အနောက်တောင်အရပ်က လွမ်းတဲ့အလွမ...

De flickstar1

40.6K 2.4K 42

❤ကိုယ်နေထိုင်ရာ အနောက်တောင်အရပ်ကနေ ခင်ဗျားရှိရာ အရပ်ကို လွမ်းတဲ့အလွမ်း❤ Mais

အပိုင်း-(၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
ဇာတ်သိမ်း
Special Part
အပိုင်း-(၁) (Unicode)
အပိုင်း-(၂) (Unicode)
အပိုင်း-(၄) (Unicode)
အပိုင်း-(၅) (Unicode)
အပိုင်း-(၆) (Unicode)
ဇာတ်သိမ်း(Unicode)

အပိုင်း-(၃) (Unicode)

1.6K 157 0
De flickstar1

ကျွန်မအတွက် အစ်မဆိုတာ အမြဲတမ်းရှူသွင်းနေရတ့ဲ
Pure oxygen တစ်ခုလို အဖိုးတန်ခ့ဲပြီး...
အစ်မအတွက်တော့ ကျွန်မဆိုတာ အနာတရဖြစ်တိုင်း
ခဏတာကပ်ရတ့ဲ hansaplast အဆင့်မှာပဲ ရှိခ့ဲသူပေါ့…။

******

လှုပ်လို့လည်းမရ…လက်နားမှာကိုက်နေသော ခြင်ကိုလည်း ရိုက်၍မရတော့ လင်္ကာက ခေါင်းလေးကိုစောင်းပြီး အစ်မရဲ့ မျက်နှာဘေးနားလေးကနေ ကပ်ကာ လက်တွင်သွေး၀အောင်စုပ်နေသော ခြင်ကို လေဖြင့် မှုတ်ထုတ်သည်။ မမှုတ်လို့ကလည်း မရ…ဒီခြင်တစ်ကောင်ကိုက်နေတာ တော်တေ်ာကြာနေပြီကိုး…။ပြီးတော့ အစ်မဘေးနားမှာ ရှိပေးပါလို့ပြောပြီးထဲက ဒေါ်ရှင်းအမရာလင်းတစ်ယောက်က သူ့အနောက်တွင်ရှိနေသော  လင်္ကာ့လက်တွေကိုဆွဲထားကာ ရင်ခွင်ထဲမှေး၍ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေလေ၏။

ကုတင်ပေါ် ကန့်လန့်ထိုင်ပြီး အကြမ်းထည်အုတ်နံရံကို မှီထားရတ့ဲ လင်္ကာက ကျောတွေလည်း အေးလာသလို အစ်မကို အနောက်ကနေ သိုင်းဖက်ထားရတ့ဲ အချိန်ကြာလာတော့ လက်တွေလည်း ကျင်လာလေသည်။ ဒါပေမ့ဲ လင်္ကာ နည်းနည်းလေးမှ မလှုပ်မိခ့ဲ...။

လင်္ကာ့မျက်လုံးထဲ မြင်ယောင်နေတာက အစ်မရဲ့ မျက်ရည်တွေရယ်…နောက်တစ်ခုက အစ်မရဲ့ တခဏတာလေးပဲ ဆိုတ့ဲ အနမ်းရယ်…။ တွေးလိုက်တိုင်း မျက်ည်တွေကြောင့် ရင်ထဲမှာ နာကျင်ရသလိုလို…အနမ်းတွေကြောင့် လင်္ကာ့နှုတ်ခမ်းလေးတွေကခြောက်ကပ်ကာ ရှက်ရွံ့သွားသလိုလို…လူက ကတုန်ကယင်ကြီး ဖြစ်နေလေ၏။ အ့ဲတော့ လင်္ကာက ထိုအတွေးတွေကို တတ်နိုင်သလောက် မတွေးဘဲ နေလိုက်ပြီး အိပ်လည်းအိပ်ချင်လာတာကြောင့် အစ်မ မနိုးအောင် အစ်မဆွဲကိုင်ထားသည့် လက်တစ်ဖက်ကို အစ်မရဲ့ လက်ထဲက အသာလေးထုတ်ပြီး မလှမ်းမကမ်းတွင်ရှိနေသာ ခေါင်းအုံးလေးကို ဆွဲကာလင်္ကာ့ကျောနောက်သို့ ထည့်၍အနည်းငယ်မှီလိုက်ကာ အစ်မကိုလည်း လင်္ကာ့ရင်ခွင်ထဲ အနည်းငယ်လေးမှီနိုင်အောင် လင်္ကာ့ရင်ခွင်ထဲသို့ ဆွဲကာဖက်ထားလိုက်လေသည်။ အပြင်က ရာသီဥတုကလည်း အေးသထက်အေးလာတာကြောင့် အစ်မကိုလင်္ကာက အနွေးဓာတ်ပိုရအောင် ခပ်တင်းတင်းလေး ဖက်ထားလိုက်တော့သည်။

အစ်မတစ်ယောက်နဲ့တော့ ကျွန်မ ရူးတော့မယ်ထင်ပါတယ်…။

******

ဖုန်းက နာရီAlarmသံကြောင့် လင်္ကာလန့်နိုးလာသည်။ မဖွင့်ချင်ဖွင့်ချင်ဖြစ်နေသော မျက်လုံးကို ခဏတာအတင်းစွတ်မှိတ်ထားပြီး အသံမြည်နေသော ဖုန်းကို မျက်လုံးမှိတ်လျက်ပင် လိုက်စမ်း၏။ ဖုန်းက night stand ပေါ်တွင်စမ်းမိပြီး ပါဝါခလုတ်ကို ပိတ်ပြီးမှ ခေါင်းအုံးအထိအတွေ့ရော လှဲနေတယ်ဆိုသည့် အသိကြောင့် မျက်၀န်းတွေက ဆတ်ခနဲပွင့်သည်။ ပထမဆုံးအသိက လင်္ကာအိပ်နေတာဟာ အစ်မရဲ့ အိပ်ယာဖြစ်ပြီး လင်္ကာ့ကိုယ်ပေါ်မှာတော့ စောင်တစ်ထည်လွှမ်းခြုံထားကာ အစ်မအရိပ်အယောင်ကိုတော့ အခန်းထဲမှာ မတွေ့။

နောက်တော့မှ လင်္ကာက ညကအဖြစ်ကို သတိရသွားပြီး ရှက်ရွ့ံသွားကာ နှုတ်ခမ်းလေးကို လက်ဖြင့်ဖွဖွလေး စမ်း၍ သဘောတကျဖြစ်ပြီး ပြုံးမိပြန်၏။

အစ်မက ကျွန်မစိတ်ကို တော်တေ်ာလေး ဖမ်းစားနိုင်တာပဲ အစ်မရယ်…။ ကျွန်မ အစ်မကို စိတ်၀င်စားနေမိပြီထင်ပါတယ်။

အ့ဲနေ့က အစ်မဟာ လင်္ကာ့ကို တစ်နေ့လုံးရှောင်နေခ့ဲပြီး လင်္ကာ့ကို စကားပင်မပြော…အ့ဲတော့ အစ်မရဲ့ စိတ်ကို လင်္ကာမတွေးတတ်တော့ပြန်ပေ…အစ်မဟာ ဘယ်လိုလူမျိုးလဲ၊ အစ်မဟာ လင်္ကာ့အပေါ် ဘယ်လိုသဘောထားလဲ…လင်္ကာသိချင်နေပေမ့ဲ လူကဲခတ်ည့ံတ့ဲ လင်္ကာဟာ အစ်မရဲ့ ဘယ်အပြုအမူကိုမှ ဘာသာမပြန်တတ်ခ့ဲပေ။

ဒေါက်ဒေါက် ဆိုသည့် တံခါးခေါက်သံအဆုံးမှာ လင်္ကာက တံခါးကို အပြေးဖွင့်သည်။ ဒါဟာအစ်မဆိုတာကို လင်္ကာသေချာသိနေသည်လေ။

"အစ်မ ပြန်လာပြီလား…မကြည်ပြာတို့ကို မေးကြည့်တော့ အစ်မသူငယ်ချင်းခြံကိုသွားတယ်လို့တော့ ပြောတယ်…တစ်ယောက်တည်းဆိုတော့ ကျွန်မစိတ်ပူနေတာ"

"ဒီအချိန်ရောက်နေပြီကို ကာက မအိပ်သေးဘူးလား"

"ဟုတ် ကျွန်မ အစ်မကို စောင့်နေတာပါ။ ကျွန်မ အစ်မနားမှာ ရှိနေပေးချင်တယ်"

အစ်မက လင်္ကာပြောတာကို တည်တည်ငြိမ်ငြိမ်နားထောင်ရင်း အခန်းထဲ၀င် အိပ်ယာပေါ်ထိုင်ချပြီး…

"တစ်ရက်ဆိုရပြီလေ ကာ…တို့အတွက် နောက်ထပ်မလိုတော့ဘူး…"

အစ်မ စကားကြောင့် လင်္ကာက ဘာဆက်ပြောရမလဲ မသိတော့…အခုမှတွေ့တာ၃ရက်ပဲ ရှိသေးတာဆိုပေမ့ဲ အစ်မကို လင်္ကာသံယောဇဉ်ဖြစ်နေလေပြီ။ အစ်မရဲ့ ဂရုစိုက်မှုဆိုတာတွေ မခံရရင်တောင် အစ်မရဲ့ ဥပက္ခာတွေ မလိုချင်တော့ဘူး…အမှန်ပြောရရင် တစ်နေ့လုံး စာသင်တာထဲ စိတ်မရောက်နိုင်ဘဧ စဉ်းစားနေခ့ဲတ့ဲ အဖြေတစ်ခုက အစ်မကို လင်္ကာချစ်မိနေတာ ဆိုတာကိုပါပဲ…။

လင်္ကာက အစ်မဘေးနား ထိုင်ချလိုက်ပြီး..

"အစ်မ မလိုတာတွေကိုပဲ ကျွန်မက ပေးချင်နေမိတာ…အစ်မ မလိုဘူးဆိုတာ သိလိုက်ရလို့ ကျွန်မရင်ဘတ်ကြီးက နာကျင်ရပေမ့ဲ ကျွန်မကိုက ကျေကျေနပ်နပ်ကြီး အစ်မကို ဂရုစိုက်မှုတွေပေးပြီး အစ်မအနားမှာရှိနေချင်မိတာ"

"ကာရယ်…မင်းအသက် ၂၆နှစ်ရှိနေပြီပဲကို…လူဆိုတာ အလိုက်သိရတယ်…တစ်ဖက်လူက မလိုအပ်ပါဘူးဆိုတာကို အတင်းဇွတ်ပေးလို့မှ မရတာ…မင်း နဲ့တို့က…"

အစ်မ စကားပင်မဆုံးသေး လကာၤက အစ်မရဲ့ လက်မောင်းနှစ်ဖက်အား တင်းတင်းဆုပ်ကိုင်၍ အစ်မရဲ့နှုတ်ခမ်းလှလှလေးကို ဖိကပ်ရင်း အတော်ကြာအောင် နမ်းလိုက်ပြီးကာမှ လူချင်းပြန်ခွာလိုက်ကာ…

"အ့ဲလိုအနမ်းတွေ ဘာလို့ပေးခ့ဲလဲဟင် အစ်မ…တွေ့လား ကျွန်မ အ့ဲအနမ်းတွေကြောင့် တစ်ညလေးအတွင်းမှာပဲ ရူးခ့ဲရတာ"

လင်္ကာက အစ်မပခုံးပေါ်က လက်တွေကို ဖယ်လိုက်ပြီး အစ်မရဲ့ လက်တစ်ဖက်အား ကိုင်၍ လင်္က့ာနှလုံးနားထိ တိုးကပ်ဖိထားကာ…

"တွေ့လား…ဒီရင်ခုန်သံတွေကို…အစ်မခံစားလို့ရလား…ကျွန်မဘ၀မှာ အခုလို ရင်ခုန်သံမျိုးဆိုတာ အခုမှခံစားဘူးတာ…ကျွန်မသေချာဆန်းစစ်တယ်…မဟုတ်နိုင်လောက်ပါဘူး ဆိုပြီး ကျွန်မ ကြိမ်ဖန်များစွာငြင်းခ့ဲတယ်…ဒါပေမ့ဲ အဖြေက လားရာတစ်ခုတည်းကိုပဲ ဦးတည်ပြီး ပြန်သွားတယ်…အ့ဲတာ အစ်မကို ကျွန်မချစ်မိနေတယ်ဆိုတာပဲ…"

"တော်တော့ ကာ…တို့အတွက် အ့ဲတာဟာ တို့မူးနေလို့ဆိုတာထက် တစ်ခုမှ မပိုခ့ဲဘူး…မင်းက တို့ training ပေးတဲ့ ကျောင်းသူတစ်ယောက်…တို့က မင်းရဲ့ ဆရာမ တို့အတွေးထဲမှာတော့ အ့ဲထက် အဆင့်ပိုမနေဘူး…ပြီးတော့ တို့နှစ်ယောက်က မနက်ဖြန်ပြီးရင် ထပ်တွေ့စရာမှ မလိုတော့တာ…အ့ဲတော့ ခဏတာလေး ဖြစ်ပျက်ခ့ဲတာကို တစ်ဘ၀စာလို့ ထင်မနေပါနဲ့ ကာ…"

"အစ်မ..."

"တို့ နားချင်နေပြီ ကာ…နားလို့ရမလား"

အစ်မရဲ့ အပြီးပိတ်ပြောလိုက်တ့ဲစကားကြောင့် လင်္ကာ့မှာ ဘာဆက်ပြောရမှန်း မသိ…လင်္ကာ့အတွေးထဲ ဖြစ်နေတာက မိန်းကလေးအချင်းချင်း အရဲစွန့်ပြီး ဖွင့်ပြောလိုက်ရလို့ ရှက်တာရော…အစ်မရဲ့ စကားတွေကြောင့် ၀မ်းနည်းတာတွေရော စုပြုံ၍သာနေသည်။ အ့ဲတော့ ကိုယ့်အိပ်ယာပေါ်ကိုယ် တက်အိပ်ကာ အစ်မအားကျောခိုင်းရင်း လင်္ကာငယ်ငယ်လေးထဲက ၀မ်းနည်းရင်လုပ်နေကျအတိုင်း ကိုယ်ကိုကွေးနိုင်သမျှကွေးလိုက်ပြီး တိတ်တိတ်လေး နေလိုက်သည်။ မျက်ရည်တွေကျနေတယ်ဆိုတာတော့ လင်္ကာကလွဲပြီး အစ်မတစ်ယောက်မရိပ်မိနိုင်ပေ။

*****

တစ်လကြာပြီးနောက်…

လင်္ကာနဲ့ အစ်မရဲ့ ဇာတ်လမ်းက အ့ဲနေ့ညမှာတင် ပြီးဆုံးခ့ဲတယ်။ အ့ဲညပြီး နောက်နေ့ကျတော့ အစ်မက သူသင်စရာရှိတ့ဲ စာကိုပြီးဆုံးအောင်သင်ပြီးတာန့ဲ အတန်းထဲမှာ လင်္ကာတို့ အားလုံးကိုနှုတ်ဆက်ပြီး ပြန်သွားခ့ဲတယ်။ လင်္ကာတို့ကတော့ ညနေလောက်မှ အ့ဲ Resortလေးကပြန်တော့ အစ်မနဲ့ လင်္ကာမတွေ့ခ့ဲရတော့ပေ။

အ့ဲနေ့ကနေ အခုထိ အစ်မသတင်းကို လင်္ကာနားစွင်ေ့နခ့ဲသည်။ စုံစမ်းခ့ဲသည်။ အစ်မcompanyကို သိပေမ့ဲရုံးတက်နေရတ့ဲ လင်္ကာက အစ်မကို မတွေ့နိုင်ခ့ဲ…။ social media တွေမှာ အစ်မကို လိုက်ရှာတော့ တွေ့ပေမ့ဲ နောက်ဆုံးတွေ့ခ့ဲတ့ဲ ညက ကိုယ့်ဘက်က မှားယွင်းစွာကျူးလွန်ခ့ဲမိတော့ မ၀့ံမရဲ…အ့ဲတေ့ာ အစ်မရဲ့ activitiesလေးတွေကို လိုက်ကြည့်…အစ်မပုံလေးတွေကို gallery ထဲ saveထား ဒီလောက်သာတတ်နိုင်ခ့ဲသည်။

ငေးကြည့်ရမ့ဲ ကြယ်စာရင်းထဲ ပါတော့ ငေးကြည့်ယုံကလွဲပြီး ဘယ်တတ်နိုင်ပါ့မလဲပေါ့…။

"လင်္ကာ ထီးမပါဘူးလား…မကြီးထီးယူသွားမလား…မကြီးက ဇင်မာတို့နဲ့ တူတူပြန်တာဆိုတော့ သူတို့နဲ့ကပ်ဆောင်းလိုက်လို့ရတယ်"

ရုံးက ထွက်တာနဲ့ ဆောင်းတွင်းကြီးကို ရွာချလိုက်တ့ဲ မိုးကြောင့် လင်္ကာတို့ Department က လင်္ကာ့အထက်က အစ်မကြီးက သူ့ထီးယူသွားဖို့ပြောသည်။

လင်္ကာက ကမ်းပေးလာသော ထီးကို မမြင့်မြတ်ကို ပြန်ပေးလိုက်ပြီး…

"ရပါတယ် မကြီးမြင့်မြတ်ရယ်…ကားဂိတ်က ေ၀းတာမှ မဟုတ်တာ ဒီနားတင်ပဲကို လင်္ကာမယူတော့ဘူး…မကြီးက ကိုယ်၀န်ကြီးနဲ့ကို မိုးမိမခံပါနဲ့…ကားရတာနဲ့ လင်္ကာအဆင်ပြေပြီလေနော်"

လင်္ကာခေါင်းမာတာကို သိနေတ့ဲ မမြင့်မြတ်က လင်္ကာ့ကို ဘာမှမပြောတော့…အခုတလော လင်္ကာ မျက်စိပျက်မျက်နှာပျက်ဖြစ်နေတာကို သူလည်း ရိပ်မိနေသလားမသိ။ မမြင့်မြတ်က လင်္ကာ့ကို ညီမလေး တစ်ယောက်လို စောင့်ရှောက်တယ်။ တကယ့်ကို စိတ်ရင်းကောင်းတ့ဲ အစ်မလို့ ပြောရမှာ။ လင်္ကာက ရုံးရှေ့ကနေပဲ ခပ်စိပ်ရွာနေတ့ဲ မိုးရေထဲကို ထွက်လိုက်သည်။

အေးစက်စက် မိုးရေစက်တွေက မျက်နှာပေါ် အရင်လာစို၍ တစ်ထပ်ထပ်၀တ်ထားသော အနွေးထည်ပေါ်ကို ခနလေးစိုရွှဲသွားကာ ဆောင်းရာသီ ရွာသော မိုးကြောင့်တစ်ခနလေးအတွင်းပင် ချမ်းစိမ့်တတ်လာသည်။ ဒါပေမ့ဲ မြင်နေရသည့် ကားမှတ်တိုင်ကို အပြေးသွားဖို့ဆိုတာကို လင်္ကာစိတ်မကူး…လင်္ကာ့အတွေးထဲရှိနေတာက အစ်မပုံရိပ်တွေ…အစ်မရဲ့ ပြင်းထန်လှတ့ဲ စကားတွေ…။

အတွေးတွေနဲ့ လမ်းလျှောက်ရင်း လင်္ကာ့ဘေးကို အရှိန်ပြင်းပြင်းနဲ့ ကားတစ်စီးထိုးရပ်တော့မှ လင်္ကာအသိ၀င်တော့သည်။ဒါပေမ့ဲ လင်္ကာက ထိုကားကို ကြောင်တောင်တောင်လေး ရပ်ကြည့်နေဆဲ။ Driver ဘက်ခြမ်းကတံခါးပွင့်လာတော့မှ လင်္ကာကားမောင်းသူကိုကြည့်လိုက်တော့ အရမ်းကို အ့ံသြပြီး ရင်တွေလည်း အရမ်းခုန်သွားခ့ဲရ၏။ လင်္ကာ့နှုတ်က ပျော်လွန်းလို့ စကားလေးတစ်ခွန်းသာထွက်နိုင်ခ့ဲသည်။

"အစ်မ"

လင်္ကာက မိုးရေထဲမှာ ဒီတိုင်းလေးရပ်နေဆဲ…အစ်မက ကားပေါ်ကနေ တံခါးဖွင့်ဆင်းလာပြီး ထီးတစ်ချောင်းဖွင့်ကာ လင်္ကာ့ကိုပါ ဆောင်းပေးလိုက်ကာ…

"ဒီလောက် မိုးလေ၀သ သတင်းမှာ တစ်ခြားနိုင်ငံတွေကို မုန်တိုင်း၀င်လို့ မုန်တိုင်းအဖျားခတ်ရိုက်ခတ်နိုင်လို့ မိုးရွာမယ်ကြေညာထားတာကို မင်းမသိဘူးလား ကာ"

အစ်မ ပြောတာကို လင်္ကာ့မှာ ခွန်းတု့့ံပြန်နိုင်စွမ်းမရှိ…အစ်မကိုပဲလင်္ကာက ဆွေးဆွေးလေး ငေးကြည့်နေမိတုန်း…

"အပြင်မှာ ဒီလောက်အေးနေတာကို မင်းက မိုးရေထဲ လူတစ်ကိုယ်လုံး ဖြူဖတ်နေတ့ဲအထိ လမ်းလျှောက်နေတယ်ဆိုတော့…မင်းမှာ အသက်အပိုပါတယ်ပေါ့…ဟုတ်လား"

အခုချိန် အစ်မပြောသမျှကို လင်္ကာ ခွန်းတု့ံမပြန်နိုင်…အစ်မကို ငေးကြည့်ရင်း လင်္ကာ့ရဲ့ အရှေ့ဆံစလေးတွေကနေ ရေစက်လက်ကျနေတာနဲ့ မျက်ရည်တွေနဲ့ ရောပြီး ငိုနေမိ၏။

"လကာၤဖြူ…တို့ပြောနေတာကို ကြားရဲ့လား…လင်္ကာဖြူ…"

အစ်မရဲ့ စကားအဆုံးသတ်မရောက်ခင်မှာတင် လင်္ကာ အစ်မကို တင်းတင်းလေး ဖက်ထားလိုက်မိသည်။ လင်္ကာ့ထက်ပုသော အစ်မက ဒီနေ့မှ စလစ်ပါ အပါးလေးစီးထားပြီး လင်္ကာက heelစီးထားတာကြောင့် အစ်မကပိုပုနေကာ ဖက်ထားသော လင်္ကာ့ရင်ခွင်ထဲမှာပင် နစ်မြုပ်လို့နေလေသည်။

"အစ်မကို ကျွန်မ အရမ်းလွမ်းနေခ့ဲတာ…အစ်မကို ကျွန်မ သိပ်ကို လွမ်းနေခ့ဲတာ…အစ်မ ကျွန်မကို မရက်စက်ပါနဲ့နော်…ကျွန်မ အစ်မနားမှာ ဘယ်လိုပုံစံမျိုးနဲ့ပဲ နေရနေရ…နေခွင့်ပေးပါအစ်မရယ်…။"

ဆောင်းလေတွေက တိုက်နေတုန်းပဲ…မိုးကလည်း ရွာနေတုန်းပဲ…လင်္ကာကလည်း အစ်မကို တင်းတင်းဖက်ထားတုန်းပဲ…။

အစ်မက ဖက်ထားသော လင်္ကာ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်လိုက်ပြီး လင်္ကာ့ကို  မျက်နှာချင်းဆိုင်မော့ကြည့်ကာ…

"တို့မှာ ချစ်တတ်တ့ဲ နှလုံးသားဆိုတာ မရှိတော့ဘူး ကာ…အခွံပဲ ကျန်နေတ့ဲ တို့ကို မင်းက ယူချင်သပါ့ဆို ယူနိုင်ပေမ့ဲ…ဖြစ်ပေါ်လာမ့ဲ နောက်ဆက်တွဲကို တို့တာ၀န်မယူနိုင်ဘူး…ကာ…အ့ဲတော့ မင်းဘက်က သေချာစဉ်းစားပါ…နာကျင်မှုတွေကို ထွေးပွေ့ထားနိုင်မှ မင်းတစ်ခြားလူဘ၀ထဲကို ၀င်လာဖို့ကြိုးစားပါ…။တို့…"

လင်္ကာက အစ်မကို နောက်ထပ်ဆက်ပြောခွင့် မပေးတော့ဘဲ အစ်မနှုတ်ခမ်းလေးကို လက်ညှိုးလေးဖြင့် ဖွဖွလေးထိကာ…

"ကျွန်မ အ့ဲနာကျင်မှုတွေကိုပဲ လက်ခံမှာမို့လို့…အစ်မနားမှာ ဘယ်လိုပုံစံမျိုးနဲ့ပဲ နေရနေရ ကျေနပ်မှာမို့လို့…ကျွန်မကို အစ်မရဲ့ ကြိုးဆွဲရုပ်လေးဖြစ်ခွင့်ပေးပါ…ကျွန်မ ကျေနပ်ပါတယ်။"

တစ်နေ့တော့ အစ်မသိမှာပါ…။
ကျွန်မရဲ့ ပျော်ရွှင်ရခြင်း အရာဟာ…အစ်မပေးမ့ဲ နာကျင်ခြင်း ဒဏ်ရာတွေပဲဆိုတာ…။

*************

❤love you all❤
flickstar

Continue lendo

Você também vai gostar

227K 17.2K 33
သို့ ... ချစ်ရပါသော မ ❤️
75.3K 2.2K 5
កូនជាបេះដូង ជាកែវភ្នែក ជីវិតរបស់dadayទាំងពីរ
340K 28.6K 27
Fluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ...