးသည်ကား ဝမ်ဇယ်နှင့်အတူ DCO ၏ သုံးချွမ်းဌာနခွဲသို့ရောက်ရှိသွားပြီဖြစ်သည်။ ကူယွဲ့ရှီး၊ ကျန်းကျောင်းနှင့် ပြန်လည်ပြုပြင်ရေးဌာနမှဝန်ထမ်းများသည်ကား သူတို့ကိုစောင့်ဆိုင်းနေကြသည်။ လေနတ်ဘုရားအဖွဲ့၏ထိပ်တန်းအဖွဲ့ဝင်များမှာမူ ယွဲ့သယ်ဘိုးဘိုး၏နောက်လိုက်နောက်ပါများနှင့်တပည့်သားမြေးများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြချိန်ဖြစ်သည်။

“သူတို့တွေက ယွဲ့သယ်ဘိုးဘိုးရဲ့ *တံခါးပိတ်တပည့်တွေပဲ”

ကူယွဲ့ရှီးက စုံစမ်းစစ်ဆေးရေးအခန်း၏အပြင်ဘက်ဆီသို့ ရွှမ်းကျီးအား လမ်းပြခေါ်ဆောင်လာရင်းပြောလိုက်သည်။

(T/N

*တံခါးပိတ်တပည့်တွေဆိုတာက သူတို့ရဲ့ဆရာသမားတွေဆီကနေ တိုက်ရိုက်သင်ကြားပေးတာကိုခံရတဲ့ နောက်ဆုံးတပည့်တွေဖြစ်ပြီး ‘ဆရာ့အချစ်တော်တပည့်’ တွေကို ဆိုလိုတာပါ။)

တစ်ဖက်ပိတ်မှန်ချပ်များ၏အခြားတစ်ဖက်၌ ဦးခေါင်းထိပ်၌အကွက်လိုက်ထိပ်ပြောင်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးထိုင်နေသည်။ ၎င်းမှာ တစ်ကိုယ်လုံးကို ကျောက်မျက်ရတနာများအပြည့်စီခြယ်ထားလျက် တောက်တောက်ပြောင်ပြောင်သားသားနားနားဝတ်စားဆင်ယင်ထား၏။ သူ့ခါးပတ်ပေါ်ရှိနာမည်တံဆိပ်ကို မီတာ (၅၀) အကွာမှပင်တွေ့မြင်နိုင်ပေသည်။ ကလေးငယ်တစ်ယောက်၏လက်သီးဆုပ်အရွယ်ပမာဏခန့်ရှိသော ကျောက်စိမ်းဘယက်ဆွဲပြားတစ်ခုကိုလည်း သူ့လည်ပင်းထက်ဝယ်ချိတ်ဆွဲထားလေသည်__ဤကဲ့သို့လူများအားဖိအားပေးခြိမ်းခြောက်နေသောအငွေ့အသက်များကိုထုတ်လွှတ်နေသည့် သူ၏ချမ်းသာကြွယ်ဝမှုများကြောင့် လည်ပင်းကျီးပေါင်းတက်မှာကိုလည်း ကြောက်ရွံ့ခြင်းမရှိသည့်နှယ်။

“နတ်ဆရာဂူသင်္ချိုင်းထဲကို ဒါရိုက်တာရွှမ်း ခေါ်သွားခဲ့တဲ့ မုတ်ဆိတ်နဲ့လူရဲ့ နှုတ်ကထွက်ဆိုချက်တွေအရဆိုရင် သံသယတရားခံတဖြစ်လဲ….သားကောင်ဖြစ်သွားတဲ့ ကျိချင်းချန်ဆိုတဲ့လူဟာ သူတို့တွေနဲ့ပတ်သက်မှုရှိနေတယ်”

ကျိချင်းချန်သည်ကား မှောင်ခိုဈေးကွက်မှတဆင့် တံလျှပ်လိပ်ပြာများကိုထိတွေ့ခဲ့ပြီးသည့်နောက်တွင် အရာအားလုံးမှာထိန်းချုပ်လို့မရနိုင်တော့ဘဲ အလိုအလျောက်ဆက်တိုက်ဆိုသလိုဖြစ်ပျက်သွားခဲ့တာဖြစ်သည်။ ၎င်းမှာ လိပ်ပြာသားလောင်းကောင်များကို သုံးလို့ကုန်သွားချိန်ဝယ် ရှိသမျှအကြံအကုန်ထုတ်ကာ ထိုပစ္စည်းများအားနောက်ထပ်ရနိုင်မည့် နည်းလမ်းအသွယ်သွယ်ကို အစွမ်းကုန်ရှာဖွေကြိုးစားခဲ့သည်။ ၎င်းသည်ကား *ပျားရည်ထောင်ချောက်တစ်ခုကိုသုံးကာ ယွဲ့သယ်ဘိုးဘိုး၏ အဆိုပါ တံခါးပိတ်တပည့်ကိုယ်ပေါ်မှ နတ်ဆရာဂူသင်္ချိုင်း၏တည်နေရာကို သတင်းနှိုက်ယူခဲ့တာဖြစ်သည်။

(T/N

*ပျားရည်ထောင်ချောက်ဆိုတာက သူ့ကို အမျိုးသမီးတွေနဲ့လိင်ပိုင်းဆိုင်ရာဖျားယောင်းမြူဆွယ်ပြီး သူ့ဆီကနေ သတင်းနှိုက်တာကိုပြောတာပါ။)

ရွှမ်းကျီးက အနားသို့တိုးကပ်ကြည့်ကာ ပြောလိုက်သည်။

“သာမန်လူလား?”

“ဟုတ်တယ်၊ ယွဲ့သယ်ဘိုးဘိုးရဲ့တပည့်တပန်းတွေက များသောအားဖြင့် အတော်လေးမောက်မာရိုင်းစိုင်းကြတယ်လေ” ကျန်းကျောင်းက ပြောသည်။

“ထူးခြားစွမ်းရည်ပိုင်ရှင်ဖြစ်တဲ့ သူ့တပည့်တွေက သူတို့ကိုယ်သူတို့ နတ်ဘုရားတပိုင်းလိုမျိုးထင်နေကြပြီး ထူးခြားစွမ်းရည်ပိုင်ရှင်မဟုတ်တဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုးမလုပ်ကြဘူး၊ တကယ်လို့ ဒီတပည့်ကသာ သာမန်လူသားတစ်ယောက်မဟုတ်ဘူးဆိုရင် ကျိချင်းချန်က သူနဲ့ဘယ်လိုလုပ်ပြီး အဆက်အဆံလုပ်လို့ရမှာလဲ?”

ရွှမ်းကျီး : “ယွဲ့သယ်ဘိုးဘိုးက ဘယ်လိုဖြစ်ပြီး သူ့လိုသာမန်လူတစ်ယောက်ကို သူ့တပည့်အဖြစ်လက်ခံလိုက်ရတာလဲ? ဘာကြောင့်လဲ? သူ့မှာ ဘယ်လိုကျောထောက်နောက်ခံတွေများရှိနေလို့လဲ?”

“ပြောရရင်တော့ အရှည်ကြီးပဲ” ကျန်းကျောင်းက ပြောသည်။

“ပြောကြတာကတော့ ဒီလူက အရင်တုန်းက မှောင်ခိုလုပ်ငန်းနဲ့ကြီးပွားချမ်းသာလာတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်တဲ့၊ အဲဒီတုန်းက အဖမ်းလည်းမခံခဲ့ရဘူး၊ နောက်ပိုင်းကျတော့ သူ့အပြစ်တွေကိုဆေးကြောလိုက်ပြီး ကိုယ်ပိုင်နိုင်ငံခြားကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့တယ်၊ လူငယ်ဘဝတုန်းကတော့ ကောင်းကောင်းနေထိုင်စားသောက်ခဲ့တာပဲ။ လူလတ်ပိုင်းအရွယ်ရောက်လာတော့ စီးပွားကျလာပြီးတဲ့နောက်တော့ ဂမ္ဘီရပညာရပ်တွေအပေါ်မှာ ရူးသွပ်စွဲလမ်းလာတော့တာပဲ။ သူက ပိုက်ဆံလည်းရှိတယ်၊ လမ်းကြောင်းလည်းရှိတဲ့သူဆိုတော့ မထင်မှတ်ဘဲ တကယ့်အဆက်အသွယ်ကောင်းတွေရသွားတယ်။ ပိုက်ဆံတွေအများကြီးသုံးပြီး ယွဲ့သယ်ဘိုးဘိုးနဲ့အဆက်အသွယ်ရအောင်လုပ်ခဲ့တယ်။ ယွဲ့သယ်ဆရာကြီးကတော့ သူကိုယ်တိုင်မှာလည်း လူသားတစ်ယောက်ရဲ့အလိုဆန္ဒတွေရှိသေးတာပဲလေ၊ သူ့အတွက်တော့ ကံကောင်းမှုတွေက ကောင်းကင်ပေါ်ကနေပြုတ်ကျလာသလိုပဲပေါ့__ဆိုတော့ သူ့ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုလက်ခံပြီး တံခါးပိတ်တပည့်တစ်ယောက်အဖြစ်လက်ခံခဲ့တာပေါ့လေ။ သူက သာမန်အချိန်တွေမှာ အဲဒီလောက်အသုံးဝင်တဲ့သူမဟုတ်ပါဘူး၊ ဆရာကြီးနဲ့ သူ့တပည့်တွေသုံးသမျှဖြုန်းသမျှကို နောက်ကလိုက်ရှင်းပေးရတဲ့လူမျိူးပါပဲ”

ရွှမ်းကျီးက ချက်ချင်းပင်သဘောပေါက်သွားသည်။ ဤသည်ကား ‘တံခါးပိတ်တပည့်’ ဟုရေးထားသော်လည်း ‘ပိုက်ဆံဖြုန်းသည့်ငတုံးကောင်’ ဟုဖတ်ရသောစကားလုံးဖြစ်၏။

စစ်ကြောရေးအခန်းထဲတွင်မူ အနှီ ‘ပိုက်ဆံဖြုန်းသည့်ငတုံးကောင်’ သည်ကား တစ်ချိန်လုံးငြင်းဆန်လို့နေသည်။

“ဘာတားမြစ်နယ်မြေလဲ? ငါဖြင့် တစ်ခါမှကိုမကြားဖူးပါဘူး၊ ရဲသားကြီးတွေရယ်”

“ငါတို့က ရဲတွေမဟုတ်ဘူး”

“အစိုးရဝန်ထမ်းအရာရှိကြီးတွေရယ်”

‘ပိုက်ဆံဖြုန်းသည့်ငတုံးကောင်’ သည်ကား ချက်ချင်းပင် အလွန်တရာကြည်လင်ပြတ်သားသောလေသံဖြင့် သူ့စကားများကိုပြန်လည်ပြောင်းလဲပြောဆိုလိုက်သည်။ သူက နဖူးပေါ်တွင်ပြန်နေသောအဆီများကိုသုတ်ပစ်လိုက်ကာ ပြောလာသည်။

“ဆရာကပြောတယ် ငါ့ရဲ့ကျင့်ကြံဆင့်တွေက ဝင်ခွင့်အဆင့်ကိုတောင်မကျော်နိုင်သေးဘူးတဲ့၊ ငါက ဘာမန္တန်အစီအရင်ရေးဆွဲတာတွေ ဘာဆင့်ခေါ်ပွဲတွေမှလည်း မလုပ်တတ်ဘူး၊ တားမြစ်နယ်မြေဆိုတာ ရှိတယ်ပဲထားပါတော့၊ သူတို့က ငါ့ကို ဘယ်လိုလုပ်ပြီးပေးဝင်မှာလဲ၊ အဲဒီလိုဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေကိုသိဖို့ဆိုတာက ကျင့်ကြံဆင့်အတိုင်းအတာတစ်ခုထိရောက်နေတဲ့လူတွေမှပဲရမှာမဟုတ်ဘူးလား?”

ကျန်းကျောင်းက သူ့မေးစေ့ကိုပွတ်သပ်ကာ ပြောလိုက်သည်။

“အပြောကတော့ ဟုတ်နေတာပဲ၊ နှမြောစရာကောင်းတာက…..”

ရွှမ်းကျီးက သူ့အကြည့်များအတိုင်းလိုက်ကြည့်လိုက်သောအခါဝယ် စစ်ကြောရေးအခန်းအပြင်ဘက်ရှိ အထူးစက်ပစ္စည်းကိရိယာတစ်မျိုးကိုသာတွေ့လိုက်ရလေသည်။ ထိုပစ္စည်းအား မော်နီတာဖန်သားပြင်တစ်ခုနှင့်ဆက်သွယ်ထားသည်။  ထိုပစ္စည်းများကို ထိန်းချုပ်ကိုင်တွယ်နေကြသူများကတော့ လေနတ်ဘုရားအဖွဲ့မှ စိတ်စွမ်းအင်အမျိုးအစားထူးခြားစွမ်းရည်ပိုင်ရှင်များပင်ဖြစ်သည်။ စိတ်စွမ်းအင်ထူးခြားစွမ်းရည်ပိုင်ရှင်များသည်ကား အမှန်တကယ်ကိုပင် *အဖျက်စွမ်းအားကြီးမားသောလက်နက်များဖြစ်ကြသည်။ ‘ပိုက်ဆံဖြုန်းသည့်ငတုံးကောင်’ ၏စိတ်ထဲတွင် မည်သည့်ပုံရိပ်များပေါ်လာပါစေ၊ ထိုပုံရိပ်များနှင့်တထပ်တည်းတူညီသောရုပ်ပုံများမှာ မော်နီတာဖန်သားပြင်ပေါ်တွင်ပေါ်လာကြလေတော့သည်။

(T/N

*တရုတ်အင်တာနက်အသုံးအနှုန်းတစ်ခုပါ။ အရမ်းကိုမိမိုက်ပြီး တော်တတ်ထူးချွန်တဲ့လူတွေကိုရည်ညွှန်းသုံးနှုန်းတာပါ။ )

ထိုသူသည်ကား သူတို့ဂိုဏ်းအတွင်းရှိ ‘တားမြစ်နယ်မြေ’ ဆိုသည့်အကြောင်းကို တစ်ခါမှမကြားဖူးပါဟု ငြင်းဆန်နေသော်ငြား သူ့စိတ်ထဲတွင်မူ ဈေးကြီးသည့်ကလပ်တစ်ခုအတွင်း၌ အခြားသောတပည့်များကို အစားအသောက်များဖြင့်ကျွေးမွေးဧည့်ခံနေသည့်ပုံရိပ်မြင်ကွင်းများမှာ ပေါ်လာနေသည်။ အရက်လေးများဝင်သွားချိန်မှာတော့ ရေချိန်ကိုက်နေကြပြီဖြစ်သည့် ‘ဆရာကြီး’ ဟုခေါ်သည့်ပုဂ္ဂိုလ်များသည်ကား သူ့အနားသို့ဝိုင်းဖွဲ့ရောက်ရှိလာကြကာ တားမြစ်နယ်မြေနှင့်ပတ်သက်သည့်အကြောင်းအရာများကို လေလုံးထွားကာကြွားဝါပြောဆိုလာကြလေတော့သည်။

ကူယွဲ့ရှီးက စကားပြောစက်ကိုကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။

“သူ့ကို ကျိချင်းချန်အကြောင်း မေးကြည့်လိုက်”

စစ်ကြောရေးအခန်းထဲတွင်ရှိနေသော လေနတ်ဘုရားတပ်ဖွဲ့မှ စိတ်စွမ်းအင်ထူးခြားပိုင်ရှင်များက ခေါင်းဆောင်ဖြစ်သူ၏ညွှန်ကြားချက်အတိုင်း လုပ်ဆောင်လိုက်သည်။ သူတို့က ကျိချင်းချန်၏ဓာတ်ပုံအား ထိုသူကိုပြသကာမေးလိုက်၏။

“ခင်ဗျား ဒီလူကိုသိလား?”

‘ပိုက်ဆံဖြုန်းသည့်ငတုံးကောင်’က ဓာတ်ပုံကို တခဏမျှကြာအောင် အနီးကပ်ကြည့်ရှုလိုက်ပြီးမှ ပြောလာသည်။

“အင်း…မြင်ဖူးသလိုလိုပဲ….ဪ! သိပြီ! ငါ သတိရပြီ၊ သူက တစ်ကိုယ်တော်လေလွင့်လျှောက်သွားနေရင်း သုံးချွမ်းကိုရောက်လာတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ အိုင်း…အဲဒီလိုတစ်ကိုယ်တော်ကျင့်ကြံသူမျိုးတွေက ဂိုဏ်းဂဏမရှိ၊ အဖွဲ့အစည်းမရှိ၊ မှီခိုအားကိုးစရာမရှိတဲ့ သနားစရာကောင်းတဲ့သူတွေပဲ။ သူက ငါ့ကို အဆက်အသွယ်တစ်ခုကနေ ရှာတွေ့သွားတာပဲ။ ကြည့်ရတာ ငါက ငါ့ဆရာရဲ့ဂိုဏ်းထဲကိုရောက်သွားတဲ့အကြောင်းကိုကြားပြီး ငါ့ဆီကနေ သတင်းတစ်ခုခုနှိုက်ချင်လို့နေမှာပေါ့။ ဒီလူကို ကြည့်ရတာ အတော်လေးကိုရိုးသားဖြောင့်မတ်မှုမရှိဘူး၊ ကလိမ်ကကျစ်ပုံစံမျိုးပဲ၊ ငါနဲ့တော့ ဘယ်လိုမှကီးမကိုက်ပါဘူးကွာ၊ တစ်ခေါက် ငါနဲ့ထမင်းအတူသွားစားကြတုန်း သူက မိန်းကလေးတစ်ယောက်ကိုခေါ်လာတယ်လေ…ကျစ်…ဒီကောင်က ငါ့ကိုဘာများမှတ်နေလဲမသိဘူး?”

ဝမ်ဇယ်နှင့်ရွှမ်းကျီးတို့နှစ်ယောက်သားမှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်__မုတ်ဆိတ်နှင့်လူ၏ပျားရည်ထောင်ချောက်အတွင်းမှ အမျိုးသမီးဇာတ်ဆောင်တစ်ယောက်။

ဝန်ခံချက်များမှာ ကိုက်ညီမှုရှိ၏။

“အဲဒီမိန်းကလေးရဲ့ နောက်ကြောင်းရာဇဝင်ကရော?”

“မသိဘူး”

‘ပိုက်ဆံဖြုန်းသည့်ငတုံးကောင်’ က သူ့ဦးခေါင်းကိုခါယမ်းပြလိုက်သည်။ အာသဝေါကုန်ခမ်းနေသော ဘုန်းကြီးတစ်ပါးကဲ့သို့နှယ်။

“သူက ဘယ်လောက်ပဲလှလှ သာမန်သေမျိုးလူသားတစ်ယောက်ပဲလေ၊ ငါက သူ့အကြောင်းကို ဘာဖြစ်လို့စပ်စုရမှာလဲ?”

“တစ်ချက်လောက်ပြန်စဉ်းစားကြည့်ပြီးတော့ ကျွန်တော်တို့ကို ဒီမိန်းကလေးရဲ့ပုံပန်းသွင်ပြင်ကိုပြောပြပေးပါ”

“အင်း…သူက အသက်ကတော့အတော်ငယ်သေးတယ်၊ အရပ်ကလည်း သိပ်မမြင့်ဘူး၊ မျက်နှာက အသည်းပုံလိုမျိုးလေးပဲ…..”

‘ပိုက်ဆံဖြုန်းသည့်ငတုံးကောင်’ သည်ကား မျက်လုံးများကိုအထက်သို့လှန်ကာ ပြန်လည် ‘စဉ်းစား’ ချင်ယောင်ဆောင်နေ၏။ မသိလျှင် သူမအပေါ်တွင် အစကတည်းက ထင်မြင်ချက်မကောင်းသောကြောင့် ခက်ခက်ခဲခဲပြန်လည်စဉ်းစားတွေးတောနေရသည့်နှယ်။ သူ့မျက်နှာသွင်ပြင်အမူအရာတစ်ခုလုံးမှာ ဗလာကျင်းနေလျက်ရှိသော်လည်း သူ့ဦးနှောက်ထဲရှိ ပုံရိပ်များကမူ ထိုကဲ့သို့မဟုတ်ရှာပေ။

“ဘုရားရေ ဗုဒ္ဓေါ”

ဝမ်ဇယ်က သူ့လက်တစ်ဖက်ဖြင့် ကျန်းကျောင်း၏မျက်လုံးများကိုလှမ်းပိတ်လိုက်သည်။

“21+ တွေ! မကြည့်နဲ့!”

ကျန်းကျောင်းက စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်ကန့်ကွက်လိုက်၏။

“ကျွန်တော်က ဒီနှစ်ဆို (၂၃) နှစ်ပြည့်ပြီးပြီဗျ!”

ထိုလူ၏ဦးနှောက်ခမျာ အပြာဇာတ်လမ်းများကိုပြသသော ရုပ်ရှင်ပိတ်ကားတစ်ချပ်အဖြစ်ပြောင်းလဲသွားရှာတော့သည်။ အမျိုးစုံသောရုပ်ပုံများ လှစ်ခနဲဖျတ်ခနဲဖြတ်သန်းပြီးသွားသည့်နောက်မှာတော့ ၎င်းမှာ သူ့ပါးစပ်မှ မည်ကဲ့သို့သောပေါက်ကရစကားများထွက်လာသလဲဆိုတာကို သူကိုယ်တိုင်တောင်သိလိမ့်မည်မဟုတ်ပါချေ။ ထိုအခိုက် ပုံရိပ်ထဲရှိ အမျိုးသမီးဇာတ်ဆောင်က ခေါင်းမော့လာသည်။ သူမသည်ကား မြေခွေးမျက်လုံးတစ်စုံကိုပိုင်ဆိုင်ထားသူဖြစ်သည်။ ထိုမျက်လုံးများမှာ အရွယ်အစားသိပ်မကြီးလှသော်ငြား ခပ်ရေးရေးညှို့ဓာတ်များကိုသယ်ဆောင်ထားလျက်ရှိသည်။ သူမ၏အနည်းငယ်ကျယ်ပြန့်နေသောနဖူးပြင်ကိုမူ တစ်ခုခုဖြင့်တန်ဆာဆင်ထားသည့်အနေဖြင့် နဖူးထောင့်စွန်းတွင် ပန်းပွင့်ပုံတစ်ပုံကိုဆေးမင်ကြောင်ထိုးထားကာ မိစ္ဆာအငွေ့အသက်များကိုထုတ်လွှတ်နေသယောင်။

ကူယွဲ့ရှီးနှင့်ဝမ်ဇယ်တို့နှစ်ယောက်လုံး၏ပါးစပ်များမှာ တစ်ပြိုင်နက်တည်းလိုလိုပင် ပွင့်ဟလာကြသည်။

ကူယွဲ့ရှီး : “ခဏလေး..ကျွန်မ သူ့ကို အလိုရှိဆုံးတရားခံစာရင်းထဲမှာ မြင်ဖူးသလိုပဲ၊ နဖူးပေါ်က ဆေးမင်ကြောင်က….”

ဝမ်ဇယ်က တိကျပြတ်သားစွာပြောလိုက်သည်။

“ပန်းမြေခွေးပဲ”

“ဘာပဲဖြစ်ဖြစ် အဲဒါကလည်း ငါ့ရဲ့တာဝန်တစ်ခုပါပဲ၊ ငါက ပြည်သူလူထုရဲ့အခွန်ဘဏ္ဍာတွေကိုသုံးဖြုန်းပြီး အလေလိုက်လျှောက်သွားနေတဲ့ကောင်တော့မဟုတ်ပါဘူး”

ဝမ်ဇယ်က ဖန်သားပြင်နားသို့ ပို၍တိုးကပ်ကာကြည့်လိုက်လေသည်။

“အဲဒီဆုကြေးအများဆုံးအထုတ်ခံထားရတဲ့အုပ်စုက ငါ့ရဲ့ ‘မိတ်ဆွေဟောင်း’ တွေပဲ၊ ဒီမိန်းကလေးက….ငါ အမှတ်မမှားဘူးဆိုရင် သူ့ရဲ့နာမည်တုက ‘ပန်းမြေခွေး’ ပဲ၊ ‘စစ်မှန်မှုဂိုဏ်း’ ထဲကပေါ့”

ရွှမ်းကျီး : “စစ်…ဘာဂိုဏ်း?”

“စစ်မှန်မှုဂိုဏ်း”

ယန်ချောင်က စာအုပ်ထဲမှစာသားများကို အလွတ်ရွတ်ပြနေသည့်အလား အသံကိုနှိမ့်၍ ရွှမ်းကျီးကိုပြောပြလာသည်။

“အဲဒါက ထူးခြားစွမ်းရည်ပိုင်ရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့အဖွဲ့အစည်းတစ်ခုပဲ၊ ထူးခြားစွမ်းရည်ပိုင်ရှင်တွေက သာမန်လူသားတွေထက် တစ်ဆင့်ပိုမြင့်တာမို့ လူသားတွေက သူတို့လက်အောက်မှာအုပ်ချုပ်ခံသင့်တယ်လို့ သူတို့ကထင်နေကြတယ်လေ၊ သာမန်လူသားတွေကြားထဲကနေ သီးသန့်ခွဲထွက်ပြီးနေထိုင်သင့်တယ်လို့လည်းထင်နေကြတယ်၊ ထူးခြားစွမ်းရည်ပိုင်ရှင်တွေက သာမန်လူသားတွေနဲ့ လက်ထပ်ထိမ်းမြားမိရင်ပဲ သေလောက်တဲ့အပြစ်ကြီးတစ်ခုကိုကျူးလွန်မိသလိုပဲ…..ပြောရရင် အစွန်းရောက်လူမျိုးရေးခွဲခြားသူတွေအုပ်စုပေါ့ဗျာ”

“လေနတ်ဘုရားအဖွဲ့က အဲဒီအစ်ကိုကြီးတို့အုပ်စုနောက်ကိုလိုက်နေတာ နှစ်အတော်ကြာပြီ”

ဝမ်ဇယ်က စကားဆက်လိုက်သည်။

“စစ်မှန်မှုဂိုဏ်းအဖွဲ့သားတွေက သာမန်လူသားတွေကို ခွေးတွေဝက်တွေ ကျွဲနွားတိရစ္ဆာန်တွေလိုမျိုးဆက်ဆံသင့်တယ်လို့ ထင်နေကြတဲ့လူတွေ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဆူညံပွက်လောရိုက်ပြီးနာမည်ကြီးသွားတဲ့ ‘လူသားအရေခွံကုတ်အင်္ကျီ’ ဆိုတဲ့ဖြစ်ရပ်ကလည်း သူတို့အုပ်စုလက်ချက်ပဲ၊ ဒီအမျိုးသမီးက အဓိကတရားခံတွေထဲက တစ်ယောက်ပဲ၊ စိတ်စွမ်းအင်အမျိုးအစားထူးခြားစွမ်းရည်ပိုင်ရှင်ပေါ့၊ အခုထိထွက်ပြေးလွတ်မြောက်နေတုန်းပဲ”

ကျန်းကျောင်းက သူ့ဆံပင်ကိုသူ ပြန်ဆွဲဆုပ်လိုက်ရင်းပြောလိုက်သည်။

“ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲဟ? သာမန်လူသားတစ်ယောက်က ဝရမ်းပြေးဖြစ်နေတဲ့ စိတ်စွမ်းအင်ထူးခြားစွမ်းရည်ပိုင်ရှင်တစ်ယောက်ကို ပျားရည်ထောင်ချောက်အနေနဲ့အသုံးချပြီး တခြားသာမန်လူသားတစ်ယောက်ဆီက နတ်ဆရာဂူသင်္ချိုင်းရဲ့တည်နေရာကို သတင်းလိမ်နှိုက်ထုတ်သွားတာလား?”

“ဒါဆိုရင် ပြဿနာစလာပြီ၊ နတ်ဆရာဂူသင်္ချိုင်းကိုဖောက်ပြီး ပူဆွေးယဇ်ပူဇော်ပွဲစာသားတွေကိုရေးသားခဲ့တဲ့ နောက်ကွယ်ကကြိုးကိုင်သူက ဘယ်သူလဲ?”

ရွှမ်းကျီးက စီးကရက်တစ်လိပ်ကိုဆွဲထုတ်ပြီး မျက်လုံးများကိုမှေးစင်းလျက်ပြောလိုက်သည်။

“ကျိချင်းချန်ကို တံလျှပ်လိပ်ပြာတွေ ရောင်းလိုက်တဲ့ပထမဆုံးတစ်ယောက်က ဘယ်သူလဲ? ပြီးတော့ ဒီ ‘စစ်မှန်မှုဂိုဏ်း’ ကရော ဒီဖြစ်စဉ်တစ်ခုလုံးမှာ ဘယ်အခန်းကဏ္ဍကနေပါဝင်နေတာလဲ?”

ဝမ်ဇယ်က နောက်ကျောကိုမတ်မတ်ဆန့်လိုက်သည်။

“ဒါကတော့ ငါတို့ သုံးချွမ်းက မှောင်ခိုဈေးကွက်ကိုပဲ သွားမေးရမှာပဲ”

လေနတ်ဘုရားတပ်ဖွဲ့မှ ထိပ်တန်းကွင်းဆင်းဝန်ထမ်းများမှာ ပင်လယ်သမုဒ္ဒရာထဲသို့လွှတ်ပေးလိုက်သော ငါးများပမာ တစ်သုတ်ပြီးတစ်သုတ်ထွက်ခွာသွားကြသည်။ တစ်ချိန်တည်းမှာပင် ဘယ်ကနေဘယ်လိုဖြစ်တည်လာမှန်းမသိသော အနက်ရောင်တိမ်စိုင်တစ်အုပ်သည်ကား နေရောင်ခြည်များကို ဖုံးကာအုပ်လွှမ်းထားလိုက်လေတော့သည်။

သုံးချွမ်းဒေသရှိ မိုးလေဝသဌာနမှာလည်း တစ်ခါမှမကြုံတွေ့ခဲ့ဖူးသော အရေးပေါ်အခြေအနေတစ်ရပ်နှင့်ကြုံတွေ့နေရပြီဖြစ်သည်။ နံနက်ခင်းသတင်းကြေညာချိန်၌ နေရောင်ခြည်ဒဏ်ကိုကာကွယ်ရန် သတိပေးကြေညာထားပြီးရုံရှိသေး၊ မြို့ပြကောင်းကင်ယံထက်တွင် ရုတ်ချည်းပင် ထူထပ်သိပ်သည်းသောတိမ်ညိုတိမ်မည်းများ အုပ်ဆိုင်းလွှမ်းမိုးလို့လာကာ မကြာမီအချိန်အတွင်းမှာပင် တိုင်ဖွန်းမုန်တိုင်းတစ်လုံးဝင်ရောက်တိုက်ခတ်တော့မည့်အလား။ လေသံမိုးခြိမ်းသံများမှာ မဟာပထဝီမြေမျက်နှာပြင်ပေါ်သို့ အဆက်မပြတ်ရိုက်ခတ်မြည်ဟီးနေလျက်ရှိလေသည်။ မိုးသက်လေပြင်းများကိုဆင့်ခေါ်နိုင်သော ရှေးဟောင်းဧရာမနဂါးကြီးတစ်ကောင်သည်ကား တစ်ပါးသူ၏လက်ချက်ကြောင့်ထိတ်လန့်တကြားနိုးထလာပြီး သတိကြီးစွာဖြင့် သူ၏ခေါင်းကိုမြှောက်ကာ ဒေါသတကြီး ဝူးဝူးဝါးဝါးအော်ဟစ်မြည်တမ်းနေသယောင်။

ဤမိုးကြိုးမုန်တိုင်းများကိုဖန်တီးခဲ့သူဖြစ်သော ရှန့်လင်ယွမ်းသည်ကား သုံးချွမ်းမြို့၏အမြင့်ဆုံးအဆောက်အဦးဖြစ်သော__ဗဟိုဘဏ်အဆောက်အဦးတစ်ခု၏‌ခေါင်မိုးထပ်တွင်ရှိနေတာဖြစ်သည်။

သူက ကောင်းကင်ယံထက်သို့မျက်လုံးပင့်ကာကြည့်လိုက်သည်။ မိုးကြိုးမုန်တိုင်းများမှာ သူ့ဦးခေါင်းပေါ်၌စုစည်းလာနေပြီး သားကောင်ကိုချောင်းနေသော ကျားတစ်ကောင်ကဲ့သို့ သူ့အားသေသေချာချာစောင့်ကြပ်ကြည့်ရှုလို့နေကာ သူ စည်းတစ်ချက်ကျော်သွားသည်နှင့်တပြိုင်နက် တစ်ကိုယ်လုံးအတွင်းမှအပြင်ထိတိုင်အောင်မီးလောင်ကျွမ်းသွားသည်အထိ မိုးကြိုးစာကျွေးရန် အချိန်မရွေးအဆင်သင့်ပြင်ထားသည့်နှယ်။

သူပထမဆုံးအကြိမ်မိုးကြိုးအပစ်ခံလိုက်ရချိန်သည်ကား ချိယွမ်း၌ ပိချွင်းရှန်းကိုသတ်ဖြတ်ခဲ့သောအချိန်တွင်ဖြစ်သည်။ ပူဆွေးယဇ်ပူဇော်ပွဲ၏တန်ပြန်တိုက်ခိုက်မှုအပြင် ၎င်းမှာ (၈၁) ချက်သော မိုးကြိုးသွားများကိုဆင့်ခေါ်ခဲ့သလိုဖြစ်သွားပြီး ထိုမိုးကြိုးသွားများသည်ကား နှစ်ထောင်ပေါင်းများစွာအဓွန့်ရှည်တည်တံ့လာခဲ့သော ကျောက်စိမ်းဝိညာဉ်သားဖြင့်ပြုလုပ်ထားသည့် နှလုံးမြစ်တွယ်ရုပ်သေးရုပ်အပေါ်သို့ တိုက်ရိုက်ပစ်ချခဲ့သည်။

ဒုတိယအကြိမ်မှာမူ သုံးချွမ်းမြို့ပြင်ဘက်တွင် သူ အားလော့ကျင်းနှင့်တိုက်ခိုက်နေစဉ်တွင်ဖြစ်သည်။ ၎င်းမှာ လူသား-မိစ္ဆာ၏စွမ်းအားများကိုဖိနှိပ်ထိန်းချုပ်ထားပြီး အင်အားအနည်းငယ်မျှသာအသုံးပြုခဲ့တာဖြစ်သည်။ သို့သော် အားလော့ကျင်းကိုအပြည့်အဝမထိန်းချုပ်နိုင်သေးခင်မှာပင် မိုးကြိုးသွားများသည်ကား ဆက်လက်ပြီးစိတ်ရှည်လက်ရှည်မစောင့်ဆိုင်းနိုင်တော့သည့်နှယ် သူ့အပေါ်သို့ အရင်ဆုံးပစ်ချလိုက်တာဖြစ်သည်။

ဤမိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးသည်ကား သူ၏တည်ရှိမှုအား လက်ခံနိုင်ခြင်းမရှိတာကို ရှန့်လင်ယွမ်းသိပါ၏။ ကမ္ဘာလောကကြီးတစ်ခုလုံးသည်ကား သူ့အတွက်တော့ လက်ထိပ်တစ်စုံသာဖြစ်သည်။ သူစိတ်လိုက်မာန်ပါလုပ်မိသည်နှင့်တပြိုင်နက် တန်ပြန်တိုက်ခိုက်မှုအပြစ်ဒဏ်များမှာ သူ့နောက်မှမလွဲမသွေလိုက်ပါလာကြလိမ့်မည်ဖြစ်သည်။

သူက ဦးခေါင်းကို ဘေးတစ်ဖက်သို့အနည်းငယ်စောင်းငဲ့လိုက်စေကာမူ သူ၏စိတ်အာရုံကိုတော့ ရုတ်ချည်းပြန်လည်ရုတ်သိမ်းလိုက်ခြင်းမရှိပေ။ အဆောက်အဦးခေါင်မိုးထပ်တွင်ရှိသော မိုးကြိုးလွှဲတစ်ခုကို ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး ဤ ‘နတ်ပစ္စည်း’ ၏အကာအကွယ်အောက်တွင်နေရင်း မိုးကြိုးပြစ်ဒဏ်များ၏အနိမ့်ဆုံးအတိုင်းအတာပမာဏကို  စမ်းသပ်စစ်ဆေးကြည့်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။

သူ့လက်ဖဝါးပေါ်တွင် ထူထပ်သိပ်သည်းသောအနက်ရောင်မြူခိုးငွေ့များစုစည်းဖြစ်တည်လာကာ ခေါင်မိုးထပ်တစ်ထပ်လုံးကိုတောင် ပြည့်လျှံဖုံးလွှမ်းလုနီးပါးပင်ဖြစ်သွား၏။ အနက်ရောင်မြူခိုးများအလယ်တွင် နတ်ဆရာမန္တန်စာသားများမှာ အလုံးအရင်းဖြင့်ပေါ်ထွက်လာကြပြီး လေထုအတွင်းသို့ပျံတက်သွားကြကာ တဖြည်းဖြည်းပို၍ကြီးမားကျယ်ပြန့်လာကြသည်။ ရှန့်လင်ယွမ်းက သူ့လက်တစ်ဖက်ကိုဆတ်ခနဲလှန်ပြောင်းပြန်လှန်လိုက်သောအခါမှာတော့ မရေမတွက်နိုင်သောနတ်ဆရာမန္တန်များကိုဖုံးကွယ်သိုဝှက်ထားကြသော အနက်ရောင်မြူခိုးငွေ့များမှာ အမြင့်ဆုံးနေရာတစ်ခုပေါ်မှနေ၍ မြေကြီးပေါ်သို့ဖိချခံလိုက်ရသည်။ မျက်စိတမှိတ်အတွင်းမှာပင် ထိုမြူခိုးငွေ့များသည်ကား သုံးချွမ်းတစ်မြို့လုံးကိုလွှမ်းခြုံရစ်သိုင်းသွားလေတော့သည်။ တစ်ချိန်တည်းမှာပင် သူ့နားထဲ၌ ငွေထည်ပုလင်းတစ်လုံးကွဲအက်သွားသလို ‘ချွင်’ ခနဲမြည်သံတစ်ချက်ကြားလိုက်ရလေသည်။ ရှန့်လင်ယွမ်းသည်ကား မူလနေရာမှ သုံးပေခန့်ကွာဝေးသောနေရာသို့ရောက်ရှိနေပြီဖြစ်သည်__အဆောက်အဦး၏မိုးကြိုးလွှဲစနစ်မှာ ဝန်နှင့်အားမမျှတသောအခြေအနေသို့ရောက်ရှိသွားရှာသည်။ သူရပ်နေခဲ့သောနေရာတွင် ခုနလေးတင်ပစ်ခတ်လိုက်သောမိုးကြိုးတစ်စင်းကြောင့် မီးကျွမ်းနေသောအမည်းရောင်အစင်းကြောင်းကြီးတစ်ကြောင်းဖြစ်ပေါ်သွားလေသည်။ လေထုထဲတွင်မူ တဂျစ်ဂျစ်မြည်သံများထွက်ပေါ်နေသော အသေးစားလျှပ်စစ်စက်ကွင်းတစ်ခုရှိနေဆဲဖြစ်သည်။

ရှန့်လင်ယွမ်းက မီးကျွမ်းသွားသောခေါင်မိုးထပ်ကိုနောက်လှည့်ကြည့်လိုက်ပြီးသော် သူ တစ်ခုခုကိုနားလည်သဘောပေါက်သွားသည်။ မိုးကြိုးသွားများ၏စွမ်းအားမှာ သူ့စွမ်းအားများ၏ တစ်ဆယ်ရာခိုင်နှုန်းလောက်တောင်မရှိပေ။ ထိုနှစ်ကာလများတုန်းက ဘာမဟုတ်သည့် ပါချီပါချက်မိစ္ဆာတပ်သားတစ်ယောက်၏စွမ်းအားထက်ပင် လျော့နည်းနေသေးသည်။

ချိယွမ်းမှာ နှစ်ပေါင်းသုံးထောင်ကြာမျှချိပ်ပိတ်ခံထားရတာဖြစ်သည်။ ကမ္ဘာကြီး၏ဝိညာဉ်စွမ်းအင်များမှာလည်း မိစ္ဆာစွမ်းအင်များကဲ့သို့ပင် ယုတ်လျော့နည်းပါးနေပြီဖြစ်သည်။ မိုးကြိုးပြစ်ဒဏ်များကိုလည်း စည်းမျဉ်းစည်းကမ်းအသစ်များချမှတ်ဖွဲ့စည်းလိုက်ပြီး ကြီးမားအားကောင်းသောပြင်ပစွမ်းအားများကြားဝင်နှောင့်ယှက်ခြင်းကိုလည်း ခွင့်မပြုတော့ပါချေ။

လူသား-မိစ္ဆာဟူသည်ကား ပြောရလျှင် မိစ္ဆာတစ်ပိုင်းပင်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းသည်ကား မိုးကြိုးသွားများထံမှ လွတ်မြောက်အောင်ထွက်ပြေးနိုင်စွမ်းရှိသည်သာဖြစ်သည်။ သို့သော် သူကတော့…..

နောက်တခဏအတွင်းမှာပင် အမျက်ချောင်းချောင်းထွက်နေသော မိုးကြိုးသွားကိုးစင်းသည်ကား သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်လာကြလေသည်။ ရှန့်လင်ယွမ်း၏ပုံရိပ်မှာ လျှပ်စစ်ပမာ၊ မိုးကြိုးလျှပ်စီးပမာဏအများစုမှာ မိုးကြိုးလွှဲများဖြင့်စုပ်ယူခံလိုက်ရသည့်အခြေအနေကိုအခွင့်ကောင်းယူကာ သူက အလျင်အမြန်ပင် အသက်ရှူနှုန်းကိုစုစည်းထိန်းချုပ်လိုက်ပြီးသော် နတ်ဆရာမန္တန်များနောက်သို့လိုက်သွားလေတော့သည်။

အနက်ရောင်မြူခိုးများကြား၌ရောနှောနေသည့် နတ်ဆရာမန္တန်စာသားများသည်ကား မြို့တွင်းရှိလျှပ်စစ်ဝါယာကြိုးများနှင့် ရေပိုက်လိုင်းများအား ရစ်ပတ်နှောင်ဖွဲ့သွားကြသည်။ ၎င်းတို့မှာ အသက်ရှိနေသည့်အလား လူအုပ်များနှင့်လေထုအတွင်း နေရာအနှံ့ဖြတ်သန်းထိုးခွင်းပျံ့နှံ့သွားကြရင်း လူမျက်နှာလိပ်ပြာများ၏ရနံ့များကိုသယ်ဆောင်ထားဆဲဖြစ်သော လူများအား ရှာဖွေနေကြလေတော့သည်။ မန္တန်များ၏အရှင်သခင်ဖြစ်သူ ရှန့်လင်ယွမ်းသည်ကား နတ်ဆရာမန္တန်များအားလုံးမှာ အရပ်မျက်နှာနှစ်နေရာသို့စုဝေးသွားနေကြောင်းကို ရှင်းရှင်းလင်းလင်းအာရုံခံစားလိုက်ရသည်__ တစ်နေရာမှာ ‘ချင်းဖျင်ပြည်နယ်’ ၏ဌာနခွဲဖြစ်သောနေရာဖြစ်သည်။ ချင်းဖျင်ပြည်နယ်၏နောင်လာနောက်သားမျိူးဆက်သစ်များသည်ကား နတ်ဆရာဂူသင်္ချိုင်းကိုဖောက်ထွင်းသိမ်းပိုက်ဝံ့သော သူခိုးများကိုဖမ်းမိသွားကြသည့်ပုံပင်။ ဤမျိုးဆက်သစ်များသည်ကား သွေးနှောသူများဖြစ်သွားကြပြီး သူတို့၏ကျင့်ကြံဆင့်စွမ်းပကားများမှာလည်း နိမ့်ကျသွားပြီဖြစ်သော်ငြား လုပ်ပုံကိုင်ပုံအရည်အချင်းမှာတော့ ကျေနပ်စရာကောင်းသည့်အဆင့်တွင်ရှိနေသေးသည်။ ရှန့်လင်ယွမ်းက တစ်ချက်မျှသာဖျတ်ခနဲလှည့်ကြည့်လိုက်ပြီးနောက် မျက်နှာလွှဲလိုက်၏။

ကျန်အရပ်မျက်နှာတစ်ဖက်တွင်ရှိသော အနံ့အသက်များမှာ ပို၍ပင်ရှုပ်ထွေးပွေလီကာ အန္တရာယ်အငွေ့အသက်များဖြင့်ပြည့်နှက်နေ၏။

ရှန့်လင်ယွမ်းသည်ကား လေပြည်လေညင်းလေးသဖွယ် သုံးချွမ်း၏လမ်းမများထက်တွင် တိုးဝှေ့ဖြတ်သန်းသွားနေသည်။ ဦးတည်ရာပန်းတိုင်သို့ရောက်သောအခါ သူခေါင်းမော့ကြည့်လိုက်စဉ်ဝယ် ‘သုံးချွမ်းဟင်းသီးဟင်းရွက်နှင့်သားငါးဈေး’ ဟူသောဆိုင်းဘုတ်ကိုတွေ့မြင်လိုက်ရသည်။ သူခေါင်းငုံ့လိုက်သောအခါမှာတော့ လူမြင်ကွင်းလမ်းမပေါ်တွင် ခြေကားယားလက်ကားယားဖြင့် ထွက်ပြေးနေသော ကျောက်ပုစွန်တစ်ကောင်ကို တွေ့မြင်လိုက်ရလေသည်။ သူက ချိတုံချတုံဖြစ်သွားရင်း ခြေလှမ်းများကိုရပ်တန့်လိုက်သည်။

‘သုံးချွမ်းဟင်းသီးဟင်းရွက်နှင့်သားငါးဈေး’ သည်ကား မြေဧက သုံးထောင်ခန့်ကျယ်ဝန်းပြီး မြေအောက်ရထားဘူတာရုံနှစ်ခုစာမျှရှည်လျားသည်။ ထိုဈေးတွင် သန့်ရှင်းလတ်ဆတ်သောပင်လယ်စာများ၊ အသားငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ဥမျိုးစုံများ၊ နို့နှင့်နို့ထွက်ပစ္စည်းပေါင်းစုံကို တစုတဝေးတည်းအမျိုးအစားစုံလင်စွာရရှိနိုင်သည်။ ဈေးရှိ အချို့သောအစားအသောက်များမှာ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်ခဲ့သောကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်သည့်နေရာတစ်ခုပင်ဖြစ်ခဲ့လေသည်။ ရှန့်လင်ယွမ်းရောက်ရှိသွားချိန်၌ နံနက်ခင်းအစောပိုင်းသာရှိသေးသည်။ ကြီးကြီးသေးသေး စားသောက်ဆိုင်အသီးသီးမှအဝယ်တော်များနှင့် လတ်လတ်ဆတ်ဆတ်အစားအစာများကိုဝယ်ယူလိုသော အနီးအနားရှိဒေသခံများအားလုံးသည်ကား ဤနံနက်ခင်းဈေးသို့လာရောက်ကာ ဈေးဝယ်ထွက်နေကြသည်။ ဈေးတံခါးပေါက်တွင်မူ  နံနက်စာရောင်းချသည့်ဈေးဆိုင်ခန်းလေးများမှာ ရေနွေးငွေ့သုံးသင်္ဘောများအလား အတန်းလိုက်တည်ရှိနေကြပြီး သူတို့၏ဈေးလှည်းလေးများထံမှ အဖြူရောင်ရေနွေးငွေ့များ တလူလူထွက်ပေါ်လာနေလျက်ရှိသည်။ သူတို့ဘေးနားတွင်တော့ တဝါးဝါးသန်းဝေနေကြသော ဉာဏလုပ်သားများသည်ကား နံနက်စာစားရန်တန်းစီစောင့်ဆိုင်းနေလျက်ရှိကြသည်__ ရှေးဟောင်းလူသားဖြစ်သော ပိရှသည်ကား သက်ဝင်လှုပ်ရှားစည်ကားသိုက်မြိုက်လျက်ရှိသော ခေတ်သစ်လူ့ဘုံခန်းဝါကမ္ဘာလောကကြီးအား နောက်တစ်ကြိမ်မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပြန်သည်။

ရှန့်လင်ယွမ်းသည်ကား ကိုယ်ပျောက်မန္တန်အစီအရင်တစ်ခုကိုအသုံးပြုလိုက်ကာ ခေတ္တခဏကိုယ်ယောင်ဖျောက်ထားလိုက်ပြီး သူ့ကိုလာဝင်တိုက်တော့မလိုဖြစ်နေသည့် လမ်းသွားလမ်းလာ လေး ငါးယောက်ခန့်ကို သတိထားပြီးရှောင်တိမ်းလိုက်သည်။ နောက်ဆုံးမှာတော့ ၎င်းမှာ မနေနိုင်မထိုင်နိုင်ဖြစ်စွာ မျက်မှောင်ကြုတ်လိုက်မိလေသည်။ ဈေးအတွင်း၌ အနံ့ပေါင်းစုံရောနှောရှုပ်ထွေးနေလျက်ရှိသည်။ လူစိမ်းများ၏အနံ့များ၊ သားစိမ်းငါးစိမ်းအနံ့များ၊ ညှီစို့စို့ပင်လယ်စာရနံ့များ၊ သေသေချာချာမရှင်းလင်းရသေးသော အမှိုက်သရိုက်များထံမှပျံ့လွင့်လာသောအနံ့ဆိုးများ စသဖြင့် အနံ့ပေါင်းစုံရောယှက်နေလျက်ရှိ၏။ မန္တန်အစီအရင်ရနံ့တို့မှာ ထိုကဲ့သို့အလွှာပေါင်းများစွာရှိနေသောအနံ့အသက်မျိုးစုံအောက်ဝယ် ဖုံးလွှမ်းခံရလုမတတ်ဖြစ်နေရှာတော့သည်။ မကောင်းသောအကြံအစည်ရှိသူက ဤနေရာမျိုး၌တွေ့ဆုံရန်ရွေးချယ်ထားတာကလည်း မထူးဆန်းတော့ပေ။

သူက ခေါင်းမော့ကာ အရှေ့အရပ်သို့မှန်းမျှော်ကြည့်ရှုလိုက်သည်။ ဤနေရာရှိအနံ့အသက်ဆိုးများကိုရှင်းလင်းဖယ်ရှားပစ်ရန်အတွက် မိုးသက်မုန်တိုင်းတစ်ခုကိုဆွဲခေါ်လိုက်လျှင်ကောင်းမလားဟူ၍ အထပ်ထပ်အခါခါစဉ်းစားတွေးတောနေမိသည်။ ရုတ်ချည်းပင် သူ့မျက်လုံးထောင့်စွန်းမှတဆင့် ‘အငှားယာဉ်’ တစ်စီးပေါ်မှဆင်းလာသော လူတစ်ယောက်ကိုတွေ့လိုက်ရ၏။

ထိုလူသည်ကား အရပ်အမောင်းထောင်ထောင်မောင်းမောင်းရှိပြီး အတန်ငယ်ရှည်နေပြီဖြစ်သောဆံပင်များကို ဦးခေါင်းအနောက်ဘက်၌လွယ်လင့်တကူစုစည်းချည်နှောင်ထား၏။ သူ့မျက်နှာသွင်ပြင်မှာ ဓားဖြင့်လှီးဖြတ်ပုံသွင်းထားသကဲ့သို့ စူးရှပြတ်သားလှပြီး အတန်ငယ်ချိုင့်ဝင်နေသောမျက်လုံးအိမ်များအတွင်းတွင်မူ တောက်ပလင်းလက်နေသည့်မျက်ဝန်းတစ်စုံရှိနေသည်။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများကိုလည်း ပြောင်ရှင်းအောင်ရိတ်သင်ထားခြင်းမရှိ၊ ကြည့်ရသည်မှာ ခရီးပန်းလာသော စုတ်တီးစုတ်ပဲ့ခရီးသွားတစ်ယောက်ပုံစံမျိုးပေါက်နေသည်။ သူ့လည်ပင်းထက်တွင် လက်သည်းခွံတစ်ခုစာခန့်ပင် အရွယ်အစားမရှိသော သတ္တုအပိုင်းအစတစ်ခုကိုချိတ်ဆွဲထား၏။

ထိုသူ့ထံတွင် တွေ့မြင်ရခဲသော ကျင့်ကြံမှုအငွေ့အသက်များကိုသယ်ဆောင်ထားသောကြောင့်သာလျှင် ရှန့်လင်ယွမ်းမှာ သူ့ကိုသတိထားမိသွားခြင်းဖြစ်သည်။

ဤကမ္ဘာလောကကြီးအတွင်း၌ သူ့တွေ့ဆုံခဲ့ရသောမျိုးဆက်သစ်များအနက် ရှန့်လင်ယွမ်းသည်ကား ‘အရှိန်အဝါ’ ဟူသောအရာကို လူနှစ်ယောက်၏ကိုယ်ပေါ်တွင်သာတွေ့ခဲ့ရဖူးသည်။ ကျန်သောလူများမှာမူ ‘သွေးနှောနေသော သာမန်လူသားများ’ အဆင့်လောက်သာရှိကြသူများဖြစ်သည်။ ပထမတစ်ယောက်မှာ သူ့ကိုယ်သူ ‘ရွှမ်းကျီး’ ဟုခေါ်သော ကောင်စုတ်လေး၏ကိုယ်ပေါ်တွင်တွေ့ခဲ့ရခြင်းဖြစ်ပြီး ဒုတိယတစ်ယောက်မှာတော့ ဤလူပင်ဖြစ်သည်။

ရွှမ်းကျီးသည်ကား စစ်တာထက်ပင်ပို၍စစ်မှန်သော စင်စစ်မိစ္ဆာလေးတစ်ကောင်ပင်ဖြစ်သည်။ သည်လူကတော့…..ပင်ကိုယ်အားဖြင့် လူသားတစ်ယောက်ဖြစ်သည်။

ရှန့်လင်ယွမ်းသည်ကား သူ့ကိုသေသေချာချာအကဲခတ်ကြည့်ရှုနေခိုက်မှာပင် ထိုသူက အလွန်တရာအကင်းပါးစွာဖြင့် သူ့ဦးခေါင်းကိုမော့လာကာ သူ့မျက်ဝန်းများမှာ ရှန့်လင်ယွမ်းရပ်နေသောနေရာဆီသို့ လှည့်ကြည့်လာလေသည်။

15.10.21

Thanks for votes and cmts 🐤🐍

*******

T/N

ကိုယ်ကတော့ ဒီအပိုင်းလေးဖတ်ပြီး အမြဲတမ်းမိုးကြိုးပစ်ခံရတဲ့ ပိရှကို သနားလည်းသနား။ မိုးကောင်းကင်က ဘယ်လိုမှကိုခွင့်မလွှတ်နိုင်လောက်တဲ့အထိ အတိတ်ဘဝမှာ သူဘာတွေများကျူးလွန်ခဲ့လို့ပါလိမ့် 🤔

*******************

Zawgyi

႐ႊမ္းက်ီးသည္ကား ေနာက္ဆုံးမွာေတာ့ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္ေနသည့္ဒါရိုက္တာေရွာင္းထံမွ ျဖစ္ေၾကာင္းကုန္စင္ကို ခက္ခက္ခဲခဲနားေထာင္လိုက္ရသည္__၎မွာ မေတြးဘဲမေနနိုင္ျဖစ္လ်က္ သက္ျပင္းတစ္ခ်က္ခ်လိဳက္ေလသည္။

ဒီေလာင္ေရွာင္းက တကယ့္ကို ထိပ္တန္းပညာေရးကေနထြက္လာတဲ့ စံျပပုဂၢိုလ္တစ္ေယာက္ပဲ၊ သူ႕ရဲ႕စိတ္ေနသေဘာထားက ေခြးေတြဝက္ေတြထက္ပိုၿပီး ဆိုးဝါးတယ္ဆိုေပမယ့္လို႔ အေရးေပၚအေျခအေနမ်ိဳးေတြမွာေတာ့ အရာအားလုံးကိုေကာင္းေကာင္းမြန္မြန္ထိန္းခ်ဳပ္ကိုင္တြယ္နိုင္စြမ္းရွိေနတုန္းပဲ

နတ္ဆရာမႏၱန္မ်ားအေၾကာင္းကို သူအကုန္အစင္လုံးေစ့ပတ္ေစ့နားမလည္သည့္တိုင္ ဘာရယ္ေၾကာင့္မွန္းမသိဘဲ ၎မွာ ဝမ္းတြင္းအသိစိတ္သက္သက္ျဖင့္ ရွန႔္လင္ယြမ္း၏ရည္႐ြယ္ခ်က္ကိုနားလည္သေဘာေပါက္သြားသလိုပင္။

“ေလာင္ေရွာင္း…ငါေျပာတာကို အရင္နားေထာင္ဦး၊ အခုခ်ိန္မွာ ဘာကိုမွ တုံ႕ျပန္ေျဖရွင္းတာမ်ိဳးမလုပ္နဲ႕ဦး”

ေရွာင္းက်န္း : “အပိုေတြ…ငါ့ဘာသာငါေတာင္ ဘာေတြျဖစ္လို႔ျဖစ္ေနမွန္းမသိတဲ့ဟာ.…ငါက ဘာကိုသြားေျဖရွင္းရမွာလဲ?”

“တံလွ်ပ္လိပ္ျပာေတြနဲ႕ပတ္သက္တဲ့ကိစၥကိုေျပာရရင္ ရန္သူက အေမွာင္ထဲမွာ ငါတို႔ကအလင္းထဲမွာ၊ ဒီသမိုင္းေၾကာင္းတစ္ခုလုံးကို အဆုံးထိသိတဲ့လူ ဘယ္သူမွမရွိဘူး၊ အဖြဲ႕အစည္းထဲမွာလည္း ဘယ္အတိုင္းအတာထိအျမစ္တြယ္ေနၿပီလဲဆိုတာကိုေရာ၊ ဘယ္သူေတြပါဝင္ပတ္သက္ေနလဲဆိုတာကိုေရာ မသိၾကဘူး ဟုတ္တယ္ဟုတ္?”

႐ႊမ္းက်ီးမွာ သူရွင္းျပေနပါေသာ္လည္း အသုံးမဝင္မွာကိုသိေနသည့္အတြက္ ရွန႔္လင္ယြမ္းလုပ္ခဲ့သမွ်အျပစ္မ်ားကို တိတ္တဆိတ္သာေခါင္းခံလိုက္ၿပီး ကိစၥမ်ားကို ရႈပ္ေထြးဆန္းၾကယ္ခ်င္ေယာင္ေဆာင္ကာ ေရလိုက္ငါးလိုက္ျပန္ေျပာလိုက္သည္။

“ကိစၥေတြက ဒီလိုျဖစ္လာတာနဲ႕ မင္း ငါ့ကိုဆဲေတာ့မယ္ဆိုတာ ငါသိပါတယ္၊ ဒါေပမဲ့ နတ္ဆရာမႏၱန္ေတြကို အစိုးရက ဘာျဖစ္လို႔တရားဝင္အသိအမွတ္မျပဳထားတာလဲဆိုတဲ့အေၾကာင္းကို မင္း စဥ္းစားခဲ့ဖူးလား? လူတိုင္းကေရာ အဲဒါေတြကိုအသိအမွတ္ျပဳလက္ခံတာေတာင္ရွိလို႔လား? သူတို႔က အဲဒီဟာကို ၾကားေတာင္မၾကားဖူးၾကတဲ့ဥစၥာ၊ ဒါျဖင့္ ငါတို႔ ဘယ္လိုလုပ္ၿပီး အဲဒါကို သက္ေသအေထာက္အထားအျဖစ္အသုံးျပဳလို႔ရမွာလဲ?”

၎သည္ကား စကားမ်ားကို ေဝ့လည္ေၾကာင္ပတ္ေျပာဆိုေနျခင္းသာျဖစ္ေၾကာင္း ေရွာင္းက်န္းတစ္ေယာက္သေဘာေပါက္သြားသည့္သကာလမွာေတာ့ သူ႕လွ်ာဖ်ားထိပ္ေလးထံမွ အေမႊးရနံ႕မ်ား ေဝ့ဝဲပ်ံ့လြင့္ထြက္ေပၚလာေတာ့သည္။

“ဒီေဖ___”

“အျပဳအမူကိုဆင္ျခင္ပါဦး ေခါင္းေဆာင္ရယ္”

႐ႊမ္းက်ီးက ကမန္းကတန္းပင္ သူ႕အား ေလခ်ိဳေသြးလိုက္သည္။

“မင္းက အခုကတည္းက ထိပ္ေျပာင္ေနၿပီေနာ္၊ ေနာက္ထပ္ ေဒါသူပုန္ထၿပီး ခုန္ဆြခုန္ဆြလုပ္ေနရင္ တျခားလူေတြက မင္းကို ေသြးဆုံးကိုင္ေနတယ္လို႔ထင္သြားၾကဦးမယ္”

ေရွာင္းက်န္းကေတာ့ မိမိမွာ ေသြးဆုံးကိုင္ေနစရာမလို၊ မၾကာမီအခ်ိန္အတြင္းမွာပင္ ေဒါသထြက္ရလြန္းသျဖင့္ ငယ္ငယ္႐ြယ္႐ြယ္ျဖင့္ အနိစၥသေဘာႏွင့္ကိစၥေခ်ာေတာ့မလိုခံစားလိုက္ရေလသည္။

“မင္းစဥ္းစားၾကည့္ေလ၊ တကယ္လို႔ အဲဒီမႏၱန္အစီအရင္က လူေတြေပၚမွာအမွတ္အသားေတြကိုပဲခ်န္ထားနိုင္တာဆိုရင္ မင္း ေနာက္တစ္ဆင့္ဘာဆက္လုပ္မွာလဲ? နဖူးေပၚမွာအမွတ္အသားရွိတဲ့လူတိုင္းကိုသြားဖမ္းမလို႔လား? တကယ္လို႔ သူတို႔က ဝန္မခံရင္ေရာ ဘာဆက္လုပ္မွာလဲ? ဒါက ခ်ဳံပုတ္ကိုရိုက္ၿပီး ေႁမြကိုေျခာက္လိုက္သလိုပဲျဖစ္သြားနိုင္တယ္၊ တစ္ဖက္လူေတြက သူတို႔ရဲ႕သက္ေသအေထာက္အထားေတြကိုဖ်က္ဆီးပစ္ေအာင္လုပ္မိလိုက္သလိုပဲျဖစ္သြားမွာ၊ အဲဒါတင္မကဘူး ေခ်ာင္ပိတ္ရိုက္ခံရတဲ့ေခြးက ျပန္ကိုက္တတ္တယ္ေနာ္၊ မေတာ္လို႔ သူတို႔ေတြက ငါတို႔ထင္ထားတာထက္ လူအေရအတြက္ပိုမ်ားေနၿပီး ငါတို႔ကိုျပန္ၿပီးဆန႔္က်င္တိုက္ခိုက္လာရင္ေရာ? အဲဒီအခါက်ရင္ မင္းဘယ္လိုလုပ္မွာလဲ?”

ေရွာင္းက်န္းတစ္ေယာက္ အသံတိတ္သြား၏။ ေခတၱခဏၾကာေသာအခါ ၎မွာ အနည္းငယ္စိတ္တည္ၿငိမ္သြားေလသည္။

“ဒါဆို မင္းဆိုလိုတဲ့သေဘာက?”

“ခဏၾကာရင္ ေနာက္ထပ္အီးေမးလ္တစ္ေစာင္ထပ္ပို႔လိုက္”

႐ႊမ္းက်ီးက မ်က္လုံးမ်ားကိုအေပၚသို႔လွန္လိုက္ၿပီး သူ႕အား ေနာက္ထပ္ မဟုတ္တ႐ုတ္အႀကံေကာင္းတစ္ခုကိုေပးလိုက္ျပန္သည္။

“မင္းရဲ႕လူနာခန္းကို ဘာမွန္းမသိတဲ့လူတစ္ေယာက္ဝင္လာၿပီး မင္းရဲ႕ဖုန္းကိုခိုးသြားတယ္လို႔ေျပာလိုက္၊ မင္းပို႔လိုက္တဲ့အီးေမးလ္ထဲမွာ မိစ္ဆာအစီအရင္ေတြပါေနတဲ့အတြက္ အဖြဲ႕အစည္းက အဲဒီကိစၥကိုအေရးေပၚစုံစမ္းစစ္ေဆးမွာမို႔လို႔ အားလုံးသတိဝီရိယနဲ႕ေနၾကဖို႔ေျပာလိုက္၊ ၿပီးေတာ့ ‘ကူးစက္မႈထိန္းခ်ဳပ္ေရး’ ဆိုတဲ့ေခါင္းစဥ္ေအာက္ကေန မႏၱန္အစီအရင္ေတြနဲ႕ထိေတြ႕မိၿပီး သတိလစ္သြားၾကတဲ့လူေတြကို ငါတို႔သီးျခားစီခြဲၿပီးေစာင့္ၾကည့္ရမယ္၊ တစ္နည္းေျပာရရင္ သူတို႔ကို တစ္ေယာက္ခ်င္းစီ အက်ဥ္းခ်ထားတဲ့သေဘာမ်ိဳးပဲ၊ မင္း ငါေျပာခ်င္တာကိုနားလည္တယ္မလား? သူက မင္းရဲ႕အခန္းထဲကိုတိတ္တဆိတ္ေဖာက္ထြင္းဝင္လာတာဆိုေပမယ့္ လုံၿခဳံေရးကင္မရာေတြက သူ႕ကိုမရိုက္ထားနိုင္ဘူးဆိုရင္ေတာင္မွ ေျခရာလက္ရာတခ်ိဳ႕ေတာ့က်န္ခဲ့မွာပဲေလ”

ေရွာင္းက်န္းမွာ အူတီးအူေၾကာင္ျဖစ္သြားရင္း စြမ္းအင္တိုင္းကိရိယာမ်ားႏွင့္ သူ၏မီးကြၽမ္းသြားရွာေသာလပ္ေတာ့ပ္ကို ျပန္လွည့္ၾကည့္လိုက္မိေလသည္။

“မင္းေျပာတဲ့သေဘာက ငါတို႔က အျပင္ပန္းမွာေတာ့ ‘မိစ္ဆာအစီအရင္’ လို႔ေခၚတဲ့ဟာေတြကို စုံစမ္းစစ္ေဆးဟန္ေဆာင္ရင္း အတြင္းမွာေတာ့ သူတို႔တစ္ဦးတစ္ေယာက္ခ်င္းစီကို စစ္ေဆးေမးျမန္းၾကမယ္ေပါ့?”

႐ႊမ္းက်ီး : “ပါရမီရွင္ကေလးေလးပဲ၊ ငါ မင္းကို (၁၀၁) မွတ္ေပးလိုက္မယ္၊ *က်န္တဲ့အပိုတစ္မွတ္က မင္းမာန္တက္ေနမွာကို မေၾကာက္ဘဲေပးလိုက္တာေနာ္”

(T/N

*တ႐ုတ္အင္တာနက္အသုံးအႏႈန္းတစ္ခုျဖစ္သည္။ “ငါ မင္းကို (၉၉) မွတ္ေပးလိုက္မယ္၊ က်န္တဲ့တစ္မွတ္ကိုေတာ့ မင္းမာန္တက္ေနမွာစိုးလို႔ခ်န္ထားလိုက္မယ္” ဆိုၿပီးေျပာၾကတဲ့စကားပါ။)

ေရွာင္းက်န္း : “ေသာက္ပိုေတြ!”

ဝမ္ဇယ္က ကိတ္မုန႔္တစ္တုံးကိုယူလိုက္ၿပီး ကိတ္မုန႔္အေပၚမွခရင္မ္မ်ားကို ခက္ရင္းတစ္ေခ်ာင္းျဖင့္ျခစ္ခ်လိဳက္သည္။ သူက ထိုစကားကိုၾကားေသာအခါ တုံ႕ဆိုင္းသြားလ်က္ ႐ႊမ္းက်ီးကို တခဏမွ်အကဲခတ္လိုက္ေလသည္။ ထို႔ေနာက္မွာေတာ့ သူ႕ေမးရိုးမ်ားကိုက်ယ္နိုင္သေလာက္က်ယ္ေအာင္ဟ,လိုက္ၿပီး အေတြးေရယာဥ္ေၾကာတြင္နစ္ေျမာေနေသာ ပူေဖာင္းငါးတစ္ေကာင္ကဲ့သို႔ ကိတ္မုန႔္တုံးႀကီးတစ္ခုလုံးကို သူ႕ပါးစပ္ထဲသို႔မရမကသြတ္သြင္းလိုက္ေလေတာ့သည္။

“မင္းက ဒီကိစၥကိုေရဆုံးေျမဆုံးထိေဖာ္မယ္လို႔ဆုံးျဖတ္ထားရင္ေတာ့လည္း ေဖာ္ၾကတာေပါ့ကြာ”

႐ႊမ္းက်ီးက ျဖည္းညင္းေလးကန္စြာေျပာလာသည္။

“ငါ အႀကံေပးမယ္၊ ငါတို႔ လမ္းႏွစ္လမ္းခြဲလိုက္ရေအာင္၊ မင္းက ဌာနခ်ဳပ္ကိုတိတ္တိတ္ေလးျပန္သြား၊ ငါတို႔က ဒီဘက္သုံးခြၽမ္းမွာဆက္ေနခဲ့ၿပီး က်န္တဲ့ကိစၥေတြကိုစုံစမ္းစစ္ေဆးလိုက္ဦးမယ္၊ ေျပာရရင္ အခုခ်ိန္ထိ ဒုတိယေျမာက္ပူေဆြးယဇ္ပူေဇာ္ပြဲနဲ႕ပတ္သက္ၿပီး သံသယျဖစ္စရာအခ်က္ေတြအမ်ားႀကီးရွိေနတုန္းပဲ။ ဘာပဲျဖစ္ျဖစ္ ပိခြၽင္းရွန္းတုန္းကဆိုရင္ ပထမလူသား-မိစ္ဆာကိုဆင့္ေခၚဖို႔အတြက္ အသက္တစ္ေထာင္ကိုယဇ္ပူေဇာ္ခဲ့ရတာမဟုတ္လား၊ အဲဒါနဲ႕ယွဥ္ရင္ ဒုတိယပူေဆြးယဇ္ပူေဇာ္ပြဲက အေတာ့္ကိုအကုန္အက်သက္သာေနတယ္လို႔ေျပာလို႔ရတယ္ေလ”

ေရွာင္းက်န္းမွာ တဒဂၤမွ်တုံ႕ဆိုင္းသြားၿပီးေနာက္ ၿပီးစလြယ္ျပန္ေျပာလိုက္သည္။

“ငါတို႔ ေလနတ္ဘုရားတပ္ဖြဲ႕ကိုယုံၾကည္လို႔ရတယ္ေလ”

ေရွာင္းက်န္းသည္ကား ဝမ္ဇယ္အား ဖုန္းလႊဲေပးခိုင္းလိုက္စဥ္အခါကပင္ ၎မွာ ေလနတ္ဘုရားအဖြဲ႕ကိုယုံၾကည္ၿပီး သူတို႔အဖြဲ႕ႏွင့္ေရွာင္ဖယ္ေရွာင္ဖယ္မလုပ္လိုသည့္သေဘာထားကို ျပသခဲ့ၿပီးျဖစ္သည္။ ႐ႊမ္းက်ီးက မ်က္လုံးပင့္လိုက္ၿပီး ဝမ္ဇယ္ကိုတစ္ခ်က္ၿပဳံးျပလိုက္ရင္း သစ္ေတာဥယ်ာဥ္အတြင္း၌ ဝင္လာေသာထူးဆန္းသည့္ဖုန္းတစ္ေကာလ္ကိုအမွတ္ရသြားၿပီး စိတ္ထဲတြင္ေတြးလိုက္သည္။

ေလနတ္ဘုရားအဖြဲ႕ကလည္း အဲဒီေလာက္မယုံရပါဘူး

သို႔ေသာ္ သူက အတိုက္အခံလုပ္မေနေတာ့ဘဲ ရိုးရိုးရွင္းရွင္းပင္သေဘာတူလိုက္သည္။

“အင္း….နားလည္ၿပီ”

ေရွာင္းက်န္းက သူ႕အား လုပ္စရာရွိသည္မ်ားကိုအနည္းငယ္ဆက္လက္မွာၾကားၿပီးေနာက္ ေနာက္ဆုံးစကားတစ္ခြန္းကိုေျပာအၿပီးတြင္ ဖုန္းခ်လိဳက္သည္။

“ဓားဝိညာဥ္နဲ႕ပတ္သက္တဲ့ကိစၥကေတာ့ ငါေနာက္မွပဲ မင္းနဲ႕စာရင္းရွင္းရဦးမယ္”

ထို႔ေနာက္တြင္ေတာ့ ကမန္းကတန္းဖုန္းခ်သြား၏။

႐ႊမ္းက်ီးမွာ ဖုန္းလိုင္းတစ္ဖက္မွ တတူတူျမည္သံမ်ားကိုသာၾကားလိုက္ရရွာၿပီး ရယ္ရခက္ငိုရခက္စြာျဖင့္ စိတ္ထဲ၌ေတြးလိုက္ေလသည္။

ငါကိုယ္တိုင္ေတာင္ အဲဒီဓားဝိညာဥ္ကိစၥကိုဘယ္လိုလုပ္ရမလဲ မသိေသးတဲ့ဥစၥာ

သူ၏အေတြးစိတ္ကူးမ်ားသည္ကား ခရီးတစ္ပတ္လွည့္လည္ပ်ံသန္းသြားေနရင္း ရွန႔္လင္ယြမ္း၏ကိုယ္ေပၚသို႔ေရာက္ရွိသြား၏။

သူက ညႀကီးသန္းေခါင္ ေလာင္ေရွာင္းရဲ႕လူနာခန္းထဲကို ဘာသြားလုပ္တာလဲ? သူ႕ကို မိုးႀကိဳးအပစ္ခံရေအာင္လုပ္လိုက္မိလို႔ သူ႕အမွားကိုျပန္လည္ဖာေထးတဲ့အေနနဲ႕ သူ႕ဆီကိုတကူးတကအလည္အပတ္သြားၿပီး ဒဏ္ရာေတြသြားကုသေပးတာလား?

မျဖစ္နိုင္ဘူး၊ ဒီမိစ္ဆာအိုႀကီးမွာ ဒီလိုမ်ိဳးသနားၾကင္နာတတ္တဲ့စိတ္ထားမ်ိဳးရွိလို႔ကေတာ့ အေစာႀကီးကတည္းက သူ႕အလုပ္အကိုင္ကိုေျပာင္းလိုက္ၿပီး သတၱဝါအားလုံးကိုဆင္းရဲဒုကၡတြင္းက ကယ္တင္ေပးတဲ့ ျမတ္စြာဘုရားသခင္ပဲလုပ္ေနေတာ့မွာေပါ့

႐ႊမ္းက်ီးမွာ ေနာက္ပိုင္းတြင္မွ ထိုအေၾကာင္းကိုေသေသခ်ာခ်ာျပန္လည္စဥ္းစားၾကည့္လိုက္ေသာအခါတြင္မူ ႐ုတ္တရက္ ရင္ထိတ္သြားရွာ၏။ သူ ေရွာင္းက်န္းကိုေပးခဲ့ေသာ နတ္ဆရာမႏၱန္သည္ကား ‘မႏၱန္အေက်ာ္အေမာ္ဆရာႀကီး’ တစ္ပါးျဖစ္ေသာ ရွန႔္လင္ယြမ္းကိုယ္တိုင္ေရးသားထားခဲ့ေသာမႏၱန္ျဖစ္သည္။ ထိုစဥ္က မည္သည့္အႏၱရာယ္အေငြ႕အသက္မ်ိဳးကိုမွ မရခဲ့သည့္အတြက္ ေရွာင္းက်န္းကို သူ ခ်က္ခ်င္းေပးပစ္ခဲ့ျခင္းျဖစ္သည္။ ယခုမူျပန္စဥ္းစားၾကည့္မည္ဆိုပါက သူ ဤကိစၥကို အေတာ္ေလးအလ်င္စလိုျပဳလုပ္မိခဲ့တာျဖစ္သည္။ ပိရွသည္ကား သူ႕မႏၱန္ေနာက္သို႔လိုက္ကာ ညဘက္ႀကီး ေရွာင္းက်န္းထံသို႔သြားေရာက္ေတြ႕ဆုံလိမ့္မည္ဟု သူထင္မထားမိခဲ့ပါေခ်။

အကယ္၍ ယမန႔္ေန႕ည၌ ေရွာင္းက်န္းသည္ကား ေျဖာင့္မတ္မွန္ကန္မႈမရွိဘဲ နတ္ဆရာမႏၱန္ကို တိတ္တဆိတ္ဖ်က္ဆီးပစ္လိုက္မည္ဆိုပါက မည္ကဲ့သို႔ျဖစ္သြားပါမည္နည္း?

သူလက္ခံရရွိခဲ့ေသာ ‘ဝိညာဥ္ေၾကာမ်ားကိုသန႔္စင္ေပးသည့္’ အဆိုပါ ‘လက္ေဆာင္’ မွာ ႏူးညံ့ႏြေးေထြးၿပီး ခင္မင္ရင္းႏွီးစြာျဖင့္ ေပးကမ္းေသာလက္ေဆာင္တစ္ခုျဖစ္လာပါဦးမည္လား?

“ေလနတ္ဘုရားအဖြဲ႕(၁) နဲ႕အဖြဲ႕(၂) အဖြဲ႕သားေတြအားလုံး အခုခ်ိန္မွာ အဆင္သင့္ေနရာယူၿပီးပါၿပီ၊ သူတို႔ အခုေလးတင္ သုံးခြၽမ္းဌာနခြဲကို လႊဲေျပာင္းထိန္းခ်ဳပ္လိုက္ၾကၿပီ၊ ဒါရိုက္တာေရွာင္းက ခင္ဗ်ားရဲ႕အမိန႔္ကိုနားေထာင္ခိုင္းလိုက္တယ္၊ ခင္ဗ်ား ဘယ္လိုစုံစမ္းစစ္ေဆးခ်င္လဲ? ခင္ဗ်ားစုံစမ္းခ်င္တဲ့အတိုင္း ကြၽန္ေတာ္တို႔…..”

ဝမ္ဇယ္က သူ႕အသံကိုႏွိမ့္လိုက္၏။ ထိုေနရာအေရာက္၌ ႐ႊမ္းက်ီး၏မ်က္ႏွာအမူအရာမွာ ႐ုတ္တရက္ေလးနက္တည္ၾကည္သြားသည္ကိုေတြ႕လိုက္ရေသာအခါဝယ္ ၎မွာ မေနနိုင္မထိုင္နိုင္ျဖစ္စြာျဖင့္ မ်က္ေမွာင္ၾကဳတ္ကာေမးလိုက္သည္။

“ဒါရိုက္တာ႐ႊမ္း ….ဘာျဖစ္လို႔လဲ?”

႐ႊမ္းက်ီးက စကားလုံးမ်ားကိုဂ႐ုတစိုက္ေ႐ြးခ်ယ္ကာ ေျပာလာသည္။

“အႏၱရာယ္မ်ားတဲ့လူတစ္ေယာက္ရွိတယ္…အရမ္းကိုအႏၱရာယ္မ်ားတဲ့လူတစ္ေယာက္ေပါ့…သတိမထားမိလိုက္တာနဲ႕ ကိုယ့္အသက္ကိုႏုတ္ယူသြားနိုင္ေလာက္တဲ့အထိကို အႏၱရာယ္မ်ားတာ”

ဝမ္ဇယ္ : “ဟင္…ဘယ္သူလဲ?”

“ဘယ္သူလဲဆိုတာက အေရးမႀကီးဘူး”

႐ႊမ္းက်ီးက သူ႕လက္ကိုေဝွ႕ယမ္းကာ ေျပာလိုက္၏။

“အခုျပႆနာက အဲဒီလိုလူတစ္ေယာက္ရွိတယ္ပဲထားပါေတာ့၊ ခင္ဗ်ားက အၿမဲတမ္း မသိလိုက္မသိဘာသာနဲ႕ အေရာင္စစ္မွန္တစ္ဖက္ျခမ္းကေနၿပီး သူ႕ကိုၾကည့္ေနမိလိမ့္မယ္၊ သူ႕ရဲ႕အႏၱရာယ္အဆင့္အတန္းကို တစ္ခ်ိန္လုံးလ်စ္လ်ဴရႈထားမိတဲ့အျပင္ သူ႕ကိုသတိထားၿပီးေနရမယ္ဆိုတာကိုေတာင္ ေမ့သြားတဲ့အထိျဖစ္သြားလိမ့္မယ္__ေခါင္းေဆာင္ဝမ္…ဒီလိုစိတ္စြမ္းအင္တိုက္ခိုက္မႈမ်ိဳးကို ခင္ဗ်ားၾကားဖူးလား?”

ဝမ္ဇယ္က တုံ႕ခနဲျဖစ္သြားသည္။

“အင္း…ကြၽန္ေတာ္ ၾကားဖူးတယ္”

႐ႊမ္းက်ီးက ၿပီးစလြယ္ေျပာလိုက္တာျဖစ္ၿပီး အေျဖကိုၾကားရလိမ့္မည္ဟု မေမွ်ာ္လင့္ထားပါေခ်။ ေလနတ္ဘုရားအဖြဲ႕၏ေခါင္းေဆာင္သည္ကား ဤမွ်ေလာက္ အေတြ႕အႀကဳံဗဟုသုတမ်ားသူတစ္ဦးျဖစ္ေနလိမ့္မည္မွန္း သူထင္မထားမိခဲ့ေပ။ ထိုခဏ၌ ၎မွာ ခ်က္ခ်င္းဆိုသလိုပင္ မတ္မတ္ထိုင္လိုက္ၿပီး အာ႐ုံစူးစိုက္မႈအျပည့္ျဖင့္ ဝမ္ဇယ္ထံမွထြက္လာမည့္ စကားလုံးမ်ားကို တေလးတစားနားေထာင္ေနလိုက္ေလသည္။

ဝမ္ဇယ္က သူ႕ေပါင္ကိုတစ္ခ်က္ရိုက္ကာ ေျပာလိုက္သည္။

“အခ်စ္ေလကြာ”

႐ႊမ္းက်ီး : “……သြားရေအာင္၊ အလုပ္လုပ္ဖို႔အခ်ိန္တန္ၿပီ”

အခ်ိန္တစ္နာရီခန႔္ၾကာၿပီးေနာက္ သူ၏ခႏၶာကိုယ္ႏွင့္စိတ္အာ႐ုံကိုျပဳျပင္ ျပင္ဆင္လို႔အၿပီးမွာေတာ့ ႐ႊမ္းက်ီးသည္ကား ဝမ္ဇယ္ႏွင့္အတူ DCO ၏ သုံးခြၽမ္းဌာနခြဲသို႔ေရာက္ရွိသြားၿပီျဖစ္သည္။ ကူယြဲ႕ရွီး၊ က်န္းေက်ာင္းႏွင့္ ျပန္လည္ျပဳျပင္ေရးဌာနမွဝန္ထမ္းမ်ားသည္ကား သူတို႔ကိုေစာင့္ဆိုင္းေနၾကသည္။ ေလနတ္ဘုရားအဖြဲ႕၏ထိပ္တန္းအဖြဲ႕ဝင္မ်ားမွာမူ ယြဲ႕သယ္ဘိုးဘိုး၏ေနာက္လိုက္ေနာက္ပါမ်ားႏွင့္တပည့္သားေျမးမ်ားကို စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနၾကခ်ိန္ျဖစ္သည္။

“သူတို႔ေတြက ယြဲ႕သယ္ဘိုးဘိုးရဲ႕ *တံခါးပိတ္တပည့္ေတြပဲ”

ကူယြဲ႕ရွီးက စုံစမ္းစစ္ေဆးေရးအခန္း၏အျပင္ဘက္ဆီသို႔ ႐ႊမ္းက်ီးအား လမ္းျပေခၚေဆာင္လာရင္းေျပာလိုက္သည္။

(T/N

*တံခါးပိတ္တပည့္ေတြဆိုတာက သူတို႔ရဲ႕ဆရာသမားေတြဆီကေန တိုက္ရိုက္သင္ၾကားေပးတာကိုခံရတဲ့ ေနာက္ဆုံးတပည့္ေတြျဖစ္ၿပီး ‘ဆရာ့အခ်စ္ေတာ္တပည့္’ ေတြကို ဆိုလိုတာပါ။)

တစ္ဖက္ပိတ္မွန္ခ်ပ္မ်ား၏အျခားတစ္ဖက္၌ ဦးေခါင္းထိပ္၌အကြက္လိုက္ထိပ္ေျပာင္ေနေသာ သက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသားတစ္ဦးထိုင္ေနသည္။ ၎မွာ တစ္ကိုယ္လုံးကို ေက်ာက္မ်က္ရတနာမ်ားအျပည့္စီျခယ္ထားလ်က္ ေတာက္ေတာက္ေျပာင္ေျပာင္သားသားနားနားဝတ္စားဆင္ယင္ထား၏။ သူ႕ခါးပတ္ေပၚရွိနာမည္တံဆိပ္ကို မီတာ (၅၀) အကြာမွပင္ေတြ႕ျမင္နိုင္ေပသည္။ ကေလးငယ္တစ္ေယာက္၏လက္သီးဆုပ္အ႐ြယ္ပမာဏခန႔္ရွိေသာ ေက်ာက္စိမ္းဘယက္ဆြဲျပားတစ္ခုကိုလည္း သူ႕လည္ပင္းထက္ဝယ္ခ်ိတ္ဆြဲထားေလသည္__ဤကဲ့သို႔လူမ်ားအားဖိအားေပးၿခိမ္းေျခာက္ေနေသာအေငြ႕အသက္မ်ားကိုထုတ္လႊတ္ေနသည့္ သူ၏ခ်မ္းသာႂကြယ္ဝမႈမ်ားေၾကာင့္ လည္ပင္းက်ီးေပါင္းတက္မွာကိုလည္း ေၾကာက္႐ြံ႕ျခင္းမရွိသည့္ႏွယ္။

“နတ္ဆရာဂူသခၤ်ိဳင္းထဲကို ဒါရိုက္တာ႐ႊမ္း ေခၚသြားခဲ့တဲ့ မုတ္ဆိတ္နဲ႕လူရဲ႕ ႏႈတ္ကထြက္ဆိုခ်က္ေတြအရဆိုရင္ သံသယတရားခံတျဖစ္လဲ….သားေကာင္ျဖစ္သြားတဲ့ က်ိခ်င္းခ်န္ဆိုတဲ့လူဟာ သူတို႔ေတြနဲ႕ပတ္သက္မႈရွိေနတယ္”

က်ိခ်င္းခ်န္သည္ကား ေမွာင္ခိုေဈးကြက္မွတဆင့္ တံလွ်ပ္လိပ္ျပာမ်ားကိုထိေတြ႕ခဲ့ၿပီးသည့္ေနာက္တြင္ အရာအားလုံးမွာထိန္းခ်ဳပ္လို႔မရနိုင္ေတာ့ဘဲ အလိုအေလ်ာက္ဆက္တိုက္ဆိုသလိုျဖစ္ပ်က္သြားခဲ့တာျဖစ္သည္။ ၎မွာ လိပ္ျပာသားေလာင္းေကာင္မ်ားကို သုံးလို႔ကုန္သြားခ်ိန္ဝယ္ ရွိသမွ်အႀကံအကုန္ထုတ္ကာ ထိုပစၥည္းမ်ားအားေနာက္ထပ္ရနိုင္မည့္ နည္းလမ္းအသြယ္သြယ္ကို အစြမ္းကုန္ရွာေဖြႀကိဳးစားခဲ့သည္။ ၎သည္ကား *ပ်ားရည္ေထာင္ေခ်ာက္တစ္ခုကိုသုံးကာ ယြဲ႕သယ္ဘိုးဘိုး၏ အဆိုပါ တံခါးပိတ္တပည့္ကိုယ္ေပၚမွ နတ္ဆရာဂူသခၤ်ိဳင္း၏တည္ေနရာကို သတင္းႏွိုက္ယူခဲ့တာျဖစ္သည္။

(T/N

*ပ်ားရည္ေထာင္ေခ်ာက္ဆိုတာက သူ႕ကို အမ်ိဳးသမီးေတြနဲ႕လိင္ပိုင္းဆိုင္ရာဖ်ားေယာင္းျမဴဆြယ္ၿပီး သူ႕ဆီကေန သတင္းႏွိုက္တာကိုေျပာတာပါ။)

႐ႊမ္းက်ီးက အနားသို႔တိုးကပ္ၾကည့္ကာ ေျပာလိုက္သည္။

“သာမန္လူလား?”

“ဟုတ္တယ္၊ ယြဲ႕သယ္ဘိုးဘိုးရဲ႕တပည့္တပန္းေတြက မ်ားေသာအားျဖင့္ အေတာ္ေလးေမာက္မာရိုင္းစိုင္းၾကတယ္ေလ” က်န္းေက်ာင္းက ေျပာသည္။

“ထူးျခားစြမ္းရည္ပိုင္ရွင္ျဖစ္တဲ့ သူ႕တပည့္ေတြက သူတို႔ကိုယ္သူတို႔ နတ္ဘုရားတပိုင္းလိုမ်ိဳးထင္ေနၾကၿပီး ထူးျခားစြမ္းရည္ပိုင္ရွင္မဟုတ္တဲ့လူေတြနဲ႕ ေပါင္းသင္းဆက္ဆံတာမ်ိဳးမလုပ္ၾကဘူး၊ တကယ္လို႔ ဒီတပည့္ကသာ သာမန္လူသားတစ္ေယာက္မဟုတ္ဘူးဆိုရင္ က်ိခ်င္းခ်န္က သူနဲ႕ဘယ္လိုလုပ္ၿပီး အဆက္အဆံလုပ္လို႔ရမွာလဲ?”

႐ႊမ္းက်ီး : “ယြဲ႕သယ္ဘိုးဘိုးက ဘယ္လိုျဖစ္ၿပီး သူ႕လိုသာမန္လူတစ္ေယာက္ကို သူ႕တပည့္အျဖစ္လက္ခံလိုက္ရတာလဲ? ဘာေၾကာင့္လဲ? သူ႕မွာ ဘယ္လိုေက်ာေထာက္ေနာက္ခံေတြမ်ားရွိေနလို႔လဲ?”

“ေျပာရရင္ေတာ့ အရွည္ႀကီးပဲ” က်န္းေက်ာင္းက ေျပာသည္။

“ေျပာၾကတာကေတာ့ ဒီလူက အရင္တုန္းက ေမွာင္ခိုလုပ္ငန္းနဲ႕ႀကီးပြားခ်မ္းသာလာတဲ့ စြန႔္ဦးတီထြင္လုပ္ငန္းရွင္တစ္ေယာက္တဲ့၊ အဲဒီတုန္းက အဖမ္းလည္းမခံခဲ့ရဘူး၊ ေနာက္ပိုင္းက်ေတာ့ သူ႕အျပစ္ေတြကိုေဆးေၾကာလိုက္ၿပီး ကိုယ္ပိုင္နိုင္ငံျခားကုမၸဏီတစ္ခုကိုတည္ေထာင္ခဲ့တယ္၊ လူငယ္ဘဝတုန္းကေတာ့ ေကာင္းေကာင္းေနထိုင္စားေသာက္ခဲ့တာပဲ။ လူလတ္ပိုင္းအ႐ြယ္ေရာက္လာေတာ့ စီးပြားက်လာၿပီးတဲ့ေနာက္ေတာ့ ဂမၻီရပညာရပ္ေတြအေပၚမွာ ႐ူးသြပ္စြဲလမ္းလာေတာ့တာပဲ။ သူက ပိုက္ဆံလည္းရွိတယ္၊ လမ္းေၾကာင္းလည္းရွိတဲ့သူဆိုေတာ့ မထင္မွတ္ဘဲ တကယ့္အဆက္အသြယ္ေကာင္းေတြရသြားတယ္။ ပိုက္ဆံေတြအမ်ားႀကီးသုံးၿပီး ယြဲ႕သယ္ဘိုးဘိုးနဲ႕အဆက္အသြယ္ရေအာင္လုပ္ခဲ့တယ္။ ယြဲ႕သယ္ဆရာႀကီးကေတာ့ သူကိုယ္တိုင္မွာလည္း လူသားတစ္ေယာက္ရဲ႕အလိုဆႏၵေတြရွိေသးတာပဲေလ၊ သူ႕အတြက္ေတာ့ ကံေကာင္းမႈေတြက ေကာင္းကင္ေပၚကေနျပဳတ္က်လာသလိုပဲေပါ့__ဆိုေတာ့ သူ႕ကို ဝမ္းေျမာက္ဝမ္းသာႀကိဳဆိုလက္ခံၿပီး တံခါးပိတ္တပည့္တစ္ေယာက္အျဖစ္လက္ခံခဲ့တာေပါ့ေလ။ သူက သာမန္အခ်ိန္ေတြမွာ အဲဒီေလာက္အသုံးဝင္တဲ့သူမဟုတ္ပါဘူး၊ ဆရာႀကီးနဲ႕ သူ႕တပည့္ေတြသုံးသမွ်ျဖဳန္းသမွ်ကို ေနာက္ကလိုက္ရွင္းေပးရတဲ့လူမ်ိဴးပါပဲ”

႐ႊမ္းက်ီးက ခ်က္ခ်င္းပင္သေဘာေပါက္သြားသည္။ ဤသည္ကား ‘တံခါးပိတ္တပည့္’ ဟုေရးထားေသာ္လည္း ‘ပိုက္ဆံျဖဳန္းသည့္ငတုံးေကာင္’ ဟုဖတ္ရေသာစကားလုံးျဖစ္၏။

စစ္ေၾကာေရးအခန္းထဲတြင္မူ အႏွီ ‘ပိုက္ဆံျဖဳန္းသည့္ငတုံးေကာင္’ သည္ကား တစ္ခ်ိန္လုံးျငင္းဆန္လို႔ေနသည္။

“ဘာတားျမစ္နယ္ေျမလဲ? ငါျဖင့္ တစ္ခါမွကိုမၾကားဖူးပါဘူး၊ ရဲသားႀကီးေတြရယ္”

“ငါတို႔က ရဲေတြမဟုတ္ဘူး”

“အစိုးရဝန္ထမ္းအရာရွိႀကီးေတြရယ္”

‘ပိုက္ဆံျဖဳန္းသည့္ငတုံးေကာင္’ သည္ကား ခ်က္ခ်င္းပင္ အလြန္တရာၾကည္လင္ျပတ္သားေသာေလသံျဖင့္ သူ႕စကားမ်ားကိုျပန္လည္ေျပာင္းလဲေျပာဆိုလိုက္သည္။ သူက နဖူးေပၚတြင္ျပန္ေနေသာအဆီမ်ားကိုသုတ္ပစ္လိုက္ကာ ေျပာလာသည္။

“ဆရာကေျပာတယ္ ငါ့ရဲ႕က်င့္ႀကံဆင့္ေတြက ဝင္ခြင့္အဆင့္ကိုေတာင္မေက်ာ္နိုင္ေသးဘူးတဲ့၊ ငါက ဘာမႏၱန္အစီအရင္ေရးဆြဲတာေတြ ဘာဆင့္ေခၚပြဲေတြမွလည္း မလုပ္တတ္ဘူး၊ တားျမစ္နယ္ေျမဆိုတာ ရွိတယ္ပဲထားပါေတာ့၊ သူတို႔က ငါ့ကို ဘယ္လိုလုပ္ၿပီးေပးဝင္မွာလဲ၊ အဲဒီလိုဂိုဏ္းရဲ႕လွ်ို႔ဝွက္ခ်က္ေတြကိုသိဖို႔ဆိုတာက က်င့္ႀကံဆင့္အတိုင္းအတာတစ္ခုထိေရာက္ေနတဲ့လူေတြမွပဲရမွာမဟုတ္ဘူးလား?”

က်န္းေက်ာင္းက သူ႕ေမးေစ့ကိုပြတ္သပ္ကာ ေျပာလိုက္သည္။

“အေျပာကေတာ့ ဟုတ္ေနတာပဲ၊ ႏွေျမာစရာေကာင္းတာက…..”

႐ႊမ္းက်ီးက သူ႕အၾကည့္မ်ားအတိုင္းလိုက္ၾကည့္လိုက္ေသာအခါဝယ္ စစ္ေၾကာေရးအခန္းအျပင္ဘက္ရွိ အထူးစက္ပစၥည္းကိရိယာတစ္မ်ိဳးကိုသာေတြ႕လိုက္ရေလသည္။ ထိုပစၥည္းအား ေမာ္နီတာဖန္သားျပင္တစ္ခုႏွင့္ဆက္သြယ္ထားသည္။  ထိုပစၥည္းမ်ားကို ထိန္းခ်ဳပ္ကိုင္တြယ္ေနၾကသူမ်ားကေတာ့ ေလနတ္ဘုရားအဖြဲ႕မွ စိတ္စြမ္းအင္အမ်ိဳးအစားထူးျခားစြမ္းရည္ပိုင္ရွင္မ်ားပင္ျဖစ္သည္။ စိတ္စြမ္းအင္ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားသည္ကား အမွန္တကယ္ကိုပင္ *အဖ်က္စြမ္းအားႀကီးမားေသာလက္နက္မ်ားျဖစ္ၾကသည္။ ‘ပိုက္ဆံျဖဳန္းသည့္ငတုံးေကာင္’ ၏စိတ္ထဲတြင္ မည္သည့္ပုံရိပ္မ်ားေပၚလာပါေစ၊ ထိုပုံရိပ္မ်ားႏွင့္တထပ္တည္းတူညီေသာ႐ုပ္ပုံမ်ားမွာ ေမာ္နီတာဖန္သားျပင္ေပၚတြင္ေပၚလာၾကေလေတာ့သည္။

(T/N

*တ႐ုတ္အင္တာနက္အသုံးအႏႈန္းတစ္ခုပါ။ အရမ္းကိုမိမိုက္ၿပီး ေတာ္တတ္ထူးခြၽန္တဲ့လူေတြကိုရည္ၫႊန္းသုံးႏႈန္းတာပါ။ )

ထိုသူသည္ကား သူတို႔ဂိုဏ္းအတြင္းရွိ ‘တားျမစ္နယ္ေျမ’ ဆိုသည့္အေၾကာင္းကို တစ္ခါမွမၾကားဖူးပါဟု ျငင္းဆန္ေနေသာ္ျငား သူ႕စိတ္ထဲတြင္မူ ေဈးႀကီးသည့္ကလပ္တစ္ခုအတြင္း၌ အျခားေသာတပည့္မ်ားကို အစားအေသာက္မ်ားျဖင့္ေကြၽးေမြးဧည့္ခံေနသည့္ပုံရိပ္ျမင္ကြင္းမ်ားမွာ ေပၚလာေနသည္။ အရက္ေလးမ်ားဝင္သြားခ်ိန္မွာေတာ့ ေရခ်ိန္ကိုက္ေနၾကၿပီျဖစ္သည့္ ‘ဆရာႀကီး’ ဟုေခၚသည့္ပုဂၢိုလ္မ်ားသည္ကား သူ႕အနားသို႔ဝိုင္းဖြဲ႕ေရာက္ရွိလာၾကကာ တားျမစ္နယ္ေျမႏွင့္ပတ္သက္သည့္အေၾကာင္းအရာမ်ားကို ေလလုံးထြားကာႂကြားဝါေျပာဆိုလာၾကေလေတာ့သည္။

ကူယြဲ႕ရွီးက စကားေျပာစက္ကိုေကာက္ကိုင္လိုက္ၿပီး ေျပာလိုက္သည္။

“သူ႕ကို က်ိခ်င္းခ်န္အေၾကာင္း ေမးၾကည့္လိုက္”

စစ္ေၾကာေရးအခန္းထဲတြင္ရွိေနေသာ ေလနတ္ဘုရားတပ္ဖြဲ႕မွ စိတ္စြမ္းအင္ထူးျခားပိုင္ရွင္မ်ားက ေခါင္းေဆာင္ျဖစ္သူ၏ၫႊန္ၾကားခ်က္အတိုင္း လုပ္ေဆာင္လိုက္သည္။ သူတို႔က က်ိခ်င္းခ်န္၏ဓာတ္ပုံအား ထိုသူကိုျပသကာေမးလိုက္၏။

“ခင္ဗ်ား ဒီလူကိုသိလား?”

‘ပိုက္ဆံျဖဳန္းသည့္ငတုံးေကာင္’က ဓာတ္ပုံကို တခဏမွ်ၾကာေအာင္ အနီးကပ္ၾကည့္ရႈလိုက္ၿပီးမွ ေျပာလာသည္။

“အင္း…ျမင္ဖူးသလိုလိုပဲ….ဪ! သိၿပီ! ငါ သတိရၿပီ၊ သူက တစ္ကိုယ္ေတာ္ေလလြင့္ေလွ်ာက္သြားေနရင္း သုံးခြၽမ္းကိုေရာက္လာတဲ့ က်င့္ႀကံသူတစ္ေယာက္ပဲ။ အိုင္း…အဲဒီလိုတစ္ကိုယ္ေတာ္က်င့္ႀကံသူမ်ိဳးေတြက ဂိုဏ္းဂဏမရွိ၊ အဖြဲ႕အစည္းမရွိ၊ မွီခိုအားကိုးစရာမရွိတဲ့ သနားစရာေကာင္းတဲ့သူေတြပဲ။ သူက ငါ့ကို အဆက္အသြယ္တစ္ခုကေန ရွာေတြ႕သြားတာပဲ။ ၾကည့္ရတာ ငါက ငါ့ဆရာရဲ႕ဂိုဏ္းထဲကိုေရာက္သြားတဲ့အေၾကာင္းကိုၾကားၿပီး ငါ့ဆီကေန သတင္းတစ္ခုခုႏွိုက္ခ်င္လို႔ေနမွာေပါ့။ ဒီလူကို ၾကည့္ရတာ အေတာ္ေလးကိုရိုးသားေျဖာင့္မတ္မႈမရွိဘူး၊ ကလိမ္ကက်စ္ပုံစံမ်ိဳးပဲ၊ ငါနဲ႕ေတာ့ ဘယ္လိုမွကီးမကိုက္ပါဘူးကြာ၊ တစ္ေခါက္ ငါနဲ႕ထမင္းအတူသြားစားၾကတုန္း သူက မိန္းကေလးတစ္ေယာက္ကိုေခၚလာတယ္ေလ…က်စ္…ဒီေကာင္က ငါ့ကိုဘာမ်ားမွတ္ေနလဲမသိဘူး?”

ဝမ္ဇယ္ႏွင့္႐ႊမ္းက်ီးတို႔ႏွစ္ေယာက္သားမွာ အၾကည့္ခ်င္းဖလွယ္လိုက္ၾကသည္__မုတ္ဆိတ္ႏွင့္လူ၏ပ်ားရည္ေထာင္ေခ်ာက္အတြင္းမွ အမ်ိဳးသမီးဇာတ္ေဆာင္တစ္ေယာက္။

ဝန္ခံခ်က္မ်ားမွာ ကိုက္ညီမႈရွိ၏။

“အဲဒီမိန္းကေလးရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကေရာ?”

“မသိဘူး”

‘ပိုက္ဆံျဖဳန္းသည့္ငတုံးေကာင္’ က သူ႕ဦးေခါင္းကိုခါယမ္းျပလိုက္သည္။ အာသေဝါကုန္ခမ္းေနေသာ ဘုန္းႀကီးတစ္ပါးကဲ့သို႔ႏွယ္။

“သူက ဘယ္ေလာက္ပဲလွလွ သာမန္ေသမ်ိဳးလူသားတစ္ေယာက္ပဲေလ၊ ငါက သူ႕အေၾကာင္းကို ဘာျဖစ္လို႔စပ္စုရမွာလဲ?”

“တစ္ခ်က္ေလာက္ျပန္စဥ္းစားၾကည့္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကို ဒီမိန္းကေလးရဲ႕ပုံပန္းသြင္ျပင္ကိုေျပာျပေပးပါ”

“အင္း…သူက အသက္ကေတာ့အေတာ္ငယ္ေသးတယ္၊ အရပ္ကလည္း သိပ္မျမင့္ဘူး၊ မ်က္ႏွာက အသည္းပုံလိုမ်ိဳးေလးပဲ…..”

‘ပိုက္ဆံျဖဳန္းသည့္ငတုံးေကာင္’ သည္ကား မ်က္လုံးမ်ားကိုအထက္သို႔လွန္ကာ ျပန္လည္ ‘စဥ္းစား’ ခ်င္ေယာင္ေဆာင္ေန၏။ မသိလွ်င္ သူမအေပၚတြင္ အစကတည္းက ထင္ျမင္ခ်က္မေကာင္းေသာေၾကာင့္ ခက္ခက္ခဲခဲျပန္လည္စဥ္းစားေတြးေတာေနရသည့္ႏွယ္။ သူ႕မ်က္ႏွာသြင္ျပင္အမူအရာတစ္ခုလုံးမွာ ဗလာက်င္းေနလ်က္ရွိေသာ္လည္း သူ႕ဦးႏွောက္ထဲရွိ ပုံရိပ္မ်ားကမူ ထိုကဲ့သို႔မဟုတ္ရွာေပ။

“ဘုရားေရ ဗုေဒၶါ”

ဝမ္ဇယ္က သူ႕လက္တစ္ဖက္ျဖင့္ က်န္းေက်ာင္း၏မ်က္လုံးမ်ားကိုလွမ္းပိတ္လိုက္သည္။

“21+ ေတြ! မၾကည့္နဲ႕!”

က်န္းေက်ာင္းက စိတ္ဆိုးမာန္ဆိုးျဖင့္ ေအာ္ဟစ္ကန႔္ကြက္လိုက္၏။

“ကြၽန္ေတာ္က ဒီႏွစ္ဆို (၂၃) ႏွစ္ျပည့္ၿပီးၿပီဗ်!”

ထိုလူ၏ဦးႏွောက္ခမ်ာ အျပာဇာတ္လမ္းမ်ားကိုျပသေသာ ႐ုပ္ရွင္ပိတ္ကားတစ္ခ်ပ္အျဖစ္ေျပာင္းလဲသြားရွာေတာ့သည္။ အမ်ိဳးစုံေသာ႐ုပ္ပုံမ်ား လွစ္ခနဲဖ်တ္ခနဲျဖတ္သန္းၿပီးသြားသည့္ေနာက္မွာေတာ့ ၎မွာ သူ႕ပါးစပ္မွ မည္ကဲ့သို႔ေသာေပါက္ကရစကားမ်ားထြက္လာသလဲဆိုတာကို သူကိုယ္တိုင္ေတာင္သိလိမ့္မည္မဟုတ္ပါေခ်။ ထိုအခိုက္ ပုံရိပ္ထဲရွိ အမ်ိဳးသမီးဇာတ္ေဆာင္က ေခါင္းေမာ့လာသည္။ သူမသည္ကား ေျမေခြးမ်က္လုံးတစ္စုံကိုပိုင္ဆိုင္ထားသူျဖစ္သည္။ ထိုမ်က္လုံးမ်ားမွာ အ႐ြယ္အစားသိပ္မႀကီးလွေသာ္ျငား ခပ္ေရးေရးညွို႔ဓာတ္မ်ားကိုသယ္ေဆာင္ထားလ်က္ရွိသည္။ သူမ၏အနည္းငယ္က်ယ္ျပန႔္ေနေသာနဖူးျပင္ကိုမူ တစ္ခုခုျဖင့္တန္ဆာဆင္ထားသည့္အေနျဖင့္ နဖူးေထာင့္စြန္းတြင္ ပန္းပြင့္ပုံတစ္ပုံကိုေဆးမင္ေၾကာင္ထိုးထားကာ မိစ္ဆာအေငြ႕အသက္မ်ားကိုထုတ္လႊတ္ေနသေယာင္။

ကူယြဲ႕ရွီးႏွင့္ဝမ္ဇယ္တို႔ႏွစ္ေယာက္လုံး၏ပါးစပ္မ်ားမွာ တစ္ၿပိဳင္နက္တည္းလိုလိုပင္ ပြင့္ဟလာၾကသည္။

ကူယြဲ႕ရွီး : “ခဏေလး..ကြၽန္မ သူ႕ကို အလိုရွိဆုံးတရားခံစာရင္းထဲမွာ ျမင္ဖူးသလိုပဲ၊ နဖူးေပၚက ေဆးမင္ေၾကာင္က….”

ဝမ္ဇယ္က တိက်ျပတ္သားစြာေျပာလိုက္သည္။

“ပန္းေျမေခြးပဲ”

“ဘာပဲျဖစ္ျဖစ္ အဲဒါကလည္း ငါ့ရဲ႕တာဝန္တစ္ခုပါပဲ၊ ငါက ျပည္သူလူထုရဲ႕အခြန္ဘ႑ာေတြကိုသုံးျဖဳန္းၿပီး အေလလိုက္ေလွ်ာက္သြားေနတဲ့ေကာင္ေတာ့မဟုတ္ပါဘူး”

ဝမ္ဇယ္က ဖန္သားျပင္နားသို႔ ပို၍တိုးကပ္ကာၾကည့္လိုက္ေလသည္။

“အဲဒီဆုေၾကးအမ်ားဆုံးအထုတ္ခံထားရတဲ့အုပ္စုက ငါ့ရဲ႕ ‘မိတ္ေဆြေဟာင္း’ ေတြပဲ၊ ဒီမိန္းကေလးက….ငါ အမွတ္မမွားဘူးဆိုရင္ သူ႕ရဲ႕နာမည္တုက ‘ပန္းေျမေခြး’ ပဲ၊ ‘စစ္မွန္မႈဂိုဏ္း’ ထဲကေပါ့”

႐ႊမ္းက်ီး : “စစ္…ဘာဂိုဏ္း?”

“စစ္မွန္မႈဂိုဏ္း”

ယန္ေခ်ာင္က စာအုပ္ထဲမွစာသားမ်ားကို အလြတ္႐ြတ္ျပေနသည့္အလား အသံကိုႏွိမ့္၍ ႐ႊမ္းက်ီးကိုေျပာျပလာသည္။

“အဲဒါက ထူးျခားစြမ္းရည္ပိုင္ရွင္ေတြနဲ႕ဖြဲ႕စည္းထားတဲ့ လူမႈအသိုင္းအဝိုင္းနဲ႕ဆန႔္က်င္ဘက္ျဖစ္ေနတဲ့အဖြဲ႕အစည္းတစ္ခုပဲ၊ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြက သာမန္လူသားေတြထက္ တစ္ဆင့္ပိုျမင့္တာမို႔ လူသားေတြက သူတို႔လက္ေအာက္မွာအုပ္ခ်ဳပ္ခံသင့္တယ္လို႔ သူတို႔ကထင္ေနၾကတယ္ေလ၊ သာမန္လူသားေတြၾကားထဲကေန သီးသန႔္ခြဲထြက္ၿပီးေနထိုင္သင့္တယ္လို႔လည္းထင္ေနၾကတယ္၊ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြက သာမန္လူသားေတြနဲ႕ လက္ထပ္ထိမ္းျမားမိရင္ပဲ ေသေလာက္တဲ့အျပစ္ႀကီးတစ္ခုကိုက်ဴးလြန္မိသလိုပဲ…..ေျပာရရင္ အစြန္းေရာက္လူမ်ိဳးေရးခြဲျခားသူေတြအုပ္စုေပါ့ဗ်ာ”

“ေလနတ္ဘုရားအဖြဲ႕က အဲဒီအစ္ကိုႀကီးတို႔အုပ္စုေနာက္ကိုလိုက္ေနတာ ႏွစ္အေတာ္ၾကာၿပီ”

ဝမ္ဇယ္က စကားဆက္လိုက္သည္။

“စစ္မွန္မႈဂိုဏ္းအဖြဲ႕သားေတြက သာမန္လူသားေတြကို ေခြးေတြဝက္ေတြ ကြၽဲႏြားတိရစ္ဆာန္ေတြလိုမ်ိဳးဆက္ဆံသင့္တယ္လို႔ ထင္ေနၾကတဲ့လူေတြ၊ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက ဆူညံပြက္ေလာရိုက္ၿပီးနာမည္ႀကီးသြားတဲ့ ‘လူသားအေရခြံကုတ္အကၤ်ီ’ ဆိုတဲ့ျဖစ္ရပ္ကလည္း သူတို႔အုပ္စုလက္ခ်က္ပဲ၊ ဒီအမ်ိဳးသမီးက အဓိကတရားခံေတြထဲက တစ္ေယာက္ပဲ၊ စိတ္စြမ္းအင္အမ်ိဳးအစားထူးျခားစြမ္းရည္ပိုင္ရွင္ေပါ့၊ အခုထိထြက္ေျပးလြတ္ေျမာက္ေနတုန္းပဲ”

က်န္းေက်ာင္းက သူ႕ဆံပင္ကိုသူ ျပန္ဆြဲဆုပ္လိုက္ရင္းေျပာလိုက္သည္။

“ဒါက ဘယ္လိုအေျခအေနမ်ိဳးႀကီးလဲဟ? သာမန္လူသားတစ္ေယာက္က ဝရမ္းေျပးျဖစ္ေနတဲ့ စိတ္စြမ္းအင္ထူးျခားစြမ္းရည္ပိုင္ရွင္တစ္ေယာက္ကို ပ်ားရည္ေထာင္ေခ်ာက္အေနနဲ႕အသုံးခ်ၿပီး တျခားသာမန္လူသားတစ္ေယာက္ဆီက နတ္ဆရာဂူသခၤ်ိဳင္းရဲ႕တည္ေနရာကို သတင္းလိမ္ႏွိုက္ထုတ္သြားတာလား?”

“ဒါဆိုရင္ ျပႆနာစလာၿပီ၊ နတ္ဆရာဂူသခၤ်ိဳင္းကိုေဖာက္ၿပီး ပူေဆြးယဇ္ပူေဇာ္ပြဲစာသားေတြကိုေရးသားခဲ့တဲ့ ေနာက္ကြယ္ကႀကိဳးကိုင္သူက ဘယ္သူလဲ?”

႐ႊမ္းက်ီးက စီးကရက္တစ္လိပ္ကိုဆြဲထုတ္ၿပီး မ်က္လုံးမ်ားကိုေမွးစင္းလ်က္ေျပာလိုက္သည္။

“က်ိခ်င္းခ်န္ကို တံလွ်ပ္လိပ္ျပာေတြ ေရာင္းလိုက္တဲ့ပထမဆုံးတစ္ေယာက္က ဘယ္သူလဲ? ၿပီးေတာ့ ဒီ ‘စစ္မွန္မႈဂိုဏ္း’ ကေရာ ဒီျဖစ္စဥ္တစ္ခုလုံးမွာ ဘယ္အခန္းက႑ကေနပါဝင္ေနတာလဲ?”

ဝမ္ဇယ္က ေနာက္ေက်ာကိုမတ္မတ္ဆန႔္လိုက္သည္။

“ဒါကေတာ့ ငါတို႔ သုံးခြၽမ္းက ေမွာင္ခိုေဈးကြက္ကိုပဲ သြားေမးရမွာပဲ”

ေလနတ္ဘုရားတပ္ဖြဲ႕မွ ထိပ္တန္းကြင္းဆင္းဝန္ထမ္းမ်ားမွာ ပင္လယ္သမုဒၵရာထဲသို႔လႊတ္ေပးလိုက္ေသာ ငါးမ်ားပမာ တစ္သုတ္ၿပီးတစ္သုတ္ထြက္ခြာသြားၾကသည္။ တစ္ခ်ိန္တည္းမွာပင္ ဘယ္ကေနဘယ္လိုျဖစ္တည္လာမွန္းမသိေသာ အနက္ေရာင္တိမ္စိုင္တစ္အုပ္သည္ကား ေနေရာင္ျခည္မ်ားကို ဖုံးကာအုပ္လႊမ္းထားလိုက္ေလေတာ့သည္။

သုံးခြၽမ္းေဒသရွိ မိုးေလဝသဌာနမွာလည္း တစ္ခါမွမႀကဳံေတြ႕ခဲ့ဖူးေသာ အေရးေပၚအေျခအေနတစ္ရပ္ႏွင့္ႀကဳံေတြ႕ေနရၿပီျဖစ္သည္။ နံနက္ခင္းသတင္းေၾကညာခ်ိန္၌ ေနေရာင္ျခည္ဒဏ္ကိုကာကြယ္ရန္ သတိေပးေၾကညာထားၿပီး႐ုံရွိေသး၊ ၿမိဳ႕ျပေကာင္းကင္ယံထက္တြင္ ႐ုတ္ခ်ည္းပင္ ထူထပ္သိပ္သည္းေသာတိမ္ညိုတိမ္မည္းမ်ား အုပ္ဆိုင္းလႊမ္းမိုးလို႔လာကာ မၾကာမီအခ်ိန္အတြင္းမွာပင္ တိုင္ဖြန္းမုန္တိုင္းတစ္လုံးဝင္ေရာက္တိုက္ခတ္ေတာ့မည့္အလား။ ေလသံမိုးၿခိမ္းသံမ်ားမွာ မဟာပထဝီေျမမ်က္ႏွာျပင္ေပၚသို႔ အဆက္မျပတ္ရိုက္ခတ္ျမည္ဟီးေနလ်က္ရွိေလသည္။ မိုးသက္ေလျပင္းမ်ားကိုဆင့္ေခၚနိုင္ေသာ ေရွးေဟာင္းဧရာမနဂါးႀကီးတစ္ေကာင္သည္ကား တစ္ပါးသူ၏လက္ခ်က္ေၾကာင့္ထိတ္လန႔္တၾကားနိုးထလာၿပီး သတိႀကီးစြာျဖင့္ သူ၏ေခါင္းကိုျမႇောက္ကာ ေဒါသတႀကီး ဝူးဝူးဝါးဝါးေအာ္ဟစ္ျမည္တမ္းေနသေယာင္။

ဤမိုးႀကိဳးမုန္တိုင္းမ်ားကိုဖန္တီးခဲ့သူျဖစ္ေသာ ရွန႔္လင္ယြမ္းသည္ကား သုံးခြၽမ္းၿမိဳ႕၏အျမင့္ဆုံးအေဆာက္အဦးျဖစ္ေသာ__ဗဟိုဘဏ္အေဆာက္အဦးတစ္ခု၏‌ေခါင္မိုးထပ္တြင္ရွိေနတာျဖစ္သည္။

သူက ေကာင္းကင္ယံထက္သို႔မ်က္လုံးပင့္ကာၾကည့္လိုက္သည္။ မိုးႀကိဳးမုန္တိုင္းမ်ားမွာ သူ႕ဦးေခါင္းေပၚ၌စုစည္းလာေနၿပီး သားေကာင္ကိုေခ်ာင္းေနေသာ က်ားတစ္ေကာင္ကဲ့သို႔ သူ႕အားေသေသခ်ာခ်ာေစာင့္ၾကပ္ၾကည့္ရႈလို႔ေနကာ သူ စည္းတစ္ခ်က္ေက်ာ္သြားသည္ႏွင့္တၿပိဳင္နက္ တစ္ကိုယ္လုံးအတြင္းမွအျပင္ထိတိုင္ေအာင္မီးေလာင္ကြၽမ္းသြားသည္အထိ မိုးႀကိဳးစာေကြၽးရန္ အခ်ိန္မေ႐ြးအဆင္သင့္ျပင္ထားသည့္ႏွယ္။

သူပထမဆုံးအႀကိမ္မိုးႀကိဳးအပစ္ခံလိုက္ရခ်ိန္သည္ကား ခ်ိယြမ္း၌ ပိခြၽင္းရွန္းကိုသတ္ျဖတ္ခဲ့ေသာအခ်ိန္တြင္ျဖစ္သည္။ ပူေဆြးယဇ္ပူေဇာ္ပြဲ၏တန္ျပန္တိုက္ခိုက္မႈအျပင္ ၎မွာ (၈၁) ခ်က္ေသာ မိုးႀကိဳးသြားမ်ားကိုဆင့္ေခၚခဲ့သလိုျဖစ္သြားၿပီး ထိုမိုးႀကိဳးသြားမ်ားသည္ကား ႏွစ္ေထာင္ေပါင္းမ်ားစြာအဓြန႔္ရွည္တည္တံ့လာခဲ့ေသာ ေက်ာက္စိမ္းဝိညာဥ္သားျဖင့္ျပဳလုပ္ထားသည့္ ႏွလုံးျမစ္တြယ္႐ုပ္ေသး႐ုပ္အေပၚသို႔ တိုက္ရိုက္ပစ္ခ်ခဲ့သည္။

ဒုတိယအႀကိမ္မွာမူ သုံးခြၽမ္းၿမိဳ႕ျပင္ဘက္တြင္ သူ အားေလာ့က်င္းႏွင့္တိုက္ခိုက္ေနစဥ္တြင္ျဖစ္သည္။ ၎မွာ လူသား-မိစ္ဆာ၏စြမ္းအားမ်ားကိုဖိႏွိပ္ထိန္းခ်ဳပ္ထားၿပီး အင္အားအနည္းငယ္မွ်သာအသုံးျပဳခဲ့တာျဖစ္သည္။ သို႔ေသာ္ အားေလာ့က်င္းကိုအျပည့္အဝမထိန္းခ်ဳပ္နိုင္ေသးခင္မွာပင္ မိုးႀကိဳးသြားမ်ားသည္ကား ဆက္လက္ၿပီးစိတ္ရွည္လက္ရွည္မေစာင့္ဆိုင္းနိုင္ေတာ့သည့္ႏွယ္ သူ႕အေပၚသို႔ အရင္ဆုံးပစ္ခ်လိဳက္တာျဖစ္သည္။

ဤမိုးေကာင္းကင္ႏွင့္ကမၻာေျမႀကီးသည္ကား သူ၏တည္ရွိမႈအား လက္ခံနိုင္ျခင္းမရွိတာကို ရွန႔္လင္ယြမ္းသိပါ၏။ ကမၻာေလာကႀကီးတစ္ခုလုံးသည္ကား သူ႕အတြက္ေတာ့ လက္ထိပ္တစ္စုံသာျဖစ္သည္။ သူစိတ္လိုက္မာန္ပါလုပ္မိသည္ႏွင့္တၿပိဳင္နက္ တန္ျပန္တိုက္ခိုက္မႈအျပစ္ဒဏ္မ်ားမွာ သူ႕ေနာက္မွမလြဲမေသြလိုက္ပါလာၾကလိမ့္မည္ျဖစ္သည္။

သူက ဦးေခါင္းကို ေဘးတစ္ဖက္သို႔အနည္းငယ္ေစာင္းငဲ့လိုက္ေစကာမူ သူ၏စိတ္အာ႐ုံကိုေတာ့ ႐ုတ္ခ်ည္းျပန္လည္႐ုတ္သိမ္းလိုက္ျခင္းမရွိေပ။ အေဆာက္အဦးေခါင္မိုးထပ္တြင္ရွိေသာ မိုးႀကိဳးလႊဲတစ္ခုကို ဖ်တ္ခနဲလွမ္းၾကည့္လိုက္ၿပီး ဤ ‘နတ္ပစၥည္း’ ၏အကာအကြယ္ေအာက္တြင္ေနရင္း မိုးႀကိဳးျပစ္ဒဏ္မ်ား၏အနိမ့္ဆုံးအတိုင္းအတာပမာဏကို  စမ္းသပ္စစ္ေဆးၾကည့္ရန္ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။

သူ႕လက္ဖဝါးေပၚတြင္ ထူထပ္သိပ္သည္းေသာအနက္ေရာင္ျမဴခိုးေငြ႕မ်ားစုစည္းျဖစ္တည္လာကာ ေခါင္မိုးထပ္တစ္ထပ္လုံးကိုေတာင္ ျပည့္လွ်ံဖုံးလႊမ္းလုနီးပါးပင္ျဖစ္သြား၏။ အနက္ေရာင္ျမဴခိုးမ်ားအလယ္တြင္ နတ္ဆရာမႏၱန္စာသားမ်ားမွာ အလုံးအရင္းျဖင့္ေပၚထြက္လာၾကၿပီး ေလထုအတြင္းသို႔ပ်ံတက္သြားၾကကာ တျဖည္းျဖည္းပို၍ႀကီးမားက်ယ္ျပန႔္လာၾကသည္။ ရွန႔္လင္ယြမ္းက သူ႕လက္တစ္ဖက္ကိုဆတ္ခနဲလွန္ေျပာင္းျပန္လွန္လိုက္ေသာအခါမွာေတာ့ မေရမတြက္နိုင္ေသာနတ္ဆရာမႏၱန္မ်ားကိုဖုံးကြယ္သိုဝွက္ထားၾကေသာ အနက္ေရာင္ျမဴခိုးေငြ႕မ်ားမွာ အျမင့္ဆုံးေနရာတစ္ခုေပၚမွေန၍ ေျမႀကီးေပၚသို႔ဖိခ်ခံလိုက္ရသည္။ မ်က္စိတမွိတ္အတြင္းမွာပင္ ထိုျမဴခိုးေငြ႕မ်ားသည္ကား သုံးခြၽမ္းတစ္ၿမိဳ႕လုံးကိုလႊမ္းၿခဳံရစ္သိုင္းသြားေလေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ သူ႕နားထဲ၌ ေငြထည္ပုလင္းတစ္လုံးကြဲအက္သြားသလို ‘ခြၽင္’ ခနဲျမည္သံတစ္ခ်က္ၾကားလိုက္ရေလသည္။ ရွန႔္လင္ယြမ္းသည္ကား မူလေနရာမွ သုံးေပခန႔္ကြာေဝးေသာေနရာသို႔ေရာက္ရွိေနၿပီျဖစ္သည္__အေဆာက္အဦး၏မိုးႀကိဳးလႊဲစနစ္မွာ ဝန္ႏွင့္အားမမွ်တေသာအေျခအေနသို႔ေရာက္ရွိသြားရွာသည္။ သူရပ္ေနခဲ့ေသာေနရာတြင္ ခုနေလးတင္ပစ္ခတ္လိုက္ေသာမိုးႀကိဳးတစ္စင္းေၾကာင့္ မီးကြၽမ္းေနေသာအမည္းေရာင္အစင္းေၾကာင္းႀကီးတစ္ေၾကာင္းျဖစ္ေပၚသြားေလသည္။ ေလထုထဲတြင္မူ တဂ်စ္ဂ်စ္ျမည္သံမ်ားထြက္ေပၚေနေသာ အေသးစားလွ်ပ္စစ္စက္ကြင္းတစ္ခုရွိေနဆဲျဖစ္သည္။

ရွန႔္လင္ယြမ္းက မီးကြၽမ္းသြားေသာေခါင္မိုးထပ္ကိုေနာက္လွည့္ၾကည့္လိုက္ၿပီးေသာ္ သူ တစ္ခုခုကိုနားလည္သေဘာေပါက္သြားသည္။ မိုးႀကိဳးသြားမ်ား၏စြမ္းအားမွာ သူ႕စြမ္းအားမ်ား၏ တစ္ဆယ္ရာခိုင္ႏႈန္းေလာက္ေတာင္မရွိေပ။ ထိုႏွစ္ကာလမ်ားတုန္းက ဘာမဟုတ္သည့္ ပါခ်ီပါခ်က္မိစ္ဆာတပ္သားတစ္ေယာက္၏စြမ္းအားထက္ပင္ ေလ်ာ့နည္းေနေသးသည္။

ခ်ိယြမ္းမွာ ႏွစ္ေပါင္းသုံးေထာင္ၾကာမွ်ခ်ိပ္ပိတ္ခံထားရတာျဖစ္သည္။ ကမၻာႀကီး၏ဝိညာဥ္စြမ္းအင္မ်ားမွာလည္း မိစ္ဆာစြမ္းအင္မ်ားကဲ့သို႔ပင္ ယုတ္ေလ်ာ့နည္းပါးေနၿပီျဖစ္သည္။ မိုးႀကိဳးျပစ္ဒဏ္မ်ားကိုလည္း စည္းမ်ဥ္းစည္းကမ္းအသစ္မ်ားခ်မွတ္ဖြဲ႕စည္းလိုက္ၿပီး ႀကီးမားအားေကာင္းေသာျပင္ပစြမ္းအားမ်ားၾကားဝင္ႏွောင့္ယွက္ျခင္းကိုလည္း ခြင့္မျပဳေတာ့ပါေခ်။

လူသား-မိစ္ဆာဟူသည္ကား ေျပာရလွ်င္ မိစ္ဆာတစ္ပိုင္းပင္ျဖစ္သည္။ သို႔ျဖစ္ရာ ၎သည္ကား မိုးႀကိဳးသြားမ်ားထံမွ လြတ္ေျမာက္ေအာင္ထြက္ေျပးနိုင္စြမ္းရွိသည္သာျဖစ္သည္။ သို႔ေသာ္ သူကေတာ့…..

ေနာက္တခဏအတြင္းမွာပင္ အမ်က္ေခ်ာင္းေခ်ာင္းထြက္ေနေသာ မိုးႀကိဳးသြားကိုးစင္းသည္ကား သူ႕ေနာက္သို႔ ထပ္ၾကပ္မကြာလိုက္လာၾကေလသည္။ ရွန႔္လင္ယြမ္း၏ပုံရိပ္မွာ လွ်ပ္စစ္ပမာ၊ မိုးႀကိဳးလွ်ပ္စီးပမာဏအမ်ားစုမွာ မိုးႀကိဳးလႊဲမ်ားျဖင့္စုပ္ယူခံလိုက္ရသည့္အေျခအေနကိုအခြင့္ေကာင္းယူကာ သူက အလ်င္အျမန္ပင္ အသက္ရႉႏႈန္းကိုစုစည္းထိန္းခ်ဳပ္လိုက္ၿပီးေသာ္ နတ္ဆရာမႏၱန္မ်ားေနာက္သို႔လိုက္သြားေလေတာ့သည္။

အနက္ေရာင္ျမဴခိုးမ်ားၾကား၌ေရာႏွောေနသည့္ နတ္ဆရာမႏၱန္စာသားမ်ားသည္ကား ၿမိဳ႕တြင္းရွိလွ်ပ္စစ္ဝါယာႀကိဳးမ်ားႏွင့္ ေရပိုက္လိုင္းမ်ားအား ရစ္ပတ္ႏွောင္ဖြဲ႕သြားၾကသည္။ ၎တို႔မွာ အသက္ရွိေနသည့္အလား လူအုပ္မ်ားႏွင့္ေလထုအတြင္း ေနရာအႏွံ႕ျဖတ္သန္းထိုးခြင္းပ်ံ့ႏွံ႕သြားၾကရင္း လူမ်က္ႏွာလိပ္ျပာမ်ား၏ရနံ႕မ်ားကိုသယ္ေဆာင္ထားဆဲျဖစ္ေသာ လူမ်ားအား ရွာေဖြေနၾကေလေတာ့သည္။ မႏၱန္မ်ား၏အရွင္သခင္ျဖစ္သူ ရွန႔္လင္ယြမ္းသည္ကား နတ္ဆရာမႏၱန္မ်ားအားလုံးမွာ အရပ္မ်က္ႏွာႏွစ္ေနရာသို႔စုေဝးသြားေနေၾကာင္းကို ရွင္းရွင္းလင္းလင္းအာ႐ုံခံစားလိုက္ရသည္__ တစ္ေနရာမွာ ‘ခ်င္းဖ်င္ျပည္နယ္’ ၏ဌာနခြဲျဖစ္ေသာေနရာျဖစ္သည္။ ခ်င္းဖ်င္ျပည္နယ္၏ေနာင္လာေနာက္သားမ်ိဴးဆက္သစ္မ်ားသည္ကား နတ္ဆရာဂူသခၤ်ိဳင္းကိုေဖာက္ထြင္းသိမ္းပိုက္ဝံ့ေသာ သူခိုးမ်ားကိုဖမ္းမိသြားၾကသည့္ပုံပင္။ ဤမ်ိဳးဆက္သစ္မ်ားသည္ကား ေသြးႏွောသူမ်ားျဖစ္သြားၾကၿပီး သူတို႔၏က်င့္ႀကံဆင့္စြမ္းပကားမ်ားမွာလည္း နိမ့္က်သြားၿပီျဖစ္ေသာ္ျငား လုပ္ပုံကိုင္ပုံအရည္အခ်င္းမွာေတာ့ ေက်နပ္စရာေကာင္းသည့္အဆင့္တြင္ရွိေနေသးသည္။ ရွန႔္လင္ယြမ္းက တစ္ခ်က္မွ်သာဖ်တ္ခနဲလွည့္ၾကည့္လိုက္ၿပီးေနာက္ မ်က္ႏွာလႊဲလိုက္၏။

က်န္အရပ္မ်က္ႏွာတစ္ဖက္တြင္ရွိေသာ အနံ႕အသက္မ်ားမွာ ပို၍ပင္ရႈပ္ေထြးေပြလီကာ အႏၱရာယ္အေငြ႕အသက္မ်ားျဖင့္ျပည့္ႏွက္ေန၏။

ရွန႔္လင္ယြမ္းသည္ကား ေလျပည္ေလညင္းေလးသဖြယ္ သုံးခြၽမ္း၏လမ္းမမ်ားထက္တြင္ တိုးေဝွ႕ျဖတ္သန္းသြားေနသည္။ ဦးတည္ရာပန္းတိုင္သို႔ေရာက္ေသာအခါ သူေခါင္းေမာ့ၾကည့္လိုက္စဥ္ဝယ္ ‘သုံးခြၽမ္းဟင္းသီးဟင္း႐ြက္ႏွင့္သားငါးေဈး’ ဟူေသာဆိုင္းဘုတ္ကိုေတြ႕ျမင္လိုက္ရသည္။ သူေခါင္းငုံ႕လိုက္ေသာအခါမွာေတာ့ လူျမင္ကြင္းလမ္းမေပၚတြင္ ေျခကားယားလက္ကားယားျဖင့္ ထြက္ေျပးေနေသာ ေက်ာက္ပုစြန္တစ္ေကာင္ကို ေတြ႕ျမင္လိုက္ရေလသည္။ သူက ခ်ိတုံခ်တဳံျဖစ္သြားရင္း ေျခလွမ္းမ်ားကိုရပ္တန႔္လိုက္သည္။

‘သုံးခြၽမ္းဟင္းသီးဟင္း႐ြက္ႏွင့္သားငါးေဈး’ သည္ကား ေျမဧက သုံးေထာင္ခန႔္က်ယ္ဝန္းၿပီး ေျမေအာက္ရထားဘူတာ႐ုံႏွစ္ခုစာမွ်ရွည္လ်ားသည္။ ထိုေဈးတြင္ သန႔္ရွင္းလတ္ဆတ္ေသာပင္လယ္စာမ်ား၊ အသားငါးမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ား၊ ဥမ်ိဳးစုံမ်ား၊ နို႔ႏွင့္နို႔ထြက္ပစၥည္းေပါင္းစုံကို တစုတေဝးတည္းအမ်ိဳးအစားစုံလင္စြာရရွိနိုင္သည္။ ေဈးရွိ အခ်ိဳ႕ေသာအစားအေသာက္မ်ားမွာ ကမၻာ့ဂင္းနစ္မွတ္တမ္းဝင္ခဲ့ေသာေၾကာင့္ အခ်ိန္အတိုင္းအတာတစ္ခုအထိ ကမၻာလွည့္ခရီးသြားမ်ားလာေရာက္လည္ပတ္သည့္ေနရာတစ္ခုပင္ျဖစ္ခဲ့ေလသည္။ ရွန႔္လင္ယြမ္းေရာက္ရွိသြားခ်ိန္၌ နံနက္ခင္းအေစာပိုင္းသာရွိေသးသည္။ ႀကီးႀကီးေသးေသး စားေသာက္ဆိုင္အသီးသီးမွအဝယ္ေတာ္မ်ားႏွင့္ လတ္လတ္ဆတ္ဆတ္အစားအစာမ်ားကိုဝယ္ယူလိုေသာ အနီးအနားရွိေဒသခံမ်ားအားလုံးသည္ကား ဤနံနက္ခင္းေဈးသို႔လာေရာက္ကာ ေဈးဝယ္ထြက္ေနၾကသည္။ ေဈးတံခါးေပါက္တြင္မူ  နံနက္စာေရာင္းခ်သည့္ေဈးဆိုင္ခန္းေလးမ်ားမွာ ေရႏြေးေငြ႕သုံးသေဘၤာမ်ားအလား အတန္းလိုက္တည္ရွိေနၾကၿပီး သူတို႔၏ေဈးလွည္းေလးမ်ားထံမွ အျဖဴေရာင္ေရႏြေးေငြ႕မ်ား တလူလူထြက္ေပၚလာေနလ်က္ရွိသည္။ သူတို႔ေဘးနားတြင္ေတာ့ တဝါးဝါးသန္းေဝေနၾကေသာ ဉာဏလုပ္သားမ်ားသည္ကား နံနက္စာစားရန္တန္းစီေစာင့္ဆိုင္းေနလ်က္ရွိၾကသည္__ ေရွးေဟာင္းလူသားျဖစ္ေသာ ပိရွသည္ကား သက္ဝင္လႈပ္ရွားစည္ကားသိုက္ၿမိဳက္လ်က္ရွိေသာ ေခတ္သစ္လူ႕ဘုံခန္းဝါကမၻာေလာကႀကီးအား ေနာက္တစ္ႀကိမ္မ်က္ဝါးထင္ထင္ေတြ႕ျမင္လိုက္ရျပန္သည္။

ရွန႔္လင္ယြမ္းသည္ကား ကိုယ္ေပ်ာက္မႏၱန္အစီအရင္တစ္ခုကိုအသုံးျပဳလိုက္ကာ ေခတၱခဏကိုယ္ေယာင္ေဖ်ာက္ထားလိုက္ၿပီး သူ႕ကိုလာဝင္တိုက္ေတာ့မလိုျဖစ္ေနသည့္ လမ္းသြားလမ္းလာ ေလး ငါးေယာက္ခန႔္ကို သတိထားၿပီးေရွာင္တိမ္းလိုက္သည္။ ေနာက္ဆုံးမွာေတာ့ ၎မွာ မေနနိုင္မထိုင္နိုင္ျဖစ္စြာ မ်က္ေမွာင္ၾကဳတ္လိုက္မိေလသည္။ ေဈးအတြင္း၌ အနံ႕ေပါင္းစုံေရာႏွောရႈပ္ေထြးေနလ်က္ရွိသည္။ လူစိမ္းမ်ား၏အနံ႕မ်ား၊ သားစိမ္းငါးစိမ္းအနံ႕မ်ား၊ ညွီစို႔စို႔ပင္လယ္စာရနံ႕မ်ား၊ ေသေသခ်ာခ်ာမရွင္းလင္းရေသးေသာ အမွိုက္သရိုက္မ်ားထံမွပ်ံ့လြင့္လာေသာအနံ႕ဆိုးမ်ား စသျဖင့္ အနံ႕ေပါင္းစုံေရာယွက္ေနလ်က္ရွိ၏။ မႏၱန္အစီအရင္ရနံ႕တို႔မွာ ထိုကဲ့သို႔အလႊာေပါင္းမ်ားစြာရွိေနေသာအနံ႕အသက္မ်ိဳးစုံေအာက္ဝယ္ ဖုံးလႊမ္းခံရလုမတတ္ျဖစ္ေနရွာေတာ့သည္။ မေကာင္းေသာအႀကံအစည္ရွိသူက ဤေနရာမ်ိဳး၌ေတြ႕ဆုံရန္ေ႐ြးခ်ယ္ထားတာကလည္း မထူးဆန္းေတာ့ေပ။

သူက ေခါင္းေမာ့ကာ အေရွ႕အရပ္သို႔မွန္းေမွ်ာ္ၾကည့္ရႈလိုက္သည္။ ဤေနရာရွိအနံ႕အသက္ဆိုးမ်ားကိုရွင္းလင္းဖယ္ရွားပစ္ရန္အတြက္ မိုးသက္မုန္တိုင္းတစ္ခုကိုဆြဲေခၚလိုက္လွ်င္ေကာင္းမလားဟူ၍ အထပ္ထပ္အခါခါစဥ္းစားေတြးေတာေနမိသည္။ ႐ုတ္ခ်ည္းပင္ သူ႕မ်က္လုံးေထာင့္စြန္းမွတဆင့္ ‘အငွားယာဥ္’ တစ္စီးေပၚမွဆင္းလာေသာ လူတစ္ေယာက္ကိုေတြ႕လိုက္ရ၏။

ထိုလူသည္ကား အရပ္အေမာင္းေထာင္ေထာင္ေမာင္းေမာင္းရွိၿပီး အတန္ငယ္ရွည္ေနၿပီျဖစ္ေသာဆံပင္မ်ားကို ဦးေခါင္းအေနာက္ဘက္၌လြယ္လင့္တကူစုစည္းခ်ည္ႏွောင္ထား၏။ သူ႕မ်က္ႏွာသြင္ျပင္မွာ ဓားျဖင့္လွီးျဖတ္ပုံသြင္းထားသကဲ့သို႔ စူးရွျပတ္သားလွၿပီး အတန္ငယ္ခ်ိဳင့္ဝင္ေနေသာမ်က္လုံးအိမ္မ်ားအတြင္းတြင္မူ ေတာက္ပလင္းလက္ေနသည့္မ်က္ဝန္းတစ္စုံရွိေနသည္။ ႏႈတ္ခမ္းေမြး၊ မုတ္ဆိတ္ေမြးမ်ားကိုလည္း ေျပာင္ရွင္းေအာင္ရိတ္သင္ထားျခင္းမရွိ၊ ၾကည့္ရသည္မွာ ခရီးပန္းလာေသာ စုတ္တီးစုတ္ပဲ့ခရီးသြားတစ္ေယာက္ပုံစံမ်ိဳးေပါက္ေနသည္။ သူ႕လည္ပင္းထက္တြင္ လက္သည္းခြံတစ္ခုစာခန႔္ပင္ အ႐ြယ္အစားမရွိေသာ သတၱဳအပိုင္းအစတစ္ခုကိုခ်ိတ္ဆြဲထား၏။

ထိုသူ႕ထံတြင္ ေတြ႕ျမင္ရခဲေသာ က်င့္ႀကံမႈအေငြ႕အသက္မ်ားကိုသယ္ေဆာင္ထားေသာေၾကာင့္သာလွ်င္ ရွန႔္လင္ယြမ္းမွာ သူ႕ကိုသတိထားမိသြားျခင္းျဖစ္သည္။

ဤကမၻာေလာကႀကီးအတြင္း၌ သူ႕ေတြ႕ဆုံခဲ့ရေသာမ်ိဳးဆက္သစ္မ်ားအနက္ ရွန႔္လင္ယြမ္းသည္ကား ‘အရွိန္အဝါ’ ဟူေသာအရာကို လူႏွစ္ေယာက္၏ကိုယ္ေပၚတြင္သာေတြ႕ခဲ့ရဖူးသည္။ က်န္ေသာလူမ်ားမွာမူ ‘ေသြးႏွောေနေသာ သာမန္လူသားမ်ား’ အဆင့္ေလာက္သာရွိၾကသူမ်ားျဖစ္သည္။ ပထမတစ္ေယာက္မွာ သူ႕ကိုယ္သူ ‘႐ႊမ္းက်ီး’ ဟုေခၚေသာ ေကာင္စုတ္ေလး၏ကိုယ္ေပၚတြင္ေတြ႕ခဲ့ရျခင္းျဖစ္ၿပီး ဒုတိယတစ္ေယာက္မွာေတာ့ ဤလူပင္ျဖစ္သည္။

႐ႊမ္းက်ီးသည္ကား စစ္တာထက္ပင္ပို၍စစ္မွန္ေသာ စင္စစ္မိစ္ဆာေလးတစ္ေကာင္ပင္ျဖစ္သည္။ သည္လူကေတာ့…..ပင္ကိုယ္အားျဖင့္ လူသားတစ္ေယာက္ျဖစ္သည္။

ရွန႔္လင္ယြမ္းသည္ကား သူ႕ကိုေသေသခ်ာခ်ာအကဲခတ္ၾကည့္ရႈေနခိုက္မွာပင္ ထိုသူက အလြန္တရာအကင္းပါးစြာျဖင့္ သူ႕ဦးေခါင္းကိုေမာ့လာကာ သူ႕မ်က္ဝန္းမ်ားမွာ ရွန႔္လင္ယြမ္းရပ္ေနေသာေနရာဆီသို႔ လွည့္ၾကည့္လာေလသည္။

15.10.21

Thanks for votes and comts 🐤🐍

*************

T/N

ကိုယ္ကေတာ့ ဒီအပိုင္းေလးဖတ္ၿပီးအၿမဲတမ္းမိုးႀကိဳးပစ္ခံရတဲ့ ပိရွကို သနားလည္းသနား။ မိုးေကာင္းကင္က ဘယ္လိုမွကိုခြင့္မလႊတ္နိုင္ေလာက္တဲ့အထိ အတိတ္ဘဝမွာ သူဘာေတြမ်ားက်ဴးလြန္ခဲ့လို႔ပါလိမ့္ 🤔

Continue Reading

You'll Also Like

218K 19.8K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
3.5M 532K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
199K 22.9K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...