#Zawgyi#
ရိေပၚ ျမက္စိမ္းစိမ္းေတြေပါက္ေနၿပီျဖစ္တဲ့ ေျမပုံေလးေပၚမွာ ေဒစီပန္းစည္းေလးတင္လိုက္တယ္။
ဒီေျမပုံေလးထဲမွာ လဲေလ်ာင္းအိပ္စက္ေနတဲ့သူကေတာ့ က်ဲ ေဒစီ..။ တစ္နည္းေျပာရရင္ ဇနီးျဖစ္သူ ေဒစီ..။ရိေပၚက ေျမပုံေလးေဘးမွာ ဒူးေထာက္ကာ
ကန္ေတာ့ လိုက္တယ္။
"က်ဲ...
က်ဲ ထြက္သြားတာ တစ္ႏွစ္ျပည့္ၿပီေနာ္...
ကြၽန္ေတာ္ က်ဲကို မေမ့ပါဘူး...
မနက္ျဖန္ ကြၽန္ေတာ္ chinaျပန္ေတာ့မယ္
က်ဲကို အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္...''
ြကြၽန္ေတာ္
ေဒစီက်ဲ ဆီက ျပန္လာၿပီး
ကားနဲ႔ ေလႏွင္ရာလြင့္ ေျခဦးတည့္ရာ
ေလ်ာက္ေမာင္းေနမိတယ္။
ဘာျဖစ္လို႔ ကြၽန္ေတာ္ခ်စ္ရတဲ့ သူေတြက
အနားကေန အၿမဲထြက္ခြာသြားရတာလဲ။
ကြၽန္ေတာ္က ငယ္ငယ္ထဲက ကံမေကာင္းတဲ့သူ။
ကြၽန္ေတာ္ ငါးႏွစ္သားအ႐ြယ္မွာပဲ မိဘေတြဆုံးသြားခဲ့တယ္။ ဦးေလးကပဲ ဆက္ေစာင့္ေရွာက္ခဲ့တယ္။ ဦးေလးက ေလာင္းကစားသမား။ ဒီအလုပ္နဲ႔ပဲ ကြၽန္ေတာ့္ကို
ေကြၽးေမြးေစာင့္ေရွာက္ခဲ့တယ္။ တူဝရီး ႏွစ္ေယာက္ကေတာ့ ကံအေျခေနအရ ႏိုင္တစ္လွည့္
ရႈံးတစ္လွည့္နဲ႔ ငတ္တလွည့္ ျပတ္တလွည့္ပါပဲ။
ကြၽန္ေတာ္ ပထမႏွစ္ၿပီးေတာ့ ဦးေလးက
ေလာင္းကစားကို အႀကီးအက်ယ္ ရႈံးၿပီး အေႂကြးေတြ
ပင္လယ္ေဝခဲ့တယ္။ ျပန္မဆပ္ႏိုင္ရင္ အသက္အႏၲရာယ္ထိ ၿခိမ္းေျခာက္လာတာမို႔
မဆပ္ႏိုင္ေတာ့တဲ့အဆုံး ၿမိဳ႕ေလးကေန ေျခရာေဖ်ာက္ၿပီး အျခားၿမိဳ႕ကို ထြက္ေျပးခဲ့ၾကတယ္။
အဲ့ဒီမွာ
ကြၽန္ေတာ့္ရင္တစ္ခုလုံးနဲ႔ ရင္းၿပီး ခ်စ္ရတဲ့ ေကာကို ေတြ႕ခဲ့တယ္။ ေကာက ေအးေအးေလး ေနတတ္တယ္။တည္ၿငိမ္တယ္။ ကြၽန္ေတာ့္ကိုလည္း ဂ႐ုစိုက္တယ္။
အခ်ိန္ၾကာလာတာႏွင့္
ကြၽန္ေတာ္ ေကာကို ခ်စ္မိသြားခဲ့တယ္။
သို႔ေပမယ့္လည္း ေကာ ကို ခ်စ္မိေနၿပီဆိုတာကို
သိလိုက္ရတဲ့အခ်ိန္မွာ ေအမီရဲ႕ ရည္းစားဆိုတဲ့
စည္းထဲမွာ ေရာက္ေနခဲ့ၿပီ။
ေကာက ကြၽန္ေတာ္ ခ်စ္တာကို မယုံဘူး။
ေကာ ကို ခ်စ္တဲ့ အေၾကာင္းေတြ ဖြင့္ေျပာမိတဲ့ အခါတိုင္းလည္း ေကာက ညီအရင္းတစ္ေယာက္လိုပဲတဲ့...။ခ်စ္တယ္ဆိုတဲ့ စကားလုံးေလး တစ္လုံးတေလေတာင္ ေယာင္လို႔မေျပာခဲ့ဘူး...။ ေကာ အခ်စ္ကို ရဖို႔ ေအမီဆီက ႐ုန္းထြက္ခ်င္ေပမယ့္ မလုပ္ႏိုင္ခဲ့ဘူး။
ညတိုင္း ေကာ မသိေအာင္ ခိုးနမ္းမိခဲ့တယ္။
ကြၽန္ေတာ္ ေကာအနားမွာ အၾကာႀကီး ေနခ်င္ေပမယ့္
ကံၾကမၼာက ေစာေစာခြဲရဖို႔ ဖန္လာခဲ့တယ္။
စာေမးပြဲေျဖေနတဲ့ ေလးရက္ေျမာက္ေန႔မွာပဲ
အေႂကြးရွင္ဆီကဖုန္းcallတစ္ခု ဝင္လာခဲ့တယ္။
ဦးေလးကို ဖမ္းမိထားတယ္ ပိုက္ဆံယူၿပီး
လာခဲ့ဖို႔ေျပာတယ္။ မလာရင္ ဦးေလးကို
သတ္ပစ္မယ္ ၿခိမ္းေျခာက္တယ္။
ရင္ထဲ ဗ်ာမ်ားၿပီး ေျဗာင္းဆန္ကုန္တယ္။
ဦးေလးအသက္အႏၲရာယ္၊ေကာနဲ႔ ခြဲရမွာ၊စာေမးပြဲ။
ဘာလုပ္သင့္လဲ။ ဘာလုပ္ရမလဲ မသိဘူး။
ေနာက္ဆုံး အေရးႀကီးဆုံး အသက္တစ္ေခ်ာင္းကိုပဲ
ေ႐ြးခ်ယ္ခဲ့တယ္။
ေငြေၾကးကို ဘယ္သူ႔ဆီမွာမွ အကူအညီမေတာင္းခ်င္ဘူး။ နည္းတဲ့ ပမာဏမွ မဟုတ္တာေလ။ အရင္ထဲက ကြၽန္ေတာ့္ကို အားလုံးက လူလိမ္၊ပိုင္းလုံးဆိုၿပီး
အထင္အျမင္လြဲေနၾကတာ မဟုတ္လား။
ကြၽန္ေတာ့္အတြက္ ေနာက္ဆုံး ျဖစ္ရင္ ျဖစ္သြားမွာဆိုေတာ့ ေကာဆီက ဘယ္နည္းနဲ႔ပဲ ခ်စ္ခ်စ္
ခ်စ္တယ္ဆိုတာေလးေတာ့ ၾကားခ်င္မိတယ္။
ေကာကို ခ်စ္တယ္ဆိုတာ ယုံေပးေစခ်င္တယ္။
လိုခ်င္တဲ့ အေျဖေတာ့ မရခဲ့ဘူး။
ကြၽန္ေတာ္မွားခဲ့တာ ေကာရဲ႕ျဖဴစင္မႈကို
အေရာင္ေတြ ဆိုးခ်င္မိခဲ့တယ္။
ခ်မ္းသာတဲ့ အသိုင္းအဝိုင္းက ဆင္းသက္လာတဲ့
ေကာကို ကြၽန္ေတာ့္ေၾကာင့္ အေျပာခံရေအာင္
မလုပ္ခဲ့သင့္ဘူး။
ဒါေၾကာင့္ ကြၽန္ေတာ္ တကယ္ခ်စ္တာ
သိသြားခဲ့ရင္လည္း အရင္အတိုင္း အျဖဴစင္ဆုံး
ဆက္ေနေသြားပါ ေကာရယ္။
သိပ္ခ်စ္ရတဲ့သူက ကြၽန္ေတာ္ပဲ ျဖစ္ပါရေစ။
🌄
ကြၽန္ေတာ္ အေႂကြးရွင္ဆီ ေရာက္ေတာ့
"ပိုက္ဆံျပန္မေပးႏိုင္ရင္ေတာ့ ကလပ္ကို
ေရာင္းစားလိုက္ရမလားမသိဘူး
မင္း႐ုပ္ရည္ေလးက ဘဲႀကီးေတြေရာ
ေစာ္ေလးေတြေရာ ႀကိဳက္မယ့္ပုံေလး''
"တစ္ခါတည္း သတ္ပစ္လိုက္...
ဦးေလးကိုေတာ့ လႊတ္ေပး''
"အေၾကာတင္းေလးပဲ အရမ္းေတြသတၱိရွိေနတာ
ငါကလည္း ေပးထားရရင္ ျပန္ရမွ ႀကိဳက္တာ
ဘာပဲ ျပန္ရရ... ျပန္ရရင္ ၿပီးေရာ အသက္ဆိုလည္း
ျဖစ္တာပဲေလ''
တပည့္ေတြကို ရွင္းပစ္လိုက္ေတာ့ ဆိုတဲ့
အထာျပလိုက္ေတာ့
"ပါး...မသတ္ပါနဲ႔''
မိန္းကေလးတစ္ေယာက္က ဂိုေထာင္ထဲ
ေျပးဝင္လာတယ္။
"သမီး...အခန္းမွာမေနပဲနဲ႔ ဒီကို ဘယ္လိုလုပ္''
"မသတ္ပါနဲ႔''
"သမီးေဒစီ...အခန္းကို ျပန္ေတာ့''
"မလုပ္ပါနဲ႔ ေငြက အသက္ေလာက္ အေရးႀကီးလို႔လား''
"သူတို႔က ေငြကို ျပန္မဆပ္ပဲ ေၾကာသလိုနဲ႔
တျခား ထြက္ေျပးၿပီး ပုန္းေနၾကတာကို
ဒီတိုင္းၾကည့္ေနမယ္ထင္လား
ဘယ္သူမွ ေငြကို အလကားမရဘူး
ျပန္ေတာ့ ေပးဆပ္ရမွာေပါ့''
"မသတ္ပါနဲ႔...သူ႔ကို ျမင္ျမင္ခ်င္းခ်စ္မိသြားလို႔ပါ''
ကြၽန္ေတာ္ အပါအဝင္ အားလုံး မ်က္လုံးျပဴးသြားခဲ့ရတယ္။
"သမီးေဒစီ...''
"အာ့...ေခါင္းမူးတယ္''
''သမီး...''
.
.
.
က်ဲေၾကာင့္ အသက္ေဘးက လြတ္ခဲ့တယ္။
သို႔ေသာ္လည္း က်ဲက ကြၽန္ေတာ္နဲ႔
လက္ထပ္ခ်င္ပါတယ္တဲ့ ။
အသက္သခင္ေက်းဇူးရွင္မို႔ နာက်င္စြာ
လက္ခံခဲ့တယ္ ။
ကြၽန္ေတာ္ဟာ အေႏွာင့္အဖြဲ႕ ခံရဖို႔
အၿမဲကံပါလာေလသလား ။
က်ဲက လက္ထပ္ပြဲ မလုပ္ခိုင္းပဲ
လက္မွတ္ထိုး႐ုံသာ ျပဳလုပ္ခဲ့တယ္။
လက္ထပ္ၿပီးတဲ့ညမွာ က်ဲက အခန္းခြဲ အိပ္တယ္။
က်ဲကေျပာခဲ့တယ္။
'ရိေပၚ ကံေကာင္းသြားတယ္
က်ဲကို ပါးက ၿခံေနာက္ထဲကို မလာရဘူး တားျမစ္ထားလို႔ တစ္ခါမွ သြားမၾကည့္ခဲ့ဖူးဘူး
အဲ့ဒီတုန္းက ၿခံထဲကို
ေလွ်ာက္ၾကည့္ခ်င္စိတ္အရမ္းျဖစ္ေနလို႔
nurseေတြ မသိေအာင္ ခိုးထြက္လာတာေလ
ရိေပၚကိုလည္း ျမင္ျမင္ခ်င္း
ေမာင္ေလးတစ္ေယာက္လို ခ်စ္မိတာပါ
ၿပီးေတာ့ ခုလို လုပ္လိုက္ရတာ
ပါးက ရိေပၚကို မသတ္ခဲ့ရင္ေတာင္
လြတ္ေပးမွာမဟုတ္ဘူး
သူ႔ရဲ႕ ေမွာင္ခိုဂိုဏ္းမွာ လုပ္ခိုင္းေတာ့မွာေလ
ရိေပၚက ငယ္ေသးတယ္
ေက်ာင္းလည္း တက္ေနတုန္းပဲမို႔လား
အဲ့ဒီေတာ့ က်ဲက ေက်ာင္းလည္းဆက္ထားေပးမယ္'
က်ဲက ေျပာေသးတယ္ သူ႔မွာ brain cancerျဖစ္ေနၿပီ ေနရမယ့္အခ်ိန္ သိပ္မက်န္ေတာ့ဘူးတဲ့ အဲ့ဒါေၾကာင့္ ေကာင္းတာေတြပဲ လုပ္သြားခ်င္ပါတယ္တဲ့ ။က်ဲက ကြၽန္ေတာ့္အတြက္ေတာ့ ေက်းဇူးရွင္ပါပဲ ။က်ဲက ဒုစ႐ိုက္သမားေလာင္းကစားသမားရဲ႕သမီးဆိုေပမယ့္ ေဟာ့ေဟာ့ရမ္းရမ္းေနဘူး။စိတ္ထားေကာင္းတယ္ ေအးတယ္။
က်ဲ ေရာဂါကို ႏိုင္ငံျခားမွာ ေနၿပီး သြားကုေပမယ့္လည္း
အက်ိတ္က ခြဲစိတ္မရတဲ့
ေနရာဆိုေတာ့ က်ဲကို လက္လႊတ္ခဲ့ရတယ္။
က်ဲရဲ႕ ခင္ပြန္းဆိုၿပီး
အမည္ခံ႐ုံသက္သက္ေလးနဲ႔ က်ဲရဲ႕ ပိုင္ဆိုင္မႈေတြအားလုံးကို ရလိုက္တယ္။ က်ဲက ကြၽန္ေတာ့္ နာမည္နဲ႔ သူ႔ပိုင္ဆိုင္သမွ်ကို လႊဲထားခဲ့တယ္။
ဒါေတြကို ကြၽန္ေတာ္ မမက္ေမာပါဘူး။
ႏိုင္ငံျခားမွာ ေက်ာင္းၿပီးေအာင္ ဆက္တက္ၿပီး
က်ဲရဲ႕ တစ္ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔
ေနာက္ရက္မွာပဲ Chinaကို ျပန္လာခဲ့တယ္။
ဇာတိၿမိဳ႕ေလးကေတာ့ အရင္အတိုင္း ေျပာင္းလဲျခင္း
မရွိဘူး။ ေနစရာအိမ္ကေတာ့ အရင္က အိမ္ေျခယာမဲ့ဆိုေတာ့ က်ဲရဲ႕ အိမ္ပဲ ရွိတယ္။
ဦးေလးကလည္း က်ဲနဲ႔ ေရွ႕ဆင့္ေနာက္ဆင့္
ဆုံးသြားေတာ့ လက္ရွိကေတာ့ တစ္ေကာင္တည္း
ျခေသ့မၤင္းေပါ့။
စည္းစိမ္ေတြၾကားမွာ တစ္ေယာက္တည္း။
ဘဝက ခါးလြန္းတယ္။
ေကာနဲ႔ ခြဲရတဲ့ ေန႔က စၿပီး ဒီေန႔ထိ
ေကာကို မေမ့ခဲ့ဘူး။
ေန႔တိုင္းလည္း ေကာကို သတိရလြန္းလို႔ ေသမတတ္ပဲ။
အလြမ္းေတြက ေန႔တိုင္း ႏွိပ္စက္တယ္။
ဒီအလြမ္းေတြက ကြၽန္ေတာ့္ရဲ႕
တစ္ဖက္သတ္အလြမ္းေတြပဲ ျဖစ္မယ္ထင္ပါတယ္။
တစ္ခ်ိဳ႕က ေျပာတယ္ အေနေဝးရင္ ေသြးေအးသြားတတ္တယ္တဲ့။ မဟုတ္ဘူး ကြၽန္ေတာ့္ အတြက္ေတာ့
ေဝးကြာျခင္းက အခ်စ္ကို ပိုတိုးလာေစတယ္။
ခံစားခ်က္ေတြကို ၿမိဳသိပ္လို႔ ေကာ ေပ်ာ္႐ႊင္ေစဖို႔ပဲ
ဆုေတာင္းတယ္။
ကြၽန္ေတာ္က ေနေရာင္ျခည္ကို သိပ္ခ်စ္တယ္။
ဘယ္တုန္းကမွ ေႏြးေထြးျခင္း မရရွိဖူးတဲ့ ကြၽန္ေတာ့္ကို
ေနေရာင္ျခည္ေလးေတြကပဲ ေႏြးေထြးေစခဲ့တယ္ေလ။
ေကာနဲ႔ ဆုံတဲ့အခ်ိန္ကစလို႔ ေႏြးေထြးမႈကို ခံစားလာရေပမယ့္ ေကာကို မပိုင္ဆိုင္တဲ့ ကြၽန္ေတာ့္ဟာ အဲ့ဒီေႏြးေထြးမႈက သဘာဝကလာတဲ့ ေနေရာင္ျခည္လို အၿမဲမရႏိုင္မွန္းလည္း နားလည္ထားတယ္။
ခုခ်ိန္ဆို ေကာလည္း စင္ဒီက်ဲနဲ႔ လက္ထပ္ၿပီးေလာက္ေရာေပါ့။
မသိစိတ္ကေတာ့ ေကာဆီက အခ်စ္ေတြကို
ေမွ်ာ္လင့္ေနဆဲပာပဲ။
အရင္ကေတာ့ ရင္ဖြင့္သံေတြကို က်ဲက နားေထာင္ေပးေနက်။ ခုေတာ့ အနားမွာ ဘယ္သူမွ မရွိေတာ့ဘူး။
က်ဲရဲ႕ ေရဒီယိုေဟာင္းေလးပဲ ရွိတယ္။
ေရဒီယိုေလးေပၚက ဖုန္မႈန႔္ေတြကို ခါလိုက္ၿပီး
ဖြင့္ၾကည့္လိုက္ေတာ့ အသံထြက္လာတယ္။
ေကာင္းေနေသးတာပဲ။
ရႈပ္ေထြးေနတဲ့ အသံေတြကို ပိုရွင္းလင္းေအာင္
လိုင္းေ႐ြ႕လိုက္တယ္။
"ဒီညအတြက္ ႏွစ္ေစာင္ေျမာက္ရင္ဖြင့္စာလႊာကို
ဖတ္ျပလိုက္ရေအာင္''
က်ဲ နားေထာင္ေနက် အစီအစဥ္က
ခုခ်ိန္ထိ လႊင့္ေနတုန္းပဲ။
ဒီလိုက်ေတာ့လည္း အခ်စ္အတြက္နဲ႔ ခံစားေနရတာ
ကြၽန္ေတာ္ တစ္ေယာက္ထဲ မဟုတ္ဘူးပဲ။
ရင္ဖြင့္သံေတြကို ၾကားရေတာ့ စိတ္ေတြက ပိုၿပီး
ရႈပ္ေထြးလာတာမို႔ ပိတ္မယ္ အေတြးနဲ႔ ခလုတ္ဆီ
လက္အလွမ္း
"ေနာက္ဆုံးတစ္ေစာင္ကေတာ့ blackrabbit85ဆိုတဲ့ mailက ေပးပို႔ထားပါတယ္
ကိုယ့္ရဲ႕ေနေရာင္ျခည္ေလးသို႔ တဲ့''
လက္က ေလထဲမွာတင္ ရပ္တန႔္သြားတယ္။
ေကာကို Black rabbit ဆိုၿပီး ကြၽန္ေတာ္
စ,ေနက်။ ေကာလား...။
" ကိုယ္ရဲ႕ ေနေရာင္ျခည္ေလးေရ
အပင္ေတြအားလုံးက ေနေရာင္ျခည္ကို
လိုအပ္သလို ကိုယ့္ဘဝမွာလည္း
ေနေရာင္ျခည္ေလး မင္း မရွိလို႔ မျဖစ္ဘူး
ကိုယ္ ဘဝကို ေနာင္တေတြနဲ႔ ရွင္သန္မသြားခ်င္ဘူး
ေန႔တိုင္း မင္းေမးေနက် ေမးခြန္းကို ကိုယ္ ေျဖမယ္
ကိုယ္လည္း မင္းကို သိပ္ခ်စ္တယ္
ေက်းဇူးျပဳၿပီး ကိုယ့္ဆီ ျပန္လာခဲ့ပါ''
ေကာက ကြၽန္ေတာ့္ကို ခ်စ္တယ္တဲ့။
ကြၽန္ေတာ္ အ႐ူးတစ္ေယာက္လို တဟားဟားနဲ႔
ေအာ္ရယ္ေနမိသည္။
မ်က္ဝန္းမွာ မ်က္ရည္ေတြကလဲ စီးက်လို႔ေပါ့ ။
ဒီမ်က္ရည္ေတြကို အေပ်ာ္မ်က္ရည္ေတြလို႔
ေခၚရမလားပဲ။
ရင္ထဲကလည္း ဆို႔တက္လို႔။
ေနာက္ဆုံး တင္းထားတဲ့ စိတ္ကို ေလ်ာ့ခ်ကာ အားရပါးရ ငိုခ်မိလိုက္တယ္။
မီးေရာင္မွိန္မွိန္ထြန္းထားတဲ့ အိမ္ေလးထဲမွာ
ကာင္ေလးတစ္ေယာက္ငိုေႂကြးေနခဲ့သလို
.
.
ေရဒီယိုေလး ေဘးမွာ လေရာင္ကို ေမာ့ၾကည့္ရင္း
တစ္ေယာက္ေသာသူကို လြမ္းလို႔ တိတ္တဆိတ္
မ်က္ရည္က်ေနတဲ့ ေကာင္ေလးတစ္ေယာက္လည္း
ရွိေနခဲ့တယ္။
ရင္ဖြင့္စာလႊာေလးအဆုံးမွာ
ေရွာင္က်န႔္ ေတာင္းမိလိုက္တဲ့ ဆုကေတာ့
'ရိေပၚ တစ္ေယာက္ ကြၽန္ေတာ့္ရဲ႕ ရင္ဖြင့္သံကို
ၾကားပါေစသား...' တဲ့
ေရွာင္က်န႔္ ရင္နဲ႔ မဆန႔္ေအာင္ ခံစားရလြန္းလို႔
ဒီရင္ဖြင့္စာ mailကို ရိေပၚၾကားလိုၾကားျငား
ေပးပို႔ၾကည့္ျခင္း ျဖစ္တယ္။
ျပန္ဆုံႏိုင္ခြင့္ ရွိေသးရင္ ရိေပၚ ၾကားမွာပါ။
🌄
ဒီေန႔က အလုပ္နားရက္မို႔ စိတ္ေျပလက္ေပ်ာက္
ၿခံထဲက အပင္ေလးေတြကို ေပါင္းသင္ေျမဆြ
လုပ္ေနလိုက္တယ္။ ေနေရာင္ျခည္ကိုလည္း ခံစားရင္း
ေလေလးကလည္း တျဖဴးျဖဴးနဲ႔မို႔ စိတ္သက္သာရာ
ရတာေပါ့။ တစ္ခါတေလ
စိတ္ညစ္ညဴးမႈကို အပင္ေတြနဲ႔ပဲ ေျဖေဖ်ာက္ရတယ္။
"ေကာ...''
ေျမဆြေနတဲ့ လက္တို႔က ရပ္တန႔္သြားတယ္။
ကြၽန္ေတာ့္ စိတ္ေတြကို ရိေပၚစိုးမိုးထားတာက
ပိုဆိုးလာၿပီ။ အသံေတြေတာင္ ထင္ေယာင္ထင္မွားနဲ႔ ၾကားေနရၿပီပဲ။
"ေကာ...''
ေခါင္းကို ခါရမ္းေနမိတယ္။
ၾကာရင္ ရိေပၚေၾကာင့္ ႐ူးသြားလိမ့္မယ္။
"ေကာ...ရိေပၚပါ...''
ခု ရိေပၚအသံက အနီးကပ္က
ၾကားေနတာ....။ တကယ္ပဲ ရိေပၚလား...။
ေရွာင္က်န႔္ ပါးျပင္မွာ မ်က္ရည္စက္ေတြက
ျဖတ္ေျပးသြားတယ္။
ကြၽန္ေတာ္ လွည့္ၾကည့္လိုက္ရင္
ရိေပၚေပ်ာက္သြားမွာ ဆိုးတယ္။
အပင္ေတြကို ေျမဆြေနရာကေနထၿပီး
တျဖည္းျဖည္းခ်င္း လွည့္ၾကည့္လိုက္ေတာ့
ရိေပၚက မ်က္ရည္ေတြ ေဝ့သီေနတဲ့
မ်က္ဝန္းေတြနဲ႔ ရပ္ၾကည့္ေနတယ္။
ေျမဆြ ခက္ရင္းကို ပစ္ခ်လိုက္ၿပီး
ရိေပၚဆီ သြားကာ တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္သည္။ ထိန္းခ်ဳပ္ထားတဲ့ မ်က္ရည္ေတြကိုလည္း
လႊတ္ေပးမိလိုက္ေတာ့တယ္။
ရိေပၚကိုယ္ေလးကလည္း တသိမ့္သိမ့္ တုန္ေနတာမို႔
ရိေပၚလည္း ငိုေနတယ္ဆိုတာ သိလိုက္တယ္။
"ကိုယ္...အိမ္မက္မက္ေနတာလား...ရိေပၚ...
အိမ္မက္ဆိုရင္လည္း ကိုယ္မႏိုးထပါရေစနဲ႔....''
ရိေပၚက ကြၽန္ေတာ့္ပါးျပင္က မ်က္ရည္ေတြကို
သုတ္ေပးရင္း မ်က္ရည္ေတြ ျပည့္နက္ေနတဲ့
မ်က္ဝန္းေတြနဲ႔ ေသေသခ်ာခ်ာၾကည့္ကာ ျပန္ေျဖတယ္။
"အိမ္မက္မဟုတ္ဘူး....ေကာဆီကို
ကြၽန္ေတာ္ အၿပီးျပန္လာတာ....''
"ကိုယ္ မင္းကိုခ်စ္တယ္...အရမ္းခ်စ္တယ္...ရိေပၚ...''
ကြၽန္ေတာ္ ဒီတစ္ခါေတာ့ ဒီစကားကို
အရင္ေျပာလိုက္မိတယ္။ ရိေပၚ ဘယ္ေတြ
သြားေနခဲ့တာလဲ ဘာေၾကာင့္ ထြက္သြားခဲ့လဲ
ေမးခြန္းေတြ မေမးခ်င္ဘူး။
အတိတ္ကို မသိခ်င္ေတာ့ဘူး။
ခုခ်ိန္မွာ ရိေပၚ အနားက
ထပ္ထြက္မသြားဖို႔ပဲ လိုအပ္တယ္။
ရိေပၚက မ်က္ရည္ေတြ တသြင္သြင္ စီးက်ေနရင္းပဲ
ေခါင္းကို အႀကိမ္ႀကိမ္ခါခါ ညိတ္တယ္။
"ကြၽန္ေတာ္က အရင္ခ်စ္ခဲ့ရတာပါ...
ေကာကို ေနာက္လည္း ခ်စ္သြားဦးမွာပါ....''
ကြၽန္ေတာ္ ရိေပၚ ပါးေလးကို ထိန္းကိုင္ကာ လြမ္းမိေနခဲ့တဲ့ ႏႈတ္ခမ္းဖူးေလးကို တရႈိက္မတ္မတ္
နမ္းလိုက္မိေတာ့တယ္။
ရိေပၚက ကြၽန္ေတာ့္ဘဝရဲ႕အလင္းေရာင္ေလး။
တစ္ခုတည္းေသာေနေရာင္ျခည္ေလး။
ရိေပၚကပဲ ကြၽန္ေတာ့္ကို ၿပဳံးရယ္တတ္ေအာင္
သင္ေပးခဲ့တယ္။
ရိေပၚကသာ ကြၽန္ေတာ့္ရဲ႕
ျမတ္ႏိုးျခင္းေလး။ေပ်ာ္႐ႊင္မႈေလး.....။
ေနေရာင္ျခည္ျဖာေနတဲ့ေန႔ေလးမွာ ရိေပၚဆိုတဲ့
ေကာင္ေလးကေတာ့ ေရွာင္က်န႔္ဘဝထဲကို တသက္စာ အလင္းေပးဖို႔ ျပန္လည္ဝင္ေရာက္လာခဲ့ၿပီ။
ဒီတစ္ခါ ေရာက္လာခဲ့တဲ့ ေနေရာင္ျခည္ကေတာ့ ပူေလာင္မႈေတြ မဟုတ္ေတာ့ပဲ အလင္းေရာင္နဲ႔ ေႏြးေထြးမႈေပးဖို႔ပဲ ျဖစ္တယ္။
ေရွာင္က်န႔္ ေန႔စဥ္ မပ်က္မကြက္ ေရးထားခဲ့တဲ့
ဒိုင္ယာရီေလးေတြကလည္း ဖတ္ေပးမယ့္ ပိုင္ရွင္
ေရာက္လာၿပီျဖစ္တဲ့အတြက္ အထီးမက်န္ေတာ့ပါဘူး။
The End........
ဒီficေလးက You're my sunshineဆိုတဲ့
သီခ်င္းေလးကို ၿပိဳင္ပြဲ စည္းကမ္းအရ သီခ်င္းေလးနဲ႔
အကိုက္ညီဆုံးျဖစ္ေအာင္ ႀကိဳးစားေရးခဲ့တာပါ။
Thank you for reading 🙏
Aurora Pines
Love you all 💛
#Unicode#
ရိပေါ် မြက်စိမ်းစိမ်းတွေပေါက်နေပြီဖြစ်တဲ့ မြေပုံလေးပေါ်မှာ ဒေစီပန်းစည်းလေးတင်လိုက်တယ်။
ဒီမြေပုံလေးထဲမှာ လဲလျောင်းအိပ်စက်နေတဲ့သူကတော့ ကျဲ ဒေစီ..။ တစ်နည်းပြောရရင် ဇနီးဖြစ်သူ ဒေစီ..။ရိပေါ်က မြေပုံလေးဘေးမှာ ဒူးထောက်ကာ
ကန်တော့ လိုက်တယ်။
"ကျဲ...
ကျဲ ထွက်သွားတာ တစ်နှစ်ပြည့်ပြီနော်...
ကျွန်တော် ကျဲကို မမေ့ပါဘူး...
မနက်ဖြန် ကျွန်တော် chinaပြန်တော့မယ်
ကျဲကို အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်...''
ွကျွန်တော်
ဒေစီကျဲ ဆီက ပြန်လာပြီး
ကားနဲ့ လေနှင်ရာလွင့် ခြေဦးတည့်ရာ
လျောက်မောင်းနေမိတယ်။
ဘာဖြစ်လို့ ကျွန်တော်ချစ်ရတဲ့ သူတွေက
အနားကနေ အမြဲထွက်ခွာသွားရတာလဲ။
ကျွန်တော်က ငယ်ငယ်ထဲက ကံမကောင်းတဲ့သူ။
ကျွန်တော် ငါးနှစ်သားအရွယ်မှာပဲ မိဘတွေဆုံးသွားခဲ့တယ်။ ဦးလေးကပဲ ဆက်စောင့်ရှောက်ခဲ့တယ်။ ဦးလေးက လောင်းကစားသမား။ ဒီအလုပ်နဲ့ပဲ ကျွန်တော့်ကို
ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ တူဝရီး နှစ်ယောက်ကတော့ ကံအခြေနေအရ နိုင်တစ်လှည့်
ရှုံးတစ်လှည့်နဲ့ ငတ်တလှည့် ပြတ်တလှည့်ပါပဲ။
ကျွန်တော် ပထမနှစ်ပြီးတော့ ဦးလေးက
လောင်းကစားကို အကြီးအကျယ် ရှုံးပြီး အကြွေးတွေ
ပင်လယ်ဝေခဲ့တယ်။ ပြန်မဆပ်နိုင်ရင် အသက်အန္တရာယ်ထိ ခြိမ်းခြောက်လာတာမို့
မဆပ်နိုင်တော့တဲ့အဆုံး မြို့လေးကနေ ခြေရာဖျောက်ပြီး အခြားမြို့ကို ထွက်ပြေးခဲ့ကြတယ်။
အဲ့ဒီမှာ
ကျွန်တော့်ရင်တစ်ခုလုံးနဲ့ ရင်းပြီး ချစ်ရတဲ့ ကောကို တွေ့ခဲ့တယ်။ ကောက အေးအေးလေး နေတတ်တယ်။တည်ငြိမ်တယ်။ ကျွန်တော့်ကိုလည်း ဂရုစိုက်တယ်။
အချိန်ကြာလာတာနှင့်
ကျွန်တော် ကောကို ချစ်မိသွားခဲ့တယ်။
သို့ပေမယ့်လည်း ကော ကို ချစ်မိနေပြီဆိုတာကို
သိလိုက်ရတဲ့အချိန်မှာ အေမီရဲ့ ရည်းစားဆိုတဲ့
စည်းထဲမှာ ရောက်နေခဲ့ပြီ။
ကောက ကျွန်တော် ချစ်တာကို မယုံဘူး။
ကော ကို ချစ်တဲ့ အကြောင်းတွေ ဖွင့်ပြောမိတဲ့ အခါတိုင်းလည်း ကောက ညီအရင်းတစ်ယောက်လိုပဲတဲ့...။ချစ်တယ်ဆိုတဲ့ စကားလုံးလေး တစ်လုံးတလေတောင် ယောင်လို့မပြောခဲ့ဘူး...။ ကော အချစ်ကို ရဖို့ အေမီဆီက ရုန်းထွက်ချင်ပေမယ့် မလုပ်နိုင်ခဲ့ဘူး။
ညတိုင်း ကော မသိအောင် ခိုးနမ်းမိခဲ့တယ်။
ကျွန်တော် ကောအနားမှာ အကြာကြီး နေချင်ပေမယ့်
ကံကြမ္မာက စောစောခွဲရဖို့ ဖန်လာခဲ့တယ်။
စာမေးပွဲဖြေနေတဲ့ လေးရက်မြောက်နေ့မှာပဲ
အကြွေးရှင်ဆီကဖုန်းcallတစ်ခု ဝင်လာခဲ့တယ်။
ဦးလေးကို ဖမ်းမိထားတယ် ပိုက်ဆံယူပြီး
လာခဲ့ဖို့ပြောတယ်။ မလာရင် ဦးလေးကို
သတ်ပစ်မယ် ခြိမ်းခြောက်တယ်။
ရင်ထဲ ဗျာများပြီး ဗြောင်းဆန်ကုန်တယ်။
ဦးလေးအသက်အန္တရာယ်၊ကောနဲ့ ခွဲရမှာ၊စာမေးပွဲ။
ဘာလုပ်သင့်လဲ။ ဘာလုပ်ရမလဲ မသိဘူး။
နောက်ဆုံး အရေးကြီးဆုံး အသက်တစ်ချောင်းကိုပဲ
ရွေးချယ်ခဲ့တယ်။
ငွေကြေးကို ဘယ်သူ့ဆီမှာမှ အကူအညီမတောင်းချင်ဘူး။ နည်းတဲ့ ပမာဏမှ မဟုတ်တာလေ။ အရင်ထဲက ကျွန်တော့်ကို အားလုံးက လူလိမ်၊ပိုင်းလုံးဆိုပြီး
အထင်အမြင်လွဲနေကြတာ မဟုတ်လား။
ကျွန်တော့်အတွက် နောက်ဆုံး ဖြစ်ရင် ဖြစ်သွားမှာဆိုတော့ ကောဆီက ဘယ်နည်းနဲ့ပဲ ချစ်ချစ်
ချစ်တယ်ဆိုတာလေးတော့ ကြားချင်မိတယ်။
ကောကို ချစ်တယ်ဆိုတာ ယုံပေးစေချင်တယ်။
လိုချင်တဲ့ အဖြေတော့ မရခဲ့ဘူး။
ကျွန်တော်မှားခဲ့တာ ကောရဲ့ဖြူစင်မှုကို
အရောင်တွေ ဆိုးချင်မိခဲ့တယ်။
ချမ်းသာတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့
ကောကို ကျွန်တော့်ကြောင့် အပြောခံရအောင်
မလုပ်ခဲ့သင့်ဘူး။
ဒါကြောင့် ကျွန်တော် တကယ်ချစ်တာ
သိသွားခဲ့ရင်လည်း အရင်အတိုင်း အဖြူစင်ဆုံး
ဆက်နေသွေားပါ ကောရယ်။
သိပ်ချစ်ရတဲ့သူက ကျွန်တော်ပဲ ဖြစ်ပါရစေ။
🌄
ကျွန်တော် အကြွေးရှင်ဆီ ရောက်တော့
"ပိုက်ဆံပြန်မပေးနိုင်ရင်တော့ ကလပ်ကို
ရောင်းစားလိုက်ရမလားမသိဘူး
မင်းရုပ်ရည်လေးက ဘဲကြီးတွေရော
စော်လေးတွေရော ကြိုက်မယ့်ပုံလေး''
"တစ်ခါတည်း သတ်ပစ်လိုက်...
ဦးလေးကိုတော့ လွှတ်ပေး''
"အကြောတင်းလေးပဲ အရမ်းတွေသတ္တိရှိနေတာ
ငါကလည်း ပေးထားရရင် ပြန်ရမှ ကြိုက်တာ
ဘာပဲ ပြန်ရရ... ပြန်ရရင် ပြီးရော အသက်ဆိုလည်း
ဖြစ်တာပဲလေ''
တပည့်တွေကို ရှင်းပစ်လိုက်တော့ ဆိုတဲ့
အထာပြလိုက်တော့
"ပါး...မသတ်ပါနဲ့''
မိန်းကလေးတစ်ယောက်က ဂိုထောင်ထဲ
ပြေးဝင်လာတယ်။
"သမီး...အခန်းမှာမနေပဲနဲ့ ဒီကို ဘယ်လိုလုပ်''
"မသတ်ပါနဲ့''
"သမီးဒေစီ...အခန်းကို ပြန်တော့''
"မလုပ်ပါနဲ့ ငွေက အသက်လောက် အရေးကြီးလို့လား''
"သူတို့က ငွေကို ပြန်မဆပ်ပဲ ကြောသလိုနဲ့
တခြား ထွက်ပြေးပြီး ပုန်းနေကြတာကို
ဒီတိုင်းကြည့်နေမယ်ထင်လား
ဘယ်သူမှ ငွေကို အလကားမရဘူး
ပြန်တော့ ပေးဆပ်ရမှာပေါ့''
"မသတ်ပါနဲ့...သူ့ကို မြင်မြင်ချင်းချစ်မိသွားလို့ပါ''
ကျွန်တော် အပါအဝင် အားလုံး မျက်လုံးပြူးသွားခဲ့ရတယ်။
"သမီးဒေစီ...''
"အာ့...ခေါင်းမူးတယ်''
''သမီး...''
.
.
.
ကျဲကြောင့် အသက်ဘေးက လွတ်ခဲ့တယ်။
သို့သော်လည်း ကျဲက ကျွန်တော်နဲ့
လက်ထပ်ချင်ပါတယ်တဲ့ ။
အသက်သခင်ကျေးဇူးရှင်မို့ နာကျင်စွာ
လက်ခံခဲ့တယ် ။
ကျွန်တော်ဟာ အနှောင့်အဖွဲ့ ခံရဖို့
အမြဲကံပါလာလေသလား ။
ကျဲက လက်ထပ်ပွဲ မလုပ်ခိုင်းပဲ
လက်မှတ်ထိုးရုံသာ ပြုလုပ်ခဲ့တယ်။
လက်ထပ်ပြီးတဲ့ညမှာ ကျဲက အခန်းခွဲ အိပ်တယ်။
ကျဲကပြောခဲ့တယ်။
'ရိပေါ် ကံကောင်းသွားတယ်
ကျဲကို ပါးက ခြံနောက်ထဲကို မလာရဘူး တားမြစ်ထားလို့ တစ်ခါမှ သွားမကြည့်ခဲ့ဖူးဘူး
အဲ့ဒီတုန်းက ခြံထဲကို
လျှောက်ကြည့်ချင်စိတ်အရမ်းဖြစ်နေလို့
nurseတွေ မသိအောင် ခိုးထွက်လာတာလေ
ရိပေါ်ကိုလည်း မြင်မြင်ချင်း
မောင်လေးတစ်ယောက်လို ချစ်မိတာပါ
ပြီးတော့ ခုလို လုပ်လိုက်ရတာ
ပါးက ရိပေါ်ကို မသတ်ခဲ့ရင်တောင်
လွတ်ပေးမှာမဟုတ်ဘူး
သူ့ရဲ့ မှောင်ခိုဂိုဏ်းမှာ လုပ်ခိုင်းတော့မှာလေ
ရိပေါ်က ငယ်သေးတယ်
ကျောင်းလည်း တက်နေတုန်းပဲမို့လား
အဲ့ဒီတော့ ကျဲက ကျောင်းလည်းဆက်ထားပေးမယ်'
ကျဲက ပြောသေးတယ် သူ့မှာ brain cancerဖြစ်နေပြီ နေရမယ့်အချိန် သိပ်မကျန်တော့ဘူးတဲ့ အဲ့ဒါကြောင့် ကောင်းတာတွေပဲ လုပ်သွားချင်ပါတယ်တဲ့ ။ကျဲက ကျွန်တော့်အတွက်တော့ ကျေးဇူးရှင်ပါပဲ ။ကျဲက ဒုစရိုက်သမားလောင်းကစားသမားရဲ့သမီးဆိုပေမယ့် ဟော့ဟော့ရမ်းရမ်းနေဘူး။စိတ်ထားကောင်းတယ် အေးတယ်။
ကျဲ ရောဂါကို နိုင်ငံခြားမှာ နေပြီး သွားကုပေမယ့်လည်း
အကျိတ်က ခွဲစိတ်မရတဲ့
နေရာဆိုတော့ ကျဲကို လက်လွှတ်ခဲ့ရတယ်။
ကျဲရဲ့ ခင်ပွန်းဆိုပြီး
အမည်ခံရုံသက်သက်လေးနဲ့ ကျဲရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ရလိုက်တယ်။ ကျဲက ကျွန်တော့် နာမည်နဲ့ သူ့ပိုင်ဆိုင်သမျှကို လွှဲထားခဲ့တယ်။
ဒါတွေကို ကျွန်တော် မမက်မောပါဘူး။
နိုင်ငံခြားမှာ ကျောင်းပြီးအောင် ဆက်တက်ပြီး
ကျဲရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့
နောက်ရက်မှာပဲ Chinaကို ပြန်လာခဲ့တယ်။
ဇာတိမြို့လေးကတော့ အရင်အတိုင်း ပြောင်းလဲခြင်း
မရှိဘူး။ နေစရာအိမ်ကတော့ အရင်က အိမ်ခြေယာမဲ့ဆိုတော့ ကျဲရဲ့ အိမ်ပဲ ရှိတယ်။
ဦးလေးကလည်း ကျဲနဲ့ ရှေ့ဆင့်နောက်ဆင့်
ဆုံးသွားတော့ လက်ရှိကတော့ တစ်ကောင်တည်း
ခြသေ့င်္မင်းပေါ့။
စည်းစိမ်တွေကြားမှာ တစ်ယောက်တည်း။
ဘဝက ခါးလွန်းတယ်။
ကောနဲ့ ခွဲရတဲ့ နေ့က စပြီး ဒီနေ့ထိ
ကောကို မမေ့ခဲ့ဘူး။
နေ့တိုင်းလည်း ကောကို သတိရလွန်းလို့ သေမတတ်ပဲ။
အလွမ်းတွေက နေ့တိုင်း နှိပ်စက်တယ်။
ဒီအလွမ်းတွေက ကျွန်တော့်ရဲ့
တစ်ဖက်သတ်အလွမ်းတွေပဲ ဖြစ်မယ်ထင်ပါတယ်။
တစ်ချို့က ပြောတယ် အနေဝေးရင် သွေးအေးသွားတတ်တယ်တဲ့။ မဟုတ်ဘူး ကျွန်တော့် အတွက်တော့
ဝေးကွာခြင်းက အချစ်ကို ပိုတိုးလာစေတယ်။
ခံစားချက်တွေကို မြိုသိပ်လို့ ကော ပျော်ရွှင်စေဖို့ပဲ
ဆုတောင်းတယ်။
ကျွန်တော်က နေရောင်ခြည်ကို သိပ်ချစ်တယ်။
ဘယ်တုန်းကမှ နွေးထွေးခြင်း မရရှိဖူးတဲ့ ကျွန်တော့်ကို
နေရောင်ခြည်လေးတွေကပဲ နွေးထွေးစေခဲ့တယ်လေ။
ကောနဲ့ ဆုံတဲ့အချိန်ကစလို့ နွေးထွေးမှုကို ခံစားလာရပေမယ့် ကောကို မပိုင်ဆိုင်တဲ့ ကျွန်တော့်ဟာ အဲ့ဒီနွေးထွေးမှုက သဘာဝကလာတဲ့ နေရောင်ခြည်လို အမြဲမရနိုင်မှန်းလည်း နားလည်ထားတယ်။
ခုချိန်ဆို ကောလည်း စင်ဒီကျဲနဲ့ လက်ထပ်ပြီးလောက်ရောပေါ့။
မသိစိတ်ကတော့ ကောဆီက အချစ်တွေကို
မျှော်လင့်နေဆဲပာပဲ။
အရင်ကတော့ ရင်ဖွင့်သံတွေကို ကျဲက နားထောင်ပေးနေကျ။ ခုတော့ အနားမှာ ဘယ်သူမှ မရှိတော့ဘူး။
ကျဲရဲ့ ရေဒီယိုဟောင်းလေးပဲ ရှိတယ်။
ရေဒီယိုလေးပေါ်က ဖုန်မှုန့်တွေကို ခါလိုက်ပြီး
ဖွင့်ကြည့်လိုက်တော့ အသံထွက်လာတယ်။
ကောင်းနေသေးတာပဲ။
ရှုပ်ထွေးနေတဲ့ အသံတွေကို ပိုရှင်းလင်းအောင်
လိုင်းရွေ့လိုက်တယ်။
"ဒီညအတွက် နှစ်စောင်မြောက်ရင်ဖွင့်စာလွှာကို
ဖတ်ပြလိုက်ရအောင်''
ကျဲ နားထောင်နေကျ အစီအစဉ်က
ခုချိန်ထိ လွှင့်နေတုန်းပဲ။
ဒီလိုကျတော့လည်း အချစ်အတွက်နဲ့ ခံစားနေရတာ
ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘူးပဲ။
ရင်ဖွင့်သံတွေကို ကြားရတော့ စိတ်တွေက ပိုပြီး
ရှုပ်ထွေးလာတာမို့ ပိတ်မယ် အတွေးနဲ့ ခလုတ်ဆီ
လက်အလှမ်း
"နောက်ဆုံးတစ်စောင်ကတော့ blackrabbit85ဆိုတဲ့ mailက ပေးပို့ထားပါတယ်
ကိုယ့်ရဲ့နေရောင်ခြည်လေးသို့ တဲ့''
လက်က လေထဲမှာတင် ရပ်တန့်သွားတယ်။
ကောကို Black rabbit ဆိုပြီး ကျွန်တော်
စ,နေကျ။ ကောလား...။
" ကိုယ်ရဲ့ နေရောင်ခြည်လေးရေ
အပင်တွေအားလုံးက နေရောင်ခြည်ကို
လိုအပ်သလို ကိုယ့်ဘဝမှာလည်း
နေရောင်ခြည်လေး မင်း မရှိလို့ မဖြစ်ဘူး
ကိုယ် ဘဝကို နောင်တတွေနဲ့ ရှင်သန်မသွားချင်ဘူး
နေ့တိုင်း မင်းမေးနေကျ မေးခွန်းကို ကိုယ် ဖြေမယ်
ကိုယ်လည်း မင်းကို သိပ်ချစ်တယ်
ကျေးဇူးပြုပြီး ကိုယ့်ဆီ ပြန်လာခဲ့ပါ''
ကောက ကျွန်တော့်ကို ချစ်တယ်တဲ့။
ကျွန်တော် အရူးတစ်ယောက်လို တဟားဟားနဲ့
အော်ရယ်နေမိသည်။
မျက်ဝန်းမှာ မျက်ရည်တွေကလဲ စီးကျလို့ပေါ့ ။
ဒီမျက်ရည်တွေကို အပျော်မျက်ရည်တွေလို့
ခေါ်ရမလားပဲ။
ရင်ထဲကလည်း ဆို့တက်လို့။
နောက်ဆုံး တင်းထားတဲ့ စိတ်ကို လျော့ချကာ အားရပါးရ ငိုချမိလိုက်တယ်။
မီးရောင်မှိန်မှိန်ထွန်းထားတဲ့ အိမ်လေးထဲမှာ
ကာင်လေးတစ်ယောက်ငိုကြွေးနေခဲ့သလို
.
.
ရေဒီယိုလေး ဘေးမှာ လရောင်ကို မော့ကြည့်ရင်း
တစ်ယောက်သောသူကို လွမ်းလို့ တိတ်တဆိတ်
မျက်ရည်ကျနေတဲ့ ကောင်လေးတစ်ယောက်လည်း
ရှိနေခဲ့တယ်။
ရင်ဖွင့်စာလွှာလေးအဆုံးမှာ
ရှောင်ကျန့် တောင်းမိလိုက်တဲ့ ဆုကတော့
'ရိပေါ် တစ်ယောက် ကျွန်တော့်ရဲ့ ရင်ဖွင့်သံကို
ကြားပါစေသား...' တဲ့
ရှောင်ကျန့် ရင်နဲ့ မဆန့်အောင် ခံစားရလွန်းလို့
ဒီရင်ဖွင့်စာ mailကို ရိပေါ်ကြားလိုကြားငြား
ပေးပို့ကြည့်ခြင်း ဖြစ်တယ်။
ပြန်ဆုံနိုင်ခွင့် ရှိသေးရင် ရိပေါ် ကြားမှာပါ။
🌄
ဒီနေ့က အလုပ်နားရက်မို့ စိတ်ပြေလက်ပျောက်
ခြံထဲက အပင်လေးတွေကို ပေါင်းသင်မြေဆွ
လုပ်နေလိုက်တယ်။ နေရောင်ခြည်ကိုလည်း ခံစားရင်း
လေလေးကလည်း တဖြူးဖြူးနဲ့မို့ စိတ်သက်သာရာ
ရတာပေါ့။ တစ်ခါတလေ
စိတ်ညစ်ညူးမှုကို အပင်တွေနဲ့ပဲ ဖြေဖျောက်ရတယ်။
"ကော...''
မြေဆွနေတဲ့ လက်တို့က ရပ်တန့်သွားတယ်။
ကျွန်တော့် စိတ်တွေကို ရိပေါ်စိုးမိုးထားတာက
ပိုဆိုးလာပြီ။ အသံတွေတောင် ထင်ယောင်ထင်မှားနဲ့ ကြားနေရပြီပဲ။
"ကော...''
ခေါင်းကို ခါရမ်းနေမိတယ်။
ကြာရင် ရိပေါ်ကြောင့် ရူးသွားလိမ့်မယ်။
"ကော...ရိပေါ်ပါ...''
ခု ရိပေါ်အသံက အနီးကပ်က
ကြားနေတာ....။ တကယ်ပဲ ရိပေါ်လား...။
ရှောင်ကျန့် ပါးပြင်မှာ မျက်ရည်စက်တွေက
ဖြတ်ပြေးသွားတယ်။
ကျွန်တော် လှည့်ကြည့်လိုက်ရင်
ရိပေါ်ပျောက်သွားမှာ ဆိုးတယ်။
အပင်တွေကို မြေဆွနေရာကနေထပြီး
တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့
ရိပေါ်က မျက်ရည်တွေ ဝေ့သီနေတဲ့
မျက်ဝန်းတွေနဲ့ ရပ်ကြည့်နေတယ်။
မြေဆွ ခက်ရင်းကို ပစ်ချလိုက်ပြီး
ရိပေါ်ဆီ သွားကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ထိန်းချုပ်ထားတဲ့ မျက်ရည်တွေကိုလည်း
လွှတ်ပေးမိလိုက်တော့တယ်။
ရိပေါ်ကိုယ်လေးကလည်း တသိမ့်သိမ့် တုန်နေတာမို့
ရိပေါ်လည်း ငိုနေတယ်ဆိုတာ သိလိုက်တယ်။
"ကိုယ်...အိမ်မက်မက်နေတာလား...ရိပေါ်...
အိမ်မက်ဆိုရင်လည်း ကိုယ်မနိုးထပါရစေနဲ့....''
ရိပေါ်က ကျွန်တော့်ပါးပြင်က မျက်ရည်တွေကို
သုတ်ပေးရင်း မျက်ရည်တွေ ပြည့်နက်နေတဲ့
မျက်ဝန်းတွေနဲ့ သေသေချာချာကြည့်ကာ ပြန်ဖြေတယ်။
"အိမ်မက်မဟုတ်ဘူး....ကောဆီကို
ကျွန်တော် အပြီးပြန်လာတာ....''
"ကိုယ် မင်းကိုချစ်တယ်...အရမ်းချစ်တယ်...ရိပေါ်...''
ကျွန်တော် ဒီတစ်ခါတော့ ဒီစကားကို
အရင်ပြောလိုက်မိတယ်။ ရိပေါ် ဘယ်တွေ
သွားနေခဲ့တာလဲ ဘာကြောင့် ထွက်သွားခဲ့လဲ
မေးခွန်းတွေ မမေးချင်ဘူး။
အတိတ်ကို မသိချင်တော့ဘူး။
ခုချိန်မှာ ရိပေါ် အနားက
ထပ်ထွက်မသွားဖို့ပဲ လိုအပ်တယ်။
ရိပေါ်က မျက်ရည်တွေ တသွင်သွင် စီးကျနေရင်းပဲ
ခေါင်းကို အကြိမ်ကြိမ်ခါခါ ညိတ်တယ်။
"ကျွန်တော်က အရင်ချစ်ခဲ့ရတာပါ...
ကောကို နောက်လည်း ချစ်သွားဦးမှာပါ....''
ကျွန်တော် ရိပေါ် ပါးလေးကို ထိန်းကိုင်ကာ လွမ်းမိနေခဲ့တဲ့ နှုတ်ခမ်းဖူးလေးကို တရှိုက်မတ်မတ်
နမ်းလိုက်မိတော့တယ်။
ရိပေါ်က ကျွန်တော့်ဘဝရဲ့အလင်းရောင်လေး။
တစ်ခုတည်းသောနေရောင်ခြည်လေး။
ရိပေါ်ကပဲ ကျွန်တော့်ကို ပြုံးရယ်တတ်အောင်
သင်ပေးခဲ့တယ်။
ရိပေါ်ကသာ ကျွန်တော့်ရဲ့
မြတ်နိုးခြင်းလေး။ပျော်ရွှင်မှုလေး.....။
နေရောင်ခြည်ဖြာနေတဲ့နေ့လေးမှာ ရိပေါ်ဆိုတဲ့
ကောင်လေးကတော့ ရှောင်ကျန့်ဘဝထဲကို တသက်စာ အလင်းပေးဖို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီ။
ဒီတစ်ခါ ရောက်လာခဲ့တဲ့ နေရောင်ခြည်ကတော့ ပူလောင်မှုတွေ မဟုတ်တော့ပဲ အလင်းရောင်နဲ့ နွေးထွေးမှုပေးဖို့ပဲ ဖြစ်တယ်။
ရှောင်ကျန့် နေ့စဉ် မပျက်မကွက် ရေးထားခဲ့တဲ့
ဒိုင်ယာရီလေးတွေကလည်း ဖတ်ပေးမယ့် ပိုင်ရှင်
ရောက်လာပြီဖြစ်တဲ့အတွက် အထီးမကျန်တော့ပါဘူး။
The End........
ဒီficလေးက You're my sunshineဆိုတဲ့
သီချင်းလေးကို ပြိုင်ပွဲ စည်းကမ်းအရ သီချင်းလေးနဲ့
အကိုက်ညီဆုံးဖြစ်အောင် ကြိုးစားရေးခဲ့တာပါ။
Thank you for reading 🙏
Aurora Pines
Love you all 💛