မောင့်လေပြေ (Completed)

By hannawizard

53.4K 2.9K 180

ကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
ခွင့်တောင်းလွှာ
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ

အပိုင်း(၁၄)

949 55 0
By hannawizard

"လေပြေ.. မင်းမလဲ စာလုပ်တာတော့ကောင်းပါတယ်အေ. အိမ်အလုပ်လဲ၀င်ကူပါဦး။ မင်း ပထွေးကလဲ ဘာမှရေရေရာရာဝိုင်းကူတာမဟုတ်ဘူး။ အလကားနေ. လက်ဘက်ရည်ဆိုင်ထိုင်ပြီး လေပေးနေတာ"

"ဟုတ်"

လေပြေက ကျက်လက်စစာအုပ်လေးကိုပိတ်ကာ အိမ်အောက်သို့ဖျက်ခနဲပြေးဆင်းလာ၏။ တကယ်တော့ အမေ့အလုပ်တွေကူပေးပြီး လေပြေစာစကျက်တာ မိနစ်နှစ်ဆယ်ပင်မပြည့်ချင်သေး..။

"အလကားနေ နိုင်ငံရေးချည်းပြောနေတာ. အလကား အရေမရ၊ အဖက်မရ"

အမေဟာ မိန်းမပီပီ အဖေ့ကို ပထွေးချင်းထပ်အောင်ပြောရင်း နိုင်ငံရေးရဲ့အရေးမပါပုံကို မြည်တွန်းတောက်တီး၏။ ဒါပေမဲ့ ကိုယ့်လုပ်မှကိုယ်စားရမယ်ဆိုတာဟာ လူပိန်းအတွေးဘဲလို့ အဖေဟာမကြာခဏသူ့ကို ဆုံးမခဲ့ဖူးသည်။

အမှန်ပြောရရင် သူဟာအဖေစကားကိုသာ ရင်ထဲမှာမှတ်သားခဲ့ပြီး အမေ့စကားကိုတော့ဒီဘက်နားက၀င်ပြီး ဟိုဘက်နားကထွက်ကာ မေ့လျော့ပစ်လိုက်သည်။ သူဟာ ဒီနိုင်ငံမှာနေတာမို့ ဒီနိုင်ငံရဲ့ကောင်းခြင်း၊ဆိုးခြင်းကိုဖြစ်ပေါ်စေမယ့် နိုင်ငံရေးဟာ သူနဲ့ဆိုင်တယ်လို့ မှတ်ယူထားသည်။

"အန်တီ ၀က်သားဟင်းရ.. ဟင် လေပြေ"

"ဟာ.. အကို"

"လေပြေတို့အိမ်ကဒီမှာလား"

ပိုင် ဟာ ယခင်ကထက် ပိုလူကြီးဆန်လာသလိုပင်. အပေါ်ကစပို့ရှပ်အဖြူရောင်ခပ်ပွပွနှင့် Jean Pant ဖြူလျလျကို တွဲဖက်၀တ်ထားခဲ့တာမို့ ရှိရင်းစွဲအသားထက် ပိုဖြူနေခဲ့သယောင်..။

"ဟုတ်ကဲ့.. အကိုကရော"

"အကိုက ဒီလမ်းထိပ်ကအိမ်ကိုပြောင်းလာတာ"

"ဟယ်.. ဒီလမ်းထိပ်ကပြောင်းလာတဲ့ဆီကဆို မခင်ရီသားဆေးကျောင်းသားလေးဆိုတာ မင်းပေါ့ ဟုတ်လား သား"

"ဟုတ်ပါတယ်ဗျ"

"မခင်ရီနဲ့အန်တီက ငယ်သူငယ်ချင်းတွေသားရဲ့.. သားတို့အဲ့အိမ်၀ယ်ဖြစ်အောင် အန်တီဘဲစပ်ပေးတာလေ"

အမေဟာ ပိုင့်ရဲ့ဆေးကျောင်းသားဆိုတဲ့ဂုဏ်ပုဒ်ကို အထင်ကြီးဟန်ဖြင့် မျက်လုံးများကရွင်မြနေခဲ့၏။ လမ်းထိပ်က နှစ်ထပ်တိုက်လေးကို အမေ့သူငယ်ချင်းက ၀ယ်တယ်လို့တော့ကြားသည်။ ဒါပေမယ့် ပိုင် ပါ ပါလာခဲ့မှန်း သူဒီနေ့မှသိ၏။

"ကျွန်တော်နဲ့လေပြေနဲ့က သူငယ်ချင်းတွေပါ"

"အံ့မယ်.. လေပြေ့မှာ ဒီလိုသူငယ်ချင်းမျိုးလဲရှိရှာသား‌တော်.. တေလေဂျပိုးတွေချည်း ‌ရွေးပေါင်းတယ်ထင်တာ"

အမေဟာ သူ့သူငယ်ချင်းတစ်ယောက်မျှကို သဘောတွေ့ပုံမရချေ.. ထိုထဲတွင်မောင့်ကိုအဆိုးဆုံးဖြစ်လေသည်။ မောင် သူ့ကိုကြည့်လေ့ရှ်ိတဲ့မျက်၀န်းတွေဟာ ရိုင်းစိုင်းလွန်းတယ်ဟု အမေကကောက်ချက်ချလေ့ရှိသည်။

အမေဟာ လေပြေ့ကိုသိပ်နှိပ်စက်တာဘဲ လို့ မောင်ဟာ‌လဲဒေါသဖြစ်စွာကောက်ချက်ချတတ်သည်။

အမေနှင့်မောင်ဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်မရကြသူများဖြစ်လေသည်။

"သူများကလေးတွေများတော်လိုက်တာကွယ်"

အမေက ဟင်း၀ယ်ပြီးထွက်သွားတဲ့ပိုင့်ကျောပြင်ကိုငေးရင်း ပြော၏။ လေပြေက ငြိမ်သက်စွာ ပန်းကန်ဆက်ဆေးနေခဲ့သည်။

ကလေးတွေရဲ့ဘ၀မှာ အမုန်းဆုံးအရာဟာ တခြားတယောက်နဲ့မိမိကိုနှိုင်းယှဉ်ခြင်းဖြစ်ကြောင်း မိဘတွေဟာဘယ်‌တော့မှမသိခဲ့ကြ..။

... 💜 ...

"လေပြေ.. အကိုဟိုဘက်မှာအခွေသွား၀ယ်မို့လိုက်ခဲ့ပါလား"

အမေ့ဆိုင်ရဲ့ခုံတန်းလေးရှေ့ သူထွက်ထိုင်နေချိန်တွင် စက်ဘီးလေးနဲ့လာခေါ်သော ပိုင်..။

"မလိုက်တော့ပါဘူး အကို"

"လိုက်ချင်လိုက်သွားလေ သား"

အမေက စိတ်လိုလက်ရ၀င်ပြောတာမို့ လေပြေက အမေ့ကိုအံ့ဩသလိုလှမ်းကြည့်၏။

"အဲ့လိုဘဲ မင်းညီက လူတောမတိုးဘူးသားရဲ့"

"လာပါကွာ.. အပျင်းပြေပေါ့"

ပိုင်က အတင်းခေါ်နေပြီမို့ လေပြေမငြင်းသာတော့ဘဲ တက်လိုက်လာခဲ့ရ၏။ ပိုင်က စက်ဘီးကို အခွေဆိုင်တည့်တည့်မမောင်းဘဲ ကွေ့ပတ်မောင်းနေလိုက်ရင်းမှ

"ညီ.စာတွေလိုက်နိုင်လား"

"ဟုတ်ကဲ့"

"မရတာရှိရင် အကို့ကိုလာမေးပေါ့။ အကိုတက်နိုင်သလောက်ရှင်းပြပါ့မယ်"

"ဟုတ်.. ကျေးဇူးပါဗျ. မေးလို့ရရင်တော့ လာမေးချင်ပါတယ်"

"ဟား.. ရတာပေါ့ကွ။ အချိန်မရွေးဘဲ"

စက်ဘီးတွေပတ်စီးနေရင်းမှ ရပ်ကွက်ကျော်ကာ ခွန်ပြည့်တို့ရပ်ကွက်ရောက်လာ၏။ ခွန်ပြည့်အိမ်ရှေ့ဘက်ရောက်ရင်ကောင်းမယ် လို့တွေးမိခိုက် စက်ဘီးလေးဟာ ခွန်ပြည့်တို့လမ်းထဲရောက်လာခဲ့၏။

ပေ ၂၀၊ ၃၀ အိမ်လေးတွေကြား ခွန်ပြည့်တို့ရဲ့ပေ ၅၀ , ၆၀ နီးပါးရှိမည့် အိမ်ဖြူကြီးဟာထင်းနေခဲ့၏။ တံတိုင်းဟာလူတစ်ရပ်ကျော်ရှိတာမို့ လူရိပ်မမြင်ရပေမဲ့ နှစ်ထပ်တိုက်မြင့်ကြီးက ခမ်းနားစွာတည်ရှိနေခဲ့သည်။

"LGBT ကို ညီဘယ်လိုမြင်လဲ"

ပိုင်ဟာ အရဲစွန့်ကာမေးလိုက်၏။ မေးပြီးမှ သိသာသွားမလားလို့ စိုးရိမ်လိုက်မိပေမဲ့ လေပြေ့ရဲ့အဖြေစကားသံအက်ရှရှလေးက စတင်ထွက်ပေါ်လာလေပြီ။

"ကျွန်တော့်အတွက်တော့ ဘာမှမထူးခြားပါဘူး အကို.. လူနှစ်ယောက်တွေ့တယ်. ချစ်ကြတယ် အဲ့လောက်ပါဘဲ။ ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ လူကလူဘဲမို့လို့ ဘာမှသာပြီးမထူးခြားသွားပါဘူး"

ပိုင်ရဲ့စိတ်ထဲက ပျော်ရွင်လာမှုကြောင့် အသံပင်ထွက်အောင်တစ်ချက်ရီလိုက်မိ၏။ သို့သော် လေသံနှင့်ရောထွေးနေ၍ လေပြေကြားလောက်မည်မထင်..။

"အခွေဆိုင်က ‌ဝေးလိုက်တာ.. အကိုက ဘယ်အခွေဆိုင်သွားနေတာလဲဗျ။ ကျွန်တော်၀ယ်နေကျဆိုင်လဲ အခွေစုံတယ်"

"အော်.. အကိုကျော်လာမိတာ ထင်တယ်"

"ကျွန်တော်၀ယ်တဲ့ဆိုင်ဘဲလား. မသိပါဘူး တခြားဆိုင်သွားနေတယ်ထင်လို့"

ပိုင်က လမ်းချိုးတစ်ခုမှပြန်ထွက်ပြီး အခွေဆိုင်မှ English ကား သုံးလေးခွေ၀ယ်လိုက်၏။ လေပြေက ကာတွန်းကားလေးကိုတကိုင်ကိုင်‌လုပ်နေခဲ့တုန်းမို့.

"လိုချင်လို့လား.. ၀ယ်လေ အကို၀ယ်ပေးမယ်။ အကို ဒီအခွေတွေအတွက်ပါ.."

"ဟင့်အင်း.. မယူပါဘူး"

လေပြေက အခွေတွေကိုနေရာတကျပြန်ထည့်နေတာမို့ ပိုင်ကဖျက်ခနဲပြန်ဆွဲယူရင်း ရှင်းပေးလိုက်၏။ ကလေးစိတ်မကုန်သေးတဲ့ကောင်လေးကိုကြည့်ရင်း မသိမသာတော့ပြုံးနေခဲ့မိလျက်။

... 💜 ...

အော်တိုဘာလရဲ့ရက်တစ်ရက်..။

ကျောင်းကအသီးသီးထွက်လာကြသောလူတွေကြားတွင် လေပြေဟာခပ်ငေးငေးလျှောက်လာနေခဲ့မိ၏။ အောင်ကျော်နဲ့ဘုန်းခန့်ကိုက ပြန်ရမယ့်လမ်းချင်းလဲမတူသလို နှစ်ယောက်ရဲ့အချိန်တွေကို မနှောင့်ယှက်ချင်တာမို့ ခွဲပြန်ဖြစ်ခဲ့တာက များလာသည်။

"အိပ်ချင်နေပြန်ပြီလား"

နားနားသို့ကပ်ပြောလိုက်‌တဲ့အသံဟာ သူလပေါင်းများစွာလွမ်းနေခဲ့ရတဲ့အသံလေး..။

"ခွန်ပြည့်"

လေပြေက ပတ်၀န်းကျင်ကိုဂရုမစိုက်နိုင်ဘဲ ထိုရင်ခွင်ထဲသို့ဖျက်ခနဲတိုး၀င်မိ၏။

"ဝိုး..."

"အား.. မိုက်တယ်ဝေ့"

ခွန်ပြည့်က လေပြေ့ကိုပြန်ဖက်ထားရင်းမှ မသိတဲ့လူများကိုကြည့်လိုက်ရင်း အရေးမစိုက်သလိုပြုံးပြဖြစ်ခဲ့၏။

"အဟက်. အဲ့လောက်တောင်လွမ်းလား"

"အင်း"

"ဒါဆိုလဲ. လွတ်လွတ်လပ်လပ်အလွမ်းသယ်ရမှာပေါ့. ခု လေပြေ့သူငယ်ချင်းတွေကြည့်နေကြပြီ မရှက်ဘူးလား"

"မရှက်ပါဘူး"

မရှက်ပါဘူး ဆိုတဲ့လေပြေဟာ သူ့ရင်ခွင်ထဲကပြန်မော့မလာတဲ့အပြင် အင်္ကျီစလေးကိုပင် တင်းတင်းဆုပ်ထား၏။ ကျောင်းနှင့်‌နည်းနည်း‌ဝေး၍သာ တော်တော့သည်။ နောက်မို့ဆို လေပြေ့အတွက် သူစိတ်ပူနေရတော့မှာအမှန်.။

သူကလဲ ဒီလိုဖြစ်မယ်ဆိုတာသိ၍ ‌‌ဝေးဝေးရောက်မှ ခေါ်ခဲ့ခြင်း။ ဘ၀င်ရူးလို့ပြောလဲ ခံရမှာပေမယ့် လေပြေသူ့ကိုအရမ်းလွမ်းနေခဲ့မှာသူသိသည်။ သူလဲ အရမ်းလွမ်းနေခဲ့တာမို့. လေပြေ့လောက်မဟုတ်ရင်တောင် သူလဲလွမ်းနေခဲ့ရတာမို့ပေါ့။

"ဘယ်လိုလုပ်မ‌လဲ.. ဒီတိုင်းခဏနေမလား"

"အင်း"

"ဟား..မရှက်ဘူးတဲ့လားကွာ"

ခွန်ပြည့်က လေပြေကိုဖက်ထားလျက်ကပင် ရွတ်နောက်နောက်စလိုက်မိ၏။ သူ့ရင်ခွင်တွင်မျက်နှာလေးအပ်ထားတာမို့ လေပြေ့သူငယ်ချင်းမဟုတ်လျှင် လေပြေ့က်ုမှတ်မိဖို့မလွယ်။ လေပြေလဲအရပ်ရှည်ပေမဲ့ ခွန်ပြည့်က အားကစားလိုက်စားသူမို့ လေပြေ့ထက်ခေါင်း‌တစ်လုံးနီးပါးစားထိုးထွက်နေခဲ့၏။

"ရပြီ လူမရှိတော့ဘူး"

ရင်ခွင်ထဲမှ မော့ကြည့်လာတဲ့ခေါင်းလေး. ဘေးဘီဝဲယာကိုငေးရင်း ခွန်ပြည့်မေးဖျားလေးကို မမှီမကမ်းလှမ်းနမ်း၏။ ထို့နောက် သူ့ဘာသာနမ်းရင်း သူ့ဘာသာပင်အရှက်သည်းကာ ရှေ့ကခပ်သွက်သွက်လေးလျှောက်ထွက်သွား၏။

ခွန်ပြည့်ကနောက်ကနေလျှောက်လိုက်ကာ လေပြေ့လက်ကိုလှမ်းဆွဲရင်းမှ..

"မောင် ပြန်သွားရမှာ"

"ဟင်.. ဘာလို့လဲ"

"သင်တန်းကာလက ကျန်သေးတယ် လေပြေရ.. မောင့်အမေ နေ‌မကောင်းလို့ဆိုပြီး ပြန်လာတာ"

"တော်တော်အခြေအနေဆိုးလားဟင်"

"မဆိုးပါဘူး.. သက်သာပါတယ်။ အကြောင်းပြချက်က အဲ့လိုဆိုပေမယ့် အဓိကက လေပြေ့ကိုလွမ်းလို့"

လေပြေက မယုံသလိုကြည့်ရင်း ခပ်ယေးယေးပြုံး၏။ ညာနေတာလား လို့ မယုံရင်းနဲ့တောင် စိတ်ထဲကကြည်နူးသွားမိသည်။

"ထိုင်းမလေးတွေ မလှဘူးလား မောင်"

"လှတာပေါ့"

"..

"‌ဒါပေမယ့် လေပြေ့ကိုလွမ်းတဲ့စိတ်က ပိုများနေတယ်"

ဤစကားဟာ ခွန်ပြည့်ရဲ့လိမ်ညာခြင်းကင်းမဲ့သောစကားဖြစ်၏။ ထိုင်းမလေး‌တွေနဲ့အပျင်းပြေဇာတ်လမ်းဖြစ်ခဲ့ပေမယ့် အချိန်တန်လေပြေ့ကိုဘဲ လွမ်းလာမိသည်။

"‌လမ်းထိပ်ထိမပို့နဲ့တော့ မောင်"

"ဘာလို့လဲ"

"ဟို ငါ့ကိုအမေဆူမှာစိုးလို့"

ပိုင်နှင့်တိုးမှာစိုး၍ လေပြေကအလျင်စလိုပြောမိ၏။ နောက်ထပ် ထပ်သွားရဦးမယ့် မောင်စိတ်မဖြောင့်မှာစိုးတာမို့..။

"အင်း မောင်လေပြေ့ကိုကျူရှင်လာကြိုဦးမယ်.. တစ်ပါတ်လောက်နေပြီးမှ ပြန်ရမှာပါ"

နှုတ်ဆက်ကာပြန်သွားတဲ့လေပြေ့ကျောပြင်သေးသေးလေးကို သူကြာရှည်စွာငေးကြည့်နေမိ၏။ ၉တန်းတုန်းကအချိန်တွေကို သတိရသည်။ လေပြေဟာ သူ့ငယ်ဘ၀ရဲ့အမှတ်တရတစ်ခုဖြစ်လာလိမ့်မည်။

... 💜 ...

ကျူရှင်ကဆင်းချိန်တွင် ခွန်ပြည့်ကတစ်ဖက်ကပြိုင်ဘီးကိုတွန်းရင်း တဖက်ကလေပြေ့လက်လေးကိုဆွဲရင်းလျှောက်လာ၏။ လေပြေ့လက်ဖဝါးလေးတွေကို အေးနေခဲ့သလို..။

"ချမ်းနေလား"

"အင်း ငါကအအေးကြောက်တယ် မောင်ရဲ့"

"ဒါဆို မောင့်မြို့သွားရင် လေပြေ့ကိုစောင်သုံးပါတ်လောက်ပတ်ပေးထားရတော့မှာဘဲ"

"မောင့်မြို့က ပင်လောင်းနော်"

"လေပြေက မှတ်မိသားဘဲ"

"ငါက မောင်နဲ့ပက်သက်သမျှမှတ်မိတယ်လေ"

ခွန်ပြည့်က လေပြေ့ကိုစောင်းငဲ့ကြည့်ရင်းပြုံးကာ လေပြေ့လက်သေးသေးလေးတွကို တစ်ချက်ဖြှစ်၏။

"မောင်လဲမှတ်မိ‌အောင်ကြိုးစားပါ့မယ်"

"အင်း.. မောင့်မြို့လေးကအရမ်းသာယာမှာဘဲနော်"

"ဒါပေါ့.. မောင်တို့မြို့လေးကို လူတွေကနတ်ဖွက်ထားတဲ့မြို့လေးလို့တောင်တင်စားကြတယ် လေပြေရ"

"အရမ်းချစ်ဖို့ကောင်းမှာဘဲ.. မောင်. မောင်"

"ဗျာ့"

"တကယ်တော့ ငါကလေ ငယ်ငယ်လေးကတည်းက အဲ့လိုတောင်ပေါ်ဒေသတွေအရမ်းသွားချင်ခဲ့တာ သိလား"

"ဟုတ်လား. နောက်ဆို မောင်လိုက်ပို့မှာပေါ့။ လေပြေ ခရီးမသွားဖူးဘူးလား"

"တခါမှမသွားဖူးဘူး မောင်ရဲ့. အမေက."

လေပြေက ပြောလက်စ စကားကိုရပ်ချပြီး သူ့မျက်နှာကိုတချက်မော့ကြည့်ကာ ချက်ချင်းစကားလမ်းကြောင်းပြောင်းရန် အားထုတ်၏။

"ဟိုဟာ. မောင်လဲ အနွေးထည်၀တ်သင့်တယ်။ အအေးပတ်နေဦးမယ်"

"လေပြေ့အမေက ပိုက်ဆံကုန်လို့ လေပြေကိုမသွားခိုင်းလဲ နောက်ဆို မောင်က‌နေရာစုံလိုက်ပို့ပေးမယ်"

"အို. အဲ့လိုမ‌ဟုတ်ပါဘူး မောင်ရယ်"

"လေပြေ့အကိုရယ်၊ ညီမရယ် ခရီးထွက်ဖူးကြတယ်မှတ်လား လေပြေ"

လေပြေက မဖြေဘဲငြိမ်သက်သွား၏။ ထိုအမူအရာက ခွန်ပြည့်နှလုံးသားကို တိုက်ရိုက်နာကျင်စေသည်။ ဘယ်သူ့မှအ၀င်မခံလိုတဲ့သူ့ဘ၀ထဲ လေပြေ့ကိုခေါ်သွင်းလိုခဲ့ခြင်းဟာ လေပြေ့အမေကိုမုန်းလို့လည်းပါ‌လေသည်။

"မောင်လဲ လေပြေတို့မိသားစုထဲ၀င်မပါချင်ပါဘူး. ဒါပေမဲ့ လေပြေအဲ့လောက်မအစမ်းပါနဲ့ကွာ"

"အမေက ငါ့အမေ မောင်"

"မောင်ကရော လေပြေ့အမေမဟုတ်ပါဘူးလို့ ပြောမိလို့လား လေပြေ. ဒါပေမယ့် ကျစ်! တော်ပါတော့ကွာ။ မောင်ပြန်ရတော့မယ့်ဆဲဆဲ လေပြေနဲ့ရန်မဖြစ်ရပါစေနဲ့လား"

"ငါလဲ မောင်နဲ့ရန်မဖြစ်ချင်ပါဘူး. မောင့်ကို နားလည်ပေးစေချင်တာ"

"မောင်ချစ်တာ လေပြေတစ်ယောက်ထဲ.. လေပြေ့မိသားစုမပါဘူး။ လေပြေ့မိသားစုကို မောင်နားလည်ပေးစရာမလိုဘူး ထင်တာဘဲ။ အထူးသဖြင့် လေပြေ့အမေကိုပေါ့"

"မောင်ရယ်"

လေပြေတို့လမ်း‌ကွေ့လေးမရောက်ခင်မှာ မောင်ကရပ်ရင်း ဘောင်းဘီအိပ်ကပ်ထဲမှ ပိုက်ဆံတစ်သောင်းတန် လေးငါးရွက်ထုတ်ပေး၏။

"မောင့်ကိုတစ်မျိုးမထင်ပါနဲ့.. လေပြေလိုတာသုံးရအောင်။ ကျောင်းကကိစ္စတွေရဲ့အဆင်ပြေရဲ့လား"

"ဟင့်အင်း.. မယူဘူး မောင်ပြန်ယူသွားပါ. ငါ အကုန်အဆင်ပြေတယ်။ ကျောင်းကကိစ္စတွေလဲ အဆင်ပြေပါတယ်"

မောင်က သူလွယ်ပေးထားတဲ့လေပြေ့ကျောပိုးအိတ်ထဲပိုက်ဆံထည့်ပေးရန်ပြင်တာမို့ လေပြေကပြန်လိုက်ဆွဲမိ၏။ ဒီလိုအချိန်မျိုးတွေမှာ မောင်ဟာချစ်သူနဲ့မတူဘဲ အကိုနှင့်တူနေခဲ့ပြန်သည်။

"မငြင်းပါနဲ့ လေပြေ. မောင်က လေပြေ့ချစ်သူ။ အထူးသဖြင့် လေပြေ့ဘ၀ကို အတတ်နိုင်ဆုံးအပူအပင်ကင်းအောင်ထားချင်တဲ့ချစ်သူ.. မောင်တတ်နိုင်သလောက်တော့ လေပြေ့ဒုက္ခကိုဝိုင်းကူပါရစေလား"

လေပြေက ငြိမ်သက်သွားရင်း သူ့ကိုအားကိုးတကြီးကြည့်၏။ ‌လေပြေ့ကိုကျောပိုးအိတ်ပြန်လွယ်ပေးရင်း လေပြေပါးလေးကိုခပ်ဖွဖွထိကိုင်သည်။

"မောင်ပေးနိုင်သမျှအရာတိုင်းကို လေပြေ့အတွက် မောင်ဟာအစွမ်းကုန်ဖြည့်ဆည်းပေးသွားမယ် ဒါပေမယ့် မောင်မပေးနိုင်တဲ့အရာတွေကို လေပြေကအတင်းမတောင်းဆိုနဲ့။ ဒီလိုသာဆို ဘ၀ဆုံးတဲ့အထိ မောင်တို့နှစ်ယောက်တူတူရှိသွားနိုင်တယ်"

နဖူးပြေပြေကို တစ်ချက်နမ်းရင်း စက်ဘီးပေါ်တက်ကာ နင်းထွက်လာ၏။ လေပြေ့ကျောပြင်လေးကို ဒီတခေါက်သူမငေးဖြစ်တော့..။

သူမသိလိုက်ခင်မှာပင် သူဟာလေပြေ့ကို သူ့ဘ၀ထဲခေါ်သွင်းမိခဲ့ရုံမျှမက. ဘ၀ဆုံးတဲ့ထိ တူတူရှိစေချင်ခဲ့လေပြီ။ ကံကြမ္မာဟာ ဘယ်လိုလာမလဲမသိနိုင်ပေမယ့် လေပြေ့ကိုနောက်တခါ.. အထူးသဖြင့် သူလွမ်းလာတဲ့အချိန်မျိုးတွေမှာတွေ့ခွင့်မရတော့ဖို့ဆိုတာ သူ့အတွက်ဘယ်တော့မှ လက်မခံချင်တဲ့အရာ..။

လေပြေကို သူ့အနားရှိစေလိုသောရည်ရွယ်ချက်မှာ အရေးမပါလှတဲ့လေပြေ့မိသားစုထံမှဆွဲထုတ်လိုခြင်းက အဓိကဖြစ်၏။

လေပြေ့အတွက် မိသားစုကမပေးနိုင်သောဘ၀မျိုးဖန်တီးပေးချင်‌မိတာဟာ လေပြေအပေါ်ထားတဲ့ သူရဲ့အဖြူစင်ဆုံးရည်မှန်းချက်တစ်ခုသာ..။

မောင့်ဆီကအချစ်စစ်ဆိုတာကလွဲရင် ကျန်တာမျှော်လင့်လို့ရတယ် လေပြေ.။

မောင် မင်းကိုမချစ်ချင်ဘူး. မောင်ထင်တယ်. လူတွေဟာ သူတို့ကိုသိပ်ချစ်ကြောင်းပြမိတဲ့အချိန်မှာထွက်ပြေးဖို့ကြိုးစားကြတယ်..။

မောင့်အဖေဟာ အမေသူ့ကိုသိပ်ချစ်ကြောင်းသိသွားတဲ့အချိန်မှာ အမေ့ဆီကထွက်ခွာသွားခဲ့သလိုမျိုးပေါ့..။

#Unicode

"ေလေျပ.. မင္းမလဲ စာလုပ္တာေတာ့ေကာင္းပါတယ္ေအ. အိမ္အလုပ္လဲ၀င္ကူပါဦး။ မင္း ပေထြးကလဲ ဘာမွေရေရရာရာဝိုင္းကူတာမဟုတ္ဘူး။ အလကားေန. လက္ဘက္ရည္ဆိုင္ထိုင္ၿပီး ေလေပးေနတာ"

"ဟုတ္"

ေလေျပက က်က္လက္စစာအုပ္ေလးကိုပိတ္ကာ အိမ္ေအာက္သို႔ဖ်က္ခနဲေျပးဆင္းလာ၏။ တကယ္ေတာ့ အေမ့အလုပ္ေတြကူေပးၿပီး ေလေျပစာစက်က္တာ မိနစ္ႏွစ္ဆယ္ပင္မျပည့္ခ်င္ေသး..။

"အလကားေန ႏိုင္ငံေရးခ်ည္းေျပာေနတာ. အလကား အေရမရ၊ အဖက္မရ"

အေမဟာ မိန္းမပီပီ အေဖ့ကို ပေထြးခ်င္းထပ္ေအာင္ေျပာရင္း ႏိုင္ငံေရးရဲ႕အေရးမပါပုံကို ျမည္တြန္းေတာက္တီး၏။ ဒါေပမဲ့ ကိုယ့္လုပ္မွကိုယ္စားရမယ္ဆိုတာဟာ လူပိန္းအေတြးဘဲလို႔ အေဖဟာမၾကာခဏသူ႕ကို ဆုံးမခဲ့ဖူးသည္။

အမွန္ေျပာရရင္ သူဟာအေဖစကားကိုသာ ရင္ထဲမွာမွတ္သားခဲ့ၿပီး အေမ့စကားကိုေတာ့ဒီဘက္နားက၀င္ၿပီး ဟိုဘက္နားကထြက္ကာ ေမ့ေလ်ာ့ပစ္လိုက္သည္။ သူဟာ ဒီႏိုင္ငံမွာေနတာမို႔ ဒီႏိုင္ငံရဲ႕ေကာင္းျခင္း၊ဆိုးျခင္းကိုျဖစ္ေပၚေစမယ့္ ႏိုင္ငံေရးဟာ သူနဲ႔ဆိုင္တယ္လို႔ မွတ္ယူထားသည္။

"အန္တီ ၀က္သားဟင္းရ.. ဟင္ ေလေျပ"

"ဟာ.. အကို"

"ေလေျပတို႔အိမ္ကဒီမွာလား"

ပိုင္ ဟာ ယခင္ကထက္ ပိုလူႀကီးဆန္လာသလိုပင္. အေပၚကစပို႔႐ွပ္အျဖဴေရာင္ခပ္ပြပြႏွင့္ Jean Pant ျဖဴလ်လ်ကို တြဲဖက္၀တ္ထားခဲ့တာမို႔ ႐ွိရင္းစြဲအသားထက္ ပိုျဖဴေနခဲ့သေယာင္..။

"ဟုတ္ကဲ့.. အကိုကေရာ"

"အကိုက ဒီလမ္းထိပ္ကအိမ္ကိုေျပာင္းလာတာ"

"ဟယ္.. ဒီလမ္းထိပ္ကေျပာင္းလာတဲ့ဆီကဆို မခင္ရီသားေဆးေက်ာင္းသားေလးဆိုတာ မင္းေပါ့ ဟုတ္လား သား"

"ဟုတ္ပါတယ္ဗ်"

"မခင္ရီနဲ႔အန္တီက ငယ္သူငယ္ခ်င္းေတြသားရဲ႕.. သားတို႔အဲ့အိမ္၀ယ္ျဖစ္ေအာင္ အန္တီဘဲစပ္ေပးတာေလ"

အေမဟာ ပိုင့္ရဲ႕ေဆးေက်ာင္းသားဆိုတဲ့ဂုဏ္ပုဒ္ကို အထင္ႀကီးဟန္ျဖင့္ မ်က္လုံးမ်ားက႐ြင္ျမေနခဲ့၏။ လမ္းထိပ္က ႏွစ္ထပ္တိုက္ေလးကို အေမ့သူငယ္ခ်င္းက ၀ယ္တယ္လို႔ေတာ့ၾကားသည္။ ဒါေပမယ့္ ပိုင္ ပါ ပါလာခဲ့မွန္း သူဒီေန႔မွသိ၏။

"ကြၽန္ေတာ္နဲ႔ေလေျပနဲ႔က သူငယ္ခ်င္းေတြပါ"

"အံ့မယ္.. ေလေျပ့မွာ ဒီလိုသူငယ္ခ်င္းမ်ိဳးလဲ႐ွိ႐ွာသား‌ေတာ္.. ေတေလဂ်ပိုးေတြခ်ည္း ‌ေ႐ြးေပါင္းတယ္ထင္တာ"

အေမဟာ သူ႕သူငယ္ခ်င္းတစ္ေယာက္မွ်ကို သေဘာေတြ႕ပုံမရေခ်.. ထိုထဲတြင္ေမာင့္ကိုအဆိုးဆုံးျဖစ္ေလသည္။ ေမာင္ သူ႕ကိုၾကည့္ေလ့႐ွ္ိတဲ့မ်က္၀န္းေတြဟာ ႐ိုင္းစိုင္းလြန္းတယ္ဟု အေမကေကာက္ခ်က္ခ်ေလ့႐ွိသည္။

အေမဟာ ေလေျပ့ကိုသိပ္ႏွိပ္စက္တာဘဲ လို႔ ေမာင္ဟာ‌လဲေဒါသျဖစ္စြာေကာက္ခ်က္ခ်တတ္သည္။

အေမႏွင့္ေမာင္ဟာ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ၾကည့္မရၾကသူမ်ားျဖစ္ေလသည္။

"သူမ်ားကေလးေတြမ်ားေတာ္လိုက္တာကြယ္"

အေမက ဟင္း၀ယ္ၿပီးထြက္သြားတဲ့ပိုင့္ေက်ာျပင္ကိုေငးရင္း ေျပာ၏။ ေလေျပက ၿငိမ္သက္စြာ ပန္းကန္ဆက္ေဆးေနခဲ့သည္။

ကေလးေတြရဲ႕ဘ၀မွာ အမုန္းဆုံးအရာဟာ တျခားတေယာက္နဲ႔မိမိကိုႏိႈင္းယွဥ္ျခင္းျဖစ္ေၾကာင္း မိဘေတြဟာဘယ္‌ေတာ့မွမသိခဲ့ၾက..။

... 💜 ...

"ေလေျပ.. အကိုဟိုဘက္မွာအေခြသြား၀ယ္မို႔လိုက္ခဲ့ပါလား"

အေမ့ဆိုင္ရဲ႕ခုံတန္းေလးေ႐ွ႕ သူထြက္ထိုင္ေနခ်ိန္တြင္ စက္ဘီးေလးနဲ႔လာေခၚေသာ ပိုင္..။

"မလိုက္ေတာ့ပါဘူး အကို"

"လိုက္ခ်င္လိုက္သြားေလ သား"

အေမက စိတ္လိုလက္ရ၀င္ေျပာတာမို႔ ေလေျပက အေမ့ကိုအံ့ဩသလိုလွမ္းၾကည့္၏။

"အဲ့လိုဘဲ မင္းညီက လူေတာမတိုးဘူးသားရဲ႕"

"လာပါကြာ.. အပ်င္းေျပေပါ့"

ပိုင္က အတင္းေခၚေနၿပီမို႔ ေလေျပမျငင္းသာေတာ့ဘဲ တက္လိုက္လာခဲ့ရ၏။ ပိုင္က စက္ဘီးကို အေခြဆိုင္တည့္တည့္မေမာင္းဘဲ ေကြ႕ပတ္ေမာင္းေနလိုက္ရင္းမွ

"ညီ.စာေတြလိုက္ႏိုင္လား"

"ဟုတ္ကဲ့"

"မရတာ႐ွိရင္ အကို႔ကိုလာေမးေပါ့။ အကိုတက္ႏိုင္သေလာက္႐ွင္းျပပါ့မယ္"

"ဟုတ္.. ေက်းဇူးပါဗ်. ေမးလို႔ရရင္ေတာ့ လာေမးခ်င္ပါတယ္"

"ဟား.. ရတာေပါ့ကြ။ အခ်ိန္မေ႐ြးဘဲ"

စက္ဘီးေတြပတ္စီးေနရင္းမွ ရပ္ကြက္ေက်ာ္ကာ ခြန္ျပည့္တို႔ရပ္ကြက္ေရာက္လာ၏။ ခြန္ျပည့္အိမ္ေ႐ွ႕ဘက္ေရာက္ရင္ေကာင္းမယ္ လို႔ေတြးမိခိုက္ စက္ဘီးေလးဟာ ခြန္ျပည့္တို႔လမ္းထဲေရာက္လာခဲ့၏။

ေပ ၂၀၊ ၃၀ အိမ္ေလးေတြၾကား ခြန္ျပည့္တို႔ရဲ႕ေပ ၅၀ , ၆၀ နီးပါး႐ွိမည့္ အိမ္ျဖဴႀကီးဟာထင္းေနခဲ့၏။ တံတိုင္းဟာလူတစ္ရပ္ေက်ာ္႐ွိတာမို႔ လူရိပ္မျမင္ရေပမဲ့ ႏွစ္ထပ္တိုက္ျမင့္ႀကီးက ခမ္းနားစြာတည္႐ွိေနခဲ့သည္။

"LGBT ကို ညီဘယ္လိုျမင္လဲ"

ပိုင္ဟာ အရဲစြန္႔ကာေမးလိုက္၏။ ေမးၿပီးမွ သိသာသြားမလားလို႔ စိုးရိမ္လိုက္မိေပမဲ့ ေလေျပ့ရဲ႕အေျဖစကားသံအက္႐ွ႐ွေလးက စတင္ထြက္ေပၚလာေလၿပီ။

"ကြၽန္ေတာ့္အတြက္ေတာ့ ဘာမွမထူးျခားပါဘူး အကို.. လူႏွစ္ေယာက္ေတြ႕တယ္. ခ်စ္ၾကတယ္ အဲ့ေလာက္ပါဘဲ။ ေယာက်ၤားျဖစ္ေစ၊ မိန္းမျဖစ္ေစ လူကလူဘဲမို႔လို႔ ဘာမွသာၿပီးမထူးျခားသြားပါဘူး"

ပိုင္ရဲ႕စိတ္ထဲက ေပ်ာ္႐ြင္လာမႈေၾကာင့္ အသံပင္ထြက္ေအာင္တစ္ခ်က္ရီလိုက္မိ၏။ သို႔ေသာ္ ေလသံႏွင့္ေရာေထြးေန၍ ေလေျပၾကားေလာက္မည္မထင္..။

"အေခြဆိုင္က ‌ေဝးလိုက္တာ.. အကိုက ဘယ္အေခြဆိုင္သြားေနတာလဲဗ်။ ကြၽန္ေတာ္၀ယ္ေနက်ဆိုင္လဲ အေခြစုံတယ္"

"ေအာ္.. အကိုေက်ာ္လာမိတာ ထင္တယ္"

"ကြၽန္ေတာ္၀ယ္တဲ့ဆိုင္ဘဲလား. မသိပါဘူး တျခားဆိုင္သြားေနတယ္ထင္လို႔"

ပိုင္က လမ္းခ်ိဳးတစ္ခုမွျပန္ထြက္ၿပီး အေခြဆိုင္မွ English ကား သုံးေလးေခြ၀ယ္လိုက္၏။ ေလေျပက ကာတြန္းကားေလးကိုတကိုင္ကိုင္‌လုပ္ေနခဲ့တုန္းမို႔.

"လိုခ်င္လို႔လား.. ၀ယ္ေလ အကို၀ယ္ေပးမယ္။ အကို ဒီအေခြေတြအတြက္ပါ.."

"ဟင့္အင္း.. မယူပါဘူး"

ေလေျပက အေခြေတြကိုေနရာတက်ျပန္ထည့္ေနတာမို႔ ပိုင္ကဖ်က္ခနဲျပန္ဆြဲယူရင္း ႐ွင္းေပးလိုက္၏။ ကေလးစိတ္မကုန္ေသးတဲ့ေကာင္ေလးကိုၾကည့္ရင္း မသိမသာေတာ့ျပဳံးေနခဲ့မိလ်က္။

... 💜 ...

ေအာ္တိုဘာလရဲ႕ရက္တစ္ရက္..။

ေက်ာင္းကအသီးသီးထြက္လာၾကေသာလူေတြၾကားတြင္ ေလေျပဟာခပ္ေငးေငးေလွ်ာက္လာေနခဲ့မိ၏။ ေအာင္ေက်ာ္နဲ႔ဘုန္းခန္႔ကိုက ျပန္ရမယ့္လမ္းခ်င္းလဲမတူသလို ႏွစ္ေယာက္ရဲ႕အခ်ိန္ေတြကို မေႏွာင့္ယွက္ခ်င္တာမို႔ ခြဲျပန္ျဖစ္ခဲ့တာက မ်ားလာသည္။

"အိပ္ခ်င္ေနျပန္ၿပီလား"

နားနားသို႔ကပ္ေျပာလိုက္‌တဲ့အသံဟာ သူလေပါင္းမ်ားစြာလြမ္းေနခဲ့ရတဲ့အသံေလး..။

"ခြန္ျပည့္"

ေလေျပက ပတ္၀န္းက်င္ကိုဂ႐ုမစိုက္ႏိုင္ဘဲ ထိုရင္ခြင္ထဲသို႔ဖ်က္ခနဲတိုး၀င္မိ၏။

"ဝိုး..."

"အား.. မိုက္တယ္ေဝ့"

ခြန္ျပည့္က ေလေျပ့ကိုျပန္ဖက္ထားရင္းမွ မသိတဲ့လူမ်ားကိုၾကည့္လိုက္ရင္း အေရးမစိုက္သလိုျပဳံးျပျဖစ္ခဲ့၏။

"အဟက္. အဲ့ေလာက္ေတာင္လြမ္းလား"

"အင္း"

"ဒါဆိုလဲ. လြတ္လြတ္လပ္လပ္အလြမ္းသယ္ရမွာေပါ့. ခု ေလေျပ့သူငယ္ခ်င္းေတြၾကည့္ေနၾကၿပီ မ႐ွက္ဘူးလား"

"မ႐ွက္ပါဘူး"

မ႐ွက္ပါဘူး ဆိုတဲ့ေလေျပဟာ သူ႕ရင္ခြင္ထဲကျပန္ေမာ့မလာတဲ့အျပင္ အက်ႌစေလးကိုပင္ တင္းတင္းဆုပ္ထား၏။ ေက်ာင္းႏွင့္‌နည္းနည္း‌ေဝး၍သာ ေတာ္ေတာ့သည္။ ေနာက္မို႔ဆို ေလေျပ့အတြက္ သူစိတ္ပူေနရေတာ့မွာအမွန္.။

သူကလဲ ဒီလိုျဖစ္မယ္ဆိုတာသိ၍ ‌‌ေဝးေဝးေရာက္မွ ေခၚခဲ့ျခင္း။ ဘ၀င္႐ူးလို႔ေျပာလဲ ခံရမွာေပမယ့္ ေလေျပသူ႕ကိုအရမ္းလြမ္းေနခဲ့မွာသူသိသည္။ သူလဲ အရမ္းလြမ္းေနခဲ့တာမို႔. ေလေျပ့ေလာက္မဟုတ္ရင္ေတာင္ သူလဲလြမ္းေနခဲ့ရတာမို႔ေပါ့။

"ဘယ္လိုလုပ္မ‌လဲ.. ဒီတိုင္းခဏေနမလား"

"အင္း"

"ဟား..မ႐ွက္ဘူးတဲ့လားကြာ"

ခြန္ျပည့္က ေလေျပကိုဖက္ထားလ်က္ကပင္ ႐ြတ္ေနာက္ေနာက္စလိုက္မိ၏။ သူ႕ရင္ခြင္တြင္မ်က္ႏွာေလးအပ္ထားတာမို႔ ေလေျပ့သူငယ္ခ်င္းမဟုတ္လွ်င္ ေလေျပ့က္ုမွတ္မိဖို႔မလြယ္။ ေလေျပလဲအရပ္႐ွည္ေပမဲ့ ခြန္ျပည့္က အားကစားလိုက္စားသူမို႔ ေလေျပ့ထက္ေခါင္း‌တစ္လုံးနီးပါးစားထိုးထြက္ေနခဲ့၏။

"ရၿပီ လူမ႐ွိေတာ့ဘူး"

ရင္ခြင္ထဲမွ ေမာ့ၾကည့္လာတဲ့ေခါင္းေလး. ေဘးဘီဝဲယာကိုေငးရင္း ခြန္ျပည့္ေမးဖ်ားေလးကို မမွီမကမ္းလွမ္းနမ္း၏။ ထို႔ေနာက္ သူ႕ဘာသာနမ္းရင္း သူ႕ဘာသာပင္အ႐ွက္သည္းကာ ေ႐ွ႕ကခပ္သြက္သြက္ေလးေလွ်ာက္ထြက္သြား၏။

ခြန္ျပည့္ကေနာက္ကေနေလွ်ာက္လိုက္ကာ ေလေျပ့လက္ကိုလွမ္းဆြဲရင္းမွ..

"ေမာင္ ျပန္သြားရမွာ"

"ဟင္.. ဘာလို႔လဲ"

"သင္တန္းကာလက က်န္ေသးတယ္ ေလေျပရ.. ေမာင့္အေမ ေန‌မေကာင္းလို႔ဆိုၿပီး ျပန္လာတာ"

"ေတာ္ေတာ္အေျခအေနဆိုးလားဟင္"

"မဆိုးပါဘူး.. သက္သာပါတယ္။ အေၾကာင္းျပခ်က္က အဲ့လိုဆိုေပမယ့္ အဓိကက ေလေျပ့ကိုလြမ္းလို႔"

ေလေျပက မယုံသလိုၾကည့္ရင္း ခပ္ေယးေယးျပဳံး၏။ ညာေနတာလား လို႔ မယုံရင္းနဲ႔ေတာင္ စိတ္ထဲကၾကည္ႏူးသြားမိသည္။

"ထိုင္းမေလးေတြ မလွဘူးလား ေမာင္"

"လွတာေပါ့"

"..

"‌ဒါေပမယ့္ ေလေျပ့ကိုလြမ္းတဲ့စိတ္က ပိုမ်ားေနတယ္"

ဤစကားဟာ ခြန္ျပည့္ရဲ႕လိမ္ညာျခင္းကင္းမဲ့ေသာစကားျဖစ္၏။ ထိုင္းမေလး‌ေတြနဲ႔အပ်င္းေျပဇာတ္လမ္းျဖစ္ခဲ့ေပမယ့္ အခ်ိန္တန္ေလေျပ့ကိုဘဲ လြမ္းလာမိသည္။

"‌လမ္းထိပ္ထိမပို႔နဲ႔ေတာ့ ေမာင္"

"ဘာလို႔လဲ"

"ဟို ငါ့ကိုအေမဆူမွာစိုးလို႔"

ပိုင္ႏွင့္တိုးမွာစိုး၍ ေလေျပကအလ်င္စလိုေျပာမိ၏။ ေနာက္ထပ္ ထပ္သြားရဦးမယ့္ ေမာင္စိတ္မေျဖာင့္မွာစိုးတာမို႔..။

"အင္း ေမာင္ေလေျပ့ကိုက်ဴ႐ွင္လာႀကိဳဦးမယ္.. တစ္ပါတ္ေလာက္ေနၿပီးမွ ျပန္ရမွာပါ"

ႏႈတ္ဆက္ကာျပန္သြားတဲ့ေလေျပ့ေက်ာျပင္ေသးေသးေလးကို သူၾကာ႐ွည္စြာေငးၾကည့္ေနမိ၏။ ၉တန္းတုန္းကအခ်ိန္ေတြကို သတိရသည္။ ေလေျပဟာ သူ႕ငယ္ဘ၀ရဲ႕အမွတ္တရတစ္ခုျဖစ္လာလိမ့္မည္။

... 💜 ...

က်ဴ႐ွင္ကဆင္းခ်ိန္တြင္ ခြန္ျပည့္ကတစ္ဖက္ကၿပိဳင္ဘီးကိုတြန္းရင္း တဖက္ကေလေျပ့လက္ေလးကိုဆြဲရင္းေလွ်ာက္လာ၏။ ေလေျပ့လက္ဖဝါးေလးေတြကို ေအးေနခဲ့သလို..။

"ခ်မ္းေနလား"

"အင္း ငါကအေအးေၾကာက္တယ္ ေမာင္ရဲ႕"

"ဒါဆို ေမာင့္ၿမိဳ႕သြားရင္ ေလေျပ့ကိုေစာင္သုံးပါတ္ေလာက္ပတ္ေပးထားရေတာ့မွာဘဲ"

"ေမာင့္ၿမိဳ႕က ပင္ေလာင္းေနာ္"

"ေလေျပက မွတ္မိသားဘဲ"

"ငါက ေမာင္နဲ႔ပက္သက္သမွ်မွတ္မိတယ္ေလ"

ခြန္ျပည့္က ေလေျပ့ကိုေစာင္းငဲ့ၾကည့္ရင္းျပဳံးကာ ေလေျပ့လက္ေသးေသးေလးတြကို တစ္ခ်က္ျဖႇစ္၏။

"ေမာင္လဲမွတ္မိ‌ေအာင္ႀကိဳးစားပါ့မယ္"

"အင္း.. ေမာင့္ၿမိဳ႕ေလးကအရမ္းသာယာမွာဘဲေနာ္"

"ဒါေပါ့.. ေမာင္တို႔ၿမိဳ႕ေလးကို လူေတြကနတ္ဖြက္ထားတဲ့ၿမိဳ႕ေလးလို႔ေတာင္တင္စားၾကတယ္ ေလေျပရ"

"အရမ္းခ်စ္ဖို႔ေကာင္းမွာဘဲ.. ေမာင္. ေမာင္"

"ဗ်ာ့"

"တကယ္ေတာ့ ငါကေလ ငယ္ငယ္ေလးကတည္းက အဲ့လိုေတာင္ေပၚေဒသေတြအရမ္းသြားခ်င္ခဲ့တာ သိလား"

"ဟုတ္လား. ေနာက္ဆို ေမာင္လိုက္ပို႔မွာေပါ့။ ေလေျပ ခရီးမသြားဖူးဘူးလား"

"တခါမွမသြားဖူးဘူး ေမာင္ရဲ႕. အေမက."

ေလေျပက ေျပာလက္စ စကားကိုရပ္ခ်ၿပီး သူ႕မ်က္ႏွာကိုတခ်က္ေမာ့ၾကည့္ကာ ခ်က္ခ်င္းစကားလမ္းေၾကာင္းေျပာင္းရန္ အားထုတ္၏။

"ဟိုဟာ. ေမာင္လဲ အေႏြးထည္၀တ္သင့္တယ္။ အေအးပတ္ေနဦးမယ္"

"ေလေျပ့အေမက ပိုက္ဆံကုန္လို႔ ေလေျပကိုမသြားခိုင္းလဲ ေနာက္ဆို ေမာင္က‌ေနရာစုံလိုက္ပို႔ေပးမယ္"

"အို. အဲ့လိုမ‌ဟုတ္ပါဘူး ေမာင္ရယ္"

"ေလေျပ့အကိုရယ္၊ ညီမရယ္ ခရီးထြက္ဖူးၾကတယ္မွတ္လား ေလေျပ"

ေလေျပက မေျဖဘဲၿငိမ္သက္သြား၏။ ထိုအမူအရာက ခြန္ျပည့္ႏွလုံးသားကို တိုက္႐ိုက္နာက်င္ေစသည္။ ဘယ္သူ႕မွအ၀င္မခံလိုတဲ့သူ႕ဘ၀ထဲ ေလေျပ့ကိုေခၚသြင္းလိုခဲ့ျခင္းဟာ ေလေျပ့အေမကိုမုန္းလို႔လည္းပါ‌ေလသည္။

"ေမာင္လဲ ေလေျပတို႔မိသားစုထဲ၀င္မပါခ်င္ပါဘူး. ဒါေပမဲ့ ေလေျပအဲ့ေလာက္မအစမ္းပါနဲ႔ကြာ"

"အေမက ငါ့အေမ ေမာင္"

"ေမာင္ကေရာ ေလေျပ့အေမမဟုတ္ပါဘူးလို႔ ေျပာမိလို႔လား ေလေျပ. ဒါေပမယ့္ က်စ္! ေတာ္ပါေတာ့ကြာ။ ေမာင္ျပန္ရေတာ့မယ့္ဆဲဆဲ ေလေျပနဲ႔ရန္မျဖစ္ရပါေစနဲ႔လား"

"ငါလဲ ေမာင္နဲ႔ရန္မျဖစ္ခ်င္ပါဘူး. ေမာင့္ကို နားလည္ေပးေစခ်င္တာ"

"ေမာင္ခ်စ္တာ ေလေျပတစ္ေယာက္ထဲ.. ေလေျပ့မိသားစုမပါဘူး။ ေလေျပ့မိသားစုကို ေမာင္နားလည္ေပးစရာမလိုဘူး ထင္တာဘဲ။ အထူးသျဖင့္ ေလေျပ့အေမကိုေပါ့"

"ေမာင္ရယ္"

ေလေျပတို႔လမ္း‌ေကြ႕ေလးမေရာက္ခင္မွာ ေမာင္ကရပ္ရင္း ေဘာင္းဘီအိပ္ကပ္ထဲမွ ပိုက္ဆံတစ္ေသာင္းတန္ ေလးငါး႐ြက္ထုတ္ေပး၏။

"ေမာင့္ကိုတစ္မ်ိဳးမထင္ပါနဲ႔.. ေလေျပလိုတာသုံးရေအာင္။ ေက်ာင္းကကိစၥေတြရဲ႕အဆင္ေျပရဲ႕လား"

"ဟင့္အင္း.. မယူဘူး ေမာင္ျပန္ယူသြားပါ. ငါ အကုန္အဆင္ေျပတယ္။ ေက်ာင္းကကိစၥေတြလဲ အဆင္ေျပပါတယ္"

ေမာင္က သူလြယ္ေပးထားတဲ့ေလေျပ့ေက်ာပိုးအိတ္ထဲပိုက္ဆံထည့္ေပးရန္ျပင္တာမို႔ ေလေျပကျပန္လိုက္ဆြဲမိ၏။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ ေမာင္ဟာခ်စ္သူနဲ႔မတူဘဲ အကိုႏွင့္တူေနခဲ့ျပန္သည္။

"မျငင္းပါနဲ႔ ေလေျပ. ေမာင္က ေလေျပ့ခ်စ္သူ။ အထူးသျဖင့္ ေလေျပ့ဘ၀ကို အတတ္ႏိုင္ဆုံးအပူအပင္ကင္းေအာင္ထားခ်င္တဲ့ခ်စ္သူ.. ေမာင္တတ္ႏိုင္သေလာက္ေတာ့ ေလေျပ့ဒုကၡကိုဝိုင္းကူပါရေစလား"

ေလေျပက ၿငိမ္သက္သြားရင္း သူ႕ကိုအားကိုးတႀကီးၾကည့္၏။ ‌ေလေျပ့ကိုေက်ာပိုးအိတ္ျပန္လြယ္ေပးရင္း ေလေျပပါးေလးကိုခပ္ဖြဖြထိကိုင္သည္။

"ေမာင္ေပးႏိုင္သမွ်အရာတိုင္းကို ေလေျပ့အတြက္ ေမာင္ဟာအစြမ္းကုန္ျဖည့္ဆည္းေပးသြားမယ္ ဒါေပမယ့္ ေမာင္မေပးႏိုင္တဲ့အရာေတြကို ေလေျပကအတင္းမေတာင္းဆိုနဲ႔။ ဒီလိုသာဆို ဘ၀ဆုံးတဲ့အထိ ေမာင္တို႔ႏွစ္ေယာက္တူတူ႐ွိသြားႏိုင္တယ္"

နဖူးေျပေျပကို တစ္ခ်က္နမ္းရင္း စက္ဘီးေပၚတက္ကာ နင္းထြက္လာ၏။ ေလေျပ့ေက်ာျပင္ေလးကို ဒီတေခါက္သူမေငးျဖစ္ေတာ့..။

သူမသိလိုက္ခင္မွာပင္ သူဟာေလေျပ့ကို သူ႕ဘ၀ထဲေခၚသြင္းမိခဲ့႐ုံမွ်မက. ဘ၀ဆုံးတဲ့ထိ တူတူ႐ွိေစခ်င္ခဲ့ေလၿပီ။ ကံၾကမၼာဟာ ဘယ္လိုလာမလဲမသိႏိုင္ေပမယ့္ ေလေျပ့ကိုေနာက္တခါ.. အထူးသျဖင့္ သူလြမ္းလာတဲ့အခ်ိန္မ်ိဳးေတြမွာေတြ႕ခြင့္မရေတာ့ဖို႔ဆိုတာ သူ႕အတြက္ဘယ္ေတာ့မွ လက္မခံခ်င္တဲ့အရာ..။

ေလေျပကို သူ႕အနား႐ွိေစလိုေသာရည္႐ြယ္ခ်က္မွာ အေရးမပါလွတဲ့ေလေျပ့မိသားစုထံမွဆြဲထုတ္လိုျခင္းက အဓိကျဖစ္၏။

ေလေျပ့အတြက္ မိသားစုကမေပးႏိုင္ေသာဘ၀မ်ိဳးဖန္တီးေပးခ်င္‌မိတာဟာ ေလေျပအေပၚထားတဲ့ သူရဲ႕အျဖဴစင္ဆုံးရည္မွန္းခ်က္တစ္ခုသာ..။

ေမာင့္ဆီကအခ်စ္စစ္ဆိုတာကလြဲရင္ က်န္တာေမွ်ာ္လင့္လို႔ရတယ္ ေလေျပ.။

ေမာင္ မင္းကိုမခ်စ္ခ်င္ဘူး. ေမာင္ထင္တယ္. လူေတြဟာ သူတို႔ကိုသိပ္ခ်စ္ေၾကာင္းျပမိတဲ့အခ်ိန္မွာထြက္ေျပးဖို႔ႀကိဳးစားၾကတယ္..။

ေမာင့္အေဖဟာ အေမသူ႕ကိုသိပ္ခ်စ္ေၾကာင္းသိသြားတဲ့အခ်ိန္မွာ အေမ့ဆီကထြက္ခြာသြားခဲ့သလိုမ်ိဳးေပါ့..။

#Unicode

#Blfic
-Hanna
2021 Oct 5 Tue
8:57PM

Continue Reading

You'll Also Like

245K 14.7K 21
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
247K 13.4K 50
Unicode> "ခင်ဗျား ဘယ်သူလဲ?" "ကိုကမင်းလေ!မင်းရဲ့Parallel Worldက ယင်းယာ!" Zawgyi> "ခင္ဗ်ား ဘယ္သူလဲ?" "ကိုကမင္းေလ!မင္းရဲ့Parallel Worldက ယင္းယာ!" Star D...
5.6K 334 5
"အချစ်ဆိုရယူခြင်းလား ပေးဆပ်ခြင်းလား စွန့်လွှတ်ခြင်းလား သူတိူ့နှစ်ယောက်ရဲ့အချစ်ကရော"
279K 16.4K 72
မင်းအာဏာမောင်၏နှလုံးသားထဲတွင် ရှင်းခနောင်ဟူသည့်ကောင်လေးတစ်ယောက်သာ ခိုအောင်းခွင့်ရှိလေသည်။ မင္းအာဏာေမာင္၏ႏွလုံးသားထဲတြင္ ရွင္းခေနာင္ဟူသည့္ေကာင္ေလးတစ္ေ...