မနီးချင်...မဝေးချင်||complete...

By Shino1220

68.7K 7.9K 1.4K

BL x OC More

အခန်း◀၀၁▶
အခန်း◀၀၃▶
အခန်း◀၀၄▶
အခန်း◀၀၅▶
အခန်း◀၀၆▶
အခန်း◀၀၇▶
အခန်း◀၀၈▶
အခန်း◀၀၉▶
အခန်း◀၁၀▶
အခန်း◀၁၁▶
အခန်း◀၁၂▶
အခန်း◀၁၃▶
အခန်း◀၁၄▶
အခန်း◀၁၅▶
အခန်း◀၁၆▶
အခန်း◀၁၇▶
အခန်း◀၁၈▶
အခန်း◀၁၉▶
အခန်း◀၂၀▶
အခန်း◀၂၁▶
အခန်း◀၂၂▶
အခန်း◀၂၃▶
အခန်း◀၂၄▶
အခန်း◀၂၅▶
အခန်း◀၂၆▶
အခန်း◀၂၇▶
အခန်း◀၂၈▶
အခန်း◀၂၉▶
အခန်း◀၃၀▶
အခန်း◀၃၁▶
အခန်း◀၃၂▶
အခန်း◀၃၃▶
အခန်း◀၃၄▶
အခန်း◀၃၅▶
အခန်း◀၃၆▶
အခန်း◀၃၇▶
အခန်း◀၃၈▶
အခန်း◀၃၉▶
အခန်း◀၄၀▶
အခန်း◀၄၁▶
အခန်း◀၄၂▶
အခန်း◀၄၃▶
နိဂုံး
နိဂံုး

အခန်း◀၀၂▶

2.2K 235 17
By Shino1220

ေမာင္ႏွမဝမ္းကြဲေတြအားလုံးထဲမွာ တမန္ရယ္ သိဒၶိရယ္ ေ႐ႊစင္ရယ္ သုံးေယာက္ဟာ အ႐ြယ္ခ်င္းတအားမကြာဟလွပဲ သူငယ္ခ်င္းေတြလိုတပူးတြဲတြဲႀကီးျပင္းလာၾကပါသည္။ေ႐ႊစင္က ေက်ာင္းၿပီးတာနဲ႕ အိမ္ကသေဘာတူေသာလူနဲ႕လက္ထပ္ကာ ခင္ပြန္းသည္ရဲ႕အလုပ္ရွိရာကိုလိုက္သြားရတာမို႔ သူတို႔ညီအစ္ကိုႏွစ္ေယာက္သာ ဒီပါခ်မ္းျမမွာက်န္ခဲ့သည္။ေရွ႕ဆင့္ေနာက္ဆင့္ ေက်ာင္းေတြၿပီး ဘြဲ႕ေတြရၾကတဲ့အခါ ေဒၚျမသက္ထားက သူ႕အလုပ္ေတြမွာ ေျမးႏွစ္ေယာက္ကို ပါဝင္ေစလိုသည္။ဘြားရဲ႕အလုပ္ေတြကလည္း တကယ့္ကို မ်ားျပားကာ ေလးေလးသိခၤကိုယ္တိုင္လည္းဝင္ႀကီးၾကပ္ေနတာေပမယ့္ ေထာင့္မေစ့နိုင္တာအမွန္ပင္။တစ္ရက္ထဲမွာပင္ လုပ္ငန္းေနရာအစုံပါနိုင္ေအာင္ သူ႕ကိုယ္သူဆယ္ကိုယ္ေလာက္ခြဲရမလိုျဖစ္ေနသည္။ဒီေတာ့လည္း ဘြားကိုကူညီလိုစိတ္နဲ႕သူတို႔ႏွစ္ေယာက္လုံး ဘယ္သူမွအျပင္အလုပ္ကိုမရွာျဖစ္ေတာ့ပါ။သိဒၶိက အခ်ိဳရည္တံဆိပ္ေလးငါးခုေလာက္ကိုျဖန႔္ေဝေနသည့္ ကုမၸဏီမွာ ဝင္လုပ္သည္။တမန္ကေတာ့ နဂိုထဲကပင္ ဝါသနာပါသည့္ ဘြားရဲ႕စိုက္ပ်ိဳးေရးၿခံႀကီးမွာအလုပ္ဝင္လိုက္ပါသည္။

ဘြားရဲ႕ၿခံက်ယ္ႀကီးဟာ ပန္းပင္ေတြက တစ္က႑ သီးပင္စားပင္ေတြတက႑ ေနရာခြဲျခားထားကာ အလုပ္ေတြလည္းမ်ား၍ အလုပ္သမားဝန္ထမ္းေတြလည္းမ်ားလွပါသည္။ေသေသခ်ာခ်ာအုပ္ထိန္းႀကီးၾကပ္ေပးမယ့္လူမရွိရင္ ဘယ္လိုမွအဆင္မေျပပါ။ဒါေပမယ့္ ဘယ္ေလာက္ပဲ မနိုင္မနင္းျဖစ္ျဖစ္ ဘြားရဲ႕ခင္ပြန္းသည္ဘိုးဘိုးရွိကတည္းက စတင္ပ်ိဳးေထာင္ခဲ့ေသာ ၿခံႀကီးကိုဘြားကလက္မေလ်ာ့ပဲဆက္ထိန္းသိမ္းထားခ်င္သည္။

" ဒီၿခံကရတဲ့ေငြကိုလိုခ်င္လို႔မဟုတ္ဘူး... ဒီၿခံရွိေနလို႔ ဝန္ထမ္းဘယ္ႏွစ္ေယာက္ေလာက္ကို ထမင္းေကြၽးထားနိုင္သလဲ.... မိသားစုဘယ္ႏွစ္စုကိုေစာင့္ေရွာက္ထားနိုင္သလဲ ဒီအျမတ္ကို သားတို႔အဘိုးကလိုခ်င္ခဲ့တာ" ဟုေျပာတတ္သည္။ဒီပါခ်မ္းျမမွာ ဦးေဆာင္သူျဖစ္သည့္ ဘြားက ထက္ျမက္သေလာက္ ဘြားရဲ႕ညီမ ဘြားေလးေဒၚျမသက္ႏြယ္မွစတင္ကာ ဒီမ်ိဳးႏြယ္စုထဲက အမ်ိဳးသမီးမ်ားသည္စိတ္ေနစိတ္ထားေကာ အေနအထိုင္ပါႏူးညံ့သိမ္ေမြ႕ေအးခ်မ္းၾကလ်က္ ဘြားလိုစူးရွထက္ျမက္ေသာဦးေဆာင္နိုင္စြမ္းမ်ိဳးတစ္ေယာက္မွပင္ပါမလာပါ။အိမ္မႈကိစၥကိုနိုင္နင္းစြာလုပ္ကိုင္လ်က္ ကိုယ့္အိမ္သားလင္ေယာက္်ားသားသမီးတို႔ကိုျပဳစုကာသာေအးေအးခ်မ္းခ်မ္းေနတတ္ၾကတာမ်ိဳး။ေသြးမေတာ္ပါပဲ အမ်ိဳးစပ္ကာ ဒီမိသားစုထဲကိုဝင္လာသည့္ ေခြၽးမ တူေခြၽးမ စသည္တို႔သည္လည္း ေရေၾကာေျမေၾကာလိုက္ကာ ထိုနည္းလည္းေကာင္းပင္။ဒီေတာ့ဘြားက သား တူနဲ႕ေျမးေယာက်ာ္းေလးေတြကိုသာအနီးကပ္အားကိုးလိုသည္။

ဘြားရဲ႕အားကိုးခံျဖစ္ရတာ တခါတေလေတာ့လည္း ေကာင္း၍ တခါတေလေတာ့လည္း မေကာင္းေပ။

"တမန္ေရ.."

အိမ္ထဲသို႔ပင္ လူမေရာက္ေသး.... ဧည့္ခန္းမဝင္ခင္ .. ‌ေပါလစ္ရွ္ေရာင္ ေျပာင္လက္ေတာက္ပေနေအာင္ တိုက္ထားသည့္ လွ်ာထိုးၾကမ္းခင္းျပင္ထက္ တစ္ဆင့္နိမ့္ေနေသာ ဖိနပ္ခြၽတ္ေနရာကေလးမွာ... စီးထားသည့္ႀကိဳးသိုင္းဖိနပ္ကို ငုံ႕ခြၽတ္ေနတုန္းပဲရွိေသးသည္။ေမေမသည္သူ႕ထုံးစံအတိုင္း ခ်ိဳေအးေအးေခၚသံနဲ႕အတူ တမန႔္အနားကိုေရာက္လာကာ။

" ဘြားကလာခဲ့ပါဦးတဲ့.... ေခၚ ေနတယ္.... အေရးႀကီးလားမသိဘူး... ထမင္းမစားခင္ ျမန္ျမန္ေလးေျပးလိုက္ပါဦးလား..."

တမန္က ေမေမ့ကိုထိုင္လ်က္ကေမာ့ၾကည့္ရင္း။

"ဘာအေရးႀကီးလို႔လဲလို႔ မေမးထားလိုက္ဘူးလား ေမေမရဲ႕..."

"မေမးထားလိုက္ဘူးေလ.... ဘြားကလာခိုင္းရင္ ကိစၥရွိလို႔ပဲေပါ့ ငါ့သားရယ္..."

ေမေမတို႔မ်ား အဲ့ဒီလိုပါဆို.....ဘြားေဒၚ ျမသက္ထားဆိုရင္...ဘာစကားမွန္းမသိေသးခင္ ေလသံၾကားတာနဲ႕ ေခါင္းညိတ္ဖို႔ အသင့္ျပင္ထားသလားထင္ရ၏.. အဲ့ဒီေလာက္ ဘြားကိုရိုေသသည္။

" ဘြားက... အန္တီစကား ‌ေယာကၡမရဲ႕ အစ္မမို႔လို႔သာေတာ္ ေတာ့တယ္.... ေမေမ့ ေယာကၡမရဲ႕အစ္မသာဆို သားတို႔ပါေနစရာရွိမွာ မဟုတ္ဘူးေနာ္...."

တမန္က အဲ့ဒီလိုေျပာေတာ့ ေမေမကရယ္သည္... ေခြးေကာင္ေလးဟုဆိုကာ တမန႔္ လက္ေမာင္းကိုထု၏။ဇက္ပိုးကို တစ္ခ်က္‌ေလာက္အုပ္ခ်င္တာလည္း ျဖစ္နိုင္ေပမယ့္.. ေမေမ့ခမ်ာ..မိန္းမသားပီသစြာ..အရပ္ကေလး ပုေနရွာသည္မို႔... ေျခာက္ေပေက်ာ္လုလု မိုးေမွ်ာ္အရပ္အေမာင္းနဲ႕...တမန႔္ကို ရိုက္ခ်င္လ်င္... လက္ေမာင္းေလာက္သာ အလြန္ဆုံးမွီရွာပါသည္။

" မင္းအေဖေလသံကိုမင္းကပါလိုက္ေျပာမေနနဲ႕ ကိုမန္"

ေဖေဖကကဲ့ရဲ႕ျပစ္တင္သည့္သေဘာမ်ိဳးမဟုတ္ပဲ သူကိုယ္တိုင္လည္းဘြားကိုရိုေသအေလးထားေပမယ့္ ဘြားအေပၚ ေမေမရိုေသစကားေအာင္လြန္းတာကို မၾကာခဏစကားနာထိုးတတ္ပါသည္။ေမေမကလည္း တမင္မခံခ်င္ေအာင္ေျပာမွန္းသိလ်က္ မခံခ်င္ျဖစ္ၿမဲ။

"ခ်မ္းကေလး .. ဘာလုပ္ျပန္ၿပီလဲ မသိပါဘူးကြယ္ .."

" ဘာျဖစ္လို႔လဲ ေမေမ.... ဘြားေသြးတိုးေနျပန္တဲ့ၿပီလား..."

ေမေမကၿပဳံးလ်က္သာေနသည္။ခင္ပြန္းသည္ဘက္က အမ်ိဳးေတြ သားသမီးေတြ... ေမာင္ႏွမေတြတင္မက တူ တူမေတြ ေျမးေတြအထိပါ ဟိတ္ဆိုလ်င္ ဘယ္သူမွမလႈပ္ရဲတဲ့အထိ မီးေသကာဩဇာအာဏာလႊမ္းမိုးသက္ေရာက္လြန္းေသာ .. ဘြားကို ေဒါသျဖစ္ေသြးတိုးေအာင္လုပ္နိုင္တဲ့ တစ္ဦးတည္းေသာသူဟာ ဒီပါခ်မ္းျမမွာ တစ္ေယာက္သာလ်င္ရွိပါ၏။

ရဲရင့္ခ်မ္းမြန္ဟု အမည္တြင္ေသာ ဘြားရဲ႕ ေျမး ခ်မ္းကေလးပါပဲ။ခ်မ္းကား ေက်ာင္းမွာ အိမ္မွာ ေဆြမ်ိဳးအသိုင္းအဝိုင္းၾကားမွာ သတင္းပ်ံ့ႏွံ႕လွေသာလူဆိုးကေလးပင္တည္း။ခ်မ္းတစ္ေယာက္ရဲ႕ အေၾကာင္းေတြကိုသာ ေျပာျပရရင္... ညေပါင္းတစ္ေထာင့္တစ္ညေျပာယူရတယ္ဆိုတဲ့..ဟိုပုံျပင္ေတြလိုပဲ မကုန္နိုင္ေပ။အန္တီဝင္နီရဲ႕ အမ်ိဳးေတြဘက္မွာေတာ့ ခ်မ္းမြန္ထက္ငယ္တဲ့ေမာင္ႏွမဝမ္းကြဲေတြေကာ အိမ္ေထာင္က်ၿပီးတဲ့ အစ္ကိုအစ္မေတြကေမြးတဲ့ကေလးေတြေကာရွိေပမယ့္ ေလးေလးသိခၤဘက္မွာက်ေတာ့ တတိယမ်ိဳးဆက္ထဲမွာ ခ်မ္းကအငယ္ဆုံးျဖစ္ေနသည္။သူတို႔ထဲမွာလည္း အႀကီးဆုံးျဖစ္တဲ့ အစ္မတစ္ေယာက္သာအိမ္ေထာင္က်ေသးကာ ခုထိသားသမီးမထြန္းကားေသးပါ။ေဒၚဝင္နီကလည္း ေနာက္ထပ္သားသမီးမထြန္းကားသျဖင့္ ခ်မ္းသည္သာ ပထမဆုံးနဲ႕ ေနာက္ဆုံးကေလးပင္။

ဆယ့္ခုႏွစ္ႏွစ္ ဆယ့္ရွစ္ႏွစ္နီးပါး... တစ္ဦးတည္းေသာသား.. တစ္ဦးတည္းေသာေျမး... အမ်ိဳးထဲမွာအငယ္ဆုံးကေလးအျဖစ္ ဗိုလ္က်အလိုလိုက္ခံလာခဲ့ေသာ ခ်မ္းဟာ အခုအခ်ိန္မွာ ဘယ္သူမွမနိုင္ေတာ့ၿပီတည့္။ရိုင္းစိုင္းဆိုးသြမ္းတာမ်ိဳးေတာ့လုံးလုံးလ်ားလ်ားမဟုတ္ေပမယ့္ ကေလးလိုႏြဲ႕ဆိုးကာ လုပ္ခ်င္တာ ျဖစ္ခ်င္တာမွန္သမွ်တဇြတ္ထိုးထင္ရာလုပ္တတ္ၿပီး ဘယ္သူ႕ကိုမွလည္းမေၾကာက္ေပ။စာကမက်က္ အေပ်ာ္ကမက္ အေပါင္းအသင္းကလည္းခင္လိုက္ေသးသည္။ေမြးရာပါ ဆံပင္နီေၾကာင္ တြန႔္ေကြးကေလးေတြနဲ႕ ႏြားနို႔စစ္စစ္လိုျဖဴႏွစ္ေနေသာအသားမွာ ႏႈတ္ခမ္းထူရဲကေလးေတြနဲ႕ မ်က္လုံးစိမ္းညို႔ညို႔ေၾကာင္ေၾကာင္ကေလးေတြနဲ႕ ေခ်ာေမာၾကည္စင္လွတဲ့မ်က္ႏွာကေလးတစ္ခုကေတာ့ အၿမဲၿပဳံးခ်ိဳေနတတ္တာမို႔ စာမေတာ္ေသာ ေက်ာင္းေျပးတတ္ေသာငပ်င္းကေလးျဖစ္တာေတာင္ ေက်ာင္းကဆရာမေတြကလည္းခ်စ္ၾကသည္။ဘြားေအကေတာ့ ေျပာမေနနဲ႕။ၾကဳတ္ထဲထည့္ကာ လည္မွာဆြဲမထား႐ုံသာက်န္သည္။ဖေအကိုေတာ့ နည္းနည္းလန႔္ရွိန္သေယာင္ရွိေပမယ့္ ကိုသိခၤက သူ႕သားသူနည္းနည္းေလာက္တင္းက်ပ္မာန္မဲခ်င္လ်င္ေတာင္ ေဒၚျမသက္ထားက" သိခၤ.. ငါ့ေျမးကို နင္ေအာ္စရာရိုက္စရာ မဟုတ္ဘူး"လို႔ ေလသံတင္းမာတတ္သျဖင့္ ခ်မ္းသည္ အမွီအခိုရကာ ေၾကာက္ရမယ့္သူမရွိေတာ့ေပ။အေမလုပ္သူကေတာ့ ပင္ကိုယ္ကပင္ အလြန္တရာေအးခ်မ္းသေဘာေကာင္းႏူးညံ့သူျဖစ္ရသည့္အထဲ ေမြးကာစက ေရာဂါပါလာတာမို႔ အသက္ရွင္ေအာင္မနည္းႀကီးဂ႐ုစိုက္ကာ ပိုးေမြးသလိုေမြးထားရသည့္သားကေလးကို မတို႔မထိရက္ေအာင္ပင္ ခ်စ္ခင္အလိုလိုက္လ်က္ ရင္ခြင္ထဲတစ္ခ်က္မွ်ေခြ႕လိုက္လ်င္ အားလုံးလိုက္ေလ်ာေခါင္းညိတ္ၿပီးသားျဖစ္ေနသည့္ သူပင္တည္း။

အတန္းငယ္ရယ္စဥ္တုန္းကေတာ့ သူ႕ေက်ာင္းနဲ႕ သူ႕ဆရာ.. သူ႕အရပ္နဲ႕ သူ႕ဇာတ္အဆင္ေျပခဲ့ကာ တစ္ႏွစ္တစ္တန္းမွန္မွန္ေအာင္ခဲ့ေပသည္။အတန္းႀကီးလာေသာအခါမွာအဆင္မေျပေတာ့။ခ်မ္းကား ဉာဏ္ရည္လည္းဒါေလာက္အဆိုးႀကီးမဟုတ္။က်ဴရွင္နဲ႕စာက်က္အကူ သီးသန႔္ဆရာမစသျဖင့္ ပတ္ဝန္းက်င္အေထာက္အပံ့မ်ားလည္း လုံေလာက္စြာရပါလ်က္ ဆယ္တန္းဆိုေသာ ႀကီးမားသည့္ေတာင္ကိုမေက်ာ္နိုင္ခဲ့ေတာ့ေပ။

ဘယ္ေက်ာ္နိုင္ပါ့မလဲ။ေက်ာင္းကျပန္လာတာနဲ႕ စာအုပ္ကိုင္ၾကည့္ဖို႔ေဝးလို႔... လြယ္အိတ္ကိုႀကဳံရာအရပ္မွာေခ်ာင္ထိုးကာ လူကေရာက္ခ်င္ရာေရာက္ေနေတာ့သည္။အိမ္စာလုပ္ဖို႔ဆိုတာမ်ိဳးေတာ့ေဝးလို႔ က်ဴရွင္နဲ႕ဝိုင္းဆိုတာကေတာ့ သူနဲ႕သူ႕သူငယ္ခ်င္းေတြကစားဖို႔လူစုေပးတဲ့ကစားကြင္းလိုမ်ိဳးပင္။မုန႔္ဖိုးဆိုတာကလည္း အဘြားဆီကေတာင္းလိုက္ အေဖအေမဆီကေတာင္းလိုက္ ဦးေလးအေဒၚ အစ္ကိုအစ္မေတြဆီကေတာင္းလိုက္နဲ႕ လိုတာထက္လ်ံပယ္ေနေအာင္ရတာကိုပင္ အလွ်င္မမွီေအာင္သုံးနိုင္ေလသည္။အဲ့ဒီလိုအလိုလိုက္ေကာင္းခဲ့ေသာ ဘြားသည္လည္းအခုအခါ သူတင္တဲ့စစ္ကဲသူမနိုင္ေတာ့ေပ။ သူအလိုလိုက္ထားတာကိုေတာ့သတိမရပဲ အခုက်မွထကာ အုပ္ထိန္းတင္းက်ပ္ဖို႔ခက္ေနသည့္ေျမးကို မဆူရက္မေျပာရက္တိုင္း ေဘးလူေတြကို မာန္သည္ မဲသည္။

အခုလည္း သြားရင္ ခ်မ္းကေလးအေၾကာင္းပဲတိုင္တန္းဦးမွာအသိသိနဲ႕မို႔ တမန္က ဆံပင္ေတြကိုကုပ္ဖြရင္း... တတ္နိုင္သမွ် အခ်ိန္ဆြဲဖို႔ႀကံေနပါသည္။

"ထမင္းစားလိုက္ဦးမယ္..ေမေမရာ..."

"ဘြားက..ဟိုေရာက္မွစားတဲ့... သားႀကိဳက္တဲ့ နို႔ခဲရလို႔ ခ်က္ထားတယ္တဲ့.."

"အိမ္မွာပဲ ငါးပိရည္နဲ႕ နားေအးပါးေအးစားလိုက္လို႔မရဘူးလား ေမေမရယ္....ဟိုျဗဟၼာႀကီးဦးေခါင္းေလးအေၾကာင္းေခၚ ေျပာတာပဲေနမွာ... သူဘာေတြ မဟုတ္တာလုပ္ထားျပန္ၿပီလဲဆိုတာ..နားေထာင္ၿပီးရင္...နို႔ခဲမွမဟုတ္ဘူး နတ္ျပည္က သိၾကားမင္းႀကီးသုံးေဆာင္တဲ့ နတ္သုဓၵာေကြၽးေတာင္ ရင္ျပည့္ၿပီးစားနိုင္မွာမဟုတ္ေတာ့ဘူး...."

တမန႔္အေျပာေၾကာင့္ ေမေမကရယ္ေနသည္။ခ်မ္းသည္ ဒီပါခ်မ္းျမမွာတင္သာမဟုတ္။တမန္တို႔အိမ္မွာလည္း လႊမ္းမိုးႀကီးစိုးနိုင္လြန္းသူကေလးပင္။ေမေမ့ဘက္ကလည္း အမ်ိဳးကင္းျပတ္သေလာက္ ေဖေဖ့ဘက္ကလည္း အေဆြအမ်ိဳးေတြဟာ တစ္အိမ့္တစ္အိမ္အဝင္အထြက္အဆက္အသြယ္ျပတ္ေတာက္က်ဲပါးလွတာမို႔ ဒီပါခ်မ္းမက လူေတြကိုသာ အမ်ိဳးဟုသတ္မွတ္ေနရတဲ့ေမေမဟာ အိမ္ေထာင္သက္တေလ်ာက္လုံး တမန္တစ္ေယာက္ကိုသာေမြးၿပီး ေနာက္ထပ္သားသမီးကလည္းမရေတာ့သည့္အခါ အမ်ိဳးထဲမွာေနာက္ဆုံးမွေမြးတဲ့ မဏိတို႔အႁမႊာႏွစ္ေယာက္နဲ႕ ခ်မ္းကေလးကို အင္မတန္မွပင္ခ်စ္ပါသည္။ငယ္ငယ္ကလည္း တေပြ႕ပိုက္ပိုက္ ခ်ီပိုးယုယခ်င္ကာ အခုထိလည္း ကေလးလိုထင္ကာခ်စ္စနိုးရွိတတ္ၿမဲ။အိမ္ကိုမေရာက္လာၾကတာ တစ္ပတ္ေလာက္ၾကာလ်င္ပင္ တျဖစ္ေတာက္ေတာက္ေမွ်ာ္လို႔မဆုံးတတ္။

"ဒါျဖင့္လည္း နားမေထာင္ခင္စားေပါ့... သြားလိုက္ပါကြယ္...သားကလည္း .. သူျဖင့္ ခ်မ္းကေလးကို မခ်စ္တာလည္း မဟုတ္ပဲနဲ႕...."

မခ်စ္တာလည္း .. မဟုတ္ပဲနဲ႕.... တဲ့.....

အင္း.......တမန္ေခါင္းကိုကုပ္မိျပန္သည္။ခ်စ္တာေတာ့ ခ်စ္တာေပါ့။ဒါေပမယ့္ သူတို႔ခ်မ္းကေလးက စကားေျပာလို႔ဆိုလို႔လည္း နားေထာင္တာမဟုတ္။ေရွ႕တင္တြင္ေတာ့ ေျပာရဆုံးမရတဲ့လူစိတ္ခ်မ္းသာေအာင္ ဟုတ္ကဲ့ ဟုတ္ကဲ့နဲ႕ အလြန္နာခံရိုက်ိဳးေယာင္ေဆာင္တတ္ပါသည္။ၿပီးလ်င္ေတာ့ သူလုပ္ခ်င္တာကိုသာ ဇြတ္တိုးလုပ္တတ္သည့္ ငေပငတူးေလးပင္။

မ်က္ေမွာင္တြန႔္လ်က္နဲ႕ပင္ တမန္ကားေသာ့ကို တစ္ခါျပန္ေကာက္ကိုင္ရျပန္ပါ၏...






___________________________________________






မောင်နှမဝမ်းကွဲတွေအားလုံးထဲမှာ တမန်ရယ် သိဒ္ဓိရယ် ရွှေစင်ရယ် သုံးယောက်ဟာ အရွယ်ချင်းတအားမကွာဟလှပဲ သူငယ်ချင်းတွေလိုတပူးတွဲတွဲကြီးပြင်းလာကြပါသည်။ရွှေစင်က ကျောင်းပြီးတာနဲ့ အိမ်ကသဘောတူသောလူနဲ့လက်ထပ်ကာ ခင်ပွန်းသည်ရဲ့အလုပ်ရှိရာကိုလိုက်သွားရတာမို့ သူတို့ညီအစ်ကိုနှစ်ယောက်သာ ဒီပါချမ်းမြမှာကျန်ခဲ့သည်။ရှေ့ဆင့်နောက်ဆင့် ကျောင်းတွေပြီး ဘွဲ့တွေရကြတဲ့အခါ ဒေါ်မြသက်ထားက သူ့အလုပ်တွေမှာ မြေးနှစ်ယောက်ကို ပါဝင်စေလိုသည်။ဘွားရဲ့အလုပ်တွေကလည်း တကယ့်ကို များပြားကာ လေးလေးသိင်္ခကိုယ်တိုင်လည်းဝင်ကြီးကြပ်နေတာပေမယ့် ထောင့်မစေ့နိုင်တာအမှန်ပင်။တစ်ရက်ထဲမှာပင် လုပ်ငန်းနေရာအစုံပါနိုင်အောင် သူ့ကိုယ်သူဆယ်ကိုယ်လောက်ခွဲရမလိုဖြစ်နေသည်။ဒီတော့လည်း ဘွားကိုကူညီလိုစိတ်နဲ့သူတို့နှစ်ယောက်လုံး ဘယ်သူမှအပြင်အလုပ်ကိုမရှာဖြစ်တော့ပါ။သိဒ္ဓိက အချိုရည်တံဆိပ်လေးငါးခုလောက်ကိုဖြန့်ဝေနေသည့် ကုမ္ပဏီမှာ ဝင်လုပ်သည်။တမန်ကတော့ နဂိုထဲကပင် ဝါသနာပါသည့် ဘွားရဲ့စိုက်ပျိုးရေးခြံကြီးမှာအလုပ်ဝင်လိုက်ပါသည်။

ဘွားရဲ့ခြံကျယ်ကြီးဟာ ပန်းပင်တွေက တစ်ကဏ္ဍ သီးပင်စားပင်တွေတကဏ္ဍ နေရာခွဲခြားထားကာ အလုပ်တွေလည်းများ၍ အလုပ်သမားဝန်ထမ်းတွေလည်းများလှပါသည်။သေသေချာချာအုပ်ထိန်းကြီးကြပ်ပေးမယ့်လူမရှိရင် ဘယ်လိုမှအဆင်မပြေပါ။ဒါပေမယ့် ဘယ်လောက်ပဲ မနိုင်မနင်းဖြစ်ဖြစ် ဘွားရဲ့ခင်ပွန်းသည်ဘိုးဘိုးရှိကတည်းက စတင်ပျိုးထောင်ခဲ့သော ခြံကြီးကိုဘွားကလက်မလျော့ပဲဆက်ထိန်းသိမ်းထားချင်သည်။

" ဒီခြံကရတဲ့ငွေကိုလိုချင်လို့မဟုတ်ဘူး... ဒီခြံရှိနေလို့ ဝန်ထမ်းဘယ်နှစ်ယောက်လောက်ကို ထမင်းကျွေးထားနိုင်သလဲ.... မိသားစုဘယ်နှစ်စုကိုစောင့်ရှောက်ထားနိုင်သလဲ ဒီအမြတ်ကို သားတို့အဘိုးကလိုချင်ခဲ့တာ" ဟုပြောတတ်သည်။ဒီပါချမ်းမြမှာ ဦးဆောင်သူဖြစ်သည့် ဘွားက ထက်မြက်သလောက် ဘွားရဲ့ညီမ ဘွားလေးဒေါ်မြသက်နွယ်မှစတင်ကာ ဒီမျိုးနွယ်စုထဲက အမျိုးသမီးများသည်စိတ်နေစိတ်ထားကော အနေအထိုင်ပါနူးညံ့သိမ်မွေ့အေးချမ်းကြလျက် ဘွားလိုစူးရှထက်မြက်သောဦးဆောင်နိုင်စွမ်းမျိုးတစ်ယောက်မှပင်ပါမလာပါ။အိမ်မှုကိစ္စကိုနိုင်နင်းစွာလုပ်ကိုင်လျက် ကိုယ့်အိမ်သားလင်ယောက်ျားသားသမီးတို့ကိုပြုစုကာသာအေးအေးချမ်းချမ်းနေတတ်ကြတာမျိုး။သွေးမတော်ပါပဲ အမျိုးစပ်ကာ ဒီမိသားစုထဲကိုဝင်လာသည့် ချွေးမ တူချွေးမ စသည်တို့သည်လည်း ရေကြောမြေကြောလိုက်ကာ ထိုနည်းလည်းကောင်းပင်။ဒီတော့ဘွားက သား တူနဲ့မြေးယောကျာ်းလေးတွေကိုသာအနီးကပ်အားကိုးလိုသည်။

ဘွားရဲ့အားကိုးခံဖြစ်ရတာ တခါတလေတော့လည်း ကောင်း၍ တခါတလေတော့လည်း မကောင်းပေ။

"တမန်ရေ.."

အိမ်ထဲသို့ပင် လူမရောက်သေး.... ဧည့်ခန်းမဝင်ခင် .. ‌ပေါလစ်ရှ်ရောင် ပြောင်လက်တောက်ပနေအောင် တိုက်ထားသည့် လျှာထိုးကြမ်းခင်းပြင်ထက် တစ်ဆင့်နိမ့်နေသော ဖိနပ်ချွတ်နေရာကလေးမှာ... စီးထားသည့်ကြိုးသိုင်းဖိနပ်ကို ငုံ့ချွတ်နေတုန်းပဲရှိသေးသည်။မေမေသည်သူ့ထုံးစံအတိုင်း ချိုအေးအေးခေါ်သံနဲ့အတူ တမန့်အနားကိုရောက်လာကာ။

" ဘွားကလာခဲ့ပါဦးတဲ့.... ခေါ် နေတယ်.... အရေးကြီးလားမသိဘူး... ထမင်းမစားခင် မြန်မြန်လေးပြေးလိုက်ပါဦးလား..."

တမန်က မေမေ့ကိုထိုင်လျက်ကမော့ကြည့်ရင်း။

"ဘာအရေးကြီးလို့လဲလို့ မမေးထားလိုက်ဘူးလား မေမေရဲ့..."

"မမေးထားလိုက်ဘူးလေ.... ဘွားကလာခိုင်းရင် ကိစ္စရှိလို့ပဲပေါ့ ငါ့သားရယ်..."

မေမေတို့များ အဲ့ဒီလိုပါဆို.....ဘွားဒေါ် မြသက်ထားဆိုရင်...ဘာစကားမှန်းမသိသေးခင် လေသံကြားတာနဲ့ ခေါင်းညိတ်ဖို့ အသင့်ပြင်ထားသလားထင်ရ၏.. အဲ့ဒီလောက် ဘွားကိုရိုသေသည်။

" ဘွားက... အန်တီစကား ‌ယောက္ခမရဲ့ အစ်မမို့လို့သာတော် တော့တယ်.... မေမေ့ ယောက္ခမရဲ့အစ်မသာဆို သားတို့ပါနေစရာရှိမှာ မဟုတ်ဘူးနော်...."

တမန်က အဲ့ဒီလိုပြောတော့ မေမေကရယ်သည်... ခွေးကောင်လေးဟုဆိုကာ တမန့် လက်မောင်းကိုထု၏။ဇက်ပိုးကို တစ်ချက်‌လောက်အုပ်ချင်တာလည်း ဖြစ်နိုင်ပေမယ့်.. မေမေ့ခမျာ..မိန်းမသားပီသစွာ..အရပ်ကလေး ပုနေရှာသည်မို့... ခြောက်ပေကျော်လုလု မိုးမျှော်အရပ်အမောင်းနဲ့...တမန့်ကို ရိုက်ချင်လျင်... လက်မောင်းလောက်သာ အလွန်ဆုံးမှီရှာပါသည်။

" မင်းအဖေလေသံကိုမင်းကပါလိုက်ပြောမနေနဲ့ ကိုမန်"

ဖေဖေကကဲ့ရဲ့ပြစ်တင်သည့်သဘောမျိုးမဟုတ်ပဲ သူကိုယ်တိုင်လည်းဘွားကိုရိုသေအလေးထားပေမယ့် ဘွားအပေါ် မေမေရိုသေစကားအောင်လွန်းတာကို မကြာခဏစကားနာထိုးတတ်ပါသည်။မေမေကလည်း တမင်မခံချင်အောင်ပြောမှန်းသိလျက် မခံချင်ဖြစ်မြဲ။

"ချမ်းကလေး .. ဘာလုပ်ပြန်ပြီလဲ မသိပါဘူးကွယ် .."

" ဘာဖြစ်လို့လဲ မေမေ.... ဘွားသွေးတိုးနေပြန်တဲ့ပြီလား..."

မေမေကပြုံးလျက်သာနေသည်။ခင်ပွန်းသည်ဘက်က အမျိုးတွေ သားသမီးတွေ... မောင်နှမတွေတင်မက တူ တူမတွေ မြေးတွေအထိပါ ဟိတ်ဆိုလျင် ဘယ်သူမှမလှုပ်ရဲတဲ့အထိ မီးသေကာဩဇာအာဏာလွှမ်းမိုးသက်ရောက်လွန်းသော .. ဘွားကို ဒေါသဖြစ်သွေးတိုးအောင်လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူဟာ ဒီပါချမ်းမြမှာ တစ်ယောက်သာလျင်ရှိပါ၏။

ရဲရင့်ချမ်းမွန်ဟု အမည်တွင်သော ဘွားရဲ့ မြေး ချမ်းကလေးပါပဲ။ချမ်းကား ကျောင်းမှာ အိမ်မှာ ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ သတင်းပျံ့နှံ့လှသောလူဆိုးကလေးပင်တည်း။ချမ်းတစ်ယောက်ရဲ့ အကြောင်းတွေကိုသာ ပြောပြရရင်... ညပေါင်းတစ်ထောင့်တစ်ညပြောယူရတယ်ဆိုတဲ့..ဟိုပုံပြင်တွေလိုပဲ မကုန်နိုင်ပေ။အန်တီဝင်နီရဲ့ အမျိုးတွေဘက်မှာတော့ ချမ်းမွန်ထက်ငယ်တဲ့မောင်နှမဝမ်းကွဲတွေကော အိမ်ထောင်ကျပြီးတဲ့ အစ်ကိုအစ်မတွေကမွေးတဲ့ကလေးတွေကောရှိပေမယ့် လေးလေးသိင်္ခဘက်မှာကျတော့ တတိယမျိုးဆက်ထဲမှာ ချမ်းကအငယ်ဆုံးဖြစ်နေသည်။သူတို့ထဲမှာလည်း အကြီးဆုံးဖြစ်တဲ့ အစ်မတစ်ယောက်သာအိမ်ထောင်ကျသေးကာ ခုထိသားသမီးမထွန်းကားသေးပါ။ဒေါ်ဝင်နီကလည်း နောက်ထပ်သားသမီးမထွန်းကားသဖြင့် ချမ်းသည်သာ ပထမဆုံးနဲ့ နောက်ဆုံးကလေးပင်။

ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်နီးပါး... တစ်ဦးတည်းသောသား.. တစ်ဦးတည်းသောမြေး... အမျိုးထဲမှာအငယ်ဆုံးကလေးအဖြစ် ဗိုလ်ကျအလိုလိုက်ခံလာခဲ့သော ချမ်းဟာ အခုအချိန်မှာ ဘယ်သူမှမနိုင်တော့ပြီတည့်။ရိုင်းစိုင်းဆိုးသွမ်းတာမျိုးတော့လုံးလုံးလျားလျားမဟုတ်ပေမယ့် ကလေးလိုနွဲ့ဆိုးကာ လုပ်ချင်တာ ဖြစ်ချင်တာမှန်သမျှတဇွတ်ထိုးထင်ရာလုပ်တတ်ပြီး ဘယ်သူ့ကိုမှလည်းမကြောက်ပေ။စာကမကျက် အပျော်ကမက် အပေါင်းအသင်းကလည်းခင်လိုက်သေးသည်။မွေးရာပါ ဆံပင်နီကြောင် တွန့်ကွေးကလေးတွေနဲ့ နွားနို့စစ်စစ်လိုဖြူနှစ်နေသောအသားမှာ နှုတ်ခမ်းထူရဲကလေးတွေနဲ့ မျက်လုံးစိမ်းညို့ညို့ကြောင်ကြောင်ကလေးတွေနဲ့ ချောမောကြည်စင်လှတဲ့မျက်နှာကလေးတစ်ခုကတော့ အမြဲပြုံးချိုနေတတ်တာမို့ စာမတော်သော ကျောင်းပြေးတတ်သောငပျင်းကလေးဖြစ်တာတောင် ကျောင်းကဆရာမတွေကလည်းချစ်ကြသည်။ဘွားအေကတော့ ပြောမနေနဲ့။ကြုတ်ထဲထည့်ကာ လည်မှာဆွဲမထားရုံသာကျန်သည်။ဖအေကိုတော့ နည်းနည်းလန့်ရှိန်သယောင်ရှိပေမယ့် ကိုသိင်္ခက သူ့သားသူနည်းနည်းလောက်တင်းကျပ်မာန်မဲချင်လျင်တောင် ဒေါ်မြသက်ထားက" သိင်္ခ.. ငါ့မြေးကို နင်အော်စရာရိုက်စရာ မဟုတ်ဘူး"လို့ လေသံတင်းမာတတ်သဖြင့် ချမ်းသည် အမှီအခိုရကာ ကြောက်ရမယ့်သူမရှိတော့ပေ။အမေလုပ်သူကတော့ ပင်ကိုယ်ကပင် အလွန်တရာအေးချမ်းသဘောကောင်းနူးညံ့သူဖြစ်ရသည့်အထဲ မွေးကာစက ရောဂါပါလာတာမို့ အသက်ရှင်အောင်မနည်းကြီးဂရုစိုက်ကာ ပိုးမွေးသလိုမွေးထားရသည့်သားကလေးကို မတို့မထိရက်အောင်ပင် ချစ်ခင်အလိုလိုက်လျက် ရင်ခွင်ထဲတစ်ချက်မျှခွေ့လိုက်လျင် အားလုံးလိုက်လျောခေါင်းညိတ်ပြီးသားဖြစ်နေသည့် သူပင်တည်း။

အတန်းငယ်ရယ်စဉ်တုန်းကတော့ သူ့ကျောင်းနဲ့ သူ့ဆရာ.. သူ့အရပ်နဲ့ သူ့ဇာတ်အဆင်ပြေခဲ့ကာ တစ်နှစ်တစ်တန်းမှန်မှန်အောင်ခဲ့ပေသည်။အတန်းကြီးလာသောအခါမှာအဆင်မပြေတော့။ချမ်းကား ဉာဏ်ရည်လည်းဒါလောက်အဆိုးကြီးမဟုတ်။ကျူရှင်နဲ့စာကျက်အကူ သီးသန့်ဆရာမစသဖြင့် ပတ်ဝန်းကျင်အထောက်အပံ့များလည်း လုံလောက်စွာရပါလျက် ဆယ်တန်းဆိုသော ကြီးမားသည့်တောင်ကိုမကျော်နိုင်ခဲ့တော့ပေ။

ဘယ်ကျော်နိုင်ပါ့မလဲ။ကျောင်းကပြန်လာတာနဲ့ စာအုပ်ကိုင်ကြည့်ဖို့ဝေးလို့... လွယ်အိတ်ကိုကြုံရာအရပ်မှာချောင်ထိုးကာ လူကရောက်ချင်ရာရောက်နေတော့သည်။အိမ်စာလုပ်ဖို့ဆိုတာမျိုးတော့ဝေးလို့ ကျူရှင်နဲ့ဝိုင်းဆိုတာကတော့ သူနဲ့သူ့သူငယ်ချင်းတွေကစားဖို့လူစုပေးတဲ့ကစားကွင်းလိုမျိုးပင်။မုန့်ဖိုးဆိုတာကလည်း အဘွားဆီကတောင်းလိုက် အဖေအမေဆီကတောင်းလိုက် ဦးလေးအဒေါ် အစ်ကိုအစ်မတွေဆီကတောင်းလိုက်နဲ့ လိုတာထက်လျံပယ်နေအောင်ရတာကိုပင် အလျှင်မမှီအောင်သုံးနိုင်လေသည်။အဲ့ဒီလိုအလိုလိုက်ကောင်းခဲ့သော ဘွားသည်လည်းအခုအခါ သူတင်တဲ့စစ်ကဲသူမနိုင်တော့ပေ။ သူအလိုလိုက်ထားတာကိုတော့သတိမရပဲ အခုကျမှထကာ အုပ်ထိန်းတင်းကျပ်ဖို့ခက်နေသည့်မြေးကို မဆူရက်မပြောရက်တိုင်း ဘေးလူတွေကို မာန်သည် မဲသည်။

အခုလည်း သွားရင် ချမ်းကလေးအကြောင်းပဲတိုင်တန်းဦးမှာအသိသိနဲ့မို့ တမန်က ဆံပင်တွေကိုကုပ်ဖွရင်း... တတ်နိုင်သမျှ အချိန်ဆွဲဖို့ကြံနေပါသည်။

"ထမင်းစားလိုက်ဦးမယ်..မေမေရာ..."

"ဘွားက..ဟိုရောက်မှစားတဲ့... သားကြိုက်တဲ့ နို့ခဲရလို့ ချက်ထားတယ်တဲ့.."

"အိမ်မှာပဲ ငါးပိရည်နဲ့ နားအေးပါးအေးစားလိုက်လို့မရဘူးလား မေမေရယ်....ဟိုဗြဟ္မာကြီးဦးခေါင်းလေးအကြောင်းခေါ် ပြောတာပဲနေမှာ... သူဘာတွေ မဟုတ်တာလုပ်ထားပြန်ပြီလဲဆိုတာ..နားထောင်ပြီးရင်...နို့ခဲမှမဟုတ်ဘူး နတ်ပြည်က သိကြားမင်းကြီးသုံးဆောင်တဲ့ နတ်သုဓ္ဒာကျွေးတောင် ရင်ပြည့်ပြီးစားနိုင်မှာမဟုတ်တော့ဘူး...."

တမန့်အပြောကြောင့် မေမေကရယ်နေသည်။ချမ်းသည် ဒီပါချမ်းမြမှာတင်သာမဟုတ်။တမန်တို့အိမ်မှာလည်း လွှမ်းမိုးကြီးစိုးနိုင်လွန်းသူကလေးပင်။မေမေ့ဘက်ကလည်း အမျိုးကင်းပြတ်သလောက် ဖေဖေ့ဘက်ကလည်း အဆွေအမျိုးတွေဟာ တစ်အိမ့်တစ်အိမ်အဝင်အထွက်အဆက်အသွယ်ပြတ်တောက်ကျဲပါးလှတာမို့ ဒီပါချမ်းမက လူတွေကိုသာ အမျိုးဟုသတ်မှတ်နေရတဲ့မေမေဟာ အိမ်ထောင်သက်တလျောက်လုံး တမန်တစ်ယောက်ကိုသာမွေးပြီး နောက်ထပ်သားသမီးကလည်းမရတော့သည့်အခါ အမျိုးထဲမှာနောက်ဆုံးမှမွေးတဲ့ မဏိတို့အမြွှာနှစ်ယောက်နဲ့ ချမ်းကလေးကို အင်မတန်မှပင်ချစ်ပါသည်။ငယ်ငယ်ကလည်း တပွေ့ပိုက်ပိုက် ချီပိုးယုယချင်ကာ အခုထိလည်း ကလေးလိုထင်ကာချစ်စနိုးရှိတတ်မြဲ။အိမ်ကိုမရောက်လာကြတာ တစ်ပတ်လောက်ကြာလျင်ပင် တဖြစ်တောက်တောက်မျှော်လို့မဆုံးတတ်။

"ဒါဖြင့်လည်း နားမထောင်ခင်စားပေါ့... သွားလိုက်ပါကွယ်...သားကလည်း .. သူဖြင့် ချမ်းကလေးကို မချစ်တာလည်း မဟုတ်ပဲနဲ့...."

မချစ်တာလည်း .. မဟုတ်ပဲနဲ့.... တဲ့.....

အင်း.......တမန်ခေါင်းကိုကုပ်မိပြန်သည်။ချစ်တာတော့ ချစ်တာပေါ့။ဒါပေမယ့် သူတို့ချမ်းကလေးက စကားပြောလို့ဆိုလို့လည်း နားထောင်တာမဟုတ်။ရှေ့တင်တွင်တော့ ပြောရဆုံးမရတဲ့လူစိတ်ချမ်းသာအောင် ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ အလွန်နာခံရိုကျိုးယောင်ဆောင်တတ်ပါသည်။ပြီးလျင်တော့ သူလုပ်ချင်တာကိုသာ ဇွတ်တိုးလုပ်တတ်သည့် ငပေငတူးလေးပင်။

မျက်မှောင်တွန့်လျက်နဲ့ပင် တမန်ကားသော့ကို တစ်ခါပြန်ကောက်ကိုင်ရပြန်ပါ၏...






___________________________________________

Continue Reading

You'll Also Like

842K 128K 101
This story book presented by Zawgyi & UNICODE. Cover Design by @Gin_Hatarubi Unicode Season 1 အရှုပ်ထုပ်ကိုလက်ခံရရှိခြင်း။ (Complete) Season 2 ထောင်...
838K 9.2K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...
8.1K 1.4K 33
ပျော်စရာကောင်းတဲ့ အဖြစ်အပျက်တွေ မပါဝင်ပါ ေပ်ာ္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြ မပါဝငပါ 8/7/2023
24.8K 2.3K 75
ဒီလောက်ဆိုရင်ရော ငါမင်းနဲ့ တွေ့လို့ရပြီလား။