?Daffodils[Complete]

Oleh ScarletV496

340K 21.1K 547

တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... Lebih Banyak

အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodils အပိုင္း(၄)ဒီခံစားခ်က္ကဘာလဲဆိုတာမေသခ်ာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင္း(၇)အသဲကြဲတယ္ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင္း(၈)ခ်ယ္ရီရင္ခုန္သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင္း(၁၇)ဖံုးကြယ္ထားတဲ့ အလႊာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင္း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင္း(၂၇)ရႉး !!တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင္း(၂၈)ဗရုတ္သုကၡေန့ရက္မ်ား
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုငျး(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင္း(၃၅)နာက်င္မႈထက္ပိုတဲ့နာက်င္မႈ• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုငျး(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book

🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!

3.5K 269 13
Oleh ScarletV496

"မိုးပင်လယ်..မင်း နွေဦးဧရာနဲ့ဆက်တွဲလို့မရဘူး"

မေမေ့အသံကတင်းမာပြတ်သားမှုအပြည့်...သူအမြဲမလွန်ဆန်နိုင်ခဲ့တဲ့ အသံမျိုး...

"ဘာဖြစ်လို့လဲ..မေမေပဲခွင့်ပြုပေးခဲ့တာမလား"

"ဟုတ်တယ်...ခွင့်ပြုပေးခဲ့တယ်...အဲ့တုန်းကမင်းကိုအပျော်သဘောခဏတွဲပါစေဆိုပြီးခွင့်ပြုပေးခဲ့တာ"

"ကျွန်တော် နွေဦးကိုအပျော်သဘောတွဲတာမဟုတ်ဘူးမေမေ ...ကျွန်တော် ဆရာဝန်ဆက်မလုပ်ရလဲဖြစ်တယ်..နွေဦးနဲ့တော့မပြတ်ဘူး"

"ရတယ်လေ...မင်းမေမေပြောတာကိုနားထောင်ပြီးမှ ဆုံးဖြတ်ချက်ချ...နွေဦးဧရာက မင်းအဖေရဲ့ မယားပါသား..သူ့အမေက မင်းဖေဖေကို မေမေတို့သားအမိဆီက လုသွားတာ"

"ဘာ!မယုံဘူး...ကျွန်တော်ဖေဖေ့ဆီသွားမယ် သေချာသွားမေးမယ်"

နောက်ကမေမေ့ရဲ့ အော်ဟစ်တားသံတွေကို မိုးပင်လယ် လစ်လျုရှုပြီး ကားသော့ကိုဆွဲယူပြီးမောင်းထွက်လာခဲ့တယ်။

/ဒုန်း!!/

ကျယ်လောင်တဲ့အသံနဲ့အတူ သူ့ကားလည်ထွက်သွားပြီး...သူ့မျက်နှာကို လေအိတ်ကရိုက်လာတယ်။ပြီးတော့တစ်ကိုယ်လုံး ထူပူလာပြီး သွေးနံ့တွေလှိုင်တက်လာတယ်။ပူနွေးတဲ့စီးကပ်ကပ်အရည်အချို့က သူ့နဖူးကနေစီးကျနေတယ်...ခေါင်းတွေကလဲတရိပ်ရိပ်နဲ့...သူ့ရှေ့တူရှုက မှုန်ဝါးဝါး ဖြစ်နေပြီ။

သူသေတော့မှာလား?

တစ်ယောက်ယောက်ကယ်ပေးကြပါဦး!

"အား!"
သူနာနာကျင်ကျင် အော်ပြီး မျက်လုံးကို ဖျတ်ခနဲဖွင့်ကာ ချက်ချင်းထထိုင်လိုက်တယ်။
သူ့ရင်အစုံက နိမ့်ချည်မြင့်ချည် နဲ့ လျင်လျင်မြန်မြန်လှုပ်ရှားနေတယ်။အသက်ရှုသံတွေပြင်းထန်နေပြီး ခုလေးတင်မှ သေရေးရှင်ရေးကလွတ်မြောက်လာသူလို ​ထိတ်လန့်မောပန်းနေတယ်။ခေါင်းအစခြေအဆုံးချွေးတွေနဲ့ ရွှဲနစ်နေပြီး မဲဘာန်းရဲ့အအေးဓာတ်ကသူ့အပေါ်အလုပ်မဖြစ်တော့ဘူး။

နံနက်၂နာရီ...
သူသက်ပြင်းကိုလေးလေးပင်ပင်ချလိုက်ပြီး သူ့မျက်နှာကို လက်ဖဝါးနှစ်ဖက်ကြား ထည့်ကာ ဖိပွတ်ပြီးဆံပင်တွေကိုပါဆွဲဖွပစ်လိုက်တယ်။

သူပြေးစက်ပေါ်မှာပြေးနေမိတာ ခုဆိုအနည်းဆုံး၄နာရီလောက်ရှိနေပြီးဒီလိုထထပြေးနေရတာလဲ ၃ရက်လောက်ရှိနေပြီ။သူ့ခန္ဓာကိုယ်ကရူးမတက်အရမ်းပင်ပန်းနေပေမယ့် သူထပ်ပြီးအိပ်ပျော်သွားမှာကြောက်တယ်။ပင်ပန်းပြီး လဲသေသွားတာကမှ အိမ်မက်ဆိုးမက်တာထက်သက်သာဦးမယ်။

အစကအဲ့လိုဖြစ်ရင် ဆေးလိပ်သောက်ပြီး စိတ်ကိုဖြေလျော့ခဲ့တာ။ဆေးလိပ်ပြန်သောက်ဖြစ်သွားတာ ဒီအကြောင်းတွေကြောင့်လဲပါတယ်။

ဒါပေမယ့် နွေဦးကိုတွေးမိလို့ ဆေးလိပ်သောက်မယ့်အစား ပြေးတာကိုရွေးလိုက်တယ်။သူ နွေဦးစကားကို တတ်နိုင်သမျှနားထောင်ပါတယ်။သူ့ရဲ့ ချစ်ခြင်းမေတ္တာကိုတစ်ဖက်လှည့်နည်းနဲ့ ပြသသလိုပဲလို့ခံစားရတယ်။နွေဦးကမသိနိုင်ဘူးဆိုရင်တောင်ပေါ့...

သူအိမ်မက်ဆိုးမက်ပြီဆို လန့်နိုးလာပြီး ပြန်အိပ်ဖို့ မတွေးရဲဘူး...ဘာဖြစ်လို့လဲဆိုတော့ အိပ်လိုက်ပြီဆိုတာနဲ့အိပ်မက်တစ်ခုထဲကိုပဲ ဟိုးအစကနေ ပြန်ပြန်မက်တတ်တာကြောင့် လန့်နိုးလာပြီဆိုတာနဲ့ ပြန်အိပ်မပျော်အောင်တစ်ခုခုကိုရှာကြံလုပ်နေတာအကောင်းဆုံးပဲ။

နွေဦးဆီက အပြန်မှာ ကားအက်စီးဒန့်အသေးလေးတစ်ခုကိုတွေ့ပြီးထဲက သူပုံလျက်ကျသွားတာ။အငွေ့ထွက်နေတဲ့ ကားရှေ့ပိုင်းရယ်..နဖူးကသွေးစီးကျနေတဲ့ လူရယ်ကိုတွေ့ပြီး  ရင်ဘက်တွေအောင့်တက်လာလို့ ကားကိုလမ်းဘေးဆွဲချပြီး ဟိန်းထက်ကိုလှမ်းခေါ်လိုက်ရတယ်။

လွန်ခဲ့တဲ့ နှစ်ကတော့ သူ့ကံတွေဇောက်ထိုးဆွဲချခံရတဲ့နှစ်လိုပဲ...ကားအက်စီးဒန့်ဖြစ်ပြီး PTSD (Post Traumatic Stress Disorder)အပျော့စားဖြစ်လောက်တဲ့ထိသူ့စိတ်ဒဏ်ရာရသွားခဲ့တာပဲ။မြန်မြန်ကုသမှုယူခဲ့လို့ PTSD အဆင့်ထိရောက်မသွားတာ။

ဟိန်းထက်စိတ်ပူတာလဲအပြစ်တော့ပြောလို့မရဘူး...သူ့ရဲ့စိတ်ဒဏ်ရာက အရှင်းမှမပျောက်သေးတာ။ခပ်ဆင်ဆင်တူတဲ့ ဖြစ်ရပ်မျိုးတွေ မြင်ရင် သူ့စိတ်တွေကဂယောင်ခြောက်ခြားတွေဖြစ်လာပြီး တစ်ညလုံး အိမ်မက်ဆိုးမက်တော့တာပဲ။

အဲ့​နေ့ညကဗီလာပြန်ရောက်တော့ ဆေးသောက်ပြီး အိပ်လိုက်ပေမယ့် သူ့အိမ်မက်ထဲမှာလွန်ခဲ့တဲ့နှစ်ကိုပြန်ရောက်သွားတယ်။အိပ်မက်ဆိုပေမယ့် လက်ရှိဖြစ်ပျက်နေသလို ရှင်းရှင်းလင်းလင်းအမြဲခံစားရတုန်းပဲ။မက်ပြီဆိုရင်လဲနေ့တိုင်း အိပ်နေတဲ့အချိန်တိုင်း အဲ့အဖြစ်အပျက်တစ်ခုထဲကိုမက်တာ။

မေမေ့ဆီက သူ့အဖေကြောင်းကြားပြီး မယုံနိုင်လို့ သူ့အဖေကို သွားမေးမယ့် လမ်းမှာ သူအက်စီးဒန့်ဖြစ်ခဲ့တာ။သူ့ကားအနောက်ဖက်ကို ဝင်တိုက်တာခံလိုက်ရပြီး သူ့ကားက လည်ထွက်ကာသစ်ပင်ကိုထပ်ပြီးဝင်ဆောင့်တယ်။သူကတော့ ရှေ့ကအသက်ကယ်လေအိတ်ကယ်လို့ အသက်မသေခဲ့တာ...ဒါပေမယ့် တိုက်သွားတဲ့ကားက သူ့ကိုဒီတိုင်းထားပြီးထွက်သွားပြီးတော့သူ့မှာ ဖုန်းလဲမပါလာဘူး။

မနက်မိုးလင်း လူသွားလူလာရှိလာတဲ့အထိ မသေရုံတမယ်အားတင်းပြီး အသက်ရှင်ခဲ့ရတယ်။ကားကထမပေါက်ကွဲတာပဲ ကျေးဇူးတင်ရမယ်..ဒါပေမယ့် အငွေ့တလူလူ သွေးနံ့တွေလိှုင်နေတဲ့ နေရာကျဥ်းကျဥ်းလေးမှာ တစ်ညလုံးနီးပါး နေခဲ့ရတယ်။

အဝေးပြေးလမ်းမဆိုပေမယ့်သူက မြန်မြန်ရောက်အောင်လူသွားလူလာကျဲတဲ့လမ်းကိုရွေးလိုက်မိတော့ သူ့အတွက်အခြေအနေတွေကပိုဆိုးကုန်တာပဲ။
အဲ့ဒီ အက်စီးဒန့်ကြောင့်ပဲ သူ့လက်ကျိုးသွားပြီး ကားအက်စီးဒန့်ကိုမြင်တာနဲ့ စိတ်​ချောက်ခြားတဲ့ စိတ်ဒဏ်ရာရသွားတာ။
လူသွားလူလာလဲမရှိ မျက်မြင်သက်သေ မပြောနဲ့ လမ်းကCCTV recordတောင်မရှိတော့ တိုက်သွားတဲ့ ခွေးသူတောင်းစားကိုလဲ မဖမ်းမိဘူး။

ဖမ်းမိကြည့်!!အသက်ရှင်နေရတာတောင် စိတ်ညစ်တဲ့ထိနှိပ်စက်ပစ်မယ်။လူလိုမသိတ​ဲ့ကောင်ကြောင့် သူဆုံးရှုံးခဲ့ရတာ အရမ်းများလွန်းတယ်။

သေချာတာတော့ သူခုတလောတော့ အိပ်လိုက်တာနဲ့ ကားအက်စီးဒန့်အဖြစ်အပျက်ထဲပြန်ရောက်နေတော့မှာ...သူအရမ်းချစ်တဲ့ခွဲစိတ်ဆရာဝန်အလုပ်ကို လက်လွှတ်လိုက်ရတဲ့ အပြင်ကိုမှ သူ့မှာစိတ်ဒဏ်ရာကျန်ခဲ့ရသေးတယ်။

ဆိုးလိုက်တဲ့ကံ!!

"ဟင်!အစ်ကို...နိုးနေပြီလား...ဒါမှမဟုတ် နိုးနေပြန်တာလား"

အိပ်မှုန်စုံဝါးနဲ့ မျက်လုံးပွတ်ပြီးထွက်တဲ့ ဟိန်းထက်ကို သူမနာလိုဖြစ်ဖြစ်နဲ့ ထိုင်နေတဲ့ ဆိုဖာပေါ်ကခေါင်းအုံးနဲ့လှမ်းပေါက်လိုက်တယ်။ဟိန်းထက်က သူ့အပြုအမူကြောင့်အံ့ြသသွားပေမယ့် သူ့ရဲ့ ညိုမဲနေတဲ့ မျက်ကွင်းကိုကြည့်ပြီး စိတ်မကောင်းလဲဖြစ်သွားပုံရတယ်။

"အစ်ကို အိပ်မပျော်ပြန်ဘူးလား"

"အိပ်ပျော်မှတော့ ဒီရုပ်ဖြစ်နေမလား"

"ဆောရီး!ဆေးမသောက်ဘူးလား"

"သောက်တယ်..မရဘူး...ဒီတစ်ခါက ကားအက်စီးဒန့်ဖြစ်ရုံတင်မကဘူး မေမေက နွေဦးအမေနဲ့ ဖေဖေ့အကြောင်းကိုပြောပြလိုက်တာတွေပါ ပါတယ်။နွေဦးနဲ့ပြောလိုက်တာတွေကြောင့်ဖြစ်မှာပေါ့"

"အဲ့ဒါဆို ဘယ်လိုလုပ်မလဲ...ဦးသူရအောင်ကိုအပိွုင့်မန့်လှမ်းလုပ်ရမလား"

"အင်း အဲ့လိုလုပ်လိုက်တော့!မြန်နိုင်သမျှမြန်မြန်ရက်ချိန်းရအောင်လုပ်..ငါအိပ်မက်ဆိုးမက်ပြီးမသေခင်"

"ဟုတ်ကဲ့!"

ဟိန်းထက်ကခပ်သွက်သွက်ထွက်သွားတယ်။သူ့ခေါင်းတွေထိုးကိုက်နေလို့ ဆိုဖာပေါ်ခေါင်းလှန်ချပြီး လက်ညိုး လက်မနဲ့ သူ့နားထင်တွေကိုဖိနှိပ်နေလိုက်ရတယ်။

နွေဦးကိုလွမ်းလိုက်တာ...သူမဲဘာန်းကမသွားခင် နွေဦးမျက်နှာလေးကိုခဏဖြစ်ဖြစ်မြင်ချင်တယ်။

သူမျက်လုံးမှိတ်ပြီး မှိန်းနေတုန်းမှာပဲ ခေမီ့ဆီကဖုန်းဝင်လာတယ်။သူစိတ်မပါလက်မပါနဲ့ ဖုန်းကိုင်လိုက်ပြီးဖုန်းကိုနားမှာကပ်ကပ်ခြင်း ခေမီ့ရဲ့ စိုးရိမ်ပူပင်ကြီးတဲ့ အသံကသူ့နားထဲဝင်လာတယ်။

"ဟဲလို..ကိုကို!ကိုကို အိပ်မက်ဆိုးတွေမက်နေပြန်ပြီဆို..ခေမီလာခဲ့ပေးရမလား"

"ရတယ်..မလိုဘူး...မင်းလာလဲ ဘာမှလုပ်ပေးနိုင်မှာမှမဟုတ်တာ..ပြီးတော့မင်းကငါအိပ်မက်ဆိုးမက်နေမှန်းဘယ်လိုသိတာလဲ"

"ခေမီကခုနတုန်းက ဦးသူ နဲ့စကားပြောနေတာ ...အဲ့အချိန်မှာ ဟိန်းထက်က အပိွုင့်မန့်လှမ်းယူတာ"

ဟုတ်သားပ​ဲ!ခေမီနဲ့ သူ့စိတ်အထူးကုနဲ့ကဆေးရုံတစ်ခုထဲ ဖြစ်တဲ့အပြင်  ခေမီ့ဦးလေးအရင်းကြီးဖြစ်နေတာကိုမေ့သွားတယ်။ဒါပေမယ့် စိတ်ရောဂါကုတွေက သူတို့လူနာရဲ့ အတွင်းရေးကို တွေ့တဲ့လူကိုလိုက်ပြောပြနေလို့မှမရတာ။

"ဟုတ်လား..အဲ့ဒါဆိုရင်တော့ ကိုယ်ဆရာဝန်ပြောင်းမှထင်တယ် ..လူနာရဲ့အတွင်းရေးတွေကိုပြောပြနေတဲ့ ဆရာဝန်ဆီမှာ.."

သူ့စကားမဆုံးခင်မှာ ခေမီက ပျာပျာသလဲ စကားဖြတ်ပြောတယ်။

"အို...မဟုတ်ဘူး မဟုတ်ဘူး...ကိုကို အိပ်မက်ဆိုးမက်နေတာကို ခေမီ ကိုယ့်ဘာသာကိုယ်သိသွားတာ...ဦးသူပြောလို့မဟုတ်ဘူး"

"အင်း..."

"ခေမီလာခဲ့ပေးရမလားဟင်!ကိုကို"

"ကိုယ်အဆင်ပြေပါတယ်..ခေမီလာစရာမလိုဘူး.."

"ဟုတ်!ကျန်းမာရေး ဂရုစိုက်နော် ကိုကို...ခေမီတကယ်စိုးရိမ်တယ်"

"အင်း"

မိုးပင်လယ် တိုတိုတုတ်တုတ်ဖြေပြီးဖုန်းချလိုက်တယ်။ခေမီနဲ့က ငယ်ငယ်ကတည်းကသိကျွမ်းခဲ့ပြီး ရင်းနှီးခဲ့တာကြောင့် ခေမီ့ရဲ့သူ့အပေါ်ထားတဲ့ စိတ်ကအမှန်တကယ်ဆိုတာသူသိတယ်။ဒါပေမယ့်..ခေမီ့ကိုသူဘယ်တော့မှ ချစ်သူတစ်ယောက်လိုချစ်လာမှာမဟုတ်ဘူး။သူ့နှလုံးသားထဲမှာ နွေဦးတစ်ယောက်ထဲပဲ ထာဝရထည့်ထားမှာမို့လို့။
__________________
"အစ်ကို ကျွန်တော်စောင့်နေရဦးမလား"

"ရတယ်..ငါပြီးမှ လှမ်းခေါ်လိုက်မယ်"
ဟိန်းထက်ကသူ့ကိုရိုရိုကျိုးကျိုး ခေါင်းညိတ်ပြပြီး ပြန်သွားတယ်။

မဲဘာန်းဆေးရုံရှေ့မှာ သူရောက်နေပြန်ပြီ။ကြောင်တောင်တောင်နိုင်ပေမယ့် သူရဲ့စိတ်ကုထုံး ဆရာဝန်ဆီကိုမသွားခင် နွေဦးကိုခဏဖြစ်ဖြစ်တွေ့သွားချင်လို့။ပြဿနာတွေ တက်ပြီးတော့နွေဦးကတော့သူ့ကိုသေချာပေါက်မြင်ချင်မှာ မဟုတ်ဘူး။သူလဲ မျက်နှာချင်းဆိုင်တော့မတွေ့ချင်ဘူး။စိတ်ထဲမှာ အဆင်မပြေဘူးလို့ခံစားရလို့ ..ကွယ်ရာကနေပဲဖြစ်ဖြစ်၊အရိပ်လေးလောက်ဖြစ်ဖြစ် ခဏလောက်မြင်ရရင်ကို သူအဆင်ပြေပါတယ်။

မသိမသာ သိုသိုသိပ်သိပ်ဆိုတာ မဲဘာန်းဆေးရုံနဲ့ ဘယ်နည်းနဲ့မှဘယ်တုန်းကမှသက်ဆိုင်တဲ့စကားလုံးတွေမဟုတ်ခဲ့ဘူး။ခုလဲအတူတူပဲ...သူဆေးရုံထဲကိုဝင်လိုက်ပြီဆိုတာနဲ့ သူရောက်နေတဲ့ သတင်းက တောမီးလို ဆေးရုံတစ်ခုလုံးပြန့်သွားပြီးပြီ။

သူကော်ရစ်ဒါတစ်လျှောက် လှမ်းနေမိပြီးသူ့စိတ်ထဲမှာတော့ ခွဲစိတ်ဆောင်ကိုသွားရမလား..ဆေးရုံအုပ်ဆီကိုပဲသွားရမလား ဝေခွဲမရဖြစ်နေတယ်။

"Sea!"

သူနောက်ကျောကနေခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ကိုထွဋ်နဲ့ အခြားကောင်လေးတစ်ယောက်ကိုတွေ့ရတယ်။နွေဦးက ရုံးခန်းထဲမှာများလား...ဘယ်မှာဖြစ်ဖြစ်ကိုထွဋ်ကိုအကြောင်းပြုပြီး သူလိုက်သွားလို့ရပြီ။သူ့အတွေးနဲ့သူ စိတ်ထဲမှာပျော်မြူးသွားရတယ်။ခုရက်ပိုင်းမှာ သူ့စိတ်မပေါ့ပါးရတာ ကြာပြီလေ။

နွေဦးကိုသူတွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့တင် သူ့စိတ်ထဲမှာကြည်လင်ပြီးပျော်မြူးသွားရတယ်။သူ နွေဦးကို တကယ်ပဲလက်လွှတ်နိုင်ပါ့မလား သူမသိတော့ဘူး။

"Sea..မင်းဘာလာလုပ်တာလဲ..တေဇ နှုတ်ဆက်လိုက်ဦး...ဒါဆေးရုံရဲ့ပုံမှန်အလှုရှင် မိုးပင်လယ်ပြာတဲ့..သူကထွဋ်တေဇ. ငါတို့ဌာနက"

ထွဋ်တေဇဆိုတဲ့ကောင်လေးက သူ့ကိုရိုရိုကျိုးကျိုးနဲ့ပြုံးပြနှုတ်ဆက်လာတယ်။ဖြစ်နိုင်ရင် နှုတ်ဆက်တာတွေဘာတွေအကုန်ကျော်ချလိုက်ပြီး နွေဦးရှိတဲ့နေရာကိုပဲ အပြေးသွားလိုက်ချင်ပြီ။ဒါပေမယ့်လဲသူပြန်ပြုံးပြလိုက်ပြီး..

"အစ်ကိုတို့ခု ရုံးခန်းပြန်မလို့လား"

"အေး"

"ကျွန်တော်လဲလိုက််မယ်"

သူ့စကားကြောင့် ကိုထွွဋ်ကမျက်မှောင်ကျုတ်တယ်။

"မင်းကဘာလိုက်လုပ်မှာလဲ နွေဦးမရှိဘူး"

"အဟင်း!အစ်ကိုကလဲ.."
မိုးပင်လယ်ရှက်ဝဲဝဲနဲ့ လည်ပင်းကိုပွတ်တော့ ကိုထွဋ်ကသူ့ကိုကြည့်ပြီးသက်ပြင်းချတယ်။

"မင်းတို့ကောင်တွေကဘာတွေလဲ...တစ်ယောက်ကလဲ ဘာမှမတွေးဖြစ်အောင်ဆိုပြီး အလုပ်ကိုသူ့တစ်ယောက်ထဲတာဝန်ပေးခံထားရသလို ကြုံးလုပ်တယ်...နောက်တစ်ယောက်ကလဲ ဘာခံစားချက်မှမထားတော့သလိုလိုနဲ့ ဆေးရုံထိလာလာရှာနေတယ်"

ကိုထွဋ်စကားကြောင့် သူ အီလည်လည်ပြုံးပြလိုက်ပြီး..

"ဟွန်း!ကျွန်တော်လဲမသိဘူး..."

သူတကယ်ကိုမသိတော့တာပါ!သူ့ပုံစံကစိတ်အပြောင်းအလဲမြန်တဲ့ အရူးတစ်ယောက်နဲ့တူနေတာပဲသိတော့တယ်။

"အင်း...မသိတာပဲကောင်းပါတယ်..မင်းတို့ဖြစ်တဲ့ပြဿနာကဘာမှန်း မသိလို့ငါလဲ ဘာမှမပြောတတ်ဘူး၊ဒါပေမယ် တစ်ယောက်ကိုတစ်ယောက်ချစ်ရင် လက်မလွှတ်ရဖို့တတ်နိုင်သမျှကြိုးစားသင့်တယ် Sea..ခုလိုခိုးကြောင်ခိုးဝှက် လုပ်မနေပဲ ရင်ဆိုင်ရမယ့်ဟာကိုရင်ဆိုင် ဖြေရှင်းလိုက်...ခုကတော့ နွေဦးကို ငါအိမ်ပြန်နားခိုင်းလိုက်တာ"

"ဗျာ!ဘာလို့..."

"Tension Headache ရပြီး ​တစ်ချက်တစ်ချက်ခေါင်းတွေထိုးထိုးကိုက်ရာကနေ ခုတော့ ဖျားချင်သလိုလိုဖြစ်နေလို့"

မိုးပင်လယ် ရင်ထဲ ထိတ်ပျာသွားရတယ်။နွေဦးကို အဲ့လိုဖြစ်အောင်လုပ်ခဲ့တာ သူများလား။ကိုထွဋ်ကို အပြေးတစ်ပိုင်းနှုတ်ဆက်ပြီး နွေဦးအိမ်ကို သူအရှိန်ကုန်မြင့်ပြီးပြေးလာခဲ့လိုက်တယ်။​
မြန်မြန်ရောက်ချင်တဲ့စိတ်ကြောင့်နေမယ်..နွေဦးရဲ့အိမ်ကဒီနေ့မှပိုဝေးနေတယ်။

ခြံဝမှာ သေချာရပ်ပြီး အမောဖြေ အင်္ကျီတွေဘာတွေ သေသေသပ်သပ်ပြန်လုပ်ပြီး သူခြံဝင်းထဲကိုတိတ်တဆိတ်လှမ်းဝင်လာခဲ့တယ်။

နွေဦးရှေ့ရောက်ရင် ဘာအကြောင်းပြရင်ကောင်းမလဲလို့သူတွေးနေတုန်းမှာ နားထဲဝင်လာတဲ့ ရယ်မောသံအချို့ကြောင့် သူနှလုံးသားထဲ ဖျင်းခနဲ ခံစားလိုက်ရပြီး ဆင်ခြင်တုံတရား ပျောက်သွားလုဖြစ်နေပြီ။

ပြည်စိုး ဆိုတဲ့​ကောင်နဲ့ နှစ်ယောက်ထဲမဖြစ်ပါစေ နဲ့...သဒ္ဒါထက်ပါရှိနေပါစေ..နွေဦးနဲ့နှစ်ယောက်ထဲ မဖြစ်ပါစေနဲ့..

မိုးပင်လယ်အဆက်မပြတ်ဆုတောင်းရင်း အိ်မ်ရဲ့တံခါးဝကိုဖြတ်ပြီး အထဲကိုဝင်လိုက်တယ်။
သူမေ့သွားတယ်..ဆုတောင်းတွေက အလုပ်မှမဖြစ်တတ်တာပဲ!

မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့အတွက် လူသတ်လို့တောင် ရလောက်တဲ့ထိ မနာလိုမစ္ဆိရစိတ်တွေ တိုးပွားလာစေတယ်။ပြည်စိုးက သူရပ်နေကျ စားပွဲရဲ့တစ်ဖက်ခြမ်းမီးဖို ဖက်မှာတစ်ခုခုချက်နေတာဖြစ်ပြီး နွေဦးကတော့ မျက်နှာချင်းဆိုင် စားပွဲခုံမှာ ထိုင်ပြီးပြည်စိုးကိုစကားပြောနေတယ်။

မိုးပင်လယ် လက်သီးကိုကျစ်ကျစ်ပါအောက်ဆုပ်ပြီး အံကိုဖိကြိတ်လိုက်မိတယ်။နွေဦး ကိုအခြားတစ်ယောက်နဲ့ တစ်သက်လုံးတွဲတွေ့ဖို့မပြောနဲ့ ခဏလေးနဲ့တောင် သူရင်နှစ်ခြမ်းကို အကြမ်းပတမ်းဆွဲခွဲခံရသလို သွေးစိမ်းရှင်ရှင်ကျနာကျင်နေရပြီ။

ဘယ်လောက်ထိတောင် တစ်ယောက်နဲ့တစ်ယောက် စိတ်ပါဝင်စားနေကြလို့သူတစ်ယောက်လုံးဝင်လာတာကိုမသိရတာလဲ။
သူ စားပွဲခုံနားထိရောက်အောင် တိုးသွားလိုက်ပြီး စားပွဲပေါ်ကိုလက်ထောက်ကာ နွေဦးပေါ်ကိုအုပ်မိုးပြီး​ပြောလိုက်တယ်။

"ဆေးရုံမှာနေမကောင်းချင်ယောင်ဆောင်ပြီး လာဒိတ်နေတာလား...ဟင်!"

နွေဦးကသူ့ကိုတအံ့တသြ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်လာတယ်။သူ့ကိုမြင်တော့ ရယ်လက်စနှုတ်ခမ်းလေးတွေက တည်တင်းသွားကာမျက်မှောင်ပါအလိုအလျောက်ကျုတ်သွားပြီး သူ့ကိုစိုက်ကြည့်လာတယ်။

နွေဦးရဲ့အပြုအမူကြောင့် မိုးပင်လယ်စိတ်ထဲမှာ ပြည်စိုးကို မနာလိုတဲ့စိတ်တွေက ပိုများလာပြီး မျက်နှာအနေအထားကပါတောင့်တင်းလာတော့တယ်။

ဆံပင်ညှပ်ထားပြီး ရေညိှိစိမ်းရောင်သန်းနေတဲ့ ဆံပင်အရောင်လေးနဲ့ နွေဦးက သေလောက်အောင် လိုက်ဖက်ပြီး ချစ်ဖို့ကောင်းနေတယ်။အဲ့လို မျက်နှာလေးနဲ့ သူမဟုတ်တဲ့လူကိုရယ်ပြနေတာ သူလုံးဝမခံစားနိုင်ဘူး။

အဖျားသွေးကြောင့် ပန်းရောင်သန်းနေတဲ့ မျက်နှာလေးကို မိုးပင်လယ်  စိုက်ကြည့်ပြီး လက်နဲ့မညှာမတာဖျစ်ချလိုက်တယ်။

"နွေဦး..မင်းကိုငါဘာပြောထားလဲ!"

"ဖယ်စမ်း!"

ပိုင်စိုးပိုင်နင်းနိုင်လွန်းတဲ့မိုးပင်လယ် ရဲ့လက်ကို နွေဦး အားသုံးပြီးပုတ်ချလိုက်တယ်။
ပြည်စိုးရှေ့မှာမို့နွေဦး အရှက်ကွဲသလိုခံစားနေရပြီး ဖြစ်နိုင်ရင် အငွေ့ပျံသွားတာပဲဖြစ်ဖြစ်...မြေကြီးထဲထိုးခွဲပြီးဝင်သွားတာပဲဖြစ်ဖြစ်လုပ်ပစ်လိုက်ချင်တယ်။

မိုးပင်လယ်က မုန်းစရာ​ကောင်းလောက်အောင် ရယ်ချလိုက်ပြီး..

"ဟန့်!ဖယ်လဲရပါတယ်..ဖြေးဖြေးလုပ်ပါ ကလေးလေးရဲ့!"

​နွေဦးကိုပြောရင်း တစ်ဆက်တည်းထဲမှာပဲ ပြည်စိုးဘက်ကိုလှည့်ကာ...

"ဟိတ်ကောင် ငါတို့စကားပြောမလို့မင်းထွက်သွားပေးလို့ရမလား"

ပြည်စိုးက နွေဦးကိုလှမ်းကြည့်လာတာမို့ နွေဦးကခေါင်းညိတ်ပြမှ စိတ်မချလက်မချ အင်တင်တင်နဲ့ထွက်သွားတယ်။

မိုးပင်လယ်က ပြည်စိုးထွက်သွားပြီး အရိပ်အယောင်မမြင်ရတဲ့အထိ လိုက်ကြည့်ပြီးမှ သူ့ဘက်ကိုပြန်လှည့်လာတယ်။ပြီး သူ့ကိုမျက်မှောင်ကုတ်စိုက်ကြည့်နေတဲ့ နွေဦး ဆံပင်လေးတွေကိုဆွဲဖွပြီး...သွားချွန်ချွန်လေးတွေပေါ်တဲ့ထိရယ်လိုက်တယ်။

အရင်တုန်းက မိုးပင်လယ်ရဲ့ သွားချွန်ချွန်အစွယ်လေးတွေကို အရမ်းသဘောကျခဲ့တာ...ခုကျတော့ ယုတ်မာတဲ့ဝံပုလွေကိုကြည့်နေရသလိုပဲ။

"ဒီဆံပင်အရောင်လေးနဲ့လိုက်တယ်"

"စောက်ရေးမပါတာတွေပြောမနေနဲ့...ဘာ​လာလုပ်တာလဲ"

မိုးပင်လယ်ကို နွေဦး မျက်လုံးလှန်ကြည့်ပြီး စိတ်ထဲရှိတဲ့အတိုင်းမေးချလိုက်တယ်။သူ ယဥ်ကျေးချင်စိတ်ကိုရှိမနေတော့ဘူး။နွေဦးကမှန်လိုကျင့်သုံးတတ်တဲ့သူ...တစ်ဖက်လူက သူ့ကိုရိုင်းနေရင် သူကပြန်ရိုင်းဖို့ပဲ ရှိတယ်။ထွေထွေထူးထူး တွေးနေမှာမဟုတ်ဘူး။

သူ့စကားကြောင့် မိုးပင်လယ် အရမ်းအံ့ြသသွားပုံရတယ်။

"စကားကိုဘယ်လိုတွေပြောနေတာလဲ နွေဦး!"

"ခင်ဗျားကကောင်းကောင်းပြောဖို့ထိုက်တန်တယ်လို့ထင်နေသေးလား..ခုနက ကျွန်တော့ကိုအရှက်ခွဲပြီးတာတောင်လေ"

"သြော်...ရည်းစားအသစ်လေးရှေ့မှာအရှက်ကွဲသွားလို့လား..နွေဦး မင်းကို ကိုယ်ပြောထားပြီးပြီနော်"

"စောက်ရေးမပါတာတွေ လုပ်နေ ပြောမနေပဲနဲ့ ပိုနေတဲ့အချိန်တွေကို ခင်ဗျားဇနီးလောင်းလေးကိုဂရုစိုက်နေရင်မကောင်းဘူးလား"

မိုးပင်လယ်စိတ်ထဲမှာတော်တော်လေးကို မပျော်မရွှင်ခံစားနေရပြီ။သူကစကားကောင်းကောင်းပြောဖို့ကြိုးစားနေပေမယ့် နွေဦးက သူနဲ့ဆန့်ကျင်ဘက်တွေလုပ်နေတယ်။

"နွေဦး!ကိုယ်စကားကောင်းကောင်းပြောလို့ပြောနေတယ်နော်...ပြီးတော့ ကိုယ်မှာထားတာကို ကိုယ့်ကလေးလေးကသေချာပေါက်ကို မလိုက်နာတာပဲ"

"လိုက်နာရအောင် ခင်ဗျားနဲ့ ကျွန်တော်နဲ့က ဘာတွေမို့လို့လဲ..ဆိုးဆိုးရွားရွားပြတ်ဆဲထားကြတဲ့ ဆက်ဆံရေးတွေပဲလေ"

နွေဦးစကားက သူ့အရှိုက်တည့်တည့်ကို ဆယ်ပေါင်တူနဲ့ထုချလိုက်သလိုပဲ။သူလဲအဲ့ဒါကို မသိတာမှမဟုတ်တာ..တမင်မေ့ထားတာ။နွေဦးနဲ့စကားပြောချင်လွန်းလို့ မေ့ထားတာ။ဒါပေမယ့် နွေဦးက ပြန်အစဖော်လာတယ်။သူ့ကိုပိုပြီးစိတ်တိုဒေါသထွက်စေတာက  နွေဦး သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းပြောနေလို့ဆိုတာထက် ပြည်စိုးသိန်း ကြောင့် နွေဦးက သူ့ကိုဒီလိုမျိုး ဆိုးဆိုးရွားရွားဆက်ဆံနေတာကြောင့်ပဲဖြစ်တယ်။

မိုးပင်လယ်က ကြောက်စရာကောင်းအောင်ပြုံးပြီးခေါင်းခါလိုက်တယ်။ပြီး နွေဦးမေးဖျားကို အားနဲ့ဖျစ်ပြီး ဆွဲမော့လိုက်ပြီး...

"အဲ့ဒါတင်ဘယ်ကမှာလဲ အချစ်လေးရဲ့..ကိုယ်က မင်းယောင်္ကျားလေ...မင်းမေ့သွားပြီလို့တော့မပြောနဲ့နော်...မင်းရဲ့ညည်းသံလေးတောင်ခုထိကိုယ် သတိရနေသေးတုန်း"

"ခင်ဗျား..ဘာလို့အဲ့အကြောင်းတွေလာပြောနေတာလဲ"

"ဘာလို့လဲ နွေဦးရဲ့..ခုမှရှက်နေတာလား...ကိုယ်တို့တွေလိုအပ်တဲ့ပစ္စည်းတွေမစုံတာတောင် လုပ်ခဲ့..."

သူ့စကားမဆုံးခင် သူ့ကိုမော့ကြည့်နေတဲ့နွေဦး မျက်လုံးတွေက မျက်ရည်တွေ​​​ကြောင့်စိုစွတ်လာပြီး တစ်ဖျတ်ဖျတ်လက်လာတယ်။မိုးပင်လယ်အဲ့လိုစကားတွေကို  မနာလို သဝန်တိုစိတ် ဒေါသတွေကြောင့် ပြောထွက်သွားပေမယ့် သူတကယ်ကို မပြောချင်ခဲ့တာမို့ ချက်ချင်းပဲ သူမှားမှန်းသိလိုက်တယ်။

သူတို့နှစ်ယောက်ဆက်ဆံရေးကနီးစပ်ဖို့လုပ်လိုက်တိုင်းမှာ ပိုပိုဝေးဝေးသွားနေပြီး သူကရှေ့ဆက်တိုးချင်စိတ်တွေ တိုးတိုးလာတယ်။

ကိုယ်တောင်းပန်ပါတယ် နွေဦး...ကိုယ်မင်းကိုလက်လွှတ်မပေးနိုင်လောက်ဘူး။မင်းရော ကိုယ်ရော နာကျင်ရမယ်ဆိုရင်တောင် အတူတူရှိနေချင်တယ်။

ကိုယ်မင်းကိုရူးလောက်အောင်ချစ်နေတာမို့လို့...တကယ်တော့သူရူးတောင်ရူးနှင့်နေပြီလားမသိတော့ဘူး။
__________________

A/N

PTSD(Post Traumatic Stress Disorder)-အတိတ်ဖြစ်ရပ်ဆိုးမှ ရုန်းမထွက်နိုင်ခြင်းစိတ်ဒဏ်ရာ



PTSDကတော့အချိူ့သိပြီးသားဖြစ်လောက်မှာပါ။😊

Lanjutkan Membaca

Kamu Akan Menyukai Ini

2K 146 19
ပထမဆုံးသူငယ်ချင်း ပထမဆုံးအချစ် ပထမဆုံးအလွမ်း ပထမဆုံးပိုင်ဆိုင်မှု ပထမဆုံးရှုံးမှု အရာအားလုံးရဲ့ပထမဆုံးက ခါနွေဦး မင်းနဲ့သာသက်ဆိုင်သည်
336K 30.9K 55
Title : Philophobia Genre : Own Creation / BL Tags : Romance-Comedy Cover Artist : Moon U Author...
7K 201 26
[Unicode] ဝိုင်ဟာ ပြင်းရှရှ ဝီစကီအရသာတွေထက် တဖြည်းဖြည်းနှင့် ခပ်ရေးရေးကလေး ယစ်မူးဖွယ်ရာအတိ။ [Zawgyi] ဝိုင်ဟာ ပြင်းရှရှ ဝီစကီအရသာတွေထက် တဖြည်းဖြည်းနှင...
1.1M 116K 47
#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုမျ...