ကိုကို့ရဲ့ငယ်...✨

By Nora2423

82.1K 2.9K 63

နောက်ဆုံးအချိန်ထိ တွဲထားချင်တဲ့လက်တစ်စုံဟာ ငယ်ဖြစ်ကြောင်း More

နောက်ဆုံးအချိန်ထိတွဲထားချင်တဲ့ လက်တစ်စုံဟာ ငယ်ဖြစ်ကြောင်း
အစ်ကိုကသံလိုက်လား ဒီလောက်ထိ ဆွဲဆောင်နေတာ
အတ္တကြီးတယ်ပဲပြောပြော အစ်ကို့ကိုငယ်ပဲပိုင်ချင်တယ်
အစ်ကို့လက်လေးငယ် တွဲထားချင်လို့ပါ
အမြဲပျော်နေရတယ်ဆိုတာ ပုံပြင်ထဲမှာတောင်မရှိ
အစ်ကိုက ဒီအမျိူးသမီးအပိုင်တဲ့လား
ချစ်ပါ အဲ့ဒီအမျိုးသမီးကို ငယ်ကတော့ အစ်ကို့ကိုချစ်ပါ့မယ်
(အပိုင်း ၆)
If I were a cat I'd spend all nine lives with you
8.5
(အပိုင်း ၉)
ငယ့် ဘဝတစ်ခုလုံး ပုံအပ်ချင်မိတဲ့လူသားက ကိုကို
ကိုကို့ အတွက်လေ ငယ်ကလွဲရင် ဘာမှအရေးမကြီးဘူး
ရိုးရိုးလေးပါပဲ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုကို့နားရှိနေချင်ရုံ
(12.1)
(12.2)
(12.3)
(ဇာတ်သိမ်း ပိုင်း)
Extra 1
Extra 2
ကျေးဇူးတင်လွှာ💙💙
(Extra 3)

Time will tell how much I Love you

3.7K 163 3
By Nora2423

ကိုကို့ရဲ့ငယ်...✨

"Aww အစ်မ...ခဏနော် ကျွန်တော် သော့ယူလိုက်ဦးမယ် "

မိန်းမိန်းငယ် လက်နှစ်ဖက်ကို နောက်ပစ်လျှက်...နူတ်ခမ်းလေးကိုစေ့ကာပြုံးလိုက်၏။
ထို့နောက်မှ ခေါင်းလေးငြိမ်ပြသည်။
ကောင်လေးကတော့မြင်မှာမဟုတ်
အပြေးအလွှားသော့သွားယူနေပြီ။

ခြံဝန်းထဲရောက်တော့ မရောက်ဖြစ်တာကြာတဲ့
ပတ်ဝန်းကျင်လိုခံစားမိသည်။
အစ်ကိုတို့အိမ်ဆီရောက်ဖို့
နှစ်မိနစ်နီးပါးတော့ ပန်းပင်တွေကြားက
ဖြတ်လျှောက်ရသေးသည်။

အိမ်နဲ့ ခြံဝန်းကြားမှာ စုံနေအောင်စိုက်ထားတဲ့
ပန်းပင်တွေက အမျိုးမျိုးမဟုတ်ပဲ...
တစ်မျိုးတည်းမလို့ ပွင့်တဲ့အချိန်မျိုးဆို
ပန်းခြံထဲရောက်သွားသလို ခံစားရစေသည်။

ဘေးတစ်ဖက်ဆီမှာ အစ်ကိုဘောလုံးကန်နေကြ မြက်ခင်းစိမ်းစိမ်းတွေနဲ့ကြက်တောင်ရိုက်သည့် နေရာတွေရှိတယ်။ယောကျာ်းသားများတဲ့ အိမ်မလို့
ဧည့်ခန်းမှအစ ရေချိုးခန်း
တွေအဆုံး အကုန်လုံးက
ရှင်းရှင်းလင်းလင်းနှင့် ယောကျာ်းဆန်သည်။

အစ်ကို့အဖေက ဆောက်လုပ်ရေးလုပ်ငန်းတစ်ချို့ ပိုင်သည်။
အန်တီနွေးကလည်း အရိုးနှင့်အကြောအထူးကု
ဆရာဝန်ပင်။အစ်ကိုက
နှလုံးအထူးကု...မိန်းငယ်အစ်ကို့ကြောင့်
နှလုံးရောဂါ ရရင် အစ်ကို့ဆီလူနာအပ်ရမည်။

သူ့ကြောင့်ဖြစ်တာမဟုတ်လား။အငယ်လေးကတော့
Model။အစ်ကိုတို့မိသားစုက ဝင်ငွေကတော့ တော်တော်လေးကြမ်းမည့်ထဲတွင်ပါမည်။
သို့ပေမယ့် အန်ကယ်မှအစ အငယ်ဆုံးလေးအထိ
တစ်ယောက်မှ မာနကြီးတာတွေ
အဆင့်အတန်းခွဲခြားတာမျိုးတွေ မရှိပေ။

အရင်းနှီးဆုံးသူစိမ်းတွေထဲမှာ
သူမတို့အိမ်ပါတာမလို့ အစ်ကိုတို့
မိသားစုအကြောင်းတော့
ကောင်းကောင်းကြီးသိသည်။

"ငယ် သမီးလေး မရောက်တာတောင်ကြာလှပြီကွယ်...
အန်တီဖြင့် ခင့်ကို
တောင်လှမ်းမေးဦးမလို့...လာလာ "

"ငယ်လည်း သိပ်နေမကောင်းတော့...
အိမ်ထဲကမထွက်ဖြစ်တာပါရှင့် "

"မျက်နှာလေးချောင်သွားတယ်...
အစားကောင်းကောင်းစားနော် မပေါ့နဲ့
တစ်ခုခုဆို သမီး ကိုကို ဆီသာ ပြေးခဲ့..."

သမီးကိုကို ဆိုတဲ့အသုံးနူန်းကြောင့်...
မိန်းငယ်မျက်နှာက
အနီလိူင်းလေးတွေဖြတ်ပြေးကုန်ကာ...
သဘောကျနေမိတယ်။

သို့ပေမယ့် အစ်ကို့မှာကောင်မလေးရှိတယ်ဆိုတဲ့
စိတ်က ကြာကြာပျော်ခွင့်မပေးပါ။

"ဟုတ် အန်တီ "

"ကဲ သမီး စားချင်တာရှိရင်
မီးဖိုချောင်ထဲမှာ အကုန်ရှိတယ်...
အန်တီ ဆေးရုံခဏသွားရဦးမှာဆိုတော့
နောက်မှ စကားပြောကြမယ်ကွယ်...
သမီး ကိုကို ကတော့အခန်းထဲမှာရှိတယ်
သားကြီးရေ...ကိုဘုန်း ဒီမှာ ငယ်လေး ရောက်နေတယ် "

အန်တီကပြောရင်းဆိုရင်း
အစ်ကို့ကိုလှမ်းခေါ်ပေးရှာတယ်။မိန်းမိန်းငယ်တို့
ရည်းစားစကားပြောမယ်ဆိုတော့လည်း ရေသင့် ကြာသင့်...။

"ငယ် ကားနားထိလိုက်ပို့ပေးမယ် အန်တီ့ "

"ကျေးဇူးနော် သမီးလေး  "

အန်တီယူသွားမယ်ထင်ရတဲ့
ဆေးအိတ်ကို ငယ်အလိုက်သိစွာနှင့်ပင်ဆွဲယူ၍
ကားထဲအထိလိုက်ပို့ပေးလိုက်တော့...

အန်တီက သူမခေါင်းလေးကို
ခပ်ဖွဖွလေးပွတ်ပေးပြီး ကားထဲဝင်သွားတယ်။

ခြံထဲကနေ ကားလေးထွက်သွားတဲ့ အထိ မိန်းငယ် ဒီနေရာလေးမှာရပ်နေသေးတယ်။
သူမအိမ်လှည့်ပြန်ရင်
ကောင်းမလားစဥ်းစားနေပုံရသည်။

ပြောရောပြောရဲ့ပါ့မလားဆိုတဲ့
စိုးရိမ်စိတ်ကလည်း အပြည့်။
အစ်ကိုက ခါးခါးသီးသီးငြင်းရင်ရော။

ဟင့်အင်း မိန်းငယ် နင် စိတ်ကိုအေးအေးထား။
အစ်ကို့အဖြေက အဓိကမကျဘူး
နင် ချစ်တာကို အစ်ကိုသိသွားရင်
ရပြီပဲ စိတ်လျော့ စိတ်လျော့။

အားတင်းသယောင် လက်သီးဆုတ်လေးကို
တင်းတင်းဆုတ်ရင်း  အိမ်ထဲဝင်ရန် လှည့်လိုက်၏။

မိန်းမိန်းငယ် ကမ္ဘာကြီးက ချောလိုက်တာ။ရေစက်လေးတစ်ချို့တွဲခိုနေတဲ့ဆံပင်တွေက
နဖူးမှာဝဲကျနေတဲ့
အစ်ကိုက ကြည့်ကောင်းတာထက် ဆွဲဆောင်မူရှိတဲ့
ပုံစံဘက်ကိုသွားသည်။

အစ်ကိုက ငယ့်ကိုတွေ့တော့ သွားဖွေးဖွေးလေးတွေ
ပေါ်လာတဲ့အထိ ပြုံးပြ၏။
ငယ် အစ်ကို့ကိုမြင်နေရတာ အနှေးပြကွက်တွေလိုပါပဲ။

သေချာမတွေ့ဖြစ်တဲ့
ဒီရက်ပိုင်းတွေမှာ အစ်ကိုက ဘာလို့
ဒီလောက်ထိ ကြည့်ကောင်းလာတာပါလိမ့်။

"အိမ်ထဲဝင်လေ ညီမ အပြင်မှာနေပူနေတယ် "

အစ်ကို့အသံက  နားထဲကို တစ်ဖြည်းဖြည်းစီးဝင်ပြီး
စွဲထင်ကျန်တဲ့ အသံမျိုးပင်။
အသံကြားသနားပါစေ ဆုတောင်းပြည့်ပုံရတဲ့
အစ်ကိုက ဆရာဝန်မဟုတ်ပဲ
အဆိုတော်လုပ်ရင်လည်း တော်တော်အောင်မြင်မဲ့ ပုံ...။

"ဟုတ် "

အိမ်ထဲအရင်ဝင်သွားတဲ့ အစ်ကိုက
ဆိုဖာပေါ်မှာ အခန့်သားလေး ထိုင်ပြီ
သူ့ဆံပင်လေးတွေကိုအနည်းငယ်ဖွနေ၏။

အစ်ကိုက အရင်နေ့တွေလိုမဟုတ်
ပုံမှန်ထက်လူငယ်ဆန်ဆန်နဲ့ 
ဒီတိုင်းလေးငေးကြည့်ချင်လောက်အောင်
ကြည့်ကောင်းနေ၏။မိန်းငယ်ဝင်လာတာမြင်တော့ အစ်ကိုက သူ့ဘေးကနေရာလွတ်လေးကို
  ဒီမှာလာထိုင်ဆိုတဲ့ သဘောနဲ့ ပုတ်ပြလာ၏။

"အစ်ကို...."

"ညီမ..."

သူမ ကိုကိုလို့ မခေါ်ဖြစ်သလို...
အစ်ကိုလည်း ငယ် ဟု မခေါ်တော့ပါ။
အခြေအနေက သူစိမ်းဆန်လှသည်။သို့သော် အေးစက်မနေ။နှစ်ယောက်လုံးရင်တွေခုန်နေ၏။

တစ်ပြိုင်နက် တည်းခေါ်လိုက်တဲ့ နာမ်စားတွေအဆုံး...
နှစ်ယောက်သာအကြည့်တွေကလည်း
ထပ်တူကျလျှက်ရှိ၏။

အစ်ကိုကလည်းသူမမျက်လုံးတွေ
ကြည့်နေသလို မိန်းမိန်းငယ်သည်လည်း
အကြည့်မလွဲမိ...။အဓိပ္ပာယ်များစွာပျော်ဝင်နေတဲ့
မျက်ဝန်းတွေကြောင့် သူမရင်ခုန်သံတွေ
  မငြိမ်တော့ပြန်ပေ။
 
ပြောမည်စကားတွေက အစ်ကို့အကြည့်တွေအောက်မှာ
ကြက်ပျောက်ငှက်ပျောက်။
နောက်ဆုံး မိနစ်ဝက်နီးပါးကြာသွားတော့မှ
နှစ်ယောက်သား ဘာတစ်ခွန်းမှမပြောပဲ
အကြည်လွဲမိကြ၏။

အစ်ကိုက ပေါင်နှစ်ဖက်ပေါ် လက်မောင်းလေးတင်ပြီး
ကြမ်းပြင်ကိုကြည့်နေတာကို
ငယ့်မျက်လုံးထောင့်လေးကနေမြင်နေရသည်။

လက်ချောင်းရှည်တွေကအငြိမ်မနေ
အချင်းချင်းပွတ်သပ်ရင်း
တစ်ခုခုကိုအသည်းအသန်စဥ်းစားနေပြန်၏။
နူတ်ခမ်းသားလေးတွေ တစ်ချက်ချက်
လူပ်သွားသလိုပင်။ အစ်ကိုတစ်ခုခု
ပြောချင်နေတာသေချာသည်။

သူမအစ်ကို့ကိုမသိမသာလေး
ငေးရင်း...အစ်ကို​ဘာပြောမလို့လဲ
  ဆိုတဲ့သိချင်စိတ်က လူကို ရင်မောစေသည်။
  သူမသည်လည်းအစ်ကို့ကို
မည်သိို့ ဖွင့်ပြောရမည်နည်း။

"ငယ် "

"အစ်ကို့ "

အခြေအနေကတူနေသေးသည်။
အခေါ်အဝေါ်ကတော့မတူတော့။
မိန်းမိန်းငယ် မျက်နှာလွဲမလို့ ကြံနေတုန်းမှာပဲ
အစ်ကိုက ထိုင်နေတဲ့နေရာကနေ
ထကာ သူမလက်ကိုရုတ်တရက်ဆွဲလိုက်တော့...
မျက်လုံးလေးတွေပြူးကျယ်သွားရပြန်သည်။

လက်မောင်းပေါ်က အထိအတွေ့က
စတွေ့တုန်းကလိုပဲ
ရင်ခုန်သံတွေမြန်စေသည်။အစ်ကိုကတော့
သူမကိုဘာတစ်ခွန်းမှမပြော
ခြံထဲကိုသာ ဆွဲခေါ်သွားတယ်။ငယ်လည်း
ဘာမှမပြောမိ အစ်ကိုခေါ်တဲ့နောက်ကိုပဲ
ငြိမ်ငြိမ်လေးလိုက်လာခဲ့သည်။

ငယ့်ကို ဒန်းလေးပေါ်ထိုင်စေပြီးနောက်တော့
အစ်ကိုက မတ်တပ်ရပ်ရင်းကနေပဲပြောသည်။

"ငယ်...ကိုကို့ကို ဘာလို့ရှောင်နေတာလဲ...
ကိုကိုဘာမှားလို့လဲပြော "

"ဟင့်အင်း ငယ်မရှောင်ပါဘူး..."

"ဒါဆို ဘာလို့ ကိုယ့်ကိုစကားလာမပြောတော့တာလဲ..
.ဘာလို့ အိမ်ကိုမလာတာလဲ...
အရင်လို သီချင်းလည်းဆိုမပြခိုင်းဘူး...
ကိုကိုတစ်ခုခုမှားရင်ပြောလေကွာ...အခုကြ
ဘာဖြစ်လို့ဖြစ်နေမှန်းမသိ...ရုတ်တရက်ကြီး
ငယ်က အခုလိုတွေရှောင်သွားတော့...
ကိုယ်က ဘယ်လိုစိတ်နဲ့နေရမှာလဲ..."

ဆက်တိုက်ပြောလာတဲ့ အစ်ကို့စကားတွေကြောင့်...
မိန်းငယ် ကြောင်အအနှင့်သာ
မျက်ခုံးတွေတွန့်ချိုးထားတဲ့ အစ်ကို့ကို
ကြည့်နေမိသည်။

အစ်ကိုက ဒီလိုအခြေအနေမျိုးမှာတောင်
ကြည့်ကောင်းနေသေးသည်။တကယ်ပါပဲ။
လက်လွှတ်ပေးရမဲ့ လူတစ်ယောက်ကို
ဒီလောက်ထိ စွဲလမ်းနေစရာလိုလို့လား။

"အခုလည်း...ငယ်က ရှောင်နေပြန်ပြီ
အင်းပါ..ကိုကိုနဲ့ မပတ်သက်ချင်တော့ရင် လည်း ရပါတယ်...
ဆောရီး...ကိုယ် အော်သလိုဖြစ်သွားရင်..."

ဘာတစ်ခွန်းမှ မပြောပဲ
ငိုင်ငိုင်လေးထိုင်နေတဲ့ကောင်မလေးကို...ဘုန်းထက်ရှိန်
အသည်းတယားယား...ဖြစ်နိုင်ရင်
ပွေ့ပြီးသာ ဝေ့ယမ်းပစ်လိုက်ချင်သည်။

ဒီရက်ပိုင်း သူမလေးက ကိုယ့်ကိုရှောင်နေသလိုခံစားရတော့...
လူကညဘက်တွေဆို
တော်ရုံနဲ့ အိပ်မပျော်။
မီးပိတ်နေတဲ့အခန်းတံခါးလေးကိုပဲ
ငေးနေရတဲ့အဖြစ်။

အရင်ကဆို အသံစွာစွာလေးနဲ့
အန်တီခင်နဲ့ပြောလိုက် ဆူလိုက် အသံလေး
ကြာရသေးတယ်။အခုရက်ပိုင်းတော့
ဘာသံမှတောင်မကြားရတော့။
ကိုယ်ဘာအမှားလုပ်မိလည်း
စဥ်းစားပြန်တော့လည်း ကိုယ်လည်းဘာမှမလုပ်မိ။

ဒီအဆိုးလေးက လူကို ကလိကလိဖြစ်အောင်လုပ်တဲ့နေရာမှာ
အတော်ပရိုကျသည်။အဟွန်း...တစ်ခါတစ်လေကြတော့လည်း
ခံစားချက်တွေကို ထုတ်ပြောပြီး...
ဒီအမျိုးသမီးငယ်လေးကို
အဖြေတောင်းလိုက်ချင်သည်။

သို့သော် ကိုယ့်မှာ သတ္တိမရှိ။
ထုတ်ပြောလိုက်လို့ ပိုဝေးသွားမှာဆိုတဲ့
စိုးရိမ်မူကြောင့် ဒီတိုင်းလေး အဝေးက
မသိမသာကြည့်နေရသည်။
သစ်ရွက်လူပ်ရင်တောင်ရင်ခုန်တတ်တဲ့
ကလေးအရွယ်လေး ဆိုတော့ ခဏတာ စိတ်လူပ်ရှားပြီး သူ့ကိုထားခဲ့မှာလည်းကြောက်သည်။

ကျစ်...ဘယ်လိုတောင်သူရဲဘောကြောင်လိုက်သလဲ။တွေးမိတိုင်း ကိုယ့်ကိုကိုယ်အားမရ...။ဖွင့်မပြောရတဲ့အကြောင်းက
  ဒီမျှလောက်ပဲမဟုတ်...
ငယ်လေးကအခုမှ တက္ကသိုလ်ကျောင်းသူအရွယ်လေး...
အချစ်နောက်ကိုပဲလိုက်ရင်း
ဘဝတက်လမ်းတွေ ဆုံးရူံးသွားမှာလည်း စိုးရိမ်မိသည်။

ထုတ်မပြောတာက လွဲရင်
ကိုကိုမင်းကိုချစ်ပါတယ် ငယ်ရယ်။

ထုတ်မပြောတာနဲ့ပဲ မချစ်တာမဟုတ်ရပါဘူးကွာ။

ရင်ထဲက ပြောရင်း...ဒန်းလေးပေါ်မှာ
ထိုင်နေစဲ ကောင်မလေးကို
အရောင်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်လိုက်၏။

ငယ်က သိပ်ချစ်စရာကောင်းတဲ့ အမျိုးသမီးလေး။
အပြူအမူအပြောအဆိုလေးကအစ
နုရွမနေပဲပေါ့ပေါ့ပါးပါးလေးဖြစ်နေတာကိုက
ဒီလူ့ အသည်းကို အကြိမ်ကြိမ်ကြွေကျစေသည်။

အချိန်တွေ ကြာလာလေ...ငယ့်ပေါ်ထားတဲ့ကိုယ့်အချစ်တွေက ထုထည်ကြီးမားလာလေနဲ့
ဘယ်အချိန်အထိများ သည်းခံရဦးမလဲ ကလေးငယ်ရယ်။

ဘုန်းထက်ရှိန် နောက်ဆုံးပြောခဲ့တဲ့စကားပြီးသွားတာ
မိနစ်ပိုင်းလောက်ကြာတဲ့အထိ
ရှေ့ကကလေးမက တူပ်တူပ်မျှမလူပ်...
ဒီတိုင်းထိုင်လျှက်သာလေး။

ဖြစ်နိုင်ရင် ချထားတဲ့ လက်လေးနှစ်ကိုဆုတ်ကိုင်ပြီး...
ကိုယ်မင်းကိုအရမ်းချစ်နေမိလို့
မင်းရှောင်နေတာကို လုံးဝမခံစားနိုင်ပါဘူးလို့ပြောပြချင်သည်။

"ကျစ်..."

ကိုယ်ဟာကိုယ်အားမလိုအားမရဖြစ်ကာ...ကျစ်တစ်ချက်စုတ်သက်လိုက်မိ၏။

လက်နှစ်ဖက်ကို ခါးမှာ ထောက်ရင်း
မိန်းငယ်ကိုကျောပေးထားတဲ့ အစ်ကိုက
စိတ်ရူပ်နေဟန်...။တကယ်ရော ပြောလို့ဖြစ်ပါရဲ့လား။အခုတောင်အစ်ကိုကစိတ်ရူပ်နေတာ...ပြောလိုက်လို့ ထပ်မမြင်ချင်တော့ဘူးဆိုရင်ရော ငယ် အဲ့ဒီဒဏ်တွေခံနိုင်ပါ့မလား။

"ကိုကို့ "

မခေါ်တာကြာပြီဖြစ်တဲ့ စကားလုံးလေးကို
နူတ်ကခပ်တိုးတိုးရေရွတ်ပေမယ့်
ရင်ဘက်ထဲအထိရောက်ပုံရသည်။
သူ့အတွက် ရည်ညွှန်းတဲ့ နာမ်စားလေးကတောင်
ရင်ကိုတုန်လူပ်စေနိုင်တယ်ဆိုတာ...
ငယ်ကိုကို့ကို ပြောခွင့်ရပါမလား။

"အွန်း...ငယ်လေး ပြောလေ "

"ငယ် ကိုကို့ကို...  "

လူကိုရင်ခုန်သံတွေမြန်စေပါသော...
အကြိမ်ကြိမ်သေလိုက်ဖို့တောင်လုံလောက်ပါတဲ့
မျက်ဝန်းငယ်လေးတွေက တစ်ဖြည်းဖြည်းနဲ့...
ကိုယ့်မျက်လုံးကိုစုံလာပါတော့။
ယောကျ်ားလေးတန်မဲ့ မျက်နှာက
အနီရောင်သမ်းသွားတော့...ကိုယ့်မှာမလုံမလဲ
ချောင်းတစ်ချက်ဟန့်ရသေးသည်။

ကိုကို့ကို ရူးအောင်များ ပြုစားချင်နေသလား ငယ်။

"ရှောင်နေတာ မဟုတ်ပါဘူး..."

"ဒါဖြင့် ဘာလို့ ကိုကို့ကိုအရင်လို မဆက်ဆံနိုင်တော့တာလဲ "

ငယ်ကပိတောက်ပင်ကြီးဘက်ကို မျက်နှာလေးစောင်းသွားပြီးမှ
ပြောတယ်။

"အစ်ကိုက အရင်လိုမဟုတ်တော့လို့ပေါ့...အစ်ကို့မှာ ပိုင်ရှင်ရှိပြီးသားမလို့...
ကိုယ်ချစ်တဲ့သူကတစ်ခြားတစ်ယောက်ရင်ခွင်မှာရှိနေမှာမျိုးကိုမမြင်နိုင်လို့..
အစ်ကို့နားလာမယ်ဆိုတိုင်း အစ်ကို့ရင်ခွင်မှာတစ်ခြားတစ်ယောက် ရှိတယ်ဆိုတဲ့
အသိ​​ကြောင့် ငယ်အစ်ကို့ကိိုရှောင်နေသလိုဖြစ်သွားတာပါ...ဟုတ်တယ်
ငယ်က အစ်ကို့အပေါ်ခံစားချက်တွေမရိုးသားပဲ ချစ်နေခဲ့တာ သုံးနှစ်ရှိပြီ။
မြင်မြင်ချင်းအချစ်ဆိုတာ မယုံခဲ့ပေမယ့် အစ်ကို့ကိုတွေ့ပြီးသွားတဲ့နောက်
အစ်ကိုမျက်ဝန်းညိုတွေကြောင့် လက်ခံခဲ့တယ်...ငယ်အခု အစ်ကို့ကိုပြန်ချစ်ပေးဖို့
ပြောပြနေတာမဟုတ်ဘူး...အစ်ကို့မှာချစ်သူရှိမှန်းလည်းသိတယ်
ဒါပေမယ့် ...ဒါပေမယ့် ငယ်ချစ်တယ်ဆိုတာ အစ်ကို့ကိုသိစေချင်လို့...
အစ်ကိုပြန်ချစ်တာမချစ်တာ...အစ်ကို့အဖြေကို ငယ် ဘာမှမမျှော်လင့်ထားဘူး
ဒီတိုင်း...အစ်ကို့ကို ချစ်တယ်ဆိုတာ သိစေချင်ရုံပါပဲ...ချစ်တယ် ငယ် ကိုကို့ကိုချစ်တယ် "

ငယ်ပြောတာတွေကို ဘုန်းထက်ရှိန် အကုန်နားမလည်နိုင်ပါ။နားလည်တာတစ်ခုကတော့ ငယ်က သူ့ကိုချစ်တယ်ဆိုတာပါပဲ။
သုံးနှစ်တောင်ရှိပြီလားကလေးငယ်ရယ်။ရည်းစားစကားအပြောခံရတဲ့
ခံစားချက်က ကောင်းသားပဲ။အထူးသဖြင့် ကိုယ့် အချစ်ဆီက ပြောတာခံရတဲ့အခါမျိုးမှာပေါ့။ရင်ထဲတသိမ့်သိမ့်နဲ့ ထပ်တလဲလဲကြားနေရတဲ့ချစ်စကားတွေက
နှလုံးသားအပေါ်တိုက်ရိုက်ထိမိသည်။

ကောင်မလေးက ပြောပြီးတော့
ရှက်သွားသည်ထင်တယ်...နားရွက်လေးတွေနီရဲနေသည်။
ပြီးတော့ ထပြေးမလို့ကြံနေတယ်ဆိုတာ
သူကောင်းကောင်းကြီးရိပ်မိ၏။
ထင်တဲ့အတိုင်း ချစ်မြတ်နိုးရတဲ့
ကောင်မလေးက ဆက်ကနဲ့ထပြေးတော့သည်။

"နေပါဦး ငယ်ရ့...ကိုယ့်ကိုကြည့်ဦး..."

"ဟင့်အင်း ငယ့်ကိုလွှတ်...လွှတ်လို့ဆိုနေ "

"မလွှတ်ဘူးကွာ...ငယ် ငြိမ်ငြိမ်နေ...ကိုယ့်ကိုကြည့်ဦး...
မင်း​သွားချင်သပ့ဆို ကိုယ်ပြောတာအရင်နားထောင်ပြီးမှ
သွား...ရည်းစားစကားပြောပြီးရင် အဖြေတောင်းရဦးမယ်လေ "

"အဖြေက သိနေပြီးသားပဲကို...ငယ်ထပ်ကြားစရာမလိုဘူးမလား
ပြီးတော့ ကိုကို့မှာကောင်မလေးရှိတယ်
သူမြင်သွားရင် ကိုကို့ကို စိတ်ဆိုးလိမ့်မယ်
လွှတ် ငယ့်ကို...လွှတ်ပေးလို့ ကိုကို"

ပခုံးလေးနှစ်ဖက်ကိုဆုတ်ကိုင်ထားတာကို အတင်းရုန်းနေတဲ့ကောင်မလေး။
ဘာကိုအထင်လွဲသွားလည်းမသိပေမယ့် ငယ်ကသေချာလှချည်းလားကွာ။
မိန်းကလေး ဖြစ်တာတောင် ကိုယ့်အပေါ်ဖွင့်ပြောရဲတဲ့ သူမ..။
ယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့ ကိုယ်ကရော ဘာကိုများကြောက်နေသင့်သလဲ။
ငယ်သေးလို့ ခဏတာအချစ်ဆိုရင်တောင် ငယ်ကကိုယ့်ကိုထားသွားမယ်ဆိုရင်တောင်
ကိုကိုမင်းကို ချစ်နေရင်း ကျန်ခဲ့မယ်။ငယ့် ဘဝကို
လမ်းမှားမရောက်အောင် ကိုယ်တိုင်ထိန်းကျောင်းစောင့်ရှောက်မယ်။
သူများလက်ထဲ မထည့်ပေးနိုင်ဘူး။အတ္တကြီးပါရစေငယ်...
ငယ်က ကိုယ့်အပိုင်ဖြစ်ပေးပါ။

"ကိုကို ငယ့်ကို ချစ်တယ် "

အဲ့တော့မှ ငြိမ်ကျသွားတဲ့ ကောင်မလေးက
သူ့ကိုမျက်လုံးလေး ပြူး၍ကြည့်လာတယ်။မျက်ဝန်းတွေထဲမှာမယုံနိုင်မူ။ပျော်ရွင်မူ။အံသြစွံအမူလေးတွေကအထင်းသား။

"ဒါပေမယ့် ကိုကို့ကောင်မလေး... "

"အွန်း ကိုကို့ကောင်မလေးက ငယ်ပဲလေ"

ပြောလိုက်တော့ ပါးလေးတွေရဲပြီး အကြည်လွှဲသွားတဲ့ကောင်မလေး။
မေးလေးကို လက်ညိုးနဲ့လက်မသုံးကာ ထိန်းရင် ပြန်ကြည့်ခိုင်းကာ ပြောစေတော့
မဝံမရဲနဲ့ အရင်ကလို အပြုအမူလေးတွေ ပြန်ပေါ်လာ၏။ချစ်လိုက်တာ ငယ်ရယ်
...ကိုကိုတော့ ရူးတော့မှာပဲ။

"ဟင့်အင်း မဟုတ် မဟုတ်ဘူးလေ...ဟိုနေ့က ရွှေဆိုင်မှာ ကိုကို့ကိုမောင်လို့ခေါ်တဲ့တစ်ယောက် "

ဘုန်းထက်ရှိန်သဘောပေါက်သွားကာ ရယ်ချင်ပေမယ့် ရှက်သွားမှာဆိုးလို့...မသိမသာလေးပြုံးလိုက်မိသည်။

"အဲ့ဒါ က ကိုယ်နဲ့ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ အစ်မပါကွာ
ကိုယ်မှမဟုတ်ဘူး တစ်ခြားရင်းနှီးတဲ့သူဆို
လက်မောင်းကိုတွဲထားရမှကျေနပ်တာ ဟိုနေ့ကတောင် သူ့မင်္ဂလာဆောင်အတွက်
ငယ်တို့ အိမ်ကိုလာဖိတ်သေးတယ်...ငယ်ကသိပ်မရင်းနှီးလိုပါ သူ့အမေတွေနဲ့
အန်တီခင်တို့က သိတယ်...အဲ့နေ့က အစ်မကောင်လေးကမအားလို့ ကိုကိုက အဲ့အစ်မကိုလိုက်ကူပြီး လက်စွပ်ရွေးကူပေးတာ...မောင်ဆိုတာ သူ့ကောင်လေးကိုခေါ်တဲ့ နာမ်စား...ကဲကျေနပ်ပြီလား "

"ဟုတ် "

"ဒါဆို ငယ်က အစ်ကို့ကိုချစ်တယ်ပေါ့ "

သိရဲ့သားနဲ့...တမင်ညစ်တာ ဒီလူကြီး။

"အွန်း "

"ဘာ အွန်း လဲ ချစ်လားလို့ဆိုနေကွာ "

"အွန်း ချစ်တယ်လို့ "

"ကိုယ်လည်းချစ်တယ်...ကိုကို့ရဲ့ငယ်လေးကို"

"ငယ် ကိုကို့ကိုအရမ်းချစ်တာပဲ "

"လာ ငယ့်ကို အစ်ကိုပြစရာလေးရှိတယ် "

ပြောရင်းဆိုရင်း အစ်ကိုက ငယ့်ပခုံးလေးကို ဆုတ်ကိုင်ထားတာ
လွှတ်ပေးပြီး...လက်ဖဝါးချင်းထပ်ကာ ဆုတ်ကိုင်လာလေသည်။
ဒီတော့မှ ရင်ထဲ တသိမ့်သိမ့်နဲ့ ဒီအမျိုးသားလေးဟာ ငယ့်အပိုင်ဆိုတာ လက်ခံလိုက်ရသည်။ကိုကိုက ငယ့်ကို ပိတောက်ပင်ကြီးရှေ့ကိုရောက်တော့
နဖူးကိုခပ်ဖွဖွလေးအနမ်းပေးတယ်။နှစ်ပေါင်းများစွာ စိတ်ကူးယဥ်ခဲ့ရတဲ့
အခိုက်အတန့်လေးက အခုတော့ သူမတကယ်ကြုံနေရပါပြီ။ပျော်လွန်းလို့ မျက်ရည်တွေ စီးကျတော့ အစ်ကိုက သူမပါးပြင်လေးကိုခပ်ဖွဖွသုတ်ပေးတယ်။
အစ်ကိုလည်း ငိုနေတယ်ဆိုတာ သူ့ကိုယ်သူသတိမထားမိ။

"ငယ် ဟိုမှာ ကြည့် "

ကိုကိုပြတဲ့နေရာကိုကြည့်တော့...မိန်းငယ်အရင်က သတိထားကြည့်မိတဲ့
အမှတ်အသားရာလေးတွေ...။အခုတော့ ပိုများနေသလိုပဲ။အသစ်မှတ်ထားတယ်ထင်တယ် သစ်ပင်ခေါက်လေးတွေက​ကြွေနေ၏။

"ဒီနေ့နဲ့ဆို1168 ရက် ရှိပြီ ကိုယ်မင်းကိုချစ်ခဲ့တာ "

အစ်ကိုက သူမခေါင်းလေးကိုခပ်ဖွဖွထပ်နမ်းရင်းပြောသည်။

"Time will tall how much I love you "

ချစ်​​ကြောင်းတွေမပြောတော့ပါဘူး။
အချိန်တွေက သက်သေပြုပါလိမ့်မယ်။
ဒီပိတောက်ပင်ကြီးကသက်သေတည်ပါလိမ့်မယ်။

ကဲ ကျွန်တော်လေး လိမ္မာပါတယ်နော်

-Nora-

Zawgyi

ကိုကို႔ရဲ့ငယ္...✨

"Aww အစ္မ...ခဏေနာ္ ကြၽန္ေတာ္ ေသာ့ယူလိုက္ဦးမယ္ "

မိန္းမိန္းငယ္ လက္ႏွစ္ဖက္ကို ေနာက္ပစ္လ်ွက္...ႏူတ္ခမ္းေလးကိုေစ့ကာၿပံဳးလိုက္၏။
ထို႔ေနာက္မွ ေခါင္းေလးၿငိမ္ျပသည္။
ေကာင္ေလးကေတာ့ျမင္မွာမဟုတ္
အေျပးအလႊားေသာ့သြားယူေနၿပီ။

ၿခံဝန္းထဲေရာက္ေတာ့ မေရာက္ျဖစ္တာၾကာတဲ့
ပတ္ဝန္းက်င္လိုခံစားမိသည္။
အစ္ကိုတို႔အိမ္ဆီေရာက္ဖို႔
ႏွစ္မိနစ္နီးပါးေတာ့ ပန္းပင္ေတြၾကားက
ျဖတ္ေလ်ွာက္ရေသးသည္။

အိမ္နဲ႔ ၿခံဝန္းၾကားမွာ စံုေနေအာင္စိုက္ထားတဲ့
ပန္းပင္ေတြက အမ်ိဳးမ်ိဳးမဟုတ္ပဲ...
တစ္မ်ိဳးတည္းမလို႔ ပြင့္တဲ့အခ်ိန္မ်ိဳးဆို
ပန္းၿခံထဲေရာက္သြားသလို ခံစားရေစသည္။

ေဘးတစ္ဖက္ဆီမွာ အစ္ကိုေဘာလံုးကန္ေနၾက ျမက္ခင္းစိမ္းစိမ္းေတြနဲ႔ၾကက္ေတာင္ရိုက္သည့္ ေနရာေတြရိွတယ္။ေယာက်ာ္းသားမ်ားတဲ့ အိမ္မလို႔
ဧည့္ခန္းမွအစ ေရခ်ိဳးခန္း
ေတြအဆံုး အကုန္လံုးက
ရွင္းရွင္းလင္းလင္းႏွင့္ ေယာက်ာ္းဆန္သည္။

အစ္ကို႔အေဖက ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခ်ိဳ႕ ပိုင္သည္။
အန္တီေနြးကလည္း အရိုးႏွင့္အေၾကာအထူးကု
ဆရာဝန္ပင္။အစ္ကိုက
ႏွလံုးအထူးကု...မိန္းငယ္အစ္ကို႔ေၾကာင့္
ႏွလံုးေရာဂါ ရရင္ အစ္ကို႔ဆီလူနာအပ္ရမည္။

သူ႔ေၾကာင့္ျဖစ္တာမဟုတ္လား။အငယ္ေလးကေတာ့
Model။အစ္ကိုတို႔မိသားစုက ဝင္ေငြကေတာ့ ေတာ္ေတာ္ေလးၾကမ္းမည့္ထဲတြင္ပါမည္။
သို႔ေပမယ့္ အန္ကယ္မွအစ အငယ္ဆံုးေလးအထိ
တစ္ေယာက္မွ မာနႀကီးတာေတြ
အဆင့္အတန္းခြဲျခားတာမ်ိဳးေတြ မရိွေပ။

အရင္းႏွီးဆံုးသူစိမ္းေတြထဲမွာ
သူမတို႔အိမ္ပါတာမလို႔ အစ္ကိုတို႔
မိသားစုအေၾကာင္းေတာ့
ေကာင္းေကာင္းႀကီးသိသည္။

"ငယ္ သမီးေလး မေရာက္တာေတာင္ၾကာလွၿပီကြယ္...
အန္တီျဖင့္ ခင့္ကို
ေတာင္လွမ္းေမးဦးမလို႔...လာလာ "

"ငယ္လည္း သိပ္ေနမေကာင္းေတာ့...
အိမ္ထဲကမထြက္ျဖစ္တာပါရွင့္ "

"မ်က္ႏွာေလးေခ်ာင္သြားတယ္...
အစားေကာင္းေကာင္းစားေနာ္ မေပါ့နဲ႔
တစ္ခုခုဆို သမီး ကိုကို ဆီသာ ေျပးခဲ့..."

သမီးကိုကို ဆိုတဲ့အသံုးႏူန္းေၾကာင့္...
မိန္းငယ္မ်က္ႏွာက
အနီလိူင္းေလးေတျြဖတ္ေျပးကုန္ကာ...
သေဘာက်ေနမိတယ္။

သို႔ေပမယ့္ အစ္ကို႔မွာေကာင္မေလးရိွတယ္ဆိုတဲ့
စိတ္က ၾကာၾကာေပ်ာ္ခြင့္မေပးပါ။

"ဟုတ္ အန္တီ "

"ကဲ သမီး စားခ်င္တာရိွရင္
မီးဖိုေခ်ာင္ထဲမွာ အကုန္ရိွတယ္...
အန္တီ ေဆးရံုခဏသြားရဦးမွာဆိုေတာ့
ေနာက္မွ စကားေျပာၾကမယ္ကြယ္...
သမီး ကိုကို ကေတာ့အခန္းထဲမွာရိွတယ္
သားႀကီးေရ...ကိုဘုန္း ဒီမွာ ငယ္ေလး ေရာက္ေနတယ္ "

အန္တီကေျပာရင္းဆိုရင္း
အစ္ကို႔ကိုလွမ္းေခၚေပးရွာတယ္။မိန္းမိန္းငယ္တို႔
ရည္းစားစကားေျပာမယ္ဆိုေတာ့လည္း ေရသင့္ ၾကာသင့္...။

"ငယ္ ကားနားထိလိုက္ပို႔ေပးမယ္ အန္တီ့ "

"ေက်းဇူးေနာ္ သမီးေလး  "

အန္တီယူသြားမယ္ထင္ရတဲ့
ေဆးအိတ္ကို ငယ္အလိုက္သိစြာႏွင့္ပင္ဆြဲယူ၍
ကားထဲအထိလိုက္ပို႔ေပးလိုက္ေတာ့...

အန္တီက သူမေခါင္းေလးကို
ခပ္ဖြဖြေလးပြတ္ေပးၿပီး ကားထဲဝင္သြားတယ္။

ၿခံထဲကေန ကားေလးထြက္သြားတဲ့ အထိ မိန္းငယ္ ဒီေနရာေလးမွာရပ္ေနေသးတယ္။
သူမအိမ္လွည့္ျပန္ရင္
ေကာင္းမလားစဥ္းစားေနပံုရသည္။

ေျပာေရာေျပာရဲ့ပါ့မလားဆိုတဲ့
စိုးရိမ္စိတ္ကလည္း အျပည့္။
အစ္ကိုက ခါးခါးသီးသီးျငင္းရင္ေရာ။

ဟင့္အင္း မိန္းငယ္ နင္ စိတ္ကိုေအးေအးထား။
အစ္ကို႔အေျဖက အဓိကမက်ဘူး
နင္ ခ်စ္တာကို အစ္ကိုသိသြားရင္
ရၿပီပဲ စိတ္ေလ်ာ့ စိတ္ေလ်ာ့။

အားတင္းသေယာင္ လက္သီးဆုတ္ေလးကို
တင္းတင္းဆုတ္ရင္း  အိမ္ထဲဝင္ရန္ လွည့္လိုက္၏။

မိန္းမိန္းငယ္ ကမ႓ာႀကီးက ေခ်ာလိုက္တာ။ေရစက္ေလးတစ္ခ်ိဳ႕တြဲခိုေနတဲ့ဆံပင္ေတြက
နဖူးမွာဝဲက်ေနတဲ့
အစ္ကိုက ၾကည့္ေကာင္းတာထက္ ဆြဲေဆာင္မူရိွတဲ့
ပံုစံဘက္ကိုသြားသည္။

အစ္ကိုက ငယ့္ကိုေတြ့ေတာ့ သြားေဖြးေဖြးေလးေတြ
ေပၚလာတဲ့အထိ ၿပံဳးျပ၏။
ငယ္ အစ္ကို႔ကိုျမင္ေနရတာ အေနွးျပကြက္ေတြလိုပါပဲ။

ေသခ်ာမေတြ့ျဖစ္တဲ့
ဒီရက္ပိုင္းေတြမွာ အစ္ကိုက ဘာလို႔
ဒီေလာက္ထိ ၾကည့္ေကာင္းလာတာပါလိမ့္။

"အိမ္ထဲဝင္ေလ ညီမ အျပင္မွာေနပူေနတယ္ "

အစ္ကို႔အသံက  နားထဲကို တစ္ျဖည္းျဖည္းစီးဝင္ၿပီး
စြဲထင္က်န္တဲ့ အသံမ်ိဳးပင္။
အသံၾကားသနားပါေစ ဆုေတာင္းျပည့္ပံုရတဲ့
အစ္ကိုက ဆရာဝန္မဟုတ္ပဲ
အဆိုေတာ္လုပ္ရင္လည္း ေတာ္ေတာ္ေအာင္ျမင္မဲ့ ပံု...။

"ဟုတ္ "

အိမ္ထဲအရင္ဝင္သြားတဲ့ အစ္ကိုက
ဆိုဖာေပၚမွာ အခန္႔သားေလး ထိုင္ၿပီ
သူ႔ဆံပင္ေလးေတြကိုအနည္းငယ္ဖြေန၏။

အစ္ကိုက အရင္ေန့ေတြလိုမဟုတ္
ပံုမွန္ထက္လူငယ္ဆန္ဆန္နဲ႔ 
ဒီတိုင္းေလးေငးၾကည့္ခ်င္ေလာက္ေအာင္
ၾကည့္ေကာင္းေန၏။မိန္းငယ္ဝင္လာတာျမင္ေတာ့ အစ္ကိုက သူ႔ေဘးကေနရာလြတ္ေလးကို
  ဒီမွာလာထိုင္ဆိုတဲ့ သေဘာနဲ႔ ပုတ္ျပလာ၏။

"အစ္ကို...."

"ညီမ..."

သူမ ကိုကိုလို႔ မေခၚျဖစ္သလို...
အစ္ကိုလည္း ငယ္ ဟု မေခၚေတာ့ပါ။
အေျခအေနက သူစိမ္းဆန္လွသည္။သို႔ေသာ္ ေအးစက္မေန။ႏွစ္ေယာက္လံုးရင္ေတြခုန္ေန၏။

တစ္ၿပိဳင္နက္ တည္းေခၚလိုက္တဲ့ နာမ္စားေတြအဆံုး...
ႏွစ္ေယာက္သာအၾကည့္ေတြကလည္း
ထပ္တူက်လ်ွက္ရိွ၏။

အစ္ကိုကလည္းသူမမ်က္လံုးေတြ
ၾကည့္ေနသလို မိန္းမိန္းငယ္သည္လည္း
အၾကည့္မလြဲမိ...။အဓိပၸာယ္မ်ားစြာေပ်ာ္ဝင္ေနတဲ့
မ်က္ဝန္းေတြေၾကာင့္ သူမရင္ခုန္သံေတြ
  မၿငိမ္ေတာ့ျပန္ေပ။
 
ေျပာမည္စကားေတြက အစ္ကို႔အၾကည့္ေတြေအာက္မွာ
ၾကက္ေပ်ာက္ငွက္ေပ်ာက္။
ေနာက္ဆံုး မိနစ္ဝက္နီးပါးၾကာသြားေတာ့မွ
ႏွစ္ေယာက္သား ဘာတစ္ခြန္းမွမေျပာပဲ
အၾကည္လြဲမိၾက၏။

အစ္ကိုက ေပါင္ႏွစ္ဖက္ေပၚ လက္ေမာင္းေလးတင္ၿပီး
ၾကမ္းျပင္ကိုၾကည့္ေနတာကို
ငယ့္မ်က္လံုးေထာင့္ေလးကေနျမင္ေနရသည္။

လက္ေခ်ာင္းရွည္ေတြကအၿငိမ္မေန
အခ်င္းခ်င္းပြတ္သပ္ရင္း
တစ္ခုခုကိုအသည္းအသန္စဥ္းစားေနျပန္၏။
ႏူတ္ခမ္းသားေလးေတြ တစ္ခ်က္ခ်က္
လူပ္သြားသလိုပင္။ အစ္ကိုတစ္ခုခု
ေျပာခ်င္ေနတာေသခ်ာသည္။

သူမအစ္ကို႔ကိုမသိမသာေလး
ေငးရင္း...အစ္ကို​ဘာေျပာမလို႔လဲ
  ဆိုတဲ့သိခ်င္စိတ္က လူကို ရင္ေမာေစသည္။
  သူမသည္လည္းအစ္ကို႔ကို
မည္သို႔ ဖြင့္ေျပာရမည္နည္း။

"ငယ္ "

"အစ္ကို႔ "

အေျခအေနကတူေနေသးသည္။
အေခၚအေဝၚကေတာ့မတူေတာ့။
မိန္းမိန္းငယ္ မ်က္ႏွာလြဲမလို႔ ႀကံေနတုန္းမွာပဲ
အစ္ကိုက ထိုင္ေနတဲ့ေနရာကေန
ထကာ သူမလက္ကိုရုတ္တရက္ဆြဲလိုက္ေတာ့...
မ်က္လံုးေလးေတျြပဴးက်ယ္သြားရျပန္သည္။

လက္ေမာင္းေပၚက အထိအေတြ့က
စေတြ့တုန္းကလိုပဲ
ရင္ခုန္သံေတျြမန္ေစသည္။အစ္ကိုကေတာ့
သူမကိုဘာတစ္ခြန္းမွမေျပာ
ၿခံထဲကိုသာ ဆြဲေခၚသြားတယ္။ငယ္လည္း
ဘာမွမေျပာမိ အစ္ကိုေခၚတဲ့ေနာက္ကိုပဲ
ၿငိမ္ၿငိမ္ေလးလိုက္လာခဲ့သည္။

ငယ့္ကို ဒန္းေလးေပၚထိုင္ေစၿပီးေနာက္ေတာ့
အစ္ကိုက မတ္တပ္ရပ္ရင္းကေနပဲေျပာသည္။

"ငယ္...ကိုကို႔ကို ဘာလို႔ေရွာင္ေနတာလဲ...
ကိုကိုဘာမွားလို႔လဲေျပာ "

"ဟင့္အင္း ငယ္မေရွာင္ပါဘူး..."

"ဒါဆို ဘာလို႔ ကိုယ့္ကိုစကားလာမေျပာေတာ့တာလဲ..
.ဘာလို႔ အိမ္ကိုမလာတာလဲ...
အရင္လို သီခ်င္းလည္းဆိုမျပခိုင္းဘူး...
ကိုကိုတစ္ခုခုမွားရင္ေျပာေလကြာ...အခုၾက
ဘာျဖစ္လို႔ျဖစ္ေနမွန္းမသိ...ရုတ္တရက္ႀကီး
ငယ္က အခုလိုေတြေရွာင္သြားေတာ့...
ကိုယ္က ဘယ္လိုစိတ္နဲ႔ေနရမွာလဲ..."

ဆက္တိုက္ေျပာလာတဲ့ အစ္ကို႔စကားေတြေၾကာင့္...
မိန္းငယ္ ေၾကာင္အအႏွင့္သာ
မ်က္ခံုးေတြတြန္႔ခ်ိဳးထားတဲ့ အစ္ကို႔ကို
ၾကည့္ေနမိသည္။

အစ္ကိုက ဒီလိုအေျခအေနမ်ိဳးမွာေတာင္
ၾကည့္ေကာင္းေနေသးသည္။တကယ္ပါပဲ။
လက္လႊတ္ေပးရမဲ့ လူတစ္ေယာက္ကို
ဒီေလာက္ထိ စြဲလမ္းေနစရာလိုလို႔လား။

"အခုလည္း...ငယ္က ေရွာင္ေနျပန္ၿပီ
အင္းပါ..ကိုကိုနဲ႔ မပတ္သက္ခ်င္ေတာ့ရင္ လည္း ရပါတယ္...
ေဆာရီး...ကိုယ္ ေအာ္သလိုျဖစ္သြားရင္..."

ဘာတစ္ခြန္းမွ မေျပာပဲ
ငိုင္ငိုင္ေလးထိုင္ေနတဲ့ေကာင္မေလးကို...ဘုန္းထက္ရိွန္
အသည္းတယားယား...ျဖစ္ႏိုင္ရင္
ေပြ့ၿပီးသာ ေဝ့ယမ္းပစ္လိုက္ခ်င္သည္။

ဒီရက္ပိုင္း သူမေလးက ကိုယ့္ကိုေရွာင္ေနသလိုခံစားရေတာ့...
လူကညဘက္ေတြဆို
ေတာ္ရံုနဲ႔ အိပ္မေပ်ာ္။
မီးပိတ္ေနတဲ့အခန္းတံခါးေလးကိုပဲ
ေငးေနရတဲ့အျဖစ္။

အရင္ကဆို အသံစြာစြာေလးနဲ႔
အန္တီခင္နဲ႔ေျပာလိုက္ ဆူလိုက္ အသံေလး
ၾကာရေသးတယ္။အခုရက္ပိုင္းေတာ့
ဘာသံမွေတာင္မၾကားရေတာ့။
ကိုယ္ဘာအမွားလုပ္မိလည္း
စဥ္းစားျပန္ေတာ့လည္း ကိုယ္လည္းဘာမွမလုပ္မိ။

ဒီအဆိုးေလးက လူကို ကလိကလိျဖစ္ေအာင္လုပ္တဲ့ေနရာမွာ
အေတာ္ပရိုက်သည္။အဟြန္း...တစ္ခါတစ္ေလၾကေတာ့လည္း
ခံစားခ်က္ေတြကို ထုတ္ေျပာၿပီး...
ဒီအမ်ိဳးသမီးငယ္ေလးကို
အေျဖေတာင္းလိုက္ခ်င္သည္။

သို႔ေသာ္ ကိုယ့္မွာ သတၲိမရိွ။
ထုတ္ေျပာလိုက္လို႔ ပိုေဝးသြားမွာဆိုတဲ့
စိုးရိမ္မူေၾကာင့္ ဒီတိုင္းေလး အေဝးက
မသိမသာၾကည့္ေနရသည္။
သစ္ရြက္လူပ္ရင္ေတာင္ရင္ခုန္တတ္တဲ့
ကေလးအရြယ္ေလး ဆိုေတာ့ ခဏတာ စိတ္လူပ္ရွားၿပီး သူ႔ကိုထားခဲ့မွာလည္းေၾကာက္သည္။

က်စ္...ဘယ္လိုေတာင္သူရဲေဘာေၾကာင္လိုက္သလဲ။ေတြးမိတိုင္း ကိုယ့္ကိုကိုယ္အားမရ...။ဖြင့္မေျပာရတဲ့အေၾကာင္းက
  ဒီမ်ွေလာက္ပဲမဟုတ္...
ငယ္ေလးကအခုမွ တကၠသိုလ္ေက်ာင္းသူအရြယ္ေလး...
အခ်စ္ေနာက္ကိုပဲလိုက္ရင္း
ဘဝတက္လမ္းေတြ ဆံုးရူံးသြားမွာလည္း စိုးရိမ္မိသည္။

ထုတ္မေျပာတာက လြဲရင္
ကိုကိုမင္းကိုခ်စ္ပါတယ္ ငယ္ရယ္။

ထုတ္မေျပာတာနဲ႔ပဲ မခ်စ္တာမဟုတ္ရပါဘူးကြာ။

ရင္ထဲက ေျပာရင္း...ဒန္းေလးေပၚမွာ
ထိုင္ေနစဲ ေကာင္မေလးကို
အေရာင္လဲ့ေနတဲ့ မ်က္ဝန္းေလးေတြနဲ႔ ၾကည့္လိုက္၏။

ငယ္က သိပ္ခ်စ္စရာေကာင္းတဲ့ အမ်ိဳးသမီးေလး။
အျပဴအမူအေျပာအဆိုေလးကအစ
ႏုရြမေနပဲေပါ့ေပါ့ပါးပါးေလးျဖစ္ေနတာကိုက
ဒီလူ႔ အသည္းကို အႀကိမ္ႀကိမ္ေႂကြက်ေစသည္။

အခ်ိန္ေတြ ၾကာလာေလ...ငယ့္ေပၚထားတဲ့ကိုယ့္အခ်စ္ေတြက ထုထည္ႀကီးမားလာေလနဲ႔
ဘယ္အခ်ိန္အထိမ်ား သည္းခံရဦးမလဲ ကေလးငယ္ရယ္။

ဘုန္းထက္ရိွန္ ေနာက္ဆံုးေျပာခဲ့တဲ့စကားၿပီးသြားတာ
မိနစ္ပိုင္းေလာက္ၾကာတဲ့အထိ
ေရ႔ွကကေလးမက တူပ္တူပ္မ်ွမလူပ္...
ဒီတိုင္းထိုင္လ်ွက္သာေလး။

ျဖစ္ႏိုင္ရင္ ခ်ထားတဲ့ လက္ေလးႏွစ္ကိုဆုတ္ကိုင္ၿပီး...
ကိုယ္မင္းကိုအရမ္းခ်စ္ေနမိလို႔
မင္းေရွာင္ေနတာကို လံုးဝမခံစားႏိုင္ပါဘူးလို႔ေျပာျပခ်င္သည္။

"က်စ္..."

ကိုယ္ဟာကိုယ္အားမလိုအားမရျဖစ္ကာ...က်စ္တစ္ခ်က္စုတ္သက္လိုက္မိ၏။

လက္ႏွစ္ဖက္ကို ခါးမွာ ေထာက္ရင္း
မိန္းငယ္ကိုေက်ာေပးထားတဲ့ အစ္ကိုက
စိတ္ရူပ္ေနဟန္...။တကယ္ေရာ ေျပာလို႔ျဖစ္ပါရဲ့လား။အခုေတာင္အစ္ကိုကစိတ္ရူပ္ေနတာ...ေျပာလိုက္လို႔ ထပ္မျမင္ခ်င္ေတာ့ဘူးဆိုရင္ေရာ ငယ္ အဲ့ဒီဒဏ္ေတြခံႏိုင္ပါ့မလား။

"ကိုကို႔ "

မေခၚတာၾကာၿပီျဖစ္တဲ့ စကားလံုးေလးကို
ႏူတ္ကခပ္တိုးတိုးေရရြတ္ေပမယ့္
ရင္ဘက္ထဲအထိေရာက္ပံုရသည္။
သူ႔အတြက္ ရည္ၫႊန္းတဲ့ နာမ္စားေလးကေတာင္
ရင္ကိုတုန္လူပ္ေစႏိုင္တယ္ဆိုတာ...
ငယ္ကိုကို႔ကို ေျပာခြင့္ရပါမလား။

"အြန္း...ငယ္ေလး ေျပာေလ "

"ငယ္ ကိုကို႔ကို...  "

လူကိုရင္ခုန္သံေတျြမန္ေစပါေသာ...
အႀကိမ္ႀကိမ္ေသလိုက္ဖို႔ေတာင္လံုေလာက္ပါတဲ့
မ်က္ဝန္းငယ္ေလးေတြက တစ္ျဖည္းျဖည္းနဲ႔...
ကိုယ့္မ်က္လံုးကိုစံုလာပါေတာ့။
ေယာက်္ားေလးတန္မဲ့ မ်က္ႏွာက
အနီေရာင္သမ္းသြားေတာ့...ကိုယ့္မွာမလံုမလဲ
ေခ်ာင္းတစ္ခ်က္ဟန္႔ရေသးသည္။

ကိုကို႔ကို ရူးေအာင္မ်ား ျပဳစားခ်င္ေနသလား ငယ္။

"ေရွာင္ေနတာ မဟုတ္ပါဘူး..."

"ဒါျဖင့္ ဘာလို႔ ကိုကို႔ကိုအရင္လို မဆက္ဆံႏိုင္ေတာ့တာလဲ "

ငယ္ကပိေတာက္ပင္ႀကီးဘက္ကို မ်က္ႏွာေလးေစာင္းသြားၿပီးမွ
ေျပာတယ္။

"အစ္ကိုက အရင္လိုမဟုတ္ေတာ့လို႔ေပါ့...အစ္ကို႔မွာ ပိုင္ရွင္ရိွၿပီးသားမလို႔...
ကိုယ္ခ်စ္တဲ့သူကတစ္ျခားတစ္ေယာက္ရင္ခြင္မွာရိွေနမွာမ်ိဳးကိုမျမင္ႏိုင္လို႔..
အစ္ကို႔နားလာမယ္ဆိုတိုင္း အစ္ကို႔ရင္ခြင္မွာတစ္ျခားတစ္ေယာက္ ရိွတယ္ဆိုတဲ့
အသိ​​ေၾကာင့္ ငယ္အစ္ကို႔ကိုေရွာင္ေနသလိုျဖစ္သြားတာပါ...ဟုတ္တယ္
ငယ္က အစ္ကို႔အေပၚခံစားခ်က္ေတြမရိုးသားပဲ ခ်စ္ေနခဲ့တာ သံုးႏွစ္ရိွၿပီ။
ျမင္ျမင္ခ်င္းအခ်စ္ဆိုတာ မယံုခဲ့ေပမယ့္ အစ္ကို႔ကိုေတြ့ၿပီးသြားတဲ့ေနာက္
အစ္ကိုမ်က္ဝန္းညိုေတြေၾကာင့္ လက္ခံခဲ့တယ္...ငယ္အခု အစ္ကို႔ကိုျပန္ခ်စ္ေပးဖို႔
ေျပာျပေနတာမဟုတ္ဘူး...အစ္ကို႔မွာခ်စ္သူရိွမွန္းလည္းသိတယ္
ဒါေပမယ့္ ...ဒါေပမယ့္ ငယ္ခ်စ္တယ္ဆိုတာ အစ္ကို႔ကိုသိေစခ်င္လို႔...
အစ္ကိုျပန္ခ်စ္တာမခ်စ္တာ...အစ္ကို႔အေျဖကို ငယ္ ဘာမွမေမ်ွာ္လင့္ထားဘူး
ဒီတိုင္း...အစ္ကို႔ကို ခ်စ္တယ္ဆိုတာ သိေစခ်င္ရံုပါပဲ...ခ်စ္တယ္ ငယ္ ကိုကို႔ကိုခ်စ္တယ္ "

ငယ္ေျပာတာေတြကို ဘုန္းထက္ရိွန္ အကုန္နားမလည္ႏိုင္ပါ။နားလည္တာတစ္ခုကေတာ့ ငယ္က သူ႔ကိုခ်စ္တယ္ဆိုတာပါပဲ။
သံုးႏွစ္ေတာင္ရိွၿပီလားကေလးငယ္ရယ္။ရည္းစားစကားအေျပာခံရတဲ့
ခံစားခ်က္က ေကာင္းသားပဲ။အထူးသျဖင့္ ကိုယ့္ အခ်စ္ဆီက ေျပာတာခံရတဲ့အခါမ်ိဳးမွာေပါ့။ရင္ထဲတသိမ့္သိမ့္နဲ႔ ထပ္တလဲလဲၾကားေနရတဲ့ခ်စ္စကားေတြက
ႏွလံုးသားအေပၚတိုက္ရိုက္ထိမိသည္။

ေကာင္မေလးက ေျပာၿပီးေတာ့
ရွက္သြားသည္ထင္တယ္...နားရြက္ေလးေတြနီရဲေနသည္။
ၿပီးေတာ့ ထေျပးမလို႔ႀကံေနတယ္ဆိုတာ
သူေကာင္းေကာင္းႀကီးရိပ္မိ၏။
ထင္တဲ့အတိုင္း ခ်စ္ျမတ္ႏိုးရတဲ့
ေကာင္မေလးက ဆက္ကနဲ႔ထေျပးေတာ့သည္။

"ေနပါဦး ငယ္ရ့...ကိုယ့္ကိုၾကည့္ဦး..."

"ဟင့္အင္း ငယ့္ကိုလႊတ္...လႊတ္လို႔ဆိုေန "

"မလႊတ္ဘူးကြာ...ငယ္ ၿငိမ္ၿငိမ္ေန...ကိုယ့္ကိုၾကည့္ဦး...
မင္း​သြားခ်င္သပ့ဆို ကိုယ္ေျပာတာအရင္နားေထာင္ၿပီးမွ
သြား...ရည္းစားစကားေျပာၿပီးရင္ အေျဖေတာင္းရဦးမယ္ေလ "

"အေျဖက သိေနၿပီးသားပဲကို...ငယ္ထပ္ၾကားစရာမလိုဘူးမလား
ၿပီးေတာ့ ကိုကို႔မွာေကာင္မေလးရိွတယ္
သူျမင္သြားရင္ ကိုကို႔ကို စိတ္ဆိုးလိမ့္မယ္
လႊတ္ ငယ့္ကို...လႊတ္ေပးလို႔ ကိုကို"

ပခံုးေလးႏွစ္ဖက္ကိုဆုတ္ကိုင္ထားတာကို အတင္းရုန္းေနတဲ့ေကာင္မေလး။
ဘာကိုအထင္လြဲသြားလည္းမသိေပမယ့္ ငယ္ကေသခ်ာလွခ်ည္းလားကြာ။
မိန္းကေလး ျဖစ္တာေတာင္ ကိုယ့္အေပၚဖြင့္ေျပာရဲတဲ့ သူမ..။
ေယာက်ာ္းေလးတစ္ေယာက္ျဖစ္တဲ့ ကိုယ္ကေရာ ဘာကိုမ်ားေၾကာက္ေနသင့္သလဲ။
ငယ္ေသးလို႔ ခဏတာအခ်စ္ဆိုရင္ေတာင္ ငယ္ကကိုယ့္ကိုထားသြားမယ္ဆိုရင္ေတာင္
ကိုကိုမင္းကို ခ်စ္ေနရင္း က်န္ခဲ့မယ္။ငယ့္ ဘဝကို
လမ္းမွားမေရာက္ေအာင္ ကိုယ္တိုင္ထိန္းေက်ာင္းေစာင့္ေရွာက္မယ္။
သူမ်ားလက္ထဲ မထည့္ေပးႏိုင္ဘူး။အတၲႀကီးပါရေစငယ္...
ငယ္က ကိုယ့္အပိုင္ျဖစ္ေပးပါ။

"ကိုကို ငယ့္ကို ခ်စ္တယ္ "

အဲ့ေတာ့မွ ၿငိမ္က်သြားတဲ့ ေကာင္မေလးက
သူ႔ကိုမ်က္လံုးေလး ျပဴး၍ၾကၫ့္လာတယ္။မ်က္ဝန္းေတြထဲမွာမယံုႏိုင္မူ။ေပ်ာ္ရြင္မူ။အံၾသစြံအမူေလးေတြကအထင္းသား။

"ဒါေပမယ့္ ကိုကို႔ေကာင္မေလး... "

"အြန္း ကိုကို႔ေကာင္မေလးက ငယ္ပဲေလ"

ေျပာလိုက္ေတာ့ ပါးေလးေတြရဲၿပီး အၾကည္လႊဲသြားတဲ့ေကာင္မေလး။
ေမးေလးကို လက္ညိုးနဲ႔လက္မသံုးကာ ထိန္းရင္ ျပန္ၾကည့္ခိုင္းကာ ေျပာေစေတာ့
မဝံမရဲနဲ႔ အရင္ကလို အျပဳအမူေလးေတြ ျပန္ေပၚလာ၏။ခ်စ္လိုက္တာ ငယ္ရယ္
...ကိုကိုေတာ့ ရူးေတာ့မွာပဲ။

"ဟင့္အင္း မဟုတ္ မဟုတ္ဘူးေလ...ဟိုေန့က ေရႊဆိုင္မွာ ကိုကို႔ကိုေမာင္လို႔ေခၚတဲ့တစ္ေယာက္ "

ဘုန္းထက္ရိွန္သေဘာေပါက္သြားကာ ရယ္ခ်င္ေပမယ့္ ရွက္သြားမွာဆိုးလို႔...မသိမသာေလးၿပံဳးလိုက္မိသည္။

"အဲ့ဒါ က ကိုယ္နဲ႔ ငယ္ငယ္ကတည္းကေပါင္းလာတဲ့ အစ္မပါကြာ
ကိုယ္မွမဟုတ္ဘူး တစ္ျခားရင္းႏွီးတဲ့သူဆို
လက္ေမာင္းကိုတြဲထားရမွေက်နပ္တာ ဟိုေန့ကေတာင္ သူ႔မဂၤလာေဆာင္အတြက္
ငယ္တို႔ အိမ္ကိုလာဖိတ္ေသးတယ္...ငယ္ကသိပ္မရင္းႏွီးလိုပါ သူ႔အေမေတြနဲ႔
အန္တီခင္တို႔က သိတယ္...အဲ့ေန့က အစ္မေကာင္ေလးကမအားလို႔ ကိုကိုက အဲ့အစ္မကိုလိုက္ကူၿပီး လက္စြပ္ေရြးကူေပးတာ...ေမာင္ဆိုတာ သူ႔ေကာင္ေလးကိုေခၚတဲ့ နာမ္စား...ကဲေက်နပ္ၿပီလား "

"ဟုတ္ "

"ဒါဆို ငယ္က အစ္ကို႔ကိုခ်စ္တယ္ေပါ့ "

သိရဲ့သားနဲ႔...တမင္ညစ္တာ ဒီလူႀကီး။

"အြန္း "

"ဘာ အြန္း လဲ ခ်စ္လားလို႔ဆိုေနကြာ "

"အြန္း ခ်စ္တယ္လို႔ "

"ကိုယ္လည္းခ်စ္တယ္...ကိုကို႔ရဲ့ငယ္ေလးကို"

"ငယ္ ကိုကို႔ကိုအရမ္းခ်စ္တာပဲ "

"လာ ငယ့္ကို အစ္ကိုျပစရာေလးရိွတယ္ "

ေျပာရင္းဆိုရင္း အစ္ကိုက ငယ့္ပခံုးေလးကို ဆုတ္ကိုင္ထားတာ
လႊတ္ေပးၿပီး...လက္ဖဝါးခ်င္းထပ္ကာ ဆုတ္ကိုင္လာေလသည္။
ဒီေတာ့မွ ရင္ထဲ တသိမ့္သိမ့္နဲ႔ ဒီအမ်ိဳးသားေလးဟာ ငယ့္အပိုင္ဆိုတာ လက္ခံလိုက္ရသည္။ကိုကိုက ငယ့္ကို ပိေတာက္ပင္ႀကီးေရ႔ွကိုေရာက္ေတာ့
နဖူးကိုခပ္ဖြဖြေလးအနမ္းေပးတယ္။ႏွစ္ေပါင္းမ်ားစြာ စိတ္ကူးယဥ္ခဲ့ရတဲ့
အခိုက္အတန္႔ေလးက အခုေတာ့ သူမတကယ္ႀကံဳေနရပါၿပီ။ေပ်ာ္လြန္းလို႔ မ်က္ရည္ေတြ စီးက်ေတာ့ အစ္ကိုက သူမပါးျပင္ေလးကိုခပ္ဖြဖြသုတ္ေပးတယ္။
အစ္ကိုလည္း ငိုေနတယ္ဆိုတာ သူ႔ကိုယ္သူသတိမထားမိ။

"ငယ္ ဟိုမွာ ၾကည့္ "

ကိုကိုျပတဲ့ေနရာကိုၾကည့္ေတာ့...မိန္းငယ္အရင္က သတိထားၾကည့္မိတဲ့
အမွတ္အသားရာေလးေတြ...။အခုေတာ့ ပိုမ်ားေနသလိုပဲ။အသစ္မွတ္ထားတယ္ထင္တယ္ သစ္ပင္ေခါက္ေလးေတြက​ေႂကြေန၏။

"ဒီေန့နဲ႔ဆို1168 ရက္ ရိွၿပီ ကိုယ္မင္းကိုခ်စ္ခဲ့တာ "

အစ္ကိုက သူမေခါင္းေလးကိုခပ္ဖြဖြထပ္နမ္းရင္းေျပာသည္။

"Time will tall how much I love you "

ခ်စ္​​ေၾကာင္းေတြမေျပာေတာ့ပါဘူး။
အခ်ိန္ေတြက သက္ေသျပဳပါလိမ့္မယ္။
ဒီပိေတာက္ပင္ႀကီးကသက္ေသတည္ပါလိမ့္မယ္။

ကဲ ကြၽန္ေတာ္ေလး လိမၼာပါတယ္ေနာ္

-Nora-

Continue Reading

You'll Also Like

32K 621 18
"နှလုံးသားကို နင်းချေ၍"
6.9K 138 32
ကချင်ပြည်နယ်ရဲ့ အထင်ကရ​နေရာ​လေး​တွေနဲ့ ကချင်တိုင်းရင်းသား​တွေရဲ့ဓ​လေ့ထုံးစံ​လေး​တွေပါတာမို့ တိုင်းရင်းသား​လေး​တွေကို ချစ်မြတ်နိုးသူတိုင်း ဖတ်သင့်တဲ့...
44.8K 1K 11
ခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ...