ကိုကို့ရဲ့ငယ်...✨

By Nora2423

81.6K 2.9K 63

နောက်ဆုံးအချိန်ထိ တွဲထားချင်တဲ့လက်တစ်စုံဟာ ငယ်ဖြစ်ကြောင်း More

နောက်ဆုံးအချိန်ထိတွဲထားချင်တဲ့ လက်တစ်စုံဟာ ငယ်ဖြစ်ကြောင်း
အစ်ကိုကသံလိုက်လား ဒီလောက်ထိ ဆွဲဆောင်နေတာ
အတ္တကြီးတယ်ပဲပြောပြော အစ်ကို့ကိုငယ်ပဲပိုင်ချင်တယ်
အစ်ကို့လက်လေးငယ် တွဲထားချင်လို့ပါ
အမြဲပျော်နေရတယ်ဆိုတာ ပုံပြင်ထဲမှာတောင်မရှိ
အစ်ကိုက ဒီအမျိူးသမီးအပိုင်တဲ့လား
ချစ်ပါ အဲ့ဒီအမျိုးသမီးကို ငယ်ကတော့ အစ်ကို့ကိုချစ်ပါ့မယ်
(အပိုင်း ၆)
Time will tell how much I Love you
If I were a cat I'd spend all nine lives with you
8.5
(အပိုင်း ၉)
ငယ့် ဘဝတစ်ခုလုံး ပုံအပ်ချင်မိတဲ့လူသားက ကိုကို
ကိုကို့ အတွက်လေ ငယ်ကလွဲရင် ဘာမှအရေးမကြီးဘူး
ရိုးရိုးလေးပါပဲ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုကို့နားရှိနေချင်ရုံ
(12.1)
(12.2)
(ဇာတ်သိမ်း ပိုင်း)
Extra 1
Extra 2
ကျေးဇူးတင်လွှာ💙💙
(Extra 3)

(12.3)

2.5K 96 3
By Nora2423

ကိုကို့ရဲ့ငယ်...✨

(12.3)

ညကကောင်းကောင်းအိပ်မပျော်ပေမယ့်
အစ်ကို ပြန်လာမယ်ဆိုတဲ့ အသိကြောင့် မိန်းငယ်
ပုံမှန်ထက်စော၍ ထလိုက်သည်။

"ဒီနေ့ အနောက်ဘက်ကနေထွက်ပြီး
ကြယ်တွေဘာတွေမြင်ရတော့မယ်ထင်တယ်  "

တစ်ခါမှ မမြင်ဖူးတဲ့ သတ္တဝါတစ်ကောင်ကို ကြည့်သည့်
အကြည့် မျိုးနှင့် ကြည့်လျှက် မနက်စာစားနေတဲ့ဖေဖေ့ကို
လှမ်းပြောနေသည့် အမေ။ ဖေဖေကလည်းကော်ဖီသောက်နေရာကနေ
ကြည့်ပြီး အားရပါးရရီပြီး။

"ဒီနေ့ ထူးခြားဖြစ်ရပ်တွေ ဖြစ်မယ်ထင်တယ်
ဟား...ဟားး.."

လိုက်လည်းလိုက်ဖက်တဲ့လင်မယားနှစ်ယောက်လုံးကိုအထင်သေးရန်ကောဆိုသည့်အကြည့်မျိုးနှင့် မိန်းငယ် မျက်စောင်းတစ်ချက်သာပို့လွှတ်ပြီး ခြံထဲသာ ဆင်းလာခဲ့သည်။

သူမ ခြံထဲရောက်တော့ ပန်းတစ်ချို့ ခူး၍ အပေါ်ထပ်ဘုရားခန်းကို တက်လာလိုက်သည်။

"အမေ့ သပြေပန်းတွေ စွန့်လိုက်တော့မယ်နော်
နှင်းဆီပန်းပြောင်းကပ် ချင်လို့ "

"ဘုရားကျောင်းဆောင်ပါ တစ်ခါတည်း ရှင်းလိုက်ဦး သမီးငယ်
ပန်းမလောက်ရင် အောက်မှာ ရှိသေးတယ်မလား "

"ဟုတ် မေ့... လောက် လောက်ပါတယ်"

ပန်းက အပေါ်မှာ လဲလို့ရနေတော့ ငယ် ပန်းအိုးတွေကို သေသေချာချာနှင့်ဂရုတစိုက်
လဲလိုက်တယ်။ပြီးတော့မှ ရေမိုးချိုးဖို့ ပြင်ဆင်လိုက်၏။

မနေ့ကတည်းက သူငယ်ချင်းတွေရဲ့မွေးနေ့ဆုတောင်းတွေက
လေးငါးဆယ်ယောက်ပင်မက။accတစ်ခုလုံးလည်းTagထားတဲ့postတွေကြည့်။
သို့သော်  တစ်ဦးတည်းသောသူရဲ့ ငယ်ဆိုတဲ့ အသံလေးသာ ကြားရင်ကို မွေးနေ့ကပြည့်စုံသွားမှာ။

အမေကတော့ မနက်ကတည်းက ဘုန်းကြီးကျောင်း ကိုဆွမ်းသွားပို့ပေးသည်။
ဖေဖေက ဘာလိုချင်လဲ မေးပေမယ့် မိန်းငယ် ဘာမှမလိုချင်...
အစ်ကို့ရင်ခွင်ထဲမှာသာ တိုးဝေ့ချင်စိတ်ရှိသည်။အဲ့တိုင်းသွားပြောရင် အိမ်ပေါ်က ဆင်းရမည်မလို့ ထုတ်တော့မပြောရဲ။

အရင်နှစ် ဒီလိုအချိန်ဆို စျေးဝယ်ကြ ပြင်စရာရှိတာပြင်ပြီး မွေးနေ့ပွဲ ကျင်းပဖို့
ပျော်နေရပြီ...သို့သော်ဒီတစ်နှစ်မွေးနေ့ ကတော့ သာမန်နေ့တွေလိုပါပဲ။
မေမေလည်း ဘာမှသွားမဝယ်သလို ဖေဖေလည်း ခဏနေအလုပ်သွားတော့မည်။
သူငယ်ချင်းတွေလည်း ဘယ်သူမှမလာ။လက်ဆောင်တစ်ချို့ နှင့် ပန်းစည်း လေးတွေသာ ပို့လာကြသည်။တကယ်လို အရင်လို ပွဲလုပ်ကြပါပြီး ဆိုရင်တောင်
မိန်းငယ် ပျော်နိုင်မည်မဟုတ်ပေ။ အစ်ကိုနဲ့မှမဟုတ်ရင် ဘယ်နှစ်ပတ်လည်ကိုမှမဖြတ်သန်းချင်ပါ။

ဘာမှလည်းထွေထွေထူးထူးမလုပ်ဖြစ်တော့ မိန်းငယ် အစ်ကိုလမ်းခရီးအဆင်ပြေဖို့သာ ဆုတောင်းရင်း ငယ်ဆိုတဲ့ အသံလေးကြားရဖို့ကိုသာရင်ခုန်စွာနှင့်စောင့်နေမိသည်။

ခရီးကဝေးလှတာ​​ကြောင့် ဒီညတောင်ရောက်ဖြစ်မလားမသေချာပေမယ့်
စောင့်နေဖို့က မိန်းငယ် တာဝန်ပင်ဖြစ်သည်။အစ်ကိုပေးမဲ့လက်ဆောင်တွေထက်
ငယ် ကအစ်ကို့ကိုပိုမက်မောပါတယ်။

"Ring Ring... "

ဖုန်းနံပါတ်စိမ်းတစ်ခုမလို့ ကိုင်လိုက်ဖို့ အနည်းငယ်တုန့်ဆိုင်းပြီးတော့မှ
အစ်ကို့များဖြစ်နေရင်ဆိုသည့် အတွေးနဲ့ ကျခါနီးစဲစဲမှကိုင်လိုက်သည်။

"ဟယ်လို...Happybirthday ပါ ငယ် "

မိန်းငယ်ဘက်က စ​ပြောမလို့ ဟန်ပြင်နေစဥ် ဦးအောင်ပြောလာတဲ့မွေးနေ့ဆုတောင်း​စကားလေး။ငယ်မျက်ရည်ကျမိသည်က ဆုတောင်းစကားကြောင့်လား အစ်ကို့အသံကြောင့်လားဆိုတာတော့ မသိ ငယ်က ငိုချင်နေပြီ။မဟုတ် ငိုနေပြီ။

"ကိုကို့...အဟင့်..ဟင့် "

"​ရော...မငိုပါနဲ့ ကလေးရယ် ကိုကို ပြန်လာနေပြီနော်...ကိုကို ငယ့်ဆီပြန်လာနေပြီ
မငိုပါနဲ့ ငယ့်မျက်လုံးလေးတွေ နာကုန်မှာပေါ့ ကွာ...နော် ငယ် လိမ္မာပါတယ် ကိုကို့ရဲ့ငယ်လေးက မငိုနဲ့ မငိုနဲ့  "

အနားမှာမရှိတာတောင် ရသလောက်ချော့နေရှာတဲ့ ချစ်ရသူ​ကြောင့် မိန်းငယ်
ဆက်မငိုမိအောင် မနည်း ထိန်းထားရသည်။ချော့လေ ငိုချင်လေဖြစ်နေတဲ့
စိတ်ကြောင့် စကားတောင်ပြောလို့မရ။ပြောလိုက်တာနှင့် ထပ်ငိုချမိမည်။

"ကိုကိုငယ့်ကို အကြာကြီးပစ်ထားမိတယ်ကွာ...ကိုကိုရောက်တာနဲ့ စိတ်ဆိုးပြစ်ကြားလား...မရရအောင်ချော့မယ်...ထုရိုက်ပစ်ချင်လည်းရိုက်ပစ်လို့ရတယ်...ဒီလူဆိုးကြီးက ကလေးငယ်လေးကို အကြာကြီး ပစ်ထားလိုက်မိတာ
တောင်းပန်ရုံနဲ့ မလုံလောက်ပါဘူး ကိုကိုလာမှ ငယ်ပေးသမျှအပြစ်ကိုအကုန်ခံယူမယ်နော်...မငိုတော့ မငိုပါနဲ့...ကိုယ်ရင်တွေနာလို့ပါ"

ဖုန်းထဲကနေအပြစ်ရှိတဲ့သူလိုမျိုး ပြောနေတဲ့ သူ့ကြောင့် ငိုချင်နေသည့်ကြားမှ
မိန်းငယ် ပြုံးရသေးသည်။အခြေအနေအမျိုးမျိုး​နဲ့မလို့ အဆက်အသွယ်မရတာကို နားမလည်တာလည်းမဟုတ်ပဲနဲ့ မိန်းငယ် သူ့ကိုဘယ်လိုစိတ်ဆိုး စိတ်ကောက်နိုင်မှာလဲ။အခုလို အသံလေးကြားရုံနဲ့တင် ကမ္ဘာကြီးက ပြည့်စုံနေသလို
ခံစားနေရတာကို...။

"ငယ်! ကိုကို ဖုန်းချတော့မယ်နော်...ကိုယ်တို့အခု xxxxမြို့ကိုရောက်ပြီ
ဒီနူန်းနဲ့ဆို ညပိုင်းလောက်ရောက်မယ်ထင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ငယ့်မွေးနေ့လေး မကူးခင်တော့ဘယ်နည်းနဲ့ဖြစ်ဖြစ်ရောက်အောင်လာခဲ့မယ် "

"ဟင့်အင်း ရတယ် "

"ဘာကိုလဲ ငယ် "

"ရတယ်လို့...ဟင့်...ငယ့်မွေးနေ့မမှီလည်းဘာမှမဖြစ်ဘူး...ကိုကိုသာ အန္တရယ်ကင်းကင်းနဲ့ပြန်လာခဲ့ပေး...အရမ်း.."

​ခဏလောက်ရပ်နေပြီတော့မှ ငယ် ဆက်ပြောလိုက်တယ်။

🥰"အရမ်း...လွမ်းတယ်..."

"ငယ်ရယ်...ကိုကိုလာပြီနော် အမြန်ဆုံးရောက်အောင်လာခဲ့မယ်
ကိုကိုလည်း အရမ်းလွမ်းနေပြီမလို့ "

ဖုန်းမကျသွားခင် လောလောနဲ့ အဖွဲ့သားတွေကို လှမ်းအော်နေတာကို ကြားရတော့
ငယ် ပြုံးမိသေးတယ်။အခုအချိန်ဆို ကားကို ဒုံးပျံလိုမောင်းခိုင်းနေမည့် အစ်ကို့ပုံရိပ်တွေကို မိန်းငယ် မြင်ယောင်နေပါသေးသည်။

အသံလေးကြားမှ ပိုတောင် လွမ်းလာတယ်လို့ မိန်းငယ် ထင်သည်။ရင်ထဲကအပျော်တွေက တားမရ...မိူင်နေတဲ့မျက်နှာလေး ကနေရောင်ထိတဲ့ ပန်းလေးလိုပင်။အသံလေးနဲ့တင်... အမှားမဟုတ်ပါပဲနဲ့ချော့နေတာလေးနဲ့တင် ဒီသုံးရက်လုံးခံစားရတာတွေ အလွမ်းတွေက ကြက်ပျောက်ငှက်ပျောက်နှင့်...
ဘယ်ရောက်သွားမှန်းတောင်မသိတော့။ချက်ချင်းထိုင်နေရက ထပြီး အစ်ကို့အိမ်ကို​သွားလိုက်သည်။

"မကြီး!...ကိုကြီး ကဒီနေ့ပြန်လာမယ် တဲ့ "

ခြံတံခါးရှေ့ရပ်လိုက်ရုံရှိသေး လရောင်က မိန်းငယ်ကိုတွေ့တာနှင့်
အပြေးလေး ရောက်လာကာ ဝမ်းသာအားရပြောသည်။ကြည့်ရတာသူလည်းပျော်နေဟန်။အစ်ကိုက မီးအိမ်လိုပဲ
အနားမှာရှိသမျှ လူတိုင်းကို အလင်းဓာတ်ပေးတယ်။
ပျော်အောင်လုပ်ပေးနိုင်သည်။ဒါကြောင့်လည်း
လရောင်က အစ်ကို့ညီလေးထက်ပင်
အစ်ကို့ကိုပိုခင်ပုံရတယ်။သူ့မျက်နှာကအပျော်က
ငယ့်ကိုပင်ကူးစက်စေသည်။သံတိုင်ကြားကနေ ခေါင်းလေးကို ဖွပြီတာနဲ့...။

"အွန်း သိပြီးပြီ...တံခါးမြန်မြန်ဖွင့်ဦး ပြီးရင် လုပ်စရာလေးရှိလို့  လိုက်ကူပေး"

"ဟုတ် မကြီး "

အမှန်ဆို ကိုယ့်အရွယ်က မကြီးခေါ်ရမဲ့အရွယ်မဟုတ်ဘူးရယ်...ကြည့်ရတာ
အစ်ကို့ကို ကိုကြီးလို့ခေါ်နေကြမလို့ သူချစ်သူ ငယ့်ကိုလည်း မကြီးပဲခေါ်လိုက်တာထင်တယ်။အဟင်း...အစ်ကို့ချစ်သူ ဆိုတာလေးကို
ကြံဖန်ပြီး ဂုဏ်ဆာရတာ သဘောကျလိုက်တာ။ကိုယ့်ဟာကိုယ်တွေး
ကိုယ့်ဟာကို​ပြုံး နေတဲ့ မိန်းငယ်ကို လရောင်က ကလေးပီပီနားမလည်စွာနှင့်ပင်
လက်ကိုဖြည်းဖြည်းလေး ပုတ်ပြီးတော့မှ။

"မကြီးကလည်း တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ...ခြံထဲဝင်လေဗျာ "

အဲ့တော့မှ ခြံတံခါးပြန်ပိတ်နေတဲ့ လရောင်ကို နောက်ကလိုက်ခဲ့ပြောပြီး မိန်းငယ် အိမ်ထဲ ဝင်လာလိုက် ၏။

"သမီးငယ်ကလည်း...သားကြီး မရှိတာနဲ့ ရောက်ကိုမလာတော့ဘူးနော် ဟွန့် "

"ဟီးးးငယ်လည်း တစ်မျိုးကြီးဖြစ်ပြီး နေမကောင်းတာနဲ့ မလာဖြစ်တာ အန်တီ "

"အံမယ်...အဲ့တစ်မျိုးကလည်း သားကြောင့်ဖြစ်တာပဲမလား...သားကြီးက
ဒီနေ့ပြန်လာမယ်ပြောတယ် သမီးငယ်သိပြီးပြီမလား "

"ဟုတ် အန်တီ...ငယ်သိပြီးပြီ "

"ထိုင်ဦးနော် ငယ်လေး...မုန့်သွားယူလိုက်ဦးမယ် "

​ပြောပြီးထိုင်ခုံကထသွားဟန်ပြင်နေတဲ့ အန်တီကို ငယ်
လှမ်းတားလိုက်လေသည်။ပြီးတော့မှ မဝင့််မရဲနှင့်ဆက်ပြောသည်။

"ဟိုလေ ငယ် တစ်ခုလောက်တောင်းဆိုစရာရှိလို့..."

"ပြောလေ သမီးငယ်...အန်တီဘာလုပ်ပေးရမလဲ "

"ဟို...အစ်ကို့အခန်းကို သန့်ရှင်းရေးလုပ်ပေးချင်လို့ အဲ့တာ...
အန်တီခွင့်ပြုပေးပါလားဟင်...ငယ်တစ်ယောက်တည်း မဟုတ်ပါဘူး
လရောင်ကို ခေါ်သွားမှာပါ "

"သမီးငယ်ရယ် ခွင့်တောင်းနေစရာမှမဟုတ်ပဲကွယ်...လရောင်ကိုခေါ်သွားမနေနဲ့
အဲ့ကလေး က ရှပ်ပြာရှပ်ပြာနဲ့ရယ်...သားကြီးက သူ့အခန်းသူ
သန့်နေအောင်ထားတာ သမီးငယ်ရှင်းလည်း နည်းနည်းပဲရှင်းရမှာ "

"ဟုတ် အန်တီ ငယ် ဝင်သွားလိုက်မယ်နော် "

"အွန်း သွား သွား...လိုတာရှိရင် အန်တီလည်းရှိတယ်...လရောင်လည်း သူ့အခန်းထဲမှာပဲ "

အိမ်ကို ခဏခဏရောက်ဖူးနေပေမယ့် အစ်ကို့အခန်းကိုတော့ တစ်ခါမှ မရောက်ဖူးတာမို့ ငယ် အခန်းဝမှာတင် ရပ်ပြီး စိတ်လူပ်ရှားနေလေသည်။
ကိုယ်ချစ်ရသူကဘယ်လိုပုံစံမျိုးကို ကြိုက်တတ်သလဲ...။ဘယ်လိုလေးနေရတာသဘောကျလဲဆိုတာ ငယ်သိချင်စိတ်နဲ့ အခန်းတံခါးဖွင့်ဝင်လိုက်၏။

အော်တိုပွင့်သွားတဲ့ မီးနှင့်အတူ ငယ့်မျက်ဝန်းမှာလည်း ကြည်နူးရိပ်တွေ အံသြမူတွေပြည့်နှက်သွားလေသည်။ဒါယောကျ်ားလေးတစ်ယောက်ရဲ့အခန်းတဲ့လား။ခဲရောင်နှင့်အနက်ရောင်ကို
အဓိကရောစပ်ထားတဲ့ အခန်းနံရံတွေ။ဟော်တယ်ခန်းတစ်မျှ သန့်ရှင်းနေမူကြောင့်
ကြမ်းပြင်မှာ စာရွတ်တွေဗရပွ ပြန့်ကျဲနေတတ်တဲ့ မိမိ့အခန်းလေးကိုမြင်ယောင်ကာ
အားငယ်မိသယောင်။ရှင်းမယ်သာပြောတာ တကယ်တမ်း ပြတိုက်ထဲအလည်ရောက်လာသလို သာ ကြည့်ပြီး ပြန်လာရမည် ကိန်းပင်။
ဟိုကြည့်ဒီကြည့်နှင့် မျက်လုံးထဲဝင်လာသည်ကနံရံအပြည့်နေရာယူထားတဲ့  စာအုပ်စင်လေးပင်။ဆေးနှင့်ပတ်သက်တဲ့ စာအုပ်တွေ/ဝတ္ထုတွေ/မှတ်တမ်းတင်ဓာတ်ပုံစာအုပ်တွေ စသည်တို့က စာကြည်တိုက်နှင့်အလားသဏ္ဍာန်တူစွာ တည်ကြည်မူကိုဖော်ပြ၏။
ထို့အပေါ်မှာမှ များပြားလွန်းတဲ့ ရွှေတံဆိပ်တွေ ဆုတွေက နေရာယူထားသည်။
မူကြိုအရွယ်ကတည်းကရထားတဲ့ ဆုတွေကစပြီး  အခုဆရာဝန်ဖြစ်သည့်တဲ့အထိ
ရထားတဲ့ဆုတွေက နည်းနည်းနောနောမဟုတ်။ဖုန်တစ်စက်မရှိအမိူက်နှင့်တူတာဆိုလို့ အခန်းပေါက်နားကအမိူက်ပုံးသာရှိသည်။
ဒါတောင် လှန်ကြည့်မှ အမိူက်ကိုတွေ့ရမည်။ငယ့်အခန်းသုံးဆလောက်ရှိသည့်အကျယ်အဝန်းနှင့် ထို စာအုပ်ကြီးက ခန့်ညားလှသည်။ခေါင်းရင်းနားကို ကြည့်မိတော့ မနေနိုင်စွာပင်
လက်လေးတွေနဲ့ ထိတွေ့မိသည်။ငယ် ကျောင်းပြိုင်ပွဲမှာဆုရခဲ့တဲ့ ပုံလေးတွေ။
ခြံဝန်းထဲမှာ ထိုင်နေတဲ့ပုံလေးတွေ။စသဖြင့် များပြားလွန်းလှတဲ့ ပုံတွေအပြင်
စင် အသေးစားလေးပေါ်မှာမှ Albumလေးတွေ မှတ်စုစာအုပ်လေးတွေကအစီအရီ။ကြည်နူးမူကဘာနဲ့မှလဲမရ။တစ်ဆက်တည်းမှာပဲ အစ်ကို့ကိုတွေ့ရင်တော့ ဘာမှမပြောပဲ ဖက်ထားဦးမယ်။ မပြောချင်လို့မဟုတ်ပဲ
ပြောစရာစကားကိုရှာမတွေ့တော့လို့။တစ်အုပ်မကတဲ့ မှတ်စုလေးတွေတိုင်းမှာ
ငယ်ဆိုတဲ့ စာလုံးဝိုင်းဝိုင်းလေးတွေက နေရာယူထား၏။ဒါတွေကိုတော့ ငယ် ဖွင့်မဖတ်တော့ပါ။မဟုတ်ရင် ဒီနေရာမှာတင် မိန်းငယ် နှလုံးအခုန်လွန်ပြီး ရှော့ရသွားလိမ့်မည်။ငယ့်အခန်းကိုမြင်နေတဲ့ ပြတင်းပေါက်နားမှာတော့
ပန်းပင်ပုလေး တစ်ပင်က ပန်းအိုးလေးထဲမှာ ဝင့်ဝင့်ကြွားကြွား ပွင့်ဖူးလျှက်သား။
မှီထားတဲ့ ဂီတာလေးကို တွေ့တော့ကြိုးတွေနဲ့အတူ စည်းချက်ကျခဲ့တဲ့ အစ်ကို့လက်ဖွေးဖွေးတွေ...သွေးကြောလေးကအစ မွှေးညင်းလေးတွေအဆုံး
ချစ်ရပါတဲ့ အစ်ကို။ချစ်လိုက်ရတာ။ချစ်ဖို့ကောင်းလိုက်တာ။ဒီလူသားကိုချစ်ခဲ့လို့နောင်တဆိုတာ ဘယ်တော့မှ မရှိဘူးဆိုတာသေချာတဲ့အထိ ချစ်ရပါသည်။ပုံရိပ်တွေသည် အပျော်တွေအဖြစ် ငယ့် သွေးကြောတွေထဲအထိ စီးဝင်လေတော့ မျက်ရည်က ကျလာပြန်ပြီလေ။

ငယ်အန်တီကို နူတ်ဆက်ပြီး အိမ်ပြန်ရောက်တော့ ညနေတောင်စောင်းတော့မည်။
မိန်းငယ်အစက မွေ့ယာပေါ် လှဲရုံလေးလှဲကြည့်တာပေမယ့် အိပ်ရေးပျက်ထားတဲ့ မျက်လုံးတွေက အခုမှ လုံခြုံရသွားသလို မှေးစက်သွားတာကြောင့်ဖြစ်လေသည်။

"သမီးငယ် ပြင်ဆင်စရာပြင်...ဒီနေ့အပြင်မှာ ညစာ စားရအောင်တဲ့ သမီးအဖေက "

"ငယ်မလိုက်လို့မရဘူလား ...အစ်ကို့ကိုစောင့်ရဦးမှာမလို့ "

"သမီးမွေးနေ့အတွက် အပြင်ထွက်ပါတယ် ဆို သမီးမပါရင် မေမေတို့ကနှစ်ယောက်တည်းဖြစ်နေမှာပေါ့ "

"ဒါပေမယ့်လည်း... "

"သမီးဖေဖေ အလုပ်များတာသိတယ်မလား...သူ့မှာ အလုပ်တွေဖျက်ပြီး
ညစာလိုက်ကျွေးတာပါ ကွယ်...ငြင်းရင် စိတ်မကောင်းဖြစ်မှာပေါ့ "

ငယ်ဘာမှမပြောတော့ပဲ အပေါ်ကိုပဲ တက်လာခဲ့လိုက်သည်။
သိပ်ထွေထွေထူးထူးလည်း ပြင်ဆင်စရာမလိုတာကြောင့်
မိတ်ကပ်ပါးပါလေးခြယ်ကာ...အဖြူရောင်အပြောက်လေးတွေပါတဲ့
ဒူးအထက်ဂါဝန်အပျော့လေးကိုသာဝတ်ဆင်လိုက်လေသည်။ပြီးနောက်
မှန်ထဲမှာ တစ်ပတ်လည့်ကြည့်တယ်။ကျောက်ကလစ်လေးပန်ပြီးရင်တော့
သူမပြင်ဆင်မူကပြီးစုံသွားပြီဖြစ်သည်။

ည၆နာရီထိုးတော့ ဖေဖေပြန်လာနဲ့ ကြိုနေရာယူထားတဲ့ စားသောက်ဆိုင်ကို
သားမိသုံးယောက် လာလိုက်ကြတယ်။မှာစရာရှိတာတွေမှာပြီးတဲ့နောက်
ငယ် ဖုန်းကိုသာကြည့်ရင်း အစ်ကိုဘယ်တော့ပြန်ရောက်မလဲဆိုသည့်
မေးခွန်းကိုသာခေါင်းထဲအခေါက်ပေါင်းမရေတွက်နိုင်စွာမေးနေမိလေသည်။

နောက်တစ်နာရီခွဲနီးပါးကြာသွားတဲ့အထိ ဘာဖုန်းမှလည်းမလာ။စာလည်းမလာ။
သူမတို့တောင်စားလို့သောက်လို့ပြီးတော့မည်။ဒီလိုနဲ့ ရယ်ရင်မောရင်းနှင့်
ငယ်ဘဝအကြောင်းတွေဖော်လိုက်။သမီးအဖေကတော့ဖြင့် ငယ်ငယ်ကဘယ်လို
အမေကဖြင့် ဘယ်လိုတွေ သဝန်တိုတာ စသည့် စကားဝိုင်းလေးက ပျော်စရာကောင်းနေသည်။မိသားစုဆိုတဲ့ အသိုက်အဝန်းဟာ
အေးချမ်းလှသည်။နွေးထွေးလှသည်။ငယ် အစ်ကို့ကိုတောင်ခဏမျှမတွေးမိတဲ့အထိကို ပျော်ရွင်ဖွယ်ကောင်းလှသည့် ညချမ်းအချိန်လေးပါလေ။

"ဖေဖေတို့ ဒီမှာ ထိုင်ဦးနော် ငယ် လမ်းနည်းနည်းလျှောက်လိုက်ဦးမယ် "

"ကားလမ်းကြည့်ကူးဦး သမီးငယ်...သိပ်လည်းဝေးဝေးမသွားနဲ့ "

ဖေဖေ့စီက ခွင့်ပြုချက်ရတာနှင့် ငယ် လမ်းတစ်ဖက်ကိုကူလိုက်သည်။
ခဏနေပြန်တော့မှာဆိုပေမယ့် ညခင်းရောက်လေ လူကျလေဖြစ်နေတော့စကားသံတွေ ပြည့်ကြပ်လာတဲ့ လူတွေ​နဲ့ မိန်းငယ်စိတ်ရူပ်လာ၍ ထွက်လာခဲ့ခြင်းဖြစ်လေသည်။

ညပိုင်းအချိန်ဖြစ်တာကြောင့် ကန်ရေပြင်က တိတ်ဆိတ်လျှက်...
တစ်ချက်တစ်ချက်တော့ငါးတွေကူးခက်သွားလို့ ရွေ့လျားသွားရုံမှအပ ငြိမ်သက်နေလေသည်။လမ်းမီးတိုင်လေးတွေ စီရီနေတာကြောင့် မှောင်ရိပ်ခိုနေတဲ့နေရာကသိပ် မရှိပေ။လမ်းဘေးစျေးကားလေးတွေ
လည်းရှိတော့ တစ်ချို့လည်း ထိုကားလေးတွေနားမှာဝယ်ကျစားကျနှင့်
အရာအားလုံးက တစ်ချက်တစ်ချက်တိုက်ခက်တဲ့လေပြေအေး လိုအေးအေးချမ်းချမ်းပင်။သူလိုကိုယ်လိုလမ်းလျှောက်ကြတဲ့ လူတွေ
ခရီးသွားတစ်ချို့နှင့် စုံတွဲတွေကလည်း ဟိုတစ်စ ဒီတစ်စ သူနေရာနှင့်သူ။

စတီးနဲ့ပြုလုပ်ထားတဲ့ ကန်ဘောင်ပေါ်ကို လက်တစ်ဖက်နှင့် ထောက်လျှက်
တစ်ဖက်ကတော့ လွင့်သွားတဲ့ ဆံနွယ်လေးကိုပြန်သပ်ချနေတဲ့ မိန်းမိန်းငယ်။
မျက်ဝန်းတွေက လွမ်းဆွတ်ယောင်တွေ မီးရောင်အောက်မှာ တစ်ချက်တစ်ချက်
လဲ့ လဲ့ သွားတဲ့ အရည်ကြည်တစ်ချို့က အောက်သို့လျှံကျလာခြင်းတော့မရှိပေ။

လက်မပါပဲလိူင်းတွန့်လေးတွေကြည့် ပခုံးမှာ ပါတဲ့ အင်္ကျီကြောင့် လက်မောင်းသားဖွေးဖွေးလေးတွေကအထင်းသား။ဝဲကျနေတဲ့ဂါဝန်စလေးက
ဒူးလေးနှင့် ခြေသလုံးသွယ်သွယ်ကို ဖုံးနိုင်စွမ်းမရှိ။လိုချင်တာမရတဲ့ ကလေးလေးလို တစ်ချက်တစ်ချက် ဆူထော်ထော်လေးဖြစ်လာတဲ့
နူတ်ခမ်းလေးက ချယ်ရီသီးလေးလိုပင်။

"ကိုကို "

"ငယ်..."

"ငါတော့ရူးနေပြီထင်ပါတယ် ကိုကိုကပြန်တောင်မရောက်သေးတာကို "

သူမခေါ်ပြီးတာနှင့်နောက်ကပါလာတဲ့အသံကြောင့်
စိတ်ထဲရေရွတ်လိုက်မိသည်။

"ငယ် "

နောက်တစ်ခေါက်။

"ငယ်ရေ "

နောက်တစ်ကြိမ်။

နားတစ်လျှောက်စီးဝင်လာတဲ့ အသံက ကားသံတွေကြားကနေမှ
ထင်းထင်းရှားရှားကို ကြားလာရသည်။

"ငယ် "

ဘယ်ဘက်ကိုလှည့်အကြည့် သူ့မ မျက်ဝန်းတွေဝိုင်းစက်သွားရသလို ခုဏက လျှံမကျသေးတဲ့ မျက်ရည်တစ်ချို့က ပိုးပိုးပေါက်ပေါက်နှင့် အခါမဲ့ရွာသွန်းနေတဲ့မိုးလိုပင်။

"ကိုကို...ကိုကို့ "

အော်သံကြောင့် လူတွေလှည့်ကြည့်သည့်တိုင်အောင်
မရှက်နိင်သေး။အဝေးက မြင်ရတဲ့ ပုံရပ်ငယ်ဆီကိုသာ ပြေးသွားမိတော့တာ။မမောနိုင်။အကြာကြီးခွဲခွာရတဲ့ အမေကို ပြန်တွေ့ရသည့် အပျော်မျိုး။ဖေဖေရုံးကပြန်လာတာကို မျှော်ရသည့် မျှော်လင့်ချက်မျိုးနှင့်​ပြေးလာနေတော့တာ။ဘယ်သူ့ကိုမှမမြင်နိုင် ဘယ်သူ့ကိုမှလည်းမတွေ့တော့
တစ်ဦးတည်း။ဟုတ်သည် ထိုတစ်ဦးတည်းကိုသာ မိန်းငယ်မြင်နိုင်တော့သည်။

"ကိုကို "

ပါးစပ်က ထိုအမည်နာမကိုပဲ ပြောတတ်သယောင် အကြိမ်အကြိမ်ခေါ်ဆိုရင်း
တဖြည်းဖြည်းနီးကပ်လာတဲ့ ထိုမျက်ဝန်းညိုတို့ရဲ့ပိုင်ရှင်ကိုတွေ့လိုက်တော့...
စိတ်ချသွားရသလို၊လုံခြုံရာတွေ့သွားရသလို၊သခင်ပြန်တွေ့သည့်ကြောင်ပေါက်လေးလိုခံစားလိုက်ရ၏။ရင်ခုန်သံတွေကဗလောင်ဆူနေတာမျိုးမရှိ ငြိမ့်ငြိမ့်လေးနှင့် ကန်ရေပြင်လိုသာ
ခပ်အေးအေးလေး...လူပ်ခုန်နေ၏။အပျော်တွေဟာ တစ်ကိုယ်လုံးကိုစီးဝင်နေသလို
ရင်ထဲဝမ်းသာမူကြောင့် စို့တက်နေတော့သည်။

"ငယ် "

ဒီအသံလေးကိုမည်မျှ တမ်းတခဲ့ရပါသနည်း။ဒီအသံ၊ ဒီမျက်ဝန်းညို၊ဒီပခုံးကျယ်ကျယ်၊ဒီရင်ခွင်ကျယ် မယုံနိုင်စွာ အထက်အောက်ကြည့်ရင်း
သူမ နေ့ခင်းကတွေးသလိုပင် ပြိုကျလိုက်တော့တာ။ ဘာစကားမှမဆိုနိုင်တော့
ရင်ထဲ ဝမ်းသာမူက မျက်ဝန်းစီက မျက်ရည်တွေကျဖို့ရာသာ စွမ်းဆောင်နိုင်တော့၏။အရံသင့်ဖမ်းကိုင်ပေးတဲ့ ဒီရင်ခွင်ကျယ်ကြီးထဲကိုပဲ အနက်ရိူင်းဆုံးအထိ...ဘယ်ဘက်ရင်အုံနှင့် ပါးပြင်ထိတွေ့တဲ့အထိ...ကို ငယ်
ဖက်ထားမိသည်။ ခေါင်းနောက်ကိုအုပ်ကိုင်လာတဲ့ လက်နွေးနွေးတွေကိုတသိမ့်သိမ့်ခံစားမိသည်။ခေါင်းထပ်ကျရောက်လာတဲ့
အနမ်းတွေအောက်မှာ သူမပျော်ရွင်မူကတိုင်းတာလို့မရ။ပြည့်စုံပြီ။ဒီလူသားရှိနေရုံနဲ့တင် မွေးနေ့ဆိုတာ ပြည့်စုံနေပြီ။ဘာမှမလို ဘာပွဲမှမလိုသလို
ဘာကိတ်မှမလို လက်ဆောင်တွေကိုလည်း မလိုချင်တော့ ဒီလူသားသာလျှင်
ဘဝ၏ဘုရားပေးသော လက်ဆောင်ပင်။ငယ် ဒီရက်တွေအတွင်း အကြိမ်ကြိမ်ဆုတောင်းခဲ့သည့် တစ်ခုတည်းသောဆုတောင်းလေးရှိသည်။
ကြယ်ကြွေတာကိုတွေ့တိုင်း ဘုရားရှိခိုးတိုင်း တစ်ခုတည်းသော တောင်းတမိတဲ့ဆုတောင်းက ရိုးရိုးလေးရယ်ပါ။

"ငယ် ကိုကို့ ရဲ့ငယ် လွမ်းလိုက်တာ...အရမ်းလွမ်းနေခဲ့တာ
အာ...ဒီမျက်ရည်တွေကတော့ကွာ "

မျက်ရည်တွေကို ဖိပွတ်နေတဲ့ အစ်ကိုရယ်ပါ။
ဘေးနားမှာ လူတွေကြည့်နေတာသိသည်။မရှက်နိုင်သေး။ကိုကို့မျက်ဝန်းကိုကြည့်တော့ မျက်ရည်စတွေနဲ့။မတွေ့ရတဲ့ရက်ပိုင်းလေးမှာ
ချောင်ကျသွားတဲ့မျက်နှာလေးကို လက်နှစ်ဖက်နှင့်အုပ်ကိုင်လိုက်ပြီး...
မိန်းငယ် အစ်ကို့ မျက်ရည်ဝိုင်း မျက်ဝန်းတွေကိုသာ ခပ်နက်နက်စိုက်ကြည်လိုက်တော့တာ။ချောမောစဲပင် ပင်ပန်းနေတဲ့ ကြားက အကောင်းဆုံး အတောက်ပဆုံးပြုံးပြနေတဲ့ နူတ်ခမ်းသားတွေက နီနေတုန်း။
နဖူးကချွေးစလေးတွေ...လိုက်ဖိုနေတဲ့ရင်ဘက်တွေကြောင့် ဘယ်လောက်တောင်ပြေးလာခဲ့ရလဲ အချစ်ရယ်။
ကိုကို့မျက်ရည်တွေကို လူတွေမကြည့်စေချင်ပါ ထပ်ပြေးထွက်ရဦးမည်။
အားနာပေမယ့် ငယ့်အတွက် ကိုကိုထပ်ပြေးနိုင်သေးတယ်မလား။

ခပ်လှမ်းလှမ်းမှာ ကြည့်နေတဲ့ အမေက နားလည်ဟန်နှင့်
ခေါင်းလေးငြိမ့်ပြသည်။သွားဆိုသည့် သဘောမျိုးပင်။
မျက်ရည်တွေကျနေသည့် အစ်ကို့ လက်ကို မြဲမြဲဆွဲကာ
ဒီလူတွေနဲ့ဝေးရာကို ငယ်ပြေးထွက်လာခဲ့သည်။

တစ်တိုင်ပြီးတစ်တိုင် ကျော်လာခဲ့တဲ့  မီးတိုင်တွေ...အစ်ကို့ဂျင်းကုတ်လေးနောက်မှာလွင့်သည့် အထိ...
အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိပါပဲ...ငယ် ပြေးနေမိတော့တာ။

"ငယ်...ငယ် ရပ်တော့လေ...မောနေမယ် "

"ဟင်းးး "

လူသိပ်မရှိတော့တဲ့နေရာရောက်တော့မှ အစ်ကိုကနောက်ကလှမ်းပြော၏။
မိန်းငယ် ရပ်လည်းရပ်...လက်ကိုလည်းလွှတ်ချပြီး...သက်ပြင်းချကာ နောက်တစ်ကြိမ်ရင်ခွင်ထဲထပ် တိုးဝင်လိုက်လေသည်။ကျောပြင်ကိုခပ်တင်းတင်းဖက်တော့အစ်ကိုက အင်္ကျီအိတ်ကပ်ထဲလက်ထည့်ပြီး ငယ့်ကိုထည့်ဖက်ပေးသည်။မောနေသော်လည်း အမောမမည်သော မောခြင်းပင်။

"ငယ် ဘာမွေးနေ့လက်ဆောင်မှ မပေးလိုက်ရဘူး တောင်းပန်ပါတယ်နော် "

"အဟင်း ငယ့်အတွက်တော့ ကိုကို့ဖြစ်တည်မူက အကောင်းဆုံးလက်ဆောင်ပဲ
အဲ့ထက်ကောင်းတာမျိုး မရှိတော့ဘူး ထပ်ရှိလာစရာလည်းမလိုတော့ဘူး "

"ကိုကို့အမောပြေလေး...စကားတွေတတ်လာလိုက်တာ "

အစ်ကိုက ခေါင်းအနောက်ကိုလက်ပို့ပြီး နဖူးလေးကိုထပ်နမ်းတော့
ငယ် မျက်ဝန်းတွေကို အလိုလိုမှိတ်ပေးလိုက်၏။

"မွေး​​​​နေ့လက်ဆောင် မပေးလိုက်ရပေမယ့် ကိုကို ကိတ်တော့ဝယ်လာပါတယ် ဒီမှာကြည့် "

အင်္ကျီအိတ်ကပ်ထဲက ထုတ်ပြတဲ့ အစ်ကို့အခေါ် ကိတ် သူမအခေါ် 100တန်ပေါင်မုန့်
လေးကိုထုတ်ပြသည်။ချစ်စရာကောင်းလိုက်တာကိုကိုရယ်။

"ဘယ်လိုလဲ ကြိုက်တယ်မလား...ကိုယ်လည်း မှာပေးချင်တာပေါ့ ကိတ်မုန့်ကြီးကြီး
ဒါပေမယ့် ဖုန်းအားကုန်နေတော့ ဘယ်မှဆက်လို့မရ...ဆက်ရင်လည်း သူများဖုန်းနဲ့ဆိုတော့ အဆင်မပြေဘူး...အခုနေမှာရင်လည်း ကိုယ်ကခုဏလေးတင်ရောက်တာဆိုတော့ မမှီတော့ဘူး အဲ့ဒါနဲ့  ကားနားတုန်းက
ပေးတဲ့ မုန့်ပဲကောက်ယူလာလိုက်တာ တောင်းပန်ပါတယ်နော် "

"လုံလောက်နေပါပြီ..."

"ဟွန် "

"ဒီလောက်နဲ့လည်း လုံလောက်တယ်လို့...ကိုကို့စီကဆို ဘာပဲဖြစ်နေဖြစ်နေ
ငယ့်အတွက် တန်ဖိုးထားစရာတွေမလို့...ဘာမှမဖြစ်ဘူးလို့"

"ငါ့ကလေးလေးက အတတ်ပလက်လေးပါကွာ ...လာ ကိုကိုတို့ ကိတ်ခွဲရအောင်
အာ...နေဦး နေဦး ဖယောင်းတိုင် ပါသေးတယ် "

ကိုကို့လက်ဖဝါးထဲက ပေါင်မုန့်လေးက တကယ့် သေးသေးလေးရယ်ပါ။
ဖယောင်းတိုင်ကတောင်ပိုကြီးနေသေးတယ်။

မွေးနေ့မှာ ကြီးကျယ်ခမ်းနားတဲ့အရာတွေမလိုပါဘူး...ကိတ်မုန့်အကြီးကြီးတွေ
လူအများဆွံအ့စေတဲ့ လက်ဆောင်တွေ...စပရိုက်ဂေ့တွေ...ဒါတွေက
ငယ့်အတွက်တော့ ကိုကိုနဲ့တူတူစားရတဲ့ ပေါင်မုန်သေးသေးလေး တစ်ခြမ်းလောက်တောင် ရင်ခုန်စရာမကောင်းသလို
ပျော်ရွင်စရာတွေရှိမနေပါ။

"ငယ် ခုဏက ဘာဆုတောင်းလိုက်လဲ "

ကြယ်တွေကိုကြည့်ရင်း အစ်ကိုကပြောတော့ ငယ်က အစ်ကို့မျက်ဝန်းလေးတွေကိုငေးကြည့်ရင်း ဖြေမိပါတယ်။

"ဆုတောင်းတွေက ထုတ်ပြောရင် တကယ်ဖြစ်မလာဘူးတဲ့...ငယ်ကတော့
ထုတ်ပြောမယ် ဘာလို့ဆို ငယ့်ဆုတောင်းတွေပြည့်နေပြီဆိုတာယုံကြည်လို့
ငယ့်ဆုတောင်းက... "

အစ်ကိုက ငယ့်ကိုပြန်ကြည့်လာတော့မှ ဆက်ပြောတယ်။

"ရိုးရိုးလေးပါပဲ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုကို့နားမှာရှိနေချင် တယ်လို့ဆုတောင်း ခဲ့တယ် အဲ့ဒါ အမြဲတမ်းအတွက် ဆုတောင်းပဲ "

ပေါ့ပေါ့ပျက်ပျက်ဖြစ်သွားရင်နားလည်ပေးပါလို့တောင်းဆိုပါရစေ။

-Nora-

Zawgyi

ကိုကို႔ရဲ့ငယ္...✨

(12.3)

ညကေကာင္းေကာင္းအိပ္မေပ်ာ္ေပမယ့္
အစ္ကို ျပန္လာမယ္ဆိုတဲ့ အသိေၾကာင့္ မိန္းငယ္
ပံုမွန္ထက္ေစာ၍ ထလိုက္သည္။

"ဒီေန့ အေနာက္ဘက္ကေနထြက္ၿပီး
ၾကယ္ေတြဘာေတျြမင္ရေတာ့မယ္ထင္တယ္  "

တစ္ခါမွ မျမင္ဖူးတဲ့ သတၲဝါတစ္ေကာင္ကို ၾကည့္သည့္
အၾကည့္ မ်ိဳးႏွင့္ ၾကည့္လ်ွက္ မနက္စာစားေနတဲ့ေဖေဖ့ကို
လွမ္းေျပာေနသည့္ အေမ။ ေဖေဖကလည္းေကာ္ဖီေသာက္ေနရာကေန
ၾကည့္ၿပီး အားရပါးရရီၿပီး။

"ဒီေန့ ထူးျခားျဖစ္ရပ္ေတြ ျဖစ္မယ္ထင္တယ္
ဟား...ဟားး.."

လိုက္လည္းလိုက္ဖက္တဲ့လင္မယားႏွစ္ေယာက္လံုးကိုအထင္ေသးရန္ေကာဆိုသည့္အၾကည့္မ်ိဳးႏွင့္ မိန္းငယ္ မ်က္ေစာင္းတစ္ခ်က္သာပို႔လႊတ္ၿပီး ၿခံထဲသာ ဆင္းလာခဲ့သည္။

သူမ ၿခံထဲေရာက္ေတာ့ ပန္းတစ္ခ်ိဳ႕ ခူး၍ အေပၚထပ္ဘုရားခန္းကို တက္လာလိုက္သည္။

"အေမ့ သေျပပန္းေတြ စြန္႔လိုက္ေတာ့မယ္ေနာ္
ႏွင္းဆီပန္းေျပာင္းကပ္ ခ်င္လို႔ "

"ဘုရားေက်ာင္းေဆာင္ပါ တစ္ခါတည္း ရွင္းလိုက္ဦး သမီးငယ္
ပန္းမေလာက္ရင္ ေအာက္မွာ ရိွေသးတယ္မလား "

"ဟုတ္ ေမ့... ေလာက္ ေလာက္ပါတယ္"

ပန္းက အေပၚမွာ လဲလို႔ရေနေတာ့ ငယ္ ပန္းအိုးေတြကို ေသေသခ်ာခ်ာႏွင့္ဂရုတစိုက္
လဲလိုက္တယ္။ၿပီးေတာ့မွ ေရမိုးခ်ိဳးဖို႔ ျပင္ဆင္လိုက္၏။

မေန့ကတည္းက သူငယ္ခ်င္းေတြရဲ့ေမြးေန့ဆုေတာင္းေတြက
ေလးငါးဆယ္ေယာက္ပင္မက။accတစ္ခုလံုးလည္းTagထားတဲ့postေတြၾကည့္။
သို႔ေသာ္  တစ္ဦးတည္းေသာသူရဲ့ ငယ္ဆိုတဲ့ အသံေလးသာ ၾကားရင္ကို ေမြးေန့ကျပည့္စံုသြားမွာ။

အေမကေတာ့ မနက္ကတည္းက ဘုန္းႀကီးေက်ာင္း ကိုဆြမ္းသြားပို႔ေပးသည္။
ေဖေဖက ဘာလိုခ်င္လဲ ေမးေပမယ့္ မိန္းငယ္ ဘာမွမလိုခ်င္...
အစ္ကို႔ရင္ခြင္ထဲမွာသာ တိုးေဝ့ခ်င္စိတ္ရိွသည္။အဲ့တိုင္းသြားေျပာရင္ အိမ္ေပၚက ဆင္းရမည္မလို႔ ထုတ္ေတာ့မေျပာရဲ။

အရင္ႏွစ္ ဒီလိုအခ်ိန္ဆို ေစ်းဝယ္ၾက ျပင္စရာရိွတာျပင္ၿပီး ေမြးေန့ပြဲ က်င္းပဖို႔
ေပ်ာ္ေနရၿပီ...သို႔ေသာ္ဒီတစ္ႏွစ္ေမြးေန့ ကေတာ့ သာမန္ေန့ေတြလိုပါပဲ။
ေမေမလည္း ဘာမွသြားမဝယ္သလို ေဖေဖလည္း ခဏေနအလုပ္သြားေတာ့မည္။
သူငယ္ခ်င္းေတြလည္း ဘယ္သူမွမလာ။လက္ေဆာင္တစ္ခ်ိဳ႕ ႏွင့္ ပန္းစည္း ေလးေတြသာ ပို႔လာၾကသည္။တကယ္လို အရင္လို ပြဲလုပ္ၾကပါၿပီး ဆိုရင္ေတာင္
မိန္းငယ္ ေပ်ာ္ႏိုင္မည္မဟုတ္ေပ။ အစ္ကိုနဲ႔မွမဟုတ္ရင္ ဘယ္ႏွစ္ပတ္လည္ကိုမွမျဖတ္သန္းခ်င္ပါ။

ဘာမွလည္းေထြေထြထူးထူးမလုပ္ျဖစ္ေတာ့ မိန္းငယ္ အစ္ကိုလမ္းခရီးအဆင္ေျပဖို႔သာ ဆုေတာင္းရင္း ငယ္ဆိုတဲ့ အသံေလးၾကားရဖို႔ကိုသာရင္ခုန္စြာႏွင့္ေစာင့္ေနမိသည္။

ခရီးကေဝးလွတာ​​ေၾကာင့္ ဒီညေတာင္ေရာက္ျဖစ္မလားမေသခ်ာေပမယ့္
ေစာင့္ေနဖို႔က မိန္းငယ္ တာဝန္ပင္ျဖစ္သည္။အစ္ကိုေပးမဲ့လက္ေဆာင္ေတြထက္
ငယ္ ကအစ္ကို႔ကိုပိုမက္ေမာပါတယ္။

"Ring Ring... "

ဖုန္းနံပါတ္စိမ္းတစ္ခုမလို႔ ကိုင္လိုက္ဖို႔ အနည္းငယ္တုန္႔ဆိုင္းၿပီးေတာ့မွ
အစ္ကို႔မ်ားျဖစ္ေနရင္ဆိုသည့္ အေတြးနဲ႔ က်ခါနီးစဲစဲမွကိုင္လိုက္သည္။

"ဟယ္လို...Happybirthday ပါ ငယ္ "

မိန္းငယ္ဘက္က စ​ေျပာမလို႔ ဟန္ျပင္ေနစဥ္ ဦးေအာင္ေျပာလာတဲ့ေမြးေန့ဆုေတာင္း​စကားေလး။ငယ္မ်က္ရည္က်မိသည္က ဆုေတာင္းစကားေၾကာင့္လား အစ္ကို႔အသံေၾကာင့္လားဆိုတာေတာ့ မသိ ငယ္က ငိုခ်င္ေနၿပီ။မဟုတ္ ငိုေနၿပီ။

"ကိုကို႔...အဟင့္..ဟင့္ "

"​ေရာ...မငိုပါနဲ႔ ကေလးရယ္ ကိုကို ျပန္လာေနၿပီေနာ္...ကိုကို ငယ့္ဆီျပန္လာေနၿပီ
မငိုပါနဲ႔ ငယ့္မ်က္လံုးေလးေတြ နာကုန္မွာေပါ့ ကြာ...ေနာ္ ငယ္ လိမၼာပါတယ္ ကိုကို႔ရဲ့ငယ္ေလးက မငိုနဲ႔ မငိုနဲ႔  "

အနားမွာမရိွတာေတာင္ ရသေလာက္ေခ်ာ့ေနရွာတဲ့ ခ်စ္ရသူ​ေၾကာင့္ မိန္းငယ္
ဆက္မငိုမိေအာင္ မနည္း ထိန္းထားရသည္။ေခ်ာ့ေလ ငိုခ်င္ေလျဖစ္ေနတဲ့
စိတ္ေၾကာင့္ စကားေတာင္ေျပာလို႔မရ။ေျပာလိုက္တာႏွင့္ ထပ္ငိုခ်မိမည္။

"ကိုကိုငယ့္ကို အၾကာႀကီးပစ္ထားမိတယ္ကြာ...ကိုကိုေရာက္တာနဲ႔ စိတ္ဆိုးျပစ္ၾကားလား...မရရေအာင္ေခ်ာ့မယ္...ထုရိုက္ပစ္ခ်င္လည္းရိုက္ပစ္လို႔ရတယ္...ဒီလူဆိုးႀကီးက ကေလးငယ္ေလးကို အၾကာႀကီး ပစ္ထားလိုက္မိတာ
ေတာင္းပန္ရံုနဲ႔ မလံုေလာက္ပါဘူး ကိုကိုလာမွ ငယ္ေပးသမ်ွအျပစ္ကိုအကုန္ခံယူမယ္ေနာ္...မငိုေတာ့ မငိုပါနဲ႔...ကိုယ္ရင္ေတြနာလို႔ပါ"

ဖုန္းထဲကေနအျပစ္ရိွတဲ့သူလိုမ်ိဳး ေျပာေနတဲ့ သူ႔ေၾကာင့္ ငိုခ်င္ေနသည့္ၾကားမွ
မိန္းငယ္ ၿပံဳးရေသးသည္။အေျခအေနအမ်ိဳးမ်ိဳး​နဲ႔မလို႔ အဆက္အသြယ္မရတာကို နားမလည္တာလည္းမဟုတ္ပဲနဲ႔ မိန္းငယ္ သူ႔ကိုဘယ္လိုစိတ္ဆိုး စိတ္ေကာက္ႏိုင္မွာလဲ။အခုလို အသံေလးၾကားရံုနဲ႔တင္ ကမ႓ာႀကီးက ျပည့္စံုေနသလို
ခံစားေနရတာကို...။

"ငယ္! ကိုကို ဖုန္းခ်ေတာ့မယ္ေနာ္...ကိုယ္တို႔အခု xxxxၿမိဳ႔ကိုေရာက္ၿပီ
ဒီႏူန္းနဲ႔ဆို ညပိုင္းေလာက္ေရာက္မယ္ထင္တယ္...ဘယ္လိုပဲျဖစ္ျဖစ္ ငယ့္ေမြးေန့ေလး မကူးခင္ေတာ့ဘယ္နည္းနဲ႔ျဖစ္ျဖစ္ေရာက္ေအာင္လာခဲ့မယ္ "

"ဟင့္အင္း ရတယ္ "

"ဘာကိုလဲ ငယ္ "

"ရတယ္လို႔...ဟင့္...ငယ့္ေမြးေန့မမွီလည္းဘာမွမျဖစ္ဘူး...ကိုကိုသာ အႏၲရယ္ကင္းကင္းနဲ႔ျပန္လာခဲ့ေပး...အရမ္း.."

​ခဏေလာက္ရပ္ေနၿပီေတာ့မွ ငယ္ ဆက္ေျပာလိုက္တယ္။

🥰"အရမ္း...လြမ္းတယ္..."

"ငယ္ရယ္...ကိုကိုလာၿပီေနာ္ အျမန္ဆံုးေရာက္ေအာင္လာခဲ့မယ္
ကိုကိုလည္း အရမ္းလြမ္းေနၿပီမလို႔ "

ဖုန္းမက်သြားခင္ ေလာေလာနဲ႔ အဖြဲ႔သားေတြကို လွမ္းေအာ္ေနတာကို ၾကားရေတာ့
ငယ္ ၿပံဳးမိေသးတယ္။အခုအခ်ိန္ဆို ကားကို ဒံုးပ်ံလိုေမာင္းခိုင္းေနမည့္ အစ္ကို႔ပံုရိပ္ေတြကို မိန္းငယ္ ျမင္ေယာင္ေနပါေသးသည္။

အသံေလးၾကားမွ ပိုေတာင္ လြမ္းလာတယ္လို႔ မိန္းငယ္ ထင္သည္။ရင္ထဲကအေပ်ာ္ေတြက တားမရ...မိူင္ေနတဲ့မ်က္ႏွာေလး ကေနေရာင္ထိတဲ့ ပန္းေလးလိုပင္။အသံေလးနဲ႔တင္... အမွားမဟုတ္ပါပဲနဲ႔ေခ်ာ့ေနတာေလးနဲ႔တင္ ဒီသံုးရက္လံုးခံစားရတာေတြ အလြမ္းေတြက ၾကက္ေပ်ာက္ငွက္ေပ်ာက္ႏွင့္...
ဘယ္ေရာက္သြားမွန္းေတာင္မသိေတာ့။ခ်က္ခ်င္းထိုင္ေနရက ထၿပီး အစ္ကို႔အိမ္ကို​သြားလိုက္သည္။

"မႀကီး!...ကိုႀကီး ကဒီေန့ျပန္လာမယ္ တဲ့ "

ၿခံတံခါးေရ႔ွရပ္လိုက္ရံုရိွေသး လေရာင္က မိန္းငယ္ကိုေတြ့တာႏွင့္
အေျပးေလး ေရာက္လာကာ ဝမ္းသာအားရေျပာသည္။ၾကည့္ရတာသူလည္းေပ်ာ္ေနဟန္။အစ္ကိုက မီးအိမ္လိုပဲ
အနားမွာရိွသမ်ွ လူတိုင္းကို အလင္းဓာတ္ေပးတယ္။
ေပ်ာ္ေအာင္လုပ္ေပးႏိုင္သည္။ဒါေၾကာင့္လည္း
လေရာင္က အစ္ကို႔ညီေလးထက္ပင္
အစ္ကို႔ကိုပိုခင္ပံုရတယ္။သူ႔မ်က္ႏွာကအေပ်ာ္က
ငယ့္ကိုပင္ကူးစက္ေစသည္။သံတိုင္ၾကားကေန ေခါင္းေလးကို ဖြၿပီတာနဲ႔...။

"အြန္း သိၿပီးၿပီ...တံခါးျမန္ျမန္ဖြင့္ဦး ၿပီးရင္ လုပ္စရာေလးရိွလို႔  လိုက္ကူေပး"

"ဟုတ္ မႀကီး "

အမွန္ဆို ကိုယ့္အရြယ္က မႀကီးေခၚရမဲ့အရြယ္မဟုတ္ဘူးရယ္...ၾကည့္ရတာ
အစ္ကို႔ကို ကိုႀကီးလို႔ေခၚေနၾကမလို႔ သူခ်စ္သူ ငယ့္ကိုလည္း မႀကီးပဲေခၚလိုက္တာထင္တယ္။အဟင္း...အစ္ကို႔ခ်စ္သူ ဆိုတာေလးကို
ႀကံဖန္ၿပီး ဂုဏ္ဆာရတာ သေဘာက်လိုက္တာ။ကိုယ့္ဟာကိုယ္ေတြး
ကိုယ့္ဟာကို​ၿပံဳး ေနတဲ့ မိန္းငယ္ကို လေရာင္က ကေလးပီပီနားမလည္စြာႏွင့္ပင္
လက္ကိုျဖည္းျဖည္းေလး ပုတ္ၿပီးေတာ့မွ။

"မႀကီးကလည္း တစ္ေယာက္တည္း ဘာေတြၿပံဳးေနတာလဲ...ၿခံထဲဝင္ေလဗ်ာ "

အဲ့ေတာ့မွ ၿခံတံခါးျပန္ပိတ္ေနတဲ့ လေရာင္ကို ေနာက္ကလိုက္ခဲ့ေျပာၿပီး မိန္းငယ္ အိမ္ထဲ ဝင္လာလိုက္ ၏။

"သမီးငယ္ကလည္း...သားႀကီး မရိွတာနဲ႔ ေရာက္ကိုမလာေတာ့ဘူးေနာ္ ဟြန္႔ "

"ဟီးးးငယ္လည္း တစ္မ်ိဳးႀကီးျဖစ္ၿပီး ေနမေကာင္းတာနဲ႔ မလာျဖစ္တာ အန္တီ "

"အံမယ္...အဲ့တစ္မ်ိဳးကလည္း သားေၾကာင့္ျဖစ္တာပဲမလား...သားႀကီးက
ဒီေန့ျပန္လာမယ္ေျပာတယ္ သမီးငယ္သိၿပီးၿပီမလား "

"ဟုတ္ အန္တီ...ငယ္သိၿပီးၿပီ "

"ထိုင္ဦးေနာ္ ငယ္ေလး...မုန္႔သြားယူလိုက္ဦးမယ္ "

​ေျပာၿပီးထိုင္ခံုကထသြားဟန္ျပင္ေနတဲ့ အန္တီကို ငယ္
လွမ္းတားလိုက္ေလသည္။ၿပီးေတာ့မွ မဝင့္္မရဲႏွင့္ဆက္ေျပာသည္။

"ဟိုေလ ငယ္ တစ္ခုေလာက္ေတာင္းဆိုစရာရိွလို႔..."

"ေျပာေလ သမီးငယ္...အန္တီဘာလုပ္ေပးရမလဲ "

"ဟို...အစ္ကို႔အခန္းကို သန္႔ရွင္းေရးလုပ္ေပးခ်င္လို႔ အဲ့တာ...
အန္တီခြင့္ျပဳေပးပါလားဟင္...ငယ္တစ္ေယာက္တည္း မဟုတ္ပါဘူး
လေရာင္ကို ေခၚသြားမွာပါ "

"သမီးငယ္ရယ္ ခြင့္ေတာင္းေနစရာမွမဟုတ္ပဲကြယ္...လေရာင္ကိုေခၚသြားမေနနဲ႔
အဲ့ကေလး က ရွပ္ျပာရွပ္ျပာနဲ႔ရယ္...သားႀကီးက သူ႔အခန္းသူ
သန္႔ေနေအာင္ထားတာ သမီးငယ္ရွင္းလည္း နည္းနည္းပဲရွင္းရမွာ "

"ဟုတ္ အန္တီ ငယ္ ဝင္သြားလိုက္မယ္ေနာ္ "

"အြန္း သြား သြား...လိုတာရိွရင္ အန္တီလည္းရိွတယ္...လေရာင္လည္း သူ႔အခန္းထဲမွာပဲ "

အိမ္ကို ခဏခဏေရာက္ဖူးေနေပမယ့္ အစ္ကို႔အခန္းကိုေတာ့ တစ္ခါမွ မေရာက္ဖူးတာမို႔ ငယ္ အခန္းဝမွာတင္ ရပ္ၿပီး စိတ္လူပ္ရွားေနေလသည္။
ကိုယ္ခ်စ္ရသူကဘယ္လိုပံုစံမ်ိဳးကို ႀကိဳက္တတ္သလဲ...။ဘယ္လိုေလးေနရတာသေဘာက်လဲဆိုတာ ငယ္သိခ်င္စိတ္နဲ႔ အခန္းတံခါးဖြင့္ဝင္လိုက္၏။

ေအာ္တိုပြင့္သြားတဲ့ မီးႏွင့္အတူ ငယ့္မ်က္ဝန္းမွာလည္း ၾကည္ႏူးရိပ္ေတြ အံၾသမူေတျြပည့္ႏွက္သြားေလသည္။ဒါေယာက်္ားေလးတစ္ေယာက္ရဲ့အခန္းတဲ့လား။ခဲေရာင္ႏွင့္အနက္ေရာင္ကို
အဓိကေရာစပ္ထားတဲ့ အခန္းနံရံေတြ။ေဟာ္တယ္ခန္းတစ္မ်ွ သန္႔ရွင္းေနမူေၾကာင့္
ၾကမ္းျပင္မွာ စာရြတ္ေတြဗရပြ ျပန္႔က်ဲေနတတ္တဲ့ မိမိ့အခန္းေလးကိုျမင္ေယာင္ကာ
အားငယ္မိသေယာင္။ရွင္းမယ္သာေျပာတာ တကယ္တမ္း ျပတိုက္ထဲအလည္ေရာက္လာသလို သာ ၾကည့္ၿပီး ျပန္လာရမည္ ကိန္းပင္။
ဟိုၾကည့္ဒီၾကည့္ႏွင့္ မ်က္လံုးထဲဝင္လာသည္ကနံရံအျပည့္ေနရာယူထားတဲ့  စာအုပ္စင္ေလးပင္။ေဆးႏွင့္ပတ္သက္တဲ့ စာအုပ္ေတြ/ဝတၴုေတြ/မွတ္တမ္းတင္ဓာတ္ပံုစာအုပ္ေတြ စသည္တို႔က စာၾကည္တိုက္ႏွင့္အလားသ႑ာန္တူစြာ တည္ၾကည္မူကိုေဖာ္ျပ၏။
ထို႔အေပၚမွာမွ မ်ားျပားလြန္းတဲ့ ေရႊတံဆိပ္ေတြ ဆုေတြက ေနရာယူထားသည္။
မူႀကိဳအရြယ္ကတည္းကရထားတဲ့ ဆုေတြကစၿပီး  အခုဆရာဝန္ျဖစ္သည့္တဲ့အထိ
ရထားတဲ့ဆုေတြက နည္းနည္းေနာေနာမဟုတ္။ဖုန္တစ္စက္မရိွအမိူက္ႏွင့္တူတာဆိုလို႔ အခန္းေပါက္နားကအမိူက္ပံုးသာရိွသည္။
ဒါေတာင္ လွန္ၾကည့္မွ အမိူက္ကိုေတြ့ရမည္။ငယ့္အခန္းသံုးဆေလာက္ရိွသည့္အက်ယ္အဝန္းႏွင့္ ထို စာအုပ္ႀကီးက ခန္႔ညားလွသည္။ေခါင္းရင္းနားကို ၾကည့္မိေတာ့ မေနႏိုင္စြာပင္
လက္ေလးေတြနဲ႔ ထိေတြ့မိသည္။ငယ္ ေက်ာင္းၿပိဳင္ပြဲမွာဆုရခဲ့တဲ့ ပံုေလးေတြ။
ၿခံဝန္းထဲမွာ ထိုင္ေနတဲ့ပံုေလးေတြ။စသျဖင့္ မ်ားျပားလြန္းလွတဲ့ ပံုေတြအျပင္
စင္ အေသးစားေလးေပၚမွာမွ Albumေလးေတြ မွတ္စုစာအုပ္ေလးေတြကအစီအရီ။ၾကည္ႏူးမူကဘာနဲ႔မွလဲမရ။တစ္ဆက္တည္းမွာပဲ အစ္ကို႔ကိုေတြ့ရင္ေတာ့ ဘာမွမေျပာပဲ ဖက္ထားဦးမယ္။ မေျပာခ်င္လို႔မဟုတ္ပဲ
ေျပာစရာစကားကိုရွာမေတြ့ေတာ့လို႔။တစ္အုပ္မကတဲ့ မွတ္စုေလးေတြတိုင္းမွာ
ငယ္ဆိုတဲ့ စာလံုးဝိုင္းဝိုင္းေလးေတြက ေနရာယူထား၏။ဒါေတြကိုေတာ့ ငယ္ ဖြင့္မဖတ္ေတာ့ပါ။မဟုတ္ရင္ ဒီေနရာမွာတင္ မိန္းငယ္ ႏွလံုးအခုန္လြန္ၿပီး ေရွာ့ရသြားလိမ့္မည္။ငယ့္အခန္းကိုျမင္ေနတဲ့ ျပတင္းေပါက္နားမွာေတာ့
ပန္းပင္ပုေလး တစ္ပင္က ပန္းအိုးေလးထဲမွာ ဝင့္ဝင့္ႂကြားႂကြား ပြင့္ဖူးလ်ွက္သား။
မွီထားတဲ့ ဂီတာေလးကို ေတြ့ေတာ့ႀကိဳးေတြနဲ႔အတူ စည္းခ်က္က်ခဲ့တဲ့ အစ္ကို႔လက္ေဖြးေဖြးေတြ...ေသြးေၾကာေလးကအစ ေမႊးညင္းေလးေတြအဆံုး
ခ်စ္ရပါတဲ့ အစ္ကို။ခ်စ္လိုက္ရတာ။ခ်စ္ဖို႔ေကာင္းလိုက္တာ။ဒီလူသားကိုခ်စ္ခဲ့လို႔ေနာင္တဆိုတာ ဘယ္ေတာ့မွ မရိွဘူးဆိုတာေသခ်ာတဲ့အထိ ခ်စ္ရပါသည္။ပံုရိပ္ေတြသည္ အေပ်ာ္ေတြအျဖစ္ ငယ့္ ေသြးေၾကာေတြထဲအထိ စီးဝင္ေလေတာ့ မ်က္ရည္က က်လာျပန္ၿပီေလ။

ငယ္အန္တီကို ႏူတ္ဆက္ၿပီး အိမ္ျပန္ေရာက္ေတာ့ ညေနေတာင္ေစာင္းေတာ့မည္။
မိန္းငယ္အစက ေမြ့ယာေပၚ လွဲရံုေလးလွဲၾကည့္တာေပမယ့္ အိပ္ေရးပ်က္ထားတဲ့ မ်က္လံုးေတြက အခုမွ လံုၿခံဳရသြားသလို ေမွးစက္သြားတာေၾကာင့္ျဖစ္ေလသည္။

"သမီးငယ္ ျပင္ဆင္စရာျပင္...ဒီေန့အျပင္မွာ ညစာ စားရေအာင္တဲ့ သမီးအေဖက "

"ငယ္မလိုက္လို႔မရဘူလား ...အစ္ကို႔ကိုေစာင့္ရဦးမွာမလို႔ "

"သမီးေမြးေန့အတြက္ အျပင္ထြက္ပါတယ္ ဆို သမီးမပါရင္ ေမေမတို႔ကႏွစ္ေယာက္တည္းျဖစ္ေနမွာေပါ့ "

"ဒါေပမယ့္လည္း... "

"သမီးေဖေဖ အလုပ္မ်ားတာသိတယ္မလား...သူ႔မွာ အလုပ္ေတြဖ်က္ၿပီး
ညစာလိုက္ေကြၽးတာပါ ကြယ္...ျငင္းရင္ စိတ္မေကာင္းျဖစ္မွာေပါ့ "

ငယ္ဘာမွမေျပာေတာ့ပဲ အေပၚကိုပဲ တက္လာခဲ့လိုက္သည္။
သိပ္ေထြေထြထူးထူးလည္း ျပင္ဆင္စရာမလိုတာေၾကာင့္
မိတ္ကပ္ပါးပါေလးျခယ္ကာ...အျဖဴေရာင္အေျပာက္ေလးေတြပါတဲ့
ဒူးအထက္ဂါဝန္အေပ်ာ့ေလးကိုသာဝတ္ဆင္လိုက္ေလသည္။ၿပီးေနာက္
မွန္ထဲမွာ တစ္ပတ္လည့္ၾကည့္တယ္။ေက်ာက္ကလစ္ေလးပန္ၿပီးရင္ေတာ့
သူမျပင္ဆင္မူကၿပီးစံုသြားၿပီျဖစ္သည္။

ည၆နာရီထိုးေတာ့ ေဖေဖျပန္လာနဲ႔ ႀကိဳေနရာယူထားတဲ့ စားေသာက္ဆိုင္ကို
သားမိသံုးေယာက္ လာလိုက္ၾကတယ္။မွာစရာရိွတာေတြမွာၿပီးတဲ့ေနာက္
ငယ္ ဖုန္းကိုသာၾကည့္ရင္း အစ္ကိုဘယ္ေတာ့ျပန္ေရာက္မလဲဆိုသည့္
ေမးခြန္းကိုသာေခါင္းထဲအေခါက္ေပါင္းမေရတြက္ႏိုင္စြာေမးေနမိေလသည္။

ေနာက္တစ္နာရီခြဲနီးပါးၾကာသြားတဲ့အထိ ဘာဖုန္းမွလည္းမလာ။စာလည္းမလာ။
သူမတို႔ေတာင္စားလို႔ေသာက္လို႔ၿပီးေတာ့မည္။ဒီလိုနဲ႔ ရယ္ရင္ေမာရင္းႏွင့္
ငယ္ဘဝအေၾကာင္းေတြေဖာ္လိုက္။သမီးအေဖကေတာ့ျဖင့္ ငယ္ငယ္ကဘယ္လို
အေမကျဖင့္ ဘယ္လိုေတြ သဝန္တိုတာ စသည့္ စကားဝိုင္းေလးက ေပ်ာ္စရာေကာင္းေနသည္။မိသားစုဆိုတဲ့ အသိုက္အဝန္းဟာ
ေအးခ်မ္းလွသည္။ေနြးေထြးလွသည္။ငယ္ အစ္ကို႔ကိုေတာင္ခဏမ်ွမေတြးမိတဲ့အထိကို ေပ်ာ္ရြင္ဖြယ္ေကာင္းလွသည့္ ညခ်မ္းအခ်ိန္ေလးပါေလ။

"ေဖေဖတို႔ ဒီမွာ ထိုင္ဦးေနာ္ ငယ္ လမ္းနည္းနည္းေလ်ွာက္လိုက္ဦးမယ္ "

"ကားလမ္းၾကည့္ကူးဦး သမီးငယ္...သိပ္လည္းေဝးေဝးမသြားနဲ႔ "

ေဖေဖ့စီက ခြင့္ျပဳခ်က္ရတာႏွင့္ ငယ္ လမ္းတစ္ဖက္ကိုကူလိုက္သည္။
ခဏေနျပန္ေတာ့မွာဆိုေပမယ့္ ညခင္းေရာက္ေလ လူက်ေလျဖစ္ေနေတာ့စကားသံေတြ ျပည့္ၾကပ္လာတဲ့ လူေတြ​နဲ႔ မိန္းငယ္စိတ္ရူပ္လာ၍ ထြက္လာခဲ့ျခင္းျဖစ္ေလသည္။

ညပိုင္းအခ်ိန္ျဖစ္တာေၾကာင့္ ကန္ေရျပင္က တိတ္ဆိတ္လ်ွက္...
တစ္ခ်က္တစ္ခ်က္ေတာ့ငါးေတြကူးခက္သြားလို႔ ေရြ့လ်ားသြားရံုမွအပ ၿငိမ္သက္ေနေလသည္။လမ္းမီးတိုင္ေလးေတြ စီရီေနတာေၾကာင့္ ေမွာင္ရိပ္ခိုေနတဲ့ေနရာကသိပ္ မရိွေပ။လမ္းေဘးေစ်းကားေလးေတြ
လည္းရိွေတာ့ တစ္ခ်ိဳ႕လည္း ထိုကားေလးေတြနားမွာဝယ္က်စားက်ႏွင့္
အရာအားလံုးက တစ္ခ်က္တစ္ခ်က္တိုက္ခက္တဲ့ေလေျပေအး လိုေအးေအးခ်မ္းခ်မ္းပင္။သူလိုကိုယ္လိုလမ္းေလ်ွာက္ၾကတဲ့ လူေတြ
ခရီးသြားတစ္ခ်ိဳ႕ႏွင့္ စံုတြဲေတြကလည္း ဟိုတစ္စ ဒီတစ္စ သူေနရာႏွင့္သူ။

စတီးနဲ႔ျပဳလုပ္ထားတဲ့ ကန္ေဘာင္ေပၚကို လက္တစ္ဖက္ႏွင့္ ေထာက္လ်ွက္
တစ္ဖက္ကေတာ့ လြင့္သြားတဲ့ ဆံႏြယ္ေလးကိုျပန္သပ္ခ်ေနတဲ့ မိန္းမိန္းငယ္။
မ်က္ဝန္းေတြက လြမ္းဆြတ္ေယာင္ေတြ မီးေရာင္ေအာက္မွာ တစ္ခ်က္တစ္ခ်က္
လဲ့ လဲ့ သြားတဲ့ အရည္ၾကည္တစ္ခ်ိဳ႕က ေအာက္သို႔လ်ွံက်လာျခင္းေတာ့မရိွေပ။

လက္မပါပဲလိူင္းတြန္႔ေလးေတြၾကည့္ ပခံုးမွာ ပါတဲ့ အက်ႌေၾကာင့္ လက္ေမာင္းသားေဖြးေဖြးေလးေတြကအထင္းသား။ဝဲက်ေနတဲ့ဂါဝန္စေလးက
ဒူးေလးႏွင့္ ေျခသလံုးသြယ္သြယ္ကို ဖံုးႏိုင္စြမ္းမရိွ။လိုခ်င္တာမရတဲ့ ကေလးေလးလို တစ္ခ်က္တစ္ခ်က္ ဆူေထာ္ေထာ္ေလးျဖစ္လာတဲ့
ႏူတ္ခမ္းေလးက ခ်ယ္ရီသီးေလးလိုပင္။

"ကိုကို "

"ငယ္..."

"ငါေတာ့ရူးေနၿပီထင္ပါတယ္ ကိုကိုကျပန္ေတာင္မေရာက္ေသးတာကို "

သူမေခၚၿပီးတာႏွင့္ေနာက္ကပါလာတဲ့အသံေၾကာင့္
စိတ္ထဲေရရြတ္လိုက္မိသည္။

"ငယ္ "

ေနာက္တစ္ေခါက္။

"ငယ္ေရ "

ေနာက္တစ္ႀကိမ္။

နားတစ္ေလ်ွာက္စီးဝင္လာတဲ့ အသံက ကားသံေတြၾကားကေနမွ
ထင္းထင္းရွားရွားကို ၾကားလာရသည္။

"ငယ္ "

ဘယ္ဘက္ကိုလွည့္အၾကည့္ သူ႔မ မ်က္ဝန္းေတြဝိုင္းစက္သြားရသလို ခုဏက လ်ွံမက်ေသးတဲ့ မ်က္ရည္တစ္ခ်ိဳ႕က ပိုးပိုးေပါက္ေပါက္ႏွင့္ အခါမဲ့ရြာသြန္းေနတဲ့မိုးလိုပင္။

"ကိုကို...ကိုကို႔ "

ေအာ္သံေၾကာင့္ လူေတြလွည့္ၾကည့္သည့္တိုင္ေအာင္
မရွက္နိင္ေသး။အေဝးက ျမင္ရတဲ့ ပံုရပ္ငယ္ဆီကိုသာ ေျပးသြားမိေတာ့တာ။မေမာႏိုင္။အၾကာႀကီးခြဲခြာရတဲ့ အေမကို ျပန္ေတြ့ရသည့္ အေပ်ာ္မ်ိဳး။ေဖေဖရံုးကျပန္လာတာကို ေမ်ွာ္ရသည့္ ေမ်ွာ္လင့္ခ်က္မ်ိဳးႏွင့္​ေျပးလာေနေတာ့တာ။ဘယ္သူ႔ကိုမွမျမင္ႏိုင္ ဘယ္သူ႔ကိုမွလည္းမေတြ့ေတာ့
တစ္ဦးတည္း။ဟုတ္သည္ ထိုတစ္ဦးတည္းကိုသာ မိန္းငယ္ျမင္ႏိုင္ေတာ့သည္။

"ကိုကို "

ပါးစပ္က ထိုအမည္နာမကိုပဲ ေျပာတတ္သေယာင္ အႀကိမ္အႀကိမ္ေခၚဆိုရင္း
တျဖည္းျဖည္းနီးကပ္လာတဲ့ ထိုမ်က္ဝန္းညိုတို႔ရဲ့ပိုင္ရွင္ကိုေတြ့လိုက္ေတာ့...
စိတ္ခ်သြားရသလို၊လံုၿခံဳရာေတြ့သြားရသလို၊သခင္ျပန္ေတြ့သည့္ေၾကာင္ေပါက္ေလးလိုခံစားလိုက္ရ၏။ရင္ခုန္သံေတြကဗေလာင္ဆူေနတာမ်ိဳးမရိွ ၿငိမ့္ၿငိမ့္ေလးႏွင့္ ကန္ေရျပင္လိုသာ
ခပ္ေအးေအးေလး...လူပ္ခုန္ေန၏။အေပ်ာ္ေတြဟာ တစ္ကိုယ္လံုးကိုစီးဝင္ေနသလို
ရင္ထဲဝမ္းသာမူေၾကာင့္ စို႔တက္ေနေတာ့သည္။

"ငယ္ "

ဒီအသံေလးကိုမည္မ်ွ တမ္းတခဲ့ရပါသနည္း။ဒီအသံ၊ ဒီမ်က္ဝန္းညို၊ဒီပခံုးက်ယ္က်ယ္၊ဒီရင္ခြင္က်ယ္ မယံုႏိုင္စြာ အထက္ေအာက္ၾကည့္ရင္း
သူမ ေန့ခင္းကေတြးသလိုပင္ ၿပိဳက်လိုက္ေတာ့တာ။ ဘာစကားမွမဆိုႏိုင္ေတာ့
ရင္ထဲ ဝမ္းသာမူက မ်က္ဝန္းစီက မ်က္ရည္ေတြက်ဖို႔ရာသာ စြမ္းေဆာင္ႏိုင္ေတာ့၏။အရံသင့္ဖမ္းကိုင္ေပးတဲ့ ဒီရင္ခြင္က်ယ္ႀကီးထဲကိုပဲ အနက္ရိူင္းဆံုးအထိ...ဘယ္ဘက္ရင္အံုႏွင့္ ပါးျပင္ထိေတြ့တဲ့အထိ...ကို ငယ္
ဖက္ထားမိသည္။ ေခါင္းေနာက္ကိုအုပ္ကိုင္လာတဲ့ လက္ေနြးေနြးေတြကိုတသိမ့္သိမ့္ခံစားမိသည္။ေခါင္းထပ္က်ေရာက္လာတဲ့
အနမ္းေတြေအာက္မွာ သူမေပ်ာ္ရြင္မူကတိုင္းတာလို႔မရ။ျပည့္စံုၿပီ။ဒီလူသားရိွေနရံုနဲ႔တင္ ေမြးေန့ဆိုတာ ျပည့္စံုေနၿပီ။ဘာမွမလို ဘာပြဲမွမလိုသလို
ဘာကိတ္မွမလို လက္ေဆာင္ေတြကိုလည္း မလိုခ်င္ေတာ့ ဒီလူသားသာလ်ွင္
ဘဝ၏ဘုရားေပးေသာ လက္ေဆာင္ပင္။ငယ္ ဒီရက္ေတြအတြင္း အႀကိမ္ႀကိမ္ဆုေတာင္းခဲ့သည့္ တစ္ခုတည္းေသာဆုေတာင္းေလးရိွသည္။
ၾကယ္ေႂကြတာကိုေတြ့တိုင္း ဘုရားရိွခိုးတိုင္း တစ္ခုတည္းေသာ ေတာင္းတမိတဲ့ဆုေတာင္းက ရိုးရိုးေလးရယ္ပါ။

"ငယ္ ကိုကို႔ ရဲ့ငယ္ လြမ္းလိုက္တာ...အရမ္းလြမ္းေနခဲ့တာ
အာ...ဒီမ်က္ရည္ေတြကေတာ့ကြာ "

မ်က္ရည္ေတြကို ဖိပြတ္ေနတဲ့ အစ္ကိုရယ္ပါ။
ေဘးနားမွာ လူေတြၾကည့္ေနတာသိသည္။မရွက္ႏိုင္ေသး။ကိုကို႔မ်က္ဝန္းကိုၾကည့္ေတာ့ မ်က္ရည္စေတြနဲ႔။မေတြ့ရတဲ့ရက္ပိုင္းေလးမွာ
ေခ်ာင္က်သြားတဲ့မ်က္ႏွာေလးကို လက္ႏွစ္ဖက္ႏွင့္အုပ္ကိုင္လိုက္ၿပီး...
မိန္းငယ္ အစ္ကို႔ မ်က္ရည္ဝိုင္း မ်က္ဝန္းေတြကိုသာ ခပ္နက္နက္စိုက္ၾကည္လိုက္ေတာ့တာ။ေခ်ာေမာစဲပင္ ပင္ပန္းေနတဲ့ ၾကားက အေကာင္းဆံုး အေတာက္ပဆံုးၿပံဳးျပေနတဲ့ ႏူတ္ခမ္းသားေတြက နီေနတုန္း။
နဖူးကေခြၽးစေလးေတြ...လိုက္ဖိုေနတဲ့ရင္ဘက္ေတြေၾကာင့္ ဘယ္ေလာက္ေတာင္ေျပးလာခဲ့ရလဲ အခ်စ္ရယ္။
ကိုကို႔မ်က္ရည္ေတြကို လူေတြမၾကည့္ေစခ်င္ပါ ထပ္ေျပးထြက္ရဦးမည္။
အားနာေပမယ့္ ငယ့္အတြက္ ကိုကိုထပ္ေျပးႏိုင္ေသးတယ္မလား။

ခပ္လွမ္းလွမ္းမွာ ၾကည့္ေနတဲ့ အေမက နားလည္ဟန္ႏွင့္
ေခါင္းေလးၿငိမ့္ျပသည္။သြားဆိုသည့္ သေဘာမ်ိဳးပင္။
မ်က္ရည္ေတြက်ေနသည့္ အစ္ကို႔ လက္ကို ၿမဲျမဲဆြဲကာ
ဒီလူေတြနဲ႔ေဝးရာကို ငယ္ေျပးထြက္လာခဲ့သည္။

တစ္တိုင္ၿပီးတစ္တိုင္ ေက်ာ္လာခဲ့တဲ့  မီးတိုင္ေတြ...အစ္ကို႔ဂ်င္းကုတ္ေလးေနာက္မွာလြင့္သည့္ အထိ...
အေၾကာင္းျပခ်က္ခိုင္ခိုင္လံုလံုမရိွပါပဲ...ငယ္ ေျပးေနမိေတာ့တာ။

"ငယ္...ငယ္ ရပ္ေတာ့ေလ...ေမာေနမယ္ "

"ဟင္းးး "

လူသိပ္မရိွေတာ့တဲ့ေနရာေရာက္ေတာ့မွ အစ္ကိုကေနာက္ကလွမ္းေျပာ၏။
မိန္းငယ္ ရပ္လည္းရပ္...လက္ကိုလည္းလႊတ္ခ်ၿပီး...သက္ျပင္းခ်ကာ ေနာက္တစ္ႀကိမ္ရင္ခြင္ထဲထပ္ တိုးဝင္လိုက္ေလသည္။ေက်ာျပင္ကိုခပ္တင္းတင္းဖက္ေတာ့အစ္ကိုက အက်ႌအိတ္ကပ္ထဲလက္ထည့္ၿပီး ငယ့္ကိုထည့္ဖက္ေပးသည္။ေမာေနေသာ္လည္း အေမာမမည္ေသာ ေမာျခင္းပင္။

"ငယ္ ဘာေမြးေန့လက္ေဆာင္မွ မေပးလိုက္ရဘူး ေတာင္းပန္ပါတယ္ေနာ္ "

"အဟင္း ငယ့္အတြက္ေတာ့ ကိုကို႔ျဖစ္တည္မူက အေကာင္းဆံုးလက္ေဆာင္ပဲ
အဲ့ထက္ေကာင္းတာမ်ိဳး မရိွေတာ့ဘူး ထပ္ရိွလာစရာလည္းမလိုေတာ့ဘူး "

"ကိုကို႔အေမာေျပေလး...စကားေတြတတ္လာလိုက္တာ "

အစ္ကိုက ေခါင္းအေနာက္ကိုလက္ပို႔ၿပီး နဖူးေလးကိုထပ္နမ္းေတာ့
ငယ္ မ်က္ဝန္းေတြကို အလိုလိုမိွတ္ေပးလိုက္၏။

"ေမြး​​​​ေန့လက္ေဆာင္ မေပးလိုက္ရေပမယ့္ ကိုကို ကိတ္ေတာ့ဝယ္လာပါတယ္ ဒီမွာၾကည့္ "

အက်ႌအိတ္ကပ္ထဲက ထုတ္ျပတဲ့ အစ္ကို႔အေခၚ ကိတ္ သူမအေခၚ 100တန္ေပါင္မုန္႔
ေလးကိုထုတ္ျပသည္။ခ်စ္စရာေကာင္းလိုက္တာကိုကိုရယ္။

"ဘယ္လိုလဲ ႀကိဳက္တယ္မလား...ကိုယ္လည္း မွာေပးခ်င္တာေပါ့ ကိတ္မုန္႔ႀကီးႀကီး
ဒါေပမယ့္ ဖုန္းအားကုန္ေနေတာ့ ဘယ္မွဆက္လို႔မရ...ဆက္ရင္လည္း သူမ်ားဖုန္းနဲ႔ဆိုေတာ့ အဆင္မေျပဘူး...အခုေနမွာရင္လည္း ကိုယ္ကခုဏေလးတင္ေရာက္တာဆိုေတာ့ မမွီေတာ့ဘူး အဲ့ဒါနဲ႔  ကားနားတုန္းက
ေပးတဲ့ မုန္႔ပဲေကာက္ယူလာလိုက္တာ ေတာင္းပန္ပါတယ္ေနာ္ "

"လံုေလာက္ေနပါၿပီ..."

"ဟြန္ "

"ဒီေလာက္နဲ႔လည္း လံုေလာက္တယ္လို႔...ကိုကို႔စီကဆို ဘာပဲျဖစ္ေနျဖစ္ေန
ငယ့္အတြက္ တန္ဖိုးထားစရာေတြမလို႔...ဘာမွမျဖစ္ဘူးလို႔"

"ငါ့ကေလးေလးက အတတ္ပလက္ေလးပါကြာ ...လာ ကိုကိုတို႔ ကိတ္ခြဲရေအာင္
အာ...ေနဦး ေနဦး ဖေယာင္းတိုင္ ပါေသးတယ္ "

ကိုကို႔လက္ဖဝါးထဲက ေပါင္မုန္႔ေလးက တကယ့္ ေသးေသးေလးရယ္ပါ။
ဖေယာင္းတိုင္ကေတာင္ပိုႀကီးေနေသးတယ္။

ေမြးေန့မွာ ႀကီးက်ယ္ခမ္းနားတဲ့အရာေတြမလိုပါဘူး...ကိတ္မုန္႔အႀကီးႀကီးေတြ
လူအမ်ားဆြံအ့ေစတဲ့ လက္ေဆာင္ေတြ...စပရိုက္ေဂ့ေတြ...ဒါေတြက
ငယ့္အတြက္ေတာ့ ကိုကိုနဲ႔တူတူစားရတဲ့ ေပါင္မုန္ေသးေသးေလး တစ္ျခမ္းေလာက္ေတာင္ ရင္ခုန္စရာမေကာင္းသလို
ေပ်ာ္ရြင္စရာေတြရိွမေနပါ။

"ငယ္ ခုဏက ဘာဆုေတာင္းလိုက္လဲ "

ၾကယ္ေတြကိုၾကည့္ရင္း အစ္ကိုကေျပာေတာ့ ငယ္က အစ္ကို႔မ်က္ဝန္းေလးေတြကိုေငးၾကည့္ရင္း ေျဖမိပါတယ္။

"ဆုေတာင္းေတြက ထုတ္ေျပာရင္ တကယ္ျဖစ္မလာဘူးတဲ့...ငယ္ကေတာ့
ထုတ္ေျပာမယ္ ဘာလို႔ဆို ငယ့္ဆုေတာင္းေတျြပည့္ေနၿပီဆိုတာယံုၾကည္လို႔
ငယ့္ဆုေတာင္းက... "

အစ္ကိုက ငယ့္ကိုျပန္ၾကည့္လာေတာ့မွ ဆက္ေျပာတယ္။

"ရိုးရိုးေလးပါပဲ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ကိုကို႔နားမွာရိွေနခ်င္ တယ္လို႔ဆုေတာင္း ခဲ့တယ္ အဲ့ဒါ အၿမဲတမ္းအတြက္ ဆုေတာင္းပဲ "

ေပါ့ေပါ့ပ်က္ပ်က္ျဖစ္သြားရင္နားလည္ေပးပါလို႔ေတာင္းဆိုပါရေစ။

-Nora-

Continue Reading

You'll Also Like

21.9K 1K 26
အချစ်ရေးတစ်ခုဟာသုံးပွင့်ဆိုင်ခဲ့သည်ရှိသော် တစ်စုံတစ်ယောက်ကတော့ နာကျင်မှုတွေနှင့်ကြုံတွေ့ရမည်မှာ သဘာဝပဲမဟုတ်လား ။ Re - Starting date >> 26.11.21 Endi...
793K 51.1K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
31.9K 621 18
"နှလုံးသားကို နင်းချေ၍"
7.3K 302 26
အမွန္တရားကိုေလးစားပါေခါင္ လူသတ္တာကဥပေဒနဲ႔မလႊတ္ဘူး နင္ဟာရာဇဝတ္သားဘဲ