ကိုကို့ရဲ့ငယ်...✨
By Nora2423
82.2K 2.9K 63
နောက်ဆုံးအချိန်ထိ တွဲထားချင်တဲ့လက်တစ်စုံဟာ ငယ်ဖြစ်ကြောင်း More
နောက်ဆုံးအချိန်ထိတွဲထားချင်တဲ့ လက်တစ်စုံဟာ ငယ်ဖြစ်ကြောင်း
အစ်ကိုကသံလိုက်လား ဒီလောက်ထိ ဆွဲဆောင်နေတာ
အတ္တကြီးတယ်ပဲပြောပြော အစ်ကို့ကိုငယ်ပဲပိုင်ချင်တယ်
အစ်ကို့လက်လေးငယ် တွဲထားချင်လို့ပါ
အမြဲပျော်နေရတယ်ဆိုတာ ပုံပြင်ထဲမှာတောင်မရှိ
အစ်ကိုက ဒီအမျိူးသမီးအပိုင်တဲ့လား
ချစ်ပါ အဲ့ဒီအမျိုးသမီးကို ငယ်ကတော့ အစ်ကို့ကိုချစ်ပါ့မယ်
(အပိုင်း ၆)
Time will tell how much I Love you
If I were a cat I'd spend all nine lives with you
8.5
(အပိုင်း ၉)
ငယ့် ဘဝတစ်ခုလုံး ပုံအပ်ချင်မိတဲ့လူသားက ကိုကို
ကိုကို့ အတွက်လေ ငယ်ကလွဲရင် ဘာမှအရေးမကြီးဘူး
ရိုးရိုးလေးပါပဲ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုကို့နားရှိနေချင်ရုံ
(12.1)
(12.2)
(12.3)
Extra 1
Extra 2
ကျေးဇူးတင်လွှာ💙💙
(Extra 3)
(ဇာတ်သိမ်း ပိုင်း)
4.6K 109 1
By Nora2423
ကိုကို့ရဲ့ငယ်...✨
✨ဇာတ်သိမ်း✨
"ကိုကို ဒီနေ့အားတယ်မလား "
အစ်ကိုဒီနေ့ဂျူတီမရှိတာ ငယ်သိပေမယ့်...တမင်မေးလိုက်ခြင်းဖြစ်သည်။
ဘာရယ်မဟုတ် ဒီနေ့အစ်ကို့ကို ချွဲချင်နေတာကြောင့် ခပ်ချွဲချွဲ ပုံရိပ်လေးတော့
ပါမှာပေါ့။
"အားတယ်လေ...ကိုယ်မနေ့ညက ငယ့်ကိုတောင်မေးသေးတယ်
ဒီနေ့ တစ်နေ့လုံးအားလို့ ဘာလုပ်ချင်တာရှိလဲလို့ အဟွန်းး ငယ်က အိပ်ပျော်သွားလို့"
ဆိုဖာပေါ်ထိုင်ရက်ကနေ အစ်ကို့ ပခုံးကျယ်ကျယ်ပေါ် ခေါင်းတင်ထားတဲ့ မိန်းငယ်နှာခေါင်းလုံးလုံးလေးကို အစ်ကိုက မနာအောင် ဖွဖွဆွဲညစ်ရင်း
ဖြေတော့မှ...သွားလေးတွေပေါ်အောင်ရယ်ပြတော့တာ။
"ဟီးးညက ဘယ်လိုအိပ်ချင်လာမှန်းမသိဘူး အဲ့ဒါနဲ့ရုတ်တရက်ကြီး
အိပ်ပျော်သွားတာ စိတ်ဆိုးပါနဲ့...မွ "
မိန်းငယ် အစ်ကို့လည်ပင်းကိုဖက်ထားသော လက်မောင်းလေးတွေကို
ပိုတင်းအောင်ဖက်ကာ ကိုယ်ကိုကြွပြီး နဖူးလေးကို ခပ်ဖွဖွနမ်းသည်။
ပြီးတော့ ပါးကိုတစ်ချက်ထိရုံလေးထိပြီးမှ ဆက်ပြော၏။
"နော် ကိုကို "
ကဲ...ဒီလိုကြီးချစ်ဖို့ကောင်းအောင်နေပြမှတော့ ဘယ်သူကစိတ်ဆိုးနိုင်မှာတဲ့လဲ။
ဒီကောင်မလေးကိုယ့်ကိုနိုင်မဲ့လက်နက်ကြီးတွေကြည့်ထုတ်ပြနေတာ။
သူအိပ်ပျော်သွားတာလေးကို စိတ်ဆိုးရအောင် ကိုယ်ကသူ့လိုမဟုတ်တာ။အခု နေ့လည်တောင်ရောက်ခါနီးနေပြီအခုကိုယ်ပြောမှသတိရပြီး စိတ်ဆိုးမှာစိုးရိမ်နေတဲ့ ငယ် ရယ်ပါ။
"ကိုကိုက ဘာလို့စိတ်ဆိုးရမှာလဲကွာ...ငယ်အိပ်ချင်လို့ အိပ်တာပဲ
ကိုကိုမကြိုက်တာလုပ်တာမှမဟုတ်တာ...အကယ်၍ ကိုကိုမကြိုက်တာလုပ်ရင်တောင်စိတ်မဆိုးပါဘူး ဘာလို့မကြိုက်တဲ့အကြောင်းငယ်နားလည်အောင်ရှင်းပြမှာ...ဒါမှငယ်ကလုပ်ဦးမယ်ဆိုလည်း ကိုကိုက မကြိုက်ကနေ 'မ´တစ်လုံးဖြုတ်ရုံပဲ အဲ့ဒါကြောင့်
စိတ်ဆိုးမှာ စိုးရိမ်မနေနဲ့ ဟုတ်ပြီလား "
"အဲ့ဒါကြောင့် ချစ်တာ ကိုကို့ကို "
"aww အဲ့ဒါကြောင့်ပဲပေါ့ "
"မဟုတ်ဘူး တစ်ခြားဟာတွေအများကြီး ကျန်သေးတယ် "
"ဒါဆို နည်းနည်းလေးတော့ လိုသေးတယ်ပေါ့ "
"ကိုကိုနော် "
"အာ ချစ်လိုက်တာ ကွာ ကိုကို့ငယ်လေးကို...ချစ်လွန်းလို့ ဘယ်နားသွားဖွတ်လိုက်ရမလဲ "
"ခ် ခ် "
တခ်ခ်ရယ်သံလေးအဆုံး အစ်ကိုကမနေနိုင်စွာပင် ကိုယ်ကိုဆက်ကနဲ့လှည့်ပြီး
မိန်းငယ်နဖူးလေးနဲ့အနမ်းဖွဖွပေးသည်။အဖြူအစင်ဆုံးအနမ်း။
အတ္တတွေမပါသည့် အသန့်စင်ဆုံးအနမ်း ဖြင့်သာငယ့်နဖူးလေးကိုခပ်ဖွဖွနမ်းတတ်တဲ့ အစ်ကိုက ဘယ်အချိန်
ဘယ်လိုနေရာမှာပဲဖြစ်ဖြစ်ထိုသို့ဆင်တူအနမ်းမျိုးကိုသာပေးလေ့ရှိသည်။
ထိုအချိန်တိုင်းလည်း မျက်လွှာလေးချပေးမြဲဖြစ်တဲ့ ငယ်ဟာချစ်ဖို့ကောင်းတာထက်ပို၏။
"ကိုကို့ ကိုမေးမလို့ "
နှစ်ယောက်သားအပြင်ဘက်ထွက်လမ်းလျှောက်နေရင်းကနေငယ်က
ဆုတ်ကိုင်ထားတဲ့လက်နှစ်ဖက်ကို ခပ်ပြုံးပြုံးကြည့်လျှက်မေးလာသည်။
"မေးလေ ငယ် "
" ကိုကို့အခန်းထဲက...။ဟို...ဟို ငယ် ငယ်က တ..တမင်ဝင်တာမဟုတ်ပါဘူး
ဒီတိုင်း အဲ့နေ့က သန့်ရှင်းရေးလုပ်ပေးမလို့ ဆိုပြီး အဲ့ဒါ...အန်တီ့ကိုတော့ ငယ်ခွင့်တောင်းပါတယ် "
"ဘာမှမဖြစ်ပါဘူး ငယ်ရာ။ကိုယ့်အခန်းကငယ့်အခန်းပဲပေါ့ "
ကိုယ်မသိပဲ အခန်းထဲဝင်မိလို့ ဆူမယ်ထင်နေတဲ့ကလေးငယ်ကပြောနေတဲ့လိုရင်းကိုမရောက်နိုင်။ကြားထဲဘာကိုရှက်မှန်းမသိရှက်ပြီး
မျက်လုံးလှန်ကြည့်လိုက်။ပြန်ငုံသွားလိုက်နဲ့ တစ်ယောက်တည်း အလုပ်တွေရူပ်နေသည်။ကြာလေအသည်းယားလေး စိတ်မချဖြစ်လေပဲ။
ကိုယ်နဲ့ နှစ်ယောက်တည်းရှိနေချိန်ဒီလိုလုပ်တာကအကြောင်းမရှိ။ပိုတောင်သဘောကျသေးသည်။သူများတွေရှေ့မှာဒီလိုတွေသွားလုပ်ပြရင်
ကျစ် မဖြစ်။လုံးဝမဖြစ်။သူ့လိုပင်အသည်းယားပြီး ငုံထားချင်သွားကြလိမ့်မည်။
"ဟို အဲ့ဒါလေ..."
ပြောရင်းဆိုရင်းမိန်းငယ်ပိတောက်ပင်ကို မှီချလိုက်တော့ အစ်ကိုကလည်း လက်မောင်းတစ်ဖက်ကို ခေါင်းအထက်နားက ပင်စည်မှာလိုက်မှီတော့
ငယ့်တစ်ကိုယ်လုံးက အစ်ကို့ရင်ခွင်ထဲရောက်သွားလေသည်။ရုတ်တရက်နီးကပ်သွားတာ​ကြောင့် ငယ်ဆက်မပြောဖြစ်တော့ပဲ ကြောင်ကြည်နေမိသည်။
"ဆက်ပြောလေ။ကိုယ်မဆူဘူးကွာ။ဘာမှမပြောဘူး ဒီတိုင်းငယ်ပြောတာပဲနားထောင်မယ်။"
တစ်ခုခုကိုစိုးရိမ်သလိုမျိုးဖြစ်နေတဲ့ငယ့်အခက်အခဲကို နားလည်စွာပင်
ဘုန်းထက်ရှိန်မှီမထားတဲ့လက်နဲ့ ခေါင်းကိုထိရုံသာ ပုတ်၍ ချော့ပြောရလေသည်။
အဲ့တော့မှ ပြန်ကြည့်ကာ ဆက်ပြောတော့သည်။
"ငယ့်ပုံလေးတွေလေ အဲ့ဒါ ယူကြည့်လို့ရလားဟင်...ပြီးတော့ကိုကို့ဓာတ်ပုံလေးတွေရော "
"ရော်။ငယ်ရယ် အဲ့ဒါများ ပွင့်ပွင့်လင်းလင်းပြောလိုက်လည်းရပါတယ်ဗျာ။
အခုတော့ ဘာများလဲလို့ လူကရင်တထိတ်ထိတ်နဲ့နားထောင်နေရတယ်"
"အဲ့ဒါတွေက ကိုကိုတန်ဖိုးထားတဲ့အရာတွေဆိုတော့ ယူကြည့်တာမကြိုက်မှာဆိုးလို့ပါ "
"ကိုကို့အတွက်တော့ ငယ်ကတန်ဖိုးအရှိဆုံးပါ။အဲ့ဒါကြောင့် နောက်တစ်ခါကြ
ရဲရဲသာပြော ။တွဲလာတာပဲ တစ်နှစ်ပြည့်ခါနီးပြီ ငယ်ရယ် ကိုကို့အပေါ်မရှိန်ပါနဲ့"
​"ဟီးးငယ်မရှိန်ပါဘူး ဒီတိုင်း ကိုကို့အတွက်အရေးကြီးတာတွေမှန်းသိလို့
ခွင့်တောင်းတာ...ကျေးဇူးပါ ကိုကို အရာအားလုံးကိုနားလည်ပေးလို့ ငယ့်ကောင်လေးဖြစ်ပေးလို့ ပြီးတော့ အများကြီးချစ်ပေးလို့ "
"အဟွန်း တူတူပါပဲ ငယ်ရယ် ကိုကို့ဘဝထဲ ဒီကောင်မလေးကိုသာမချစ်ခဲ့ရင်
နောင်တတွေရနေမှာလို့ တွေးမိတဲ့အထိပါ...ငယ် အဲ့ဓာတ်ပုံလေးတွေနောက်မှကြည့်တော့ အခု ကိုကိုနဲ့အပြင်သွားရအောင် "
ရုတ်တရက်ကြီး ကောက်ခါငင်ကာ ဆိုတဲ့ အစ်ကို့စကားကို မိန်းငယ် မအံ့သြစွာပင်
ခေါင်းငြိမ်လိုက်သည်။အစ်ကိုနဲ့သူမ တူတဲ့ အချက်တွေထဲမှာ ထိုအချက်လည်းတစ်ခုအပါအဝင်ဖြစ်သည်။တစ်ယောက်ကဒီသွားမယ်တစ်ယောက်ကဘာလုပ်ချင်တယ်ဆိုတာမျိုး သိပ်မရှိ။
တစ်ယောက်ကကလည်းတစ်ယောက်အကြိုက်ကိုသိသလို ဦးစားပေးမူ
ရွေးချယ်မူတွေဆိုတာလည်းတစ်ယောက်ကိုတစ်ယောက်
နားလည်မူကနေစကြသည်ပဲဖြစ်သည်။
"ဟုတ် ငယ် အဝတ်အစားသွားလဲလိုက်ဦးမယ်လေ "
" ကိုကိုခဏနေလာခေါ်မယ် ပြီးရင် စာပို့ထားလိုက်နော် "
နေ့နည်းနည်းပူနေတာမလို့ မိန်းငယ် အင်္ကျီလက်ရှည်အပေါ်ကထပ်မဝတ်တော့ပဲ
ပေါ့ပေါ့ပါးပါးဖြစ်မည့် ဒေစီပန်းပွင့်တွေနှင့် လက်ပြတ်ဂါဝန်တိုကိုသာ ရွေးချယ်ထားသည်။ကျောလယ်လောက်ရောက်နေပြီဖြစ်တဲ့ ဆံပင်တွေကို ဖြန့်ချထားတဲ့ငယ်က လူငယ်ဆန်ဆန်နှင့်ငေးချင်စရာကောင်းလောက်နေသည်။
ဒူးအထက်ထိရောက်တဲ့ ဂါဝန်မလို့ ဖြူဖွေးနေတဲ့ ခြေတံသွယ်လေးတွေကို
အစ်ကိုကတော့ သေချာပေါက်လိုက်ကာဦးမှာပါ။မဝတ်နဲ့လို့တော့ မချုပ်ချယ်ပေမယ့် အစ်ကိုက သူများမမြင်အောင်တော့ လူကြီးလူကောင်းဆန်ဆန်ကိုယ်နဲ့ကာပေးလေ့ရှိသည်။ငယ်လည်းပုံမှန်ဆိုအရှည်ဝတ်ချင်ပေမယ့် ဒီနေ့တော့ ပူအိုက်လှတာမလို့
ရွေးဝတ်ခဲ့ခြင်းဖြစ်၏။အိတ်အဖြူကိုကောက်ယူပြီးတာနဲ့ အရံသင့်စောင့်နေတဲ့
အစ်ကို့ကားဆီသို့။
"ကိိုကို ဓာတ်ပုံရိုက်မလို့လား "
ကားနောက်ခန်းမှာချထားတဲ့ ကင်မရာအိတ်ကိုမြင်မိတာကြောင့် ငယ်မေးလိုက်ခြင်းဖြစ်သည်။အစ်ကိုကတော့ ခါးပတ်သေချာပတ်ပေးပြီးမှ
ထုံးစံအတိုင်း လက်ကိုအုတ်ကိုင်ကာ ခေါင်းညိမ့်ပြ၏။ဘယ်သွားသွားအပြင်ကို
ကြည့်တတ်တဲ့အကျင့်ကို သိနေတာကြောင့် ကားမှန်ချပေးတော့
တဖြူးဖြူးလွင့်လူးလာသည့် လေပြေညှင်းတို့က မိန်းငယ်ဆံစတစ်ချို့ကို လွင့်မြောစေသည်။နေရောင်နှင့်အပြိုင်တောက်ပနေတဲ့ ချစ်ရတဲ့အမျိုးသမီးလေးကို
မကြာခဏဆိုသလို ငေးကြည့်လိုက် ခိုးကြည့်လိုက်နှင့် လိုရာခရီးကို ဦးတည်မောင်းလာခဲ့၏။
"ငယ် ကိုယ့်ကို ကြည့်နေ နော်။အွန်း ဟုတ်တယ် အဲ့လိုလေး "
ကော်ဖီဆိုင်ရှေ့ရောက်နေတာ ဆယ်မိနစ်ကျော်နီးပါးရှိပေမယ့် အခုထိ ဆိုင်ထဲမဝင်ရသေးပဲ လှသမျှနေရာအကုန်ပတ်ကာ အစ်ကို့အတွက်မော်ဒယ်လုပ်ပေးနေရ၏။ဆိုင်ရှင်က အစ်ကို့သူငယ်ချင်းအရင်းကြီး မလို့သာတော်တော့တယ် မဟုတ်ရင် သူတို့နှစ်ယောက်မောင်းထုတ်ခံရတော့မည်။နှစ်ယောက်ပုံရိုက်မယ်ဆိုတော့မရိုက်ပဲငယ့်အတွက်သီးသန့်ရိုက်ပေးမယ်ဆိုလာတော့လည်း မိန်းငယ် အထူးအဆန်းတွေလုပ်ပြီး ငြင်းမနေတော့ပါ။ကိုယ်လည်းပျော်တာမလို့ပိုစ့်အမျိုးမျိုးကိုဘယ်လိုပေးရမလဲဆိုတာသာ တွေးကာ အလှဆုံးနေပေးလိုက်သည်။
"ငယ် ဒီဘောင်ပေါ်ခဏ တက်လိုက်။ရလား ကိုကိုတင်ပေးမယ် "
"ငယ်တက်လို့ရတယ် ကိုကို့...တွေ့လား။ငယ်လည်းအဲ့လောက်တော့ မှီပါတယ်
အထင်တွေမသေးစမ်းပါနဲ့ ကိုကိုရာ "
ကော်ဖီဆိုင်မျက်နှာစာရှေ့ကိုမှန်တွေနဲ့ကြည့် လုပ်ထားတာဖြစ်ကာ...
ဆိုင်နံမည်ကိုလည်း အဖြူရောင်စာလုံးနဲ့ရေးထားသည့်ရှေ့
နားမှာဘောင်တွေရှိတာမလို့ ငယ်လက်ထောက်၍
ထိုင်ရင်း ဘယ်လိုလဲ ဆိုတဲ့အကြည့်နဲ့ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။
"အထင်မသေးရဲပါဘူးဗျာ။ကျွန်တော်မျိုးကပြုတ်ကျမှာဆိုးလို့ ပြောရတာပါဗျ။
ဟုတ်တယ် ငယ် အဲ့တိုင်းလေးပဲ ကိုကို့ဘက်ကိုကြည့်နေ။ "
မြက်ခင်းစိမ်းပေါ်ဒူးတစ်ဖက်ထောက်လျှက် အစ်ကိုက အနေအထားအမျိုးမျိုးကနေ ဖမ်းယူနေပုံတွေက ဝါရင့်ဓာတ်ပုံဆရာတွေလိုပင်
တစ်မျိုးလေးကြည့်ကောင်းနေသည်။တစ်ချက်တစ်ချက် ဂျင်းဂျာကင်လေးလွင့်သွားအောင်နေရာယူနေသည့်အချိန်မျိုးဆို ငေးမိတဲ့အထိကို
အစ်ကိုက သန့်ပြန့်ပြီး အထာကျနေတော့တာ။
"ပြီးပြီ။လာ ငယ် ဆိုင်ထဲဝင်ရအောင် "
"ငယ်ကချောကလက်ကိတ်စားမှာနော် "
"ဟုတ်ပါပြီဗျာ။ငယ့် သဘော ကြိုက်တာ စားလို့ရတယ် "
ဆိုင်ထဲရောက်တော့ မိန်းငယ်တို့ ခုဏကဓာတ်ပုံရိုက်နေတဲ့ မှန်ဘောင်နားက စားပွဲကိုပဲရွေးထိုင်ဖြစ်သည်။အလင်းရောင်ကောင်းကောင်းနှင့် စားပွဲပေါ်ကအလှပန်းပင်အသေးလေးကလိုက်ဖက်ညီစွာ လှပနေသည်။
၁၀မိနစ်ခန့်ကြာသွားတဲ့နောက်မှ အစ်ကိုက ဗန်းထဲကိုမှာထားတာတွေထည့်ပြီး
စားပွဲစီပြန်လျှောက်လာတာကိုတွေ့ရသည်။ဗန်းထဲမှာ သူမစားချင်တဲ့
ကိတ်မုန့်လေးကအကြီးဆုံးနေရာယူနေတာကြောင့် စိတ်ထဲကျေနပ်သွားသည်။
ကိတ်မုန့်ဇွန်းကိုပါးစပ်ထဲငုံထားရင်း နံရံမှာချိတ်ထားတဲ့ခဲပန်းချီတွေကို စိတ်ဝင်စားစွာလိုက်ကြည့်နေတဲ့မိန်းငယ်။သူတို့ထိုင်တဲ့အခြမ်းက နံရံမှာ အစီစအရီလိုက်ချိတ်ဆွဲထားတာကြောင့် ပိုရှင်းလင်းစွာမြင်ရခြင်းဖြစ်သည်။
တစ်ခုချင်းတစ်ခုချင်းမှာ သူ့ဇာတ်လမ်းနှင့်သူ စိတ်ဝင်စားစရာကောင်းလှသည်။
ခဲရောင်နံရံနှင့်အနက်ရောင်ဘောင်ထဲမှာရှိနေတဲ့ ပန်းချီကားလေးတွေကို ငယ်မမောတမ်းကြည့်နေသလို...အစ်ကိုကလည်း သူ့ဘဝရဲ့အလှဆုံးပန်းချီကားကို
ဓာတ်ပုံရိုက်လို့မပြီးနိုင်ပါ။ဖျက်ကနဲလက်သွားတဲ့ ကင်မရာမီးရောင်ကြောင့်
မိန်းငယ်ပန်းချီကားတွေငေး​ကြည့်နေတာရပ်သွားကာ အစ်ကို့ကိုကြည့်လိုက်သည်။
နံရံကို ကိုယ်တစ်ခြမ်းမှီ၍ ကင်မရာနှင့် ကွယ်နေတဲ့ မျက်နှာချောချောတို့၏ လိုက်ဖက်မူကနံရံနှင့်ခဲပန်းချီတို့သက်ဝင်မူလိုပင်...တမေ့တမော။
ကိတ်မုန့်တစ်ဇွန်းထက် ပိုချိုတဲ့ အပြုံးတွေ။ကော်ဖီတစ်ခွက်ထက်လှတဲ့အကြည့်တွေကြားမှာ ငယ်ဘာစကားတစ်ခွန်းမှမဆိုမိ
ချစ်ရသူကိုသာငေးကြည့်နေမိတာ...တမေ့တမော။
နေ့အလင်းရောင်လို နွေးထွေးပြီး ပန်းပင်ငယ်တို့ရဲ့ လန်းဆန်းမူ တွေရောစပ်တဲ့
အသံသြသြကြားမှာ လက်ရှိအချိန်ကိုမေ့သွားတဲ့အထိ...တမေ့တမော။
"ကိုကို ငယ့်ကို ဂီတာ တီးပြ "
"ကားထဲမှာ ပါလာတယ် ဒီနေ့ အိမ်ပြန်နောက်ကျလို့ရတယ်မလား "
ညနေ့ခင်း နေအေးသွားတဲ့အထိ ကားပတ်မောင်းရင်း ပြောတဲ့ အစ်ကိုက ကြိုတင်စီစဥ်လာဟန်တူသည်။
တစ်နေ့လုံး လောကတခွင်အလင်းပေးခဲ့သည့် နေမင်းသည် အနောက်အရပ်တောင်များသို့ ပင်ပန်းသယောင်နှင့်မေးတင်ထားကာ
ဖြာထွက်နေတဲ့ အလင်းရောင်တန်းများက ပုစွန်ဆီရောင် ရောလျှက်
ဟိုတစ်စ ဒီတစ်စလွင့်နေသည့် တိမ်တိုက်များထဲသို့ထိုးဝင်နေသည်။လေပြေဖြူးဖြူးကလည်း လမ်းမတစ်လျှောက် ပြန့်ကျဲနေတဲ့ သစ်ရွက်ခြောက်များကိုလမ်းတစ်လျှောက်ဖြန့်ကျက်လျှက်ရှိ၏။
များမကြာမိမှာပင် ကားလေးတစ်စီးကလမ်းလေးတစ်နေရာမှာ ရပ်သွားပြီးနောက်
ကားထဲမှာ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ထွက်လာကြသည်။
သီချင်းသံနှင့်အတူ လွင့်​မြောလာတဲ့ ကြားနေကြအစ်ကို့အသံသြသြက
ညနေဆည်းဆာနှင့်အတူ လိုက်ဖက်ညီနေ၏။ခြေတန်းလန်းချကာကားခေါင်းပေါ်ထိုင်ပြီး စိတ်နှစ်၍ တီးခက်နေသည့် လက်ချောင်းဖွေးဖွေးတွေကိုတစ်လှည့်...အသံလာရာ မျက်နှာချောချောကိုတစ်လှည့် ငယ်ကြည့်ရင်း နှလုံးသားကစည်းချက်မှန်မှန်
ပင်လူပ်ရှားလျှက်ရှိသည်။
"ကိုကို က ငယ့်ကိုဘာလို့ချစ်တာလဲ "
အဖြေရှိနေပြီးသားမေးခွန်းတစ်ခုအတွက် တုန့်ဆိုင်းမနေပဲ ဘေးတစ်စောင်းမြင်နေရတဲ့
ငယ် နားသယ်စပ်နားက ဆံစလေးတွေကို လက်ဖြင့်သပ်တင်ပေးရင်း
ဘုန်းထက်ရှိန်ဖြေမိသည်။
"ဘာလို့ဆို ငယ်က ငယ်ဖြစ်နေလို့ပေါ့ "
အမှန်ပင်။သူ့ဘယ်တုန်းကငယ့်ကိုဘာလို့ချစ်တာလဲလို့ မေးခွန်းမထုတ်မိပေ။
ရှင်းရှင်းလေးပဲ ငယ်က ငယ်ဖြစ်နေလို့၊ငယ့်ဖြစ်တည်မူက ငယ်ဆိုတဲ့ကောင်မလေးမလို့ကို သူချစ်မိသည့်ထင်သည်။
အစ်ကို့ အဖြေစကားကို ကြားတော့ ငယ်က​ကျေနပ်သွားဟန် ဘာမေးခွန်းမှမထုတ်ပဲ
သူ့ကိုစေ့စေ့ကြည့်လာခဲ့သည်။လွတ်ထွက်သွားတော့မည်အလား လက်လေးနှစ်ဖက်ကိုညင်သာစွာဆုတ်ကိုင်၍ ငယ့်ကိုလည်း သူပြန်ကြည့်လိုက်၏။
ငယ်နူတ်ခမ်းလေးတွေကပြုံးနေသယောင်။ပိုတင်းကြပ်စွာ ဆုတ်ကိုင်လိိုက်တဲ့လက်တစ်စုံနဲ့အတူ နဖူးလေးပေါ်ရောက်လာခဲ့တဲ့ အနမ်းတစ်ပွင့်။
အကြိမ်ပေါင်းမရေတွက်နိုင်အောင် နမ်းခဲ့ဖူးတဲ့ နဖူးပြေပြေလေးက
အကြိမ်တိုင်းလည်း ပြုံးစေနိုင်သည်။ဂျင်းဂျာကင်အိတ်ကပ်လေးထဲက
ယူလိုက်တဲ့ ပစ္စည်းလေးက ညို့ငယ်နေတဲ့ နေရောင်အောက်မှာလက်ကနဲ့။
လက်ချောင်းတွေပေါ်ထိတွေ့လာတဲ့ လခြမ်းပုံစံ လက်စွပ်လေးတစ်ဖက်နှင့်အတူ
အမေးတစ်ခု။
"ငယ့် လက်ကို နောက်ဆုံးအချိန်ထိတွဲ ခွင့်ရမလား "
ထိုနောက်တွင်မူ ငယ် အစ်ကို့ပုခုံးထက်သာ ခေါင်းလေးတင်းရင်း
တစ်ဘဝလုံးကိုပုံအပ်ဖို့အထိ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
ပြီးပါပြီ။
အရေးအသားအမှားပါရင် နားလည်ပေးပါ။
အရမ်းပေါ့သွားတဲ့ဇာတ်သိမ်းအတွက်လည်းတောင်းပန်ပါတယ်ဗျ။
-Nora-
Zawgyi
ကိုကို့ရဲ့ငယ်...✨
✨ဇာတ်သိမ်း✨
ပါမှာပေါ့။
ပိုတင်းအောင်ဖက်ကာ ကိုယ်ကိုကြွပီး နဖူးလေးကို ခပ်ဖွဖွနမ်းသည်။
"နော် ကိုကို "
"ကိုကိုနော် "
"ခ် ခ် "
"ကိုကို့ ကိုမေးမလို့ "
"မေးလေ ငယ် "
"ဟို အဲ့ဒါလေ..."
အစ်ကို့ကားဆီသို့။
"ကိုကို ဓာတ်ပုံရိုက်မလို့လား "