UNDER THE CHERRY || JINKOOK ✓

By Rionakookie

6.4K 869 121

" ဇာတ်သိမ်းမလှခဲ့တဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်အတွက်.. မင်းကို ထပ်ပြီး ချစ်ခွင့်ရဖို့ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ... More

အပိုင်း ၁
အပိုင်း ၃
အပိုင်း ၄
ဇာတ်သိမ်းပိုင်း

အပိုင်း ၂

886 171 21
By Rionakookie

Unicode
_________

ရက်သတ္တပတ် တစ်ပတ်ခန့်ကျော်လွန်လာပြီးသည့်
နောက် ညနေမိုးချုပ်စတစ်ခုတွင် ဖြစ်သည်။လေတဖြူးဖြူး တိုက်နေသော ပြတင်းပေါက်ဘေးဝယ် သစ်သားစားပွဲ၊သစ်သားထိုင်ခုံတို့ကိုချကာ ညနေစာစားဖြစ်သည်။အမြဲတမ်း လူသူရှုပ်ထွေးလွန်းသည့် မြို့ပေါ်နှင့် ကွာခြားလွန်းသည့် တောတောင်အရသာတို့သည် အေးချမ်းနှစ်သက်ဖွယ်ကောင်းသည်။

ထိုစဥ်မှာပင် ခြံထဲက ပန်းတွေစိုက်ထားသည့် ဥယျာဉ် ဆီမှ လှုပ်ရှားသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ယိမ်းထိုးသွားသော ပန်းပင်အရွက်များကြောင့် ကျွန်တော်ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်သည်။

"ဘယ်သူလဲ"

ခပ်ကျယ်ကျယ် အော်မေးလိုက်သော်လည်း တုံ့ပြန်သံက ထွက်မလာ။ထို့ကြောင့် ကျွန်တော်အိမ်အောက်ဆင်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ခြံထောင့်က ကုန်းမို့မို့ဖြစ်တည်နေရာ အမြင့်ပိုင်းတစ်နေရာတွင် နှင်းဆီပန်း အဖြူရောင်၊အနီရောင်၊ပန်းရောင်၊အဝါရောင် တို့ကို အရောင်တူရာ တစ်တန်းစီ ညီညီညာညာ စိုက်ထားသည်။ထိုအပင်များကြားထဲတွင် အသက်ခြောက်ဆယ်ခန့် အဘိုးကြီးတစ်ဦးသည် အလုပ်ရှုပ်နေဟန်တူသည်။

"ဘကြီး"

ကျွန်တော် ခေါ်လိုက်တော့ ပန်းပင်တွေကြားက ကိုင်းနေသော ခါးကိုပြန်မတ်ကာ လှည့်ကြည့်လာသည်။မှုန်နေသော မျက်လုံးအစုံတို့က ကျွန်တော့်ကိ​ု ရုပ်လုံးကွဲအောင် သေချာပြူးပြဲ ကြည့်နေရှာသည်မျက်ခုံးမွှေးတွေပင် ဖြူနေပြီ။

"ကျွန်တော်က ဒီအိမ်ရဲ့ အိမ်ရှင်အသစ်ပါ။အပျော်တမ်း ပန်းချီဆွဲပါတယ်"

ပြုံးပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည့် တိုင်အောင် အဘိုးကြီးက မည်သို့မျှ မတုံ့ပြန်ပါ။ကျွန်တော့်ကို ကြည့်မြဲ၊ကြည့်ဆဲ။

"မင်း....မင်းက....အစ်ကိုလေးဂျင် လား"

"ဗျာ "

အသက်သုံးဆလောက် ကြီးသော ထိုအဖိုးကြီးနှုတ်မှ 'အစ်ကိုလေး'ဟု တမ်းတမ်းတတ ခေါ်လိုက်ပုံက တရင်းတနှီးရှိလွန်းလှသည်။ထို့နောက် လုပ်လက်စ အလုပ်တို့ကို ပစ်ချကာ ရံွ့ပေနေသော လက်အစုံဖြင့် ကျွန်တော်ရှိရာသို့ တရွေ့ရွေ့လာသည်။

ထိုစဥ် ဘယ်ကမှန်းမသိသော အပုပ်နံ့စူးရှရှက ကျွန်တော့်နှာခေါင်းထဲ စုပြုံဝင်တိုးလာသည်။ကျွန်တော့်ခြေလှမ်းတွေ နောက်ကိုနှစ်လှမ်းခန့်ဆုတ်လိုက်မိသည်။

"အစ်ကိုလေး ပြန်လာပြီပေါ့။သေချာပါတယ် အစ်ကိုလေးဂျင်ပါ"

"ဟိုလေ...ဟို...ဘကြီး အမှတ်မှားနေသလားလို့။ကျွန်တော်က အခုမှ ဆိုးလ်ကနေ ပြောင်းလာတဲ့ ကင်ဆော့ဂျင်ပါခင်ဗျ"

"ဟင်!"

ကျွန်တော့်စကားအဆုံးမှာတော့ အဘိုးကြီးက အသိစိတ်ပြန်ဝင်လာသလို ချက်ချင်းမှိုင်ကျသွားသည်။မှုန်ဝေနေသော မျက်လုံးများတွင် မျက်ရည်စများ ဝဲနေ၏။ထို့နောက် အကျီလက်ဖြင့်ပင် မျက်ရည်တွေသုတ်ပစ်သည်။

"ကျုပ် လူမှားသွားတယ်"

"ရပါတယ်ဗျ။အသက်ကြီးတဲ့သူတွေဆိုတော့ ဖြစ်တတ်ပါတယ်"

အစ်ကိုလေး ဂျင်က ဘယ်သူလဲ။

အစ်ကိုလေး ဂျင်နဲ့ ကျွန်တော်က ရုပ်ချင်းဆင်တာလား။

အသက် ၆၀ ကျော်ယောက်ျားရင့်မာကြီးက မျက်ရည်ပေါက်ပေါက် ကျအောင် လွမ်းဆွတ်တမ်းတနေသည့် ထိုသူ့အကြောင်းကို ကျွန်တော်တကယ်ပဲ စိတ်ဝင်စားပါသည်။

အရောင်အသွေးစုံလင်နေသော နှင်းဆီပန်းဖူးတို့သည် ကျွန်တော့်အာရုံကို မဆွဲဆောင်နိုင်။ကျွန်တော် အာသီသ ရှိနေသည်က ပန်းနုရောင်ပွင့်ချပ်လေးတွေ။တဖြုတ်ဖြုတ်ကြွေကျနေတဲ့ ပန်းပွင့်လေးတွေ။

ဘာပဲ ဖြစ်ဖြစ် မနက်ဖြန် ထိုနေရာကို ရောက်အောင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

အခုတော့ ကျောထဲက ချမ်းစိမ့်စိမ့်ဖြစ်လာသည်မို့ ကြက်သီးမွှေးညှင်းတွေ ထသွားသည်။မကြောက်တတ်သော်ငြားလည်း အိမ်ကြီးဆီသို့ ခပ်သွက်သွက်ပြန်တက်လာခဲ့မိ၏။

"ေနပါဦး။ ငါ့ကို ပထမအိမ်ရှင်ဖုန်းဆက်ပြောတုန်းက ဒီခြံစောင့် ဘကြီးအကြောင်း မပြောခဲ့ပါဘူး။သူက ဘယ်မှာနေတာလဲ"

ထိုအဘိုးကြီးများ ရှိသေးသလားဟု ခြံထောင့်က နှင်းဆီပင်တွေရှိရာကို အကြည့်ပို့မိတော့ အရိပ်အယောင်သော်မျှ မတွေ့ရ။

ဘာကြောင့်မှန်းမသိ.. ကျွန်တော်ခေါင်းနပမ်းကြီးသွားသည်။

❀ ~ ❀ ~ ❀

ပန်းချီဆွဲဖို့ canvas ထောက်တိုင်ကို ကျွန်တော် သေချာနေရာချသည်။ဒီအကြိမ်နဲ့ဆို ပန်းချီဆွဲဖို့ ကြိုးစားတာ နှစ်ကြိမ်မြောက်။ဒီတစ်ခါတော့ ဘာအကြောင်းပဲရှိရှိ ပုံတစ်ပုံတော့ ရေးဖြစ်အောင် ရေးရမည်။

ထင်းရှုး​ေတာ အုံ့အုံ့မှိုင်းမှိုင်းဆီက တစ်ခါတစ်ရံ ငှက်ကလေးတစ်ကောင်စ၊နှစ်ကောင်စ၏ အော်မြည်သံမှတပါး တိတ်ဆိတ်နေသည်။လေတစ်ချက်တိုးသွားတိုင်း ကျွန်တော့်အကျီစပွတ်တိုက်သံ၊သစ်ကိုင်းများ၏ လှုပ်ရှားသံသဲ့သဲ့သာ မင်းမူကြီးစိုးနေသည်။မလှမ်းမကမ်းက မြက်ပင်ထိပ်ဖျားတွေကလည်း လေယူရာ ယိမ်းနွဲ့ကာ အစိမ်းရောင်ကော်ဇောတစ်ချပ်ကို ဖြန့်ခင်းထားသလို။

ထင်းရှုးပင်၏ ပင်စည်များမှ ညိုမှောင်နေသော အစိမ်းရောင်၊ ရင့်လိုက်၊ဖျော့လိုက်နှင့် ဆေးစက်ကျသလို ဟိုတစ်ကွက် ဒီတစ်ကွက် လှနေသော မြက်ခင်းစိမ်းရောင်။ထိုအစိမ်းရောင်များကြားတွင် ပန်းနုရောင် အပွင့်အဖတ်လေးများ ဝဲဖြာနေပုံက လွမ်းမောတသဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။ဟိုးအမြင့်ထိပ်ဖြားဆီကနေ တဖြည်းဖြည်းချင်း ကြွေကျလာကာ မြေပြင်အပေါ်အရောက်မှာ ငြိမ်သက်စွာမှေးစက်သွားသည်။

တစ်ပွင့်..

နှစ်ပွင့်...

သုံးပွင့်...။

အင်း....ကျွန်တော် မရေတွက်နိုင်တော့ဘူး။

ကြွေလိုက်တာများ..ပန်းမိုးရွာနေသလား အောက်မေ့ရတယ်။

စိတ်ထဲရှိတဲ့အတိုင်းသာဆို ဟောဒီပင်စည်ကြီးကို မှီပြီး အမြစ်ဆုံတွေကြားထဲမှာ ထိုင်ရင်း တစ်မေ့တစ်မော ငေးမောချင်သည်။သို​့ပေမယ့် ကျွန်တော် ဒီညှို့ငင်မှုအောက်မှာ မိန်းမောနေလို့ မဖြစ်သေးပေ။ပန်းချီရေးဖို့ ပြင်ရမည်။

ဆေးခွက်ထဲသို့ စုတ်တံကိုနှစ်လိုက်သည်။

canvas စ ပေါ်သို့ စုတ်ကို တစ်ချက်ချင်းဆွဲလိုက်သည်။အစိမ်းရင့်တာထက်ပင် ပိုနေသော စိမ်းညိုရောင်၊အစိမ်းနုရောင်။အစိမ်းနုရောင်တွေအပေါ်မှာ စုတ်တံသေးသေးလေးနှင့် တို့ထိကာ ပုံဖော်ပြီးနောက် ရုပ်လုံးပေါ်သွားပြီဖြစ်သော မြက်ပင်အဖျားလေးတွေ။

ထို့နောက် အဓိက ဇာတ်လိုက်ဖြစ်သော အညိုရင့်ရောင်ပင်စည်။

ကျွမ်းကျင်သော လက်ချောင်းများသည် canvas စ ပေါ်တွင် လှပစွာပြေးလွှားနေကြသည်။ထိုအခိုက် ထင်းရှုးတောများဆီက အေးစက်သောလေပြည်သော်လည်းကောင်း၊အရွက်ခြောက်များ၊ပန်းပွင့်များ၏ လှုပ်ရှားသံကိုလည်းကောင်း ကျွန်တော့်နားထဲ ဝင်မလာကြတော့။

ပန်းနုရောင်ဆေးစက်ကလေးများသည် ပွင့်ဖတ်ကလေးများအဖြစ် တစ်မဟုတ်ချင်း ပြောင်းလဲသွားသည်။ထိရှပဲ့ကြွေလွယ်သော ပန်းပွင့်လေးများကို ပုံဖော်ရသည်မှာ လွယ်တော့မလွယ်ကူလှပါ။

ကော့ပျံပြီး အရွက်ပျောက်လိုက်အောင် ပွင့်နေပုံက မောက်မာမှုအသွင်ကိုမဆောင်။နုပျိုခြင်း၊လတ်ဆတ်ခြင်းသရုပ်ကို ဖော်ပြနေကြသည်။ပန်းရောင်သည် စူးရှပြီး တောက်ပြောင်နေသောအရောင်မဟုတ်၊ကြည်နူးအေးချမ်းဖွယ် ဖြစ်သော ပန်းနုရောင်။

ကျွန်တော် ပန်းချီကားကို အနည်းငယ်ခွာပြီး ခပ်လှမ်းလှမ်းကနေ နောက်ဆုတ်လျက်ကြည့်လိုက်သည်။ဘာလိုလို့ လိုနေမှန်းသည်။တစ်စုံတစ်ခု လှစ်ဟာနေသလို ခံစားရသည်။

"ဘာလိုနေတာလဲ...ထင်းရှူးတောတွေရယ်။ မြက်ခင်းစိမ်းရယ်၊ ချယ်ရီပင်ကြီးရယ်...ပြီးတော့ရော..."

အတန်ကြာပြီးနောက် ကျွန်တော့်လက်တွေ အလိုလိုလှုပ်ရှားသွားသည်။ချယ်ရီပင်စည်ကြီးအောက်မှာ ရပ်နေသော တစ်စုံတစ်ခု။

လူတစ်ယောက်ပုံ။ ရှပ်အကျီ အဖြူရောင်က အနည်းငယ်လွင့်နေသည်။

ထိုအခါမှ ပန်းချီကားက ပြည့်စုံသွားသည်ဟုထင်ရသည်။ထိုသူက ကျွန်တော်မဟုတ်တာတော့ သေချာပါသည်။ဘယ်သူဘယ်ဝါမှန်းလည်း ကျွန်တော်ကိုယ်တိုင်သိမနေပါ။

ချယ်ရီပင်နှင့် လူတစ်ယောက်။

တစ်ယောက်ယောက်ကို ရပ်စောင့်နေသလိုမျိုး မျှော်ငေးနေဟန် ထိုရုပ်ပုံကို ကြည့်ရင်း ကျွန်တော့်မျက်လုံးတွေ ကျိန်းစပ်လာသည်။ပါးတွေပူလာသည်။

ကျွန်တော့်ရင်ထဲ စူးစူးအောင့်အောင့်ကြီး နာကျင်လာသည်။ဆို့နစ်နေသော ခံစားချက်ကြီးက ရုတ်တရက် လည်ချောင်းထဲ လှိမ့်တက်လာသည်။

ကျွန်တော် မျက်ရည်တွေ ကျနေပါလား။

ထိုအခိုက်တွင် ပန်းပွင့်ကြွေတွေပေါ် ခပ်ဖွဖွနင်းလာသော ခြေသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွင်းသွားသည်။ကျွန်တော် ဆတ်ကနဲခေါင်းထောင်ကြည့်မိသည်။

"ခင်ဗျားက ပန်းချီဆရာလား"

ကြည်လင်ပြတ်သားသော်လည်း နူးညံ့မှုတွေ ပျော်ဝင်နေသော အသံ။

ခဲပုပ်ရောင် အကွက်စိပ်စိပ်လက်ရှည်၊နက်ပြာရောင်ဘောင်းဘီဝတ်ဆင်ထားသော သဏ္ဍာန်သည် ချယ်ရီပင်အောက်အရောက်တွင် ပင်စည်ကိုမှီကာ ရပ်သည်။ကျွန်တော့်ကို ကြည့်မနေပါ။ထင်းရှုးတောတွေဘက် ငေးနေသည်။

"ဘယ်သူလဲ"

ကျွန်တော်သိရသလောက် ဒီခြံကြီးထဲမှာ ဘယ်သူမှ မနေပါ။သူ့ပုံက အေးအေးလူလူပင် မှီရပ်နေသည်။

"ဘယ်သူလို့ ထင်လဲ"

သူ့မျက်နှာ ဒီဘက်ကို လှည့်လာသောအခါ ကျွန်တော့်ခြေလှမ်းတွေ နောက်ကို နှစ်လှမ်းလောက် ဆုတ်သွားမိသည်။

အလွန်ရင်းနှီးနေခဲ့သော ဒီမျက်နှာ။

ပါးလျသော အပေါ်နှုတ်ခမ်းအောက်တွင် ပြည့်တင်းနေသော အောက်နှုတ်ခမ်းသားကို စေ့ပိတ်ကာ သူ့နှုတ်ခမ်းတွေက ပြုံးယောင်သန်းနေသည်။ဖြူဝင်းသော အသားအရောင်က ခဲပုပ်ရောင်အကျီကြောင့် ထင်းထွက်နေသည်။

"မင်းက ဘယ်သူလဲ"

ကျွန်တော် နောက်တစ်ခေါက် ထပ်မေးလိုက်သည်။

"ကိုယ်က ဒီမှာနေတာပါ"

သူက ခပ်တိုးတိုးရယ်ကာ အရေးမကြီးသလိုဖြေသည်။ဖိနပ်အောက်က ပန်းပွင့်ကြွေတွေကို ထိတွေ့ရင်း သူပြုံးသည်။အတိအကျ မဖြေသော သူ့အဖြေကို ကျွန်တော်ဘဝင်မကျပါ။ဒီအနီးအနားဝန်းကျင်မှာ အိမ်မှမရှိပဲ။

"ဒီမြို့ကပဲလား"

ကျွန်တော်နောက်ထပ်အထွန့်တက်ပြီး မေးမိပြန်သည်။

"ဆိုပါတော့"

ကျွန်တော်မကျေနပ်နိုင်ပါ။သူအပြုအမူတွေက ပိုင်စိုးပိုင်နင်း နိုင်လွန်းနေသည်။မသိရင် သူက ဒီခြံပိုင်ရှင်လိုလို ဘာလိုလိုနဲ့။

"လာပါ...ဒီမှာလာထိုင်"

ပထမဆုံး တွေ့ဖူးတဲ့လူတစ်ယောက်ကို ကျွန်တော်ဘာကြောင့် အယုံလွယ်နေသလဲ မပြောတတ်တော့။ကျွန်တော့်ခြေထောက်တွေက သူ့နှုတ်ဖျားက စကားအတိုင်း အမြစ်ဆုံပေါ်ရောက်သွားသည်။ပြီးတော့ သူထိုင်နေတဲ့နေရာနဲ့ လက်တစ်ကမ်းအကွာတွင်ပင် ဝင်ထိုင်လိုက်သည်။

"ဒီမှာနေတာ ကြာပြီလား။မင်းနာမည်က ဘယ်သူလဲ။မင်း အိမ်ကဘယ်နေရာမှာလဲ"

အဆက်မပြတ်မေးခွန်း ထုတ်လိုက်သော ကျွန်တော့်ကို သူက ကလေးတစ်ယောက်ကို ကြည့်သလိုမျိုး ပြုံးပြီး စိုက်ကြည့်နေသည်။

"ေမးခွန်းတွေက များလှချည်လား..ဟား.."

ဟုတ်သားပဲ။သူပြောကာမှ ကျွန်တော် နည်းနည်းတောင်ရှက်သွားရသည်။ကျွန်တော့်ပုံစံ အရမ်းကိုအလောတကြီးဆန်နေပြီလား။ကျွန်တော်မရင်းနှီးသေးတဲ့ လူတစ်ယောက်အပေါ် ဒီလိုမမေးသင့်သေးဘူး။

"ကိုယ်က ဒီမှာ မွေးကတည်းက နေလာတာ"

သူ့ဟန်က ဆယ်ကျော်သက်လေးတစ်ယောက်လို ပေါ့ပါးသွက်လက်နေသည်။ရယ်သံကအစ စွဲမက်ဖွယ်ကောင်းလွန်းနေသည်။

ကျွန်တော်အနည်းငယ် ဝမ်းသာသွားသည်ကတော့ အမှန်ပင်။ကျွန်တော်သိချင်နေသော အကြောင်းအရာတစ်ချို့ကို မေးလို့ရနိုင်မလား မျှော်လင့်ချက်လေးပေါ့။

"ဒါဆို...ငါ့ကို ဒီအပင်ကြီးနဲ့ ပတ်သက်ပြီး တစ်ခုခုပြောပြပါလား"

ွမဟုတ်သေးပါဘူး။ကျွန်တော်ဟာ အခုမှတွေ့ဖူးတဲ့သူတစ်ယောက်ကို အရမ်းကိုယုံကြည်လွန်းနေပြီ။

ထင်းရှူးတောအုပ်အဖျားက နေလုံးသည် တဖြည်းဖြည်း အရောင်ဖျော့လာသည်။မကြာမီ ဟိုးအဝေးက တောင်တန်းတွေကြား ပုန်းခိုတော့မည်။

"အထူးအဆန်းတော့မရှိပါဘူး။လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ကေျာ်ကတည်းက ဒီအပင်ကြီးက ဒီနေရာမှာရှိနေတာပဲလေ"

သူ့ကို ကျွန်တော်ကြည့်မိတော့ သူက အဝေးကိုငေးနေသည်။

"မဟုတ်ဘူး...ဒီနေရာနဲ့ ပတ်သက်ပြီး တစ်ခုခုရှိနေတယ်"

ကျွန်တော်က အလျှော့မပေးဘဲ ေပြာတော့ သူ..ကျွန်တော့်ကို ငေးကြည့်လာသည်။

ရင်းနှီးလွမ်းဆွတ်မှုတွေ ပြည့်နေသော သူ့မျက်ဝန်းတွေက ကျွန်တော့်ကိုစိုက်ကြည့်နေသည်။

"တကယ်သိချင်လား"

"အင်း...သိချင်တယ်"

"တကယ်တော့ ဒီနေရာမှာ ဇာတ်သိမ်းမလှတဲ့ ပုံပြင်တစ်ပုဒ်ရှိခဲ့တယ်"

"ဟင်.."

သူက ဘာကြောင့်များ ဇာတ်သိမ်းကို ကြိုပြောနေရတာလဲ။ပုံမှန်ဆို ဇာတ်သိမ်းကို မမှန်းမိအောင်ပြောမှ စိတ်ဝင်စားစရာကောင်းတာမဟုတ်လား။သူကတော့ ဒီလိုမဟုတ်။သူ့ဇာတ်သိမ်းက ပျော်စရာမဟုတ်မှန်းတော့ ကျွန်တော်နားလည်သည်။

"မင်း နားထောင်ချင်ရင် ကိုယ်ပြောပြပါ့မယ်၊ဒါပေမယ့် အဆုံးသတ်မှာ မင်းနာကျင်ရလိမ့်မယ်"

"ရပါတယ် ဘာပဲဖြစ်ဖြစ် ငါသိချင်တယ်"

ကျွန်တော် အားကြိုးမာန်တက်ဖြင့်ပင် သူ့အကျီလက်စကို ဆွဲလိုက်မိသည်အထိ။သူက ထရပ်သည်။

"ကဲပါ...မနက်မှထပ်တွေ့ရအောင်။ကိုယ်ပြန်ရတော့မယ်"

မတတ်သာတဲ့အဆုံး ကျွန်တော်ခေါင်းငြိမ့်လိုက်သည်။တကယ်လည်း ေနဝင်တော့မည်ဖြစ်သည်။

သူ ကျွန်တော့်ကို နောက်ခိုင်းသွားလေပြီ။ဘောင်းဘီအိပ်ကပ်ထဲကိုလက်နှိုက်ကာ ခပ်ဖြေးဖြေးပင် လျှောက်သွားနေသည်။

ကျွန်တော်ပန်းချီကားကိုသိမ်းလိုက်ပြီး စုတ်တံ၊ဆေးခွက်တွေကို Box အသေးစားလေးထဲထည့်ပြီး သိမ်းလိုက်သည်။

"ဟင်...ဘယ်ပျောက်သွားတာလဲ"

သူ့ကို မတွေ့တော့။ထို​ခြေလှမ်းနှုန်းဖြင့်ဆိုလျှင် ေဝးဝေးကိုမရောက်နိုင်သေးပါ။လွန်ရောကျံွရောမှ ချယ်ရီပင်အလွန်က လမ်းကလေးပေါ်ပင် ရှိနေသေးဦးမည်။

"မြန်လိုက်တာ"

ခပ်တိုးတိုးရေရွတ်ရင်း ကျွန်တော်လည်း အိမ်ကြီးရှိရာကို ပြန်ဖို့ပြင်ရတော့သည်။

သူပြောခဲ့သော စကားလုံးတစ်ချို့က နားထဲတွင်တဝဲလည်လည်နှင့်။

"အဆုံးသတ်မှာ မင်းနာကျင်ရလိမ့်မယ်"

"အဆုံးသတ်မှာ မင်းနာကျင်ရလိမ့်မယ်"

~~~~~~~~~~ // ~~~~~~~~~

Thanks for your reading & voting

Riona
.
.
.
.
.
Zawgyi
________

ရက္သတၱပတ္ တစ္ပတ္ခန္႔ေက်ာ္လြန္လာၿပီးသည့္
ေနာက္ ညေနမိုးခ်ဳပ္စတစ္ခုတြင္ ျဖစ္သည္။ေလတျဖဴးျဖဴး တိုက္ေနေသာ ျပတင္းေပါက္ေဘးဝယ္ သစ္သားစားပြဲ၊သစ္သားထိုင္ခုံတို႔ကိုခ်ကာ ညေနစာစားျဖစ္သည္။အၿမဲတမ္း လူသူ႐ႈပ္ေထြးလြန္းသည့္ ၿမိဳ႕ေပၚႏွင့္ ကြာျခားလြန္းသည့္ ေတာေတာင္အရသာတို႔သည္ ေအးခ်မ္းႏွစ္သက္ဖြယ္ေကာင္းသည္။

ထိုစဥ္မွာပင္ ျခံထဲက ပန္းေတြစိုက္ထားသည့္ ဥယ်ာဥ္ ဆီမွ လႈပ္႐ွားသံ သဲ့သဲ့ကို ၾကားလိုက္ရသည္။ယိမ္းထိုးသြားေသာ ပန္းပင္အ႐ြက္မ်ားေၾကာင့္ ကြၽန္ေတာ္ထိုင္ရာမွ ႐ုတ္တရက္ ထရပ္လိုက္သည္။

"ဘယ္သူလဲ"

ခပ္က်ယ္က်ယ္ ေအာ္ေမးလိုက္ေသာ္လည္း တုံ႔ျပန္သံက ထြက္မလာ။ထို႔ေၾကာင့္ ကြၽန္ေတာ္အိမ္ေအာက္ဆင္းၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။

ျခံေထာင့္က ကုန္းမို႔မို႔ျဖစ္တည္ေနရာ အျမင့္ပိုင္းတစ္ေနရာတြင္ ႏွင္းဆီပန္း အျဖဴေရာင္၊အနီေရာင္၊ပန္းေရာင္၊အဝါေရာင္ တို႔ကို အေရာင္တူရာ တစ္တန္းစီ ညီညီညာညာ စိုက္ထားသည္။ထိုအပင္မ်ားၾကားထဲတြင္ အသက္ေျခာက္ဆယ္ခန္႔ အဘိုးႀကီးတစ္ဦးသည္ အလုပ္႐ႈပ္ေနဟန္တူသည္။

"ဘႀကီး"

ကြၽန္ေတာ္ ေခၚလိုက္ေတာ့ ပန္းပင္ေတြၾကားက ကိုင္းေနေသာ ခါးကိုျပန္မတ္ကာ လွည့္ၾကည့္လာသည္။မႈန္ေနေသာ မ်က္လုံးအစုံတို႔က ကြၽန္ေတာ္႕ကိ​ု ႐ုပ္လုံးကြဲေအာင္ ေသခ်ာျပဴးၿပဲ ၾကည့္ေန႐ွာသည္မ်က္ခုံးေမႊးေတြပင္ ျဖဴေနၿပီ။

"ကြၽန္ေတာ္က ဒီအိမ္ရဲ႕ အိမ္႐ွင္အသစ္ပါ။အေပ်ာ္တမ္း ပန္းခ်ီဆြဲပါတယ္"

ျပဳံးၿပီး ကိုယ့္ကိုယ္ကို မိတ္ဆက္လိုက္သည့္ တိုင္ေအာင္ အဘိုးႀကီးက မည္သို႔မွ် မတုံ႔ျပန္ပါ။ကြၽန္ေတာ္႕ကို ၾကည့္ၿမဲ၊ၾကည့္ဆဲ။

"မင္း....မင္းက....အစ္ကိုေလးဂ်င္ လား"

"ဗ်ာ "

အသက္သုံးဆေလာက္ ႀကီးေသာ ထိုအဖိုးႀကီးႏႈတ္မွ 'အစ္ကိုေလး'ဟု တမ္းတမ္းတတ ေခၚလိုက္ပုံက တရင္းတႏွီး႐ွိလြန္းလွသည္။ထို႔ေနာက္ လုပ္လက္စ အလုပ္တို႔ကို ပစ္ခ်ကာ ရံြ႕ေပေနေသာ လက္အစုံျဖင့္ ကြၽန္ေတာ္႐ွိရာသို႔ တေ႐ြ႕ေ႐ြ႕လာသည္။

ထိုစဥ္ ဘယ္ကမွန္းမသိေသာ အပုပ္နံ႔စူး႐ွ႐ွက ကြၽန္ေတာ္႕ႏွာေခါင္းထဲ စုျပဳံဝင္တိုးလာသည္။ကြၽန္ေတာ္႕ေျခလွမ္းေတြ ေနာက္ကိုႏွစ္လွမ္းခန္႔ဆုတ္လိုက္မိသည္။

"အစ္ကိုေလး ျပန္လာၿပီေပါ့။ေသခ်ာပါတယ္ အစ္ကိုေလးဂ်င္ပါ"

"ဟိုေလ...ဟို...ဘႀကီး အမွတ္မွားေနသလားလို႔။ကြၽန္ေတာ္က အခုမွ ဆိုးလ္ကေန ေျပာင္းလာတဲ့ ကင္ေဆာ့ဂ်င္ပါခင္ဗ်"

"ဟင္!"

ကြၽန္ေတာ္႕စကားအဆုံးမွာေတာ့ အဘိုးႀကီးက အသိစိတ္ျပန္ဝင္လာသလို ခ်က္ခ်င္းမိႈင္က်သြားသည္။မႈန္ေဝေနေသာ မ်က္လုံးမ်ားတြင္ မ်က္ရည္စမ်ား ဝဲေန၏။ထို႔ေနာက္ အက်ီလက္ျဖင့္ပင္ မ်က္ရည္ေတြသုတ္ပစ္သည္။

"က်ဳပ္ လူမွားသြားတယ္"

"ရပါတယ္ဗ်။အသက္ႀကီးတဲ့သူေတြဆိုေတာ့ ျဖစ္တတ္ပါတယ္"

အစ္ကိုေလး ဂ်င္က ဘယ္သူလဲ။

အစ္ကိုေလး ဂ်င္နဲ႔ ကြၽန္ေတာ္က ႐ုပ္ခ်င္းဆင္တာလား။

အသက္ ၆၀ ေက်ာ္ေယာက်္ားရင့္မာႀကီးက မ်က္ရည္ေပါက္ေပါက္ က်ေအာင္ လြမ္းဆြတ္တမ္းတေနသည့္ ထိုသူ႕အေၾကာင္းကို ကြၽန္ေတာ္တကယ္ပဲ စိတ္ဝင္စားပါသည္။

အေရာင္အေသြးစုံလင္ေနေသာ ႏွင္းဆီပန္းဖူးတို႔သည္ ကြၽန္ေတာ္႕အာ႐ုံကို မဆြဲေဆာင္ႏိုင္။ကြၽန္ေတာ္ အာသီသ ႐ွိေနသည္က ပန္းႏုေရာင္ပြင့္ခ်ပ္ေလးေတြ။တျဖဳတ္ျဖဳတ္ေႂကြက်ေနတဲ့ ပန္းပြင့္ေလးေတြ။

ဘာပဲ ျဖစ္ျဖစ္ မနက္ျဖန္ ထိုေနရာကို ေရာက္ေအာင္သြားမည္ဟု ဆုံးျဖတ္လိုက္သည္။

အခုေတာ့ ေက်ာထဲက ခ်မ္းစိမ့္စိမ့္ျဖစ္လာသည္မို႔ ၾကက္သီးေမႊးညႇင္းေတြ ထသြားသည္။မေၾကာက္တတ္ေသာ္ျငားလည္း အိမ္ႀကီးဆီသို႔ ခပ္သြက္သြက္ျပန္တက္လာခဲ့မိ၏။

"ေနပါဦး။ ငါ့ကို ပထမအိမ္႐ွင္ဖုန္းဆက္ေျပာတုန္းက ဒီျခံေစာင့္ ဘႀကီးအေၾကာင္း မေျပာခဲ့ပါဘူး။သူက ဘယ္မွာေနတာလဲ"

ထိုအဘိုးႀကီးမ်ား ႐ွိေသးသလားဟု ျခံေထာင့္က ႏွင္းဆီပင္ေတြ႐ွိရာကို အၾကည့္ပို႔မိေတာ့ အရိပ္အေယာင္ေသာ္မွ် မေတြ႕ရ။

ဘာေၾကာင့္မွန္းမသိ.. ကြၽန္ေတာ္ေခါင္းနပမ္းႀကီးသြားသည္။

❀ ~ ❀ ~ ❀

ပန္းခ်ီဆြဲဖို႔ canvas ေထာက္တိုင္ကို ကြၽန္ေတာ္ ေသခ်ာေနရာခ်သည္။ဒီအႀကိမ္နဲ႔ဆို ပန္းခ်ီဆြဲဖို႔ ႀကိဳးစားတာ ႏွစ္ႀကိမ္ေျမာက္။ဒီတစ္ခါေတာ့ ဘာအေၾကာင္းပဲ႐ွိ႐ွိ ပုံတစ္ပုံေတာ့ ေရးျဖစ္ေအာင္ ေရးရမည္။

ထင္း႐ႈး​ေတာ အုံ႔အုံ႔မိႈင္းမိႈင္းဆီက တစ္ခါတစ္ရံ ငွက္ကေလးတစ္ေကာင္စ၊ႏွစ္ေကာင္စ၏ ေအာ္ျမည္သံမွတပါး တိတ္ဆိတ္ေနသည္။ေလတစ္ခ်က္တိုးသြားတိုင္း ကြၽန္ေတာ္႕အက်ီစပြတ္တိုက္သံ၊သစ္ကိုင္းမ်ား၏ လႈပ္႐ွားသံသဲ့သဲ့သာ မင္းမူႀကီးစိုးေနသည္။မလွမ္းမကမ္းက ျမက္ပင္ထိပ္ဖ်ားေတြကလည္း ေလယူရာ ယိမ္းႏြဲ႕ကာ အစိမ္းေရာင္ေကာ္ေဇာတစ္ခ်ပ္ကို ျဖန္႔ခင္းထားသလို။

ထင္း႐ႈးပင္၏ ပင္စည္မ်ားမွ ညိဳေမွာင္ေနေသာ အစိမ္းေရာင္၊ ရင့္လိုက္၊ေဖ်ာ့လိုက္ႏွင့္ ေဆးစက္က်သလို ဟိုတစ္ကြက္ ဒီတစ္ကြက္ လွေနေသာ ျမက္ခင္းစိမ္းေရာင္။ထိုအစိမ္းေရာင္မ်ားၾကားတြင္ ပန္းႏုေရာင္ အပြင့္အဖတ္ေလးမ်ား ဝဲျဖာေနပုံက လြမ္းေမာတသဖြယ္ျမင္ကြင္းတစ္ခုျဖစ္သည္။ဟိုးအျမင့္ထိပ္ျဖားဆီကေန တျဖည္းျဖည္းခ်င္း ေႂကြက်လာကာ ေျမျပင္အေပၚအေရာက္မွာ ၿငိမ္သက္စြာေမွးစက္သြားသည္။

တစ္ပြင့္..

ႏွစ္ပြင့္...

သုံးပြင့္...။

အင္း....ကြၽန္ေတာ္ မေရတြက္ႏိုင္ေတာ့ဘူး။

ေႂကြလိုက္တာမ်ား..ပန္းမိုး႐ြာေနသလား ေအာက္ေမ့ရတယ္။

စိတ္ထဲ႐ွိတဲ့အတိုင္းသာဆို ေဟာဒီပင္စည္ႀကီးကို မွီၿပီး အျမစ္ဆုံေတြၾကားထဲမွာ ထိုင္ရင္း တစ္ေမ့တစ္ေမာ ေငးေမာခ်င္သည္။သို​့ေပမယ့္ ကြၽန္ေတာ္ ဒီညိႇဳ႕ငင္မႈေအာက္မွာ မိန္းေမာေနလို႔ မျဖစ္ေသးေပ။ပန္းခ်ီေရးဖို႔ ျပင္ရမည္။

ေဆးခြက္ထဲသို႔ စုတ္တံကိုႏွစ္လိုက္သည္။

canvas စ ေပၚသို႔ စုတ္ကို တစ္ခ်က္ခ်င္းဆြဲလိုက္သည္။အစိမ္းရင့္တာထက္ပင္ ပိုေနေသာ စိမ္းညိဳေရာင္၊အစိမ္းႏုေရာင္။အစိမ္းႏုေရာင္ေတြအေပၚမွာ စုတ္တံေသးေသးေလးႏွင့္ တို႔ထိကာ ပုံေဖာ္ၿပီးေနာက္ ႐ုပ္လုံးေပၚသြားၿပီျဖစ္ေသာ ျမက္ပင္အဖ်ားေလးေတြ။

ထို႔ေနာက္ အဓိက ဇာတ္လိုက္ျဖစ္ေသာ အညိဳရင့္ေရာင္ပင္စည္။

ကြၽမ္းက်င္ေသာ လက္ေခ်ာင္းမ်ားသည္ canvas စ ေပၚတြင္ လွပစြာေျပးလႊားေနၾကသည္။ထိုအခိုက္ ထင္း႐ႈးေတာမ်ားဆီက ေအးစက္ေသာေလျပည္ေသာ္လည္းေကာင္း၊အ႐ြက္ေျခာက္မ်ား၊ပန္းပြင့္မ်ား၏ လႈပ္႐ွားသံကိုလည္းေကာင္း ကြၽန္ေတာ္႕နားထဲ ဝင္မလာၾကေတာ့။

ပန္းႏုေရာင္ေဆးစက္ကေလးမ်ားသည္ ပြင့္ဖတ္ကေလးမ်ားအျဖစ္ တစ္မဟုတ္ခ်င္း ေျပာင္းလဲသြားသည္။ထိ႐ွပဲ့ေႂကြလြယ္ေသာ ပန္းပြင့္ေလးမ်ားကို ပုံေဖာ္ရသည္မွာ လြယ္ေတာ့မလြယ္ကူလွပါ။

ေကာ့ပ်ံၿပီး အ႐ြက္ေပ်ာက္လိုက္ေအာင္ ပြင့္ေနပုံက ေမာက္မာမႈအသြင္ကိုမေဆာင္။ႏုပ်ိဳျခင္း၊လတ္ဆတ္ျခင္းသ႐ုပ္ကို ေဖာ္ျပေနၾကသည္။ပန္းေရာင္သည္ စူး႐ွၿပီး ေတာက္ေျပာင္ေနေသာအေရာင္မဟုတ္၊ၾကည္ႏူးေအးခ်မ္းဖြယ္ ျဖစ္ေသာ ပန္းႏုေရာင္။

ကြၽန္ေတာ္ ပန္းခ်ီကားကို အနည္းငယ္ခြာၿပီး ခပ္လွမ္းလွမ္းကေန ေနာက္ဆုတ္လ်က္ၾကည့္လိုက္သည္။ဘာလိုလို႔ လိုေနမွန္းသည္။တစ္စုံတစ္ခု လွစ္ဟာေနသလို ခံစားရသည္။

"ဘာလိုေနတာလဲ...ထင္း႐ွဴးေတာေတြရယ္။ ျမက္ခင္းစိမ္းရယ္၊ ခ်ယ္ရီပင္ႀကီးရယ္...ၿပီးေတာ့ေရာ..."

အတန္ၾကာၿပီးေနာက္ ကြၽန္ေတာ္႕လက္ေတြ အလိုလိုလႈပ္႐ွားသြားသည္။ခ်ယ္ရီပင္စည္ႀကီးေအာက္မွာ ရပ္ေနေသာ တစ္စုံတစ္ခု။

လူတစ္ေယာက္ပုံ။ ႐ွပ္အက်ီ အျဖဴေရာင္က အနည္းငယ္လြင့္ေနသည္။

ထိုအခါမွ ပန္းခ်ီကားက ျပည့္စုံသြားသည္ဟုထင္ရသည္။ထိုသူက ကြၽန္ေတာ္မဟုတ္တာေတာ့ ေသခ်ာပါသည္။ဘယ္သူဘယ္ဝါမွန္းလည္း ကြၽန္ေတာ္ကိုယ္တိုင္သိမေနပါ။

ခ်ယ္ရီပင္ႏွင့္ လူတစ္ေယာက္။

တစ္ေယာက္ေယာက္ကို ရပ္ေစာင့္ေနသလိုမ်ိဳး ေမွ်ာ္ေငးေနဟန္ ထို႐ုပ္ပုံကို ၾကည့္ရင္း ကြၽန္ေတာ္႕မ်က္လုံးေတြ က်ိန္းစပ္လာသည္။ပါးေတြပူလာသည္။

ကြၽန္ေတာ္႕ရင္ထဲ စူးစူးေအာင့္ေအာင့္ႀကီး နာက်င္လာသည္။ဆို႔နစ္ေနေသာ ခံစားခ်က္ႀကီးက ႐ုတ္တရက္ လည္ေခ်ာင္းထဲ လွိမ့္တက္လာသည္။

ကြၽန္ေတာ္ မ်က္ရည္ေတြ က်ေနပါလား။

ထိုအခိုက္တြင္ ပန္းပြင့္ေႂကြေတြေပၚ ခပ္ဖြဖြနင္းလာေသာ ေျခသံက တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ကို ၿဖိဳခြင္းသြားသည္။ကြၽန္ေတာ္ ဆတ္ကနဲေခါင္းေထာင္ၾကည့္မိသည္။

"ခင္ဗ်ားက ပန္းခ်ီဆရာလား"

ၾကည္လင္ျပတ္သားေသာ္လည္း ႏူးညံ့မႈေတြ ေပ်ာ္ဝင္ေနေသာ အသံ။

ခဲပုပ္ေရာင္ အကြက္စိပ္စိပ္လက္႐ွည္၊နက္ျပာေရာင္ေဘာင္းဘီဝတ္ဆင္ထားေသာ သ႑ာန္သည္ ခ်ယ္ရီပင္ေအာက္အေရာက္တြင္ ပင္စည္ကိုမွီကာ ရပ္သည္။ကြၽန္ေတာ္႕ကို ၾကည့္မေနပါ။ထင္း႐ႈးေတာေတြဘက္ ေငးေနသည္။

"ဘယ္သူလဲ"

ကြၽန္ေတာ္သိရသေလာက္ ဒီျခံႀကီးထဲမွာ ဘယ္သူမွ မေနပါ။သူ႕ပုံက ေအးေအးလူလူပင္ မွီရပ္ေနသည္။

"ဘယ္သူလို႔ ထင္လဲ"

သူ႕မ်က္ႏွာ ဒီဘက္ကို လွည့္လာေသာအခါ ကြၽန္ေတာ္႕ေျခလွမ္းေတြ ေနာက္ကို ႏွစ္လွမ္းေလာက္ ဆုတ္သြားမိသည္။

အလြန္ရင္းႏွီးေနခဲ့ေသာ ဒီမ်က္ႏွာ။

ပါးလ်ေသာ အေပၚႏႈတ္ခမ္းေအာက္တြင္ ျပည့္တင္းေနေသာ ေအာက္ႏႈတ္ခမ္းသားကို ေစ့ပိတ္ကာ သူ႕ႏႈတ္ခမ္းေတြက ျပဳံးေယာင္သန္းေနသည္။ျဖဴဝင္းေသာ အသားအေရာင္က ခဲပုပ္ေရာင္အက်ီေၾကာင့္ ထင္းထြက္ေနသည္။

"မင္းက ဘယ္သူလဲ"

ကြၽန္ေတာ္ ေနာက္တစ္ေခါက္ ထပ္ေမးလိုက္သည္။

"ကိုယ္က ဒီမွာေနတာပါ"

သူက ခပ္တိုးတိုးရယ္ကာ အေရးမႀကီးသလိုေျဖသည္။ဖိနပ္ေအာက္က ပန္းပြင့္ေႂကြေတြကို ထိေတြ႕ရင္း သူျပဳံးသည္။အတိအက် မေျဖေသာ သူ႕အေျဖကို ကြၽန္ေတာ္ဘဝင္မက်ပါ။ဒီအနီးအနားဝန္းက်င္မွာ အိမ္မွမ႐ွိပဲ။

"ဒီၿမိဳ႕ကပဲလား"

ကြၽန္ေတာ္ေနာက္ထပ္အထြန္႔တက္ၿပီး ေမးမိျပန္သည္။

"ဆိုပါေတာ့"

ကြၽန္ေတာ္မေက်နပ္ႏိုင္ပါ။သူအျပဳအမူေတြက ပိုင္စိုးပိုင္နင္း ႏိုင္လြန္းေနသည္။မသိရင္ သူက ဒီျခံပိုင္႐ွင္လိုလို ဘာလိုလိုနဲ႔။

"လာပါ...ဒီမွာလာထိုင္"

ပထမဆုံး ေတြ႕ဖူးတဲ့လူတစ္ေယာက္ကို ကြၽန္ေတာ္ဘာေၾကာင့္ အယုံလြယ္ေနသလဲ မေျပာတတ္ေတာ့။ကြၽန္ေတာ္႕ေျခေထာက္ေတြက သူ႕ႏႈတ္ဖ်ားက စကားအတိုင္း အျမစ္ဆုံေပၚေရာက္သြားသည္။ၿပီးေတာ့ သူထိုင္ေနတဲ့ေနရာနဲ႔ လက္တစ္ကမ္းအကြာတြင္ပင္ ဝင္ထိုင္လိုက္သည္။

"ဒီမွာေနတာ ၾကာၿပီလား။မင္းနာမည္က ဘယ္သူလဲ။မင္း အိမ္ကဘယ္ေနရာမွာလဲ"

အဆက္မျပတ္ေမးခြန္း ထုတ္လိုက္ေသာ ကြၽန္ေတာ္႕ကို သူက ကေလးတစ္ေယာက္ကို ၾကည့္သလိုမ်ိဳး ျပဳံးၿပီး စိုက္ၾကည့္ေနသည္။

"ေမးခြန္းေတြက မ်ားလွခ်ည္လား..ဟား.."

ဟုတ္သားပဲ။သူေျပာကာမွ ကြၽန္ေတာ္ နည္းနည္းေတာင္႐ွက္သြားရသည္။ကြၽန္ေတာ္႕ပုံစံ အရမ္းကိုအေလာတႀကီးဆန္ေနၿပီလား။ကြၽန္ေတာ္မရင္းႏွီးေသးတဲ့ လူတစ္ေယာက္အေပၚ ဒီလိုမေမးသင့္ေသးဘူး။

"ကိုယ္က ဒီမွာ ေမြးကတည္းက ေနလာတာ"

သူ႕ဟန္က ဆယ္ေက်ာ္သက္ေလးတစ္ေယာက္လို ေပါ့ပါးသြက္လက္ေနသည္။ရယ္သံကအစ စြဲမက္ဖြယ္ေကာင္းလြန္းေနသည္။

ကြၽန္ေတာ္အနည္းငယ္ ဝမ္းသာသြားသည္ကေတာ့ အမွန္ပင္။ကြၽန္ေတာ္သိခ်င္ေနေသာ အေၾကာင္းအရာတစ္ခ်ိဳ႕ကို ေမးလို႔ရႏိုင္မလား ေမွ်ာ္လင့္ခ်က္ေလးေပါ့။

"ဒါဆို...ငါ့ကို ဒီအပင္ႀကီးနဲ႔ ပတ္သက္ၿပီး တစ္ခုခုေျပာျပပါလား"

ြမဟုတ္ေသးပါဘူး။ကြၽန္ေတာ္ဟာ အခုမွေတြ႕ဖူးတဲ့သူတစ္ေယာက္ကို အရမ္းကိုယုံၾကည္လြန္းေနၿပီ။

ထင္း႐ွဴးေတာအုပ္အဖ်ားက ေနလုံးသည္ တျဖည္းျဖည္း အေရာင္ေဖ်ာ့လာသည္။မၾကာမီ ဟိုးအေဝးက ေတာင္တန္းေတြၾကား ပုန္းခိုေတာ့မည္။

"အထူးအဆန္းေတာ့မ႐ွိပါဘူး။လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ေက်ာ္ကတည္းက ဒီအပင္ႀကီးက ဒီေနရာမွာ႐ွိေနတာပဲေလ"

သူ႕ကို ကြၽန္ေတာ္ၾကည့္မိေတာ့ သူက အေဝးကိုေငးေနသည္။

"မဟုတ္ဘူး...ဒီေနရာနဲ႔ ပတ္သက္ၿပီး တစ္ခုခု႐ွိေနတယ္"

ကြၽန္ေတာ္က အေလွ်ာ့မေပးဘဲ ေျပာေတာ့ သူ..ကြၽန္ေတာ္႕ကို ေငးၾကည့္လာသည္။

ရင္းႏွီးလြမ္းဆြတ္မႈေတြ ျပည့္ေနေသာ သူ႕မ်က္ဝန္းေတြက ကြၽန္ေတာ္႕ကိုစိုက္ၾကည့္ေနသည္။

"တကယ္သိခ်င္လား"

"အင္း...သိခ်င္တယ္"

"တကယ္ေတာ့ ဒီေနရာမွာ ဇာတ္သိမ္းမလွတဲ့ ပုံျပင္တစ္ပုဒ္႐ွိခဲ့တယ္"

"ဟင္.."

သူက ဘာေၾကာင့္မ်ား ဇာတ္သိမ္းကို ႀကိဳေျပာေနရတာလဲ။ပုံမွန္ဆို ဇာတ္သိမ္းကို မမွန္းမိေအာင္ေျပာမွ စိတ္ဝင္စားစရာေကာင္းတာမဟုတ္လား။သူကေတာ့ ဒီလိုမဟုတ္။သူ႕ဇာတ္သိမ္းက ေပ်ာ္စရာမဟုတ္မွန္းေတာ့ ကြၽန္ေတာ္နားလည္သည္။

"မင္း နားေထာင္ခ်င္ရင္ ကိုယ္ေျပာျပပါ့မယ္၊ဒါေပမယ့္ အဆုံးသတ္မွာ မင္းနာက်င္ရလိမ့္မယ္"

"ရပါတယ္ ဘာပဲျဖစ္ျဖစ္ ငါသိခ်င္တယ္"

ကြၽန္ေတာ္ အားႀကိဳးမာန္တက္ျဖင့္ပင္ သူ႕အက်ီလက္စကို ဆြဲလိုက္မိသည္အထိ။သူက ထရပ္သည္။

"ကဲပါ...မနက္မွထပ္ေတြ႕ရေအာင္။ကိုယ္ျပန္ရေတာ့မယ္"

မတတ္သာတဲ့အဆုံး ကြၽန္ေတာ္ေခါင္းၿငိမ့္လိုက္သည္။တကယ္လည္း ေနဝင္ေတာ့မည္ျဖစ္သည္။

သူ ကြၽန္ေတာ္႕ကို ေနာက္ခိုင္းသြားေလၿပီ။ေဘာင္းဘီအိပ္ကပ္ထဲကိုလက္ႏိႈက္ကာ ခပ္ေျဖးေျဖးပင္ ေလွ်ာက္သြားေနသည္။

ကြၽန္ေတာ္ပန္းခ်ီကားကိုသိမ္းလိုက္ၿပီး စုတ္တံ၊ေဆးခြက္ေတြကို Box အေသးစားေလးထဲထည့္ၿပီး သိမ္းလိုက္သည္။

"ဟင္...ဘယ္ေပ်ာက္သြားတာလဲ"

သူ႕ကို မေတြ႕ေတာ့။ထို​ေျခလွမ္းႏႈန္းျဖင့္ဆိုလွ်င္ ေဝးေဝးကိုမေရာက္ႏိုင္ေသးပါ။လြန္ေရာက်ံြေရာမွ ခ်ယ္ရီပင္အလြန္က လမ္းကေလးေပၚပင္ ႐ွိေနေသးဦးမည္။

"ျမန္လိုက္တာ"

ခပ္တိုးတိုးေရ႐ြတ္ရင္း ကြၽန္ေတာ္လည္း အိမ္ႀကီး႐ွိရာကို ျပန္ဖို႔ျပင္ရေတာ့သည္။

သူေျပာခဲ့ေသာ စကားလုံးတစ္ခ်ိဳ႕က နားထဲတြင္တဝဲလည္လည္ႏွင့္။

"အဆုံးသတ္မွာ မင္းနာက်င္ရလိမ့္မယ္"

"အဆုံးသတ္မွာ မင္းနာက်င္ရလိမ့္မယ္"

~~~~~~~~~~ // ~~~~~~~~~

Thanks for your reading & voting

Riona

Continue Reading

You'll Also Like

1M 33.2K 78
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
741K 20.2K 74
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...
1.7M 62.4K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
2M 57.5K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...