UNDER THE CHERRY || JINKOOK ✓

بواسطة Rionakookie

6.2K 850 121

" ဇာတ်သိမ်းမလှခဲ့တဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်အတွက်.. မင်းကို ထပ်ပြီး ချစ်ခွင့်ရဖို့ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ... المزيد

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၄
ဇာတ်သိမ်းပိုင်း

အပိုင်း ၃

725 155 12
بواسطة Rionakookie

Unicode
_________

မနက်စောစော ၅နာရီလောက်ကတည်းက ကျွန်တော်နိုးနေခဲ့သည်။ Breakfast စားပြီးသည်နှင့် ခြံနောက်ဘက်က ထင်းရှုးတောအစပ်ကို ထွက်လာခဲ့သည်။ထိုမှတဆင့် မြေသားလမ်းလေးအတိုင်း ချယ်ရီပင်အောက်သို့ ကျွန်တော်ရောက်လာသည်။

ကျွန်တော်ရောက်ခါစလို အပွင့်တွေ ဝေမနေတော့ပါ။ချယ်ရီတွေက လှပေမယ့် ပွင့်တဲ့သက်တမ်းကတော့ အတော်လေးကို တိုပါသည်။ပွင့်ပြီး ညှိုးတာနဲ့ တန်းကြွေသည်။တစ်ညလုံးကြွေထားခဲ့ဟန်တူသည်။မြေကြီးပေါ်မှာ ခြေချရက်စရာမရှိ။ပန်းရောင်အတိပြီးနေသည်။ထိုပန်းကြွေတောထဲ မသွားတော့ဘဲ မြေသားလမ်းလေးပေါ်မှာပဲ ရပ်နေလိုက်သည်။

"ဆော့ဂျင် "

"ဟင် "

ကျွန်တော့်နာမည်ကို သူက ဘယ်လိုသိ​ေနရတာလဲ။

မနေ့ကလိုပင် ကြက်သွေးရောင်အကွက်စိပ်အကျီ၊အနက်ရောင်ဘောင်းဘီရှည်ထဲ လက်နှစ်ဖက်နှိုက်ကာ ပြုံးပြသည်။

"ငါ့နာမည်ကို...ဘယ်...လို..."

"ဒီလိုပါပဲ...ကိုယ်သိတာပေါ့"

သူနဲ့ကျွန်တော် အတူယှဥ်ပြီး လျှောက်လာသည်။

တစ်ချက်တစ်ချက် နီးကပ်လာသော သူ့ခန္ဓာကိုယ်က ကိုယ်သင်းနံ့တစ်မျိုးကိုရသည်။စူးရှနေတာမဟုတ်ဘဲ ခပ်သင်းသင်းလေး မွှေးနေတာဖြစ်သည်။သေချာအနံ့ခံကြည့်ရင် မမွှေးတော့ဘဲ အမှတ်တမဲ့နေမှ ရတတ်သည်။သူက ကျွန်တော့်အရပ်နှင့်မတိမ်းမယိမ်း။

"ကိုယ်ရောက်တာ ကြာနေပြီ"

သူက ပြုံးရင်းဆိုသည်။သေချာကြည့်မှ အောက်နှုတ်ခမ်းမှာ မဲ့နက်လေးတစ်လုံးရှိသည်။

"ကဲ.. ပြောပါဦး။မနေ့က အကြောင်း"

"အင်း...မြက်ခင်းအစပ်မှာ သွားထိုင်ရအောင်"

မြက်ပင်နုနုလေးတွေရဲ့ အထိအတွေ့က ဆိုဖာတစ်လုံးထက်ပင် သာလွန်သည်။ခြေထောက်ဆင်းပြီး ကျွန်တော်လက်နှစ်ဖက်ကို နောက်ပြန်ထောက်ကာ အေးအေးလူလူပင် ထိုင်ချလိုက်သည်။

"ဖုန်တွေ ပေကုန်ဦးမယ်"

သူက ကျွန်တော့်လက်နှစ်ဖက်ကို စိုးရိမ်ဟန်တူသည်။

"ရတယ်...ဒီလို လွတ်လွတ်လပ်လပ် နေရတာကြိုက်တယ်"

"မပြောင်းလဲဘူးပဲ"

"ဟင်...ဘာပြောတာ "

ကျွန်တော့်ဘေးမှာ ဒူးကိုလက်နှစ်ဖက်ဖြင့်ပိုက်ပြီး ထိုင်သည်။ သူက စကားတစ်ခွန်းမှ မဆိုသေး။ရီဝေသော သူ့မျက်လုံးတွေက ကျွန်တော့်ကို ခပ်ကြာကြာငေးကြည့်နေခဲ့သည်။လေတစ်ချက်တိုက်သွားသောအခါ ကျွန်တော့်နဖူးပေါ်က ဆံပင်လေးတွေအခွေလိုက် ပုံကျလာသည်။သူ့လက်တွေ လှုပ်ရှားလာသည်။

"ဆော့ဂျင်ရယ်.."

ကျွန်တော့်နာမည်ကို ခပ်တိုးတိုးငြီးကာ နဖူးပေါ်က ဆံပင်တွေကို တယုတယသပ်ပေးသည်။နူးညံ့နွေးထွေးသော သူ့အပြုအမူတွေမှာ ကျွန်တော်ခဏနစ်မြောသွားပြီထင်ပါရဲ့။တကယ်ဆို ကျွန်တော့်ဆံပင်တွေကို တခြားတစ်ဥ​ီးတစ်ယောက်ကိုင်တာ မနှစ်မြို့ပါ။မေမေကလွဲရင်ပေါ့။

မေမေ့အပြင် နောက်ထပ်တစ်ဦးတစ်ယောက် တိုးလာခဲ့ပါသည်။သူ့လက်အထိအတွေ့က ကျွန်တော့်နဖူးပေါ်မှတဆင့် ခေါင်းပေါ်သို့ရောက်သွားကာ ခပ်ဖွဖွလေး ပုတ်ပေးနေသည်။အိပ်မပျော်သည့် ကလေးတစ်ယောက်ကို ချော့သိပ်နေသလိုမျိုး။ကျွန်တော်မျက်လုံးတွေ မှိတ်ထားလိုက်သည်။

"အိပ်ချင်တယ်.."

"ကိုယ့်ပခုံးပေါ်မှာ အိပ်လေ"

ကျွန်တော်ဘယ်လိုမှ ထိန်းချုပ်မရနိုင်တော့။လေးလံနေသည့် မျက်ခံွတွေကို မတွန်းလှန်နိုင်တော့ပါ။သူက ကျွန်တော့်နားထင်ကနေ ဖွဖွကိုင်ကာ သူ့ပခုံးကျယ်တွေပေါ်မှီစေသည်။

သူစိမ်းယောက်ျားတစ်ယောက်ကို ကျွန်တော်ဘာကြောင့် ဒီလောက်ထိရင်းနှီးခွင့်ပေးလိုက်မိပါလိမ့်။သူသာ လူကောင်းတစ်ယောက်မဟုတ်ခဲ့ရင် ကျွန်တော့်အသက်အန္တရာယ်ပင်စိုးရိမ်ရလောက်သည်။

သူက ဘယ်တော့မှ ဒုက္ခပေးမည်မဟုတ်ကြောင်း ကျွန်တော်ယုံကြည်သည်။

"စိတ်ချလက်ချ အိပ်လိုက်ပါ။တစ်နေ့ကျရင် ကိုယ် မင်းကိ​ု အကုန်ပြောပြမှာပါ"

သူ့အသံက ကျွန်တော့်နားထဲ တဖြည်းဖြည်း ဝေးကွာလာသည်။တိုးလျလာသည်။ကျွန်တော့်ခန္ဓာကိုယ်က အသိကပ်မနေတော့။ပိုးပဝါစလေးလို လွင့်မျောနေခဲ့သည်။

လေးလံနေသော မျက်ခံွများကို မနည်းအားယူပြီးဖွင့်ရသည်။ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး လေးလံထိုင်းမှိုင်းနေသည်။ကျွန်တော် အိပ်ပျော်သွားခဲ့တာလား။အတင်းပြူးပြဲထရပ်လိုက်တော့ ကျွန်တော့်ခေါင်းအောက်က လျှောကနဲထွက်ကျသွားသော အဝတ်ခေါက်လေးတစ်ခု။ကြက်သွေးရောင် အကျီအကွက်လေး။

ဟင်...ဒါ သူ့အကျီလေး။ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ။

ပြီးတော့ သူနဲ့အတူထိုင်ခဲ့သည် မြက်ခင်းပြင်ပေါ်မှာမဟုတ်ပါ။အိမ်နောက်ဘေးက ခုံတန်းလေးပေါ်မှာ ဖြစ်သည်။ကျွန်တော် ဘယ်လိုလုပ် အိမ်နောက်ဘက်ကိုရောက်လာခဲ့တာလဲ။

❀ ~ ❀ ~ ❀


အလာတုန်းကလို ကျွန်တော့်စိတ်တွေက ကြည်ကြည်လင်လင်ရှိမနေ။ထူးဆန်းစွာ လေးလံထိုင်းမှိုင်းနေသည်။လမ်းထိပ်က ​ပဲခေါက်ဆွဲရောင်းသည့်ဆိုင်သို့စိတ်ပြေလက်ပျောက် ထွက်လာခဲ့မိသည်။

"အဒေါ်ကြီး...ဒီကို ခေါက်ဆွဲတစ်ပွဲ"

ခဏကြာတော့ ဆိုင်ရှင်ဖြစ်ဟန်တူသည့် အဒေါ်ကြီးက ခေါက်ဆွဲတစ်ပွဲကိုကိုင်ပြီး ထွက်လာသည်။ကျွန်တော့်ကို မြင်တော့ ခေါင်းအစခြေအဆုံး သေချာကြည့်ကာ အံ့ဩ တကြီးဖြင့်ဆိုသည်။

"မင်းက ဟိုအိမ်ဟောင်းကြီးကို ပြောင်းလာတဲ့ သူငယ်မဟုတ်လား"

"ဟုတ်ပါတယ် အဒေါ်ကြီး"

ထိုအခါ အဒေါ်ကြီးက မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကျွန်တော့်ကို အထူးအဆန်းသဖွယ်ကြည့်သည်။

"မောင်ရင်က သတ္တိတော်တော် ကောင်းတာပဲ"

ကျွန်တော် သူ့စကားကို နားမလည်။ဘာကို ကြောက်စရာရှိလို့လဲ။

"ဘာကိုလဲ ဗျ"

ထိုအခါ အဒေါ်ကြီးက ဘေးဘီဝဲယာကို တစ်ချက်ကြည့်ပြီးနောက် ကျွန်တော့်အနားတိုးကပ်လာသည်။ကျွန်တော့်လက်နှစ်ဖက်ကို ဆုပ်ကာ လေသံမျှပြောသည်။

"အဲ့ဒီခြံထဲမှာ အဘိုးကြီး တစ်ယောက်သေဖူးတယ်။ကြာတော့ကြာနေပေမယ့် သူက အစွဲနဲ့သေတာဆိုတော့လေ။ အိမ်ပြန်လာမယ့်သူ့သခင်ကို စောင့်ရင်းဆုံးသွားတာ"

"ဗျာ..ဘယ်လို "

ကျွန်တော် ခေါင်းနပမ်းတွေကြီးသွားသည်။ရုတ်တရက် ကျွန်တော့်ပတ်ဝန်းကျင်က လေတွေပိုအေးသွားသည်ဟု ထင်ရသည်။

"ပြီးတော့ အိမ်နောက်ဘက်က ချယ်ရီပင်အောက်မှာလည်း လူတစ်ယောက်သေဖူးတယ်".

"ဗျာ"

ကျွန်တော် ရုတ်တရက် မြင်ယောင်မိသွားတာက တစ်စုံတစ်ယောက်၏ မျက်နှာ။

ကျွန်တော့်ရင်ထဲ ဒိန်းကနဲ ခုန်သွားသည်။နောက်ထပ်မေးလိုက်သော ကျွန်တော့်မေးခွန်းတွေမှာ အသံက တုန်သွားသည်။

"ဘယ်..ဘယ်..အရွယ်နဲ့ဆုံးတာလဲ..."

"မောင်ရင် တို့အရွယ်ပဲ.."

ဘုရားရေ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။မနက်ကတောင် ကျွန်တော် သူ့ပခုံးပေါ်မှာ အိပ်နေခဲ့တာပါ။ပြီးတော့ သူ့အကျီအကွက်လေးက ကျွန်တော့်ခေါင်းအောက်ကို ရောက်နေခဲ့တာလေ။ကျွန်တော်ရုတ်တရက် ခြေထောက်တွေမခိုင်တော့သလို ခံစားရသည်။ကျောထဲက စိမ့်ကနဲနေအောင် ကြက်သီးတွေထသွားသည်။

ကျွန်တော်မယုံကြည်နိုင်။မဖြစ်နိုင်တာ။

အိမ်ကြီးဆီကို အပြေးပြန်ရင်း မနက်က ခေါင်းအုံးအိပ်ခဲ့သည့် အကျီအကွက်လေးကို နှာခေါင်းဝတွင် တေ့ကာ ရှုကြည့်မိသည်။မ​ကြာခဏရတတ်တဲ့ ကိုယ်သင်းနံ့လေးပါပဲ။

သေပြီးသား လူတစ်ယောက်က အဲ့လို ကိုယ်သင်းနံ့ရမှာတဲ့လား။

ခဏခဏပြုံးတတ်သည့် သူ့မျက်နှာ ကြည်ကြည်လေးကို ​မြင်ယောင်ပြန်တော့ ကျွန်တော့်ရင်ထဲ နင့်ကနဲ။

ကျွန်တော့်နဖူးပေါ်က ဆံပင်တွေကို သပ်တင်ပေးခဲ့တုန်းက အထိအတွေ့တွေတောင် အခုထိနွေးထွေးနေဆဲပါ။

~~~~~~~~~ // ~~~~~~~~

Thanks for your reading & voting

Riona
..
..
..
Zawgyi
________

မနက္ေစာေစာ ၅နာရီေလာက္ကတည္းက ကြၽန္ေတာ္ႏိုးေနခဲ့သည္။ Breakfast စားၿပီးသည္ႏွင့္ ျခံေနာက္ဘက္က ထင္း႐ႈးေတာအစပ္ကို ထြက္လာခဲ့သည္။ထိုမွတဆင့္ ေျမသားလမ္းေလးအတိုင္း ခ်ယ္ရီပင္ေအာက္သို႔ ကြၽန္ေတာ္ေရာက္လာသည္။

ကြၽန္ေတာ္ေရာက္ခါစလို အပြင့္ေတြ ေဝမေနေတာ့ပါ။ခ်ယ္ရီေတြက လွေပမယ့္ ပြင့္တဲ့သက္တမ္းကေတာ့ အေတာ္ေလးကို တိုပါသည္။ပြင့္ၿပီး ညိႇဳးတာနဲ႔ တန္းေႂကြသည္။တစ္ညလုံးေႂကြထားခဲ့ဟန္တူသည္။ေျမႀကီးေပၚမွာ ေျခခ်ရက္စရာမ႐ွိ။ပန္းေရာင္အတိၿပီးေနသည္။ထိုပန္းေႂကြေတာထဲ မသြားေတာ့ဘဲ ေျမသားလမ္းေလးေပၚမွာပဲ ရပ္ေနလိုက္သည္။

"ေဆာ့ဂ်င္ "

"ဟင္ "

ကြၽန္ေတာ္႕နာမည္ကို သူက ဘယ္လိုသိ​ေနရတာလဲ။

မေန႔ကလိုပင္ ၾကက္ေသြးေရာင္အကြက္စိပ္အက်ီ၊အနက္ေရာင္ေဘာင္းဘီ႐ွည္ထဲ လက္ႏွစ္ဖက္ႏိႈက္ကာ ျပဳံးျပသည္။

"ငါ့နာမည္ကို...ဘယ္...လို..."

"ဒီလိုပါပဲ...ကိုယ္သိတာေပါ့"

သူနဲ႔ကြၽန္ေတာ္ အတူယွဥ္ၿပီး ေလွ်ာက္လာသည္။

တစ္ခ်က္တစ္ခ်က္ နီးကပ္လာေသာ သူ႕ခႏၶာကိုယ္က ကိုယ္သင္းနံ႔တစ္မ်ိဳးကိုရသည္။စူး႐ွေနတာမဟုတ္ဘဲ ခပ္သင္းသင္းေလး ေမႊးေနတာျဖစ္သည္။ေသခ်ာအနံ႔ခံၾကည့္ရင္ မေမႊးေတာ့ဘဲ အမွတ္တမဲ့ေနမွ ရတတ္သည္။သူက ကြၽန္ေတာ္႕အရပ္ႏွင့္မတိမ္းမယိမ္း။

"ကိုယ္ေရာက္တာ ၾကာေနၿပီ"

သူက ျပဳံးရင္းဆိုသည္။ေသခ်ာၾကည့္မွ ေအာက္ႏႈတ္ခမ္းမွာ မဲ့နက္ေလးတစ္လုံး႐ွိသည္။

"ကဲ.. ေျပာပါဦး။မေန႔က အေၾကာင္း"

"အင္း...ျမက္ခင္းအစပ္မွာ သြားထိုင္ရေအာင္"

ျမက္ပင္ႏုႏုေလးေတြရဲ႕ အထိအေတြ႕က ဆိုဖာတစ္လုံးထက္ပင္ သာလြန္သည္။ေျခေထာက္ဆင္းၿပီး ကြၽန္ေတာ္လက္ႏွစ္ဖက္ကို ေနာက္ျပန္ေထာက္ကာ ေအးေအးလူလူပင္ ထိုင္ခ်လိုက္သည္။

"ဖုန္ေတြ ေပကုန္ဦးမယ္"

သူက ကြၽန္ေတာ္႕လက္ႏွစ္ဖက္ကို စိုးရိမ္ဟန္တူသည္။

"ရတယ္...ဒီလို လြတ္လြတ္လပ္လပ္ ေနရတာႀကိဳက္တယ္"

"မေျပာင္းလဲဘူးပဲ"

"ဟင္...ဘာေျပာတာ "

ကြၽန္ေတာ္႕ေဘးမွာ ဒူးကိုလက္ႏွစ္ဖက္ျဖင့္ပိုက္ၿပီး ထိုင္သည္။ သူက စကားတစ္ခြန္းမွ မဆိုေသး။ရီေဝေသာ သူ႕မ်က္လုံးေတြက ကြၽန္ေတာ္႕ကို ခပ္ၾကာၾကာေငးၾကည့္ေနခဲ့သည္။ေလတစ္ခ်က္တိုက္သြားေသာအခါ ကြၽန္ေတာ္႕နဖူးေပၚက ဆံပင္ေလးေတြအေခြလိုက္ ပုံက်လာသည္။သူ႕လက္ေတြ လႈပ္႐ွားလာသည္။

"ေဆာ့ဂ်င္ရယ္.."

ကြၽန္ေတာ္႕နာမည္ကို ခပ္တိုးတိုးၿငီးကာ နဖူးေပၚက ဆံပင္ေတြကို တယုတယသပ္ေပးသည္။ႏူးညံ့ေႏြးေထြးေသာ သူ႕အျပဳအမူေတြမွာ ကြၽန္ေတာ္ခဏနစ္ေျမာသြားၿပီထင္ပါရဲ႕။တကယ္ဆို ကြၽန္ေတာ္႕ဆံပင္ေတြကို တျခားတစ္ဥ​ီးတစ္ေယာက္ကိုင္တာ မႏွစ္ၿမိဳ႕ပါ။ေမေမကလြဲရင္ေပါ့။

ေမေမ့အျပင္ ေနာက္ထပ္တစ္ဦးတစ္ေယာက္ တိုးလာခဲ့ပါသည္။သူ႕လက္အထိအေတြ႕က ကြၽန္ေတာ္႕နဖူးေပၚမွတဆင့္ ေခါင္းေပၚသို႔ေရာက္သြားကာ ခပ္ဖြဖြေလး ပုတ္ေပးေနသည္။အိပ္မေပ်ာ္သည့္ ကေလးတစ္ေယာက္ကို ေခ်ာ့သိပ္ေနသလိုမ်ိဳး။ကြၽန္ေတာ္မ်က္လုံးေတြ မွိတ္ထားလိုက္သည္။

"အိပ္ခ်င္တယ္.."

"ကိုယ့္ပခုံးေပၚမွာ အိပ္ေလ"

ကြၽန္ေတာ္ဘယ္လိုမွ ထိန္းခ်ဳပ္မရႏိုင္ေတာ့။ေလးလံေနသည့္ မ်က္ခံြေတြကို မတြန္းလွန္ႏိုင္ေတာ့ပါ။သူက ကြၽန္ေတာ္႕နားထင္ကေန ဖြဖြကိုင္ကာ သူ႕ပခုံးက်ယ္ေတြေပၚမွီေစသည္။

သူစိမ္းေယာက်္ားတစ္ေယာက္ကို ကြၽန္ေတာ္ဘာေၾကာင့္ ဒီေလာက္ထိရင္းႏွီးခြင့္ေပးလိုက္မိပါလိမ့္။သူသာ လူေကာင္းတစ္ေယာက္မဟုတ္ခဲ့ရင္ ကြၽန္ေတာ္႕အသက္အႏၲရာယ္ပင္စိုးရိမ္ရေလာက္သည္။

သူက ဘယ္ေတာ့မွ ဒုကၡေပးမည္မဟုတ္ေၾကာင္း ကြၽန္ေတာ္ယုံၾကည္သည္။

"စိတ္ခ်လက္ခ် အိပ္လိုက္ပါ။တစ္ေန႔က်ရင္ ကိုယ္ မင္းကိ​ု အကုန္ေျပာျပမွာပါ"

သူ႕အသံက ကြၽန္ေတာ္႕နားထဲ တျဖည္းျဖည္း ေဝးကြာလာသည္။တိုးလ်လာသည္။ကြၽန္ေတာ္႕ခႏၶာကိုယ္က အသိကပ္မေနေတာ့။ပိုးပဝါစေလးလို လြင့္ေမ်ာေနခဲ့သည္။

ေလးလံေနေသာ မ်က္ခံြမ်ားကို မနည္းအားယူၿပီးဖြင့္ရသည္။ကြၽန္ေတာ္႕ခႏၶာကိုယ္တစ္ခုလုံး ေလးလံထိုင္းမိႈင္းေနသည္။ကြၽန္ေတာ္ အိပ္ေပ်ာ္သြားခဲ့တာလား။အတင္းျပဴးၿပဲထရပ္လိုက္ေတာ့ ကြၽန္ေတာ္႕ေခါင္းေအာက္က ေလွ်ာကနဲထြက္က်သြားေသာ အဝတ္ေခါက္ေလးတစ္ခု။ၾကက္ေသြးေရာင္ အက်ီအကြက္ေလး။

ဟင္...ဒါ သူ႕အက်ီေလး။ဒီကိုဘယ္လိုလုပ္ေရာက္ေနတာလဲ။

ၿပီးေတာ့ သူနဲ႔အတူထိုင္ခဲ့သည္ ျမက္ခင္းျပင္ေပၚမွာမဟုတ္ပါ။အိမ္ေနာက္ေဘးက ခုံတန္းေလးေပၚမွာ ျဖစ္သည္။ကြၽန္ေတာ္ ဘယ္လိုလုပ္ အိမ္ေနာက္ဘက္ကိုေရာက္လာခဲ့တာလဲ။

❀ ~ ❀ ~ ❀

အလာတုန္းကလို ကြၽန္ေတာ္႕စိတ္ေတြက ၾကည္ၾကည္လင္လင္႐ွိမေန။ထူးဆန္းစြာ ေလးလံထိုင္းမိႈင္းေနသည္။လမ္းထိပ္က ​ပဲေခါက္ဆြဲေရာင္းသည့္ဆိုင္သို႔စိတ္ေျပလက္ေပ်ာက္ ထြက္လာခဲ့မိသည္။

"အေဒၚႀကီး...ဒီကို ေခါက္ဆြဲတစ္ပြဲ"

ခဏၾကာေတာ့ ဆိုင္႐ွင္ျဖစ္ဟန္တူသည့္ အေဒၚႀကီးက ေခါက္ဆြဲတစ္ပြဲကိုကိုင္ၿပီး ထြက္လာသည္။ကြၽန္ေတာ္႕ကို ျမင္ေတာ့ ေခါင္းအစေျခအဆုံး ေသခ်ာၾကည့္ကာ အံ့ဩ တႀကီးျဖင့္ဆိုသည္။

"မင္းက ဟိုအိမ္ေဟာင္းႀကီးကို ေျပာင္းလာတဲ့ သူငယ္မဟုတ္လား"

"ဟုတ္ပါတယ္ အေဒၚႀကီး"

ထိုအခါ အေဒၚႀကီးက မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖင့္ ကြၽန္ေတာ္႕ကို အထူးအဆန္းသဖြယ္ၾကည့္သည္။

"ေမာင္ရင္က သတၱိေတာ္ေတာ္ ေကာင္းတာပဲ"

ကြၽန္ေတာ္ သူ႕စကားကို နားမလည္။ဘာကို ေၾကာက္စရာ႐ွိလို႔လဲ။

"ဘာကိုလဲ ဗ်"

ထိုအခါ အေဒၚႀကီးက ေဘးဘီဝဲယာကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ကြၽန္ေတာ္႕အနားတိုးကပ္လာသည္။ကြၽန္ေတာ္႕လက္ႏွစ္ဖက္ကို ဆုပ္ကာ ေလသံမွ်ေျပာသည္။

"အဲ့ဒီျခံထဲမွာ အဘိုးႀကီး တစ္ေယာက္ေသဖူးတယ္။ၾကာေတာ့ၾကာေနေပမယ့္ သူက အစြဲနဲ႔ေသတာဆိုေတာ့ေလ။ အိမ္ျပန္လာမယ့္သူ႕သခင္ကို ေစာင့္ရင္းဆုံးသြားတာ"

"ဗ်ာ..ဘယ္လို "

ကြၽန္ေတာ္ ေခါင္းနပမ္းေတြႀကီးသြားသည္။႐ုတ္တရက္ ကြၽန္ေတာ္႕ပတ္ဝန္းက်င္က ေလေတြပိုေအးသြားသည္ဟု ထင္ရသည္။

"ၿပီးေတာ့ အိမ္ေနာက္ဘက္က ခ်ယ္ရီပင္ေအာက္မွာလည္း လူတစ္ေယာက္ေသဖူးတယ္".

"ဗ်ာ"

ကြၽန္ေတာ္ ႐ုတ္တရက္ ျမင္ေယာင္မိသြားတာက တစ္စုံတစ္ေယာက္၏ မ်က္ႏွာ။

ကြၽန္ေတာ္႕ရင္ထဲ ဒိန္းကနဲ ခုန္သြားသည္။ေနာက္ထပ္ေမးလိုက္ေသာ ကြၽန္ေတာ္႕ေမးခြန္းေတြမွာ အသံက တုန္သြားသည္။

"ဘယ္..ဘယ္..အ႐ြယ္နဲ႔ဆုံးတာလဲ..."

"ေမာင္ရင္ တို႔အ႐ြယ္ပဲ.."

ဘုရားေရ...ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။မနက္ကေတာင္ ကြၽန္ေတာ္ သူ႕ပခုံးေပၚမွာ အိပ္ေနခဲ့တာပါ။ၿပီးေတာ့ သူ႕အက်ီအကြက္ေလးက ကြၽန္ေတာ္႕ေခါင္းေအာက္ကို ေရာက္ေနခဲ့တာေလ။ကြၽန္ေတာ္႐ုတ္တရက္ ေျခေထာက္ေတြမခိုင္ေတာ့သလို ခံစားရသည္။ေက်ာထဲက စိမ့္ကနဲေနေအာင္ ၾကက္သီးေတြထသြားသည္။

ကြၽန္ေတာ္မယုံၾကည္ႏိုင္။မျဖစ္ႏိုင္တာ။

အိမ္ႀကီးဆီကို အေျပးျပန္ရင္း မနက္က ေခါင္းအုံးအိပ္ခဲ့သည့္ အက်ီအကြက္ေလးကို ႏွာေခါင္းဝတြင္ ေတ့ကာ ႐ႈၾကည့္မိသည္။မ​ၾကာခဏရတတ္တဲ့ ကိုယ္သင္းနံ႔ေလးပါပဲ။

ေသၿပီးသား လူတစ္ေယာက္က အဲ့လို ကိုယ္သင္းနံ႔ရမွာတဲ့လား။

ခဏခဏျပဳံးတတ္သည့္ သူ႕မ်က္ႏွာ ၾကည္ၾကည္ေလးကို ​ျမင္ေယာင္ျပန္ေတာ့ ကြၽန္ေတာ္႕ရင္ထဲ နင့္ကနဲ။

ကြၽန္ေတာ္႕နဖူးေပၚက ဆံပင္ေတြကို သပ္တင္ေပးခဲ့တုန္းက အထိအေတြ႕ေတြေတာင္ အခုထိေႏြးေထြးေနဆဲပါ။

~~~~~~~~~ // ~~~~~~~~

Thanks for your reading & voting

Riona

واصل القراءة

ستعجبك أيضاً

59.7K 1.2K 46
*Completed* "Fake it till you make it?" A PR relationship with a heartbroken singer in the midst of a world tour sounds like the last thing Lando Nor...
74.8K 2.9K 24
Noah always believed her and Lando were forever, but when he ended things with her to further his racing career it left her heartbroken and alone. I...
90.2K 3.1K 52
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...
135K 6.2K 35
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...