မဟိုဒင်း~~

By Yeemon_Tuan

15.5K 1K 38

Baekyeol~~ More

Ep_1##
Ep_2##
Ep_3##
Ep_4##
Ep_6
sad
Ep_7 # # Cover By Yee Mon
Ep_8#
Ep_9#

Ep-5##

1.2K 105 9
By Yeemon_Tuan

မဟိုဒင်းးး

Ep 5##

ပညတ်ထားလို့မဟုတ်ပါဘူးးကျွန်တော်သူ့ဝတ္တုတွေဘယ်တော့မှမဖတ်တော့ဘယ်သိမလဲအဲ့ဒီတော့မပြောပြနိုင်ဘူးပေါ့  အို  ဒါနဲ့များးကျွန်မကို

သူ့ဝတ္တုတွေဘာတွေဖတ်ဖူးသလားလို့မေးရသလားရှင့် Kai မှာအတန်ကြာအောင်ငိုင်ပြီးစဉ်းစားနေမိလေ၏။ထို့နောက်မှအကြံတစ်ခုရလာ

ဟန်ဖြင့်မိန်းမပျိုကိုရွှင်လန်းစွာမော့ကြည့်လိုက်ကာ'သူ့အမေးကိုစောင့်ပေါ့သူကမင်းနာမည်ဘာလဲလို့မေးရင်ရှင်ကြိုက်သလိုမှည့်ပါလို့ပြန်ဖြေ

မှတ်ထားနော်ဒီတော့သူပေးတဲ့နာမည်သူအပြစ်မရှာနိုင်ဘူးးပေါ့ မိန်းမပျိုမှာထိုအကြံကိုသဘောကျဟန်ဖြင့်လက်ခုပ်လေးနှစ်ဘက်တီးကာ

ပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်ပြီးKaiကတော်သားဘဲချစ်ဖို့ကောင်းတယ်ဒါမျိုးတွေအားကိုးလို့ရပြီ ဟုပြောလိုက်ရာလူပျိုကြီးနားနေလူပျိုကြီး

ဖြစ်နေသောkaiမှာမိန်းမပျိုတစ်ယောက်၏ချစ်ဖို့ကောင်းတယ်ဟုပြောသံကြားသောအခါသွား၃၂ချောင်းပေါ်အောင်ပြုံးလိုက်ပြီးးရှက်ရှက်နှင့်တံ

မြက်စီးးဆွဲလှည်းနေလေ၏။ထိုအချိန်တွင်မိန်းမပျိုက  ဒါထက်ရှင်တို့ဆရာတပည့်နှစ်ယောက်ဒီလိုဝတ္တုရေးပြီးစားနေကြတာလားးဒီအိမ်ကော

ဝတ္တုရေးခနဲ့ဝယ်တာလားးဟုသိလိုသမျှကိုမေးလိုက်လေ၏[baconမကတော့ထုံးစံအတိုင်းစပ်စုနေပြီ]ဒီအိမ်ကဆရာဝယ်ချင်တယ်ဆိုလို့

မော်လမြိုင်ကသူ့အဒေါ်Suhoကဝယ်ပေးထားတာလေဒါပေမဲ့ဆရာ့ကိုအပိုင်မပေးသေးဘူမိန်းမယူမှအပိုင်ပေးမယ်တဲ့ဒီတော့အပိုင်မရသေးခင်အိမ်ကိုဘာမှမလုပ်ရဘူးးတဲ့ကြမ်းတစ်ချောင်းကျိုးရင်တောင်သူ့ကိုခေါ်ရမယ်ဆိုဘဲအဲ့ဒါကို ကိုယ့်သဘောနဲ့ကိုယ်အိမ်ကိုဖျက်ဆီးမယ်ပြုပြင်

မယ်ဆိုအိမ်ကနှင်ချမယ်တဲ့ဗျာ 'မတော်တဆကျိုးရင်ကော'ခုနကပြောသလိုပေါ့သူ့ကိုခေါ်လို့သူကိုယ်တိုင်ရောက်တော့မတော်တဆလားး

တမင်တကာလားဆိုတာစုံစမ်းမယ်တဲ့တူဝရီးနှစ်ယောက်ကလိုက်လည်းလိုက်ပါပေတယ်တစ်ခုခုဆိုစုံစမ်းမယ်ဆိုတာကြီးဘဲလေ……

မိန်းမပျိုမှာရီပြီးးအဲ့ဒီသူဌေးကတော်ကြီးကတော်တော်ချမ်းသာလားး'ဟာ……သူဌေးကတော်ကြီးပေါ့ သူ့ယောင်္ကျားဆုံးသွားပြီးးပစ္စည်းတွေ

အကုန်သူ့လက်ထဲကျန်ခဲ့တာလေသားထောက်မြေးခံကလည်းမရှိတော့ဆရာသာကောင်းကောင်းနေမယ်ဆိုဒီအမွေတွေဆရာရမှာဘဲလေ'

အယ် အဲ့ဒါဆိုအခုရှင်တို့ဆရာကကောင်းကောင်းမနေဘူးးလားးအရက်တွေသောက်ဖဲတွေရိုက်မိန်းမတွေ မိန်းမတွေ~~''အာာာာ

မဟုတ်ပါဘူးးးကောင်းကောင်းနေတယ်ဆိုတာသူသဘောကျနေရမှာကိုပြောတာ´အော် တော်သေးတာပေါ့သူကဘယ်လိုနေမှသဘောကျမှာ

တဲ့လဲ'သူသဘောကျတာကမိန်းမတစ်ယောက်ယူပြီးနေရမှာပေါ့ဒါမှသူရတဲ့ဝတ္တုခတွေကိုထိန်းသိမ်းနိုင်တဲ့သူရှိရမယ်အခုတော့ဒီနေ့ဝတ္တုရေးခရရင်ဒီနေ့သုံးမနက်ဖြန်ဗိုက်မှောက်ဆိုတာမျိုးဖြစ်နေတာကို အခုတော့ကျွန်တော့ဆရာကမိန်းမယူရမှာကိုကျားဂူထဲဝင်ရတာထက်ကြောက်နေ

တော့လည်းဘယ်တတ်နိုင်မလဲ!!´အချိန်မှာနံနက်6နာရီခွဲခန့်ရှိလာပြီဖြစ်သဖြင့်kaiမှာဈေးခြင်းတောင်းကြီးကိုဆွဲကာမိန်းမပျိုနှင့်တိုင်ပင်ပြီးးနှစ်

မိုင်ခန်းဝေးသောအင်းစိန်ဈေးသို့ဆိုင်ကယ်နှင့်ဈေးဝယ်သွားလေ၏။အခန်းထဲ၌chanyeolမှာလည်းးးတပည့်ကျော်kaiဈေးသွားဝယ်လျှင်

မိန်းမပျိုတစ်ယောက်တည်းသာအိမ်တွင်ကျန်ရစ်ခဲ့တော့မည်ဖြစ်၍မိန်းမပျိုမှာသူ့စည်းကမ်းကိုမသိသဖြင့်အခန်းထဲသို့အသံမပြုဘဲဝင်လို့မ

ရအောင်အပေါက်ဝ၌ကြမ်းပေါ်မှာတစ်တောင်လောက်အမြင့်တွင်ကြေးနန်းကြိုးခိုင်ခိုင်ခံခံကိုချည်တန်းထားလေ၏။မိန်းမပျိုမှာလည်းရေနွေး

အိုးဆူသောအခါကော်ဖီကိုနှပ်ထားပြီးမှchanyeolကော်ဖီသောက်မသောက်ကိုမသိသေးသဖြင့်chanyeolကိုမေးရန်အခန်းတွင်းသို့

ဝင်လိုက်ရာအောက်ခြေကတန်းထားသောကြေးနန်းကြိုးနှင့်ခြေထောက်ငြိသွားသဖြင့်ကြမ်းပေါ်သို့ဘုန်းခနဲလေးဘက်ထောက်လေးကျသွား

လေ၏။ကလေးမဟုတ်သူငယ်မဟုတ်ဤကဲ့သို့အခန်းဝတွင်ကြေးနန်းကြိုးတန်းထားခြင်းအတွက်စိတ်ထဲကဒေါသကလေးဖြစ်သွားပြီးမှ

အော်သူ့ကိစ္စတစ်ခုခုရှိလို့တန်းထားတာလားမှမသိဘဲဟူသောသက်ညှာသောအတွေးကလေးဖြင့်စိတ်ကိုဖြေလိုက်ပြီးလေးဘက်ထောက်

ဖြစ်နေရာမှကုန်းထလိုက်သောအခါစားပွဲကိုနောက်ပြန်မှီလျက်လက်ပိုက်ကာသူ့ကိုပြုံးစိစိကြီးကြည့်နေသောchanyeolကိုတွေ့ရသဖြင့်

စောစောကဝမ်းထဲတွင်ဖြစ်ခဲ့သောဒေါသကလေးနှင့်ရှက်သည့်စိတ်တို့လုံးထွေးဖြစ်ပေါ်လာကာကျွန်မလဲတာရယ်စရာရာလားဟုမေးလိုက်ရာ

ငါလဲတာမင်းလဲလို့ရယ်တာလို့စွပ်စွဲနိုင်လောက်တဲ့အကြောင်းပြချက်ရှိလို့လားးကျွန်မတော့ဒီလိုဘဲထင်တာဘဲ မဟုတ်ဘူးးငါရယ်တာငါ့တွေး

ထင်ချက်အတိုင်းဖြစ်လာလို့ဒါဖြင့်ရှင်ကြိုးကိုတမင်ချည်ထားတာပေါ့'အင်းလေ´မိန်းမပျိုမှာဆတ်ခနဲဖြစ်သွားလျက်အသံတစာစာဖြင့်ခပ်ကျယ်

ကျယ်လေးပြန်ပြောလိုက်လေ၏။ဘာာာကျွန်မလဲအောင်တမင်ချည်ထားတာ ဟုတ်လားးး' အင်းလေ  'ဘယ်လိုလူစားမျိုးဖြင့်လာတွေ့နေရ

ပါလိမ့်ဟူသောအတွေးမျိုးနှင့်မိန်းမပျိုမှာchanyeolကိုစိုက်ကြည့်နေရာမှမျက်ရည်ကလေးများဝိုင်းလာကာ ကျွန်မလဲတာကြည့်ပြီး ရှင်စိတ်ပျော်တယ်ပေါ့လေ ကောင်းပါတယ်ဟုအသံဝဲလေးနှင့်ပြောလိုက်ရာ'ငါရယ်ချင်လို့လုပ်တာမဟုတ်ဘူငါ့အခန်းထဲငါမသိဘဲဝင်လာမှာ

စိုးလို့ ကဲ ရှင်းးးပလားး အခုဘာလာလုပ်တာလဲ´ရှင်မနက်ကော်ဖီသောက်သလားမေးမလို့'မနက်ကော နေ့ခင်းကော ညကောသောက်တယ်

ကော်ဖီကိုပြောတာနော်'ဒါဆိုအခုဖျော်ပြီးးယူခဲ့မယ်'အင်းးဒါပေမဲ့တစ်ခုသတိထားးငါ့အခန်းထဲဝင်ခါနီးဆို အသံပြုပြီးမှဝင်ရမယ်ကြားလားး'

ကောင်းပါပြီရှင် ဟုပြောကာချာကနဲလှည့်၍ပြန်ထွက်လိုက်ရာကြေးနန်းကြိုးနှင့်ငြိပြန်၍လဲမလိုဖြစ်သွားပြန်လေသည်။ကော်ဖီဖျော်နေရင်းး

Chanyel၏ဂွကျလှသောအပြုအမူများကိုတွေးပြီးးရင်လေးသလိုဖြစ်နေရင်းကရယ်ချင်လာပြန်သဖြင့်လည်းးတစ်ယောက်တည်းပြုံးမိနေလေ

သည်Chanyeolတွင်ဤသို့ဂွကျသောအကျင့်မှအပအားလုံးကောင်းမွန်၍သနားကြင်နာခြင်းထောက်ထားစာနာခြင်းများရှိသည်ကိုလည်းအကဲခတ်မိပြီးဖြစ်သည်။ကော်ဖီဖျော်ပြီးသောအခါမိန်းမပျိုမှာကော်ဖီပန်းကန်လေးကိုကိုင်၍Chanyeolအခန်းနားသို့တဖြည်းဖြည်းကပ်ပြီး

လျှင်အခန်းဝသို့ရောက်သောအခါ 'ကျွန်မဝင်ပါတော့မယ်ရှင်……´ငေါ့သလိုလိုအတည်လိုလိုပြုံးစိစိနှင့်ပြောရင်းးစောစောကကြေးနန်း

ကြိုးရှိမရှိကိုလည်းဂရုထားကာအခန်းတွင်းသို့ဝင်သွားလေ၏။အခန်းတွင်းသို့ရောက်သောအခါတွင်ကားးchanyeolကိုဘယ်မှာမှမတွေ့

ရသဖြင့်သေသေချာချာလိုက်လံကြည့်နေရာခုတင်ခြေရင်းရှိစောင်ပုံကြီးမှာကြည့်၍မကောင်းသောကြောင့်ကော်ဖီပန်းကန်ကိုစားပွဲပေါ်တင်

ထားခဲ့၍ခုတင်နားပြေးကပ်သွားကာစောင်ကြီးကိုဖယ်ခွာလိုက်ရကားးထုံးကွင်းများနှင့်ဆံပင်စုတ်ဖွားဖြစ်နေသောchanyeolမှာ

ဆဒ္ဒန်ဆင်မင်းပျဉ်ချပ်ကိုဆွဲခွာလိုက်သောအခါဘွားခနဲပေါ်လာရသောလုဒ္ဒကမုဆိုးကဲ့သို့ကုန်းကွကွကြီးဖြစ်နေလေ၏။မိန်းမပျိုမှာ chanyeol

ကိုသေသေချာချာစိုက်ကြည့်၍ ဒီလူတော့ရူးနေပါပြီဟုတွေးမိပြီးးမရဲတရဲနှင့်နဖူးကိုလက်ကလေးနှင့်စမ်းပြီးးရှင်နေမကောင်းဘူးလားဟင်

ဟုမေးလိုက်စဉ်chanyeolမှာဖျတ်ခနဲသူ့လက်ကိုပုတ်ချလိုက်ကာခုတင်ပေါ်၌ဝုန်းခနဲမတ်တပ်ရပ်လိုက်လေရာမိန်းမပျိုမှာလန့်၍အခန်းဝသို့

ထွက်ပြေးလေသည်။'မပြေးနဲ့    ရပ်လိုက်'chanyeol၏အမိန့်သြသံကြီးကြောင့်~~~

Ep 5 end####

ရယ်ရအောင်တော့ရေးထားတာဘဲ မရယ်ရရင်တော့ authorလာကလိလာထိုးပေးမယ်နော် :D

If you enjoy reading,plz vote for me!!

Commentလေးဘာလေးပါရမယ်ဆိုပိုပျော်တာပေါ့လို့နော်:D

Continue Reading

You'll Also Like

2.1M 202K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
14.6K 1.4K 24
ကြာပန်းဖြူလေးများမှ ဘာသာပြန်ဆိုသည်။
3M 402K 129
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတ...