Unicode
အခန်း(၄၇) - တစ်ခုခုဖြစ်သွားရင်တောင် ဘာမှမကြားရဘူး
သူ့အသေးလေးကို ရင်ခွင်ထဲ ထည့်ထားရတာကြောင့် ကျင်းယွမ်သည် အိပ်ယာပေါ်မှာ အေးခဲနေတဲ့ အသွင်ဖြင့် တောင့်တောင့်ကြီးလှဲနေရသည်။ သူ့နှဖူးကတော့ ချွေးစေးများပင် ထွက်လာလေပြီ။ သူလုံးဝကို မအိပ်ရသေးပေ။
ပျော်ရွှင်မှုတွေရော နာကျင်မှုတွေရောကြောင့် သူ့မျက်လုံးများက အာရုဏ်တက်ချိန် ရောက်သည်အထိ ပွင့်နေမိသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ပိုင်ရိဟန်က လွဲရင် ပိုင်မိသားစုက လူတိုင်းအတွက်တော့ အိပ်ပျက်ညဖြစ်ခဲ့လေသည်။
တောက်ပလှတဲ့ စောစောစီးစီး အချိန်မှာ ပန်ဒါမျက်လုံး လေးစုံက အတူတကွ စုရုံးနေကြသည်။ ပိုင်မိဘများ၊ပိုင်ယန်နှင့် ရွှယ်ချင်းတို့က သူတို့ရဲ့ ကိုယ်ပိုင် အမည်းကွင်းလေးများဖြင့် ဧည့်ခန်းထဲက ထိုင်ခုံပေါ်မှာ ထိုင်နေကြလေသည်။
တစ်ညလုံး မအိပ်ရသေးတဲ့ အန်တီယန်းကလည်း သူတို့ကို နွားနို့ပူပူလေး တစ်ခွက်ဆီလာပေးသည်။ နောက်ထပ် ပန်ဒါမျက်လုံးတစ်စုံ ထပ်ပေါ်လာခြင်းပဲ။
"အန်တီယန်း, ရှင့်ကြည့်ရတာ တော်တော်လေးဖြူဖျော့နေတယ်, အိပ်မပျော်ဘူးလား?" အမေက မေးလိုက်သည်။
"သခင်ငယ်လေးက ဒီလိုအခြေအနေ ဖြစ်နေမှာတော့ ကျွန်မဘယ်လိုများ အိပ်ပျော်နိုင်မှာလဲ? လှုပ်ရှားမှု နည်းနည်းလေးမျး ကြားရမလားလို့ တစ်ချိန်လုံး နားစွင့်ထားရတာ, အနည်းဆုံးတော့ တစ်ခုခု ဖြစ်လာရင် ကူညီပေးလို့ရမယ်လေ" အန်တီယန်းက အနည်းငယ် သန်းဝေရင်း ပြန်ဖြေလာသည်။
ဒါက ပိုင်မိသားစုသာဆိုရင်တော့ နားလည်လို့ရသည်။ တကယ်တော့လည်း သူတို့တွေက ဆွေမျိုးတွေဖြစ်ကြပြီး သူတို့မျက်လုံးထဲမှာ ပိုင်ရိဟန်က အမြဲတမ်း ပန်းသီးလေး ဖြစ်နေတာကြောင့် သူတို့စိတ်ပူပြီး အိပ်မရဘူးဆိုတာက ပုံမှန်ပင်။ ဒါပေမဲ့ အန်တီယန်းကတော့ သူတို့ရဲ့ အိမ်အကူတစ်ယောက်သာ ဖြစ်နေသည်။ အခြေခံအားဖြင့်တော့ ဒါက ငွေကြေးဆက်ဆံရေးတစ်ခုသာ။ သူမက ရိဟန်ကို အရမ်းစိုးရိမ်နေလို့ လုံးဝအိပ်မရဘူးဆိုတာကတင် သူမဘယ်လောက်တောင် ရိဟန်ကို ချစ်လဲဆိုတာ သက်သေပြနေသည်။ ပိုင်မိသားစုများမှာ ခံစားသွားရ၏။
"ရိဟန်ရဲ့ အခန်းက အသံလုံစနစ်တပ်ထားတာ, အကယ်၍ တစ်ခုခုဖြစ်ရင်တောင် ဘာသံမှကြားရမှာမဟုတ်ဘူး" ရွှယ်ချင်းက ရယ်မောပြီး ပြန်ပြောသည်။
"အာ, ကျွန်မက စိတ်ပူပြီး ရှုပ်ထွေးသွားတာ, ဘယ်လိုပဲဖြစ်ဖြစ်ပါ အကယ်၍ သခင်ငယ်လေးဆီမှာ တစ်ခုခုဖြစ်ရင် Mr မုက တစ်ယောက်ယောက်ကို ကျိန်းသေခေါ်မှာပဲလေ" အန်တီယန်းက ပြောလေ၏။
"အမှန်ပဲ, တစ်ညလုံး ဘာသံမှ မကြားရဘူးဆိုတော့ ကျင်းယွမ်က ရိဟန်ကို အိပ်ပျော်သွားအောင် ချော့သိပ်လိုက်လို့ဖြစ်မယ်" ယန်က ခေါင်းညိတ်ထောက်ခံသည်။
"ကျင်းယွမ်က ဟန်ဟန်ကို အရမ်းဂရုစိုက်တာ ပြီးတော့ သူက ဟန်ဟန်ကို ဖြေရှင်းတဲ့နေရာမှာလည်း အကောင်းဆုံးပဲ, သူသာအနားမှာရှိရင် ဟန်ဟန်အဆင်ပြေမှာပါ" ဖုရဲန်ကလည်း သဘောတူသည်။
အမေနဲ့ယန်ကလည်း လက်ခံဟန်ဖြင့် ခေါင်းတစ်ငြိမ့်ငြိမ့် ဖြစ်နေကြသည်။ သူတို့က ကျင်းယွမ်ကို အရမ်းယုံကြည်တယ်ဆိုတာ ရှင်းလင်းလှလေသည်။
ထိုအချိန်မှာ ရွှယ်ချင်းကတော့ စိတ်ထဲကနေ ခါးသက်သက် ရယ်မောနေမိသည်။
ကျင်းယွမ်က အငယ်လေးအပေါ်မှာ ဘယ်လိုခံစားရမှန်းသာသိရင် သူ့အပေါ် ဒီလောက် ယုံကြည်မှာမဟုတ်ဘူး, ဒါပေမဲ့ ကျင်းယွမ်က ဟန်ဟန်ကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာကို အခြေခံရရင်တော့ သူတို့မရှိတဲ့အချိန် အငယ်လေးကို အခွင့်အရေး မယူလောက်ပါဘူး, သူမလည်း အဲ့ဒါကြောင့် မစိုးရိမ်တာ
မဟုတ်ရင် , အဲ့ဒီကနေက သူမထွက်လာမှာမဟုတ်ဘူး
ပိုင်သခင်မလေးက ဘယ်လောက်ပဲ ထက်မြက်ပါစေ ဘာတွေဖြစ်သွားမှန်း လုံးဝတွေးကြည့်မိမှာတောင် မဟုတ်ဘူး
ကျင်းယွမ်က ရိဟန်ကို အခွင့်အရေးတော့ မယူပါဘူး ဒါပေမဲ့ ရိဟန်က သူ့ကိုမြူစွယ်ဖို့ ကြိုးစားရင်တော့ သူ့ကိုယ်သူ ထိန်းနိုင်မှာမဟုတ်ဘူးလေ။ သူမက ချစ်ရတဲ့သူအပေါ် တွန်းလှန်နိုင်တဲ့ အမျိုးသားတစ်ယောက်ရဲ့ စွမ်းရည်ကို အတွက်လွန်သွားခြင်းသာ။
သူမက အာရုံပျံ့လွင့်နေတဲ့ အချိန်မှာပဲ မိသားစုရဲ့ ခေါင်းစဉ်က ပြောင်းလဲသွားလေပြီ။ သူမသတိပြန်ဝင်လာတဲ့အချိန်မှာတော့ ဖုရဲန်၏ရေရွတ်သံကို ကြားလိုက်ရ၏။
"ဖုန်းချွင်က ဘာဖြစ်သွားတာလဲ? သူကဟန်ဟန်ကို မကျေနပ်တာရှိလို့လား?ဟန်ဟန်ရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေက သူနဲ့သက်ဆိုင်နေတာလား?"
"ကျွန်တော်အရင်တုန်းက ဖုန်းချွင်ကို စောင့်ကြည့်ခဲ့ဘူးတယ်, သူက ဖုန်းမိသားစုရဲ့ အကြီးဆုံးသား, ပုံမှန်ဆိုရင်တော့ ရိဟန်နောက်မှာ အိမ်မွေးခွေးလိုမျိုး လိုက်နေတာကို မြင်နေကြပဲ, သူက ရိဟန်ကို အရေခမ်းအောင်လုပ်ပြီး ပိုင်မိသားစုဆီက အကျိုးအမြတ်တစ်ချို့ လိုချင်နေတာ, ကျွန်တော်ကသူ့ကို အန္တာရယ်မရှိလောက်ဘူးလို့ ထင်ခဲ့မိတယ်, အဲ့ဒါကြောင့် သူ့ကိုလစ်လျူရှုထားလိုက်တာ, သူက ရိဟန်ကို ထိခိုက်အောင် လုပ်ရဲမယ်လို့ မထင်လိုက်မိဘူး!" ယန်က ဒေါသတကြီးပြောသည်။
"ဖုန်းမိသားစု...အဲံဒါဆောက်လုပ်ရေးအပိုင်းက တစ်ယောက်မှတ်လား?" ဖုရဲန်ကပြောသည်။
"ဟုတ်တယ်, ဒီအတိုင်း သာမာန်မိသားစုတစ်ခုပါ, ထူးခြားတာ ဘာမှမရှိဘူး, သူတို့က ဘာမှလုပ်ရဲမှာ မဟုတ်လောက်ဘူးလို့ ကျွန်တော် ထင်ခဲ့မိတာ, ဒါပေမဲ့...." ယန်ရဲ့အသံက တိုးဝင်သွားသည်။
"မင်းမမှားပါဘူး, သူတို့မှာသတ္တိမရှိတာသေချာတယ်, ပိုင်မိသားစုကို ဆန့်ကျင်တယ်ဆိုတာက သူတို့ကိုပဲ ပြန်ထိမှာ..... ဒီကိစ္စက ဖုန်းမိသားစုရဲ့ ရည်ရွယ်ချက် မဟုတ်လောက်ဘူး" ဖုရဲန်ကပြောသည်။
"အကယ်၍ အဲ့ဒါက မိသားစုရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးဆိုရင် ဖုန်းချွင်တစ်ယောက်တည်းပဲလို့ ဆိုလိုတာလား? သူကိုယ်သူ ခွေးတစ်ကောင်လို ပြုမူနေရတယ်ဆိုပြီး ဟန်ဟန်ကို အညှိုးထားနေတာလား? ဘယ်သူက သူ့ကို အဲ့ဒီလိုလုပ်ဖို့ တိုက်တွန်းနေလို့လဲ? မဟုတ်သေးပါဘူး, သူကသာ ဟန်ဟန်ဆီကို တက်တက်ကြွကြွ အပြေးအလွှား လာနေပြီးတော့!" ရွှယ်ချင်းက ဝင်ပြောသည်။
"အဲ့ဒီလိုလူမျိုးက သေချာပေါက် စိတ်ကျန်းမာရေးမကောင်းတာ သေချာတယ်! သူဘယ်လိုပြင်းထန်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့လဲ ဆိုတာ ဘယ်သူသိမှာလဲ? ငါတို့သူ့ကို စောတုန်းပဲ ဂရုစိုက်လိုက်သင့်တယ် " အမေက အံကိုကြိတ်ပြီး ပြော၏။
"အမေမှန်တယ်" ယန်ကပြောသည်။
"သူ့ကိုဒီအတိုင်း ဆက်ထားတာက ဖုံးကွယ်ထားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလိမ့်မယ်, ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းမှဖြစ်မယ်"
ရွှယ်ချင်းက ဆိုဖာလက်ရမ်းအား ရိုက်ချလိုက်သည်။
"အငယ်လေးကို အရမ်းစိတ်ပူသွားမိလို့ ဟိုခွေးကောင်ကို သင်ခန်းစာ မပေးလိုက်ရဘူး, သူအခု ဘယ်ကိုထွက်ပြေးသွားတယ်ဆိုတာ နတ်ဘုရားပဲ သိလိမ့်မယ်"
=============
အခန်း(၄၈) - ဒါဘာလဲ?
ယန်က ရွှယ်ချင်းရဲ့လက်ကို ပုတ်ပေးလိုက်သည်။
"အလျင်မလိုနဲ့, သူမပြေးနိုင်ပါဘူး"
ထိုအချိန်မှာပဲ လှေကားဆီက အသံတစ်ခုက မိသားစုရဲ့ အာရုံကို ဆွဲဆောင်သွားသည်။ ကျင်းယွမ်က ရိဟန်ရဲ့ အခန်းထဲကနေ ထွက်လာပြီး အောက်ထပ်ကို ဆင်းလာ၏။ လူအုပ်က လှည့်ကြည့်ကြသည်။
နောက်ထပ် ပန်ဒါမျက်လုံးတစ်စုံပဲ
ပိုင်အိမ်တော်ရဲ့ ပုံမှန်အိမ်သားတစ်ဦးအနေနဲ့ အိမ်တော်တွင် ကျင်းယွမ်ရဲ့ အဝတ်များရှိတာကြောင့် သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အဝတ်အစား လဲလှယ်နိုင်သည်။ သူအောက်ဆင်းလာတဲ့ အချိန်မှာတော့ သူ့ကိုယ်သူ ဆေးကြောသုတ်သင်ပြီးသွားပြီဖြစ်ကာ အင်္ကျီအသစ်များပင် လဲလှယ်ပြီးလေပြီ။
"ဟန်ဟန် ဘယ်လိုနေသေးလဲ?" အမေက အလျင်စလို မေးသည်.
"သူအဆင်ပြေပါတယ်, အိပ်ပျော်နေတယ်" ကျင်းယွမ်ကပြန်ဖြေ၏။
အုပ်စုက စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။ အမေက ကျင်းယွမ်ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ မျက်နှာ (မကျေမနပ်ဖြစ်နေတဲ့မျက်နှာ) ကိုကြည့်ပြီး သူမရဲ့နှလုံးသားက အားနာနေမိသည်။
ဒီကလေးကို ကြည့်ပါဦး, သူ့မှာအင်္ကျီတောင် လဲလိုက်ရတယ်, သူမရဲ့ အငယ်ဆုံးလေးက ဘယ်လောက်တောင် ဖြေရှင်းရခက်ခဲလဲဆိုတာ ဘယ်သူမဆို ချက်ချင်းပြောနိုင်လိမ့်မယ်
အနီးကပ်ကြည့်လေလေ သူမရဲ့ အားနာမှုက တိုးမြှင့်လာလေလေပင်။ သူမကရဲ့ နှလံးသားက အေးခဲသွားရသည်။
ကျင်းယွမ်ရဲ့ အင်္ကျီကော်လာအပေါ်နားက လည်ပင်းပေါ်မှာ သွေးထွက်နေတဲ့ လက်သည်းရာတွေ!
"ကျင်းယွမ်, သားလည်ပင်းက ဘာဖြစ်တာလဲ?" အမေက ထိတ်လန့်တကြားမေးသည်။
"ဟန်ဟန်လုပ်လိုက်တာလား? အဲ့ဒီကလေးကတော့လေ! သားဆေးလိမ်းပြီးသွားပြီလား?"
အမေရဲ့ ရုတ်တရက်မေးခွန်းကြောင့် ကျင်းယွမ်ရဲပလည်ပင်းအား လူတိုင်းလှမ်းကြည့်မိကြသည်။ မေးခွန်းမေးခံရတဲ့သူက သူ့လက်ကို မြှောက်၍ လည်ပင်းပေါ်က ဒဏ်ရာအား ထိကြည့်မိလေသည်။
"ရပါတယ်" သူက အပြုံးနဲ့ပြောသည်။
"ဒီအတိုင်း ဒဏ်ရာသေးသေးလေးပါ,ဘာဆေးမှမလိုပါဘူး"
ရွှယ်ချင်းသည်လည်း ကျင်းယွမ်ရဲ့ လည်ပင်းအား လှည့်ကြည့်မိသည်။ သူမရဲ ရှုထောင့်ကနေဆိုရင် ကျင်းယွမ်ရဲ့ အနည်းငယ် ပွင့်နေတဲ့ ကော်လာကနေ သူ့ရဲ့ အလွန် sexy ကျတဲ့ ညှပ်ရိုးကို လှမ်းမြင်နေရ၏။ ဒါပေမဲ့ အဲ့ဒါက အဓိက အချက်မဟုတ်ဘူး, အဓိက အချက်က အဲ့ဒီညှပ်ရိုးပေါ်မှာ လတ်လတ်ဆတ်ဆတ် သွားရာရှိနေတယ်!
သူမရဲ့ ဦးနှောက်ထဲမှာ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုင်ခုံကနေ ဆတ်ခနဲ ထမိသွားသည်။
သူမရဲ့ ရုတ်တရက် လှုပ်ရှားမှုကြောင့် လူတိုင်းထိတ်လန့်ကုန်ကြတော့သည်။
"ဘာလို့ထခုန်တာလဲ,ရွှယ်ချင်း? ငါ့ကိုလန့်အောင်လုပ်နေတာပဲ" အမေက စိတ်ရှုပ်စွာဖြင့်ပြောသည်။
ရွှယ်ချင်းရဲ့စိတ်ကတော့ ထိုစက္ကန့်အနည်းငယ် အတွင်းမှာ အလင်းအလျင်ဖြင့် ပျံသန်းသွားနေပြီ။ သူမကသူမရဲ့ မိသားစုကို လှည့်ကြည့်မိသည်။ လူတိုင်းက ပုံမှန်အတိုင်းပဲ...သူတို့တွေ အခုထိ မသိသေးတာပဲဖြစ်မယ်
သူမက တစ်ခုခုပြောဖို့ ပြင်လိုက်တဲ့အချိန်မှာ ကျင်းယွမ်က သူမကို တောင်းပန်တိုးလျိုးဟန်ဖြင့် လှမ်းကြည့်လာသည်။
ထိုထူးခြားတဲ့ အသံသြရှရှက ထွက်ပေါ်လာပြီး ပြောလာ၏။
"အန်ကယ်, အန်တီ, ရွယ်ချင်း, ကျွန်တော့မှာ ပြောစရာလေးရှိလို့ပါ"
ထိုသွားရာ အမှတ်အသားများကြောင့် သူဘာပြောတော့မှာလဲ ဆိုတာကို ရွယ်ချင်းက မိန်းကလေးတို့ သဘာဝအရ သိလိုက်သည်။ သူမက အများကြီး မတွေးမိတော့ပေ။ ချက်ချင်း အနားကို ထသွားပြီး ကျင်းယွမ်ရဲ့ လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။
"ငါနဲ့လိုက်ခဲ့, ကျင်းယွမ်" သူမကပြောလိုက်သည်။
"ငါနင့်ကိုပြောစရာရှိတယ်" ထို့သို့ပြောရင်းဖြင့် သူမက သူ့ကို ဆိုဖာဘေးကနေ ဆွဲထုတ်သွားတော့သည်။
"အဲ့ဒီကောင်မလေးကလေ ဘယ်လိုထိန်းသိမ်းရမလဲ မသိဘူး" အမေက အပြုံးနဲဆူပူ၏
"ဘယ်နှစ်ခုနှစ်ဖြစ်နေပြီလဲ?ဒီခေတ်မှာ ဘယ်မိန်းကလေးမှ ယဉ်ကျေးသိမ်မွေ့တဲ့ ပုံစံကို မပြတော့ဘူး" ဖုရဲန်က ရယ်မောပြီး မှတ်ချက်ချသည်။
အမေက ဖုရဲန်၏ စကားအား စဉ်းစားလိုက်လေသည်။
"အမှန်ပဲ, ကြိုက်တဲ့သူကိုတွေ့တာနဲ့ ချက်ချင်းသာရအောင်ယူပစ်, အဲ့ဒါမှ လိုချင်တာကိုရမှာ" အမေကပြောလာသည်။
ဖုရဲန်: "..." ငါပြောချင်တာ အဲ့ဒီလိုမဟုတ်ဘူး
ဒါပေမဲ့ သူ့ရဲ့ချစ်ဇနီးလေးက အဲ့ဒီတုန်းကလည်း သူ့ကိုပုံစံတူ လုပ်ခဲ့ပုံပဲ, ဟား, သူတို့တွေအခု အိုသွားပြီ, သူဘယ်လိုလုပ်ရမလဲ? ရုတ်တရက် အရမ်းရှက်ဖို့ကောင်းသလိုပဲ
ယန် ; ငါမရှိဘူး
***
ရွှယ်ချင်းက ကျင်းယွမ်အား သူမရဲ့ အခန်းဆီရောက်သည်အထိ တောက်လျှောက်ဆွဲခေါ်လာသည်။ သူမက တံခါးအား ပြင်းပြင်းထန်ထန် စောင့်ပိတ်လိုက်၏။ ကျင်းယွမ်ကတော့ လက်ရှိမှာ အပြစ်ရှိသလို ခံစားရတာကြောင့် ဒီအတိုင်းသာ နောက်ကလိုက်ပါသွားသည်။
သူမက တံခါးမှာ မတ်တပ်ရပ်လိုက်သည်။ သူမရဲ့ ခေါင်းအား လက်ဖဝါးထဲ ထည့်လိုက်ပြီး ထိုအတိုင်းပဲ အချိန်အတော်လေး ကြာသည်အထိ နေနေမိ၏။ ပြီးမှသာ ကျင်းယွမ်ရဲ့ အနားသို့တိုးသွားကာ သူမရဲ့ သေးသွယ်သော လက်ချောင်းနှစ်ချောင်းဖြင့် သူရဲ့ရှပ်အင်္ကျီကော်လာအား ဆွဲချလိုက်သည်။
"ငါ့ကိုပြော,ဒါဘာလဲ?"
7.10.2021
===========
Zawgyi
အခန္း(၄၇) - တစ္ခုခုျဖစ္သြားရင္ေတာင္ ဘာမွမၾကားရဘူး
သူ႔အေသးေလးကို ရင္ခြင္ထဲ ထည့္ထားရတာေၾကာင့္ က်င္းယြမ္သည္ အိပ္ယာေပၚမွာ ေအးခဲေနတဲ့ အသြင္ျဖင့္ ေတာင့္ေတာင့္ႀကီးလွဲေနရသည္။ သူ႔ႏွဖူးကေတာ့ ေခၽြးေစးမ်ားပင္ ထြက္လာေလၿပီ။ သူလံုးဝကို မအိပ္ရေသးေပ။
ေပ်ာ္ရႊင္မႈေတြေရာ နာက်င္မႈေတြေရာေၾကာင့္ သူ႔မ်က္လံုးမ်ားက အာ႐ုဏ္တက္ခ်ိန္ ေရာက္သည္အထိ ပြင့္ေနမိသည္။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတဲ့ ပိုင္ရိဟန္က လြဲရင္ ပိုင္မိသားစုက လူတိုင္းအတြက္ေတာ့ အိပ္ပ်က္ညျဖစ္ခဲ့ေလသည္။
ေတာက္ပလွတဲ့ ေစာေစာစီးစီး အခ်ိန္မွာ ပန္ဒါမ်က္လံုး ေလးစံုက အတူတကြ စုရံုးေနၾကသည္။ ပိုင္မိဘမ်ား၊ပိုင္ယန္ႏွင့္ ရႊယ္ခ်င္းတို႔က သူတို႔ရဲ႔ ကိုယ္ပိုင္ အမည္းကြင္းေလးမ်ားျဖင့္ ဧည့္ခန္းထဲက ထိုင္ခံုေပၚမွာ ထိုင္ေနၾကေလသည္။
တစ္ညလံုး မအိပ္ရေသးတဲ့ အန္တီယန္းကလည္း သူတို႔ကို ႏြားႏို႔ပူပူေလး တစ္ခြက္ဆီလာေပးသည္။ ေနာက္ထပ္ ပန္ဒါမ်က္လံုးတစ္စံု ထပ္ေပၚလာျခင္းပဲ။
"အန္တီယန္း, ရွင့္ၾကည့္ရတာ ေတာ္ေတာ္ေလးျဖဴေဖ်ာ့ေနတယ္, အိပ္မေပ်ာ္ဘူးလား?" အေမက ေမးလိုက္သည္။
"သခင္ငယ္ေလးက ဒီလိုအေျခအေန ျဖစ္ေနမွာေတာ့ ကၽြန္မဘယ္လိုမ်ား အိပ္ေပ်ာ္ႏိုင္မွာလဲ? လႈပ္ရွားမႈ နည္းနည္းေလးမ်း ၾကားရမလားလို႔ တစ္ခ်ိန္လံုး နားစြင့္ထားရတာ, အနည္းဆံုးေတာ့ တစ္ခုခု ျဖစ္လာရင္ ကူညီေပးလို႔ရမယ္ေလ" အန္တီယန္းက အနည္းငယ္ သန္းေဝရင္း ျပန္ေျဖလာသည္။
ဒါက ပိုင္မိသားစုသာဆိုရင္ေတာ့ နားလည္လို႔ရသည္။ တကယ္ေတာ့လည္း သူတို႔ေတြက ေဆြမ်ိဳးေတြျဖစ္ၾကၿပီး သူတို႔မ်က္လံုးထဲမွာ ပိုင္ရိဟန္က အၿမဲတမ္း ပန္းသီးေလး ျဖစ္ေနတာေၾကာင့္ သူတို႔စိတ္ပူၿပီး အိပ္မရဘူးဆိုတာက ပံုမွန္ပင္။ ဒါေပမဲ့ အန္တီယန္းကေတာ့ သူတို႔ရဲ႔ အိမ္အကူတစ္ေယာက္သာ ျဖစ္ေနသည္။ အေျခခံအားျဖင့္ေတာ့ ဒါက ေငြေၾကးဆက္ဆံေရးတစ္ခုသာ။ သူမက ရိဟန္ကို အရမ္းစိုးရိမ္ေနလို႔ လံုးဝအိပ္မရဘူးဆိုတာကတင္ သူမဘယ္ေလာက္ေတာင္ ရိဟန္ကို ခ်စ္လဲဆိုတာ သက္ေသျပေနသည္။ ပိုင္မိသားစုမ်ားမွာ ခံစားသြားရ၏။
"ရိဟန္ရဲ႔ အခန္းက အသံလံုစနစ္တပ္ထားတာ, အကယ္၍ တစ္ခုခုျဖစ္ရင္ေတာင္ ဘာသံမွၾကားရမွာမဟုတ္ဘူး" ရႊယ္ခ်င္းက ရယ္ေမာၿပီး ျပန္ေျပာသည္။
"အာ, ကၽြန္မက စိတ္ပူၿပီး ရႈပ္ေထြးသြားတာ, ဘယ္လိုပဲျဖစ္ျဖစ္ပါ အကယ္၍ သခင္ငယ္ေလးဆီမွာ တစ္ခုခုျဖစ္ရင္ Mr မုက တစ္ေယာက္ေယာက္ကို က်ိန္းေသေခၚမွာပဲေလ" အန္တီယန္းက ေျပာေလ၏။
"အမွန္ပဲ, တစ္ညလံုး ဘာသံမွ မၾကားရဘူးဆိုေတာ့ က်င္းယြမ္က ရိဟန္ကို အိပ္ေပ်ာ္သြားေအာင္ ေခ်ာ့သိပ္လိုက္လို႔ျဖစ္မယ္" ယန္က ေခါင္းညိတ္ေထာက္ခံသည္။
"က်င္းယြမ္က ဟန္ဟန္ကို အရမ္းဂ႐ုစိုက္တာ ၿပီးေတာ့ သူက ဟန္ဟန္ကို ေျဖရွင္းတဲ့ေနရာမွာလည္း အေကာင္းဆံုးပဲ, သူသာအနားမွာရွိရင္ ဟန္ဟန္အဆင္ေျပမွာပါ" ဖုရဲန္ကလည္း သေဘာတူသည္။
အေမနဲ႔ယန္ကလည္း လက္ခံဟန္ျဖင့္ ေခါင္းတစ္ၿငိမ့္ၿငိမ့္ ျဖစ္ေနၾကသည္။ သူတို႔က က်င္းယြမ္ကို အရမ္းယံုၾကည္တယ္ဆိုတာ ရွင္းလင္းလွေလသည္။
ထိုအခ်ိန္မွာ ရႊယ္ခ်င္းကေတာ့ စိတ္ထဲကေန ခါးသက္သက္ ရယ္ေမာေနမိသည္။
က်င္းယြမ္က အငယ္ေလးအေပၚမွာ ဘယ္လိုခံစားရမွန္းသာသိရင္ သူ႔အေပၚ ဒီေလာက္ ယံုၾကည္မွာမဟုတ္ဘူး, ဒါေပမဲ့ က်င္းယြမ္က ဟန္ဟန္ကို ဘယ္ေလာက္ တန္ဖိုးထားလဲ ဆိုတာကို အေျခခံရရင္ေတာ့ သူတို႔မရွိတဲ့အခ်ိန္ အငယ္ေလးကို အခြင့္အေရး မယူေလာက္ပါဘူး, သူမလည္း အဲ့ဒါေၾကာင့္ မစိုးရိမ္တာ
မဟုတ္ရင္ , အဲ့ဒီကေနက သူမထြက္လာမွာမဟုတ္ဘူး
ပိုင္သခင္မေလးက ဘယ္ေလာက္ပဲ ထက္ျမက္ပါေစ ဘာေတြျဖစ္သြားမွန္း လံုးဝေတြးၾကည့္မိမွာေတာင္ မဟုတ္ဘူး
က်င္းယြမ္က ရိဟန္ကို အခြင့္အေရးေတာ့ မယူပါဘူး ဒါေပမဲ့ ရိဟန္က သူ႔ကိုျမဴစြယ္ဖို႔ ႀကိဳးစားရင္ေတာ့ သူ႔ကိုယ္သူ ထိန္းႏိုင္မွာမဟုတ္ဘူးေလ။ သူမက ခ်စ္ရတဲ့သူအေပၚ တြန္းလွန္ႏိ္ုင္တဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႔ စြမ္းရည္ကို အတြက္လြန္သြားျခင္းသာ။
သူမက အာရံုပ်ံ႔လြင့္ေနတဲ့ အခ်ိန္မွာပဲ မိသားစုရဲ႔ ေခါင္းစဥ္က ေျပာင္းလဲသြားေလၿပီ။ သူမသတိျပန္ဝင္လာတဲ့အခ်ိန္မွာေတာ့ ဖုရဲန္၏ေရရြတ္သံကို ၾကားလိုက္ရ၏။
"ဖုန္းခၽြင္က ဘာျဖစ္သြားတာလဲ? သူကဟန္ဟန္ကို မေက်နပ္တာရွိလို႔လား?ဟန္ဟန္ရဲ႔ ပံုမွန္မဟုတ္တဲ့ အျပဳအမူေတြက သူနဲ႔သက္ဆိုင္ေနတာလား?"
"ကၽြန္ေတာ္အရင္တုန္းက ဖုန္းခၽြင္ကို ေစာင့္ၾကည့္ခဲ့ဘူးတယ္, သူက ဖုန္းမိသားစုရဲ႔ အႀကီးဆံုးသား, ပံုမွန္ဆိုရင္ေတာ့ ရိဟန္ေနာက္မွာ အိမ္ေမြးေခြးလိုမ်ိဳး လိုက္ေနတာကို ျမင္ေနၾကပဲ, သူက ရိဟန္ကို အေရခမ္းေအာင္လုပ္ၿပီး ပိုင္မိသားစုဆီက အက်ိဳးအျမတ္တစ္ခ်ိဳ႔ လိုခ်င္ေနတာ, ကၽြန္ေတာ္ကသူ႔ကို အႏာၱရယ္မရွိေလာက္ဘူးလို႔ ထင္ခဲ့မိတယ္, အဲ့ဒါေၾကာင့္ သူ႔ကိုလစ္လ်ဴရွဳထားလိုက္တာ, သူက ရိဟန္ကို ထိခိုက္ေအာင္ လုပ္ရဲမယ္လို႔ မထင္လိုက္မိဘူး!" ယန္က ေဒါသတႀကီးေျပာသည္။
"ဖုန္းမိသားစု...အဲံဒါေဆာက္လုပ္ေရးအပိုင္းက တစ္ေယာက္မွတ္လား?" ဖုရဲန္ကေျပာသည္။
"ဟုတ္တယ္, ဒီအတိုင္း သာမာန္မိသားစုတစ္ခုပါ, ထူးျခားတာ ဘာမွမရွိဘူး, သူတို႔က ဘာမွလုပ္ရဲမွာ မဟုတ္ေလာက္ဘူးလို႔ ကၽြန္ေတာ္ ထင္ခဲ့မိတာ, ဒါေပမဲ့...." ယန္ရဲ႔အသံက တိုးဝင္သြားသည္။
"မင္းမမွားပါဘူး, သူတို႔မွာသတၱိမရွိတာေသခ်ာတယ္, ပိုင္မိသားစုကို ဆန္႔က်င္တယ္ဆိုတာက သူတို႔ကိုပဲ ျပန္ထိမွာ..... ဒီကိစၥက ဖုန္းမိသားစုရဲ႔ ရည္ရြယ္ခ်က္ မဟုတ္ေလာက္ဘူး" ဖုရဲန္ကေျပာသည္။
"အကယ္၍ အဲ့ဒါက မိသားစုရဲ႔ ရည္ရြယ္ခ်က္ မဟုတ္ဘူးဆိုရင္ ဖုန္းခၽြင္တစ္ေယာက္တည္းပဲလို႔ ဆိုလိုတာလား? သူကိုယ္သူ ေခြးတစ္ေကာင္လို ျပဳမူေနရတယ္ဆိုၿပီး ဟန္ဟန္ကို အၫွိုးထားေနတာလား? ဘယ္သူက သူ႔ကို အဲ့ဒီလိုလုပ္ဖို႔ တိုက္တြန္းေနလို႔လဲ? မဟုတ္ေသးပါဘူး, သူကသာ ဟန္ဟန္ဆီကို တက္တက္ႂကြႂကြ အေျပးအလႊား လာေနၿပီးေတာ့!" ရႊယ္ခ်င္းက ဝင္ေျပာသည္။
"အဲ့ဒီလိုလူမ်ိဳးက ေသခ်ာေပါက္ စိတ္က်န္းမာေရးမေကာင္းတာ ေသခ်ာတယ္! သူဘယ္လိုျပင္းထန္တဲ့ လုပ္ရပ္ေတြ လုပ္ခဲ့လဲ ဆိုတာ ဘယ္သူသိမွာလဲ? ငါတို႔သူ႔ကို ေစာတုန္းပဲ ဂ႐ုစိုက္လိုက္သင့္တယ္ " အေမက အံကိုႀကိတ္ၿပီး ေျပာ၏။
"အေမမွန္တယ္" ယန္ကေျပာသည္။
"သူ႔ကိုဒီအတိုင္း ဆက္ထားတာက ဖံုးကြယ္ထားတဲ့ ၿခိမ္းေျခာက္မွဳတစ္ခု ျဖစ္ေနလိမ့္မယ္, ကၽြန္ေတာ္တို႔ တတ္ႏိုင္သမွ် အျမန္ဆံုး ေျဖရွင္းမွျဖစ္မယ္"
ရႊယ္ခ်င္းက ဆိုဖာလက္ရမ္းအား ႐ိုက္ခ်လိုက္သည္။
"အငယ္ေလးကို အရမ္းစိတ္ပူသြားမိလို႔ ဟိုေခြးေကာင္ကို သင္ခန္းစာ မေပးလိုက္ရဘူး, သူအခု ဘယ္ကိုထြက္ေျပးသြားတယ္ဆိုတာ နတ္ဘုရားပဲ သိလိမ့္မယ္"
=============
အခန္း(၄၈) - ဒါဘာလဲ?
ယန္က ရႊယ္ခ်င္းရဲ႔လက္ကို ပုတ္ေပးလိုက္သည္။
"အလ်င္မလိုနဲ႔, သူမေျပးႏိုင္ပါဘူး"
ထိုအခ်ိန္မွာပဲ ေလွကားဆီက အသံတစ္ခုက မိသားစုရဲ႔ အာရံုကို ဆြဲေဆာင္သြားသည္။ က်င္းယြမ္က ရိဟန္ရဲ႔ အခန္းထဲကေန ထြက္လာၿပီး ေအာက္ထပ္ကို ဆင္းလာ၏။ လူအုပ္က လွည့္ၾကည့္ၾကသည္။
ေနာက္ထပ္ ပန္ဒါမ်က္လံုးတစ္စံုပဲ
ပိုင္အိမ္ေတာ္ရဲ႔ ပံုမွန္အိမ္သားတစ္ဦးအေနနဲ႔ အိမ္ေတာ္တြင္ က်င္းယြမ္ရဲ႔ အဝတ္မ်ားရွိတာေၾကာင့္ သန္႔ရွင္းေရးလုပ္ၿပီးတာနဲ႔ အဝတ္အစား လဲလွယ္ႏိုင္သည္။ သူေအာက္ဆင္းလာတဲ့ အခ်ိန္မွာေတာ့ သူ႔ကိုယ္သူ ေဆးေၾကာသုတ္သင္ၿပီးသြားၿပီျဖစ္ကာ အက်ႌအသစ္မ်ားပင္ လဲလွယ္ၿပီးေလၿပီ။
"ဟန္ဟန္ ဘယ္လိုေနေသးလဲ?" အေမက အလ်င္စလို ေမးသည္.
"သူအဆင္ေျပပါတယ္, အိပ္ေပ်ာ္ေနတယ္" က်င္းယြမ္ကျပန္ေျဖ၏။
အုပ္စုက စိတ္သက္သာရာရစြာ သက္ျပင္းခ်မိၾကသည္။ အေမက က်င္းယြမ္ရဲ႔ ဖ႐ိုဖရဲျဖစ္ေနတဲ့ မ်က္ႏွာ (မေက်မနပ္ျဖစ္ေနတဲ့မ်က္ႏွာ) ကိုၾကည့္ၿပီး သူမရဲ႔ႏွလံုးသားက အားနာေနမိသည္။
ဒီကေလးကို ၾကည့္ပါဦး, သူ႔မွာအက်ႌေတာင္ လဲလိုက္ရတယ္, သူမရဲ႔ အငယ္ဆံုးေလးက ဘယ္ေလာက္ေတာင္ ေျဖရွင္းရခက္ခဲလဲဆိုတာ ဘယ္သူမဆို ခ်က္ခ်င္းေျပာႏိုင္လိမ့္မယ္
အနီးကပ္ၾကည့္ေလေလ သူမရဲ႔ အားနာမႈက တိုးႁမွင့္လာေလေလပင္။ သူမကရဲ႔ ႏွလံးသားက ေအးခဲသြားရသည္။
က်င္းယြမ္ရဲ႔ အက်ႌေကာ္လာအေပၚနားက လည္ပင္းေပၚမွာ ေသြးထြက္ေနတဲ့ လက္သည္းရာေတြ!
"က်င္းယြမ္, သားလည္ပင္းက ဘာျဖစ္တာလဲ?" အေမက ထိတ္လန္႔တၾကားေမးသည္။
"ဟန္ဟန္လုပ္လိုက္တာလား? အဲ့ဒီကေလးကေတာ့ေလ! သားေဆးလိမ္းၿပီးသြားၿပီလား?"
အေမရဲ႔ ႐ုတ္တရက္ေမးခြန္းေၾကာင့္ က်င္းယြမ္ရဲပလည္ပင္းအား လူတိုင္းလွမ္းၾကည့္မိၾကသည္။ ေမးခြန္းေမးခံရတဲ့သူက သူ႔လက္ကို ေႁမွာက္၍ လည္ပင္းေပၚက ဒဏ္ရာအား ထိၾကည့္မိေလသည္။
"ရပါတယ္" သူက အျပံဳးနဲ႔ေျပာသည္။
"ဒီအတိုင္း ဒဏ္ရာေသးေသးေလးပါ,ဘာေဆးမွမလိုပါဘူး"
ရႊယ္ခ်င္းသည္လည္း က်င္းယြမ္ရဲ႔ လည္ပင္းအား လွည့္ၾကည့္မိသည္။ သူမရဲ ရွဳေထာင့္ကေနဆိုရင္ က်င္းယြမ္ရဲ႔ အနည္းငယ္ ပြင့္ေနတဲ့ ေကာ္လာကေန သူ႔ရဲ႔ အလြန္ sexy က်တဲ့ ၫွပ္႐ိုးကို လွမ္းျမင္ေနရ၏။ ဒါေပမဲ့ အဲ့ဒါက အဓိက အခ်က္မဟုတ္ဘူး, အဓိက အခ်က္က အဲ့ဒီၫွပ္႐ိုးေပၚမွာ လတ္လတ္ဆတ္ဆတ္ သြားရာရွိေနတယ္!
သူမရဲ႔ ဦးေႏွာက္ထဲမွာ အသံတစ္ခု ထြက္ေပၚလာၿပီး ထိုင္ခံုကေန ဆတ္ခနဲ ထမိသြားသည္။
သူမရဲ႔ ႐ုတ္တရက္ လႈပ္ရွားမႈေၾကာင့္ လူတိုင္းထိတ္လန္႔ကုန္ၾကေတာ့သည္။
"ဘာလို႔ထခုန္တာလဲ,ရႊယ္ခ်င္း? ငါ့ကိုလန္႔ေအာင္လုပ္ေနတာပဲ" အေမက စိတ္ရႈပ္စြာျဖင့္ေျပာသည္။
ရႊယ္ခ်င္းရဲ႔စိတ္ကေတာ့ ထိုစကၠန္႔အနည္းငယ္ အတြင္းမွာ အလင္းအလ်င္ျဖင့္ ပ်ံသန္းသြားေနၿပီ။ သူမကသူမရဲ႔ မိသားစုကို လွည့္ၾကည့္မိသည္။ လူတိုင္းက ပံုမွန္အတိုင္းပဲ...သူတို႔ေတြ အခုထိ မသိေသးတာပဲျဖစ္မယ္
သူမက တစ္ခုခုေျပာဖို႔ ျပင္လိုက္တဲ့အခ်ိန္မွာ က်င္းယြမ္က သူမကို ေတာင္းပန္တိုးလ်ိဳးဟန္ျဖင့္ လွမ္းၾကည့္လာသည္။
ထိုထူးျခားတဲ့ အသံၾသရွရွက ထြက္ေပၚလာၿပီး ေျပာလာ၏။
"အန္ကယ္, အန္တီ, ရြယ္ခ်င္း, ကၽြန္ေတာ့မွာ ေျပာစရာေလးရွိလို႔ပါ"
ထိုသြားရာ အမွတ္အသားမ်ားေၾကာင့္ သူဘာေျပာေတာ့မွာလဲ ဆိုတာကို ရြယ္ခ်င္းက မိန္းကေလးတို႔ သဘာဝအရ သိလိုက္သည္။ သူမက အမ်ားႀကီး မေတြးမိေတာ့ေပ။ ခ်က္ခ်င္း အနားကို ထသြားၿပီး က်င္းယြမ္ရဲ႔ လက္ေမာင္းကိုဆုပ္ကိုင္လိုက္သည္။
"ငါနဲ႔လိုက္ခဲ့, က်င္းယြမ္" သူမကေျပာလိုက္သည္။
"ငါနင့္ကိုေျပာစရာရွိတယ္" ထို႔သို႔ေျပာရင္းျဖင့္ သူမက သူ႔ကို ဆိုဖာေဘးကေန ဆြဲထုတ္သြားေတာ့သည္။
"အဲ့ဒီေကာင္မေလးကေလ ဘယ္လိုထိန္းသိမ္းရမလဲ မသိဘူး" အေမက အျပံဳးနဲဆူပူ၏
"ဘယ္ႏွစ္ခုႏွစ္ျဖစ္ေနၿပီလဲ?ဒီေခတ္မွာ ဘယ္မိန္းကေလးမွ ယဥ္ေက်းသိမ္ေမြ႕တဲ့ ပံုစံကို မျပေတာ့ဘူး" ဖုရဲန္က ရယ္ေမာၿပီး မွတ္ခ်က္ခ်သည္။
အေမက ဖုရဲန္၏ စကားအား စဥ္းစားလိုက္ေလသည္။
"အမွန္ပဲ, ႀကိဳက္တဲ့သူကိုေတြ႕တာနဲ႔ ခ်က္ခ်င္းသာရေအာင္ယူပစ္, အဲ့ဒါမွ လိုခ်င္တာကိုရမွာ" အေမကေျပာလာသည္။
ဖုရဲန္: "..." ငါေျပာခ်င္တာ အဲ့ဒီလိုမဟုတ္ဘူး
ဒါေပမဲ့ သူ႔ရဲ႔ခ်စ္ဇနီးေလးက အဲ့ဒီတုန္းကလည္း သူ႔ကိုပံုစံတူ လုပ္ခဲ့ပံုပဲ, ဟား, သူတို႔ေတြအခု အိုသြားၿပီ, သူဘယ္လိုလုပ္ရမလဲ? ႐ုတ္တရက္ အရမ္းရွက္ဖို႔ေကာင္းသလိုပဲ
ယန္ ; ငါမရွိဘူး
***
ရႊယ္ခ်င္းက က်င္းယြမ္အား သူမရဲ႔ အခန္းဆီေရာက္သည္အထိ ေတာက္ေလွ်ာက္ဆြဲေခၚလာသည္။ သူမက တံခါးအား ျပင္းျပင္းထန္ထန္ ေစာင့္ပိတ္လိုက္၏။ က်င္းယြမ္ကေတာ့ လက္ရွိမွာ အျပစ္ရွိသလို ခံစားရတာေၾကာင့္ ဒီအတိုင္းသာ ေနာက္ကလိုက္ပါသြားသည္။
သူမက တံခါးမွာ မတ္တပ္ရပ္လိုက္သည္။ သူမရဲ႔ ေခါင္းအား လက္ဖဝါးထဲ ထည့္လိုက္ၿပီး ထိုအတိုင္းပဲ အခ်ိန္အေတာ္ေလး ၾကာသည္အထိ ေနေနမိ၏။ ၿပီးမွသာ က်င္းယြမ္ရဲ႔ အနားသို႔တိုးသြားကာ သူမရဲ႔ ေသးသြယ္ေသာ လက္ေခ်ာင္းႏွစ္ေခ်ာင္းျဖင့္ သူရဲ႔ရွပ္အက်ႌေကာ္လာအား ဆြဲခ်လိုက္သည္။
"ငါ့ကိုေျပာ,ဒါဘာလဲ?"
7.10.2021
===========