Amor is so Dumm

By MochiCookie95

171K 24.1K 4.4K

Amor {proper noun} god of love, son of Venus, Cupid. (Unicode... More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22 ⚠️
Ep-23
Ep-24
Ep-25
The End
Extra-1
Extra-2

Ep-8

4.3K 782 83
By MochiCookie95

Unicode;

"ဟိုကြွက်စုတ်ရော"

ဆံသဆိုင် လူရှင်းချိန်မှ Jimin ပြန်ရောက်လာသည်မို့ ဆိုင်ထဲတွင် Taehyung ရှိမနေတော့။ Hoseok က ထမင်းလိပ်အား ပလုပ်ပလောင်း စားနေရင်း ဖြေလိုက်သည်။

"ပြန်သွားပြီ"
"ကောင်းတာပဲ... နားညီးသက်သာသွားပြီ"

ပြောပြီး Jimin က ထိုင်ခုံလေးထက် ခြေထောက်ချိတ်ကာ ထိုင်နေလိုက်သည်။ Hoseok စားနေသည့် ထမင်းလိပ်က လာတဲ့ နှမ်းဆီနံ သင်းသင်းလေးကြောင့် ဗိုက်ပင်ဆာလာသလို။

"ဆံပင်ဆိုင် သူဌေး ငါ့ကို ပိုက်ဆံနည်းနည်းချေးစမ်းပါ Jeon Jungkook လာရင် ပြန်တောင်းလိုက်"

ဘဝ တစ်လျှောက်လုံး ဒီလို လေသံမာမာနဲ့ ငွေလာချေးသူကို ကြုံဖူးတာ ပထမဆုံးပင်။ Hoseok က အပေါ်ဝတ် အင်္ကျီလေးရဲ့ အိတ်ထောင်လေးထဲကို နိူက်ပြီး ဝမ် တစ်သောင်းတန် တစ်ရွက်ထုတ် ပေးလိုက်သည်။

"ငွေသား အများကြီးတော့ မရှိဘူး.. ဒီလောက်ဆို လောက်လား"
"အဲ့တာ ဘယ်နားကဝယ်တာလဲ"

Jimin က Hoseok စားနေသည့် ထမင်းလိပ်လေးအား မေးငေါ့ကာ မေးလိုက်လေသည်။ Hoseok က မကျေနပ်သလို ကြည့်ရင်း

"ဒီဟာ စားချင်တာမှန်း ငါ့ဆီက ယူစားလေ ဘာလို့ ငွေချေးနေသေးလဲ"
"ငါက သူများစားလတ်စကြီး ဆက်စားတတ်တဲ့ ပုံပေါက်လို့လား... အပိုတွေ မပြောပဲ ငါ့ကို ဆိုင်နေရာသာ ပြောစမ်းပါ"
"လမ်းကြားကွေ့လေးက ဆိုင်ထင်တာပဲ.. ငါလည်း သေချာမသိဘူး ခုနာ Taehyung မပြန်ခင် ဝယ်ခိုင်းလိုက်တာရယ်"

Jimin လည်း လက်ထဲ ဝမ်တစ်သောင်းတန်လေးကိုင်ရင်း လမ်းကြားကွေ့နားက တွန်းလှည်းဆိုင်လေးဆီ လျှောက်လှမ်းလာမိသည်။

"အာ... ငါ ဘာတွေ လုပ်မိနေလဲမသိဘူး.. ကိုရီးယား လမ်းဘေးစာကို မက်မက်မောမော တောင်းတနေမိတယ်.. အဲ့တာတွေ အကုန် အိမ်က ကြွက်စုတ်ကြောင့်.. တနေ့ တနေ့ ငါ့ကို ကိုရီးယားစာတွေ အတင်းထိုးကျွေးနေတာ"

တစ်ယောက်ထဲ စကားများရင်း Jimin ထမင်းလိပ်နဲ့ ငါးအူချောင်း ရပ်စားနေမိသည်။

"လမ်းဘေးစာကလည်း ကောင်းလိုက်တာ.. Grazie ရေ မင်းမဟုတ်သလို ဘာဖြစ်နေတာလဲ"

ကိုယ့်ကိုကိုယ် အပြစ်တင်နေပေမယ့်လည်း လက်က ငါးအူချောင်း နောက်တစ်ချောင်းကို လှမ်းယူနေမိသည်။ စားရင်း ဟိုကြည့် ဒီကြည့်ရင်းမှ လမ်းကြားလေးထဲ မရမက အတင်းတိုးဝင်ပြီး ဖြတ်သွားဖို့ ပြင်နေတဲ့ ပြိုင်ကား အနီလေးဆီ အာရုံရောက်သွားသည်။

"အား... အမြင်မတော်လိုက်တာ... ဒီကားမောင်းတဲ့သူက ဉာဏ်မရှိဘူးလား ကြွက်တွင်းရပ်ကွက်ထဲ လာပြီး ဒီလို ပြိုင်ကားကို ဘယ်လိုတောင် ကွေ့ဖို့ ကြိုးစားနေတာလား"

ငါးအူချောင်းကို ပလုတ်ပလောင်းဝါးရင်း ငေးကာ အကဲဖြတ်နေမိသည်။ ကားတံခါးမှန်လေးချလိုက်ပြီး ခေါင်းထွက်ကာ လွှတ်မလွှတ်ကြည့်ဖို့ ထွက်လာရာမှ မြင်လိုက်ရတာ ရတဲ့ မျက်နှာကြောင့် Jimin သီးပါ သီးသွားသည်။

"ဒီကြွက်စုတ်က ဘယ်လိုလုပ် အဲ့ကားပေါ်ရောက်နေတာလဲ"

Jimin ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင် မျက်စိမှိတ်ကာ ပြန်ဖွင့်ကြည့်လိုက်မိသည်။ ကားပေါ်က Taehyung ကတော့ Jimin ရှိရာအား သတိထားမိပုံမပေါ် ကား နောက်ဆုတ်ဖို့ အဆင်မပြေသည်မို့ ကားမှန်ပြန်တင်ကာ ဝူးခနဲ မောင်းထွက်သွားလေသည်။ Jimin ကြောင်ငေးကာ ငါးအူချောင်းဆိုင်လေးတွင် တစ်ယောက်ထဲ ငါးအူချောင်းလေးကိုင်ကာ ငေးကျန်နေခဲ့သည်။

"ဒီကောင် ဘာလဲ... ဆံပင်ဆိုင်ဝန်ထမ်းတောင် ပြိုင်ကားစီးနိုင်တဲ့ အခြေအနေကို ရောက်အောင်ထိ တောင်ကိုရီးယားနိုင်ငံက တိုးတက်နေပြီလား"

လက်ထဲက ငါးအူချောင်းလေးကို အမြန်စားကာ ဘီဘီ ဆံသဆိုင် လေးသို့ ပြန်လာခဲ့သည်။ ဧည့်သည်တစ်ယောက်မှ ရှိမနေသည်မို့ Hoseok တစ်ယောက် Sound box သံ အကျယ်ကြီးဖြင့် သီချင်းလေး ဖွင့်ထားရင် ဆိုင်အတွင်း သန့်ရှင်းရေးလုပ်ကာ ကနေလေသည်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Jimin နှာခေါင်းရှုံ့ကာ ခေါင်းခါလိုက်မိသည်။

"ဆံပင်ဆိုင်သူဌေး မရှက်ဘူးလား.. Customer တွေလာရင် ခင်ဗျားကနေတာကြည့်ပြီး ကြောက်လို့ ပြန်လှည့်သွားမှာ သေချာတယ်"

Jimin စကားကို Hoseok က ဂရုမစိုက်သလိုဟန်ဖြင့် အကမပျက်ပဲ

"Clam down Clam down JiJi... ကိုယ်ပျော်ဖို့ထက် ဘယ်အရာက ပိုအရေးကြီးမှာလဲ.. လူဆိုတာ အမြဲ ငွေနောက်လိုက်နေလို့မှ မဖြစ်တာ"
"အိုက်ဂူး... တော်လိုက်တာ အဲ့လို အတွေးအခေါ်တွေ ကြောင့် ကြွက်တွင်း ဆံပင်ဆိုင်ထဲက ရုန်းမထွက်နိုင်တာ"

Jimin ရွဲ့ပြောပြီး ထိုင်ခုံလေးထက် ခြေထောက်ချိတ်ကာ ထိုင်နေလိုက်သည်။ Hoseok ကတော့ ကရတာ ကျေနပ်နေသလို ပျော်မြူးလို့ပင်..။ ဒုံချပ် ဒုံချပ် စည်းသံကြောင့် Jimin သက်ပြင်းရှည် တစ်ချက်ဆွဲချလိုက်ရင်း

"အမလေး.. ခေါင်းတောင် ကိုက်လာသလိုပဲ... ငါ့ဘဝကလည်း ဘယ်လိုလူတွေနဲ့ လာတွေ့နေပါလိမ့်"
"ဟမ်... ဘာပြောတာ"

Sound box သံကြောင့် Hoseok မကြားလိုက်သည်မို့ ပြန်မေးလိုက်သည်ကို Jimin က စိတ်ပျက်သလိုဟန်ဖြင့် ပါးစပ်တစ်ချက်ရွဲ့လိုက်မိသည်။

"ခင်ဗျား သီချင်းသံကြောင့် ခေါင်းကိုက်တယ်လို့ ပြောတာ"
"အဲ့တာက မင်းမှာ စည်းချပ်ကို ခံစားတတ်တဲ့ နှလုံးသားမှ မရှိတာ.. စိတ်ကို လျော့ပြီး စည်းချပ်အတိုင်း လိုက်လှုပ်ပါ့လား... ဒီလိုလေးလေ ဒီလိုလေး"

လက်နှစ်ဖက်အား ရင်ဘတ်နား ကွေးကာ ရှေ့တိုးနောက်ဆုတ် တင်ပါးလေးပါလှုပ် ကပြနေသည့် Hoseok အား Jimin မကြည့်နိုင်တော့တာကြောင့် မျက်စိသာ မှိတ်ထားလိုက်မိသည်။

"ငါ့အနားမှာ ကျပ်ပြည့်တဲ့သူ တစ်ယောက်လေးတောင် မရှိဘူးလားကွာ.. အမေ့နောက်လိုက်ခဲ့တဲ့ ငါ့ ဘဝ က တော်တော် သနားဖို့ ကောင်းတာပဲ... ငွေလည်း မရှိ အနားမှာလည်း ကျပ်ပြည့်တဲ့သူမရှိ.. ထပ်မနေနိုင်တော့ဘူး တကယ်.. ဟူး"

မျက်စိမှိတ်ကာ ခေါင်းမော့ထားသည့် Jimin ပုံစံက မသိရင် သွေးတက်နေသလိုလို။ Hoseok လည်း နှုတ်ခမ်းလေးစူရင်း အပြစ်တင်လိုက်မိသည်။

"မပျော်တတ်လိုက်တာ ဟွန်း.. အတိတ်မမေ့ခင်ကဆို အတူကပြီး သန့်ရှင်းရေးလုပ်ခဲ့ကြတာကို"
"အဲ့ Jimin က အထက်တန်းလွှာတွေ ဘယ်လိုနေလဲဆိုတာ နားမလည်ခဲ့လို့ပေါ့... ဒီ Jimin က အထက်တန်းလွှာက လာတာ ဒီလို ပေါတောတောတွေ လုပ်မနေနိုင်ဘူး ရှင်းလား"

Jimin က အော်ငေါက်လိုက်သည်မို့ Hoseok လည်း ဆက်မပြောရဲတော့ပဲ တံမြက်စည်းသာ ခပ်သွက်သွက်လေး လှဲနေလိုက်သည်။

"ဒါနဲ့လေ... ဆံပင်ဆိုင်သူဌေး ခင်ဗျားမှာ ပြိုင်ကားရှိလား"

အစမရှိ မေးလိုက်တဲ့ Jimin စကားကို Hoseok က ပေါ့ပေါ့ပါးပါးပင် ဆံပင်ညှပ်ထားရာက ကျထားသည့် ဆံစတိုလေးတွေကို လှဲကျင်းရင်း ဖြေလိုက်သည်။

"မရှိပါဘူး ဘာလို့လဲ"
"ခင်ဗျား အခြေအနေနဲ့ဆို ဝယ်နိုင်လား"
"မဝယ်နိုင်ပါဘူး ဝယ်နိုင်လည်း မလိုချင်ပါဘူး.. ကားပဲ.. စီးလို့ရရင် ပြီးရောပေါ့ ဘာကားနေနေ"
"ဟူး... luxury တွေကို မခံစားတတ်လိုက်တာ.. အင်းလေ ကြွက်တွင်း ဆံပင်ဆိုင် ပိုင်ရှင်က ဘာ luxury ကို သိမှာမို့လဲ"

Jimin စကားကို Hoseok က နားမလည်သလို ပခုံးသာ တွန့်ပြလေသည်။ Jimin က ခဏ တိတ်ဆိတ်သွားပြီး

"ကျွန်တော့်လို အခြေအနေဆိုရင် ပြိုင်ကားဝယ်နိုင်မှာလား ဒီလို ဆံပင်ဆိုင်က ဝန်ထမ်းကလေ"

Jimin မေးခွန်းကြောင့် Hoseok မျက်လုံးတို့ ဝိုင်းစက် ပြူးကျယ်သွားလေသည်။ လှဲလတ်စ တံမြက်စည်းကို ပစ်ချကာ Jimin အနားလာပြီး Jimin လက်မောင်းအား တဖြန်းဖြန်း ရိုက်တော့လေသည်။

"ဒါ ဘာလုပ်တာလဲ နာတယ်ဗျ.. ရပ်လိုက်စမ်း သေချင်လို့လား"
"Ya~~ Park Jimin မင်း ဘာတွေ Jungkook ကို ပူဆာဦးမလို့လဲ... ဖြေးဖြေးလုပ် တော်ရုံသင့်ရုံပဲ ပူဆာပေါ့ ပြိုင်ကား ဆိုတာကြီးကကျ Jungkook လစာနဲ့ ဖြစ်သင့်လား စဉ်းစားဦးလေ"

Hoseok အား Jimin က သူရိုက်ခံထားရသည့် အချက်ရေအတိုင်း ပြန်ရိုက်ရင်း

"ကျွန်တော်မေးတာပဲဖြေ လျှာမရှည်နဲ့.. မေးတာပဲဖြေ"
"နာတယ်ကွ ဖြည်းဖြည်းသာသာ မလုပ်ဘူး"

Hoseok နာတယ်ပြောမှ Jimin ရပ်တန့်လိုက်ရင်း အသက်ကို ဝဝ အရင်ရူလိုက်သည်။ စိတ်ငြိမ်သွားကာမှ

"ဒီလို ကြွက်တွင်း ဆံပင်ဆိုင် ဝန်ထမ်းက ပြိုင်ကားစီးတယ်ဆိုတာ ဖြစ်နိုင်တယ် ထင်လား"
"သေချာပေါက် မဖြစ်နိုင်ဘူးပေါ့"

Hoseok က အေးအေးဆေးဆေး ပြန်ဖြေပြီး ခုနာ တံမြက်စည်းလှဲရာ နေရာနား ပြန်သွားလှဲကျင်း နေလိုက်သည်။ Jimin မျက်လုံးထဲ မြင်လိုက်တာ Taehyung ဆိုတာတော့ သေချာသည်။ ဒါပေမယ့်... ဘာလို့ ပြိုင်ကားကို ကိုယ်တိုင်မောင်းနေတာလဲ...။ ဒီကိစ္စကို ဆံပင်ဆိုင်သူဌေးရော သိလား...။ Jimin တံမြက်စည်းလှဲနေတဲ့ Hoseok ကျောပြင်ကို ကြည့်ရင်း တစ်ယောက်ထဲ တွေးနေမိသည်။

"ဆံပင်ဆိုင်သူဌေး Kim Taehyung အကြောင်း ဘယ်လောက် သိလဲ"
"အင်း... ဆိုင်မှာလုပ်နေတာလဲ ၃ လ လောက် ရှိပြီဆိုတော့ သိသင့်သလောက်ပေါ့... ရိုးသားတယ် ကြိုးစားတယ် စကားလည်း နားထောင်ပြီး အမြဲ ကူညီတတ်တယ်"

Hoseok က တံမြက်စည်းလှဲ မပျက် အေးချမ်းစွာ ဖြေနေသည်မို့ Jimin သိတာလား မသိတာလား မသဲကွဲတော့တာမို့ ဆက် အင်တာဗျူးနေမိသည်။

"သူ့မိသားစုကရော"
"သိပ်အဆင်မပြေရှာဘူး ထင်တယ်... ငါ့ဆီ အလုပ်လာလျှောက်တုန်းကဆို လူမလိုပါဘူး ပြောတာတောင် ငိုယိုပြီး မိသားစု စီးပွါးရေးက အဆင်မပြေလို့ပါ တစ်ထောင် ပေးပေး တစ်ရာပေးပေး လုပ်ပါ့မယ်ဆို အတင်းပြောလို့ ခန့်လိုက်ရတာ"

ဆိုတော့ကာ... ဆံပင်ဆိုင်သူဌေးက Taehyung ပြိုင်ကား စီးနိုင်တဲ့ အခြေအနေ ဆိုတာကို မသိဘူး.. ကြွက်စုတ် Taehyung ကလည်း မိသားစုစီးပွါးရေး အဆင်မပြေဘူးပြောပြီး ပြိုင်ကားစီးနေတယ်... တစ်ခုခုတော့ ရှိတယ်ထင်တယ်...။ Jimin တစ်ယောက်ထဲ တိတ်ဆိတ်စွာ အတွေးများနေမိသည်။

"ကျွန်တော် ပုံမှန်လိုဆိုရင်တော့ သူများအကြောင်း စိတ်မဝင်စားပေမယ့် ကြွက်စုတ်နဲ့ ပြိုင်ကား လုံးဝ မလိုက်ဖက်ဘူးလို့ ခံစားရလို့ တစ်ခုလောက် မေးဦးမယ်.. Kim Taehyung က ပြိုင်ကား စီးတယ် ဆိုတာ ဖြစ်နိုင်လား"

Jimin မေးခွန်းကို Hoseok က ဟားတိုက်သယောင် အကျယ်ကြီး အော်ရယ်ရင်း

"အမလေး Park Jimin ရယ်.. အမြဲ ဘတ်စ်ကား နောက်ကျလို့ အလုပ်လာတာ နောက်ကျနေတဲ့သူကို.. Taehyung ကတော့ မင်းကို စ ချင်လို့ လိမ်လိုက်ပြန်ပြီ ထင်တယ်"

အားရပါးရ ရယ်ရင်းပြောလိုက်တဲ့ Hoseok စကားကြောင့် Jimin မျက်မှောင်ကြုံ့လိုက်မိသည်။ အလိမ်ခံလိုက်ရတာ ကျွန်တော် မဟုတ်ဘူး ထင်တာပဲ...။ ဘယ်လိုပဲ တွေးတွေး ကြွက်စုတ်က ဘယ်လိုဖြစ်ပြီး ပြိုင်ကားပေါ်ရောက်နေတာလဲက အဖြေမရှိဘူး... သူမကောင်းတာ ကြိတ်လုပ်ပြီး ငွေရှာနေရင်တော့ မပြောတတ်ဘူး...။

Jimin တစ်ယောက်ထဲ တွေးနေရင်း တစ်ခုခုကို တွေးမိဟန်ဖြင့် ခေါင်းလေးမတ်သွားသည်။ ဖြစ်နိုင်တယ်... ဆံပင်ဆိုင်ကို ရောက်လာတုန်းက ငွေအဆင်မပြေ လစာကလည်း မကောင်းလို့ ဆံပင်ဆိုင် ဝန်ထမ်းဆိုတာ အပြင်ဗန်းပြပြီး တရားမဝင် အလုပ်တွေဘာတွေများ လုပ်နေသလား.. ဥပမာ လူကုန်ကူးတာတို့ဘာတို့ပေါ့...။

"ဝါး ကြက်သီးတောင် ထတယ်"

Jimin တစ်ယောက်ထဲ တိုးတိုးလေး ရေရွတ်လိုက်သည်ကို Hoseok က ကြားဖြစ်အောင် ကြားသွားသေးသည်။

"ဘာလို့လဲ"
"ဟင်... ဘာမှမဟုတ်ပါဘူး.."

Hoseok အား ဘာမှမဟုတ်ဘူး ဖြေလိုက်ပြီး အတွေးထဲ တစ်ယောက်ထဲ ဆက် အတွေးများနေမိသည်။ ဒါဆို ဒီကောင်ကို ငါက ရဲစခန်းကို ခေါ်သွားရင် တာဝန်သိ ပြည်သူတစ်ယောက် အနေနဲ့ ဆုချမလား... ဝမ် ဆယ်သိန်းလောက် ဆုပေးရင်တော့ ဘာလင်မြို့ တိုက်ရိုက်လေယာဉ် လတ်မှတ်စာလောက် ရမယ်ထင်တယ်...။

Jimin အတွေးတွေ နယ်ကျွံ စိတ်ကူးတွေ ဖြန့်ကျဲကာ ချက်ခြင်း ဖုန်းလေး ဆွဲထုတ်ပြီး Google ကနေ Seoul to Berlin flight စျေးနူန်းအား ရှာလိုက်သည်။ ဝမ် ရှစ်သိန်းနှစ်သောင်းကျော်..။ မဆိုးပါဘူး တိုင်းပြည်က ဝမ်ဆယ်သိန်းလောက် ဆုချရင် ရပြီပဲ.. ဂျာမနီကို အရင်ရောက်အောင် ပြန်ပြီး ဟိုရောက်မှ Alex Armanto အိမ်တော်သွား အဘိုးကို မျက်ရည်ချူလိုက်ရင်တော့ အတိတ်ပြန်ပြောင်းစရာ တမန်တော်မလိုပဲ Grazie နေရာပြန်ရပြီပဲ...။ Jimin စိတ်ကူးလေးနဲ့တင် သာယာနေမိသည်။ ........။

"Jungkook.."

Gumeong ရဲ့ ခပ်ချွဲချွဲခေါ်သံကြောင့် Yoongi အလိုက်တသိ ရှောင်ပေးလိုက်သည်။ Jungkook က သက်ပြင်းဘေးကြိတ်ချလိုက်ရင်း

"ဟုတ် စီနီယာ"
"တို့ ဒီကိုပြောင်းလာတာ မင်းကြောင့် မဟုတ်ပါဘူး.. အဲ့ဒါကြောင့် တို့ကို မရှောင်ပါနဲ့လား"

လုပ်ငန်းတစ်ခုထဲမို့ ရှောင်မရမှန်း သိပေမယ့် အတတ်နိုင်ဆုံး Gumeong အပေါ် Jungkook ရှောင်ဖယ်မိသည်။ Jimin မျက်နှာကို စိတ်ဖြောင့်ဖြောင့်နဲ့ ကြည့်ချင်တယ် ဆိုသည့် အတွေးလေးတစ်ခုတည်းကြောင့် Gumeong မှ မဟုတ် ဘယ်အမျိုးသမီး အမျိုးသားကိုမှ Jungkook လိုတာထက် ပို မရောခဲ့။ Gumeong ကတော့ အထူးပေါ့.. အရင်ကလည်း အချိန်မတော်တွေ အတင်းခေါ်လို့ အားနာလို့ သွားရာကနေ အမြဲနားလည်ပေးတတ်ခဲ့တဲ့ Jimin တစ်ယောက် တစ်ပတ်လောက် စိတ်ကောက်သည်အထိ ဖြစ်ခဲ့ရသည်။ Jimin နဲ့ Gumeong နဲ့လည်း ရန်ဖြစ်မလိုထိ ဖြစ်ခဲ့တာမို့ နောက်ဆုံး Jungkook မှာ အားနာမနေတော့ပဲ အဲ့လိုမဖြစ်သင့်ကြောင်း အဲ့လိုအတင်းတွယ်ကပ်နေတာ မကြိုက်ကြောင်း Gumeong အား မျက်နှာချင်းဆိုင် ပြောခဲ့ရသည် အထိပင်။

"တို့ အရင်က မင်းကြောင့် ဌာနပြောင်းခဲ့ပြီးပြီလေ... အခုပြန်ပြောင်းလာတာ မင်းကြောင့် မဟုတ်တော့ပါဘူး"
"ကျွန်တော့်မှာ စီနီယာအတွက် ပြောစရာစကား မရှိလို့ပါ.. ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
"မင်းမှာ မရှိတော့ပင်မယ့် Jimin မှာ အများကြီး ရှိနေတဲ့ ပုံပဲ"

မြတ်နိုးရတဲ့ နာမည်လေး တစ်ခုတည်းကပင် Jungkook ကို ဆွဲထားနိုင်တယ်ဆိုတာကို Gumeong ကောင်းကောင်းကြီး သိပုံပေါ်သည်။ Jungkook ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်မို့ Gumeong လည်း ညင်သာစွာ တစ်လှမ်းချင်း လျှောက်လှမ်းလာရင်း

"မနက်က ဒီနားက စတိုးဆိုင်မှာ Jimin နဲ့ တွေ့ခဲ့တယ်..တို့ကို အရင်က ဆက်ဆံရေးတွေမေ့ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး အသစ်ပြန်စရအောင်တဲ့လေ"

Jimin အတိတ်မေ့နေတဲ့ ကာလမို့ ဒီတိုင်းကြီး ပြောတာတော့ မဖြစ်နိုင်ပေမယ့် Jimin သာ တကယ်လိုလားရင် Jimin ပြောတဲ့ အကြောင်းအရာ အားလုံးကို လိုက်နာဖို့ စဉ်းစားထားပြီးသားပင်။ Jungkook ငြိမ်သက်သွားသည်မို့ Gumeong က ပြုံးလိုက်ရင်း

"ကြည့်ပါလား တို့နဲ့ Jimin က သူငယ်ချင်းတွေလို ရင်းနှီးနေပြီ မင်းက ဘာတွေ နေရခက်နေတာလဲ Kook ရယ်.. ရှောင်နေလည်း မင်းနဲ့တို့က လုပ်ဖော်ကိုင်ဖက် အနေနဲ့ ဆက်ဆံနေရဦးမှာပဲလေ အဲ့တော့ အရင်က အကြောင်းတွေ မေ့ပြီး Jimin ပြောသလို ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်စကြရအောင်ကွာ"
"အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ နာကျင်မှု အများဆုံးက Jimin Hyung မို့.. Jimin Hyung သွားတဲ့လမ်းအနောက် ကျွန်တော်လိုက်မှာပါ စီနီယာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ဖို့ ဆိုတာလည်း Jimin Hyung စမှ ကျွန်တော် နောက်က လိုက်မှာပါ.. ကျွန်တော့်ရဲ့ အရာအားလုံးက Jimin Hyung ဆီမှာ အပ်နှံထားတာမို့ပါ ကျွန်တော့်ကို သွားခွင့်ပြုပါဦး"

ထွက်သွားတဲ့ Jungkook ကျောပြင်ကျယ်ကြီးကို ငေးရင်း Gumeong သက်ပြင်းသာ ချမိသည်။

"အိုက်ဂူး... ငါ့ကြယ်လေးက သူ့လမင်းကိုပဲ မော့ကြည့်နေတာ ငါ့အတွက် ကြွေဖို့တောင် အစီအစဉ် မရှိဘူးပဲ.. မဖြစ်တော့ဘူး တစ်ခုခုတော့ လုပ်ရတော့မယ်"

Gumeong တစ်ယောက် တာဝန်ခံ Gumshim အနားကပ်ပြီး အိတ်လေးထဲက ပါကင်သေသပ်စွာ ထုတ်ထားတဲ့ အရာလေးကို ထုတ်ပေးလိုက်ကာ ခပ်ချွဲချွဲ အသံဖြင့်

"တာဝန်ခံကြီး.. ဒီက နိုင်ငံခြားက လာတဲ့ ကော်ဖီ တံဆိပ်လေ.. အရမ်း သောက်လို့ကောင်းတာ အဲ့တာ တာဝန်ခံကြီး အတွက် ယူလာတာ"
"ဟေ... ငါတို့ Kang အဖွဲ့မှူးကတော့ အမြဲ လက်ဆောင်တွေ ပေးနေတာပဲဟေ့ ကြာတော့ အားနာလာပြီ"

အားနာလာပြီသာ ပြောတာ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ဆွဲယူလိုက်တဲ့ Gumshim အကြောင်းကို အရင်ကတည်းက သိသူမို့ Gumeong ကျေနပ်စွာပြုံးလိုက်မိသည်။

"ကျွန်မက ဒီကို ဌာန ပြန်ပြောင်းလာရတာဆိုတော့ ဒီနားမှာ တိုက်ခန်းငှါးနေတာ အဲ့တာ မနက်ဖြန် အိမ်တက်လေး လုပ်မလားလို့ ရုံးစောဆင်းကြပြီး အကုန် ကျွန်မအိမ်လိုက်ခဲ့ကြလေ"
"အိုးဟိုး သိပ်ကြိုက်တာပေါ့.. ဟဲဟဲ.. ကဲကဲ ဝန်ထမ်းတွေ အကုန် မနက်ဖြန် ညနေ စောစော ရုံးဆင်းပြီး အဖွဲ့မှူး Kang တို့ အိမ်မှာ စား ပွဲရှိတယ်နော်"
"ရေး.."

တာဝန်ခံ Gumshim စကားကြောင့် တစ်ရုံးလုံး ပျော်မြူးစွာ လက်ခုပ်တွေ ထတီးကြပေမယ့် Jungkook ကတော့ သက်ပြင်းသာ ခိုးချလိုက်မိသည်။

"ကျွန်တော် မလိုက်လို့ရလား"

တိုးညင်းစွာ ထွက်လာတဲ့ Jungkook ဆီက အသံကြောင့် တစ်ရုံးလုံး တိတ်ဆိတ်သွားကာ အာရုံစိုက်လာကြတော့သည်။

"ဝန်ထမ်း Jeon Jungkook က တော်တော် လူမှုရေး နားမလည်တဲ့သူပဲ အဖွဲ့မှူး Kang ကတောင် အလုပ်တဖက်နဲ့ ချက်ပြုတ်ကျွေးမှာကို"

တာဝန်ခံ Gumshim ရဲ့ ဆူငေါက်လိုက်တဲ့ အသံကြောင့် Jungkook ခေါင်းသာ ငုံ့ထားလိုက်လေသည်။ Gumeong က စိတ်မကောင်း ဖြစ်သလိုဟန်ဖြင့်

"အဲ့လို မလုပ်ပါနဲ့ Kook ရယ် တို့က အကုန်လုံးကို ဖိတ်တာကို Kook က မလိုက်ရင်.."
"ကျွန်တော့် အမျိုးသားက ဒီရက်ပိုင်း နေသိပ်မကောင်းလို့ပါ..အဲ့ဒါ.."
"အမလေး... ယောက်ျားချင်းယူထားတာ ဘာတွေများ ဂုဏ်တက်စရာရှိလို့ ထုတ်ပြောနေလဲ နားမလည်တော့ဘူး.. ဟူး"

တာဝန်ခံ Gumshim စကားကြောင့် Jungkook စိတ်ထဲ ဒေါသထောင်းကနဲ ထွက်သွားပေမယ့် ပြန်မြိုသိပ်ရင်း ခေါင်းငုံ့ကာ ငြိမ်သက်နေမိသည်။

"Jimin ပါ ခေါ်ခဲ့လေကွယ် မဟုတ်လည်း တို့နဲ့ Jimin က ရွယ်တူ သူငယ်ချင်းတွေပဲကို"
"ငါတို့ အဖွဲ့မှူး Kang က တကယ် နတ်သမီးလေးပဲ.. လူ့အဖွဲ့အစည်းနဲ့ အမြဲ ဆန့်ကျင်နေတဲ့ ကပ်သီးကပ်သတ်ကောင်ကို ဖိတ်တာတောင် လွန်လှပြီကို သူ့ယောက်ျားပါ ဖိတ်တယ် ဆိုတာတော့ လုံးဝ နတ်သမီးလေးပဲ"

Gumeong ကျေနပ်စွာပြုံးသွားပြီး Jungkook ဘက်လှည့်ကာ

"သေချာပေါက် တူတူလာခဲ့နော်"

ညနေရုံးဆင်းချိန်လေးမှာ Jungkook ခြေလှမ်းတွေ လေးလံနေလေသည်။ Yoongi က ရိပ်မိသလို Jungkook ပခုံးကို သာသာလေး ပုတ်ပေးရင်း

"တာဝန်ခံ Gumshim ပြောတာကို စိတ်ထဲ ထားမနေပါနဲ့ကွာ... အဲ့ဘိုးတော်အကြောင်းလည်း သိသားနဲ့ သူ့ကို မဖားရင် အကုန်မကောင်းမြင်နေတာကို"
"ကျန်တာတွေ ကြိုက်သလောက် မကောင်းမြင်လို့ ရပါတယ်ဗျာ... ယောက်ျားချင်း ယူတာကို စကားပြောတိုင်း ခလုတ်တိုက်နေတာကို မကြိုက်တာ"
"သူက အဲ့တိုင်းပါပဲကွာ ကြည့်မရရင် အကုန် အပြစ်လိုက်ပြောနေတာကို"

ကားဂိတ်ရောက်ပြီမို့ Yoongi က လက်ပြနူတ်ဆက်ကာ ကျန်ခဲ့သည်။ Jungkook ကတော့ ဘီဘီ ဆံသဆိုင်လေး ဆီ ဦးတည်လျက် ချစ်ခင်ပွန်းလေးအား သွားကြိုရသေးသည်။ စိတ်တွေ ရှုပ်ထွေးနေပေမယ့် အရစ်တုံးလေးပါ စိတ်မညစ်စေဖို့ အတတ်နိုင်ဆုံး ပြုံးပြီး ဆိုင်လေးထဲ ဝင်လိုက်သည်။

"Hyung အိမ်ပြန်ကြရအောင်"

ညနေ ငါးနာရီ စွန်းတာနဲ့ Jungkook ရောက်လာသည်မို့ Hoseok က လက်ခုတ်တီးကြိုရင်း

"အမလေး ဝမ်းသာလိုက်တာကွာ.. ငါ့ရဲ့ ကယ်တင်ရှင်ရောက်လာပြီ.. မင်း ယောက်ျား မြန်မြန်ခေါ်သွားပါတော့ တနေ့တနေ့ ဆိုင်မှာ အခန့်သား ထိုင်နေပြီး ငါလုပ်သမျှ လိုက်ဝေဖန်နေတာ နားညီးလှပါပြီ"
"ဟီး.. မောင့်ယောက်ျားလေး ဘာတွေ ပြသနာရှာနေတာလဲ"
"ငါက ပြသနာ တစ်ခါမှ မရှာဖူးဘူး ပြသနာကသာ ငါ့နောက်လိုက်နေတာ... လာ ပြန်ကြစို့"

ရှေ့ကနေ လက်ပိုက်ကာ ထွက်သွားတဲ့ ဆရာကြီးပေါက်စအား ငေးရင်း Jungkook နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။

"အားနာလိုက်တာ နေ့တိုင်း Hyung ဆိုင်ကိုပဲ ပြသနာတွေပေးနေမိတယ်"
"မဟုတ်တာကွာ... နည်းနည်းတော့ အချိုးမပြေပေမယ့် Jimin လည်း အတိတ်မေ့နေတာပဲလေ တစ်ယောက်ထဲ အိမ်မှာ ထားခဲ့တာထက် စာရင် ငါ့ဆိုင်လာတော့ သူလည်း စိတ်သက်သာ မင်းလည်း စိတ်ချရတာပေါ့"
"ကျေးဇူးပါ Hyung"

Hoseok အား နူတ်ဆက်ပြီး Jungkook လည်း Jimin နဲ့ အတူ အိမ်ပြန်လာခဲ့သည်။

"မင်းတို့နိုင်ငံက ရာဇဝတ်ကျူးလွန်တဲ့သူကို ဖမ်းပေးရင် ငွေသားဆုချလား"

ရုတ်တရပ် မီးဖိုနား မလာစဖူး လာကာ ထူးထူးဆန်းဆန်း မေးခွန်းတွေ ထမေးလိုက်သည့် Jimin ကြောင့် Jungkook ကြောင်သွားသည်။

"မပြောတတ်ဘူးလေ.. ငွေသားတော့ မသေချာပေမယ့် တာဝန်သိပြည်သူ အနေနဲ့ ဂုဏ်ထူးဆောင် လတ်မှတ်တော့ ပေးမယ်ထင်တယ်"
"ကျစ်.. အဲ့လိုတော့ မဖြစ်သေးဘူး ငါလိုချင်တာ ဂုဏ်ထူးဆောင် လတ်မှတ် မဟုတ်ဘူး ငွေသားပဲ"

Jimin စကားကြောင့် ကြက်ဥကြော်နေရင်း Jungkook လက်တို့ ရပ်တန့်သွားသည်။ ကြော်ထားသည့် ကြက်ဥကို လှန်လိုက်ပြီး မီးအားလေး လျော့ပြီးမှ Jimin ဘက်လှည့်ကာ

"Hyung ငွေလိုလို့လားဟင်"
"တော်ပါကွာ.. မင်းပြောပြလည်း ငါ့ကို ပေးနိုင်မှာမှ မဟုတ်တာ"

Jimin က လက်ပိုက်ပြီး ဧည့်ခန်းနားလေး တီဗီရှေ့သွားကာ တီဗီကောက်ဖွင့်လိုက်လေသည်။ Jungkook ဘာမှဆက်မပြောမိ သက်ပြင်းသာ ခိုးချလိုက်မိသည်။

"ဒါနဲ့ စကားမစပ် မင်းရည်းစားဟောင်းဆိုတဲ့ ကောင်မလေးနဲ့ ငါ တွေ့ခဲ့တယ်"
"အင်း.. စီနီယာက ပြောတယ်"
"အာ... သူကလည်း မင်းရဲ့ စီနီယာလား ငါကလည်း မင်းရဲ့ စီနီယာမလား"

Jimin စကားကြောင့် Jungkook မျက်လုံးတို့ ဝိုင်းစက်သွားသည်။ Jimin အနားပြေးလာပြီး Jimin လက်ကို ဆုပ်ကိုင်ကာ

"Hyung ပြန်သတိရပြီလားဟင်"
"ရူးနေတာလား.. ဟိုတခါ စာအုပ်ကို နည်းနည်း ဖတ်ထားလို့ပါ"
"အာ... အဲ့လိုကိုး"
"Ya~~ ကျပ်မပြည့်ကောင် ငါက မှတ်မိစရာ ဒီလောကနဲ့ ပတ်သက်ပြီး ဘာအသိဉာဏ်မှ မရှိဘူး ငါသိထားတဲ့ မှတ်ဉာဏ်ကို တမန်တော်တစ်ယောက် သောက်ရူးထပြီး ပြောင်းသွားတာ"

Jimin စကားကို Jungkook ဘာမှ ပြန်မပြောမိ ပြုံးကာ ထမင်းသာ ခူးခပ်နေလေသည်။

"အခု မင်း ငါ့ကို ရယ်နေတာလား.. ငါ့ကို အရူးလို သတ်မှတ်ပြီး ဟားနေတယ်ပေါ့ ကြွက်စုတ်ရဲ့"
"ရယ်တာဟုတ်ပေမယ့် ဟားတာတော့ မဟုတ်ပါဘူးဗျာ... ကျွန်တော့်ယောက်ျားက အတိတ်မေ့နေတာတောင် တမျိုး ချစ်စရာ ကောင်းနေလို့"

Jungkook စကားကြောင့် Jimin နှာခေါင်းရှုံ့လိုက်မိသည်။ ဒီအရူးက တစ်မျိုး...။

"ဒါနဲ့လေ Hyung.. မနက်ဖြန် ညနေ Gumeong Noona က အိမ်တက်ဖိတ်ထားတယ် Hyung သွားချင်လားဟင်"
"ကျစ်.. ရှုပ်ရှုပ်ယှက်ယှက်တွေ"
"Hyung မသွားချင်ရင် ကျွန်တော်လည်း မသွားပါဘူး.. သူပြောတာကတော့ Hyung က သူနဲ့ Hyung ကြားက ဆက်ဆံရေး ပြန်စချင်တယ်လို့ ပြောတယ်ဆို အဲ့တာကြောင့် သူက ဖိတ်တာနေမယ်"
"သူကအဲ့လိုပြောတာလား.."
"အင်း သူ့ကြည့်ရတာတော့ သူကိုယ်တိုင်လည်း အကုန်လုံးကို ပြေလည်ချင်ပြီထင်တယ်"
"မြွေပွေးမပဲ"

Jimin စကားကြောင့် Jungkook ညစာစားပွဲပြင်နေရာမှ မျက်လုံးပင် ပြူးသွားသည်။

"ဟင်... ဘာလို့လဲ Hyung .. Hyung က အဲ့လိုပြောခဲ့တာ မဟုတ်ဘူးလား"
"ပြောခဲ့ပေမယ့်... ထားလိုက်တော့ ငါ လိုက်မယ်... ငါကတော်ရုံဆို လူစည်ကားတဲ့ နေရာမျိုး ရှောင်ပေမယ့် မြွေပွေးမ ကို နည်းနည်းလောက် ပညာပေးချင်လို့.."
"ပြသနာတော့ မရှာပါနဲ့ Hyung ရယ်.. Hyung မကြိုက်ရင်လေ ကျွန်တော်သူနဲ့ လုံးဝ မပတ်သက်ပါဘူး"
"ရူးနေတာလား.. ငါက မင်းကြောင့် သူ့ကို ပြသနာရှာမယ် ထင်နေတာလား... ဝေးသေး... မင်းကို ရောင်းစားလို့ရရင်တောင် သူ့ဆီသွားရောင်းချင်သေး"

မနိုင်စိန် ဂျစ်တူးလေး စကားကြောင့် Jungkook ရယ်ရုံမှတပါး ဘာမှ ပြန်မပြောနိုင်။

"ဒါနဲ့ ငါ သိချင်တာ တစ်ခုရှိတယ်.."
"ဘာကိုလဲ Hyung"

ထမင်းစားနေရင်း Jungkook ပလုတ်ပလောင်း ပြန်ဖြေလိုက်ပေမယ့် Jimin ပုံစံက နည်းနည်း တွန့်ဆုတ်နေသလို ပေါ်တာမို့ Jungkook စောင့်နေသလို Jimin မျက်နှာလေး ငေးနေလိုက်သည်။

"မင်းနဲ့ သူ့လို ကောင်မလေး လှလှလေးနဲ့တောင် တွဲခဲ့တာကို ဘယ်လို ဖြစ်ပြီး ကွေးသွားတာလဲ"

Jimin စကားကြောင့် Jungkook က တောက်ပစွာပြုံးသွားလေသည်။ Jimin ကတော့ ထိုအပြုံးကို နားမလည်သလို မျက်မှောင်ကြုံထားလေသည်။

"Hyung ဖြစ်နေလို့လေ... ကျွန်တော့်နှလုံးသားကို သိမ်းပိုက်သွားတဲ့ သူက Hyung ဖြစ်နေလို့"

Jimin မျက်နှာကို ငေးမောနေသည့် သမင်မျက်လုံးဝိုင်းကြီးတွေက တောက်ပပြီး ချစ်စဖွယ်အတိပင်။ အနားက ရေခွက်နဲ့ Jimin က ထို သမင်မျက်လုံး ပိုင်ရှင်အား ပက်လိုက်ရင်း

"စားသောက်နေတဲ့ အချိန် ငါ့ကို ရွံ့စရာတွေ လာပြောနေတယ် သေချင်လို့"
"အား.. Hyung ကလည်း တကယ်ပြောတာကို.."

ထမင်းစားတန်းလန်းကြီး ရေနဲ့ အပက်ခံရသည်ကိုပင် မျက်နှာတစ်ချက်မပျက် ရယ်တောင်ရယ်ရင်း ဖြေလိုက်တဲ့ Jungkook ကြောင့် Jimin နှာခေါင်း ရှုံ့လိုက်မိပင်မယ့် တပြိုင်နက် ပြုံးလိုက်မိသည်။ ဒီကောင်က တကယ် အူကြောင်ကြောင်ပဲ..။

"ကျွန်တော်နဲ့ Gumeong Noona က ငယ်ကတည်းက လူကြီးချင်း သဘောတူထားတာမို့ မဟုတ်လည်း အချိန်တန်ရင် ယူရမှာပဲ ဆိုပြီး တက္ကသိုလ် တက်တဲ့အချိန်မှာ တွဲကြည့်လိုက်တာ.. ကျွန်တော့်ဘက်က ဘာစိတ်မှ မရှိခဲ့ဘူး တကယ်.."
"မင်း မိဘတွေက အကောင်းကြိုက်တာပဲ.. အဲ့ကောင်မလေး က မင်းထက်စာရင် ငွေရှိမယ့်ပုံပဲ"

Jimin ရဲ့ မှတ်ချက်ကြောင့် Jungkook ပြုံးလိုက်မိသည်။ အကောင်းကြိုက်တာ ကျွန်တော့် မိဘတွေ မဟုတ်ပါဘူး.. Gumeong ရဲ့ မိဘတွေပါ...။ Jungkook ဒီကိစ္စကိုတော့ ထုတ်မပြောတော့ပဲ ကျော်လိုက်သည်။

"Noona ကို တခါတလေ အပို့အကြိုလုပ်ရင်း Hyung ကိုတွေ့တာ.. ကျွန်တော့်အာရုံထဲ မီးထိုးထားသလို လူတွေ အများကြီးကြားက Hyung ကိုပဲ ကွက်ပြီး သတိထားမိခဲ့တာ.. ကျွန်တော့်ကို ဖမ်းစားလိုက်တဲ့ နှုတ်ခမ်းဖူးဖူးလေးက ယောက်ျားလေး တစ်ယောက်ဖြစ်နေမယ်လို့ တခါမှ မတွေးဖူးဘူး"

မျက်လုံးချင်း သေချာစိုက်ကြည့်ရင်း ပြောနေတဲ့ Jungkook ပုံစံက တကယ် အတည်ကြီးတွေ ပြောနေဟန်ပေါ်သည်။ စကားအဆုံးမှာ တဖြည်းဖြည့် ရှေ့တိုးလာသည့် ယုန်ငယ်လေးကို Jimin ညာတာမှုကင်းမဲ့စွာ ဇွန်းဖြင့် ခေါက်လိုက်လေသည်။

"အား.. နာတယ် Hyung ရဲ့"
"နှာဗူးကောင် အားနေ ငါ့နှုတ်ခမ်းပဲ ပြစ်မှားနေတာလား... အိုက်ဂူး.. ငါ လည်းလေ ယောက်ျားယူဖြစ်မယ်လို့ တခါမှ မတွေးဖူးဘူး ယောက်ျားယူမယ့်အတူတူ ငွေရှိတဲ့ သေခါနီး အဘိုးကြီးကို ယူထားရင်လည်း တော်သေး.. မင်းလို အသက်ငယ်ငယ်နဲ့ တစ်ပြားမှမရှိတဲ့ ကြွက်စုတ် ကို ယူထားတာ တွေးလိုက်တိုင်း ယူကြုံးမရ.. ဟွန်း"

Jimin စကားကို Jungkook က ပြုံးလျက်ပဲ

"ဘယ်တူမလဲ Hyung ရဲ့.. ကြီးတိုင်းကောင်းတာမှ မဟုတ်တာ ကျွန်တော်က ငယ်ပေမယ့် ကောင်း.. အားး"

စကားမဆုံးခင် ခေါင်းပေါ်ထပ်ရောက်လာတဲ့ ဇွန်းပျံကြောင့် Jungkook ဇက်လေးပုထားလိုက်မိသည်။

"ငါ လုပ်ထလိုက်ရ ဘာတွေ လာပြောနေတာလဲ နှာဗူးရဲ့.. အဲ့လို ပရော်ပရီစကားတွေကိုလေ ငါ့ကို မိန်းကလေး တစ်ယောက်က ပြောတာပဲ ခံနိုင်တယ် ယောက်ျားတစ်ယောက်ပြောတာကို မခံနိုင်ဘူး"
"Hyung ကလည်း ကျွန်တော်က အသက်ပြောတာကို"

ညစာစားပြီး ပုံမှန်အတိုင်း အိပ်ရာဝင်ခဲ့ပေမယ့် Jimin စိတ်ထဲ စွဲကျန်နေသည့် မြင်ကွင်းက အာရုံထဲမှ မထွက်နိုင်။ ပြိုင်ကားပေါ်က Taehyung...။

"ဒီကောင့်ကို နည်းနည်းတီးခေါက်ကြည့်ပြီး မကောင်းတာလုပ်နေတာ သေချာရင် ရဲလက်ထဲ အပ်မယ် ဘာညာ ခြိမ်းခြောက်ပြီး ငွေညစ်ကြည့်ရမလား.. ဒါမှမဟုတ် ငွေရအောင် ငါပါ ဂိုဏ်းဝင်ရမလား"

Jimin အတွေးတို့နဲ့ အိပ်ရာဝင်ခဲ့ပြီး အကြံတို့ဖြင့် နိူးထလာခဲ့သည်။ အိပ်ရာက စောထနေသည့် Jimin ကို Jungkook အံ့ဩသလို ငေးရင်း

"Hyung ထ တာ စောလှပြီလား"
"အင်း.. ငါ အလုပ်စောစောသွားပြီး ကြွက်ဖမ်းစရာ ရှိလို့"
"ဟင်... Hoseok Hyung ဆိုင်မှာ ကြွက်တွေ သောင်းကျန်းနေလို့လား.. မနက်စာလေးတော့ စားသွားပါဦး ကျွန်တော် မြန်မြန်ပြင်ပေးမယ်"
"မစားတော့ဘူး.. ငါ့ကို ငွေနည်းနည်းပဲပေး ငါ ထမင်းလိပ်စားချင်လို့"

Jungkook ချက်ခြင်း ဘောင်းဘီ အိပ်ထောင်လေးနိူက်ကာ ဝမ်တစ်သောင်းတန် ငါးရွက် ထုတ်ပေးလိုက်သည်။ Jimin က အံ့ဩသလိုကြည့်ရင်း

"ဝိုး... သဲတစ်မှုန်စာလောက်တော့ အထင်ကြီးသွားပြီ ဝမ် တစ်သောင်းလောက်ပဲ ပေးမယ် ထင်နေတာ"
"Hyung စားချင်တာ စားရအောင်လို့ပါ... မနက်စာဆိုတာ အားရှိအောင် အများကြီးစားရတယ်တဲ့"
"မှန်တယ်... ငါ့ အစေခံလေး တော်တယ်.. ငါ ကြွက်ဖမ်းသွားတော့မယ် ဘိုင်ရီ"

တက်ကြွစွာ ထွက်သွားသည့် ဆရာကြီး ပေါက်စကို ကြည့်ရင်း Jungkook ပြုံးနေမိသည်။

"ဘာကြွက်ဖမ်းမှာမို့ ဒီလောက်တက်ကြွနေလဲ မသိပေမယ့် အပြုံးတွေ ပျောက်နေတဲ့ မောင့်ယောက်ျားလေးကို ပြုံးအောင်လုပ်ပေးနိုင်လို့ ကျေးဇူးပါပဲ ကြွက်ကလေးရေ"

Jimin တစ်ယောက် 24 hour စတိုးဆိုင်လေးထဲ မနေ့က မဝယ်လိုက်ရတဲ့ မုန့်တွေ ဝယ်ရင်း ပျော်မြူးနေမိသည်။ ဘာကြောင့်မှန်း ရေရေရာရာ မသိ ပျော်မြူးနေမိတာကို သတိထားမိမှ Jimin သက်ပြင်းချလိုက်မိသည်။

"ငါ ဘာတွေလုပ်နေတာလဲ.. Grazie က ဒီလို ဝမ်းငါးသောင်းလေးအတွက် ပျော်မြူးမယ့် သူမျိုး မဟုတ်ဘူး"

ကိုယ့်ကိုကိုယ် တိုးညင်းစွာ သတိပေးရင်း Jimin ခေါင်းထဲ တစ်ခါမှ မတွေးဖူးတဲ့ အတွေးတစ်ခု ဝင်လာခဲ့သည်။ ဒါဆို.. တကယ် Grazie က ဘယ်လို အခြေအနေမျိုးမှာ ပျော်မြူးတတ်လဲ ဆိုသည့် မေးခွန်းပင်။ အမှန်အတိုင်း ဝန်ခံရရင် သိတတ်စ အရွယ်ကတည်း Joon ထက်သာဖို့ ကြိုးစားလာသူ.. ဖိအားများနဲ့ သူ့ဘဝမှာ တစ်ခါမှ စိတ်လွတ်ကိုယ်လွတ် ပျော်မြူးခဲ့ရတဲ့ အချိန်ရယ်လို့ မရှိခဲ့..။ အဲ့လိုပြန်တွေးလိုက်ရင် ဂျာမနီကို ပြန်ချင်စိတ်ဟာ ပျောက်ဆုံးသွားပြန်သည်။

"မဟုတ်ဘူး မဟုတ်ဘူး... အဲ့လိုမတွေးနဲ့ ငါမရှိရင် Joon က သေချာပေါက် ငါ့နေရာကို ယူလိမ့်မယ် ပေးလို့ မဖြစ်ဘူး Alex Armanto လုပ်ငန်းစု အားလုံးရဲ့ CEO က ငါပဲ ဖြစ်ရမယ် အဲ့ဒါ ငါ့ရဲ့ ပျော်ရွှင်မှုပဲ"

ဆိုင်ရှေ့ကနေ ဝှီးကနဲ ဖြတ်သွားသည့် ရင်းနှီးပြီးသား ပြိုင်ကားငယ်လေးကြောင့် Jimin အမြန်ငွေရှင်းကာ မနေ့က ကြားလမ်းလေးထဲ ပုန်းစောင့်နေလိုက်သည်။ ထင်ထားသလိုပဲ Taehyung က ထိုပြိုင်ကားလေးထဲမှ ဆင်းလာလေသည်။ မိပြီ ကြွက်စုတ်...။

"မင်းလို ကြွက်စုတ်က ဘယ်လိုဖြစ်ပြီး ဒီလို တန်ဖိုးကြီးကားပေါ်က ဆင်းလာတာလဲ"
"ဘာလဲ လန့်လိုက်တာ"

ရုတ်တရပ် လမ်းကြားထဲမှ ထွက်လာတဲ့ Jimin ကြောင့် Taehyung လန့်သွားဟန်ပေါ်သည်။

"ဆံပင်ဆိုင်သူဌေး ကို မိသားစု လုပ်ငန်းအဆင်မပြေလို့ ခန့်ထားပါဆိုပြီး ငိုယို ခဲ့တယ်ဆို ဒါဆို ဒီကားကြီးက မိုးပေါ်က ကျလာတာလား.. ထီပေါက်သွားလို့လား"
"မင်း သိတယ်လေ.. အတိတ်မေ့သွားလို့ မေ့နေတာကို"

Taehyung က ကလေးစိတ်ဆိုးသလို နှုတ်ခမ်းစူပြီး ပြောလိုက်တာမို့ Jimin နှာခေါင်းရှုံ့လိုက်မိသည်။

"အရင်က ငါဘာပဲ သိခဲ့သိခဲ့ အခုငါက ပြန်သိဖို့ လိုတယ်.. ငါ့ကို ပြောစမ်း မင်း တစ်ခုခု လုပ်နေတာလား ဘာလုပ်ငန်းလဲ"
"ဘာလုပ်ငန်းမှ မလုပ်ဘူး.. အဖေဝယ်ပေးတာ"

Taehyung အဖြေကြောင့် Jimin မယုံနိုင်သလို မျက်ဝန်းတို့ ပြူးကျယ်သွားသည်။

"မိသားစုစီးပွါးရေးက အဆင်မပြေဘူးဆို ဆံပင်ဆိုင်သူဌေးက ပြောတာ"
"အင်း... မိသားစုလုပ်ငန်း အဆင်မပြေဘူးဆိုတာ ငါနဲ့ အဆင်မပြေတာလေ အဖေနဲ့ အဆင်ပြေတယ်"

Jimin နားမလည်တော့ ရှုပ်ထွေးလာသည်။ Taehyung က ချစ်စရာကောင်းအောင် ပြုံးပြရင်း

"ငါတို့က သူငယ်ချင်း ဖြစ်ဖို့ ကံပါတာပဲ... မင်း အတိတ်မမေ့ခင်ကလည်း ငါကားနဲ့ လာတဲ့အချိန် တိုက်ဆိုင်ပြီး တွေ့သွားလို့ လျှို့ဝှက်ပေးဖို့ အကူအညီတောင်းရင်း ငါတို့ သူငယ်ချင်းဖြစ်သွားတာ ဟဲဟဲ.. အဲ့တော့ အခုလည်း လျှို့ဝှက်ပေးမယ်မလား"

ချစ်စရာကောင်းသည့်ဟန်မျိုးစုံ လုပ်ပြရင်း တောင်းဆိုနေသည့် Taehyung ကို Jimin နားမလည်စွာ မေးလိုက်မိသည်။

"ဘာကို လျှို့ဝှက်ပေးရမှာလဲ ကြွက်စုတ်ရဲ့"
"Hoseok Hyung ကိုပေါ့... တကယ်က ငါတို့ မိသားစုက ချမ်းသာတယ်.. ငါတို့အဖေက သူဌေး.. ဒါပေမယ့် Hoseok Hyung ကို ငါက သဘောကျနေလို့ ချဉ်းကပ်ချင်လို့ လိမ်ပြီး အတင်း အလုပ်ဝင်လုပ်နေတာ ဟီး.. လျှို့ဝှက်ပေးနော်"

Taehyung စကားအဆုံးမှာ Jimin ငြိမ်သက်နေမိသည်။ ဒီ ကြွက်စုတ်တောင် ချမ်းသာနေတဲ့ နိုင်ငံမှာ ငါက ဘာလို့ ကြွက်တွင်းလေးထဲ မှာ ဟိုယုန်ကြွက်စုတ်လေးကို ယူထားပြီး တူတူနေ နေရတာလဲ...။ လောကကြီးက မတရားလိုက်တာ.. မဟုတ်ဘူး ဟိုသောက်ရူး တမန်တော်က မတရားတာ..။ ........။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အရမ်းကြီး နောက်ကျသွားပါတယ် ဆောရီးပါနော်
မနေ့က ဆေးထိုးထားလို့ လက်မောင်းတစ်ဖက်အောင့်နေပြီး စာမရိုက်နိုင်လို့ပါ.. စာလုံးပေါင်း အမှားပါလည်း ခွင့်လွှတ်ပါနော် 💕


Zawgyi;

"ဟိုႂကြက္စုတ္ေရာ"

ဆံသဆိုင္ လူရွင္းခ်ိန္မွ Jimin ျပန္ေရာက္လာသည္မို႔ ဆိုင္ထဲတြင္ Taehyung ရွိမေနေတာ့။ Hoseok က ထမင္းလိပ္အား ပလုပ္ပေလာင္း စားေနရင္း ေျဖလိုက္သည္။

"ျပန္သြားၿပီ"
"ေကာင္းတာပဲ... နားညီးသက္သာသြားၿပီ"

ေျပာၿပီး Jimin က ထိုင္ခုံေလးထက္ ေျခေထာက္ခ်ိတ္ကာ ထိုင္ေနလိုက္သည္။ Hoseok စားေနသည့္ ထမင္းလိပ္က လာတဲ့ ႏွမ္းဆီနံ သင္းသင္းေလးေၾကာင့္ ဗိုက္ပင္ဆာလာသလို။

"ဆံပင္ဆိုင္ သူေဌး ငါ့ကို ပိုက္ဆံနည္းနည္းေခ်းစမ္းပါ Jeon Jungkook လာရင္ ျပန္ေတာင္းလိုက္"

ဘဝ တစ္ေလွ်ာက္လုံး ဒီလို ေလသံမာမာနဲ႔ ေငြလာေခ်းသူကို ႀကဳံဖူးတာ ပထမဆုံးပင္။ Hoseok က အေပၚဝတ္ အက်ႌေလးရဲ႕ အိတ္ေထာင္ေလးထဲကို ႏိူက္ၿပီး ဝမ္ တစ္ေသာင္းတန္ တစ္႐ြက္ထုတ္ ေပးလိုက္သည္။

"ေငြသား အမ်ားႀကီးေတာ့ မရွိဘူး.. ဒီေလာက္ဆို ေလာက္လား"
"အဲ့တာ ဘယ္နားကဝယ္တာလဲ"

Jimin က Hoseok စားေနသည့္ ထမင္းလိပ္ေလးအား ေမးေငါ့ကာ ေမးလိုက္ေလသည္။ Hoseok က မေက်နပ္သလို ၾကည့္ရင္း

"ဒီဟာ စားခ်င္တာမွန္း ငါ့ဆီက ယူစားေလ ဘာလို႔ ေငြေခ်းေနေသးလဲ"
"ငါက သူမ်ားစားလတ္စႀကီး ဆက္စားတတ္တဲ့ ပုံေပါက္လို႔လား... အပိုေတြ မေျပာပဲ ငါ့ကို ဆိုင္ေနရာသာ ေျပာစမ္းပါ"
"လမ္းၾကားေကြ႕ေလးက ဆိုင္ထင္တာပဲ.. ငါလည္း ေသခ်ာမသိဘူး ခုနာ Taehyung မျပန္ခင္ ဝယ္ခိုင္းလိုက္တာရယ္"

Jimin လည္း လက္ထဲ ဝမ္တစ္ေသာင္းတန္ေလးကိုင္ရင္း လမ္းၾကားေကြ႕နားက တြန္းလွည္းဆိုင္ေလးဆီ ေလွ်ာက္လွမ္းလာမိသည္။

"အာ... ငါ ဘာေတြ လုပ္မိေနလဲမသိဘူး.. ကိုရီးယား လမ္းေဘးစာကို မက္မက္ေမာေမာ ေတာင္းတေနမိတယ္.. အဲ့တာေတြ အကုန္ အိမ္က ႂကြက္စုတ္ေၾကာင့္.. တေန႔ တေန႔ ငါ့ကို ကိုရီးယားစာေတြ အတင္းထိုးေကြၽးေနတာ"

တစ္ေယာက္ထဲ စကားမ်ားရင္း Jimin ထမင္းလိပ္နဲ႔ ငါးအူေခ်ာင္း ရပ္စားေနမိသည္။

"လမ္းေဘးစာကလည္း ေကာင္းလိုက္တာ.. Grazie ေရ မင္းမဟုတ္သလို ဘာျဖစ္ေနတာလဲ"

ကိုယ့္ကိုကိုယ္ အျပစ္တင္ေနေပမယ့္လည္း လက္က ငါးအူေခ်ာင္း ေနာက္တစ္ေခ်ာင္းကို လွမ္းယူေနမိသည္။ စားရင္း ဟိုၾကည့္ ဒီၾကည့္ရင္းမွ လမ္းၾကားေလးထဲ မရမက အတင္းတိုးဝင္ၿပီး ျဖတ္သြားဖို႔ ျပင္ေနတဲ့ ၿပိဳင္ကား အနီေလးဆီ အာ႐ုံေရာက္သြားသည္။

"အား... အျမင္မေတာ္လိုက္တာ... ဒီကားေမာင္းတဲ့သူက ဉာဏ္မရွိဘူးလား ႂကြက္တြင္းရပ္ကြက္ထဲ လာၿပီး ဒီလို ၿပိဳင္ကားကို ဘယ္လိုေတာင္ ေကြ႕ဖို႔ ႀကိဳးစားေနတာလား"

ငါးအူေခ်ာင္းကို ပလုတ္ပေလာင္းဝါးရင္း ေငးကာ အကဲျဖတ္ေနမိသည္။ ကားတံခါးမွန္ေလးခ်လိုက္ၿပီး ေခါင္းထြက္ကာ လႊတ္မလႊတ္ၾကည့္ဖို႔ ထြက္လာရာမွ ျမင္လိုက္ရတာ ရတဲ့ မ်က္ႏွာေၾကာင့္ Jimin သီးပါ သီးသြားသည္။

"ဒီႂကြက္စုတ္က ဘယ္လိုလုပ္ အဲ့ကားေပၚေရာက္ေနတာလဲ"

Jimin ကိုယ့္မ်က္လုံးကိုယ္ပင္ မယုံႏိုင္ မ်က္စိမွိတ္ကာ ျပန္ဖြင့္ၾကည့္လိုက္မိသည္။ ကားေပၚက Taehyung ကေတာ့ Jimin ရွိရာအား သတိထားမိပုံမေပၚ ကား ေနာက္ဆုတ္ဖို႔ အဆင္မေျပသည္မို႔ ကားမွန္ျပန္တင္ကာ ဝူးခနဲ ေမာင္းထြက္သြားေလသည္။ Jimin ေၾကာင္ေငးကာ ငါးအူေခ်ာင္းဆိုင္ေလးတြင္ တစ္ေယာက္ထဲ ငါးအူေခ်ာင္းေလးကိုင္ကာ ေငးက်န္ေနခဲ့သည္။

"ဒီေကာင္ ဘာလဲ... ဆံပင္ဆိုင္ဝန္ထမ္းေတာင္ ၿပိဳင္ကားစီးႏိုင္တဲ့ အေျခအေနကို ေရာက္ေအာင္ထိ ေတာင္ကိုရီးယားႏိုင္ငံက တိုးတက္ေနၿပီလား"

လက္ထဲက ငါးအူေခ်ာင္းေလးကို အျမန္စားကာ ဘီဘီ ဆံသဆိုင္ ေလးသို႔ ျပန္လာခဲ့သည္။ ဧည့္သည္တစ္ေယာက္မွ ရွိမေနသည္မို႔ Hoseok တစ္ေယာက္ Sound box သံ အက်ယ္ႀကီးျဖင့္ သီခ်င္းေလး ဖြင့္ထားရင္ ဆိုင္အတြင္း သန႔္ရွင္းေရးလုပ္ကာ ကေနေလသည္။ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ Jimin ႏွာေခါင္းရႈံ႕ကာ ေခါင္းခါလိုက္မိသည္။

"ဆံပင္ဆိုင္သူေဌး မရွက္ဘူးလား.. Customer ေတြလာရင္ ခင္ဗ်ားကေနတာၾကည့္ၿပီး ေၾကာက္လို႔ ျပန္လွည့္သြားမွာ ေသခ်ာတယ္"

Jimin စကားကို Hoseok က ဂ႐ုမစိုက္သလိုဟန္ျဖင့္ အကမပ်က္ပဲ

"Clam down Clam down JiJi... ကိုယ္ေပ်ာ္ဖို႔ထက္ ဘယ္အရာက ပိုအေရးႀကီးမွာလဲ.. လူဆိုတာ အၿမဲ ေငြေနာက္လိုက္ေနလို႔မွ မျဖစ္တာ"
"အိုက္ဂူး... ေတာ္လိုက္တာ အဲ့လို အေတြးအေခၚေတြ ေၾကာင့္ ႂကြက္တြင္း ဆံပင္ဆိုင္ထဲက ႐ုန္းမထြက္ႏိုင္တာ"

Jimin ႐ြဲ႕ေျပာၿပီး ထိုင္ခုံေလးထက္ ေျခေထာက္ခ်ိတ္ကာ ထိုင္ေနလိုက္သည္။ Hoseok ကေတာ့ ကရတာ ေက်နပ္ေနသလို ေပ်ာ္ျမဴးလို႔ပင္..။ ဒုံခ်ပ္ ဒုံခ်ပ္ စည္းသံေၾကာင့္ Jimin သက္ျပင္းရွည္ တစ္ခ်က္ဆြဲခ်လိုက္ရင္း

"အမေလး.. ေခါင္းေတာင္ ကိုက္လာသလိုပဲ... ငါ့ဘဝကလည္း ဘယ္လိုလူေတြနဲ႔ လာေတြ႕ေနပါလိမ့္"
"ဟမ္... ဘာေျပာတာ"

Sound box သံေၾကာင့္ Hoseok မၾကားလိုက္သည္မို႔ ျပန္ေမးလိုက္သည္ကို Jimin က စိတ္ပ်က္သလိုဟန္ျဖင့္ ပါးစပ္တစ္ခ်က္႐ြဲ႕လိုက္မိသည္။

"ခင္ဗ်ား သီခ်င္းသံေၾကာင့္ ေခါင္းကိုက္တယ္လို႔ ေျပာတာ"
"အဲ့တာက မင္းမွာ စည္းခ်ပ္ကို ခံစားတတ္တဲ့ ႏွလုံးသားမွ မရွိတာ.. စိတ္ကို ေလ်ာ့ၿပီး စည္းခ်ပ္အတိုင္း လိုက္လႈပ္ပါ့လား... ဒီလိုေလးေလ ဒီလိုေလး"

လက္ႏွစ္ဖက္အား ရင္ဘတ္နား ေကြးကာ ေရွ႕တိုးေနာက္ဆုတ္ တင္ပါးေလးပါလႈပ္ ကျပေနသည့္ Hoseok အား Jimin မၾကည့္ႏိုင္ေတာ့တာေၾကာင့္ မ်က္စိသာ မွိတ္ထားလိုက္မိသည္။

"ငါ့အနားမွာ က်ပ္ျပည့္တဲ့သူ တစ္ေယာက္ေလးေတာင္ မရွိဘူးလားကြာ.. အေမ့ေနာက္လိုက္ခဲ့တဲ့ ငါ့ ဘဝ က ေတာ္ေတာ္ သနားဖို႔ ေကာင္းတာပဲ... ေငြလည္း မရွိ အနားမွာလည္း က်ပ္ျပည့္တဲ့သူမရွိ.. ထပ္မေနႏိုင္ေတာ့ဘူး တကယ္.. ဟူး"

မ်က္စိမွိတ္ကာ ေခါင္းေမာ့ထားသည့္ Jimin ပုံစံက မသိရင္ ေသြးတက္ေနသလိုလို။ Hoseok လည္း ႏႈတ္ခမ္းေလးစူရင္း အျပစ္တင္လိုက္မိသည္။

"မေပ်ာ္တတ္လိုက္တာ ဟြန္း.. အတိတ္မေမ့ခင္ကဆို အတူကၿပီး သန႔္ရွင္းေရးလုပ္ခဲ့ၾကတာကို"
"အဲ့ Jimin က အထက္တန္းလႊာေတြ ဘယ္လိုေနလဲဆိုတာ နားမလည္ခဲ့လို႔ေပါ့... ဒီ Jimin က အထက္တန္းလႊာက လာတာ ဒီလို ေပါေတာေတာေတြ လုပ္မေနႏိုင္ဘူး ရွင္းလား"

Jimin က ေအာ္ေငါက္လိုက္သည္မို႔ Hoseok လည္း ဆက္မေျပာရဲေတာ့ပဲ တံျမက္စည္းသာ ခပ္သြက္သြက္ေလး လွဲေနလိုက္သည္။

"ဒါနဲ႔ေလ... ဆံပင္ဆိုင္သူေဌး ခင္ဗ်ားမွာ ၿပိဳင္ကားရွိလား"

အစမရွိ ေမးလိုက္တဲ့ Jimin စကားကို Hoseok က ေပါ့ေပါ့ပါးပါးပင္ ဆံပင္ညႇပ္ထားရာက က်ထားသည့္ ဆံစတိုေလးေတြကို လွဲက်င္းရင္း ေျဖလိုက္သည္။

"မရွိပါဘူး ဘာလို႔လဲ"
"ခင္ဗ်ား အေျခအေနနဲ႔ဆို ဝယ္ႏိုင္လား"
"မဝယ္ႏိုင္ပါဘူး ဝယ္ႏိုင္လည္း မလိုခ်င္ပါဘူး.. ကားပဲ.. စီးလို႔ရရင္ ၿပီးေရာေပါ့ ဘာကားေနေန"
"ဟူး... luxury ေတြကို မခံစားတတ္လိုက္တာ.. အင္းေလ ႂကြက္တြင္း ဆံပင္ဆိုင္ ပိုင္ရွင္က ဘာ luxury ကို သိမွာမို႔လဲ"

Jimin စကားကို Hoseok က နားမလည္သလို ပခုံးသာ တြန႔္ျပေလသည္။ Jimin က ခဏ တိတ္ဆိတ္သြားၿပီး

"ကြၽန္ေတာ့္လို အေျခအေနဆိုရင္ ၿပိဳင္ကားဝယ္ႏိုင္မွာလား ဒီလို ဆံပင္ဆိုင္က ဝန္ထမ္းကေလ"

Jimin ေမးခြန္းေၾကာင့္ Hoseok မ်က္လုံးတို႔ ဝိုင္းစက္ ျပဴးက်ယ္သြားေလသည္။ လွဲလတ္စ တံျမက္စည္းကို ပစ္ခ်ကာ Jimin အနားလာၿပီး Jimin လက္ေမာင္းအား တျဖန္းျဖန္း ႐ိုက္ေတာ့ေလသည္။

"ဒါ ဘာလုပ္တာလဲ နာတယ္ဗ်.. ရပ္လိုက္စမ္း ေသခ်င္လို႔လား"
"Ya~~ Park Jimin မင္း ဘာေတြ Jungkook ကို ပူဆာဦးမလို႔လဲ... ေျဖးေျဖးလုပ္ ေတာ္႐ုံသင့္႐ုံပဲ ပူဆာေပါ့ ၿပိဳင္ကား ဆိုတာႀကီးကက် Jungkook လစာနဲ႔ ျဖစ္သင့္လား စဥ္းစားဦးေလ"

Hoseok အား Jimin က သူ႐ိုက္ခံထားရသည့္ အခ်က္ေရအတိုင္း ျပန္႐ိုက္ရင္း

"ကြၽန္ေတာ္ေမးတာပဲေျဖ လွ်ာမရွည္နဲ႔.. ေမးတာပဲေျဖ"
"နာတယ္ကြ ျဖည္းျဖည္းသာသာ မလုပ္ဘူး"

Hoseok နာတယ္ေျပာမွ Jimin ရပ္တန႔္လိုက္ရင္း အသက္ကို ဝဝ အရင္႐ူလိုက္သည္။ စိတ္ၿငိမ္သြားကာမွ

"ဒီလို ႂကြက္တြင္း ဆံပင္ဆိုင္ ဝန္ထမ္းက ၿပိဳင္ကားစီးတယ္ဆိုတာ ျဖစ္ႏိုင္တယ္ ထင္လား"
"ေသခ်ာေပါက္ မျဖစ္ႏိုင္ဘူးေပါ့"

Hoseok က ေအးေအးေဆးေဆး ျပန္ေျဖၿပီး ခုနာ တံျမက္စည္းလွဲရာ ေနရာနား ျပန္သြားလွဲက်င္း ေနလိုက္သည္။ Jimin မ်က္လုံးထဲ ျမင္လိုက္တာ Taehyung ဆိုတာေတာ့ ေသခ်ာသည္။ ဒါေပမယ့္... ဘာလို႔ ၿပိဳင္ကားကို ကိုယ္တိုင္ေမာင္းေနတာလဲ...။ ဒီကိစၥကို ဆံပင္ဆိုင္သူေဌးေရာ သိလား...။ Jimin တံျမက္စည္းလွဲေနတဲ့ Hoseok ေက်ာျပင္ကို ၾကည့္ရင္း တစ္ေယာက္ထဲ ေတြးေနမိသည္။

"ဆံပင္ဆိုင္သူေဌး Kim Taehyung အေၾကာင္း ဘယ္ေလာက္ သိလဲ"
"အင္း... ဆိုင္မွာလုပ္ေနတာလဲ ၃ လ ေလာက္ ရွိၿပီဆိုေတာ့ သိသင့္သေလာက္ေပါ့... ႐ိုးသားတယ္ ႀကိဳးစားတယ္ စကားလည္း နားေထာင္ၿပီး အၿမဲ ကူညီတတ္တယ္"

Hoseok က တံျမက္စည္းလွဲ မပ်က္ ေအးခ်မ္းစြာ ေျဖေနသည္မို႔ Jimin သိတာလား မသိတာလား မသဲကြဲေတာ့တာမို႔ ဆက္ အင္တာဗ်ဴးေနမိသည္။

"သူ႔မိသားစုကေရာ"
"သိပ္အဆင္မေျပရွာဘူး ထင္တယ္... ငါ့ဆီ အလုပ္လာေလွ်ာက္တုန္းကဆို လူမလိုပါဘူး ေျပာတာေတာင္ ငိုယိုၿပီး မိသားစု စီးပြါးေရးက အဆင္မေျပလို႔ပါ တစ္ေထာင္ ေပးေပး တစ္ရာေပးေပး လုပ္ပါ့မယ္ဆို အတင္းေျပာလို႔ ခန႔္လိုက္ရတာ"

ဆိုေတာ့ကာ... ဆံပင္ဆိုင္သူေဌးက Taehyung ၿပိဳင္ကား စီးႏိုင္တဲ့ အေျခအေန ဆိုတာကို မသိဘူး.. ႂကြက္စုတ္ Taehyung ကလည္း မိသားစုစီးပြါးေရး အဆင္မေျပဘူးေျပာၿပီး ၿပိဳင္ကားစီးေနတယ္... တစ္ခုခုေတာ့ ရွိတယ္ထင္တယ္...။ Jimin တစ္ေယာက္ထဲ တိတ္ဆိတ္စြာ အေတြးမ်ားေနမိသည္။

"ကြၽန္ေတာ္ ပုံမွန္လိုဆိုရင္ေတာ့ သူမ်ားအေၾကာင္း စိတ္မဝင္စားေပမယ့္ ႂကြက္စုတ္နဲ႔ ၿပိဳင္ကား လုံးဝ မလိုက္ဖက္ဘူးလို႔ ခံစားရလို႔ တစ္ခုေလာက္ ေမးဦးမယ္.. Kim Taehyung က ၿပိဳင္ကား စီးတယ္ ဆိုတာ ျဖစ္ႏိုင္လား"

Jimin ေမးခြန္းကို Hoseok က ဟားတိုက္သေယာင္ အက်ယ္ႀကီး ေအာ္ရယ္ရင္း

"အမေလး Park Jimin ရယ္.. အၿမဲ ဘတ္စ္ကား ေနာက္က်လို႔ အလုပ္လာတာ ေနာက္က်ေနတဲ့သူကို.. Taehyung ကေတာ့ မင္းကို စ ခ်င္လို႔ လိမ္လိုက္ျပန္ၿပီ ထင္တယ္"

အားရပါးရ ရယ္ရင္းေျပာလိုက္တဲ့ Hoseok စကားေၾကာင့္ Jimin မ်က္ေမွာင္ႀကဳံ႔လိုက္မိသည္။ အလိမ္ခံလိုက္ရတာ ကြၽန္ေတာ္ မဟုတ္ဘူး ထင္တာပဲ...။ ဘယ္လိုပဲ ေတြးေတြး ႂကြက္စုတ္က ဘယ္လိုျဖစ္ၿပီး ၿပိဳင္ကားေပၚေရာက္ေနတာလဲက အေျဖမရွိဘူး... သူမေကာင္းတာ ႀကိတ္လုပ္ၿပီး ေငြရွာေနရင္ေတာ့ မေျပာတတ္ဘူး...။

Jimin တစ္ေယာက္ထဲ ေတြးေနရင္း တစ္ခုခုကို ေတြးမိဟန္ျဖင့္ ေခါင္းေလးမတ္သြားသည္။ ျဖစ္ႏိုင္တယ္... ဆံပင္ဆိုင္ကို ေရာက္လာတုန္းက ေငြအဆင္မေျပ လစာကလည္း မေကာင္းလို႔ ဆံပင္ဆိုင္ ဝန္ထမ္းဆိုတာ အျပင္ဗန္းျပၿပီး တရားမဝင္ အလုပ္ေတြဘာေတြမ်ား လုပ္ေနသလား.. ဥပမာ လူကုန္ကူးတာတို႔ဘာတို႔ေပါ့...။

"ဝါး ၾကက္သီးေတာင္ ထတယ္"

Jimin တစ္ေယာက္ထဲ တိုးတိုးေလး ေရ႐ြတ္လိုက္သည္ကို Hoseok က ၾကားျဖစ္ေအာင္ ၾကားသြားေသးသည္။

"ဘာလို႔လဲ"
"ဟင္... ဘာမွမဟုတ္ပါဘူး.."

Hoseok အား ဘာမွမဟုတ္ဘူး ေျဖလိုက္ၿပီး အေတြးထဲ တစ္ေယာက္ထဲ ဆက္ အေတြးမ်ားေနမိသည္။ ဒါဆို ဒီေကာင္ကို ငါက ရဲစခန္းကို ေခၚသြားရင္ တာဝန္သိ ျပည္သူတစ္ေယာက္ အေနနဲ႔ ဆုခ်မလား... ဝမ္ ဆယ္သိန္းေလာက္ ဆုေပးရင္ေတာ့ ဘာလင္ၿမိဳ႕ တိုက္႐ိုက္ေလယာဥ္ လတ္မွတ္စာေလာက္ ရမယ္ထင္တယ္...။

Jimin အေတြးေတြ နယ္ကြၽံ စိတ္ကူးေတြ ျဖန႔္က်ဲကာ ခ်က္ျခင္း ဖုန္းေလး ဆြဲထုတ္ၿပီး Google ကေန Seoul to Berlin flight ေဈးႏူန္းအား ရွာလိုက္သည္။ ဝမ္ ရွစ္သိန္းႏွစ္ေသာင္းေက်ာ္..။ မဆိုးပါဘူး တိုင္းျပည္က ဝမ္ဆယ္သိန္းေလာက္ ဆုခ်ရင္ ရၿပီပဲ.. ဂ်ာမနီကို အရင္ေရာက္ေအာင္ ျပန္ၿပီး ဟိုေရာက္မွ Alex Armanto အိမ္ေတာ္သြား အဘိုးကို မ်က္ရည္ခ်ဴလိုက္ရင္ေတာ့ အတိတ္ျပန္ေျပာင္းစရာ တမန္ေတာ္မလိုပဲ Grazie ေနရာျပန္ရၿပီပဲ...။ Jimin စိတ္ကူးေလးနဲ႔တင္ သာယာေနမိသည္။ ........။

"Jungkook.."

Gumeong ရဲ႕ ခပ္ခြၽဲခြၽဲေခၚသံေၾကာင့္ Yoongi အလိုက္တသိ ေရွာင္ေပးလိုက္သည္။ Jungkook က သက္ျပင္းေဘးႀကိတ္ခ်လိုက္ရင္း

"ဟုတ္ စီနီယာ"
"တို႔ ဒီကိုေျပာင္းလာတာ မင္းေၾကာင့္ မဟုတ္ပါဘူး.. အဲ့ဒါေၾကာင့္ တို႔ကို မေရွာင္ပါနဲ႔လား"

လုပ္ငန္းတစ္ခုထဲမို႔ ေရွာင္မရမွန္း သိေပမယ့္ အတတ္ႏိုင္ဆုံး Gumeong အေပၚ Jungkook ေရွာင္ဖယ္မိသည္။ Jimin မ်က္ႏွာကို စိတ္ေျဖာင့္ေျဖာင့္နဲ႔ ၾကည့္ခ်င္တယ္ ဆိုသည့္ အေတြးေလးတစ္ခုတည္းေၾကာင့္ Gumeong မွ မဟုတ္ ဘယ္အမ်ိဳးသမီး အမ်ိဳးသားကိုမွ Jungkook လိုတာထက္ ပို မေရာခဲ့။ Gumeong ကေတာ့ အထူးေပါ့.. အရင္ကလည္း အခ်ိန္မေတာ္ေတြ အတင္းေခၚလို႔ အားနာလို႔ သြားရာကေန အၿမဲနားလည္ေပးတတ္ခဲ့တဲ့ Jimin တစ္ေယာက္ တစ္ပတ္ေလာက္ စိတ္ေကာက္သည္အထိ ျဖစ္ခဲ့ရသည္။ Jimin နဲ႔ Gumeong နဲ႔လည္း ရန္ျဖစ္မလိုထိ ျဖစ္ခဲ့တာမို႔ ေနာက္ဆုံး Jungkook မွာ အားနာမေနေတာ့ပဲ အဲ့လိုမျဖစ္သင့္ေၾကာင္း အဲ့လိုအတင္းတြယ္ကပ္ေနတာ မႀကိဳက္ေၾကာင္း Gumeong အား မ်က္ႏွာခ်င္းဆိုင္ ေျပာခဲ့ရသည္ အထိပင္။

"တို႔ အရင္က မင္းေၾကာင့္ ဌာနေျပာင္းခဲ့ၿပီးၿပီေလ... အခုျပန္ေျပာင္းလာတာ မင္းေၾကာင့္ မဟုတ္ေတာ့ပါဘူး"
"ကြၽန္ေတာ့္မွာ စီနီယာအတြက္ ေျပာစရာစကား မရွိလို႔ပါ.. ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး"
"မင္းမွာ မရွိေတာ့ပင္မယ့္ Jimin မွာ အမ်ားႀကီး ရွိေနတဲ့ ပုံပဲ"

ျမတ္ႏိုးရတဲ့ နာမည္ေလး တစ္ခုတည္းကပင္ Jungkook ကို ဆြဲထားႏိုင္တယ္ဆိုတာကို Gumeong ေကာင္းေကာင္းႀကီး သိပုံေပၚသည္။ Jungkook ေျခလွမ္းတို႔ ရပ္တန႔္သြားခဲ့သည္မို႔ Gumeong လည္း ညင္သာစြာ တစ္လွမ္းခ်င္း ေလွ်ာက္လွမ္းလာရင္း

"မနက္က ဒီနားက စတိုးဆိုင္မွာ Jimin နဲ႔ ေတြ႕ခဲ့တယ္..တို႔ကို အရင္က ဆက္ဆံေရးေတြေမ့ၿပီး ေကာင္းမြန္တဲ့ ဆက္ဆံေရး အသစ္ျပန္စရေအာင္တဲ့ေလ"

Jimin အတိတ္ေမ့ေနတဲ့ ကာလမို႔ ဒီတိုင္းႀကီး ေျပာတာေတာ့ မျဖစ္ႏိုင္ေပမယ့္ Jimin သာ တကယ္လိုလားရင္ Jimin ေျပာတဲ့ အေၾကာင္းအရာ အားလုံးကို လိုက္နာဖို႔ စဥ္းစားထားၿပီးသားပင္။ Jungkook ၿငိမ္သက္သြားသည္မို႔ Gumeong က ၿပဳံးလိုက္ရင္း

"ၾကည့္ပါလား တို႔နဲ႔ Jimin က သူငယ္ခ်င္းေတြလို ရင္းႏွီးေနၿပီ မင္းက ဘာေတြ ေနရခက္ေနတာလဲ Kook ရယ္.. ေရွာင္ေနလည္း မင္းနဲ႔တို႔က လုပ္ေဖာ္ကိုင္ဖက္ အေနနဲ႔ ဆက္ဆံေနရဦးမွာပဲေလ အဲ့ေတာ့ အရင္က အေၾကာင္းေတြ ေမ့ၿပီး Jimin ေျပာသလို ေကာင္းမြန္တဲ့ ဆက္ဆံေရး ျပန္စၾကရေအာင္ကြာ"
"အရင္က ျဖစ္ခဲ့တဲ့ ကိစၥေတြမွာ နာက်င္မႈ အမ်ားဆုံးက Jimin Hyung မို႔.. Jimin Hyung သြားတဲ့လမ္းအေနာက္ ကြၽန္ေတာ္လိုက္မွာပါ စီနီယာနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး ျဖစ္ဖို႔ ဆိုတာလည္း Jimin Hyung စမွ ကြၽန္ေတာ္ ေနာက္က လိုက္မွာပါ.. ကြၽန္ေတာ့္ရဲ႕ အရာအားလုံးက Jimin Hyung ဆီမွာ အပ္ႏွံထားတာမို႔ပါ ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး"

ထြက္သြားတဲ့ Jungkook ေက်ာျပင္က်ယ္ႀကီးကို ေငးရင္း Gumeong သက္ျပင္းသာ ခ်မိသည္။

"အိုက္ဂူး... ငါ့ၾကယ္ေလးက သူ႔လမင္းကိုပဲ ေမာ့ၾကည့္ေနတာ ငါ့အတြက္ ေႂကြဖို႔ေတာင္ အစီအစဥ္ မရွိဘူးပဲ.. မျဖစ္ေတာ့ဘူး တစ္ခုခုေတာ့ လုပ္ရေတာ့မယ္"

Gumeong တစ္ေယာက္ တာဝန္ခံ Gumshim အနားကပ္ၿပီး အိတ္ေလးထဲက ပါကင္ေသသပ္စြာ ထုတ္ထားတဲ့ အရာေလးကို ထုတ္ေပးလိုက္ကာ ခပ္ခြၽဲခြၽဲ အသံျဖင့္

"တာဝန္ခံႀကီး.. ဒီက ႏိုင္ငံျခားက လာတဲ့ ေကာ္ဖီ တံဆိပ္ေလ.. အရမ္း ေသာက္လို႔ေကာင္းတာ အဲ့တာ တာဝန္ခံႀကီး အတြက္ ယူလာတာ"
"ေဟ... ငါတို႔ Kang အဖြဲ႕မႉးကေတာ့ အၿမဲ လက္ေဆာင္ေတြ ေပးေနတာပဲေဟ့ ၾကာေတာ့ အားနာလာၿပီ"

အားနာလာၿပီသာ ေျပာတာ ေတာက္ပေနသည့္ မ်က္ဝန္းတစ္စုံျဖင့္ ဆြဲယူလိုက္တဲ့ Gumshim အေၾကာင္းကို အရင္ကတည္းက သိသူမို႔ Gumeong ေက်နပ္စြာၿပဳံးလိုက္မိသည္။

"ကြၽန္မက ဒီကို ဌာန ျပန္ေျပာင္းလာရတာဆိုေတာ့ ဒီနားမွာ တိုက္ခန္းငွါးေနတာ အဲ့တာ မနက္ျဖန္ အိမ္တက္ေလး လုပ္မလားလို႔ ႐ုံးေစာဆင္းၾကၿပီး အကုန္ ကြၽန္မအိမ္လိုက္ခဲ့ၾကေလ"
"အိုးဟိုး သိပ္ႀကိဳက္တာေပါ့.. ဟဲဟဲ.. ကဲကဲ ဝန္ထမ္းေတြ အကုန္ မနက္ျဖန္ ညေန ေစာေစာ ႐ုံးဆင္းၿပီး အဖြဲ႕မႉး Kang တို႔ အိမ္မွာ စား ပြဲရွိတယ္ေနာ္"
"ေရး.."

တာဝန္ခံ Gumshim စကားေၾကာင့္ တစ္႐ုံးလုံး ေပ်ာ္ျမဴးစြာ လက္ခုပ္ေတြ ထတီးၾကေပမယ့္ Jungkook ကေတာ့ သက္ျပင္းသာ ခိုးခ်လိုက္မိသည္။

"ကြၽန္ေတာ္ မလိုက္လို႔ရလား"

တိုးညင္းစြာ ထြက္လာတဲ့ Jungkook ဆီက အသံေၾကာင့္ တစ္႐ုံးလုံး တိတ္ဆိတ္သြားကာ အာ႐ုံစိုက္လာၾကေတာ့သည္။

"ဝန္ထမ္း Jeon Jungkook က ေတာ္ေတာ္ လူမႈေရး နားမလည္တဲ့သူပဲ အဖြဲ႕မႉး Kang ကေတာင္ အလုပ္တဖက္နဲ႔ ခ်က္ျပဳတ္ေကြၽးမွာကို"

တာဝန္ခံ Gumshim ရဲ႕ ဆူေငါက္လိုက္တဲ့ အသံေၾကာင့္ Jungkook ေခါင္းသာ ငုံ႔ထားလိုက္ေလသည္။ Gumeong က စိတ္မေကာင္း ျဖစ္သလိုဟန္ျဖင့္

"အဲ့လို မလုပ္ပါနဲ႔ Kook ရယ္ တို႔က အကုန္လုံးကို ဖိတ္တာကို Kook က မလိုက္ရင္.."
"ကြၽန္ေတာ့္ အမ်ိဳးသားက ဒီရက္ပိုင္း ေနသိပ္မေကာင္းလို႔ပါ..အဲ့ဒါ.."
"အမေလး... ေယာက္်ားခ်င္းယူထားတာ ဘာေတြမ်ား ဂုဏ္တက္စရာရွိလို႔ ထုတ္ေျပာေနလဲ နားမလည္ေတာ့ဘူး.. ဟူး"

တာဝန္ခံ Gumshim စကားေၾကာင့္ Jungkook စိတ္ထဲ ေဒါသေထာင္းကနဲ ထြက္သြားေပမယ့္ ျပန္ၿမိဳသိပ္ရင္း ေခါင္းငုံ႔ကာ ၿငိမ္သက္ေနမိသည္။

"Jimin ပါ ေခၚခဲ့ေလကြယ္ မဟုတ္လည္း တို႔နဲ႔ Jimin က ႐ြယ္တူ သူငယ္ခ်င္းေတြပဲကို"
"ငါတို႔ အဖြဲ႕မႉး Kang က တကယ္ နတ္သမီးေလးပဲ.. လူ႔အဖြဲ႕အစည္းနဲ႔ အၿမဲ ဆန႔္က်င္ေနတဲ့ ကပ္သီးကပ္သတ္ေကာင္ကို ဖိတ္တာေတာင္ လြန္လွၿပီကို သူ႔ေယာက္်ားပါ ဖိတ္တယ္ ဆိုတာေတာ့ လုံးဝ နတ္သမီးေလးပဲ"

Gumeong ေက်နပ္စြာၿပဳံးသြားၿပီး Jungkook ဘက္လွည့္ကာ

"ေသခ်ာေပါက္ တူတူလာခဲ့ေနာ္"

ညေန႐ုံးဆင္းခ်ိန္ေလးမွာ Jungkook ေျခလွမ္းေတြ ေလးလံေနေလသည္။ Yoongi က ရိပ္မိသလို Jungkook ပခုံးကို သာသာေလး ပုတ္ေပးရင္း

"တာဝန္ခံ Gumshim ေျပာတာကို စိတ္ထဲ ထားမေနပါနဲ႔ကြာ... အဲ့ဘိုးေတာ္အေၾကာင္းလည္း သိသားနဲ႔ သူ႔ကို မဖားရင္ အကုန္မေကာင္းျမင္ေနတာကို"
"က်န္တာေတြ ႀကိဳက္သေလာက္ မေကာင္းျမင္လို႔ ရပါတယ္ဗ်ာ... ေယာက္်ားခ်င္း ယူတာကို စကားေျပာတိုင္း ခလုတ္တိုက္ေနတာကို မႀကိဳက္တာ"
"သူက အဲ့တိုင္းပါပဲကြာ ၾကည့္မရရင္ အကုန္ အျပစ္လိုက္ေျပာေနတာကို"

ကားဂိတ္ေရာက္ၿပီမို႔ Yoongi က လက္ျပႏူတ္ဆက္ကာ က်န္ခဲ့သည္။ Jungkook ကေတာ့ ဘီဘီ ဆံသဆိုင္ေလး ဆီ ဦးတည္လ်က္ ခ်စ္ခင္ပြန္းေလးအား သြားႀကိဳရေသးသည္။ စိတ္ေတြ ရႈပ္ေထြးေနေပမယ့္ အရစ္တုံးေလးပါ စိတ္မညစ္ေစဖို႔ အတတ္ႏိုင္ဆုံး ၿပဳံးၿပီး ဆိုင္ေလးထဲ ဝင္လိုက္သည္။

"Hyung အိမ္ျပန္ၾကရေအာင္"

ညေန ငါးနာရီ စြန္းတာနဲ႔ Jungkook ေရာက္လာသည္မို႔ Hoseok က လက္ခုတ္တီးႀကိဳရင္း

"အမေလး ဝမ္းသာလိုက္တာကြာ.. ငါ့ရဲ႕ ကယ္တင္ရွင္ေရာက္လာၿပီ.. မင္း ေယာက္်ား ျမန္ျမန္ေခၚသြားပါေတာ့ တေန႔တေန႔ ဆိုင္မွာ အခန႔္သား ထိုင္ေနၿပီး ငါလုပ္သမွ် လိုက္ေဝဖန္ေနတာ နားညီးလွပါၿပီ"
"ဟီး.. ေမာင့္ေယာက္်ားေလး ဘာေတြ ျပသနာရွာေနတာလဲ"
"ငါက ျပသနာ တစ္ခါမွ မရွာဖူးဘူး ျပသနာကသာ ငါ့ေနာက္လိုက္ေနတာ... လာ ျပန္ၾကစို႔"

ေရွ႕ကေန လက္ပိုက္ကာ ထြက္သြားတဲ့ ဆရာႀကီးေပါက္စအား ေငးရင္း Jungkook ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးလိုက္မိသည္။

"အားနာလိုက္တာ ေန႔တိုင္း Hyung ဆိုင္ကိုပဲ ျပသနာေတြေပးေနမိတယ္"
"မဟုတ္တာကြာ... နည္းနည္းေတာ့ အခ်ိဳးမေျပေပမယ့္ Jimin လည္း အတိတ္ေမ့ေနတာပဲေလ တစ္ေယာက္ထဲ အိမ္မွာ ထားခဲ့တာထက္ စာရင္ ငါ့ဆိုင္လာေတာ့ သူလည္း စိတ္သက္သာ မင္းလည္း စိတ္ခ်ရတာေပါ့"
"ေက်းဇူးပါ Hyung"

Hoseok အား ႏူတ္ဆက္ၿပီး Jungkook လည္း Jimin နဲ႔ အတူ အိမ္ျပန္လာခဲ့သည္။

"မင္းတို႔ႏိုင္ငံက ရာဇဝတ္က်ဴးလြန္တဲ့သူကို ဖမ္းေပးရင္ ေငြသားဆုခ်လား"

႐ုတ္တရပ္ မီးဖိုနား မလာစဖူး လာကာ ထူးထူးဆန္းဆန္း ေမးခြန္းေတြ ထေမးလိုက္သည့္ Jimin ေၾကာင့္ Jungkook ေၾကာင္သြားသည္။

"မေျပာတတ္ဘူးေလ.. ေငြသားေတာ့ မေသခ်ာေပမယ့္ တာဝန္သိျပည္သူ အေနနဲ႔ ဂုဏ္ထူးေဆာင္ လတ္မွတ္ေတာ့ ေပးမယ္ထင္တယ္"
"က်စ္.. အဲ့လိုေတာ့ မျဖစ္ေသးဘူး ငါလိုခ်င္တာ ဂုဏ္ထူးေဆာင္ လတ္မွတ္ မဟုတ္ဘူး ေငြသားပဲ"

Jimin စကားေၾကာင့္ ၾကက္ဥေၾကာ္ေနရင္း Jungkook လက္တို႔ ရပ္တန႔္သြားသည္။ ေၾကာ္ထားသည့္ ၾကက္ဥကို လွန္လိုက္ၿပီး မီးအားေလး ေလ်ာ့ၿပီးမွ Jimin ဘက္လွည့္ကာ

"Hyung ေငြလိုလို႔လားဟင္"
"ေတာ္ပါကြာ.. မင္းေျပာျပလည္း ငါ့ကို ေပးႏိုင္မွာမွ မဟုတ္တာ"

Jimin က လက္ပိုက္ၿပီး ဧည့္ခန္းနားေလး တီဗီေရွ႕သြားကာ တီဗီေကာက္ဖြင့္လိုက္ေလသည္။ Jungkook ဘာမွဆက္မေျပာမိ သက္ျပင္းသာ ခိုးခ်လိုက္မိသည္။

"ဒါနဲ႔ စကားမစပ္ မင္းရည္းစားေဟာင္းဆိုတဲ့ ေကာင္မေလးနဲ႔ ငါ ေတြ႕ခဲ့တယ္"
"အင္း.. စီနီယာက ေျပာတယ္"
"အာ... သူကလည္း မင္းရဲ႕ စီနီယာလား ငါကလည္း မင္းရဲ႕ စီနီယာမလား"

Jimin စကားေၾကာင့္ Jungkook မ်က္လုံးတို႔ ဝိုင္းစက္သြားသည္။ Jimin အနားေျပးလာၿပီး Jimin လက္ကို ဆုပ္ကိုင္ကာ

"Hyung ျပန္သတိရၿပီလားဟင္"
"႐ူးေနတာလား.. ဟိုတခါ စာအုပ္ကို နည္းနည္း ဖတ္ထားလို႔ပါ"
"အာ... အဲ့လိုကိုး"
"Ya~~ က်ပ္မျပည့္ေကာင္ ငါက မွတ္မိစရာ ဒီေလာကနဲ႔ ပတ္သက္ၿပီး ဘာအသိဉာဏ္မွ မရွိဘူး ငါသိထားတဲ့ မွတ္ဉာဏ္ကို တမန္ေတာ္တစ္ေယာက္ ေသာက္႐ူးထၿပီး ေျပာင္းသြားတာ"

Jimin စကားကို Jungkook ဘာမွ ျပန္မေျပာမိ ၿပဳံးကာ ထမင္းသာ ခူးခပ္ေနေလသည္။

"အခု မင္း ငါ့ကို ရယ္ေနတာလား.. ငါ့ကို အ႐ူးလို သတ္မွတ္ၿပီး ဟားေနတယ္ေပါ့ ႂကြက္စုတ္ရဲ႕"
"ရယ္တာဟုတ္ေပမယ့္ ဟားတာေတာ့ မဟုတ္ပါဘူးဗ်ာ... ကြၽန္ေတာ့္ေယာက္်ားက အတိတ္ေမ့ေနတာေတာင္ တမ်ိဳး ခ်စ္စရာ ေကာင္းေနလို႔"

Jungkook စကားေၾကာင့္ Jimin ႏွာေခါင္းရႈံ႕လိုက္မိသည္။ ဒီအ႐ူးက တစ္မ်ိဳး...။

"ဒါနဲ႔ေလ Hyung.. မနက္ျဖန္ ညေန Gumeong Noona က အိမ္တက္ဖိတ္ထားတယ္ Hyung သြားခ်င္လားဟင္"
"က်စ္.. ရႈပ္ရႈပ္ယွက္ယွက္ေတြ"
"Hyung မသြားခ်င္ရင္ ကြၽန္ေတာ္လည္း မသြားပါဘူး.. သူေျပာတာကေတာ့ Hyung က သူနဲ႔ Hyung ၾကားက ဆက္ဆံေရး ျပန္စခ်င္တယ္လို႔ ေျပာတယ္ဆို အဲ့တာေၾကာင့္ သူက ဖိတ္တာေနမယ္"
"သူကအဲ့လိုေျပာတာလား.."
"အင္း သူ႔ၾကည့္ရတာေတာ့ သူကိုယ္တိုင္လည္း အကုန္လုံးကို ေျပလည္ခ်င္ၿပီထင္တယ္"
"ေႁမြေပြးမပဲ"

Jimin စကားေၾကာင့္ Jungkook ညစာစားပြဲျပင္ေနရာမွ မ်က္လုံးပင္ ျပဴးသြားသည္။

"ဟင္... ဘာလို႔လဲ Hyung .. Hyung က အဲ့လိုေျပာခဲ့တာ မဟုတ္ဘူးလား"
"ေျပာခဲ့ေပမယ့္... ထားလိုက္ေတာ့ ငါ လိုက္မယ္... ငါကေတာ္႐ုံဆို လူစည္ကားတဲ့ ေနရာမ်ိဳး ေရွာင္ေပမယ့္ ေႁမြေပြးမ ကို နည္းနည္းေလာက္ ပညာေပးခ်င္လို႔.."
"ျပသနာေတာ့ မရွာပါနဲ႔ Hyung ရယ္.. Hyung မႀကိဳက္ရင္ေလ ကြၽန္ေတာ္သူနဲ႔ လုံးဝ မပတ္သက္ပါဘူး"
"႐ူးေနတာလား.. ငါက မင္းေၾကာင့္ သူ႔ကို ျပသနာရွာမယ္ ထင္ေနတာလား... ေဝးေသး... မင္းကို ေရာင္းစားလို႔ရရင္ေတာင္ သူ႔ဆီသြားေရာင္းခ်င္ေသး"

မႏိုင္စိန္ ဂ်စ္တူးေလး စကားေၾကာင့္ Jungkook ရယ္႐ုံမွတပါး ဘာမွ ျပန္မေျပာႏိုင္။

"ဒါနဲ႔ ငါ သိခ်င္တာ တစ္ခုရွိတယ္.."
"ဘာကိုလဲ Hyung"

ထမင္းစားေနရင္း Jungkook ပလုတ္ပေလာင္း ျပန္ေျဖလိုက္ေပမယ့္ Jimin ပုံစံက နည္းနည္း တြန႔္ဆုတ္ေနသလို ေပၚတာမို႔ Jungkook ေစာင့္ေနသလို Jimin မ်က္ႏွာေလး ေငးေနလိုက္သည္။

"မင္းနဲ႔ သူ႔လို ေကာင္မေလး လွလွေလးနဲ႔ေတာင္ တြဲခဲ့တာကို ဘယ္လို ျဖစ္ၿပီး ေကြးသြားတာလဲ"

Jimin စကားေၾကာင့္ Jungkook က ေတာက္ပစြာၿပဳံးသြားေလသည္။ Jimin ကေတာ့ ထိုအၿပဳံးကို နားမလည္သလို မ်က္ေမွာင္ႀကဳံထားေလသည္။

"Hyung ျဖစ္ေနလို႔ေလ... ကြၽန္ေတာ့္ႏွလုံးသားကို သိမ္းပိုက္သြားတဲ့ သူက Hyung ျဖစ္ေနလို႔"

Jimin မ်က္ႏွာကို ေငးေမာေနသည့္ သမင္မ်က္လုံးဝိုင္းႀကီးေတြက ေတာက္ပၿပီး ခ်စ္စဖြယ္အတိပင္။ အနားက ေရခြက္နဲ႔ Jimin က ထို သမင္မ်က္လုံး ပိုင္ရွင္အား ပက္လိုက္ရင္း

"စားေသာက္ေနတဲ့ အခ်ိန္ ငါ့ကို ႐ြံ႕စရာေတြ လာေျပာေနတယ္ ေသခ်င္လို႔"
"အား.. Hyung ကလည္း တကယ္ေျပာတာကို.."

ထမင္းစားတန္းလန္းႀကီး ေရနဲ႔ အပက္ခံရသည္ကိုပင္ မ်က္ႏွာတစ္ခ်က္မပ်က္ ရယ္ေတာင္ရယ္ရင္း ေျဖလိုက္တဲ့ Jungkook ေၾကာင့္ Jimin ႏွာေခါင္း ရႈံ႕လိုက္မိပင္မယ့္ တၿပိဳင္နက္ ၿပဳံးလိုက္မိသည္။ ဒီေကာင္က တကယ္ အူေၾကာင္ေၾကာင္ပဲ..။

"ကြၽန္ေတာ္နဲ႔ Gumeong Noona က ငယ္ကတည္းက လူႀကီးခ်င္း သေဘာတူထားတာမို႔ မဟုတ္လည္း အခ်ိန္တန္ရင္ ယူရမွာပဲ ဆိုၿပီး တကၠသိုလ္ တက္တဲ့အခ်ိန္မွာ တြဲၾကည့္လိုက္တာ.. ကြၽန္ေတာ့္ဘက္က ဘာစိတ္မွ မရွိခဲ့ဘူး တကယ္.."
"မင္း မိဘေတြက အေကာင္းႀကိဳက္တာပဲ.. အဲ့ေကာင္မေလး က မင္းထက္စာရင္ ေငြရွိမယ့္ပုံပဲ"

Jimin ရဲ႕ မွတ္ခ်က္ေၾကာင့္ Jungkook ၿပဳံးလိုက္မိသည္။ အေကာင္းႀကိဳက္တာ ကြၽန္ေတာ့္ မိဘေတြ မဟုတ္ပါဘူး.. Gumeong ရဲ႕ မိဘေတြပါ...။ Jungkook ဒီကိစၥကိုေတာ့ ထုတ္မေျပာေတာ့ပဲ ေက်ာ္လိုက္သည္။

"Noona ကို တခါတေလ အပို႔အႀကိဳလုပ္ရင္း Hyung ကိုေတြ႕တာ.. ကြၽန္ေတာ့္အာ႐ုံထဲ မီးထိုးထားသလို လူေတြ အမ်ားႀကီးၾကားက Hyung ကိုပဲ ကြက္ၿပီး သတိထားမိခဲ့တာ.. ကြၽန္ေတာ့္ကို ဖမ္းစားလိုက္တဲ့ ႏႈတ္ခမ္းဖူးဖူးေလးက ေယာက္်ားေလး တစ္ေယာက္ျဖစ္ေနမယ္လို႔ တခါမွ မေတြးဖူးဘူး"

မ်က္လုံးခ်င္း ေသခ်ာစိုက္ၾကည့္ရင္း ေျပာေနတဲ့ Jungkook ပုံစံက တကယ္ အတည္ႀကီးေတြ ေျပာေနဟန္ေပၚသည္။ စကားအဆုံးမွာ တျဖည္းျဖည့္ ေရွ႕တိုးလာသည့္ ယုန္ငယ္ေလးကို Jimin ညာတာမႈကင္းမဲ့စြာ ဇြန္းျဖင့္ ေခါက္လိုက္ေလသည္။

"အား.. နာတယ္ Hyung ရဲ႕"
"ႏွာဗူးေကာင္ အားေန ငါ့ႏႈတ္ခမ္းပဲ ျပစ္မွားေနတာလား... အိုက္ဂူး.. ငါ လည္းေလ ေယာက္်ားယူျဖစ္မယ္လို႔ တခါမွ မေတြးဖူးဘူး ေယာက္်ားယူမယ့္အတူတူ ေငြရွိတဲ့ ေသခါနီး အဘိုးႀကီးကို ယူထားရင္လည္း ေတာ္ေသး.. မင္းလို အသက္ငယ္ငယ္နဲ႔ တစ္ျပားမွမရွိတဲ့ ႂကြက္စုတ္ ကို ယူထားတာ ေတြးလိုက္တိုင္း ယူႀကဳံးမရ.. ဟြန္း"

Jimin စကားကို Jungkook က ၿပဳံးလ်က္ပဲ

"ဘယ္တူမလဲ Hyung ရဲ႕.. ႀကီးတိုင္းေကာင္းတာမွ မဟုတ္တာ ကြၽန္ေတာ္က ငယ္ေပမယ့္ ေကာင္း.. အားး"

စကားမဆုံးခင္ ေခါင္းေပၚထပ္ေရာက္လာတဲ့ ဇြန္းပ်ံေၾကာင့္ Jungkook ဇက္ေလးပုထားလိုက္မိသည္။

"ငါ လုပ္ထလိုက္ရ ဘာေတြ လာေျပာေနတာလဲ ႏွာဗူးရဲ႕.. အဲ့လို ပေရာ္ပရီစကားေတြကိုေလ ငါ့ကို မိန္းကေလး တစ္ေယာက္က ေျပာတာပဲ ခံႏိုင္တယ္ ေယာက္်ားတစ္ေယာက္ေျပာတာကို မခံႏိုင္ဘူး"
"Hyung ကလည္း ကြၽန္ေတာ္က အသက္ေျပာတာကို"

ညစာစားၿပီး ပုံမွန္အတိုင္း အိပ္ရာဝင္ခဲ့ေပမယ့္ Jimin စိတ္ထဲ စြဲက်န္ေနသည့္ ျမင္ကြင္းက အာ႐ုံထဲမွ မထြက္ႏိုင္။ ၿပိဳင္ကားေပၚက Taehyung...။

"ဒီေကာင့္ကို နည္းနည္းတီးေခါက္ၾကည့္ၿပီး မေကာင္းတာလုပ္ေနတာ ေသခ်ာရင္ ရဲလက္ထဲ အပ္မယ္ ဘာညာ ၿခိမ္းေျခာက္ၿပီး ေငြညစ္ၾကည့္ရမလား.. ဒါမွမဟုတ္ ေငြရေအာင္ ငါပါ ဂိုဏ္းဝင္ရမလား"

Jimin အေတြးတို႔နဲ႔ အိပ္ရာဝင္ခဲ့ၿပီး အႀကံတို႔ျဖင့္ ႏိူးထလာခဲ့သည္။ အိပ္ရာက ေစာထေနသည့္ Jimin ကို Jungkook အံ့ဩသလို ေငးရင္း

"Hyung ထ တာ ေစာလွၿပီလား"
"အင္း.. ငါ အလုပ္ေစာေစာသြားၿပီး ႂကြက္ဖမ္းစရာ ရွိလို႔"
"ဟင္... Hoseok Hyung ဆိုင္မွာ ႂကြက္ေတြ ေသာင္းက်န္းေနလို႔လား.. မနက္စာေလးေတာ့ စားသြားပါဦး ကြၽန္ေတာ္ ျမန္ျမန္ျပင္ေပးမယ္"
"မစားေတာ့ဘူး.. ငါ့ကို ေငြနည္းနည္းပဲေပး ငါ ထမင္းလိပ္စားခ်င္လို႔"

Jungkook ခ်က္ျခင္း ေဘာင္းဘီ အိပ္ေထာင္ေလးႏိူက္ကာ ဝမ္တစ္ေသာင္းတန္ ငါး႐ြက္ ထုတ္ေပးလိုက္သည္။ Jimin က အံ့ဩသလိုၾကည့္ရင္း

"ဝိုး... သဲတစ္မႈန္စာေလာက္ေတာ့ အထင္ႀကီးသြားၿပီ ဝမ္ တစ္ေသာင္းေလာက္ပဲ ေပးမယ္ ထင္ေနတာ"
"Hyung စားခ်င္တာ စားရေအာင္လို႔ပါ... မနက္စာဆိုတာ အားရွိေအာင္ အမ်ားႀကီးစားရတယ္တဲ့"
"မွန္တယ္... ငါ့ အေစခံေလး ေတာ္တယ္.. ငါ ႂကြက္ဖမ္းသြားေတာ့မယ္ ဘိုင္ရီ"

တက္ႂကြစြာ ထြက္သြားသည့္ ဆရာႀကီး ေပါက္စကို ၾကည့္ရင္း Jungkook ၿပဳံးေနမိသည္။

"ဘာႂကြက္ဖမ္းမွာမို႔ ဒီေလာက္တက္ႂကြေနလဲ မသိေပမယ့္ အၿပဳံးေတြ ေပ်ာက္ေနတဲ့ ေမာင့္ေယာက္်ားေလးကို ၿပဳံးေအာင္လုပ္ေပးႏိုင္လို႔ ေက်းဇူးပါပဲ ႂကြက္ကေလးေရ"

Jimin တစ္ေယာက္ 24 hour စတိုးဆိုင္ေလးထဲ မေန႔က မဝယ္လိုက္ရတဲ့ မုန႔္ေတြ ဝယ္ရင္း ေပ်ာ္ျမဴးေနမိသည္။ ဘာေၾကာင့္မွန္း ေရေရရာရာ မသိ ေပ်ာ္ျမဴးေနမိတာကို သတိထားမိမွ Jimin သက္ျပင္းခ်လိုက္မိသည္။

"ငါ ဘာေတြလုပ္ေနတာလဲ.. Grazie က ဒီလို ဝမ္းငါးေသာင္းေလးအတြက္ ေပ်ာ္ျမဴးမယ့္ သူမ်ိဳး မဟုတ္ဘူး"

ကိုယ့္ကိုကိုယ္ တိုးညင္းစြာ သတိေပးရင္း Jimin ေခါင္းထဲ တစ္ခါမွ မေတြးဖူးတဲ့ အေတြးတစ္ခု ဝင္လာခဲ့သည္။ ဒါဆို.. တကယ္ Grazie က ဘယ္လို အေျခအေနမ်ိဳးမွာ ေပ်ာ္ျမဴးတတ္လဲ ဆိုသည့္ ေမးခြန္းပင္။ အမွန္အတိုင္း ဝန္ခံရရင္ သိတတ္စ အ႐ြယ္ကတည္း Joon ထက္သာဖို႔ ႀကိဳးစားလာသူ.. ဖိအားမ်ားနဲ႔ သူ႔ဘဝမွာ တစ္ခါမွ စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ျမဴးခဲ့ရတဲ့ အခ်ိန္ရယ္လို႔ မရွိခဲ့..။ အဲ့လိုျပန္ေတြးလိုက္ရင္ ဂ်ာမနီကို ျပန္ခ်င္စိတ္ဟာ ေပ်ာက္ဆုံးသြားျပန္သည္။

"မဟုတ္ဘူး မဟုတ္ဘူး... အဲ့လိုမေတြးနဲ႔ ငါမရွိရင္ Joon က ေသခ်ာေပါက္ ငါ့ေနရာကို ယူလိမ့္မယ္ ေပးလို႔ မျဖစ္ဘူး Alex Armanto လုပ္ငန္းစု အားလုံးရဲ႕ CEO က ငါပဲ ျဖစ္ရမယ္ အဲ့ဒါ ငါ့ရဲ႕ ေပ်ာ္႐ႊင္မႈပဲ"

ဆိုင္ေရွ႕ကေန ဝွီးကနဲ ျဖတ္သြားသည့္ ရင္းႏွီးၿပီးသား ၿပိဳင္ကားငယ္ေလးေၾကာင့္ Jimin အျမန္ေငြရွင္းကာ မေန႔က ၾကားလမ္းေလးထဲ ပုန္းေစာင့္ေနလိုက္သည္။ ထင္ထားသလိုပဲ Taehyung က ထိုၿပိဳင္ကားေလးထဲမွ ဆင္းလာေလသည္။ မိၿပီ ႂကြက္စုတ္...။

"မင္းလို ႂကြက္စုတ္က ဘယ္လိုျဖစ္ၿပီး ဒီလို တန္ဖိုးႀကီးကားေပၚက ဆင္းလာတာလဲ"
"ဘာလဲ လန႔္လိုက္တာ"

႐ုတ္တရပ္ လမ္းၾကားထဲမွ ထြက္လာတဲ့ Jimin ေၾကာင့္ Taehyung လန႔္သြားဟန္ေပၚသည္။

"ဆံပင္ဆိုင္သူေဌး ကို မိသားစု လုပ္ငန္းအဆင္မေျပလို႔ ခန႔္ထားပါဆိုၿပီး ငိုယို ခဲ့တယ္ဆို ဒါဆို ဒီကားႀကီးက မိုးေပၚက က်လာတာလား.. ထီေပါက္သြားလို႔လား"
"မင္း သိတယ္ေလ.. အတိတ္ေမ့သြားလို႔ ေမ့ေနတာကို"

Taehyung က ကေလးစိတ္ဆိုးသလို ႏႈတ္ခမ္းစူၿပီး ေျပာလိုက္တာမို႔ Jimin ႏွာေခါင္းရႈံ႕လိုက္မိသည္။

"အရင္က ငါဘာပဲ သိခဲ့သိခဲ့ အခုငါက ျပန္သိဖို႔ လိုတယ္.. ငါ့ကို ေျပာစမ္း မင္း တစ္ခုခု လုပ္ေနတာလား ဘာလုပ္ငန္းလဲ"
"ဘာလုပ္ငန္းမွ မလုပ္ဘူး.. အေဖဝယ္ေပးတာ"

Taehyung အေျဖေၾကာင့္ Jimin မယုံႏိုင္သလို မ်က္ဝန္းတို႔ ျပဴးက်ယ္သြားသည္။

"မိသားစုစီးပြါးေရးက အဆင္မေျပဘူးဆို ဆံပင္ဆိုင္သူေဌးက ေျပာတာ"
"အင္း... မိသားစုလုပ္ငန္း အဆင္မေျပဘူးဆိုတာ ငါနဲ႔ အဆင္မေျပတာေလ အေဖနဲ႔ အဆင္ေျပတယ္"

Jimin နားမလည္ေတာ့ ရႈပ္ေထြးလာသည္။ Taehyung က ခ်စ္စရာေကာင္းေအာင္ ၿပဳံးျပရင္း

"ငါတို႔က သူငယ္ခ်င္း ျဖစ္ဖို႔ ကံပါတာပဲ... မင္း အတိတ္မေမ့ခင္ကလည္း ငါကားနဲ႔ လာတဲ့အခ်ိန္ တိုက္ဆိုင္ၿပီး ေတြ႕သြားလို႔ လွ်ိဳ႕ဝွက္ေပးဖို႔ အကူအညီေတာင္းရင္း ငါတို႔ သူငယ္ခ်င္းျဖစ္သြားတာ ဟဲဟဲ.. အဲ့ေတာ့ အခုလည္း လွ်ိဳ႕ဝွက္ေပးမယ္မလား"

ခ်စ္စရာေကာင္းသည့္ဟန္မ်ိဳးစုံ လုပ္ျပရင္း ေတာင္းဆိုေနသည့္ Taehyung ကို Jimin နားမလည္စြာ ေမးလိုက္မိသည္။

"ဘာကို လွ်ိဳ႕ဝွက္ေပးရမွာလဲ ႂကြက္စုတ္ရဲ႕"
"Hoseok Hyung ကိုေပါ့... တကယ္က ငါတို႔ မိသားစုက ခ်မ္းသာတယ္.. ငါတို႔အေဖက သူေဌး.. ဒါေပမယ့္ Hoseok Hyung ကို ငါက သေဘာက်ေနလို႔ ခ်ဥ္းကပ္ခ်င္လို႔ လိမ္ၿပီး အတင္း အလုပ္ဝင္လုပ္ေနတာ ဟီး.. လွ်ိဳ႕ဝွက္ေပးေနာ္"

Taehyung စကားအဆုံးမွာ Jimin ၿငိမ္သက္ေနမိသည္။ ဒီ ႂကြက္စုတ္ေတာင္ ခ်မ္းသာေနတဲ့ ႏိုင္ငံမွာ ငါက ဘာလို႔ ႂကြက္တြင္းေလးထဲ မွာ ဟိုယုန္ႂကြက္စုတ္ေလးကို ယူထားၿပီး တူတူေန ေနရတာလဲ...။ ေလာကႀကီးက မတရားလိုက္တာ.. မဟုတ္ဘူး ဟို ေသာက္႐ူး တမန္ေတာ္က မတရားတာ..။ ........။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အရမ္းႀကီး ေနာက္က်သြားပါတယ္ ေဆာရီးပါေနာ္
မေန႔က ေဆးထိုးထားလို႔ လက္ေမာင္းတစ္ဖက္ေအာင့္ေနၿပီး စာမ႐ိုက္ႏိုင္လို႔ပါ.. စာလုံးေပါင္း အမွားပါလည္း ခြင့္လႊတ္ပါေနာ္ 💕

Continue Reading

You'll Also Like

391K 30.7K 40
jikook (yaoi) park jimin x jeon jung kook Start - 30/ November/2017 End - 12/ June /2020 Cover by myanmar novel
80.5K 20.1K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
157K 18.9K 51
ႏြံဆိုရင္​ ႏုန္​း​ေျမႏြံကအစ ဘ၀ႏြံအဆံုး အကုန္​​ေၾကာက္​တယ္​ နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်
257K 20.2K 30
Uni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆိုပါတော့ ဘယ်သူ့ဘယ်သူကိုမှ copy ထားတာမဟုတ်ပ...