ထမင်းဟင်းအိုးတွေက ခုံလေးပေါ်တွင်စီရီစွာနေရာယူနေခဲ့၏။ လေပြေက ပန်းကန်တွေကို သူ့နေရာနဲ့သူချပေးနေရင်း တဝါးဝါးသမ်းနေမိသည်။ မနေ့ညက ပိုင်နဲ့သောင်းကျန်းခဲ့ပြီးတာမို့ မနက်မိုးလင်းတော့အန်တီလေးနိုးတာနဲ့ချက်ချင်းအိမ်ဘက်ကူးလာခဲ့ခြင်း။
"လေပြေ လာဦး"
"ဟုတ်ကဲ့"
ခုံတစ်ခုတွင် မုန့်ဟင်းခါးစားနေသောအမေ့နားသို့ လေပြေသွားထိုင်လိုက်၏။
"မင်းမလဲ.. အမြဲအိပ်ချင်နေတာဘဲ။ ဒီလိုပုံစံနဲ့အလုပ်ဘယ်လိုလုပ်စားမှာတုန်း။ အံ့ဩပါရဲ့တော်"
"...
"ပြောလိုက်ရင် မထုံတက်တေးနဲ့. ပြီးရင်မဟုတ်တာတန်းလုပ်ရော။ ပြောစမ်းပါဦး မင်းနဲ့ဟိုဂျစ်ကန်ကန်ကောင်လေးက ဘာတွေတုန်း"
လေပြေက ဘောင်းဘီစလေးကိုဆုပ်ကိုင်လိုက်မိ၏။ ဝိုင်းစက်သွားသောလေပြေ့မျက်၀န်းတွေကိုကြည့်ပြီး အမေကခပ်မဲ့မဲ့ပြုံးရင်း
"မေးရင်ဖြေနော် လေပြေ. မင်းအကိုသိသွားရင် ဟိုကသေအောင်ရိုက်သတ်နေမယ်"
အကိုဟာ လေပြေ့ငယ်စဉ်က မကြာခဏရိုက်နှက်တတ်သေးသည်။ ဆုံးမတာလို့ပြောပေမဲ့ နှိပ်စက်တာဘဲလို့ လေပြေခံစားခဲ့ရသည်။
"ဖြေလေ"
"သူ.. သူငယ်ချင်းပါ အမေ"
"ငါက နင့်ကိုမွေးထားတဲ့အမေပါဟယ်. နင်ဘယ်ခြေလှမ်းလှမ်းလဲ ငါသိတယ်။ အေး တစ်ခုတော့ပြောထားမယ်.. ငါ့ကိုသိက္ခာချဖို့မစဉ်းစားနဲ့။ အလုပ်လေးဘာလေးရှာပြီး အိမ်ကိုထောက်ဖို့စဉ်းစားဦး။ နင်တို့ကိုကျောင်းထားရတာနဲ့ အကြွေးလည်ပင်းနစ်နေပြီ"
"ကျွန်တော် အလုပ်ရှာမှာပါ"
"အမလေး. ကျေးဇူးကြီးပါ့ မောင်မင်းကြီးသားရယ်။ အေး ကျန်တာကတော့ ငါ့ကိုဘယ်လိုထင်ထင် ငါပြောရမှာဘဲ။ ငါတို့မိသားစုသိက္ခာမကျအောင် မိန်းမဘဲယူဖို့စဉ်းစားထား ကြားလား"
လေပြေက အမေ့ကိုမပြောစဖူးပြန်ပြောချင်လာ၏။ ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သူချစ်တဲ့လူဖြစ်ဖို့က အဓိကမဟုတ်ဘူးလား။ သူ ပျော်ရွင်ဖို့အဓိကမဟုတ်ပါလား။ ဘာကြောင့်များ သူဟာမိသားစုသိက္ခာဆိုတာကြီးအတွက် သူစိတ်မ၀င်စားတဲ့လိင်ကို အတင်းယူသင့်တာပါလဲ။
"ကျွန်တော်ချစ်တာ ယောင်္ကျားလေးဆိုရင်ရော"
"ဟယ်.. မင်း ဘာစကားပြောတာတုန်း လေပြေ။ ရွံ့ဖို့ကောင်းလိုက်တာအေ"
"ဘာကလဲ အမေ. လူလူချင်းချစ်တာ ဘာကရွံ့ဖို့ကောင်းတာလဲ"
"ဟဲ့.. ဘာကနေရမှာလဲ။ မင်းရောဂါကူးပြီး သေချင်လို့လား"
လေပြေဟာ ပထမဆုံးအကြိမ် အမေ့ကိုစိတ်ပျက်စွာငေးကြည့်မိ၏။ အဲ့လောက်တောင်နိမ့်ကျလား.. လူနှစ်ယောက်ချစ်မိတဲ့ကိစ္စမှာ နှစ်ယောက်လုံးယောင်္ကျားဖြစ်နေရုံနဲ့ အဲ့လောက်ထိနှိမ့်ချတွေးပစ်မှရမှာလား။
"မင်း ငါ့ကိုအဲ့လိုမကြည့်နဲ့ လေပြေ.. ငါက မင်းကိုကောင်းစေချင်လို့ဆုံးမတာ။ အေး.. အဲ့လိုမှမရဘူးဆိုလဲ မင်းသဘောပေါ့။ ပတ်၀န်းကျင်က ချီးမွှန်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်မို့ ငါကဖြေလို့ရတယ်။ ရောဂါဖြစ်ပြီးသေတော့လဲ မင်းထိုက်နဲ့မင်းကံပေါ့"
"ဘာရောဂါမှဖြစ်စရာအကြောင်းမရှိပါဘူး အမေ"
"ဟယ်.. တခွန်းမကျန်ပြန်ခံပြောနေပါ့လား။ နေဦး. မင်းကို မင်းအကိုနဲ့ကိုတိုင်မှကိုရမှာ။ အမှားလုပ်ထားပြီးလေသံကတစ်ပြားသားမှမလျော့တဲ့ဂြိုလ်ကောင်လေး"
လေပြေက ငြိမ်သက်သွားမိ၏။ အမေဟာ သူ့ကိုချစ်လို့ဆိုတာထက် မိသားစုအရှက်ရမှာစိုးလို့ဆူတယ်။ ကိုကြီးသိတော့ရော. ကိုကြီးက သူ့ကိုနှိပ်စက်ရုံပေါ့။ ညီလေးတစ်ယောက်ကိုလမ်းမှန်ရောက်စေချင်လို့ဆိုတဲ့စိတ် ကိုကြီးမှာမရှိပါဘူး။ ပြီးတော့ သူဟာ လမ်းမှားရောက်နေသူမဟုတ်..။
ယောင်္ကျားလေးတစ်ယောက်ကိုချစ်မိတာဟာ လမ်းမှားရောက်နေတာမှမဟုတ်ဘဲ.. ခွန်ပြည့်လိုလူရှုပ်လေးကိုချစ်မိတာကတော့ လမ်းမှားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူမောင့်ကို မစွန့်လွှတ်နိုင်. မှားတယ်ဆိုရင်တောင် မောင်ဟာသူလိုလိုလားလားဖက်တွယ်ခဲ့တဲ့အမှားလေးဖြစ်တယ်။
"ယောင်္ကျားလေးကိုချစ်တော့ရော ဘာတွေမှားလို့လဲ အမေ။ အမေကိုကြီးကိုတိုင်လဲ ကိုကြီးကကျွန်တော့်ကိုနှိပ်စက်ရုံကလွဲလို့ ဘာမှမပြောင်းလဲသွားဘူး။ ကျွန်တော်က ဒီတိုင်းဘဲဖြစ်နေမှာဘဲ။ အမေလဲကျွန်တော်ကိုချစ်တာမဟုတ်ပါဘူး။ ဒီတိုင်း ကျွန်တော်အလုပ်ထွက်လုပ်ပြီး အမေ့ကိုပိုက်ဆံရှာပေးမယ်။ အဲ့တာဆို ရပြီမလား။ ကျန်တာ ကျွန်တော့်ဘ၀နဲ့ကျွန်တော်နေပါရစေလား"
"ဟယ်.. နင် ငါ့ကိုအဲ့လိုလေသံနဲ့တခါမှပြန်မပြောရဲပါဘူး။ ဘယ်ကသတ္တိတွေရလာတာလဲဟမ်။ တေဘေဂျပိုးကောင်တွေနဲ့ပေါင်းပြီးအကျင့်ကောင်းတွေတက်နေတယ်ဟုတ်လား။ နင့်ကိုနင့်အကိုနဲ့မတိုင်ဘူး။ ငါ ကိုယ်တိုင်သတ်မယ်"
အမေက ဒေါသဖြင့်အော်ရင်းမှ ဘယ်တုန်းကဖွက်ထားမှန်းမသိတဲ့တုတ်လှမ်းဆွဲ၏။ နှိပ်စက်ခြင်းတွေနဲ့နေသားကျနေတဲ့လေပြေဟာ မတုန်မလှုပ်ရှိနေခဲ့တုန်း..။
ဖြန်း..ဖြန်း.. ဖြန်း။
အဆက်မပြတ်ကျလာတဲ့အမေ့တုတ်သံဟာ လေပြေ့ကျောပြင်တစ်လျှောက်မှာပူရှိန်းလို့နေခဲ့၏။ မနေ့ညကငိုထားရလွန်း၍ လေပြေဟာမျက်ရည်တစ်စက်ကလေးမှမကျ။ မျက်လုံးထဲမှာတော့ မနေ့ညကမောင့်ပုံရိပ်တွေအထပ်ထပ်၀င်ရောက်လာမိသည်။
ကျောပြင်ကဒဏ်ရာထပ် မောင်ပေးတဲ့ဒဏ်ရာကပိုနာတယ်။ မောင်ကသတ္တိတွေပေးလို့ ငါကအမေ့ကိုပြန်ခံပြောတယ်လို့ အမေကထင်တယ်မောင်။ တကယ်တော့ မောင်ပေးတဲ့ဒဏ်ရာတွေက ထုံကျင်လွန်းလို့ ဘယ်နာကျင်မှုကိုမှ ငါဂရုမစိုက်ချင်တော့ရုံပါ..။
"အန်တီ.. အန်တီတော်ပါတော့ဗျာ"
ရုတ်တရက်ကြားရတဲ့အသံနဲ့အတူ လေပြေ့ကိုယ်လေးတစ်စုံတစ်ယောက်ရဲ့နောက်ကျောသို့ ကာကွယ်ခံလိုက်ရ၏။ ဒါဟာ အဖေလုပ်ပေးနေကျအမူအရာဖြစ်ပေမဲ့.. ယခုက ပိုင်ဖြစ်နေခဲ့သည်။ လေပြေဟာ ပိုင့်ကျောပြင်လေးကိုမြင်မှ ငိုချပစ်ချင်သလိုဖြစ်လာ၏။
ပိုင်ဟာ လေပြေ့ရဲ့အားငယ်မှု၊ သိမ်ငယ်မှု. လေပြေ့ရဲ့Dark Sideမှန်သမျှကို ပွင့်လင်းစွာချပြရင်း အားရပါးရငိုကြွေးနိုင်တဲ့ရင်ခွင်ငယ်တစ်ခုဖြစ်သည်။
"ဖယ်.. ပိုင် ဒီကောင်လေး စောက်ကြောတင်းနေတာ၊ အသေသတ်မှရမှာ။ လက်နဲ့ဝေးလို့ ဇောင်းကြွနေတာ"
"မလုပ်ပါနဲ့တော့.. အန်တီရယ်။ သားတောင်းပန်ပါတယ်"
"ဖယ်.. သားရယ် မင်းကိုပါထိမိလိမ့်မယ်။ အန်တီက စိတ်တိုရင်ဘာမှမမြင်တော့ဘူး။ ဖယ်.. ဖယ်"
"ဟယ်.. မမြထွေးရယ်. ကလေးကိုအဲ့လောက်ရိုက်ရလား"
ပိုင့်အမေက သူတို့ကြားပြေး၀င်လာရင်း အမေ့လက်ထဲကတုတ်ကိုလှမ်းဆွဲ၏။ ပိုင်ဟာ လေပြေ့ရှေ့မှာ မတုန်မလှုပ်မားမားမတ်မတ်ရှိနေခဲ့တုန်း။
"သား.. သွား သွား။ ညီလေးကိုခေါ်သွား.. သွား ကလေးလက်မောင်းကိုလဲကြည့်ပါဦး။ အရှိုးရာတွေချည်းဘဲ. ဆေးထည့်ပေးလိုက် သား. သွားကြ"
အမေက လေပြေ့ကိုဒေါသမပြေသေးသလို စူးစိုက်ကြည့်ရင်း အသက်ကိုပြင်းပြင်းရူ၏။ ပိုင့်အမေက အမေ့ကိုအိမ်၀သို့ဆွဲခေါ်ကာထိုင်စေသည်။ပိုင်က လေပြေ့ကိုပုခုံးမှသိုင်းဖက်ရင်း သူတို့အိမ်ဘက်သို့ ခေါ်လာလေသည်။
"မမြထွေးရယ်.. စိတ်လျော့ပါဟယ်။ လေပြေက ရိုက်နှက်ဆုံးမရမယ့်အရွယ်လဲမဟုတ်တော့ဘူး။ အဲ့လိုမျိုး မလုပ်ပါနဲ့အေ"
ပိုင်က လေပြေ့ပုခုံးလေးကိုဖွဖွဆုပ်ကိုင်ထား၏။ ဒီအတိုင်း လေပြေ့ကိုစကားပြောရန်လာခဲ့ပေမယ့် ရင်နာဖွယ်ရာမြင်ကွင်းက သူ့ကိုကြိုဆို၏။ သူ့အမေရဲ့ရိုက်နှက်မှုကို တောင့်တောင့်လေးငြိမ်ခံနေတဲ့ကောင်လေးပုံစံဟာ သူ့မျက်၀န်းထဲကပျောက်ကွယ်မသွား..။
အမှန်ပြောရရင် သူလေပြေ့မိသားစုကိုသိပ်ကြည့်လို့မရပါ. လေပြေ့အမေကို အဆိုးဆုံးဖြစ်သည်။ လေပြေ့ကိုဆက်ဆံတဲ့ပုံတွေဟာ အမေတစ်ယောက်ကသားကိုကြည့်သလို နူးညံ့နှုကင်းမဲ့တယ်။ အမေ့ရဲ့အရိပ်အောက်မှာအပူအပင်ကင်းစွာနေခဲ့ရတဲ့သူ့အတွက် လေပြေ့အမေဟာစိတ်ပျက်ဖွယ်ရာအကောင်းဆုံးအမေတစ်ယောက် လို့ သတ်မှတ်ပစ်ချင်စရာပင်။
... 💜 ...
ကျောပြင်ကိုပါဆေးလိမ်းပေးရမှာမို့ လေပြေ့ကို အပေါ်ထပ်ကသူ့အခန်းဆီကိုဘဲ အရင်ဆုံးခေါ်လာပြီး အသင့်ရှိတဲ့ဆေးအိတ်လေးကိုသွားရှာယူလိုက်၏။ လက်မောင်းသားလေးတွေမှာ နီမြန်းကျန်နေခဲ့သောအရှိုးရာတွေကိုဆေးလူးပေးနေခဲ့တဲ့ သူ့ရင်ဟာနာကျင်မိနေတုန်း။
သို့သော် ကောင်လေးကတော့ တစ်ချက်မှမညည်းညူဘဲ သူ့ကိုငေးကြည့်နေခဲ့၏။
"ဟိုဘက်လှည့်.. ကျောကိုလိမ်းပေးမလို့"
လေပြေကမငြင်းဘဲသူ့ကိုကျောခိုင်းပေး၏။ အင်္ကျီမချွတ်ခိုင်းချင်တော့တာမို့ အင်္ကျီကိုလှန်တင်မိလိုက်တော့ အရာလိုက်စင်းကျနေတဲ့ အရှိုးရာတွေ.. ပိုင်က မျက်နှာတစ်ချက်လွှဲပြီးမှ ပြန်ကြည့်ကာဆေးလိမ်းဖို့ပြင်နိုင်သည်။
တကယ်ခံစားရတာ လေပြေပေမယ့် သူ့ရင်မှာပိုနာကျင်ရသလို. သူ မထိရက်မကိုင်ရက်ဖြစ်ရတဲ့ကောင်လေးကို ဒဏ်ရာဒဏ်ချက်တွေနဲ့သူတွဲမကြည့်ရက်..။
ကျောပြင်နုနုလေးကို ဆေးလူးပေးနေရင်းမှ ပုခုံးစွန်းနောက်ဘက်က မှဲ့ညိုလေးထင်းနေခဲ့တာကို သတိထားမိ၏။ မဆီမဆိုင် လက်ကထိုမှဲ့လေးကို သွားထိကိုင်မိခိုက် တံခါးခေါက်သံကြားရတာမို့ လက်ကိုပြန်ရုတ်ရင်း လေပြေ့အင်္ကျီကိုဆွဲချပေးလိုက်သည်။
"အမေ.. ၀င်လာပြီနော်"
"ဟုတ် အမေ"
"သက်သာလား လေပြေ.. အရမ်းနာနေသေးလား။ သားအမေလဲ စိတ်မကောင်းဖြစ်နေပါတယ်ကွယ်"
လေပြေက နှုတ်ခမ်းစွန်းလေးမဲ့ကွေးမိ၏။ အမေဟာ လေပြေ့ကိုရိုက်ပြီးရင် နောင်တရတတ်သူမဟုတ်ပါ။ လေပြေ့ကိုရိုက်ပြီးတိုင်း အကို့ကိုတိုင်ကာ ထပ်ရိုက်စေသူသာဖြစ်သည်။
"သား.. မင်းခဏအပြင်ထွက်ပါလားကွယ်။ အမေ လေပြေနဲ့စကားပြောချင်လို့"
"ဟုတ် အမေ"
ပိုင်ကဆေးသေတ္တာအသေးလေးကိုဆွဲယူရင်း ပြန်ထွက်သွား၏။ ပိုင့်အမေက လေပြေ့နားလာထိုင်ရင်း လေပြေ့လက်မောင်းလေးတွေကို ခပ်ဖွဖွကိုင်ပြီး သနားနေဟန်ကြည့်ကာ
"အန်တီ ကြားခဲ့ပါတယ်"
လေပြေ ရှက်သွားမိတာ အမှန်. ဒီလိုကိစ္စကိုတော့ အန်တီကို အမေပြန်မပြောပြသင့်လို့ထင်၏။ သူ့သားပိုင်နဲ့အတူတူရှိနေခွင့်ပေးခဲ့တဲ့အတွက် အန်တီနောင်တရနေခဲ့ပြီထင်ပါရဲ့။
"ကျွန်တော် တောင်းပန်ပါတယ်"
"ဟယ်.. ဘာတောင်းပန်စရာရှိလဲ သားရယ်။ မတောင်းပန်ပါနဲ့. အန်တီရိပ်မိပါတယ်။ သားအမေကိုလဲ စိတ်မဆိုးပါနဲ့လေ။ အန်တီက သားနဲ့ပိုင့်အကြောင်းကိုလဲ အစကတည်းကရိပ်မိပြီးသားပါ"
လေပြေက အန်တီကို အံ့ဩစွာကြည့်နေမိ၏။ အန်တီက လေပြေ့ကိုအချိုသာဆုံး ခပ်အေးအေးပြုံးပြရင်း
"မနေ့ညက သားနဲ့ပိုင် ရန်ဖြစ်ကြသေးတယ်မလား။ အန်တီတစ်စွန်းတစ်စတော့ကြားပါတယ်"
"ဟို.. အကို့ကိုမဆူပါနဲ့. ကျွန်တော့်ကြောင့်.."
"မဆူပါဘူး ကလေးရယ်. တကယ်တော့ သားပိုင်အကြောင်းကို အန်တီရိပ်မိပြီးသားပါ။ သားကို အန်တီကအရိပ်တကြည့်ကြည့် ကြည့်ခဲ့တဲ့သူပါကွယ်။ အန်တီ့သားအကြောင်း အန်တီသိတာပေါ့"
လေပြေဟာ အမေနဲ့အန်တီကိုယှဉ်တွဲကြည့်ကာ ရင်ထဲ၀မ်းနည်းစိတ်လေး၀င်လာရသည်။ အမေဟာ အန်တီချစ်တတ်တာရဲ့နည်းနည်းလေးလောက်ဘဲဖြစ်ဖြစ် ချစ်တတ်ရင်ကောင်းမှာဘဲ။ ဒါပေမယ့်လေ အမေဟာ အကိုနဲ့အငယ်မလေးကိုကျ သဲသဲလှုပ်ချစ်တာပါဘဲ။
"စိတ်မကောင်းဖြစ်နေလား သား. မဖြစ်ပါနဲ့ သားကိုလဲ အန်တီသားလေးတစ်ယောက်လိုဘဲချစ်ပြီးသားပါ။ ဒါပေမယ့် သားရယ် အန်တီတောင်းဆိုချင်တာ အန်တီသားလေးကိုတော့ စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့လားကွယ်"
ဟိုတလောက လေပြေ့ကိုသွားကြိုရန်ထွက်သွားပြီး ပြန်လာချိန်မှာညိုးငယ်လာသောသားမျက်နှာလေးကိုပြန်မြင်ယောင်ပြီး ခပ်ညည်းညည်းပြောမိ၏။ သားနဲ့လေပြေကြား ဘာဖြစ်ခဲ့လဲမသိပေမဲ့ သားက လေပြေလာမေးရင် အိပ်နေတယ် လို့ပြောပေးဖို့ပြောကာ အိမ်ပေါ်ထပ်သို့တက်သွားခဲ့သည်။
တံခါးသွားခေါက်ပြီးလိုက်မေးတာတောင် သားဟာသူမကိုစကားပြန်မဆိုခဲ့ချေ။ ဖတဆိုးသားလေးမို့ သူမသားလေးကို သိပ်ချစ်ပါတယ်။ လိမ္မာလွန်းတဲ့သားလေးမို့ လိုသမျှလိုက်လျောပေးလောက်တဲ့အထိ အချစ်ပိုခဲ့ပြီးသား။
သို့သော် လေပြေနဲ့ခွန်ပြည့်ဆိုသောကလေးရဲ့ကိစ္စကြောင့် သားဒီလိုဖြစ်နေခဲ့မှန်း မမြထွေးပြောမှသိခဲ့ရခြင်း. သားကိုစိတ်ချမ်းသာအောင်ထားချင်သောသူမမှာလဲ သားနဲ့ထပ်တူစိတ်မကောင်းဖြစ်ခဲ့ရသည်။
"ကျွန်တော် တောင်းပန်ပါတယ်"
"အန်တီလဲတောင်းပန်ပါတယ်..အန်တီသားက ဖတဆိုးလေးပါ။ တစ်ဦးတည်းသောသားလေးမို့ အထီးလဲကျန်လွန်းရှာပါတယ်။ သားဘက်က အန်တီသားကိုစိတ်ချမ်းသာအောင်မထားပေးနိုင်ဘူးဆို အချိန်မလွန်ခင်သားနဲ့ဝေးဝေးနေပေးလို့ရမလား ကလေးရယ်"
အန်တီဟာ အလိမ္မာနဲ့ ပိုင့်ဘေးနားက လေပြေ့ကိုပထုတ်တာဘဲလို့ လေပြေတွေးမိသလို.. ရွဲ့ပစ်ချင်စိတ်လေးလဲ၀င်လာရသည်။ ယောင်္ကျားလေးချင်းကြိုက်တဲ့လူမှန်းသိတာနဲ့ သူ့သားဘေးကမောင်းထုတ်တော့တာပါဘဲလား လို့ နာနာကျည်းကျည်းလေးတွေးပစ်လိုက်၏။
"အဟင်း.. မောင်းထုတ်တာလားဗျ။ အန်တီလေးကရော ကျွန်တော်ကယောင်္ကျားလေးချင်းကြိုက်တဲ့လူမို့ အကို့နားထားဖို့စိတ်မချတော့လို့လားဗျ"
"ဟယ်.. အဲ့လိုတော့ မပြောပါနဲ့ ကလေးရယ်.. အန်တီ သားကို အဲ့လိုမတွေးပါဘူး။ အန်တီပြောချင်တာကလေ."
"ရတယ် အန်တီ. ကျွန်တော်သွားပါ့မယ်ဗျ။ အမေတောင်စိတ်ပျက်မှတော့ သူစိမ်းစိတ်ပျက်တာကို ကျွန်တော်မမှုပါဘူး။ ကျွန်တော့်ကိုဂရုစိုက်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်။ ကျေးဇူးကန်းသလိုဖြစ်သွားခဲ့တယ်ဆိုလဲ တောင်းပန်ပါတယ်ဗျ။ ကျွန်တော့်ကိုသွားခွင့်ပြုပါဦး"
"သားရယ်.. အန်တီ့ကိုအထင်မလွဲပါနဲ့ကွယ်"
ဖျက်ခနဲထထွက်သွားတဲ့ကလေးကိုကြည့်ရင်း သူမစိတ်မကောင်းစွာဆိုမိ၏။ တစ်မိသားစုလုံးကပစ်ပယ်ခံရတဲ့ကလေးကို တမင်သက်သက်ခေါ်ပြီး ထပ်စွန့်ပစ်လိုက်သလိုဖြစ်သွားလား။ တစ်ဖက်က သားအရင်း. တစ်ဖက်ကလဲ သားအရင်းလေးကဲ့သို့ချစ်ရတဲ့ကလေးဘဲဖြစ်သည်။
သို့သော် လူဆိုတာမျိုးက သွေးကသာအဓိကဆိုသလို သားဇောနဲ့ပြောမိပြောရာပြောမိသွားတယ်။ ထိုထက်ဆိုးတာဟာ လေပြေဟာ သူမပြောတဲ့စကားကို အထင်အမြင်လွဲမှားသွားခဲ့ခြင်း။
သူမရဲ့သဘောရိုးအမှန်က လူငယ်ပီပီ သားနဲ့လေပြေချစ်ကြတယ်ဆို သူမသဘောတူနိုင်၏။ သို့သော် သားကချည်း ပိုင်ရှင်ရှိပြီးသားလေပြေ့ကို မရမကသဘောကျမိနေတဲ့အဖြစ်ကို မဖြစ်စေလိုခြင်းသက်သက်သာ..။
အကယ်၍ လေပြေကသာ သားကိုရွေးချယ်မယ်ဆိုပါကမူ ၀မ်းမြောက်စွာလိုက်လျောပေးမိမှာ သူမရဲ့စေတနာအမှန်...။
... 💜 ...
"လေပြေ.. လေပြေ ဘယ်သွားမို့လဲ"
အိမ်ပေါ်ကပြေးဆင်းလာတဲ့ကောင်လေးရဲ့လက်ကို သူအလောတကြီးလှမ်းဆွဲမိ၏။ မျက်ရည်စလေးတွေတွဲခိုနေတဲ့ကောင်လေးရဲ့မျက်၀န်းတွေက သူ့ကိုဖျက်ခနဲမော့ကြည့်လာပေမဲ့ ချက်ချင်းလွှဲကာ သူ့လက်ထဲမှအတင်းရုန်းကန်နေပြန်တာမို့
"ဘာဖြစ်လို့လဲ.. အမေ ဘာပြောလို့လဲ"
"အန်တီဘာမှမပြောပါဘူး. မဟုတ်ဘူး အန်တီကမှန်တာပြောတာပါ။ ဘာဘဲဖြစ်ဖြစ် အကိုနဲ့ကျွန်တော်ကလဲ ညကတည်းကပြောစရာစကားကုန်သွားပြီ။ ကျွန်တော့်ကိုလွှတ်ပေးပါတော့"
"အမေက ဘာပြောတာလဲ လေပြေ"
"သိပြီးတော့ရော ဘာလုပ်ချင်သေးလို့လဲ။ အကိုရယ်၊ ကျွန်တော်ရယ် ညကဘာပြောပြီးပြီလဲက ပိုအရေးကြီးတာပါ။ ပြီးပြီလေ.. ဘာမှဆက်စရာမလိုတော့ဘူး။ အကိုနဲ့ကျွန်တော်က အခုသူစိမ်းဘဲ"
သူစိမ်း..။ ပိုင်က လေပြေ့လက်တွေကို ပိုတင်းကြပ်စွာဆုပ်ကိုင်လိုက်မိ၏။ သူစိမ်းတဲ့လား.. ဒါဟာ လေပြေနဲ့သူရဲ့ဆက်ဆံရေးမှာ သူမကြားချင်ဆုံးစကားဘဲ။
"ဘယ်သူ့သဘောနဲ့သူစိမ်းလဲ လေပြေ"
"နှစ်ဦးသဘောတူပေါ့ဗျာ. မဟုတ်ဘူးလား"
"ဟား. ငါ မင်းရဲ့သူစိမ်းမဖြစ်ချင်ဘူး လေပြေ. မင်းညကပြောတဲ့ကိစ္စကို ငါသဘောတူတယ်"
လေပြေက ရုန်းကန်နေရာမှ ငြိမ်သက်သွားရင် ပိုင့်ကိုမော့ကြည့်မိ၏။ ပိုင်ဟာ တခါမှမပြုံးဖူးခဲ့သာ မဲ့ပြုံးကိုပိုင်နိုင်စွာ ခပ်ရဲရဲပြုံးသည်။
"အံ့ဩတယ်လား လေပြေ။ မင်း ငါ့ကိုကောင်းကောင်းကြီးပြောင်းလဲနိုင်ခဲ့တာဘဲ. စိတ်ချ မင်းအလိုကျ လူမှုရေးဖောက်ပြန်တဲ့ကောင် ဖြစ်ပေးမယ်"
"ဟင့်အင်း"
"ဟား ဟား မငြင်းနဲ့. အဲ့လောက်စိတ်အပြောင်းအလဲမမြန်နဲ့ လေပြေ။ ခုချိန်ကစပြီး ငါက မင်းရဲ့နောက်တစ်ယောက်ဖြစ်ပေးမယ်။ မင်းရဲ့မောင်ဆိုတဲ့ကောင်ပြီးမှလာတဲ့ ဒုတိယမြောက်မင်းချစ်သူပေါ့"
လေပြေဟာ ပထမဆုံးအကြိမ် ပိုင့်ကိုကြောက်လာမိသည်။ မောင့်ကိုကြောက်မိတဲ့အကြောက်တရားမျိုးနဲ့မတူအောင် သွေးကြောတစ်လျှောက်ခြောက်ခြားစွာကြောက်စိတ်၀င်လာခဲ့မိသည်။ ပိုင်ဟာ လေပြေ့ရဲ့မျက်နှာရှေ့ကို သူ့မျက်နှာ့ကိုပိုငုံ့မိုးကာတိုးကပ်လာကာ ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း
"အင်း. ဒုတိယမြောက်တော့ ဒုတိယမြောက်ပေါ့။ ဒါပေမယ့် မင်းလက်ထပ်ယူကို ယူရမယ့်ဒုတိယမြောက်ကောင်ပေါ့ကွာ. အဟက်! မမေ့နဲ့ လေပြေ။ ငါ့ကမ္ဘာထဲ၀င်လာပြီးတဲ့မင်းကိုလေ ငါဘယ်တော့မှပြန်ထွက်သွားခွင့်မပြုတော့ဘူး"
ထို့နောက် လေပြေ့နားစပ်ကိုနမ်းလာတဲ့အနမ်းကြောင့် လေပြေ့ကိုယ်လေးပင်တုန်သွားကာ ပိုင့်ကိုစောင့်တွန်းရင်းနောက်ဆုတ်လိုက်မိ၏။
"မင်းကစားချင်တိုင်းကစားလို့ရတဲ့ကောင်မဟုတ်တော့လို့ ကြောက်သွားလား လေပြေ. မကြောက်ပါနဲ့ ငါမင်းကိုပျော်အောင်ထားမှာပါ။ ပြီးတော့ ငါချစ်ပေးရတာနဲ့တန်အောင်လဲ မင်းကိုမရရအောင်ယူမယ်ဆိုတာကို မင်းရင်ထဲမှာစွဲနေအောင်မှတ်ထားလိုက် ကြားလား"
ပိုင်က ဆိုဖာခုံပေါ်ခပ်လျော့လျော့လေးထိုင်ချရင်း သူ့နှုတ်ခမ်းကိုလက်ဖြင့်သပ်ရင်း ဟက်ဟက်ပက်ပက်ရယ်မောနေခဲ့ပြန်သည်။
လေပြေဟာ သူတခါမှမမြင်ဖူးခဲ့တဲ့ ပိုင့်ပုံစံကို ကြောက်ရွံ့စွာ ငေးကြည့်နေခဲ့မိ၏။
ထိုနေ့မှစ၍ ပိုင့်ကိုကစားဖို့ရွယ်ခဲ့သောလေပြေဟာ ပိုင့်ရဲ့လှည့်ကွက်တွေအောက် အလဲလဲ၊အပြိုပြိုကျရောက်ခဲ့ရလေသည်။
#Unicode
ထမင္းဟင္းအိုးေတြက ခုံေလးေပၚတြင္စီရီစြာေနရာယူေနခဲ့၏။ ေလေျပက ပန္းကန္ေတြကို သူ႕ေနရာနဲ႔သူခ်ေပးေနရင္း တဝါးဝါးသမ္းေနမိသည္။ မေန႔ညက ပိုင္နဲ႔ေသာင္းက်န္းခဲ့ၿပီးတာမို႔ မနက္မိုးလင္းေတာ့အန္တီေလးႏိုးတာနဲ႔ခ်က္ခ်င္းအိမ္ဘက္ကူးလာခဲ့ျခင္း။
"ေလေျပ လာဦး"
"ဟုတ္ကဲ့"
ခုံတစ္ခုတြင္ မုန္႔ဟင္းခါးစားေနေသာအေမ့နားသို႔ ေလေျပသြားထိုင္လိုက္၏။
"မင္းမလဲ.. အၿမဲအိပ္ခ်င္ေနတာဘဲ။ ဒီလိုပုံစံနဲ႔အလုပ္ဘယ္လိုလုပ္စားမွာတုန္း။ အံ့ဩပါရဲ႕ေတာ္"
"...
"ေျပာလိုက္ရင္ မထုံတက္ေတးနဲ႔. ၿပီးရင္မဟုတ္တာတန္းလုပ္ေရာ။ ေျပာစမ္းပါဦး မင္းနဲ႔ဟိုဂ်စ္ကန္ကန္ေကာင္ေလးက ဘာေတြတုန္း"
ေလေျပက ေဘာင္းဘီစေလးကိုဆုပ္ကိုင္လိုက္မိ၏။ ဝိုင္းစက္သြားေသာေလေျပ့မ်က္၀န္းေတြကိုၾကည့္ၿပီး အေမကခပ္မဲ့မဲ့ျပဳံးရင္း
"ေမးရင္ေျဖေနာ္ ေလေျပ. မင္းအကိုသိသြားရင္ ဟိုကေသေအာင္႐ိုက္သတ္ေနမယ္"
အကိုဟာ ေလေျပ့ငယ္စဥ္က မၾကာခဏ႐ိုက္ႏွက္တတ္ေသးသည္။ ဆုံးမတာလို႔ေျပာေပမဲ့ ႏွိပ္စက္တာဘဲလို႔ ေလေျပခံစားခဲ့ရသည္။
"ေျဖေလ"
"သူ.. သူငယ္ခ်င္းပါ အေမ"
"ငါက နင့္ကိုေမြးထားတဲ့အေမပါဟယ္. နင္ဘယ္ေျခလွမ္းလွမ္းလဲ ငါသိတယ္။ ေအး တစ္ခုေတာ့ေျပာထားမယ္.. ငါ့ကိုသိကၡာခ်ဖို႔မစဥ္းစားနဲ႔။ အလုပ္ေလးဘာေလး႐ွာၿပီး အိမ္ကိုေထာက္ဖို႔စဥ္းစားဦး။ နင္တို႔ကိုေက်ာင္းထားရတာနဲ႔ အေႂကြးလည္ပင္းနစ္ေနၿပီ"
"ကြၽန္ေတာ္ အလုပ္႐ွာမွာပါ"
"အမေလး. ေက်းဇူးႀကီးပါ့ ေမာင္မင္းႀကီးသားရယ္။ ေအး က်န္တာကေတာ့ ငါ့ကိုဘယ္လိုထင္ထင္ ငါေျပာရမွာဘဲ။ ငါတို႔မိသားစုသိကၡာမက်ေအာင္ မိန္းမဘဲယူဖို႔စဥ္းစားထား ၾကားလား"
ေလေျပက အေမ့ကိုမေျပာစဖူးျပန္ေျပာခ်င္လာ၏။ ေယာက်ၤားျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္ သူခ်စ္တဲ့လူျဖစ္ဖို႔က အဓိကမဟုတ္ဘူးလား။ သူ ေပ်ာ္႐ြင္ဖို႔အဓိကမဟုတ္ပါလား။ ဘာေၾကာင့္မ်ား သူဟာမိသားစုသိကၡာဆိုတာႀကီးအတြက္ သူစိတ္မ၀င္စားတဲ့လိင္ကို အတင္းယူသင့္တာပါလဲ။
"ကြၽန္ေတာ္ခ်စ္တာ ေယာက်ၤားေလးဆိုရင္ေရာ"
"ဟယ္.. မင္း ဘာစကားေျပာတာတုန္း ေလေျပ။ ႐ြံ႕ဖို႔ေကာင္းလိုက္တာေအ"
"ဘာကလဲ အေမ. လူလူခ်င္းခ်စ္တာ ဘာက႐ြံ႕ဖို႔ေကာင္းတာလဲ"
"ဟဲ့.. ဘာကေနရမွာလဲ။ မင္းေရာဂါကူးၿပီး ေသခ်င္လို႔လား"
ေလေျပဟာ ပထမဆုံးအႀကိမ္ အေမ့ကိုစိတ္ပ်က္စြာေငးၾကည့္မိ၏။ အဲ့ေလာက္ေတာင္နိမ့္က်လား.. လူႏွစ္ေယာက္ခ်စ္မိတဲ့ကိစၥမွာ ႏွစ္ေယာက္လုံးေယာက်ၤားျဖစ္ေန႐ုံနဲ႔ အဲ့ေလာက္ထိႏွိမ့္ခ်ေတြးပစ္မွရမွာလား။
"မင္း ငါ့ကိုအဲ့လိုမၾကည့္နဲ႔ ေလေျပ.. ငါက မင္းကိုေကာင္းေစခ်င္လို႔ဆုံးမတာ။ ေအး.. အဲ့လိုမွမရဘူးဆိုလဲ မင္းသေဘာေပါ့။ ပတ္၀န္းက်င္က ခ်ီးမႊန္းခုႏွစ္ရက္၊ ကဲ့ရဲ႕ခုႏွစ္ရက္မို႔ ငါကေျဖလို႔ရတယ္။ ေရာဂါျဖစ္ၿပီးေသေတာ့လဲ မင္းထိုက္နဲ႔မင္းကံေပါ့"
"ဘာေရာဂါမွျဖစ္စရာအေၾကာင္းမ႐ွိပါဘူး အေမ"
"ဟယ္.. တခြန္းမက်န္ျပန္ခံေျပာေနပါ့လား။ ေနဦး. မင္းကို မင္းအကိုနဲ႔ကိုတိုင္မွကိုရမွာ။ အမွားလုပ္ထားၿပီးေလသံကတစ္ျပားသားမွမေလ်ာ့တဲ့ၿဂိဳလ္ေကာင္ေလး"
ေလေျပက ၿငိမ္သက္သြားမိ၏။ အေမဟာ သူ႕ကိုခ်စ္လို႔ဆိုတာထက္ မိသားစုအ႐ွက္ရမွာစိုးလို႔ဆူတယ္။ ကိုႀကီးသိေတာ့ေရာ. ကိုႀကီးက သူ႕ကိုႏွိပ္စက္႐ုံေပါ့။ ညီေလးတစ္ေယာက္ကိုလမ္းမွန္ေရာက္ေစခ်င္လို႔ဆိုတဲ့စိတ္ ကိုႀကီးမွာမ႐ွိပါဘူး။ ၿပီးေတာ့ သူဟာ လမ္းမွားေရာက္ေနသူမဟုတ္..။
ေယာက်ၤားေလးတစ္ေယာက္ကိုခ်စ္မိတာဟာ လမ္းမွားေရာက္ေနတာမွမဟုတ္ဘဲ.. ခြန္ျပည့္လိုလူ႐ႈပ္ေလးကိုခ်စ္မိတာကေတာ့ လမ္းမွားျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သူေမာင့္ကို မစြန္႔လႊတ္ႏိုင္. မွားတယ္ဆိုရင္ေတာင္ ေမာင္ဟာသူလိုလိုလားလားဖက္တြယ္ခဲ့တဲ့အမွားေလးျဖစ္တယ္။
"ေယာက်ၤားေလးကိုခ်စ္ေတာ့ေရာ ဘာေတြမွားလို႔လဲ အေမ။ အေမကိုႀကီးကိုတိုင္လဲ ကိုႀကီးကကြၽန္ေတာ့္ကိုႏွိပ္စက္႐ုံကလြဲလို႔ ဘာမွမေျပာင္းလဲသြားဘူး။ ကြၽန္ေတာ္က ဒီတိုင္းဘဲျဖစ္ေနမွာဘဲ။ အေမလဲကြၽန္ေတာ္ကိုခ်စ္တာမဟုတ္ပါဘူး။ ဒီတိုင္း ကြၽန္ေတာ္အလုပ္ထြက္လုပ္ၿပီး အေမ့ကိုပိုက္ဆံ႐ွာေပးမယ္။ အဲ့တာဆို ရၿပီမလား။ က်န္တာ ကြၽန္ေတာ့္ဘ၀နဲ႔ကြၽန္ေတာ္ေနပါရေစလား"
"ဟယ္.. နင္ ငါ့ကိုအဲ့လိုေလသံနဲ႔တခါမွျပန္မေျပာရဲပါဘူး။ ဘယ္ကသတၱိေတြရလာတာလဲဟမ္။ ေတေဘဂ်ပိုးေကာင္ေတြနဲ႔ေပါင္းၿပီးအက်င့္ေကာင္းေတြတက္ေနတယ္ဟုတ္လား။ နင့္ကိုနင့္အကိုနဲ႔မတိုင္ဘူး။ ငါ ကိုယ္တိုင္သတ္မယ္"
အေမက ေဒါသျဖင့္ေအာ္ရင္းမွ ဘယ္တုန္းကဖြက္ထားမွန္းမသိတဲ့တုတ္လွမ္းဆြဲ၏။ ႏွိပ္စက္ျခင္းေတြနဲ႔ေနသားက်ေနတဲ့ေလေျပဟာ မတုန္မလႈပ္႐ွိေနခဲ့တုန္း..။
ျဖန္း..ျဖန္း.. ျဖန္း။
အဆက္မျပတ္က်လာတဲ့အေမ့တုတ္သံဟာ ေလေျပ့ေက်ာျပင္တစ္ေလွ်ာက္မွာပူ႐ွိန္းလို႔ေနခဲ့၏။ မေန႔ညကငိုထားရလြန္း၍ ေလေျပဟာမ်က္ရည္တစ္စက္ကေလးမွမက်။ မ်က္လုံးထဲမွာေတာ့ မေန႔ညကေမာင့္ပုံရိပ္ေတြအထပ္ထပ္၀င္ေရာက္လာမိသည္။
ေက်ာျပင္ကဒဏ္ရာထပ္ ေမာင္ေပးတဲ့ဒဏ္ရာကပိုနာတယ္။ ေမာင္ကသတၱိေတြေပးလို႔ ငါကအေမ့ကိုျပန္ခံေျပာတယ္လို႔ အေမကထင္တယ္ေမာင္။ တကယ္ေတာ့ ေမာင္ေပးတဲ့ဒဏ္ရာေတြက ထုံက်င္လြန္းလို႔ ဘယ္နာက်င္မႈကိုမွ ငါဂ႐ုမစိုက္ခ်င္ေတာ့႐ုံပါ..။
"အန္တီ.. အန္တီေတာ္ပါေတာ့ဗ်ာ"
႐ုတ္တရက္ၾကားရတဲ့အသံနဲ႔အတူ ေလေျပ့ကိုယ္ေလးတစ္စုံတစ္ေယာက္ရဲ႕ေနာက္ေက်ာသို႔ ကာကြယ္ခံလိုက္ရ၏။ ဒါဟာ အေဖလုပ္ေပးေနက်အမူအရာျဖစ္ေပမဲ့.. ယခုက ပိုင္ျဖစ္ေနခဲ့သည္။ ေလေျပဟာ ပိုင့္ေက်ာျပင္ေလးကိုျမင္မွ ငိုခ်ပစ္ခ်င္သလိုျဖစ္လာ၏။
ပိုင္ဟာ ေလေျပ့ရဲ႕အားငယ္မႈ၊ သိမ္ငယ္မႈ. ေလေျပ့ရဲ႕Dark Sideမွန္သမွ်ကို ပြင့္လင္းစြာခ်ျပရင္း အားရပါးရငိုေႂကြးႏိုင္တဲ့ရင္ခြင္ငယ္တစ္ခုျဖစ္သည္။
"ဖယ္.. ပိုင္ ဒီေကာင္ေလး ေစာက္ေၾကာတင္းေနတာ၊ အေသသတ္မွရမွာ။ လက္နဲ႔ေဝးလို႔ ေဇာင္းႂကြေနတာ"
"မလုပ္ပါနဲ႔ေတာ့.. အန္တီရယ္။ သားေတာင္းပန္ပါတယ္"
"ဖယ္.. သားရယ္ မင္းကိုပါထိမိလိမ့္မယ္။ အန္တီက စိတ္တိုရင္ဘာမွမျမင္ေတာ့ဘူး။ ဖယ္.. ဖယ္"
"ဟယ္.. မျမေထြးရယ္. ကေလးကိုအဲ့ေလာက္႐ိုက္ရလား"
ပိုင့္အေမက သူတို႔ၾကားေျပး၀င္လာရင္း အေမ့လက္ထဲကတုတ္ကိုလွမ္းဆြဲ၏။ ပိုင္ဟာ ေလေျပ့ေ႐ွ႕မွာ မတုန္မလႈပ္မားမားမတ္မတ္႐ွိေနခဲ့တုန္း။
"သား.. သြား သြား။ ညီေလးကိုေခၚသြား.. သြား ကေလးလက္ေမာင္းကိုလဲၾကည့္ပါဦး။ အ႐ိႈးရာေတြခ်ည္းဘဲ. ေဆးထည့္ေပးလိုက္ သား. သြားၾက"
အေမက ေလေျပ့ကိုေဒါသမေျပေသးသလို စူးစိုက္ၾကည့္ရင္း အသက္ကိုျပင္းျပင္း႐ူ၏။ ပိုင့္အေမက အေမ့ကိုအိမ္၀သို႔ဆြဲေခၚကာထိုင္ေစသည္။ပိုင္က ေလေျပ့ကိုပုခုံးမွသိုင္းဖက္ရင္း သူတို႔အိမ္ဘက္သို႔ ေခၚလာေလသည္။
"မျမေထြးရယ္.. စိတ္ေလ်ာ့ပါဟယ္။ ေလေျပက ႐ိုက္ႏွက္ဆုံးမရမယ့္အ႐ြယ္လဲမဟုတ္ေတာ့ဘူး။ အဲ့လိုမ်ိဳး မလုပ္ပါနဲ႔ေအ"
ပိုင္က ေလေျပ့ပုခုံးေလးကိုဖြဖြဆုပ္ကိုင္ထား၏။ ဒီအတိုင္း ေလေျပ့ကိုစကားေျပာရန္လာခဲ့ေပမယ့္ ရင္နာဖြယ္ရာျမင္ကြင္းက သူ႕ကိုႀကိဳဆို၏။ သူ႕အေမရဲ႕႐ိုက္ႏွက္မႈကို ေတာင့္ေတာင့္ေလးၿငိမ္ခံေနတဲ့ေကာင္ေလးပုံစံဟာ သူ႕မ်က္၀န္းထဲကေပ်ာက္ကြယ္မသြား..။
အမွန္ေျပာရရင္ သူေလေျပ့မိသားစုကိုသိပ္ၾကည့္လို႔မရပါ. ေလေျပ့အေမကို အဆိုးဆုံးျဖစ္သည္။ ေလေျပ့ကိုဆက္ဆံတဲ့ပုံေတြဟာ အေမတစ္ေယာက္ကသားကိုၾကည့္သလို ႏူးညံ့ႏႈကင္းမဲ့တယ္။ အေမ့ရဲ႕အရိပ္ေအာက္မွာအပူအပင္ကင္းစြာေနခဲ့ရတဲ့သူ႕အတြက္ ေလေျပ့အေမဟာစိတ္ပ်က္ဖြယ္ရာအေကာင္းဆုံးအေမတစ္ေယာက္ လို႔ သတ္မွတ္ပစ္ခ်င္စရာပင္။
... 💜 ...
ေက်ာျပင္ကိုပါေဆးလိမ္းေပးရမွာမို႔ ေလေျပ့ကို အေပၚထပ္ကသူ႕အခန္းဆီကိုဘဲ အရင္ဆုံးေခၚလာၿပီး အသင့္႐ွိတဲ့ေဆးအိတ္ေလးကိုသြား႐ွာယူလိုက္၏။ လက္ေမာင္းသားေလးေတြမွာ နီျမန္းက်န္ေနခဲ့ေသာအ႐ိႈးရာေတြကိုေဆးလူးေပးေနခဲ့တဲ့ သူ႕ရင္ဟာနာက်င္မိေနတုန္း။
သို႔ေသာ္ ေကာင္ေလးကေတာ့ တစ္ခ်က္မွမညည္းညဴဘဲ သူ႕ကိုေငးၾကည့္ေနခဲ့၏။
"ဟိုဘက္လွည့္.. ေက်ာကိုလိမ္းေပးမလို႔"
ေလေျပကမျငင္းဘဲသူ႕ကိုေက်ာခိုင္းေပး၏။ အက်ႌမခြၽတ္ခိုင္းခ်င္ေတာ့တာမို႔ အက်ႌကိုလွန္တင္မိလိုက္ေတာ့ အရာလိုက္စင္းက်ေနတဲ့ အ႐ိႈးရာေတြ.. ပိုင္က မ်က္ႏွာတစ္ခ်က္လႊဲၿပီးမွ ျပန္ၾကည့္ကာေဆးလိမ္းဖို႔ျပင္ႏိုင္သည္။
တကယ္ခံစားရတာ ေလေျပေပမယ့္ သူ႕ရင္မွာပိုနာက်င္ရသလို. သူ မထိရက္မကိုင္ရက္ျဖစ္ရတဲ့ေကာင္ေလးကို ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔သူတြဲမၾကည့္ရက္..။
ေက်ာျပင္ႏုႏုေလးကို ေဆးလူးေပးေနရင္းမွ ပုခုံးစြန္းေနာက္ဘက္က မွဲ႔ညိဳေလးထင္းေနခဲ့တာကို သတိထားမိ၏။ မဆီမဆိုင္ လက္ကထိုမွဲ႔ေလးကို သြားထိကိုင္မိခိုက္ တံခါးေခါက္သံၾကားရတာမို႔ လက္ကိုျပန္႐ုတ္ရင္း ေလေျပ့အက်ႌကိုဆြဲခ်ေပးလိုက္သည္။
"အေမ.. ၀င္လာၿပီေနာ္"
"ဟုတ္ အေမ"
"သက္သာလား ေလေျပ.. အရမ္းနာေနေသးလား။ သားအေမလဲ စိတ္မေကာင္းျဖစ္ေနပါတယ္ကြယ္"
ေလေျပက ႏႈတ္ခမ္းစြန္းေလးမဲ့ေကြးမိ၏။ အေမဟာ ေလေျပ့ကို႐ိုက္ၿပီးရင္ ေနာင္တရတတ္သူမဟုတ္ပါ။ ေလေျပ့ကို႐ိုက္ၿပီးတိုင္း အကို႔ကိုတိုင္ကာ ထပ္႐ိုက္ေစသူသာျဖစ္သည္။
"သား.. မင္းခဏအျပင္ထြက္ပါလားကြယ္။ အေမ ေလေျပနဲ႔စကားေျပာခ်င္လို႔"
"ဟုတ္ အေမ"
ပိုင္ကေဆးေသတၱာအေသးေလးကိုဆြဲယူရင္း ျပန္ထြက္သြား၏။ ပိုင့္အေမက ေလေျပ့နားလာထိုင္ရင္း ေလေျပ့လက္ေမာင္းေလးေတြကို ခပ္ဖြဖြကိုင္ၿပီး သနားေနဟန္ၾကည့္ကာ
"အန္တီ ၾကားခဲ့ပါတယ္"
ေလေျပ ႐ွက္သြားမိတာ အမွန္. ဒီလိုကိစၥကိုေတာ့ အန္တီကို အေမျပန္မေျပာျပသင့္လို႔ထင္၏။ သူ႕သားပိုင္နဲ႔အတူတူ႐ွိေနခြင့္ေပးခဲ့တဲ့အတြက္ အန္တီေနာင္တရေနခဲ့ၿပီထင္ပါရဲ႕။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"
"ဟယ္.. ဘာေတာင္းပန္စရာ႐ွိလဲ သားရယ္။ မေတာင္းပန္ပါနဲ႔. အန္တီရိပ္မိပါတယ္။ သားအေမကိုလဲ စိတ္မဆိုးပါနဲ႔ေလ။ အန္တီက သားနဲ႔ပိုင့္အေၾကာင္းကိုလဲ အစကတည္းကရိပ္မိၿပီးသားပါ"
ေလေျပက အန္တီကို အံ့ဩစြာၾကည့္ေနမိ၏။ အန္တီက ေလေျပ့ကိုအခ်ိဳသာဆုံး ခပ္ေအးေအးျပဳံးျပရင္း
"မေန႔ညက သားနဲ႔ပိုင္ ရန္ျဖစ္ၾကေသးတယ္မလား။ အန္တီတစ္စြန္းတစ္စေတာ့ၾကားပါတယ္"
"ဟို.. အကို႔ကိုမဆူပါနဲ႔. ကြၽန္ေတာ့္ေၾကာင့္.."
"မဆူပါဘူး ကေလးရယ္. တကယ္ေတာ့ သားပိုင္အေၾကာင္းကို အန္တီရိပ္မိၿပီးသားပါ။ သားကို အန္တီကအရိပ္တၾကည့္ၾကည့္ ၾကည့္ခဲ့တဲ့သူပါကြယ္။ အန္တီ့သားအေၾကာင္း အန္တီသိတာေပါ့"
ေလေျပဟာ အေမနဲ႔အန္တီကိုယွဥ္တြဲၾကည့္ကာ ရင္ထဲ၀မ္းနည္းစိတ္ေလး၀င္လာရသည္။ အေမဟာ အန္တီခ်စ္တတ္တာရဲ႕နည္းနည္းေလးေလာက္ဘဲျဖစ္ျဖစ္ ခ်စ္တတ္ရင္ေကာင္းမွာဘဲ။ ဒါေပမယ့္ေလ အေမဟာ အကိုနဲ႔အငယ္မေလးကိုက် သဲသဲလႈပ္ခ်စ္တာပါဘဲ။
"စိတ္မေကာင္းျဖစ္ေနလား သား. မျဖစ္ပါနဲ႔ သားကိုလဲ အန္တီသားေလးတစ္ေယာက္လိုဘဲခ်စ္ၿပီးသားပါ။ ဒါေပမယ့္ သားရယ္ အန္တီေတာင္းဆိုခ်င္တာ အန္တီသားေလးကိုေတာ့ စိတ္ဆင္းရဲေအာင္မလုပ္ပါနဲ႔လားကြယ္"
ဟိုတေလာက ေလေျပ့ကိုသြားႀကိဳရန္ထြက္သြားၿပီး ျပန္လာခ်ိန္မွာညိဳးငယ္လာေသာသားမ်က္ႏွာေလးကိုျပန္ျမင္ေယာင္ၿပီး ခပ္ညည္းညည္းေျပာမိ၏။ သားနဲ႔ေလေျပၾကား ဘာျဖစ္ခဲ့လဲမသိေပမဲ့ သားက ေလေျပလာေမးရင္ အိပ္ေနတယ္ လို႔ေျပာေပးဖို႔ေျပာကာ အိမ္ေပၚထပ္သို႔တက္သြားခဲ့သည္။
တံခါးသြားေခါက္ၿပီးလိုက္ေမးတာေတာင္ သားဟာသူမကိုစကားျပန္မဆိုခဲ့ေခ်။ ဖတဆိုးသားေလးမို႔ သူမသားေလးကို သိပ္ခ်စ္ပါတယ္။ လိမၼာလြန္းတဲ့သားေလးမို႔ လိုသမွ်လိုက္ေလ်ာေပးေလာက္တဲ့အထိ အခ်စ္ပိုခဲ့ၿပီးသား။
သို႔ေသာ္ ေလေျပနဲ႔ခြန္ျပည့္ဆိုေသာကေလးရဲ႕ကိစၥေၾကာင့္ သားဒီလိုျဖစ္ေနခဲ့မွန္း မျမေထြးေျပာမွသိခဲ့ရျခင္း. သားကိုစိတ္ခ်မ္းသာေအာင္ထားခ်င္ေသာသူမမွာလဲ သားနဲ႔ထပ္တူစိတ္မေကာင္းျဖစ္ခဲ့ရသည္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"
"အန္တီလဲေတာင္းပန္ပါတယ္..အန္တီသားက ဖတဆိုးေလးပါ။ တစ္ဦးတည္းေသာသားေလးမို႔ အထီးလဲက်န္လြန္း႐ွာပါတယ္။ သားဘက္က အန္တီသားကိုစိတ္ခ်မ္းသာေအာင္မထားေပးႏိုင္ဘူးဆို အခ်ိန္မလြန္ခင္သားနဲ႔ေဝးေဝးေနေပးလို႔ရမလား ကေလးရယ္"
အန္တီဟာ အလိမၼာနဲ႔ ပိုင့္ေဘးနားက ေလေျပ့ကိုပထုတ္တာဘဲလို႔ ေလေျပေတြးမိသလို.. ႐ြဲ႕ပစ္ခ်င္စိတ္ေလးလဲ၀င္လာရသည္။ ေယာက်ၤားေလးခ်င္းႀကိဳက္တဲ့လူမွန္းသိတာနဲ႔ သူ႕သားေဘးကေမာင္းထုတ္ေတာ့တာပါဘဲလား လို႔ နာနာက်ည္းက်ည္းေလးေတြးပစ္လိုက္၏။
"အဟင္း.. ေမာင္းထုတ္တာလားဗ်။ အန္တီေလးကေရာ ကြၽန္ေတာ္ကေယာက်ၤားေလးခ်င္းႀကိဳက္တဲ့လူမို႔ အကို႔နားထားဖို႔စိတ္မခ်ေတာ့လို႔လားဗ်"
"ဟယ္.. အဲ့လိုေတာ့ မေျပာပါနဲ႔ ကေလးရယ္.. အန္တီ သားကို အဲ့လိုမေတြးပါဘူး။ အန္တီေျပာခ်င္တာကေလ."
"ရတယ္ အန္တီ. ကြၽန္ေတာ္သြားပါ့မယ္ဗ်။ အေမေတာင္စိတ္ပ်က္မွေတာ့ သူစိမ္းစိတ္ပ်က္တာကို ကြၽန္ေတာ္မမႈပါဘူး။ ကြၽန္ေတာ့္ကိုဂ႐ုစိုက္ေပးခဲ့တာေတြအတြက္ေက်းဇူးတင္ပါတယ္။ ေက်းဇူးကန္းသလိုျဖစ္သြားခဲ့တယ္ဆိုလဲ ေတာင္းပန္ပါတယ္ဗ်။ ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါဦး"
"သားရယ္.. အန္တီ့ကိုအထင္မလြဲပါနဲ႔ကြယ္"
ဖ်က္ခနဲထထြက္သြားတဲ့ကေလးကိုၾကည့္ရင္း သူမစိတ္မေကာင္းစြာဆိုမိ၏။ တစ္မိသားစုလုံးကပစ္ပယ္ခံရတဲ့ကေလးကို တမင္သက္သက္ေခၚၿပီး ထပ္စြန္႔ပစ္လိုက္သလိုျဖစ္သြားလား။ တစ္ဖက္က သားအရင္း. တစ္ဖက္ကလဲ သားအရင္းေလးကဲ့သို႔ခ်စ္ရတဲ့ကေလးဘဲျဖစ္သည္။
သို႔ေသာ္ လူဆိုတာမ်ိဳးက ေသြးကသာအဓိကဆိုသလို သားေဇာနဲ႔ေျပာမိေျပာရာေျပာမိသြားတယ္။ ထိုထက္ဆိုးတာဟာ ေလေျပဟာ သူမေျပာတဲ့စကားကို အထင္အျမင္လြဲမွားသြားခဲ့ျခင္း။
သူမရဲ႕သေဘာ႐ိုးအမွန္က လူငယ္ပီပီ သားနဲ႔ေလေျပခ်စ္ၾကတယ္ဆို သူမသေဘာတူႏိုင္၏။ သို႔ေသာ္ သားကခ်ည္း ပိုင္႐ွင္႐ွိၿပီးသားေလေျပ့ကို မရမကသေဘာက်မိေနတဲ့အျဖစ္ကို မျဖစ္ေစလိုျခင္းသက္သက္သာ..။
အကယ္၍ ေလေျပကသာ သားကိုေ႐ြးခ်ယ္မယ္ဆိုပါကမူ ၀မ္းေျမာက္စြာလိုက္ေလ်ာေပးမိမွာ သူမရဲ႕ေစတနာအမွန္...။
... 💜 ...
"ေလေျပ.. ေလေျပ ဘယ္သြားမို႔လဲ"
အိမ္ေပၚကေျပးဆင္းလာတဲ့ေကာင္ေလးရဲ႕လက္ကို သူအေလာတႀကီးလွမ္းဆြဲမိ၏။ မ်က္ရည္စေလးေတြတြဲခိုေနတဲ့ေကာင္ေလးရဲ႕မ်က္၀န္းေတြက သူ႕ကိုဖ်က္ခနဲေမာ့ၾကည့္လာေပမဲ့ ခ်က္ခ်င္းလႊဲကာ သူ႕လက္ထဲမွအတင္း႐ုန္းကန္ေနျပန္တာမို႔
"ဘာျဖစ္လို႔လဲ.. အေမ ဘာေျပာလို႔လဲ"
"အန္တီဘာမွမေျပာပါဘူး. မဟုတ္ဘူး အန္တီကမွန္တာေျပာတာပါ။ ဘာဘဲျဖစ္ျဖစ္ အကိုနဲ႔ကြၽန္ေတာ္ကလဲ ညကတည္းကေျပာစရာစကားကုန္သြားၿပီ။ ကြၽန္ေတာ့္ကိုလႊတ္ေပးပါေတာ့"
"အေမက ဘာေျပာတာလဲ ေလေျပ"
"သိၿပီးေတာ့ေရာ ဘာလုပ္ခ်င္ေသးလို႔လဲ။ အကိုရယ္၊ ကြၽန္ေတာ္ရယ္ ညကဘာေျပာၿပီးၿပီလဲက ပိုအေရးႀကီးတာပါ။ ၿပီးၿပီေလ.. ဘာမွဆက္စရာမလိုေတာ့ဘူး။ အကိုနဲ႔ကြၽန္ေတာ္က အခုသူစိမ္းဘဲ"
သူစိမ္း..။ ပိုင္က ေလေျပ့လက္ေတြကို ပိုတင္းၾကပ္စြာဆုပ္ကိုင္လိုက္မိ၏။ သူစိမ္းတဲ့လား.. ဒါဟာ ေလေျပနဲ႔သူရဲ႕ဆက္ဆံေရးမွာ သူမၾကားခ်င္ဆုံးစကားဘဲ။
"ဘယ္သူ႕သေဘာနဲ႔သူစိမ္းလဲ ေလေျပ"
"ႏွစ္ဦးသေဘာတူေပါ့ဗ်ာ. မဟုတ္ဘူးလား"
"ဟား. ငါ မင္းရဲ႕သူစိမ္းမျဖစ္ခ်င္ဘူး ေလေျပ. မင္းညကေျပာတဲ့ကိစၥကို ငါသေဘာတူတယ္"
ေလေျပက ႐ုန္းကန္ေနရာမွ ၿငိမ္သက္သြားရင္ ပိုင့္ကိုေမာ့ၾကည့္မိ၏။ ပိုင္ဟာ တခါမွမျပဳံးဖူးခဲ့သာ မဲ့ျပဳံးကိုပိုင္ႏိုင္စြာ ခပ္ရဲရဲျပဳံးသည္။
"အံ့ဩတယ္လား ေလေျပ။ မင္း ငါ့ကိုေကာင္းေကာင္းႀကီးေျပာင္းလဲႏိုင္ခဲ့တာဘဲ. စိတ္ခ် မင္းအလိုက် လူမႈေရးေဖာက္ျပန္တဲ့ေကာင္ ျဖစ္ေပးမယ္"
"ဟင့္အင္း"
"ဟား ဟား မျငင္းနဲ႔. အဲ့ေလာက္စိတ္အေျပာင္းအလဲမျမန္နဲ႔ ေလေျပ။ ခုခ်ိန္ကစၿပီး ငါက မင္းရဲ႕ေနာက္တစ္ေယာက္ျဖစ္ေပးမယ္။ မင္းရဲ႕ေမာင္ဆိုတဲ့ေကာင္ၿပီးမွလာတဲ့ ဒုတိယေျမာက္မင္းခ်စ္သူေပါ့"
ေလေျပဟာ ပထမဆုံးအႀကိမ္ ပိုင့္ကိုေၾကာက္လာမိသည္။ ေမာင့္ကိုေၾကာက္မိတဲ့အေၾကာက္တရားမ်ိဳးနဲ႔မတူေအာင္ ေသြးေၾကာတစ္ေလွ်ာက္ေျခာက္ျခားစြာေၾကာက္စိတ္၀င္လာခဲ့မိသည္။ ပိုင္ဟာ ေလေျပ့ရဲ႕မ်က္ႏွာေ႐ွ႕ကို သူ႕မ်က္ႏွာ့ကိုပိုငုံ႔မိုးကာတိုးကပ္လာကာ ညစ္က်ယ္က်ယ္ျပဳံးလိုက္ရင္း
"အင္း. ဒုတိယေျမာက္ေတာ့ ဒုတိယေျမာက္ေပါ့။ ဒါေပမယ့္ မင္းလက္ထပ္ယူကို ယူရမယ့္ဒုတိယေျမာက္ေကာင္ေပါ့ကြာ. အဟက္! မေမ့နဲ႔ ေလေျပ။ ငါ့ကမ႓ာထဲ၀င္လာၿပီးတဲ့မင္းကိုေလ ငါဘယ္ေတာ့မွျပန္ထြက္သြားခြင့္မျပဳေတာ့ဘူး"
ထို႔ေနာက္ ေလေျပ့နားစပ္ကိုနမ္းလာတဲ့အနမ္းေၾကာင့္ ေလေျပ့ကိုယ္ေလးပင္တုန္သြားကာ ပိုင့္ကိုေစာင့္တြန္းရင္းေနာက္ဆုတ္လိုက္မိ၏။
"မင္းကစားခ်င္တိုင္းကစားလို႔ရတဲ့ေကာင္မဟုတ္ေတာ့လို႔ ေၾကာက္သြားလား ေလေျပ. မေၾကာက္ပါနဲ႔ ငါမင္းကိုေပ်ာ္ေအာင္ထားမွာပါ။ ၿပီးေတာ့ ငါခ်စ္ေပးရတာနဲ႔တန္ေအာင္လဲ မင္းကိုမရရေအာင္ယူမယ္ဆိုတာကို မင္းရင္ထဲမွာစြဲေနေအာင္မွတ္ထားလိုက္ ၾကားလား"
ပိုင္က ဆိုဖာခုံေပၚခပ္ေလ်ာ့ေလ်ာ့ေလးထိုင္ခ်ရင္း သူ႕ႏႈတ္ခမ္းကိုလက္ျဖင့္သပ္ရင္း ဟက္ဟက္ပက္ပက္ရယ္ေမာေနခဲ့ျပန္သည္။
ေလေျပဟာ သူတခါမွမျမင္ဖူးခဲ့တဲ့ ပိုင့္ပုံစံကို ေၾကာက္႐ြံ႕စြာ ေငးၾကည့္ေနခဲ့မိ၏။
ထိုေန႔မွစ၍ ပိုင့္ကိုကစားဖို႔႐ြယ္ခဲ့ေသာေလေျပဟာ ပိုင့္ရဲ႕လွည့္ကြက္ေတြေအာက္ အလဲလဲ၊အၿပိဳၿပိဳက်ေရာက္ခဲ့ရေလသည္။
#Zawgyi
#Blfic
-Hanna
2021 Oct 11 Mon
9:07PM