𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || V...
By Amethyst_jei
7.7K 1.3K 244
INTRO
🤎1🤎
🤎2🤎
🤎3🤎
🤎4🤎[P-1]
🤎4🤎[P-2]
🤎5🤎
🤎6🤎
🤎7🤎
🤎8🤎(💔)
🤎9🤎 [P-1]
🤎9🤎[P-2]
🤎10🤎
🤎11🤎[P-1]
🤎11🤎[P-2]
🤎13🤎
🤎14🤎
🤎15🤎[P-1]
🤎15🤎[P-2]
🤎16🤎
🤎17🤎
BROWN TAE
🤎12🤎
263 58 5
By Amethyst_jei
Unicode
ရုံးရောက်ရောက်ခြင်းစာရင်းဇယားတွေကိုလုပ်လျက် ရောက်နေသည့်ဧည့်သည်ကိုရုံးခန်းထဲလာခိုင်းလိုက်ရသည်။ ထိတ်ထိတ်ကြဲကုမ္ပဏီက သူဌေးအသစ်ဖြစ်တာမို့ လက်တွေ့ကွင်းဆင်းလေ့လာသလိုမျိုး ရှယ်ယာတွေနဲ့ပက်သက်ပြီးလာဆွေးနွေးတာဖြစ်နိုင်သည်။
ဒါမျိုးက သူဌေးအသစ်ဆိုပေမယ့် သင်ယူခဲ့တဲ့ပညာနဲ့ကျွမ်းကျင်မှုကိုလျှော့တွက်မရ အေးဆေးပေါ့ လုပ်သက်ကမင်းကဝါကြီးတယ်ဂျောင်ဟိုဆော့ အေးဆေး
ကျွီခနဲတံခါးဖွင့်သံနဲ့အတူ.... အညိုရောင်ကုတ်ရှည်နဲ့လူသား။ mask တပ်ထားပေမယ့် တစ်ခါကြည့်ရုံနဲ့ တစ်သက်မေ့ဖို့မဖြစ်နိုင်ခဲ့တဲ့မျက်ဝန်းတွေ မျက်တောင်လှလှတွေ ပြီးတော့ မူပိုင်အမှတ်အသား အညိုရောင်အဝတ်အစား...
တိုက်ဆိုင်တာမှဟုတ်ရဲ့လား အညိုရောင်လေးရယ်
မျက်နှာပျက်သွားသည်။ ကျွန်တော်ဝင်လာတာနဲ့ ရေစင်လေးကိုအေးမြတတ်သောမျက်နှာဟာပျက်ပျက်ယွင်းယွင်းပဲ ။
"ကျွန်တော်က ကင်မ််ထယ်ယောင်းပါ"
"သိပြီးသားကိုမိတ်ဆက်စရာမလိုဘူးထင်တယ် မင်းအလုပ်ကိစ္စနဲ့လာတာဟုတ်ရဲ့လား မဆီမဆိုင်တွေ ဖို့ဆိုခုထဲကပြန်လိုက်တော့"
ဟောဗျာ အလင်းရောင်လေးက စွာစိလေးလည်းဖြစ်သကိုး
"ကိုယ့်ကိုကိုသိပ်မထင်မကြီးပါနဲ့ ကျွန်တော်ကအလုပ်နဲ့လာတာမို့အလုပ်အရနှုတ်ဆက်တာ အစ်ကိုဟိုဆော့ကနည်းနည်း...personal နဲ့ အလုပ်ကိုရောထားသလိုပဲ"
"အဲ့တာငါ့ကိစ္စ မင်းကိစ္စမဟုတ်ဘူး"
"လုက်ဖော်ကိုင်ဖက်ကိုချေလိုက်တာ"
"အစထဲကဒီလိုပဲ!"
စိတ်ထဲကသာထယ်ယောင်းကြိတ်ရယ်နေလိုက်သည်။ စိတ်ဆိုးရင်တစ်မျိုးလေးဗျ! ဆက်မစတော့ပဲ လာရင်းအလုပ်ကိစ္စကိုသာဆက်ပြောရင်းဆွေးနွေးဖြစ်ခဲ့ကြတော့သည်။
အလကား! ဆွေးနွေးတာနည်းနည်း မိမိမျက်နှာကိုပဲ မမှုန်မသုန်ကြည့်နေတဲ့ အညိုရောင်ဝက်ဝံ!
စိတ်ထဲဒေါသပုန်ထနေသော ဟိုဆော့ ချစ်တယ်ဆိုပေမယ့်မခံနိုင်အောင်စနောက်လာတော့အမြင်ကကတ်ချင်လာပြီလေ။
"သွားလိုက်ပါအုံးမယ်...အလုပ်လည်းပြီးပြီဆိုတော့ကြုံတုန်းပြောအုံးမယ် ချစ်တာကိုသိတာမို့ပြန်ချစ်ဖို့ပြန်လာတာ ဖွင့်ပြောဖြစ်တဲ့နေ့ကျ မချစ်ဘူးငြင်းရင်အနုနည်းမရ အကြမ်းနည်းသုံးမယ်"
လက်ညိုးထိုးကာပြောချင်ရာပြောပြီး ထွက်လာရသည်မို့စိတ်ထဲကျေနပ်တာတော့အမှန် နောက်ကအလင်းရောင်လေးကတော့ မျက်လုံးကလယ်ကလယ်နဲ့ကျန်နေခဲ့မှာပဲ။
တကယ်ပါပဲ လူကိုခြိမ်းခြောက်သွားတာလား အညိုရောင်ဝက်ဝံလေးနဲ့မတူတော့ဘူး အင်အားကြီးထွားလာတဲ့အညိုရောင်ဝက်ဝံကြီးလိုပဲ ဟိန်းလားဟောက်လားနဲ့!
🤎
ကောင်းကင်ပြာ....တိမ်ဖြူ....မိုးအော်သံတို့စတင်လာရင် ညိုလာတတ်တော့တိမ်တို့...
အဆွေးဓာတ်လေးများငါခံစားရရင်မင်းကိုသိပ်သတိရခဲ့တာအညိုရောင်ရယ်... မိုးရွာထဲအတူတူထီးဆောင်းခဲ့တဲ့နေ့တွေက သာမန်ဘဝမှာသာမန်ဖြတ်သန်းခဲ့တဲ့နေ့ဆိုပေမယ့် မင်းငါ့အနားမရှိတဲ့အချိန်ဆိုရင်တော့ မိုးရွာရင်တိုက်ဆိုင်စွာလွမ်းစွတ်မိတယ်။
ခုရော... ယောင်လည်လည်နဲ့ငါ့ဘဝထဲရောက်လာပြန်တဲ့မင်းကို ယုံကြည်ပစ်လိုက်ချင်သေးတယ်။ မင်းငါ့အနားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မင်းအကြောင်းစဥ်းစားလိုက်တိုင်းဆွေးမြေ့နေရတယ်အညိုရောင်ရယ်...
အလုပ်စားပွဲပေါ်တတောက်တောက်နဲ့ဘောပင်ကိုလုပ်ကာ အတွေးကနယ်တွေဘောင်တွေကျော်ကာ နှလုံးသားရဲ့သက်ဆိုင်သူဆီ....
ငါလေ အချစ်ဦးအနေနဲ့ပဲမင်းကိုရင်ဘတ်ထဲသိမ်းထားလိုက်ဖို့စဥ်းစားလိုက်ပေမယ့် တကယ်က မင်းမျက်နှာမြင်တိုင်း လေထဲတိုက်အိမ်ဆောက်ထားသလိုပဲ..မခိုင်မာနိုင်တဲ့စိတ်အစဥ်ကမင်းမျက်နှာမြင်ရင်ပြိုလဲတော့တာပဲ။
ချစ်ခြင်းတရားက ရူးသွပ်ဖို့ကောင်းလိုက်တာ...
အတွေးတစ်ခုပေါ်သွားကာ ကျောနောက်ကမှန်တွေဆီအကြည့်ပို့လိုက်သည်။မှန်အကြည်တွေက အပြင်ကဘာတွေဖြစ်ပျက်နေလဲဆိုတာကိုမြင်နေရသည်။ မိုးအုံ့နေသလိုမျိုးနေရိပ်နေတဲ့ရာသီဥတု...
ကုတ်ကိုဆွဲကာ အလုပ်ခန်းမှထွက်လာခဲ့တော့သည်။
"အလုပ်စောစောဆင်းပြီမို့ ဒီနေ့ပြန်ချင်ရင်စောစောပြန်ကြပါ"
အတွင်းရေးမှူးကိုပြောပြီး သူပြန်လာခဲ့သည်။ ကားကိုကိုယ်တိုင်ပဲမောင်းလာရင်း အိမ်ကိုအမြန်နှုန်းနဲ့ရောက်ချလာသည်။
ဖေဖေနဲ့မေမေတို့ကို ပြန်ရောက်ကြောင်းပြောကာ နာရီကိုကြည့်လိုက်တော့လေးနာရီကျော်။ အပေါ်တက်ပြီးအဝတ်အစားလဲကာပေါ့ပေါ့ပါးပါးအဝတ်အစားနဲ့သူပြန်ထွက်လာခဲ့သည်။ လက်ထဲကဘူးတစ်ခု...
စက်ဘီးခြင်းလေးထဲဘူးထည့်ကာ မြစ်ဘက်ဆီစက်ဘီးနဲ့ထွက်လာခဲ့သည်။ သာယာလိုက်တာ။
မနီးလည်းမနီးသလိုအရမ်းလည်းမဝေးလှတဲ့မြစ်ဆီလာပြီး ဒီလိုရာသီဥတုမှာအမောဖြေရတာ အညိုရောင်လေးထွက်သွားပြီးထဲကပဲ..အကျင့်တောင်ဖြစ်နေပြီ။
စက်ဘီးနင်းရင်းလေပြေတို့ကိုခံစားလိုက်သည်...အင်း လတ်ဆတ်လိုက်တာ...အချစ်တွေလည်းပြန်လတ်ဆတ်လာမလားပဲ?
မြစ်နားကမြက်ခင်းတွေဆီနင်းသွားရင်း ရပ်နေကြနေရာမှာစက်ဘီးရပ်ပြီးကြည့်လိုက်တော့....
Brown_Tae
မအပ်တော့ပဲထားမယ်လို့စဥ်းစားထားလို့ကြာနေတာနဲ့ရှေ့ဟာတွေပြန်ဖတ်ယူလိုက်ရတယ်😅 ပြီးတော့ ဟိုဆော့ရှီအပြောင်းအလဲမြန်လိုက်တာလို့မလုပ်နဲ့နော် သူအစထဲကချစ်နေပြီးသားပဲလေ☺🙏🏻
Thanks for reading
Amethyst_Jei
"ကျွန်တော်က ကင်မ်ထယ်ယောင်းပါ"
"အစထဲကဒီလိုပဲ!"
🤎
Brown_Tae
Thanks for reading
Amethyst_Jei
Continue Reading
You'll Also Like
33.1K 3.1K 24
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
128K 13.2K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
43.7K 6.4K 40
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
593K 37.6K 75
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...