ကိုကို့ရဲ့ငယ်...✨
*အတ္တကြီးတယ်ပဲပြောပြော အစ်ကို့ကို ငယ်ပဲ ပိုင်ချင်တယ် *
မိန်းမိန်းငယ် အလိုမကျစွာ
မျက်နှာလေးဆူပုတ်ရင်း ထိုအစ်မမျက်ဝန်းတွေကနေ
အစ်ကို့နောက်ကျောကို ကာကွယ်ပေးနိုင်မဲ့အရာကို အသည်းအသန်လိုက်ရှာနေမိတယ်။
အစ်ကိုကလည်းဝယ်ထားတဲ့ပစ္စည်းတွေကအများကြီးဆိုတော့
မိနစ်ပိုင်းတော့ ကြာဦးမည်။ထိုမိနစ်ပိုင်းအတွင်း
ငယ်အစ်ကို့ကိုဘာနဲ့ကာထားရ...။
"ဟော တွေ့ပြီ "
တစ်တွဲမှာ ငါးထုတ်လောက်ပါသည့်
ငါးမုန့်ကြော် ခပ်ကြီးကြီးတွေ...။
ဒီလိုမျိုး နှစ်တွဲလောက်ဆို သေချာပေါက်
တစ်ကိုယ်လုံးမဟုတ်ရင်တောင်
နောက်ကျောတစ်ပြင်လုံးကို ငယ် ကာထားနိုင်သည်။
ကိုယ့်အကြံနဲ့ကိုယ်
ပြုံးရင်း အခုထိ ဝယ်စရာရှိတာလိုလို
ဘာလိုလိုနှင့် အစ်ကို့နောက်ကျောကို
ပဲ ကြည့်နေတဲ့ သူကို မျက်စောင်းတွေ
အကြိမ်ကြိမ်ထိုးပစ်လိုက်တယ်...။
ပြီးတာနဲ့ တုံ့ဆိုင်းမနေပဲ ခပ်လှမ်းလှမ်းမှာ
ချိတ်ထားတဲ့ ငါးမုန့်ကြော်ထုတ်တွေကို
ချိတ်ကနေ ကိုင်ဖြုတ်၍...ပခုံးတစ်ဖက်ဆီကနေ နောက်ကျောဘက်ကိုတွဲလောင်းချထားလိုက်တယ်။
ကြက်သားမူန့်အထုပ်ကိုပါ တစ်ခါတည်းရောချည်ထားတဲ့
ငယ့်ပုံစံက ဆန်တာ လက်ဆောင်ထုပ်ထမ်းလာနဲ့
တူနေပမယ့်လည်း...မတက်နိုင် အစ်ကို့ကို ရသလောက်
ကာထားနိုင်ရမည်။
"အစ်မ ငွေရှင်းတာမျိုးမဟုတ်ရင် ဖယ်ပေးပါလား ဒီမှာ....အထုတ်တွေအရမ်းများနေလို့...အဟင်း "
နှစ်လိုဖွယ်ကောင်းအောင်ပြုံးလျှက်သာ...
အသံကိုအောက်ဆုံးအထိနိမ့်၍
ပြောလိုက်ပေမယ့်လည်း...
မျက်လုံးတွေကတော့
" အစ်ကို့ကိုဆက်ကြည်နေရင် ငယ်ဆက်သည်းမခံတော့ဘူး "
လို့ပြောနေသယောင်...။
"ခဏလောက်စောင့်ပါဦး...ဒါလေးရှင်းပြီးရင် ပြီးပြီ...ရှေ့ကလူလည်းမပြီးသေးဘူးမလား "
သူမအကြံမအောင်မြင်တော့ ငယ်
နူတ်ခမ်းလေးတွေစူထော်လာတယ်။
ထိုအစ်မကလည်း ဆက်ငေးနေတုန်း...။
*ငယ် ဘာလုပ်ရမလဲ ဘာလုပ်လိုက်ရမလဲ*
သူမအတွေးတွေယောက်ယက်ခက်နေတုန်းမှာပဲ
အစ်ကိုကငွေရှင်းပြီးကောင်တာက
နေ ထွက်ဖို့ သူဝယ်ထားတဲ့မုန့်ထုပ်တွေ
ယူနေပြီ ဖြစ်တယ်...။
ဒီတစ်ခါတော့ ငယ် အစ်ကို့နောက်ကို
မှီအောင်ဘယ်လိုလိုက်ရမလဲ စဥ်းစားရတော့မည်။
ဒါပေမယ့် မိကံကောင်းလေး မိန်းငယ် တွေးနေတုန်းမှာပဲ
အစ်ကိုက ဘယ်မှဆက်မသွားပဲ ဆိုင်ရှေ့မှာ
တစ်ယောက်ယောက်ကိုစောင့်နေဟန်နဲ့
ရပ်နေတယ်။
*ငါ့ကိုစောင့်နေတာထင်တယ်...
*အဟီးးး ခဏပဲနော် ငယ်မြန်မြန်လိုက်လာခဲ့မယ်"
ကိုယ့်အတွေးနဲ့ကိုယ်ပျော်ရင်း
ထိုအစ်မနောက်မှာ စောင့်မလို့ရှိသေး....။
အစ်ကိုမရှိတော့တာနဲ့ ခုဏကငွေရှင်းဖို့စောင့်နေတယ်
ဆိုတဲ့အစ်မက အသုံးအဆောင်ပစ္စည်းတွေရှိတဲ့ဘက်ကို
ရောက်သွားတာကြောင့်...
မိန်းငယ် မျက်စောင်းလေးမသိမသာလှမ်းထိုးမိတယ်...။
*အစ်ကို့ကို ကြည့်ချင်လို့ ရပ်နေတာများ...
*ဟွန့် မသိဘူးမှတ်နေတယ် "
ပုခုံးနှစ်ဖက်ပေါ်ကအထုတ်တွေကို
အသာပြန်သွားချိတ်လိုက်တယ်...။
မျက်နှာပူပေမယ့် အမေသိရင်ခေါင်းပူမှာထက်တော့
တော်သေးတယ်လို့ဆိုရမည်။
အဲ့ဒါကြောင့် အားနာနာနဲ့ ရေခဲမုန့် နှစ်ဘူးလောက်ယူကာ ငွေရှင်းပြီးအပြင်ကိုထွက်လာလိုက်တယ်။
ချစ်ရတဲ့ အစ်ကိုကတော့
ဆိုင်နဲ့မလှမ်းမကမ်းမှာ အထုပ်နှစ်ဖက်ကိုလက်ကဆွဲရင်း
ရပ်နေတုန်းပင်...။ထိုအစ်မငေးလည်းငေးချင်စရာပါ...။
နောက်ကျောပြင်ကျယ်ကျယ်တွေ...
ဂုတ်သားဖွေးဖွေးနှင့်ပုံစံကျနေတဲ့
ဆံပင်အနက်ရောင်တွေက...။
အနောက်ကကြည့်နေရင်တောင်
ထိုလူသားကပြည့်စုံလွန်းတယ်။
အစ်ကို့ပုံရိပ်တွေအောက်မှာ အမြဲကျရူံးနေရတဲ့ ငယ်ဟာ...ဒီညနေ့ခင်းမှာလည်းမတွန်းလှန်နိုင်ပြန်ဘူး...။
မဟုတ်ဘူး...သူမကိုက
အစ်ကို့အပေါ်ကျရူံးချင်နေတာ...။
အစ်ကို ငယ့်ကို သိသည်ဖြစ်စေ
ဂရုမစိုက်သည်ဖြစ်စေ...ငယ်ကတော့
အစ်ကို့ကိုချစ်တယ်...။ဒီစကားကိုလက်လွှတ်စပယ်
ပြောတာမဟုတ်ပဲ...။
သုံးနှစ်ကြာcrushတာမဟုတ်ပဲ...။
သုံးနှစ်ကြာချစ်ခဲ့တဲ့ အတွေ့အကြုံကြောင့်
ပြောရဲခြင်းဖြစ်သည်။
အခွင့်အရေးများရှိခဲ့ရင် ငယ့်ကမ္ဘာ
ဟာအစ်ကိုဖြစ်ကြောင်း...။
ချစ်မြတ်နိုးခြင်းများစွာ ဟာ အစ်ကို့
မျက်ဝန်းညိုတွေက စကြောင်း...။
အစ်ကို့ ပခုံးစွန်းလေး လေးမှီပြီး
လောကကြီးကိုဖြတ်သန်းချင်မိကြောင်း...။
ပြောခွင့်ရရင် အစ်ကို့ မျက်နှာလေး
ငေးရင်း ပြောပါဦးမည်။
မြည်နေတဲ့ ရင်ခုန်သံတွေကြားရင်
အစ်ကိုတော့ နားပိတ်မိမယ်ထင်တယ်...။
ငယ် အစ်ကို့ကိုကြည့်ရင်း
တစ်ဖြည်းဖြည်းရှေ့တိုးလိုက်တာ...။
"အ့ "
မထင်မှတ်ပဲ
ညာဘက်ခြေကျင်းဝတ် ဆစ်ကနဲ့ဖြစ်သွားသလို...
လက်ထဲက ရေခဲမုန့်နှစ်ဘူးလည်း
လမ်းပေါ်ကို မှောက်လျှက်သာလေး ကျသွားတယ်...။
ကြက်သားမူန့်ထုတ်ကတော့
ကံမကောင်းစွာနှင့်မြောင်းထဲသို့...။
"အ့...နာတယ် "
မျက်နှာလေးရူံ့ကာငြီး၍ လက်ထောက်အားယူကာ
ပြန်ထမယ်ကြံတော့...
ခြေထောက်တစ်ဖက်ကနာလွန်းလို့
ပြန်လဲကျနှင့်...အကောင်းတိုင်းရှိတဲ့
လက်ဖဝါးတွေဟာ ပွန်းပဲ့ကုန်၏။
"ငယ်..."
အစ်ကို ငယ် လို့ခေါ်လိုက်တာလား...။
လက်ထဲကအထုပ်တွေပစ်ချပြီး
သူမမြင်ကွင်းနဲ့ တဖြည်းဖြည်းနီးလာတဲ့
အစ်ကို့ကြောင့်...လူက အားကိုးတွေ့ပြီး
မျက်ရည်တွေကျလာတော့သည်။
"ဘယ်လိုဖြစ်တာလဲ ငယ်ရယ်...ထလို့ရရဲ့လား..."
"ဟင့်အင်း ခြေထောက်ခေါက်သွားတယ်ထင်တယ်...အဟင့် "
အစ်ကို့မျက်ဝန်းတွေမှာ စိတ်ပူမူတွေကအထင်းသား...
ဂရုတစိုက် ပြောလာတဲ့ အစ်ကို့
အသံကြားမှာ...လူက ပျော်တာရော
နာတာရောပေါင်းပြီး ငိုမိပြန်သည်။
"ဒီနား...."
"အ့..နာ..နာတယ်..အဟင့်..."
"အော် မငိုနဲ့လေကွာ အစ်ကိုရှိတယ်နော်...
မငိုနဲ့ မငိုနဲ့ ...နော်...လိမ္မာတယ် "
အစ်ကိုက ငုတ်တုပ်လေးထိုင်ချကာ...
ငယ့် မျက်ဝန်းလေးတွေကို သေချာကြည့်တယ်...။
လက်ချောင်းရှည်ရှည်တွေက
မျက်ရည်တွေသုတ်ပေးချိန်မှာ
အချိန်တွေကရပ်တန့်နေသလို ခံစားရသည်။
ရင်ခုန်သံတွေ ကြားသွားမှာ ဆိုးတယ်...။
မဖြစ်နိုင်ပေမယ့် အစ်ကိုရော ထပ်တူ
ရင်ခုန်ဖူးလား ဆိုတာ မဆီမဆိုင်နဲ့ သိချင်မိတယ်။
အစ်ကို တယုတယ သုတ်ပေးနေလို့လားမသိ...
မျက်ရည်တွေကမတိတ်ပဲ ပိုပြီးကျလာတယ်။
အစ်ကိုလုပ်ပုံ နဲ့ ငယ်က ခြေထောက်မနာပဲ
နှလုံးရောဂါတွေရတော့မည်။
တစ်ချက်တစ်ချက် မငိုနဲ့ ဆိုပြီး
ခေါင်းထိပ်လေးကို လက်နှင့် ဖွဖွလေး
ပွတ်ပေးတဲ့ အချိန်မျိုးမှာ...သေချာပေါက်
နှလုံးခုန်နူန်းက ပုံမှန်ထက် အဆတစ်ထောင်လောက်
မြန်နေတယ်လို့ ခံစားရတယ်။
အစ်ကိုက ခြေထောက်နာလို့ ငိုတယ်ထင်ပြီး
သေချာဂရုစိုက်ပေးနေပေမယ့်...
ငယ်က ခြေထောက်နာတာကို
သေချာဂရုစိုက်ပေးနေလို့ ငိုနေတာ ဖြစ်မည်ထင်တယ်။
"ငယ် ကလေးလေး မငိုတော့နဲ့နော်..."
လုပ်ပြန်ပြီ။ဆံပင်လေးကို ဖွဖွလေးပုတ်ပေးတဲ့အချိန်...
ငယ်မျက်လုံးလေးပင့်အကြည့်
အစ်ကို့အကြည့်တွေနဲ့ သွားဆုံတယ်...။
အစ်ကိုက ဆေးကုတာတင်ကျွမ်းတာမဟုတ်ဘူး...
လူကိုရူးတော့မလို့ ညို့နိုင်တဲ့နေရာမှာလည်းတော်သည်။
မိန်းမိန်းငယ် ခေါင်းလေး အသာငြိမ့်လျှက်...
"ဟုတ် "
"ဟုတ်ပြီ...အိမ်ရောက်ရင်
အစ်ကိုဆေးထည့်ပေးမယ်နော်...
အခုစမ်းပြီး ထကြည့်ပါလား "
"ဟင့်..ဟင့်အင်း...မရဘူး...
ခြေထောက်ကအရမ်းနာတယ် "
"အွန်းး...ဒါဆို အစ်ကို အထုပ်တွေ
သွားယူပြီး ပြန်လာခဲ့မယ် ခဏနော် "
"ဟုတ် "
အစ်ကိုက ခပ်မြန်မြန်ပဲ ယူပြီးပြန်ရောက်လာတယ်...။
သူ့မှာ ခြေတံရှည်တွေရှိတာကို
တစ်နေရာနဲ့တစ်နေရာသွားဖို့က
သိပ်တောင်လှမ်းနေစရာမလိုဘူးရယ်...။
"ငယ်...အစ်ကိုကျောပိုးမယ် လိုက်ရဲရဲ့လား "
"ရှင် "
အစ်ကို့စကားကြောင့် မိန်းမိန်းငယ်တစ်ယောက် ပါးစပ်အဟောင်းသားလေးနဲ့ကြောင်အ့သွားမိတယ်...။
အစ်ကို အခု ကျောပိုးမယ်လို့ပြောလိုက်တာလား...
ဒရမ်မာတွေထဲကလိုလေ...။
ဘုရားရေ!ဆယ်တန်းတုန်းက
Dream come true!ဆ်ိုတာ ဒါပါလား...။
"ငယ် မလိုက်လို့မရဘူးနော်...နည်းနည်းအားစိုက်ပြီး
အစ်ကို့ပခုံးကိုဖက်လိုက် "
ငယ်လည်းအစကတည်းက
ငြင်းဖို့အစီအစဥ်မရှိပါဘူး...ခဏအံသြသွားရုံပါပဲ။
ဒီအခွင့်အရေးကို လက်လွှတ်ခံလိုက်ရင်
မိန်းမိန်းငယ်လောက် မိုက်မဲတဲ့ လူ
ဒီကမ္ဘာမှာ မရှိနိုင်တော့ဘူး ။
အစ်ကို့လည်တိုင်ကို ဖက်ထားတဲ့ သူမလက်တွေကိုကြည့်ရင်း...
ရင်ထဲပျော်ရွင်မူကတိုင်းတာလို့်မရ...ဒါသာအိမ်မက်ဆို
ဘယ်တော့မှပြန်မနိုးချင်တော့ဘူး...။
အစ်ကို့ကျောပြင်ပေါ်ရောက်တာနဲ့ အရင်ဆုံး နှာခေါင်းထဲတိုးဝင်လာတဲ့...ဆေးနံ့သင်းသင်းနှင့်
သူသုံးနေကြရေမွှေးနံ့လေး..
အရမ်းပြင်းတာမဟုတ်ပဲ သင်းသင်းလေးနဲ့
ဆွဲဆောင်မူရှိသည်။နှာထိပ်လေးကို
လာလာထိနေတဲ့ ဆံပင်လေးတွေ...
အွန်းး ခေါင်းလျှော်ထားတယ်နှင့် တူတယ်
အနံလေးကသင်းနေေရာ။
အစ်ကိုကလက်တစ်ဖက်တည်းနှင့်
သူမကိုထိန်းပေးရင်း လက်တစ်ဖက်ကတော့
ခုဏကမုန့်ထုတ်တွေကိုသယ်ထားတယ်...။
ငယ်ကတော့...အစ်ကို့ကျောပြင်ပေါ်နေပြီး
ရင်ထဲ ပန်းခင်းကြီးတစ်ခင်းလုံး
ပွင့်နေသလိုခံစားနေရတယ်။
ရင်ခုန်သံတွေကိုတော့ အစ်ကိုက
သေချာပေါက်ကြားမှာသေချာသည်။
ထွက်သက်ဝင်သက်တို့ ရိုက်ခက်နေတဲ့ ဂုတ်လေးက
တော်တော်ဖွေးသည်။ငယ့်လက်လောက်နီးပါးကိုဖွေးဥနေတာ။
ငယ်ကြည့်နေရင်းပင် မေးလေးကို အစ်ကို့ပခုံးပေါ်တင်မိသည်။
"အစ်ကို့ ကိုငယ်ချစ်တယ်"
စိတ်ထဲက စကားသံလေးတွေကို အစ်ကိုကြားစေချင်တယ်။
ညနေ့ခင်း တိုက်ခက်နေတဲ့လေပြေလေညင်းနှင့်...
ဝင်တော့မည်ဆဲဆဲနေရောင် ညိိုညိုက
လောကတစ်ခုလုံးကို လွှမ်းခြုံထား၏။လမ်းတစ်လျှောက်
စိုက်ထားတဲ့ သစ်ပင်တွေက အစီအရီ...ချစ်ရသူတို့ဖြတ်လာတဲ့အခါ
သစ်ပင်တွေဟာ အလိုက်သိစွာပဲ...အရွက်တွေကိုကြွေစေ၏။
အပြုံးတွေကိုလည်းဝေစေ၏။
-Nora-
Zawgyi
ကိုကို႔ရဲ့ငယ္...✨
*အတၲႀကီးတယ္ပဲေျပာေျပာ အစ္ကို႔ကို ငယ္ပဲ ပိုင္ခ်င္တယ္ *
မိန္းမိန္းငယ္ အလိုမက်စြာ
မ်က္ႏွာေလးဆူပုတ္ရင္း ထိုအစ္မမ်က္ဝန္းေတြကေန
အစ္ကို႔ေနာက္ေက်ာကို ကာကြယ္ေပးႏိုင္မဲ့အရာကို အသည္းအသန္လိုက္ရွာေနမိတယ္။
အစ္ကိုကလည္းဝယ္ထားတဲ့ပစၥည္းေတြကအမ်ားႀကီးဆိုေတာ့
မိနစ္ပိုင္းေတာ့ ၾကာဦးမည္။ထိုမိနစ္ပိုင္းအတြင္း
ငယ္အစ္ကို႔ကိုဘာနဲ႔ကာထားရ...။
"ေဟာ ေတြ့ၿပီ "
တစ္တြဲမွာ ငါးထုတ္ေလာက္ပါသည့္
ငါးမုန္႔ေၾကာ္ ခပ္ႀကီးႀကီးေတြ...။
ဒီလိုမ်ိဳး ႏွစ္တြဲေလာက္ဆို ေသခ်ာေပါက္
တစ္ကိုယ္လံုးမဟုတ္ရင္ေတာင္
ေနာက္ေက်ာတစ္ျပင္လံုးကို ငယ္ ကာထားႏိုင္သည္။
ကိုယ့္အႀကံနဲ႔ကိုယ္
ၿပံဳးရင္း အခုထိ ဝယ္စရာရိွတာလိုလို
ဘာလိုလိုႏွင့္ အစ္ကို႔ေနာက္ေက်ာကို
ပဲ ၾကည့္ေနတဲ့ သူကို မ်က္ေစာင္းေတြ
အႀကိမ္ႀကိမ္ထိုးပစ္လိုက္တယ္...။
ၿပီးတာနဲ႔ တံု႔ဆိုင္းမေနပဲ ခပ္လွမ္းလွမ္းမွာ
ခ်ိတ္ထားတဲ့ ငါးမုန္႔ေၾကာ္ထုတ္ေတြကို
ခ်ိတ္ကေန ကိုင္ျဖဳတ္၍...ပခံုးတစ္ဖက္ဆီကေန ေနာက္ေက်ာဘက္ကိုတြဲေလာင္းခ်ထားလိုက္တယ္။
ၾကက္သားမူန္႔အထုပ္ကိုပါ တစ္ခါတည္းေရာခ်ည္ထားတဲ့
ငယ့္ပံုစံက ဆန္တာ လက္ေဆာင္ထုပ္ထမ္းလာနဲ႔
တူေနပမယ့္လည္း...မတက္ႏိုင္ အစ္ကို႔ကို ရသေလာက္
ကာထားႏိုင္ရမည္။
"အစ္မ ေငြရွင္းတာမ်ိဳးမဟုတ္ရင္ ဖယ္ေပးပါလား ဒီမွာ....အထုတ္ေတြအရမ္းမ်ားေနလို႔...အဟင္း "
ႏွစ္လိုဖြယ္ေကာင္းေအာင္ၿပံဳးလ်ွက္သာ...
အသံကိုေအာက္ဆံုးအထိနိမ့္၍
ေျပာလိုက္ေပမယ့္လည္း...
မ်က္လံုးေတြကေတာ့
" အစ္ကို႔ကိုဆက္ၾကည္ေနရင္ ငယ္ဆက္သည္းမခံေတာ့ဘူး "
လို႔ေျပာေနသေယာင္...။
"ခဏေလာက္ေစာင့္ပါဦး...ဒါေလးရွင္းၿပီးရင္ ၿပီးၿပီ...ေရ႔ွကလူလည္းမၿပီးေသးဘူးမလား "
သူမအႀကံမေအာင္ျမင္ေတာ့ ငယ္
ႏူတ္ခမ္းေလးေတြစူေထာ္လာတယ္။
ထိုအစ္မကလည္း ဆက္ေငးေနတုန္း...။
*ငယ္ ဘာလုပ္ရမလဲ ဘာလုပ္လိုက္ရမလဲ*
သူမအေတြးေတြေယာက္ယက္ခက္ေနတုန္းမွာပဲ
အစ္ကိုကေငြရွင္းၿပီးေကာင္တာက
ေန ထြက္ဖို႔ သူဝယ္ထားတဲ့မုန္႔ထုပ္ေတြ
ယူေနၿပီ ျဖစ္တယ္...။
ဒီတစ္ခါေတာ့ ငယ္ အစ္ကို႔ေနာက္ကို
မွီေအာင္ဘယ္လိုလိုက္ရမလဲ စဥ္းစားရေတာ့မည္။
ဒါေပမယ့္ မိကံေကာင္းေလး မိန္းငယ္ ေတြးေနတုန္းမွာပဲ
အစ္ကိုက ဘယ္မွဆက္မသြားပဲ ဆိုင္ေရ႔ွမွာ
တစ္ေယာက္ေယာက္ကိုေစာင့္ေနဟန္နဲ႔
ရပ္ေနတယ္။
*ငါ့ကိုေစာင့္ေနတာထင္တယ္...
*အဟီးးး ခဏပဲေနာ္ ငယ္ျမန္ျမန္လိုက္လာခဲ့မယ္"
ကိုယ့္အေတြးနဲ႔ကိုယ္ေပ်ာ္ရင္း
ထိုအစ္မေနာက္မွာ ေစာင့္မလို႔ရိွေသး....။
အစ္ကိုမရိွေတာ့တာနဲ႔ ခုဏကေငြရွင္းဖို႔ေစာင့္ေနတယ္
ဆိုတဲ့အစ္မက အသံုးအေဆာင္ပစၥည္းေတြရိွတဲ့ဘက္ကို
ေရာက္သြားတာေၾကာင့္...
မိန္းငယ္ မ်က္ေစာင္းေလးမသိမသာလွမ္းထိုးမိတယ္...။
*အစ္ကို႔ကို ၾကည့္ခ်င္လို႔ ရပ္ေနတာမ်ား...
*ဟြန္႔ မသိဘူးမွတ္ေနတယ္ "
ပုခံုးႏွစ္ဖက္ေပၚကအထုတ္ေတြကို
အသာျပန္သြားခ်ိတ္လိုက္တယ္...။
မ်က္ႏွာပူေပမယ့္ အေမသိရင္ေခါင္းပူမွာထက္ေတာ့
ေတာ္ေသးတယ္လို႔ဆိုရမည္။
အဲ့ဒါေၾကာင့္ အားနာနာနဲ႔ ေရခဲမုန္႔ ႏွစ္ဘူးေလာက္ယူကာ ေငြရွင္းၿပီးအျပင္ကိုထြက္လာလိုက္တယ္။
ခ်စ္ရတဲ့ အစ္ကိုကေတာ့
ဆိုင္နဲ႔မလွမ္းမကမ္းမွာ အထုပ္ႏွစ္ဖက္ကိုလက္ကဆြဲရင္း
ရပ္ေနတုန္းပင္...။ထိုအစ္မေငးလည္းေငးခ်င္စရာပါ...။
ေနာက္ေက်ာျပင္က်ယ္က်ယ္ေတြ...
ဂုတ္သားေဖြးေဖြးႏွင့္ပံုစံက်ေနတဲ့
ဆံပင္အနက္ေရာင္ေတြက...။
အေနာက္ကၾကည့္ေနရင္ေတာင္
ထိုလူသားကျပည့္စံုလြန္းတယ္။
အစ္ကို႔ပံုရိပ္ေတြေအာက္မွာ အၿမဲက်ရူံးေနရတဲ့ ငယ္ဟာ...ဒီညေန့ခင္းမွာလည္းမတြန္းလွန္ႏိုင္ျပန္ဘူး...။
မဟုတ္ဘူး...သူမကိုက
အစ္ကို႔အေပၚက်ရူံးခ်င္ေနတာ...။
အစ္ကို ငယ့္ကို သိသည္ျဖစ္ေစ
ဂရုမစိုက္သည္ျဖစ္ေစ...ငယ္ကေတာ့
အစ္ကို႔ကိုခ်စ္တယ္...။ဒီစကားကိုလက္လႊတ္စပယ္
ေျပာတာမဟုတ္ပဲ...။
သံုးႏွစ္ၾကာcrushတာမဟုတ္ပဲ...။
သံုးႏွစ္ၾကာခ်စ္ခဲ့တဲ့ အေတြ့အႀကံဳေၾကာင့္
ေျပာရဲျခင္းျဖစ္သည္။
အခြင့္အေရးမ်ားရိွခဲ့ရင္ ငယ့္ကမ႓ာ
ဟာအစ္ကိုျဖစ္ေၾကာင္း...။
ခ်စ္ျမတ္ႏိုးျခင္းမ်ားစြာ ဟာ အစ္ကို႔
မ်က္ဝန္းညိုေတြက စေၾကာင္း...။
အစ္ကို႔ ပခံုးစြန္းေလး ေလးမွီၿပီး
ေလာကႀကီးကိုျဖတ္သန္းခ်င္မိေၾကာင္း...။
ေျပာခြင့္ရရင္ အစ္ကို႔ မ်က္ႏွာေလး
ေငးရင္း ေျပာပါဦးမည္။
ျမည္ေနတဲ့ ရင္ခုန္သံေတြၾကားရင္
အစ္ကိုေတာ့ နားပိတ္မိမယ္ထင္တယ္...။
ငယ္ အစ္ကို႔ကိုၾကည့္ရင္း
တစ္ျဖည္းျဖည္းေရ႔ွတိုးလိုက္တာ...။
"အ့ "
မထင္မွတ္ပဲ
ညာဘက္ေျခက်င္းဝတ္ ဆစ္ကနဲ႔ျဖစ္သြားသလို...
လက္ထဲက ေရခဲမုန္႔ႏွစ္ဘူးလည္း
လမ္းေပၚကို ေမွာက္လ်ွက္သာေလး က်သြားတယ္...။
ၾကက္သားမူန္႔ထုတ္ကေတာ့
ကံမေကာင္းစြာႏွင့္ေျမာင္းထဲသို႔...။
"အ့...နာတယ္ "
မ်က္ႏွာေလးရူံ႔ကာၿငီး၍ လက္ေထာက္အားယူကာ
ျပန္ထမယ္ႀကံေတာ့...
ေျခေထာက္တစ္ဖက္ကနာလြန္းလို႔
ျပန္လဲက်ႏွင့္...အေကာင္းတိုင္းရိွတဲ့
လက္ဖဝါးေတြဟာ ပြန္းပဲ့ကုန္၏။
"ငယ္..."
အစ္ကို ငယ္ လို႔ေခၚလိုက္တာလား...။
လက္ထဲကအထုပ္ေတြပစ္ခ်ၿပီး
သူမျမင္ကြင္းနဲ႔ တျဖည္းျဖည္းနီးလာတဲ့
အစ္ကို႔ေၾကာင့္...လူက အားကိုးေတြ့ၿပီး
မ်က္ရည္ေတြက်လာေတာ့သည္။
"ဘယ္လိုျဖစ္တာလဲ ငယ္ရယ္...ထလို႔ရရဲ့လား..."
"ဟင့္အင္း ေျခေထာက္ေခါက္သြားတယ္ထင္တယ္...အဟင့္ "
အစ္ကို႔မ်က္ဝန္းေတြမွာ စိတ္ပူမူေတြကအထင္းသား...
ဂရုတစိုက္ ေျပာလာတဲ့ အစ္ကို႔
အသံၾကားမွာ...လူက ေပ်ာ္တာေရာ
နာတာေရာေပါင္းၿပီး ငိုမိျပန္သည္။
"ဒီနား...."
"အ့..နာ..နာတယ္..အဟင့္..."
"ေအာ္ မငိုနဲ႔ေလကြာ အစ္ကိုရိွတယ္ေနာ္...
မငိုနဲ႔ မငိုနဲ႔ ...ေနာ္...လိမၼာတယ္ "
အစ္ကိုက ငုတ္တုပ္ေလးထိုင္ခ်ကာ...
ငယ့္ မ်က္ဝန္းေလးေတြကို ေသခ်ာၾကည့္တယ္...။
လက္ေခ်ာင္းရွည္ရွည္ေတြက
မ်က္ရည္ေတြသုတ္ေပးခ်ိန္မွာ
အခ်ိန္ေတြကရပ္တန္႔ေနသလို ခံစားရသည္။
ရင္ခုန္သံေတြ ၾကားသြားမွာ ဆိုးတယ္...။
မျဖစ္ႏိုင္ေပမယ့္ အစ္ကိုေရာ ထပ္တူ
ရင္ခုန္ဖူးလား ဆိုတာ မဆီမဆိုင္နဲ႔ သိခ်င္မိတယ္။
အစ္ကို တယုတယ သုတ္ေပးေနလို႔လားမသိ...
မ်က္ရည္ေတြကမတိတ္ပဲ ပိုၿပီးက်လာတယ္။
အစ္ကိုလုပ္ပံု နဲ႔ ငယ္က ေျခေထာက္မနာပဲ
ႏွလံုးေရာဂါေတြရေတာ့မည္။
တစ္ခ်က္တစ္ခ်က္ မငိုနဲ႔ ဆိုၿပီး
ေခါင္းထိပ္ေလးကို လက္ႏွင့္ ဖြဖြေလး
ပြတ္ေပးတဲ့ အခ်ိန္မ်ိဳးမွာ...ေသခ်ာေပါက္
ႏွလံုးခုန္ႏူန္းက ပံုမွန္ထက္ အဆတစ္ေထာင္ေလာက္
ျမန္ေနတယ္လို႔ ခံစားရတယ္။
အစ္ကိုက ေျခေထာက္နာလို႔ ငိုတယ္ထင္ၿပီး
ေသခ်ာဂရုစိုက္ေပးေနေပမယ့္...
ငယ္က ေျခေထာက္နာတာကို
ေသခ်ာဂရုစိုက္ေပးေနလို႔ ငိုေနတာ ျဖစ္မည္ထင္တယ္။
"ငယ္ ကေလးေလး မငိုေတာ့နဲ႔ေနာ္..."
လုပ္ျပန္ၿပီ။ဆံပင္ေလးကို ဖြဖြေလးပုတ္ေပးတဲ့အခ်ိန္...
ငယ္မ်က္လံုးေလးပင့္အၾကည့္
အစ္ကို႔အၾကည့္ေတြနဲ႔ သြားဆံုတယ္...။
အစ္ကိုက ေဆးကုတာတင္ကြၽမ္းတာမဟုတ္ဘူး...
လူကိုရူးေတာ့မလို႔ ညို႔ႏိုင္တဲ့ေနရာမွာလည္းေတာ္သည္။
မိန္းမိန္းငယ္ ေခါင္းေလး အသာၿငိမ့္လ်ွက္...
"ဟုတ္ "
"ဟုတ္ၿပီ...အိမ္ေရာက္ရင္
အစ္ကိုေဆးထည့္ေပးမယ္ေနာ္...
အခုစမ္းၿပီး ထၾကည့္ပါလား "
"ဟင့္..ဟင့္အင္း...မရဘူး...
ေျခေထာက္ကအရမ္းနာတယ္ "
"အြန္းး...ဒါဆို အစ္ကို အထုပ္ေတြ
သြားယူၿပီး ျပန္လာခဲ့မယ္ ခဏေနာ္ "
"ဟုတ္ "
အစ္ကိုက ခပ္ျမန္ျမန္ပဲ ယူၿပီးျပန္ေရာက္လာတယ္...။
သူ႔မွာ ေျခတံရွည္ေတြရိွတာကို
တစ္ေနရာနဲ႔တစ္ေနရာသြားဖို႔က
သိပ္ေတာင္လွမ္းေနစရာမလိုဘူးရယ္...။
"ငယ္...အစ္ကိုေက်ာပိုးမယ္ လိုက္ရဲရဲ့လား "
"ရွင္ "
အစ္ကို႔စကားေၾကာင့္ မိန္းမိန္းငယ္တစ္ေယာက္ ပါးစပ္အေဟာင္းသားေလးနဲ႔ေၾကာင္အ့သြားမိတယ္...။
အစ္ကို အခု ေက်ာပိုးမယ္လို႔ေျပာလိုက္တာလား...
ဒရမ္မာေတြထဲကလိုေလ...။
ဘုရားေရ!ဆယ္တန္းတုန္းက
Dream come true!ဆ္ိုတာ ဒါပါလား...။
"ငယ္ မလိုက္လို႔မရဘူးေနာ္...နည္းနည္းအားစိုက္ၿပီး
အစ္ကို႔ပခံုးကိုဖက္လိုက္ "
ငယ္လည္းအစကတည္းက
ျငင္းဖို႔အစီအစဥ္မရိွပါဘူး...ခဏအံၾသသြားရံုပါပဲ။
ဒီအခြင့္အေရးကို လက္လႊတ္ခံလိုက္ရင္
မိန္းမိန္းငယ္ေလာက္ မိုက္မဲတဲ့ လူ
ဒီကမ႓ာမွာ မရိွႏိုင္ေတာ့ဘူး ။
အစ္ကို႔လည္တိုင္ကို ဖက္ထားတဲ့ သူမလက္ေတြကိုၾကည့္ရင္း...
ရင္ထဲေပ်ာ္ရြင္မူကတိုင္းတာလို႔္မရ...ဒါသာအိမ္မက္ဆို
ဘယ္ေတာ့မျွပန္မႏိုးခ်င္ေတာ့ဘူး...။
အစ္ကို႔ေက်ာျပင္ေပၚေရာက္တာနဲ႔ အရင္ဆံုး ႏွာေခါင္းထဲတိုးဝင္လာတဲ့...ေဆးနံ႔သင္းသင္းႏွင့္
သူသံုးေနၾကေရေမႊးနံ႔ေလး..
အရမ္းျပင္းတာမဟုတ္ပဲ သင္းသင္းေလးနဲ႔
ဆြဲေဆာင္မူရိွသည္။ႏွာထိပ္ေလးကို
လာလာထိေနတဲ့ ဆံပင္ေလးေတြ...
အြန္းး ေခါင္းေလ်ွာ္ထားတယ္ႏွင့္ တူတယ္
အနံေလးကသင္းေနေရာ။
အစ္ကိုကလက္တစ္ဖက္တည္းႏွင့္
သူမကိုထိန္းေပးရင္း လက္တစ္ဖက္ကေတာ့
ခုဏကမုန္႔ထုတ္ေတြကိုသယ္ထားတယ္...။
ငယ္ကေတာ့...အစ္ကို႔ေက်ာျပင္ေပၚေနၿပီး
ရင္ထဲ ပန္းခင္းႀကီးတစ္ခင္းလံုး
ပြင့္ေနသလိုခံစားေနရတယ္။
ရင္ခုန္သံေတြကိုေတာ့ အစ္ကိုက
ေသခ်ာေပါက္ၾကားမွာေသခ်ာသည္။
ထြက္သက္ဝင္သက္တို႔ ရိုက္ခက္ေနတဲ့ ဂုတ္ေလးက
ေတာ္ေတာ္ေဖြးသည္။ငယ့္လက္ေလာက္နီးပါးကိုေဖြးဥေနတာ။
ငယ္ၾကည့္ေနရင္းပင္ ေမးေလးကို အစ္ကို႔ပခံုးေပၚတင္မိသည္။
"အစ္ကို႔ ကိုငယ္ခ်စ္တယ္"
စိတ္ထဲက စကားသံေလးေတြကို အစ္ကိုၾကားေစခ်င္တယ္။
ညေန့ခင္း တိုက္ခက္ေနတဲ့ေလေျပေလညင္းႏွင့္...
ဝင္ေတာ့မည္ဆဲဆဲေနေရာင္ ညိုညိုက
ေလာကတစ္ခုလံုးကို လႊမ္းၿခံဳထား၏။လမ္းတစ္ေလ်ွာက္
စိုက္ထားတဲ့ သစ္ပင္ေတြက အစီအရီ...ခ်စ္ရသူတို႔ျဖတ္လာတဲ့အခါ
သစ္ပင္ေတြဟာ အလိုက္သိစြာပဲ...အရြက္ေတြကိုေႂကြေစ၏။
အၿပံဳးေတြကိုလည္းေဝေစ၏။
-Nora-