When we were young

By 24faces

173K 1.4K 138

ကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်... More

Chapter One: : Masturbation
Chapter two: : အောင်အောင်ဦး နှင့် မျိုးမင်းထက်
Chapter Three: : Eaint Myat Chal
Chapter Four: : စုံညီပွဲတော်
Chapter Five: : အတွဲချောင်းကြသူများ
Chapter Six: : Beginning of the Destiny
Chapter Seven: : Ma Ma Honey
Chapter Eight: : နွေရာသီကျောင်းပိတ်ရက်များ
Chapter Nine: : Thu Thu Han
Chapter Ten: : ဖိုက်တင်ပလေးပွဲ
Chapter Eleven: : Love Lessons of Ma Han Ni ( Part - 1 )
Chapter Twelve: : Love Lessons of Ma Han Ni ( Part - 2 )
Chapter Thirteen: : Thiha Bala
Chapter Fourteen: : Cherry Blossoms
Chapter Fifteen : : ဒဿမတန်း
Chapter sixteen: : ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်
Chapter Seventeen: : Can You be my girlfriend?
Chapter Eighteen : : Bagan Trip
Chapter Nineteen: : Happy Valentine's Day
Chapter Twenty: : Second and the Last
Chapter Twenty-one: : Thingyan Festival in Mandalay
Chapter Twenty-two: : ငယ်သူငယ်ချင်း ကောင်လေး
Chapter Twenty-three: : First time we make miracle
Chapter Twenty-four: : Friendship & Love
Chapter Twenty-five: : Misunderstanding
Chapter Twenty-Six: : We Are Missing Each Other
Chapter Twenty-Seven: : Ending of the Destiny
Chapter Twenty-eight: : Let Her Go

Final Chapter : : On Your Wedding Day

8.2K 110 54
By 24faces

Final Chapter :                     : On Your Wedding Day

 
 

“သန့်ဇင်....မင်းအဆင်ပြေတာ သေချာလား ၊ အခုနေ မင်္ဂလာဆောင်ကို မသွားလို့လဲ ရသေးတယ်နော်....ဘယ်သူမှ ဘာမှမပြောဖူး”

“အေးဆေးပါကွ မျိုးကြီးရ....ငါဘာမှမဖြစ်ပါဖူး”

“မင်းကသတိုးသားအရန်လုပ်မလို့လား....အနောက်တိုင်းဝတ်စုံတွေ ဘာတွေနဲ့ ”

“ဟုတ်တယ်....ငါကသူသူဟန်နဲ့ တွဲမလားလို့...ဟဲဟဲ

“ ခွေးကောင် မင်းအမြည်းနှိုက်ပြီးရင်လည်း ငါ့ဖို့တော့ ချန်ထားပေးပါဦးကွာ”

“စတာပါကွာ ၊ ငါ့ဆီမှာ ပွဲတက်ဝတ်စုံကောင်းကောင်းဆိုလို့ ဒါပဲရှိလို့ ဝတ်တာပါကွာ လဖွတ်ထည်းမှ”

“အောင်အောင်ဦး.... မင်းကလည်း ဘိသက်ဆရာ လုပ်မလို့လား ဘာကြီးဝတ်ထားတာလဲ”

“ပုဆိုးနဲ့ တိုက်ပုံပါပဲကွ...မင်္ဂလာဆောင်သွားမှာလေကွာ ၊ ကြည့်ကောင်းအောင်တော့ ဝတ်ရတာပေါ့.....မင်းကပဲ အိမ်နေရင်းစတိုင်နဲ့ လိုက်လာတာ”

“မဟုတ်ဖူး...အောင်ဦး ၊ မျိုးကြီးက သူသူဟန်ကို ဖွန်ဖို့လိုက်လာတာ...ဟိုတလောက သူနဲ့ စေ့စပ်ထားတဲ့ဘဲကြီးက တစ်ခြားကောင်မလေးနဲ့ ယူလိုက်လို့ ဒီကောင်က ပွဲလန့်တုန်း ဖျာဝင်ခင်းချင်တာ”

“သန့်ဇင်...မင်းပွဲခင်းထဲမှာ ငိုနေမှာဆိုးလို့ ငါက ကလေးထိန်းအနေနဲ့ လိုက်လာတာကွ”

“အဲ့တာဆို ပွဲရောက်ရင် တစ်ခြားဝိုင်းမကူးကြေး”

“ဟဲဟဲ...အဲ့တာကတော့ကွာ..ထ ၂က စော်လေးတွေနဲ့ ပြန်တွေ့ရင်တော့ ကူးချင်ကူးမှာပေါ့ကွ”

“မင်းရဲ့အကြံကို ငါသိပြီးသားပါ မျိုးကြီးရာ”

“ဟား...ဟား...ဟား”

 

အိမ့်မျက်ချယ်၏ မင်္ဂလာဆောင်ပွဲနေ့ မနက်ပိုင်းတွင် မျိုးမင်းထက်နှင့် အောင်အောင်ဦး တို့သည်  သန့်ဇင်ကို၏ နေအိမ်အခန်းလေးထဲသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

မင်္ဂလာဆောင် အခန်းအနားသည် မနက် ၉နာရီ တွင်စတင်မည်ဖြစ်သည့်အတွက် သန့်ဇင်ကိုသည် ၈နာရီ အချိန်တွင် ရေမိုးချိုးပြီး အဝတ်အစားလဲသည်။ 

သူငယ်ချင်းနှစ်ယောက်သည် သူရေချိုးပြီးခါစအချိန်တွင် အိမ်သို့ရောက်လာပြီး အခန်းထဲသို့ဝင်ကာ တစ်ယောက်နှင့်တစ်ယောက် စကားနိုင်လုနေကြသည်။

သန့်ဇင်ကိုသည် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ပြီး ကုတ်အင်္ကျီကြယ်သီးကို တပ်လိုက်ရင်း မှန်ထဲကို ကြည့်မိလိုက်သည်။

ဝတ်စုံတွင် တစ်ခုခု လိုနေသလို ခံစားရသဖြင့် စဥ်းစားကြည့်လိုက်ရာ နက်ခ်တိုင် လည်စီး ဝတ်ရအုံးမည်မှန်း အမှတ်ရလိုက်သည်။

ထို့ကြောင့် အဝတ်ဗီဒို အောက်ခြေတွင် သိမ်းထားသော နက်ခ်တိုင်ဗူးလေးကို ထုတ်ယူလိုက်သည်။

 
ဗူးကိုဖွင့်လိုက်သောအခါတွင် သူဘွဲ့ယူသည့် အချိန်တုန်းက မျက်ချယ် လက်​ဆောင်အနေဖြင့် ပေးခဲ့သည် အပြာနုရောင် လည်စီးလေး ထွက်လာသည်။

ကိုယ်လုံးပေါ်မှန်ထဲတွင် ပေါ်နေသည့် သူ၏ပုံရိပ်တွင် မျက်နှာ အနည်းငယ်ပျက်သွားသည်ဟု ခံစားလိုက်ရသဖြင့် မျက်နှာကို ပြန်ပြင်လိုက်လေသည်။

အပြာနုရောင် နက်ခ်တိုင်အား နည်းလမ်းတကျ ဝတ်ဆင်ပြီးသွားသောအခါတွင် နာရီကို ပတ်လိုက်ပြီး ခေါင်းကို သေသေချာချာ ဖီးလိုက်သည်။

ပြီးနောက် သူ့ကုတင်ပေါ်တွင် ဝင်ထိုင်ပြီး စကားများနေကြသည့် သူငယ်ချင်းနှစ်ကောင်အား......

 

“ဟေ့ကောင်တွေ ၊ မနက်စာ စားပြီးပြီလား”

“ဟင့်အင်း....မင်္ဂလာဆောင်ကို သွားမှာပဲဟာ”

“ဟိုက မြို့တော်ခန်းမမှာ မင်္ဂလာဆောင်မှာဟ ၊ ထမင်းကျွေးမယ်မထင်ဖူးနော်....ကော်ဖီနဲ့ မုန့်နဲ့ပဲ ပြီးသွားလောက်တယ်”

“မျက်ချယ်တို့က ဘောစိဆိုတော့ မုန့်ကောင်းကောင်းတော့ စားရမယ်ထင်တာပဲ...အဟိ”

“အောင်အောင်ဦး ၊ သေနာကျပြီး ငတ်မနေနဲ့....ဟိုရောက်ရင် သန့်ဇင်ကိုရဲ့ မျက်နှာကိုလည်း ကြည့်ထားဦး....အခုတောင် ငိုချင်တဲ့ရုပ်ကြီး ဖြစ်နေပြီ”

“မင်းကြည့်ထားပေါ့ကွ”

“ဟ...ငါက ဒီမြို့မှာ လူချစ်လူခင်ပေါတဲ့သူဆိုတော့ ဟိုဝိုင်းဒီဝိုင်းသွားပြီး နှုတ်ဆက်ရ ဦးမယ်လေ”

“စကားမများကြနဲ့​တော့...ငါအမေ့ကို မင်းတို့လာမယ်ဆိုလို့ ထမင်းပိုချက်ခိုင်းထားတယ် ၊ စားသွားကြတာပေါ့ကွာ”

“ဟီးဟီး...ငါလည်း မင်းအမေလက်ရာကို လွမ်းနေတာနဲ့ အတော်ပဲ”

“ကဲ...အောက်ကိုဆင်းရအောင် ၊ အောင်အောင်ဦး....မင်းကိုင်နေတဲ့ ဟာကို သူ့နေရာသူ ပြန်ထားလိုက်...မင်းတို့ကောင်တွေ ပြောတော့ ငါ့ကိုပဲလာကြည့်တာလိုလို ဘာလိုလိုနဲ့ ၊ ငါကပဲ ပြန်ပြီး ထိန်းနေရတယ်”

 

ထိုသို့ဖြင့် သူငယ်ချင်းသုံးယောက်သည် မနက်စာကို စကားတပြောပြောနှင့် အတူတူ လက်ဆုံစားလိုက်ကြသည်။

ထမင်းစားပြီးသော အချိန်တွင် အောင်အောင်ဦးက ပန်းကန်များကို ဆေးမည်လုပ်နေ၍ သန့်ဇင်ကိုက....

 

“အောင်ဦး...ပန်းကန်တွေထားခဲ့လိုက် ၊ ငါ့ညီမဆေးပေးလိမ့်မယ်....ငါတို့ သွားကြရအောင်... ကိုးနာရီ မတ်တင်းရှိနေပြီ”

“အေး...သန့်ဇင် ငါ့ကားနဲ့ပဲ အတူတူ သွားကြမယ်မလား”

“ဟုတ်တယ် မျိုးကြီး.....မင်းရဲ့ကားနဲ့သွားမှရမှာ ၊ လက်ဖွဲ့ဖို့အတွက် ပန်းချီကားလည်း သယ်ခဲ့ရမှာဆိုတော့”

“အော်...အေးပါကွာ ၊ ရည်းစားဟောင်းရဲ့ လက်ဖွဲ့ပန်းချီလေးပေါ့...ရော့ ကားသော့ မင်းဘာသာ အထဲကိုထည့်လိုက်”

“အောင်အောင်ဦး ၊ ငါ့ကိုတစ်ချက်လာကူပေးဦး”

“အေး..အေး”

 

သန့်ဇင်ကိုသည် “ချယ်ရီပင်အောက်က မိန်းခလေး” အမည်ရှိ ပန်းချီကားကို မျက်ချယ်၏ မင်္ဂလာဆောင်အတွက် လက်ဖွဲ့အနေနှင့် ပေးရန်အတွက် ကားအနောက်ခန်းကိုဖွင့်ပြီး ထည့်လိုက်သည်။

ပြီးနောက် မျိုးမင်းထက်အား ကားသော့ပြန်ပေးပြီး သူ့အား ကားမောင်းခိုင်းကာ သန့်ဇင်ကတော့ အနောက်ခန်းတွင်ဝင်ထိုင်ပြီး တစ်ယောက်ထည်း ထိုင်လိုက်ခဲ့သည်။

အောင်အောင်ဦးနှင့် မျိုးမင်းထက်သည် အရှေ့ခန်းတွင်ထိုင်ပြီး စကားများနေကြသော်လည်း သန့်ဇင်ကိုက အသံတိတ်နေသည်။

အိမ်ကနေ ကားစထွက်ခါစတွင် မျိုးမင်းထက်သည် သန့်ဇင်ကိုအား အနောက်ကြည့်မှန် ကနေ လှမ်းကြည့်ပြီး......

 

“သားကြီး....ပွဲရောက်လို့ မင်းပြန်ချင်လာရင် ငါတို့ကိုပြောနော် ၊ ကျိတ်မှိတ်ပြီး ထိုင်မနေနဲ့”

“ ရပါတယ်...”

“မင်းအဆင်ပြေတယ်မလား...ပွဲခင်းထဲရောက်မှ ကလေးလို အော်မငိုနဲ့နော်၊ မင်းမရှက်ပေမယ့် ငါတို့ရှက်တယ်”

“ ရပါတယ်ကွာ...မင်းဘာသာမင်း မြို့မျက်နှာဖုံးလေး လုပ်နေစမ်းပါ”

“ဟားဟား...ငါမျက်နှာပွင့်တာကို မင်းတို့မနာလို ဖြစ်နေကြတာမလား”

“ခွိ....မင်းပွင့်တာက မျက်နှာမဟုတ်ဖူး ၊ ဘောင်းဘီဇစ်ပဲ ဖြစ်ရမယ်”

“ဟား...ဟား...ဟား”

 

သန့်ဇင်ကိုသည် သူငယ်ချင်းများနှင့် ဟာသတွေပြောပြီး ရယ်မောနေသော်လည်း ရင်ထဲတွင်မှု စို့နင့်နင့်ကြီး ဖြစ်နေရသည်။

အသက်ရှုရသည်မှာ အနည်းငယ် ကျပ်လာသလို ရှိလာ၍ ကားမှန်တံခါးကို အောက်သို့ချပြီး လေရှူရင်း အပြင်သို့ ငေးကြည့်မိသည်။

ဒီနေ့သည် ပြင်ဦးလွင်မြို့၏ ဆောင်းအကုန် နွေအကူး ရာသီချိန်များထဲမှ သာယာသော နေ့လေးတစ်နေ့ ဖြစ်သည်။

အေးမြလက်ဆတ်သော ဆောင်းလေအေးနှင့်အတူ မနက်ခင်း၏ နေအလင်းရောင်သည် မြူခိုးများကို တိုးဝှေ့ပြီး တောင်ပေါ်မြို့ကလေးပေါ်သို့ အလင်းရောင် ​ဖြာကျနေလေသည်။

ဆောင်းအကုန် နွေအကူးရာသီ၏ တေးဂီသအသံဖြစ်သော ​ဥသြငှက်ကလေးများ၏ မြည်တွန်သံသည် သာယာနာပျော်ဖွယ်ရာ ကောင်းသည်။

မနက်ခင်းတွင် သွားလာလှုပ်ရှား နေကြသော လူအချို့သည် နေထွက်ပြီ ဖြစ်သော်လည်း အအေးဓာတ်ကို ခံစားနေရသေးသဖြင့် အနွေးထည်ကိုယ်စီ ဝတ်ထားကြဆဲ ဖြစ်သည်။

တချို့သော ဦးလေးကြီးများသည် လက်ဖက်ရည်ဆိုင်ထိုင်ရင်း သတင်းစာဖတ်ကာ စကားပြောနေကြသည်။

စျေးသွားစျေးပြန်ကြသော အိမ်ထောင်သည် အဒေါ်ကြီးများ သည်လည်း ကားလမ်းကို ဖြတ်ကူးရန်အတွက် ခေါင်းကိုဘယ်ညာ စောင်းကြည့်နေကြသည်။

အထက်ကောင်းကင်ယံသို့ မော့ကြည့်မိသော အခါတွင်လည်း မိုးတိမ်များ ကင်းစင်နေပြီး အပြာနုရောင် ကောင်းကင်ကြီးကိုသာ တွေ့ရသည်။

လမ်းမကြီးပေါ်သို့ ကားကလေး ဖြတ်မောင်းသွားသောအခါတွင် အစာကောက်နေကြသည့် ခိုငှက်များသည် အတောင်ပံကို တဖြတ်ဖြတ်နှင့်ခတ်ပြီး အုပ်စုလိုက် ပျံသွားကြသည်။

 
ဒီနေ့သည် အစိုးရရုံးပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ရုံးသွားရုံးလာ ဝန်ထမ်းအချို့ကိုတော့ မမြင်တွေ့ရချေ။

သန့်ဇင်ကိုသည် ကားမှန်တံခါး ဖွင့်ထားရာမှ ခေါင်းအေးလာပြီး နှာချေချင်လာသဖြင့် တံခါးကို ပြန်ပိတ်လိုက်ရသည်။

ပြင်ဦးလွင် မြို့ပတ်ဝန်းကျင်၏ သာယာလှသော မနက်ခင်းကို မြင်တွေ့ခဲ့ရသော်လည်း ရင်ထဲတွင် ကြည်နူးခြင်း အလျင်းမရှိသဖြင့် သန့်ဇင်ကိုသည် သက်ပြင်းတိုလေးတစ်ခုကို ချလိုက်သည်။

 
ထိုအချိန်တွင် စတိုင်ပင်ဘောင်းဘီ အိပ်ကပ်ထဲထည့်ထားသော ဖုန်းကမက်ဆေ့ဝင်လာသဖြင့် ထုတ်ယူပြီး ဖွင့်ကြည့်လိုက်ရာ ဖုန်းအော်ပရေတာမှ ဖြစ်နေ၍ ပြန်ထွက်လိုက်သည်။

ပြီးနောက် သူ၏လက်သည် Gallery ထဲသို့ နှိပ်ပြီး ဝင်မိသွားသဖြင့် အထဲတွင်ရှိသော ဓာတ်ပုံများကို ပွတ်ဆွဲရင်း ကြည့်မိသည်။

 
သန့်ဇင်ကို၏ အရင်ဟာဝေးဖုန်းလေးထဲက မန်မိုရီကဒ်ကို ဖုန်းအသစ်ထဲ ပြောင်းထည့်ထားသဖြင့် အရင်ကဓာတ်ပုံဟောင်းများသည် Folder တစ်ခုနှင့် သက်သက် ရှိနေဆဲ......

 
Gallery ထဲမှ ဓာတ်ပုံ Folder များအား အပေါ်အောက်ဆွဲကြည့်ရင်း “You & I” ဟူသည့် Floder အဟောင်းလေးကို တွေ့၍ ဖွင့်ကြည့်မိလိုက်သည်။

Album ၏ ပထမဆုံးပုံသည် သူနှင့် မျက်ချယ်တို့ ရည်းစားဖြစ်ခါစက ရိုက်ခဲ့သော ကန်တော်ကြီး နန်းမြင့်မျော်စင်ပေါ်က ဓာတ်ပုံ ဖြစ်လေသည်။

ထိုဓာတ်ပုံထဲတွင် သူတို့နှစ်ယောက်လုံး၏ ရုပ်ရည်များသည် နုနယ်လျက် ရှိကြပြီး ကလေးရုပ်ပင် မပျောက်ကြသေးချေ။

အိမ့်မျက်ချယ်သည်လည်း ပါးဖောင်းဖောင်းလေးနှင့် မျက်မှန်အနီရောင်ကိုင်းလေးကို တပ်ထားသည်။

သန့်ဇင်ကတော့ သူမ၏ ဘေးနားတွင် လက်နှစ်ချောင်းထောင်ကာ  ပြုံးဖြီးလျက် မျက်နှာပြောင်နေလေသည်။

ဓာတ်ပုံ တစ်ပုံပြီးတစ်ပုံ ဆွဲကြည့်လိုက်တိုင်း သူတို့နှစ်ဦး ဖြတ်သန်းခဲ့သည့် အချိန်ကာလများ၏ အကြောင်းအရာများကို ပြန်လည် အမှတ်ရလာမိသည်။

ထိုစဥ်က ဟာဝေးဖုန်းမော်ဒယ် အနိမ့်လေးနှင့် ရိုက်ထားသော ဓာတ်ပုံများဖြစ်သောကြောင့် ရုပ်ထွက်မှာ သိပ်မကြည်လင်သော်လည်း ချစ်သူနှစ်ဦး၏ ပျော်ရွှင်နေကြသော အပြုံးများက အသက်ဝင်နေဆဲပင် ဖြစ်သည်။

သန့်ဇင်ကိုသည် ဓာတ်ပုံများကိုဆွဲကြည့်ရင်း ဝမ်းနည်းသလို ဖြစ်လာသည်နှင့် အဆုံးထိရောက်အောင် အမြန်ဆွဲကြည့် လိုက်သည်။

နောက်ဆုံးတွင် သူတို့နှစ်ဦး ငွေဆောင်ကမ်းခြေတွင် အတူရိုက်ထားသည့် ဓာတ်ပုံတွင် အဆုံးသတ်သွားလေသည်။

မင်္ဂလာဆောင် ခန်းမဆီသို့ပင် မရောက်သေးခင်တွင် ဝမ်းနည်းချင်သလိုလို ဖြစ်သောသော သူ၏စိတ်ခံစားချက်များကို သက်ပြင်းချပြီး ပြန်လည် ထိန်းညှိလိုက်သည်။

Gallery ကို မကြည့်ချင်တော့သဖြင့် ဖုန်းပါဝါခလုတ်ကို ပိတ်လိုက်ပြီး ဖုန်း Screenကို အင်္ကျီစဖြင့် သုတ်ပြီး သန့်ရှင်းလိုက်သည်။

သူတက္ကသိုလ် ကျောင်းသားဘဝက သူများတွေကိုင်သော နောက်ဆုံးပေါ် ဖုန်းမော်ဒယ်များကို သုံးချင်ခဲ့ဖူးသည် ။

အခုပိုက်ဆံရှိလာသော အချိန်တွင် နောက်ဆုံးပေါ် ( SAMSUNG Glaxy note 8 )ကို သုံးနိုင်ပြီဖြစ်သော်လည်း သူတွေးထားသလောက် သုံးရသည်မှာ ပျော်ဖို့ မကောင်းချေ......

သန့်ဇင်ကိုသည် ဖြစ်နိုင်လျင် သူ၏ဖုန်းအသစ်ကိုင်ရသော ဘဝနှင့် ဖုန်းအဟောင်းလေး ကိုင်ရသော ဘဝကို လဲလို့ရလျင် ပြန်လဲချင်မိသည်။

ယခင်က ဖုန်းအစုတ်လေး ကိုင်ရသော်လည်း ချစ်ရသူ ရှိခဲ့၍ ရုပ်ဝတ္ထုပစ္စည်းချို့တဲ့သော်လည်း စိတ်ဝိဉာဥ်မှာ အမြဲလို ပျော်ရွှင်ခဲ့ရသည်။

အခုလို ဖုန်းအသစ်ကိုင်ရပြီး ဘာမှမရှိသည့် အထီးကျန်ဘဝတွင် နေရသည်ထက်စာလျင် သူမ ဘေးနားတွင်ရှိပေးခဲ့သည့် ဘဝကိုသာ ပြန်လည်တောင့်တမိသည်။

ငွေကြေးဥစ္စာ..... ရုပ်ဝတ္ထုပစ္စည်းများ နှင့် အောင်မြင်မှုများသည် သူ့ဘဝထဲတွင် ရှိနေပြီ ဖြစ်သော်လည်း သူမ မရှိတော့သဖြင့် ပျော်ရွှင်ခြင်း၏ အရိပ်အယောင်ကို ရှာမတွေ့တော့ချေ ။

 

“ဟေ့ရောင်...သက်ပြင်းတွေချည်း လှိမ့်ချမနေနဲ့ ၊ မြို့တော်ခန်းမကိုရောက်ပြီ ဆင်းတော့”

“အော်....အေး ကားအနောက်ခန်းတံခါး ဖွင့်ပေးဦး ၊ ပန်းချီကား ထုတ်ရမှာ မလို့”

“ဒီအတိုင်း ဆွဲဖွင့်လိုက် ၊ လော့ခ် မချထားဖူး”

“အောင်ဦး...ငါ့ကို ကူပါဦး”

“အေးအေး...”

“မင်းတို့ကောင်တွေ ငါ့ကို စောင့်ကြဦးနော်...ခန်းမထဲ မဝင်ကြနဲ့ဦး ၊ ကားကို ပါကင်သွားထိုးလိုက် ဦးမယ်”

“အေးအေး...ငါတို့ အဝင်ဝက လက်ဖွဲ့လက်ခံတဲ့ နေရာက စောင့်နေမယ်”

“အေး...ငါလာခဲ့မယ်”

 

ထိုသို့ဖြင့် သန့်ဇင်ကိုနှင့် အောင်အောင်ဦးတို့သည် လက်ဖွဲ့ လက်ခံသည့် နေရာသို့ ရောက်ရှိခဲ့ပြီး ပစ္စည်းလက်ခံသည့် ကောင်မလေး တစ်ယောက်ကို ပန်းချီကားအား သေချာ အပ်ခဲ့သည်။

ပြီးနောက် လက်ဖွဲ့ငွေထည့်သော နေရာတွင် မျက်ချယ်၏ သူငယ်ချင်း “ ကျော်မျိုးမင်း”ကို တွေ့သဖြင့် သူနှုတ်ဆက်လိုက်သည်။

“မတွေ့ရတာ ကြာပြီနော်...ကိုကျော်မျိုးမင်း”

“ဟာ...ကိုသန့်ဇင်ပါလား ၊ မင်္ဂလာဆောင်ကို လာတယ်ပေါ့...ခင်ဗျား တော်တော့်ကို အသည်းမာတဲ့လူပဲ”

“ခင်ဗျားထင်သလောက်လည်း မဟုတ်ပါဖူးဗျာ”

“ဟိုနားလေး ခဏလိုက်လာခဲ့ပါလား ကိုသန့်ဇင် ၊ ကျွန်တော်တို့ စကားခဏ ပြောကြတာပေါ့”

“အင်း....အောင်အောင်ဦး ငါဟိုဖက် ခဏသွားလိုက်ဦးမယ်”

 

ကျော်မျိုးမင်းက စကားပြောရန် တစ်နေရာသို့ ခေါ်သဖြင့် သန့်ဇင်ကိုလည်း အနောက်မှ လိုက်သွားသည်။ လူရှင်းသော နေရာသို့ ရောက်သောအခါတွင် ကျော်မျိုးမင်းက......

“ကိုယ့်လူ ခင်ဗျားတကယ်ပဲ အသည်းမာတာပဲဗျ ၊ ကျွန်တော်တောင် မျက်ချယ် မင်္ဂလာဆောင်တာကို နှမြောပြီး ဝမ်းနည်းသလိုကြီး ဖြစ်နေတာ....ဘာပဲပြောပြော သူကတွေ့ရင် ဝမ်းသာမှာပါ”

“ကျွန်တော်လည်း ကိုကျော်မျိုးမင်းလိုပဲ....မျက်ချယ်ရဲ့ ငယ်သူငယ်ချင်း တစ်ယောက်အနေနဲ့ ပွဲကိုလာပြီး ဂုဏ်ပြုပေးရတာပေါ့ဗျာ”

“ဟားဟား....ကိုသန့်ဇင် ခင်ဗျားသိလား ၊ အရင်တုန်းက ကျွန်တော့်မှာ ခင်ဗျားကို မနာလိုပြီး သဝန်တိုခဲ့ရတာဗျ.....အခုတော့ ခင်ဗျားလည်း ကျွန်တော်နဲ့ ဘဝတူ ဖြစ်နေပြီ”

“ဘယ်တက်နိုင်ပါ့မလဲဗျာ.....ကိုကျော်မျိုးမင်း...ခင်ဗျား ဆေးလိပ်သောက်တတ်လား”

“ခင်ဗျားပါလာရင် တစ်လိပ်လောက်ပေးဗျာ ၊ အခန်းအနားမစခင် တစ်ဖွာလောက် ဖွာကြတာပေါ့”

“ရော့....တောက်...တောက်”

“ဖူး...”

 

သန့်ဇင်ကိုသည် ကျော်မျိုးမင်းအား မာဗိုလိုဆေးလိပ် တစ်လိပ်မျှပေးလိုက်ပြီး သူကိုယ်တိုင်လည်း နှုတ်ခမ်းတွင်တေ့ကာ မီးညှိလိုက်သည် ။

ပြီးနောက် နီကိုးတင်း အငွေ့များကို အဆုတ်ထဲထိရောက်အောင် အားရပါရ ရှိုက်သွင်းလိုက်ပြီး ပြန်မှုတ်ထုတ် လိုက်လေသည်။

 

“ကိုကျော်မျိုးမင်း ၊ မျက်ချယ်ရဲ့ အမျိုးသားက ကျွန်တော်တို့နဲ့ ရွယ်တူပဲလားဗျ”

“မဟုတ်ဖူးဗျ....အဲ့အကိုကြီးက ကျွန်တော်တို့ထက် နှစ်နှစ်ပိုကြီးတယ် ၊ ဆရာဝန်ပဲ... မျက်ချယ်ရဲ့ စီနီယာပေါ့ သူတို့ ဆေးရုံတစ်ခုထည်း အလုပ်အတူတူလုပ်ရင်း တွေ့ကြတယ်လို့ ပြောတာပဲ”

“အော်......”

“ဘာလဲဗျ ၊ ချယ့်ကို စိတ်မချလို့လား....အဲ့အကိုကြီးနဲ့ ကျွန်တော်အလုပ်လုပ်ဖူးတယ် ၊ ကျွန်တော်သိသလောက်တော့ သူကသဘောကောင်းပြီးတော့ ဆက်ဆံရေးပြေပြစ်ပါတယ်.... ချယ့်ကိုလည်း ဂရုစိုက်တဲ့ပုံပါပဲ”

“အင်း....ချယ်နဲ့ တစ်ဌာနထဲ အလုပ်အတူတူလုပ်ကြတာလား”

“ဟုတ်မယ်ဗျ ၊ သူကလည်း ခွဲစိတ်ဆရာဝန်ပေါက်စပဲ.....ချယ်က ကျွန်တော့်ကို ပြောပြဖူးတယ် ၊ သူအလုပ်ထဲမှာ အခက်အခဲတွေ့တော့ အဲ့အကိုကြီးကပဲ ကူညီပြီး စောင့်ရှောက်ပေးတယ်တဲ့”

“အော်......”

“ကိုသန့်ဇင် သိတဲ့အတိုင်း မျက်ချယ်က လူလည်မလေးပါဗျ ၊ ခင်ဗျားတစ်အားကြီး စိတ်ပူမနေပါနဲ့ ....ကျွန်တော်ကြားတဲ့ သတင်းတွေ မှန်သမျှကတော့ ကောင်းသတင်းတွေ ချည်းပါပဲ....အဲ့အကိုကြီးက လူကြီးလူကောင်း ပီသတဲ့ ပုံစံမျိုးပါပဲ”

“အဲ့တာတော့ ဟုတ်တယ် ၊ ငါတို့ရဲ့ မျက်ချယ်က လူလည်မလေး...သူ့ကို တကယ်ဂရုမစိုက်ရင် လက်ထပ်ဖို့ သဘောတူမှာမဟုတ်ဖူးကွ”

“ဖူး...တော်တော့ဗျာ ၊ ခင်ဗျားနဲ့ စကားပြောရင်း ကျွန်တော်တောင် ငိုချင်စိတ် ပေါက်လာပြီ ”

“ငိုချင်ငိုလိုက်ပေါ့ကွ....ကိုကျော်မျိုးမင်းလည်း ချစ်သူကိုရှာတွေ့ပြီလား”

“တွဲနေတဲ့ တစ်ယောက်တော့ရှိတယ် ၊ ယူဖြစ်မယူဖြစ်ကတော့ မသေချာသေးပါဖူး”

“ကဲ....ဆေးလိပ်လည်းကုန်ပြီ ၊ ခန်းမထဲသွားကြတာပေါ့...ကျွန်တော့် သူငယ်ချင်းတွေလည်း စောင့်နေကြပြီ”

“အင်း..အင်း ၊ ကျွန်တော်ကတော့ ငွေလက်ခံတဲ့နေရာမှာ ခဏထိုင်ရလိမ့်ဦးမယ်”

 

သန့်ဇင်ကိုသည် ကျော်မျိုးမင်းနှင့် စကားစဖြတ်ပြီး သောက်ပြီး ကုန်သွားသော ဆေးလိပ်တိုကို မြေကြီးပေါ်သို့ပစ်ချကာ ဖိနပ်နှင့် မီးစကို ငြိမ်းလိုက်သည်။

ပြီးနောက် ခန်းမ အဝင်ပေါက်တွင် စောင့်နေသော မျိုးမင်းထက်တို့ဆီ သွားပြီး အထဲသို့ ဝင်ခဲ့တော့သည်။

သူငယ်ချင်းသုံးယောက်သည်  ထ (၂)က သူငယ်ချင်းများ ထိုင်သောဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး နေရာယူလိုက်သည်။

မကြာခင်တွင် သူတို့သားနှင့် သူတို့သမီး ခန်းမထဲသို့ ဝင်လာပြီး မင်္ဂလာဧည့်ခံပွဲ အခန်းအနား စတင်လေတော့သည်။

သန့်ဇင်ကို၏ ငယ်ချစ်ဦးဖြစ်သော သတို့သမီး အိမ့်မျက်ချယ်သည် အဖြူရောင်ဂါဝန် အရှည်ကြီးကို ဝတ်ဆင်ထားပြီး ကျက်သရေရှိစွာ လှပတင့်တယ်နေသည်....

ခန်းမထဲသို့ အဝင်တွင် သူမနှင့် အတူယှဥ်တွဲပြီး လမ်းလျောက်လာသည့် ယောကျာ်းပီသသော မျက်နှာပိုင်ရှင် သတို့သားအကိုကြီး၏ လက်မောင်းကို ယုံကြည်ကိုးစားသည့် အနေဖြင့် လက်မောင်းချင်း တွဲခိုလာသည်။

မင်္ဂလာမောင်နှံနှစ်ဦး၏ အရှေ့တွင် နှင်းဆီပန်းများ ကျဲချသည့် ကလေးမလေးကလည်း ပါးဖောင်းဖောင်းလေးနှင့် ချစ်စရာကောင်းသည်။

သူတို့နှစ်ဦးသည် ခန်းမထဲသို့ ဖြည်းဖြည်းချင်း လမ်းလျောက်လာပြီး အရှေ့ဆုံး စင်ပေါ်သို့ ရောက်သွားသောအခါ ရပ်တန့်လိုက် ကြသည်။

အိမ့်မျက်ချယ်၏ ခေါင်းပေါ်ကနေ ပါးပြင်ပေါ်သို့ ဖြာကျနေသော ပါးလွှာသည့် အဖြူရောင်ပုဝါစလေးကို သတို့သား အကိုကြီးက မျက်နှာပေါ်ကနေ ဖယ်ရှားပေးလိုက်သော အချိန်တွင် သူမ၏ အတောက်ပဆုံးသော အပြုံးကလေး ပေါ်ထွက်လာလေသည်။

သူမ၏ အပြုံးကို ကြည့်ရသည်မှာ ကမ္ဘာပေါ်တွင် အပျော်ရွှင်ရဆုံး လူသားတစ်ဦးအဖြစ် အသက်ရှင်သန်နေရသည်ကို ကျေနပ်နေသည့်ပုံ ပေါ်လေသည်။

သတို့သားနှင့် သတို့သမီးတို့ မင်္ဂလာသစ္စာစကားကို ကတိကဝတ် ပြုကြသောအခါတွင်လည်း သူမ၏ မျက်ဝန်းအိမ်တွင် ကြည်နူးပြီး ပီတိဖြာနေသည့် မျက်ရည်စက်များ ဝိုင်းနေသည်ကို ​မြင်တွေ့ရသည်။

အိမ့်မျက်ချယ်၏ ပါးပြင်ပေါ်သို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သည့်စိတ်နှင့် ကျလာသော မျက်ရည်စက်တို့ကို သတို့သားက ကြင်နာစွာ သုတ်ယူပေးလိုက်လေသည်။

သန့်ဇင်ကိုသည် သတို့သမီးဖြစ်သော အိမ့်မျက်ချယ်တစ်ယောက် ပြုံးရယ်နေသည့် မြင်ကွင်းကိုကြည့်ပြီး သူမအတွက် ဂုဏ်ယူပြီး ဝမ်းသာမိသည်။

အခုဆိုလျင် သူမ၏ ဘေးအနားတွင် တစ်ဘဝလုံးစာအတွက် ဂရုတစိုက် ချစ်ခင်ယုယစွာ ပြုစုစောင့်ရှောက်ပေးမည့် အမျိုးသားတစ်ဦး ရှိနေလေပြီ။

သတို့သားနှင့် သတို့သမီးတို့ ဂတိဂဝတ်ပြုပြီးချိန်တွင် မင်္ဂလာပွဲကို တက်ရောက် အားပေးကြသည့် ပရိသတ်များက လက်ခုပ်တီးပြီး ကောင်းချီးသြဘာပေးကြလေသည်။

သန့်ဇင်ကိုသည် သူမ၏ မင်္ဂလာပွဲအတွက် အကျယ်လောင်ဆုံးသော လက်ခုပ်သံကို တီးပေးပြီး ဂုဏ်ပြုပေးခဲ့သည်။

ထို့နောက်တွင် သတို့သားနှင့် သတို့သမီးတို့သည် ငါးထပ်ဆင့်ထားသော မင်္ဂလာကိတ်မုန့်ကို ခွဲလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ခွံ့ကျွေးကြလေသည်။

ပြီးနောက်  ကျွေးမွေးဧည့်ခံသည့် အစီအစဥ်ကို စတင်လိုက်ပြီး အိမ့်မျက်ချယ်နှင့် သူမ၏ အမျိုးသားသည် ကြွရောက်လာကြသည့် ဧည့်သည်များကို  လိုက်လံနှုတ်ဆက်ပြီး ဧည့်ခံသည်။

သန့်ဇင်ကိုတို့ ဝိုင်းကို ရောက်လာသည့်အခါတွင် အိမ့်မျက်ချယ်သည် သူမ၏ ခင်ပွန်းနှင့် အကုန်လုံးကို မိတ်ဆက်ပေးလေသည်။

သန့်ဇင်ကိုသည်လည်း အများနည်းတူ သတို့သားကို “တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”ဟု နှုတ်ခွန်းခြွေပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

အိမ့်မျက်ချယ်တို့ ဇနီးမောင်နှံ တခြားဝိုင်းသို့ ကူးပြောင်းသွားသည်အထိ ငေးကြည့်နေသော သန့်ဇင်ကိုအား အောင်အောင်ဦးက ပုခုံးကိုပုတ်ပြီး “ဟေ့ရောင်...ဘာကြည့်နေတာလဲ ၊ စားစရာရှိတာ စားကွာ” ဟုပြောပြီး သတိပေးလိုက်သည်။

ဧည့်ခံကျွေးမွေးသော အစီအစဥ်ပြီးသည့်အချိန်တွင် သတို့သား..သတို့သမီးနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

သတိုးသမီးဖက်က ဧည့်သည်များဖြစ်သော အ.ထ.က( ၂)မှ သူငယ်ချင်းများနှင့်အတူ သန့်ဇင်ကိုလည်း ရောယောင်ပြီး ဓာတ်ပုံဝင်ရိုက်ဖြစ်သည်။

မင်္ဂလာပွဲကို အကြောင်းပြု၍ မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းများ ၊ မိတ်ဆွေသင်္ဂဟများနှင့် ပြန်လည်ဆုံတွေ့ကြသဖြင့် နှုတ်ဆက်ရင်း ရှေးဟောင်း နှောင်းဖြစ်များကို ပြောကြသည်။

မျိုးမင်းထက်ကတော့ သူ့ဝသီအတိုင်း မိန်းခလေးချောချောလေးမျာရှိသော စားပွဲဝိုင်းဖက်သို့ ကူးသွားပြီး အာလူးဝင်ဖုတ်နေသည်။

အောင်အောင်ဦးကလည်း သူငယ်ချင်းများနှင့် စကားပြောမည်ဟူပြီး အသိပေးကာ စားပွဲဝိုင်းမှ ထွက်သွားသည်။

သန့်ဇင်ကိုသည်သာ နဂိုထိုင်နေသော နေရာတွင် ကျန်ရစ်ခဲ့ပြီး မင်္ဂလာပွဲမှ တည်ခင်း ဧည့်ခံသည့် ကော်ဖီခါးခါးကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့ကာသောက်နေမိသည်။

ဘေးပတ်ဝန်းကျင်သို့ ငေးကြည့်မိသောအခါတွင် ခန်းမထဲတွင် ရှိသော လူအများထဲတွင် သူတစ်ယောက်သာ မျက်နှာသေကြီးနှင့် ငေါင်ငေါင်ကြီးထိုင်နေသည်ကို သတိထားမိသွားပြီး သူ့ကိုယ်သူ လှောင်ရယ်မိသည်။

ပွဲအစကတည်းက သောက်လာသော ကော်ဖီများကြောင့် သန့်ဇင်ကိုသည် အပေါ့သွားချင်လာသဖြင့် စားပွဲဝိုင်းမှထလိုက်ပြီး ခန်းမ၏ အနောက်ထဲသို့ ဝင်သွားသည်။

အမျိုးသား သန့်စင်ခန်းကို တွေ့သောအခါတွင် သူ၏ကျန်းမာရေးကိစ္စကို ဖြေရှင်းလိုက်ပြီး လက်ကိုသေချာပြန်ဆေးကာ ခန်းမထဲသို့ ပြန်ဝင်ခဲ့သည်။

ခန်းမထဲသို့ မရောက်ခင် နားနေဆောင်တစ်ခုကို ဖြတ်လျောက်မိသော အခါတွင် သတိုးသမီး အိမ့်မျက်ချယ်နှင့် သူ့သူငယ်ချင်း ကောင်မလေးများ စကားပြောနေသည်ကို တွေ့လိုက်ရသည်။

သန့်ဇင်ကိုသည် သူမအား သီးသန့် နှုတ်ဆက်ချင်သေးသဖြင့် အခန်းဝက တံခါးကို လက်ဖြင့်ခေါက်လိုက်ပြီး.....

“ဒေါက်...ဒေါက်...ဒေါက် ၊ ငါဝင်လာခဲ့လို့ရမလား မျက်ချယ်”

“အော်....သန့်ဇင် လာခဲ့လေ”

သန့်ဇင်ကို အခန်းထဲသို့ ဝင်သွားသော အခါတွင် သူသူဟန်က အလိုက်တသိဖြင့် တခြားသော သူငယ်ချင်းများကိုပါ အပြင်သို့ ခေါ်သွားပြီး မျက်ချယ်နှင့် သီးသန့် စကားပြောစေသည်။

အိမ့်မျက်ချယ်သည် စားပွဲခုံတစ်ခုကို နောက်ကျောပေးမှီရင်း အခန်းထဲသို့ ဝင်လာသော သန့်ဇင်ကိုအား ပြုံးပြကာ နှုတ်ဆက်သည်။

သန့်ဇင်ကိုသည် သူမနှင့် မျက်နှာချင်းဆိုင် နံရံသို့ ကျောပေးကာ မတ်တပ်ရပ်ရင်း သူမကို ပြန်လည်ပြုံးပြ နှုတ်ဆက်လိုက်သည်။

သူမသည် အရင်တုန်းကလိုပင် မျက်လုံးအစုံကို မှေးအောင်ပြုံးပြပြီး သူ၏နှလုံးသားကို အရည်ပျော်စေပြန်သည်။

မျက်ချယ်သည် အရင်လို ဖြူစင်ပြီး ချစ်စရာကောင်းသည့် မိန်းမပျိုလေး အသွင်မှ တည်ငြိမ်ရင့်ကျက်လာသော အမျိုးသမီးတစ်ဦး အသွင်သို့ ပြောင်းလဲသွားခဲ့လေပြီ ။

သန့်ဇင်ကိုအတွက်တော့ သူမသည် အတန်းထဲတွင် စာတော်...သဘောကောင်းပြီး မဟုတ်မခံ စိတ်ထားကလေးရှိသည့် မိန်းခလေးဟုပင် ထင်မြင်နေမိသည်။

သူမအရှေ့သို့ ရောက်သွားသော အခါတွင်  အချိန်ကာလများသည် အနောက်သို့ ပြန်ဆုတ်သွားခဲ့သလို ခံစားမိသည်။

သန့်ဇင်ကိုသည် ကွန်ပျူတာ မိတ္တူဆိုင်ပိုင်ရှင် တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း သူမ၏ အရှေ့သို့ ရောက်သွားသောအခါတွင် ကွန်ပျူတာ မကိုင်တတ်သေးသည့် ၈တန်း ကျောင်းသားလေး တစ်ယောက်လို ကိုယ့်ကိုကိုယ် ထင်မြင်မိသည်။

လူချင်းမတွေ့ရသည်မှာ ကြာပြီဖြစ်သော သူမနှင့် အခုလို ပြန်ဆုံတွေ့ရသော အခါတွင် သူ၏ရင်ထဲက အကောင်လေးက “အရမ်းသတိရတယ် ချယ်”ဟု အော်ပြောသော်လည်း သန့်ဇင်ကိုက မသိကျိုးကျွန်ပြုလိုက်သည်။

သူမကို ပြုံးစိစိနှင့် ကြည့်နေသော သန့်ဇင်ကိုအား မျက်ချယ်က....

“သန့်ဇင်.......ငါဒီနေ့ဘယ်လိုလဲ ဒီဂါဝန်နဲ့ လှတယ်မလား”

“အင်း....ငါမြင်ဖူးသမျှ သတို့သမီးတွေထဲမှာ နင်အလှဆုံးပဲ”

“ခစ်ခစ်...နင်ဒီနေ့ ငါ့ဆီလာခဲ့ပေးတဲ့အတွက် ကျေးဇူးပဲဟာ”

“Congratulation ပါ....ချယ်”

သန့်ဇင်ကိုသည် သူမအား Congratulation ဟု ဂုဏ်ပြုစကားပြောလိုက်ပြီး လက်ဆွဲကာ နှုတ်ဆက်ရန်အတွက် ညာဖက်လက်ကို သူမအရှေ့သို့ ကမ်းပေးလိုက်သည်။

မျက်ချယ်က သူ၏လက်ကို ဆောင့်ဆွဲလိုက်ပြီး သူမဖက်သို့ ရောက်လာသော သန့်ဇင်ကိုအား တင်းကြပ်စွာ ပွေ့ဖက်လိုက်လေသည်။

“သန့်ဇင်....အစစ အရာရာတိုင်းအတွက် ကျေးဇူးပါပဲဟာ”

“အွန်း....ငါလည်း နင့်ရဲ့ အချစ်ဦး ဖြစ်ခွင့်ရခဲ့တဲ့အတွက် ကျေးဇူးပါ”

သန့်ဇင်ကိုသည် သူမက ရုတ်တရက်ဆွဲပြီး ပွေ့ဖက်လာသော အချိန်တွင် ဘာပြန်လုပ်ရမှန်း မသိဖြစ်သွားပြီး ကြောင်တောင်တောင်နှင့် မတ်တပ်ရပ်နေမိသည်။

မျက်ချယ်က သူ့အား ကျေးဇူးတင်စကား ပြောလာသောအချိန်တွင် သူမ၏ ဂါဝန်ကျောဖက်ကို လက်ဖဝါးနှင့် အသာလေးပုတ်ပြီး ခွန်းတုန့်စကား ဆိုမိလေသည်။

အိမ့်မျက်ချယ်က သူ့အား စက္ကန့်ပိုင်းမျှ တင်းကြပ်စွာ ပွေ့ဖက်ပြီးသော အခါတွင် ခန္တာကိုယ်ချင်း ပြန်လည် ခွာလိုက်လေသည် ၊ သူမက.....

“သန့်ဇင်....ချယ်လေ ၊ အငယ်တုန်းက နင့်အပေါ် ဆိုးခဲ့မိတာတွေအတွက် အခုမှပြန်ပြီး နောင်တရမိနေတယ်”

“ငါတို့အငယ်တုန်းက အတူတူ ဆိုးခဲ့ကြတာပါပဲ ၊ ငါလည်း ကျောင်းတုန်းက နင်နဲ့ မတွေ့ဖြစ်ခဲ့ရင် အခုလိုအခြေအနေတောင် ဖြစ်လာမယ်မထင်ဖူး”

“အပိုတွေ....နင်နဲ့စခင်ကတည်းက လူကသာ ဂျစ်ကန်ကန်နဲ့ဆိုးတာ ၊ စိတ်ထားကကျ ဖြူစင်ပြီး သဘောကောင်းမှန်း ငါသိပါတယ်”

“အင်း...နင်ပြောမှ ငါရှက်တောင်ရှက်လာပြီ”

“နောက်ပြီးတော့ ငါလမ်းပျောက်နေခဲ့တဲ့ အချိန်တွေတုန်းက ငါ့ကိုဆုံးမပြီး လမ်းအမှန်ကို ပြပေးခဲ့တဲ့အတွက်လည်း ကျေးဇူးပါ သန့်ဇင်”

“နင်ကတော့ အရင်ကတည်းက အခုထိ ဆရာမကြီးပဲ အမြဲလုပ်တယ်နော်”

“ခစ်...သိတယ်မလား ၊ ငါက အိမ့်မျက်ချယ်ပဲဟာ....”

“နင်သိလား...ချယ် ၊ နင်က တော်တော်တော့ ဆိုးတယ်.....ငါ့ကိုဆို အမြဲတမ်း အနိုင်ယူတယ်”

“အဲ့တာနင်က အမြဲတမ်း စိတ်ရှည်ရှည်နဲ့ သည်းခံပြီး ငါ့ကိုချော့ပေါင်းခဲ့လို့ ငါက ရောင့်တက်လာတာလေ”

“ တွေ့လား...အခုကိုကြည့် ၊ ငါ့အပြစ်ပဲ ပြန်ဖြစ်ရပြန်ပြီ”

“ခစ်ခစ်..နင့်ကိုတွေ့ရင် အရင်ကလိုပဲ ပြန်အနိုင်လိုချင်မိလို့ပါ...ဆောတီး”

“ဒါနဲ့...နင်တို့ ဘယ်မှာ အခြေချမှာလဲ ၊ မန္တလေးမှာပဲ နေကြမှာလား”

“မသိသေးပါဖူးဟာ ၊ ငါတို့နှစ်ယောက်စလုံး  မာစတာဘွဲ့အတွက် နိုင်ငံခြားကိုသွားပြီး ကျောင်းအရင် သွားတက်ကြဦးမှာ... နင်ရော မိတ္တူဆိုင်ဖွင့်ထားတုန်းပဲမလား”

“ဟုတ်တယ်...အခုက ဆိုင်က စျေးကြီးဖက်ရောက်သွားပြီ ၊ နင်လမ်းကြုံရင် ဝင်ခဲ့ပေါ့ဟာ”

“ဒါနဲ့ သန့်ဇင်....နင်ငါ့ရဲ့ မင်္ဂလာဆောင်ကို ဘာလက်ဖွဲ့ပေးတာလဲ”

“ငါအရင်က နင့်ကို အရင်က မပေးဖြစ်ခဲ့တဲ့ လက်ဆောင်တစ်ခု”

“ဘာကြီးလဲဟင်....”

“အီးတုန်းကြီးလေ...ခွိခွိ”

“အာ..သန့်ဇင် အစုပ်ပလုတ် ၊ ချယ်က အကောင်းမေးနေတာကို”

“အိမ်ရောက်ရင် သိရလိမ့်မပေါ့....နင်ကလည်း”

“တော်ပြီ...မပြောနဲ့တော့”

သန့်ဇင်ကိုနှင့် အိမ့်မျက်ချယ်တို့ စကားလက်ဆုံ ကျနေသော အချိန်တွင် အခန်းထဲသို့ သူမ၏ ခင်ပွန်းဖြစ်သူက အခန်းထဲသို့ ဝင်လာသည်။

မျက်ချယ်သည် အခန်းထဲသို့ ဘယ်သူများ ဝင်လာတာလဲဟု ခေါင်းကိုစောင်းပြီး ကြည့်လိုက်သည်။

“ကို့ !!!”

မျက်ချယ်၏ “ကို”ဟူသော နာမ်စားနှင့် ခေါ်ဆိုသော အသံကို ကြားလိုက်ရသည့် အချိန်တွင် သန့်ဇင်ကိုသည် ယောင်ပြီး ပါးစပ်က “ဘာလဲ...ချယ်”ဟု ထွက်တော့မလို ဖြစ်သွားလေသည်။

“ကို”ဟူသော နာမ်စားသည် တစ်ချိန်က သန့်ဇင်ကို အတွက်သာ သီးသန့် ဖြစ်တည်ခဲ့သည့် စကားလုံးတစ်ခုဖြစ်သော်လည်း အခုတော့ သူနှင့် မသက်ဆိုင်တော့ချေ....

သို့သော်လည်း နှစ်ပေါင်းများစွာ နားယဥ်လာခဲ့သည့် သူမ၏ ခေါ်ဆိုသံလေးကို နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိပါ မှတ်မှိနေဆဲ ဖြစ်၍ အလိုအလျောက် တုန့်ပြန်မိမလို ဖြစ်သွားရသည်။

အရင်က သူမ၏ “ကို”ဟူသည့် နာမ်စား၏ အသံလေးသည် သန့်ဇင်ကိုအတွက် နားဝင်ချိုခဲ့သော်လည်း အခုတော့ သူ၏ အရှိုက်ကို လက်သီးပေါင်းများစွာနှင့် တစ်ချက်ပြီး တစ်ချက် ဆက်တိုက် အထိုးခံရသလို နာကျင်မိသည်။

“အော....ချယ် ၊ သူငယ်ချင်းနဲ့ စကားပြောနေတာလား.....ကိုယ့်မိဘတွေက သူတို့ ချွေးမလေး ပျောက်နေတယ်ဆိုပြီး လိုက်ရှာခိုင်းလိုက်လို့”

“ဟုတ်....သန့်ဇင်နဲ့ စကားနည်းနည်းပြောနေလို့ ၊ ပြီးပါပြီ.....ဒါနဲ့ ချယ်တို့ နှစ်ယောက်ကို မရိုမသေ ဓာတ်ပုံလေးရိုက်ပေးပါလား”

အိမ့်မျက်ချယ်၏ ခင်ပွန်းဖြစ်သူ မျက်နှာနှင့် စကားသံများကို ကြားရသည့် အချိန်တွင် သူ့ရင်ထဲက အကောင်လေးက “အဲ့ကောင်ကို ဆွဲထိုးပြစ်လိုက်”ဟု အော်ပြောရှာနေသော်လည်း သန့်ဇင်ကိုသည် မျိုသိပ်လိုက်ပြီး ပြုံးပြနှုတ်ဆက်လိုက်သည်။

မျက်ချယ် အကူအညီတောင်းသည့်အတိုင်း ခင်ပွန်းဖြစ်သူသည် ဖုန်းကိုထုတ်လိုက်ပြီး ဓာတ်ပုံရိုက်ပေးရန် ပြင်ဆင်လိုက်လေသည်၊ သူမက သန့်ဇင်ကိုအား....

“လာ...သန့်ဇင် ၊ ငါတို့နှစ်ယောက် အမှတ်တရ ဓာတ်ပုံရိုက်ကြတာပါ့...အလင်းရှိတဲ့နား သွားရိုက်ကြမယ်”

“အင်း....”

သန့်ဇင်ကိုသည် သူမခေါ်ဆောင်သွားသည့်နောက်သို့ လိုက်ပါသွားပြီး ဘေးချင်းယှဥ်ရပ်ကာ ဓာတ်ပုံရိုက်ရန် ပြင်ဆင်လိုက်သည် ၊ မျက်ချယ်က သန့်ဇင်ကို၏ လက်မောင်းကိုတွဲရင်း.....

“ဟဲ့...သန့်ဇင် ပြုံးလေ ၊ ဓာတ်ပုံရိုက်တော့မှာကို....ရုပ်တည်ကြီး လုပ်မနေနဲ့”

“အင်း.....”

“ ပြုံးပါဆို....ဘာလုပ်နေတာလဲ...ဟွန့်”

သန့်ဇင်ကိုသည် နှလုံးသား၏ ခံစားချက်နောက်သို့ ခဏမျောပါသွားသဖြင့် ဟန်လုပ်ပြုံးရန် မနည်းကြိုးစားနေရသည်။

မျက်ချယ်က အလိုမကျသော အခါတွင် သူမထုံးစံအတိုင်း ပုခုံးလေးနှင့် အသာလေးတိုက်ကာ ပြုံးရန် သတိပေးသည်။

သန့်ဇင်ကိုသည် ခံစားချက်များကို အတင်းမျိုသိပ်ပြီး သူမစိတ်ကြိုက် ပြုံးပြကာ ဓာတ်ပုံ အရိုက်ခံလိုက်သည်။

သူမနှင့် ရိုက်ကူးသည့် နောက်ဆုံး ဓာတ်ပုံ ဖြစ်နိုင်သည်ဟူသော အချက်ကို ဦးနှောက်က သတိပေးသဖြင့် သူ့ဖုန်းနှင့်ပါ အကူအညီတောင်းပြီး ဓာတ်ပုံရိုက်ခိုင်းလိုက်သည်။

ဓာတ်ပုံရိုက်ပြီးသွားသော အချိန်တွင် သူမသည် “နောက်မှ ပြန်တွေ့မယ်နော် သန့်ဇင်” ဟု နှုတ်ဆက်သွားပြီး ခင်ပွန်းဖြစ်သူ၏ လက်ကိုဆွဲကာ အခန်းထဲမှ ပြန်ထွက်သွားတော့ လေသည်။

သန့်ဇင်ကိုသည်လည်း နားနေဆောင်မှနေ၍ ခန်းမအတွင်းသို့ ပြန်ဝင်လာခဲ့သည် ။

အောင်အောင်ဦးနှင့် မျိုးမင်းထက်တို့သည် သူငယ်ချင်းများနှင့် စကားလက်ဆုံ ကျနေသောကြောင့် သူတစ်ယောက်ထဲ မင်္ဂလာခန်းမကြီးထဲ မနေချင်တော့သဖြင့် အပြင်သို့ ထွက်လာခဲ့သည်။

မြို့တော်ခန်းမကြီးနှင့် ဆန့်ကျင်ရာဖက်သို့ လမ်းလျောက်ထွက်လာခဲ့ပြီး တစ်ချိန်က မျက်ချယ်နှင့်အတူ ထိုင်ဖူးခဲ့သည့် လမ်းဆုံက အုတ်ခုံလေးပေါ်တွင် ထိုင်ချလိုက်သည်။

သူ၏ဘေးပတ်ပတ်လည်ရှိ ချယ်ရီပင်များမှ ပန်းနုရောင် ချယ်ရီပန်းမျာသည် တစ်ပင်လုံး ဖွေးလှုပ်နေအောင် ပွင့်ပြီးဝေဆာနေကြသည်။

သန့်ဇင်ကိုသည် ချယ်ရီပန်းများကို မော့ကြည့်ပြီး တစ်ချိန်က သူမကို ပေးခဲ့ဖူးသည့် ဂတိစကားကို ပြန်လည် အမှတ်ရမိသည်။

“နောက်နှစ်တွေကျရင် အခုလို ချယ်ရီပန်းတွေ ပွင့်ချိန်တိုင်း ကိုနဲ့ အတူတူ ရှိချင်တယ်!!!”

( သူမ၏ တစ်ချိန်က စကားသံ)

သန့်ဇင်ကိုတစ်ယောက် အတိတ်ကာလဆီသို့ ပြန်တွေးနေသည့် အချိန်တွင် အနီးအနားရှိ ခရစ်ယာန် ဘုရားကျောင်းမှ တနင်္ဂနွေနေ့အတွက် ခေါင်းလောင်းတီးသံ​မြည်လာသည်။

ထိုခေါင်းလောင်းသံ၏ တုန်ခါသွားသည့် အသံလှိုင်းနှင့်အတူ သန့်ဇင်ကို၏ နှလုံးသားသည်လည်း ကြိမ်နှုန်းနှင့်အတူ တုန်ခါလာပြီး ခံစားချက်များသည် မျိုသိပ်ထားရာမှ ပွင့်အံကာ ကျလာတော့လေသည်။

သန့်ဇင်ကိုသည် သူ၏ ဖုန်းကို ဖွင့်လိုက်ပြီး စောနက သူမနှင့်အတူ ရိုက်ကူးခဲ့သည့် ဓာတ်ပုံလေးကို ကြည့်မိသည် ။

ပြီးနောက် မနက်က သူဖွင့်ကြည့်ခဲ့သည့် “You & I” ဆိုသည့် ဓာတ်ပုံ Album တစ်ခုလုံးအား နောက်ဆုံးအနေနှင့် တစ်ပုံချင်းစီ ပြန်ဖွင့်ကြည့်လိုက်ပြီး Delete လုပ်ရန်အတွက် Phone screen ကို လက်မနှင့် ဖိလိုက်လေသည်။

( Are You sure to Delete this album? )

( Cancel ၊ Delete)

(Delete !!!)

သန့်ဇင်ကိုသည် သူမနှင့် အမှတ်တရ ဓာတ်ပုံများအား ရင်ဘတ်ထဲတွင် အကုန်သိမ်းဆည်းလိုက်ပြီး ဖျက်ဆီးလိုက်လေပြီ..... Gallery ထဲတွင် ကျန်ရှိသော သူမဓာတ်ပုံ အချိုကိုလည်း Delete လုပ်ပြီး ဖျက်ပြစ်လိုက်သည်။

နောက်ဆုံးတွင် သူ၏ဖုန်းထဲ၌ သူမကိုယ်တိုင် ရိုက်ပေးခဲ့သည့် ဗီဒီယို အတိုလေးအား တွေ့သွားသဖြင့် ပြန်လည် ဖွင့်ကြည့် မိလိုက်သည် ။

( ဗီဒီယိုထဲမှ စကားသံများ....)

( “ဟော့ဒီမှာ ကလေးဆိုးကြီးတစ်ယောက် မျက်နှာကြီးစူပုတ်နေပါတယ်ရှင့် ၊ သူ့ကိုယ်သူ ပန်းချီဆရာလိုလို...ကွန်ပျူတာပညာရှင်လိုလိုနဲ့...ဆိုဒ်ဖမ်းနေတဲ့...ကိုသန့်ဇင်ပါရှင့်”

“အာ....ချယ်....ပြန်ပိတ်လိုက်တော့”

“ဟင့်အင်း...ကို့မျက်နှာပြန်ပြုံးလာမှ...ကင်မရာပိတ်မယ်”

“အင်း...အဲ့မယ်....ပြုံးလိုက်ပြီ....ရပြီလား”

“မရဖူး...လုပ်ပြုံးကြီးနဲ့...ချယ့်ပုခုံးပေါ်ကို မေးတင်လိုက်....ကို့အရပ်ကရှည်တော့ ခြေဖျားထောက်ပြီး ရိုက်နေရတယ်”

“အာ....ရပြီလား”

“ပြုံးပါဆို....ဒါကဘာရုပ်ကြီးတုန်း....စူစူပုတ်ပုတ်ကြီးနဲ့.....အင့်....အင့်”

“အာ့...ပါးကို....တအားကြီးမဆွဲနဲ့လေ...နာတယ်”

“တို့ကိုလေး နာသွားလား...ဆောတီး...ဆောတီး...အာဘွား...အာဘွား”  ..)

သန့်ဇင်ကိုသည် ဗီဒီယိုလေးအားကြည့်ပြီး မခံစား နိုင်တော့သဖြင့် အာခေါင်များ ခြောက်ကပ်လာပြီး မျက်ရည်စက်များသည် ဖုန်းစခရင်အပေါ်သို့ တစ်စက်ချင်း ကျဆင်းလာသည်။

သူ၏ ရင်ဘတ်တစ်ခုလုံးသည် မီးလောင်တိုက် အသွင်းခံထားရသလို ပူပြင်းစွာ လောင်ကျွမ်းနေရပြီး ဆောက်တည်ရာမရ ဖြစ်မိသည်။

နှလုံးသားထဲ၌ နစ်ဝင်နေသော ဆွဲနှုတ်ရခက်သည့်  ဆူးတစ်ချောင်းကြောင့် အသက်ရှူလိုက်တိုင်းတွင် သတိရစိတ်ဖြင့် နာကျင်ရပြန်သည်။

“ဟက်...ဟက်...ဟက်..ဟက်....ငါ့နှယ်ကွာ....လီးလိုပဲ ၊ ဘာလို့ စောက်အရည်တွေက ကျလာပြန်ရတာလဲ...မင်း မျက်ချယ်ရဲ့ မင်္ဂလာဆောင်မှာ မငိုဖူးဆို ဟေ့ကောင်”

သန့်ဇင်ကိုသည် မျက်ရည်များကို ထိန်းမထားနိုင်တော့သည့် သူ့ကိုယ်သူ တစ်ယောက်ထည်း စကားတွေပြောပြီး သတိပေးနေမိသည်။

သို့သော်လည်း မျက်ရည်စက်များက ပါးပြင်ပေါ်တွင် တလှိမ့်လှိမ့်ဖြင့် စီးကျနေဆဲ......

“ဖောက်...ဖောက်...ဖောက်” (ဖုန်းပေါ်သို့ မျက်ရည်ပေါက်များ ကျသောအသံ)

( ဗီဒီယိုထဲမှ စကားသံများ......)

(“အော်....ကိုသန့်ဇင်က သိပ်အရှာပါတယ်ရှင် ၊ သူ့ရဲ့ပါးကိုနမ်းမှ မျက်နှာကြီးက ပြုံးလာပါတယ်ရှင့်”

“မဟုတ်ပါဖူးဗျာ ၊ ဒီကောင်မလေး ပလီပလာပြောနေတာပါ...စောနတုန်းက သူပါးကို သုံးခါလိမ်ဆွဲလိုက်လို့ လျော်ကြေးပြန်တောင်းတာပါ”

“ဟွန့်...ဖြစ်ရတယ်”

“လျော်ကြေး...အာဘွားတစ်ချက်....ကျန်သေးတယ်လေ”

“ဟုတ်ပါပြီရှင်.....ရော့ မွ ၊ စိတ်ညစ်တဲ့ အချိန်တွေတိုင်း  ကို့အနားမှာ ချယ်အမြဲတမ်း ရှိနေပေးမယ်နော်” )

သန့်ဇင်ကိုသည် ဗီဒီယိုအား အဆုံးထိ ပြီးအောင်ကြည့်ရန် အင်အားမရှိတော့သဖြင့် Pause လုပ်ကာ Delete တန်းလုပ်လိုက်တော့သည်။

ပြီးနောက် ထိုအုတ်ခုံလေးပေါ်တွင် ပက်လက်လှန်ပြီး လှဲရင်း စိတ်ကိုလျော့ကာ သက်ပြင်းများကို ဆက်တိုက်ချပြီး စိတ်အခြေအနေကို တည်ငြိမ်အောင် ပြန်လည် တည်ဆောက်လိုက်သည်။

သန့်ဇင်ကိုတစ်ယောက် သူ၏စိတ်အခြေအနေကို ထိန်းချုပ်နိုင်သော အချိန်တွင် ပတ်ဝန်းကျင်၏ အသံများကို ပြန်လည်ကြားရလာသည်။

ခန်းမအတွင်းမှ ဖွင့်ထားသော သီချင်းသံများ....လမ်းမပေါ်မှ ဖြတ်သန်းသွားလာနေကြသော ကားသံ ဆိုင်ကယ် အသံများနှင့် ခရစ်ယန် ဘုရားကျောင်းမှ ဓမ္မတေးဆိုသံများကို ကြားရသည်။

သူ၏ နားစည်သို့ လေလှိုင်းဖြင့် ရိုက်ခတ်လာသော သံပြိုင်ဆိုနေသည့် ဓမ္မတေးသံကို သူနားမလည်သော်လည်း ထိုအသံကြောင့်ပင် စိတ်တည်ငြိမ်မှု ပြန်ရလာခဲ့သည်။

ထိုအချိန်တွင် မြောက်အရပ်မှ လေပြင်းတစ်ချက် တိုက်ခတ်လိုက်သောကြောင့် အနီးအနားရှိ သစ်ပင် သစ်ကိုင်းများသည် “တ...ရွှီး...ရွှီး” နှင့် အသံမြည်ကာ သစ်ရွက်များက လေယူရာအတိုင်း လှုပ်ခတ်သွားသည်။

ထိုလေပြင်း တိုက်ခတ်သွားပြီးသော အချိန်တွင် ချယ်ရီပန်းလေး တစ်ပွင့်သည် ပက်လက်လှန် လှဲနေသော သန့်ဇင်ကို၏ ရင်ဘတ်ပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်လာသည်။

သန့်ဇင်ကိုသည် ချယ်ရီပန်းပွင့်လေးကို လက်ညိုးနှင့် လက်မကြားထဲညှပ်ကာ ကောက်ယူကြည့်လိုက်ပြီး ပါးစပ်ကလေနှင့် အပေါ်သို့ ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်တော့​လေသည်။

ချယ်ရီပွင့်လေးရေ......

မင်းရဲ့ အရှေ့မှာ သက်သေပြုပြီး ထားရှိခဲ့တဲ့ ဂတိစကားတွေကို မတည်နိုင်တော့တဲ့ အတွက် တောင်းပန်ပါတယ်....

ချယ်ရီပွင့်လေးရေ.....

နောင်လာမဲ့ နှစ်တွေမှာ မင်းကိုတွေ့တိုင်း အရင်ကအကြောင်းတွေ သတိရမိမှာဆိုးလို့ ငါဥပေက္ခာပြုမိခဲ့ရင် စိတ်မကွက်ပါနဲ့.....

ချယ်ရီပွင့်လေးရေ.....

ဒီတစ်သက်စာအတွက်  နှုတ်ဆက်ခဲ့ပါတယ်........

တွယ်ငြိရာ၌သာ ဆုံးရှုံးရာ

၂၄ မျက်နှာ

###################### ပြီးပါပြီ###########################

(ကျွန်တော့်ရဲ့ ဇာတ်လမ်းကို အစအဆုံး ဖတ်ရှူ့အားပေးခဲ့ကြတဲ့ စာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

"ချယ်ရီပင်အောက်က မိန်းခလေး” ပန်းချီကားနဲ့ Adele ရဲ့ "When we were young” သီချင်းလေးနဲ့ နှုတ်ဆက်လိုက်ပါရစေ ၊ ညမအိပ်ခင် နားထောင်ကြည့်​ပြီး စီးမျောလိုက်​ကြပါဦး ခင်ဗျာ)

🎼...Everybody loves the things you do
From the way you talk
To the way you move
Everybody here is watching you
'Cause you feel like home
You're like a dream come true

But if by chance you're here alone
Can I have a moment?
Before I go?
'Cause I've been by myself all night long
Hoping you're someone I used to know

You look like a movie
You sound like a song
My God this reminds me, of when we were young

Let me photograph you in this light
In case it is the last time
That we might be exactly like we were
Before we realized
We were scared of getting old
It made us restless
It was just like a movie
It was just like a song

I was so scared to face my fears
Nobody told me that you'd be here
And I'd swear you moved overseas
That's what you said, when you left me

You still look like a movie
You still sound like a song
My God, this reminds me, of when we were young

Let me photograph you in this light
In case it is the last time
That we might be exactly like we were
Before we realized

We were sad of getting old
It made us restless
It was just like a movie
It was just like a song

When we were young
(When we were young)
When we were young
(When we were young)

It's hard to win me back
Everything just takes me back
To when you were there
To when you were there

And a part of me keeps holding on
Just in case it hasn't gone
I guess I still care
Do you still care?

It was just like a movie
It was just like a song
My God, this reminds me
Of when we were young

When we were young
(When we were young)
When we were young
(When we were young)

Let me photograph you in this light
In case it is the last time
That we might be exactly like we were
Before we realized
We were sad of getting old

It made us restless
Oh I'm so mad I'm getting old
It makes me reckless

It was just like a movie
It was just like a song
When we were young. ...🎼

Continue Reading

You'll Also Like

1.1M 48.1K 60
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.7M 28.2K 26
"ချိုမြိန်သောဇနီးဆိုးလေး" # စဆုံး ရပါပြီ #🔞🔞🔞 🔞အနည်းငယ်ပါတာမို့ မှောင်တာ ကြိုက်မှဖတ်ကြပါရှင့်😘
324K 26.1K 29
Mini Story Uni Life Style Sweet Romance