?Daffodils[Complete]

ScarletV496 द्वारा

340K 21.1K 547

တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... अधिक

အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book

🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!

1.3K 54 5
ScarletV496 द्वारा

လက်ထဲကမာဖလာကိုစိုက်ကြည့်နေရင်းနွေဉီးအတွေးတွေကတောင်ရောက်မြောက်ရောက်..ထင်ရှားလာလိုက် ဝေဝါးသွားလိုက်ဖြစ်နေပြီး ခံစားချက်တွေကလဲ ကဗြောင်းကပြန်တြွေဖစ်နေတယ်။
သူ့ဘဝမှာ ဒီလောက်အတွေးတွေရှုပ်ယှက်ခတ်နေတာမျိုး မဖြစ်ဖူးဘူး။

သူ့ကိုအတွေးတွေရှုပ်ယှက်ခတ်အောင်လုပ်သွားတဲ့လူကတော့ အခြားလူမဟုတ်ဘူးကိုထွဋ်ပဲ...
ကိုထွဋ်က သူ့လက်ထဲအရောက်မာဖလာကိုထည့်ပေးပြီး...

"Seaက ဒီမာဖလာကိုသူဆက်မသိမ်းထားတော့ဘူးလို့ပြောသွားတယ်။ပြီးတော့ဒီဟာက မင်းဟာတဲ့ သူမပြန်ခင် အဝတ်အစားသိမ်းရင်း ပါသွားတာလို့ပြောတာပဲ...နွေဉီး!မင်းလဲစိတ်ရှုပ်နေမယ်ဆိုတာသိပေမယ့် ငါတစ်ခုလောက်တော့​မေးဉီးမယ်...Seaက မင်းကိုဘာလို့ထားသွားတာလဲ..မင်းတို့ဘာတြွေပဿနာဖြစ်ကြတာလဲ"

နွေဉီးရိုးရိုးသားသားပဲခေါင်းခါပြလိုက်တယ်။

"ကျွန်တော်မသိဘူး...မသိလို့လဲခံပြင်းနေတာပေါ့..အကုန်အဆင်ပြေနေရင်းရုတ်တရက်ဖြစ်သွားတာဆိုတော့ တခါတလေ အိမ်မက် မက်နေလားတောင်ထင်မိတာ"

ကိုထွဋ်ကခေါင်းတဆတ်ဆတ်ညိတ်တယ်။

"Seaကတော့မင်းကိုအပြစ်တင်ချင်နေတဲ့ပုံပေါ်နေလို့...ငါ့စိတ်ထင်ပါ...အဲ့လိုပုံပေါ်နေပေမယ့် မင်းကိုလဲလစ်လျူရှုဖို့ခက်နေပြန်ရော...သူ့မှာလဲသူဒီလိုလုပ်နေရတဲ့ ခိုင်မာတဲ့အကြောင်းပြချက်ရှိနေမှာပဲ..မင်းတို့နှစ်ယောက် အေးအေးဆေးဆေးစကားပြောကြည့်ကြပါလား"

"ခိုင်မာတဲ့အကြောင်းပြချက်!!ဘယ်လိုအကြောင်းပြချက်မျိုးမို့လို့ ကျွန်တော့်ကို ထားသွားရတာမျိုးဖြစ်မလဲ အစ်ကိုစဉ်းစားကြည့်...ကျွန်တော်တော့ သူ့အမေကြောင့်ဆိုတဲ့ အကြောင်းပြချက်ကလွဲပြီး စဉ်းစားမရဘူး။ကျွန်တော့်ကို အပြစ်တင်ချင်နေတဲ့ပုံပေါ်နေတာကိုကျွန်တော်လဲ ခံစားမိတယ်..ဒါပေမယ့်ကျွန်တော်ဘာမှမမှားခဲ့ဖူးလေ အစ်ကို!

သူထွက်သွားပြီးကတည်းက ကျွန်တော့်ကို လုံးဝအဆက်အသွယ်ဖြတ်သွားတာ...အလုပ်ထွက်လိုက်တာတွေ ခေမီနဲ့စေ့စပ်လိုက်တာတွေကို ကျွန်တော်အခြားလူတွေပြောမှ အခြားလူတွေရဲ့နောက်ဆုံးမှ သိခဲ့ရတာ...

အကြိမ်ပေါင်းမရေတွက်နိုင်အောင် ဖုန်းလှမ်းဆက်ပြီးမေးကြည့်ဖို့ကျွန်တော်ကြိုးစားဖူးတယ်။ဘယ်တော့မှဆက်မရခဲ့ဘူး။နောက်မှသိလိုက်ရတာကကျွန်တော့်နံပါတ်တစ်ခုထဲကိုပဲ ဘလော့ခ် ထားတာ၊အေးအေးဆေးဆေးစကားပြောကြည့်ဖို့ ကျွန်တော့်ဘက်ကကြိုးစားပြီးပြီ။"

သူဒီအကြောင်းတွေကို ပထမဉီးဆုံးအကြိမ်ထုတ်ပြောပြလိုက်တာပဲ။နွေဉီးစကားဆုံးတော့ ကိုထွဋ်ကသက်ပြင်းချတယ်။

"အစ်ကိုရာ...ကြားထဲကနေစိတ်ညစ်ခံမနေပါနဲ့...ပြီးခဲ့ပြီးသားကိစ္စတြွေဖစ်သွားပြီပဲ"

"ဒါပေမယ့် ငါ့စိတ်ထဲမှာ Seaကမင်းကိုချစ်နေသေးတယ်လို့ဘာလို့ထင်နေတာလဲ"

ပြောပြီးပြီးချင်း သူ့ပုခုံးကိုတစ်ချက်နှစ်ချက်ပုတ်ပြီး ကိုထွဋ်ကထွက်သွားတယ်။သူသာတွေဝေပြီး ငုတ်တုတ်မေ့ပြီးကျန်ခဲ့တာ။တကယ်ကိုငုတ်တုတ်မေ့တာ..သူဘာလုပ်လုပ် ကိုထွဋ်ရဲ့စကားကိုပဲကြားယောင်နေပြီး ဟုတ်များနေလား ၊အဲ့လိုများလားဆိုပြီးတွေးနေမိတာ။ကိုထွဋ်ကသူ့အတွေးသူပြောပြရုံလေးကို သူကဒီလောက်အတွေးများနေမိပြီ။သူတော့ကြာရင်ရူးတော့မှာပဲ...
______________

နွေဉီးဒီနေ့ နေ့တစ်ပိုင်းခွင့်ယူတော့ ဆေးရုံကအားရဝမ်းသာနဲ့ခွင့်ပေးကြတယ်။တစ်ပိုင်းမဟုတ်ဘဲ တစ်နေကုန်ယူလဲရပါတယ်တဲ့...ဘာပဲပြောပြော မဲဘာန်းဆေးရုံရဲ့ အချစ်တွေကိုတော့သူရထားပုံရတယ်။

ခွင့်ယူတာကလဲ အခြားအကြောင်းတော့မဟုတ်ဘူး...သူ့ရဲ့ဂုတ်ထောက်လုဖြစ်နေတဲ့ဆံပင်ကို ညှပ်ပစ်ဖို့လိုနေပြီထင်လို့။စိတ်သစ်လူသစ် ဆိုတာမျိုးဖြစ်ဖို့က အရင်ဆုံး စတိုင်လ်ချိန်းပစ်မှရမယ်။
ရုပ်ရှင်တွေ ဝတ္ထုတွေထဲက အဲ့ဒီအချက်ကတော့ တကယ်မှန်ပါတယ်။ဆံပင်ညှပ်ဖို့က သူဟိုပုံးကိုသွားမှ ဖြစ်မှာမို့ ပြည်စိုးနဲ့ ချိန်းထားတယ်။

ပြည်စိုးက ဆေးရုံထိလာခေါ်ပေးမယ်ပြောလို့ သူဆေးရုံဆင်ဝင်ရဲ့ တံစက်မြိတ်အောက်မှာရပ်စောင့်နေလိုက်တယ်။သူရပ်စောင့်နေတုန်းမှာပဲလေကခပ်သွက်သွက်တိုက်လာပြီး မိုးကသုတ်ခနဲရွာချလိုက်တယ်။မဲဘာန်းရဲ့ ပုံမကျတဲ့ရာသီဥတုနဲ့ သူနဲ့ကတော့ နှစ်တွေကြာနေတာတောင်သိပ်အသားမကျချင်ဘူး။ရာသီဥတုက ဒီလောက်အေးနေပြီကို မိုးပါရွာချတော့ အသည်းထဲထိပါစိမ့်အေးလာတယ်။

မိုးဖွားတွေလာစင်ပြီးအေးနေပေမယ့် သူနောက်ကိုပြန်မဆုတ်ပဲ ပေတေပြီးဆက်ရပ်နေမိတယ်။သူအရင်တုန်းကလဲ ဒီလို မိုးရွာနေတဲ့အချိန် ဒီတစက်မြိတ်အောက်မှာ ရပ်နေခဲ့ဖူးတယ်...သူမိုးမိမှာစိုးလို့ နားရမှာတောင်မနားပဲ အပြေးအလွှားထီးလာပေးတဲ့လူလဲရှိဖူးခဲ့တာပဲ။

ကျစ်!အမှတ်တရတွေက ဖျောက်ပစ်ဖို့ခက်လိုက်တာ...

အရင်ကရွှေထီးဆောင်းခဲ့ဖူးတဲ့ အမှတ်တရလှလှလေးတွေကို တွေးလို့ကောင်းနေတုန်း နွေဉီး ခန္ဓာကိုယ်ကနောက်ကိုဖရိုဖရဲ
ကြမ်းကြမ်းတမ်းတမ်းဆွဲယူတာခံလိုက်ရတယ်။
လန့်လဲလန့် စိတ်ကလဲတိုပြီး သူလှည့်ကြည့်လိုက်တော့ သူ့ထက်ဆိုးတဲ့ မျက်နှာထား နဲ့ မိုးပင်လယ်ကိုတွေ့လိုက်ရတယ်။

"မိုးတွေအဲ့လောက် လာစင်နေတာကို ဖျားပြီးသေချင်လို့ ဆက်ရပ်နေတာလား?"

ကြင်နာလိုက်တဲ့စကား..တစ်နှစ်ဆိုတဲ့အချိန်အတောအတွင်းမှာ နားဝင်မချိုအောင်စကားပြောနည်းသင်တန်းများသွားတက်လာသလားပဲ။ပြောလိုက်တဲ့စကားတွေအကုန် ကန့်လန့်တွေချည်းပဲ...

မိုးပင်လယ် လက်ထဲက နွေဉီး လက်မောင်းကိုပြန်ရုန်းလိုက်ပြီး ခပ်ခွာခွာရပ်လိုက်တော့ ဟက်ခနဲရယ်ပြီး သူ့နားကိုပြန်တိုးလာတယ်။

"ဘာဖြစ်လို့တိုးလာတာလဲ..."

"ဟင်!သြော်..ဟိုဘက်ကမိုးတွေပိုပက် လို့..လေဝေ့တိုက်နေလို့နေမှာ"

"အဲ့ဒါဆို ခင်ဗျားဒီဘက်လာ ကျွန်တော် အဲ့ဘက်သွားမယ်"

"မလာချင်ဘူး...ငါအဲ့ဘက်မှာရပ်ဖို့ဘက်မသန်ဘူး"

နွေဉီး မျက်ဖြူလန်အောင်ထိအံ့သြသွားရတယ်။ရပ်ရုံလေးရပ်တာကို ဘက်သန်တာမသန်တာရွေးနေဖို့လိုလို့လား...နီးကပ်နေတဲ့ပုံပေါ်မှာစိုးလို့ နွေဉီး ပုခုံးတွေကိုပိုကျုံ့ထားမိတော့ လဲမျက်မှောင်ကုတ်နဲ့ ကြည့်တာခံရသေးတယ်။

အနေကြပ်ကြပ်နဲ့ဆက်ရပ်နေတုန်းမှာပဲ ပြည်စိုးဆီကဖုန်းလာတယ်။ကားကစက်နိုးမလာတာမို့သူလာဖို့နည်းနည်းနောက်ကျမယ်ဆိုတဲ့အကြောင်းလှမ်းပြောတာ...ကဲကြည့်!သူ့ကံကအဲ့လို!

"ရတယ်ပြည်စိုး..အစ်ကိုဆေးရုံထဲမှာပဲပြန်ဝင်နေလိုက်မယ်..တကယ်လို့နိုးမရဘူးဆိုလဲ မနက်ဖြန်မှသွားလဲရတယ်"

တစ်ဖက်ကပြည်စိုးအသံကတော့ အလွန်အမင်းအားနာနေတာမို့ သူတောင်ပြန်အားနာသွားရတယ်။သူဆေးရုံထဲ ပြန်ဝင်ဖို့ အလုပ်မိုးပင်လယ်ကသူ့လက်ကိုလှမ်းဆွဲပြီးမေးတယ်။

"ခုနကဖုန်းဆက်တာဘယ်သူလဲ"

"ခင်ဗျားနဲ့မဆိုင်ဘူး"

ဖြေပြီး သူလက်ကိုရုန်းပြီးထွက်သွားဖို့လုပ်တော့ ပြန်ဖမ်းဆွဲတယ်။နွေဉီး ထပ်ရုန်းရင် ထပ်ဖမ်းဆွဲ မယ်ဆိုတာသိတာကြောင့် ရပ်ပြီးနားထောင်ဖို့ပဲဆုံးဖြတ်လိုက်တယ်။သူထွက်မသွားတော့ဘူးဆိုတဲ့ပုံပေါ်တော့မှ မိုးပင်လယ်ကလက်ကိုလွှတ်ပေးတယ်။

ပြီးတော့သူ့ကိုတစ်ချက်စိုက်ကြည့်ပြီး စီးကရက်ကို နှုတ်ခမ်းဖျားလေးမှာ တင်ကာ မီးညှိပြီး တစ်ရှိုက်ရှိုက်လိုက်တယ်။အပြုအမူတစ်ခုချင်းစီက ကြည့်လို့ကောင်းနေတာတော့အမှန်ပဲမို့ နွေဉီး စိတ်လိုလက်ရလိုက်ကြည့်နေလိုက်တော့ ရလာဒ်အနေနဲ့ သူ့မျက်နှာကိုဆေးလိပ်ငွေ့နဲ့ မှုတ်ထုတ်တာခံလိုက်ရတာပါပဲ။

Shit!!ဒီအရိုင်းအစိုင်းကောင်ကတော့...

ဆေးလိပ်ငွေ့တွေကြောင့်နွေဉီးတစ်ဟွတ်ဟွတ်နဲ့ချောင်းဆိုးတာကိုကြည့်ပြီး မိုးပင်လယ်ကသဘောတကျဟက်ဟက်ပက်ပက်ပြုံးတော့သူသဘောကျရတဲ့မျက်ဝန်းညိုလေးတွေ မှာဒေါသရိပ်ပျောက်သွားပြီး ပြုံးသွားတာကိုသူချောင်းဆိုးလက်စနဲ့မြင်ဖြစ်အောင်မြင်လိုက်သေးတယ်။သူကလည်းသူပါပဲ!

"ပြောစရာမရှိရင် ကျွန်တော်သွားတော့မယ်"

"ရှိတယ်နေဉီး"

"ပြော!"

"ခုနကဖုန်းဆက်တာ ရည်းစားအသစ်လား"

"ခင်ဗျားနဲ့မဆိုင်ဘူး"

"ဘာ!"

နွေဉီးရဲ့အဖြေက မှားနေတာမဟုတ်ပေမယ့်မိုးပင်လယ်နည်းနည်းတော့ခံရခက်ပြီး မပျော်မရွှင်ဖြစ်သွားရတယ်။သူကသွေးတိုးစမ်းပြီးမေးလိုက်တယ်ဆိုပေမယ့် နွေဉီးမှာ တကယ်ရှိနေတာများလား...တကယ်သာဆို သူလက်မခံနိုင်ဘူး။နွေဉီးဘေးမှာ သူမဟုတ်တဲ့အခြားတစ်ယောက်ကိုတွဲမမြင်ချင်ဘူး။

နွေဉီးရဲ့ရှေ့ကို မိုးပင်လယ် အပြေးအလွှားပိတ်ရပ်လိုက်တော့ နွေဉီးရဲ့ မှုန်ကုပ်ကုပ်မျက်နှာထား​နဲ့ထပ်ကြည့်လာတယ်။နွေဉီးက အရင်လိုပဲ...ဘာမှမပြောင်းလဲသေးဘူး။သူ့ရဲ့ခံစားချက်တွေကို သူ့ရဲ့ မှုန်ကုပ်ကုပ်မျက်နှာထားနဲ့ ဘုကလန့်အပြောနောက်မှာဖွက်ထားလို့ရမယ်ထင်နေတုန်းပဲ။ဒါပေမဲ့ နွေဉီးရဲ့ ကြည်လင်ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေက ညာမှမညာတတ်တာ။သူသိတာပေါ့! နွေဉီးသူ့ကို ချစ်နေတုန်းပဲဆိုတာ။

"ဘယ်ကိုသွားမှာလဲ"
မိုးပင်လယ်ထပ်မေးလိုက်တယ်။

"အဲ့ဒါလဲခင်ဗျားနဲ့မဆိုင်ဘူး"

ခေါင်းမာလိုက်တာ... ရတယ်!ရအောင်မေးမယ်။သိချင်တာမသိရမချင်းငါ မင်းနားကခွာမှာမဟုတ်ဘူး။

"အင်း...၂ယောက်ထဲသွားမှာလား"

"ဘာဖြစ်လို့သိချင်နေတာလဲ...ခင်ဗျားတော်တော်အားနေလား"

"အင်း ငါအရမ်းအားတယ်...ကြည့်ရတာမင်းလဲအားနေတဲ့ပုံပဲ..ဖြေစမ်းပါ ဘယ်ကိုသွားမှာလဲ၊ခုနကဖုန်းဆက်တာ ရည်းစားလား"

"ကျွန်တော့်တစ်သက်လုံးစာအားသွားရင်တောင် မဖြေဘူး...ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားနဲ့ မ ဆိုင် လို့"

နွေဉီး 'မဆိုင်လို့' ဆိုတာကို တစ်လုံးစီခွဲပြီး ဖြေပေးလိုက်တော့ မိုးပင်လယ်မျက်နှာက ပြုံးပျော်နေရာကနေ ချက်ချင်းတည်တင်းသွားတယ်။
အရသာရှိလိုက်တာ!
နွေဉီး ထိုမျက်နှာထားကို တစ်ဝကြီးကြည့်ပြီးမှ ကွေ့ပတ်ရှောင်ပြီး ထွက်လာခဲ့တယ်။
သိပ်မကြာပါဘူး ရှေ့ကိုပြန်ရောက်လာပြန်တယ်။

"ခုနကမေးခွန်း ၂ခုထဲက တစ်ခုပဲဖြေ"

"မဖြေဘူးဆိုရင်ရော!"

"ငါတနေကုန်အားတယ်!"

ချီးပဲ!!ခင်ဗျားအားလဲ ကျွန်တော်မအားဘူး...မိုးပင်လယ်ကအရင်လိုပဲသူ့ကိုအဖြေရကြပ်အောင် လုပ်နိုင်နေတုန်းပဲ။သူဒီအခြေအနေကနေဘယ်လိုရှောင်ထွက်ရမလဲ...

"နွေဉီး!!Sea!!မင်းတို့ဘာရပ်လုပ်နေကြတာလဲ...နွေဉီး ခုထိမသွားဖြစ်သေးဘူးလား"

အော်မေးသံနဲ့အတူ ကိုထွဋ်ကသူတို့နားကိုရောက်လာပြီ။သူ့စိတ်ထဲမှာ ကိုထွဋ်အခြားအကြောင်းအရာတွေလျှောက်မပြောဖို့ပဲ ဆုတောင်းနေမိတယ်။

"ဟိုပုံးကိုသွားမလို့ဆို!ပြည်စိုးရော!"

နွေဉီး မိုးပင်လယ်ကို တစ်ချက်ဝေ့ကြည့်လိုက်တော့ ခေါင်းကိုခပ်ငဲ့ငဲ့လုပ်ပြီးပြုံးနေတယ်။စိတ်ညစ်ပါတယ် !ကိုထွဋ်နဲ့တော့ တကယ်ပါပဲ!

"မရောက်လာသေးဘူး...ရတယ်နောက်နေ့မှသွားတော့မယ်"

"ဟိုပုံးကိုသွားမလို့လား!"
မိုးပင်လယ်က ဝင်မေးတော့သူမဖြေရသေးခင် ကိုထွဍ်ကခေါင်းညိတ်ပြီးပြီ။ကျေးဇူး အစ်ကိုရေ...

"ဟုတ်တယ်လေကွာ...မိုးကိုလဲကြည့်ဉီး နွေဉီးရှားရှားပါးပါးခွင့်ယူကာမှ ရွာနေလိုက်တာ"

မိုးပင်လယ်ကခေါင်းညိတ်ပြီး...
"ဟိုပုံးသွားမယ်ဆို လမ်းကြုံသားပဲ...လိုက်ခဲ့ပါလား...ဘာသွားလုပ်မလို့လဲ"

"ဆံပင်ညှပ်မလို့တဲ့ကွာ...အဲ့ဒါ..."

အစ်ကိုရေ သတိထားပါဉီး!အဲ့လူက ကျွန်တော့်ကိုထားပစ်ခဲ့တဲ့လူ။ချက်ချင်းကြီးသူ့ဘက်ကိုပြန်ပါမသွားနဲ့ဉီး။ကျွန်တော့်ကိုသနားပါဉီး။

"ကိုထွဋ်...!!"

နွေဉီး ဝင်တားမှရတော့မယ်...နို့မို့သာဆို ကိုထွဋ်​နဲ့ကမလွယ်ဘူး။

မိုးပင်လယ်ကတော့သူသိချင်တာတွေ သိလိုက်ရပြီမို့ တော်တော်လေးကျေနပ်သွားပုံပဲ။သူ့နားထင်ကို လက်ညိုးနဲ့ခပ်ဖွဖွကုတ်ကာနွေဉီး ကိုမေးဆတ်ပြီး ...

"ဆံပင်ညှပ်ဖို့ဆိုလဲရတယ်လေ...Resortမှာ Spaနဲ့Salonပါထည့်ထားတယ်...လိုက်ခဲ့မလားနွေဉီး!မသိကြတဲ့လူတွေမှမဟုတ်တာ"

"မလိုက်ချင်ဘူး"

"ဘာဖြစ်လို့လဲ..."

"မသိတဲ့လူနဲ့မှလိုက်ချင်သေးတယ်!ခင်ဗျားမို့မလိုက်တာ"

သူ့စကားအဆုံးမှာ ပြုံးနေတဲ့မိုးပင်လယ်ရဲ့မျက်နှာကတည်တင်းသွားတယ်။သူနဲ့မိုးပင်လယ် အကြည့်ချင်းဆုံသွားပြီး မီးပွားတွေပွင့်ထွက်မတတ်စိုက်ကြည့်နေလိုက်ကြတယ်။ကိုထွဋ်ကပြေရာပြေကြောင်းပြောဖို့ကြိုးစားကြည့်ပေမယ့် သူတို့မျက်နှာထားကြောင့် ကြောက်သွားပုံပဲ...ထချကြမှပဲ ဝင်ဆွဲတော့မယ်ဆိုတဲ့ရုပ်နဲ့ ဘေးကနေခပ်ခွာခွာရပ်ကြည့်နေတယ်။

သူတို့ရဲ့ မီးပွားတွေကြောင့်ဆေးရုံကြီးပြာကျမသွားခင် ပြည်စိုးက ပျာပျာသလဲရောက်လာလို့တော်သေးတယ်။ပြည်စိုးလဲ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို ရိပ်မိမှာပဲ။
ခပ်သွက်သွက်ပဲ သူတို့ထွက်သွားဖို့ပြင်လိုက်တယ်။သူတို့သွားဖို့လုပ်တော့ ကိုထွဋ်ကလဲနှုတ်ဆက်ပြီး ဆေးရုံထဲပြန်ဝင်သွားတယ်။

"ကိုနွေဉီး!စောင့်နေရတာ အရမ်းကြာသွားလား.."
ပြည်စိုးက အလွန်တရာကိုအားနာနေတဲ့ပုံနဲ့မေးလာတယ်။

"သိပ်မကြာပါဘူး...သွားကြမယ်"

သူ့ကိုအကြည့်လွှဲပြီး အခြားတစ်ယောက်နဲ့ လိုက်သွားဖို့လုပ်နေတဲ့နွေဉီး ကိုမြင်ရတာ မိုးပင်လယ် မျက်လုံးထဲ မီးပွင့်သွားသလိုပဲ။ရင်ဘက်ထဲမှာရော စိတ်ထဲမှာရော ခန္ဓာကိုယ်တစ်ခုလုံးပါမကျန် တစ်ရွရွနဲ့ မကျေမနပ်ဖြစ်လာတယ်။

ဟုတ်တယ်!သူ နွေဉီးကို သဝန်တိုလို့သေမလိုဖြစ်နေပြီ။

သူနဲ့စကားပြောတုန်းက မှုန်ကုပ်နေတဲ့ နွေဉီးက ပြည်စိုးဆိုတဲ့ကောင်ရောက်လာတော့ ချက်ချင်းပြုံးချိုသွားတာကဘာသဘောလဲ!

နွေဉီးရဲ့အပြုံးတွေကို သူမမြင်ရဘူးဆိုရင်တောင် သူများတွေကိုမမြင်စေချင်ဘူး။အတ္တကြီးတယ်ပြောရင်လဲ သူကျေကျေနပ်နပ်ကြီးကိုလက်ခံပေးမှာ!အမှန်အတိုင်းပဲလေ!ဘာနာစရာရှိလဲ။

မိုးပင်လယ် လက်ထဲကဆေးလိပ်ကို ပစ်ချ နင်းချေခဲ့ပြီး နွေဉီးနောက်ကို ပြေးလိုက်ကာ ကားတံခါးဖွင့်နေတဲ့ နွေဉီးလက်ကိုဆောင့်ဆွဲလိုက်တယ်။သူ့ရဲ့သဝန်တိုစိတ်တွေက သူ့တစ်ကိုယ်လုံးကိုလောင်မြိုက်နေပြီမို့လို့ သူငြင်သာဖို့လဲစိတ်ကူးမရှိဘူး။

"ငါနဲ့လိုက်ခဲ့ ဟိုပုံးကို"

နွေဉီးက လက်ကိုဆောင့်ရုန်းတယ်...သူလုံးဝလွှတ်မပေးပဲ ပိုပြီးတင်းကျပ်အောင်ဆုပ်ကိုင်ထားလိုက်တယ်။မိုးတွေကသူတို့တစ်ကိုယ်လုံးကို အတားအဆီးမရှိကျနေပြီး အကုန်လုံးလဲ စိုရွှဲနေပြီ။ပြည်စိုးဆိုတဲ့ သတ္တဝါလေးကတော့ ကားထဲကနေပြူးတူးကြောင်တောင်နဲ့ကြည့်နေတယ်။

ကြည့်နေလိုက်!ငါ့လူ ကိုငါပြန်သိမ်းတော့မှာ!

"လိုက်ခဲ့လို့ပြောနေတယ် နွေဉီးဧရာ"

"ဘာလို့ငါက မင်းနဲ့လိုက်ရမှာလဲ မိုးပင်လယ်ပြာ"

"ဘာ!မင်းဟိုကောင်နဲ့အရမ်းသွားချင်နေတာလား!ဟုတ်လား!!"

"အဲ့ဒါ ငါ့အကြောင်း!မင်းနဲ့ဘာမှမဆိုင်ဘူး...ခုငါ့ကိုလွှတ်!"

"မလွှတ်ဘူး...ငါနဲ့လိုက်ခဲ့!"

"လွှတ်!ငါနဲ့မင်းနဲ့ဘာဆိုင်လို့ ဒီလိုတွေလုပ်နေတာလဲ?"
ရုန်းနေရင်း မိုးသံတွေကြားထဲကနေ နွေဉီးအော်ပြောလိုက်တယ်။

"ခင်ဗျားနဲ့ကျွန်တော်နဲ့ ဘာမှမဆိုင်တော့ဘူးလေ ကိုမိုးပင်လယ်!ခင်ဗျားကျွန်တော့်ကို ထားခဲ့ပြီးခါမှ ခေမီနဲ့စေ့စပ်ပြီးခါမှ ဘာလို့ဒီလိုတွေလုပ်နေတာလဲ"

သူ့စကားအဆုံးမှာ သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ မိုးပင်လယ်လက်တွေလျော့ရဲသွားတာမို့ သူဆတ်ခနဲရုန်းပြီး ကားထဲမြန်မြန်ဝင်ထိုင်လိုက်တယ်။နွေဉီး သူ့လက်ကောက်ဝတ်သူ ကြည့်လိုက်တော့ လက်ရာထင်တဲ့အထိနီရဲနေပြီး သူ့နှလုံးသားတွေလဲ နာကျင်နေရပြီ။သူဒီလိုအခြေအနေနဲ့ ဟိုပုံးသွားဖို့မဖြစ်နိုင်တော့တာမို့ပြည်စိုးကို အိမ်ကိုပဲမောင်းခိုင်းလိုက်တော့တယ်။
မိုးပင်လယ်ကတော့ တဖွဲဖွဲကျနေတဲ့ မိုးရေတွေကြားထဲမှာ ရပ်နေတုန်း။

ဟိုတုန်းကတော့သူ့လက်ကိုအကြောင်းမဲ့ဆွဲဖြုတ်ခဲ့ပြီး ခုအချိန်လွန်ခါမှဘာလို့ လာဆွဲနေရတာလဲ??သူထပ်ပြီး နာကျင်ဖို့အဆင်သင့်မဖြစ်သေးတာမို့...တဆိတ်လေးကျွန်တော့်ကို ခင်ဗျားငဲ့ညှာပေးပါဉီး!

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

613K 37.9K 111
(Zawgyi) မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှမဆုံနိုင်ဘူးလို့ သူများတွေပြောကြတယ် အမုန်းမျဉ်းပြိုင်နှစ်ကြောင်းကရော ဆုံနိုင်ဖို့ ဖြစ်နိုင်ပါ့မလား...
181K 6.4K 57
ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕
443K 16.6K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
82K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...