One Of Us! [NoRen]

By NiNE_ZEN

2.2K 355 135

NoRen fanfic Burmese language Both Unicode & Zawgyi cover by @pintie More

1
3
4
5
6
7
8
9
10

2

171 37 13
By NiNE_ZEN

SHANHAI , CHINA
7:00 AM , Moring !

မနက် ၇:၀၀ မှာဂျဲနို နိုးလာခဲ့သည် ။ ရေမိုးချိုးပြီးတာနဲ့မနေ့ကအင်္ကျီသာပြန်ဝတ်ခဲ့ရင်း အနီးနားရှိ Mall တစ်ခုခုမှာ suit ဝယ်ရမည် ။

သူအနောက်တိုင်း suit ဝတ်ထားလျှင် မာမီသဘောအရမ်းကျသည် ။
မင်းသားလေးလို့လဲခေါ်တက်သေးသည်။

မနက်စာကိုတော့ဟိုတယ်လ်ကနေစားလာတာကြောင့် Mall တွင်တော့အင်္ကျီအတွက်ပဲရှာရတော့မည် ။

နေရာစုံကြည့်နေရင်းမှ ဆိုင်တစ်ဆိုင်တွင်တော့ အနက်ရောင် Suit ကိုသူတွေ့ခဲ့သည် ။ သူဝတ်နေကျ Saint Laurent တံဆိပ်ဖြစ်တာကြောင့်လဲရွေးလိုက်ခြင်းဖြစ်တယ် ။

ကိစ္စအဝဝ ပြီးတဲ့အခါတွင်တော့ မနေ့ကကောင်လေးရေးပေးလိုက်တဲ့လိပ်စာအတိုင်း သူလာခဲ့သည် ။

ဆင်ခြေပုံးရပ်ကွက်ဖြစ်ပြီး တိုက်တန်းလျားတွေဖြစ်သည် ။ အဝေးကနေလှမ်းကြည့်တဲ့အခါ တိုက်အောက်မှာ စတုဒီသာပုံစံမျိုးကျွေးနေတာကိုကြည့်လျှင်နာရေးရှိမှန်းသိသာပါသည် ။

အနီးနားကိုလျှောက်သွားတဲ့အခါ စားနေတဲ့သူတွေရော ထိုနားကဝိုင်းကူနေတဲ့ရပ်ကွက်ထဲကလူအချို့ကပါ သူ့ကိုကြည့်နေကြသည် ။

တကယ်တမ်းလဲ ဆင်းရဲသားနေရာကို သူဌေးသားလာသလိုမျိုး ဖြစ်နေတာကိုး ။

အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ခန့်ညားတဲ့ရုပ်ရည်တို့ကမိန်းခလေးတွေတင်မက ယောင်္ကျားလေးအချင်းချင်းတောင်အားကျရလောက်သည် ။

သူရောက်လာတာနဲ့ အိမ်ထဲကနေရမ်ကျွင့်ထွက်လာသည် ။

"ဂျောင်ဂျဲနိုရောက်လာပြီပဲ အိမ်ထဲကိုကြွပါ"

ကိုယ့်အမေရဲ့ဇာပန မှာသူစိမ်းလိုဖြစ်နေတဲ့ခံစားချက်ကြီးကဆိုးလိုက်တာ ။ ဒါပေမယ့်လဲဒါသူ့နေရာမှမဟုတ်တာ ဆိုးလ်မှာဆိုရင်တော့ဒါမျိုးမခံစားရလောက်ဘူး ဟူ၍ ဂျဲနို တွေးလိုက်၏။

ရမ်ကျွင့်အရှေ့ကသွားသည်နှင့်အနောက်ကနေသာသူလိုက်ခဲ့လိုက်သည် ။

အထဲကိုရောက်တော့လူအနဲငယ်သာရှိသည် အနီးနားကလူတွေထင်ပါ့ ။

ဓာတ်ပုံမှန်ဘောင်ထဲတွင်မာမီ့အပြုံးဟာချိုလှသည် ။ သူဝင်လာတော့ရှိနေတဲ့လူတွေကအပြင်ကိုထွက်သွားကြသည် ။

"သားက အင်နာရဲ့သားလေးဆိုတာလား?"

ထိုအခန်းထဲတွင်ရှိနေသောအဖွားတစ်ယောက်

"ငါ့ဖွားဖွားလေ အဖွားကနားသိပ်မကြားဘူး မျက်လုံးလဲကောင်းကောင်းမမြင်ရတာမို့ စကားပြောရတာနဲနဲတော့အဆင်မပြေဖြစ်လိမ့်မယ်"

ပြောပြနေတဲ့ရမ်ကျွင့်ကိုတစ်ချက်ကြည့်ရင်းအဖွားဘက်ကိုပြန်လှည့်ခဲ့သည် ။

ရမ်ကျွင့်အဖွားကတရုတ်လိုပြောနေတာကြောင့်ဂျဲနိုသိပ်တော့နားမလည် သူကိုယ်တိုင်ကလဲအနဲငယ်ပဲပြောတက်သည်မဟုတ်လား ။

"ငါတို့နေကြတာ ၅ လွှာမှာလေ ဒါပေမယ့်နာရေးကတော့အပေါ်မှာအဆင်မပြေလို့ ဒီအိမ်က
ကြီးမေ ကူညီတာနဲ့အောက်ထပ်မှာပဲလုပ်လိုက်တာ"

နေ့လည်ရောက်တဲ့အထိသူမပြန်ဖြစ်သေးပါ မာမီ့ပုံကိုကြည့်ရင်း နှုတ်ခမ်းဖျားပေါ်ကမထွက်လာတဲ့စကားတို့ကိုရင်ထဲမှာပဲသိမ်းထားလိုက်တယ် ။

"ဂျောင်ဂျဲနို...ငါလဲလာတဲ့သူတွေကိုဧည့်ခံနေရတာနဲ့ မင်းကိုအဖော်လုပ်ပေးဖို့မအားဖြစ်သွားတယ် အခုတော့အကုန်ပြီးပြီ ဧည့်သည် လာဖို့လဲမကျန်တော့လောက်ဘူး မင်းဗိုက်မဆာဘူးလား ငါဆိုင်ကောင်းကောင်းသိတယ်"

ပုံမှန်ဆိုလျှင် သူဟာအပေါင်းအသင်းများသူမဟုတ်သောကြောင့် ဒီလိုစကားလာပြောနေလျှင် ပြန်ပြီးပြောမည်မဟုတ်ပါ ။ သို့ပင်မယ့် မာမီ့ကိစ္စအဝဝ တာဝန်ယူထားသည့်မိသားစုဆိုတော့ သူ့အကျင့်ကိုပြင်မှရမည် ။

ရမ်ကျွင့်ကသူထင်ထားတာထပ်ပိုစကားပြောပါသည် ။ တခြားသူဆိုရင်စိတ်ရှုပ်သွားမိမှာမှန်ပင်မယ့် ထိုလူသားပြောသမျှကိုတော့ နားထောင်ဖြစ်သည် ။

•••

အပြင်အဆင် ရိုးရှင်းသည့်ဆိုင်တစ်ဆိုင်အားရောက်လာခဲ့တယ် ။ သစ်သားခုံတန်းနှင့်စားပွဲလေးများဖြစ်ပြီး တစ်စားပွဲကို ၄ ယောက်လောက်တော့ထိုင်လို့ရသည် ။

ရမ်ကျွင့်ခေါ်ရာလိုက်ရင်း လွတ်တဲ့စားပွဲခုံတစ်ခုမှာဝင်ထိုင်လိုက်သည် ။ ဆိုင်ကလူရှင်းသည် သူတို့နဲ့မှ အထဲတွင် ၅ ယောက်လောက်ပဲရှိမည်

"အဆင်ပြေတယ်မလားဂျောင်ဂျဲနို မင်းပုံစံကြည့်ရတာ ငါတို့နားကဆိုင်တွေနဲ့အဆင်မပြေလောက်လို့ ဒီဆိုင်ကိုခေါ်လာတာ ဒီမှာလဲအရသာရှိပါတယ် ဘာစားမလဲ ငါဘာမှာပေးရမလဲ"

"အင်း လွယ်လွယ်ကူကူစားလို့ရတာဆိုအဆင်ပြေပါတယ်"

အိမ်ချက်သောထမင်းဟင်း ဒါမှမဟုတ် သူစားနေကျ Restaurant မဟုတ်လျှင် ဂျဲနိုမစားတက်ပါ ။ သို့ပင်မယ့် တိုင်းတစ်ပါးရောက်နေသည်မလို့ ဗိုက်ဆာတာကို ဖြည့်ဖို့လိုသည် ။

ရမ်ကျွင့်က စားမယ့် menu ကိုတရုတ်လိုမှာသည် ။

အစားအစာလာမချခင်ကြားမှာ ရမ်ကျွင့်ကရေနွေးငှဲ့ပေးသည် ။ ဘာစကားမှတော့မပြောဖြစ်ကြ ။ တိတ်ဆိတ်မှု့ကိုသူကအရင်စခွင်းမိခဲ့သည် ။

"မင်းကဒီမှာနေတာလား?"

သူ့အပြောကို ရေနွေးမှုတ်နေတဲ့ ရမ်ကျွင့်ကမျက်လုံးလေးလှန်လို့ကြည့်ရင်း

"အင်း ဟုတ်တယ် မွေးဇာတိကတော့ Jilin မှာလေ အဖွားနဲ့အတူနေတာ အန်တီနဲ့ငါတို့တွေ့တော့ အစပိုင်းအဆင်ပြေပင်မယ့် ရောဂါအခြေအနေဆိုးလာတာနဲ့အမျှ ရှန်ဟိုင်းကိုပြောင်းပြီး ကုဖို့ဆုံးဖြတ်ကြရင်း ပြောင်းလာခဲ့ကြတာ"

"မင်းက ကိုရီးယားမဟုတ်ဘူးလား?"

တရုတ်နိုင်ငံသားဖြစ်ပါရဲ့ ကိုရီးယားစကားကိုဘာကြောင့်ဒီလောက်ကျွမ်းကျင်ရသလဲ?

"အာ ကိုရီးယားလိုပြောနိုင်ဖို့ အန်တီသင်ပေးထားတာလေ ၂ နှစ်ကျော်အချိန်ကငါအများကြီးသင်ယူခဲ့ရတယ် ဒါကြောင့်ငါကောင်းကောင်းပြောနိုင်တာပါ"

စားစရာတွေရောက်လာတော့ စကား စ တွေဖြတ်ရင်း မှာထားတာတွေကိုစားကြသည် ။

စားပြီးတာနဲ့ ဂျဲနို ကသူ့ကဒ်ထုတ်ကာရှင်းမည်လုပ်သည် ။

"ဒီဆိုင်တွေကကဒ်လက်မခံဘူး ငွေသားပဲရတာ ငါပဲပေးလိုက်မယ်"

ရမ်ကျွင့်ကပြုံးရင်းပြောသည် ။

ဆိုင်ထဲကထွက်ခဲ့တော့ ဂျဲနိုကပင်အရင်ပြောလာသည် ။

"ရှန်ဟိုင်းလိုမြို့မှာတောင်ကဒ်လက်မခံတဲ့နေရာတွေရှိတာလား"

သူသဘောရိုးနဲ့မေးလိုက်ပင်မယ့် ရမ်ကျွင့်မျက်နှာမှာတော့အပြုံးတွေအစား သိမ်ငယ်ခြင်းတို့ပဲရှိတော့တယ် ။

"ဘယ်နေရာ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဆင်းရဲသားနဲ့ လူချမ်းသာ ဆိုတာအခွင့်အရေးတန်းတူမရနိုင်ဘူးလေ နိုင်ငံဘယ်လောက်ကောင်းကောင်း သူများတွေနဲ့မတူညီတဲ့ လူတန်းစားတစ်ရပ်ကတော့ တစ်နေရာရာမှာရှိတာပဲ.. ငါတို့လိုအောက်ခြေလူတန်းစားတွေရှိတဲ့နေရာက မြို့ထဲကတိုက်မြင့်ကြီးတွေနဲ့တော့ဘယ်တူပါ့မလဲ"

ရမ်ကျွင့်ကစိတ်မကောင်းတာလဲမဟုတ်ဘူး စိတ်ဆိုးသွားတာလဲမဟုတ်ဘူး သူ့ကို
လေအေးလေးနဲ့ရှင်းပြနေတာ ။

သူဘယ်လောက်ချမ်းသာချမ်းသာ သူများတကာကိုနှိမ်ဖို့ ကဲ့ရဲ့ဖို့ ဂျဲနို ဆီမှာစိတ်ကူးမရှိပါ ။ တွေးလဲမတွေးဖူးပေ အခုလဲဘာရယ်မဟုတ်ပြောလိုက်တဲ့စကားက တစ်ဖက်လူကိုခံစားစေမိပြီ ။

တောင်းပန်ချင်ပင်မယ့် ဘယ်ကနေဘယ်လိုတောင်းပန်ရမှန်းသူမသိ ။

"ငါဆရာကြီးလုပ်တာမဟုတ်ဘူးနော် ဆိုင်ကကဒ်လက်မခံရတဲ့အကြောင်းအရင်းလေးကို ရှင်းပြတာ"

သူ့ကိုစိတ်မဆိုးတဲ့အပြင် ကိုယ့်ကိုကိုယ် နှိမ့်ချပြောဆိုတက်တဲ့ ရမ်ကျွင့်ကဘယ်လိုလူမျိုးပါလိမ့် ။

သူတို့နှစ်ယောက်လမ်းလျှောက်လာသည်ကို လူအချို့ကကွက်ကြည့်ကွက်ကြည့် ။

suit အပြည့်နဲ့ခန့်ညားတဲ့ဂျဲနို ကရမ်ကျွင့်ထပ်အရပ်ပိုမြင့်သည် ။ Hoodie အနက်ရောင်ကို ခပ်ပွပွ Pant နဲ့ဝတ်ထားတဲ့ ရမ်ကျွင့်ကတော့ နာရေးဝိုင်းကူထားလို့ အနဲငယ်ပင်ပန်းတဲ့ပုံပေါက်သည် ။

မာမီ့အကြောင်းအလုံးစုံအားရမ်ကျွင့်ကိုမေးချင်ပင်မယ့် ဒယ်ဒီ့ကိုသာသူသိချင်တာအရင်မေးမည် ။ အဖေအရင်းဖြစ်တဲ့ဒယ်ဒီဆီကအဖြေကိုသူအရင်နားထောင်ချင်သည် ။

ဆိုးလ်သို့ပြန်ပြီးမှ ရှန်ဟိုင်းကိုနောက်ထပ်သူပြန်လာမည် ဖြစ်သည် ။

ဝယ်လာသောပစ္စည်းများအားရမ်ကျွင့်အဖွားကိုပေးခဲ့ရင်း သူ ဟိုတယ်လ်သို့ပြန်လာခဲ့သည် ။

                                   ••••





ဒီဇာတ်လမ်းက တစ်ပိုင်းတစ်ပိုင်းကို စာလုံးရေအရမ်းနည်းတယ် ㅠ ㅠ







Zawgyi


SHANHAI , CHINA
7:00 AM , Moring !


























•••








"မင်းကဒီမှာနေတာလား?"
























                                   ••••






Continue Reading

You'll Also Like

1.9M 83.4K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.7M 62.2K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
2M 57.5K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
372K 11.7K 84
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...