UNDER THE CHERRY || JINKOOK ✓

By Rionakookie

6.2K 850 121

" ဇာတ်သိမ်းမလှခဲ့တဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်အတွက်.. မင်းကို ထပ်ပြီး ချစ်ခွင့်ရဖို့ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄

ဇာတ်သိမ်းပိုင်း

1.3K 177 52
By Rionakookie

Unicode
_________

"ငယ်လေး...လာလေ။အခန်းဝမှာ ဘာရပ်လုပ်နေတာလဲ"

စာရေးစားပွဲပေါ်မှာ စာရေးနေသော သူ့ကို ကောင်လေးက အခန်းဝကနေ ချောင်းကြည့်နေသည်။သူ့ပုံကြည့်ရတာ ဝင်လာဖို့ မဝင့်မရဲနှင့်။

"လာပါဦး ကိုကို့ဆီ။မင်းလေးတောင် အရွယ်ရောက်နေပြီပဲ။ကိုကို့မျက်စိရှေ့မှာပဲ အရွယ်ရောက်လာလိုက်တာ"

ပိုမိုထွားကျိုင်းလာသော ခန္ဓာကိုယ်က ကြွက်သားအဖုအထစ်တွေနဲ့ လူကြီးပေါက်စလေးတစ်ယောက်လိုပင်။အရင်ကဆို သူ စာရေးနေချိန်ဆို ပေါင်ပေါ်လာထိုင်တတ်တဲ့ ကလေးလေး။

ကလေးက အကျင့်ကောင်းပါသည်။ဘယ်တုန်းကမှ မနှောင့်ယှက်ခဲ့ပါ။သူကြိုက်နှစ်သက်ရာ ချိုချဥ် ဖြစ်စေ၊မုန့့်တစ်မျိုးမျိုးကို ဖြစ်စေ ငြိမ်ပြီးစားနေလေ့ရှိသည်။

အခုတော့ ချိုချဥ်ကျွေးလျှင် စားတော့မည့်အရွယ်မဟုတ်သလို၊ပေါင်ပေါ်တက်ထိုင်သင့်တော့သည့် အနေအထားလည်း မဟုတ်တော့ပါ။

"ကိုကို့ကို ခုနောက်ပိုင်း အရမ်းရှောင်နေသလိုပဲ။စိတ်ဆိုးစရာ တစ်ခုခုရှိနေတာလား"

ကောင်လေးက ခေါင်းခါပြသည်။စိတ်ဆိုးစရာဘာမှ မရှိပါဘူးတဲ့လေ။

"ဒါဖြင့် ဘာဖြစ်လို့လဲ"

ကောင်လေးက သူ့ဆီက စာရွက်နဲ့ ဘောပင်ကို ယူကာတစ်ခုခုရေးပြသည်။

"ဒီည ကိုကိုနဲ့လာအိပ်လို့ရမလား။အိပ်မပျော်တာကြာပြီ"

"ဘာများလဲလို့ကွာ။ရတာပေါ့..ကိုကိုစာကြည့်ပြီးရင် လာခဲ့နော်"

ကောင်လေးက ကျေနပ်သွားဟန်ဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြသည်။

သိပ်မကြာခင် ခေါင်းအုံးလေးတစ်လုံးကို ပိုက်ကာ အခန်းတံခါးကို ဖွဖွလာခေါက်သည်။

"လာခဲ့..ကလေး"

"မင်းက ဒီကုတင်ပေါ်မှာအိပ်၊ကိုကိုက ခုံပေါ်မှာအိပ်မယ်နော်"

သူ့စကားအဆုံးမှာ ကောင်လေးက ခေါင်းခါပြသည်။ထို့နောက် သူ့လက်ကိ​ု ဆွဲကာ ေဘးနေရာလွတ်ကို ပုတ်ပြသည်။အတူတူအိပ်ချင်သည့် သဘော။

"ကိုကိုက အအိပ်ကြမ်းတော့ မင်းမအိပ်တတ်မှာစိုးလို့ပါကွာ"

ကောင်လေးက ခေါင်းခါမြဲ။

သူ ကုတင်ပေါ်တက်ပြီး လှဲလိုက်တော့မှ ကျေနပ်သွားပုံရသည်။ပြီးတော့ အတင်းပင် သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးလာသည်။သူ့ကျောပြင်ကျယ်ကို မမှီမှီအောင် လှမ်းဖက်ပြီး တိတ်တိတ်လေးငိုနေပုံရသည်။ သူ့အကျီရင်ဘတ်မှာ ခံစားလိုက်ရသည်က စိုစိစိနှင့်။

"ကလေး ဘာဖြစ်တာလဲ။ကိုကို့ကို ပြောလေ"

သူမေးပေမယ့် မျက်နှာပင် မော့မလာ။ရင်ခွင်ထဲကိုသာ အတင်းမျက်နှာဝှက်ကာ နင့်နင့်သည်းသည်း ငိုနေသည်။

သူ ဘယ်လိုချော့ရမှန်းမသိ။​ခြေမကိုင်မိ လက်မကိုင်မိ..တကယ့်ကို ကိုးရို့ကားယားနှင့်။ငယ်ငယ်ကလို ချော့ရအောင်လည်း ကလေးသေးသေးလေးမှမဟုတ်တာ။

"ပြောပါဦး။ဒေါ်လေးက နှိပ်စက်နေတာလား"

ကောင်လေးက မျက်နှာမော့မလာ။ခေါင်းကိုသာ တွင်တွင်ခါသည်။

"အင့်..."

ရှိုက်သံတိုးတိုးလေးနှင့်အတူ မျက်နှာမော့လာကာ သူ့ကိုကြည့်သည်။မို့အစ်နေတဲ့ မျက်ခံွဖောင်းဖောင်းလေးတွေရယ်၊နီရဲနေတဲ့ နှာသီးလုံးလုံးလေးရယ်...ပြီးတော့ ပျားရည်ရောင်စိုနေတဲ့ နှုတ်ခမ်ထူအိအိလေးရယ်။

သူ အသက်ရှုသံတွေပင် ကမောက်ကမ ဗြောင်းဆန်သွားသည်။လက်ပွန်းတတီးနေခဲ့သော ထိုကလေးလေးက ဒီလောက်တောင်ချစ်ဖို့ကောင်းရသလား။

"ဘာလို့ ငိုတာလဲ..ကိုကို့ကို ပြော"

သူ ထပ်မေးတော့ အိပ်ယာဘေးက စာရွက်နဲ့ဘောပင်ကိုယူပြီး စာလုံးလေးတွေ ရေးပြသည်။

"ကိုကို့ ကို လွမ်းလို့"

သူ အံအားသင့်သွားရပါသည်။စာမေးပွဲ နီးပြီမို့ အတူ စာလုပ်ရင်း သူငယ်ချင်းအိမ်မှာပင် ညအိပ်လိုက်တာဖြစ်ရာ တစ်ညနဲ့ နှစ်ရက် သူအိမ်ကိုပြန်မလာဖြစ်ခဲ့ပါ။

"ကိုကိုမရှိတုန်း ဒေါ်လေးက ရိုက်တယ်"

စာရွက်ပေါ်က နောက်ဝါကျအဆုံးမှာ သူ့အသည်းနှလုံးတွေ ခြွေချခံလိုက်ရသလို နင့်သွားရသည်။

"ဘယ်နေရာကိုရိုက်တာလဲ"

ကောင်လေးက ဘောင်းဘီရှည်ကိုလှန်ကာ ခြေသလုံးကို ပြသည်။

အညိုအမဲစွဲနေတဲ့ လက်နှစ်လုံးလောက် အရှိုးရာကြီးတွေ။

သူ ဘယ်လိုမှ မျက်ရည်မဆည်နိုင်တော့။ဒါ့ကြောင့် ကလေးက အရမ်းငိုနေခဲ့တာကိုး။

တောင်းပန်ပါတယ်....ကိုကိုမသိခဲ့ဘူးကွာ။ကလေးကိုတောင် စောင့်ရှောက်မပေးနိုင်ခဲ့ဘူး။

သူငိုနေတော့ ကောင်လေးက ပါးပေါ်က မျက်ရည်တွေကို လာသုတ်ပေးသည်။ပြီးတော့ ခေါင်းခါပြသည်။

မငိုပါနဲ့တော့တဲ့။

"နောက်ဆို ကိုကို...မင်းကို ဘယ်တော့မှ ထားမသွားတော့ဘူးနော်။တစ်သက်လုံး စောင့်ရှောက်ပေးသွားမှာ"

"ကိုကို ဆေးလိမ်းပေးမယ်နော် "

လှဲနေရာက ချက်ချင်းထထိုင်ပြီးနောက် ဆေးဘူးလေးကို ဖွင့်ကာ ​ခြေသလုံးလေးပေါ်သို့ မထိရက် မကိုင်ရက်သလို လိမ်းပေးမိသည်။

"အရမ်းနာနေလား။ကိုကို့အမှားပါ....."

ဆက်ပြောမည့် စကားတွေ တိမ်မြုပ်သွားသည်။ကောင်လေး ခြေသလုံးပေါ်သို့ မျက်ရည်ပေါက်တစ်ပေါက်လှိမ့်ဆင်းသွားတော့ ကောင်လေးက ချက်ချင်းပင် ဘောပင်ကိုယူကာ စာရေးပြသည်။

"ကျွန်တော့်ဒဏ်ရာက အများကြီး မနာပါဘူး။ကိုကို့ငိုမှ ကျွန်တော်က ပိုနာကျင်ရတာ"

ကောင်လေးစာကို သူဖတ်ပြီး အတင်းပြုံးဖို့ကြိုစားသည်။ထို့နောက် ထိုကိုယ်လုံးလေးကို ဖက်ပြီး သူ့ရင်ခွင်ထဲ ထွေးသိပ်လိုက်သလို ကျောပြင်လေးကို ဖွဖွပုတ်ပေးလိုက်သည်။

"စိတ်ချလက်ချအိပ်နော်..ကလေး။ကိုကိုရှိတယ်"

ရင်ခွင်ထဲက ကောင်လေးသည် တကယ့်ကိုစိတ်အေးလက်အေး အိပ်ပျော်သွားပုံရသည်။နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ကောင်လေးမျက်နှာကို မရည်ရွယ်ပါဘဲ ကြည့်မိသွားသည်။

ထို့နောက် နဖူးပြင်ပေါ်သို့ နှုတ်ခမ်းဖူးလေးဖြင့် အနမ်းတစ်ချက်​ခြွေချသည်။ပြီးတော့ ပျားရည်ရောင်စိုအိနေသော အောက်နှုတ်ခမ်းလေးဆီ အကြည့်ရောက်ချိန်မှာ သွေးတွေပြောင်းပြန်စီးသွားသည်ထင်။

နမ်းချင်တယ်။မဖြစ်သင့်မှန်း သိပေမယ့် ဒီနှုတ်ခမ်းလေးကို ခဏလေးနမ်းချင်မိတယ်။

သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း လျော့နည်းကုန်သည်။

မျက်နှာလေးနှစ်ခုတဖြည်းဖြည်း တိုးကပ်သွားပြီးသည့်နောက် စိုအိအိအောက်နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းလုံးတွေကြား သွတ်သွင်းလိုက်မိတော့သည်။ချိုနေသော ထိုအရသာလေးက တစ်သက်စာအတွက် အမှတ်ရချင်စဖွယ်။

ထို့နောက် ထိုနှုတ်ခမ်းလေးကို လွှတ်ပေးလိုက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

❀ ~ ❀ ~ ❀


၁၉၈၀ ခုနှစ် ဧပြီလ

တစ်စတစ်စ မတည်မငြိမ်ဖြစ်လာသော နိုင်ငံအရေးအခင်းနှင့်အတူ ဆန္ဒပြမှုတွေပြုလုပ်နေသည့် ကာလ လည်းဖြစ်သည်။၁၉၇၉-၁၉၈၀ ကာလတွင် သမ္မတနေရာအတွက် တိုင်းပြည်မငြိမ်မသက်ဖြစ်ရာက တွဲဖက်နိုင်ငံခြားရေးရာ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တာဝန်ကို ပူးတွဲထမ်းဆောင်နေသော (....)က တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပေးမည်ဟု ကတိပေးပြီး သမ္မတနေရာကို ဆက်ခံခဲ့သည်။သို့ပေမဲ့ ပြည်သူတွေမျှော်မှန်းထားသလို ဖြစ်မလာဘဲ (.....)နှင့်အတူ ပူးတွဲအုပ်ချုပ်ရေးပုံစံကို သွားခဲ့သည်။

(A/N-ထိုအကြောင်းကို အသေးစိတ်သိချင်ပါလျှင် "1987:When The Days Comes" ကိုရီးယားရုပ်ရှင်ကိုကြည်ပါ။)

၁၉၈၀တွင် အခြေအနေပိုဆိုးလာရကာ ဧပြီလ ဆန္ဒပြမှု အရေးအခင်းတွင် (....)ဦးဆောင်သောစစ်တပ်က ပြင်းပြင်းထန်ထန်နှိမ်နင်းနေသော အချိန်လည်းဖြစ်သည်။

ဂျင်မှာ တက္ကသိုလ်ကျောင်းသားအရွယ် တက်ကြွနေသော လူငယ်လေးဖြစ်ရကား ထိုကိစ္စကို စက်ဆုပ်ရံွရှာမုန်းတီးပြီး လုံးဝလက်မခံနိုင်။

ထိုနေ့က ဒေါ်လေးနှင့်အခြေအတင် စကားများခဲ့သည်။ဒေါ်လေးက အလွန်ဒေါသထွက်နေခဲ့သည်။အရင်ကတည်းက ဒေါသကြီးသူပီပီ စိတ်ဆိုးသောအခါတွင်မူ သူ့ဒေါသက ဆိုဖွယ်ရာမရှိတော့။

"အဲ့ဒါ မင်းအလုပ်မဟုတ်ဘူး။သူတို့ လူကြီးချင်း ကိစ္စ သူတို့ဘာသာ ရှင်းလိမ့်မယ်"

"ဒါဆို လူတွေဒီလောက်သေနေတာ ကိုယ်နဲ့မဆိုင်သလို ဥပေက္ခာ ပြုနေရမှာလား"

"ဒီလောက်တောင် စိတ်အားထက်သန်နေရင် သွားပေတော့။ငါ့ဆီပြန်မလာနဲ့။မင်းမိဘတွေမရှိတော့ကတည်းက ငါမင်းကိုသားအရင်းလို စောင့်ရှောက်လာခဲ့တာ။မင်း စော်ကားတယ်"

"မဟုတ်ဘူး ဒေါ်လေး..ကျေးဇူးတရားနဲ့ နိုင်ငံရေးနဲ့ ဘာမှရောထွေးမပစ်နဲ့။ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်လုပ်ချင်ရုံပဲ။ဒေါ်လေးကို နည်းနည်းလေးတောင် မစော်ကားဘူး"

"မင်းစိတ်ကို ဒေါ်လေးနားလည်ပါတယ်။ဒါပေမဲ့ ဒီနေ့တစ်ရက်တော့မသွားပါနဲ့လား"

"ကျွန်တော့်လို မထွက်တဲ့သူများရင် အားလုံးရေစုန်မျောသွားလိမ်မယ်"

"တောင်းပန်ပါတယ် ဒေါ်လေး။ကျွန်တော်ပြန်လာခဲ့မှာပါ"

သူ့မျက်လုံးတွေ ရဲတွတ်နေခဲ့ကာ အံတွေကိုတင်းတင်းကြိတ်ထားတာ သွားတွေကြေမတတ်။

တံခါးဘေးမှာ ချောင်းကြည့်နေတဲ့ တစ်စုံတစ်ယောက်ကို သူသတိမထားမိခဲ့ပါ။ဖိနပ်ကြိုးချည်နေသော သူ့အနားကို လာထိုင်ပြီး စာရေးပြသည်။

"ကိုကို ညနေကျရင် ဆက်ဆက်ပြန်လာခဲ့ပါနော်။ပြန်လာမယ်လို့ ကတိပေးပါ"

သူ ပြုံးလိုက်ရင်း ကောင်လေး လက်သန်းလေးကို သူ့လက်သန်းနှင့် ချိတ်ကာ လက်မချင်းတံဆိပ်ခတ်လိုက်သည်။ကတိပေးစရာဖြစ်စေ၊သဘောတူမှုယူသည့်အခါဖြစ်စေ သူတို့နှစ်ယောက် ဆက်သွယ်လေ့ရှိသည့် သကေ်တ။

"ေသချာတာပေါ့။ကတိပေးတယ်နော်..ကိုယ်ပြန်လာမှာ"

ကောင်လေးမျက်နှာက အနည်းငယ်တော့ ကြည်စင်သွားခဲ့ပါသည်။သို့ပေမဲ့ စိတ်မချနိုင်သည့် အမူအရာတွေကအထင်းသား။

ခြံနောက်ဘက်က ချယ်ရီပင်အောက် ရောက်သည်အထိ သူ့နောက်က ပြေးလိုက်လာသော ကောင်လေးကို နောက်ဆံတင်းစွာလှည့်ကြည့်မိသည်။အနားရောက်လာသောအခါ စိုစွတ်သော မျက်ဝန်းတွေနဲ့ အချိန်အတော်ကြာကြည့်နေခဲ့ပါ၏။

အပင်ကြီးအောက်က အလှဆုံး ဖြစ်မည်ထင်သော ချယ်ရီပွင့်လေးတစ်ပွင့်ကို ယူပြီး ကောင်လေးလက်ဖဝါးထဲ ထည့်ပေးလိုက်သည်။

"ချယ်ရီရဲ့ အဓိပ္ပာယ်က နုပျိုခြင်း၊ ပြန်လည်မွေးဖွားခြင်းတဲ့"

"ကိုကိုပြန်လာမှာ"

"ယုံတယ်မလား၊စောင့်နေနော်"

"ချစ်တယ် "

ေနာက်ဆုံးစကားလုံးကို ပြောပြီးသည်နှင့် သူနောက်လှည့်မကြည့်တော့ပါ။မကြာခင် ကောင်လေး၏ မြင်ကွင်းထဲတွင် ပျောက်ကွယ်သွားသည်။

ကောင်လေးသည် ထိုချယ်ရီပင်ကြီးအောက်တွင်ပင် ရပ်နေခဲ့သည်။လက်ဖဝါးထဲက ချယ်ရီပွင့်လေးမှာမူ ဆုပ်ကိုင်ထားရလွန်းသဖြင့် နွမ်းဖတ်နေလေပြီ။

❀ ~ ❀ ~❀


ကျွန်တော့် ခန္ဓာကိုယ်သည် ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းလာခဲ့ရသလိုမျိုး စိတ်ရော၊လူပါ နွမ်းနယ်နေသည်။ကျွန်တော့်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သော မျက်နှာကျက်တစ်ခု။

ကျွန်တော် သူ့အိမ်မှာရောက်နေခဲ့တာ။

"ပင်ပန်းသွားပြီ..ဖြည်းဖြည်းချင်း ထနော်"

သူ့မူပိုင်ဖြစ်သော အပြုံးလေးနှင့် ကျွန်တော့်နဖူးပေါ်က ဆံပင်တွေကို သပ်တင်ပေးသည်။

ပြီးတော့ ရေအေးအေးတစ်ခွက် ခပ်တိုက်လေသည်။ကျွန်တော့်ရင်ထဲ အေးဆင်းသွားခဲ့သည်။

"ပင်ပန်းနေပြီမလား။ကိုယ်တို့ပြန်ရအောင်"

သူ့စကားကို ကျွန်တော်မကြားတစ်ချက်၊ကြားတစ်ချက်နှင့်။တစ်ယောက်ယောက်ဆီကို ကျွန်တော်သွားချင်နေသလိုမျိုး။အသေအချာပြောရရင် ကျွန်တော့်ကို စောင့်နေမယ့် ချယ်ရီပင်ကြီးအောက်ကို သွားချင်တာ။

အခုရော ကျွန်တော့်ကို စောင့်နေပါ့မလား။သူရှိပါဦးမလား။ကျွန်တော်လေ သူ့ကို ပြေးပြီး ပွေ့ဖက်ထားချင်လိုက်တာ။

"သူရှိပါဦးမလား"

အဆက်အစပ်မရှိ ထ ပြောလိုက်သော စကားကို သူက နားလည်ဟန်တူသည်။ကျွန်တော့်ကို ကရုဏာသက်သော မျက်လုံးတွေဖြင့် ကြည့်လာကာ ပြုံးသည်။

"လ​ွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ကေျာ်က အဖြစ်အပျက်ပါ ဆော့ဂျင်"

ကျွန်တော့်ရင်ထဲ ဟာခနဲ ဖြစ်သွားသည်။

"ဒါဆို သူမရှိတော့ဘူးပေါ့"

"နားလိုက်ပါဦး ဆော့ဂျင်။ကိုယ်..မင်းကို တောစပ်အထိ လိုက်ပို့ပါ့မယ်"

အလာတုန်းကလိုပဲ ကျွန်တော့်လက်တွေကို ဆုပ်ကိုင်ကာ ထင်းရှုးပင်တွေကြား လျှောက်သွားနေမိသည်။ကျွန်တော်စကားတစ်ခွန်းမှ မဆိုမိပါ။ကျွန်တော့်စိတ်အလုံးစုံက ကျွန်တော့်ခန္ဓာကိုယ်တွင်ရှိမနေပါ။ချယ်ရီပွင့်လေးကို အဆမတန်ဆုပ်ကာ ငေးမျှော်နေသည့် ပုံရိပ်လေးကိုသာ မြင်ယောင်နေမိသည်။

"ကိုယ်သွားပြီ "

သူ့နှုတ်ဆက်စကားကိုပင် ကျွန်တော်ပြန်မနှုတ်ဆက်မိတော့ပါ။တစ်ကိုယ်လုံးနုံးချိပြီး ပစ်လှဲချင်စိတ်သာပေါက်တော့သည်။

ွကျွန်တော့်နားထဲ လေတိုးသံသဲ့သဲ့ကြားရသည်။တစ်ယောက်ယောက် လေချွန်နေသလိုမျိုး။လေချွန်သံလား၊သီချင်းညဉ်းသံလား။

"ကိုကို ပြန်လာပါနော်။စောင့်နေတယ်"

ကျွန်တော့် မျက်လုံးတွေ အမှောင်အတိကျသွားသည်။မြေကြီးနှင့် ခန္ဓာကိုယ် မိတ်ဆက်သွားသည်ကိုတော့ နောက်ဆုံး အနေနဲ့ မှတ်မိလိုက်ပါသည်။

❀ ~ ❀ ~ ❀

ကျွန်တော် သတိရလာတော့ အိမ်ကြီးထဲက အခန်းထဲမှာ။ကျွန်တော့်အနားမှာ ဘယ်သူ့မှရှိမနေ။ရင်ဘတ်ပေါ်ထိ ရောက်နေသော စောင်ကိုကြည့်ရင်း ကျွန်တော်လူးလဲ ထလိုက်သည်။

ဒီအခန်းထဲကို ကျွန်တော် ဘယ်လိုပြန်ရောက်နေတာလဲ။ဖျစ်ညှစ်ပြီး ပြန်စဥ်းစားကြည့်တော့လည်း ဘာတစ်ခုမှ မမှတ်မိ။

တစ်ကိုယ်လုံး နွမ်းနယ် ေညာင်းချိနေသောကြောင့် ရေချိုးလိုက်သည်။ပြီးတော့ အဝတ်ဗီရိုရှေ့သို့ သွားရပ်ကာ မျက်နှာကို တစ်ချက်နှစ်ချက် ပွတ်သည်။အနည်းငယ် ညိုချင်နေသော မျက်ဝန်းများကြောင့် စိတ်ပျက်လက်ပျက်နဲ့ စုပ်တစ်ချက်သတ်မိသည်။

ထို့နောက် ဗီရိုထဲက အကျီလက်ရှည် တစ်ထည်ကို ဆွဲထုတ်ပြီး တံခါးကိုပိတ်လိုက်တော့ အရှိန်မပြင်းသော်လည်း ဗီရိုပေါ်က တစ်စုံတစ်ခုက ကျွန်တော့်ခြေထောက်ရှေ့တည့်တည့်သို့ ပြုတ်ကျလာသည်။

"ဟင်!"

အဖြူ အမည်း colour နဲ့ မိသားစုဓာတ်ပုံလေး။မျက်နှာတွေက ပျက်ချင်နေပြီဖြစ်သော်လည်း ကျွန်တော်မှတ်မိသည်။

ဓာတ်ပုံထဲက ကောင်လေး။ နှုတ်ခမ်းဖူးဖူး ၊ မျက်နှာသွယ်သွယ်နဲ့။ကျွန်တော်နဲ့ ချွတ်စွပ်တူလွန်းတဲ့ ကောင်လေး။ ပြီးတော့ မျက်လုံးဝိုင်းဝိုင်း ကလေးတွေနဲ့ ကင်မရာကို စိုက်ကြည့်နေတဲ့ ကလေးလေး။ပြီးတော့ ထိုကလေးနှစ်ယောက်ရဲ့အလယ်က အမျိုးသမီးတစ်ဦး။

ဘုရားရေ...ဒါက။

အိမ်မက်ထဲက ကောင်လေး နှစ်ယောက်။ တစ်ယောက်က ကျွန်တော်။ တစ်ယောက်က...

ကျွန်တော့် နှလုံးခုန်နှုန်းတွေမြန်လာသည်။

"ဂျုံးဂု "

အမည်နာမတစ်ခုကို ကျွန်တော်မှတ်မိသွားသည်။

ကျွန်တော့်ရင်ဘတ်က စူးကနဲ အောင့်သွားကာ ခေါင်းထဲတရိပ်ရိပ်မူးတက်လာသည်။

အဲ့ဒီနေ့က...အဲ့ဒီနေ့က....ကျွန်တော် မြို့ထဲမှာ ဆန္ဒပြတဲ့လူအုပ်ကြီးထဲမှာ ကျွန်တော်တစ်နေ့လုံးရှိနေခဲ့တာ။

အပြန်မှာ ငယ်လေးဖို့ မုန့်ဝယ်သွားဖို့လည်း မမေ့ခဲ့ဘူး။ငယ်လေး သိပ်ကြိုက်တတ်တဲ့ ဝက်သားလုံးကြော်ထုပ်လေးကို လက်ကဆွဲလို့ပေါ့။ကျွန်တော်ခပ်မှန်မှန်လျှောက်လာခဲ့ရင်း ခြေသံတစ်သံထက်မက ပိုတဲ့အသံတွေကို ကြားလိုက်ရတယ်။

ကျွန်တော်သိလိုက်ပြီ။သေနတ်ကိုယ်စီကိုင်ထားတဲ့ စစ်သားတွေ ကျွန်တော့်နောက်ကျောမှာ။လမ်းကြားလေးထဲ ကျွန်တော်ပြေးဝင်ဖို့အလုပ်မှာ..."ဒိုင်း" ကနဲ ပေါက်ကွဲသံနဲ့အတူ ကျွန်တော်ရင်ဘတ်ထဲ ပူကနဲ။

ကျွန်တော့်ခေါင်းတွေချာချာလည်ပြီး ရင်ဘတ်ထဲက ထိုးအောင့်လာတယ်။မခံမရပ်နိုင်အောင် နာကျင်လာတယ်။

"ငယ်လေးရေ....ကိုကို...."

ကျွန်တော့်နှုတ်ခမ်းတွေကို တစ်ခုခုက ထိန်းချုပ်ထားတယ်။အော်ချင်ပေမဲ့ အသံထွက်မလာခဲ့ဘူး။မျက်ရည်တွေရော သွေးတွေရော ကျွန်တော့်ရင်ဘတ်မှာ စက်စက်ကျလို့။

ကျွန်တော့် ခြေထောက်တွေကို သူတို့ဆွဲတင်နေကြပြီ။မလုပ်ကြနဲ့ဦး။ကျွန်တော့်ကို ငယ်လေးစောင့်နေတယ်။

ငယ်လေးရေ....ကိုကိုပြန်လာမယ်။သေချာပေါက် မင်းအနားကိုပြန်လာခဲ့မယ်။

အရာအားလုံးကို ကျွန်တော်မှတ်မိသွားပြီထင်တယ်။

"ဂျုံးဂု...."

ခြံဝန်းထဲကနေ အနောက်ဘက် ထင်းရှုးတောတွေဆီကို ကျွန်တော် ဦးတည်ပြီး ပြေးလွှားနေခဲ့သည်။ကိုယ့်ကိုယ်ကို သတိထားမိချိန်မှာ ကျွန်တော့်ခြေထောက်မှာ ဖိနပ်ပင်မပါခဲ့။ခြေထောက်အောက်က ခဲလုံးသေးသေးလေးတွေရဲ့ စူးကနဲ နာကျင်မှုကို အာရုံမစိုက်နိုင်။ကျွန်တော် ဒီ့ထက်မက နာကျင်ခဲ့ရတာလေ။ဒီနာကျင်မှုက မပြောပလောက်​ဘူး။

သူရှိနေတဲ့ သစ်သားအိမ်လေးထဲ ကျွန်တော်ပြေးဝင်သွားသည်။လူရိပ်လူယောင်တောင် ရှိမနေပါ။

"ဂျုံးဂု....ဂျုံးဂု....ငယ်လေး.....

တမ်းတမ်းတတ နဲ့ ကျွန်တော်အသံကုန်ဟစ်ခေါ်လိုက်သည်။ထိုအချိန် ကျွန်တော့်နောက်ကျောဘက်ဆီက ထွေးကနဲ အထိအတွေ့နဲ့အတူ သန်မာတဲ့သူ့လက်ချောင်းတွေက ကျွန်တော့်ခါးထက်မှာ။ပြီးတော့ ရနေကျ ကိုယ်သင်းနံ့လေး။လည်ဂုတ်ပေါ်က အသက်ရှုငွေ့နွေးနွေးက မထိတထိကျီစယ်နေသည်။

"ကိုယ် ဘယ်လောက်တောင် စောင့်နေခဲ့ရလဲ။မင်း ပြန်မှတ်မိလာဖို့ ကိုယ်စောင့်နေခဲ့ရတာ။အဲ့ဒီနေ့က ဘာလို့ပြန်မလာခဲ့တာလဲ။ချယ်ရီပင်အောက်မှာလေ..မင်းပြောခဲ့တဲ့ အတိုင်း ကိုယ်ရပ်စောင့်နေခဲ့တယ်။ကိုယ့်လက်ထဲက ချယ်ရီပွင့်လေး နွမ်းရိသွားတဲ့အထိ စောင့်နေခဲ့တာ။ မိုးတွေအရမ်းသည်းနေတဲ့ တစ်ညမှာ မိုးရေထဲ တစ်ညလုံး ရပ်စောင့်နေခဲ့ရင်း...ကိုယ်....အဲ့ဒီအပင်အောက်မှာပဲ....."

သူ့အသံတွေ တိမ်ဝင်သွားသည်။ဆက်ပြောမယ့် စကားတွေကို ကျွန်တော်သိနေခဲ့ပါသည်။

သူ..အဲ့ဒီအပင်အောက်မှာပဲ ကျွန်တော့်ကိုစောင့်ရင်း ဆုံးသွားခဲ့တာ။

"ဂျုံးဂု....."

ကျွန်တော်နောက်ပြန်လှည့်လိုက်ရင်း သူ့ကိုတအားဖက်ထားလိုက်မိသည်။သူ့ကျောတွေ တဆတ်ဆတ်တုန်နေခဲ့သည်။ပြီးတော့ ကျွန်တော့်ကို ပြန်ဖက်ကာ ရှိုက်ကြီးတငင်ငိုသည်။

"ငါ မင်းကို မထားခဲ့ပါဘူး။အဲ့ဒီနေ့က ငါပြန်လာခဲ့တယ်။ဒါပေမဲ့ လမ်းမှာ မသမာသူတွေကြောင့် ငါ့ရင်ဘတ်ကို ကျည်ထိပြီး...မင်းဆီကိုမရောက်နိုင်ခဲ့ဘူး"

ပြောရင်းနဲ့ ကျွန်တော်လည်း ဝမ်းနည်းလာကာ သူ့ပခုံးပေါ်မျက်နှာမှောက်ချရင်း ရင်ထဲက အစိုင်အခဲတွေ အားလုံးအရည်ပျော်ကျသွားသလို မျက်ရည်ပေါက်ပေါက် ကျလာသည်။

"တောင်းပန်ပါတယ်..ငါမင်းကို စောစောစီးစီး မမှတ်မိခဲ့အတွက် တောင်းပန်ပါတယ်"

တဖွဖွပြောရင်း မျက်ရည်စိုနေတဲ့ သူ့ပါးပြင်တွေကို ကျွန်တော် နမ်းမိသည်။

သန်မာတဲ့သူ့လက်တွေက ကျွန်တော့်ခါးကို အနည်းငယ် ဖျစ်ညှစ်ကာ ကျွန်တော့်မျက်နှာကို ပင့်မော့စေသည်။ပြီးတော့ စိုအိအိနှုတ်ခမ်းတွေက ကျွန်တော့်နှုတ်ခမ်းဖူးတွေပေါ် ထိကပ်လာကာ မွတ်မွတ်သိပ်သိပ် နမ်းသည်။

ကျွန်တော့်မျက်ရည်တွေနဲ့ သူ့မျက်ရည်တွေ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီ။သူ့လက်ထဲမှာ စပါးကြီးမြွေညှို့ခံထားရသော သားကောင်လေးတစ်ကောင်လို နည်းနည်းလေးတောင် မလှုပ်ရှားနိုင်တော့ပါ။

ဒါဟာ စောင့်နေခဲ့ရတဲ့ နှစ်ပေါင်းများစွာ အတွင်း ပထမဦးဆုံးသော၊နူးညံ့သော အနမ်းဖြစ်သည်။

သူနမ်းလို့ဝမှ ကျွန်တော့်ကို အသက်ရှုခွင့်ပေးသည်။ပြီးတော့ ပါးချင်းကပ်ထားကာ အရင်ကထက် ပိုတိုးပြီးဖက်ထားသည်။

"လွမ်းနေခဲ့ရတာ...မင်း ပြန်လာမှာကို ကိုယ်သိနေခဲ့တယ်။ကိုယ်ကတိတည်တယ် မလား။ကိုယ်...မင်းကိုထပ်ပြီး ချစ်ခွင့်ရဖို့ စောင့်နေခဲ့တယ်"

"အင်း....ငါလည်း မင်းကိုချစ်တယ်..ဂျုံးဂု"

သူ ကျေနပ်သွားကာ ကျွန်တော့်နဖူးပြင်ကို ဖွဖွလာနမ်းသည်။သူ့အပြုံးတွေက ဒီနေ့မှ ပိုအသက်ဝင်နေသလိုပင်။

"ကိုယ်တို့ ထပ်မခွဲကြတော့ဘူး"

ခပ်တိုးတိုးရေရွတ်ကာ..ကျွန်တော့်လက်တွေကို သူ့လက်ဖဝါးပြင်ကြားထဲ လွတ်ထွက်မသွားအောင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။

ပြီးတော့ ကျွန်တော်တို့နှစ်ယောက် အိမ်ရှေ့ကိုအတူထွက်ခဲ့ကြသည်။

"ကိုယ့်ကို မှတ်မိလား။ ကိုယ် အိမ်ရောင်းဖို့ နိုင်ငံခြားကနေ ဆော့ဂျင်ကိုဖုန်းဆက်ခဲ့တာလေ"

မထင်မှတ်သော သူ့စကားကြောင့် ကျွန်တော်ကြောင်သွားသည်။

"ဟင်! အဲ့ဒါ မင်းလား"

"ဟုတ်တယ် ။ အဲ့ဒါ ကိုယ်ပဲ"

ကျွန်တော် သူ့ကိုမော့ကြည့်လိုက်သည်။သူ ဘာတွေပြောနေတာလဲ ကျွန်တော်လိုက်မမှီတော့ပါ။သူက ဒီအိမ်နဲ့ဘယ်လိုပတ်သက်နေလဲ။

"ကိုယ်က ဒီအိမ်ပိုင်ရှင်ရဲ့  ေမြး၊ တစ်နည်းပြောရရင် အရင်ဘဝက ဒေါ်လေးရဲ့ ေချွးမဆီမှာ ပြန်ဝင်စားခဲ့တာပေါ့။ပြီးတော့ အသက်၅နှစ်ကတည်းက နိုင်ငံခြားကိုထွက်သွားခဲ့တာ"

ဒါဆို...သူက ဒေါ်လေးရဲ့ ချွေးမဆီမှာ ပြန်ဝင်စားခဲ့တာပေါ့။သူ မှတ်မိသလောက် သူတို့ရှိစဥ်က ဒေါ်လေးမှာ အိမ်ထောင်မရှိခဲ့ပါ။သူရော၊ဂျုံးဂု ရော မရှိတော့တဲ့နောက်ပိုင်းမှာ ဒေါ်လေးက အိမ်ထောင်ပြုခဲ့ဟန်တူသည်။

ဂျုံးဂုရယ်...မင်းဘယ်လောက်တောင် စွဲလမ်းနေခဲ့လို့ တခြားကိုမသွားခဲ့ရနိုင်တာလဲ ကလေးရယ်။ငါ့ကို ဒီလောက်အကြာကြီး စောင့်နေခဲ့တာလား။

ဘဝခြားသွားတာတောင် ငါ့ကို မမေ့ဘဲ မှတ်မိနေခဲ့တာ။

"ငါ့ကို ထပ်ပြီး ချစ်ခွင့်ရဖို့တဲ့လား"

သစ္စာကြီးလိုက်ပါဘိ...ကောင်လေးရယ်။

"​ေဆာ့ဂျင် အရင်သွားနှင့်လိုက်ပါ။ကိုယ်  ဒီမှာလုပ်စရာလေးတွေရှိသေးလို့ မနက်ကျမှ အိမ်ကြီးပေါ်ပြောင်းလာခဲ့ပါ့မယ်"

ကျွန်တော်တို့နှစ်ယောက် ထင်းရှုးပင်တွေကြား အတူလျှောက်ဖြစ်သည်။သူက ထင်ရှုးပင်စည်တစ်ခုကို မှီရပ်ကာ ကျွန်တော့်ကို ငေးကြည့်နေခဲ့သည်။

"ငါ့ကို ဘယ်လိုမှတ်မိတာလဲ"

သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်။

"ကိုယ့်အိမ်ကို ဝယ်မယ့် မင်းရဲ့အကြောင်းကို internet ပေါ်မှာရှာကြည့်တော့ မင်းမျက်နှာကို မြင်မြင်ချင်းပဲ ကိုယ်မှတ်မိခဲ့တယ်။ဒါနဲ့တင် ကိုယ်နိုင်ငံခြားက ကိုရီးယား ကိုအရောက်ပြန်လာခဲ့တာ"

"တစ်ညနေပေါ့...ကိုယ် ဒီကိုပြန်ရောက်ရောက်ချင်း ညနေမှာ...အိမ်ကြီးပေါ်မသွားသေးဘဲ ဟောဒီထင်းရှုးအိမ်လေးကိုအလာ ချယ်ရီပွင့်လေးကို စကားပြောနေတဲ့ မင်းကိုတွေ့ခဲ့တယ်။ဒီလူဟာ ကိုယ်စောင့်နေခဲ့တဲ့ သူမှန်း ဒီနေရာက ချက်ချင်းသိတယ်လေ"

သူ့ဘယ်ဘက်ရင်အုံကို ပုတ်ပြကာ စကားဆက်သည်။

"ကိုယ်က အကုန်မှတ်မိနေပေမယ့် ဆော့ဂျင်က မေ့နေခဲ့တာ။ကိုယ်ပြောပြမှ သိတာထက်စာရင် ဆော့ဂျင်ကိုယ်တိုင် လိုလိုချင်ချင် လက်ခံလာအောင် ကိုယ်ကြိုးစားခဲ့ရတာပေါ့"

ကျွန်တော် သူ့စကားကိုခေါင်းတဆတ်ဆတ်ငြိမ့်ပြီး နားထောင်နေခဲ့သည်။

"ကဲ..ဘယ်လိုလဲ...အခုကိုယ့်ကိ​ု ကြောက်နေသေးလား"

ထင်းရှုးပင်စည်ကို မှီနေရာမှာ ကျွန်တော့်မျက်နှာကို ရုတ်တရက် အုပ်မိုးလာတော့ လန့်ဖျပ်သွားသည်။ရုပ်က ပြုံးစစနဲ့ ကျီစယ်ချင်သည့်ဟန်။

"ဘာကို...ကြောက်ရမှာလဲ...ငါမင်းကို မကြောက်ပါဘူးနော်"

"မသိဘူးလေ..ကိုယ့်ကို သရဲ ဆိုပြီး လန့်နေခဲ့တာလားလို့"

"မဟုတ်တာတွေ.."

ကျွန်တော် သူ့ကို မျက်စောင်းရွယ်လိုက်ရင်း စူပုပ်ပုပ်ဆိုတော့ သူက သဘောတွေကျကာ အော်ရယ်သည်။

"ကဲ..ဆော့ဂျင်..ပြန်တော့နော်။ကိုယ့်ဖိနပ်စီးသွား...လာတုန်းက ဖိနပ်မပါခဲ့ဘူးမလား"

"မင်းရော ပြန်မလိုက်ဘူးလား"

"ကိုယ် လုပ်စရာလေးတွေ ရှိသေးလို့။မနက်ကျရင် လာခဲ့မယ်လေနော်"

"ဒါနဲ့ ခြံစောင့်အဘိုးကြီး သေဖူးတယ်ဆို"

"ဟုတ်တယ်...ကိုယ် နိုင်ငံခြားကို မသွားခင်ကတည်းက သူဆုံးသွားတာ"

"ဘာ!!!!"

ကျွန်တော့်အသံက တော်တော်ကျယ်သွားသည်။ဘုရားရေ...ဟိုနေ့ညနေကပဲ အဲ့ဒီအဘိုးကြီးနဲ့ ကျွန်တော်စကားတွေပြောနေခဲ့တာ။

ဒါဆို စကားပြောနေရင်း အပုပ်နံ့ရတာတွေ၊ လေချွန်သံကြားရတာတွေ၊ တံခါးထုသံ၊လမ်းလျှောက်သံတွေက...။

"ဟင့်အင်း....မင်းပါ...လိုက်ခဲ့။ ငါကြောက်တယ်"

"အိုခေ...ကိုယ်လိုက်ခဲ့မယ်။မကြောက်နဲ့နော်"

❀ ~ ❀ ~ ❀

ရေချိုးပြီးနောက် ပန်းရောင်ဖျော့ဖျော့ ရှပ်အကျီအကွက်စိပ်ကို ကျွန်တော်တမင်တကာ ရွေးဝတ်ထားသည်။ပြတင်းပေါက်က တိုးဝင်လာသော လေကြောင့် ကျွန်တော့်ဆံပင်တွေ၊အကျီတွေ တဆတ်ဆတ်လွင့်နေသည်။လိမ္မော်ရောင် ဝင်တော့မယ့်ဆဲဆဲနေက ကျွန်တော့်မျက်နှာတစ်ခြမ်းပေါ်ကို အလင်းလာဟပ်နေသည်။

ဒီပြတင်းပေါက်နားမှာ ထိုင်ပြီး ဖြစ်ခဲ့သမျှ အရာအားလုံးကို ကျွန်တော်အစအဆုံးပြန်စဥ်းစားနေခဲ့သည်။

ထိုအခိုက် ကျွန်တော်ရှေ့က ပြတင်းပေါက်တည့်တည့်ကို စက္ကူစွန်လေးတစ်ခု ဝဲပျံကာ ကျရောက်လာသည်။ပန်းရောင်စက္ကူလေးကို သေသေချာချာ တွန့်ချိုးထားသော စွန်ရုပ်ကလေးဖြစ်သည်။

သူပဲ ဖြစ်မှာ။

ွမဆိုင်းမတွဖြင့်ပင် ကျွန်တော် ကောက်ကိုင်ပြီး ဖြည်လိုက်သည်။

အထဲမှာ ချယ်ရီပွင့်ခြောက်လေးတစ်ပွင့်နှင့်။

လက်ရေးဝိုင်းဝိုင်းလေး တစ်ကြောင်းက အထင်းသား။

//ညနေ ၆ နာရီလောက်ကျ ချယ်ရီပင်ကြီးအောက်မှာ တွေ့ရအောင်//

~ ချစ်တဲ့ 'ဂျုံးဂု'~

ကျွန်တော့်နှုတ်ခမ်းတွေ ကွေးညွှတ်သွားသည်။

ဘယ်လိုနာမည် ဘယ်လိုဖြစ်တည်မှုပဲရှိရှိ၊ကျွန်တော့်အတွက်တော့ သူက လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ဂျုံးဂုပင် ဖြစ်ပါသည်။

ချယ်ရီပန်းလေးနဲ့ စခဲ့တဲ့ ငါတို့ပုံပြင်လေးကို ချယ်ရီပွင့်လေးနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။

~~~~~~ ❀ ~ 𝑻𝒉𝒆 𝑬𝒏𝒅 ~ ❀ ~~~~~~

..
..
..

Zawgyi
________

"ငယ္ေလး...လာေလ။အခန္းဝမွာ ဘာရပ္လုပ္ေနတာလဲ"

စာေရးစားပြဲေပၚမွာ စာေရးေနေသာ သူ႕ကို ေကာင္ေလးက အခန္းဝကေန ေခ်ာင္းၾကည့္ေနသည္။သူ႕ပုံၾကည့္ရတာ ဝင္လာဖို႔ မဝင့္မရဲႏွင့္။

"လာပါဦး ကိုကို႔ဆီ။မင္းေလးေတာင္ အ႐ြယ္ေရာက္ေနၿပီပဲ။ကိုကို႔မ်က္စိေ႐ွ႕မွာပဲ အ႐ြယ္ေရာက္လာလိုက္တာ"

ပိုမိုထြားက်ိဳင္းလာေသာ ခႏၶာကိုယ္က ႂကြက္သားအဖုအထစ္ေတြနဲ႔ လူႀကီးေပါက္စေလးတစ္ေယာက္လိုပင္။အရင္ကဆို သူ စာေရးေနခ်ိန္ဆို ေပါင္ေပၚလာထိုင္တတ္တဲ့ ကေလးေလး။

ကေလးက အက်င့္ေကာင္းပါသည္။ဘယ္တုန္းကမွ မေႏွာင့္ယွက္ခဲ့ပါ။သူႀကိဳက္ႏွစ္သက္ရာ ခ်ိဳခ်ဥ္ ျဖစ္ေစ၊မုန္႔့တစ္မ်ိဳးမ်ိဳးကို ျဖစ္ေစ ၿငိမ္ၿပီးစားေနေလ့႐ွိသည္။

အခုေတာ့ ခ်ိဳခ်ဥ္ေကြၽးလွ်င္ စားေတာ့မည့္အ႐ြယ္မဟုတ္သလို၊ေပါင္ေပၚတက္ထိုင္သင့္ေတာ့သည့္ အေနအထားလည္း မဟုတ္ေတာ့ပါ။

"ကိုကို႔ကို ခုေနာက္ပိုင္း အရမ္းေ႐ွာင္ေနသလိုပဲ။စိတ္ဆိုးစရာ တစ္ခုခု႐ွိေနတာလား"

ေကာင္ေလးက ေခါင္းခါျပသည္။စိတ္ဆိုးစရာဘာမွ မ႐ွိပါဘူးတဲ့ေလ။

"ဒါျဖင့္ ဘာျဖစ္လို႔လဲ"

ေကာင္ေလးက သူ႕ဆီက စာ႐ြက္နဲ႔ ေဘာပင္ကို ယူကာတစ္ခုခုေရးျပသည္။

"ဒီည ကိုကိုနဲ႔လာအိပ္လို႔ရမလား။အိပ္မေပ်ာ္တာၾကာၿပီ"

"ဘာမ်ားလဲလို႔ကြာ။ရတာေပါ့..ကိုကိုစာၾကည့္ၿပီးရင္ လာခဲ့ေနာ္"

ေကာင္ေလးက ေက်နပ္သြားဟန္ျဖင့္ ေခါင္းတစ္ခ်က္ၿငိမ့္ျပသည္။

သိပ္မၾကာခင္ ေခါင္းအုံးေလးတစ္လုံးကို ပိုက္ကာ အခန္းတံခါးကို ဖြဖြလာေခါက္သည္။

"လာခဲ့..ကေလး"

"မင္းက ဒီကုတင္ေပၚမွာအိပ္၊ကိုကိုက ခုံေပၚမွာအိပ္မယ္ေနာ္"

သူ႕စကားအဆုံးမွာ ေကာင္ေလးက ေခါင္းခါျပသည္။ထို႔ေနာက္ သူ႕လက္ကိ​ု ဆြဲကာ ေဘးေနရာလြတ္ကို ပုတ္ျပသည္။အတူတူအိပ္ခ်င္သည့္ သေဘာ။

"ကိုကိုက အအိပ္ၾကမ္းေတာ့ မင္းမအိပ္တတ္မွာစိုးလို႔ပါကြာ"

ေကာင္ေလးက ေခါင္းခါၿမဲ။

သူ ကုတင္ေပၚတက္ၿပီး လွဲလိုက္ေတာ့မွ ေက်နပ္သြားပုံရသည္။ၿပီးေတာ့ အတင္းပင္ သူ႕ရင္ခြင္ထဲ ေခါင္းေလးတိုးလာသည္။သူ႕ေက်ာျပင္က်ယ္ကို မမွီမွီေအာင္ လွမ္းဖက္ၿပီး တိတ္တိတ္ေလးငိုေနပုံရသည္။ သူ႕အက်ီရင္ဘတ္မွာ ခံစားလိုက္ရသည္က စိုစိစိႏွင့္။

"ကေလး ဘာျဖစ္တာလဲ။ကိုကို႔ကို ေျပာေလ"

သူေမးေပမယ့္ မ်က္ႏွာပင္ ေမာ့မလာ။ရင္ခြင္ထဲကိုသာ အတင္းမ်က္ႏွာဝွက္ကာ နင့္နင့္သည္းသည္း ငိုေနသည္။

သူ ဘယ္လိုေခ်ာ့ရမွန္းမသိ။​ေျခမကိုင္မိ လက္မကိုင္မိ..တကယ့္ကို ကိုး႐ို႕ကားယားႏွင့္။ငယ္ငယ္ကလို ေခ်ာ့ရေအာင္လည္း ကေလးေသးေသးေလးမွမဟုတ္တာ။

"ေျပာပါဦး။ေဒၚေလးက ႏွိပ္စက္ေနတာလား"

ေကာင္ေလးက မ်က္ႏွာေမာ့မလာ။ေခါင္းကိုသာ တြင္တြင္ခါသည္။

"အင့္..."

႐ိႈက္သံတိုးတိုးေလးႏွင့္အတူ မ်က္ႏွာေမာ့လာကာ သူ႕ကိုၾကည့္သည္။မို႔အစ္ေနတဲ့ မ်က္ခံြေဖာင္းေဖာင္းေလးေတြရယ္၊နီရဲေနတဲ့ ႏွာသီးလုံးလုံးေလးရယ္...ၿပီးေတာ့ ပ်ားရည္ေရာင္စိုေနတဲ့ ႏႈတ္ခမ္ထူအိအိေလးရယ္။

သူ အသက္႐ႈသံေတြပင္ ကေမာက္ကမ ေျဗာင္းဆန္သြားသည္။လက္ပြန္းတတီးေနခဲ့ေသာ ထိုကေလးေလးက ဒီေလာက္ေတာင္ခ်စ္ဖို႔ေကာင္းရသလား။

"ဘာလို႔ ငိုတာလဲ..ကိုကို႔ကို ေျပာ"

သူ ထပ္ေမးေတာ့ အိပ္ယာေဘးက စာ႐ြက္နဲ႔ေဘာပင္ကိုယူၿပီး စာလုံးေလးေတြ ေရးျပသည္။

"ကိုကို႔ ကို လြမ္းလို႔"

သူ အံအားသင့္သြားရပါသည္။စာေမးပြဲ နီးၿပီမို႔ အတူ စာလုပ္ရင္း သူငယ္ခ်င္းအိမ္မွာပင္ ညအိပ္လိုက္တာျဖစ္ရာ တစ္ညနဲ႔ ႏွစ္ရက္ သူအိမ္ကိုျပန္မလာျဖစ္ခဲ့ပါ။

"ကိုကိုမ႐ွိတုန္း ေဒၚေလးက ႐ိုက္တယ္"

စာ႐ြက္ေပၚက ေနာက္ဝါက်အဆုံးမွာ သူ႕အသည္းႏွလုံးေတြ ေႁခြခ်ခံလိုက္ရသလို နင့္သြားရသည္။

"ဘယ္ေနရာကို႐ိုက္တာလဲ"

ေကာင္ေလးက ေဘာင္းဘီ႐ွည္ကိုလွန္ကာ ေျခသလုံးကို ျပသည္။

အညိဳအမဲစြဲေနတဲ့ လက္ႏွစ္လုံးေလာက္ အ႐ိႈးရာႀကီးေတြ။

သူ ဘယ္လိုမွ မ်က္ရည္မဆည္ႏိုင္ေတာ့။ဒါ့ေၾကာင့္ ကေလးက အရမ္းငိုေနခဲ့တာကိုး။

ေတာင္းပန္ပါတယ္....ကိုကိုမသိခဲ့ဘူးကြာ။ကေလးကိုေတာင္ ေစာင့္ေ႐ွာက္မေပးႏိုင္ခဲ့ဘူး။

သူငိုေနေတာ့ ေကာင္ေလးက ပါးေပၚက မ်က္ရည္ေတြကို လာသုတ္ေပးသည္။ၿပီးေတာ့ ေခါင္းခါျပသည္။

မငိုပါနဲ႔ေတာ့တဲ့။

"ေနာက္ဆို ကိုကို...မင္းကို ဘယ္ေတာ့မွ ထားမသြားေတာ့ဘူးေနာ္။တစ္သက္လုံး ေစာင့္ေ႐ွာက္ေပးသြားမွာ"

"ကိုကို ေဆးလိမ္းေပးမယ္ေနာ္ "

လွဲေနရာက ခ်က္ခ်င္းထထိုင္ၿပီးေနာက္ ေဆးဘူးေလးကို ဖြင့္ကာ ​ေျခသလုံးေလးေပၚသို႔ မထိရက္ မကိုင္ရက္သလို လိမ္းေပးမိသည္။

"အရမ္းနာေနလား။ကိုကို႔အမွားပါ....."

ဆက္ေျပာမည့္ စကားေတြ တိမ္ျမဳပ္သြားသည္။ေကာင္ေလး ေျခသလုံးေပၚသို႔ မ်က္ရည္ေပါက္တစ္ေပါက္လွိမ့္ဆင္းသြားေတာ့ ေကာင္ေလးက ခ်က္ခ်င္းပင္ ေဘာပင္ကိုယူကာ စာေရးျပသည္။

"ကြၽန္ေတာ္႕ဒဏ္ရာက အမ်ားႀကီး မနာပါဘူး။ကိုကို႔ငိုမွ ကြၽန္ေတာ္က ပိုနာက်င္ရတာ"

ေကာင္ေလးစာကို သူဖတ္ၿပီး အတင္းျပဳံးဖို႔ႀကိဳစားသည္။ထို႔ေနာက္ ထိုကိုယ္လုံးေလးကို ဖက္ၿပီး သူ႕ရင္ခြင္ထဲ ေထြးသိပ္လိုက္သလို ေက်ာျပင္ေလးကို ဖြဖြပုတ္ေပးလိုက္သည္။

"စိတ္ခ်လက္ခ်အိပ္ေနာ္..ကေလး။ကိုကို႐ွိတယ္"

ရင္ခြင္ထဲက ေကာင္ေလးသည္ တကယ့္ကိုစိတ္ေအးလက္ေအး အိပ္ေပ်ာ္သြားပုံရသည္။ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနေသာ ေကာင္ေလးမ်က္ႏွာကို မရည္႐ြယ္ပါဘဲ ၾကည့္မိသြားသည္။

ထို႔ေနာက္ နဖူးျပင္ေပၚသို႔ ႏႈတ္ခမ္းဖူးေလးျဖင့္ အနမ္းတစ္ခ်က္​ေႁခြခ်သည္။ၿပီးေတာ့ ပ်ားရည္ေရာင္စိုအိေနေသာ ေအာက္ႏႈတ္ခမ္းေလးဆီ အၾကည့္ေရာက္ခ်ိန္မွာ ေသြးေတြေျပာင္းျပန္စီးသြားသည္ထင္။

နမ္းခ်င္တယ္။မျဖစ္သင့္မွန္း သိေပမယ့္ ဒီႏႈတ္ခမ္းေလးကို ခဏေလးနမ္းခ်င္မိတယ္။

သူ႕ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္စြမ္း ေလ်ာ့နည္းကုန္သည္။

မ်က္ႏွာေလးႏွစ္ခုတျဖည္းျဖည္း တိုးကပ္သြားၿပီးသည့္ေနာက္ စိုအိအိေအာက္ႏႈတ္ခမ္းေလးကို သူ႕ႏႈတ္ခမ္းလုံးေတြၾကား သြတ္သြင္းလိုက္မိေတာ့သည္။ခ်ိဳေနေသာ ထိုအရသာေလးက တစ္သက္စာအတြက္ အမွတ္ရခ်င္စဖြယ္။

ထို႔ေနာက္ ထိုႏႈတ္ခမ္းေလးကို လႊတ္ေပးလိုက္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေတာ့သည္။

❀ ~ ❀ ~ ❀

၁၉၈၀ ခုႏွစ္ ဧၿပီလ

တစ္စတစ္စ မတည္မၿငိမ္ျဖစ္လာေသာ ႏိုင္ငံအေရးအခင္းႏွင့္အတူ ဆႏၵျပမႈေတြျပဳလုပ္ေနသည့္ ကာလ လည္းျဖစ္သည္။၁၉၇၉-၁၉၈၀ ကာလတြင္ သမၼတေနရာအတြက္ တိုင္းျပည္မၿငိမ္မသက္ျဖစ္ရာက တြဲဖက္ႏိုင္ငံျခားေရးရာ ဝန္ႀကီးနဲ႔ ဝန္ႀကီးခ်ဳပ္တာဝန္ကို ပူးတြဲထမ္းေဆာင္ေနေသာ (....)က တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲလုပ္ေပးမည္ဟု ကတိေပးၿပီး သမၼတေနရာကို ဆက္ခံခဲ့သည္။သို႔ေပမဲ့ ျပည္သူေတြေမွ်ာ္မွန္းထားသလို ျဖစ္မလာဘဲ (.....)ႏွင့္အတူ ပူးတြဲအုပ္ခ်ဳပ္ေရးပုံစံကို သြားခဲ့သည္။

(A/N-ထိုအေၾကာင္းကို အေသးစိတ္သိခ်င္ပါလွ်င္ "1987:When The Days Comes" ကိုရီးယား႐ုပ္႐ွင္ကိုၾကည္ပါ။)

၁၉၈၀တြင္ အေျခအေနပိုဆိုးလာရကာ ဧၿပီလ ဆႏၵျပမႈ အေရးအခင္းတြင္ (....)ဦးေဆာင္ေသာစစ္တပ္က ျပင္းျပင္းထန္ထန္ႏွိမ္နင္းေနေသာ အခ်ိန္လည္းျဖစ္သည္။

ဂ်င္မွာ တကၠသိုလ္ေက်ာင္းသားအ႐ြယ္ တက္ႂကြေနေသာ လူငယ္ေလးျဖစ္ရကား ထိုကိစၥကို စက္ဆုပ္ရံြ႐ွာမုန္းတီးၿပီး လုံးဝလက္မခံႏိုင္။

ထိုေန႔က ေဒၚေလးႏွင့္အေျခအတင္ စကားမ်ားခဲ့သည္။ေဒၚေလးက အလြန္ေဒါသထြက္ေနခဲ့သည္။အရင္ကတည္းက ေဒါသႀကီးသူပီပီ စိတ္ဆိုးေသာအခါတြင္မူ သူ႕ေဒါသက ဆိုဖြယ္ရာမ႐ွိေတာ့။

"အဲ့ဒါ မင္းအလုပ္မဟုတ္ဘူး။သူတို႔ လူႀကီးခ်င္း ကိစၥ သူတို႔ဘာသာ ႐ွင္းလိမ့္မယ္"

"ဒါဆို လူေတြဒီေလာက္ေသေနတာ ကိုယ္နဲ႔မဆိုင္သလို ဥေပကၡာ ျပဳေနရမွာလား"

"ဒီေလာက္ေတာင္ စိတ္အားထက္သန္ေနရင္ သြားေပေတာ့။ငါ့ဆီျပန္မလာနဲ႔။မင္းမိဘေတြမ႐ွိေတာ့ကတည္းက ငါမင္းကိုသားအရင္းလို ေစာင့္ေ႐ွာက္လာခဲ့တာ။မင္း ေစာ္ကားတယ္"

"မဟုတ္ဘူး ေဒၚေလး..ေက်းဇူးတရားနဲ႔ ႏိုင္ငံေရးနဲ႔ ဘာမွေရာေထြးမပစ္နဲ႔။ကြၽန္ေတာ္တတ္ႏိုင္တဲ့ဘက္ကေန တတ္ႏိုင္သေလာက္လုပ္ခ်င္႐ုံပဲ။ေဒၚေလးကို နည္းနည္းေလးေတာင္ မေစာ္ကားဘူး"

"မင္းစိတ္ကို ေဒၚေလးနားလည္ပါတယ္။ဒါေပမဲ့ ဒီေန႔တစ္ရက္ေတာ့မသြားပါနဲ႔လား"

"ကြၽန္ေတာ္႕လို မထြက္တဲ့သူမ်ားရင္ အားလုံးေရစုန္ေမ်ာသြားလိမ္မယ္"

"ေတာင္းပန္ပါတယ္ ေဒၚေလး။ကြၽန္ေတာ္ျပန္လာခဲ့မွာပါ"

သူ႕မ်က္လုံးေတြ ရဲတြတ္ေနခဲ့ကာ အံေတြကိုတင္းတင္းႀကိတ္ထားတာ သြားေတြေၾကမတတ္။

တံခါးေဘးမွာ ေခ်ာင္းၾကည့္ေနတဲ့ တစ္စုံတစ္ေယာက္ကို သူသတိမထားမိခဲ့ပါ။ဖိနပ္ႀကိဳးခ်ည္ေနေသာ သူ႕အနားကို လာထိုင္ၿပီး စာေရးျပသည္။

"ကိုကို ညေနက်ရင္ ဆက္ဆက္ျပန္လာခဲ့ပါေနာ္။ျပန္လာမယ္လို႔ ကတိေပးပါ"

သူ ျပဳံးလိုက္ရင္း ေကာင္ေလး လက္သန္းေလးကို သူ႕လက္သန္းႏွင့္ ခ်ိတ္ကာ လက္မခ်င္းတံဆိပ္ခတ္လိုက္သည္။ကတိေပးစရာျဖစ္ေစ၊သေဘာတူမႈယူသည့္အခါျဖစ္ေစ သူတို႔ႏွစ္ေယာက္ ဆက္သြယ္ေလ့႐ွိသည့္ သေက္တ။

"ေသခ်ာတာေပါ့။ကတိေပးတယ္ေနာ္..ကိုယ္ျပန္လာမွာ"

ေကာင္ေလးမ်က္ႏွာက အနည္းငယ္ေတာ့ ၾကည္စင္သြားခဲ့ပါသည္။သို႔ေပမဲ့ စိတ္မခ်ႏိုင္သည့္ အမူအရာေတြကအထင္းသား။

ျခံေနာက္ဘက္က ခ်ယ္ရီပင္ေအာက္ ေရာက္သည္အထိ သူ႕ေနာက္က ေျပးလိုက္လာေသာ ေကာင္ေလးကို ေနာက္ဆံတင္းစြာလွည့္ၾကည့္မိသည္။အနားေရာက္လာေသာအခါ စိုစြတ္ေသာ မ်က္ဝန္းေတြနဲ႔ အခ်ိန္အေတာ္ၾကာၾကည့္ေနခဲ့ပါ၏။

အပင္ႀကီးေအာက္က အလွဆုံး ျဖစ္မည္ထင္ေသာ ခ်ယ္ရီပြင့္ေလးတစ္ပြင့္ကို ယူၿပီး ေကာင္ေလးလက္ဖဝါးထဲ ထည့္ေပးလိုက္သည္။

"ခ်ယ္ရီရဲ႕ အဓိပၸာယ္က ႏုပ်ိဳျခင္း၊ ျပန္လည္ေမြးဖြားျခင္းတဲ့"

"ကိုကိုျပန္လာမွာ"

"ယုံတယ္မလား၊ေစာင့္ေနေနာ္"

"ခ်စ္တယ္ "

ေနာက္ဆုံးစကားလုံးကို ေျပာၿပီးသည္ႏွင့္ သူေနာက္လွည့္မၾကည့္ေတာ့ပါ။မၾကာခင္ ေကာင္ေလး၏ ျမင္ကြင္းထဲတြင္ ေပ်ာက္ကြယ္သြားသည္။

ေကာင္ေလးသည္ ထိုခ်ယ္ရီပင္ႀကီးေအာက္တြင္ပင္ ရပ္ေနခဲ့သည္။လက္ဖဝါးထဲက ခ်ယ္ရီပြင့္ေလးမွာမူ ဆုပ္ကိုင္ထားရလြန္းသျဖင့္ ႏြမ္းဖတ္ေနေလၿပီ။

❀ ~ ❀ ~ ❀


ကြၽန္ေတာ္႕ ခႏၶာကိုယ္သည္ ခရီး႐ွည္ႀကီးတစ္ခုကို ျဖတ္သန္းလာခဲ့ရသလိုမ်ိဳး စိတ္ေရာ၊လူပါ ႏြမ္းနယ္ေနသည္။ကြၽန္ေတာ္႕မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္ေသာ မ်က္ႏွာက်က္တစ္ခု။

ကြၽန္ေတာ္ သူ႕အိမ္မွာေရာက္ေနခဲ့တာ။

"ပင္ပန္းသြားၿပီ..ျဖည္းျဖည္းခ်င္း ထေနာ္"

သူ႕မူပိုင္ျဖစ္ေသာ အျပဳံးေလးႏွင့္ ကြၽန္ေတာ္႕နဖူးေပၚက ဆံပင္ေတြကို သပ္တင္ေပးသည္။

သူက ခဏခဏ ျပဳံးတတ္တာပဲ။

ၿပီးေတာ့ ေရေအးေအးတစ္ခြက္ ခပ္တိုက္ေလသည္။ကြၽန္ေတာ္႕ရင္ထဲ ေအးဆင္းသြားခဲ့သည္။

"ပင္ပန္းေနၿပီမလား။ကိုယ္တို႔ျပန္ရေအာင္"

သူ႕စကားကို ကြၽန္ေတာ္မၾကားတစ္ခ်က္၊ၾကားတစ္ခ်က္ႏွင့္။တစ္ေယာက္ေယာက္ဆီကို ကြၽန္ေတာ္သြားခ်င္ေနသလိုမ်ိဳး။အေသအခ်ာေျပာရရင္ ကြၽန္ေတာ္႕ကို ေစာင့္ေနမယ့္ ခ်ယ္ရီပင္ႀကီးေအာက္ကို သြားခ်င္တာ။

အခုေရာ ကြၽန္ေတာ္႕ကို ေစာင့္ေနပါ့မလား။သူ႐ွိပါဦးမလား။ကြၽန္ေတာ္ေလ သူ႕ကို ေျပးၿပီး ေပြ႕ဖက္ထားခ်င္လိုက္တာ။

"သူ႐ွိပါဦးမလား"

အဆက္အစပ္မ႐ွိ ထ ေျပာလိုက္ေသာ စကားကို သူက နားလည္ဟန္တူသည္။ကြၽန္ေတာ္႕ကို က႐ုဏာသက္ေသာ မ်က္လုံးေတြျဖင့္ ၾကည့္လာကာ ျပဳံးသည္။

"လ​ြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ေက်ာ္က အျဖစ္အပ်က္ပါ ေဆာ့ဂ်င္"

ကြၽန္ေတာ္႕ရင္ထဲ ဟာခနဲ ျဖစ္သြားသည္။

"ဒါဆို သူမ႐ွိေတာ့ဘူးေပါ့"

"နားလိုက္ပါဦး ေဆာ့ဂ်င္။ကိုယ္..မင္းကို ေတာစပ္အထိ လိုက္ပို႔ပါ့မယ္"

အလာတုန္းကလိုပဲ ကြၽန္ေတာ္႕လက္ေတြကို ဆုပ္ကိုင္ကာ ထင္း႐ႈးပင္ေတြၾကား ေလွ်ာက္သြားေနမိသည္။ကြၽန္ေတာ္စကားတစ္ခြန္းမွ မဆိုမိပါ။ကြၽန္ေတာ္႕စိတ္အလုံးစုံက ကြၽန္ေတာ္႕ခႏၶာကိုယ္တြင္႐ွိမေနပါ။ခ်ယ္ရီပြင့္ေလးကို အဆမတန္ဆုပ္ကာ ေငးေမွ်ာ္ေနသည့္ ပုံရိပ္ေလးကိုသာ ျမင္ေယာင္ေနမိသည္။

"ကိုယ္သြားၿပီ "

သူ႕ႏႈတ္ဆက္စကားကိုပင္ ကြၽန္ေတာ္ျပန္မႏႈတ္ဆက္မိေတာ့ပါ။တစ္ကိုယ္လုံးႏုံးခ်ိၿပီး ပစ္လွဲခ်င္စိတ္သာေပါက္ေတာ့သည္။

ြကြၽန္ေတာ္႕နားထဲ ေလတိုးသံသဲ့သဲ့ၾကားရသည္။တစ္ေယာက္ေယာက္ ေလခြၽန္ေနသလိုမ်ိဳး။ေလခြၽန္သံလား၊သီခ်င္းညဥ္းသံလား။

"ကိုကို ျပန္လာပါေနာ္။ေစာင့္ေနတယ္"

ကြၽန္ေတာ္႕ မ်က္လုံးေတြ အေမွာင္အတိက်သြားသည္။ေျမႀကီးႏွင့္ ခႏၶာကိုယ္ မိတ္ဆက္သြားသည္ကိုေတာ့ ေနာက္ဆုံး အေနနဲ႔ မွတ္မိလိုက္ပါသည္။


❀ ~ ❀ ~ ❀

ကြၽန္ေတာ္ သတိရလာေတာ့ အိမ္ႀကီးထဲက အခန္းထဲမွာ။ကြၽန္ေတာ္႕အနားမွာ ဘယ္သူ႕မွ႐ွိမေန။ရင္ဘတ္ေပၚထိ ေရာက္ေနေသာ ေစာင္ကိုၾကည့္ရင္း ကြၽန္ေတာ္လူးလဲ ထလိုက္သည္။

ဒီအခန္းထဲကို ကြၽန္ေတာ္ ဘယ္လိုျပန္ေရာက္ေနတာလဲ။ဖ်စ္ညႇစ္ၿပီး ျပန္စဥ္းစားၾကည့္ေတာ့လည္း ဘာတစ္ခုမွ မမွတ္မိ။

တစ္ကိုယ္လုံး ႏြမ္းနယ္ ေညာင္းခ်ိေနေသာေၾကာင့္ ေရခ်ိဳးလိုက္သည္။ၿပီးေတာ့ အဝတ္ဗီ႐ိုေ႐ွ႕သို႔ သြားရပ္ကာ မ်က္ႏွာကို တစ္ခ်က္ႏွစ္ခ်က္ ပြတ္သည္။အနည္းငယ္ ညိဳခ်င္ေနေသာ မ်က္ဝန္းမ်ားေၾကာင့္ စိတ္ပ်က္လက္ပ်က္နဲ႔ စုပ္တစ္ခ်က္သတ္မိသည္။

ထို႔ေနာက္ ဗီ႐ိုထဲက အက်ီလက္႐ွည္ တစ္ထည္ကို ဆြဲထုတ္ၿပီး တံခါးကိုပိတ္လိုက္ေတာ့ အ႐ွိန္မျပင္းေသာ္လည္း ဗီ႐ိုေပၚက တစ္စုံတစ္ခုက ကြၽန္ေတာ္႕ေျခေထာက္ေ႐ွ႕တည့္တည့္သို႔ ျပဳတ္က်လာသည္။

"ဟင္!"

အျဖဴ အမည္း colour နဲ႔ မိသားစုဓာတ္ပုံေလး။မ်က္ႏွာေတြက ပ်က္ခ်င္ေနၿပီျဖစ္ေသာ္လည္း ကြၽန္ေတာ္မွတ္မိသည္။

ဓာတ္ပုံထဲက ေကာင္ေလး။ ႏႈတ္ခမ္းဖူးဖူး ၊ မ်က္ႏွာသြယ္သြယ္နဲ႔။ကြၽန္ေတာ္နဲ႔ ခြၽတ္စြပ္တူလြန္းတဲ့ ေကာင္ေလး။ ၿပီးေတာ့ မ်က္လုံးဝိုင္းဝိုင္း ကေလးေတြနဲ႔ ကင္မရာကို စိုက္ၾကည့္ေနတဲ့ ကေလးေလး။ၿပီးေတာ့ ထိုကေလးႏွစ္ေယာက္ရဲ႕အလယ္က အမ်ိဳးသမီးတစ္ဦး။

ဘုရားေရ...ဒါက။

အိမ္မက္ထဲက ေကာင္ေလး ႏွစ္ေယာက္။ တစ္ေယာက္က ကြၽန္ေတာ္။ တစ္ေယာက္က...

ကြၽန္ေတာ္႕ ႏွလုံးခုန္ႏႈန္းေတြျမန္လာသည္။

"ဂ်ံဳးဂု "

အမည္နာမတစ္ခုကို ကြၽန္ေတာ္မွတ္မိသြားသည္။

ကြၽန္ေတာ္႕ရင္ဘတ္က စူးကနဲ ေအာင့္သြားကာ ေခါင္းထဲတရိပ္ရိပ္မူးတက္လာသည္။

အဲ့ဒီေန႔က...အဲ့ဒီေန႔က....ကြၽန္ေတာ္ ၿမိဳ႕ထဲမွာ ဆႏၵျပတဲ့လူအုပ္ႀကီးထဲမွာ ကြၽန္ေတာ္တစ္ေန႔လုံး႐ွိေနခဲ့တာ။

အျပန္မွာ ငယ္ေလးဖို႔ မုန္႔ဝယ္သြားဖို႔လည္း မေမ့ခဲ့ဘူး။ငယ္ေလး သိပ္ႀကိဳက္တတ္တဲ့ ဝက္သားလုံးေၾကာ္ထုပ္ေလးကို လက္ကဆြဲလို႔ေပါ့။ကြၽန္ေတာ္ခပ္မွန္မွန္ေလွ်ာက္လာခဲ့ရင္း ေျခသံတစ္သံထက္မက ပိုတဲ့အသံေတြကို ၾကားလိုက္ရတယ္။

ကြၽန္ေတာ္သိလိုက္ၿပီ။ေသနတ္ကိုယ္စီကိုင္ထားတဲ့ စစ္သားေတြ ကြၽန္ေတာ္႕ေနာက္ေက်ာမွာ။လမ္းၾကားေလးထဲ ကြၽန္ေတာ္ေျပးဝင္ဖို႔အလုပ္မွာ..."ဒိုင္း" ကနဲ ေပါက္ကြဲသံနဲ႔အတူ ကြၽန္ေတာ္ရင္ဘတ္ထဲ ပူကနဲ။

ကြၽန္ေတာ္႕ေခါင္းေတြခ်ာခ်ာလည္ၿပီး ရင္ဘတ္ထဲက ထိုးေအာင့္လာတယ္။မခံမရပ္ႏိုင္ေအာင္ နာက်င္လာတယ္။

"ငယ္ေလးေရ....ကိုကို...."

ကြၽန္ေတာ္႕ႏႈတ္ခမ္းေတြကို တစ္ခုခုက ထိန္းခ်ဳပ္ထားတယ္။ေအာ္ခ်င္ေပမဲ့ အသံထြက္မလာခဲ့ဘူး။မ်က္ရည္ေတြေရာ ေသြးေတြေရာ ကြၽန္ေတာ္႕ရင္ဘတ္မွာ စက္စက္က်လို႔။

ကြၽန္ေတာ္႕ ေျခေထာက္ေတြကို သူတို႔ဆြဲတင္ေနၾကၿပီ။မလုပ္ၾကနဲ႔ဦး။ကြၽန္ေတာ္႕ကို ငယ္ေလးေစာင့္ေနတယ္။

ငယ္ေလးေရ....ကိုကိုျပန္လာမယ္။ေသခ်ာေပါက္ မင္းအနားကိုျပန္လာခဲ့မယ္။

အရာအားလုံးကို ကြၽန္ေတာ္မွတ္မိသြားၿပီထင္တယ္။

"ဂ်ံဳးဂု...."

ျခံဝန္းထဲကေန အေနာက္ဘက္ ထင္း႐ႈးေတာေတြဆီကို ကြၽန္ေတာ္ ဦးတည္ၿပီး ေျပးလႊားေနခဲ့သည္။ကိုယ့္ကိုယ္ကို သတိထားမိခ်ိန္မွာ ကြၽန္ေတာ္႕ေျခေထာက္မွာ ဖိနပ္ပင္မပါခဲ့။ေျခေထာက္ေအာက္က ခဲလုံးေသးေသးေလးေတြရဲ႕ စူးကနဲ နာက်င္မႈကို အာ႐ုံမစိုက္ႏိုင္။ကြၽန္ေတာ္ ဒီ့ထက္မက နာက်င္ခဲ့ရတာေလ။ဒီနာက်င္မႈက မေျပာပေလာက္​ဘူး။

သူ႐ွိေနတဲ့ သစ္သားအိမ္ေလးထဲ ကြၽန္ေတာ္ေျပးဝင္သြားသည္။လူရိပ္လူေယာင္ေတာင္ ႐ွိမေနပါ။

"ဂ်ံဳးဂု....ဂ်ံဳးဂု....ငယ္ေလး.....

တမ္းတမ္းတတ နဲ႔ ကြၽန္ေတာ္အသံကုန္ဟစ္ေခၚလိုက္သည္။ထိုအခ်ိန္ ကြၽန္ေတာ္႕ေနာက္ေက်ာဘက္ဆီက ေထြးကနဲ အထိအေတြ႕နဲ႔အတူ သန္မာတဲ့သူ႕လက္ေခ်ာင္းေတြက ကြၽန္ေတာ္႕ခါးထက္မွာ။ၿပီးေတာ့ ရေနက် ကိုယ္သင္းနံ႔ေလး။လည္ဂုတ္ေပၚက အသက္႐ႈေငြ႕ေႏြးေႏြးက မထိတထိက်ီစယ္ေနသည္။

"ကိုယ္ ဘယ္ေလာက္ေတာင္ ေစာင့္ေနခဲ့ရလဲ။မင္း ျပန္မွတ္မိလာဖို႔ ကိုယ္ေစာင့္ေနခဲ့ရတာ။အဲ့ဒီေန႔က ဘာလို႔ျပန္မလာခဲ့တာလဲ။ခ်ယ္ရီပင္ေအာက္မွာေလ..မင္းေျပာခဲ့တဲ့ အတိုင္း ကိုယ္ရပ္ေစာင့္ေနခဲ့တယ္။ကိုယ့္လက္ထဲက ခ်ယ္ရီပြင့္ေလး ႏြမ္းရိသြားတဲ့အထိ ေစာင့္ေနခဲ့တာ။ မိုးေတြအရမ္းသည္းေနတဲ့ တစ္ညမွာ မိုးေရထဲ တစ္ညလုံး ရပ္ေစာင့္ေနခဲ့ရင္း...ကိုယ္....အဲ့ဒီအပင္ေအာက္မွာပဲ....."

သူ႕အသံေတြ တိမ္ဝင္သြားသည္။ဆက္ေျပာမယ့္ စကားေတြကို ကြၽန္ေတာ္သိေနခဲ့ပါသည္။

သူ..အဲ့ဒီအပင္ေအာက္မွာပဲ ကြၽန္ေတာ္႕ကိုေစာင့္ရင္း ဆုံးသြားခဲ့တာ။

"ဂ်ံဳးဂု....."

ကြၽန္ေတာ္ေနာက္ျပန္လွည့္လိုက္ရင္း သူ႕ကိုတအားဖက္ထားလိုက္မိသည္။သူ႕ေက်ာေတြ တဆတ္ဆတ္တုန္ေနခဲ့သည္။ၿပီးေတာ့ ကြၽန္ေတာ္႕ကို ျပန္ဖက္ကာ ႐ိႈက္ႀကီးတငင္ငိုသည္။

"ငါ မင္းကို မထားခဲ့ပါဘူး။အဲ့ဒီေန႔က ငါျပန္လာခဲ့တယ္။ဒါေပမဲ့ လမ္းမွာ မသမာသူေတြေၾကာင့္ ငါ့ရင္ဘတ္ကို က်ည္ထိၿပီး...မင္းဆီကိုမေရာက္ႏိုင္ခဲ့ဘူး"

ေျပာရင္းနဲ႔ ကြၽန္ေတာ္လည္း ဝမ္းနည္းလာကာ သူ႕ပခုံးေပၚမ်က္ႏွာေမွာက္ခ်ရင္း ရင္ထဲက အစိုင္အခဲေတြ အားလုံးအရည္ေပ်ာ္က်သြားသလို မ်က္ရည္ေပါက္ေပါက္ က်လာသည္။

"ေတာင္းပန္ပါတယ္..ငါမင္းကို ေစာေစာစီးစီး မမွတ္မိခဲ့အတြက္ ေတာင္းပန္ပါတယ္"

တဖြဖြေျပာရင္း မ်က္ရည္စိုေနတဲ့ သူ႕ပါးျပင္ေတြကို ကြၽန္ေတာ္ နမ္းမိသည္။

သန္မာတဲ့သူ႕လက္ေတြက ကြၽန္ေတာ္႕ခါးကို အနည္းငယ္ ဖ်စ္ညႇစ္ကာ ကြၽန္ေတာ္႕မ်က္ႏွာကို ပင့္ေမာ့ေစသည္။ၿပီးေတာ့ စိုအိအိႏႈတ္ခမ္းေတြက ကြၽန္ေတာ္႕ႏႈတ္ခမ္းဖူးေတြေပၚ ထိကပ္လာကာ မြတ္မြတ္သိပ္သိပ္ နမ္းသည္။

ကြၽန္ေတာ္႕မ်က္ရည္ေတြနဲ႔ သူ႕မ်က္ရည္ေတြ တစ္ခုတည္းအျဖစ္ ေပါင္းစည္းသြားခဲ့ၿပီ။သူ႕လက္ထဲမွာ စပါးႀကီးေႁမြညိႇဳ႕ခံထားရေသာ သားေကာင္ေလးတစ္ေကာင္လို နည္းနည္းေလးေတာင္ မလႈပ္႐ွားႏိုင္ေတာ့ပါ။

ဒါဟာ ေစာင့္ေနခဲ့ရတဲ့ ႏွစ္ေပါင္းမ်ားစြာ အတြင္း ပထမဦးဆုံးေသာ၊ႏူးညံ့ေသာ အနမ္းျဖစ္သည္။

သူနမ္းလို႔ဝမွ ကြၽန္ေတာ္႕ကို အသက္႐ႈခြင့္ေပးသည္။ၿပီးေတာ့ ပါးခ်င္းကပ္ထားကာ အရင္ကထက္ ပိုတိုးၿပီးဖက္ထားသည္။

"လြမ္းေနခဲ့ရတာ...မင္း ျပန္လာမွာကို ကိုယ္သိေနခဲ့တယ္။ကိုယ္ကတိတည္တယ္ မလား။ကိုယ္...မင္းကိုထပ္ၿပီး ခ်စ္ခြင့္ရဖို႔ ေစာင့္ေနခဲ့တယ္"

"အင္း....ငါလည္း မင္းကိုခ်စ္တယ္..ဂ်ံဳးဂု"

သူ ေက်နပ္သြားကာ ကြၽန္ေတာ္႕နဖူးျပင္ကို ဖြဖြလာနမ္းသည္။သူ႕အျပဳံးေတြက ဒီေန႔မွ ပိုအသက္ဝင္ေနသလိုပင္။

"ကိုယ္တို႔ ထပ္မခြဲၾကေတာ့ဘူး"

ခပ္တိုးတိုးေရ႐ြတ္ကာ..ကြၽန္ေတာ္႕လက္ေတြကို သူ႕လက္ဖဝါးျပင္ၾကားထဲ လြတ္ထြက္မသြားေအာင္ တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားသည္။

ၿပီးေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အိမ္ေ႐ွ႕ကိုအတူထြက္ခဲ့ၾကသည္။

"ကိုယ့္ကို မွတ္မိလား။ ကိုယ္ အိမ္ေရာင္းဖို႔ ႏိုင္ငံျခားကေန ေဆာ့ဂ်င္ကိုဖုန္းဆက္ခဲ့တာေလ"

မထင္မွတ္ေသာ သူ႕စကားေၾကာင့္ ကြၽန္ေတာ္ေၾကာင္သြားသည္။

"ဟင္! အဲ့ဒါ မင္းလား"

"ဟုတ္တယ္ ။ အဲ့ဒါ ကိုယ္ပဲ"

ကြၽန္ေတာ္ သူ႕ကိုေမာ့ၾကည့္လိုက္သည္။သူ ဘာေတြေျပာေနတာလဲ ကြၽန္ေတာ္လိုက္မမွီေတာ့ပါ။သူက ဒီအိမ္နဲ႔ဘယ္လိုပတ္သက္ေနလဲ။

"ကိုယ္က ဒီအိမ္ပိုင္႐ွင္ရဲ႕  ေျမး၊ တစ္နည္းေျပာရရင္ အရင္ဘဝက ေဒၚေလးရဲ႕ ေခြၽးမဆီမွာ ျပန္ဝင္စားခဲ့တာေပါ့။ၿပီးေတာ့ အသက္၅ႏွစ္ကတည္းက ႏိုင္ငံျခားကိုထြက္သြားခဲ့တာ"

ဒါဆို...သူက ေဒၚေလးရဲ႕ ေခြၽးမဆီမွာ ျပန္ဝင္စားခဲ့တာေပါ့။သူမွတ္မိသေလာက္ သူတို႔႐ွိစဥ္က ေဒၚေလးမွာ အိမ္ေထာင္မ႐ွိခဲ့ပါ။သူေရာ၊ဂ်ံဳးဂု ေရာ မ႐ွိေတာ့တဲ့ေနာက္ပိုင္းမွာ ေဒၚေလးက အိမ္ေထာင္ျပဳခဲ့ဟန္တူသည္။

ဂ်ံဳးဂုရယ္...မင္းဘယ္ေလာက္ေတာင္ စြဲလမ္းေနခဲ့လို႔ တျခားကိုမသြားခဲ့ရႏိုင္တာလဲ ကေလးရယ္။ငါ့ကို ဒီေလာက္အၾကာႀကီး ေစာင့္ေနခဲ့တာလား။

ဘဝျခားသြားတာေတာင္ ငါ့ကို မေမ့ဘဲ မွတ္မိေနခဲ့တာ။

"ငါ့ကို ထပ္ၿပီး ခ်စ္ခြင့္ရဖို႔တဲ့လား"

သစၥာႀကီးလိုက္ပါဘိ...ေကာင္ေလးရယ္။

"​ေဆာ့ဂ်င္ အရင္သြားႏွင့္လိုက္ပါ။ကိုယ္  ဒီမွာလုပ္စရာေလးေတြ႐ွိေသးလို႔ မနက္က်မွ အိမ္ႀကီးေပၚေျပာင္းလာခဲ့ပါ့မယ္"

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ထင္း႐ႈးပင္ေတြၾကား အတူေလွ်ာက္ျဖစ္သည္။သူက ထင္႐ႈးပင္စည္တစ္ခုကို မွီရပ္ကာ ကြၽန္ေတာ္႕ကို ေငးၾကည့္ေနခဲ့သည္။

"ငါ့ကို ဘယ္လိုမွတ္မိတာလဲ"

သူ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပဳံးသည္။

"ကိုယ့္အိမ္ကို ဝယ္မယ့္ မင္းရဲ႕အေၾကာင္းကို internet ေပၚမွာ႐ွာၾကည့္ေတာ့ မင္းမ်က္ႏွာကို ျမင္ျမင္ခ်င္းပဲ ကိုယ္မွတ္မိခဲ့တယ္။ဒါနဲ႔တင္ ကိုယ္ႏိုင္ငံျခားက ကိုရီးယား ကိုအေရာက္ျပန္လာခဲ့တာ"

"တစ္ညေနေပါ့...ကိုယ္ ဒီကိုျပန္ေရာက္ေရာက္ခ်င္း ညေနမွာ...အိမ္ႀကီးေပၚမသြားေသးဘဲ ေဟာဒီထင္း႐ႈးအိမ္ေလးကိုအလာ ခ်ယ္ရီပြင့္ေလးကို စကားေျပာေနတဲ့ မင္းကိုေတြ႕ခဲ့တယ္။ဒီလူဟာ ကိုယ္ေစာင့္ေနခဲ့တဲ့ သူမွန္း ဒီေနရာက ခ်က္ခ်င္းသိတယ္ေလ"

သူ႕ဘယ္ဘက္ရင္အုံကို ပုတ္ျပကာ စကားဆက္သည္။

"ကိုယ္က အကုန္မွတ္မိေနေပမယ့္ ေဆာ့ဂ်င္က ေမ့ေနခဲ့တာ။ကိုယ္ေျပာျပမွ သိတာထက္စာရင္ ေဆာ့ဂ်င္ကိုယ္တိုင္ လိုလိုခ်င္ခ်င္ လက္ခံလာေအာင္ ကိုယ္ႀကိဳးစားခဲ့ရတာေပါ့"

ကြၽန္ေတာ္ သူ႕စကားကိုေခါင္းတဆတ္ဆတ္ၿငိမ့္ၿပီး နားေထာင္ေနခဲ့သည္။

"ကဲ..ဘယ္လိုလဲ...အခုကိုယ့္ကိ​ု ေၾကာက္ေနေသးလား"

ထင္း႐ႈးပင္စည္ကို မွီေနရာမွာ ကြၽန္ေတာ္႕မ်က္ႏွာကို ႐ုတ္တရက္ အုပ္မိုးလာေတာ့ လန္႔ဖ်ပ္သြားသည္။႐ုပ္က ျပဳံးစစနဲ႔ က်ီစယ္ခ်င္သည့္ဟန္။

"ဘာကို...ေၾကာက္ရမွာလဲ...ငါမင္းကို မေၾကာက္ပါဘူးေနာ္"

"မသိဘူးေလ..ကိုယ့္ကို သရဲ ဆိုၿပီး လန္႔ေနခဲ့တာလားလို႔"

"မဟုတ္တာေတြ.."

ကြၽန္ေတာ္ သူ႕ကို မ်က္ေစာင္း႐ြယ္လိုက္ရင္း စူပုပ္ပုပ္ဆိုေတာ့ သူက သေဘာေတြက်ကာ ေအာ္ရယ္သည္။

"ကဲ..ေဆာ့ဂ်င္..ျပန္ေတာ့ေနာ္။ကိုယ့္ဖိနပ္စီးသြား...လာတုန္းက ဖိနပ္မပါခဲ့ဘူးမလား"

"မင္းေရာ ျပန္မလိုက္ဘူးလား"

"ကိုယ္ လုပ္စရာေလးေတြ ႐ွိေသးလို႔။မနက္က်ရင္ လာခဲ့မယ္ေလေနာ္"

"ဒါနဲ႔ ျခံေစာင့္အဘိုးႀကီး ေသဖူးတယ္ဆို"

"ဟုတ္တယ္...ကိုယ္ ႏိုင္ငံျခားကို မသြားခင္ကတည္းက သူဆုံးသြားတာ"

"ဘာ!!!!"

ကြၽန္ေတာ္႕အသံက ေတာ္ေတာ္က်ယ္သြားသည္။ဘုရားေရ...ဟိုေန႔ညေနကပဲ အဲ့ဒီအဘိုးႀကီးနဲ႔ ကြၽန္ေတာ္စကားေတြေျပာေနခဲ့တာ။

ဒါဆို စကားေျပာေနရင္း အပုပ္နံ႔ရတာေတြ၊ ေလခြၽန္သံၾကားရတာေတြ၊ တံခါးထုသံ၊လမ္းေလွ်ာက္သံေတြက...။

"ဟင့္အင္း....မင္းပါ...လိုက္ခဲ့။ ငါေၾကာက္တယ္"

"အိုေခ...ကိုယ္လိုက္ခဲ့မယ္။မေၾကာက္နဲ႔ေနာ္"

❀ ~ ❀ ~ ❀

ေရခ်ိဳးၿပီးေနာက္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ ႐ွပ္အက်ီအကြက္စိပ္ကို ကြၽန္ေတာ္တမင္တကာ ေ႐ြးဝတ္ထားသည္။ျပတင္းေပါက္က တိုးဝင္လာေသာ ေလေၾကာင့္ ကြၽန္ေတာ္႕ဆံပင္ေတြ၊အက်ီေတြ တဆတ္ဆတ္လြင့္ေနသည္။လိေမၼာ္ေရာင္ ဝင္ေတာ့မယ့္ဆဲဆဲေနက ကြၽန္ေတာ္႕မ်က္ႏွာတစ္ျခမ္းေပၚကို အလင္းလာဟပ္ေနသည္။

ဒီျပတင္းေပါက္နားမွာ ထိုင္ၿပီး ျဖစ္ခဲ့သမွ် အရာအားလုံးကို ကြၽန္ေတာ္အစအဆုံးျပန္စဥ္းစားေနခဲ့သည္။

ထိုအခိုက္ ကြၽန္ေတာ္ေ႐ွ႕က ျပတင္းေပါက္တည့္တည့္ကို စကၠဴစြန္ေလးတစ္ခု ဝဲပ်ံကာ က်ေရာက္လာသည္။ပန္းေရာင္စကၠဴေလးကို ေသေသခ်ာခ်ာ တြန္႔ခ်ိဳးထားေသာ စြန္႐ုပ္ကေလးျဖစ္သည္။

သူပဲ ျဖစ္မွာ။

ြမဆိုင္းမတြျဖင့္ပင္ ကြၽန္ေတာ္ ေကာက္ကိုင္ၿပီး ျဖည္လိုက္သည္။

အထဲမွာ ခ်ယ္ရီပြင့္ေျခာက္ေလးတစ္ပြင့္ႏွင့္။

လက္ေရးဝိုင္းဝိုင္းေလး တစ္ေၾကာင္းက အထင္းသား။

//ညေန ၆ နာရီေလာက္က် ခ်ယ္ရီပင္ႀကီးေအာက္မွာ ေတြ႕ရေအာင္//

~ ခ်စ္တဲ့ 'ဂ်ံဳးဂု'~

ကြၽန္ေတာ္႕ႏႈတ္ခမ္းေတြ ေကြးၫႊတ္သြားသည္။

ဘယ္လိုနာမည္ ဘယ္လိုျဖစ္တည္မႈပဲ႐ွိ႐ွိ၊ကြၽန္ေတာ္႕အတြက္ေတာ့ သူက လြန္ခဲ့တဲ့ ႏွစ္ ၄၀ ေက်ာ္က ဂ်ံဳးဂုပင္ ျဖစ္ပါသည္။

ခ်ယ္ရီပန္းေလးနဲ႔ စခဲ့တဲ့ ငါတို႔ပုံျပင္ေလးကို ခ်ယ္ရီပြင့္ေလးနဲ႔ပဲ အဆုံးသတ္လိုက္ပါတယ္။

~~~~~~ ❀ ~ 𝑻𝒉𝒆 𝑬𝒏𝒅 ~ ❀ ~~~~~~

Continue Reading

You'll Also Like

6.1M 98.8K 104
>「𝘸𝘦𝘭𝘤𝘰𝘮𝘦 𝘣𝘢𝘤𝘬 𝘵𝘰 𝘵𝘩𝘦 𝘛𝘢𝘪𝘴𝘩𝘰 𝘌𝘳𝘢 𝘺𝘰𝘶 𝘸𝘦𝘳𝘦 𝘮𝘪𝘴𝘴𝘦𝘥 」 𝐒𝐋𝐀𝐘𝐄𝐑 𝐕𝐄𝐑. Demon Slayer belongs to Koyoh...
1.3M 25.7K 51
and all at once, you are the one I have been waiting for theodore nott x fem oc social media x real life lowercase intended started: 3.25.23 finished...
1.3M 58K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
163K 17.4K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...