ကိုကို့ရဲ့ငယ်...✨
"ကိုကို... "
"ကိုကိုလို့..."
"ကိုယ် ငယ်နဲ့ ပြောစရာမရှိဘူး..."
"ကိုကိုကလည်း...ကိုကိုပြောစရာမရှိလည်း ငယ်ပြောစရာရှိတယ်လေ လို့ "
"ကိုကိုနားမထောင်ချင်ဘူး..."
နူတ်ခမ်းကြီးဆူပြီး အကြည့်လွဲသွားတဲ့ အစ်ကိုကကလေးလေးလိုပဲ...။
တစ်ခါတစ်လေ အစ်ကိုက ငယ်မမြင်ဖူးတဲ့ အခြမ်းကိုထုတ်ပြလေ့ရှိသည်။
စိတ်ဆိုးနေတဲ့အချိန်နဲ့ ပင်ပန်းတဲ့အချိန်လိုမျိုးဆို ဘုန်းထက်ရှိန်ဆိုတဲ့လူကြီးကနေ
ဘုန်းထက်ရှိန်သေးသေးလေး ဖြစ်ပြီးချွဲတတ်၏။အဲ့လိုဖြစ်တိုင်း မိန်းမိန်းငယ်ကလည်း အလဲလဲအပြိုပြိုကိုကြွေသည်။အထူးသဖြင့်ငယ့်ကိုပဲ ဒီလိုဆက်ဆံတာကြောင့် ပိုပြီး မြတ်နိုးရ၏။ကိုယ့်ရည်းစားကိုယ်ပြန်ကြွေဆိုတာ ရယ်စရာဖြစ်နေပေမယ့် အစ်ကိုကအားကြီးချစ်ဖို့ကောင်းနေတော့ ရယ်ချင်လည်း ရယ်ပါစေတော့။
"ဟွန်းး ကိုကိုကလည်း နားထောင်ပါဆို..."
"......."
ကြွက်သားအပြည့်နဲ့ လက်မောင်းကို လက်နှစ်ဖက်နဲ့လွတ်ထွက်မတက်ဖက်ထားသော ငယ့်ကို အစ်ကိုက
လှည့်၍ပင်မကြည့်တော့တာ။
"ကိုကို က တကယ်ကြီး ငယ့်ကို စကားမပြောတော့ဘူးပေါ့...ဟွန်..."
ပြုံးချင်နေတဲ့မျက်နှာပိုးကိုမနည်းချိုးနိမ့်ကာ နူတ်ခမ်းလေးကိုမဲ့ မျက်လုံးလေး
ပေကလပ် ပေကလပ်နဲ့ မူပိုးကာ ချွဲသည့်တိုင်အောင်...ဘာမှမတုန့်ပြန်ပဲ စက်ရုပ်ကြီးအတိုင်း ထိုင်နေတဲ့ အစ်ကို့ကြောင့်...လူကအသည်းလည်းယား
စိတ်ဆိုးပြေအောင် ဘယ်လိုလုပ်ရမလဲစဥ်းစားနှင့်...။
အစ်ကိုကလေအချိန်တိုင်း ငယ့်ကိုရူးအောင်လုပ်နိုင်တုန်း...အမြဲတမ်းလွမ်းမိုးနေတုန်း...။
တစ်ခါတစ်လေ ငါဘာလို့များ ဒီလူသားကို အရမ်းချစ်မိသွားလဲ ဆိုတာမေးခွန်းထုတ်မိ၏။မေးတိုင်းလည်းအဖြေကတစ်ခုပဲ...
အစ်ကိုဖြစ်နေလို့ကို အရမ်းချစ်မိတာ။
"ကိုကို့ "
ဘာမှမထူး။ကျစ်...ဒီလူကြီးကတော့။ကိုယ်တိုင်က မှားထားတဲ့လူဖြစ်လို့ ချော့ရမှာမှန်ပေမယ့်အစ်ကိုက တမင်စိတ်ဆိုးချင်ယောင်ဆောင်နေတော့
ဘယ်လိုမှချော့လို့မရ။
"ငယ့်ကို ကြည့်ပါဦးဆို "
မူပိုနေတဲ့ ဘုန်းထက်ရှိန်မျက်နှာကို ပါးကနေလက်နှစ်ဖက် နှင့်အုပ်ကိုင်ပြီး
ငယ့်နဲ့မျက်နှာချင်းဆိုင်ခိုင်းလေသည်။သို့သော် အကြည့်တွေက ငယ့်စီမှာမရှိ
တစ်ခြားဘက်ကိုလွဲ ထားသည်။
"ဘာပြောမလို့လဲ "
ထိုမျှသာ ဖြေပြီး အစ်ကိုက ငယ့်ကိုလုံးဝကိုပြန်မကြည့်လာတော့။
ကဲလေ ကလေးဆိုးကြီးကိုချော့မဲ့ နည်းတွေက ငယ့်ဆီမှာ ပေါပါတယ်။
ဒီလူကြီးဟန်ဆောင်နေလို့သာ ဒီလောက်ထိ ခံနေတာ။တကယ်စိတ်ဆိုးရင်
မိန်းမိန်းငယ်လက်မောင်းလေးဖက်ပြီး ကိုကိုခေါ်တာနဲ့တင်အရည်ပျော်ကျနေပြီ။
"ကိုကိုကအားလပ်ရက်လေးကို ဒီလိုပဲစကားမပြောပဲနဲ့ ကုန်ဆုံးလိုက်တော့မှာလား
ပြော..."
"....."
"ကိုကိုလို့...ငယ်က မွမွပေးမယ်လေ "
အဲ့ခါကြ မသိမသာနဲ့ လူကိုမျက်လုံးလှန် ကြည့်လာသည်။တကယ်ပါ လူလည်ကြီး။
"မွ "
"မွ "
"မွ"
နူတ်ခမ်းလေးမှလွဲ၍ အစ်ကိုမျက်နှာတစ်ခုလုံးနှံနေအောင် ကလေးလေးတွေနမ်းသလို နမ်းနေတော့
အစ်ကိုက မျက်လုံးလေးတွေမှိတ်ပြီး
ပြုံးလာတော့တာ။လူကြီးတွေမရှိတုန်းမလို့ ဒီလိုလုပ်ရဲတာ။
လူကြီးတွေရှိနေရင်မိန်းမိန်းငယ်တို့ကလက်တောင်
ပေးကိုင်တာမဟုတ်ပါ။
"စိတ်ဆိုးနေတုန်းပဲလား "
ရေစိုသေးနေတဲ့ အစ်ကို့ဆံပင်လေးတွေကို သပ်တင်ပြီး နဖူးလေးကို ခပ်ဖွဖွနမ်းရင်ပြောတော့...အစ်ကိုက သူ့မျက်နှာကိုအုပ်ကိုင်ထားတဲ့ ငယ့်လက်လေးတွေကို ဆွဲခွာ၍ လက်နှစ်ဖက်နှင့်ပြန်ဆုတ်ကိုင်သည်။
"အွန်းးနည်းနည်းဆိုးနေသေးတယ်...အဲ့ဒါကြောင့်
နည်းနည်းလေးထပ်ပြီး..."
တစ်ယောက်ထွက်သက်ဝင်သက်ကို ခံစားမိသည့်အထိ မျက်နှာနှစ်ခုကနီးကပ်လာတော့ ငယ် ပါးလေးတွေ နီရဲလာသည်။
ရင်ခုန်သံ တဒုန်းဒုန်းက အစ်ကိုကြားသွားမှာတောင် ဆိုးတဲ့အထိ ကိုခုန်နေတော့တာ။မျက်လုံးမှိတ်ထားပေမယ့် ခံစားလို့ရနေသည့် အသက်ရှူသံ။
အစ်ကိုက နဖူးလေးကို ခပ်ဖွဖွနမ်းသည်။ပြီးနောက် တစ်ဆင့်ချင်းလိုက်ကြည့်နေရာကနေ နောက်ဆုံးပန်းတိုင်က ငယ့်နူတ်ခမ်းလေးတွေ...။စိုအိပြီး ပန်းနုရောင်သမ်းနေတဲ့ နူတ်ခမ်းလေးတွေကိုကြည့်ကာ ဘုန်းထက်ရှိန် ရေဆာလာသလိုလိုပင်။
အကြည့်လွဲရန်ကြံပေမယ့် လျင်မြန်လှတဲ့လက်က မနာခံစွာပင် ငယ့်အောက်နူတ်ခမ်းလေးကို ခပ်ဖွဖွဖိပွတ်ရင်း...။
နှာတံထိပ်လေးပေါ်ကအထိအတွေ့လေးကြောင့်...မိန်းငယ်မျက်လုံးလေးတွေပွင့်လာတော့...အစ်ကိုက သူမကိုပြုံး၍ကြည့်လေ သည်။ငယ်လည်း အစ်ကို့ကိုအလှဆုံးပြုံးပြမိ၏။အစ်ကိုက သူမကိုအရာရာထက်တန်ဖိုးထား ပြီး မြတ်နိုးပါ၏။
"စိတ်မဆိုးနဲ့တော့နော် ကိုကို... လာ ဆံပင်တွေ မခြောက်သေးဘူး...ငယ်သုတ်ပေးမယ် "
မိန်းငယ်စကားဆုံးတော့ ဆိုဖာအောက်ကို ဆင်းပြီး...ကျောမှီလာသောအစ်ကို့ကြောင့်
အလိုက်သိစွာနဲ့ အောက်ချထားတဲ့ ခြေထောက်လေးနှစ်ဖက်ကိုအပေါ်တင်၍ထိုင်လိုက်၏။
ငယ်က ဘေးမှာချထားတဲ့ မျက်နှာသုတ်ပဝါလေးကို ယူပြီး ရှေ့က ဆံပင်ထူထူတွေအပေါ်တင်ကာ အသာလေး ရေပြောင်အောင် လုပ်ပေးနေလေသည်။
"ပြော...အဲ့တစ်ယောက်ကဘယ်သူတုန်း...ကိုယ့်မှာ အလုပ်ကပြန်ပြန်လာချင်း
ရင်ထဲကို နင့် သွားတာပဲ "
အခုချိန် ဘုန်းထက်ရှိန်ရဲ့ ဆူပုတ်နေသော မျက်နှာကို မိန်းမိိန်းငယ်များမြင်ရင်
ချစ်လွန်းလို့ ဒီနေရာမှာတင် နှလုံးရောဂါနဲ့လဲသွားလောက်တယ်။
"အဲ့ဒါက ငယ့် သူငယ်ချင်းပါ သူကအခုမှ မိုးကုတ်ကပြန်လာတာ
ပြန်ရောက်ရောက်ချင်း ငယ့်ဆီလာတာ "
"သူငယ်ချင်းဆိုပေမယ့်လည်း အဲ့လိုမျိုး ငယ့်ကို ဖက်ထားတဲ့အထိတော့ လိုလို့လားကွာ "
အစ်ကို့အသံ ကစိတ်မကောင်းဖြစ်နေပုံရသည်။မိန်းငယ်ကရေပြောင်ခါနီးဆံပင်လေးတွေကို လက်လေးနဲ့ပင် အသာဖွပေးရင်းဆက်ပြောလေသည်။
"ငယ်တို့ကသုံးလေးနှစ်ကတည်းက ခင်လာတဲ့ သူငယ်ချင်းတွေလေအစ်ကိုရဲ့
အရင်ကတည်း အမေတို့နဲ့သိကြတော့ မောင်နှမလိုပဲဖြစ်နေလို့ပါ "
"ဒါပေမယ့် ကွာ "
အစ်ကိုကမချိတင်ကဲ ရေရွတ်သလိုလေး ပြောတော့။ငယ်ပြုံးမိလေသည်။
ဒီလူကြီး ကပြသာနာမရှာရင်လည်းမရှာ ရှာရင်လည်း တော်တော်နဲ့ရှင်းပြလို့မရမှန်း...ငယ်ကောင်းကောင်းသိ၏။
"ကိုကို့ ငယ်ပြောပြတာသေချာနားထောင်နော် "
"အွန်း "
ရေလည်းပြောင်သွားပြီမလ်ို့...အစ်ကို့ဆံပင်လေးတွေက ခပ်ဖွာဖွာဖြစ်နေသည့်တိုင်အောင် ချောမောမူတွေကလျော့မသွားပါ။
ဘယ်အချိန်ကြည့်ကြည့်ဒီလူသားကငယ့်အတွက်ပြည့်စုံလွန်းနေတယ်။
ဒီဘက်ကို လှည့်လာတော့ အလိုမကျဟန် မျက်ခုံးလေးကို လက်နဲ့ဖြေလျော့ပေးရင်း
ငယ်က ဆက်ပြောလေသည်။
"ဒီလောကတစ်ခုလုံးမှာလေ ငယ်က ကိုကို့ကိုအချစ်ဆုံးပဲ...
ငယ့်နှလုံးသားတစ်ခုလုံးက ကိုကို့ကိုရွေးချယ်ပြီးပြီ...တကယ်လို
ကိုကို့ထက်ကောင်းတဲ့သူတစ်ယောက်...ကိုကို့ထက်ပိုပြည့်စုံသူတစ်ယောက်
တွေ့ခဲ့ရင်တောင် ငယ်က ကိုကိို့လက်ကိုပဲအမြဲဆုတ်ကိုင်ထားမှာမလို့...
ငယ့် ဘဝတစ်ခုလုံးပုံအပ်ချင်မိတဲ့ လူသားက ကိုကိုပဲ မလို့...အမြဲကိုကို့ကိုပဲရွေးချယ်မှာမလို့...စိတ်မကောင်းမဖြစ်တော့နဲ့နော်
ပြီးတော့ ကိုကို့ထက် ပြည့်စုံတဲ့သူဆိုတာ ငယ့်ဘဝမှာထပ်ရှိမှာမဟုတ်ဘူး
ဘာလို့ဆို ကိုကိုက ငယ့်အတွက်တော့ အရာရာပြည့်စုံလွန်းတဲ့ လူသားတစ်ယောက်မလို့ပါ..."
ချစ်ရသူဆီက ချစ်စကားနုနုလေးတွေကိုကြားရတဲ့အချိန်မှာ ဘုန်းထက်ရှိန်မျက်နှာကလိုချင်တာရသွားတဲ့ကလေးလေးလို ပြုံးရွင်လာတော့သည်။ဆိုဖာပေါ်ပြန်တက်ထိုင်ရင်း ကိုယ့်ကောင်မလေးကိုအသဲတယားယားနှင့် ရင်ခွင်ထဲဆွဲသွင်းကာဖက်လိုက်လေသည်။
တကယ်တော့ ဘုန်းထက်ရှိန်က ငယ့်ကိုမယုံတာမဟုတ်ပါဘူး
ငယ်သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ သိသည်။ဒီကောင်မလေးနှလုံးသားတစ်ခုလုံးကို အပိုင်ရပြီးပြီမလို့
ဘာကိုများထပ်သဝန်ရဦးမည်နည်း။သဝန်တိုရင်တောင်
ဘာကိုမှ မနာလိုမဖြစ်တဲ့သဝန်တိုခြင်း၊ဘာနဲ့မှမနိူင်းယဥ်တဲ့သဝန်တိုခြင်းနဲ့ရယ်ပါ။
ကိုယ် အချော့ခံချင်မှန်းသိရဲ့နဲ့ အလိုလိုက်ရှာတဲ့ ကလေးလေးကို ဘုန်းထက်ရှိန်
သိပ်ချစ် သိပ်မြတ်နိုးရပါသည်။ အလုပ်အရမ်းပင်ပန်းလာတော့
စိတ်ဖိအားလျော့အောင် သူမနားကိုချွဲမိတိုင်း ဘယ်တော့မှ မငြီးငြူးပဲ လူကြီးလေးလို ကိုယ့်ကိုစိတ်ရှည်ပေးရှာတဲ့ ဒီကလေးမလေးကိုမချစ်ရင်
ဘယ်သူ့ကိုချစ်ရမည်နည်း။
"ကျေးဇူးပါ ကိုကို့ကို အရမ်းချစ်ပေးလို့ "
"ငယ်အချစ်တွေကိုလည်း နားလည်းပြီး အချစ်ခံပေးလို့ကျေးဇူးပါ ကိုကို"
"BTW ငယ့်ကို ပြောဦးမယ် ကိုယ်လည်း ဟိုတစ်လောကမှသိလာတာ"
"ဟွန် ဘာကိုလဲ "
အစ်ကိုက သူမပခုံးလေးပေါ် မျက်နှာအပ်ရင်း ဆက်ပြောလေသည်။
"စိတ်ဖိစီးမူတွေက ကလေးလေးအတွက်မကောင်းဘူးတဲ့ "
"ဟင် ကလေးလေးမှမရှိတာ ဒီမှာ...ဘယ်ကကလေးလေးတုန်း"
အစ်ကိုသူမပါးကိုပြွတ်စ်ကနဲ့ တစ်ချက်နမ်းပြီး ပခုံးနုနုလေးပေါ်ကို
မျက်နှာနဲ့ တိုးဝေ့ရင်း ဆက်ပြောတယ်။
"ကိုကိုလေ...
ကိုကိုကကလေးလေးပဲလေ "
"အားး အချွဲတုံးးကြီး "
အမှားပါရင်နားလည်ပေးပါ
-Nora-
ZAWGYI
ကိုကို႔ရဲ့ငယ္...✨
"ကိုကို... "
"ကိုကိုလို႔..."
"ကိုယ္ ငယ္နဲ႔ ေျပာစရာမရိွဘူး..."
"ကိုကိုကလည္း...ကိုကိုေျပာစရာမရိွလည္း ငယ္ေျပာစရာရိွတယ္ေလ လို႔ "
"ကိုကိုနားမေထာင္ခ်င္ဘူး..."
ႏူတ္ခမ္းႀကီးဆူၿပီး အၾကည့္လြဲသြားတဲ့ အစ္ကိုကကေလးေလးလိုပဲ...။
တစ္ခါတစ္ေလ အစ္ကိုက ငယ္မျမင္ဖူးတဲ့ အျခမ္းကိုထုတ္ျပေလ့ရိွသည္။
စိတ္ဆိုးေနတဲ့အခ်ိန္နဲ႔ ပင္ပန္းတဲ့အခ်ိန္လိုမ်ိဳးဆို ဘုန္းထက္ရိွန္ဆိုတဲ့လူႀကီးကေန
ဘုန္းထက္ရိွန္ေသးေသးေလး ျဖစ္ၿပီးခြၽဲတတ္၏။အဲ့လိုျဖစ္တိုင္း မိန္းမိန္းငယ္ကလည္း အလဲလဲအၿပိဳၿပိဳကိုေႂကြသည္။အထူးသျဖင့္ငယ့္ကိုပဲ ဒီလိုဆက္ဆံတာေၾကာင့္ ပိုၿပီး ျမတ္ႏိုးရ၏။ကိုယ့္ရည္းစားကိုယ္ျပန္ေႂကြဆိုတာ ရယ္စရာျဖစ္ေနေပမယ့္ အစ္ကိုကအားႀကီးခ်စ္ဖို႔ေကာင္းေနေတာ့ ရယ္ခ်င္လည္း ရယ္ပါေစေတာ့။
"ဟြန္းး ကိုကိုကလည္း နားေထာင္ပါဆို..."
"......."
ႂကြက္သားအျပည့္နဲ႔ လက္ေမာင္းကို လက္ႏွစ္ဖက္နဲ႔လြတ္ထြက္မတက္ဖက္ထားေသာ ငယ့္ကို အစ္ကိုက
လွည့္၍ပင္မၾကည့္ေတာ့တာ။
"ကိုကို က တကယ္ႀကီး ငယ့္ကို စကားမေျပာေတာ့ဘူးေပါ့...ဟြန္..."
ၿပံဳးခ်င္ေနတဲ့မ်က္ႏွာပိုးကိုမနည္းခ်ိဳးနိမ့္ကာ ႏူတ္ခမ္းေလးကိုမဲ့ မ်က္လံုးေလး
ေပကလပ္ ေပကလပ္နဲ႔ မူပိုးကာ ခြၽဲသည့္တိုင္ေအာင္...ဘာမွမတုန္႔ျပန္ပဲ စက္ရုပ္ႀကီးအတိုင္း ထိုင္ေနတဲ့ အစ္ကို႔ေၾကာင့္...လူကအသည္းလည္းယား
စိတ္ဆိုးေျပေအာင္ ဘယ္လိုလုပ္ရမလဲစဥ္းစားႏွင့္...။
အစ္ကိုကေလအခ်ိန္တိုင္း ငယ့္ကိုရူးေအာင္လုပ္ႏိုင္တုန္း...အၿမဲတမ္းလြမ္းမိုးေနတုန္း...။
တစ္ခါတစ္ေလ ငါဘာလို႔မ်ား ဒီလူသားကို အရမ္းခ်စ္မိသြားလဲ ဆိုတာေမးခြန္းထုတ္မိ၏။ေမးတိုင္းလည္းအေျဖကတစ္ခုပဲ...
အစ္ကိုျဖစ္ေနလို႔ကို အရမ္းခ်စ္မိတာ။
"ကိုကို႔ "
ဘာမွမထူး။က်စ္...ဒီလူႀကီးကေတာ့။ကိုယ္တိုင္က မွားထားတဲ့လူျဖစ္လို႔ ေခ်ာ့ရမွာမွန္ေပမယ့္အစ္ကိုက တမင္စိတ္ဆိုးခ်င္ေယာင္ေဆာင္ေနေတာ့
ဘယ္လိုမွေခ်ာ့လို႔မရ။
"ငယ့္ကို ၾကည့္ပါဦးဆို "
မူပိုေနတဲ့ ဘုန္းထက္ရိွန္မ်က္ႏွာကို ပါးကေနလက္ႏွစ္ဖက္ ႏွင့္အုပ္ကိုင္ၿပီး
ငယ့္နဲ႔မ်က္ႏွာခ်င္းဆိုင္ခိုင္းေလသည္။သို႔ေသာ္ အၾကည့္ေတြက ငယ့္စီမွာမရိွ
တစ္ျခားဘက္ကိုလြဲ ထားသည္။
"ဘာေျပာမလို႔လဲ "
ထိုမ်ွသာ ေျဖၿပီး အစ္ကိုက ငယ့္ကိုလံုးဝကိုျပန္မၾကည့္လာေတာ့။
ကဲေလ ကေလးဆိုးႀကီးကိုေခ်ာ့မဲ့ နည္းေတြက ငယ့္ဆီမွာ ေပါပါတယ္။
ဒီလူႀကီးဟန္ေဆာင္ေနလို႔သာ ဒီေလာက္ထိ ခံေနတာ။တကယ္စိတ္ဆိုးရင္
မိန္းမိန္းငယ္လက္ေမာင္းေလးဖက္ၿပီး ကိုကိုေခၚတာနဲ႔တင္အရည္ေပ်ာ္က်ေနၿပီ။
"ကိုကိုကအားလပ္ရက္ေလးကို ဒီလိုပဲစကားမေျပာပဲနဲ႔ ကုန္ဆံုးလိုက္ေတာ့မွာလား
ေျပာ..."
"....."
"ကိုကိုလို႔...ငယ္က မြမြေပးမယ္ေလ "
အဲ့ခါၾက မသိမသာနဲ႔ လူကိုမ်က္လံုးလွန္ ၾကည့္လာသည္။တကယ္ပါ လူလည္ႀကီး။
"မြ "
"မြ "
"မြ"
ႏူတ္ခမ္းေလးမွလြဲ၍ အစ္ကိုမ်က္ႏွာတစ္ခုလံုးႏွံေနေအာင္ ကေလးေလးေတြနမ္းသလို နမ္းေနေတာ့
အစ္ကိုက မ်က္လံုးေလးေတြမိွတ္ၿပီး
ၿပံဳးလာေတာ့တာ။လူႀကီးေတြမရိွတုန္းမလို႔ ဒီလိုလုပ္ရဲတာ။
လူႀကီးေတြရိွေနရင္မိန္းမိန္းငယ္တို႔ကလက္ေတာင္
ေပးကိုင္တာမဟုတ္ပါ။
"စိတ္ဆိုးေနတုန္းပဲလား "
ေရစိုေသးေနတဲ့ အစ္ကို႔ဆံပင္ေလးေတြကို သပ္တင္ၿပီး နဖူးေလးကို ခပ္ဖြဖြနမ္းရင္ေျပာေတာ့...အစ္ကိုက သူ႔မ်က္ႏွာကိုအုပ္ကိုင္ထားတဲ့ ငယ့္လက္ေလးေတြကို ဆြဲခြာ၍ လက္ႏွစ္ဖက္ႏွင့္ျပန္ဆုတ္ကိုင္သည္။
"အြန္းးနည္းနည္းဆိုးေနေသးတယ္...အဲ့ဒါေၾကာင့္
နည္းနည္းေလးထပ္ၿပီး..."
တစ္ေယာက္ထြက္သက္ဝင္သက္ကို ခံစားမိသည့္အထိ မ်က္ႏွာႏွစ္ခုကနီးကပ္လာေတာ့ ငယ္ ပါးေလးေတြ နီရဲလာသည္။
ရင္ခုန္သံ တဒုန္းဒုန္းက အစ္ကိုၾကားသြားမွာေတာင္ ဆိုးတဲ့အထိ ကိုခုန္ေနေတာ့တာ။မ်က္လံုးမိွတ္ထားေပမယ့္ ခံစားလို႔ရေနသည့္ အသက္ရႉသံ။
အစ္ကိုက နဖူးေလးကို ခပ္ဖြဖြနမ္းသည္။ၿပီးေနာက္ တစ္ဆင့္ခ်င္းလိုက္ၾကည့္ေနရာကေန ေနာက္ဆံုးပန္းတိုင္က ငယ့္ႏူတ္ခမ္းေလးေတြ...။စိုအိၿပီး ပန္းႏုေရာင္သမ္းေနတဲ့ ႏူတ္ခမ္းေလးေတြကိုၾကည့္ကာ ဘုန္းထက္ရိွန္ ေရဆာလာသလိုလိုပင္။
အၾကည့္လြဲရန္ႀကံေပမယ့္ လ်င္ျမန္လွတဲ့လက္က မနာခံစြာပင္ ငယ့္ေအာက္ႏူတ္ခမ္းေလးကို ခပ္ဖြဖြဖိပြတ္ရင္း...။
ႏွာတံထိပ္ေလးေပၚကအထိအေတြ့ေလးေၾကာင့္...မိန္းငယ္မ်က္လံုးေလးေတြပြင့္လာေတာ့...အစ္ကိုက သူမကိုၿပံဳး၍ၾကည့္ေလ သည္။ငယ္လည္း အစ္ကို႔ကိုအလွဆံုးၿပံဳးျပမိ၏။အစ္ကိုက သူမကိုအရာရာထက္တန္ဖိုးထား ၿပီး ျမတ္ႏိုးပါ၏။
"စိတ္မဆိုးနဲ႔ေတာ့ေနာ္ ကိုကို... လာ ဆံပင္ေတြ မေျခာက္ေသးဘူး...ငယ္သုတ္ေပးမယ္ "
မိန္းငယ္စကားဆံုးေတာ့ ဆိုဖာေအာက္ကို ဆင္းၿပီး...ေက်ာမွီလာေသာအစ္ကို႔ေၾကာင့္
အလိုက္သိစြာနဲ႔ ေအာက္ခ်ထားတဲ့ ေျခေထာက္ေလးႏွစ္ဖက္ကိုအေပၚတင္၍ထိုင္လိုက္၏။
ငယ္က ေဘးမွာခ်ထားတဲ့ မ်က္ႏွာသုတ္ပဝါေလးကို ယူၿပီး ေရ႔ွက ဆံပင္ထူထူေတြအေပၚတင္ကာ အသာေလး ေရေျပာင္ေအာင္ လုပ္ေပးေနေလသည္။
"ေျပာ...အဲ့တစ္ေယာက္ကဘယ္သူတုန္း...ကိုယ့္မွာ အလုပ္ကျပန္ျပန္လာခ်င္း
ရင္ထဲကို နင့္ သြားတာပဲ "
အခုခ်ိန္ ဘုန္းထက္ရိွန္ရဲ့ ဆူပုတ္ေနေသာ မ်က္ႏွာကို မိန္းမိန္းငယ္မ်ားျမင္ရင္
ခ်စ္လြန္းလို႔ ဒီေနရာမွာတင္ ႏွလံုးေရာဂါနဲ႔လဲသြားေလာက္တယ္။
"အဲ့ဒါက ငယ့္ သူငယ္ခ်င္းပါ သူကအခုမွ မိုးကုတ္ကျပန္လာတာ
ျပန္ေရာက္ေရာက္ခ်င္း ငယ့္ဆီလာတာ "
"သူငယ္ခ်င္းဆိုေပမယ့္လည္း အဲ့လိုမ်ိဳး ငယ့္ကို ဖက္ထားတဲ့အထိေတာ့ လိုလို႔လားကြာ "
အစ္ကို႔အသံ ကစိတ္မေကာင္းျဖစ္ေနပံုရသည္။မိန္းငယ္ကေရေျပာင္ခါနီးဆံပင္ေလးေတြကို လက္ေလးနဲ႔ပင္ အသာဖြေပးရင္းဆက္ေျပာေလသည္။
"ငယ္တို႔ကသံုးေလးႏွစ္ကတည္းက ခင္လာတဲ့ သူငယ္ခ်င္းေတြေလအစ္ကိုရဲ့
အရင္ကတည္း အေမတို႔နဲ႔သိၾကေတာ့ ေမာင္ႏွမလိုပဲျဖစ္ေနလို႔ပါ "
"ဒါေပမယ့္ ကြာ "
အစ္ကိုကမခ်ိတင္ကဲ ေရရြတ္သလိုေလး ေျပာေတာ့။ငယ္ၿပံဳးမိေလသည္။
ဒီလူႀကီး ကျပသာနာမရွာရင္လည္းမရွာ ရွာရင္လည္း ေတာ္ေတာ္နဲ႔ရွင္းျပလို႔မရမွန္း...ငယ္ေကာင္းေကာင္းသိ၏။
"ကိုကို႔ ငယ္ေျပာျပတာေသခ်ာနားေထာင္ေနာ္ "
"အြန္း "
ေရလည္းေျပာင္သြားၿပီမလ္ို႔...အစ္ကို႔ဆံပင္ေလးေတြက ခပ္ဖြာဖြာျဖစ္ေနသည့္တိုင္ေအာင္ ေခ်ာေမာမူေတြကေလ်ာ့မသြားပါ။
ဘယ္အခ်ိန္ၾကည့္ၾကည့္ဒီလူသားကငယ့္အတြက္ျပည့္စံုလြန္းေနတယ္။
ဒီဘက္ကို လွည့္လာေတာ့ အလိုမက်ဟန္ မ်က္ခံုးေလးကို လက္နဲ႔ေျဖေလ်ာ့ေပးရင္း
ငယ္က ဆက္ေျပာေလသည္။
"ဒီေလာကတစ္ခုလံုးမွာေလ ငယ္က ကိုကို႔ကိုအခ်စ္ဆံုးပဲ...
ငယ့္ႏွလံုးသားတစ္ခုလံုးက ကိုကို႔ကိုေရြးခ်ယ္ၿပီးၿပီ...တကယ္လို
ကိုကို႔ထက္ေကာင္းတဲ့သူတစ္ေယာက္...ကိုကို႔ထက္ပိုျပည့္စံုသူတစ္ေယာက္
ေတြ့ခဲ့ရင္ေတာင္ ငယ္က ကိုကို႔လက္ကိုပဲအၿမဲဆုတ္ကိုင္ထားမွာမလို႔...
ငယ့္ ဘဝတစ္ခုလံုးပံုအပ္ခ်င္မိတဲ့ လူသားက ကိုကိုပဲ မလို႔...အၿမဲကိုကို႔ကိုပဲေရြးခ်ယ္မွာမလို႔...စိတ္မေကာင္းမျဖစ္ေတာ့နဲ႔ေနာ္
ၿပီးေတာ့ ကိုကို႔ထက္ ျပည့္စံုတဲ့သူဆိုတာ ငယ့္ဘဝမွာထပ္ရိွမွာမဟုတ္ဘူး
ဘာလို႔ဆို ကိုကိုက ငယ့္အတြက္ေတာ့ အရာရာျပည့္စံုလြန္းတဲ့ လူသားတစ္ေယာက္မလို႔ပါ..."
ခ်စ္ရသူဆီက ခ်စ္စကားႏုႏုေလးေတြကိုၾကားရတဲ့အခ်ိန္မွာ ဘုန္းထက္ရိွန္မ်က္ႏွာကလိုခ်င္တာရသြားတဲ့ကေလးေလးလို ၿပံဳးရြင္လာေတာ့သည္။ဆိုဖာေပၚျပန္တက္ထိုင္ရင္း ကိုယ့္ေကာင္မေလးကိုအသဲတယားယားႏွင့္ ရင္ခြင္ထဲဆြဲသြင္းကာဖက္လိုက္ေလသည္။
တကယ္ေတာ့ ဘုန္းထက္ရိွန္က ငယ့္ကိုမယံုတာမဟုတ္ပါဘူး
ငယ္သူ႔ကိုဘယ္ေလာက္ခ်စ္တယ္ဆိုတာ သိသည္။ဒီေကာင္မေလးႏွလံုးသားတစ္ခုလံုးကို အပိုင္ရၿပီးၿပီမလို႔
ဘာကိုမ်ားထပ္သဝန္ရဦးမည္နည္း။သဝန္တိုရင္ေတာင္
ဘာကိုမွ မနာလိုမျဖစ္တဲ့သဝန္တိုျခင္း၊ဘာနဲ႔မွမႏိူင္းယဥ္တဲ့သဝန္တိုျခင္းနဲ႔ရယ္ပါ။
ကိုယ္ အေခ်ာ့ခံခ်င္မွန္းသိရဲ့နဲ႔ အလိုလိုက္ရွာတဲ့ ကေလးေလးကို ဘုန္းထက္ရိွန္
သိပ္ခ်စ္ သိပ္ျမတ္ႏိုးရပါသည္။ အလုပ္အရမ္းပင္ပန္းလာေတာ့
စိတ္ဖိအားေလ်ာ့ေအာင္ သူမနားကိုခြၽဲမိတိုင္း ဘယ္ေတာ့မွ မၿငီးျငဴးပဲ လူႀကီးေလးလို ကိုယ့္ကိုစိတ္ရွည္ေပးရွာတဲ့ ဒီကေလးမေလးကိုမခ်စ္ရင္
ဘယ္သူ႔ကိုခ်စ္ရမည္နည္း။
"ေက်းဇူးပါ ကိုကို႔ကို အရမ္းခ်စ္ေပးလို႔ "
"ငယ္အခ်စ္ေတြကိုလည္း နားလည္းၿပီး အခ်စ္ခံေပးလို႔ေက်းဇူးပါ ကိုကို"
"BTW ငယ့္ကို ေျပာဦးမယ္ ကိုယ္လည္း ဟိုတစ္ေလာကမွသိလာတာ"
"ဟြန္ ဘာကိုလဲ "
အစ္ကိုက သူမပခံုးေလးေပၚ မ်က္ႏွာအပ္ရင္း ဆက္ေျပာေလသည္။
"စိတ္ဖိစီးမူေတြက ကေလးေလးအတြက္မေကာင္းဘူးတဲ့ "
"ဟင္ ကေလးေလးမွမရိွတာ ဒီမွာ...ဘယ္ကကေလးေလးတုန္း"
အစ္ကိုသူမပါးကိုႁပြတ္စ္ကနဲ႔ တစ္ခ်က္နမ္းၿပီး ပခံုးႏုႏုေလးေပၚကို
မ်က္ႏွာနဲ႔ တိုးေဝ့ရင္း ဆက္ေျပာတယ္။
"ကိုကိုေလ...
ကိုကိုကကေလးေလးပဲေလ "
"အားး အခြၽဲတံုးးႀကီး "
အမွားပါရင္နားလည္ေပးပါ
-Nora-