(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《45 and 46》

17.3K 2.5K 258
By Xiao_Yiii

Unicode

အခန်း(၄၅) - ကယ်တင်ရှင်

Click. Darkness.

(T/N - ဘာဖြစ်သွားတာလဲ မမေးပါနဲ့ ကိုယ်တောင် သိချင်နေတာမို့လို့ ပန်းအိုးကျကွဲသွားတယ်ပဲမှတ်ပါ)

အားလုံးပြီးသွားတာနဲ့ ကျင်းယွမ်က ရိဟန်အား ရေချိုးခန်းထဲ ပြန်ခေါ်သွားပြီး ဆေးကြောသန့်ရှင်းပေးကာ အိပ်ယာခင်းအသစ်များ လဲလှယ်ပြီးမှ ရိဟန်အား အိပ်ယာပေါ် ပြန်တင်ပေးလိုက်သည်။ ပြီးတာနဲ့ သူ့ကိုယ်သူဆေးကြော၍ ရေချိုးခန်းကိုပါ သန့်ရှင်းရေးလုပ်လိုက်၏။ အားလုံးပြီးစီးသွားတဲ့အချိန်မှာ အရှေ့ဘက် ကောင်းကင်ပင် ဖြူဖျော့ဖျော့ အလင်းလေး ထွက်ပေါ်လာလေပြီ။

ကျင်းယွမ်က နိုးနိုးကြားကြား ဖြစ်နေတုန်းပင်။ သူက အိပ်ယာပေါ်သို့ ဂရုတစိုက် တွားသွားတက်လိုက်ပြီး ရိဟန်ဘေးမှာ ဝင်လှဲလိုက်သည်။ ထို့နောက် ရိဟန်အား သူ့ရင်ခွင်ထဲ ညင်ညင်သာသာ ဆွဲသွင်းလိုက်၍ ကျေနပ်အားရစွာ သက်ပြင်းချ၏။

သူအိပ်မပျော်သွားရက်ဘူး။ ဒီအတိုင်း ရိဟန်ရဲ့ အိပ်ပျော်နေတဲ့ အသွင်လေးကိုသာ ညင်သာနူးညံ့လှတဲ့ အကြည့်နဲ့ ငေးကြည့်နေသည်။

ရိဟန်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

ကျင်းယွမ်က ရိဟန်ရဲ့ နှာခေါင်းထိပ်လေးအား ချစ်ခင်စွာဖြင့် ထိလိုက်မိလေသည်။

ဒီအသေးလေးက အသံအရမ်းကျယ်တာပဲ

သူကအမြဲတမ်း ဆူညံသံကြားရင် အလွယ်တကူနိုးပြီး အဲ့ဒီလိုနိုးတိုင်း ဒေါသကြီးတတ်တဲ့ ကလေးတစ်ယောက်မို့လို့ သူ့မိဘတွေက ဒီအခန်းထဲမှာ အသံလုံတာကို ထပ်ပေါင်းတပ်ပေးထားလို့သာပေါ့။ မဟုတ်လို့ကတော့ ဒီအခန်းထဲက ညည်းညူသံတွေက ပိုင်မိသားစုကို ထိတ်လန့်သွားစေလိမ့်မယ်

ကျင်းယွမ်ရဲ့ မျက်နှာပေါ်က ပျော်ရွှင်မှုအရိပ်အယောင်များ တွဲခိုနေသည်။ သူ့နှုတ်ခမ်းက ကျင်းယွမ်ရဲ့ နှဖူးအား နမ်းလိုက်လေသည်။

ဒီနေ့ကတော့ roller coaster စီးရတာထက်တောင် စိတ်လှုပ်ရှားစရာကောင်းသေးတယ်...

သူ့အသေးလေးက လက်နှစ်ဖက်နဲ့ သူ့ကိုနာကျင်မှုကြားထဲကနေ ဆွဲထုတ်ပေးခဲ့တယ်.... ပြီးတော့ ကမ္ဘာပေါ်မှာ အချိုမြိန်ဆုံး တိမ်တိုက်ပေါ်တင်ပေးခဲ့တာ... ရိဟန်က သူ့ရဲ့ကယ်တင်ရှင်ပဲ...

==============

အခန်း(၄၆) - သူငါ့ကိုကြိုက်တယ်

သူ့မင်းသားလေးက ဒီလောက်တောင် ......စိတ်အားထက်သန်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။

ရိဟန်ရဲ့ ငိုကြွေးညည်းညူသံတွေက သူ့နှလုံးသားကို အချိုရည်တွေအဖြစ်တောင် အရည်ပျော်စေခဲ့တာ...အဲဒါလုပ်နေတဲ့ အချိန်မှာ အသေးလေးက သူ့နာမည်ကို ထပ်ခါထပ်ခါ အော်နေခဲ့တာ

ဒါဘာကိုဆိုလိုတာလဲ? အဖြေက တစ်ခုတည်းပဲရှိတယ်

ရိဟန်က ကျင်းယွမ်ကိုကြိုက်တယ်

ထိုအတွေးနဲ့တင် ကျင်းယွမ်ရဲ့ နှုတ်ခမ်းမှာ ရယ်မောသံများ ပေါက်ကွဲလုနီးနီးပင်။ သို့ပေမယ့် အတိတ်ကို ပြန်တွေးကြည့်တော့ မတိုင်ခင်တုန်းက ရိဟန်ရဲ့ စိတ်ရှုပ်ထွေးမှုတွေ ဒေါသပေါက်ကွဲမှုတွေက ကျင်းယွမ်အပေါ် သူ့ခံစားချက်တွေ နားလည်သွားခဲ့လို့များလား? ကျင်းယွမ်ရဲ့ မျက်နှာကို မကြည့်နိုင်ခဲ့တာက သူ့ရဲ့ လိင်ပြောင်းလဲမှုကို လက်မခံနိုင်ဖြစ်ခဲ့လို့များလား?

ရိဟန်က အဲ့ဒီမိန်းကလေးနဲ့တွဲပြီး သိပ်မကြာခင်မှာပဲ လမ်းခွဲလိုက်တာ အံ့သြစရာမဟုတ်တော့ဘူး

ကျင်းယွမ်က ထိုနူးညံ့တဲ့ မိန်းကလေးအကြောင်း ပြန်တွေးမိတာနဲ့ မနာလိုမှုများက သူ့နှလုံးသားထဲကို ထိုးတက်လာသည်။ ဒါပေမဲ့ သူအခု စိတ်သက်သာရာရသွားပြီ

ဟမ့်, အဲ့ဒီမိန်းကလေးအပေါ် သူ့ရဲ့ အားကျမှုကို ထပ်ပြီးဖုန်းကွယ်ထားစရာ မလိုတော့ဘူး, အသေးလေး သဘောကျတဲ့သူကလည်း သူပဲလေ!

သူနဲ့ရွှယ်ချင်းတို့ စေ့စပ်ဖို့ကိစ္စ ကြေညာတဲ့နေ့က ဒီကောင်လေးရဲ့ စိတ်အခြေအနေ ဆိုးဝါးနေပြီး သူနဲ့ မျက်လုံးခြင်းတောင် မဆုံနိုင်ခဲ့ဘူး, နောက်ပိုင်းကြတော့ ရိဟန်ကသူ့ကို ဆက်တိုက်ရှောင်နေခဲ့တာ, ဒါတွေအားလုံးကသူ....မနာလိုလို့များလား? သူဘယ်လိုလုပ် ဒိလောက် ချစ်ဖို့ကောင်းရတာလဲ?

အကုန်လုံး သူ့အမှားပါ, အရာအားလုံး အဆင်ပြေနေတဲ့ဟာကို ဘာလို့များ ရွှယ်ချင်းရဲ့ ပုတ်သိုးနေတဲ့ အကြံကို သဘောတူလိုက်မိပါလိမ့်?

အဲ့ဒါက အသေးလေးကို ဝမ်းနည်းသွားစေပြီ။ စဉ်းစားကြည့်စမ်းပါဦး, အသေးလေးက သူ့ခံစားချက်ကို နားလည်သွားရုံပဲရှိသေးတယ် သတ္တိကိုစုစည်းပြီး သူ့ကိုမျက်နှာခြင်း မဆိုင်ရသေးခင်မှာ သူက မကြာခင် ယောက်ဖဖြစ်တော့မယ်လို့ အပြောခံလိုက်ရတာ, ဟန်ဟန် ဘယ်လောက်တောင် အသည်းကွဲသွားမလဲ

ရိဟန်ကို ဖက်ထားတဲ့ ကျင်းယွမ်ရဲ့လက်များ တင်းကြပ်သွားရသည်။ သူ့နှလုံးသားလည်း နာကျင်နေ၏။ 

ပြန်စဉ်းစားကြည့်လိုက်တော့သူက သောက်ရမ်းကို သွေးစွန်းနေတဲ့ ခွေးကောင်ကြီး ဖြစ်နေခဲ့တာပဲ!

ကံကောင်းလို့ ဒိနေ့ည ဖြစ်ရပ်မှာ ဒီရှက်နေတဲ့ အကောင်ပေါက်လေးရဲ့ ခံစားချက်တွေကို အချိန်မှီနားလည်လိုက်ရလို့ အကြပ်အတည်း ကြီးကြီးမားမားကို ရှောင်လွှဲနိုင်သွားပြီ။

ကျင်းယွမ်က ရိဟန်ရဲ့ နှဖူးပြင်အား နောက်တစ်ခေါက် ထပ်နမ်းလိုက်ပြီး သူ့ရဲ့ နူးညံ့တဲ့ ဆံနွယ်များကို ညင်သာစွာ ထိုးဖွလိုက်သည်။

နူးညံ့တဲ့ ဆံပင်ရှိတဲ့သူက နူးညံ့တဲ့ နှလုံးသားရှိတယ်လို့ လူတိုင်းပြောကြတာ, သူတို့တွေမှန်တယ်, ဒီအကောင်ပေါက်လေးရဲ့ ထွက်နေတဲ့ လက်သည်းချွန်လေးတွေကြောင့် အရူးလုပ်မခံကြနဲ့, ပွင့်ပွင့်လင်းလင်းပြောရရင် ဒါတွေအားလုံးက သူ့ကိုပုတ်သိုးအောင် အလိုလိုက်ထားလို့ ဖြစ်နေတာ

တကယ်တော့ သူကအတွင်းစိတ်မှာတကယ့်ကို နူးညံ့လွန်းတယ်။ ကြည့်ပါလား သူနဲ့ရွှယ်ချင်းတို့ စေ့စပ်မယ်ဆိုတာမျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတောင် ရိဟန်က ဒေါသမပေါက်ကွဲဘူးလေ, သူက သူ့ရဲ့ဝမ်းနည်းကြေကွဲမှုတွေနဲ့ပဲ သူ့ကိုယ်သူ ပုန်းကွယ်နေတာ, ဘယ်လောက်တောင် စိတ်ထိခိုက်စရာကောင်းတဲ့ မြင်ကွင်းလဲ

ဟား, သူ့အသေးလေးက အရွယ်ရောက်လာပြီပဲ.....

ဒါပေမဲ့သူကေတာ့ အရင်တုန်းက ရိဟန်ရဲ့ ပုံစံကို ပိုပြီးလိုလားမိတယ်, ဝမ်းနည်းတဲ့အချိန်တိုင်း အစွမ်းရှိသမျှ အော်ဟစ်၊ ဝုန်းဒိုင်းကြဲပစ်လိုက်ပြီး မကျေနပ်ချက်အားလုံးကို လွှတ်ထုတ်ပစ်လိုက်ရင် ရိဟန်လည်း ပိုပြီးစိတ်သက်သာရာရသွားလိမ့်မယ်.....

အခုတော့ ဟန်ဟန်က ခံစားချက်ဆိုးဝါးနေတာတောင် သူ့ကိုယ်သူ အတင်းအကြပ် ပြုံးထားပြီး သူ့မိသားစုကို နှစ်သိမ့်ပေးနေခဲ့တယ်။

သူသဘောကျတဲ့သူက သူ့ယောက်ဖ ဖြစ်လာမှာကိုတောင် တိတ်တဆိတ်ပဲ လက်ခံခဲ့တာ

အဲ့ဒါက ကျင်းယွမ်ရဲ့ နှလုံးသားကို နာကျင်မှုများနဲ့ တုန်ယင်သွားစေတယ်။

ရိဟန်ရဲ့ နာခံမှုရှိပြီး ရင့်ကျက်သွားတဲ့ နည်းလမ်းများက လူတစ်ဦးရဲ့ အသည်းနှလုံးကို နာကျင်စေနိင်သည်ဟု ကျင်းယွမ်တွေးမိသည်။ သူကတော့ ရိဟန်ကို မရင့်ကျက်ပဲ ဆက်ရှိနေစေချင်သည် အဲ့ဒါမှလည်း သူရိဟန်ကို တစ်သက်လုံး အလိုလိုက်သွားလို့ရမှာလေ

သူက ရိဟန်ပြောင်းလဲရခြင်းရဲ့ တစ်စိတ်တစ်ပိုင်းများလား?

အကုန်လုံးသူ့အမှားပါ, သူအရမ်းကို သတိလက်လွတ်ဖြစ်သွားတယ်

တစ်ဖက်လူရဲ့ နက်ရှိင်းတဲ့ အတွေးတွေကို အချိန်ကိုက် နားမလည်လိုက်မိဘူး, ဒါတောင် အားလုံးပြန်စဉ်းစားကြည့်ဖို့ နောက်ကျနေပြီ

သူ့အနေနဲ့ အခုချိန်မှာ ရိဟန်ကိုအရင်အတိုင်း စိတ်လက်ပေါ့ပါးစွာနဲ့ ပြန်နေနိုင်အောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အရင်ထက်ပိုပြီး ချစ်ခင်မြတ်နိုးပေးတာပဲ လုပ်နိုင်တော့မယ်

ကျင်းယွမ်ရဲ့လက်မောင်းကြားထဲက ကောင်လေးရဲ့ မျက်ခုံးများက သက်တောင့်သက်သာ ပြန်ဖြစ်သွားသည်။ သူ့ရဲ့ဖြူစင်တဲ့ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အငွေ့အသက်လေး ကျန်ရစ်နေလေသည်။ သူ့နှုတ်ခမ်းများက လုံးဝိုင်းပြိး ဖူးယောင်နေသည်။ ရိဟန်ရဲ့ လည်ပင်းနဲ့ ပခုံးတစ်ဝိုက်က အစိတ်အပိုင်းတစ်ချို့သည်လည်း အနီစက်များဖြင့် ပြည့်နှက်နေသည်။ ထိုမြင်ကွင်းက ကျင်းယွမ်ရဲ့ သွေးများကို အလျင်အမြန် ဆူပွက်လာစေပြီး သူ့အောက်ပိုင်းကလည်း နောက်တစ်ဖန် ပြန်မာလာသည်။

ကျင်းယွမ်က ခါးသက်သက်ဖြင့် ရယ်မောမိ၏။

သူ့မှာနာကျင်နေရတာတောင် ရိဟန်ကို ထိတွေ့ဖို့ ကြောက်လန့်နေမိတာကို ဒီအကောင်ပေါက်လေးကတော့ ဟောက်တောင်ဟောက်နေပြီ။

သူ့အသေးလေးက ပင်ပန်းနေပြီလေ ပြီးတော့ ဒါကသူ့ရဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်နေသေးတယ်

ဘယ်လိုများ ရိဟန်ကိုနိုးသွားအောင် လုပ်ရက်ပါ့မလဲ?

သူက သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။ သူထပ်ကြည့်လို့မဖြစ်ဘူး

သို့ပေမယ့် ကျင်းယွမ်မှာ မျက်လုံးမှိတ်လိုက်သည့် တစ်ခဏမှာပင် ခုဏက အဖြစ်အပျက်များ၏ ပုံရိပ်များက သူ့မျက်လုံးထဲ ပေါ်လာတော့သည်။ 

သူ့အသေးလေးရဲ့ စိတ်အားထက်သန်နေတဲ့အကြည့်... နည်းနည်းလေး ပွင့်ဟနေတဲ့ နှုတ်ခမ်းဖူးဖူးလေး...သူ့ရဲ့ပြင်းထန်တဲ့ တွန်းအားကြောင့် တုန်ယင်နေတဲ့ ခန္တာကိုယ်လေး.... သူ့နာမည်ကို ဆက်တိုက်ခေါ်နေတဲ့ ပါးစပ်လေး....

မဟုတ်ဘူး! မစဉ်းစားနဲ့တော့ ကျင်းယွမ်, မင်းကအချိန်တိုင်း မကောင်းတာတွေပဲ တွေးတတ်တဲ့ နှာဘူးတစ်ယောက် ဖြစ်သွားပြီလား?

6.10.2021

==============

Translator' Note

ကျင်းယွမ်နဲ့ရိဟန်တို့က အတူတူ အိပ်ဖြစ်သွားပါတယ်နော်။ အာသာက ရေးထားခဲ့ပေမယ့် တရုတ်ပြည်ရဲ့ လိင်တူဆက်ဆံတာကို တားမြစ်ချက်ကြောင့်  censorship laws နဲ့ညိသွားပါတယ်တဲ့။ အဲ့ဒါကြောင့် ပန်းအိုးပဲ ကျကွဲသွားတာ။

==============
Zawgyi

အခန္း(၄၅) - ကယ္တင္ရွင္

Click. Darkness.

(T/N - ဘာျဖစ္သြားတာလဲ မေမးပါနဲ႔ ကိုယ္ေတာင္ သိခ်င္ေနတာမို႔လို႔ ပန္းအိုးက်ကြဲသြားတယ္ပဲမွတ္ပါ)

အားလံုးၿပီးသြားတာနဲ႔ က်င္းယြမ္က ရိဟန္အား ေရခ်ိဳးခန္းထဲ ျပန္ေခၚသြားၿပီး ေဆးေၾကာသန္႔ရွင္းေပးကာ အိပ္ယာခင္းအသစ္မ်ား လဲလွယ္ၿပီးမွ ရိဟန္အား အိပ္ယာေပၚ ျပန္တင္ေပးလိုက္သည္။ ၿပီးတာနဲ႔ သူ႔ကိုယ္သူေဆးေၾကာ၍ ေရခ်ိဳးခန္းကိုပါ သန္႔ရွင္းေရးလုပ္လိုက္၏။ အားလံုးၿပီးစီးသြားတဲ့အခ်ိန္မွာ အေရွ႕ဘက္ ေကာင္းကင္ပင္ ျဖဴေဖ်ာ့ေဖ်ာ့ အလင္းေလး ထြက္ေပၚလာေလၿပီ။

က်င္းယြမ္က ႏိုးႏိုးၾကားၾကား ျဖစ္ေနတုန္းပင္။ သူက အိပ္ယာေပၚသို႔ ဂ႐ုတစိုက္ တြားသြားတက္လိုက္ၿပီး ရိဟန္ေဘးမွာ ဝင္လွဲလိုက္သည္။ ထို႔ေနာက္ ရိဟန္အား သူ႔ရင္ခြင္ထဲ ညင္ညင္သာသာ ဆြဲသြင္းလိုက္၍ ေက်နပ္အားရစြာ သက္ျပင္းခ်၏။

သူအိပ္မေပ်ာ္သြားရက္ဘူး။ ဒီအတိုင္း ရိဟန္ရဲ႔ အိပ္ေပ်ာ္ေနတဲ့ အသြင္ေလးကိုသာ ညင္သာႏူးညံ့လွတဲ့ အၾကည့္နဲ႔ ေငးၾကည့္ေနသည္။

ရိဟန္ကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္။

က်င္းယြမ္က ရိဟန္ရဲ႔ ႏွာေခါင္းထိပ္ေလးအား ခ်စ္ခင္စြာျဖင့္ ထိလိုက္မိေလသည္။

ဒီအေသးေလးက အသံအရမ္းက်ယ္တာပဲ

သူကအၿမဲတမ္း ဆူညံသံၾကားရင္ အလြယ္တကူႏိုးၿပီး အဲ့ဒီလိုႏိုးတိုင္း ေဒါသႀကီးတတ္တဲ့ ကေလးတစ္ေယာက္မို႔လို႔ သူ႔မိဘေတြက ဒီအခန္းထဲမွာ အသံလံုတာကို ထပ္ေပါင္းတပ္ေပးထားလို႔သာေပါ့။ မဟုတ္လို႔ကေတာ့ ဒီအခန္းထဲက ညည္းညဴသံေတြက ပိုင္မိသားစုကို ထိတ္လန္႔သြားေစလိမ့္မယ္

က်င္းယြမ္ရဲ႔ မ်က္ႏွာေပၚက ေပ်ာ္ရႊင္မႈအရိပ္အေယာင္မ်ား တြဲခိုေနသည္။ သူ႔ႏႈတ္ခမ္းက က်င္းယြမ္ရဲ႔ ႏွဖူးအား နမ္းလိုက္ေလသည္။

ဒီေန႔ကေတာ့ roller coaster စီးရတာထက္ေတာင္ စိတ္လႈပ္ရွားစရာေကာင္းေသးတယ္...

သူ႔အေသးေလးက လက္ႏွစ္ဖက္နဲ႔ သူ႔ကိုနာက်င္မႈၾကားထဲကေန ဆြဲထုတ္ေပးခဲ့တယ္.... ၿပီးေတာ့ ကမာၻေပၚမွာ အခ်ိဳၿမိန္ဆံုး တိမ္တိုက္ေပၚတင္ေပးခဲ့တာ... ရိဟန္က သူ႔ရဲ႔ကယ္တင္ရွင္ပဲ...

==============

အခန္း(၄၆) - သူငါ့ကိုႀကိဳက္တယ္

သူ႔မင္းသားေလးက ဒီေလာက္ေတာင္ ......စိတ္အားထက္သန္ေနလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးမိခဲ့ဘူး။

ရိဟန္ရဲ႔ ငိုေႂကြးညည္းညဴသံေတြက သူ႔ႏွလံုးသားကို အခ်ိဳရည္ေတြအျဖစ္ေတာင္ အရည္ေပ်ာ္ေစခဲ့တာ...အဲဒါလုပ္ေနတဲ့ အခ်ိန္မွာ အေသးေလးက သူ႔နာမည္ကို ထပ္ခါထပ္ခါ ေအာ္ေနခဲ့တာ

ဒါဘာကိုဆိုလိုတာလဲ? အေျဖက တစ္ခုတည္းပဲရွိတယ္

ရိဟန္က က်င္းယြမ္ကိုႀကိဳက္တယ္

ထိုအေတြးနဲ႔တင္ က်င္းယြမ္ရဲ႔ ႏွဳတ္ခမ္းမွာ ရယ္ေမာသံမ်ား ေပါက္ကြဲလုနီးနီးပင္။ သို႔ေပမယ့္ အတိတ္ကို ျပန္ေတြးၾကည့္ေတာ့ မတိုင္ခင္တုန္းက ရိဟန္ရဲ႔ စိတ္ရႈပ္ေထြးမႈေတြ ေဒါသေပါက္ကြဲမႈေတြက က်င္းယြမ္အေပၚ သူ႔ခံစားခ်က္ေတြ နားလည္သြားခဲ့လို႔မ်ားလား? က်င္းယြမ္ရဲ႔ မ်က္ႏွာကို မၾကည့္ႏိုင္ခဲ့တာက သူ႔ရဲ႔ လိင္ေျပာင္းလဲမႈကို လက္မခံႏိုင္ျဖစ္ခဲ့လို႔မ်ားလား?

ရိဟန္က အဲ့ဒီမိန္းကေလးနဲ႔တြဲၿပီး သိပ္မၾကာခင္မွာပဲ လမ္းခြဲလိုက္တာ အံ့ၾသစရာမဟုတ္ေတာ့ဘူး

က်င္းယြမ္က ထိုႏူးညံ့တဲ့ မိန္းကေလးအေၾကာင္း ျပန္ေတြးမိတာနဲ႔ မနာလိုမႈမ်ားက သူ႔ႏွလံုးသားထဲကို ထိုးတက္လာသည္။ ဒါေပမဲ့ သူအခု စိတ္သက္သာရာရသြားၿပီ

ဟမ့္, အဲ့ဒီမိန္းကေလးအေပၚ သူ႔ရဲ႔ အားက်မႈကို ထပ္ၿပီးဖုန္းကြယ္ထားစရာ မလိုေတာ့ဘူး, အေသးေလး သေဘာက်တဲ့သူကလည္း သူပဲေလ!

သူနဲ႔ရႊယ္ခ်င္းတို႔ ေစ့စပ္ဖို႔ကိစၥ ေၾကညာတဲ့ေန႔က ဒီေကာင္ေလးရဲ႔ စိတ္အေျခအေန ဆိုးဝါးေနၿပီး သူနဲ႔ မ်က္လံုးျခင္းေတာင္ မဆံုႏိုင္ခဲ့ဘူး, ေနာက္ပိုင္းၾကေတာ့ ရိဟန္ကသူ႔ကို ဆက္တိုက္ေရွာင္ေနခဲ့တာ, ဒါေတြအားလံုးကသူ....မနာလိုလို႔မ်ားလား? သူဘယ္လိုလုပ္ ဒိေလာက္ ခ်စ္ဖို႔ေကာင္းရတာလဲ?

အကုန္လံုး သူ႔အမွားပါ, အရာအားလံုး အဆင္ေျပေနတဲ့ဟာကို ဘာလို႔မ်ား ရႊယ္ခ်င္းရဲ႔ ပုတ္သိုးေနတဲ့ အၾကံကို သေဘာတူလိုက္မိပါလိမ့္?

အဲ့ဒါက အေသးေလးကို ဝမ္းနည္းသြားေစၿပီ။ စဥ္းစားၾကည့္စမ္းပါဦး, အေသးေလးက သူ႔ခံစားခ်က္ကို နားလည္သြားရံုပဲရွိေသးတယ္ သတိၱကိုစုစည္းၿပီး သူ႔ကိုမ်က္ႏွာျခင္း မဆိုင္ရေသးခင္မွာ သူက မၾကာခင္ ေယာက္ဖျဖစ္ေတာ့မယ္လို႔ အေျပာခံလိုက္ရတာ, ဟန္ဟန္ ဘယ္ေလာက္ေတာင္ အသည္းကြဲသြားမလဲ

ရိဟန္ကို ဖက္ထားတဲ့ က်င္းယြမ္ရဲ႔လက္မ်ား တင္းၾကပ္သြားရသည္။ သူ႔ႏွလံုးသားလည္း နာက်င္ေန၏။ 

ျပန္စဥ္းစားၾကည့္လိုက္ေတာ့သူက ေသာက္ရမ္းကို ေသြးစြန္းေနတဲ့ ေခြးေကာင္ႀကီး ျဖစ္ေနခဲ့တာပဲ!

ကံေကာင္းလို႔ ဒိေန႔ည ျဖစ္ရပ္မွာ ဒီရွက္ေနတဲ့ အေကာင္ေပါက္ေလးရဲ႔ ခံစားခ်က္ေတြကို အခ်ိန္မွီနားလည္လိုက္ရလို႔ အၾကပ္အတည္း ႀကီးႀကီးမားမားကို ေရွာင္လႊဲႏိုင္သြားၿပီ။

က်င္းယြမ္က ရိဟန္ရဲ႔ ႏွဖူးျပင္အား ေနာက္တစ္ေခါက္ ထပ္နမ္းလိုက္ၿပီး သူ႔ရဲ႔ ႏူးညံ့တဲ့ ဆံႏြယ္မ်ားကို ညင္သာစြာ ထိုးဖြလိုက္သည္။

ႏူးညံ့တဲ့ ဆံပင္ရွိတဲ့သူက ႏူးညံ့တဲ့ ႏွလံုးသားရွိတယ္လို႔ လူတိုင္းေျပာၾကတာ, သူတို႔ေတြမွန္တယ္, ဒီအေကာင္ေပါက္ေလးရဲ႔ ထြက္ေနတဲ့ လက္သည္းခၽြန္ေလးေတြေၾကာင့္ အ႐ူးလုပ္မခံၾကနဲ႔, ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒါေတြအားလံုးက သူ႔ကိုပုတ္သိုးေအာင္ အလိုလိုက္ထားလို႔ ျဖစ္ေနတာ

တကယ္ေတာ့ သူကအတြင္းစိတ္မွာတကယ့္ကို ႏူးညံ့လြန္းတယ္။ ၾကည့္ပါလား သူနဲ႔ရႊယ္ခ်င္းတို႔ ေစ့စပ္မယ္ဆိုတာမ်ိဳးနဲ႔ ရင္ဆိုင္ရတဲ့အခ်ိန္မွာေတာင္ ရိဟန္က ေဒါသမေပါက္ကြဲဘူးေလ, သူက သူ႔ရဲ႔ဝမ္းနည္းေၾကကြဲမႈေတြနဲ႔ပဲ သူ႔ကိုယ္သူ ပုန္းကြယ္ေနတာ, ဘယ္ေလာက္ေတာင္ စိတ္ထိခိုက္စရာေကာင္းတဲ့ ျမင္ကြင္းလဲ

ဟား, သူ႔အေသးေလးက အရြယ္ေရာက္လာၿပီပဲ.....

ဒါေပမဲ့သူေကတာ့ အရင္တုနး္က ရိဟန္ရဲ႔ ပံုစံကို ပိုၿပီးလိုလားမိတယ္, ဝမ္းနည္းတဲ့အခ်ိန္တိုင္း အစြမ္းရွိသမွ် ေအာ္ဟစ္၊ ဝုန္းဒိုင္းႀကဲပစ္လိုက္ၿပီး မေက်နပ္ခ်က္အားလံုးကို လႊတ္ထုတ္ပစ္လိုက္ရင္ ရိဟန္လည္း ပိုၿပီးစိတ္သက္သာရာရသြားလိမ့္မယ္.....

အခုုေတာ့ ဟန္ဟန္က ခံစားခ်က္ဆိုးဝါးေနတာေတာင္ သူ႔ကိုယ္သူ အတင္းအၾကပ္ ျပံဳးထားၿပီး သူ႔မိသားစုကို ႏွစ္သိမ့္ေပးေနခဲ့တယ္။

သူသေဘာက်တဲ့သူက သူ႔ေယာက္ဖ ျဖစ္လာမွာကိုေတာင္ တိတ္တဆိတ္ပဲ လက္ခံခဲ့တာ

အဲ့ဒါက က်င္းယြမ္ရဲ႔ ႏွလံုးသားကို နာက်င္မႈမ်ားနဲ႔ တုန္ယင္သြားေစတယ္။

ရိဟန္ရဲ႔ နာခံမႈရွိၿပီး ရင့္က်က္သြားတဲ့ နည္းလမ္းမ်ားက လူတစ္ဦးရဲ႔ အသည္းႏွလံုးကို နာက်င္ေစနိင္သည္ဟု က်င္းယြမ္ေတြးမိသည္။ သူကေတာ့ ရိဟန္ကို မရင့္က်က္ပဲ ဆက္ရွိေနေစခ်င္သည္ အဲ့ဒါမွလည္း သူရိဟန္ကို တစ္သက္လံုး အလိုလိုက္သြားလို႔ရမွာေလ

သူက ရိဟန္ေျပာင္းလဲရျခင္းရဲ႔ တစ္စိတ္တစ္ပိုင္းမ်ားလား?

အကုန္လံုးသူ႔အမွားပါ, သူအရမ္းကို သတိလက္လြတ္ျဖစ္သြားတယ္

တစ္ဖက္လူရဲ႔ နက္ရွိင္းတဲ့ အေတြးေတြကို အခ်ိန္ကိုက္ နားမလည္လိုက္မိဘူး, ဒါေတာင္ အားလံုးျပန္စဥ္းစားၾကည့္ဖို႔ ေနာက္က်ေနၿပီ

သူ႔အေနနဲ႔ အခုခ်ိန္မွာ ရိဟန္ကိုအရင္အတိုင္း စိတ္လက္ေပါ့ပါးစြာနဲ႔ ျပန္ေနႏိုင္ေအာင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အရင္ထက္ပိုၿပီး ခ်စ္ခင္ျမတ္ႏိုးေပးတာပဲ လုပ္ႏိုင္ေတာ့မယ္

က်င္းယြမ္ရဲ႔လက္ေမာင္းၾကားထဲက ေကာင္ေလးရဲ႔ မ်က္ခံုးမ်ားက သက္ေတာင့္သက္သာ ျပန္ျဖစ္သြားသည္။ သူ႔ရဲ႔ျဖဴစင္တဲ့ မ်က္ႏွာေပၚတြင္ စိတ္လႈပ္ရွားေနေသာ အေငြ႕အသက္ေလး က်န္ရစ္ေနေလသည္။ သူ႔ႏႈတ္ခမ္းမ်ားက လံုးဝိုင္းၿပိး ဖူးေယာင္ေနသည္။ ရိဟန္ရဲ႔ လည္ပင္းနဲ႔ ပခံုးတစ္ဝိုက္က အစိတ္အပိုင္းတစ္ခ်ိဳ႔သည္လည္း အနီစက္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ထိုျမင္ကြင္းက က်င္းယြမ္ရဲ႔ ေသြးမ်ားကို အလ်င္အျမန္ ဆူပြက္လာေစၿပီး သူ႔ေအာက္ပိုင္းကလည္း ေနာက္တစ္ဖန္ ျပန္မာလာသည္။

က်င္းယြမ္က ခါးသက္သက္ျဖင့္ ရယ္ေမာမိ၏။

သူ႔မွာနာက်င္ေနရတာေတာင္ ရိဟန္ကို ထိေတြ႔ဖို႔ ေၾကာက္လန္႔ေနမိတာကို ဒီအေကာင္ေပါက္ေလးကေတာ့ ေဟာက္ေတာင္ေဟာက္ေနၿပီ။

သူ႔အေသးေလးက ပင္ပန္းေနၿပီေလ ၿပီးေတာ့ ဒါကသူ႔ရဲ႔ ပထမဆံုးအႀကိမ္လည္း ျဖစ္ေနေသးတယ္

ဘယ္လိုမ်ား ရိဟန္ကိိုႏိုးသြားေအာင္ လုပ္ရက္ပါ့မလဲ?

သူက သူ႔မ်က္လံုးမ်ားကို မွိတ္ခ်လိုက္သည္။ သူထပ္ၾကည့္လို႔မျဖစ္ဘူး

သို႔ေပမယ့္ က်င္းယြမ္မွာ မ်က္လံုးမွိတ္လိုက္သည့္ တစ္ခဏမွာပင္ ခုဏက အျဖစ္အပ်က္မ်ား၏ ပံုရိပ္မ်ားက သူ႔မ်က္လံုးထဲ ေပၚလာေတာ့သည္။ 

သူ႔အေသးေလးရဲ႔ စိတ္အားထက္သန္ေနတဲ့အၾကည့္... နည္းနည္းေလး ပြင့္ဟေနတဲ့ ႏႈတ္ခမ္းဖူးဖူးေလး...သူ႔ရဲ႔ျပင္းထန္တဲ့ တြန္းအားေၾကာင့္ တုန္ယင္ေနတဲ့ ခႏာၱကိုယ္ေလး.... သူ႔နာမည္ကို ဆက္တိုက္ေခၚေနတဲ့ ပါးစပ္ေလး....

မဟုတ္ဘူး! မစဥ္းစားနဲ႔ေတာ့ က်င္းယြမ္, မင္းကအခ်ိန္တိုင္း မေကာင္းတာေတြပဲ ေတြးတတ္တဲ့ ႏွာဘူးတစ္ေယာက္ ျဖစ္သြားၿပီလား?

==============

Translator' Note

က်င္းယြမ္နဲ႔ရိဟန္တို႔က အတူတူ အိပ္ျဖစ္သြားပါတယ္ေနာ္။ အာသာက ေရးထားခဲ့ေပမယ့္ တ႐ုတ္ျပည္ရဲ႔ လိင္တူဆက္ဆံတာကို တားျမစ္ခ်က္ေၾကာင့္  censorship laws နဲ႔ညိသြားပါတယ္တဲ့။ အဲ့ဒါေၾကာင့္ ပန္းအိုးပဲ က်ကြဲသြားတာ။

==============

Continue Reading

You'll Also Like

60.8K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
948K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...
2.2M 146K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
574K 57K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...