ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

Cora0411 által

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... Több

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 10

10.4K 1.9K 13
Cora0411 által

//Zawgyi//

“ ရွန္…ရွန္ရိက်င္း? ” က်င္ရႊင္က မေသခ်ာမေရရာသလုိ ထပ္ခါတလဲလဲ ေရရြတ္ေနမိသည္။

Dragonျမိဳ႕ေတာ္ရဲ႕ အခ်မ္းသာဆံုးအမ်ိဳးသား ရွန္ရိက်င္းက ရက္စက္ကာ အၾကင္နာမဲ့တဲ့သူတစ္ေယာက္ျဖစ္သည္။ စာအုပ္ထဲမွာ သူကဗီလိန္အၾကီးစားပင္။

*လက္ကုိလွန္လိုက္ရင္တိမ္ကိုဆိုလိုျပီး လက္ကုိေမွာက္လိုက္ရင္မိုးကိုဆိုလိုတယ္။ သူက ညီအစ္ကုိသံေယာဇဥ္ေတြကုိ ဂရုမစိုက္ခဲ့ဘူး။ ဝတၳဳရဲ႕အဆံုးသတ္မွာ သူက ဆန္ကုန္ေျမေလးgongနဲ႔ အျခားသူေတြကုိ ေမွ်ာ္လင့္ခ်က္မဲ့တဲ့အေျခအေနကို တြန္းပို႔ခဲ့ျပီး ရွန္မိသားစုကုိ လံုးဝအတိျပိဳကြဲသြားေစခဲ့သည္။
[*လူေတြရဲ႕ ေျပာင္းလဲလြယ္မႈကိုေဖာ္ျပတာ ဒါမွမဟုတ္ အာဏာကိုအသံုးျပဳတတ္တဲ့အက်င့္ကိုေျပာတာ]

သူက ဘဝမွာ ေအာင္ႏုိင္သူလို႔ထင္ရေပမယ့္ စီနီယာေတြေျပာစကားအရ သူကဇာတ္လမ္းတစ္ခုလံုးမွာ အထီးက်န္အဆန္ဆံုးသူပင္။

ဒီလိုဆန္ကုန္ေျမေလးဝတၳဳကုိ မုန္းတဲ့ စာဖတ္သူေတြရဲ႕ရႈေထာင့္အရဆုိ ဆန္ကုန္ေျမေလးgongရဲ႕ အစ္ကုိၾကီးပါရွိမႈကသာလွ်င္ သူတုိ႔ရဲ႕ေဒါသေတြကုိ သက္သာရာရေစတဲ့ တစ္ခုတည္းေသာအပိုင္းျဖစ္သည္။

ဒါေပမယ့္ တကယ္ေတာ့ အဲ့အစ္ကိုၾကီးက တကယ္ကိုရက္စက္ၾကမ္းၾကဳတ္ကာ ဆိုးရြားတဲ့နာမည္ဂုဏ္သတင္းရွိသည္။ တကယ္လို႔ သူတုိ႔သာအဲ့လူကိုလက္ေတြ႔မွာေတြ႔မယ္ဆိုရင္ သူတုိ႔လံုးဝစိတ္သက္သာရာရမွာမဟုတ္ဘဲ ေၾကာက္ရြံ႕မႈကုိသာခံစားရမွာျဖစ္သည္။

တစ္ခါက သူ႔ကုိ တစ္စံုတစ္ေယာက္က သစၥာေဖာက္သြားတဲ့အခ်ိန္မွာဆို သူက အဲ့လူကို တုိက္ရုိက္ပင္ ရိုးရွင္းစြာေခ်မႈန္းခဲ့သည္။

ဆန္ကုန္ေျမေလးgongရဲ႕ ေနာက္လိုက္အဖြဲ႕ထဲက လူတစ္ေယာက္က သူ႔ကုိပါးစပ္နဲ႔ပဲက်ိန္ဆဲခဲ့ေပမယ့္ ဒီအာဏာရွင္ဥကၠ႒က တုိက္ရုိက္ပင္ အခုမ်ိဳးဆက္ထိလုပ္ကိုင္ေနတဲ့ မိသားစုစီးပြားေရးလုပ္ငန္းကုိ ဖ်က္ဆီးခဲ့ျပီး မင္းသားတစ္ပါးကေန သူေတာင္းစားတစ္ေယာက္ျဖစ္လာတဲ့ ပံုျပင္ကုိ လက္ေတြ႔ဗားရွင္းအေနနဲ႔ ျပသခဲ့သည္။

စာအုပ္ထဲက အဓိကဇာတ္ေဆာင္ အခုသူဝင္ေနတဲ့ယန္က်င္ရႊင္ေတာင္မွ ေနာက္ပိုင္းမွာ တစ္ခ်ိဳ႕အေၾကာင္းအရင္းေတြေၾကာင့္ ဗီလိန္အစ္ကုိၾကီးကုိ စိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့မိျပီး အသတ္ခံရလုနီးပါးျဖစ္ခဲ့သည္… မူလကိုယ္ရဲ႕ ေျခေထာက္ကိုခ်ိဳးခဲ့ျပီး သူ႔ကိုထာဝရမသန္မစြမ္းျဖစ္ေအာင္လုပ္ခဲ့တာက ဒီလူပင္။

အနည္းဆံုးေတာ့…ဒီဝတၳဳကုိတစ္ခါမွမဖတ္ဖူးဘဲ စီနီယာဆီကေနသာ ၾကားခဲ့ရတဲ့က်င္ရႊင္ကေတာ့ ဒီဗီလိန္အစ္ကုိၾကီးက ဒီကမာၻမွာ အၾကီးဆံုးေသာမိုးၾကိဳးသြားျဖစ္ျပီး ရန္စလို႔မရႏုိင္မွန္း သူနက္ရိႈင္းစြာမွတ္မိေနသည္။

ဒါဆို အခုေလးတင္ ဆက္ဆံေရးကုိ အတည္ျပဳလုိက္တဲ့ သူ႔ခ်စ္သူေကာင္ေလး…သူရဲ႕သတို႔သားေလာင္းက…

အေၾကာင္းအရင္းမရွိပါဘဲ ရုတ္ျခည္းက်င္ရႊင္ သူ႔ေျခေထာက္ကအနည္းငယ္ နာက်င္လာတာကိုခံစားရသည္။

“ မင္း ကုိယ့္အေၾကာင္းၾကားဖူးမွာပါ” ရွန္ရိက်င္းရဲ႕ေလသံထဲမွာ ဘာမေရရာမႈမွရွိမေနဘူး။

“……”

အေျဖကိုရလိုက္တဲ့က်င္ရႊင္က မသိစိတ္အေလ်ာက္ ေဘးဘက္ကိုမွီမိသြားသည္။

ေနာက္ဆံုးေတာ့ သူသိသြားခဲ့ျပီ၊ သူဒီလူကုိ ပထမဆံုးအၾကိမ္ေတြ႔တုန္းက တစ္ဖက္လူက တကယ္ကိုခက္ထန္တယ္လုိ႔ ဘာလို႔ခံစားခဲ့ရမွန္းကုိ…

ဘာလို႔လဲဆိုေတာ့ ဒီစာအုပ္ထဲမွာ အဲ့လုိေရးထားလုိ႔ပဲ!

အဲ့တာက...

စာအုပ္ထဲက ဒ႑ာရီလာ ၾကမ္းၾကဳတ္တဲ့ဗီလိန္ၾကီးက …အဲ့ေလာက္လဲ မၾကမ္းၾကဳတ္သလုိပါပဲ

သူက မၾကမ္းၾကဳတ္ရုံမကဘဲ မင္းသူ႔ကုိ ပံုမွန္အတုိင္းၾကည့္မယ္ဆိုရင္ သူကအေတာ္ေလးကိုခန္႔ညားေသးသည္။ ဒီဗီလိန္ရဲ႕ၾကမ္းၾကဳတ္မႈက သူ႔အသြင္အျပင္မဟုတ္ဘဲ သူ႔ရဲ႕ျပဳမူပံုနဲ႔ ေတြးေခၚပံုဆိုတာကုိ ဘယ္သူကမွက်င္ရႊင္ကုိမေျပာခဲ့ၾကဘူး…!

ဒီဟာက မေကာင္းဘူး။

ရုတ္တရပ္ သူဖတ္ခဲ့တဲ့ အီလက္ထေရာနစ္ ေဆးစစ္ခ်က္ေကာ္ပီကုိ က်င္ရႊင္သတိရသြားသည္။

သူက သာမန္မဟုတ္ဘဲ ေနမေကာင္းျဖစ္ေနတယ္။

သူေနမေကာင္းျဖစ္ေနတဲ့အခ်ိန္ သူ႔ကုိယ္သူမထိန္းခ်ဳပ္ႏုိင္မွာက ေသခ်ာေပါက္ပဲ။ အျခားစကားလံုးနဲ႔ေျပာရရင္ ဒီအစ္ကုိၾကီးက အခုခ်ိန္မွာ ယဥ္ေက်းျပီး ပံုမွန္ျဖစ္ေနေပမယ့္ တကယ္တမ္းက…

ေနာင္တ
သူ အရမ္းကိုေနာင္တရေနတယ္!

ေဆးစစ္ခ်က္မွာတုန္းက သူဘာလုိ႔နာမည္ကို တစ္ခ်က္ေလာက္မၾကည့္ခဲ့မိရတာလဲ?…အခုသူကားထဲကေန ထြက္သြားဖုိ႔ အရမ္းကုိေနာက္က်သြားျပီလား?

က်င္ရႊင္က အလိုအေလ်ာက္ တံခါးလက္ကုိင္ကုိ ထိမိလိုက္သည္ အဲ့တာက အခ်ည္းႏွီးမွန္း သူသိေပမယ့္လည္းေပါ့..

ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ သူကက်န္းမာတဲ့ကိုယ္ရွိလာျပီး ဇာတ္ေၾကာင္းကုိလဲ ေက်ာ္လႊားႏုိင္ျပီမို႔ ဒီကိစၥကုိ ဒီလုိၾကီးနဲ႔ေတာ့ အျပီးမသတ္ခ်င္ဘူး!

လြန္ခဲ့တဲ့တစ္ခဏတုန္းက ဒီခန္႔ညားတဲ့ခ်စ္သူက အရမ္းရုိမန္႔တစ္ဆန္တယ္လုိ႔ သူေတြးခဲ့သည္။
ေနာက္တစ္စကၠန္႔မွာပဲ သူ႔သတုိးသားေလာင္းက ဗီလိန္ဆိုတာသိသြားေတာ့…ဘာရိုမန္႔တစ္ဆန္မႈမွမရွိေတာ့ဘူး။

က်င္ရႊင္က လူမမာေတြကို ႏွိမ့္ခ်မဆက္ဆံဘူးဆိုေပမယ့္ အဲ့တာက ဇာတ္ေၾကာင္းထဲမွာ သူ႔အေပၚ ရက္စက္ၾကမ္းၾကဳတ္၊ ဆိုးဆုိးရြားရြားဆက္ဆံျပီးေတာ့ သူ႔ကုိဖိႏွိပ္ခဲ့တဲ့ တစ္စံုတစ္ေယာက္ဆီကို လည္စင္းခံဖို႔ သူ႔ကုိယ္သူအေရာက္ပို႔လိမ့္မယ္လို႔ေတာ့ မဆိုလိုဘူး။

အထူးသျဖင့္ မူလဇာတ္ေၾကာင္းထဲမွာ…

က်င္ရႊင္ရဲ႕တံခါးလက္ကိုင္ကုိ ထိလုိက္တဲ့လႈပ္ရွားမႈက မသိသာေပမယ့္ တစ္ဖက္လူကေတာ့ သတိျပဳမိသြားဆဲပင္။

ျပီးေတာ့သိသိသာသာကုိပဲ ရွန္ရိက်င္းက အဲ့တာေၾကာင့္ မသက္မသာခံစားလာရသည္။

သူ႔ကုိ အေတာ္ေလးေကာင္းမြန္တဲ့အမူအရာနဲ႔ စကားေျပာေနဆဲျဖစ္တဲ့ ရွန္ရိက်င္းက ရုတ္ျခည္း မ်က္ေမွာင္ၾကဳတ္သြားသည္။

မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက အပူခ်ိန္သံုးပံုတစ္ပံုေလာက္က်ဆင္းသြားပံုပင္။ သူတုိ႔က သိသိသာသာကို နက္ရိႈင္းေတာက္ပတဲ့မ်က္ဝန္းေတြဆိုေပမယ့္ အလြန္အမင္းေအးစက္ေနကာ ဆီးႏွင္းေတြဖံုးလႊမ္းလာသလုိပင္။

တစ္ဖက္လူအေပၚမွာ အာရုံစုိက္ေနတဲ့ က်င္ရႊင္က သဘာဝက်က်ပဲ သူ႔မ်က္လံုးထဲက ေျပာင္းလဲမႈကို ျမင္ကာ ဒါကသူ႔ကုိလူေတြအေၾကာက္ရဆံုး အေၾကာင္းအရင္းျဖစ္လိမ့္မယ္လို႔ ရုတ္တရပ္ခံစားလုိက္ရသည္။

သူ႔မ်က္လံုးေတြက အရမ္းေအးစက္ေနတယ္။ သူ႔မ်က္လံုးေအာက္ေျခက ဆီးႏွင္းခဲေတြအတုိင္းပဲ

သူဘာကုိေၾကာက္ေနမွန္း က်င္ရႊင္မသိဘူး။ အဲ့မ်က္ဝန္းေတြထဲက အၾကည့္ေၾကာင့္ သူေၾကာက္လန္႔သြားပံုပင္။

ေၾကာက္လန႔္မႈေၾကာင့္ သူေဘးကုိတစ္ဖန္မွီလုိက္သည္။

ဒါေပမယ့္ သိသာစြာကုိပင္ ရွန္ရိက်င္းက သူ႔ရဲ႕အေဝးကုိေရႊ႕တဲ့အျပဳအမူကုိ မၾကိဳက္ေလဘူး။ သူ႔မ်က္လံုးထဲက ေရခဲနဲ႔ဆီးႏွင္းေတြက အလႊာသစ္ေၾကာင့္ ပိုထူထပ္လာသည္။

“ မင္းကိုယ့္ကုိေၾကာက္ေနတာလား?” ရွန္ရိက်င္းေမးလုိက္သည္။

သူ႔သံေနသံထားက ဥယ်ာဥ္ထဲလမ္းေလွ်ာက္ထြက္ေနသလိုမ်ိဳး သာမန္က်ကာ သူ႔ရဲ႕နက္ရိႈင္းတဲ့အသံက တေယာၾကီးရဲ႕ဆြဲမက္ဖြယ္အသံနဲ႔ အေတာ္ကုိဆင္သည္။ ဒါေပမယ့္ သူ႔ရဲ႕ဗီလိန္အစ္ကုိၾကီးဆိုတဲ့သရုပ္နဲ႔ ယွဥ္တြဲလုိက္ေတာ့ ဒီတစ္ခဏမွာ ဒီစကားလံုးေတြက အနည္းငယ္…ေအးစိမ့္လာသလိုပင္။

“ မဟုတ္ဘူး” က်င္ရႊင္က ေခါင္းကုိထပ္ခါတလဲလဲ ခါရမ္းလုိ္က္သည္။ အဲ့တာက တကယ္ေတာ့ အလုိအေလ်ာက္တံု႔ျပန္မႈပင္။

အဲ့ေနာက္ သူ တိုးသက္တဲ့ရယ္သံကုိၾကားလုိက္ရသည္။

အဲ့ဖိႏွိပ္ထားတဲ့ရယ္သံက တစ္ၾကိမ္တည္းသာ ထြက္ေပၚလာတာျဖစ္သည္။ အဲ့ေနာက္မွာေတာ့ ေလသံကပုိလုိ႔ပင္တုိးသက္သြားျပီး ေဖာ္ျပလို႔မရႏုိင္တဲ့ၾကမ္းၾကဳတ္မႈႏွင့္အတူ ကားထဲမွာပ်ံ႕ႏွံ႔လာသည္။

“ ဒါဆိုမင္းဘာကို ေရွာင္ပုန္းေနတာလဲ?”

“…”

အေအးဒဏ္ေၾကာင့္ က်င္ရႊင္တုန္ယင္သြားသည္။

ဒါေပမယ့္ ကံေကာင္းစြာနဲ႔ သူ႔ဦးေႏွာက္ရဲ႕စြမ္းအားျပည့္ ခြဲျခမ္းစိတ္ျဖာႏုိင္စြမ္းရည္က ဒီအခုိက္အတန္႔မွာ အလိုအေလ်ာက္ အသက္ဝင္လာသည္။ မူလကုိယ္ မသန္မစြမ္းျဖစ္သြားတာက သူကဆန္ကုန္ေျမေလးgongရဲ႕ လွည့္ဖ်ားျခင္းခံရျပီး ဗီလိန္အစ္ကိုၾကီးကုိ ဆုိးရြားတဲ့အရာေတြျပဳလုပ္ခဲ့လို႔ပင္။

--ညီအစ္ကုိႏွစ္ေယာက္က တရားဝင္တစ္ဦးကိုတစ္ဦးဆန္႔က်င္ျပီးေနာက္ ကူးသန္းေရာင္းဝယ္ေရး လ်ိဳ႕ဝွက္ခ်က္ေတြကို ရယူရန္အလို႕ငွာ ဆန္ကုန္ေျမေလးေကာင္ ဒုတိယသခင္ေလးက မူလကုိယ္ကုိ သူ႔အစ္ကုိၾကီးရဲ႕လက္ေထာက္အျဖစ္ အလုပ္လုပ္ရန္ ရည္ရြယ္ခ်က္ရွိရွိ တမင္တကာ လွည့္စားခဲ့သည္။

ယန္က်င္ရႊင္ အဲ့ေနရာကိုအပုိ႔ခံလုိက္ရတဲ့အေၾကာင္းအရင္းက အဲ့အခ်ိန္မွာ ဆန္ကုန္ေျမေလးgongအသံုးျပဳႏိုင္တဲ့ လူကမ်ားမ်ားစားစားမရွိဘဲ ရွန္ရိက်င္းအတြက္ မူလကုိယ္က လံုးဝကုိမ်က္ႏွာအသစ္ျဖစ္ေလတယ္။

သနားစရာ မူလကိုယ္က ဆန္ကုန္ေျမေလးgongရဲ႕ ရည္ရြယ္ခ်က္ေတြကို လံုးဝမသိဘဲ သူရဲ႕ဆန္ကုန္ေျမေလးေကာင္ကုိ အမွီလိုက္မႈက သန္႔စင္တဲ့အခ်စ္အတြက္ပဲျဖစ္သည္။ ရွန္ေပၚဟန္က ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္မွန္းသိသြားျပီးေနာက္ သူကအျမဲတေစ တမင္ကို ဆန္ကုန္ေျမေလးgongရဲ႕ မိသားစုအေျခအေနကိုနားလည္ေအာင္လုပ္ျခင္းမွ ေရွာင္ၾကဥ္ခဲ့သည္။

ဆန္ကုန္ေျမေလး gongနဲ႔ သူ႔အစ္ကိုၾကားထဲက ဆန္႔က်င္မႈအေၾကာင္းကုိ သူကမ်ားမ်ားစားစားမသိခဲ့ဘူး။ အဲ့အခ်ိန္တုန္းက သူကစီနီယာႏွစ္ျပီးလို႔ အလုပ္ရွာေနတဲ့အခ်ိန္ ဆန္ကုန္ေျမေလးgongက လူတိုင္းအလုပ္လုပ္ခ်င္ေနၾကတဲ့ ကုမၸဏီၾကီးတစ္ခုမွာ သူအလုပ္ရဖုိ႔အေကာင္းဆံုးၾကိဳးစားေပးခဲ့သည္။ မူလကုိယ္ရဲ႕မ်က္လံုးထဲမွာေတာ့ ရွန္ေပၚဟန္က ဒါကုိသူေကာင္းဖုိ႔အတြက္ လုပ္ေပးခဲ့ျပီး သူ႔ကုိအလုပ္ရွာတာကူညီေပးဖို႔ စိတ္ႏွစ္ထားတယ္ဟုပင္။

သူမသိတာကေတာ့ ဆန္ကုန္ေျမေလးgongက သူ႔ကုိ လုပ္ငန္းလ်ိဳ႕ဝွက္ခ်က္ေတြခိုးယူဖို႔ ပစၥည္းတစ္ခုအေနနဲ႔ သံုးေနတယ္ဆိုတာကိုပင္…

ေျပာရမယ္ဆိုရင္ ယန္က်င္ရႊင္ လက္ေထာက္တစ္ေယာက္အေနနဲ႔ လုပ္ခဲ့တဲ့အခ်ိန္အေတာ္အတြင္းမွာ စာဖတ္သူအမ်ားအျပားက အဓိကဇာတ္ေဆာင္gongနဲ႔ အဓိကဇာတ္ေဆာင္shouကို လမ္းခြဲေစခ်င္ခဲ့ၾကတယ္၊ မူလကုိယ္က ႏွစ္ၾကိမ္ပြင့္လန္း*ႏုိင္ကာ ရက္စက္ေပမယ့္ မ်က္ႏွာေျပာင္တိုက္တဲ့** အစ္ကုိၾကီးနဲ႔ အတြဲျဖစ္ႏုိင္တယ္လုိ႔ ေတြးရင္းနဲ႔ေပါ့။
[*ဒုတိယအၾကိမ္လက္ထပ္လို႔ရတယ္၊ ဒုတိယအၾကိမ္ခ်စ္သူထားလို႔ရတယ္။
**မေကာင္းတဲ့အရာေတြကုိ ပြင့္ပြင့္လင္းလင္းနဲ႔စဥ္းလဲစြာ လုပ္တာကုိေျပာတာပါ]
ဇာတ္လံုးရဲ႕အဆံုးမွာေတာ့ သူတုိ႔ႏွစ္ေယာက္ၾကားဘာမီးပြားမွ မရွိခဲ့တာကေတာ့ သနားစရာပဲေပါ့။

ဗီလိန္အစ္ကုိၾကီးရဲ႕ ရက္စက္မႈနဲ႔မာနၾကီးမႈက ဒီတုိင္းသာမန္ကာလွ်ံကာေျပာလို႔ရတာမဟုတ္ေပ။ စာအုပ္တစ္အုပ္လံုးရဲ႕ လွပေခ်ာေမာတဲ့ဇာတ္ပုိ႔ေတြရဲ႕ေရွ႕မွာ ဒါမွမဟုတ္ ျဖတ္သြားျဖစ္လာေတြကုိေတာင္ လြယ္လြယ္ကူကူ ႏူးညံ့မႈကုိလႈံ႕ေဆာ္ေပးႏိုင္တဲ့ ပန္းျဖဴေလး အဓိကဇာတ္ေဆာင္shouရဲ႕ေရွ႕မွာေတာင္မွ သူက အနည္းငယ္ေသာေသြးေဆာင္မႈကိုေတာင္ မခံစားခဲ့ရဘူး။

စတီးလုိေျဖာင့္မတ္တဲ့အမ်ိဳးသားရဲ႕ပံုရိပ္ဟာ လူေတြရဲ႕ႏွလံုးသားထဲမွာ နက္ရိႈင္းစြာအျမစ္တြယ္ေနခဲ့ျပီး သူက မူလကိုယ္ကုိ မ်က္ေတာင္တစ္ခ်က္ေတာင္မခတ္ဘဲ ႏွိပ္စက္ခဲ့သည္။

ဒီဟာက မူလကုိယ္ကုိေနာက္ဆံုးေတာ့ ဆန္ကုန္ေျမေလးgongကို စြန္႔လႊတ္ေစႏုိင္ခဲ့ေပမယ့္ လက္က်န္တစ္ဘဝလံုး မသန္မစြမ္းျဖစ္သြားတာမို႔ ျငိမ္းခ်မ္းတဲ့အဆံုးသတ္ကုိ လက္ခံရရွိဖုိ႔က မျဖစ္ႏုိင္ေပ…

သို႔ေသာ္ျငားလည္း သူက ယန္က်င္ရႊင္ျဖစ္လာျပီဆိုေတာ့ ဆန္ကုန္ေျမေလးgongနဲ႔ ဘာမွလုပ္စရာမရွိေတာ့မွန္း က်င္ရႊင္ရွင္းလင္းစြာသိသည္။

ေရွ႕ေျပးအေျခအေနက ေျပာင္းလဲသြားတာမုိ႔ အဲ့တာအရေနာက္ပိုင္းျဖစ္ႏုိင္ေျခေတြကလည္း ေျပာင္းလဲသြားျပီ။

မူလကုိယ္က ဆန္ကုန္ေျမေလးgongရဲ႕လွည့္စားခံခဲ့ရတယ္ဆုိေပမယ့္ သူ႔အေတြးေတြက ယိမ္းယိုင္သြားျပီး ေဘာ့စ္ရဲ႕စီးပြားေရးလ်ိဳ႕ဝွက္ခ်က္ေတြကုိ ဆန္ကုန္ေျမေလးgongအတြက္ ခုိးယူခဲ့တယ္ဆိုတာက မျငင္းႏိုင္ေပ။

အျပစ္ေပးမႈက လြန္ကဲတယ္ဆုိရင္ေတာင္မွ အမွားက အမွားျဖစ္ေနတုန္းပဲေလ။

ဒါေပမယ့္ လက္ရွိ သူကယန္က်င္ရႊင္ေနရာမွာ အစားဝင္ေနျပီျဖစ္တဲ့အတြက္ သူက ဒီလိုမ်ိဳးစီးပြားေရးသူလွ်ိဳအလုပ္ကုိ ဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူး။

ဒါဆို ရွန္ရိက်င္းကို သစၥာေဖာက္ရမယ့္ အေၾကာင္းအရင္းလဲမရွိေတာ့ဘူး။

မွ်မွ်တတေျပာရရင္ မသန္မစြမ္းျဖစ္တယ္ဆုိတဲ့အရာက သူ႔ဆီကုိဘယ္ေတာ့မွ ျဖစ္ပ်က္လာမွာမဟုတ္ဘူး။

ဒါဆို…သူက ဘာကုိေၾကာက္ရမွာလဲ?

က်င္ရႊင္က ရုတ္တရပ္သေဘာေပါက္မႈၾကီးေၾကာင့္ မ်က္ေတာင္ေတြပုတ္ခတ္ပုတ္ခတ္ျဖစ္သြားသည္။

သူ႔ရဲ႕အမူအရာအေျပာင္းအလဲက သူ႔ကုိေသေစႏုိင္ေလာက္တဲ့အၾကည့္နဲ႔ ၾကည့္ေနတဲ့ရွန္ရိက်င္းကို ေျခတစ္လွမ္းျပန္ဆုတ္သြားေစသည္။

က်င္ရႊင္က ခပ္ျမန္ျမန္ မတ္မတ္ျပန္ထုိင္လုိက္သည္။ အေပၚပုိင္းကိုမတ္လို္က္ေတာ့ လူႏွစ္ေယာက္ၾကားက အကြာအေဝးကုိ ေလ်ာ့ခ်သြားေစသည္။

ရွန္ရိက်င္းက သူ႔ကုိတည့္တည့္မတ္မတ္စိုက္ၾကည့္ေနဆဲပင္။ သူ႔မ်က္ႏွာေပၚက ခံစားခ်က္ေတြက ေဖာ္ျပလို႔မရေပမယ့္ သူ႔ၾကည့္ရတာ က်င္ရႊင္က ဘာလို႔ေရွာင္ပုန္းလဲဆိုတဲ့ အေျဖကို ေစာင့္ဆိုင္းေနသလုိပင္။ သူ႔ပံုစံက မေက်နပ္ခ်က္ေတြနဲ႔အတူ အစပ်ိဳးေနတဲ့ေလမုန္တိုင္းတစ္ခုလိုျဖစ္ေနကာ က်င္ရႊင္ကိုဘယ္အခ်ိန္မွာမဆို ဝါးမ်ိဳခ်ေတာ့မလိုျဖစ္ေနသည္။

…အဲ့ေအးစက္တဲ့မ်က္ဝန္းေတြနဲ႔ ဆံုေတြ႔လိုက္ရေတာ့ က်င္ရႊင္ သူ႔ကုိယ္သူမေၾကာက္ဖုိ႔ ေျပာေနရသည္။ သူဆံပင္ကုိသပ္လုိက္သည္။

က်င္ရႊင္မွာ အလယ္အလတ္အရွည္ရွိတဲ့ ဆံပင္တုိေလးေတြရွိသည္။

သူ႔မ်က္လံုးေထာင့္မွာ မ်က္ရည္ခံမွဲ႔ရွိေနတဲ့အတြက္ ေကာင္းစြာပံုေဖာ္ထားတဲ့ တရုတ္ဆီးေစ့သ႑ာန္မ်က္ဝန္းေတြက ႏူးညံ့ကာ ေရေတြလွ်ံထြက္ေတာ့မလုိ ညင္သာေနသည္။ ဒီမ်က္ဝန္းေတြက လူေတြကုိၾကည့္လုိက္မယ္ဆိုရင္ သူတို႔က အလိုအေလ်ာက္ကို ရွင္းသန္႔ျပီး အႏၱရာယ္မရွိတဲ့ခံစားခ်က္ကုိ ေပးစြမ္းႏုိင္သည္။

သူ႔ရဲ႕အသြင္အျပင္တစ္ခုလံုး အထူးသျဖင့္သူ႔ဦးေခါင္းက က်ိဳးႏြံတတ္တဲ့ ႏူးညံ့တဲ့သားေမြးလံုးေလးနဲ႔ အေတာ္ဆင္ကာ ေရအိုင္တစ္ခုလိုမ်ိဳး ညင္သာေနျပီး ေလႏွင္ရာလြင့္ေနကာ ဘာဆူးခၽြန္မွမရွိဘဲ ႏူးညံ့လို႔ေနသည္။

ဒါေပမယ့္ က်င္ရႊင္က လူသတ္ခ်င္ေနတဲ့အၾကည့္ကို ဆင္ျမန္းထားတဲ့ တစ္ဖက္လူရဲ႕ေမးခြန္းကုိ လ်စ္လ်ဴရႈလုိက္ျပီး တုိက္ရုိက္ပင္ ေခါင္းစဥ္ကုိေျပာင္းလုိက္သည္။
“ ဒါဆို…ရွန္ေပၚဟန္က ခင္ဗ်ားညီေလးလား?”

ေယဘုယ်က်က်ေျပာရရင္ ဘယ္သူကမွ ရွန္ရိက်င္းရဲ႕ ေမးခြန္းကိုလ်စ္လ်ဴမရႈရဲဘူး။ အထူးသျဖင့္ အဲ့လူက သူ႔ေရွ႕မွာ အရင္ေခါင္းစဥ္နဲ႔ ဘာမွမဆိုင္တဲ့ အေၾကာင္းအရာအသစ္ကုိ သာမန္ကာလွ်ံကာ ေျပာတာမ်ိဳးက…အလြန္႔အလြန္ကို နည္းပါးေသာသူေတြမွာပဲ အဲ့သတၱိရွိတယ္။

ဒါေပမယ့္ က်င္ရႊင္က ေဒတာအင္ပါယာေလ*
[ *အဲ့အသံုးအႏႈန္းက သခၤ်ာေတာ္တဲ့သူေတြကို ေဖာ္ျပတဲ့ေနရာမွသံုးပါတယ္။ စာေရးဆရာက က်င္ရႊင္ရဲ႕ခြဲျခမ္းစိတ္ျဖာမႈေကာင္းပံုကို ရည္ညႊန္းခ်င္တာပါ]

သူ႔မွာတကယ္ကို ဘဝအေတြ႔အၾကံဳအမ်ားၾကီးမရွိရင္ေတာင္မွ ဒါကအေတာ္ေလးရုိးရွင္းသည္ ဗီလိန္က သူ႔ကုိမသန္မစြမ္းျဖစ္ေစမယ့္ အေၾကာင္းရင္းမရွိဘူးဆိုတာကို သူသိသိခ်င္း သူထပ္ျပီးမေၾကာက္ေတာ့ဘူး။

က်င္ရႊင္က သူျပဳလုပ္ခဲ့တဲ့ အယူအဆေကာက္ခ်က္ခ်က္မႈေတြ၊ ေဒတာေတြနဲ႔ပတ္သက္ရင္ အေတာ္ေလးယံုၾကည္ခ်က္ရွိသည္။

တစ္ဖက္လူရဲ႕ အဆံုးမရွိတဲ့အၾကည့္နဲ႔ ရင္ဆုိင္ေနရင္း သူရုိးရုိးရွင္းရွင္း တည့္တိုးပဲေျပာခ်လိုက္သည္
“ ခင္ဗ်ားက ရွန္ရိက်င္းဆုိရင္ ကၽြန္ေတာ္နဲ႔ရွန္ေပၚဟန္အေၾကာင္းကုိ ခင္ဗ်ားၾကားဖူးမွာေပါ့”

ရွန္ရိက်င္း အဲ့အေၾကာင္းနဲ႔ပတ္သက္ျပီး တစ္စံုတစ္ခုကို ၾကားခဲ့သည္။

ဒါဆို ေကာင္ေလးက သူ႔အနားကေန အေဝးကိုေရႊ႕သြားတာက သူ႔ကိုေၾကာက္လုိ႔မဟုတ္ဘဲ ရွန္ေပၚဟန္နဲ႔ကိစၥေၾကာင့္ေပါ့…

ေႏြဦးေလေျပေလး ရုတ္ျခည္းတုိ္က္ခတ္သြားကာ ကမာၻၾကီးက တစ္ဖန္အသက္ဝင္လာသလိုမ်ိဳး ကားထဲက အပူခ်ိန္က အမ်ားၾကီးျမင့္တက္လာသည္။

ရုတ္တရပ္ အနည္းငယ္ရယ္စရာေကာင္းတယ္လို႔ ရွန္ရိက်င္းခံစားလုိက္ရသည္။

ႏွစ္ေပါင္းမ်ားစြာၾကာသြားေပမယ့္ သူ႔ကုိေၾကာက္တဲ့သူေတြက အမ်ားအျပားရွိေနတုန္းပင္။ သူဒါကုိဂရုမထားခဲ့ဘဲ ဒီဟာက သူနဲ႔တစ္ျခားသူေတြၾကားမွာ အကြာအေဝးတစ္ခုျဖစ္ေစကာ သူ႔ရဲ႕လ်ိဳ႕ဝွက္ခ်က္ေတြကို သူ႔ရန္သူေတြမျမင္ေအာင္ဖံုးကြယ္တဲ့နည္းလမ္းတစ္ခုသဖြယ္ ျဖစ္လာသည္။

ဒါေပမယ့္ သူ႔သရုပ္မွန္ကုိၾကားျပီးေနာက္ လူငယ္ေလးရဲ႕အေၾကာက္တရားက သူ႔ကုိရွင္းျပလို႔မရႏုိင္ေအာင္ ေဒါသထြက္လာေစကာ အဲ့အခ်က္ကိုလက္မခံႏုိင္ခဲ့ဘူး။

ဒီလိုေဒါသထြက္ျခင္းမ်ိဳးက တုိက္ရုိက္ပဲသိသာသြားျပီး မထိန္းခ်ဳပ္ႏုိင္ကာ သူ႔စိတ္ကစဥ့္ကလ်ားျဖစ္တဲ့အခါလုိမ်ိဳး ျဖစ္သြားသည္။

ရွန္ရိက်င္းက မတ္မတ္ထိုင္ေနဆဲျဖစ္ကာ သူ႔အၾကည့္ကုိေတာ့ က်င္ရႊင္ဆီကေန ေရႊ႕သြားသည္။

သူက လက္ႏွစ္ဖက္လံုးကို သူ႔ေျခေထာက္ေပၚမွာ ယွက္တင္လုိက္ကာ သူ႔ဒူးေခါင္းေတြကုိ လက္ေခ်ာင္းတစ္ေခ်ာင္းနဲ႔ ပုတ္ေနမိသည္။
“ ကိုယ္သိတယ္”

သူဒါကိုေျပာလုိက္တဲ့အခ်ိန္ သူ႔အသံက အရင္ကလိုမ်ိဳး တည္ၾကည္၊ေလးနက္၊ ေျဖာင့္မတ္တဲ့အသံျပန္ျဖစ္သြားသည္
“ ကိုယ္ဗီဒီယိုကုိျမင္လိုက္တယ္။ ကိုယ္မင္းရဲ႕အတိတ္ကို ဂရုမစုိက္ဘူး၊ မင္းကေရာ? ”

က်င္ရႊင္ : “ ? ”

က်င္ရႊင္က ရွန္ရိက်င္းရဲ႕ေမးခြန္းကုိ နားမလည္ဘူး။

ရွန္ရိက်င္း : “ ကိုယ္တုိ႔ဆက္ဆံေရးကို အတည္ျပဳျပီးတဲ့ေနာက္မွာ မင္း ကုိယ့္ညီနဲ႔ ပတ္သက္မႈရွိေနမွာကို ကိုယ္မလိုခ်င္ဘူး”

“အိုး..ေသခ်ာတာေပါ့”

ဒီအခ်ိန္မွာ က်င္ရႊင္ရဲ႕ ဆန္ကုန္ေျမေလးgongကိုအစျပဳျပီးေျပာလုိက္တာက စကားလမ္းေၾကာင္းေျပာင္းဖို႔သာမကဘဲ ဒီဗီဒီယိုရဲ႕ပ်ံ႕ႏွံ႔ပံုအရဆို ရွန္ရိက်င္းက သူနဲ႔ဆန္ကုန္ေျမေလးgongရဲ႕ဆက္ဆံေရးကို အခုခ်ိန္မွာမသိရင္ေတာင္မွ အနာဂတ္မွာသိလာမယ္ဆိုတာကုိ သူသိတာေၾကာင့္လည္းပါသည္။

အနာဂတ္မွာ သူတုိ႔ညီအစ္ကုိေတြ တစ္ေယာက္ကိုတစ္ေယာက္ဆန္႔က်င္ၾကတဲ့အခ်ိန္ ျပႆနာျဖစ္လာမွာကို ေရွာင္ရွားဖုိ႔ရန္ သူက ဆန္ကုန္ေျမေလးgongနဲ႔ ဘာပတ္သက္မႈမွမရွိေတာ့ကို ရွင္းလင္းေအာင္လုပ္ထားဖို႔လိုတယ္လို႔ က်င္ရႊင္ခံစားရသည္။

သူအခုခ်က္ခ်င္း အဆိုျပဳခ်က္တစ္ခုလုပ္ရမယ္။

က်င္ရႊင္ : “ ကၽြန္ေတာ္ သူနဲ႔လမ္းခြဲျပီးျပီ၊ သူနဲ႔ဘာမွပတ္သက္မႈမရွိေတာ့သလို သူ႔ကုိထပ္ျပီးဆက္သြယ္မွာလဲမဟုတ္ဘူး”

“ ေကာင္းတယ္” ရွန္ရိက်င္းက အျခားဘာတံု႔ျပန္မႈမွမရွိဘဲ ေျပာလာသည္
“ ကုိယ္သိျပီ”

“……?” လူငယ္ေလးက မေနႏုိင္ဘဲ သူ႔ေဘးကအမ်ိဳးသားေကာင္းကုိ ရႈပ္ေထြးေနတဲ့အၾကည့္နဲ႔ၾကည့္လုိက္မိသည္။

ဒါေပမယ့္ ကားေျဖးေျဖးမွန္မွန္နဲ႔ ေနာက္လမ္းႏွစ္ေကြ႔အထိ သြားေနေပမယ့္ ရွန္ရိက်င္းက ထပ္ျပီးေတာ့ စကားမေျပာလာခဲ့ဘူး။

အဲ့ေခါင္းစဥ္က ျပီးဆံုးသြားျပီမွန္း က်င္ရႊင္သေဘာေပါက္သြားသည္။

ဒါဆို…အဲ့တာကျပီးသြားျပီေပါ့?
ဒါပဲလား?

ေယဘူယ်က်က်ေျပာရမယ္ဆိုရင္ မင္းရဲ႕လက္ထပ္မယ့္လက္တြဲေဖာ္က မင္းညီေလးရဲ႕ ရည္စားေဟာင္းမွန္း သိသြားရင္ ဘယ္သူမဆို အေတြးအခ်ိဳ႕ေတာ့ရွိၾကမွာပဲ မဟုတ္ဘူးလား?

အထူးသျဖင့္ ဇာတ္လမ္းအရဆိုရင္ ဗီလိန္အစ္ကုိၾကီးနဲ႔ ဆန္ကုန္ေျမေလးညီေလးက သံဟဇာတျဖစ္တဲ့ ညီအစ္ကုိဆက္ဆံေရးမ်ိဳး မဟုတ္ဘူး။

ဒါဆုိ အစ္ကုိၾကီး…ခင္ဗ်ား ဒီလက္ထက္ပြဲကေန ႏႈတ္ထြက္ဖို႔ တကယ္မေတြးထားဘူးေပါ့?

အခု ခင္ဗ်ားဒီေစ့စပ္မႈကို ဖ်က္သိမ္းခ်င္တယ္ဆိုရင္လဲ အဆင္ေျပတယ္ေနာ္ တကယ္ပါ!

***
စာေရးသူမွာေျပာစရာရွိတယ္:

က်င္ရႊင္ : လာပါ စိတ္ျငိမ္ျငိမ္ထားျပီး ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ၾကရေအာင္ေနာ္ ဟုတ္ျပီလား?

အစ္ကုိၾကီး : မေကာင္းဘူး

က်င္ရႊင္ : ……

အခ်ိဳ႕လူေတြက သိခ်င္ေနၾကတယ္ gong(ရွန္ရိက်င္း)က သဝန္တိုမွာလားဆိုတာကိုေပါ့၊ က်ိန္းေသေပါက္ သူသဝန္တိုလာမွာပါ!! စာေရးသူရဲ႕ favorite scenceေတြ ဟားဟား

............................❤

//Unicode//

“ ရှန်…ရှန်ရိကျင်း? ” ကျင်ရွှင်က မသေချာမရေရာသလို ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။

Dragonမြို့တော်ရဲ့ အချမ်းသာဆုံးအမျိုးသား ရှန်ရိကျင်းက ရက်စက်ကာ အကြင်နာမဲ့တဲ့သူတစ်ယောက်ဖြစ်သည်။ စာအုပ်ထဲမှာ သူကဗီလိန်အကြီးစားပင်။

*လက်ကိုလှန်လိုက်ရင်တိမ်ကိုဆိုလိုပြီး လက်ကိုမှောက်လိုက်ရင်မိုးကိုဆိုလိုတယ်။ သူက ညီအစ်ကိုသံယောဇဉ်တွေကို ဂရုမစိုက်ခဲ့ဘူး။ ဝတ္ထုရဲ့အဆုံးသတ်မှာ သူက ဆန်ကုန်မြေလေးgongနဲ့ အခြားသူတွေကို မျှော်လင့်ချက်မဲ့တဲ့အခြေအနေကို တွန်းပို့ခဲ့ပြီး ရှန်မိသားစုကို လုံးဝအတိပြိုကွဲသွားစေခဲ့သည်။
[*လူတွေရဲ့ ပြောင်းလဲလွယ်မှုကိုဖော်ပြတာ ဒါမှမဟုတ် အာဏာကိုအသုံးပြုတတ်တဲ့အကျင့်ကိုပြောတာ]

သူက ဘဝမှာ အောင်နိုင်သူလို့ထင်ရပေမယ့် စီနီယာတွေပြောစကားအရ သူကဇာတ်လမ်းတစ်ခုလုံးမှာ အထီးကျန်အဆန်ဆုံးသူပင်။

ဒီလိုဆန်ကုန်မြေလေးဝတ္ထုကို မုန်းတဲ့ စာဖတ်သူတွေရဲ့ရှုထောင့်အရဆို ဆန်ကုန်မြေလေးgongရဲ့ အစ်ကိုကြီးပါရှိမှုကသာလျှင် သူတို့ရဲ့ဒေါသတွေကို သက်သာရာရစေတဲ့ တစ်ခုတည်းသောအပိုင်းဖြစ်သည်။

ဒါပေမယ့် တကယ်တော့ အဲ့အစ်ကိုကြီးက တကယ်ကိုရက်စက်ကြမ်းကြုတ်ကာ ဆိုးရွားတဲ့နာမည်ဂုဏ်သတင်းရှိသည်။ တကယ်လို့ သူတို့သာအဲ့လူကိုလက်တွေ့မှာတွေ့မယ်ဆိုရင် သူတို့လုံးဝစိတ်သက်သာရာရမှာမဟုတ်ဘဲ ကြောက်ရွံ့မှုကိုသာခံစားရမှာဖြစ်သည်။

တစ်ခါက သူ့ကို တစ်စုံတစ်ယောက်က သစ္စာဖောက်သွားတဲ့အချိန်မှာဆို သူက အဲ့လူကို တိုက်ရိုက်ပင် ရိုးရှင်းစွာချေမှုန်းခဲ့သည်။

ဆန်ကုန်မြေလေးgongရဲ့ နောက်လိုက်အဖွဲ့ထဲက လူတစ်ယောက်က သူ့ကိုပါးစပ်နဲ့ပဲကျိန်ဆဲခဲ့ပေမယ့် ဒီအာဏာရှင်ဥက္ကဋ္ဌက တိုက်ရိုက်ပင် အခုမျိုးဆက်ထိလုပ်ကိုင်နေတဲ့ မိသားစုစီးပွားရေးလုပ်ငန်းကို ဖျက်ဆီးခဲ့ပြီး မင်းသားတစ်ပါးကနေ သူတောင်းစားတစ်ယောက်ဖြစ်လာတဲ့ ပုံပြင်ကို လက်တွေ့ဗားရှင်းအနေနဲ့ ပြသခဲ့သည်။

စာအုပ်ထဲက အဓိကဇာတ်ဆောင် အခုသူဝင်နေတဲ့ယန်ကျင်ရွှင်တောင်မှ နောက်ပိုင်းမှာ တစ်ချို့အကြောင်းအရင်းတွေကြောင့် ဗီလိန်အစ်ကိုကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မိပြီး အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်… မူလကိုယ်ရဲ့ ခြေထောက်ကိုချိုးခဲ့ပြီး သူ့ကိုထာဝရမသန်မစွမ်းဖြစ်အောင်လုပ်ခဲ့တာက ဒီလူပင်။

အနည်းဆုံးတော့…ဒီဝတ္ထုကိုတစ်ခါမှမဖတ်ဖူးဘဲ စီနီယာဆီကနေသာ ကြားခဲ့ရတဲ့ကျင်ရွှင်ကတော့ ဒီဗီလိန်အစ်ကိုကြီးက ဒီကမ္ဘာမှာ အကြီးဆုံးသောမိုးကြိုးသွားဖြစ်ပြီး ရန်စလို့မရနိုင်မှန်း သူနက်ရှိုင်းစွာမှတ်မိနေသည်။

ဒါဆို အခုလေးတင် ဆက်ဆံရေးကို အတည်ပြုလိုက်တဲ့ သူ့ချစ်သူကောင်လေး…သူရဲ့သတို့သားလောင်းက…

အကြောင်းအရင်းမရှိပါဘဲ ရုတ်ခြည်းကျင်ရွှင် သူ့ခြေထောက်ကအနည်းငယ် နာကျင်လာတာကိုခံစားရသည်။

“ မင်း ကိုယ့်အကြောင်းကြားဖူးမှာပါ” ရှန်ရိကျင်းရဲ့လေသံထဲမှာ ဘာမရေရာမှုမှရှိမနေဘူး။

“……”

အဖြေကိုရလိုက်တဲ့ကျင်ရွှင်က မသိစိတ်အလျောက် ဘေးဘက်ကိုမှီမိသွားသည်။

နောက်ဆုံးတော့ သူသိသွားခဲ့ပြီ၊ သူဒီလူကို ပထမဆုံးအကြိမ်တွေ့တုန်းက တစ်ဖက်လူက တကယ်ကိုခက်ထန်တယ်လို့ ဘာလို့ခံစားခဲ့ရမှန်းကို…

ဘာလို့လဲဆိုတော့ ဒီစာအုပ်ထဲမှာ အဲ့လိုရေးထားလို့ပဲ!

အဲ့တာက...

စာအုပ်ထဲက ဒဏ္ဍာရီလာ ကြမ်းကြုတ်တဲ့ဗီလိန်ကြီးက …အဲ့လောက်လဲ မကြမ်းကြုတ်သလိုပါပဲ

သူက မကြမ်းကြုတ်ရုံမကဘဲ မင်းသူ့ကို ပုံမှန်အတိုင်းကြည့်မယ်ဆိုရင် သူကအတော်လေးကိုခန့်ညားသေးသည်။ ဒီဗီလိန်ရဲ့ကြမ်းကြုတ်မှုက သူ့အသွင်အပြင်မဟုတ်ဘဲ သူ့ရဲ့ပြုမူပုံနဲ့ တွေးခေါ်ပုံဆိုတာကို ဘယ်သူကမှကျင်ရွှင်ကိုမပြောခဲ့ကြဘူး…!

ဒီဟာက မကောင်းဘူး။

ရုတ်တရပ် သူဖတ်ခဲ့တဲ့ အီလက်ထရောနစ် ဆေးစစ်ချက်ကော်ပီကို ကျင်ရွှင်သတိရသွားသည်။

သူက သာမန်မဟုတ်ဘဲ နေမကောင်းဖြစ်နေတယ်။

သူနေမကောင်းဖြစ်နေတဲ့အချိန် သူ့ကိုယ်သူမထိန်းချုပ်နိုင်မှာက သေချာပေါက်ပဲ။ အခြားစကားလုံးနဲ့ပြောရရင် ဒီအစ်ကိုကြီးက အခုချိန်မှာ ယဉ်ကျေးပြီး ပုံမှန်ဖြစ်နေပေမယ့် တကယ်တမ်းက…

နောင်တ
သူ အရမ်းကိုနောင်တရနေတယ်!

ဆေးစစ်ချက်မှာတုန်းက သူဘာလို့နာမည်ကို တစ်ချက်လောက်မကြည့်ခဲ့မိရတာလဲ?…အခုသူကားထဲကနေ ထွက်သွားဖို့ အရမ်းကိုနောက်ကျသွားပြီလား?

ကျင်ရွှင်က အလိုအလျောက် တံခါးလက်ကိုင်ကို ထိမိလိုက်သည် အဲ့တာက အချည်းနှီးမှန်း သူသိပေမယ့်လည်းပေါ့..

ဒါပေမယ့် နောက်ဆုံးမှာတော့ သူကကျန်းမာတဲ့ကိုယ်ရှိလာပြီး ဇာတ်ကြောင်းကိုလဲ ကျော်လွှားနိုင်ပြီမို့ ဒီကိစ္စကို ဒီလိုကြီးနဲ့တော့ အပြီးမသတ်ချင်ဘူး!

လွန်ခဲ့တဲ့တစ်ခဏတုန်းက ဒီခန့်ညားတဲ့ချစ်သူက အရမ်းရိုမန့်တစ်ဆန်တယ်လို့ သူတွေးခဲ့သည်။
နောက်တစ်စက္ကန့်မှာပဲ သူ့သတိုးသားလောင်းက ဗီလိန်ဆိုတာသိသွားတော့…ဘာရိုမန့်တစ်ဆန်မှုမှမရှိတော့ဘူး။

ကျင်ရွှင်က လူမမာတွေကို နှိမ့်ချမဆက်ဆံဘူးဆိုပေမယ့် အဲ့တာက ဇာတ်ကြောင်းထဲမှာ သူ့အပေါ် ရက်စက်ကြမ်းကြုတ်၊ ဆိုးဆိုးရွားရွားဆက်ဆံပြီးတော့ သူ့ကိုဖိနှိပ်ခဲ့တဲ့ တစ်စုံတစ်ယောက်ဆီကို လည်စင်းခံဖို့ သူ့ကိုယ်သူအရောက်ပို့လိမ့်မယ်လို့တော့ မဆိုလိုဘူး။

အထူးသဖြင့် မူလဇာတ်ကြောင်းထဲမှာ…

ကျင်ရွှင်ရဲ့တံခါးလက်ကိုင်ကို ထိလိုက်တဲ့လှုပ်ရှားမှုက မသိသာပေမယ့် တစ်ဖက်လူကတော့ သတိပြုမိသွားဆဲပင်။

ပြီးတော့သိသိသာသာကိုပဲ ရှန်ရိကျင်းက အဲ့တာကြောင့် မသက်မသာခံစားလာရသည်။

သူ့ကို အတော်လေးကောင်းမွန်တဲ့အမူအရာနဲ့ စကားပြောနေဆဲဖြစ်တဲ့ ရှန်ရိကျင်းက ရုတ်ခြည်း မျက်မှောင်ကြုတ်သွားသည်။

မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက အပူချိန်သုံးပုံတစ်ပုံလောက်ကျဆင်းသွားပုံပင်။ သူတို့က သိသိသာသာကို နက်ရှိုင်းတောက်ပတဲ့မျက်ဝန်းတွေဆိုပေမယ့် အလွန်အမင်းအေးစက်နေကာ ဆီးနှင်းတွေဖုံးလွှမ်းလာသလိုပင်။

တစ်ဖက်လူအပေါ်မှာ အာရုံစိုက်နေတဲ့ ကျင်ရွှင်က သဘာဝကျကျပဲ သူ့မျက်လုံးထဲက ပြောင်းလဲမှုကို မြင်ကာ ဒါကသူ့ကိုလူတွေအကြောက်ရဆုံး အကြောင်းအရင်းဖြစ်လိမ့်မယ်လို့ ရုတ်တရပ်ခံစားလိုက်ရသည်။

သူ့မျက်လုံးတွေက အရမ်းအေးစက်နေတယ်။ သူ့မျက်လုံးအောက်ခြေက ဆီးနှင်းခဲတွေအတိုင်းပဲ

သူဘာကိုကြောက်နေမှန်း ကျင်ရွှင်မသိဘူး။ အဲ့မျက်ဝန်းတွေထဲက အကြည့်ကြောင့် သူကြောက်လန့်သွားပုံပင်။

ကြောက်လန့်မှုကြောင့် သူဘေးကိုတစ်ဖန်မှီလိုက်သည်။

ဒါပေမယ့် သိသာစွာကိုပင် ရှန်ရိကျင်းက သူ့ရဲ့အဝေးကိုရွှေ့တဲ့အပြုအမူကို မကြိုက်လေဘူး။ သူ့မျက်လုံးထဲက ရေခဲနဲ့ဆီးနှင်းတွေက အလွှာသစ်ကြောင့် ပိုထူထပ်လာသည်။

“ မင်းကိုယ့်ကိုကြောက်နေတာလား?” ရှန်ရိကျင်းမေးလိုက်သည်။

သူ့သံနေသံထားက ဥယျာဉ်ထဲလမ်းလျှောက်ထွက်နေသလိုမျိုး သာမန်ကျကာ သူ့ရဲ့နက်ရှိုင်းတဲ့အသံက တယောကြီးရဲ့ဆွဲမက်ဖွယ်အသံနဲ့ အတော်ကိုဆင်သည်။ ဒါပေမယ့် သူ့ရဲ့ဗီလိန်အစ်ကိုကြီးဆိုတဲ့သရုပ်နဲ့ ယှဉ်တွဲလိုက်တော့ ဒီတစ်ခဏမှာ ဒီစကားလုံးတွေက အနည်းငယ်…အေးစိမ့်လာသလိုပင်။

“ မဟုတ်ဘူး” ကျင်ရွှင်က ခေါင်းကိုထပ်ခါတလဲလဲ ခါရမ်းလိုက်သည်။ အဲ့တာက တကယ်တော့ အလိုအလျောက်တုံ့ပြန်မှုပင်။

အဲ့နောက် သူ တိုးသက်တဲ့ရယ်သံကိုကြားလိုက်ရသည်။

အဲ့ဖိနှိပ်ထားတဲ့ရယ်သံက တစ်ကြိမ်တည်းသာ ထွက်ပေါ်လာတာဖြစ်သည်။ အဲ့နောက်မှာတော့ လေသံကပိုလို့ပင်တိုးသက်သွားပြီး ဖော်ပြလို့မရနိုင်တဲ့ကြမ်းကြုတ်မှုနှင့်အတူ ကားထဲမှာပျံ့နှံ့လာသည်။

“ ဒါဆိုမင်းဘာကို ရှောင်ပုန်းနေတာလဲ?”

“…”

အအေးဒဏ်ကြောင့် ကျင်ရွှင်တုန်ယင်သွားသည်။

ဒါပေမယ့် ကံကောင်းစွာနဲ့ သူ့ဦးနှောက်ရဲ့စွမ်းအားပြည့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည်က ဒီအခိုက်အတန့်မှာ အလိုအလျောက် အသက်ဝင်လာသည်။ မူလကိုယ် မသန်မစွမ်းဖြစ်သွားတာက သူကဆန်ကုန်မြေလေးgongရဲ့ လှည့်ဖျားခြင်းခံရပြီး ဗီလိန်အစ်ကိုကြီးကို ဆိုးရွားတဲ့အရာတွေပြုလုပ်ခဲ့လို့ပင်။

--ညီအစ်ကိုနှစ်ယောက်က တရားဝင်တစ်ဦးကိုတစ်ဦးဆန့်ကျင်ပြီးနောက် ကူးသန်းရောင်းဝယ်ရေး လျို့ဝှက်ချက်တွေကို ရယူရန်အလို့ငှာ ဆန်ကုန်မြေလေးကောင် ဒုတိယသခင်လေးက မူလကိုယ်ကို သူ့အစ်ကိုကြီးရဲ့လက်ထောက်အဖြစ် အလုပ်လုပ်ရန် ရည်ရွယ်ချက်ရှိရှိ တမင်တကာ လှည့်စားခဲ့သည်။

ယန်ကျင်ရွှင် အဲ့နေရာကိုအပို့ခံလိုက်ရတဲ့အကြောင်းအရင်းက အဲ့အချိန်မှာ ဆန်ကုန်မြေလေးgongအသုံးပြုနိုင်တဲ့ လူကများများစားစားမရှိဘဲ ရှန်ရိကျင်းအတွက် မူလကိုယ်က လုံးဝကိုမျက်နှာအသစ်ဖြစ်လေတယ်။

သနားစရာ မူလကိုယ်က ဆန်ကုန်မြေလေးgongရဲ့ ရည်ရွယ်ချက်တွေကို လုံးဝမသိဘဲ သူရဲ့ဆန်ကုန်မြေလေးကောင်ကို အမှီလိုက်မှုက သန့်စင်တဲ့အချစ်အတွက်ပဲဖြစ်သည်။ ရှန်ပေါ်ဟန်က ချမ်းသာတဲ့ဒုတိယမျိုးဆက်မှန်းသိသွားပြီးနောက် သူကအမြဲတစေ တမင်ကို ဆန်ကုန်မြေလေးgongရဲ့ မိသားစုအခြေအနေကိုနားလည်အောင်လုပ်ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။

ဆန်ကုန်မြေလေး gongနဲ့ သူ့အစ်ကိုကြားထဲက ဆန့်ကျင်မှုအကြောင်းကို သူကများများစားစားမသိခဲ့ဘူး။ အဲ့အချိန်တုန်းက သူကစီနီယာနှစ်ပြီးလို့ အလုပ်ရှာနေတဲ့အချိန် ဆန်ကုန်မြေလေးgongက လူတိုင်းအလုပ်လုပ်ချင်နေကြတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ သူအလုပ်ရဖို့အကောင်းဆုံးကြိုးစားပေးခဲ့သည်။ မူလကိုယ်ရဲ့မျက်လုံးထဲမှာတော့ ရှန်ပေါ်ဟန်က ဒါကိုသူကောင်းဖို့အတွက် လုပ်ပေးခဲ့ပြီး သူ့ကိုအလုပ်ရှာတာကူညီပေးဖို့ စိတ်နှစ်ထားတယ်ဟုပင်။

သူမသိတာကတော့ ဆန်ကုန်မြေလေးgongက သူ့ကို လုပ်ငန်းလျို့ဝှက်ချက်တွေခိုးယူဖို့ ပစ္စည်းတစ်ခုအနေနဲ့ သုံးနေတယ်ဆိုတာကိုပင်…

ပြောရမယ်ဆိုရင် ယန်ကျင်ရွှင် လက်ထောက်တစ်ယောက်အနေနဲ့ လုပ်ခဲ့တဲ့အချိန်အတော်အတွင်းမှာ စာဖတ်သူအများအပြားက အဓိကဇာတ်ဆောင်gongနဲ့ အဓိကဇာတ်ဆောင်shouကို လမ်းခွဲစေချင်ခဲ့ကြတယ်၊ မူလကိုယ်က နှစ်ကြိမ်ပွင့်လန်း*နိုင်ကာ ရက်စက်ပေမယ့် မျက်နှာပြောင်တိုက်တဲ့** အစ်ကိုကြီးနဲ့ အတွဲဖြစ်နိုင်တယ်လို့ တွေးရင်းနဲ့ပေါ့။
[*ဒုတိယအကြိမ်လက်ထပ်လို့ရတယ်၊ ဒုတိယအကြိမ်ချစ်သူထားလို့ရတယ်။
**မကောင်းတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းနဲ့စဉ်းလဲစွာ လုပ်တာကိုပြောတာပါ]
ဇာတ်လုံးရဲ့အဆုံးမှာတော့ သူတို့နှစ်ယောက်ကြားဘာမီးပွားမှ မရှိခဲ့တာကတော့ သနားစရာပဲပေါ့။

ဗီလိန်အစ်ကိုကြီးရဲ့ ရက်စက်မှုနဲ့မာနကြီးမှုက ဒီတိုင်းသာမန်ကာလျှံကာပြောလို့ရတာမဟုတ်ပေ။ စာအုပ်တစ်အုပ်လုံးရဲ့ လှပချောမောတဲ့ဇာတ်ပို့တွေရဲ့ရှေ့မှာ ဒါမှမဟုတ် ဖြတ်သွားဖြစ်လာတွေကိုတောင် လွယ်လွယ်ကူကူ နူးညံ့မှုကိုလှုံ့ဆော်ပေးနိုင်တဲ့ ပန်းဖြူလေး အဓိကဇာတ်ဆောင်shouရဲ့ရှေ့မှာတောင်မှ သူက အနည်းငယ်သောသွေးဆောင်မှုကိုတောင် မခံစားခဲ့ရဘူး။

စတီးလိုဖြောင့်မတ်တဲ့အမျိုးသားရဲ့ပုံရိပ်ဟာ လူတွေရဲ့နှလုံးသားထဲမှာ နက်ရှိုင်းစွာအမြစ်တွယ်နေခဲ့ပြီး သူက မူလကိုယ်ကို မျက်တောင်တစ်ချက်တောင်မခတ်ဘဲ နှိပ်စက်ခဲ့သည်။

ဒီဟာက မူလကိုယ်ကိုနောက်ဆုံးတော့ ဆန်ကုန်မြေလေးgongကို စွန့်လွှတ်စေနိုင်ခဲ့ပေမယ့် လက်ကျန်တစ်ဘဝလုံး မသန်မစွမ်းဖြစ်သွားတာမို့ ငြိမ်းချမ်းတဲ့အဆုံးသတ်ကို လက်ခံရရှိဖို့က မဖြစ်နိုင်ပေ…

သို့သော်ငြားလည်း သူက ယန်ကျင်ရွှင်ဖြစ်လာပြီဆိုတော့ ဆန်ကုန်မြေလေးgongနဲ့ ဘာမှလုပ်စရာမရှိတော့မှန်း ကျင်ရွှင်ရှင်းလင်းစွာသိသည်။

ရှေ့ပြေးအခြေအနေက ပြောင်းလဲသွားတာမို့ အဲ့တာအရနောက်ပိုင်းဖြစ်နိုင်ခြေတွေကလည်း ပြောင်းလဲသွားပြီ။

မူလကိုယ်က ဆန်ကုန်မြေလေးgongရဲ့လှည့်စားခံခဲ့ရတယ်ဆိုပေမယ့် သူ့အတွေးတွေက ယိမ်းယိုင်သွားပြီး ဘော့စ်ရဲ့စီးပွားရေးလျို့ဝှက်ချက်တွေကို ဆန်ကုန်မြေလေးgongအတွက် ခိုးယူခဲ့တယ်ဆိုတာက မငြင်းနိုင်ပေ။

အပြစ်ပေးမှုက လွန်ကဲတယ်ဆိုရင်တောင်မှ အမှားက အမှားဖြစ်နေတုန်းပဲလေ။

ဒါပေမယ့် လက်ရှိ သူကယန်ကျင်ရွှင်နေရာမှာ အစားဝင်နေပြီဖြစ်တဲ့အတွက် သူက ဒီလိုမျိုးစီးပွားရေးသူလျှိုအလုပ်ကို ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။

ဒါဆို ရှန်ရိကျင်းကို သစ္စာဖောက်ရမယ့် အကြောင်းအရင်းလဲမရှိတော့ဘူး။

မျှမျှတတပြောရရင် မသန်မစွမ်းဖြစ်တယ်ဆိုတဲ့အရာက သူ့ဆီကိုဘယ်တော့မှ ဖြစ်ပျက်လာမှာမဟုတ်ဘူး။

ဒါဆို…သူက ဘာကိုကြောက်ရမှာလဲ?

ကျင်ရွှင်က ရုတ်တရပ်သဘောပေါက်မှုကြီးကြောင့် မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။

သူ့ရဲ့အမူအရာအပြောင်းအလဲက သူ့ကိုသေစေနိုင်လောက်တဲ့အကြည့်နဲ့ ကြည့်နေတဲ့ရှန်ရိကျင်းကို ခြေတစ်လှမ်းပြန်ဆုတ်သွားစေသည်။

ကျင်ရွှင်က ခပ်မြန်မြန် မတ်မတ်ပြန်ထိုင်လိုက်သည်။ အပေါ်ပိုင်းကိုမတ်လိုက်တော့ လူနှစ်ယောက်ကြားက အကွာအဝေးကို လျော့ချသွားစေသည်။

ရှန်ရိကျင်းက သူ့ကိုတည့်တည့်မတ်မတ်စိုက်ကြည့်နေဆဲပင်။ သူ့မျက်နှာပေါ်က ခံစားချက်တွေက ဖော်ပြလို့မရပေမယ့် သူ့ကြည့်ရတာ ကျင်ရွှင်က ဘာလို့ရှောင်ပုန်းလဲဆိုတဲ့ အဖြေကို စောင့်ဆိုင်းနေသလိုပင်။ သူ့ပုံစံက မကျေနပ်ချက်တွေနဲ့အတူ အစပျိုးနေတဲ့လေမုန်တိုင်းတစ်ခုလိုဖြစ်နေကာ ကျင်ရွှင်ကိုဘယ်အချိန်မှာမဆို ဝါးမျိုချတော့မလိုဖြစ်နေသည်။

…အဲ့အေးစက်တဲ့မျက်ဝန်းတွေနဲ့ ဆုံတွေ့လိုက်ရတော့ ကျင်ရွှင် သူ့ကိုယ်သူမကြောက်ဖို့ ပြောနေရသည်။ သူဆံပင်ကိုသပ်လိုက်သည်။

ကျင်ရွှင်မှာ အလယ်အလတ်အရှည်ရှိတဲ့ ဆံပင်တိုလေးတွေရှိသည်။

သူ့မျက်လုံးထောင့်မှာ မျက်ရည်ခံမှဲ့ရှိနေတဲ့အတွက် ကောင်းစွာပုံဖော်ထားတဲ့ တရုတ်ဆီးစေ့သဏ္ဍာန်မျက်ဝန်းတွေက နူးညံ့ကာ ရေတွေလျှံထွက်တော့မလို ညင်သာနေသည်။ ဒီမျက်ဝန်းတွေက လူတွေကိုကြည့်လိုက်မယ်ဆိုရင် သူတို့က အလိုအလျောက်ကို ရှင်းသန့်ပြီး အန္တရာယ်မရှိတဲ့ခံစားချက်ကို ပေးစွမ်းနိုင်သည်။

သူ့ရဲ့အသွင်အပြင်တစ်ခုလုံး အထူးသဖြင့်သူ့ဦးခေါင်းက ကျိုးနွံတတ်တဲ့ နူးညံ့တဲ့သားမွေးလုံးလေးနဲ့ အတော်ဆင်ကာ ရေအိုင်တစ်ခုလိုမျိုး ညင်သာနေပြီး လေနှင်ရာလွင့်နေကာ ဘာဆူးချွန်မှမရှိဘဲ နူးညံ့လို့နေသည်။

ဒါပေမယ့် ကျင်ရွှင်က လူသတ်ချင်နေတဲ့အကြည့်ကို ဆင်မြန်းထားတဲ့ တစ်ဖက်လူရဲ့မေးခွန်းကို လျစ်လျူရှုလိုက်ပြီး တိုက်ရိုက်ပင် ခေါင်းစဉ်ကိုပြောင်းလိုက်သည်။
“ ဒါဆို…ရှန်ပေါ်ဟန်က ခင်ဗျားညီလေးလား?”

ယေဘုယျကျကျပြောရရင် ဘယ်သူကမှ ရှန်ရိကျင်းရဲ့ မေးခွန်းကိုလျစ်လျူမရှုရဲဘူး။ အထူးသဖြင့် အဲ့လူက သူ့ရှေ့မှာ အရင်ခေါင်းစဉ်နဲ့ ဘာမှမဆိုင်တဲ့ အကြောင်းအရာအသစ်ကို သာမန်ကာလျှံကာ ပြောတာမျိုးက…အလွန့်အလွန်ကို နည်းပါးသောသူတွေမှာပဲ အဲ့သတ္တိရှိတယ်။

ဒါပေမယ့် ကျင်ရွှင်က ဒေတာအင်ပါယာလေ*
[ *အဲ့အသုံးအနှုန်းက သင်္ချာတော်တဲ့သူတွေကို ဖော်ပြတဲ့နေရာမှသုံးပါတယ်။ စာရေးဆရာက ကျင်ရွှင်ရဲ့ခွဲခြမ်းစိတ်ဖြာမှုကောင်းပုံကို ရည်ညွှန်းချင်တာပါ]

သူ့မှာတကယ်ကို ဘဝအတွေ့အကြုံအများကြီးမရှိရင်တောင်မှ ဒါကအတော်လေးရိုးရှင်းသည် ဗီလိန်က သူ့ကိုမသန်မစွမ်းဖြစ်စေမယ့် အကြောင်းရင်းမရှိဘူးဆိုတာကို သူသိသိချင်း သူထပ်ပြီးမကြောက်တော့ဘူး။

ကျင်ရွှင်က သူပြုလုပ်ခဲ့တဲ့ အယူအဆကောက်ချက်ချက်မှုတွေ၊ ဒေတာတွေနဲ့ပတ်သက်ရင် အတော်လေးယုံကြည်ချက်ရှိသည်။

တစ်ဖက်လူရဲ့ အဆုံးမရှိတဲ့အကြည့်နဲ့ ရင်ဆိုင်နေရင်း သူရိုးရိုးရှင်းရှင်း တည့်တိုးပဲပြောချလိုက်သည်
“ ခင်ဗျားက ရှန်ရိကျင်းဆိုရင် ကျွန်တော်နဲ့ရှန်ပေါ်ဟန်အကြောင်းကို ခင်ဗျားကြားဖူးမှာပေါ့”

ရှန်ရိကျင်း အဲ့အကြောင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုကို ကြားခဲ့သည်။

ဒါဆို ကောင်လေးက သူ့အနားကနေ အဝေးကိုရွှေ့သွားတာက သူ့ကိုကြောက်လို့မဟုတ်ဘဲ ရှန်ပေါ်ဟန်နဲ့ကိစ္စကြောင့်ပေါ့…

နွေဦးလေပြေလေး ရုတ်ခြည်းတိုက်ခတ်သွားကာ ကမ္ဘာကြီးက တစ်ဖန်အသက်ဝင်လာသလိုမျိုး ကားထဲက အပူချိန်က အများကြီးမြင့်တက်လာသည်။

ရုတ်တရပ် အနည်းငယ်ရယ်စရာကောင်းတယ်လို့ ရှန်ရိကျင်းခံစားလိုက်ရသည်။

နှစ်ပေါင်းများစွာကြာသွားပေမယ့် သူ့ကိုကြောက်တဲ့သူတွေက အများအပြားရှိနေတုန်းပင်။ သူဒါကိုဂရုမထားခဲ့ဘဲ ဒီဟာက သူနဲ့တစ်ခြားသူတွေကြားမှာ အကွာအဝေးတစ်ခုဖြစ်စေကာ သူ့ရဲ့လျို့ဝှက်ချက်တွေကို သူ့ရန်သူတွေမမြင်အောင်ဖုံးကွယ်တဲ့နည်းလမ်းတစ်ခုသဖွယ် ဖြစ်လာသည်။

ဒါပေမယ့် သူ့သရုပ်မှန်ကိုကြားပြီးနောက် လူငယ်လေးရဲ့အကြောက်တရားက သူ့ကိုရှင်းပြလို့မရနိုင်အောင် ဒေါသထွက်လာစေကာ အဲ့အချက်ကိုလက်မခံနိုင်ခဲ့ဘူး။

ဒီလိုဒေါသထွက်ခြင်းမျိုးက တိုက်ရိုက်ပဲသိသာသွားပြီး မထိန်းချုပ်နိုင်ကာ သူ့စိတ်ကစဥ့်ကလျားဖြစ်တဲ့အခါလိုမျိုး ဖြစ်သွားသည်။

ရှန်ရိကျင်းက မတ်မတ်ထိုင်နေဆဲဖြစ်ကာ သူ့အကြည့်ကိုတော့ ကျင်ရွှင်ဆီကနေ ရွှေ့သွားသည်။

သူက လက်နှစ်ဖက်လုံးကို သူ့ခြေထောက်ပေါ်မှာ ယှက်တင်လိုက်ကာ သူ့ဒူးခေါင်းတွေကို လက်ချောင်းတစ်ချောင်းနဲ့ ပုတ်နေမိသည်။
“ ကိုယ်သိတယ်”

သူဒါကိုပြောလိုက်တဲ့အချိန် သူ့အသံက အရင်ကလိုမျိုး တည်ကြည်၊လေးနက်၊ ဖြောင့်မတ်တဲ့အသံပြန်ဖြစ်သွားသည်
“ ကိုယ်ဗီဒီယိုကိုမြင်လိုက်တယ်။ ကိုယ်မင်းရဲ့အတိတ်ကို ဂရုမစိုက်ဘူး၊ မင်းကရော? ”

ကျင်ရွှင် : “ ? ”

ကျင်ရွှင်က ရှန်ရိကျင်းရဲ့မေးခွန်းကို နားမလည်ဘူး။

ရှန်ရိကျင်း : “ ကိုယ်တို့ဆက်ဆံရေးကို အတည်ပြုပြီးတဲ့နောက်မှာ မင်း ကိုယ့်ညီနဲ့ ပတ်သက်မှုရှိနေမှာကို ကိုယ်မလိုချင်ဘူး”

“အိုး..သေချာတာပေါ့”

ဒီအချိန်မှာ ကျင်ရွှင်ရဲ့ ဆန်ကုန်မြေလေးgongကိုအစပြုပြီးပြောလိုက်တာက စကားလမ်းကြောင်းပြောင်းဖို့သာမကဘဲ ဒီဗီဒီယိုရဲ့ပျံ့နှံ့ပုံအရဆို ရှန်ရိကျင်းက သူနဲ့ဆန်ကုန်မြေလေးgongရဲ့ဆက်ဆံရေးကို အခုချိန်မှာမသိရင်တောင်မှ အနာဂတ်မှာသိလာမယ်ဆိုတာကို သူသိတာကြောင့်လည်းပါသည်။

အနာဂတ်မှာ သူတို့ညီအစ်ကိုတွေ တစ်ယောက်ကိုတစ်ယောက်ဆန့်ကျင်ကြတဲ့အချိန် ပြဿနာဖြစ်လာမှာကို ရှောင်ရှားဖို့ရန် သူက ဆန်ကုန်မြေလေးgongနဲ့ ဘာပတ်သက်မှုမှမရှိတော့ကို ရှင်းလင်းအောင်လုပ်ထားဖို့လိုတယ်လို့ ကျင်ရွှင်ခံစားရသည်။

သူအခုချက်ချင်း အဆိုပြုချက်တစ်ခုလုပ်ရမယ်။

ကျင်ရွှင် : “ ကျွန်တော် သူနဲ့လမ်းခွဲပြီးပြီ၊ သူနဲ့ဘာမှပတ်သက်မှုမရှိတော့သလို သူ့ကိုထပ်ပြီးဆက်သွယ်မှာလဲမဟုတ်ဘူး”

“ ကောင်းတယ်” ရှန်ရိကျင်းက အခြားဘာတုံ့ပြန်မှုမှမရှိဘဲ ပြောလာသည်
“ ကိုယ်သိပြီ”

“……?” လူငယ်လေးက မနေနိုင်ဘဲ သူ့ဘေးကအမျိုးသားကောင်းကို ရှုပ်ထွေးနေတဲ့အကြည့်နဲ့ကြည့်လိုက်မိသည်။

ဒါပေမယ့် ကားဖြေးဖြေးမှန်မှန်နဲ့ နောက်လမ်းနှစ်ကွေ့အထိ သွားနေပေမယ့် ရှန်ရိကျင်းက ထပ်ပြီးတော့ စကားမပြောလာခဲ့ဘူး။

အဲ့ခေါင်းစဉ်က ပြီးဆုံးသွားပြီမှန်း ကျင်ရွှင်သဘောပေါက်သွားသည်။

ဒါဆို…အဲ့တာကပြီးသွားပြီပေါ့?
ဒါပဲလား?

ယေဘူယျကျကျပြောရမယ်ဆိုရင် မင်းရဲ့လက်ထပ်မယ့်လက်တွဲဖော်က မင်းညီလေးရဲ့ ရည်စားဟောင်းမှန်း သိသွားရင် ဘယ်သူမဆို အတွေးအချို့တော့ရှိကြမှာပဲ မဟုတ်ဘူးလား?

အထူးသဖြင့် ဇာတ်လမ်းအရဆိုရင် ဗီလိန်အစ်ကိုကြီးနဲ့ ဆန်ကုန်မြေလေးညီလေးက သံဟဇာတဖြစ်တဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး မဟုတ်ဘူး။

ဒါဆို အစ်ကိုကြီး…ခင်ဗျား ဒီလက်ထက်ပွဲကနေ နှုတ်ထွက်ဖို့ တကယ်မတွေးထားဘူးပေါ့?

အခု ခင်ဗျားဒီစေ့စပ်မှုကို ဖျက်သိမ်းချင်တယ်ဆိုရင်လဲ အဆင်ပြေတယ်နော် တကယ်ပါ!

***
စာရေးသူမှာပြောစရာရှိတယ်:

ကျင်ရွှင် : လာပါ စိတ်ငြိမ်ငြိမ်ထားပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကြရအောင်နော် ဟုတ်ပြီလား?

အစ်ကိုကြီး : မကောင်းဘူး

ကျင်ရွှင် : ……

အချို့လူတွေက သိချင်နေကြတယ် gong(ရှန်ရိကျင်း)က သဝန်တိုမှာလားဆိုတာကိုပေါ့၊ ကျိန်းသေပေါက် သူသဝန်တိုလာမှာပါ!! စာရေးသူရဲ့ favorite scenceတွေ ဟားဟား

Olvasás folytatása

You'll Also Like

589K 57.8K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
246K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
257K 23.3K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest