𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]

By Tsubaki_Wang

112K 7.3K 1.2K

"အကိုထားခဲ့တာနဲ့ ကျွန်တော်ပျောက်ဆုံးသွားမှာပဲ" Xiao Zhan x Wang Yibo Heavy Zhanyi Fanfiction ... If you're ve... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆ (ဇာတ်သိမ်း)
Please Accept My Apology 🥺

Unseen Love (Xiao Zhan's Side Story)

4.9K 279 27
By Tsubaki_Wang

Unicode

     မချစ်တတ်ခဲ့ပေမယ့် ကျွန်တော့်တစ်ဘဝလုံးမှာ သူတစ်ယောက်တည်းကိုသာ ချစ်ပေးခဲ့တယ်။

                ____________________

"ဒါ ... ငါ့ညီလေးလေ ရှောင်းကျန့် "

        မှိုင်းညို့အားငယ်နေတဲ့ မျက်ဝန်းလေးတွေနဲ့ ရှောင်းကျန့်တွေ့ဆုံခဲ့တဲ့နေ့ ...။ သူ့ကိုပြုံးပြလိုက်တဲ့ နှုတ်ခမ်းတစ်စုံဟာ နှလုံးသားထဲကို တိုက်ရိုက်စီးဝင်ခဲ့သည် ...။

"ကျွန်တော်က ဝမ်ရိပေါ်ပါအကို "

"အကိုက ရှောင်းကျန့်ပါ "

        ဒီအတိုင်း ... ဒီအတိုင်းလေးပဲ ဆက်သွားရမယ်လို့ သူထင်ခဲ့ပေမယ့် ကောင်လေးဟာ သူ့ကို သိပ်ချစ်နေရပါသည်တဲ့ ...။
ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တာ သိပေမယ့် သူနောက်ဆုတ်ဖို့လည်း မဝံ့ရဲခဲ့ပြန်... ။
ဝမ်ရိပေါ် တဲ့ ... ။ သူ့ဘဝတစ်ခုလုံးကို သူ့အချစ်တွေနဲ့ ကိုင်လှုပ်ခဲ့တဲ့ ကောင်ငယ်လေး...။
အဖေဖြစ်သူရဲ့ အမြင်မကြည်မှုတွေကို ခါးစည်းခံခဲ့ရတဲ့ကောင်လေး ... ။
ဒီကောင်လေးအပေါ် သူဂရုဏာသက်စွာ ချစ်ကျွမ်းဝင်မိခဲ့သည်...။
ဒါပေမယ့် ယောက်ျားလေးနှစ်ယောက်ရဲ့ ချစ်ကြိုက်မှုတွေကို ဘယ်သူကများ လက်ခုပ်တီး အားပေးထောက်ခံကြမှာတဲ့လဲ ...။

"ရှောင်းကျန့် ... ရိပေါ်ကမင်းနဲ့လား "

"မဟုတ်ဘူး ဟောက်ရွှမ်း "

"အိမ်မှာမရှိတော့လို့"

       ထိုညဟာ ရိပေါ်ကို သူငြင်းလိုက်တဲ့ည ... ။ အိမ်ကနေထွက်သွားတဲ့ ကောင်လေးကို လိုက်ရှာဖို့ ဟောက်ရွှမ်းရော သူပါ ပျာယာခက်ခဲ့ရတဲ့ ညလည်းဖြစ်သည်။

"ကျွန်တော့်ကိုမချစ်ကြဘူး ကျွန်တော့်ကို ဘယ်သူ့မှမချစ်ကြဘူး"

"မဟုတ်ပါဘူး ရိပေါ် ... မဟုတ်ပါဘူး"

"ဟုတ်တယ် ... မချစ်ကြဘူး "

        လမ်းကြားထောင့်လေးမှာ တစ်ကိုယ်လုံးတုန်ယင်ပြီး ကယောင်ကတမ်းနဲ့ ပြောနေတဲ့ ကောင်ငယ်လေး ... ။ သူဘယ်လိုစိတ်နဲ့ ထားရက်ခဲ့ပါ့မလဲ ...။ ဘယ်လိုစိတ်မျိုးနဲ့ ဒီကောင်လေးကို ဆက်ပြီးငြင်းရက်နိုင်လိမ့်မလဲ ...။

"ချစ်တယ် ... ကိုယ်လည်း ရိပေါ်ကို ချစ်တယ် "

"တကယ်လား "

"အင်း တကယ်ပါ ... ကိုယ်ရိပေါ်ကိုချစ်ပါတယ်"

       ဘယ်သူ့မှမသိအောင် တိတ်တိတ်လေးချစ်ခဲ့ကြပြီးနောက်ပိုင်း ရိပေါ်ဟာ အရမ်းပဲပြောင်းလဲလာခဲ့သည် ။ သဝန်တိုသည် ... သံသယတွေများလာသည် ... ပြီးတော့ သူ့ကို ချုပ်ချယ်လွန်းလာခဲ့သည်။
စတွေ့တုန်းက အမြဲသိမ်ငယ်နေတတ်တဲ့ နူးနူးညံ့ညံ့ကောင်ငယ်လေးမျိုးမဟုတ်တော့ဘဲ သူ့မိဘတွေကို စကားလုံးကြမ်းကြမ်းတွေနဲ့ ပြောဆိုတတ်တဲ့ လူတစ်ယောက်အဖြစ် ရိပေါ်ရဲ့ ပြောင်းလဲမှုက ကြီးမားခဲ့၏။

"ဦးရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်စေချင်တယ် ... ပြီးတော့ ဒီအိမ်မှာပဲနေ ... မင်းတို့စီးပွါးရေးတွေ ကျနေတာ ဦးသိတယ် ... ဦးက အဆင်ပြေအောင်လုပ်ပေးမယ်"

"ဟုတ် ... ကျေးဇူးမမေ့ပါဘူး ဦး"

        ရိပေါ်အဖေက ရိပေါ်ကို မချစ်ပေမယ့် ရိပေါ်ဆရာဖြစ်တဲ့ သူ့ကိုတော့ နေရာပေးသည်... ။ ကျေးဇူးတင်မိတာ သူ့အမှားဖြစ်ပြီး ဥက္ကဌဝမ်ပေးတဲ့ အလုပ်မှာ ဝင်မိတာကလည်း ဒုတိယအမှားတစ်ခု ... ။

"မင်းကို ဦး သဘောကျတယ် ... "

"ကျွန်တော်တို့မဖြစ်သင့်ပါဘူး "

       သူ့ကို သဘောကျနေတယ်ဆိုတဲ့ ဦးကို ငြင်းခဲ့ပေမယ့် တကယ်တမ်းကျ ဦးရဲ့ ခြိမ်းခြောက်မှုတွေ အောက်ကနေ ရုန်းမရနိုင်ခဲ့... ။
ရိပေါ်နဲ့ သူ့ရဲ့အကြောင်းတွေ ဦးက သိနေခဲ့ပြီး သူ့မိဘတွေကို ရိပေါ်နဲ့ သူ့အကြောင်း သွားပြောမယ်ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ သူ့စိတ်တွေကို နွမ်းလျစေသည်...။
သူမရှိရင် ပြိုလဲသွားနိုင်တဲ့ သူ့မိသားစု ... ။
ပြီးတော့ သူ သိပ်ချစ်ရတဲ့ ရိပေါ် ... ။
သူ့မိသားစုကို အသိမပေးဘဲ ရိပေါ်နဲ့ အတူတူ ပြင်သစ်ကို တိတ်တိတ်လေးထွက်သွားခဲ့ရင် အဆင်ပြေလောက်တာပဲမလား..  ။

"ဘာအလုပ်ကိစ္စမို့လို့ ကိုကိုတောင်မသိရအောင် ဒီအချိန်အထိဆွေးနွေးနေရတာလဲ"

     ဥက္ကဌဝမ်နဲ့ စကားပြောပြီး စိတ်ရှုပ်နေသည့် သူ့ကို ရိပေါ်ကပါ ထပ်ရစ်လာတဲ့အခါ သူပြဿနာမဖြစ်ချင်၍ ရှောင်ထွက်လာခဲ့မိသည်။ သို့သော် ရိပေါ်က မရ ...။ သူ့အခန်းထိပါ လိုက်လာပြီး ဆက်ရစ်၏။

"အကိုကကျွန်တော်နဲ့တွဲနေတာ အကို့အိမ်ကိုသွားပြောမယ်"

"ရိပေါ်!"

"ဒါဆိုမအိပ်နဲ့ ထ!"

"မင်းကွာ လုပ်လိုက်လေ လမ်းခွဲချင်တယ်ဆိုရင်မင်းလုပ်ပေါ့ "

     သူက ချစ်တတ်တဲ့ လူသားတွေထဲ ပါသော်လည်း အများကြီးစိတ်ရှုပ်ရတဲ့ အချစ်ကို မုန်းသည်။ တွဲလာတဲ့ တစ်လျှောက်လုံး သူ့ကို ဘယ်တော့မှ နားမလည်ပေးသလို သူ့မိဘအိမ်သွားတာကိုတောင် ခွင့်မပြုချင်ခဲ့ ...။ ဒါတွေဟာ ချစ်လို့ဟု ပြောရင် ရှောင်းကျန့် အချစ်မခံချင်တော့ပါ ... ။ ပူလောင်တဲ့ အချစ်နဲ့ အချစ်ခံရတာပင်ပန်းသည်။
သူ့ကို အချစ်ကြီးရင်း ကျောင်းစာတွေမှာပါ ထိခိုက်လာသည့် ရိပေါ်နဲ့ သူလမ်းခွဲချင်လာသည်။ ပြီးတော့ ရိပေါ်ဟာ သူတောင်းပန်တာကို သိပ်ခံချင်၏ ။ သူ့ဘဝမှာလည်း သူမမှားဘဲ တောင်းပန်ဖူးသည် ဆိုတာမရှိခဲ့၍ ရိပေါ်နဲ့ အခြေအနေ ပိုတင်းမာခဲ့ရသည်။

"ရိပေါ် မင်းဖန်ရှင်းကိုလုပ်ခိုင်းတာလား လူငှါးပြီးလေ"

"ကျွန်တော်ပဲမဟုတ်ဘူး အကိုလည်းစောက်ရမ်း စိတ်ပျက်ဖို့ကောင်းတယ်"

"ဖန်ရှင်းတစ်ခုခုဖြစ်ရင် မင်းကိုတစ်သက်လုံးခွင့်မလွှတ်ဘူး"

"နောင်တမရနဲ့ အကို ကျွန်တော်ခံနိုင်ရည်မရှိတော့တဲ့အခါ အကိုနောင်တမရပါနဲ့"

     သူ့ညီလေးဖန်ရှင်းကို အင်္ဂလိပ်စာပြိုင်ပွဲကနေ ပြုတ်အောင် လုပ်ခဲ့သည့်ရိပေါ် အပေါ် ထွက်နေသည့် ဒေါသတွေဟာ ညဘက် ဖန်ရှင်းမူးပြီး အန္တရာယ်နဲ့ တွေ့တဲ့ အချိန် အကုန်ပေါက်ကွဲထွက်သည်။
သူ့မိဘနဲ့ ညီလေးကို အမြဲတမ်း သေစေချင်နေတဲ့ ရိပေါ်ကို သူမယုံ ... ။ သူကြောက်သည် ... ။ သူ့မိသားစုကို သူချစ်တဲ့သူက အန္တရာယ်ပြုလာမှာ သူသိပ်ကြောက်ခဲ့ပါသည်။
အချစ်ကြီးတဲ့ ကလေးငယ်က သူ့ကို တစ်ယောက်တည်းပိုင်ဆိုင်ချင်သည့် အတ္တဖြင့် ဘာမဆို လုပ်မည့် သူမျိုး ...။
ရိပေါ်ကို အကြိမ်ကြိမ်လမ်းခွဲခဲ့ပေမယ့် သူကိုယ်တိုင်က ကို လက်မလွှတ်နိုင်ခဲ့ ... ။

"လမ်းခွဲရအောင်"

"အင်း ... "

     ထိုညက တည်တည်ငြိမ်ငြိမ်နဲ့ ထွက်သွားသည့် ကလေးငယ်အပေါ်ကို သူမှားမှန်းသိခဲ့တဲ့တော့ ပြန်ရှာရသည့်သူမှာ သူပဲဖြစ်သည်။ ရိပေါ်က သွေးအေးစွာ နှစ်ရက်တိတိ Hotel မှာ သွားနေပြီး သူ့အား အဆက်အသွယ်ဖြတ်ခဲ့၏။

"ညီလေး "

"ဟုတ်ကဲ့ ... "

"သူကျောင်းမလာဘူးလား ... ဘယ်ကိုသွားနေလဲ သိလားဟင် ... ဖုန်းဆက်သေးလား"

      ကျောင်းရှေ့မှာ ရပ်စောင့်ရင်း ကျိရန်ကို မေးရသည်မှာလည်း အခါခါ ...။ ပြန်တွေ့သည့်အခါမှာတော့ ရိပေါ်ဟာ ဆေးလိပ်ကိုခဲထားလျက် ... ။ ရိပေါ်လွယ်အိတ်ထဲက အိပ်ဆေးတွေနဲ့ ဆေးလိပ်ဘူးတွေက သူ့ကို တုန်လှုပ်စေသည်။ ရိပေါ်ပုံစံဟာ သူ ငြင်းလိုက်သည့်နေ့က ပျောက်သွားခဲ့သည့် ပုံစံအတိုင်း ...။
ထိုနေ့ကစပြီး ရိပေါ်ဟာ ဆေးလိပ်တွေကို တရှိုက်မက်မက် စွဲလမ်းလာ၏။

"ရှောင်းကျန့် မင်းအပေါ်တက် ဘာအကြောင်းကြောင့်မှ အောက်ဆင်းမလာနဲ့"

       ရေကန်ထဲက သူနဲ့ ရိပေါ်ကိုတွေ့သွားသည့် ဥက္ကဌဝမ်ဟာ ရိပေါ်ရဲ့ ပြန်ပြောမှုကြောင့် ရိပေါ်အား အပြစ်ပေးဖို့လုပ်သည်။ သူဝင်ပါရင် ပိုဆိုးမည်ဆိုသည့် အကြည့်တွေကြောင့် သူ စိတ်လေးလံစွာ အပေါ်တက်ခဲ့ရ၏ ။ သူ့ကြောင့် ရိုက်ခံခဲ့ရသည့် ကလေးငယ်အခန်းဆီ ဆေးလိမ်းပေးဖို့ သူသွားခဲ့သော်လည်း အခန်းပြင်မှာ ရှိနေသေးတဲ့ ဥက္ကဌဝမ်ကြောင့် ဟောက်ရွှမ်းက သူ့လက်ထဲမှ ဆေးဘူးကို ယူသွားခဲ့သည်။ ထိုနေ့က သူ့အခန်းရှေ့ ကလေးငယ်ရောက်လာခဲ့ပေမယ့် သူထွက်မတွေ့ဖြစ်... ။ စိတ်ဆိုးနေသော ကလေးကို မနက်ပိုင်းမှ ရင်ခွင်ထဲအိပ်စေကာ ချော့ခဲ့ရသည်။
သူ့ရဲ့ နူးညံ့မှုတွေကိုတော့ ကလေးငယ် မမြင်ခဲ့ပါလေ။

              _____________________

"ဟုတ်တယ် ... သားသူ့ကိုချစ်မိနေပြီ "

"ရှောင်းကျန့် !!! မင်း !!!"

"ယောက်ျားဖြစ်တာ ဘာဖြစ်လဲ !! ကျွန်တော်ချစ်တာ ယောက်ျားလေးဖြစ်တော့ရော ဘာဖြစ်လဲလို့ !!!"

       ပြဿနာတွေဟာ ဖန်ရှင်းမွေးနေ့ညမှာ စသည်။ ရိပေါ်ရဲ့ တဇွတ်ထိုးဆန်မှုကြောင့် သူတို့အဝေးဆုံး ဝေးသွားနိုင်၏ ။ သူဟာ ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေကြောင်း လူအများသိသွားမှာ သူမကြောက် ...။ ရိပေါ်နဲ့ ဝေးရမှာပဲ သူကြောက်သည်။
သူ့လက်နဲ့ ရိပေါ်ကို ထိုးလိုက်မိသည့် အတွက် သူသိပ်ကိုနောင်တရ၏။

"ခွမ်း!"

      ဖေဖေ့ကိုတွေ့ပြီးပြေးသွားတဲ့ ရိပေါ်နောက် သူလိုက်ချင်ပေမယ့် မေမေက ခွင့်မပြုခဲ့ ...။ သူ တစ်ခါမှ မပြောဖူးသည့် လေသံမျိုးဖြင့် သူ့အဖေအမေတွေကို ပြန်ပြောကာ ဧည့်ခန်းက ပန်းအိုးကို ထိုးခွဲခဲ့ပြီး အိမ်ကနေထွက်လာခဲ့သည်။
နှစ်ရက်လောက်အကုန်လုံးနဲ့ အဆက်အသွယ်ဖြတ်ပြီးမှ ဟောက်ရွှမ်းဆီကို အဆက်အသွယ်ပြန်လုပ်လိုက်သည်။
ဟောက်ရွှမ်းဆီရောက်တော့ ကလေးငယ်ကို ဝမ်ဥက္ကဌက အိမ်ပေါ်ကနှင်ချလိုက်ပြီး ဟောက်ရွှမ်း ကွန်ဒိုမှာ နေနေသည်ဟု သိလိုက်ရ၏ ...။ နောက်ပြီး ကလေးငယ်သူ့ကိုပေးထားတဲ့ ကလေးငယ်အမေရဲ့ ပိုင်ဆိုင်မှုတွေ ...။ သူလက်မခံခဲ့ ...။
ရိပေါ်ရှိရာ ကွန်ဒိုကိုသွားနေတုန်း ဖန်ရှင်းဆီမှ ဖုန်းဝင်လာကာ ကျောင်းမှာ အလှောင်ခံခဲ့ရကြောင်းနဲ့ ဖေဖေဆေးရုံတင်ထားရကြောင်းပြောသည်။
သို့သော်လည်း ရိပေါ်နဲ့တွေ့ဖို့က အရေးကြီး၍ ဖေဖေ့ဆီ နောက်မှသွားရန် ဆုံးဖြတ်ခဲ့၏။

"ထွက်သွားကြမယ်လေ အကို အကိုမိသားစုနဲ့ ဝေးတဲ့နေရာသွားကြမယ်နော်"

"ကိုယ်တို့သွားလို့မဖြစ်တော့ဘူး

     ကယောင်ကတမ်းဖြစ်နေပြန်သည့် ကလေးငယ်ဟာ သူနဲ့ ရှေ့ဆက်မယ်ဆိုရင် နာကျင်ရဖို့ကလွဲရင် တခြားမရှိ ...။ မိသားစုရဲ့ သားအကြီးဆုံးဖြစ်တဲ့ သူဟာ အချစ်ကို အချိန်ပေးဖို့ အချိန်မှ မရှိဘဲ ... ။ အချစ်ကြီးလွန်းပြီး သူ့က်ို အချိန်တိုင်းလိုအပ်နေသည့် ရိပေါ်အတွက် ထိုအချက်ဟာ နာကျင်ရမည့်ကိစ္စဖြစ်နိုင်၏။
ထိုညက ပထမဆုံးအကြိမ်မှာပဲ ရိပေါ်ရဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပေးနိုင်ခဲ့ပါသည်။

"ကျွန်တော်ကပဲတောင်းပန်ပါတယ် ... ရိပေါ်ကို ပြန်ခေါ်ထားပေးပါ ... သူကငယ်သေးတယ် ... ကျွန်တော်က အကြီးပါ ကျွန်တော်မဆင်ခြင်ခဲ့လို့ပါ... ရိပေါ်ကိုပြန်ခေါ်ထားပေးပါ"

"ဘာအကြောင်းနဲ့မှ ဦးဆီကအလုပ်မထွက်ဘူးလို့ ကတိပေးနိုင်မလား... ပြီးတော့ မင်းကို ရာထူးတိုးပေးမယ် ... ဦးဘေးမှာပဲ မင်းနေရမယ်"

"ပေးနိုင်ပါတယ်"

"ဒါဆိုပြန်ခေါ်ထားပေးမယ်"

       ဝမ်ဥက္ကဌဆီမှာ ရိပေါ်အတွက်သွားတောင်းပန်တော့ ဝမ်ဥက္ကဌဟာ သူ့မိဘတွေပြောခဲ့သည့် အလုပ်ထွက်ဖို့စကားကို သိနေသည့်အလား ... ။
ဖေဖေလဲပြီးနောက်ပြီး သူတို့မိသားစုမှာလည်း အရင်ကထက်ပိုပြီး စီးပွါးရေးကျဆင်းလာခဲ့သည်။ ပြဿနာတွေအကုန်လုံးဟာ သားအကြီးဆုံးဖြစ်တဲ့ သူ့အပေါ်ပုံကျလာသလို အကြွေးရှင်တွေကပါ သူ့နောက်လိုက်နေ၍  ရိပေါ်အား ဖန်ရှင်းကျောင်းမှာ တွေ့ရင်တောင်မခေါ်ဖြစ်ခဲ့ ...။

"အကြွေးတွေဖြေရှင်းပေးမယ် ... "

"ကျွန်တော့်ဘာသာဖြေရှင်းပါ့မယ် ဦး"

"မင်းတစ်ယောက်တည်းကြိတ်ဖြေရှင်းနိုင််မယ်ထင်နေလား ... ဦးအကုန်ဖြေရှင်းပေးမယ် မင်းတခြားတစ်ယောက်ကို ကျူရှင်ပြနေတာတွေလည်းရပ်လိုက်တော့ ... အလကားမဟုတ်ဘူး ဦးဘေးမှာ အလုပ်လုပ်ရင်း ရတဲ့လခကို ခွဲဆပ် "

"ကျွန်တော်လက်မခံချင်ဘူး"

      ရှောင်းကျန့်ငြင်းနေပေမယ့် တော်တော်လေးအဆင်မပြေတော့သည့်အခါတော့ မရှောင်လွှဲသာခဲ့ ...။ အချိန်ပိုင်းအလုပ်တွေကြောင့် ရိပေါ်နဲ့မတွေ့တာလည်း များလှပြီဖြစ်သလို ရိပေါ်ခေါ်တဲ့ ညမှာလည်း နောက်ကျမှ ရောက်သွားခဲ့သည်။

ပြဿနာတွေကြား ထပ်ဝင်ရောက်လာခဲ့တဲ့ တုန်လှုပ်မှုကတော့ ဟောက်ရွှမ်းဟာ သူ့ဦးလေးကို သတ်ခဲ့တာပါတဲ့ ... ။ ဖေဖေတို့အတွက် အကြောင်းပြချက်ကြီးတွေ့ရှိသွားတဲ့ အခါ သူရိပေါ်နဲ့ လမ်းခွဲဖို့ကို ကတိပေးခဲ့ရသည်။ သို့သော်လည်း အလုပ်ကတော့ ထွက်လို့မဖြစ် ...။ ဝမ်ဥက္ကဌအနားမှာ အလုပ်လုပ်နေခြင်းဟာ ရိပေါ်နဲ့ တိတ်တိတ်လေး ခိုးတွေ့ဖို့ အခွင့်အရေးသာ ဖြစ်ခဲ့လေသည်။

                    ___________________

    
       သူတို့ ချစ်ခြင်းတရားဟာ ဘယ်တော့မှ မဖြေရှင်းနိုင်သည့် ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ရသည်။ ဖန်ရှင်း၏ စကားကို ယုံပြီး ဒေါသကြီးစွာ ရိပေါ်ရဲ့ အသွေးအသားတွေကို ဒုတိယအကြိမ် စုပ်ယူခဲ့မိ၏ ။ သူ့အောက်က ကောင်ငယ်လေးရဲ့ သူလုပ်သမျှငြိမ်ခံနေပုံကို ကြည့်ပြီး ဒေါသအစားနာကျင်မှုတွေ ဝင်လာခဲ့ရသည်။
ရိပေါ်ဟာ သူ့ကို သိပ်ချစ်တဲ့ အတွက် မလုပ်သင့်တာတွေ လုပ်နေသည် ဆိုတဲ့ အတွေးတွေဝင်လာတဲ့အခါ ရိပေါ်အား သူ့ကို ဆက်မချစ်ဖို့ တားချင်သည်။

"ပြန်လာနော် သေချာပေါက်ပြန်လာနော်"

       အိမ်ရှေ့မှာချပေးခဲ့ချိန် ပြန်လာဖို့ပဲ တဖွဖွမှာနေသည့် ကောင်ငယ်လေးကို သူထားပစ်ခဲ့မိသည်။ နာကျင်နေရမယ်မှန်း သိရင်တောင် ခဏတာနာကျင်ပြီးရင် နောက်ထပ်ဆက်ပြီး နာကျင်တော့မှာ မဟုတ် ... ။ သူ့ကိုချစ်နေခြင်းကသာ ပိုပြီးနာကျင်ရပါလိမ့်မည်။
သို့သော်လည်း မနေနိုင်သူဟာ သူပဲဖြစ်သည်။ အိမ်နားရောက်မှ ကားကိုပြန်လှည့်မောင်းလာတော့ ရိပေါ်ဟာ အိမ်ထဲဝင်သွားပြီနဲ့ တူပါသည်။ ရိပေါ်ဘေး ဟောက်ရွှမ်းရှိနေသရွေ့ သူစိတ်ချရ၏။

"ငါတောင်းပန်တာမို့လို့ အကို့ကိုရှင်းပြပေးပါ"

      နှစ်ရက်လောက် အဆက်အသွယ်ပြတ်နေရာမှ ဖန်ရှင်းရှေ့ ဒူးထောက်လာတောင်းပန်သော ကလေးကြောင့် သူအကြောင်းစုံသိခဲ့ရသည်။ ဖန်ရှင်းဟာ သူ့ကို လိမ်ခဲ့သည် ...။ ပြီးတော့ ကလေးငယ်ဟာ သူ့ကြောင့် စိတ်ကယောင်ခြောက်ခြားတွေ ဖြစ်ခဲ့ပါသည်တဲ့ ... ။ သူ့လိုမကောင်းတဲ့သူဟာ ကလေးငယ် ဘေးနားမှာ မရှိသင့်တော့ ...။

"မင်းသိလား ... ရိပေါ်က သူမမှားဘဲ မင်းကို လာတောင်းပန်တာ မင်းသိလားလို့ "

"မှားခဲ့ပါတယ်"

      ထိုနေ့ညက ဖန်ရှင်းကို သူမရိုက်စဖူး ရိုက်ခဲ့သည်။ ဖန်ရှင်းကို ရိုက်လိုက်ရုံနဲ့ ရိပေါ်နာကျင်မှုတွေ ကွယ်ပျောက်မသွားနိုင်ပေမယ့် ရလဒ်ကတော့ ဖန်ရှင်းဟာ သူတို့ကို လက်ခံခဲ့၏။

"ဒီနေ့က ဘာနေ့လဲဟင်"

"ရှစ်လပိုင်း လေးရက်နေ့လေ"

"မနက်ဖြန်ကရော "

"ငါးရက်နေ့ပေါ့"

       ပြန်အဆင်ပြေသွားသည့်အချိန် ရိပေါ်ကို သူနောက်ချင်လာ၍ မွေးနေ့ကို မသိဘူးဟု လိမ်ခဲ့သည်။ ကလေးငယ်ဟာ သူ့အားစိတ်ကောက်မယ်လို့ထင်ခဲ့ပေမယ့် စိတ်မကောက်ခဲ့ ...။ မွေးနေ့မှာ သူ့ကို Surprise ပြန်လုပ်ချင်ပါသည်တဲ့ ...။
သူညနေပိုင်း ဥက္ကဌဝမ်နဲ့ ခရီးသွားရမှာကို ဖြတ်ကြည့်ပေမယ့် အရေးကိစ္စဖြစ်၍ ဖြတ်လို့်ရခဲ့ ... ။ မွေးနေ့က မနက်ဖြန်မှဖြစ်တာကြောင့် ည၁၂နာရီအမှီပြန်ရောက် နိုင်မယ်ထင်ပါသည်။
မသွားခင်တော့ ရိပေါ်အတွက် မွေးနေ့လက်ဆောင် ဂစ်တာလေးဝယ်ထားခဲ့၏ ။

"ပင်ပန်းနေတယ်မလား သောက်လိုက်"

"ဟုတ် ... "

     ဥက္ကဌဝမ်ပေးသည့် အအေးကို သောက်လိုက်ပြီးတာနဲ့ သူအိပ်ပျော်သွားသည်မှာ မနက်လင်းတဲ့ အထိပင် ...။ သူနိုးလာတော့ သူကားပေါ်မှာပဲ ရှိသေးသည်။

"ဘာအချိန်ရှိပြီလဲ "

"လေးနာရီ ... ညကကားပျက်လို့ စောင့်နေရတာ "

"ဒါဆို ... "

      သူဖုန်းကို ဖွင့်ကြည့်လိုက်တော့ ဟောက်ရွှမ်းဆီကရော ကလေးငယ်ဆီက Missed Call ပေါင်းမျာစွာ ... ။ သူအများကြီး အိပ်ပျော်သွားခဲ့သည်။

"ရိပေါ် Car Accident ဖြစ်လို့"

      ဟောက်ရွှမ်းရဲ့ တင်းမာနေသည့်အသံဟာ နားစည်က တစ်ဆင့် သူ့နှလုံးသားကို ရိုက်ခက်သည်။ သူ့ကြောင့် လမ်းမလျှောက်နိုင်တဲ့ အထိဖြစ်သွားရတာတောင် ကလေးငယ်ဟာ မမုန်းခဲ့ပေမယ့် သူကတော့ သိပ်ကို အားနာရသည်။ ကလေးငယ်ဘေးမှာလည်း ဆက်မနေသင့်၍ ထွက်သွားလိုက်ဖို့သာ သူရွေးချယ်ခဲ့၏။

"ဦးက လျို့ဝှက် ကင်မရာတပ်ထားခဲ့တာ"

         သူရိပေါ်ကို ရှောင်နေတုန်းအချိန်မှာ ဝမ်ဥက္ကဌက Video Fileတစ်ခုပြလာ၍ သူပိုပြီးတုန်လှုပ်ခဲ့ရသည်။ ဖန်ရှင်းနဲ့ ပြဿနာတွေ မဖြစ်ခင်က သူ့တိုက်ခန်းကို ဝမ်ဥက္ကဌရောက်လာခဲ့ပြီး အလုပ်အတွက်ဖိုင်တစ်ခု လာပေးခဲ့ဖူးသည်။ ဝမ်ဥက္ကဌသောက်ဖို့ကော်ဖီသွားဖျော်နေသည့်သူဟာ ဝမ်ဥက္ကဌ သူ့အခန်းထဲ ဝင်သွားတာကိုတော့မသိခဲ့ ...။

"ယုတ်မာတယ်"

"ဦးနဲ့တွဲလိုက်လေ ... ဒါဆိုမဖြန့်တော့ဘူး ... ပြီးတော့ ဦးနဲ့အိပ်"

"မလုပ်နိုင်ဘူး"

"မလုပ်နိုင်ရင် ရိပေါ်ကို တစ်ဘဝလုံးခေါင်းမထောင်နိုင်အောင်လုပ်ပစ်မယ် ... ဦးချစ်တဲ့ မင်းကိုတော့ မျက်နှာဖျက်ပေးမှာပေါ့ ... မင်းမှန်းမသိအောင်ဖြန့်မှာပါ"

      ကုတင်ပေါ်က သူနဲ့ ရိပေါ်ရဲ့ ညည်းညူသံတွေကို ပိုကျယ်လိုက်ပြီး ခပ်တိုးတိုးပြောလာတာကြောင့် သူလက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်မိသည်။

"ညကျ အိပ်ရုံပဲမလား အိပ်မယ် ... ရိပေါ်ကို မထိနဲ့ "

"အိပ်ရုံပဲထင်နေတာလား ဦးနဲ့ပါ နှစ်လလောက်တွဲပေးဦးပေါ့ ... နှစ်လပြည့်ရင် အဲ့Stickကမင်းအပိုင်ပဲ"

"Copyယူထားရင်ရော ... "

"လူကြီးကတိပါ ... Copy မရှိဘူးဆိုတာ ကျမ်းကျိန်မယ်"

     ရှောင်းကျန့်လက်ထဲကဖုန်းလေးကို ဆုပ်ကိုင်ပြီး Recording လေးကို မသိမသာ ပိတ်လိုက်သည်။ ထိုအရာဟာ တစ်ချိန်ချိန်တွင်အသုံးဝင်လာနိုင်၏ ။
ထိုညက ရှောင်းကျန့် ဝမ်ဥက္ကဌသောက်မယ့် ဝိုင်ခွက်ထဲဆေးခပ်ခဲ့ပြီး ယောက်ျားလေးတစ်ယောက်ကို ခေါ်ကာ သူ့အစားအတူတူ အိပ်စေခဲ့သည်။
မနက်မှ သူ့အပေါ်အင်္ကျီကိုချွတ်လျက် ဝမ်ဥက္ကဌဘေးမှာ လှဲ အိပ်လိုက်၏ ။ ဘေးမှာအိပ်နေရတောင်တကယ်ပဲ မသတီစရာ ....။
ဝမ်ဥက္ကဌ ရဲ့ အတွေးထဲမှာတော့ ညတုန်းက အတူတူအိပ်ခဲ့သည့် သူဟာ ရှောင်းကျန့်သာ ဖြစ်သည်။

                 ______________________

    ရိပေါ်ရဲ့ အတိတ်ကဖြစ်ရပ်တွေကို သိပြီးနောက်ပိုင်း ရိပေါ်ဘေးကို သူပြန်လာခဲ့သည်။ ဝမ်ဥက္ကဌနဲ့လည်း မဖြစ်သာလို့ တွဲနေခဲ့ရပြီး ရိပေါ်ခွဲစိတ်ပြီးတဲ့အထိ ဘေးမှာ နေခွင့်ရဖို့ ဖေဖေတို့ သဘောတူတဲ့ မိန်းကလေးနဲ့ လက်ထပ်ဖို့ ကတိပေးခဲ့ရသည်။
စေ့စပ်ရုံပဲဖြစ်၍ ဝမ်ဥက္ကဌကလည်း ခွင့်ပြုခဲ့သလို ရိပေါ်ကိုလည်း သူမသိစေခဲ့ ... ။ ရိပေါ်သိရင် ခွဲစိတ်တော့မှာ မဟုတ်မှန်းလည်း သူသိသည်။
သို့သော် ရိပေါ်က သူထားခဲ့မှာကို သိကာ ခွဲစိတ်ဖို့ ငြင်းဆန်ခဲ့၏။
မိုးရေထဲထားခဲ့မိပြီးနောက်ရက်ပိုင်းမှာ ရိပေါ်ကို ပိုဂရုစိုက်ပေးခဲ့သော်လည်း လက်ထပ်ဖို့ ရက်နီးလာ၍ သူ့စိတ်ထဲတအားလေးလာခဲ့သည်။

"လက်လွှတ်ပေးပါ ရိပေါ်"

"အကို..."

"မင်းရော အကိုရော ပင်ပန်းနေပြီမလား ဆက်ပြီးမဖြစ်နိုင်တော့ဘူး ကလေးငယ်"

"တောင်းပန်ပါတယ်ဆွဲထားဦးမှာမို့လို့"

     ရိပေါ်ဟာ သူနဲ့ပတ်သက်ရင်သိပ်ကို ခေါင်းမာပါသည်။ ပိုပြီးနာကျင်ရမှာသိလို့ လက်လွှတ်ခိုင်းသော်လည်း အနာကျင်ခံပြီး သူ့ကို ဖက်တွယ်ထား၏ ။

"အဆုံးသတ်လိုက်တယ်ဆိုကတည်းက ရှေ့ဆက်ဖို့ မရှိတော့လို့ပဲ မဟုတ်ဘူးလားအကို "

      စေ့စပ်ပွဲနေ့ ကလေးငယ်ဆီမှ ကြားရသည့်စကားလေးကြောင့် သူအရာအားလုံးကို လွှတ်ချကာ ကလေးငယ်ဆီ ပဲပြေးထွက်ခဲ့သည်။
သူ့ကြောင့် နာကျင်နေရတဲ့ ကလေးဟာ လောကကြီးကို ကျောခိုင်းဖို့တွေးခဲ့သည်။ ဘယ်လောက်တောင် မွန်းကြပ်နေခဲ့ရမလဲ ...။
သူအချိန်မှီခဲ့၍ တော်ပါသေး၏ ။ မဟုတ်ရင် သူ့ကလေးငယ်ကို ထာဝရစွန့်လွှတ်လိုက်ရတော့မလို့ ။

"ကျွန်တော်လူတိုင်းကို မသိချင်တော့ဘူး အကို ... ကျွန်တော် အကိုတစ်ယောက်တည်းကိုပဲ သိချင်တယ် ... ဒါကြောင့်အကိုကပဲ ခေါ်သွားပေးပါ"

"အင်း ... ထွက်သွားကြမယ် ... ဖန်ရှင်းကွန်ဒိုမှာ ခဏနေပြီး နောက်လမှာ နိုင်ငံခြားထွက်သွားကြမယ်"

     ဝမ်ဥက္ကဌနဲ့ပါ Video File ကိစ္စတွေရှင်းခဲ့ပြီးမှ ရိပေါ်နဲ့အတူ ဖန်ရှင်းကွန်ဒိုမှာပဲသွားနေခဲ့ပြီး ရိပေါ်ကို ဂရုစိုက်ပေးခဲ့သည်။ ဝမ်ဥက္ကဌကတိတည်ခဲ့ပေမယ့် သူ့ကိုတော့ အမြဲစောင့်ကြည့်နေ၏။ Memory Stickကို သူကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ရသည့်အတွက်တော့ ကျေနပ်သည်။

"နောက်အပတ်ဆို ဆေးသွားကုရမှာ ... "

"ကလေး ခြေထောက်တွေပြန်ကောင်းတော့မှာ "

"အကိုက ဂရုစိုက်ဦးမှာလား ပြန်ကောင်းသွားရင်"

"ကလေးနဲ့ ကိုယ်ပဲ အတူရှိတဲ့နေရာကို သွားမှာလေ ... ကလေးကိုပဲ ဂရုစိုက်မှာပေါ့"

"ဆေးမကုခင် အကိုနဲ့ ကြယ်သွားကြည့်ချင်တယ်"

      ကလေးငယ်ရဲ့တောင်းဆိုချက်ကို သူလက်ခံပြီး သူတို့ခရီးသွားဖို့ လုပ်ခဲ့သည်။ ဒီရက်ပိုင်းမှာ ဖေဖေအသည်းအသန်ဖြစ်ကြောင်းဖန်ရှင်းဆီက Message တွေရပေမယ့် သူ လျစ်လျူရှုထားလျက် ... ။
ဖန်ရှင်းအိမ်အထိလာခေါ်တာတောင်မလိုက်သွားဘဲ ရိပေါ်နဲ့ ခရီးသွားဖို့သာ ရွေးချယ်ခဲ့သည်။

"ဖေဖေဆုံးပြီ ကော....."

     သူ့ကို ဒီအရွယ်ရောက်တဲ့အထိ ပျိုးထောင်ပေးခဲ့တဲ့ ဖေဖေ့ရဲ့ နောက်ဆုံးအချိန်မှာတောင် မရှိပေးနိုင်ခဲ့တဲ့အတွက် သူသိပ်ကို မွန်းကြပ်တုန်လှုပ်ရသည်။
ဘဝမှာ အကြီးအမားဆုံးအမှားတစ်ခုကို ထပ်ပြီး ကျူးလွန်မိကြောင်းသိသည့် အချိန်မှာ ရိပေါ်ဟာ သူ့ဘဝထဲကနေ အပြီးတိုင် ထွက်သွားခဲ့ပြီဖြစ်သည်။

             ________________________

"ငါတောင်းပန်ပါတယ် ... ရိပေါ်မသေဘူးမလား ငါ့ကိုပြောပြပေးပါ"

"သေသွားပြီ ... အေး ... လူမသေရင်တောင် စိတ်ကသေသွားပြီ "

       ဟောက်ရွှမ်းရဲ့ ထိုးချက်တွေကို ခံနေရပေမယ့် ရိပေါ်မသေကြောင်း သိခဲ့ရသည့် အခါ သူ့စိတ်ထဲ နာကျင်မှုတို့လျော့ရသည်။ ဝမ်ဥက္ကဌကို တင်နေတဲ့ အကြွေးတွေကလည်း ငါးနှစ်တာမှာတောင် အကုန်မဆပ်နိုင်သေး၍ ဝမ်အုပ်စုမှာ သူဆက်ပြီး လုပ်နေရသည်။ ဖေဖေဆုံးပြီးကတည်းက အိမ်ရဲ့တာဝန်တွေဟာ သူ့အတွက်ပိုပြီး ဝန်ပိလာခဲ့သည်။ ဖန်ရှင်းကျောင်းစရိတ်နဲ့ အိပ်ရာထဲလဲသွားတဲ့ မေမေ့ဆေးဖိုးတွေကြောင့် သူအလုပ်ထွက်လို့လည်း မဖြစ်ပါ ။

"ရိပေါ်ရှိနေသေးတယ် ... ဒါပေမယ့် မင်းသူပြန်လာတဲ့ အထိစောင့်ရမယ် ... ပြန်လာလို့ သူမင်းနဲ့ ပြန်မတွဲချင်ဘူးဆိုရင် အတင်းအကြပ်မလုပ်နဲ့ "

"အင်း ... ငါမလုပ်ဘူးနော်"

      ဟောက်ရွှမ်းဆီကို နေ့တိုင်းသွားပြီးတောင်းပန်ကာ ဟောက်ရွှမ်းသဘောတကျနေပေးသည့် ရလဒ်က ရိပေါ်ရဲ့တည်နေရာကို သိခဲ့ရခြင်းပင် ...။
ရိပေါ်သာ ပြန်လာမယ်ဆိုရင်တော့ ဘယ်လောက်ကြာကြာ သူစောင့်နိုင်ပါသည်။

"ကျွန်တော်တို့အစကပြန်ပြီးပြန်စကြမယ်အကို ပြီးတော့ အကို့ကိုထပ်မရွေးချယ်တော့ဘူး"

     သူ့ဆီပြန်လာတဲ့ ကလေးငယ်ဟာ တကယ်ပဲ ခါးခါးသီးသီး ...။ ဟောက်ရွှမ်းက ရိပေါ်ကို အတင်းအကြပ်မလုပ်ဖို့ပြောထားတာကြောင့် သူရှေ့ဆက်လည်းမတိုးရဲ ...။
အကြွေးကိစ္စကြောင့် ဝမ်ဥက္ကဌနဲ့ အလုပ်ဆက်လုပ်နေရပေမယ့် အတူတူမနေတာကြာခဲ့သော်လည်း ရိပေါ်ပြန်ရောက်လာတဲ့ အချိန်မှာ ဝမ်အိမ်တော်မှာ ပြန်နေဖို့ သဘောတူခဲ့သည်။
ရိပေါ်နဲ့ ထပ်ပြီးနီးစပ်ဖို့ အခွင့်အရေးဟာလည်း ဒါပဲရှိ၏ ။

"မင်းထင်ထားတဲ့ CCTVမှတ်တမ်းကမရှိတော့ဘူး"

      သူ့ကို ဝမ်ဥက္ကဌက အတူအိပ်ခိုင်းခဲ့တာကို သိနေသည့်ဟောက်ရွှမ်းဟာ အကြောင်းအရင်းကိုတော့ သေချာမသိခဲ့ ...။ သူ့ဦးလေးနဲ့ ရိပေါ်ကိစ္စလို့သာ ထင်နေခဲ့သည်။ ပြီးခဲ့တာတွေကို သူလည်းပြောပြဖို့စိတ်ကူးမရှိခဲ့ပါ။
ရိပေါ်အချစ်ကို အရင်အရယူဖို့သာ တွေးထားခဲ့ပြီး ရိပေါ်အနောက်ကိုသာ ပြန်လိုက်ဖို့ဆုံးဖြတ်ထားသည်။

"အကို့ကို ချစ်ခဲ့မိလို့ပင်ပန်းနေတာ အကိုနဲ့တွေ့ခဲ့လို့ ပင်ပန်းနေရတာ ဒီဘဝကိုအစကပြန်စခွင့်ရရင် အကိုနဲ့မတွေ့ဖို့ပဲ ရွေးချယ်တော့မှာ"

     ပင်ပန်းလွန်းနေသည့် ကလေးငယ်ကို လွှတ်ချလိုက်ဖို့ နာနာကျင်ကျင်တွေးထားခဲ့ပေမယ့် ကလေးငယ် ခါးသီးသွားသည့် အကြောင်းအရင်းကို သိရသည့်အခါ လက်မလွှတ်နိုင်တော့တာသေချာသွားခဲ့သည်။
ယုတ်မာလွန်းသော ဝမ်ဥက္ကဌကို သတ်ချင်မိသည့် ဆန္ဒတစ်ခုသာလျှင်ပြင်းပြခဲ့သော်လည်း ဟောက်ရွှမ်းကတားတာကြောင့် သူ့ဒေါသတွေကို လျှော့ချခဲ့ရသည်။ ရိပေါ်ကသာ အရေးကြီးဆုံးဖြစ်၍ သူဘာကိုမှလည်း ဂရုမစိုက်ချင်တော့ ... ။ ဟောက်ရွှမ်းကပါ သူ့အကြွေးတွေဆပ်ပေးလိုက်၍ ဝမ်ဥက္ကဌနဲ့လည်း ပြီးပျက်သွားပြီဖြစ်သည်။

"အန်တီက ရိပေါ်ရဲ့အမေပါ ... သားဒါတွေကို လက်ခံလို့ရပါတယ် ... အန်တီလည်းကြည်ဖြူပါတယ်"

"မလုပ်ပါရစေနဲ့"

"ရိပေါ်သဘောအတိုင်းဖြစ်ပေးလိုက်ပါ"

        ရိပေါ်ပျောက်နေသည့်အချိန်မှာပဲ ရိပေါ်အမေနဲ့ တွေ့ခဲ့ရပြီး ရိပေါ်လွှဲပေးထားတဲ့ ပိုင်ဆိုင်မှုတွေကို လက်ခံလိုက်ရသည်။ ဝမ်ဥက္ကဌကို ပြန်ထိုးနှက်ဖို့ အစီအစဉ်မှာတော့ သူသိမ်းထားသည့် အသံဖိုင်လေးဟာ အသုံးဝင်လာခဲ့၏ ။ ဟောက်ရွှမ်းရော ရိပေါ်အမေကိုရောပါ ရှောင်းလုဝေနဲ့ CCTV ကိစ္စလို့သာ သိစေခဲ့ပြီး သူအကြောင်းကိုတော့ ထုတ်မပြောဖြစ်ခဲ့ ...။
ဝမ်ဥက္ကဌကို ဆွဲချဖို့ စီစဉ်နေတုန်းမှာပဲ သူရိပေါ်ကိုပြန်ရှာတွေ့ခဲ့သည်။ သူ့ကိုမပြောဘဲ တိတ်တိတ်လေးခေါ်ထားပေးသည့် ဖန်ရှင်းကိုလည်း ဒေါသထွက်ရ၏ ။ သူရှာဖွေတွေ့ရှိခဲ့တဲ့ ကလေးငယ်ဟာ နေမကောင်းတာတောင်မှ ခါးခါးသီးသီး နှင်လွှတ်နေဆဲ ...။ ဒီတစ်ခါတော့ သူ့ဘက်က လက်လွှတ်ပေးတော့မှာ မဟုတ်ပါ။

"အဟွတ် ... "

"ရိပေါ် ... သတိရပြီလား"

         မေ့မြောနေသောကောင်လေးကို ဟောက်ရွှမ်းဆီမှနေသူပြေးပွေ့လိုက်ချိန် ချောင်းတစ်ချက်ဆိုးလိုက်တာကြောင့် သတိရပြီလားဟု ထင်ခဲ့သော်လည်း သူ့အင်္ကျီမှာ ပေသွားသည့် သွေးတစ်ချို့ကြောင့် ပိုလန့်လာရသည်။

"အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီ"

"ဘယ်လို "

        သူ့ဘေးနားက ယိုင်ခနဲဖြစ်သွားသည့် ဟောက်ရွှမ်းကို သူထိန်းကိုင်ထားလိုက်ပေမယ့် သူကိုယ်တိုင်ကလည်း ပူလောင်နေရသည်။
ကလေးငယ်ဟာ သူလက်မလွှတ်တော့တဲ့ အချိန်မှာမှ အပြီးထွက်သွားဖို့ ဆုံးဖြတ်ထားတယ် ထင်၏ ။

"လက်ထပ်ကြရအောင်"

      ကလေးငယ်ရဲ့စကားကြောင့် သူ့ကို ပြန်ကြည်ဖြူလာပြီထင်ခဲ့သော်လည်း သူထင်တာမှားသွားခဲ့သည်။

"ဒါကတော့ ကျွန်တော့်ချစ်သူအတွက် အရေးမပါခဲ့တဲ့ ကျွန်တော်အပြစ်ပါပဲ... ကျွန်တော့်ချစ်သူအတွက် ကျွန်တော်သာအရေးပါခဲ့မယ်ဆိုရင် သူကျွန်တော်နဲ့တိုင်ပင်ပြီး အတူတူဖြေရှင်းဖို့စဉ်းစားမိမှာပါပဲ"

      သတင်းစားရှင်းလင်းပွဲက ရိပေါ်ရဲ့ စကားလေးဟာ သူမချစ်တတ်ခဲ့ကြောင်း ပြောပြပေးသွားတဲ့ စကားလေးဖြစ်သည်။
ချစ်ရသူကို မနာကျင်ရစေဖို့ လုပ်ခဲ့ရတာတွေဟာ ချစ်ရသူအတွက် ပိုပြီးနာကျင်စေခဲ့ကြောင်း သူမသိခဲ့ ... ။ သူချစ်တာပဲ သိသည်။ သူ ချစ်ရတဲ့ သူကို ကာကွယ်ပေးချင်တာပဲ သိခဲ့သည်။ ရိပေါ်ဟာ သူ့အတွက် အရေးပါကြောင်း ပြောပြပေးချင်ပေမယ့် သိပ်ကိုနောက်ကျသွားခဲ့လေပြီ။

"ကျွန်တော်လက်စွပ် ကျန်ခဲ့လို့ အကို"

"ကိုယ်သွားယူပေးမယ်လေ ... "

"နေနေ ကျွန်တော်ပဲသိတယ်"

        လက်ထပ်ပွဲမှာ ထွက်ခွါသွားသည့် ကျောပြင်ငယ်လေးဟာ ဒီလက်ထပ်ပွဲကို ဘယ်တော့မှ ပြန်မလာတော့မှန်းလည်း သူသိပါသည်။ သူနာကျင်ခံစားဖို့ အချိန်တန်ပြီဖြစ်၍ အပြစ်လည်း မတင်ရက်ခဲ့ပါ ...။

"ရှောင်းကျန့် မင်းဘာလုပ်တာလဲ!! "

"မသေနဲ့ ... ခင်ဗျားမသေရသေးဘူး... ခင်ဗျားသေရင် ရိပေါ်ကပိုနာကျင်ရမယ်ဆိုတာမသိဘူးလား"

      ရိပေါ်အပေါ် ဝမ်ရိကျိုးလုပ်ခဲ့တဲ့ အပြစ်တွေက ကိုယ့်ကိုယ်ကို သတ်သေရုံနဲ့ မလုံလောက်နိုင် ...။ သူကိုယ်တိုင်သတ်ရမှ ကျေနပ်ပါမည်။ ရိပေါ်ကို ဒုက္ခပေးခဲ့သူကို သူ့လက်နဲ့ သတ်ရမှကျေနပ်လိမ့်မည်။ သူလည်း ရိပေါ်အတွက် ပေးဆပ်ချင်၏ ။ တစ်ဘဝစာပေးဆပ်မှုဟာ မလုပ်လောက်မှန်းသိတာကြောင့် နောက်ဘဝထိ ပေးဆပ်ချင်သော်လည်း ရိပေါ်ဟာ သူနဲ့ နောက်ဘဝမှာပါ မဆုံတွေ့ခဲ့ဖို့ ဆုတောင်းခဲ့ပါသည်။

"ဒီတက်တူးလေးလိုပဲ ကျွန်တော်အကို့ကို မချစ်တော့ခြင်းက သေရာပါမှာ"

"ဟင်း ... ကိုယ်မျှော်လင့်လို့မရနိုင်တော့ဘူးပေါ့"

      သူ့ရင်ခွင်ထဲက ကဘေးငယ်နဲ့အတူတူ နေရမယ့်အချိန်ဟာ သိပ်မကျန်တော့မှန်း သူသလို သူ့ကိုဘယ်တော့မှ ပြန်မချစ်နိုင်တော့မှန်းလည်း သူသိခဲ့ရသည်။

"ဘယ်လိုသေဆုံးခြင်းမျိုးနဲ့ ပဲဖြစ်ဖြစ် အကိုရှာမတွေ့နိုင်တဲ့အရပ်ဒေသဆီ ထွက်ခွါသွားရတာကိုပဲ ကျွန်တော်က သိပ်ပျော်ပါတယ်"

      သူမရှိရင် မပျော်နိုင်ဘူး ဆိုသည့် ကလေးငယ်ဟာ သူမရှိတဲ့ အရပ်မှာပဲ ပျော်ပါတော့သည်တဲ့ ...။ ရိပေါ်ဟာ နာကျင်မှုတွေကို ပစ်ထားခဲ့ပြီး သူပျော်ရာအရပ်ဆီထွက်သွားခဲ့ပြီ။
ကလေးငယ် ပြောခဲ့တဲ့စကားလေးအတိုင်း ကလေးငယ် နောက်ဆုံးထွက်သက်တည်ရှိရာ အရပ်ဟာ သူ့ပုခုံးထက်မှာ ...။ သူ့အငွေ့အသက်တွေ တည်ရှိရာနေရာမှာ ... ပြီးတော့ နောက်ဆုံးခေါင်းချခဲ့တာလည်း သူရင်ခွင်ထဲမှာ ... ။
ရိပေါ် မြင်အောင် မပြနိုင်ခဲ့တဲ့ သူ့ချစ်ခြင်းတွေကတော့ အသက်မဲ့သွားတဲ့ နှလုံးသားလေးတစ်ခုဆီမှာ ကိန်းအောင်းနေဆဲ ... ။

မချစ်တတ်ခဲ့သော်လည်း ရှောင်းကျန့်တစ်ဘဝလုံးမှာ ဝမ်ရိပေါ်ကိုပဲ ချစ်ခဲ့ပါသည်...။

               _____________________

                             The End

ကိုကို့မွေးနေ့အမှီတင်ချင်လို့ စာမစစ်မိတာ ... စာလုံးပေါင်းမှားရင် သွေ့ပုချိနော်

Zawgyi

     မခ်စ္တတ္ခဲ့ေပမယ့္ ကၽြန္ေတာ့္တစ္ဘဝလုံးမွာ သူတစ္ေယာက္တည္းကိုသာ ခ်စ္ေပးခဲ့တယ္။

                ____________________

"ဒါ ... ငါ့ညီေလးေလ ေရွာင္းက်န္႔ "

        မွိုင္းညိဳ႕အားငယ္ေနတဲ့ မ်က္ဝန္းေလးေတြနဲ႔ ေရွာင္းက်န္႔ေတြ႕ဆုံခဲ့တဲ့ေန႔ ...။ သူ႔ကိုျပဳံးျပလိုက္တဲ့ ႏႈတ္ခမ္းတစ္စုံဟာ ႏွလုံးသားထဲကို တိုက္ရိုက္စီးဝင္ခဲ့သည္ ...။

"ကၽြန္ေတာ္က ဝမ္ရိေပၚပါအကို "

"အကိုက ေရွာင္းက်န္႔ပါ "

        ဒီအတိုင္း ... ဒီအတိုင္းေလးပဲ ဆက္သြားရမယ္လို႔ သူထင္ခဲ့ေပမယ့္ ေကာင္ေလးဟာ သူ႔ကို သိပ္ခ်စ္ေနရပါသည္တဲ့ ...။
ေရွ႕ဆက္တိုးဖို႔ မျဖစ္နိုင္တာ သိေပမယ့္ သူေနာက္ဆုတ္ဖို႔လည္း မဝံ့ရဲခဲ့ျပန္... ။
ဝမ္ရိေပၚ တဲ့ ... ။ သူ႔ဘဝတစ္ခုလုံးကို သူ႔အခ်စ္ေတြနဲ႔ ကိုင္လႈပ္ခဲ့တဲ့ ေကာင္ငယ္ေလး...။
အေဖျဖစ္သူရဲ့ အျမင္မၾကည္မႈေတြကို ခါးစည္းခံခဲ့ရတဲ့ေကာင္ေလး ... ။
ဒီေကာင္ေလးအေပၚ သူဂ႐ုဏာသက္စြာ ခ်စ္ကၽြမ္းဝင္မိခဲ့သည္...။
ဒါေပမယ့္ ေယာက္်ားေလးႏွစ္ေယာက္ရဲ့ ခ်စ္ႀကိဳက္မႈေတြကို ဘယ္သူကမ်ား လက္ခုပ္တီး အားေပးေထာက္ခံၾကမွာတဲ့လဲ ...။

"ေရွာင္းက်န္႔ ... ရိေပၚကမင္းနဲ႔လား "

"မဟုတ္ဘူး ေဟာက္ရႊမ္း "

"အိမ္မွာမရွိေတာ့လို႔"

       ထိုညဟာ ရိေပၚကို သူျငင္းလိုက္တဲ့ည ... ။ အိမ္ကေနထြက္သြားတဲ့ ေကာင္ေလးကို လိုက္ရွာဖို႔ ေဟာက္ရႊမ္းေရာ သူပါ ပ်ာယာခက္ခဲ့ရတဲ့ ညလည္းျဖစ္သည္။

"ကၽြန္ေတာ့္ကိုမခ်စ္ၾကဘူး ကၽြန္ေတာ့္ကို ဘယ္သူ႔မွမခ်စ္ၾကဘူး"

"မဟုတ္ပါဘူး ရိေပၚ ... မဟုတ္ပါဘူး"

"ဟုတ္တယ္ ... မခ်စ္ၾကဘူး "

        လမ္းၾကားေထာင့္ေလးမွာ တစ္ကိုယ္လုံးတုန္ယင္ၿပီး ကေယာင္ကတမ္းနဲ႔ ေျပာေနတဲ့ ေကာင္ငယ္ေလး ... ။ သူဘယ္လိုစိတ္နဲ႔ ထားရက္ခဲ့ပါ့မလဲ ...။ ဘယ္လိုစိတ္မ်ိဳးနဲ႔ ဒီေကာင္ေလးကို ဆက္ၿပီးျငင္းရက္နိုင္လိမ့္မလဲ ...။

"ခ်စ္တယ္ ... ကိုယ္လည္း ရိေပၚကို ခ်စ္တယ္ "

"တကယ္လား "

"အင္း တကယ္ပါ ... ကိုယ္ရိေပၚကိုခ်စ္ပါတယ္"

       ဘယ္သူ႔မွမသိေအာင္ တိတ္တိတ္ေလးခ်စ္ခဲ့ၾကၿပီးေနာက္ပိုင္း ရိေပၚဟာ အရမ္းပဲေျပာင္းလဲလာခဲ့သည္ ။ သဝန္တိုသည္ ... သံသယေတြမ်ားလာသည္ ... ၿပီးေတာ့ သူ႔ကို ခ်ဳပ္ခ်ယ္လြန္းလာခဲ့သည္။
စေတြ႕တုန္းက အျမဲသိမ္ငယ္ေနတတ္တဲ့ ႏူးႏူးညံ့ညံ့ေကာင္ငယ္ေလးမ်ိဳးမဟုတ္ေတာ့ဘဲ သူ႔မိဘေတြကို စကားလုံးၾကမ္းၾကမ္းေတြနဲ႔ ေျပာဆိုတတ္တဲ့ လူတစ္ေယာက္အျဖစ္ ရိေပၚရဲ့ ေျပာင္းလဲမႈက ႀကီးမားခဲ့၏။

"ဦးရဲ့ ကုမၸဏီမွာ အလုပ္ဝင္ေစခ်င္တယ္ ... ၿပီးေတာ့ ဒီအိမ္မွာပဲေန ... မင္းတို႔စီးပြါးေရးေတြ က်ေနတာ ဦးသိတယ္ ... ဦးက အဆင္ေျပေအာင္လုပ္ေပးမယ္"

"ဟုတ္ ... ေက်းဇူးမေမ့ပါဘူး ဦး"

        ရိေပၚအေဖက ရိေပၚကို မခ်စ္ေပမယ့္ ရိေပၚဆရာျဖစ္တဲ့ သူ႔ကိုေတာ့ ေနရာေပးသည္... ။ ေက်းဇူးတင္မိတာ သူ႔အမွားျဖစ္ၿပီး ဥကၠဌဝမ္ေပးတဲ့ အလုပ္မွာ ဝင္မိတာကလည္း ဒုတိယအမွားတစ္ခု ... ။

"မင္းကို ဦး သေဘာက်တယ္ ... "

"ကၽြန္ေတာ္တို႔မျဖစ္သင့္ပါဘူး "

       သူ႔ကို သေဘာက်ေနတယ္ဆိုတဲ့ ဦးကို ျငင္းခဲ့ေပမယ့္ တကယ္တမ္းက် ဦးရဲ့ ၿခိမ္းေျခာက္မႈေတြ ေအာက္ကေန ႐ုန္းမရနိုင္ခဲ့... ။
ရိေပၚနဲ႔ သူ႔ရဲ့အေၾကာင္းေတြ ဦးက သိေနခဲ့ၿပီး သူ႔မိဘေတြကို ရိေပၚနဲ႔ သူ႔အေၾကာင္း သြားေျပာမယ္ဆိုတဲ့ စကားတစ္ခြန္းတည္းနဲ႔ သူ႔စိတ္ေတြကို ႏြမ္းလ်ေစသည္...။
သူမရွိရင္ ၿပိဳလဲသြားနိုင္တဲ့ သူ႔မိသားစု ... ။
ၿပီးေတာ့ သူ သိပ္ခ်စ္ရတဲ့ ရိေပၚ ... ။
သူ႔မိသားစုကို အသိမေပးဘဲ ရိေပၚနဲ႔ အတူတူ ျပင္သစ္ကို တိတ္တိတ္ေလးထြက္သြားခဲ့ရင္ အဆင္ေျပေလာက္တာပဲမလား..  ။

"ဘာအလုပ္ကိစၥမို႔လို႔ ကိုကိုေတာင္မသိရေအာင္ ဒီအခ်ိန္အထိေဆြးေႏြးေနရတာလဲ"

     ဥကၠဌဝမ္နဲ႔ စကားေျပာၿပီး စိတ္ရႈပ္ေနသည့္ သူ႔ကို ရိေပၚကပါ ထပ္ရစ္လာတဲ့အခါ သူျပႆနာမျဖစ္ခ်င္၍ ေရွာင္ထြက္လာခဲ့မိသည္။ သို႔ေသာ္ ရိေပၚက မရ ...။ သူ႔အခန္းထိပါ လိုက္လာၿပီး ဆက္ရစ္၏။

"အကိုကကၽြန္ေတာ္နဲ႔တြဲေနတာ အကို႔အိမ္ကိုသြားေျပာမယ္"

"ရိေပၚ!"

"ဒါဆိုမအိပ္နဲ႔ ထ!"

"မင္းကြာ လုပ္လိုက္ေလ လမ္းခြဲခ်င္တယ္ဆိုရင္မင္းလုပ္ေပါ့ "

     သူက ခ်စ္တတ္တဲ့ လူသားေတြထဲ ပါေသာ္လည္း အမ်ားႀကီးစိတ္ရႈပ္ရတဲ့ အခ်စ္ကို မုန္းသည္။ တြဲလာတဲ့ တစ္ေလၽွာက္လုံး သူ႔ကို ဘယ္ေတာ့မွ နားမလည္ေပးသလို သူ႔မိဘအိမ္သြားတာကိုေတာင္ ခြင့္မျပဳခ်င္ခဲ့ ...။ ဒါေတြဟာ ခ်စ္လို႔ဟု ေျပာရင္ ေရွာင္းက်န္႔ အခ်စ္မခံခ်င္ေတာ့ပါ ... ။ ပူေလာင္တဲ့ အခ်စ္နဲ႔ အခ်စ္ခံရတာပင္ပန္းသည္။
သူ႔ကို အခ်စ္ႀကီးရင္း ေက်ာင္းစာေတြမွာပါ ထိခိုက္လာသည့္ ရိေပၚနဲ႔ သူလမ္းခြဲခ်င္လာသည္။ ၿပီးေတာ့ ရိေပၚဟာ သူေတာင္းပန္တာကို သိပ္ခံခ်င္၏ ။ သူ႔ဘဝမွာလည္း သူမမွားဘဲ ေတာင္းပန္ဖူးသည္ ဆိုတာမရွိခဲ့၍ ရိေပၚနဲ႔ အေျခအေန ပိုတင္းမာခဲ့ရသည္။

"ရိေပၚ မင္းဖန္ရွင္းကိုလုပ္ခိုင္းတာလား လူငွါးၿပီးေလ"

"ကၽြန္ေတာ္ပဲမဟုတ္ဘူး အကိုလည္းေစာက္ရမ္း စိတ္ပ်က္ဖို႔ေကာင္းတယ္"

"ဖန္ရွင္းတစ္ခုခုျဖစ္ရင္ မင္းကိုတစ္သက္လုံးခြင့္မလႊတ္ဘူး"

"ေနာင္တမရနဲ႔ အကို ကၽြန္ေတာ္ခံနိုင္ရည္မရွိေတာ့တဲ့အခါ အကိုေနာင္တမရပါနဲ႔"

     သူ႔ညီေလးဖန္ရွင္းကို အဂၤလိပ္စာၿပိဳင္ပြဲကေန ျပဳတ္ေအာင္ လုပ္ခဲ့သည့္ရိေပၚ အေပၚ ထြက္ေနသည့္ ေဒါသေတြဟာ ညဘက္ ဖန္ရွင္းမူးၿပီး အႏၲရာယ္နဲ႔ ေတြ႕တဲ့ အခ်ိန္ အကုန္ေပါက္ကြဲထြက္သည္။
သူ႔မိဘနဲ႔ ညီေလးကို အျမဲတမ္း ေသေစခ်င္ေနတဲ့ ရိေပၚကို သူမယုံ ... ။ သူေၾကာက္သည္ ... ။ သူ႔မိသားစုကို သူခ်စ္တဲ့သူက အႏၲရာယ္ျပဳလာမွာ သူသိပ္ေၾကာက္ခဲ့ပါသည္။
အခ်စ္ႀကီးတဲ့ ကေလးငယ္က သူ႔ကို တစ္ေယာက္တည္းပိုင္ဆိုင္ခ်င္သည့္ အတၱျဖင့္ ဘာမဆို လုပ္မည့္ သူမ်ိဳး ...။
ရိေပၚကို အႀကိမ္ႀကိမ္လမ္းခြဲခဲ့ေပမယ့္ သူကိုယ္တိုင္က ကို လက္မလႊတ္နိုင္ခဲ့ ... ။

"လမ္းခြဲရေအာင္"

"အင္း ... "

     ထိုညက တည္တည္ၿငိမ္ၿငိမ္နဲ႔ ထြက္သြားသည့္ ကေလးငယ္အေပၚကို သူမွားမွန္းသိခဲ့တဲ့ေတာ့ ျပန္ရွာရသည့္သူမွာ သူပဲျဖစ္သည္။ ရိေပၚက ေသြးေအးစြာ ႏွစ္ရက္တိတိ Hotel မွာ သြားေနၿပီး သူ႔အား အဆက္အသြယ္ျဖတ္ခဲ့၏။

"ညီေလး "

"ဟုတ္ကဲ့ ... "

"သူေက်ာင္းမလာဘူးလား ... ဘယ္ကိုသြားေနလဲ သိလားဟင္ ... ဖုန္းဆက္ေသးလား"

     ေက်ာင္းေရွ႕မွာ ရပ္ေစာင့္ရင္း က်ိရန္ကို ေမးရသည္မွာလည္း အခါခါ ...။ ျပန္ေတြ႕သည့္အခါမွာေတာ့ ရိေပၚဟာ ေဆးလိပ္ကိုခဲထားလ်က္ ... ။ ရိေပၚလြယ္အိတ္ထဲက အိပ္ေဆးေတြနဲ႔ ေဆးလိပ္ဘူးေတြက သူ႔ကို တုန္လႈပ္ေစသည္။ ရိေပၚပုံစံဟာ သူ ျငင္းလိုက္သည့္ေန႔က ေပ်ာက္သြားခဲ့သည့္ ပုံစံအတိုင္း ...။
ထိုေန႔ကစၿပီး ရိေပၚဟာ ေဆးလိပ္ေတြကို တရွိုက္မက္မက္ စြဲလမ္းလာ၏။

"ေရွာင္းက်န္႔ မင္းအေပၚတက္ ဘာအေၾကာင္းေၾကာင့္မွ ေအာက္ဆင္းမလာနဲ႔"

      ေရကန္ထဲက သူနဲ႔ ရိေပၚကိုေတြ႕သြားသည့္ ဥကၠဌဝမ္ဟာ ရိေပၚရဲ့ ျပန္ေျပာမႈေၾကာင့္ ရိေပၚအား အျပစ္ေပးဖို႔လုပ္သည္။ သူဝင္ပါရင္ ပိုဆိုးမည္ဆိုသည့္ အၾကည့္ေတြေၾကာင့္ သူ စိတ္ေလးလံစြာ အေပၚတက္ခဲ့ရ၏ ။ သူ႔ေၾကာင့္ ရိုက္ခံခဲ့ရသည့္ ကေလးငယ္အခန္းဆီ ေဆးလိမ္းေပးဖို႔ သူသြားခဲ့ေသာ္လည္း အခန္းျပင္မွာ ရွိေနေသးတဲ့ ဥကၠဌဝမ္ေၾကာင့္ ေဟာက္ရႊမ္းက သူ႔လက္ထဲမွ ေဆးဘူးကို ယူသြားခဲ့သည္။ ထိုေန႔က သူ႔အခန္းေရွ႕ ကေလးငယ္ေရာက္လာခဲ့ေပမယ့္ သူထြက္မေတြ႕ျဖစ္... ။ စိတ္ဆိုးေနေသာ ကေလးကို မနက္ပိုင္းမွ ရင္ခြင္ထဲအိပ္ေစကာ ေခ်ာ့ခဲ့ရသည္။
သူ႔ရဲ့ ႏူးညံ့မႈေတြကိုေတာ့ ကေလးငယ္ မျမင္ခဲ့ပါေလ။

              _____________________

"ဟုတ္တယ္ ... သားသူ႔ကိုခ်စ္မိေနၿပီ "

"ေရွာင္းက်န္႔ !!! မင္း !!!"

"ေယာက္်ားျဖစ္တာ ဘာျဖစ္လဲ !! ကၽြန္ေတာ္ခ်စ္တာ ေယာက္်ားေလးျဖစ္ေတာ့ေရာ ဘာျဖစ္လဲလို႔ !!!"

      ျပႆနာေတြဟာ ဖန္ရွင္းေမြးေန႔ညမွာ စသည္။ ရိေပၚရဲ့ တဇြတ္ထိုးဆန္မႈေၾကာင့္ သူတို႔အေဝးဆုံး ေဝးသြားနိုင္၏ ။ သူဟာ ေယာက္်ားေလးတစ္ေယာက္နဲ႔ တြဲေနေၾကာင္း လူအမ်ားသိသြားမွာ သူမေၾကာက္ ...။ ရိေပၚနဲ႔ ေဝးရမွာပဲ သူေၾကာက္သည္။
သူ႔လက္နဲ႔ ရိေပၚကို ထိုးလိုက္မိသည့္ အတြက္ သူသိပ္ကိုေနာင္တရ၏။

"ခြမ္း!"

     ေဖေဖ့ကိုေတြ႕ၿပီးေျပးသြားတဲ့ ရိေပၚေနာက္ သူလိုက္ခ်င္ေပမယ့္ ေမေမက ခြင့္မျပဳခဲ့ ...။ သူ တစ္ခါမွ မေျပာဖူးသည့္ ေလသံမ်ိဳးျဖင့္ သူ႔အေဖအေမေတြကို ျပန္ေျပာကာ ဧည့္ခန္းက ပန္းအိုးကို ထိုးခြဲခဲ့ၿပီး အိမ္ကေနထြက္လာခဲ့သည္။
ႏွစ္ရက္ေလာက္အကုန္လုံးနဲ႔ အဆက္အသြယ္ျဖတ္ၿပီးမွ ေဟာက္ရႊမ္းဆီကို အဆက္အသြယ္ျပန္လုပ္လိုက္သည္။
ေဟာက္ရႊမ္းဆီေရာက္ေတာ့ ကေလးငယ္ကို ဝမ္ဥကၠဌက အိမ္ေပၚကႏွင္ခ်လိုက္ၿပီး ေဟာက္ရႊမ္း ကြန္ဒိုမွာ ေနေနသည္ဟု သိလိုက္ရ၏ ...။ ေနာက္ၿပီး ကေလးငယ္သူ႔ကိုေပးထားတဲ့ ကေလးငယ္အေမရဲ့ ပိုင္ဆိုင္မႈေတြ ...။ သူလက္မခံခဲ့ ...။
ရိေပၚရွိရာ ကြန္ဒိုကိုသြားေနတုန္း ဖန္ရွင္းဆီမွ ဖုန္းဝင္လာကာ ေက်ာင္းမွာ အေလွာင္ခံခဲ့ရေၾကာင္းနဲ႔ ေဖေဖေဆး႐ုံတင္ထားရေၾကာင္းေျပာသည္။
သို႔ေသာ္လည္း ရိေပၚနဲ႔ေတြ႕ဖို႔က အေရးႀကီး၍ ေဖေဖ့ဆီ ေနာက္မွသြားရန္ ဆုံးျဖတ္ခဲ့၏။

"ထြက္သြားၾကမယ္ေလ အကို အကိုမိသားစုနဲ႔ ေဝးတဲ့ေနရာသြားၾကမယ္ေနာ္"

"ကိုယ္တို႔သြားလို႔မျဖစ္ေတာ့ဘူး

     ကေယာင္ကတမ္းျဖစ္ေနျပန္သည့္ ကေလးငယ္ဟာ သူနဲ႔ ေရွ႕ဆက္မယ္ဆိုရင္ နာက်င္ရဖို႔ကလြဲရင္ တျခားမရွိ ...။ မိသားစုရဲ့ သားအႀကီးဆုံးျဖစ္တဲ့ သူဟာ အခ်စ္ကို အခ်ိန္ေပးဖို႔ အခ်ိန္မွ မရွိဘဲ ... ။ အခ်စ္ႀကီးလြန္းၿပီး သူ႔က္ို အခ်ိန္တိုင္းလိုအပ္ေနသည့္ ရိေပၚအတြက္ ထိုအခ်က္ဟာ နာက်င္ရမည့္ကိစၥျဖစ္နိုင္၏။
ထိုညက ပထမဆုံးအႀကိမ္မွာပဲ ရိေပၚရဲ့ ေၾကာက္ရြံ့မႈေတြကို ဖယ္ရွားေပးနိုင္ခဲ့ပါသည္။

"ကၽြန္ေတာ္ကပဲေတာင္းပန္ပါတယ္ ... ရိေပၚကို ျပန္ေခၚထားေပးပါ ... သူကငယ္ေသးတယ္ ... ကၽြန္ေတာ္က အႀကီးပါ ကၽြန္ေတာ္မဆင္ျခင္ခဲ့လို႔ပါ... ရိေပၚကိုျပန္ေခၚထားေပးပါ"

"ဘာအေၾကာင္းနဲ႔မွ ဦးဆီကအလုပ္မထြက္ဘူးလို႔ ကတိေပးနိုင္မလား... ၿပီးေတာ့ မင္းကို ရာထူးတိုးေပးမယ္ ... ဦးေဘးမွာပဲ မင္းေနရမယ္"

"ေပးနိုင္ပါတယ္"

"ဒါဆိုျပန္ေခၚထားေပးမယ္"

       ဝမ္ဥကၠဌဆီမွာ ရိေပၚအတြက္သြားေတာင္းပန္ေတာ့ ဝမ္ဥကၠဌဟာ သူ႔မိဘေတြေျပာခဲ့သည့္ အလုပ္ထြက္ဖို႔စကားကို သိေနသည့္အလား ... ။
ေဖေဖလဲၿပီးေနာက္ၿပီး သူတို႔မိသားစုမွာလည္း အရင္ကထက္ပိုၿပီး စီးပြါးေရးက်ဆင္းလာခဲ့သည္။ ျပႆနာေတြအကုန္လုံးဟာ သားအႀကီးဆုံးျဖစ္တဲ့ သူ႔အေပၚပုံက်လာသလို အေႂကြးရွင္ေတြကပါ သူ႔ေနာက္လိုက္ေန၍  ရိေပၚအား ဖန္ရွင္းေက်ာင္းမွာ ေတြ႕ရင္ေတာင္မေခၚျဖစ္ခဲ့ ...။

"အေႂကြးေတြေျဖရွင္းေပးမယ္ ... "

"ကၽြန္ေတာ့္ဘာသာေျဖရွင္းပါ့မယ္ ဦး"

"မင္းတစ္ေယာက္တည္းႀကိတ္ေျဖရွင္းနိုင္္မယ္ထင္ေနလား ... ဦးအကုန္ေျဖရွင္းေပးမယ္ မင္းတျခားတစ္ေယာက္ကို က်ဴရွင္ျပေနတာေတြလည္းရပ္လိုက္ေတာ့ ... အလကားမဟုတ္ဘူး ဦးေဘးမွာ အလုပ္လုပ္ရင္း ရတဲ့လခကို ခြဲဆပ္ "

"ကၽြန္ေတာ္လက္မခံခ်င္ဘူး"

     ေရွာင္းက်န္႔ျငင္းေနေပမယ့္ ေတာ္ေတာ္ေလးအဆင္မေျပေတာ့သည့္အခါေတာ့ မေရွာင္လႊဲသာခဲ့ ...။ အခ်ိန္ပိုင္းအလုပ္ေတြေၾကာင့္ ရိေပၚနဲ႔မေတြ႕တာလည္း မ်ားလွၿပီျဖစ္သလို ရိေပၚေခၚတဲ့ ညမွာလည္း ေနာက္က်မွ ေရာက္သြားခဲ့သည္။

ျပႆနာေတြၾကား ထပ္ဝင္ေရာက္လာခဲ့တဲ့ တုန္လႈပ္မႈကေတာ့ ေဟာက္ရႊမ္းဟာ သူ႔ဦးေလးကို သတ္ခဲ့တာပါတဲ့ ... ။ ေဖေဖတို႔အတြက္ အေၾကာင္းျပခ်က္ႀကီးေတြ႕ရွိသြားတဲ့ အခါ သူရိေပၚနဲ႔ လမ္းခြဲဖို႔ကို ကတိေပးခဲ့ရသည္။ သို႔ေသာ္လည္း အလုပ္ကေတာ့ ထြက္လို႔မျဖစ္ ...။ ဝမ္ဥကၠဌအနားမွာ အလုပ္လုပ္ေနျခင္းဟာ ရိေပၚနဲ႔ တိတ္တိတ္ေလး ခိုးေတြ႕ဖို႔ အခြင့္အေရးသာ ျဖစ္ခဲ့ေလသည္။

                    ___________________

    
       သူတို႔ ခ်စ္ျခင္းတရားဟာ ဘယ္ေတာ့မွ မေျဖရွင္းနိုင္သည့္ ပုစၧာတစ္ပုဒ္ျဖစ္ခဲ့ရသည္။ ဖန္ရွင္း၏ စကားကို ယုံၿပီး ေဒါသႀကီးစြာ ရိေပၚရဲ့ အေသြးအသားေတြကို ဒုတိယအႀကိမ္ စုပ္ယူခဲ့မိ၏ ။ သူ႔ေအာက္က ေကာင္ငယ္ေလးရဲ့ သူလုပ္သမၽွၿငိမ္ခံေနပုံကို ၾကည့္ၿပီး ေဒါသအစားနာက်င္မႈေတြ ဝင္လာခဲ့ရသည္။
ရိေပၚဟာ သူ႔ကို သိပ္ခ်စ္တဲ့ အတြက္ မလုပ္သင့္တာေတြ လုပ္ေနသည္ ဆိုတဲ့ အေတြးေတြဝင္လာတဲ့အခါ ရိေပၚအား သူ႔ကို ဆက္မခ်စ္ဖို႔ တားခ်င္သည္။

"ျပန္လာေနာ္ ေသခ်ာေပါက္ျပန္လာေနာ္"

       အိမ္ေရွ႕မွာခ်ေပးခဲ့ခ်ိန္ ျပန္လာဖို႔ပဲ တဖြဖြမွာေနသည့္ ေကာင္ငယ္ေလးကို သူထားပစ္ခဲ့မိသည္။ နာက်င္ေနရမယ္မွန္း သိရင္ေတာင္ ခဏတာနာက်င္ၿပီးရင္ ေနာက္ထပ္ဆက္ၿပီး နာက်င္ေတာ့မွာ မဟုတ္ ... ။ သူ႔ကိုခ်စ္ေနျခင္းကသာ ပိုၿပီးနာက်င္ရပါလိမ့္မည္။
သို႔ေသာ္လည္း မေနနိုင္သူဟာ သူပဲျဖစ္သည္။ အိမ္နားေရာက္မွ ကားကိုျပန္လွည့္ေမာင္းလာေတာ့ ရိေပၚဟာ အိမ္ထဲဝင္သြားၿပီနဲ႔ တူပါသည္။ ရိေပၚေဘး ေဟာက္ရႊမ္းရွိေနသေရြ႕ သူစိတ္ခ်ရ၏။

"ငါေတာင္းပန္တာမို႔လို႔ အကို႔ကိုရွင္းျပေပးပါ"

     ႏွစ္ရက္ေလာက္ အဆက္အသြယ္ျပတ္ေနရာမွ ဖန္ရွင္းေရွ႕ ဒူးေထာက္လာေတာင္းပန္ေသာ ကေလးေၾကာင့္ သူအေၾကာင္းစုံသိခဲ့ရသည္။ ဖန္ရွင္းဟာ သူ႔ကို လိမ္ခဲ့သည္ ...။ ၿပီးေတာ့ ကေလးငယ္ဟာ သူ႔ေၾကာင့္ စိတ္ကေယာင္ေျခာက္ျခားေတြ ျဖစ္ခဲ့ပါသည္တဲ့ ... ။ သူ႔လိုမေကာင္းတဲ့သူဟာ ကေလးငယ္ ေဘးနားမွာ မရွိသင့္ေတာ့ ...။

"မင္းသိလား ... ရိေပၚက သူမမွားဘဲ မင္းကို လာေတာင္းပန္တာ မင္းသိလားလို႔ "

"မွားခဲ့ပါတယ္"

      ထိုေန႔ညက ဖန္ရွင္းကို သူမရိုက္စဖူး ရိုက္ခဲ့သည္။ ဖန္ရွင္းကို ရိုက္လိုက္႐ုံနဲ႔ ရိေပၚနာက်င္မႈေတြ ကြယ္ေပ်ာက္မသြားနိုင္ေပမယ့္ ရလဒ္ကေတာ့ ဖန္ရွင္းဟာ သူတို႔ကို လက္ခံခဲ့၏။

"ဒီေန႔က ဘာေန႔လဲဟင္"

"ရွစ္လပိုင္း ေလးရက္ေန႔ေလ"

"မနက္ျဖန္ကေရာ "

"ငါးရက္ေန႔ေပါ့"

      ျပန္အဆင္ေျပသြားသည့္အခ်ိန္ ရိေပၚကို သူေနာက္ခ်င္လာ၍ ေမြးေန႔ကို မသိဘူးဟု လိမ္ခဲ့သည္။ ကေလးငယ္ဟာ သူ႔အားစိတ္ေကာက္မယ္လို႔ထင္ခဲ့ေပမယ့္ စိတ္မေကာက္ခဲ့ ...။ ေမြးေန႔မွာ သူ႔ကို Surprise ျပန္လုပ္ခ်င္ပါသည္တဲ့ ...။
သူညေနပိုင္း ဥကၠဌဝမ္နဲ႔ ခရီးသြားရမွာကို ျဖတ္ၾကည့္ေပမယ့္ အေရးကိစၥျဖစ္၍ ျဖတ္လို႔္ရခဲ့ ... ။ ေမြးေန႔က မနက္ျဖန္မွျဖစ္တာေၾကာင့္ ည၁၂နာရီအမွီျပန္ေရာက္ နိုင္မယ္ထင္ပါသည္။
မသြားခင္ေတာ့ ရိေပၚအတြက္ ေမြးေန႔လက္ေဆာင္ ဂစ္တာေလးဝယ္ထားခဲ့၏ ။

"ပင္ပန္းေနတယ္မလား ေသာက္လိုက္"

"ဟုတ္ ... "

     ဥကၠဌဝမ္ေပးသည့္ အေအးကို ေသာက္လိုက္ၿပီးတာနဲ႔ သူအိပ္ေပ်ာ္သြားသည္မွာ မနက္လင္းတဲ့ အထိပင္ ...။ သူနိုးလာေတာ့ သူကားေပၚမွာပဲ ရွိေသးသည္။

"ဘာအခ်ိန္ရွိၿပီလဲ "

"ေလးနာရီ ... ညကကားပ်က္လို႔ ေစာင့္ေနရတာ "

"ဒါဆို ... "

      သူဖုန္းကို ဖြင့္ၾကည့္လိုက္ေတာ့ ေဟာက္ရႊမ္းဆီကေရာ ကေလးငယ္ဆီက Missed Call ေပါင္းမ်ာစြာ ... ။ သူအမ်ားႀကီး အိပ္ေပ်ာ္သြားခဲ့သည္။

"ရိေပၚ Car Accident ျဖစ္လို႔"

     ေဟာက္ရႊမ္းရဲ့ တင္းမာေနသည့္အသံဟာ နားစည္က တစ္ဆင့္ သူ႔ႏွလုံးသားကို ရိုက္ခက္သည္။ သူ႔ေၾကာင့္ လမ္းမေလၽွာက္နိုင္တဲ့ အထိျဖစ္သြားရတာေတာင္ ကေလးငယ္ဟာ မမုန္းခဲ့ေပမယ့္ သူကေတာ့ သိပ္ကို အားနာရသည္။ ကေလးငယ္ေဘးမွာလည္း ဆက္မေနသင့္၍ ထြက္သြားလိုက္ဖို႔သာ သူေရြးခ်ယ္ခဲ့၏။

"ဦးက လ်ိဳ႕ဝွက္ ကင္မရာတပ္ထားခဲ့တာ"

         သူရိေပၚကို ေရွာင္ေနတုန္းအခ်ိန္မွာ ဝမ္ဥကၠဌက Video Fileတစ္ခုျပလာ၍ သူပိုၿပီးတုန္လႈပ္ခဲ့ရသည္။ ဖန္ရွင္းနဲ႔ ျပႆနာေတြ မျဖစ္ခင္က သူ႔တိုက္ခန္းကို ဝမ္ဥကၠဌေရာက္လာခဲ့ၿပီး အလုပ္အတြက္ဖိုင္တစ္ခု လာေပးခဲ့ဖူးသည္။ ဝမ္ဥကၠဌေသာက္ဖို႔ေကာ္ဖီသြားေဖ်ာ္ေနသည့္သူဟာ ဝမ္ဥကၠဌ သူ႔အခန္းထဲ ဝင္သြားတာကိုေတာ့မသိခဲ့ ...။

"ယုတ္မာတယ္"

"ဦးနဲ႔တြဲလိုက္ေလ ... ဒါဆိုမျဖန္႔ေတာ့ဘူး ... ၿပီးေတာ့ ဦးနဲ႔အိပ္"

"မလုပ္နိုင္ဘူး"

"မလုပ္နိုင္ရင္ ရိေပၚကို တစ္ဘဝလုံးေခါင္းမေထာင္နိုင္ေအာင္လုပ္ပစ္မယ္ ... ဦးခ်စ္တဲ့ မင္းကိုေတာ့ မ်က္ႏွာဖ်က္ေပးမွာေပါ့ ... မင္းမွန္းမသိေအာက္ျဖန္႔မွာပါ"

      ကုတင္ေပၚက သူနဲ႔ ရိေပၚရဲ့ ညည္းညဴသံေတြကို ပိုက်ယ္လိုက္ၿပီး ခပ္တိုးတိုးေျပာလာတာေၾကာင့္ သူလက္သီးကို တင္းတင္းၾကပ္ၾကပ္ဆုပ္လိုက္မိသည္။

"ညက် အိပ္႐ုံပဲမလား အိပ္မယ္ ... ရိေပၚကို မထိနဲ႔ "

"အိပ္႐ုံပဲထင္ေနတာလား ဦးနဲ႔ပါ တစ္လေလာက္တြဲေပးဦးေပါ့ ... ႏွစ္လျပည့္ရင္ အဲ့Stickကမင္းအပိုင္ပဲ"

"Copyယူထားရင္ေရာ ... "

"လူႀကီးကတိပါ ... Copy မရွိဘူးဆိုတာ က်မ္းက်ိန္မယ္"

    ေရွာင္းက်န္႔လက္ထဲကဖုန္းေလးကို ဆုပ္ကိုင္ၿပီး Recording ေလးကို မသိမသာ ပိတ္လိုက္သည္။ ထိုအရာဟာ တစ္ခ်ိန္ခ်ိန္တြင္အသုံးဝင္လာနိုင္၏ ။
ထိုညက ေရွာင္းက်န္႔ ဝမ္ဥကၠဌေသာက္မယ့္ ဝိုင္ခြက္ထဲေဆးခပ္ခဲ့ၿပီး ေယာက္်ားေလးတစ္ေယာက္ကို ေခၚကာ သူ႔အစားအတူတူ အိပ္ေစခဲ့သည္။
မနက္မွ သူ႔အေပၚအကၤ်ီကိုခၽြတ္လ်က္ ဝမ္ဥကၠဌေဘးမွာ လွဲ အိပ္လိုက္၏ ။ ေဘးမွာအိပ္ေနရေတာင္တကယ္ပဲ မသတီစရာ ....။
ဝမ္ဥကၠဌ ရဲ့ အေတြးထဲမွာေတာ့ ညတုန္းက အတူတူအိပ္ခဲ့သည့္ သူဟာ ေရွာင္းက်န္႔သာ ျဖစ္သည္။

                 ______________________

    ရိေပၚရဲ့ အတိတ္ကျဖစ္ရပ္ေတြကို သိၿပီးေနာက္ပိုင္း ရိေပၚေဘးကို သူျပန္လာခဲ့သည္။ ဝမ္ဥကၠဌနဲ႔လည္း မျဖစ္သာလို႔ တြဲေနခဲ့ရၿပီး ရိေပၚခြဲစိတ္ၿပီးတဲ့အထိ ေဘးမွာ ေနခြင့္ရဖို႔ ေဖေဖတို႔ သေဘာတူတဲ့ မိန္းကေလးနဲ႔ လက္ထပ္ဖို႔ ကတိေပးခဲ့ရသည္။
ေစ့စပ္႐ုံပဲျဖစ္၍ ဝမ္ဥကၠဌကလည္း ခြင့္ျပဳခဲ့သလို ရိေပၚကိုလည္း သူမသိေစခဲ့ ... ။ ရိေပၚသိရင္ ခြဲစိတ္ေတာ့မွာ မဟုတ္မွန္းလည္း သူသိသည္။
သို႔ေသာ္ ရိေပၚက သူထားခဲ့မွာကို သိကာ ခြဲစိတ္ဖို႔ ျငင္းဆန္ခဲ့၏။
မိုးေရထဲထားခဲ့မိၿပီးေနာက္ရက္ပိုင္းမွာ ရိေပၚကို ပိုဂ႐ုစိုက္ေပးခဲ့ေသာ္လည္း လက္ထပ္ဖို႔ ရက္နီးလာ၍ သူ႔စိတ္ထဲတအားေလးလာခဲ့သည္။

"လက္လႊတ္ေပးပါ ရိေပၚ"

"အကို..."

"မင္းေရာ အကိုေရာ ပင္ပန္းေနၿပီမလား ဆက္ၿပီးမျဖစ္နိုင္ေတာ့ဘူး ကေလးငယ္"

"ေတာင္းပန္ပါတယ္ဆြဲထားဦးမွာမို႔လို႔"

     ရိေပၚဟာ သူနဲ႔ပတ္သက္ရင္သိပ္ကို ေခါင္းမာပါသည္။ ပိုၿပီးနာက်င္ရမွာသိလို႔ လက္လႊတ္ခိုင္းေသာ္လည္း အနာက်င္ခံၿပီး သူ႔ကို ဖက္တြယ္ထား၏ ။

"အဆုံးသတ္လိုက္တယ္ဆိုကတည္းက ေရွ႕ဆက္ဖို႔ မရွိေတာ့လို႔ပဲ မဟုတ္ဘူးလားအကို "

     ေစ့စပ္ပြဲေန႔ ကေလးငယ္ဆီမွ ၾကားရသည့္စကားေလးေၾကာင့္ သူအရာအားလုံးကို လႊတ္ခ်ကာ ကေလးငယ္ဆီ ပဲေျပးထြက္ခဲ့သည္။
သူ႔ေၾကာင့္ နာက်င္ေနရတဲ့ ကေလးဟာ ေလာကႀကီးကို ေက်ာခိုင္းဖို႔ေတြးခဲ့သည္။ ဘယ္ေလာက္ေတာင္ မြန္းၾကပ္ေနခဲ့ရမလဲ ...။
သူအခ်ိန္မွီခဲ့၍ ေတာ္ပါေသး၏ ။ မဟုတ္ရင္ သူ႔ကေလးငယ္ကို ထာဝရစြန္႔လႊတ္လိုက္ရေတာ့မလို႔ ။

"ကၽြန္ေတာ္လူတိုင္းကို မသိခ်င္ေတာ့ဘူး အကို ... ကၽြန္ေတာ္ အကိုတစ္ေယာက္တည္းကိုပဲ သိခ်င္တယ္ ... ဒါေၾကာင့္အကိုကပဲ ေခၚသြားေပးပါ"

"အင္း ... ထြက္သြားၾကမယ္ ... ဖန္ရွင္းကြန္ဒိုမွာ ခဏေနၿပီး ေနာက္လမွာ နိုင္ငံျခားထြက္သြားၾကမယ္"

     ဝမ္ဥကၠဌနဲ႔ပါ Video File ကိစၥေတြရွင္းခဲ့ၿပီးမွ ရိေပၚနဲ႔အတူ ဖန္ရွင္းကြန္ဒိုမွာပဲသြားေနခဲ့ၿပီး ရိေပၚကို ဂ႐ုစိုက္ေပးခဲ့သည္။ ဝမ္ဥကၠဌကတိတည္ခဲ့ေပမယ့္ သူ႔ကိုေတာ့ အျမဲေစာင့္ၾကည့္ေန၏။ Memory Stickကို သူကိုယ္တိုင္ မီးရွို႔ဖ်က္ဆီးခဲ့ရသည့္အတြက္ေတာ့ ေက်နပ္သည္။

"ေနာက္အပတ္ဆို ေဆးသြားကုရမွာ ... "

"ကေလး ေျခေထာက္ေတြျပန္ေကာင္းေတာ့မွာ "

"အကိုက ဂ႐ုစိုက္ဦးမွာလား ျပန္ေကာင္းသြားရင္"

"ကေလးနဲ႔ ကိုယ္ပဲ အတူရွိတဲ့ေနရာကို သြားမွာေလ ... ကေလးကိုပဲ ဂ႐ုစိုက္မွာေပါ့"

"ေဆးမကုခင္ အကိုနဲ႔ ၾကယ္သြားၾကည့္ခ်င္တယ္"

      ကေလးငယ္ရဲ့ေတာင္းဆိုခ်က္ကို သူလက္ခံၿပီး သူတို႔ခရီးသြားဖို႔ လုပ္ခဲ့သည္။ ဒီရက္ပိုင္းမွာ ေဖေဖအသည္းအသန္ျဖစ္ေၾကာင္းဖန္ရွင္းဆီက Message ေတြရေပမယ့္ သူ လ်စ္လ်ဴရႈထားလ်က္ ... ။
ဖန္ရွင္းအိမ္အထိလာေခၚတာေတာင္မလိုက္သြားဘဲ ရိေပၚနဲ႔ ခရီးသြားဖို႔သာ ေရြးခ်ယ္ခဲ့သည္။

"ေဖေဖဆုံးၿပီ ေကာ....."

     သူ႔ကို ဒီအရြယ္ေရာက္တဲ့အထိ ပ်ိဳးေထာင္ေပးခဲ့တဲ့ ေဖေဖ့ရဲ့ ေနာက္ဆုံးအခ်ိန္မွာေတာင္ မရွိေပးနိုင္ခဲ့တဲ့အတြက္ သူသိပ္ကို မြန္းၾကပ္တုန္လႈပ္ရသည္။
ဘဝမွာ အႀကီးအမားဆုံးအမွားတစ္ခုကို ထပ္ၿပီး က်ဴးလြန္မိေၾကာင္းသိသည့္ အခ်ိန္မွာ ရိေပၚဟာ သူ႔ဘဝထဲကေန အၿပီးတိုင္ ထြက္သြားခဲ့ၿပီျဖစ္သည္။

             ________________________

"ငါေတာင္းပန္ပါတယ္ ... ရိေပၚမေသဘူးမလား ငါ့ကိုေျပာျပေပးပါ"

"ေသသြားၿပီ ... ေအး ... လူမေသရင္ေတာင္ စိတ္ကေသသြားၿပီ "

      ေဟာက္ရႊမ္းရဲ့ ထိုးခ်က္ေတြကို ခံေနရေပမယ့္ ရိေပၚမေသေၾကာင္း သိခဲ့ရသည့္ အခါ သူ႔စိတ္ထဲ နာက်င္မႈတို႔ေလ်ာ့ရသည္။ ဝမ္ဥကၠဌကို တင္ေနတဲ့ အေႂကြးေတြကလည္း ငါးႏွစ္တာမွာေတာင္ အကုန္မဆပ္နိုင္ေသး၍ ဝမ္အုပ္စုမွာ သူဆက္ၿပီး လုပ္ေနရသည္။ ေဖေဖဆုံးၿပီးကတည္းက အိမ္ရဲ့တာဝန္ေတြဟာ သူ႔အတြက္ပိုၿပီး ဝန္ပိလာခဲ့သည္။ ဖန္ရွင္းေက်ာင္းစရိတ္နဲ႔ အိပ္ရာထဲလဲသြားတဲ့ ေမေမ့ေဆးဖိုးေတြေၾကာင့္ သူအလုပ္ထြက္လို႔လည္း မျဖစ္ပါ ။

"ရိေပၚရွိေနေသးတယ္ ... ဒါေပမယ့္ မင္းသူျပန္လာတဲ့ အထိေစာင့္ရမယ္ ... ျပန္လာလို႔ သူမင္းနဲ႔ ျပန္မတြဲခ်င္ဘူးဆိုရင္ အတင္းအၾကပ္မလုပ္နဲ႔ "

"အင္း ... ငါမလုပ္ဘူးေနာ္"

     ေဟာက္ရႊမ္းဆီကို ေန႔တိုင္းသြားၿပီးေတာင္းပန္ကာ ေဟာက္ရႊမ္းသေဘာတက်ေနေပးသည့္ ရလဒ္က ရိေပၚရဲ့တည္ေနရာကို သိခဲ့ရျခင္းပင္ ...။
ရိေပၚသာ ျပန္လာမယ္ဆိုရင္ေတာ့ ဘယ္ေလာက္ၾကာၾကာ သူေစာင့္နိုင္ပါသည္။

"ကၽြန္ေတာ္တို႔အစကျပန္ၿပီးျပန္စၾကမယ္အကို ၿပီးေတာ့ အကို႔ကိုထပ္မေရြးခ်ယ္ေတာ့ဘူး"

     သူ႔ဆီျပန္လာတဲ့ ကေလးငယ္ဟာ တကယ္ပဲ ခါးခါးသီးသီး ...။ ေဟာက္ရႊမ္းက ရိေပၚကို အတင္းအၾကပ္မလုပ္ဖို႔ေျပာထားတာေၾကာင့္ သူေရွ႕ဆက္လည္းမတိုးရဲ ...။
အေႂကြးကိစၥေၾကာင့္ ဝမ္ဥကၠဌနဲ႔ အလုပ္ဆက္လုပ္ေနရေပမယ့္ အတူတူမေနတာၾကာခဲ့ေသာ္လည္း ရိေပၚျပန္ေရာက္လာတဲ့ အခ်ိန္မွာ ဝမ္အိမ္ေတာ္မွာ ျပန္ေနဖို႔ သေဘာတူခဲ့သည္။
ရိေပၚနဲ႔ ထပ္ၿပီးနီးစပ္ဖို႔ အခြင့္အေရးဟာလည္း ဒါပဲရွိ၏ ။

"မင္းထင္ထားတဲ့ CCTVမွတ္တမ္းကမရွိေတာ့ဘူး"

      သူ႔ကို ဝမ္ဥကၠဌက အတူအိပ္ခိုင္းခဲ့တာကို သိေနသည့္ေဟာက္ရႊမ္းဟာ အေၾကာင္းအရင္းကိုေတာ့ ေသခ်ာမသိခဲ့ ...။ သူ႔ဦးေလးနဲ႔ ရိေပၚကိစၥလို႔သာ ထင္ေနခဲ့သည္။ ၿပီးခဲ့တာေတြကို သူလည္းေျပာျပဖို႔စိတ္ကူးမရွိခဲ့ပါ။
ရိေပၚအခ်စ္ကို အရင္အရယူဖို႔သာ ေတြးထားခဲ့ၿပီး ရိေပၚအေနာက္ကိုသာ ျပန္လိုက္ဖို႔ဆုံးျဖတ္ထားသည္။

"အကို႔ကို ခ်စ္ခဲ့မိလို႔ပင္ပန္းေနတာ အကိုနဲ႔ေတြ႕ခဲ့လို႔ ပင္ပန္းေနရတာ ဒီဘဝကိုအစကျပန္စခြင့္ရရင္ အကိုနဲ႔မေတြ႕ဖို႔ပဲ ေရြးခ်ယ္ေတာ့မွာ"

     ပင္ပန္းလြန္းေနသည့္ ကေလးငယ္ကို လႊတ္ခ်လိုက္ဖို႔ နာနာက်င္က်င္ေတြးထားခဲ့ေပမယ့္ ကေလးငယ္ ခါးသီးသြားသည့္ အေၾကာင္းအရင္းကို သိရသည့္အခါ လက္မလႊတ္နိုင္ေတာ့တာေသခ်ာသြားခဲ့သည္။
ယုတ္မာလြန္းေသာ ဝမ္ဥကၠဌကို သတ္ခ်င္မိသည့္ ဆႏၵတစ္ခုသာလၽွင္ျပင္းျပခဲ့ေသာ္လည္း ေဟာက္ရႊမ္းကတားတာေၾကာင့္ သူ႔ေဒါသေတြကို ေလၽွာ့ခ်ခဲ့ရသည္။ ရိေပၚကသာ အေရးႀကီးဆုံးျဖစ္၍ သူဘာကိုမွလည္း ဂ႐ုမစိုက္ခ်င္ေတာ့ ... ။ ေဟာက္ရႊမ္းကပါ သူ႔အေႂကြးေတြဆပ္ေပးလိုက္၍ ဝမ္ဥကၠဌနဲ႔လည္း ၿပီးပ်က္သြားၿပီျဖစ္သည္။

"အန္တီက ရိေပၚရဲ့အေမပါ ... သားဒါေတြကို လက္ခံလို႔ရပါတယ္ ... အန္တီလည္းၾကည္ျဖဴပါတယ္"

"မလုပ္ပါရေစနဲ႔"

"ရိေပၚသေဘာအတိုင္းျဖစ္ေပးလိုက္ပါ"

        ရိေပၚေပ်ာက္ေနသည့္အခ်ိန္မွာပဲ ရိေပၚအေမနဲ႔ ေတြ႕ခဲ့ရၿပီး ရိေပၚလႊဲေပးထားတဲ့ ပိုင္ဆိုင္မႈေတြကို လက္ခံလိုက္ရသည္။ ဝမ္ဥကၠဌကို ျပန္ထိုးႏွက္ဖို႔ အစီအစဥ္မွာေတာ့ သူသိမ္းထားသည့္ အသံဖိုင္ေလးဟာ အသုံးဝင္လာခဲ့၏ ။ ေဟာက္ရႊမ္းေရာ ရိေပၚအေမကိုေရာပါ ေရွာင္းလုေဝနဲ႔ CCTV ကိစၥလို႔သာ သိေစခဲ့ၿပီး သူအေၾကာင္းကိုေတာ့ ထုတ္မေျပာျဖစ္ခဲ့ ...။
ဝမ္ဥကၠဌကို ဆြဲခ်ဖို႔ စီစဥ္ေနတုန္းမွာပဲ သူရိေပၚကိုျပန္ရွာေတြ႕ခဲ့သည္။ သူ႔ကိုမေျပာဘဲ တိတ္တိတ္ေလးေခၚထားေပးသည့္ ဖန္ရွင္းကိုလည္း ေဒါသထြက္ရ၏ ။ သူရွာေဖြေတြ႕ရွိခဲ့တဲ့ ကေလးငယ္ဟာ ေနမေကာင္းတာေတာင္မွ ခါးခါးသီးသီး ႏွင္လႊတ္ေနဆဲ ...။ ဒီတစ္ခါေတာ့ သူ႔ဘက္က လက္လႊတ္ေပးေတာ့မွာ မဟုတ္ပါ။

"အဟြတ္ ... "

"ရိေပၚ ... သတိရၿပီလား"

        ေမ့ေျမာေနေသာေကာင္ေလးကို ေဟာက္ရႊမ္းဆီမွေနသူေျပးေပြ႕လိုက္ခ်ိန္ ေခ်ာင္းတစ္ခ်က္ဆိုးလိုက္တာေၾကာင့္ သတိရၿပီလားဟု ထင္ခဲ့ေသာ္လည္း သူ႔အကၤ်ီမွာ ေပသြားသည့္ ေသြးတစ္ခ်ိဳ႕ေၾကာင့္ ပိုလန္႔လာရသည္။

"အဆုတ္ကင္ဆာေနာက္ဆုံးအဆင့္ေရာက္ေနၿပီ"

"ဘယ္လို "

        သူ႔ေဘးနားက ယိုင္ခနဲျဖစ္သြားသည့္ ေဟာက္ရႊမ္းကို သူထိန္းကိုင္ထားလိုက္ေပမယ့္ သူကိုယ္တိုင္ကလည္း ပူေလာင္ေနရသည္။
ကေလးငယ္ဟာ သူလက္မလႊတ္ေတာ့တဲ့ အခ်ိန္မွာမွ အၿပီးထြက္သြားဖို႔ ဆုံးျဖတ္ထားတယ္ ထင္၏ ။

"လက္ထပ္ၾကရေအာင္"

      ကေလးငယ္ရဲ့စကားေၾကာင့္ သူ႔ကို ျပန္ၾကည္ျဖဴလာၿပီထင္ခဲ့ေသာ္လည္း သူထင္တာမွားသြားခဲ့သည္။

"ဒါကေတာ့ ကၽြန္ေတာ့္ခ်စ္သူအတြက္ အေရးမပါခဲ့တဲ့ ကၽြန္ေတာ္အျပစ္ပါပဲ... ကၽြန္ေတာ့္ခ်စ္သူအတြက္ ကၽြန္ေတာ္သာအေရးပါခဲ့မယ္ဆိုရင္ သူကၽြန္ေတာ္နဲ႔တိုင္ပင္ၿပီး အတူတူေျဖရွင္းဖို႔စဥ္းစားမိမွာပါပဲ"

      သတင္းစားရွင္းလင္းပြဲက ရိေပၚရဲ့ စကားေလးဟာ သူမခ်စ္တတ္ခဲ့ေၾကာင္း ေျပာျပေပးသြားတဲ့ စကားေလးျဖစ္သည္။
ခ်စ္ရသူကို မနာက်င္ရေစဖို႔ လုပ္ခဲ့ရတာေတြဟာ ခ်စ္ရသူအတြက္ ပိုၿပီးနာက်င္ေစခဲ့ေၾကာင္း သူမသိခဲ့ ... ။ သူခ်စ္တာပဲ သိသည္။ သူ ခ်စ္ရတဲ့ သူကို ကာကြယ္ေပးခ်င္တာပဲ သိခဲ့သည္။ ရိေပၚဟာ သူ႔အတြက္ အေရးပါေၾကာင္း ေျပာျပေပးခ်င္ေပမယ့္ သိပ္ကိုေနာက္က်သြားခဲ့ေလၿပီ။

"ကၽြန္ေတာ္လက္စြပ္ က်န္ခဲ့လို႔ အကို"

"ကိုယ္သြားယူေပးမယ္ေလ ... "

"ေနေန ကၽြန္ေတာ္ပဲသိတယ္"

        လက္ထပ္ပြဲမွာ ထြက္ခြါသြားသည့္ ေက်ာျပင္ငယ္ေလးဟာ ဒီလက္ထပ္ပြဲကို ဘယ္ေတာ့မွ ျပန္မလာေတာ့မွန္းလည္း သူသိပါသည္။ သူနာက်င္ခံစားဖို႔ အခ်ိန္တန္ၿပီျဖစ္၍ အျပစ္လည္း မတင္ရက္ခဲ့ပါ ...။

"ေရွာင္းက်န္႔ မင္းဘာလုပ္တာလဲ!! "

"မေသနဲ႔ ... ခင္ဗ်ားမေသရေသးဘူး... ခင္ဗ်ားေသရင္ ရိေပၚကပိုနာက်င္ရမယ္ဆိုတာမသိဘူးလား"

      ရိေပၚအေပၚ ဝမ္ရိက်ိဳးလုပ္ခဲ့တဲ့ အျပစ္ေတြက ကိုယ့္ကိုယ္ကို သတ္ေသ႐ုံနဲ႔ မလုံေလာက္နိုင္ ...။ သူကိုယ္တိုင္သတ္ရမွ ေက်နပ္ပါမည္။ ရိေပၚကို ဒုကၡေပးခဲ့သူကို သူ႔လက္နဲ႔ သတ္ရမွေက်နပ္လိမ့္မည္။ သူလည္း ရိေပၚအတြက္ ေပးဆပ္ခ်င္၏ ။ တစ္ဘဝစာေပးဆပ္မႈဟာ မလုပ္ေလာက္မွန္းသိတာေၾကာင့္ ေနာက္ဘဝထိ ေပးဆပ္ခ်င္ေသာ္လည္း ရိေပၚဟာ သူနဲ႔ ေနာက္ဘဝမွာပါ မဆုံေတြ႕ခဲ့ဖို႔ ဆုေတာင္းခဲ့ပါသည္။

"ဒီတက္တူးေလးလိုပဲ ကၽြန္ေတာ္အကို႔ကို မခ်စ္ေတာ့ျခင္းက ေသရာပါမွာ"

"ဟင္း ... ကိုယ္ေမၽွာ္လင့္လို႔မရနိုင္ေတာ့ဘူးေပါ့"

      သူ႔ရင္ခြင္ထဲက ကေဘးငယ္နဲ႔အတူတူ ေနရမယ့္အခ်ိန္ဟာ သိပ္မက်န္ေတာ့မွန္း သူသလို သူ႔ကိုဘယ္ေတာ့မွ ျပန္မခ်စ္နိုင္ေတာ့မွန္းလည္း သူသိခဲ့ရသည္။

"ဘယ္လိုေသဆုံးျခင္းမ်ိဳးနဲ႔ ပဲျဖစ္ျဖစ္ အကိုရွာမေတြ႕နိုင္တဲ့အရပ္ေဒသဆီ ထြက္ခြါသြားရတာကိုပဲ ကၽြန္ေတာ္က သိပ္ေပ်ာ္ပါတယ္"

      သူမရွိရင္ မေပ်ာ္နိုင္ဘူး ဆိုသည့္ ကေလးငယ္ဟာ သူမရွိတဲ့ အရပ္မွာပဲ ေပ်ာ္ပါေတာ့သည္တဲ့ ...။ ရိေပၚဟာ နာက်င္မႈေတြကို ပစ္ထားခဲ့ၿပီး သူေပ်ာ္ရာအရပ္ဆီထြက္သြားခဲ့ၿပီ။
ကေလးငယ္ ေျပာခဲ့တဲ့စကားေလးအတိုင္း ကေလးငယ္ ေနာက္ဆုံးထြက္သက္တည္ရွိရာ အရပ္ဟာ သူ႔ပုခုံးထက္မွာ ...။ သူ႔အေငြ႕အသက္ေတြ တည္ရွိရာေနရာမွာ ... ၿပီးေတာ့ ေနာက္ဆုံးေခါင္းခ်ခဲ့တာလည္း သူရင္ခြင္ထဲမွာ ... ။
ရိေပၚ ျမင္ေအာင္ မျပနိုင္ခဲ့တဲ့ သူ႔ခ်စ္ျခင္းေတြကေတာ့ အသက္မဲ့သြားတဲ့ ႏွလုံးသားေလးတစ္ခုဆီမွာ ကိန္းေအာင္းေနဆဲ ... ။

မခ်စ္တတ္ခဲ့ေသာ္လည္း ေရွာင္းက်န္႔တစ္ဘဝလုံးမွာ ဝမ္ရိေပၚကိုပဲ ခ်စ္ခဲ့ပါသည္...။

               _____________________

                             The End

ကိုကို႔ေမြးေန႔အမွီတင္ခ်င္လို႔ စာမစစ္မိတာ ... စာလုံးေပါင္းမွားရင္ ေသြ႕ပုခ်ိေနာ္

Continue Reading

You'll Also Like

42.8K 3.8K 46
Drarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမ...
280K 19.9K 50
အရိပ်လေးမြင်ရုံ၊ အသံလေးကြားရုံနဲ့ ဒီလူရင်ခုန်သံမြန်လာရတာမျိုးပါ 💚💚💚 အရိပ္ေလးျမင္႐ုံ၊ အသံေလးၾကား႐ုံနဲ႔ ဒီလူရင္ခုန္သံျမန္လာရတာမ်ိဳးပါ 💚💚💚
100K 6.1K 49
ကမ်းလင့်လို့ မမှီနိုင်တဲ့ တွဲလက်တစ်စုံဖြစ်ခဲ့ပေမဲ့ မင်းကိုသိပ်ချစ်ခဲ့တာပါ ပူတူးရယ်။ (ကမ္းလင့္လို႔ မမွီနိုင္တဲ့ တြဲလက္တစ္စုံျဖစ္ခဲ့ေပမဲ့ မင္းကိုသိပ္ခ်...
78.1K 10.9K 46
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...