လောဘကြီးတာ ငါ့အပြစ်မဟုတ်ဘူး
ငါက မွေးကတည်းက ဒီလိုပုံစံနဲ့ပဲ မွေးဖွားလာတာ။
ငါ ကျိချိန်ဖုန်း ပိုင်ဆိုင်တဲ့ အရာမှန်သမျှကို အတင်းအဓမ္မ လုယူထားတယ် ... သူ့ရဲ့ အဆင့်အတန်း၊ မိသားစုနောက်ခံ၊ ဆွေမျိုး အားလုံးပဲ။
ငါ့ကိုယ်ငါ အတုအယောင်မှန်း သေချာသိနေတာတောင် ရှက်ရကောင်းမှန်းမသိ၊ လိပ်ပြာမလုံတဲ့စိတ် တစိုးတစိတောင် မ၀င်ဘဲ တစ်ပါးသူရဲ့ အသိုက်အမြုံကို လုယူထားတုန်း။
ငါက ရိုးတွင်းချင်ဆီထိ စိမ့်၀င်နေတဲ့ တကိုယ်ကောင်းဆန်တဲ့ဗီဇနဲ့ မွေးဖွားလာတာ။ နှိုင်းဆလို့မရတဲ့ လိုအင်လောဘ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းမှု၊ အရှက်အကြောက် ကင်းမဲ့မှု၊ ဘာမဆို လိုချင်တဲ့လောဘ၊ ဘာမဆို ပိုင်ဆိုင်ရမှ ဖြစ်မယ်ဆိုတဲ့အတ္တ၊ အဲ့တာတွေအပြင်ကိုမှ ငါ့မှာ မကောင်းတဲ့စိတ်ဓါတ်ကို ပြင်ဆင်ဖို့ စိတ်ကူးကလည်း ရှိမနေဘူး။
ကောင်းမွန်တဲ့အတွေးတစ်ခု
ဆိုးယုတ်တဲ့အတွေးတစ်ခု
လောဘအတွေးတစ်ခု
မှားယွင်းတဲ့အတွေးတစ်ခု
ဆိုးသွမ်းလွန်းတဲ့ လူယုတ်မာတစ်ယောက်ဟာ ချစ်နိုင်စွမ်း ရှိတယ်ဆိုရင် အဲ့တာဟာ သူ့အတွက် ဘုရားသခင်ပေးတဲ့ အကြီးမားဆုံးသော ပြစ်ဒဏ်ပဲ ဖြစ်လိမ့်မယ်။
ကျိချိန်ဖုန်း × စန်းနျန့် : ဆင်းရဲနွမ်းပါးတဲ့အိမ်ရဲ့ အဖိုးတန်သခင်လေး × ချမ်းသာကြွယ်ဝတဲ့အိမ်တော်ရဲ့ လူယုတ်မာ
♡~♡~♡~♡~♡~♡~♡