Lily was a little girl

By Phyusinmg99

43.9K 2.2K 253

အမေ့ရဲ့သူငယ်ချင်းကိုမှ ချစ်မိသွားသောအခါ Mother Friend 👩‍👧 အချစ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး Kim ရယ် ချစ်တ... More

Part - 1 (Uni)
Part - 2 (Uni)
Part - 3 (Uni)
Part - 4 (Uni)
Part - 5 (Uni)
Part - 6 (Uni)
Part - 7 (Uni)
Part - 8 (Uni)
Part - 9 (Uni) 18+🔞
Part - 10 (Uni) 18+🔞
Part - 12 (Uni)
Part - 13 (Uni)

Part - 11 (Uni)

2.4K 144 31
By Phyusinmg99


"အင်းပါ မီရယ် Kim နားလည်ပါတယ် စိတ်ပူပေးတာ ကျေးဇူးပါ"

"အေးပါ နင်လည်းဂရုစိုက်နေအုံး  ငါကနင်တို့ နှစ်ယောက်လုံးရဲ့ ရှေ့ရေးအတွက်တွေးပြီး စိတ်ပူတယ်ဆိုပေမဲ့ နင်စိတ်ချမ်းသာတယ်ဆို နင်ပျော်မယ်ဆိုလုပ်သာလုပ် ဘာပဲဖြစ်ဖြစ်ငါအားပေးတယ် မီပြောတာကို Kimသဘော ပေါက် တယ်မဟုက်လား"ဟုပြော၍ မီမှမျက်ခုံးလေးပင့်ပြလိုက်သည်။ မီရဲ့ မျက်လုံးထဲမှ အဓိပ္ပါယ်များစွာကို Kimသဘောပေါက်နေလေသည်။

"Kim သဘောပေါက်ပါတယ် မီရယ် စိတ်ချပါ
အားလုံးအဆင်ပြေသွားမှာပါ"

ထိုစဉ် လီလီဝင်လာသည်။လီလီမှ Kim ခြေထောက်​လေးကို ကိုင်၍ ရေနွေးလေးဖြင့်ကပ်ပေးနေသည် ထို့နောက် ဆေးပူလေးလိမ်း၍
အဝတ်အပါးလေးဖြင့်ညင်သာစွာ စီးပေး
လိုက်သည်။လီလီမှ......

"Kim သက်သာရဲ့လား"

"အင်းသက်သာတယ် လီလီလက်ကလေးနဲ့ ထိလိုက်ကတည်းက မနာတော့တာ"
( Kimမှ ရယ်ပြီးပြောလိုက်သည်။)

မီမှ......
"ကဲ ဒါဆို မီပြန်လိုက်အုံးမယ်"

"အွန်း မီရေ ကျေးဇူးပါနော်"

"အယ် ရပါတယ် ဒါနဲ့ပေါ်ပီလေးရော"

"ပေါ်ပီလေးကို လီလီ ရေချိုးပေးပြီး အခန်းထဲ ထည့်ထားလိုက်တယ်"

"ဟယ် ဒါဆို အန်တီမီ ခေါ်သွားလိုက်မယ်နော် လီလီက Kim ကို ဂရုစိုက်လိုက်ပါအုံး"

"ဟုက် သွားခေါ်ပေးမယ်နော်"
(လီလီ ပေါ်ပီလေးကို သွားခေါ်ရန် အခန်းထဲသို့ ဝင်သွားသည်)Kim မှ......

"မီရယ် အဆင်ပြေပါ့မလား ဒီပေါ်ပီလေးက နည်းနည်း ဆိုးတယ်နော်"

"အမလေး ဆိုးလေ ပိုချစ်လေပဲ ဒီရက်ပိုင်း ငါခေါ်ထားပေးမှာမို့ ကိုယ့်ကိုကိုယ်သာ ဂရုစိုက်"

"ထိုစဉ် လီလီ ပေါ်ပီလေးနှင့်အတူ ထွက်လာ
သည်"

လီလီ ပေါ်ပီလေးကို ပေးလိုက်ပြီးနောက်
မီပြန်သွားသည်။လီလီမှ......

"Kim....အပေါ်မှာအိပ်လို့မရတော့ဘူးနော်
အောက်ထပ်က အခန်းမှာပဲ အိပ်ရမှာ လီလီ လိုက်အိပ်ပေးမယ်နော်။ အခု အခန်းထဲမှာ သွားနားတော့မလား"

"အင်းသွားမယ်"
(Kim လီလီကိုတွဲ၍ အခန်းထဲသို့ ဝင်နားလိုက်
သည်)လီလီမှ....

"Kim ကို ဆရာဝန်က ဘာပြောလိုက်သေးလဲ"

"ဘာမှမဖြစ်ပါဘူးတဲ့ အာရုံစိုက်တာများတော့ ခေါင်းကိုက်တာ ခေါင်းမူတာပါတဲ့ ခုတစ်လော ဖုန်းလည်းအကြည့်များတယ်လေ ပြီးတော့ ညဆိုလည်းနောက်ကျမှ အိပ်တာကိုး"

"ဒါဆို ဒီညကစပြီး စောစောအိပ်ကြမယ်နော်
လီလီ မဆိုးတော့ပါဘူး Kim ကျန်းမာရေးက အရေးကြီးတာမို့လို့"

"ဘယ်သူပြောလဲ လီလီဆိုးတယ်လို့ လီလီက Kimအတွက်တော့ အရမ်းလိမ္မာတယ်"

(ညရောက်သော် လီလီရင်ခွင်လေးထဲတွင် Kimမှီ၍အိပ်နေသည်)

"Kim နာနေသေးလားဟင်"

"မနာပါဘူး ကလေးရယ် Kimလီလီကို ပြောစရာတစ်ခုရှိတယ် တစ်ခြားတော့မဟုက်ပါဘူး Kimတို့ကျောင်းတကိတုန်းက အကြောင်းလေးပါ"

"အင်း ပြောပြလေ"

"ကျောင်းတက်တုန်းက ဆွန်းနဲ့Kimနဲ့က တစ်ခန်းထဲ ဒါကြောင့်လည်း အချစ်ဆုံး သူငယ်ချင်းတွေဖြစ်လာတာပေါ့။ တစ်နေ့တော့ Tomboyလေးတစ်ယောက်က ဆွန်းကို နှင်းဆီပန်းလေးပေးပြီးတော့ ရည်းစားစကားလာပြောတယ် အဲ့ဒါနဲ့ Kimလည်း စောင့်ကြည့်လိုက်တယ် ဆွန်းဘာပြောမလည်းပေါ့ ဒါနဲ့ပဲ ဆွန်းကသူ့ကို ဘာမှပြန်မပြောဘဲ သူလက်ထဲမှာ ကိုင်ထားတဲ့ ကော်ဖီခွက်နဲ့ အဲ့ Tomboyလေး ရဲ့ မျက်နှာကို ပက်ချပလိုက် တာ Kimတောင်တော်တော်လှန့်သွား
တယ် အဲ့ဒါနဲ့ ဆွန်းက သူ့ကိုထပ်ပြောလိုက်
တယ် နင်တို့လို ဟိုမရောက်ဒီမရောက်ကို ကြိုက်ဖို့မပြောနဲ့ ရွံတောင်ရွံသေးတယ်ဆိုပြီးတော့ အဲ့လိုပြောပစ်လိုက်တာ Kimဖြင့်လန့်သွားတယ် ခုအဲ့ဒီအကြောင်းတွေကို ပြန်တွေးမိနေတာ"

"ဟင် မေမေက အဲ့လောက်ထိတောင် ဆိုးလား"

"သူ ဒီအကြောင်းတွေကို သိကြည့်ပါလား Kimအပေါ်အဲ့ထက်တောင်ဆိုးအုံးမယ် ဘာလိုလဲဆိုတော့ Kimက သူ့ယုံကြည့်မူကို ချိုးဖောက်ခဲ့တာလေ သူယုံကြည်လို့ အပ်နှံထားတဲ့ ကလေးလေးကို Kimတွေ အရောင်တွေဆိုးမိ
တယ် Kimမှာ အပြစ်တွေရှိနေသလို ခံစားနေရတယ်"

"လီလီ ရဲ့မေမေက ဘယ်လောက် တစ်ယူသန်လဲဆိုတာ လီလီ သိပါတယ် Kimရယ်
အဲ့စိတ်ညစ်စရာ အကြောင်းတွေ မပြောပါနဲ့တော့နော် ဘာတွေပဲ ဖြစ်လာဖြစ်လာ အတူ
ရင်ဆိုင်ကြရအောင် ခုတော့ အိပ်ကြရ
အောင်နော်"

"အင်းပါ ကလေးရယ်"

( ဒီလိုနဲ့ နောက် သုံးရက်မြောက်နေ့ ရောက်သော် Kim၏ ခြေထောက် အတော်ကောင်းနေပြီဖြစ်
သည်။ ထို့နောက် လီလီ မနက်စာစားရန်ပြင်ဆင်နေသည် Kimမှ လီလီလေးကို နောက်မှဖတ်၍
လီလီ၏ဆံပင်းလေးများကို အနမ်းပေးနေ သည်။ လီလီမှ Kimဘက်ပြန်လှည့်၍ ထမင်းစားခန်းထဲတွင် kissing အပြန်အလှန်ပေးနေကြသည်။ ထိုစဉ် မီမှ ပေါ်ပီလေးကို ပြန်ပေးရန် အိမ်တံခါးlogမချထားမိသဖြင့် အိမ်ထဲသို့ ပေါ်ပီလေးချီပြီးဝင်လာတော့သည်။ သူမတို့နှစ်ယောက် နမ်းနေသည်ကို မီ တွေ့သွားသော် ရှက်ပြီး အပြင်ပြန်ထွက်သွားသည်။ ထိုနောက် ခြံထဲ Kimစာဖတ်နေကျနေရာလေးတွင် မီဝင်
ထိုင်လိုက်သည်။ မီသည် အမျိုးသားကိုသာ ယူထား၍ Straight ဖြစ်သော်လည်း Kimနှင့်
လီလီ၏ ဖြစ်တည်မူကို သူမ လက်ခံသည်။
ထိုစဉ် ပေါ်ပီလေး အသံကြား၍ Kimအပြင်သို့ ထွက်လာသည်။ )

"ဟယ် မီ ဘယ်တုန်းက ရောက်နေတာလဲ"

"ခုလေးတင်ပဲ"

"ဘာလို့ အထဲမဝင်လာတာလဲ မီ ရဲ့ တံခါးဖွင့်ထားတာကို"

( ထိုအကြောင်းအရာကို မီမှ မသိချင်ယောင်ဆောင်ပြီး ပြန်ဖြေလိုက်သည် )

"မသိဘူးလေ Kimရယ် မီက တံခါးပိတ်ထား
ထင်လို့ တံခါးဝနားရောက်တော့လည်း ပေါ်ပီက အိမ်ထဲမဝင်ဘူးဆိုပြီး ခြံထဲ ပြေးဆင်းသွားတာနဲ့ မီလည်း သူဆော့ပါစေဆိုပြီး ဒီမှာပဲ ထိုင်နေလိုက်တာ "

"လာပါ မီရဲ့ အိမ်ထဲဝင်ထိုင်ပါအုံး အပြင်မှာအေးတယ် "

"ရတယ် Kimရဲ့ မီအထဲမဝင်တော့ပါဘူး အိမ်မှာလည်း လုပ်စရာလေးတွေ ရှိသေးလို့ ဒါနဲ့
ခြေထောက် က သက်သာသွားပြီလား"

"အွန်း သက်သာသွားပြီ ကျေးဇူးပဲနော် မီ
ပေါ်ပီလေးကို ထိန်းပေးလို့ ပေါ်ပီလေးကလည်း ကြည့်ပါအုံး Kimတို့ အရမ်း အလိုလိုက်မိပြီထင်တယ် အမြဲတမ်း လမ်းပဲထွက်ချင်နေတာ အိမ်မှာကိုး မနေချင်ဘူး"

"ဟုက်ပါ့ အရင်ပေါ်ပီလေးအတိုင်းပဲလမ်းဗိုလ်
ဒါနဲ့ Kimရေ မီပြန်တော့မယ်နော် အိမ်မှာလုပ်
လက်စလေးတွေရှိသေးလို့ ပေါ်ပီ လမ်းထွက်
ချင်လို့ အော်နေတာနဲ့ မီ တစ်ခါထဲ လာပို့
လိုက်တာ။ ဒါဆို မီ ထားခဲ့ပြီနော်"

"အွန်း မီရေ ကျေးဇူးပဲနော်"

သူမ ပေါ်ပီလေးချီပြီး အိမ်ထဲသို့ဝင်လာသည်။ထိုစဉ် လီလီမှ.....

"Kim ဘာလို့ ကလေးကို ချီထားတာလဲ ခြေထောက်လည်း နာနေတာကို ချထားလေ အန်တီမီ လာပို့တာလား။ အိမ်ထဲလည်း မဝင်ဘူး"

"ဟုက်တယ် သူအိမ်မှာ လုပ်စရာလေးတွေရှိသေးလို့တဲ့ "

"အွန်း ဟုက်လား
ကဲလာ ဒါဆို မနက်စာ စားကြရအောင်လေ"

ညရောက််သော် လီလီမှ Kim ၏ရင်ခွင်လေးထဲမှီ၍.......
Kimမှ

"ဆွန်း ဖုန်းဆက်သေးလား"

"ဆက်တယ် သူတို့ပြန်လာတော့မယ်တဲ့"

"စောသားပဲ နှစ်လဆိုပြီးတော့"

"ဟုက်တယ် အလုပ်ကိစ္စတွေပြီးသွားလို့နေမှာပေါ့ "

"ဒါဆို ဘယ်လိုလုပ်မှာလဲ Kimတို့ဝေးရမှာလား"

"မဝေးရပါဘူး Kimရယ် လီလီမှာ အကြံရှိတယ်
အိမ်ကို အလုပ်ထွက်လုပ်မယ်လို့ပြောပြီးတော့
Kimဆီ နေ့တိုင်း လာနေမယ်"

"အကြံကတော့မဆိုးဘူးပဲ
ဒါနဲ့  လီလီ ပျင်းနေပြီလား"

"ဘာလို့ပျင်းရမှာလဲ လီလီအနားမှာ Kimရှိနေတာပဲကို"

"မဟုက်ဘူးလေ Kimကခြေထောက်နာနေတော့
လီလီတစ်ယောက်ထဲ ဖြစ်နေတာ"

"Kimရယ် အဲ့လို မတွေးပါနဲ့ လီလီက Kimအနားမှာရှိနေရင်ကို အားလုံးပြည့်စုံနေပြီ"

"Kimပြောချင်တာက......."

ရုူး.......ဟုပြော၍Kimနူတ်ခမ်းလေးကို လီလီ နမ်းလိုက်သည်။လီလီမှ......

"တော်ပြီ စကားများတယ်ကွာ အိပ်တော့"

ထို့နောက် တစ်ပက်ခန့်ကြာသော်......
Kimမှ ဘဲလ်တီးသံကြားလိုက်သည်။ တံခါးဖွင့်
လိုက်သော်......

"ဟင် ဆွန်း..........."
ထိုသူမှာ လီလီ၏အမေ ဆွန်း ဖြစ်သည်။
(Kimမှ အံ့ဩစွာဖြင့် ဆွန်းကို ကြောင်၍ကြည့်နေသည်။)

"Kim အရမ်း Sprite ဖြစ်သွားတယ်မဟုက်လား။ လီလီလေးကို ခေါ်ပေးပါအုံး သူ ဆွန်းကိုတွေ့ရင် အရမ်းပျော်သွားမှာ"

(ထိုစဉ် လီလီ အိမ်ထဲမှ ထွက် လာသည်)

"မေမေ"
(လီလီ ခမျာ စိတ်ညစ်သွားသောမျက်နှာဖြင့် Kimကို လှမ်းကြည့်လိုက်သည်။ Kimလည်း မျက်နှာ မကောင်းပေ။ )

"လီလီ သမီး နေရောကောင်းရဲ့လား မျက်နှာ
လည်းမကောင်းပါလား မေမေပြန်လာတာ
မပျော်ဘူးလား"

"ဒီကြားထဲ ဒီလောက်အဆက်အသွယ်တွေ
လုပ်နေတာ ပြန်လာမယ့်နေ့တော့ ပြောသင့်တယ်လေ။  ဒါမှ လီလီနဲ့ Kim မေမေတို့ကို လာကြိုလို့ရမှာပေါ့"

"မေမေက Sprite ဖြစ်သွားအောင်ပါ ကဲ ဒါဆို အထုပ်တွေထုပ် အိမ်ပြန်ရအောင်"

"မေမေ လီလီမနက်ဖြန်မှ လာလိုက်မယ်လေ ပစ္စည်းတွေလည်း သိမ်းရအုံးမှာမို့"

"သမီးဖေဖေက သမီးကို အရမ်းသတိရနေတာ
သူက ဒီနေ့ အရမ်းတွေ့ချင်နေတာနဲ့ ရောက်တာနဲ့ လာခေါ်ခိုင်းလိုက်တာသမီးရဲ့ တစ်ခါထဲလိုက်ခဲ့နော်"

"လိုက်သွားလိုက်ပါ လီလီရယ် ကျန်တဲ့ပစ္စည်းတွေ Kimသိမ်းပြီး လာပို့ပေးပါ့မယ်"

"Kimရေ နောက်နေ့ ဆွန်းကို ထမင်းစား လာခဲ့အုံးနော် လီလီလေးကို ကြည့်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး ဆွန်းရယ် လီလီလေးက လိမ္မာလို့ သိပ်မထိန်းရပါဘူး"

လီလီသည် မျက်နှာငယ်လေးဖြင့် အဝတ်အစားတွေသိမ်းနေသည်။ ထိုစဉ် Kimအပေါ်ထပ်သို့ တက်လာသည်။Kimမှ......

"မငိုပါနဲ့ ကလေးရယ်  Kimနောက်နေ့လာခဲ့မှာပဲကို"

"ဟုက်တယ် ဒါပေမဲ့ ချက်ချင်းကြီးတော့
မပြန်ချင်ဘူးလေ လီလီနေချင်သေးတယ်"

"Kim နားလည်ပါတယ်ကွယ်။ လီလီ မေမေအောက်မှာ စောင့်နေတယ်"

သူမ လီလီ ကို ပွေ့ဖတ်ထားလိုက်သည်။
ထို့နောက် လီလီ သူမ၏ အမေနှင့်အတူ အိမ်မှထွက် ခွါသွားသည်။ Kimသည်လည်း သူမတို့ ပြန်ရာ လမ်းလေးကို ငေးရင်း ထိုအိမ်တွင် တစ်ယောက်ထဲ ကျန်နေရစ် ခဲ့လေသည်။

(ဆက်ရန် ရှိသေးသည်🥰)
ဒီအတောအတွင်း updateကြာသွားလို့ အားလုံးကို တောင်းပန်ပါတယ်နော်။ နောက်ထပ် နှစ်ပိုင်းလောက်ပဲကျန်တော့တာမို့ မျှော်ပေးပါအုံးနော် မကြာခင် Complete ဖြစ်တော့မှာပါ။
Kim နဲ့ လီလီတို့ နောက်ဆုံး ပေါင်းဖတ်ဖြစ်မလား ကွဲကွာသွားမလား ဆိုတာကို Comမှာ
ခန့်မှန်း ပေးကြပါအုံးနော်။

Continue Reading

You'll Also Like

684K 56.1K 91
Trope: ✓ marriage of convenience ✓ hate-to-love ✓ slow-burn ✓ Muslim characters/love story ✓ Bad boy/good girl ✓ Second chance ✓ Billionaire romance...
43.9K 2.9K 14
G x G (OC) -Drama x Romance x Comedy- About-Fly together with you! Z+U